မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

Happy Father Day


အဖေနေ့လက်ဆောင်ပေးစဉ်


HAPPY FATHER DAY

I love you dad
Even though you get me mad.

You always do everything for me
Even though you have a sore knee.

You take me to Saturday school
But you always need to go to the loo.
Although you are funny
You never forget to give me money

This is my present for you today
"Thank you very much dad" I say
Happy Father Day!

(Mg Toee Nanda)
6/09/09

ပျော်ရွှင်သော အဖေနေ့

ဖေဖေဟာ သားသားကို အရူးလုပ်တတ်ပေမယ့်
ဖေဖေ့ကို သားသား ချစ်ပါတယ်။

ဖေဖေဟာ ဒူးခေါင်းနာနေတဲ့အချိန်မှာတောင်မှ
သားသားအတွက် အရာအားလုံးကို ဖြည့်ဆည်းပေးပါတယ်။

ဖေဖေဟာ သားသားကို စနေနေ့ ကျူရှင်ပို့ပါတယ်
ဒါပေမယ့် ကျောင်းရောက်တိုင်း အဖေဟာ အိမ်သာပြေးဖို့ အမြဲကြုံရတယ်။
ဒီလို ရယ်စရာဖြစ်လောက်အောင် မအောင့်နိုင် ဖြစ်နေတဲ့ကြားက
ဖေဖေဟာ သားသားကို မုန့်ဖိုးပေးခဲ့ဖို့တော့ တခါမှ မမေ့ခဲ့ပါဘူး။

ဖေဖေ့အတွက် သားသားရဲ့ ဒီနေ့လက်ဆောင်ကတော့
“ကျေးဇူးအများကြီးတင်ပါတယ် ဖေဖေ” လို့ သားသားပြောပါတယ်
ပျော်ရွှင်သော အဖေနေ့ဖြစ်ပါစေ။ ။
(မောင်တိုးနန္ဒ)

(ဘာသာပြန်သူ ငယ်နိုင်)

ကျွန်မသားလေးက သူ့ကို မခံချင်အောင် အမြဲပဲ လိုက်စတတ်တဲ့ သူ့အဖေကို အိမ်ကမထွက်ခင် ကိစ္စပြီးအောင် မလုပ်ခဲ့ပဲ သူ့ကို ကျောင်းပို့ရင်း ကျောင်းရောက်မှ ဒီလိုပဲ မကြာခဏ ပြာယာခပ်ပြီး အသဲအသန် အိမ်သာရှာရတဲ့ အဖြစ်ကို အကြောင်းပြုပြီး ဖခင်များနေ့နဲ့ ကြုံတုန်း သူက ဒီကဗျာနဲ့ သူ့အဖေကို ပြန်စထားတာ ဖြစ်တယ်။









13 comments:

မငယ်သားက ကဗျာရေးကောင်းပဲဗျ...
ဘာသာပြန်သူလည်း ပီပြင်ပါတယ်ဗျာ...

မိသားစုပျော်ရွှင်ပါစေ

ကိုကျော်နိုင်ကိုလည်းသတိရကြောင်းပြောပေးပါဦး

မငယ်နိုင် ရေ..သားအဖ တွေ ကြည်နူး ပျော်ရွှင်စရာ။ သားလေးက.. အမေတူလား..အဖေတူလား..ကဗျာတွေ တောင် စပ်နေပီ.း)

မငယ်နိုင်
ဒီကဗျာလေးကိုဖတ်ပြီး ကျမသားနဲ့သူအဖေလို့ပါဘဲ.လိုဆိုပြီးပြုံးနေ
မိတယ်.အမြဲသာယာပျော်ရွှင်သောမိသားစုလေး
ဖြစ်ပါစေရှင်။

လေးစားစွာဖြင့်
မြတ်လေးငုံ

ကြည့်စမ်းပါဦး
ကောင်းလိုက်တဲ့ ကဗျာ !!!

:))))

ပျော်ရွှင်စရာမိသားစုဘ၀လေးနော်။

အမ ရေ ..တူတော်မောင်ကဗျာ ကို ဖတ်ပြီး ...။
ကွန်မန်းမပေးဖြစ်ဘူး ။အလုပ်များနေတာနဲ့
ခုမှပြန်လာမန့်တယ်။တော်လိုက်တာနော် ကျွန်တော်တို့ တုန်းက ဒီအရွယ် ဖခင်ကို လက်ဆောင်ပေး ဖို့ ကဗျာ ရေးဖို့ နေနေသာ ကစားကောင်းတဲ့ အရွယ်ဗျို့...။
အဟတ် ..အကိုတို့ များနော် နာမည်ကြီးချင်တော့ အဲလိုပဲ သား သား က ဒါရိုက်တာ
အမေက ထုတ်လုပ်သူနော်..အကိုတော် ကတော့ နာမည်ကြီးမင်းသား ကိုဖြစ်ကရော...။အဟဲ...စတာနော် စိတ်မဆိုးရဘူး။
မိးသားစု ပျော်ရွှင်အေးချမ်းပါစေဗျာ။

ခင်မင်မှုဖြင့် -
အားလုံးကိုပျော်စေချင်တဲ့....

ကဗျာလေးကချစ်စရာလည်းကောင်းတယ်
ရီလည်းရီရတယ်
အမသားလေးကတော်တော်
ဥာဏ်ကောင်းတာပဲ
ထူးချွန်ထက်မြက်တဲ့သားလေးဖြစ်ပါစေ

ကဗျာလေးက ချစ်စရာကောင်းလိုက်တာ
ဥာဏ်ကောင်းတဲ့သားလေးက သူ့ဖေဖေကို တရင်းအနှီး ချစ်စနိုးကျီစယ်ပုံက အသည်းယားစရာ။

7 Sep 09, 13:44
nn: အင်းး.. တော်လိုက်တဲ့ ကလေးလေး.. ချစ်ဖို့ ကောင်းတဲ့ စိတ်ကူး.. ထက်လိုက်တဲ့ ကဗျာဥာဏ်.. ဝမ်းသာကြည်နူးမှု ပြည့်သွားမယ့် အဖေနေ့ .. အင်း ဖတ်တဲ့သူလည်း ကြည်နူးတယ်.. လိပ်စာတော့ ထားခဲ့တယ် မငယ်နိုင်.. အားတော့နာတယ်

7 Sep 09, 23:33
ဘုန်း: ကဗျာလေးက ချစ်စရာ၊ပီတိဖြစ်စရာတွေနဲ့ စုံလို့ပါပဲ ကောင်းတယ်။

6 Sep 09, 22:40
mie nge: သားသားရေးတဲ့ကဗျာလေးဖတ်သွားပါတယ်။

ကဗျာလေးက ချစ်စရာကောင်းလိုက်တာ ဖတ်ရတာ သိပ်ကြည်နူးစရာကောင်းတာပဲ =)

သားသား ကဗျာလေးကို လာရောက် အားပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။ မကေသွယ်မေးတဲ့ အမေတူလား အဖေတူလားဆိုတော့ အမေနဲ့အဖေ တယောက်မှ ကဗျာမစပ်တော့ ဘယ်သူ့နဲ့မှ မတူဘူးလို့ ပြောရလိမ့်မယ်။

အင်္ဂလိပ်ကဗျာ ရေးတတ်တဲ့သားကို အီး(english)ကဗျာ တခါမှ ရေးဖို့မစဉ်းစားဖူးတဲ့
(မစဉ်းစားမိတာက အီးလိုရေးကိုမရေးတတ်လို့
အဖတ်သက်သက် ဖတ်ရင်းအားပေးနေတဲ့)ဦးဦးက
အလွန်အကျုး ချီးကျူးစကားပြောလိုက်ပါကြောင်း
သားသားကို ဘာသာပြန်ဆို ပြောပြပေးပါနော်။

ကိုအိုးဝေ ကျွန်မသားက ဗမာလို နားလည်ပါတယ်။ ပြောတာပဲ သိပ်မသန်တာပါ။ ဖတ်ပဲ ဖတ်ပြစရာ လိုပါတယ်။ သားကို အားပေးတဲ့အတွက် ကျေးဇူးနော့်။ သူလည်း သူ့ကို ချီးကျူးပြီး မှတ်ချက်ပေးထားရင် ပျော်တတ်နေပြီ သိနေပါပြီ။ အရင်ကဆို မြန်မာစာကို သင်ဖို့ စိတ်မ၀င်စားပေမယ့် အခုတော့ ရေးထားတဲ့ စာတွေကို လိုက်လိုက် ပေါင်းဖတ်တတ်လာပြီ။ ဒါနဲ့ပဲ သူမြန်မာစာသင်ဖို့ကို ပိုပြီး စိတ်ဝင်စားအောင် စည်းရုံးနေရတယ်။