မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် (၁)နှစ်ခွဲချမှုအပေါ် ကန့့်ကွက်ရှုတ်ချ


စောကျော်ခွိ (ကေအိုင်စီ)

မြန်မာစစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် (၁)နှစ်ခွဲချလိုက်မှုအပေါ် ကန့်ကွက်ရှုတ်ချသည့်အ နေဖြင့် ဖယောင်းတိုင်မီးထွန်းဆုတောင်းပွဲကို သြစတြေးလျားနိုင်ငံ ဆစ်ဒနီမြို့တွင် သဂုတ်လ ၁၂ နေ့ညက ကျင်းပခဲ့ကြ သည်။

ထိုဆုတောင်းပွဲကို ဆစ်ဒနီမြို့ ပါလီမန်နှင့် ဆေးရုံကြီးရှေ့ မာတင်ပလေ့စ်ရင်ပြင်တွင် နယူးဆောက်သ်ဝေး စံတော်ချိန် ညနေ(၅)နာရီမှ (၆)နာရီအထိ ဘားမားကန်ပိန်း သြစတြေးလျားနှင့် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International)တို့မှ စီစဉ်ကျင်းပခဲ့ခြင်းဖြစ်သည်။

"ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃)နှစ် ချမှတ်လိုက်တာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်စုကို စာနာသယောင်၊ ညာတာထောက်ထားသယောင်လုပ်ပြီး ထောင် ၁၈လ လျှော့ပေါ့ပေးခဲ့တာဟာ လူကြား ကောင်းအောင် နိုင်ငံတကာကို ဗြောင်လိမ်ခြင်းပဲ ဖြစ်တယ်။

ဒါကို ကျနော်တို့က ကန့်ကွက်ရှုတ်ချတယ်။ မတရား စီရင်မှူ၊


မတရားထွက်ဆိုမှုနဲ့ မတရားအမိန့်ချမှတ်မှုတွေဟာ ၂၀၁၀ရွေးကောက်ပွဲမှာ ဒေါ်စုကို မပါဝင်နိုင်အောင် တမင်တကာလုပ်တာဖြစ်တယ်။ ဒါ့အပြင် နိုင်ငံရေးလှုပ်ရှားသူတွေကိုလည်း ထပ်မံဖမ်းဆီးနေအုံးမှာ ဖြစ်တယ်"ဟု ဘားမားကန်ပိန်းသြစတြေးလျားမှ ဒေါက်တာမြင့်ချိုက ဆိုသည်။

သူက ဆက်လက်၍ "ဒီအပေါ်မှာ နိုင်ငံတကာက ဖိအားတွေပိုမိုပေးရမယ်။ မြန်မာစစ်အစိုးရရဲ့ မတရားလုပ်ရပ် တွေကို နိုင်ငံတကာက ဆက်လက်စောင့်ကြည့်နေမှုကို စွန့်လွှတ်ပြီး သေသေချာချာလုပ်သင့်တယ်။ သြစတြေး လျား အထက်လွှတ်တော်မှာ သြစတြေးလျားကာကွယ်ရေးဝန်ကြီးက နအဖစစ်အစိုးရထံ လက်နက်ရောင်းချမှု တွေကို ကမ္ဘာက ပိတ်ဆို့တားမြစ်တာကို လက္ခံလိုက်ပေမယ့် မလုံလောက်သေးဘူး"ဟု ပြောသည်။

အဆိုပါကမ်ပိန်းဆုတောင်းပွဲတွင် မြန်မာစစ်အစိုးရ၏ စီးပွားရေးကျောရိုးဖြတ်တောက်ရေး၊ သြစတြေးလျား၏ ရင်း နှီးမြုပ်နှံကုန်သွယ်မှုများကို ပိတ်ဆို့ဒဏ်ခတ်ရန်၊ နအဖရဲအရာရှိများအား သြစတြေးလျားမှ သင်တန်းမပေးရန်၊ လူသားဆိုင်ရာ ရာဇဝတ်မှုများအတွက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား ကုလသမဂ္ဂမှ စုံစမ်းစစ်ဆေးပေးရေး သြစ တြေးလျားအစိုးရအနေဖြင့် တောင်းဆိုပေးရန်၊ နအဖအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များကို မလွှတ်ပေးဘဲ ၂၀၁၀ရွေးကောက်ပွဲကို တဖက်သတ် လုပ်ဆောင်သည့် ရလာဒ်ကို လက်မခံကြောင်း သြစ တြေးလျားအစိုးရမှ ထုတ်ပြန်ကြေညာပေးရန် တောင်းဆိုထားကြောင်း သိရသည်။

၎င်းဆုတောင်းပွဲသို့ NLD-LA, ABSDF၊ တိုင်းရင်းသားများ အပါအ၀င် အဝေးရောက် မြန်မာနိုင်ငံသားများ စုစုပေါင်း(၁၅၀)ကျော် လာရောက်ခဲ့ကြသည်ဟု သိရသည်။


source by :http://sawkyawkhwi.blogspot.com/



5 comments:

အတူတူ ကန့်ကွက်ရှုတ်ချသွားပါတယ်

အေးဗျာ။ ဘယ်လိုတွေ နားလည်ပေးရမယ်မှန်းကို မသိတော့တာ

ဟယ် ...
ရက်စက်ပြန်ပြီ။ =(

သူတိုတွေမို့ လုပ်ရက်လေတယ်။
အမေရေ ......
တရားကိုစောင့်သောနတ် ဘယ်ရောက်နေတာလဲဗျာ။