မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဗုဒ္ဓဘာသာဝင် တွေဆီက အကူအညီတောင်းခံခြင်း




အခုတလော ကျွန်မ Clinical အတွက် ဆေးရုံ သွားရတဲ့ ကာလမှာ မနက်အစောကြီး အိမ်က ထွက်ရင် တနေကုန် ဆေးရုံမှာပဲ အချိန်ကုန်ပြီး မိုးချုပ်မှ အိမ်ပြန်ရောက်တော့ မောပမ်းနွမ်းနယ်နေပေမယ့် မနားရတဲ့အပြင် တက္ကသိုလ်က မပါမနေရ အွန်လိုင်း ဆွေးနွေးပွဲတွေအတွက်လည်း စာတွေ ဖတ်ရ၊ ဆွေးနွေးရတော့ ဘလော့ဂ်နဲ့ အိမ်က အိမ်အလုပ်တွေ အပါအ၀င် ကလေးနဲ့ ယောက်ျားကိုပါ လှည့်ကြည့်မအားတာ အတော်ကြာနေပါပြီ။ Clinical ပြီးတာနဲ့ Assignment က Due တော့မယ်ဆိုတော့ ဘုရား.. ဘုရား.. ငါဘာမှ မလုပ်ရသေးပါလား ဆိုတဲ့အတွေးနဲ့ စိတ်ကို ချောက်ချားစေတာကလည်း တမျိုးဆိုတော့ အခုလောလောဆယ်မှာ ကျွန်မ လူရော စိတ်ရော သိပ်ကို ပင်ပမ်းနေတာအမှန်ပဲ။ အခုတော့ Clinical ကာလမှာ Assignment လုပ်ပြီး သတ်မှတ်ထားတဲ့ နေ့မှာ ဘယ်လိုမှ မပြီးနိုင်ဘူးဆိုတဲ့ ကျောင်းသားအများစုရဲ့ တင်ပြတောင်းဆိုမှုကြောင့် Assignment Due date ကို တပတ်နီးပါး ရွှေ့ပေးလိုက်လို့ အသက်ရှူချောင်ရုံပဲ ရှိသေးတယ် တိုက်တိုက်ဆိုင်ဆိုင် သားသားက သူ့ကျောင်းမှာသင်ရတဲ့ ဗုဒ္ဓဘာသာ သင်ခန်းစာကို အိမ်အထိ သယ်လာပြီး မေးခွန်းလာမေးတာနဲ့ ကြုံရပြန်တယ်။ ကျွန်မ အတတ်နိုင်ဆုံး ရှင်းပြပေမယ့် သူဘ၀င်မကျပဲ ဖြစ်နေတယ်။ ဗုဒ္ဓဘာသာဝင် မိဘတိုင်း စဉ်းစားသင့်တဲ့ အချက်လည်း ဖြစ်လို့ ဥဒိဿစေတီနဲ့ ပတ်သက်ပြီး ၁၀ နှစ်သား ကလေးတယောက် နားလည်အောင် ကျွန်မ ဘယ်လို ရှင်းပြသင့်တယ် ဆိုတာ မိတ်ဆွေတွေကို ဒီပို့စ်နဲ့ အကူအညီ တောင်းလိုက်ပါတယ်။ ၀ိုင်းပြီး မျှဝေပေးကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ သူမေးတဲ့ မေးခွန်းကတော့...





”ဗုဒ္ဓက နိဗ္ဗန်ရောက်သွားပါပြီ ဆိုတော့ မေမေ ဘုရားစဉ်ပေါ်မှာ တင်နေတဲ့ အစားအစာတွေ ရေတွေကို ဗုဒ္ဓက ဘယ်လိုမှ အသုံးပြုနိုင်မှာ မဟုတ်တော့ဘူး။ အဲဒီတော့ ဘာအဓိပ္ပါယ်မှ မရှိပဲနဲ့ အချိန်ဖြုန်း ပိုက်ဆံဖြုန်းပြီး ဒါတွေကို မေမေ ဘာအတွက် လုပ်နေတာလဲ” တဲ့။ သူ့ကျောင်းက တခြားကလေးတွေက သူ့ကို ဒီမေးခွန်း မေးတော့ သူမဖြေနိုင်ပဲ ဖြစ်နေခဲ့တယ်လို့ ပြောတယ်။ သူကိုယ်တိုင်ကလည်း ဒါကို လက်ခံလို့ မရလို့ အကြောင်းပြချက်ကို သိချင်လို့ မေးတာပါတဲ့။

ဒီနေရာမှာ ကျွန်မသားရဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ ခံယူချက်ကို ကျွန်မ နည်းနည်း ရှင်းပြချင်တာက သူဟာ အဲဒီမေးခွန်း တခုကလွဲရင် ကျန်တဲ့ ဗုဒ္ဓဘာသာ အနှစ်သာရတွေ ဖြစ်တဲ့ ထာဝရ ဘုရားသခင်ဆိုတာ မရှိပဲ ကိုယ်လုပ်မှ ကိုယ်ဖြစ်တယ် ဆိုတဲ့ ကံ၊ ကံ၏အကျိုး၊ ဆင်းရဲခြင်းကို လွန်မြောက်အောင် လုပ်ရင် နိဗ္ဗန်ဆိုတာ ဒီလောကသုံးပါးရဲ့ တခြားနေရာမှာ တကယ်ရှိကြောင်းနဲ့ ဗုဒ္ဓနဲ့ ရဟန္တာတွေဟာ အဲဒီကို ပရိဗ္ဗန်စံသွားကြတာ ဖြစ်ကြောင်း ယုံကြည်သူတယောက် ဖြစ်ပါတယ်။ ပြီးတော့ အောင်ခြင်းရှစ်ပါးတို့ ဗုဒ္ဓ၀င်တို့ကိုလည်း ကျောင်းကသင်တာရော သူကျောင်းမတက်ခင်က ကျွန်မ အမြဲပြောပြခဲ့လို့ပါ သူသိပါတယ်။ ဘုရားရှိခိုးတာ၊ ဘုန်းကြီးကို ဆွမ်းကပ်တာ သင်္ဃန်းကပ်တာ ဘုရားကို အာရုံပြုတာ တရားမှတ်တာ စတဲ့ လက်တွေ့ကျတဲ့ အရာတွေကို အကျိုးရှိတယ်ဆိုတာ သူလက်ခံ ယုံကြည်ပါတယ်။

ငယ်ငယ်ကတည်းက ကျွန်မ ပြောပြလာတဲ့ ဗုဒ္ဓ၀င်တွေ၊ အောင်ခြင်းရှစ်ပါးတွေ အပါအ၀င် ကျောင်းက ဘာသာရေးအတန်းမှာ သင်ရတဲ့ အချက်တွေနဲ့ ပေါင်းပြီး သူဟာ တချိန်ချိန်မှာ ဗုဒ္ဓဘာသာကို အကြောင်းအမျိုးမျိုးကြောင့် တွေဝေပြီး တခြားဘာသာ ပြောင်းနိုင်လောက်တဲ့ အခြေအနေတော့ မရှိနိုင်လောက်ဘူးလို့ ကျွန်မထင်ပါတယ်။ နယူးဆောက်ဝေး ပြည်နယ်က အစိုးရကျောင်းတွေမှာ ကျောင်းသားဦးရေ အလုံအလောက် ရှိရင် လူအနည်းစုတွေအတွက် သက်ဆိုင်ရာ ဘာသာစကားနဲ့ ဘာသာရေး အတန်းတွေ လုပ်ပေးပါတယ်။ သားသားတို့ကျောင်းမှာ ဗုဒ္ဓဟူးနေ့တိုင်း ဘာသာရေး အတန်းရှိပြီး ကြာသပတေးနေ့တိုင်း COMMUNITY LANGUAGE အတန်းဆိုတာ ရှိပါတယ်။ မြန်မာလူမျိုးထဲက ကျောင်းသားနည်းလို့ မြန်မာဘာသာအတွက် သီးသန့် COMMUNITY LANGUAGE CLASS ဆိုတာ မရှိပေမယ့် ဗုဒ္ဓဘာသာ ကျောင်းသားဦးရေတော့ အလုံအလောက် ရှိလို့ ဗုဒ္ဓဘာသာ အတန်းရှိပါတယ်။ ကျောင်းမှာ ဘာသာမရှိတဲ့သူတွေရဲ့ သားသမီးတွေလည်း ရှိတော့ သူတို့တွေအတွက်ကျတော့ ဘာသာရေးအချိန်တွေမှာ ပန်းချီဆွဲတာတို့ တခြား ပုံပြောတာတို့ စတဲ့ ဘာသာရေးနဲ့ မဆိုင်တဲ့ တခြား လုပ်စရာတွေကို ဖန်တီးထားပေးပါတယ်။ ဒါကတော့ သူတို့ ကျောင်းရဲ့ ဘာသာရေးနဲ့ ပတ်သက်တဲ့ သင်ကြားပုံဖြစ်ပါတယ်။

ဒါပေမယ့် ကျွန်မသားမေးတဲ့ မေးခွန်းက အဲဒီ ဘာသာရေး အတန်းက လာတဲ့ မေးခွန်းမဟုတ်ပဲ သူတို့ ကျောင်းက သီးသန့်အစီစဉ် ဖြစ်တဲ့ SOCIETY AND CULTURE နဲ့ ပတ်သက်ပြီး ဗဟုသုတအဖြစ် သင်ရာမှာ လူ့အဖွဲ့အစည်းမှာ ရှိတဲ့ မတူကွဲပြားတဲ့ အလေ့အထတွေကို သင်ရင်း ဘာသာအသီးသီးရဲ့ ယျေဘုယျ သဘောသဘာဝကို သင်တဲ့ အစီစဉ်ရှိပါတယ်။ အဲဒီအစီစဉ်အရ ဒီနေ့ သူတို့အတန်းက ကျောင်းသားတွေ အားလုံးကို ဗုဒ္ဓဘာသာအကြောင်းသင်တော့ ဗုဒ္ဓဘာသာဝင်ဆိုလို့ အားလုံးမှ ဗီယက်နာမ် ကောင်လေးတယောက်နဲ့ သူနဲ့နှစ်ယောက်ပဲ ရှိပြီး သူတို့နှစ်ယောက်ကို ကျန်တဲ့သူတွေက ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး ၀ိုင်းမေးကြတော့ ခုနက ပြောတဲ့ မေးခွန်းအပါအ၀င် တချို့မေးခွန်းတွေကို သူတို့ မဖြေနိုင်လို့ အိမ်မှာ ပြန်လာမေးတာ ဖြစ်တယ်။

သူမေးတဲ့ မေးခွန်းနဲ့ ပတ်သက်ပြီး ကျွန်မက ဒီလိုလုပ်ခြင်းဖြင့် ဘုရားမှာ ဘာမှအကျိုး မရသွားဘူးဆိုတာ မှန်တယ်ဆိုတဲ့ အကြောင်းနဲ့ ဒါပေမယ့် လှူတဲ့သူတွေမှာ အကျိုးရှိပါတယ် ဆိုတဲ့ အကြောင်း ရှင်းပြပါတယ်။ ဒါဟာ ဗုဒ္ဓဘာသာဝင်တွေက ဘုရားကိုယုံကြည်လို့ ဘုရားပရိနိဗ္ဗန် စံသွားပြီဖြစ်ပေမယ့် သက်ရှိထင်ရှား ရှိနေတဲ့အတိုင်း ယုံကြည် အားကိုးတဲ့ သဘောဖြစ်တယ်လို့ ပြောပြပါတယ်။ ဒီလိုယုံကြည်နေတာကို မဖြစ်နိုင်တဲ့ဟာကို အဓိပ္ပါယ်မရှိ ယုံကြည်နေတယ်လို့ သူက ဆိုချင်ပါတယ်။ ကျွန်မက အမျိုးမျိုး ပြောပြတယ် တကယ်လို့ မေမေတို့ မိဘတွေ မရှိတော့ရင် သားသားက ဓါတ်ပုံတွေ သိမ်းထားပြီး ဓါတ်ပုံတွေကို တခါတခါ ပြန်ကြည့်နိုင်တယ်။ အမေအသက်ရှိထင်ရှား ရှိနေသေးသလို သဘောထားပြီး စကားပြောတာမျိုး လုပ်နိုင်တယ်။ ဒါကို အဓိပ္ပါယ်မရှိဘူးလို့ ပြောလို့ရမလားလို့ ကျွန်မ ပြန်မေးတော့ ကျွန်မသူ့ကို မေးတာ သူ့မေးတဲ့ မေးခွန်းရဲ့ အဖြေမဟုတ်ဘူးတဲ့ ဘုရားရှိခိုးတာ ဘုရားရုပ်တုကို ရှိခိုးတာနဲ့ ပတ်သက်ပြီး အခုပြောတဲ့ ဓါတ်ပုံဥပမာအတိုင်း သူနားလည်ပြီးသားဖြစ်တယ်။

ကျွန်မကိုယ်တိုင်လည်း ကျွန်မသားလေးလိုအတွေးမျိုး လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ခန့်က ဖြစ်ခဲ့ဖူးပါတယ်။ ကျွန်မက ညမနက် အမြဲတမ်း ဘုရားရှိခိုးပြီး ဆီမီး၊ ရေချမ်းကပ်တဲ့ အလုပ်ကို အမြဲတမ်းလုပ်လေ့ရှိတော့ ကျွန်မ အစ်မရင်းလို ချစ်ခင်ရတဲ့ အစ်မကြီးတယောက်က ”ညည်းကတော်တော် အယူသီးတာပဲ ကိုယ်ကလှူဒါန်း ပေးကမ်းစွန့်ကြဲတယ်ဆိုတာ အလှူခံရတဲ့သူမှာ အကျိုးရှိသွားမှ ဒါနမြောက်တာ အခုညည်းလုပ်နေတာ ဘုရားက ရှိမှ မရှိတော့တာ ဘာအဓိပ္ပါယ်ရှိမှာလဲ" လို့ အခုသားသားက ကျွန်မကို ပြောတာနဲ့ ထပ်တူကျတဲ့ စကားကို ပြောခဲ့ဖူးပါတယ်။ အဲဒီအစ်မကြီးကြောင့် ဘာသာရေးနဲ့ မဆိုင်တဲ့ ကျွန်မရဲ့ တခြား မိရိုးဖလာ အစဉ်အလာအတိုင်း ယုံကြည်လာခဲ့တဲ့ အစွဲအလန်းတချို့လည်း ကျွတ်ခဲ့သလို အဲဒီတုန်း အရှင်ဥက္ကဌရေးတဲ့ စာအုပ်တအုပ်မှာလည်း ဒီသဘောတရားနဲ့ အလားတူ စာမျိုးကို ဖတ်ဖူးခဲ့ဖူးလို့ သူတို့ ပြောတာ ဟုတ်သားပဲ ကိုယ်က လှူတာ ကိုယ့်အတွက် ဘာမှမရည်ရွယ်ပဲ ပေးလှူခံရတဲ့ သူတွေအတွက်ပဲ ဖြစ်ရမှာပေါ့ဆိုတာကို လက်ခံလိုက်ပြီး ဘုရားဆွမ်းတော်တွေ မကပ်တော့ပဲ တနှစ်လောက်နေခဲ့ဖူးပါတယ်။ အခုလက်ရှိ ဘာသာရေးနဲ့ ပတ်သက်ပြီး ဟောပြောနေတဲ့ ထင်ရှားတဲ့ ဆရာတော်တွေ တချို့မှာလည်း ဓမ္မသာလျင်အဓိက ဖြစ်တယ် ဒါတွေက အယူသီးပြီး ဟိန္ဒူဘာသာက ကူးစက်လာတာတွေ ဖြစ်တယ်လို့ ဟောထားတာတွေကိုလည်း နာကြားဖူးပါတယ်။

ဓမ္မသာ အဓိကဖြစ်တယ်ဆိုတာကို ကျွန်မ လက်ခံပါတယ်။ ဒါပေမယ့် အဲဒီဓမ္မ တည်တံ့ခိုင်မြဲရေးအတွက် ယုံကြည်မှု သဒ္ဒါတရားမရှိပဲနဲ့ မဖြစ်နိုင်ပါဘူး။ စေတီပုထိုးတို့ ရုပ်ထုတို့ဆိုတာ သဒ္ဒါတရားမရှိရင် တရားနဲ့ ဘာမှမပတ်သက်တော့ပဲ အင်ဒိုနီးရှားမှာ အခုထိလက်ရှိအထိ ရှိနေသေးတယ်ဆိုတဲ့ ဒေသခံတွေထဲက ဘယ်သူမှ တန်ဖိုးမထားတဲ့ ရှေးဗုဒ္ဓ ရုပ်ပွားတော်တွေ၊ အာဖဂန်နစ္စတန်မှာ ဖေါက်ခွဲခံလိုက်ရတဲ့ ရုပ်ပွားတော်တွေလိုပဲ ဖြစ်မှာ သေချာပါတယ်။ သဒ္ဒါတရား မရှိလို့ ဒီလို ဖြစ်ကုန်ကြတာပါ သဒ္ဒါတရားရှိတဲ့ မြန်မာနိုင်ငံမှာဆို ဒီလို ဖြစ်ပါ့မလား။ ထိုနည်းအတူ ဘုရားဟောတရားတွေကို ဘယ်လောက်ပဲ တဖက်ကမ်းခတ်အောင် လေ့လာထားလို့ ပိတကဋ် သုံးပုံကို ခရေစေ့တွင်းကျ ရထားသူပင် ဖြစ်စေ သဒ္ဒါတရားနဲ့ မယှဉ်ပါက စာအုပ်ထဲမှာ ရှိနေတဲ့ စာသားတွေ (သို့) မလိုက်နာပဲ ပြယုဒ်အဖြစ်သာ ရှိနေတဲ့ ဥပဒေတွေလို ပဲ ဖြစ်နေလိမ့်မယ်။

အာသောကမင်း လက်ထက်က ထွန်းထွန်းတောက်ခဲ့တဲ့ အိန္ဒိယ နိုင်ငံအပါအ၀င် ကျယ်ပြန့်လှတဲ့ ဗုဒ္ဓသာသနာ အင်ပါယာကြီးမှာ ဘာကြောင့် သာသနာ ကွယ်ပျောက်ခဲ့လဲဆိုတာ ဆန်းစစ်ကြည့်ရင် ကိုးကွယ်တဲ့ သူတွေထဲမှာ သဒ္ဒါတရား အားနည်းကြလို့ဆိုတဲ့ အဖြေပဲ ထွက်မှာ သေချာနေပါတယ်။ ဒီသာဓကတွေကို ကြည့်ခြင်းအားဖြင့် သာသနာ တည်တံ့ခိုင်မြဲ အဒွန့်ရှည်ဖို့အတွက် ရင်ထဲနှလုံးထဲက ယုံကြည်မှု သဒ္ဒါတရားမရှိပဲ သိပ္ပံနည်းကျ ခွဲခြမ်းဝေဖန်သုံးသပ်တဲ့ ဒဿန ဆန်ဆန် ယုံကြည်မှု တခုတည်းနဲ့ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာ သိသာ ထင်ရှားနေပါတယ်။ ဒါကြောင့်မို့ ဘုရားကို တခုခုလှူခြင်းအားဖြင့် ဘုရားမှာ ဘာမှ အကျိုးမရှိပေမယ့် မိမိနဲ့တကွ ဘုရားချန်ခဲ့တဲ့ သာသနာအတွက်တော့ အကျိုးရှိတာတော့ အမှန်ပဲ။ ဘုရားဟာ မိမိအပါးမှာ သက်ရှိထင်ရှားသလို အမြဲရှိနေတယ်လို့ ခံစားရပြီး ရင်ထဲက သဒ္ဒါတရားကြောင့် စိတ်တွေ အမြဲကြည်လင်နေမယ်၊ လောဘ၊ ဒေါသ၊ မောဟပါတဲ့ မကောင်းမှု ဒုစရိုက်တွေကို ကိုယ်၊ နှုတ်၊ နှလုံး သုံးပါးစလုံးနဲ့ ရှောင်နိုင်လာမယ်။

ဘာသာရေး သိပ်ကိုင်းရှိုင်းတဲ့ သူတွေကို အယူသီးလွန်းတယ်လို့ ကျွန်မ ဆယ်ကျော်သက်အရွယ် ခပ်ငယ်ငယ်က ထင်ခဲ့ပေမယ့် တကယ်တော့ ရင်ထဲ နှလုံးသားထဲက နက်နက်ရှိုင်းရှိုင်း သဒ္ဒါတရားရှိတဲ့ သူတွေရှိလို့သာ ဗုဒ္ဓသာသနာက အခုထိ တည်တံ့နေပြီး ရေရှည် တည်တံ့နေတယ်လို့ ကျွန်မ မြင်တတ်လာပါတယ်။ ဒါကြောင့်မို့ ဗုဒ္ဓရဲ့ ဓမ္မကို အရှင်ဥက္ကဌတို့ ကျွန်မက အစ်မရင်းလို ချစ်ခဲ့တဲ့ သူငယ်ချင်းတို့လို လောကုတ္တရာအတွက် သဒ္ဒါတရားမပါပဲ သိပ္ပံနည်းအရ၊ အတွေးအခေါ်အရသာ လေ့လာလက်ခံ ထားတာလောက်နဲ့တော့ ရှားရှားပါးပါး သာသနာနဲ့ ကြုံတုန်းကြုံခိုက် ဗုဒ္ဓဘာသာဝင် ဖြစ်ရတာ အဖြစ်ရှုံးတယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့်မို့ ကျွန်မရဲ့ တခြားမှားယွင်းနေတဲ့ မိရိုးဖလာ အစွဲအလန်းတွေကိုသာ အပြီးစွန့်ပစ်နိုင်ခဲ့ပေမယ့် သက်ရှိထင်ရှား ဘုရားရှိနေတယ်လို့ သဘောထားပြီး ကပ်လှူပူဇော်တဲ့ အလုပ်ကိုတော့ သူတို့ ပြောတာ ရေးတာဟောတာတွေကို ကျွန်မ ကြာကြာ နားမယောင်လိုက်မိပဲ သတိတရားရပြီး ပြန်လုပ်ဖြစ်ခဲ့ပါတယ်။ ဒါက သဒ္ဒါတရားသာ ဖြစ်ပြီး မရှိတာကို အရှိလိုက်လုပ်တာ မဟုတ်ပါဘူး။ ဘာသာရေးကို အတွေးအခေါ်အရပဲ ယုံကြည်ကြသူတွေအနေနဲ့ ဒါကို မယုံရင် ဘုရားရှိခိုးတဲ့အချိန် မိမိစိတ်ကို မိမိ ခဏလောက် ညွတ်ကြည့်ပြီး စမ်းသပ်လုပ်ကြည့်ရင် သိနိုင်ပါလိမ့်မယ်။ ဘုရားဟောတဲ့ တရားတွေဟာ အမှန်တရားတွေ ဖြစ်တယ်ဆိုတာ လက်ခံဖို့ သဒ္ဒါတရားဆိုတာ မရှိမဖြစ် လိုအပ်တဲ့အတွက် ကျွန်မသားကိုလည်း ဗုဒ္ဓဘာသာကို သိပ္ပံနည်းအရ ဒဿနိကဆန်ဆန် ခွဲခြမ်းစိတ်ဖြာပြီး လက်ခံတဲ့ လောကီအမြင်နဲ့ ယုံကြည်တာလောက်နဲ့ မဖြစ်စေချင်ဘူး။ ဓမ္မဆိုတာ မလိုက်နာရင် တခြားစာတွေနဲ့ ဘာမှမခြားသလို စေတီပုထိုးနဲ့ ဆင်းတုတော်တွေ ဆိုတာလည်း တန်ဖိုး မထားတတ်ရင် တခြားအရာဝတ္ထုတွေနဲ့ ဘာမှ မခြားပါဘူး။ ရှိနေတဲ့ ဓမ္မနှင့် ရုပ်ပွားတော်တွေကို သဒ္ဒါတရားနဲ့ ယုံကြည်ကိုးကွယ် ဆည်းကပ်နေမှသာလျင် သာသနာ တည်တံ့ခိုင်မြဲမှာ ဖြစ်ပါတယ်။

ကျွန်မက လူကြီးတယောက် အနေနဲ့ ဒီလိုနားလည်ပေမယ့် ကလေးကို ဒီလိုသွားပြောလို့ မဖြစ်နိုင်ပါဘူး။ ကျွန်မသားလေးကို ကျွန်မ လိုအပ်နေတာက သူဘယ်လိုမှ နားလည်လို့ မရတဲ့ လှလှပပ သပ်သပ်ရပ်ရပ်လေး ပြင်ဆင်ပြီး မရှိတော့တဲ့အတွက် လာစားလို့လည်း ရတော့မှာ မဟုတ်တဲ့ ဘုရားအတွက် ဘုရားစဉ်မှာ အချိန်ကုန်ခံပြီး တင်တင်ပေးနေတဲ့ အလုပ်ကို လုံးဝ အဓိပ္ပါယ်မရှိဘူးလို့ ထင်နေတာကို အထက်က ကျွန်မ ဆွေးနွေးခဲ့တဲ့အတိုင်း အဓိပ္ပါယ် ရှိတယ် ဆိုတဲ့ကြောင်းကို ကလေး နားလည်တဲ့ စကားလုံးနဲ့ ရှင်းပြဖို့ တခုပဲ ဖြစ်ပါတယ်။ ပန်းတင်တာ မီးပူဇော်တာကိုကျတော့ အလှ ကျက်သရေအတွက်လို့ သဘောထားပြီး သူက လက်ခံပါတယ်။ ဆွမ်းနဲ့ ရေကိုပဲ စောတကတက်တာ ဖြစ်တယ်။ သားသမီးတွေဆီက အဲဒီလို ဆင်တူမေးခွန်းတွေကို အမေးခံရတာ ကျွန်မတယောက်တည်း ဟုတ်မယ်မထင်ဘူး။ တချို့မိဘတွေလည်း ကျွန်မလို ကြုံဖူးလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ခုခေတ်ကလေးတွေဟာ လက်တွေ့တွေကိုပဲ အများကြီး လေ့လာရပြီး လက်တွေ့ကျတာတွေကို အကုန်လုံး စမ်းသပ်ပြီး လက်ခံနိုင်ပေမယ့် သဒ္ဒါတရားနဲ့ ပတ်သက်တာကို သူတို့နှလုံးသားထဲရောက်အောင် ဘယ်လို လုပ်ပေးသင့်လဲဆိုတာ ၀ိုင်းဝန်းကျိုးစားသင့်တယ်လို့ ကျွန်မ ထင်ပါတယ်။ ဗုဒ္ဓ ဘာသာနဲ့ ပတ်သက်ပြီး ဓါတုစေတီ၊ ဓမ္မစေတီ၊ ဥဒိဿစေတီ၊ ပရိဘောကစေတီ အဲဒီလေးမျိုးထဲက ကျန်တဲ့ သုံးမျိုးကို လက်ခံပြီး ဥဒိဿစေတီကို လက်မခံတဲ့ ကျွန်မသားကို ရှင်းပြနိုင်ဖို့အတွက် ၁၀ နှစ်သားကလေး နားလည်နိုင်တဲ့ အရိုးရှင်းဆုံး ဥပမာတွေကို အကူအညီပေးဖို့ အားလုံးဆီက ကျွန်မ မေတ္တာရပ်ခံလိုက်ပါတယ်။

ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ။






53 comments:

you can ask this question at burmeseclassic.com . there is dhamma question and answer program with sayartaw.

မငယ်ရေ...
အမ ပြောခွင့်ကြုံလာတာ ကောင်းပါတယ်..။ ဘာလို့လဲဆိုတော့ ဘာသာရေးအရ အတိုက်အခံဖြစ်မှာစိုးလို့ ဒါကို ဘယ်တော့မှ မရေးခဲ့တာပါ။ ဘာလို့လဲဆိုတော့ အမက သားသားတွေးသလိုပဲ ခုထိ လက်ခံထားပါတယ်။ အမ ဘုရားကို ဆွမ်း ပန်းမကပ်ပါဘူး။ ဘုရားစင်ဆိုတာကလည်း အဖေအမေဓာတ်ပုံထားသလို ဗုဒ္ဓကို ကြည်ညိုလွန်းလို့ အမြဲ မြင်နေချင်တဲ့ စိတ်နဲ့ နေရာပေးထားတာပါပဲ။ ရုပ်ပွားတော်ပေးမှာ ပန်းအိုးလေးတွေ ပြင်ထားတာကလည်း အမြင်တင့်တယ်လွန်းလို့ပါ။ ရုပ်ပွားတော်နဲ့ ပန်းရောင်စုံ.. ဒါမှမဟုတ် စိမ်းစိမ်းစိုစိုတွေ ယှဉ်ပြီး ရှိနေတာဟာ အမရဲ့ ညစ်ညူးနောက်ကျိနေတဲ့ စိတ်တွေကို ကြည်လင်စေတယ်..။ ဗုဒ္ဓရှေ့မှာ ပိုအေးချမ်းသွားစေတယ်..။ ဒါပါပဲ။ ဆွမ်းမကပ်တာကလည်း သားသားလိုပဲ တွေးတာပါ။ ဗုဒ္ဓရှင်တော်ကို မှန်းပြီး ကပ်တယ်ဆိုသူများကလည်း သူတို့ ယုံကြည်သလိုပေါ့နော်..။ အမကတော့ နိဗဈာန်မျက်မှောက်ပြုသွားသော ဘုရားရှင်ကို ဆွမ်းကပ်တာထက် အစာရေစာ လိုအပ်နေသူတွေကို.. ပြီးတော့ သက်ရှိထင်ရှား တရားဓမ္မဆောင်ရွက်နေကြတဲ့ ရဟန်းရှင်လူများကို ထောက်ပံ့ဖို့ ပိုလုပ်ဖြစ်ပါတယ်။ ဒါပေမဲ့ ဘုရားစင်ပေါ် သစ်သီးတွေ အလုံးလိုက်ကြီးတွေ (နာနတ်၊သင်္ဘော၊ငှက်ပျော အခိုင်လိုက်၊ ပန်းသီး)အဲဒါတွေ တင်လှူတာကိုတော့ နားမလည်နိုင်ပါဘူး။လက်လည်း မခံပါဘူး။တကယ် ဘုရားရှင်ကို ရည်စူး လှူဒါန်းရင်လည်း သေချာ ပြင်ဆင်ကပ်ရမယ်ထင်ပါတယ်။ အမ အဖွားဆိုရင် ဘုရားဆွမ်းတော်ကို ပန်းကန်သေးသေးလေးတွေနဲ့ တောင် မကပ်ပါဘူး။ ဘုန်းတော်ကြီးများကို ဆွမ်းပင့်ကျွေးသလို အကျအနပြင်ဆင် ဇွန်းတွေဘာတွေပါ တပ်ပြီး မနက်တိုင်း ဦးဦးဖျားဖျားကပ်တာပါ..။ အဲလို ရည်စူးတယ်ဆိုရင် သစ်သီးအလုံးလိုက်တင်တာဟာ မသင့်တော်ဘူးလို့ ထင်မိပါတယ်။ တချို့များ အမကိုယ်တိုင်ကြားဖူးတာ။ နာနတ်သီး အစိမ်းလိုက်ဝယ်လာပြီး ဘုရားလှူထားလိုက်.. မှည့်မှ စွန့်စားမယ်တဲ့ :P
အဲဒါ တကယ်ပါ..။
မငယ်ရေ.. အမကတော့ ဘုရားစေတီကို ထီးတော်မှာ စိန်တွေ လှူ ရတနာတွေချိတ်တာကိုတောင် လက်မခံတာမို့ စာသင်ချိန်တွေမှာ အဲဒီအယူအဆတွေ ပြောမိလို့ သတိပေးခံခဲ့ရတာဆိုတော့ အမရဲ့ အယူအဆကို ချင့်သာ စဉ်းစားပေတော့..။
အမကတော့ စည်းစိမ်ဥစ္စာကိုတောင် စွန့်ခဲ့သော ရှင်တော် ဂေါတမသာ သက်ရှိထင်ရှား ရှိသေးရင် .. ရုပ်ပွားတော်တောင် ခွင့်သိပ်မပြုချင်သော ဗုဒ္ဓက အထိမ်းအမှတ် စေတီတော်မှာ စိန်တွေ ရွှေတွေ လာတပ်ပြီး ရာသီသဘာဝဒဏ်ခံ.. အလဟဿဖြစ်တာကို မဖြစ်သင့်ဘူးလို့ တရားဟောမှာ မြင်ယောင်နေသေးတော့။ ပြီးတော့ အဲဒါတွေကို ဖြုတ်ပြီး မရှိဆင်းရဲသားတွေကို လှူဖို့ တိုက်တွန်းမှာ ထင်ပါရဲ့..။ (အဲဒါ ဝေဿန္တရာ သင်တိုင်း အမရဲ့ lecture မှာ ပြောနေကျလေ..)ဒီတော့ ဗုဒ္ဓဘာသာင်အနေနဲ့ ဗုဒ္ဓစကားတွေကို နားထောင်.. ဗုဒ္ဓကို အမှတ်ရခြင်းက အဓိကအကျဆုံးလိုအပ်ချက်လို့ ထင်တာပါပဲ။
အဲလို အယူအဆတွေနဲ့ ပတ်သက်ပြီး မင်းနန်(မော်ကျွန်း) ရေးတဲ့ ဘာသာရေးဆောင်းပါးတွေဆို သားသားအတွက် သင့်တော်မယ်ထင်တယ်..။ သူ စိတ်ဝင်စားမှာ..။ လောလောဆယ်တော့ အမ ဒီကို http://dhammaganga.blogspot.com/ ရောက်ရောက်နေတယ်..။

ကျနော်လဲ သေချာမသိလို့ မပြောတတ်ပေမဲ့
ဆရာမမေငြိမ်းရဲ့ ကော်မန့်ကို ဖတ်ပီးတော့ တခုဝင်ဆွေးနွေးချင်လာပါတယ်..။

ဆွမ်းေ၇ချမ်းဆီမီးပန်းလှူတာ သဒ္ဒါတရားနဲ့ဆိုင်မယ်ထင်ပါတယ်။ ကျနော်ဆို ဈေးကြီးတဲ့ သစ်သီးတွေဝယ်တိုင်း အရင်ဆုံး ကိုယ်မစားသေးပါဘူး။ ဘုရားရှင်ကို ရည်မှန်းပီး ဦးဦးဖျားဖျားကပ်ပါတယ်။ စားချင်လို့ ဝယ်တာ မဟုတ်ပါဘူး။ ဘုရားအတွက်ကို ရည်မှန်းပီးဝယ်ကပ်တာပါ။ ၃ ..၄ ရက်လောက်ကြာမှ စွန့်ပီး ကိုယ်စားဖြစ်ပါတယ်။
ဒီလိုပဲ ထမင်းကျက်သွားတယ်။ မစားခင်ဦးဦးဖျားဖျား ကပ်ပါတယ်..။

အကျိုးကိုမျှော်ပီးကပ်တာ မဟုတ်ပေမဲ့..ကျနော် အဲ့အကျိုးကို ခံစားရတယ်လို့လဲထင်ပါတယ်။ ဒါက ကိုယ့်ရဲ့ စားဦးစားဖျားကို လှူတာပါ။

ကျန်တဲ့ မရှိဆင်းရဲသားတွေကို လှူတာကတော့ သတ်သတ်ပေါ့လေ..။ မရှိဆင်းရဲသားတွေကို လှူတာ ကိုယ်စားနေတဲ့ ထမင်းပန်းကန်ကို အမြဲမလှူနိုင်ပါဘူး။ ကိုယ့်ရဲ့ ဝင်ငွေ အတိုင်းအတာနဲ့ လှူရတာပါ။

ပီးတော့ ဆရာမမေငြိမ်းပြောသလို ..ကျနော်လဲ ဘုရားထီးတော်တွေမှာ ဘာညာ တွေလှူတာတော့ တယ်ကြည့်မရပါဘူး..။ မလိုအပ်ဘူးထင်ပေမဲ့ လူတွေက ပကာသနကြောင့် လှူတယ်ပဲ မြင်တာပါပဲ..
ကျနော်ဆိုလဲ ထီးတော်တင်စဉ် ရုတ်တရက် သဒ္ဒ့ါလို့ နားကပ်ချွတ်လှုတာတို့ဘာတို့ကို မြင်တာ တကယ်အံ့သြပါတယ်။ ကျနော်သာဆို ဖြစ်မယ်မဟုတ်ဘူးထင်လို့ပါ..။

လှူတယ်ဆိုတာ တကယ်လိုနေတဲ့နေရာတွေကို လှူမှသာ ကိုယ့်ကို စိတ်ကျေနပ်မူပေးနိုင်မယ်လို့ ယုံလို့ပါ..။

“သမေ စိတ္တံ သမံ ဖလံ” [၀ိမာန၀တ္ထု-၈၀၆] ဆိုတဲ့ စကားလေးရှိပါတယ်။ သက်တော်ထင်ရှားရှိတဲ့ မြတ်စွာဘုရားကို ဖြစ်ဖြစ်, ပရိနိဗ္ဗာန်ပြုသွားတဲ့ မြတ်စွာဘုရားကို ဖြစ်ဖြစ် စိတ်ကို အတူတူထားပြီး ကုသိုလ်ကောင်းမှုပြုခဲ့ရင် အကျိုးအတူတူရတယ်လို့ ဆိုပါတယ်။ ဒီတော့ သက်တော်ထင်ရှားရှိနေတဲ့ မြတ်စွာဘုရားကို အာရုံပြုရည်မှန်းပြီး ဘုရားရှင်ကို ဆွမ်းကပ်လှူနေသလို မြတ်မြတ်နိုးနိုးလေးလေးစား လှူဒါန်းခဲ့ရင် အကျိုးရှိပါတယ်။ မြတ်စွာဘုရား တကယ်ဘုန်းပေးရတာမျိုးတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ စိတ်ထဲမှာဖြစ်တဲ့ သဒ္ဓါတရား, ပီတိ, စေတနာတွေက ကိုယ်ကိုအကျိုးပေးတာမျိုးကို ဆိုလိုပါတယ်။ ကံဆိုတာ ဒီစေတနာကိုပဲဆိုလိုပါတယ်။

တစ်ဖက်ကကြည့်ရင် ဗုဒ္ဓက ပုဂ္ဂိုလ်ရေးကိုးကွယ်မှုထက် ဓမ္မကို အားကိုးမှုကို ပိုပြီး အလေးပေးပါတယ်။ ဘုရားရှင်ကို ဖူးချင်ပေမယ့် ရောဂါအသည်းအသန်ဖြစ်နေလို အိပ်ယာကမထနိုင်တဲ့ ၀က္ကလိမထေရ်ကို… “ငါဘုရားရှင်ရဲ့ အပုတ်ကောင်ကို ဖူးမြင်ရလို့ ဘာအကျိုးရှိမှာလဲ။ ဓမ္မကို မြင်သူဟာ ငါဘုရားကို မြင်တယ်။ ငါဘုရားကိုမြင်သူဟာ ဓမ္မကိုမြင်တယ်” (သံ-၃-၈၇၊ ခန္ဓသံယုတ်၊ ၀က္ကလိသုတ်)။ ဗုဒ္ဓဟောကြားခဲ့တဲ့ ဓမ္မကို မြင်အောင် ကြိုးစားအားထုတ်ခြင်းကိုတော့ ဘုရားရှင်က ပိုပြီး နှစ်သက်ပါတယ်။

သို့သော်လည်း … ဘုရားရှင်ကို ရည်မှန်းပြီး ဆွမ်းကပ်လှူရင်းဖြစ်ပေါ်တဲ့ သဒ္ဓါ, ပီတိ, သတိ, ၀ီရိယ, စေတနာစတဲ့ တရားတွေကို အခြေခံပြီး တစ်နေ့မှာ ၀ိပဿနာဉာဏ်အမြင်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဓမ္မစက္ခု ဖြစ်ပေါ်လာနိုင်ပါတယ်။

(မှတ်ချက်။ အချို့က ပရိနိဗ္ဗာန်ပြုသွားတဲ့ ဘုရားရဟန္တာတွေဟာ ဘုံတစ်ခုမှာရှိနေကြတယ်။ အဓိဋ္ဌာန်ပြီး ဆွမ်းကပ်လှူရင် ဈာန်နဲ့ကြွလာပြီး ဘုန်းပေးကြတယ်လို့ ယူဆကြ, ပြောဟောနေ ကြတာတွေရှိပါတယ်။ ဒါဟာ မှားပါတယ်။ နိဗ္ဗာန်ဟာ ရုပ်ထူးနာမ်ထူးနေရှိတဲ့ ဘုံဘ၀တစ်ခု မဟုတ်ပါဘူး။ ဒါကြောင့် ဒီလိုအယူအဆနဲ့ ဆွမ်းကပ်လှူတာကတော့ လုံးဝ မသင့်ပါဘူး။)

ဧရာ

(၁)။ ကုလ ဗုဒ္ဓဘာသာ
(၂)။ လာဘ ဗုဒ္ဓဘာသာ
(၃)။ ဘယ ဗုဒ္ဓဘာသာ
(၄)။ သဒ္ဓါဓိက ဗုဒ္ဓဘာသာ
(၅)။ ပညာဓိက ဗုဒ္ဓဘာသာ
ဆိုပြီးရှိတယ်ဆိုတာ သတိချပ်သင့်ပါတယ်…။ အဆင့်တိုင်းက မကောင်းဘူးတော့မရှိထင်ပါတယ်..။ အတွေးအခေါ်အပေါ်လိုက်လို့ ခံယူချက် ကျင့်ကြံချက်မတူဘူးထင်ပါတယ်…။
ဘုရားရေအိုး ကြွက်ရေခွက် ဘုရား ပန်းအိုး ကြွက်သိုက်ဖြစ်တယ် ဆိုပြီး ယူဆတဲ့ သူတွေ (ကျောက်သင်္ဘောဂိုဏ်းလားတော့မသိပါ) ဗုဒ္ဓဘာသာမှာ ရှိခဲ့ဖူးပါတယ်…။ ကွန်မြူနစ်ခေါင်းဆောင် သခင်သန်းထွန်း က ရွှေတိဂုံဘုရားက ရွှေတွေကို ယူပြီး တိုင်းပြည်မှာ လိုအပ်တဲ့ စရိတ်တွေလုပ်ဖို့ ကြံသေးတယ်လည်း ကြားလိုက်မိပါတယ်…။
ရှိခိုးခြင်း ဘုရားဆီမီးကပ်လှူခြင်း ဆွမ်းတင်ခြင်း ရတနာ လှူခြင်းတွေမှာ နှလုံးသွင်းကောင်းကောင်းနဲ့ မိမိတန်ဖိုးထားရာကို စွန့်လွှတ်ပေးကမ်းခြင်းဖြင့် သူ့ရဲ့  သဒ္ဓါတရားကို ကြွားဝါစိတ်မဟုတ် တကယ်ကို ပေးခြင်လို့ ပေးလိုက်သူတွေ တကယ်ရှိပါတယ်..။ ဒါဟာ မိမိရဲ့  စိတ်ထဲက ကြည်ညိုစိတ်ကိုပြတာပါ..။ ကြွားဝါလိုစိတ်ရှိသူတွေ အတွက်ကတော့ ဘာရမလဲ မသိပါ..။ တကယ်ကြည်ညိုစိတ်နဲ့ ပီတိဖြစ်လွန်းလို့ ပေးစွန့်လိုက်တဲ့ သူမှာတော့ ချက်ချင်း စိတ်အင်အားကို တိုးစေပါတယ်…။ လက်ရှိအလုပ်တွေမှာ တည်ကြည်တဲ့စိတ်နှလုံးသွင်းစေနိုင်ပါတယ်…ရှင်းရှင်းပြောရရင်လောကီ အလုပ်တွေမှာအောင်မြင်ဖို့ လက်ငင်း အကျိုးပေးပါတယ်…။ မိမိစိတ်က လုပ်သွားတာ ပါ..။ ကျွန်တော် ရွှေတိဂုံဘုရားမှာ ထီးကပ်လိုတဲ့ အာသီသပေါ်ဖူးပါတယ်..ဘုရားကို အလိုလိုနေရင်း လုပ်ပေးချင်နေတာ…တကယ်တော့ ယတြာချေဖို့ဆိုပြီးကျွန်တော့်ကို လွှတ်လိုက်တာ ကျွန်တော့်ခေါင်းထဲမှာ အဲဒီ ယတြာမရှိပါဘူး…လွှတ်တဲ့သူ စိတ်ချမ်းသာဖို့ရယ် ကုသိုလ်စိတ် အမြတ်ရနိုင်တာရယ်တွေးလို့ ထွက်ခဲ့တာ ဟိုရောက်တော့ တခြားဘာမှ မလိုချင်ဘူး ထီးဝယ်ပြီး လှူချင်နေတယ်..ဒါနဲ့ ဘုရားဘေးစောင်းတန်းက ခပ်ကြီးကြီးစက္ကူထီးတစ်လက်ကို ၇၅၀ ပေးလို့ ၀ယ်ခဲ့တယ် အဲဒါကို ဘုရားပုလ္လင်မှာ ကပ်ချည်ပြီး ဘုရားကို ထီးမိုးပေးတဲ့သဏ္ဌန်လှူခဲ့တယ်..။ အဲဒီတုန်းက ရတဲ့ ပီတိက ခုထိ ခံစားလို့ မပျောက်သေးပါဘူး..။ ဒီလို အဆင့်ဟာ ဗုဒ္ဓဘာသာမှာ သာမန်အဆင့်ပဲ ရှိပါသေးတယ်…။ ခရစ်ယာန်နဲ့ တခြားဘာသာတွေမှာလည်း ရှိပါတယ်..။ ဘုရားရှိခိုးကျောင်းသွားလို့ ၀တ်ပြုခြင်း၊ ဆုတောင်းခြင်း ဒါတွေက စိတ်အင်အားကိုတိုးစေလို့ လောကီစည်းစိမ်အရာမှာ ကောင်းစေတဲ့ အရာတွေမိုလို့ ဒီဘ၀ မှာ သိပ်မခြားနားဘူးလို့ ဗုဒ္ဓဘာသာတစ်ယောက်အနေနဲ့ ယုံကြည်ပါတယ်…။
နောက်အဆင့်တွေကတော့ ဘုရားသွားရာလမ်းကို ကိုယ်တိုင် သိမြင်သဘောပေါက်မှုနဲ့ဆိုင်ပါလိမ့်မယ်…။ အနည်းဆုံး သင်္ချာတစ်ပုဒ်ကို နားလည်လိုက်သလိုမျိုး သူဘာလုပ်သွားတယ်ဘာသက်သေပြချက်တွေလည်းဆိုတာ ဆင်ခြင်သိနဲ့ သိပါလိမ့်မယ်လို့ ယူဆပါတယ်..။ အဲဒီအဆင့် ဗုဒ္ဓဘာသာက တစ်ဆင့်ပါ…အဖြေမှန်ထွက်ပြီးဖြစ်လို့ ဘာကမှ သူ့ကို တခြားအဖြေနဲ့ တွက်နည်းတွေလာပေးလဲ မရတော့ပါဘူး နားမယောင်တော့ဘူး…။ အသက်သာအသေခံမယ် ဒီဆရာမှားတယ် မဆိုတော့ဘူး…။
ကလေးကို ကျွန်တော့်အနေနဲ့ ဆို ဒီလိုပြောမလားပဲ…။
ကိုယ်မြတ်နိုးလေးစားတဲ့သူကို ကြောက်ရွံ့လို့မဟုတ်ပဲ ချစ်ခင်မှု သက်သက်ဆို ဘာလုပ်မလဲ…။ ကွယ်ရာမှာရော သူ့ရှေ့မှာရော သူ့ကို လေးစားတဲ့ စိတ် အမြဲရှိလိမ့်မယ် အဲဒီစိတ်ကို ကိုယ်နှုတ်အမူအရာတွေနဲ့ ဖော်ပြတာ…။ ဒါဟာ ရှိခိုးခြင်း ပန်းသီးကပ်လှူခြင်း ရေချမ်းကပ်ခြင်းတွေ ဟာ လေးစားစရာအကောင်းဆုံးလို့ သိထားတဲ့ ဗုဒ္ဓကို တနည်းနည်းနဲ့ သူ့ကို လေးစားကြောင်းဖော်ပြတာဖြစ်တယ်…။ မကပ်ရင်လည်း ဘာမှမဖြစ်ဘူး…။ ကပ်ရင်လည်း ကိုးကွယ်မှုစိတ်ကို ပိုတိုးစေတယ်…။ စိတ်ခွန်အားကို ဖြစ်စေတယ်..။ သူ့ကို မပြတ်သတိရခြင်းက သူ့ရဲ့  ကောင်းတဲ့ ဘ၀အတွက်လမ်းညွှန်စကားတွေကို မပြတ်သတိရစေခြင်းကို ဖြစ်စေတယ်…။ ဘုရားဆင်းတုတော်ရှေ့မှာ စားစရာတစ်ခု ကပ်မလို့လုပ်နေတုန်း အလွန်ဆာလောင်တဲ့ သူတောင်းစားတစ်ယောက်ဝင်လာပြီဆိုပါစို့..။ ကိုယ့်မှာလဲ ကျွေးစရာက ဒီစားစရာပဲ ရှိပြီဆိုပါစို့…။ ဘာလုပ်မလဲ…သူတောင်းစားကို ကျွေးဖို့ တိုက်တွန်းပါတယ်…..။ ဘုရားရှေ့ ဆွမ်းကပ်ခြင်းဟာ ကိုယ့်ရဲ့  ချစ်ခင်လေးမြတ်မှု ကိုဖော်ပြယုံသက်သက် ဖြစ်ပြီး တဖက်ကလူကို ပေးလိုက်ခြင်းဟာ တကယ့် လူသားဆန်တဲ့ ဗုဒ္ဓရဲ့  သွန်သင်မှုကို လိုက်နာလိုက်ခြင်းဖြစ်တယ်…။ ဒါဟာ တကယ်လည်း လက်တွေ့ကျတဲ့ အကြောင်းတရားပါပဲ…။
ဘုရားမှာရှိတဲ့ ရွှေတွေကိုယူပြီး တိုင်းပြည်အတွက် ဆေးရုံကျောင်းတော့ မဆောက်ချင်ဘူး…ဒါဟာ လူတွေရဲ့  ကိုးကွယ်သဒ္ဓါကို ဖျက်ဆီးတာ..ဘုရားကဘာမှမလုပ်ပါဘူး..သူတို့ လုပ်ချင်တာ ဆေးရုံမဟုတ်ဘူး ကျောင်းမဟုတ်ဘူး ဘုရားမှာတင်ချင်တာဖြစ်တယ်..ဒီသဒ္ဓါကို ဘယ်ဘာသာတရားရှူထောင့်ကကြည့်ကြည့် လူမှုရေးရှုထောင့်ကကြည့်ကြည့် အတင်းအကျပ်မလုယူသင့်ဘူး…..ကျောင်းမှာလှူစေချင်ရင်တော့ ကျောင်းကို လှူချင်စိတ်ပေါက်လာအောင် စည်းရုံးတာ အကောင်းဆုံးပါ…။ ဘုရားမှာမှ မဟုတ်ဘူး ခရစ်ယာန် ဘုရားရှိခိုးကျောင်းတွေ စတာတွေလည်း ဒီလိုပဲ လူတွေရဲ့  သူတို့ကိုယ်ပိုင်လွတ်လပ်မှုကို မထိပါးသင့်ဘူး မလုယူရဘူး…။

ငယ်နိင်ရေ

သားကို ဒီလို ဖြေချင်ပါတယ်
ဒို့ သာသနာ ဆိုတာ မြတ်စွာဘုရား အဆုံအမပါ
အဆုံးအမရဲ့  ရည်မှန်းချက်က လောကီမှ ထွက်ရာလမ်းကို ဦးတည်ပါတယ် ။
လောကီက ထွက်ဘို့ ဆိုရင် ကိလေသာကိုသတ်ရ ပါယ်ရမဲ့  အလုပ်ကို လုပ်ရပါတယ် ။
ဒီတော့ ကိလေသာကို ဘယ်လို ပါယ်မလဲ ဆိုတော့
လောဘကိလေသာ ကို ဒါန
ဒေါသ ၊ရာဂ ၊ စသော ကိလေသာကို သီလ
ပျံ့ လွင့်ခြင်း ၊ မောဟ စသော ကိလေသာကို သမထ
ဒိဋ္ဌိ ၊ ယောင်မှားခြင်းကိလေသာတို့ ကို ပါယ်တာက ၀ိပသနာပါ ။
ဒီနေရာမှာ သီလ မှုကို ခဏလေးထားလိုက်ပါနော် ။
( သတ်သတ်ပြန်ရှင်းပေးပါ့မယ် )
ကဲ မြတ်စွာဘုရား ရည်ပြီး ဘာလှူလှူ ဘာဖြစ်လဲ ကြည့်ကြည့်ရအောင်
မြတ်ဘုရားကို ရည်ပြီး မိမိ အမြတ်ဆုံး စားဖွယ် ၊ ပန်းရေချမ်း ဆီမီး ရွှေငွေ ရတနာတို့ ကို ပူဇော်လိုက်တဲ့  အခါ မိမိရဲ့  လောဘ ကို သတ်ပြီး ဖြစ်ပါတယ် ။ ဒါနမှုပြုဖြစ်တာပေါ့ ။
တခါ မြတ်ဘုရား။တရားတော်နဲ့  သံဃာတို့ ရဲ့ ဂုဏ်တော် ကိုရည်မျှော်ပြီး လှူစဉ်ခဏလေး နှလုံးသွင်းမိတာုဗုဒ္ဓနုသတိ သမထမည်ပါတယ် ။ဒီ ဒါနမှုနဲ့  သမထမှုသည် လောကီမှ ထွက်မြောက်ကြောင်း immediate cause မဖြစ်သော်လဲsupporting factors ဖြစ်ပါတယ် ။ ဆင်းတုတော် ရုပ်ပွားတော်မလိုဘဲ မြတ်ဘုရားရည် ကြည်ညို လို့  ရလားမေးရင် မရတော့မဟုတ်ပါ ။ သို့ သော် စိတ်မှန်းနဲ့ ကြည်ညိုတာနဲ့  ကြည်ညိုဖွယ်ထုထားသော ဆင်းတုတော် ကို မြင်ကြည်ညိုတာ ဘယ်ဟာပိုလွယ်လဲ
(သားတို့  ခုကျောင်းမှာ သင်တော့ ရုပ်ပုံတွေ flow charts တွေသာ မက ရုပ်ရှင် တီဗီ လိုသလို သုံးနေတာ သားလဲ နေ့ စဉ် မြင်နေတာဘဲ ၊ အရုပ်မပါဘဲ စာသတ်သတ် ကျက်တာနဲ့  အရုပ်နဲ့ စာ တွဲ မြင်တာ ၊ လက်တွေ့  လုပ်ကြည့်တာ ဘယ်ဟာပိုလွယ်လဲ တွေးကြည့်နော် ၊)
ဒါလောက်ဆို သားအမေးတော့ ရှင်းလောက်ပါဘီ ။ ရုပ်ပွားတော်ထားတာဟာ လှရုံသက်သက်မဟုတ်တာလဲ ရှင်းလောက်ပါပြီ ။
အလှူ အကြောင်းလေး နဲနဲလေး ကွန့် ပရစေ
လှူတာမှာ မိမိရှိတာကို စွန့် လိုက်တာသာ လိုရင်း ဖြစ်ပါတယ် ၊ လောဘကို သတ်တာ ပါယ်တာကိုး
ဒီနေရာမှာ လှူတဲ့  သူရဲ့  စေတနာ ပေါ်တည်ပြီး ဘယ်နေရာလှူဆိုတာ မကန့် သတ်ကောင်းပါဘူး
မြတ်ဘုရားရည်လှူတဲ့  အလှူရှင်နဲ့  သူတောင်းစား ကျွေးတဲ့  အလှူရှင်ဟာ လောဘ သတ်ခြင်းဆိုတဲ့  အချက်မှာတော့ တူတူပါဘဲ ။
ဒါပေမဲ့  လေးမြတ်သော ဂုဏ်တော်တို့ ကိုရည်လှူတဲ့  စေတနာနဲ့  ငတ်ပြတ်နေတဲ့  သူ စားရဘို့  လောက် ( လက်ငင်း အကျိုးလေး ) ကြည့်လှူတဲ့ အလှူကတော့ မတူနိုင်ပါ။
တဘက်က ဝေဿန္တရာကို ကိုးကားသွားပါတယ် ။စင်စစ်တော့ ဘုရားလောင်း ဘ၀မှာ လှူခဲ့ ရတဲ့  အလှူဟာ သာသနာပကာလ လူဖြစ်တုန်း တတ်နိုင်သလောက် ပါရမီ ဖြည့်ခဲ့တာ ဆိုတာ သတိမေ့ နေတာပါ ။ သုမေဓါ ရှင်ရသေ့ဘ၀မှာ ဒီပင်္ကရာမြတ်ဘုရားကို ကြာပန်းကပ်လှူခဲ့တာ မေ့ နေပုံပါဘဲ ။ ( ကြာပန်း ဘုရားဘာလုပ်မလဲ မေးမှ မြင်ယောင်သေး :P )
နောက်ဆုံး ချန်ခဲ့  သီလ အကြောင်းမှာ ဒုစရိုက်မှုရှောင်တယ် ၊ သုစရိုက်မှု ပြုတယ်ဆိုရာမှာ တကယ် ရုပ်နာမ် သဘာဝကို မျက်မြင် မြင်သသော သာသနာတွင်းလူဟာ မိမိ ဒုစရိုက်မှုကို ပြုလိုက်တာနဲ့  မိမိရုပ်နာမ် ရဲ့ 
သတ္တိ ညံ့သွားတာ ။ သုစရိုက်ပြုမိတာနဲ့  မိမိရုပ်နာမ်ပြောင်းသွားတာကို လက်ငင်းသိမြင်နေလို့  သီလကိုစောင့်ကြတာပါလို့  ဒါးခုတ်ရာလက်လျှို လျှာရှည်လိုက်ရပါတယ် ။

ဆောရီးကွာ
ရေးချင်တာတွေ များပြီး အတိုချုပ်ကျန်သွားတယ်
”ဗုဒ္ဓဘာသာဝင်တယောက်ဟာ မိမိကိလေသာ တဏှာ ရန်သူကြီး ၁၁ယောက်နဲ့  အမြဲစစ်ထိုးနေရတဲ့  သာရဲတယောက်နဲ့  တူတူပါဘဲ ။
ဒီလို သူရဲဟာ ရန်သူကို အနိုင်တိုက်ဘို့ ဟာ ဒါန၊ သီလ ၊ သမထ ၊ ၀ိပသနာ ဗျူဟာကြီး ၄ခုကို အမြဲ လက်ကိုင်ပြုရသလိုဘဲ ရုပ်ပွားတော် ၊ တရားနာခြင်း ၊ သံဃာကို ဆည်းကပ်ခြင်းဆိုတဲ့  ပြင်ပ အထောက်အကူတွေကိုလဲ အမြဲ လက်မလွတ်တမ်းသုံးနေရပါတယ် ။
ရန်သူကို အားနည်းစေမဲ့  အလုပ်မှန်ရင် ၊ အထောက်အကူမှန်ရင် ဘာမဆို လက်မတွန့် ဘဲ သုံရသလို ရန်သူကို အားပေးမဲ့  အရာမှန်ရင် ဝေရာမဏိရပါကြောင်း

tint..
ကျမဟာ စာရေးရင် ဘယ်တော့မှ တဘက်သတ် သူတပါးကို တိုက်ခိုက်ပြီး မရေးပါ။ ကိုယ့်အမြင် ကိုယ်ယုံကြည်ရာကိုသာ ပြောပါတယ်။ ခု ဆွမ်းကပ်တဲ့ ကိစ္စမှာလည်း "ဗုဒ္ဓရှင်တော်ကို မှန်းပြီး ကပ်တယ်ဆိုသူများကလည်း သူတို့ ယုံကြည်သလိုပေါ့နော်..။"အဲဒီလို သေသေချာချာ ထည့်ပြောပါတယ်။ ပြီးတော့ ဆွမ်းကပ်ခြင်းရဲ့ အကျိုးအပြစ် ဘာတခုကိုမှ ကျမ မပြောခဲ့ပါ။ ဝေဿန္တရာကိုလည်း မကိုးကားပါ..။ ကျမ lecture မှာ ထည့်ဆွေးနွေးတယ်ပဲ ပြောတာပါ။
ဆိုတော့ ( ကြာပန်း ဘုရားဘာလုပ်မလဲ မေးမှ မြင်ယောင်သေး :P )ဒီလိုအရေးအသားမျိုးက အင်မတန် အံ့သြစရာကောင်းနေပါတယ်။ ကျမ ရှင့်ကို မသိပါ။ ဒီလိုပဲ ရှင်လည်း ကျမကို သိမယ်မထင်ပါ။ ခုကိစ္စဟာ အငြင်းပွားရလေ့ရှိတဲ့ အကြောင်းအရာဆိုတာ သိပြီးသားမို့တခြားသူတွေရဲ့ ဆွေးနွေးတာတွေကို သိချင်စိတ်နဲ့ ကျမ ၀င် ၀င်ဖတ်နေတာပါ။ ဘလော့စာမျက်နှာပေါ်ကနေ ရန်လိုသလို ထေ့ငေါ့ပြောတာမျိုး ကျမ စိတ်ပျက်ပါတယ်။ လူကြီးဆန်ကြရင်ကောင်းမယ်ထင်ပါတယ်။
မေငြိမ်း

အမှန်အတိုင်းပြောရရင် ဒီပို့စ်ကို ဘယ်သူမှ ကွန်မင့်မလုပ်ခင်ကတည်းက ဖတ်ပြီးပြီ မငယ်နိုင်ရေ။ ဒါပေမယ့် ကိုယ်က ဘာဖြေရမှန်းမသိတော့ ကိုဧရာကို ပြေးသတိရပြီး သွားပြောမယ်ဆိုပြီး သူ့ဘလော့ဂ်ကို သွားတော့ မငယ်နိုင် ဖိတ်ပြီးသားဖြစ်နေတာကို တွေ့ရတာနဲ့ အသာ နှုတ်ဆိတ်နေလိုက်တာ။

ကျနော်လည်း ရုတ်တရက်ပြောရင် မငယ်နိုင်ရဲ့ သားပြောသလို၊ မမေငြိမ်းပြောသလိုမျိုးပဲ တွေးမိချင်တာပါ။ ဒါပေမယ့် ပီနန်ဆရာတော်ကြီး ဟောဖူးတာတခုကို သတိရမိတယ်။

ကြိုးစားက ဘုရားဖြစ်၏ ဆိုတဲ့စကား။

ဆရာတော်က ဘုရားဖြစ်နိုင်ပုံ ဖြစ်နိုင်နည်းတွေ (သုံးနည်းလားမသိ အတိအကျ မမှတ်မိတော့…) ရှိတယ်တဲ့။
စကားအတိအကျတော့ မမှတ်မိ။ သဘောက

ပညာကြောင့်ရယ်၊ လုံ့လကြောင့်ရယ်၊ သဒ္ဒါကြောင့်ရယ်တဲ့။

ပညာကြောင့် ဖြစ်တဲ့ ဘုရားဟာ ပွင့်ဖို့ အမြန်ဆုံးပဲတဲ့။ လေးအသင်္ချေနဲ့ ကမ္ဘာတသိန်းပဲ ကြာသတဲ့။

လုံ့လကြောင့် ဖြစ်တဲ့ ဘုရားကတော့ အဲဒီထက် ကြာတယ်တဲ့။ ရှစ်အသင်္ချေနဲ့ ကမ္ဘာနှစ်သိန်း စသဖြင့်ပေါ့။

သဒ္ဓါကြောင့် ဖြစ်တဲ့ ဘုရားကတော့ အဲဒီထက်တောင် ပိုကြားသေးတယ်တဲ့။ (လုံ့လနဲ့ သဒ္ဓါမှာ ဘယ်ဟာက ပိုကြာသလဲ နည်းနည်း မေ့တေ့တေ့ ဖြစ်နေတယ် အဟီး) ဆယ့်ခြောက်အသင်္ချေနဲ့ ကမ္ဘာလေးသိန်း စသဖြင့်ပေါ့။

ဆရာတော်ကပြောသေးတယ်။ မြန်မာလူမျိုးက လုံ့လနည်းတယ်။ ဒါကြောင့် အဲဒီသုံးမျိုးအနက်မှာမှ ကြိုးစားကဘုရားဖြစ်တယ် ဆိုတဲ့ စကားကပဲ လူသိများလာတာလို့ ဆိုတယ်။

အဲဒီအကြောင်းတွေကို စဉ်းစားရင် သဒ္ဓါတရား ထက်သန်တယ်ဆိုရင်လည်း ဘုရားဖြစ်လာနိုင်တယ်လို့ အဆိုရှိတယ်။ သဒ္ဓါတရားထက်သန်တဲ့လူဟာ သူ့မှာ မရှိ ရှိတာနဲ့ သူကြည်ညိုတဲ့၊ သူယုံကြည်တဲ့အရာတခုအတွက် အကောင်းအမွန်ဖြစ်အောင်၊ အမွန်အမြတ် ဖြစ်အောင်လုပ်မှာဘဲ။ ဘာသာရေးမှာမှ မဟုတ်ဘူး။ ဥပမာ ဂီတ သမားတယောက်ဟာ သူ့ရဲ့ တယောလေးကို ပြောင်လက်နေအောင် အကောင်းဆုံး သနေမှာပဲ။ ရွှေဥဒေါင်းလို ဆေးတံသမားတောင် ရိုးလ်တိုက်ကနေ ဒန်ဟီးလ်တံဆိပ်ဆေးတံ ဈေးကြီးပေးဝယ်ပြီး အမင်းမှာ ရွှေကွပ်လိုက်သေးတယ်။ အလားတူပဲ… ဧည့်ကောင်းစောင်ကောင်းတွေလာလို့ အမွန်အမြတ် ကျွေးမွေးပြုစုချင်တဲ့အခါ အစားအသောက်ကို အရသာရှိရုံမျှမက အမြင်လှအောင်လည်း ပြင်ဆင်ရသေးတယ်။ တကယ်ဆို… ချေးဖြစ်မှာပဲ။ ချေးကို တန်ဆာဆင်မနေပါနဲ့တော့ လို့ ပြောလို့ရတယ်။

အဲဒီလို ခြုံငုံစဉ်းစားလိုက်ရင် လူတယောက်ဟာ တစုံတယောက်ကို လေးစားကြည်ညိုတယ်ဆိုရင် သူအနားမှာ မရှိပေမယ့်လည်း သူ့အတွက် အမွန်တမြတ်ကလေးတော့ လုပ်ပေးချင်ရှာမယ်လို့ တွေးမိတယ်။ ဆွမ်းကပ်လှူတာလည်း အဲဒီသဘောပဲပေါ့။ ဗုဒ္ဓကို ကြည်ညိုလို့ ဆွမ်းကပ်လှူရင် ပထမ သူ့စိတ်ထဲမှာ ကြည်နူးချမ်းမြေ့မှုဖြစ်မယ်။ အကုသိုလ်စေတသိက်တွေထက် ကုသိုလ်စေတသိက်တွေ စိတ်ထဲမှာ ဖြစ်ပေါ်နေမယ်။ ပြီးရင် ဗုဒ္ဓရဲ့ ကျေးဇူးဂုဏ်တော်တွေကို အောက်မေ့ဆင်ခြင်မိမယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ဆင်ခြင်မိမယ်။ အဲဒီကနေ အကျိုးအမြတ်တွေ ရနိုင်ပါတယ်။

ဒီတော့…. ဗုဒ္ဓရုပ်ပွားတော်တွေကို အမှန်တကယ် ကြည်ညိုသဒ္ဓါစိတ်နဲ့ ဆွမ်းကပ်လှူတယ်ဆိုရင် တကယ်ပဲ အကျိုးရှိနိုင်ပါတယ်။

(ဒါထက် ကျနော့်ပို့စ်ထဲမှာ မာသာထရီဇာနဲ့ ယေရှုခရစ်ကိုလည်း မူလကတည်းက ဖော်ပြထားပါတယ်။)

အကြံပြု မှတ်ချက်တွေကို ဖတ်ပြီး ထပ်ဖြည့်ဖို့ လိုအပ်တယ် ထင်လို့ ကျွန်မပို့စ် နောက်ဆုံးပိုင်းကို ထပ်ဖြည့်ထားပါတယ်။ လာပြီး အကြံပြုကြသူတွေ အားလုံးကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ဘာသာရေးမှာပဲ ဖြစ်ဖြစ် ဘယ်အရာကိုပဲ ဖြစ်ဖြစ် ယုံကြည်မှု အတိုင်းအတာကတော့ တယောက်နဲ့ တယောက် မတူနိုင်ပါဘူး။ အမှန်တိုင်း ပြောရရင် ကျွန်မ ထပ်ဖြည့်ဖြစ်တာ ဆရာမ မေငြိမ်း မှတ်ချက်ကြောင့်ပါ။ ဆရာမက ကျွန်မကို တခါက ဆရာလုပ်ခဲ့တဲ့ ဆရာမလည်း သိတယ်ဆိုတဲ့ မသက်နဲ့တော့ အတွေးအခေါ် သိပ်ထပ်တူကျတာ တွေ့ရတယ်။ ကျွန်မ ဘုရားဆွမ်းတော်တွေ ပြန်ကပ်တော့ ဘာပြန်အရှုးထပြန်ပြီလဲ မင်းဘာသာရေးကို တကယ်ယုံကြည်ရင် ထွေထွေထူးထူး ဘာမှ လိုက်မလုပ်နေနဲ့ ၀ိပဿနာသာ လုပ်ပါပြောလို့ ၀ိပဿနာ မလုပ်နိုင်ရင် ထိုင်နေရမလား မသက်လို တိဋ္ဌိမဟုတ်ဘူး ၀ိပဿနာ မလုပ်နိုင်လို့ ကိုယ်လုပ်နိုင်တာ ကိုယ်လုပ်တယ် မသက် မလုပ်နိုင်ရင် တိတ်တိတ်နေ ဘာမှ လာမပြောနဲ့လို့ ပြန်ပြောရသေးတယ်။ မသက်တို့ ဆရာမတို့က ဘာသာရေးကို သိပ္ပံနည်းကျပဲ ယုံကြည်သူလို့ ကျွန်မ ယူဆတယ်။ ဒါကြောင့်မို့ သဒ္ဒါတရား မရှိပဲနဲ့ သာသနာ အသက်မရှည်နိုင်တာကို ကျွန်မ ယုံကြည်တဲ့အတိုင်း သိသလောက် ထပ်ဖြည့် ဆွေးလိုက်တာသာ ဖြစ်တယ်။ ဆရာမ ပေးတဲ့လိပ်စာအတွက်ရော မျှဝေ ဆွေးနွေးတဲ့အတွက်ပါ ကျေးဇူးပါ။ ကျွန်မ ထပ်ဖြည့်ထားတာကိုလည်း ဖတ်လိုက်ပါဦးနော့်။
Burmesesoccorfan - စေတနာအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အကြံပဲ ပြုပြီး လိပ်စာမပေးထားခဲ့တော့ ကျွန်မဘယ်သွားမေးရမှန်း မသိဘူး။
မြတ်နိုးရေ- ဆီမီးရေချမ်းကပ်တာကို သဒ္ဒါတရားနဲ့ဆိုင်တယ်လို့ နားလည်ပေးလို့ရရင် ရွှေငွေရတနာ လှူတာလည်း အတူတူပဲ မဟုတ်လား။ လှူတဲ့ပုဂ္ဂိုလ်က စေတာရှိလို့ လှူမှတော့ အားလုံးက သဒ္ဒါတရားတွေပါပဲပေါ့။

ကိုဧရာ၊ ကိုမင်းညို ကိုတင့်ဦးတို့ ပေးတဲ့အချက်အလက်တွေကို လက်ခံပါတယ်၊ သဘောကျပါတယ်၊ သိပ်လည်း ကောင်းပါတယ်။ ဒါပေယ့် သားက အဲဒီလောက်ထိ နားမလည်သေးဘူးဆိုတော့ ကျွန်မ အချိန်ယူမှပဲ ရလိမ့်မယ်။ ကိုတင့်ဦး ပြောတဲ့ ဥပမာလေးကိုတော့ အရင် စမ်းပြီး ရှင်းပြကြည့်လိုက်မယ်။

မှတ်ချက်အားလုံးနဲ့ ပတ်သက်ပြီး ပြောချင်တာကတော့ ယုံကြည်မှုနဲ့အတူ တချို့ အယူသီးတာတွေကတော့ ရှိနေမှာ အမှန်ပဲ။ ဒီအပေါ်မှာ အကျိုးရှိမရှိ ဆိုတာက လှူသူကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ သဒ္ဒါတရားအပေါ်မှာပဲ မူတည်နေပါတယ်။ ပကာသနနဲ့ ဘုရားထီးတင်ရာမှာ ရွှေတဆယ်သားလောက် လှူလိုက်လည်း အိမ်က ဘုရားစဉ်မှာ သဒ္ဒါတရားရှိရှိနဲ့ ရေချမ်းတခွက် ကပ်လိုက်တာလောက် ကုသိုလ်မရနိုင်ပါဘူး။ ဒီသဘောတရား တွေကတော့ ရှိပါတယ်။ ကျွန်မတို့ လူတွေမှာမှ မဟုတ်ဘူး ဘုန်းကြီးတွေထဲမှာလည်း ကျွန်မသိရသလောက် တယောက်နဲ့တယောက် ဒီအပေါ်မှာ အမြင်မတူကြတာ တွေ့ရပါတယ်။ ကျွန်မကတော့ ကျွန်မသားလေးကို သဒ္ဒါတရားနဲ့ ယှဉ်တဲ့ ယုံကြည်သူပဲ ဖြစ်စေချင်ပါတယ်။ ကျွန်မတို့ အဝေးရောက်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ ဒီကိစ္စကို ကိုယ်လက်ခံရင် လက်ခံသလို လက်မခံရင် လက်မခံသလို ကလေးတွေအတွက် ကိုယ်ခံယူတဲ့အတိုင်း အကျိုးအကြောင်း ခိုင်လုံတဲ့ အဖြေပေးနိုင်ဖို့ ပြင်ထားသင့်တာတော့ အမှန်ပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ညီမလေးငယ်နိုင်...အမရဲ့  သမီးလည်းညီမသားလိုဘဲ ဘုရားဆွမ်းတော်တင်တာနဲ့ပတ်သက်ပြီး အဲလိုဘဲပြောခဲ့ပါတယ်...ညီမရဲ့ ပို့စ်အတွက်ကျေးဇူးတင်ပါတယ်...အမလည်း အမသမီးမေးတာကို မဖြေနိုင်ခဲ့ပါဘူး...ဒီကခလေးတွေက အမတို့တုန်းကလို မဟုတ်ကြတော့ဘူး..သူတို့မှာကိုယ်ပိုင်အတွေးအခေါ်တွေရှိသလို
ကိုယ့်ကိုကိုယ် ယုံကြည်မှုကလည်းအပြည့်ရှိကြတယ်...အကြောင်းအရာ တခုခုပြောချင်ရင အ် ထောက်အထားနဲ့ ကိုးကားပြီးပြောမှ လက်ခံကြတာ... တော်ယုံလက်မခံကြဘူးလေ...တခုခုပြောရင် အဲဒါနဲ့ပတ်သက်တဲ့ သူဖတ်ခဲ့ဖူးတဲ့ စာအုပ်ကိုထုတ်ပြီး သက်သေသာဓကနဲ့ မိဘကိုပြသေးတာ ...မိဘက စာဖတ်အားနည်းခဲ့တော့ တခါတလေ အခက်တွေ့ရတော့တာပေါ့...

mie nge

သက်ရှိထင်ရှာ မြတ်စွာဘုရားကို ဆုံတွေ့ဖူးမြော်လုပ်ကျွေးခွင့်ကို ရည်မှန်းပြီး ရုပ်ပွားတော်ကို ဆွမ်း၊ ဆီမီး၊ ပန်း၊ ရေချမ်း၊ ကပ်လှူကြတယ်လို့ အဖွားကရှင်းပြဖူးပါတယ်။
ရုပ်ပွားတော်များဟာ ဗုဒ္ဓကိုယ်စား ဗုဒ္ဓရှိခဲ့တဲ့ အမှတ်အသား၊ အဆုံးအမတွေကို သတိရစေသောဖို့၊ ရုပ်ပွားတော်မျှကို ဒီလောက်အလေးပေး ရိုသေရတာဟာ သက်တော်ထင်ရှားရှိစဉ်ကထားခဲ့တဲ့ အဆုံးအမတွေကို ပြန်အောက်မေ့ဆင်ခြင်နိုင်ဖို့ လို့ဖြေချင်ပါတယ်။ လူငယ်တို့အနေနဲ့ ဗုဒ္ဓထားခဲ့တဲ့တရားအပေါ် အာရုံစိုက်လာအောင် ရိုသေစိတ်ဝင်လာအောင် အရှေ့ကလူတွေ ကြိုးစားခဲ့ရာက ရိုးရာတစ်ခု ဖြစ်လာရတယ်လို့ထင်ပါတယ်။ သန့်ပြန့်တဲ့နေရာတစ်ခုကိုပေး၊ ဆွမ်းတော်ရေတော်တင်ပြီး ၀တ်ပြုတာဟာ ဗုဒ္ဓကို မေ့မသွားအောင်၊ အဆုံးအမတွေကို လျစ်လျူပြုမသွားအောင်၊ ပထမဆုံးအဆင့်အနေနဲ့ ကြည်ညိုစိတ် သိမြင်စူးစမ်းလိုစိတ် ဆက်ပေါ်လာအောင် ဘိုးဘွားတွေထားခဲ့ပေးတဲ့ အလေ့အကျင့်အမွေပဲ။
နှလုံးသားက ယုံကြည်မှုဟာ အဓိကကျပါတယ်။ ယုံကြည်ရတဲ့အမှန်တရားကို စတင်လမ်းပြပေးတဲ့ ဗုဒ္ဓကို တလေးတစားနေရာပေးနိုင်တာလည်း ကောင်းတဲ့အချက်တစ်ခုပါပဲ။


(ညီမကိုယ်တိုင် ရှိခဲ့တဲ့သံသယကို ညီမနားလည်လာသလို ဖြေလိုက်ပါတယ် မငယ်နိုင်)

Ko Tint, Ko Moe Nyo. Well said. You all really understand the theme of Buddhism. Thar du Thar du Thar du par.

Ma Nge, don't close the question now. I also want to write something. I will write 5 or 6 hours later.

ဒီအပေါ်မှာ အကျိုးရှိမရှိ ဆိုတာက လှူသူကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ သဒ္ဒါတရားအပေါ်မှာပဲ မူတည်နေပါတယ်။ ပကာသနနဲ့ ဘုရားထီးတင်ရာမှာ ရွှေတဆယ်သားလောက် လှူလိုက်လည်း အိမ်က ဘုရားစဉ်မှာ သဒ္ဒါတရားရှိရှိနဲ့ ရေချမ်းတခွက် ကပ်လိုက်တာလောက် ကုသိုလ်မရနိုင်ပါဘူး။ ဒီသဘောတရား တွေကတော့ ရှိပါတယ်။

ama, yes,.. I wanna say like that. but I am not gd . Thanks for that point.
I totally accepted.

I read all comment.
It's effected.

ဒီအပေါ်မှာ အကျိုးရှိမရှိ ဆိုတာက လှူသူကိုယ်တိုင်ရဲ့ ခံယူမှုနဲ့ သဒ္ဒါတရားအပေါ်မှာပဲ မူတည်နေပါတယ်။ ပကာသနနဲ့ ဘုရားထီးတင်ရာမှာ ရွှေတဆယ်သားလောက် လှူလိုက်လည်း အိမ်က ဘုရားစဉ်မှာ သဒ္ဒါတရားရှိရှိနဲ့ ရေချမ်းတခွက် ကပ်လိုက်တာလောက် ကုသိုလ်မရနိုင်ပါဘူး။ ဒီသဘောတရား တွေကတော့ ရှိပါတယ်။

ama, yes,.. I wanna say like that. but I am not gd . Thanks for that point.
I totally accepted.

I read all comment.
It's effected.

မငယ်နိုင်

ဒီလို အစွဲအယူအဆ ရှိကြတဲ့ မိဘက မွေးလာတဲ့ သားတစ်ယောက်အနေနဲ့ ကျွန်တော် ဝင်ဖြေရှင်းချင်တယ်ဗျာ။

ဗုဒ္ဓဘာသာ ဘိုးဘွားတွေက မွေးခဲ့ပေမယ့် ကျွန်တော့်မိဘတွေအိမ်မှာ ဘုရားစင် မထားခဲ့ဘူး။ ဘုရားတရား ကိုင်းရှိုင်းတဲ့သူတွေဟာလဲ မိဘတွေအတွက် အထင်သေးစရာ လှောင်စရာ ဖြစ်ခဲ့တယ်။ ဒီလိုဘဝက မွေးလာခဲ့တဲ့ လူက ဗုဒ္ဓဘာသာကို အရမ်း သက်ဝင်ယုံကြည်သွားတာ အမှတ်တမဲံဆို ထူးဆန်းတယ်ဗျာ။
ကျွန်တော် ဓမ္မစာပေတွေ ဖတ်မိ၊ ဥပုသ်စောင့်မိ၊ တရားထိုင်မိရာကနေ ဗုဒ္ဓကို အတိုင်းထက်အလွန် ကြည်ညိုသွားတယ်။ ကျွန်တော် နားမလည်တာတွေ၊ သိချင်တာတွေ၊ မရှင်းလင်းတဲ့ သံသယတွေကို မြတ်စွာဘုရားက အကုန် ရှင်းပေးနိုင်တယ်။ ကျွန်တော် မသိသေးတာတွေ၊ မေးချင်တဲ့ မေးခွန်းတွေက ဓမ္မစာပေတွေ တိုးတိုးဖတ်တော့ အဖြေ တွေ့လာတယ်။ လက်တွေ့ ကျင့်မိတဲ့ အတွေ့အကြုံတွေကလဲ မြတ်စွာဘုရားကို အကြွင်းမဲ့ ယုံကြည်လာစေခဲ့တယ်။

သဒ္ဓါတရား တိုးလာတော့ ကျွန်တော် ဘုရားကို အရမ်း ကြည်ညိုပြီး လှူချင်တန်းချင်လာတယ်ဗျာ။ မီးပူဇော်တယ်။ ရေချမ်း ကပ်တယ်။ ပန်းကပ်တယ်။ ဒါတွေ လုပ်နေရရင် ကျေးဇူးရှင်ကို ကျေးဇူးဆပ်နေရသလိုပဲ။ စိတ်ချမ်းသာတယ်။ မြတ်စွာဘုရား ပရိနိဗာန် စံတော်မူသွားပြီဆိုတာ ကျွန်တော် သိတယ်။ သက်ရှိထင်ရှား ရှိနေရင် ဒီလောက် ကျေးဇူးကြီးတဲ့ ဆရာသမားကို လူကိုယ်တိုင် လိုက်သွားတွေ့မှာပေါ့။ ရုပ်နာမ်ချုပ်ငြိမ်းသွားပြီဆိုတော့ သူ့တရားကို နာမယ်၊ ဖတ်မယ်။ ကိုယ်နိုင်သလောက် လိုက်ကျင့်ကြံမယ်။ ဒါန သီလ ဘာဝနာတွေ လုပ်မယ်။ ဒါက အသီးအပွင့် စားသုံးတာပေါ့ဗျာ။
ဒီလို ဓမ္မအသီးအပွင့် စားသုံးရတဲ့အတွက် ကျွန်တော် ဘာပြန်လုပ်ပေးနိုင်လဲ၊ ဘာပြန် ကျေးဇူးဆပ်နိုင်လဲ စဉ်းစားတော့ မြတ်စွာဘုရားက ပရိနိဗာန် စံသွားပြီ။ တရားနဲ့ သံဃာ က ရှိသေးတော့ သံဃာကို ဘုရားကိုယ်စားထားပြီး လှူမယ်၊ တရားဓမ္မ ပြန့်ပွားအောင်လဲ ကိုယ် စွမ်းနိုင်သမျှ ဓမ္မဒါနလေးတွေ ပြုမယ်၊ လှူဒါန်းမယ်။ မြတ်စွာဘုရား၇ဲ့ ကျေးဇူးအနန္တကို ကျွန်တော် ဒီလောက်လေးပဲ ပြန်ဆပ်နိုင်ပါတယ်။

ဒါနဲ့ အားမရသေးတော့ နေ့စဉ် ဘုရားကို ပန်းကပ်၊ ရေချမ်းကပ်၊ ဆီမီးပူဇော်တယ်။ ကိုယ်စားမယ့် အစာကို မစားခင် ဦးဦးဖျားဖျား ဘုရားကို ကပ်တယ်။ သစ်သီးဝလံ ကပ်တယ်။ ညနေ အအေးတို့ လက်ဖက်ရည်ကြမ်းတို့ ကပ်တယ်။ ကိုယ် နေ့စဉ် စားသောက်နေသလို မြတ်စွာဘုရားကိုလဲ မေ့လျော့တဲ့ သဘောပါ။ ဒါတွေ လုပ်နေရရင် စိတ်ချမ်းသာတယ်။ မြတ်စွာဘုရား သက်တော်ထင်ရှား မရှိတော့မှန်း သိပေမယ့် ဘာလို့ လုပ်လဲဆို ကြည်ညိုလွန်းလို့ လုပ်တာပါ။ သက်တော်ထင်ရှား ရှိနေတာနဲ့မခြား ရိုသေလေးစားမှု ကျေးဇူးသိမှု ဘုရားအပေါ်မှာ မလျော့မပါး ရှိတယ်ဆိုတဲ့ သဘောပါ။

နိုင်ငံတကာမှာ နိုင်ငံရဲ့ နေ့ကြီးရက်ကြီးတွေမှာ သူတို့နိုင်ငံတွေက သူရဲကောင်းတွေ နိုင်ငံ့ခေါင်းဆောင်တွေ ဂူမှာ ပန်းခွေချတယ်။ ပန်းစည်းချတယ်။ အထဲကလူက သေလို့ အရိုးဆွေးနေပြီ၊ ဒီပန်းတွေလဲ ထမယူနိုင်ဘူး။ ဘာလို့လုပ်လဲဆို လေးစားမှုနဲ့ သူတို့ လုပ်တယ်ပေါ့။ ဒီပန်းတွေက တစ်ပတ်မပြည့်ခင် နွမ်းမှာ၊ ဘာလို့ ပိုက်ဆံ ဖြုန်းနေတာလဲ။ ဒီငွေကို ဆင်းရဲသားတွေ ပေးလိုက်ပါလားဆို သူတို့ ဘာပြန်ပြောမလဲ။

ကျွန်တော်လဲ ဆင်းရဲခဲ့တာပါပဲ။ ဆင်းရဲသားတွေက သူတို့လဲ တကယ်ရတာ မဟုတ်ဘဲ ဒါမျိုးဆို မဆီမဆိုင် ထည့်အပြောခံရတာတော့ နာတယ်ဗျာ။ ဒီလို ငွေဖြုန်းမယ့်အစား ဆင်းရဲသားတွေ ပေးလိုက်ပါလားဆိုတဲ့ လူတွေက သူတို့ရရင် သူတို့အိတ်ထဲပဲ ထည့်သွားတာ သမိုင်းမှာ လက်တွေ့ပါ။ ရွှေတိဂုံဘုရားရွှေ ခွါပြီး နိုင်ငံအတွက် လိုတဲ့နေရာ သုံးမယ်ဆိုတဲ့ လက်ဝဲခေါင်းဆောင်ကြီးလဲ ဆင်းရဲသားတွေကို ညှာဖို့ဝေး လက်အောက်ငယ်သား တောသားကြီးတွေကို ရက်ရက်စက်စက် သတ်ခဲ့တာပဲ။

ဘုရားပရိန်ဗာန် စံသွားပြီမို့လို့ ဆွမ်းမကပ်ချင်ဘူးဆိုတဲ့ ဒကာဒကာမတွေလဲ သူတို့ ယုံကြည်မှုနဲ့ သူတို့ လွတ်လပ်ခွင့် ရှိပါတယ်။ မလုပ်ချင်ရာ ဇွတ်လုပ်နေရရင်ရော ဘယ် စိတ်ချမ်းသာမှာလဲ။

မြတ်စွာဘုရား ပရိနိဗာန်စံပြီး နှစ် ၁၀၀ ကျော်ထိ ရုပ်ပွားကိုးကွယ်တာ မရှိသေးဘူးတဲ့။ ဒါကြောင့် နောက်ပိုင်း ဗုဒ္ဓရုပ်ပွားတော်တွေ ထုလာတော့ ဘုရားရှင်ရုပ်သွင်ကို မှန်းဆပဲ ထုနေရတာ။ ဒီတော့ မြတ်စွာဘုရား သက်တော်ထင်ရှား ရှိတုန်းကလဲ မြတ်စွာဘုရား ရုပ်ပွားတွေ၊ ပန်းချီပုံတော်တွေ အိမ်တို့ ကျောင်းတို့မှာ ထားပြီး ကိုးကွယ်တဲ့အလေ့ မြတ်စွာဘုရားက မလုပ်စေခဲ့ဘူးပေါ့။ ကြည်ညိုလွန်းလို့ နောက်က အမြဲ လိုက်ဖူးနေတဲ့ အရှင်ဝက္ကလိကိုတောင် ငါဘုရားရဲ့ အသုဘခန္ဓာကို ဒီလို လိုက်ကြည့်နေလို့ ဘာအကျိုး ရှိမှာလဲလို့ တရားသာ အားထုတ်စေချင်တဲ့ စေတနာနဲ့ ဆုံးမခဲ့တာပဲ။

အခုတော့ မြတ်စွာဘုရားက ပရိနိဗာန် စံသွားပြီမို့ ဘုရားကို သွားဖူးတွေ့လို့ မရနိုင်တော့လို့ အိမ်မှာ ဆင်းတုတွေ ထားပြီး ကိုးကွယ်တယ်။ ကိုယ်နေ့စဉ် စားနေသောက်နေသလို မြတ်စွာဘုရားနဲ့ သံဃာတွေကိုလဲ မမေ့လျော့တဲ့ အနေနဲ့ ဆက်ကပ်တယ်။ သံဃာတွေဆိုလဲ ဘာလို့ အနားမှာ မရှိပဲ သံဃာအတွက်ပါ ကပ်တာလဲဆို မမေ့လျော့တဲ့၊ အလေးထားတဲ့ သဘောပါ။

ကျွန်တော် ပုတီးမစိပ်ပါဘူး။ ဘုရားလက်ထက်က ပုတီးစိပ်တာ မရှိဘူးဆိုပြီး။ ဒါပေမယ့် ရင်းနှီးသူတွေ ပုတီးစိပ်တာကို မရှုတ်ချဘူး။ တရားစခန်း ဝင်ဖို့ အချိန်မပေးနိုင်သေးတဲ့ သူတွေအတွက် ပုတီးမစိပ်နဲ့လို့ သွားတားရင် ဘုရားဂုဏ်တော်လေးတောင် မပွားဖြစ်တော့ဘဲ နေမယ်။ ကုသိုလ်ရစရာ လုပ်ရပ်တစ်ခုကို သွားမပိတ်သင့်ဘူး ထင်လို့။


ခရစ်စမတ်မှာ ခရစ်ယာန်တွေ စားပွဲသောက်ပွဲတွေ လုပ်တယ်။ သီချင်းတွေ ဆိုတယ်။ အိမ်တွေကို ခမ်းခမ်းနားနား ပြင်တယ်။ ခရစ်တော်ကဖြင့် ကောင်းကင်ဘုံမှာဆို။ အတူလာပြီး ပျော်မှာ မဟုတ်ပဲ ဘာလို့ ပကာသနတွေနဲ့ ပိုက်ဆံဖြုန်းနေလဲ။ ဒီငွေ ဆင်းရဲသားတွေ ပေးလိုက်ပါလားဆို သူတို့မှာလဲ ပြောစရာ အကြောင်းပြချက် ရှိမှာပါ။

ကျွန်တော် ကလေးတုန်းက အိမ်က မကြိုက်တဲ့ကြားက ဘုရားပုံ ခေါင်းရင်းချပြီး လူကြီးတွေ အိပ်ချိန်မှာ ဖယောင်းတိုင် ငုတ်တိုလေးတွေနဲ့ ခိုးပြီး မီးပူဇော်ဖူးတယ်။ ခိုးတယ်ဆိုတာ ပစ္စည်းခိုးတာ မဟုတ်ပါဘူး။ မသိအောင် ခိုးလုပ်ရတာကို ပြောတာပါ။ မိသွားတော့လဲ အဆူခံရတယ်။ ကြည်ညိုလွန်းလို့ လူကြီးတွေကို ကြောက်ရတဲ့ကြားက ခဲရာခဲဆစ် လုပ်ခဲ့ရလို့လား မပြောတတ်ဘူး။ ကြီးလာတော့ ဥာဏ်ရည်နဲ့ ပညာရေးမှာ အကျိုးပေးလာတာတော့ လက်တွေ့ပဲ အစ်မရေ။ ကိုယ့်ကိုယ်ကိုယ် ဖော်သလို မဖြစ်ချင်လို့ အသေးစိတ် မပြောတော့ဘူး။ ဒါတွေဟာ အကျိုးမဲ့ မဟုတ်ဘူး ပြောချင်တာပါ။

ပို့စ်ကိုရော ကွန်မန့်တွေကိုပါ သေချာဖတ်သွားပါတယ်။
မငယ်နိုင်ရဲ့ သားသား နားလည်သွားပြီလားလဲ သိချင်မိပါတယ်။
အဓိက ကတော့ သဒ္ဓါတရားလို့ အများပြောနေကြတဲ့ မိမိရဲ့ စိတ်ပါပဲ။ ကျမနားလည်ခံယူထားတာကတော့
မည်သည့်ဒါနကုသိုလ်ပြုခြင်းဖြစ်စေ ... မိမိစိတ်က
(၁) ၀မ်းမြောက်ဝမ်းသာလဲ ဖြစ်ရမယ်။ (မလှူခင်၊ လှူဆဲ၊ လှူပြီး)
(၂) အယူအမြင်လဲ မှန်ကန်ရမယ်။ (ကံ-ကံ၏ အကျိုးကို ယုံကြည်ခြင်း)
(၃) သူတပါးတိုက်တွန်းလို့ လုပ်တာမျိုးလဲ မဟုတ်ဘူး ... ဆိုရင် အကျိုးပေးက အထက်သန်ဆုံးဖြစ်ပြီး အတူတူ အကျိုးပေးမှာပါပဲ။
သားသား နားလည်နိုင်တဲ့ အရွယ်ရောက်ရင် စိတ်တွေ၊ စေတသိက်တွေအကြောင်း သိအောင် အခြေခံအဘိဓမ္မာ သင်ပေးရင် သူပိုပြီး သဘောပေါက်သွားမှာပါ။
သူ အခုလို စိတ်ဝင်တစားမေးတာလဲ ကောင်းပါတယ်။

ကျနော့်ဘလော့မှာ ဖိတ်ခေါ်ခဲ့တဲ့ အတွက် ၀င်ရောက်ဆွေးနွေးအကြံ ပြုချင်ပါတယ်။
ကလေးလိုချင်တဲ့ အဖြေက သာမန်အားဖြင့် နားလည်ဖို့ ခက်နေပါတယ်။ သူက အသက်မရှိပဲ ကပ်နေတာကို အဓိပ္ပါယ်မရှိဘူးလို့ မြင်နေတဲ့ အတွက်ကြောင့် ဆွမ်းကပ်တာတွေ ပူဇော်တာတွေကိုပဲ လုပ်သင့်၊ မလုပ်သင့်တွေ ပြောနေလို့ သူလက်ခံနိုင်ပါ့မလား ဆိုတာ စဉ်းစားစရာပါ။ သူလိုချင်တာက ကပ်ရတဲ့ အကျိုးမဟုတ်ပဲ အာရုံပြုရတဲ့ သဘောကို နားမလည်တာ ဖြစ်နေမလားပဲ။ အစ်မပြောတဲ့ ဓာတ်ပုံပြတဲ့ ဥပမာ ကောင်းပါတယ်။ ဒါကို သူက လက်မခံသေးဘူးပဲ။ အထက်က ပြောခဲ့တာတွေမှာလည်း ဥပမာလေးတွေ တချို့ကောင်းပါတယ်။

နောက်တခုစဉ်းစားစရာက ကလေးက ၁၀နှစ် ဆိုတော့ သူ့ အသက်အရွယ်နဲ့ ဒီအချိန်မှာ အများကြီးပြောလို့ နားလည်ချင်မှ နားလည်ဦးမယ်။ ဒီအချိန်က စူးစမ်းချင်ကြတယ်။ နောက်ပြီးတော့ ဘာသာတရားအပေါ်မှာ အသိအားဖြင့် နုနယ်ဦးမယ်ထင်ပါတယ်။ (ကလေးဆိုပြီး နိမ့်ပြောတာမဟုတ်ပါ။ ဘုရားလက်ထပ်က ၇ နှစ်သား ရဟန္တာတွေလည်း ရှိခဲ့ပါတယ်၊ ဖြစ်နိုင်ချေကို သုံးသပ်မိတာပါ)။

သဒ္ဓါတရားလို့ ပြောကြတဲ့ အတွက်- သဒ္ဓါတရားဆိုတာမှာလည်း မိမိကိုယ်ပိုင် ကျေကျေနပ်နပ် ရှင်းရှင်းလင်းလင်း သိရှိနားလည်ပြီး ဖြစ်ပေါ်လာတဲ့ ယုံကြည်စိတ်ချမှုမျိုးကိုသာ ခေါ်ပါတယ်။
ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ - ဘုရား၊ တရား၊ သံဃာ၊ ကံနှင့် ကံရဲ့ အကျိုးကို ယုံကြည်မှု့ အပြည့်ရှိထား ရပါမယ်။ အခြားယုံကြည်နေတာတွေကိုတော့ သဒ္ဓါတရားလို့ ခေါ်ဆိုရင် ဘုရားရှင်ပြောတဲ့ သဒ္ဓါတရား မဟုတ်သေးဘူးလို့ ဆိုရမှာပါ။ (ဥပမာ- အလှူအတန်းရက်ရောတာကို သဒ္ဓါရှိတယ်လို့ဆိုမယ်။ အမှန်တော့ ဘုရားက ဒါနပြုရမယ်လို့ ပြောခဲ့တဲ့ တရားအပေါ်ယုံကြည်မှု ရှိလိုက်တာပါ။)

ဘုရားကို ပူဇော်တာဟာ ကုသိုလ်ကောင်းမှု အလုပ်ဖြစ်ပြီးတော့ ကောင်းကျိုးဆိုတာ အမှန်တကယ်ရှိတယ်ဆိုတဲ့ အကြောင်းကို ပြောပြရင် သင့်တော်မယ်ထင်ပါတယ်။
ကုသိုလ်သဘောက မိမိနဲ့ သူတပါးမှာ အပြစ်ကင်းတယ်။ စိတ်ချမ်းသာတယ်။ ဒါဆိုရင် ဘုရားမှာ ဆွမ်းတော်တင် လို့ ရှိရင် ဘယ်သူမှလည်း အပြစ်မရှိဘူး။ ကိုယ်တိုင်လည်း စိတ်ချမ်းသာရတယ်။ ဒါက ကုသိုလ်ဖြစ်နေပြီပေါ့။ ကုသိုလ်က ကောင်းတဲ့ အကျိုးကို ပေးစွမ်းနိုင်တယ်ဆိုတာ ယုံရင် ဆွမ်းတော်တင်တာလည်း လက်ခံသင့်ပြီလို့ ပြောကြည့်ပါ။
ဘုရားဟောခဲ့တာက - တိဋ္ဌန္တေ နိဗ္ဗူတေ စာ ပိ၊ သမေ စိတ္တေ သမံ ဖလံ။ စေတောပဏိဓိ ဟေတု ဟိ၊ သတ္တာ ဂစ္ဆန္တိ သုဂတိံ။
(၀ိမာန ၀တ္ထု ပါဠိတော်)
တိဋ္ဌန္တေ စ- သက်တော်ထင်ရှား မြတ်စွာဘုရား၌လည်းကောင်း၊ နိဗ္ဗူတေ စ- ပရိနိဗ္ဗာန်စံကြွသွားသော မြတ်စွာဘုရား၏ လေးပါးသော စေတီတော်၌ လည်းကောင်း၊ စိတ္တေ- ကြည်ညိုသောစိတ်၊ ပြစ်မှားလိုသော စိတ်သည်၊ သမေ- တူမျှသည် ရှိသော်၊ ဖလံ- ကောင်းကျိုးဆိုးကျိုးသည်၊ သမံ တူမျှလေ၏။ တသ္မာ- အဘယ့်ကြောင့်နည်းမူကား၊ ဟိယသ္မာ- အကြင်ကြောင့်၊ စေတောပဏိဓိဟေတု ဟိ- စိတ်ထားကောင်းသော ကြောင့်သာလျှင်၊ သတ္တာ- သတ္တ၀ါတို့သည်၊ သုဂတိံ- သုဂတိဘ၀သို့၊ ဂစ္ဆန္တိ- လားကြရကုန်၏။ တသ္မာ- ထို့ကြောင့်၊ ဖလံ- ကောင်းကျိုး ဆိုးကျိုးသည်၊ သမံ- တူမျှလေ၏။
ဘုရားရှင်ကို သက်ရှိထင်ရှားရှိသလို နှလုံးသွင်းပြီး ကိုးကွယ်းဆည်းကပ်ရမှာကြောင့် - အိမ်မှာ ဘုန်းကြီးတပါး လာရင် ဘယ်လို ဆွမ်းကပ်လဲ၊ သစ်သီး၊ ရေချမ်း တွေလည်း ဘယ်လိုကပ်လဲ ဆိုတာ ကလေးကို အမေး အဖြေလေးနဲ့ ပြောကြည့်ပါ။ ဘုန်းကြီးကိုတောင် အဲလို ပူဇော်ရတယ်ဆိုရင် ဘုရားရှင်လည်း သက်ရှိလို ပူဇော်ရမှာ ဖြစ်တာကြောင့် ဆွမ်းတော်ကပ်တာ၊ သစ်သီးကပ်တာလည်း သက်ရှိလူတယောက်ကို ကပ်လှူတဲ့(ကျွေးတဲ့) ပုံစံနဲ့ ကပ်ကြတာပါလို့ ပြောကြည့်လိုက်ပါ။

ဓမ္မဘေရီ ဆရာတော်ရေးတဲ့ “ဘုန်းရယ်ကံရယ်ကုသိုလ်ရယ်” စာအုပ်ကိုလည်း ဖတ်ရှုစေချင်ပါတယ်။ အောက်က လင့်မှာ ကူးယူနိုင်ပါတယ်။

http://dhammadownload.com/File-Library/DhammaBayRi-Ashin-Wariya/DhammaBayRi-Ashin-Wariya-PhoneYalKanYalKuThoYal.pdf


စိတ်ချမ်းသာပါစေ…

ဆွမ်းတော်တင်တယ် ရေချမ်းကပ်တယ်ဆိုတာက အလှူဒါနပြုခြင်းပါပဲ။ အလှူဒါနဆိုတာက အလှူခံပုဂ္ဂိုလ်က စားသုံးတယ် မစားသုံးဘူးပေါ်မှာ အခြေမခံပါဘူး။ အလှူရှင်ရဲ. ပေးလှူတဲ့စေတနာဟာ အဓိကပါပဲ။ ဒီဒါနစေတနာဟာလဲ ပေးလှူဆဲ ပစ္စည်းဝတ္ထုပေါ်မှာ တွယ်တာတပ်မက်နေတဲ့ လောဘကို တိုက်ဖျက်တဲ့သဘောသာ ဖြစ်ပါတယ်။ ဘုန်းကြီးတစ်ပါးကို သင်္ကန်းလှူရာမှာ ဒီဘုန်းကြီးက ဒီသင်္ကန်းကို ဝတ်မှ အလှူမြောက်တာ မဟုတ်ပါဘူး။ သေတ္တာထဲမှာပဲ သိမ်းထားထား ၊ အခြားသူတစ်ယောက်ကိုပဲ ပေးပေး၊ ပေးလှူတဲ့လူအဖို.တော့ ဒါနကုသိုလ်ရသလို ရုပ်ပွားတော်က မသုံးဆောင်ပေမယ့် တပ်မက်စွဲလမ်းမှု တဏှာကို ချိုးနှိမ်ပြီး စွန်.လွှတ်ပြီး ဖြစ်တဲ့အတွက် ဒါနကုသိုလ်ဖြစ်တယ်လို. မှတ်နိုင်ပါတယ်။ ...
(ဆရာသောင်းလွင်ရေးသားထားသော မိရိုးဖလာလွန် ဗုဒ္ဓဘာသာ ... စာ ၂၄၃ မှ)

မိရိုးဖလာလွန် ဗုဒ္ဓဘာသာ စာအုပ်ဒေါင်းရန်
http://ifile.it/g0wmev2

http://www.toodoc.com/the-Buddha-ebook.htmlDakamakyi, it is indeed very interesting in reading your post. The question your son asked has been very popular question for ages, and the answer has been given in several books. Let me say my view a bit on your post. We should be careful two things, which are wisdom and confidence when we approach Buddhism. Wisdom, confidence must in balance. Wisdom without confidence and confidence without wisdom will not give us any benefits in approaching Buddhism. So we should have the confidence which is based on wisdom. You might know how important to have this if I say a little. I will not say much as you have much knowledge of Buddhism. I will recommend reading at least two books in order to grasp how Buddhism is. After you have read, you will know how Buddhism is and you will exactly give your answer to your son. Those books have been read by or not by you in previous time. Please read them again. The title of first book is "What the Buddha Taught" written by Dr Walolar Rahular and the other one is "Buddhism in a nutshell" written by Naradathera. I give you the link where you can get those books. The first book was translated into burmese by Prof. U kolay, considered to be the founder of Mandalay University. The answer you want to know with respect to your son's question has been given in the second book. If you don't find it, I will tell you the exactly page number and chapter.
With metta, U Zin
http://www.buddhanet.net/ebooks_g.htm

http://www.toodoc.com/the-Buddha-ebook.html
www.Buddha.net.com
you may download the books I said from those links.

ကောင်းတယ်ဗျာ။ ကျွန်တော်ရောက်လာတော့ အားလုံးပြည့်စုံသလောက်ဖြစ်နေပြီ။ သိပ်ပြောစရာတော့ မရှိတော့ပါဘူး။ စိတ်နဲ့ပဲဆိုင်ပါတယ်။ နည်းနည်းပေးချင် ပေး၊ များများပေးချင် ပေး၊ လုံးဝမပေးချင်မပေးနဲ့။ ရလဒ်တွေကတော့ ကွာသွားပါလိမ့်မယ်။ ကလေးက ကျန်တာတွေကို ယုံကြည်လက်ခံတယ်ဆိုတော့ ကောင်းပါတယ်။ ညီလေးကို ပြောချင်ပါတယ်။
၁) ဗုဒ္ဓဘာသာ ဆိုတာ ကိုယ်တိုင်အားထုတ်ကြိုးစားတဲ့ အကျင့်အပေါ် အခြေခံထားပါတယ်။
၂) ဒီတရားတွေက တကယ်မှန်တဲ့တရားတွေ၊ ယုံကြည်ပါ၊ လုပ်ပါ၊ ဒီဘာသာကောင်းတယ် လို့ အတင်းတိုက်တွန်းတာ (အဓမ္မ) မဟုတ်တဲ့ ဘာသာပါ။
၃) ဓမ္မဆိုတဲ့ မျှတခြင်း၊ မှန်ကန်ခြင်း၊ သဘာဝ အတိုင်းဖြစ်ခြင်း၊ စသည်ဖြင့် နှစ်ဖက်မျှတဲ့ အဓိပါယ်တွေ အပေါ်အခြေခံပြီး ယုံကြည်မှု၊ ကြိုးစားအားထုတ်မှု တွေနဲ့ တည်ဆောက်ထားတာပါ။
၎) မေးတဲ့သူတွေကို ပြောပြလိုက်ပါ၊ အင်္ဂလိပ်ဘာသာနဲ့ ရေးထားတဲ့စာအုပ်တွေရှိတယ် ရှာဖတ်ကြည့်။ အဲဒါတွေက ငါမသိသေးဘူး၊ ငါကိုယ်တိုင် လေ့လာပြီးသိလာတဲ့အခါ ပြောပြမယ်လို့။
(ညီလေးစာသင်တဲ့အခါ စာမရတဲ့သူတစ်ယောက်ကို ရှင်းပြဖို့ ကိုယ်တိုင် သိရမယ်မဟုတ်လား)

(အဲဒီလို သူများပြောတာနဲ့ ကိုယ်ရှုပ်မသွားဖို့ လိုပါတယ်)
အဲဒီ့ ၄ ချက်လောက်တော့ သူပြန်ရှင်းပြနိုင်မယ် ထင်ပါတယ်။

နောက်ဥပမာက အပေါ်ကနဲ့ဆင်ပါတယ်။ သူငယ်ချင်းတွေကို ဖိတ်ကျွေးတယ်။ တစ်ချို့က မစားနိုင်လို့ အများကြီးပိုတယ်။ အလကားပဲ။ ဒါပေမယ့်လက်ခံနိုင်ပါတယ်၊ ဘာဖြစ်လို့ပါလိမ့်။ အဖြေက- အဲဒီ့ ပစ်လိုက်ရတဲ့ထမင်းဟင်းဖိုးဟာ သူတို့နဲ့ခင်မင်လို့ / သူတို့ကြောင့် ရရှိတဲ့ ကျေးဇူး၊ ရလဒ်တွေ နဲ့ယှဉ် လိုက်ရင် အင်မတန်ကို သေးငယ်လို့ပါပဲ။ ဒါမှမဟုတ် မင်းတို့တွေကြောင့် ဒါတွေလွှတ်ပစ်လိုက်ရပြီ၊ နောက်မကျွေးတော့ဘူးကွာ ဆိုပြီး ငြင်းလည်း ရပါတယ်။ (ပြတင်းတစ်ခုထဲကနေ ကြယ်တွေ မြင်မလား၊ ရွှံ့တွေ မြင်မလားဆိုတာ ကြည့်တဲ့သူနဲ့ ဆိုင်ပါတယ်)

အဲလိုပြောပြလို့ သူငယ်ချင်းတွေက တစ်မျိုးတစ်မည် ကပ်သီးကပ်သပ်တွေ ထပ်ပြောလာတယ်ဆိုရင် မေးခွန်းကို မေးခွန်းနဲ့ပဲပြန်ဖြေခိုင်းလိုက်ပါ။ အပေါ်မှာရှိပါတယ်။ ``ဒါဆို မင်းတို့တွေ သေသွားတဲ့ ဆွေမျိုးတွေ၊ မိတ်ဆွေတွေ၊ ဘာမှမတော်တဲ့ မိုက်ကယ်ဂျက်ဆင်သေတာတောင် ပန်းတွေချ၊ စာတိုတွေ ပို့ပြီး ဆုတောင်းပေးကြတာ ဘာလို့လဲလို့´´။

နောက် နည်းနည်းစဉ်းစားစေလိုတာကတော့-
၁) ဆွမ်းမကပ်ဘူး၊ သောက်တော်ရေ မကပ်ဘူး (မဘုဉ်းပေးနိုင်တော့ အကျိုးမရှိဘူးထင်လို့၊ ပိုက်ဆံကုန်၊ လုပ်အားကုန်လို့၊ သိပ်ပဓာန မကျဘူးထင်လို့)
၂) ဘုရားပန်းတွေ၊ မီးတွေတော့ဆင်တယ်
(ကိုယ့်အတွက်၊ အိမ်အတွက် အလှဖြစ်စေလို့၊ ကျက်သရေရှိလို့)

အဲဒီ့နှစ်ချက်လုံးက ဘယ်သူ့အတွက် ဦးစားပေးထားသလဲ....
ဒီကြားထဲ အလှူခံပုဂ္ဂိုလ်ရှိမှ လှူလို့ရတာဆိုတော့ သိမ်းထားရင်းသိမ်းထားရင်း .... တဏှာတွေ၊ ဥပါဒါန်တွေ ၀င်လာနိုင်လို့ပါ။ လုပ်အားနည်းနည်း၊ အကုန်အကျနည်းနည်းလေးနဲ့ တကယ်ယုံကြည်ပြီး အမြဲလုပ်နိုင်တဲ့ အလှူတောင် မလုပ်ဖြစ်တော့ ကြာရင် နည်းနည်းလက်ကနှေးလာတက်တာလည်း ဂရုစိုက်ရပါလိမ့်မယ်။ မဖြစ်ဘူးဆိုရင်တော့ ကောင်းပါတယ်။ ဒီဘက်လမ်းကသွားတာနဲ့ ဟိုဘက်လမ်းက သွားတာနဲ့ ရောက်ကျမှာပါ။ ကြားထဲက ဖြစ်ရပ်တွေတော့ မပြောတော့ပါဘူး။
ညီလေးကိုတော့ အဲဒီ့ နှစ်ချက်က မကောင်းပါဘူး၊ သေချာစဉ်းစားသင့်ပါကြောင်း ပြောလိုပါတယ်။ အဖြေတွေထဲက အသင့်တော်ဆုံးတစ်ခုကို ရပါစေ၊ နည်းနည်းလေး သဘောပေါက်ရင်တောင် ၁၀ နှစ်သားအတွက် အရမ်း အကျိုးရှိပါပြီ။

နောက် ဒီလမ်းကို လိုက်တဲ့အတွက် အမှားအယွင်း မရှိစေရဘူးဆိုတာတော့ ဖေဖေ မေမေ နဲ့ ဦးလေးတွေ အစ်ကိုတွေ အားလုံး အာမခံနိုင်ပါတယ်။ နောက်တော့ သိလာမှာပါ။ ဆက်သာလေ့လာပါလို့။

Thanks for your post, sis. It lets my brain work a little bit more and understand something more.

သဒ္ဒါတရားက အဓိက ဆိုပေမယ့်
အလှုခံပုဂ္ဂိုလ်အပေါ်လဲ မူတည်ပြီး အကျိုးပေးက ကွာခြားတယ်လို့ ဘုရားဟော ရှိခဲ့ပါတယ်။
ဒီအချက်ကိုလဲ ထည့်စဉ်းစားသင့်တယ်။
သဒ္ဒါတရားထက်သန်ပြီး သူတော်ကောင်း တယောက်ကို လှုတာနဲ့ သူယုတ်မာ တရာ လှုရင်တောင် ရတဲ့ကုသိုလ်အကျိုးက မတူပါဘူး။
ဒီအခါ သက်ရှိမြတ်စွာဘုရား ကို ရည်စူးတဲ့ အလှုဆိုတဲ့ သဒ္ဒါဟုတ်ပေမယ့် အဲဒီမှာ နည်းနည်းစဉ်းစားဖို့ အတွေးက ရှိလာပါတယ်။
ကျမကလဲ ဘုရားကို ဆွမ်းတော်မကပ်တဲ့အထဲမှာ ပါပါတယ်။ ဒါပေမယ့် ဗုဒ္ဓဘာသာကို အလေးအနက် ယုံကြည်သက်ဝင်သူပါ။ ငါးပါးသီလကို အတတ်နိုင်ဆုံး လုံအောင်ထိန်းနေသူပါ။ ဆွမ်းတော်ကပ်တာ မကပ်တာနဲ့ ဘုရားဟောကို ဆန့်ကျင်တာ မဆန့်ကျင်တာ မတူနိုင်ဘူး ထင်ပါတယ်။
ကိုယ့်သဒ္ဒါရှိရင် ကပ်ပေါ့။ ဒါပေမယ့် မကပ်တဲ့အတွက် ဗုဒ္ဓဘာသာဝင်အပြည့်အ၀ မဟုတ်ဘူး ဘုရားစကားနားမထောင်ဘူး ။ သနားတယ်ဆိုတာလဲ မဟုတ်သေးပါ။

သေချာဖတ်သွားပါတယ်။ အားလုံးကိုလဲ ကျေးဇူးတင်မိပါတယ်။

မေးတတ်တဲ့ ကလေးတွေကို အင်မတန်မှ စိတ်ဝင်စားမိပါတယ်။ ကိုယ်တွေ ငယ်ငယ်ကတော့ ဒါတွေကို မေးရကောင်းမှန်းလဲ မသိ။ တွေးရကောင်းမှန်းလဲ မသိနဲ့ တကယ့် မိရိုးဖလာ သက်သက်ဖြစ်ခဲ့တာပါပဲ။

ကြုံလို့ ပြောရရင်... ငယ်ငယ်က ၅ တန်း ၆ တန်းလောက်ကပေါ့။ ဘုရားခန်းထဲမှာ စတိတ်ရှိုးလုပ်တမ်း ဆော့ပါတယ်။ မေမေနဲ့ အလည်ရောက်နေတဲ့ အဒေါ်က ဆူကြပါတယ်။ သူတို့ပြောတာကို ခုထိ မှတ်မိနေတုန်းပါပဲ။

ဘုန်းကြီး တစ်ပါးရှေ့မှာ အဲလို ၀င်ဆော့ပြီး မရိုမသေလုပ်မယ် ဆိုရင် ကောင်းသလား မကောင်းဘူးလား တဲ့။ ဒါက ဘုရား။ ဘုရားရုပ်ထုကြီးပဲ လို့ ပြောလို့ မရဘူးတဲ့။

သက်တော်ထင်ရှား သဗ္ဗေညု မြတ်စွာဘုရား ဆိုပြီး ဘုရားကို သက်တော်ထင်ရှား အမှတ်နဲ့ ကိုးကွယ်ရတာ လို့ ပြောပါတယ်။

ဘာပဲပြောပြော အဲဒီလို အတွေ့အကြုံကြောင့် သဒ္ဓါတရားနဲ့ ရိုသေသမှု အဓိပ္ပါယ်ကိုတော့ ခုထိ အမှတ်ရ နေခဲ့ပါတယ်။

သားလိုတော့ မေးခွန်းတွေ မထုတ်တတ်ခဲ့ဘူး။ ပတ်ဝန်းကျင်နဲ့လဲ ဆိုင်မယ် ထင်ပါရဲ့။

အင်း ကျွန်မပြောတာက တကယ်တော့ ဘာမှ သိပ်မဆိုင်လှပါဘူး။ ဆိုင်တာတွေက သူများတွေ ပြောပြီးသွားကြပြီမို့ စိတ်ထဲ ပေါ်လာတာလေး ပြောခဲ့တာပါ။

ကျွန်မ linkage ဆိုတဲ့ post မှာတော့ ရေးခဲ့ဖူးပါတယ်။ သဒ္ဓါစိတ်ဟာ အဓိက အခြေခံလို့။ အဲဒီကနေမှ တဆင့်တဆင့် တက်ရတယ်လို့။

မေးတတ်တဲ့ သားကိုတော့ အားရမိပါတယ်။

tint said "လှူတာမှာ မိမိရှိတာကို စွန့့် လိုက်တာသာ လိုရင်း ဖြစ်ပါတယ် ၊ လောဘကို သတ်တာ ပါယ်တာကိုး" PERFECT!!!

ဦးဇင်းတပါးနဲ့ တခြားမိတ်ဆွေအားလုံး အခုလို စိတ်စေတနာ ထက်သန်စွာနဲ့ လာရောက် ဆွေးနွေးပေးခဲ့ အကြံပြုခဲ့တာကို သာဓုခေါ်ပါတယ်၊ သိပ်ပြီး ကျေးဇူးတင်ပါတယ်။ အကြံပြု ဆွေးနွေးထားတာတွေကို အခုပဲ ဖတ်လို့ပြီးပါတယ်။ ဒါပေမယ့် တပည့်တော်မ/ကျွန်မ အိမ်ပြန်ရောက်တဲ့ အချိန်က နယူးဆောက်ဝေး စံတော်ချိန်နဲ့ သန်းခေါင်နီးပြီ ဆိုတော့ သားက အိပ်နေပါပြီ။ ဒါကြောင့်မို့ သားနဲ့ စကားမပြောရသေးပါဘူး။ သူက သူငယ်ချင်းတွေ မေးတာကို အိမ်မှာ သွားမေးကြည့်ဦးမယ် ပြီးမှ ပြန်လာပြောပြမယ်လို့ မနေ့က သူ့ငယ်ချင်းတွေကို ပြောခဲ့တယ်ဆိုတော့ ဒီနေ့ သူငယ်ချင်းတွေကို သားဘယ်လို ဖြေလိုက်လဲဆိုတာတောင် မမေးရသေးဘူး။ အခု အချိန်မရတော့လို့ မနက်ဖြန်မှ တချို့ အချက်တွေကို ပြန်ဆွေးနွေးပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်နော့် Good Night!

လှူခြင်းကို ဒါန ဟုကျမ်းဂန်မှာပြပါသည် ။ ဒါနသည် မိမိရရှိထားသော ဥစ္စာပစ္စည်းတို့ကို စွန့်လွှတ်ခြင်းဖြစ်ပါသည် ။ စွန့်လွှတ်ခြင်းသည် တပ်မက်ခြင်းတဏှာကို ပယ်သတ်ခြင်းလည်း မည်ပါသည် ။ တဏှာကိုပယ်သတ်သောသူအား လောကီ ချမ်းသာ လောကုတ္တရာချမ်းသာ ကိုယ်ချမ်းသာ စိတ်ချမ်းသာဖြစ်စေရုံမျှမက မိမိလက်ဝယ်ရရှိထားသော ပစ္စည်းတို့သည် ဥစ္စာရင်းမဟုတ် ယာယီဥစ္စာတို့သာဖြစ်ကြသည် ၊ ၄င်းတို့ကို တပ်မက်ကြီးစွာ ထိန်းသိမ်းနေသမျှ ထိုမမြဲသော " အနိစ္စ "(ဥစ္စာ )တို့သည် မိမိကို "ဒုက္ခ" ပေးနေသည်ဟုမြင်ခြင်း ၊ ဥစ္စာ၏အစိုးမရခြင်း " အနတ္တ " ကိုမြင်ခြင်းကြောင့် စိတ်၏အဆင့်မြင့်လာခြင်း သမာဓိ နှင့် ထိုးထွင်းသောဥာဏ် (ပညာ) ကိုလည်းဖြစ်ပေါ်စေပါသည် ။ စွန့်လွှတ်လိုသောဆန္ဒ ၊စွန့်လွှတ်ခြင်း၏ ချမ်းသာ ၊ စွန့်လွှတ်ခြင်း၏ လွတ်မြောက်မှုအရသာ ၊ စွန့်လွှတ်ခြင်း၏ အကျိုးတန်ဖိုးကိုသာ ဗုဒ္ဓသင်ကြားတော် မူသည့်အတိုင်း နားလည်ပါမူကား မှန်ကန်သောအမြင်များ ဖြစ်ပေါ်လာနိုင်ရန် အကြောင်းများစွာရှိသည်ဟု အကျွန်ုပ် မျှော်လင့်မိပါ၏ ။ ( ဦးဆန်းလွင်၏ ရတနာသုံးပါးကိုယုံကြည်ကိုးကွယ် ဆည်းကပ်လာသူတစ်ယောက်အကြောင်းစာအုပ်မှ... )

အမရေ..တခုသတိရလို့ ထပ်လာရေးတာပါ။ ကျနော်ကျောင်းပီးတော့ ဆိုဒ်ထဲမှာလုပ်ပါတယ်။ ရုံးပေါ်မှာ ဘုရားတဆူ လောက် ထားချင်တော့ မန်နေဂျာကို ပြောပါတယ်။ မန်နေဂျာ က သူ့အိမ်မှာ ဘုရားတွေ အများကြီးရှိတယ် တဆူပင့်ခဲ့မယ် ပြောပေမဲ့..သူ့အမေက နင်တို့ဆိုဒ်မှာ ငါ့ဘုရား ပူဇော်ဖို့ပေးရင် ဆွမ်းငတ်လိမ့်မယ် မပေျးနိုင်ဘူးလို့ ပြောပါတယ်။ ဒါနဲ့ ကျနော်က အဘွား ဘာဖြစ်လို့ ဆွမ်းငတ်မှာလဲဆိုတော့ နင်တို့က ဘုရားကို ရုံးစောင့် သဘောမျိုးထားမှာ။ ဘာမှလဲ ကပ်လှူကြမှာမဟုတ်ဘူးတဲ့..။ အလွန်ဆုံး ပန်းပဲလှူကြမှာတဲ့..။ အဲဒီကတည်းကစလို့ ကျနော် အသိတရား ရလာတာ.. ကျနော်တို့က ဘုရားဆင်တုတော်ပဲ ဖြစ်စေဦးတော့ သက်ရှိထင်ရှားနေဆဲ ဆိုတဲ့ အာရုံလေးထားပီးး
ကိုယ်စားတဲ့ အချိန်မှာ ဆွမ်းကပ်လှူတာ .. အခုဆို ကျနော် အမြဲ လုပ်ဖြစ်တယ်။ အဲဒီ အဘွားစကားကို စိတ်ထဲမှာ စွဲနေတယ်..
ဘုရားဆွမ်းငတ်မယ်.... မငတ်ရအောင် ကျနော် အမြဲ ဆွမ်းကပ်နိုင်အောင် ကြိုးစားပါတယ်။ တခါတလေ ထမင်းမချက်တဲ့ အချိန်တွေရှိတော့ သစ်သီးဆွမ်းကို အမြဲ ကပ်ဖြစ်ပါတယ်။ ဒါက ကျနော် ဘာကြောင့် အမြဲဆွမ်းကပနေဖြစ် ခြင်းရဲ့ သမိုင်းကြောင်း ပါ။

tရ
ကျွန်တော်တို့  ဘာသာတရားအကြောင်းဘဲ ဆက်ပြောကြရအောင် ။ လက်ဝဲခေါင်းဆောင်ကြီးတွေကို သူတို့ သင်္ချိုင်းထဲမှာဘဲံ ထားခဲ့ တာပေါ့ဗျာ။ဒီနေရာလေး
"ကျွန်တော် ကလေးတုန်းက အိမ်က မကြိုက်တဲ့ကြားက ဘုရားပုံ ခေါင်းရင်းချပြီး လူကြီးတွေ အိပ်ချိန်မှာ ဖယောင်းတိုင် ငုတ်တိုလေးတွေနဲ့ ခိုးပြီး မီးပူဇော်ဖူးတယ်။ ကြည်ညိုလွန်းလို့ ခဲရာခဲဆစ် လုပ်ခဲ့ရလို့လား မပြောတတ်ဘူး။ ကြီးလာတော့ ဥာဏ်ရည်နဲ့ ပညာရေးမှာ အကျိုးပေးလာတာတော့ လက်တွေ့ပဲ အစ်မရေ။"
အဲမှာ t ရေးလိုက်တာက မြန်လွန်းနေတော့ ရုတ်တရက်ဆို ဘုရားမီးပူဇော်တဲ့  ဒါနက ခုဘ၀ ဒိဋ္ဌ အကျိုးပေးသလို ဖြစ်နေတယ်နော် ။
ဒီနေရာလေးကို အနှေးပြ slow motion လေးပေါ့ဗျာ ။
ဘုရားကို မီးပူဇော်တဲ့  လုပ်ရပ်ကလေးမှာ စေ့ဆော်တဲ့  စေတနာလေးက အကြမ်းခွဲရင် ၂ပိုင်းဖြစ်နေတယ်ဗျ
လှူတန်းချင်တဲ့  စေတနာ ( ဒါန )
မြတ်ဘုရားရဲ့  ဂုဏ်တော်တွေကို ညွှတ်နေတဲ့  စေတနာ (ဗုဒ္ဓနုသတိ ) တနည်း သမထ။
အဲဒီစေတနာ ၂ခုရောပြီးမှ မီးပူဇော်တဲ့  အလုပ်ဖြစ်တာလေ ။
ဒီနေရာမှာ ဒါနစေတနာရဲ့  ပထမဇောက ဒီဘ၀အကျိုးပေးရာမှာ အားနဲလှတဲ့  ဇောလေးသာဖြစ်လို့  သိသာထင်ရှားအောင်အကျိုးပေးဘို့  ခက်လှပါတယ် ။ (တောင်မြို့  ဆရာတော် အခြေပြုပဋ္ဌာန်း အာသေ၀န-ကံ-၀ိပါကခန်းရှုပါ ။ )
ပညာရေးအကျိုးပေးတာက ဥာဏ်ကောင်းလို့ 
ဥာဏ်ကောင်းရတာက ခုန သမထအလေ့အကျင့်လေးက ဥာဏ်ကိုထောက်ကူလို့ လို့  ခွဲရှင်းမယ်ဆိုရင် ၀င်ဖတ်တဲ့ သူတွေ ပိုရှင်းမယ်လို့ ယူဆမိပါတယ် ။ (ငယ်နိုင်ရေ ကွန်ပလိန့် ထူတာတော့မဟုတ်ပါဘူ .။စာတခုတင်ခါနီးတိုင်း အဲ verification ကြီးရိုက်နေရတာ ကိုယ်က နဂိုရ်ကမှ အပျင်းထူထူနဲ့  တင်ချင်စိတ်ကုန်ကုန်သွားလို့  အဲဒါကြီး ဖြုတ်ပေးလို့ မရဘူးလားဗျ )

http://www.scribd.com/doc/7087131/Ashin-Sanakar-Biwonsa-A-Chay-Phyu-Pahtan-Tayar-Taw
page 148 to 152

အဆင်ပြေပါစေအမ။မိသားစုပျော်ရွှင်အေးချမ်း ပါစေ။
ခင်တဲ့

Very interesting and valuable Post & COMMENTS. Honestly, I have not sufficient knowledge to add any extra comment on it.
Thanks & Sincerely Always.

အမရေ… မြတ်နိုးက လင့်ခ်ပေးလို့ ဖတ်မိပါတယ်။ ခုခေတ်ကလေးတွေကို လျှော့တွက်လို့ လုံးဝ မရပါဘူး။ အဲလိုမေးခွန်းမျိုး ကတ်သီးကတ်သပ် မေးဖူးပါတယ်။ ဆရာတော်တွေကို ပြန်ဖြေတာကို မှတ်သားဖူးတာကတော့

သက်ရှိထင်ရှားဘုရားကို ဆွမ်းကပ်ခွင့် မရတဲ့ ဒီကာလမှာ သက်ရှိဘုရားကို အာရုံပြု ရည်မှန်းပြီး စိတ်ကူးထဲမှာ သက်တော် ထင်ရှား ဘုရားကို ဆွမ်းကပ်တယ်လို့ အာရုံယူနိုင်အောင် ဘုရားရဲ့ အဆင်းကို တုထားတဲ့ ဆင်းတုတော်ကို အငှား အကူ ပြုဖို့ ထားရပါတယ်။ ပြီးမှ အပြင်ပန်း လက်တွေ့မှာ ဆင်းတုတော်ကို ဆွမ်းကပ်ပေမယ့် စိတ်ထဲမှာတော့ သက်တော်ထင်ရှား ဘုရားကို ဆွမ်းကပ်တယ်လို့ အာရုံပြုရပါတယ်။ စိတ်ကူးလေးနဲ့ ဆွမ်းကပ်တာ ဖြစ်ပေမယ့် သဒ္ဓါတရား စိတ် ထက်သန်ရင် ထက်သန်သလောက် အကျိုးပေးတယ်လို့ ဆိုပါတယ်။ အမရဲ့ သား ဖြစ်နေတဲ့ သံသယ စိတ်လေးကို ဖျောက်ပြီး ဒီလို စိတ်ကူးနဲ့ အာရုံပြု ရည်စူး ဆွမ်းကပ်ပြီးရင် ဖြစ်ပေါ်တဲ့ စေတနာ သဒ္ဓါတရားကြောင့် စိတ်ဘယ်လောက် ကြည်နူး ရတယ် ဆိုတာကို ခံစားတတ်ရင် သိနိုင်ပါတယ်။ ခုခေတ်မှာ ဘုရားကို ဆင်းတု ကွယ်တာ များနေလို့ သတိထားပြီး ကလေးတွေကို သင်ပေးရပါတယ်။

ဘုရားကို ရွှေတွေ ကပ်တာနဲ့ ပတ်သက်လို့ ကြုံလို့ ပြောချင်ပါတယ်။ အဓိကက ကိုယ်ဘာလုပ်မှ ကိုယ့်စိတ်မှာ သဒ္ဓါ တရားက ထင်ထင်ရှားရှား ထက်ထက်သန်သန် ဖြစ်သလဲ ဆိုတာပေါ် မူတည်ပြီး တယောက်နဲ့ တယောက် ကွဲပြား နိုင်ပါတယ်။ ပဒုမ ဒေ၀ီ မိဖုရားလောင်း လယ်သူမလေးဟာ လယ်တောကနေ အပြန် ပေါက်ပေါက် ငါးရာ ရေတွက် ယူလာပြီး သူပန်ဖို့ ကြာပန်းလဲ ခူးလာပါတယ် လမ်းမှာ ပစ္စေက ဗုဒ္ဓါ တပါးကို တွေ့တော့ ကြည်ညိုလို့ ဆွမ်းအဖြစ် ပေါက်ပေါက် ငါးရာကို လှူပြီး ကြာပန်းကို သပိတ်ပေါ်တင်လှူပါတယ်. သူကတော့ ပစ္စေက ဗုဒ္ဓါမှန်း မသိဘူး ဘုန်းကြီးလို့ပဲ သိမှာပါ နောက်အိမ်အပြန် လမ်းမှာ ဘုန်းကြီးနဲ့ ပန်း မဆိုင်ပါဘူးလေ ငါပန်ဖို့ ပြန်ယူမယ် စိတ်ကူးပြီး နောက်ကလိုက်ပြီး ပန်းကို ပြန်တောင်းယူပါတယ် တခါ ပြန်စဉ်းစားပြီး အသုံးမလိုရင် သူငြင်းပါလိမ့်မယ်လေ သူအသုံးလိုလို့ မငြင်းတာ နေမှာဆိုပြီး ပြန်လှူပါတယ်။ ပစ္စေက ဗုဒ္ဓါ အရှင်သူမြတ်က ကြာပန်းကို ခြေသုတ်ခုံ အဖြစ် အသုံးပြုပါတယ် ဒါကြောင့် ကံအကျိုးပေးတဲ့ ဘ၀မှာ ခြေလှမ်းတိုင်း ကြာပန်း ခံလာရတဲ့ ပဒုမဒေ၀ီ မိဖုရားကြီး ဖြစ်ရပြီး ပစ္စေက ဗုဒ္ဓါ ငါးရာတို့ရဲ့ မယ်တော် ဖြစ်ခဲ့ပြီး ဂေါတမ မြတ်စွာဘုရား လက်ထက်မှာ ရဟန္တာ ဖြစ်ရတယ်လို့ ငါးရာငါးဆယ် ဇာတ်နိပါတ်တော် ပဒုမဒေ၀ီဇာတ်မှာ ဖတ်ရပါတယ်။ သဒ္ဓါ တွန့်ဆုတ်စွာနဲ့ ပန်းကို ခဏပြန်ယူမိလို့ ခင်ပွန်း မင်းကြီးက အထင်လွဲပြီး နန်းတော်က နှင်ချတာကိုလဲ ယာယီ ခံလိုက်ရပါသေးတယ်. ဒီတော့ သဒ္ဓါတရားက အဓိက မို့ ဘယ်သူ ဘာလှူလှူ ဘာအတွက်လို့ မရည်စူးဘဲနဲ့တောင် အကျိုးပေးက ထူးထူးခြားခြား ပေးတတ်ပါတယ်။ ဘုရားလက်ထက် အချမ်းသာဆုံး သူဌေးကြီး လေးဦး ထဲက ဇဋိလ သူဌေးဟာ ကသပ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုချိန်တည်တဲ့ စေတီမှာ ရွှေပန်းခိုင် သုံးခိုင် လှူဒါန်း ပူဇော် ခဲ့လို့ ဂေါတမ မြတ်စွာဘုရား လက်ထက်မှာ သူ့အိမ်ထဲ သုံးမကုန်တဲ့ ရွှေတောင်ကြီး ၃လုံးပေါက်ပြီး အကျိုးပေးရပါတယ်။ သူကိုယ်တိုင်လဲ ရဟန်းဝတ်ပြီးနောက် ရဟန္တာ အဖြစ် ပရိနိဗ္ဗာန်ပြုရတယ်လို့ မှတ်သားဖူးပါတယ်. စေတနာ၊ ပကာသန၊ အကျိုးမျှော်မှု ဘယ်ဟာနဲ့ အရင်းပြု လှူသလဲ ဆိုတာတော့ ကွာမှာပေါ့နော်။ မှတ်သားဖူးတာလေးတွေပါ။

တကယ်မရှိတော့တဲ့ ဘုရား (ရုပ်တုဘုရား - ဘာသားခြားတစ်ချို့ကတော့ အုတ်ပုံဘုရားလို့ခေါ်ပါတယ် )ကိုကိုးကွယ်တာမဟုတ်ပါဘူး ။ ဘုရားရဲ့ဂုဏ်တော်တွေကို အာရုံပြုပြီး ရုပ်ပွားတော်ဘုရားကို သက်ရှိဘုရားသဖွယ် မှတ်ယူတာပါ ။ ဒါကြောင့်မလို့ ဆွမ်း ပန်း ရေချမ်းတွေကို ကပ်ပါတယ် ။ ပြီးတော့ မြတ်စွာဘုရားရှင်ဟာ မိမိအကျိုးရှိဖို့ပွင့်လာတော်မူတာမဟုတ်ပါဘူး ။ လူနတ်သတ္တဝါအားလုံး ( သာသနာမကွယ်မချင်း ရှိနေဦးမယ့် ပုဂ္ဂိုလ်အပေါင်း ) အကျိုးအတွက်ပွင့်လာတာပါ ။
p.s အသုံးအနှုန်းတွေ မသင့်တော်တာသုံးမိရင် ခွင့်လွှတ်ပါ ။ တစ်ခါမှ ဘာသာရေးအတွက် မရေးဘူးလို့ပါ ။ ကိုယ်ခံယူတဲ့ ယုံကြည်တဲ့ အကြောင်းအရာများကို မျှဝေခြင်းသက်သက်သာဖြစ်ပါတယ် ။

သန်းရွှေတို့ကြိုင်ကြိုင်တို့ကလဲ တကယ်သဒ္ဒါတရားနဲ့ အသားကုန် လှုနေတာတဲ့ ။ ဒါ့ကြောင့် သူတို့ ဒီထက်ကြီးပွားချမ်းသာဦးမယ်။

လာရောက် မှတ်ချက်ပေး အကြံပြုရင်းနဲ့ လေ့လာဖူးတဲ့ ဘာသာရေး ဗဟုသုတတွေကို မျှဝေသွားကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဒီပို့စ်ရဲ့ ရည်ရွယ်ချက်က နယူးဆောက်ဝေးပြည်နယ်မှာ မတူကွဲပြားတဲ့ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်ပြီး ထားရှိတဲ့ ပညာရေးစနစ်ကို တင်ပြရင်း ဘာသာရေးနဲ့ ပတ်သက်ပြီ်း သားမေးတဲ့မေးခွန်း အတွက် အရိုးရှင်းဆုံး ဥပမာတွေကို အကြံအဥာဏ်တောင်းခြင်းသာ ဖြစ်ပေမယ့် အခုလို မိမိ အတွေ့အကြုံတွေကို မျှဝေသွားကြ၊ ဘာသာရေး စာပေတွေရှိတဲ့ Link တွေ ပေးသွားကြ၊ အလှူဒါနနဲ့ ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးသွားကြတော့ တော်တော် ပြည့်ပြည့်စုံစုံလေး ဖြစ်သွားတာကို ကျွန်မ တကယ်ပဲ ကျေးဇူးတင် ၀မ်းမြောက်ပါတယ်။

အစ်မ ခင်မင်းဇော် ပြောတဲ့

”သဒ္ဒါတရားက အဓိက ဆိုပေမယ့်
အလှုခံပုဂ္ဂိုလ်အပေါ်လဲ မူတည်ပြီး အကျိုးပေးက ကွာခြားတယ်လို့ ဘုရားဟော ရှိခဲ့ပါတယ်။
ဒီအချက်ကိုလဲ ထည့်စဉ်းစားသင့်တယ်။
သဒ္ဒါတရားထက်သန်ပြီး သူတော်ကောင်း တယောက်ကို လှုတာနဲ့ သူယုတ်မာ တရာ လှုရင်တောင် ရတဲ့ကုသိုလ်အကျိုးက မတူပါဘူး”

ဆိုတာ ဟုတ်ပါတယ် အစ်မ၊ ဒါပေမယ့် အခု ကျွန်မ ဆိုလိုတာက သားသား မေးတဲ့ မေးခွန်းအပေါ်မှာ အခြေခံပြီး တခြားကို လှူတာကို အဓိက ပြောလိုတာ မဟုတ်ပဲ ဘုရားကို လှူတဲ့ အလှူတခုတည်း အကြောင်းကိုပဲ ပြောတာပါ။ ကျွန်မ ပြောချင်တဲ့ အလှူခံ ပဂ္ဂိုလ်က သက်ရှိထင်ရှား ဘုရားနဲ့ ပရိန္နိဗ္ဗန် စံတော်မူပြီးတဲ့ ဘုရားသာ ဖြစ်လို့ အလှူခံပုဂ္ဂိုလ်မှာ အစ်မပြောတဲ့ သူယုတ်မာဆိုတာကို ထည့်မတွက်ထားပါဘူး အစ်မ။ ဒါပေမယ့် အစ်မ ဆွေးနွေးလိုက်တော့ အလှူခံပုဂ္ဂိုလ်ရဲ့ အခန်းကဏ္ဍ ပိုကျယ်ပြန့်သွားတော့ ကျေးဇူးတင်ပါတယ်။

ဘုရားကိုလှူတဲ့ အလှူရဲ့ အကျိုးကျေးဇူးနဲ့ ပတ်သက်ပြီးတော့ တခြားသူတွေ ဆွေးနွေးထားတဲ့ မှတ်ချက်တွေမှာ သိပ်ကို ပြည့်စုံနေပြီမို့ ကျွန်မ ဘာမှ ထပ်ပြောစရာ မရှိပါဘူး။ အကြံပြုထားတဲ့ အချက်တွေကို သားကိုလည်း ပြောပြပါတယ်။ သားကတော့ ထင်ထားတဲ့အတိုင်းပဲ ကျွန်မတို့ ဘာကြောင့်လုပ်နေတယ်ဆိုတာ သူသဘောပေါက်ပါပြီတဲ့။ သေဆုံးသူတွေအတွက် ပန်းပေးတာ၊ လွမ်းသူပန်းခွေချတာ၊ အလှူလုပ်တာနှိုင်းယှဉ်ပြီး သူသဘောပေါက်ပါတယ်။ ဗုဒ္ဓက နိဗ္ဗန်ရောက်သွားပြီ မရှိတော့ဘူး ဆိုတာ သူကိုယ်တိုင်နဲ့ ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်သလို၊ ခရစ်တော်က ဘုရားသခင်နဲ့အတူ ရှိနေတယ်လို့ ခရစ်ရှန်တွေ ယုံကြည်ကြတာ သူသိနေလို့ ခရစ်ဆမတ်နဲ့ကတော့ ဥပမာပေးလို့မရဘူး။

ဆွမ်းတွေ၊ ရေတွေ ကပ်တာနဲ့ ပတ်သက်ပြီး ဆန္ဒရှိတဲ့သူအတွက် သူစိတ်ချမ်းသာလို့ သူလုပ်ပေးတာ ဖြစ်လို့ လုပ်ပေးသူအတွက် အဓိပ္ပါယ် ရှိုနိုင်တယ်ဆိုတာ သူလက်ခံတယ်။ ဒါပေမယ့် သူကိုယ်တိုင်အတွက် ဆိုရင်တော့ ပိုက်ဆံကုန် အချိန်ကုန်ခံပြီး ဘယ်သူမှ လက်ခံမည့်သူ မရှိပဲနဲ့ သူလုပ်မှာ မဟုတ်ဘူးတဲ့။ ဒီတော့ သူက ကွယ်လွန်သွားပြီ ဖြစ်တဲ့ ကျွန်မသူငယ်ချင်း မသက်၊ အခုလက်ရှိ ကိုပေါ၊ ဆရာမမေငြိမ်းနဲ့ အစ်မ ခင်မင်းဇော်တို့ ဂိုဏ်းထဲက ဖြစ်နေတယ်။

ဒါကြောင့်မို့ ကျွန်မလည်း ပြောလိုက်တယ် ကိုယ့်ဖါသာကိုယ် ဆန္ဒမရှိလို့ မလုပ်တာ အကြောင်းမဟုတ်ဘူး ဒါပေမယ့် သူများ ယုံကြည်လို့ သဒ္ဒါတရားရှိလို့ လုပ်တာကိုတော့ အဓိပ္ပါယ်မရှိ အချိန်တွေ ပိုက်ဆံတွေ ဖြုန်းတယ်လို့ လိုက်မပြောနဲ့ ငရဲကြီးတယ်လို့ပဲ ပြောပြလိုက်ပါတယ်။

ပါဝင်ဆွေးနွေးပေးသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ပေးထားတဲ့ Link တွေကိုလည်း ကျွန်မ အားတဲ့အချိန် သွားကြည့်လိုက်ဦးမယ်။

အားလုံး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပြီး ကျန်းမာရွှင်လန်းကာ အဆင်ပြေ ချမ်းမြေ့ကြပါစေ။

ီ20 Aug 09, 13:14
drwinthein: ဘယ်နေရာဘယ်လိုတွေ့တာ မသင့်တော်ဘူး ဆိုတာထက် သဒ္ဓါတရားသာ အဓိကလို့ ထင်မြင်မိပါတယ်.. အဓိက က ကျမ်းဂန်တရားတော်တွေ နဲ့ ညီညွတ်နေရင် ဒါနမြောက်တာပဲလို့ ထင်ပါတယ် မငယ်နိုင်ရေ..
20 Aug 09, 12:01
zam: လာဖတ်သွားတယ်
20 Aug 09, 11:15
ဂင်ကြီး: http://www.dhammaransi.net/DhammaVideo.html
20 Aug 09, 11:14
ဂင်ကြီး: http://www.dhammaransi.net/ ဒီထဲက ဆရာတော်မေတ္တာဇရှင်ဝနရဲ့ ဖန်ဆင်းရှင်သုံးဦးကို နာကြည့်စေချင်ပါတယ်
20 Aug 09, 11:12
ဂင်ကြီး: ကြည်ညိုတဲ့သဒ္ဒါတရားကအဓိကဖြစ်ပါတယ်။ ဆရာတော် မေတ္တာရှင်ဇဝနရဲ့ တရားကို http://www.dhammaransi.net/UZawana
20 Aug 09, 11:10
ဂင်ကြီး: မငယ်နိုင်ရေ.. မအားလို့ဘယ်မှမရောက်ဖြစ်လို့ပါ။ သားသားမေးတာကို ဖြေရမယ်ဆိုရင် ဘာကုသိုလ်ဘဲဖြစ်ဖြစ်

ဒီပို့စ်နဲ့ ပတ်သက်ပြီး ဦးဂင်ကြီးနဲ့ ဆရာ Dr ၀င်းသိန်းက C-Box ထဲမှာ အကြံပြုထားတာကို အမှတ်တရ သိမ်းထားချင်လို့ ထည့်ထားလိုက်ပါတယ်။ ဦးဂင်ကြီးနဲ့ ဆရာ ဒေါက်တာဝင်းသိန်းကို ကျေးဇူးတင်ပါတယ်။

မငယ်ရေ
ကျတော် ခုလေးတင် ဘုရားကို ဖယောင်းတိုင်မီး ပူဇော်ပြီး ခု တက်ဖတ်မိလို့ ကွန်မန့် ဝင်ရေးတာ။
ကျတော်တို့က ဘုန်းကြီးရဟန်း လက်လှမ်းမမီတဲ့ နေရာတွေမှာ နေရတာလေ။ သက်ရှိထင်ရှား ရဟန်းသံဃာ တွေ့မှ လှူမယ်ဆို နှစ်နဲ့ချီပြီးတောင် စောင့်ရနိုင်တယ်။ သေချင်တောင် သေသွားမယ်။ ဆင်းရဲသား လှူုရအောင်လဲ နိုင်ငံခြားမှာ အိုးအိမ်မဲ့တွေတောင် တချို့မြို့မှာ မနည်း ရှာရမှာ။ သူတို့လူမျိုး ဆင်းရဲသားကလဲ မြန်မာမျက်စိနဲ့ကြည့်ရင် သူဌေးပဲ။
ဒီတော့ လှူတယ်ဆိုတာလဲ အကျင့်တစ်ခုလို လုပ်နေဖို့ လိုတယ် ထင်တယ်ဗျာ။ ပါရမီဆိုတာ အထုံဖြစ်နေသော အကျင့်--ဆိုတော့ ဒါနပါရမီဆိုတာ ဒါနကို အထုံအလေ့ ဖြစ်အောင် ပြုထားတဲ့ အကျင့်ပေါ့။ လှူစရာလူ အနားမှာ အလွယ်မရှိလို့ဆိုပြီး မလှူပဲနေရင် အကျင့်ဖြစ်သွားမယ်။ ဒါနပါရမီ အားနည်းသွားမယ်ပေါ့ဗျာ။ ဆေးလိပ်သောက်တာ ဝိုင်သောက်တာလဲ သောက်ရင်းစွဲပြီး အကျင့်ဖြစ်သွားတာပဲ။ ရတနာသုံးပါးကို လှူဖို့မလွယ်တဲ့နေရာ ရောက်နေလို့ မလှူပဲနေမိရင်လဲ အကျင့်ကောင်းတစ်ခု ပျက်သွားမှာ စိုးတယ်လေ။ နောက်ကို ရဟန်းသံဃာ မြင်ရင်တောင် လှူဖို့ တက်တက်ကြွကြွ မရှိတော့တာမျိုး ကြုံမှလှူတာပေါ့ ဆိုတာမျိုး ကိုယ့်စိတ်မှာ ဖြစ်သွားနိုင်တယ်။
ဒီတော့ ပန်းလှူရေလှူဆွမ်းလှူတာတွေက ဒါနမျိုးစေ့ ကိုယ့်ကိုယ် ပြန်ချပေးနေတဲ့အနေနဲ့လဲ ကျတော် လုပ်ပါတယ်။ နိုင်ငံခြားမှာဆိုတော့ အထီးကျန်တာတွေ မိတ်ဆွေငတ်တာတွေလဲ ကြုံရတယ်။ အဲဒီအခါ ဘုရားကို ပိုချဉ်းကပ်ဖြစ်တယ်။ အိမ်နီးနားမှာ ရွယ်တူကစားဖော် မရှိတဲ့ ကလေးဟာ မိဘကို ပိုကပ်သလိုပေါ့။
တရားထိုင်ရင်လဲ အရမ်းသဒ္ဒါတွေထက်ပြီး ဘုရားကို သံဃာကို အရမ်းလှူချင်လာတယ်ဗျ။ ကျွန်တော် ထွက်မလာခင် ရိပ်သာဝင်တော့ တရားဓမ္မနဲ့ ထိတွေ့ရတဲ့ အချိန်မှာ အရမ်းသဒ္ဒါတွေတက်ပြီး အဆောင်မှာ ဘုရားကို မီးပူဇော်တယ်။ တရားပြ ဦးဇင်းလေးက သိတော့ သဒ္ဒါတရားတက်လာတဲ့အချိန် ဒီစိတ်မျိုး ဖြစ်တတ်တယ်၊ သိတယ်၊ ဒါပေမယ့် အဆောင်မှာ စည်းကမ်းအရ ဖယောင်းတိုင်မီး မထွန်းနဲ့လို့ ပြောဖူးတယ်။ သူတို့က ယောဂီတွေ အများကြီး ဆက်ဆံလာခဲ့ရတာဆိုတော့ တရားထိုင်မိလို့ တရားအရသာ သိသွားရင် သဒ္ဒါစိတ်တွေ တက်လာပြီး ဘုရားကို အရမ်းပူဇော်ချင် လှူချင်တန်းချင်တဲ့စိတ်တွေ ဖြစ်တတ်တာ သိတယ်လေ။ တစ်ချို့ဆို သဒ္ဒါအရမ်းကဲပြီး တရားဆက်မမှတ်ဘဲ ဘုရားဂုဏ်တော်တွေပဲ ကြည်ညိုနေတာတို့၊ ဘုရားဝေယျာဝစ္စတွေပဲ ဖိလုပ်နေတာတို့ ဖြစ်တတ်လို့ ဦးဇင်းတွေ ပြောယူရတယ်။

ဒီတော့ ဘုရားကို ပန်းရေချမ်း ဆီမီး ဆွမ်း ပူဇော်တဲ့ သူတွေဟာ ပင်ကိုယ်စိတ်ကိုက သဒ္ဒါတရား ထက်သန်ပြီးသားမို့လို့ဆိုလဲ ကောင်းတာပါပဲ။ ကျတော့်လို တရားနဲ့ ကြီးမှတွေ့ပြီး ကြီးကောင်ကြီးမားမှ သဒ္ဒါတွေ ပိုထက်လာလို့ဆိုလဲ ကောင်းတာပါပဲဗျာ။ ဘယ်အချိန်ပဲဖြစ်ဖြစ် သဒ္ဒါတရား ထက်သန်လာတာ မမှားဘူးလို့ မြင်ပါတယ်။

ဘုရားရှင် သက်တော်ထင်ရှား မရှိတော့လို့ ဆွမ်းမကပ်ချင်ဘူးဆိုလဲ သူ့လွတ်လပ်ခွင့်ပါ။ မြတ်စွာဘုရားကလဲ ငါဘုရားကို ဒီလို ပူဇော်ရမယ်လို့ မမှာခဲ့ပါဘူး။ ကျတော်တို့ကသာ သဒ္ဒါကြည်ညိုလို့ ဒီစိတ်ကို အကောင်အထည်ဖော်တဲ့အနေနဲ့ လုပ်နေတာလေ။

နောက်တစ်ခုလေး ပြောချင်လို့ပါ
လူရဲ့ အားထားရာက ကံ ဥာဏ် ဝီရိယပဲလေ။ ကံ (ကမ္မ-အလုပ်)ဆိုတာလဲ အမြဲ အကျင့်လုပ်ပြီး ကံကောင်းတွေ ဖြည့်ဆည်းပေးနေဖို့ လိုတယ်။ ချမ်းသာတဲ့ နိုင်ငံတွေမှာ နေရတဲ့ လူတွေက ငွေမရှိလို့ အရွယ်မရောက်ခင် ကျောင်းထွက်ရမှာ ပူစရာ မလိုဘူး။ ကျန်းမာပြီး အလုပ်ကြိုးစားရင် ဝင်ငွေနဲ့ ဘဝအာမခံချက် ပူစရာ မလိုဘူးဆိုတော့ ကံရဲ့ အရေးပါမှုကို ဒီလောက် မြင်ချင်မှ မြင်မိတယ်။ အခြေခံ လူသားရပိုင်ခွင့်တွေ အပြည့် အာမခံချက် ရှိတဲ့ အရပ်လေ။ ဒီအခြေခံတွေပေါ်မှာ ဆက်ကြိုးစားသွားဖို့ကသာ ကိုယ့်အလုပ်ကိုး။

ကျတော်တို့ မြန်မာပြည်မှာ နေခဲ့ရတဲ့ ဘဝက စာကြိုးစားလဲ မိဘဆင်းရဲရင် လေးငါးခြောက်တန်းနဲ့ ကျောင်းထွက်ရတဲ့ ကလေးတွေ တစ်ပုံကြီး။ ပညာလဲစုံ၊ အလုပ်လဲ ကြိုးစားတာတောင် ရရစားစား လုံးပါးပါးနေတဲ့လူတွေ အများကြီး။ ဒီတော့ ဥာဏ်နဲ့ ဝီရိယအပြင် ကံကပါ စကားပြောလာပြီ။ ကံဆိုးတွေ အမြဲ ကြုံနေရမယ့် အရပ်မှာ ကံကို ပစ်ထားဖို့ မရဲတော့ဘူးဗျာ။
ဘုရားကို ဒီလို ပူဇော်တာတွေက ကိုယ်လုပ်တဲ့ ကောင်းမှုကံတွေပါပဲ။ ကောင်းကျိုးက မြတ်စွာဘုရားက ပြည့်စေလို့ ပေးမှာ မဟုတ်ဘဲ ကိုယ်ပြုတဲ့ ကောင်းမှုတွေကသာ ပြန်ပေးမှာပါ။ ဘုရားကို မီးအလင်းရောင် တောက်လျှောက်ပူဇော်တော့ တစ်ချိန် ကိုယ့်ဘဝ မှေးမှိန်နေချိန်၊ အလင်းရောင်ပျောက်နေချိန် ကြုံရင် ဒီကံကို ပြန်တမ်းတနိုင်တယ်။ ဘုရားကို လန်းဆန်းလှပတဲ့ ပန်းတွေ ကပ်တော့ ကိုယ့်ဘဝ ညှိုးနွမ်းနေချိန်၊ မတင့်မတယ် ဖြစ်နေချိန်မှာ ဒီကံကို အောက်မေ့လိုက်နိုင်တယ်။ ရေချမ်းကပ်တော့ ဘဝပူလောင်နေချိန်၊ ရသင့်ရထိုက်တဲ့ ကောင်းတဲ့အရာ တစ်ခုခုကို မွတ်သိပ်နေချိန်မှာ ဒီကံကို ပြန်တမ်းတနိုင်တယ်။ ဆွမ်းကပ်တော့ တစ်ချိန် လှူချင်တန်းချင်ရက်နဲ့ ကိုယ့်မှာ ဘာမှ မရှိလို့ မလှူနိုင်ရင် ဒီကံကို ပြန်အားကိုးနိုင်တယ်။ စေတနာ စင်စင်ကြယ်ကြယ်နဲ့ လုပ်ရင် အလကား မဖြစ်ပါဘူး။

ဆွမ်းနဲ့ရေချမ်းကပ်လှူတာဟာ မြတ်စွာဘုရားရှင်ရဲ့ ဂုဏ်တွေတွေကို ကြည်ညိုတဲ့အနေနဲ့ ပူဇော်မှုပြယုဂ်တစ်ခုလို့ ညီမမြင်မိပါတယ်။ အစ်မ စတင်ဆွေးနွေးသွားတဲ့ ပို့စ်ရော ကောမန့်မှာ အားလုံးဆွေးနွေးသွားတာတွေကပါ ညီမအတွက် အဖိုးမဖြတ်နိုင်တဲ့ အသိတွေပေးလို့ အရမ်းကျေးဇူးတင်ပါတယ် အစ်မ မငယ်နိုင်။

ကလေးကို အသာထားပါဦး..ကလေး အမေဖြစ်တဲ့ လူကြီးကို
ဘာသာအကြောင်း ကျကျနန လေ့လာသင်ပါတယ် ပြီးတော့ အမေရိကာမှာလဲ ဘုန်းတော်ကြီးကျောင်းတွေ ရှိပါတယ်
အဲဒီမှာ မေးမြန်းပြီး လေ့လာ လုပ်ဆောင်မယ်ဆိုရင် အသင့်တော်ဆုံးပါ ...လက်ခံမယ်ထင်ပါတယ်..

ဒီပို့စ်နဲ့ ပတ်သက်ပြီး ဆက်လက်ပြီး စိတ်ဝင်တစား မှတ်ချက်လာပေးကြတဲ့ ကိုရဲဝင်း၊ a, ညီမရွှေပြည်သူနဲ့ ကဲကဲတို့ကို ကျေးဇူးတင်ပါတယ်။ ကိုရဲဝင်းနဲ့ a ဆွေးနွေးတင်ပြတဲ့ အချက်တွေကို အလေးအနက်ထား မှတ်သားပြီး ကျွန်မသားလေးကိုလည်း ဒီလို အလေ့အကျင့်ကောင်းတခု အဖြစ် လေ့ကျင့်ပေးဖို့ ထည့်တွက် စဉ်းစားပါတယ်။

ရွှေပြည်သူရေ အစ်မက နောက်ထပ်လည်း ဗုဒ္ဓအဘိဓမ္မာနဲ့ ဆေးသိပ္ပံ အယူအဆတွေကို နှိုင်းယှည်တဲ့ ပို့စ်တွေ တင်ဖို့ရှိတဲ့အတွက် ဆက်လက်ပြီး လာဖတ်အားပေးဖို့ ဖိတ်ခေါ်ပါတယ်။

ကဲကဲရေ ကလေးကို ကျွန်မလို သဒ္ဒါတရားရှိတဲ့ ဗုဒ္ဓဘာသာဝင်တဦး ဖြစ်အောင် ကြိုးစားနေတဲ့ မိခင်တယောက်အနေနဲ့ ကလေးကို အသာထားလို့တော့ မဖြစ်ဘူး။ ပြီးတော့ ကျွန်မက ကဲကဲထင်သလို အမေရိကန်မှာ ရောက်နေသူမဟုတ် ဘာသာရေးအကြောင်း နားမလည်သူမဟုတ် ဆိုတာ ကျွန်မ ကျွန်မပို့စ်ကို သေသေချာချာ ဖတ်ရင် သိနိုင်ပါတယ် ပြန်ဖတ်ကြည့်လိုက်ပါ။ ကျွန်မက မိရိုးဖလာ ဗုဒ္ဓဘာသာကို မယုံကြည်လို့ မိရိုးဖလာထက် အနည်းငယ် ကျော်လွန်တဲ့အထိ လေ့လာပြီး ဗုဒ္ဓဘာသာဝင်တယောက် ဖြစ်လာသူဆိုတော့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး အသိတရား နည်းသေးတယ် ဆိုရင်တောင်မှ သဒ္ဒါတရားမှာ ဒီထက်ပိုလျှော့သွားမည့်သူ မဟုတ်တော့ဘူး။ ဒါကြောင့်မို့ ဒီဘ၀မှာ အယူမှားနိုင်စရာအကြောင်း လုံးဝမရှိနိုင်တော့ဘူး ဆိုတာကျွန်မရဲ့ ဘာသာရေး ဗဟုသုတနဲ့ သဒ္ဒါတရားက အနညှ်းဆုံး ဒီဘ၀တသက်စာ အတွက်တော့ လုံလောက်တဲ့ အာမခံချက် ရှိပြီးသားပါ။ ကဲကဲ ကျွန်မပို့စ်ကို သေသေချာချာ ပြန်ဖတ်ကြည့်စေချင်တယ်။ ဘာပဲဖြစ်ဖြစ် စိတ်ဝင်စားပြီး အကြံပြုတဲ့ အကြံပြုချက်အတွက်တော့ ကျေးဇူးတင်ပါတယ်။

ကဲကဲရေ.. သိသလောက်ပြောပြပေးပါဦး။ အမေရိကာက ဘုန်းကြီးကျောင်းတွေဆီမသွာခင် ကဲကဲဆီမှ ကျကျနနလေ့လာထာတာတွေကို ဒီအကြောင်းအရာနဲ့ပါတ်သတ်လို့ ဝေးငှပေးစေလိုပါတယ်။ နားလည်မယ်ထင်ပါတယ်....

ဒီကနေ့ တန်ခိုးကြီးဘုရားတွေဟာ ဗုဒ္ဓမြတ်စွာရဲ့ ဆံတော်၊ ဓာတ်တော် တွေ ဌာပနာထားပြီး ရင်ငွေ့တော် ခိုလှုံထားတဲ့ စေတီတွေပါ။ ဘာလို့ မရှိတော့ဘူးလို့ ယုံကြည်ကြတာလဲ။ တကယ်ကို သက်ရှိထင်ရှားရှိသလောက်ကို အာဘော်တွေ၊ အငွေ့အသက်တွေ ရှိနေပါသေးတယ်။ ကျွန်တော် ဒီတစ်ချက်လို သွားတဲ့အတွက် ကလေး နည်းနည်း အတွေးလွဲသွားတာ စိတ်မကောင်းပါဘူး။ နောက်တော့ နားလည်သွားလိမ့်မယ် မျှော်လင့်ပါတယ်။ ဒီလောက်ကောင်းတဲ့ အရာကို လွဲသွားမယ်ဆိုရင်တော့ ဆုတောင်းပေးရုံကလွဲပြီး မတတ်နိုင်တော့ပါဘူး ညီလေးရယ်။ ကျွန်တော် လိုက်ရှာကြည့်သေးတယ်၊ အတူရှိတယ်ဆိုတဲ့ ထာဝရဘုရားရဲ့ ဓာတ်ပုံတွေ၊ တစ်ပုံမျှမတွေ့ခဲ့ပါဘူး။ ဒါဆိုညီလေး စဉ်းစားကြည့်ပါ။ ယုံကြည်စိတ်မပါဘဲ ဘုရားကို ဆွမ်းတွေ ရေချမ်းတွေ ကပ်ပါလို့တော့ မတိုက်တွန်းပါဘူး။ ဒါပေမယ့် ဗုဒ္ဓဘာသာဝင်အစစ်တွေ ဘယ်လောက် စေတနာ ကောင်းတယ်ဆိုတာ ခံစားမိမယ်ထင်ပါရဲ့။
~~~~~~~~~~~~~~~~
မခင်မင်းဇော်ရေးတာလည်း ဟုတ်ပါတယ်။ ဒါပေမယ့် သူယုတ်မာကိုမှ လှူချင်ပါတယ်ဆိုတဲ့ သူတွေ ကျွန်တော် ဘယ်လိုက်ရှာရမလဲမသိဘူး။
အကျိုးလိုလို့ ညောင်ရေလောင်းတာတော့ များပါတယ်၊ ဒါပေမယ့် ကံကံ၏အကျိုးကို ယုံကြည်ရင်တော့ ဘာလုပ်လုပ် အကျိုးကို မျှော်စရာ မလိုကြောင်းပါ။ အသေအချာ ရလာပါလိမ့်မယ်။

အခုလို ၀ိုင်းပြောလိုက်ကြတော့လည်း ပြီးသွားတာပါပဲ။

မငယ်နိုင်..
မငယ်နိုင်ရဲ့ သားသားမေးခွန်းအတွက် ညီမလေး တော်တော်ခေါင်းစားသွားတယ်..
မငယ်နိုင်ဘလော့ကို စမှတ်မိတာ အဲဒီအချိန်က စတာပါ။ ကွန်မန့် ရေးဖို့ တော့ မတတ်နိုင်သေးဘူး။ (ခုလည်း သူများကွန်မန့် တွေ မဖတ်ရသေးဘူး)
အဲဒီမေးခွန်း သူများတွေကိုလည်း မေးမိတယ်..
ညီမလေး ခုဖတ်နေတဲ့ စာအုပ်ကို မငယ်နိုင် အချိန်ရရင် ဖတ်စေချင်ပါတယ်..
အရှင်ဇနကာဘိဝံသ(တောင်မြို့ ဆရာတော်) ရဲ့ အခြေပြုပဌာန်းကျမ်း ပါ။
ပြီးတော့ မပြီးသေးပါဘူး။ ဖတ်လက်စ စာအုပ်ပါ။ ဖတ်နေရင်းနဲ့  တချို့ နေရာတွေမှာ မငယ်နိုင်သားသားအတွက် ရှင်းလင်းတဲ့ အဖြေတခု ရလောက်တယ်လို့ တွေးမိပါတယ်..
ကလေးရဲ့အတွေးနဲ့ အမေးကို တလေးတစားရှိတဲ့ မငယ်နိုင်ကို ချီးကျူးပါတယ်..
ဒါဟာ အရေးကြီးတဲ့အချက်လို့ ညီမလေး ခံယူထားလို့ ပါ။
လာလည်တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။ လာလည်တဲ့လူအတွက် အချိန်ပဲ ကုန်တဲ့နေရာတခုလို့  ယူဆလို့  ခု ပိတ်ထားပါတယ်..
ချစ်ခင်စွာဖြင့်
nn

NN ရေ သားသားက ဒီကိစ္စကို ရှင်းသွားပါပြီ။ ဒါက သဒ္ဒါတရားအပေါ်မှာပဲ အခြေခံနေတာပါ။ အစ်မကလည်း သူမေးတာကို နားမလည်လို့ မဟုတ်ပါဘူး သူ့ကို သူနားလည်တဲ့ စကားလုံးနဲ့ မရှင်းပြတတ်တာသာ ဖြစ်တယ်။ လာဖတ်တဲ့အတွက်ရော သိစေချင်တဲ့ စေတနာနဲ့ စိတ်ဝင်စားတဲ့အတွက်ပါ ကျေးဇူးတင်ပါတယ် ညီမေရေ..

ဒကာမကြီး Nge Naing
ဆရာတော် တစ်ပါးထံ မေးပေးထားသောအဖြေ ဒီနေ့ ရလာသည့်အတွက်

ဒီနေရာမှာဘဲ ထားခဲ့လိုက်ပါတယ်...

မိသားစုအားလုံး ကိုယ်ရောစိတ်ပါ ငြိမ်းချမ်းကြပါစေ...
ဦးလောကနာထ
၁၁.၁၆.၂၀၀၉

အရှင်ဘုရား အခုလို တကူးတက တဆင့် မေးခွန်းမေးပြီး ဖြေကြားပေးတဲ့ အတွက် ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် သာဓုခေါ်ပါတယ်ဘုရား။ ဖြေပေးထားတာကို စိတ်ဝင်စားသူ အများဖတ်ပြီး ကုသိုလ် ပွားနိုင်အောင် ပို့စ်တခုအဖြစ် မိတ်ဆက်ပေးပြီး ပြန်တင်ဖို့ စီစဉ်ထားပါတယ် ဘုရား။ ဒါပေမယ့် အခု တဆင့် မေးခွန်းမေးပေးတဲ့ ဆရာတော်ဦးလောကနာထနှင့် ဖြေကြားပေးတဲ့ ဆရာတော် နှစ်ပါးစလုံးကို ဘယ်က ဆရာတော်တွေဆိုတာ သိခွင့်ရမယ်ဆိုရင် တပည့်တော်မ သိချင်ပါတယ်ဘုရား။ ဦးလောကနာထ သီတင်းသုံးတဲ့ အလိုတော်ပြည့်ကျောင်းက ဘယ်မှာ ရှိတယ် ဆိုတာ မသိသလို ဖြေကြားပေးတဲ့ ဆရာတော်ကို နာမည်ကိုလည်း မတွေ့ရတဲ့အတွက် အနည်းဆုံးတော့ ဆရာတော်နာမည်၊ ကျောင်းတိုက်နဲ့ ဆရာတော် နှစ်ပါးစလုံးရဲ့ သီတင်းသုံးတဲ့ နေရာလေး သိပါရစေဘုရား။

လေ့လာသွားပါသည်

ယခုအခါ မြန်မာနိုင်ငံသို့ နိုင်ငံခြားသားတွေ အဆက်မပြတ် ရောက်လာနေကြတယ်။

ရောက်လာရင် အများအားဖြင့် ရွှေတိဂုံဘုရား ပုဂံဘုရားများ မန္တလေးမဟာမြတ်မုနိဘုရား စစ်ကိုင်းဘုရားများကို လည်ပတ်ဖူးမြော်ပြီး အဆင်သင့်ရင် တောင်ကြီးနဲ့ အင်းလေးကန်သို့ တစ်ရက်သွားလည်ကြတယ်။

ပြီးတော့ပြန်ကြတာပဲ။

မကြာသေးမီအချိန်က အင်္ဂလိပ် ပါမောက္ခ နှစ်ယောက်နဲ့ အမေရိကန် ပါမောက္ခတို့ မြန်မာနိုင်ငံသို့ ရောက်လာကြတယ်။

ထုံးစံအတိုင်း ဘုရားဖူးကြတဲ့အခါ 'အုတ်ပုံစေတီကို လူတို့က ပန်းပူဇော်တာ မီးပူဇော်တာ ရှိခိုးတာတွေဟာ ဘာအကျိုးကျေးဇူးရှိသလဲ'လို့ တွေ့တဲ့လူကြီးတွေကို မေးကြတယ်။

အင်္ဂလိပ်လိုမေးတယ်ဆိုတော့ မြန်မာဂေါပကလူကြီးတို့က ဖြေဖို့ခက်နေကြတယ်။

အဲ ... ဆူးလေးဘုရားကို ပါမောက္ခအဖွဲ့ ရောက်လာကြတယ်။

ထုံးစံအတိုင်း သူတို့ရဲ့မေးခွန်းကို ဂေါပကလူကြီးများကို မေးတယ်။

လူကြီးတွေ စေတီရင်ပြင်မှာ နေ့စဉ် တစ်နေကုန် ဝေယျာဝစ္စပြု လုပ်နေတဲ့ မစ္စတာဘဲလူး ကို အခေါ်ခိုင်းလိုက်ကြတယ်။

မစ္စတာ ဘဲလူးဟာ ဘရုတ်ကင်း အင်္ဂလိပ်ရှ် (Broken English) တော်တော်ပြောနိုင်တာကိုး။

မစ္စတာဘဲလူး ရောက်လာတဲ့အခါ အမေရိကန်ပါမောက္ခက မေးတယ်။

Why do you worship this Pagoda?
ဒီစေတီကို သင်တို့ဘာကြောင့် ကိုးကွယ်ကြသလဲ။

This Pagoda is made of bricks.
ဒီစေတီဟာ အုတ်နဲ့ တည်ဆောက်ထားတယ်။

Your houses are made of bricks.
သင်တို့ရဲ့အိမ်များကို အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

And your offices are made of bricks.
ပြီတော့ သင်တို့ရဲ့ရုံးများကိုလဲ အုတ်နဲ့ပဲ ပြု လုပ်ထားကြတယ်။

What is the difference?
ဘာခြားနားမှုရှိသလဲတဲ့။

အဲဒီအခါ မစ္စတာဘဲလူးက အမေရိကန်ပါမောက္ခကို ပြန်မေးတယ်။

Do you have a wife, mister?
ဆရာ ... သင့်မှာ ဇနီးမယား ရှိသလား။

Oh yes. အိုး ... ရှိတာပေါ့။

Do you have mother?
သင့်မှာ အမေရှိရဲ့လား။

Oh yes, I have.
ဟ ... ရှိတာပေါ့ကွာ။

Do you have sister?
သင့်မှာ ညီမကော ရှိသလား။

Oh yes. အိုး ... ရှိပါတယ်။

Now at night with whom do you sleep?
ကဲ... မိုးချုပ်တဲ့အခါ သင် ဘယ်သူနဲ့ အိပ်သလဲ။

Of course, I sleep with my wife.
ဟာကွာ ... ငါ့ဇနီးနဲ့အတူ ငါအိပ်တာပေါ့။

Why don't you sleep with your mother?
သင့်အမေနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

Why don't you sleep with your sister?
သင့်နှမနဲ့ ဘာကြောင့် အတူမအိပ်သလဲ။

Your mother is woman.
သင့်ရဲ့အမေဟာ မိန်းမပဲ။

Your sister is also woman.
သင့်နှမကလဲ မိန်းမပဲ။

And your wife is woman.
ပြီးတော့ သင့်ဇနီးကလဲ မိန်းမပဲ။

What is the difference?
ဘာခြားနားမှုရှိသလဲ။

အဲဒီအခါ အမေရိကန်ပါမောက္ခက မျက်လုံးမျက်ဆံပြူးပြီး ပြောလိုက်တယ်။

Oh boy, I get your point.
ဟုတ်ပြီကွာ မင်းဆိုလိုတာကို ငါနားလည်ပြီ။

မစ္စတာဘဲလူး နှာနှပ်ပေးလိုက်တာ အမေရိကန် အင်္ဂလိပ်ပါမောက္ခတွေ မေးခွန်းထပ်မမေးနိုင်ကြတော့ဘဲ နှုတ်ပိတ်ပြီး ခေါင်းတညိတ်ညိတ်နဲ့ ထွက်ခွာသွားကြတော့တယ်။

အခြားဘာသာအယူရှိကြတဲ့ နိုင်ငံခြားသားတို့ဟာ စေတီကို အုတ်ပုံလို့မြင်နေကြတယ်။

သစ္စာလေးပါးကိုမြင်သိတဲ့ ဗုဒ္ဓဉာဏ်တော်နဲ့ သဗ္ဗညု တဉာဏ်တော်ကို ကိုယ်စားပြု တဲ့အထိမ်းအမှတ်ဖြစ်တာကို သူတို့ မမြင်နိုင်ကြဘူး။

ဒီဉာဏ်တော်တို့ဟာ ထိပ်တန်းအကျဆုံး အမြတ်ဆုံး ဉာဏ်တော်များဖြစ်ကြလို့ ဒီဉာဏ်တော်ဆီသို့ အာရုံညွှတ်သွားနိုင်တယ်ဆိုရင်ပဲ ကြည်ညို စိတ်ဖြစ်သွားတယ်ဆိုရင်ပဲ ကြီးကျယ်တဲ့ ကုသိုလ်ကံစေတနာတွေ ကုဋေချီပြီး ဖြစ်ပေါ်လာကြတာကို သူတို့မသိကြဘူး။

(ဒေါက်တာမင်းတင်မွန်)
မြတ်ဗုဒ္ဓ စာအုပ်မှ