မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

“ အညတရတယောက်ရဲ့ခရီး ”


လှမ်းနေတာမညီညာသည့်လမ့်း့ 

ဘ၀ခရီးလမ်းတလျှောက်မှာတော့

တကိုယ်ကောင်းအတ္တကြီးသူတွေနဲ့

သိရက်နဲ့ဆက်မိုက်နေကြသူတွေကိုတော့

ထောက်ပြဝေဖန်သင့်တာ ထောက်ပြဝေဖန်

တိုက်ခိုက်သင့်တာတွေကိုလည်း

အခြေအနေအရတိုက်ခိုက်ကာ

ဥပေက္ခာပြုသင့်တာတွေကိုလည်းပဲ

ဥပေက္ခာပြုထားခဲ့လို့

ကျုပ်လိုချင်တဲ့ ပန်းတိုင်ခရီးတခုရောက်အောင်

ဆက်လက်ခရီးချီနေဆဲပဲပေါ့  ။





တွေ့ကြုံခဲ့သမျှအဖြစ်အပျက်တွေကိုသင်ခန်းစာယူ့ 

ဖတ်သင့်တာကိုဖတ်၊မှတ်သင့်တာကိုမှတ်ကာ

ပြင်သင့်တာကိုပြင်၊ပယ်သင့်တာကိုပယ်

လျှော့သင့်တာကိုလျှော့၊တိုးသင့်တာကိုထပ်တိုးလို့

အစွန်းနှစ်ဖက်မရောက်အောင်ရှောင်ကာ

ကျုပ်ခရီးကိုဆက်သွားနေဆဲပါ့  ။

ကျုပ်လျှောက်ခဲ့တဲ့ခရီးလမ်းတလျှောက်မှာတော့ 

ကွန်မြူနစ်စာအုပ်တချို့ကိုလည်း

ဖတ်ခဲ့မှတ်ခဲ့လေ့လာဘူးခဲ့ရဲ့

ဒီမိုကရေစီစာအုပ်တချို့ကိုလည်း

ဖတ်ခဲ့မှတ်ခဲ့လေ့လာဘူးခဲ့ရဲ့

ဒါပေမယ့် ပေါ့ဗျာ

ခေါင်းဆောင်တွေရဲ့ပါးစပ်ကထွက်တဲ့စကားတွေက

ဥပဒေအသစ်တွေထပ့့်  ထပ်ဖြစ်လာတဲ့

အာဏာရှင်တွေရဲ့

စည်းမျဉ်းဥပဒေတွေကို

လိုက်လံရှာဖတ်ဖို့မရှာဖွေနိုင်တော့

ကျုပ်ဟာလူညံ့တယောက် ဖြစ်နေလေရော့သလား

ဒါပေမယ့် ခရီးကတော့ဆက်လျှောက်နေမြဲပဲ့  ။

ငါဟာ့  ကမ္ဘာပေါ်မှာထင်ပေါ်ကျော်ကြားသူတယောက်မဟုတ်ခဲ့သလို့ 

ပညာရှင်တယောက်လည်းမဟုတ်ခဲ့ဘူး

နိုင်ငံရေးသမားတယောက်မဟုတ်ခဲ့သလို

စကားကြွယ်သူတယောက်လည်းမဟုတ်ခဲ့ဘူး

ဒါပေမယ့်ပေါ့ 

တခါတလေရင်မှာ မွန်းကြပ်စွာခံစားလာရရင်တော့

လွတ်မြောက်ရာလမ်းတခုဆီရောက်နိုင်တဲ့

ငါယုံကြည်ရာအတွေးအခေါ်တွေကို

ကဗျာတွေ စာတွေအဖြစ်လွှတ်ချ

လက်လှမ်းမှီရာနီးစပ်ရာသူတွေကိုတော့

ငါရဲရဲတင်ပြရဲသပ့  ။

တကယ်လို့ ကျုပ်အတွေးအခေါ်တွေမှားနေရင်လည့်း့ 

ထောက်ပြကာပြင်ပေးကြပါ

သိရက်နဲ့ဆက်မိုက်နေမယ့်

မိုက်မဲတဲ့စိတ် ကျုပ်မှာမရှိလို့

ကိုယ့်အမှားကိုတော့ ရဲရဲပဲပြင်သွားမှာပါ့  ။

တကယ်ဆို ကျုပ်သွားနေတဲ့ခရီးလမ်းတလျှောက်မှာ့ 

မေတ္တာတရားခေါင်းပါးတာထက်စာရင်

မေတ္တာတရားပေါများတာက ပိုကောင်းတာကိုသိလို့

အလကားရတဲ့မေတ္တာတရားတွေကိုတော့

ပေါပေါများမျာပဲထားခဲ့သပေါ့

ဒါပေမယ့်လည်း ကျုပ်ကလောကီသားပေမို့

ဗောဓိသတ္တထုံး* ကိုတော့

အမြဲနှလုံးမူထားခဲ့တယ်

လက်ရှိဘ၀မှာပေါ့

ရဟန်းဒေ၀ဒတ်ရှိသေးရင်လည်း

အဲ့ဒီ ဒေ၀ဒတ်နဲ့ သိက္ခာ၊သမာဓိခြင်းပြိုင်ရဲတယ်

တကယ်ဆိုကျုပ်ဟာ အညတရပါ

သို့သော့့်  ကျုပ်တို့တိုင်းပြည်ကိုအုပ်ချုပ်

မင်းလုပ်နေတော်မူကြတဲ့

တိုင်းပြည်ကိုချစ်လှပါတယ်ဆိုတဲ့

စစ်ဗိုလ်ချုပ်ကြီးများရဲ့ သိက္ခာ၊သမာဓိ၊မေတ္တာအားတွေနဲ့လည်း

ကျုပ်အညတရရဲ့ မေတ္တာ၊သမာဓိအားတွေ

လက်တွေ့လုပ်ရပ်တွေကမှအစ

ကျုပ်ယှဉ်ပြိုင်ရဲသပ့  ။

တကယ်လို့သာ ကျုပ်မှာ့ 

လက်ရှိရွှေမြန်မာပြည်ကိုအုပ်ချုပ်နေတဲ့

စစ်ဗိုလ်ချုပ်တယောက်လောက်သာလုပ်ပိုင်ခွင့်တွေရှိခဲ့ရင်ပေါ့

ကျုပ်တို့တိုင်းပြည်ရဲ့နေရာတချို့မှာကတော့

တကယ်တိုးတက်နေမှာအမှန်ပါ

အာဏာရှုးကြီးမှုးကြီး သန်းရွှေရေ

ခင်ဗျားရဲ့လုပ်ရပ် စိတ်ဓါတ်သမာဓိတွေနဲ့ကတော့

ကျုပ်က အစစအရာရာယှဉ်ရဲသပ

ဗိုလ်သန်းရွှေရေ တကယ်လို့သာကျုပ်မှာ

ခင်ဗျားလိုနေရာမျိုးမှာနေပြီး

တိုင်းပြည်ကိုခေါင်းဆောင်ခွင့်ရရင်

အညတရကျုပ်ကိုပေါ့

မြန်မာနိုင်ငံသားတွေအားလုံးက

ဗိုလ်ချုပ်အောင်ဆန်းနီးပါးဝိုင်းလေးစားကြမှာပါ

တကယ်ဆိုကျုပ်ရဲ့အသိအမြင်တွေဟာ

ဗိုလ်ချုပ်အောင်ဆန်းစွန့်လွှတ်ကြိုးစားမှုမျိုးတွေနဲ့နှိုင်းလို့မရပေမယ့်

ကျုပ်လေးစားတဲ့ အာဇာနည်ခေါင်းဆောင်တယောက်ကို အတုယူလျှက်

အညတရ ကျုပ်လည်း

ကျုပ်ကိုယ်စွမ်း၊ဥာဏ်စွမ်းရှိသလောက်

လက်တွေ့လုပ်ရပ်တွေနဲ့ပေါင်းစပ်လို့

ကျုပ်သမိုင်းကြောင်းတခုကောင်းအောင်ကြိုးစားရင်း

ဒီမို ခရီးတခုကို နှင်နေလေရဲ့  ။

ဇာနည်မောင်

( ဗောဓိသတ္တထုံး* = မိမိကိုအန္တရာယ်ပြုတိုက်ခိုက်လာမည့်အရိပ်အယောင်ကို သိမြင်ရင် မိမိကလည်းသူ့ကို ပြန်လည်အန္တပြုတိုက်ခိုက်နိုင်သည့်နည်းလည်းများကို ကြိုပြထားရန် ဟောကြားခဲ့သည့် ဘုရားလောင်း ဗောဓိသတ္တ )

(မျှဝေပေးလိုတဲ့ စေတနာနဲ့ ကဗျာပို့ပေးတဲ့ ကိုဇာနည်မောင်ကို အထူးကျေးဇူးတင်ပါတယ်။ ကိုဇာနည်မောင်ရဲ့ ဘလောဂ်ကိုလည်း ဒီလိပ်စာ အတိုင်း သွားလည်နိုင်ပါတယ်)



0 comments: