မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

‘လည်း’ ကြိုက်သူများ သတိထား


၁၉၈၅/၈၆ ပညာသင်နှစ်ဖြစ်တဲ့ ကျွန်မတို့ ၇ တန်း စတက်တဲ့နှစ်မှာ ပညာရေးကို စနစ်ဟောင်းကနေ စနစ်သစ် စပြောင်းပြီး စာလုံးပေါင်း အတော်များများ ပြန်ပြင်ရေးရတာကို ကျွန်မ ကောင်းကောင်း မှတ်မိနေပါတယ်။ အကုန်လုံးကို မမှတ်မိပေမဲ့ အထူးသဖြင့် တခု၊ တကောင်၊ တယောက်ကို တစ်ခု တစ်ကောင် တစ်ယောက် လိုက်ရေးရတာ၊ သင်္ချာစာအုပ်ထဲက ဂဏန်းတွေနဲ့ အက္ခရာတွေ အားလုံး အင်္ဂလိပ်လို ပြောင်းသွားတာတွေ ဥပမာ (၂က + ၃ခ) ကို (2x + 3Y) လို့ ပြောင်းရေးရတာတွေကို ကောင်းကောင်း မှတ်မိပါတယ်။ ဒါပေမဲ့ အဲဒီတုန်းက ‘လည်း’ နှင့် ‘လဲ’ ကို ပြောင်းရေးရတာကို မမှတ်မိသလို ဘယ်တုန်းက ပြောင်းသွားတယ် ဆိုတာလည်း ကျွန်မ မသိခဲ့တာ အမှန်ပဲ။ အခုနောက်ပိုင်း စာတွေမှာ မေးခွန်းကို ‘လည်း’ နဲ့ ရေးထားတာ တွေ့တိုင်း ကျွန်မမျက်စိထဲမှာ ကိုးလိုးကန့်လန့် အမြဲဖြစ်မိတယ်။ ကျွန်မကိုယ်တိုင်ကလည်း သတ်ပုံမှန်သူ တယောက် မဟုတ်သလို ဒါတွေကို ဘယ်တုန်းက ပြောင်းပြီး ဘယ်သူမှားတယ်၊ မှန်တယ်ဆိုတာ အတိအကျ မသိတဲ့အတွက် ရှေ့မီနောက်မီ ဖြစ်တဲ့ အဘရဲ့ အတွေ့အကြုံနှင့် အမြင်လေးတွေကို အများသိအောင် မျှဝေပေးလိုက်ပါတယ်။



မြန်မာနိုင်ငံသည် အင်္ဂလိပ်- သက္ကရာဇ်- (၁၈၈၅) ခုနှစ်၊ မြန်မာသက္ကရာဇ် ( ဦးကေါင်းလိမ်ထုတ်၊ ထီးနန်းပြုတ်) ၁၂၄၇- ခုနှစ်တွင် အင်္ဂလိပ်လက်အောက် ကျွန်သားပေါက် ဖြစ်ခဲ့ရသည်မှာ မှန်သော်ငြားလည်း ပြည်သူလူထုအနေအားဖြင့်မူ ထိုခေတ်တိုင်မှီကပင် မိမိတို့အထက်မှ ဓါးမိုးအုပ်ချုပ်မင်းပြုလုပ် နေသူများမှာ မိမိတို့လူမျိုးချင်ပင် ဖြစ်လင့်ကစား (မြန်မာစာပေ စတင်ပေးပေါက်လာသည့် ပုဂံခေတ်မတိုင်မှီ) ရှေးလွန်လေပြီးသော တကောင်း ‘အဘိရာဇာ’ ခေတ်မှစ၍ (မြန်မာ မင်းဆက် လုံးဝပြတ်သွားသည့်) သီပေါမင်းခေတ်အထိ ထိုခေတ်အဆက်ဆက် အုပ်ချုပ်သူ ဘုရင်းများနှင့်တကွ မူကြီးမတ်ရာ သေနာပတိတို့အား မိမိတို့၏ အရှင်သခင်များ အဖြစ်လည်းကေါင်း၊ ထိုအတူ မိမိတို့ကိုယ်ကို (ထိုသူများ၏) ကျေးကျွန်များအဖြင့် လည်းကောင်း သတ်မှတ်ကါ၊ ဒူးတုပ်ရှိခိုး လက်စုံမိုး၍ (ကျွန်တော၊် ကျွန်မ၊ ကျွန်ုပ်) ဝေါဟာရ များဖြင့် ရေးသားပြောဆိုလာခဲ့ကြသည်။

အချိန်ကာလ များစွာ ကြာမြင့်လာသည်နှင့်အမျှ သေးနုပ်လွန်းလှသည့် ကျွန်ုပ်စိတ်၊ ကျွန်တော်စိတ်၊ ကျွန်မစိတ် မကုန်အောင် ဆွဲဆောင်ပုံသွင်း သူတို့၏ ခြေတော်ရင်း၌ ဝပ်စင်းနေအောင် ဖန်တီးထားရာရောက်သော ထိုဝေါဟာရများကို မနှစ်သက်ကြသော ရှေးခေတ်က (ဇာတ်ကြီးဆယ်ဘွဲ. ပါဠိ+မြန်မာ ဘာသာပြန်) ဆရာတော် ဦးသြဘာသနှင့်တကွ အခြား ကျမ်းပြုဆရာတော်များသည် မိမိတို့ပြုစုသော ကျမ်း၏ ကျမ်းဦးအစပဏာမ ဘုရားရှိခိုးနှင့် နိဒါန်းပုဒ်များကို ဖွင့်ဆိုရာ၌ (အဟံ) ဟူသောပါဠိကို အနက်ပြန်ဆိုရာတွင် (အဟံ= ကျွန်န်ုပ်သည်) ဟူ၍မသုံးစွဲဘဲ (အဟံ= ငါသည်) ဟူ၍လည်းကောင်း၊ (အဟံ= တပည့်တော်သည်) ဟူ၍လည်းကောင်း သုံးစွဲသွားကြခြင်း ကပင်လျှင် (ကျွန်တော၊် ကျွန်မ၊ ကျွန်ုပ်) စသေါ ကျွန်စော်နံနေသည့် ဝေါဟာရများကို နူတ်ကျိုး လက်ကျိုး ကျွန်တော်မျိုးဘဝမှ ရုန်းထွက်လိုသူများ သတိထားရမည့် အချက်ပင် ဖြစ်လေတော့သည်။

ထိုကြောင့် သက်ဦးဆံပိုင် ရှင်ဘုရင်များ ခေတ်ကစတင်၍ ယနေ့အထိ ပြည်သူတရပ်လုံးအား ကျွန်ဇာတ် သွင်းလာခဲ့သည်ကို (ကျွန်တော်၊ ကျွန်မ၊ ကျွန်ုပ်) ဟူသေါ လွန်စွာ အောက်တန်ကျပြီး ကျွန်စိတ်မကုန်အောင် လုပ်ထားရာရောက်သော ထို “နာမ်းစါး” ပုဒ်များအစား …. မိမိတို့ ရေးသား+ ရိုက်နှိပ်ကြမည့် ဝတ္ထု၊ ဆောင်းပါး၊ ကဗျာ၊ မိန့်ခွန်း + သြဝါဒ စသည်များတွင် ငါ၊ မိမိ၊ ကျုပ်၊ ဖိုးဖိုး၊ ဖွားဖွား၊ မြေးမြေး၊ ဘကြီး၊ ကြီးဒေါ်၊ ဦးလေး၊ အဒေါ်၊ တူမောင်၊ တူမ၊ ဖေဖေ၊မေမေ၊ အကို၊ အမ၊ ညီလေး၊ မောင်လေး၊ ညီမ၊ သ္မီး၊ သါးသါး၊……. စသေါ အသုံးအနူန်းများနှင့် ကျနော်၊ ကျမ၊ ဤစါရေးသူ) စသည်အားဖြင့် သုံးနူန်း ပြောဆို ရေးသားသင့်သည်၊

ထို့အတူပင် ယ္ခုအခါ ပြည်ပသို့ အကြောင်း အမျိုးမျိုးကြောင့် နည်းအမျိုးမျိုးဖြင့် ရောက်ရှိနေကြသော စာရေးဆရာ စာရေးသူနှင့် (ကွန်ပြူတာစာရိုက် သူများအပါအဝင်) ပုံနိုပ်ထုတ်ဝေသူးများသည် မိမိတို့ဝါသနာပါ စိတ်အားထက်သန်ရာ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး စာအုပ်၊ စာတမ်းများကို ရေးသားပြုစုကြရာ၌ သတ်ပုံနှင့်ဝေါဟာရ စကားလုံးသုံးစွဲမူများတွင် ချွတ်ယွင်း လစ်ဟာချက် အမှားအယွင်းများ များစွာရှိနေသည့်အပြင်..(မြန်မာစာပေကို ဟုတ္တိ ပတ္တိ အတွင်းကျကျ အသေးစိတ် လေ့လာလျက်၊ သုတေသနပြုဖူးသူ မဟုတ်ရုံမက၊ မည်သည့်အချိန် မည်သည့် စာနယ်ဇင်း များတွင်မျှ ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ များကိုရေးခဲ့ဖူးသူ၊ တစုံတခုသေါ စာအုပ်၊ စာတမ်းကိုမျှ ရေးဖူးသူ စာရေးဆရာနှင့် ပညာရှင်လည်း မဟုတ်ပါပဲလျက်) အထူးသဖြင့် အာဏာဒမြ လူဗါလ ခေါင်းဆောင်ကြီးအဖြစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဥက္ကဋ္ဌ နိုင်ငံတော်သမ္မတ ဘိုယ်ချုပ်ကြီးနေဝင်းဘဝသို့ ရောက်သောအခါ သူကောင်းစါးစဉ်ကာလ သူ့အလိုကျ သူ့အရှိန်အဝါကြောင့် ဖြစ်ပေါ်လာခဲ့သေါ ‘ မြန်မာစါလုံးပေါင်း သတ်ပုံကျမ်း’ အတိုင်း တသွေမတိမ်း လိုက်နာကြလျက်.. (စာသံနှင့် စကားသံတွင် စကားသံကို စကားပြောဟန် အသံထွက်အတိုင်း ပီပီသသ မရေးကြ မရိုက်ကြသေးဘဲ ( ဘဝတပါး ပြောင်းသွားပြီးဖြစ်သော) ဘိုလ်နေဝင်း၏ ခြေဖဝါးတော်အောက် ပြားပြားမှောက်ရှိနေစဉ် ကာလများနှင့်မခြား (စာသံ ‘ လည်း’ နှင့်စကားသံ ‘လဲ’ ကိုခွဲခွဲခြားခြား ကွဲကွဲပြားပြား ကွယ်လွန်သူ (အမကြီး ဒေါ်အမာ) ကဲ့သို့ မရေးရဲကြသေးဘဲ တ (လည်း) တည်း (လည်း) ၍ ရေးနေ ရိုက်နေကြသည်ကို တွေ့ရသောအခါ.. ဘိုယ်နေဝင်း၏ ငယ်မွေးခြံပေါက် ဒူးထေါက်ခစါး ကျေးကျွန်ကြီးများ လက်အောက် မြန်မာနိုင်ငံအတွင်းရှိ စာရေးဆရာနှင့် စာပုံနှိပ်တိုက်များအဖို့ ‘ စာပေစီစစ်ရေးဌာန’ နှင့်မကင်းသောကြောင့် (မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ၊ သဒ္ဒါ + အလင်္ကာထိုကျမ်း ၂ ဖြာနှင့် ကိုက်ညီသည်ဖြစ်စေ မကိုက်ညီသည်ဖြစ်စေ လျှာမရှည်ဝံ့ကြသဖြင့်) ဒဏ်ရိုက်ခံရမည့် ဘေးနှင့် အပယ်ခံရမည့်ဘေးမှ ကင်းဝေးအောင် သူတို့အလိုကျ လိုက်လုပ်နေရခြင်းများကို မည်သို့မျှ အပြစ်မဆိုလို ပါသော်လည်း … စစ်အာဏာရှင်များ လက်အောက် ကျွန်သားပေါက်ဘဝမှ လွတ်မြာက်၍ (လွတ်မြောက် နယ်မြေအသီးသီး နိုင်ငံရပ်ခြား တိုင်ပြည်ကြီးများ၏ ဒီမိုကရေစီ ရင်ခွင်တွင် ပျော်ရွှင်စွာ နေထိုင်ရသူများဖြစ်၍) စာပေ စီစစ်ရေးဌာနနှင့် ကင်းဝေးနေသူများဖြစ်ပါလျက်.. အမှန်ကိုအမှန်အတိုင်း စကားသံကို စကါးသံ အတိုင်း ပီပီသသ မရေးရဲ ကြသေးဘဲ (ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း၊ သြဝါဒ၊ တင်ပြချက်များ အပါအဝင်) စကါးပြောဟန်ဖြင့် ရေးသားထားကြသည့် ဆောင်းပါး၊ ဝတ္ထု၊ ကဗျာ များ၌ပင်လျှင် ယနေ့တိုင်အောင် (လည်း) နှင့် (လဲ) ကိုမသဲမကွဲဘဲ လက်အန်သေကါ ဘိုယ်နေဝင်း ရှိစဉ်က အမိန့်အတိုင်း… မျက်စိ မှိတ်ကာဝိုင်းလိုက်နာပြီး၊ (လည်း) ၍မဆုံး (လည်း) မမုန်းဘဲ၊ (လည်း) ကိုပင်လျှင် ချစ်ကျွမ်းဝင်နေသူများအား တွေ့နေရပြန်သောကြောင့်… (“ခင်ဗျာတို့ဒီနေ့အထိ” ‘မြန်မာသတ်ပုံ” ကို မှန်မှန်မသုံးသေးဘူးလား၊ သတ်ပုံဆိုတာ စာဟန်အတိုင်းရေးသွားမဲ့ စာရေးဆရာနဲ့ ကျမ်းပြုဆရာတွေ အတွက်သာ ဖြစ်ပြီး..၊ ရည်းစားစာနဲ့ စကားသံပီပီသသ ရေးသားသွားကြမဲ့ စာရေးဆရာတွေ အတွက်မဟုတ်ဘူး နောက်ပြီး အဲဒီ (မ.ဆ.လ) ခေတ်က ထုတ်ခဲ့တဲ့ “မြန်မာစါလုံးပေါင်းသတ်ပုံကျမ်း” ထဲမှာ ရှေ.နောက်ဖေါ်ပြချက် မညီညွတ်ဘဲ ကွဲလွဲ နေတဲ့ အချက်တွေ၊ မှားနေတဲ့သတ်ပုံတွေ၊ ကျန်နေသေးတဲ့ သတ်ပုံတွေ ခေတ်ကာလ အခြေအနေအရ ကျိုး-ကြောင်း မဆီလျော်တော့တဲ့အတွက် ပြင်ကိုပြင်ရမဲ့ သတ်ပုံတွေရှိ နေတယ်ဆိုတာကိုရော သိကြရဲ့လား …..?။ နောက်ပြီး ရှေးခေတ် မြန်မာဘုရင်များ လက်ထက်က စကားသံနဲ့ စာရေးနည်းဟန် မပေါ်သေးဘဲ အင်္ဂလိပ်ခေတ် ရောက်တော့မှ ‘ဂန္တလောက’ မဂ္ဂဇင်းနဲ့ ‘ အိုဝေ’ မဂ္ဂဇင်းတွေထဲမှာ တက္ကသိုလ် ကျောင်းသားများရဲ့ တီထွင် စမ်းသပ်ချက်အရ ‘ ခေတ်စမ်းစါပေ’ အဖြစ်နဲ့ ပေါ်ပေါက်လာတာ ဆိုတာကိုရော သိကြရဲ့လား ….. ? ဟု မေးလိုပါသည်။ ။

မှားမှန်းသိလျှင် ချက်ချင်းပြင်၊ ဖြည့်ရန်ရှိလျှင် ချက်ချင်းဖြည့် ရှေးဟောင်းအယူအဆ ပြုပြင်သင့်လျင် ပြုပြင်ကြ၊ ခေတ်နောက်ကျသော အတွေးအခေါ် ဘေးချော်နေလျှင် စွန့်ပစ်ကြ၊ ကောင်းသော မှန်သော တရားသော လုပ်ငန်းဖြစ်ပါက ပူးပေါင်းပါဝင် လုပ်ကိုင်ကြ။ ။


( မြဝတီ) ရဲခေါင်
လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်

မြ၀တီ (ရဲခေါင်) ရဲ့ ကိုယ်ရေး ရာဇ၀င်အကျဉ်းကို ဤနေရာ မှာ ဖတ်နိုင်ပါသည်။

30 comments:

မငယ်ရေ.အဘရဲခေါင်ရဲ့စာကိုလာဖတ်ပါတယ်.
လေးစားပါတယ်ဗျာ.အဘကိုယ်တိုင်က တချို့နေရာတွေမှာ စာလုံးပေါင်းသတ်ပုံတွေမှားနေသလားလို့ဗျာ.
ဒါမှမဟုတ် ကျနော်ကိုယ်တိုင်လိုက်မမှီတာလားတော့ မသိဘူးဗျ..အဘဆောင်းပါးရဲ့ တချို့နေရာတွေမှာတွေ့ရတဲ့ စာလုံးပေါင်းသတ်ပုံတွေနဲ့ပတ်သတ်ပြီး ကျနော့်အနေနဲ့ ဇဝေဇဝါဖြစ်နေတဲ့ စာလုံးပေါင်းတွေကိုတွေ့ရပါတယ်..
ဥပမာ မောက်ချနဲ့ဝိုက်ချသုံးရမယ့်နေရာတွေမှာ ”စာ”ကအမှန်လား...ဒါမှမဟုတ် ”စါ”ကအမှန်လားဆိုတာမျိုးပေါ့ဗျာ။
နောက်ပြီးတခုထပ်သိချင်တာက အဘက
”ခေတ်နောက်ကြသော”လို့ ဆောင်းပါးထဲမှာ ရေးထားတာကိုလည်း တွေ့ရသေးပါတယ် အဲဒါက အမှန်လား......ဒါမှမဟုတ်ရင် ”ခေတ်နောက်ကျသော”က အမှန်လားဗျ..

စာလုံးပေါင်း သတ်ပုံကိစ္စတွေနဲ့ပတ်သက်ပြီး ဆွေးနွေးရရင် တကယ်တမ်းတော့ အုပ်ချုပ်မင်းလုပ်
သူတွေက စကားလုံးတွေ စာလုံးပေါင်းသတ်ပုံတွေကို မှောက်ချည် လှန်ချည်လုပ်နေကြရင်း လူတွေကို အမျိုးမျိုးဒုက္ခပေးနေကြတာပေါ့ဗျာ.ဒီလိုနဲ့ နောင်လာနောင်သားတွေအတွက် ယောင်ဝါးဝါးဖြစ်ကုန်ကြရတာပေါ့....”လဲ”နဲ့ ”လည်း”ကိစ္စမှာ မေးခွန်းကို ”လဲ”နဲ့ရေးခြင်းကအမှန်ဖြစ်တယ်လို့ ကျနော်လည်းထင်မြင်မိပါကြောင်းဗျာ...

ငယ်ငယ်က ဆရာကြီး ဦးဖေမောင်တင် ရဲ့ မြန်မာသဒ္ဒါ ကို သင်ခဲ့ရဖူးတယ်၊..လဲ နဲ့ လည်း အသုံးလဲ ပါတယ် ..သေချာအောင် အဲဒီစာအုပ်ကိုဗမာပြည် ပြန်မှာလိုက်အုန်းမယ်... ဦးဖေမောင်တင် တို့ ကျောက်စာဝန် ဦးမြ တို့ တော်စိန်ခို တို့ ဆိုတာ မြန်မာစာ မြန်မာသဒ္ဒါ နဲ့ ပတ်သက်ရင် ..တကယ့်ပညာရှင်ကြီးတွေ....

ကိုဆောင်ယွန်းလ
နောက်ကျတာနဲ့ ပတ်သက်ပြီး စာရိုက်မှားတာပါ။ ကျွန်မ ပြင်လိုက်ပါပြီ။ အခုလို အသိပေးတာ ကျေးဇူးတင်ပါတယ်။

ရေးချမှာ အရှည်နဲ့အတို ကွာနေတာကတော့ ဒါတောင် ကျွန်မတော်တော် လိုက်ပြင်ထားပါတယ်။ အဘက အခုလောလောဆယ် မဲလ်ဘုန်းမှာ ရောက်နေလို့ နောက်မှ သူနဲ့ အသေအချာ ပြန်စစ်ဆေးပြီးမှ တင်မယ်လို့ ပြောတာကို ကိုဆောင်းယွန်းလ သူငယ်ချင်းက လက်မခံပဲ ချက်ချင်းပဲ တင်ခိုင်းနေတာနဲ့ တင်ဖြစ်သွားပါတယ်။ အဘစာတွေအားလုံးကို အမျိုးသားက ရိုက်ပေးထားတာ ဖြစ်ပြီး သူ့လက်ရေး မူရင်းမှာ ဒီလိုပဲ ရေးထားတာ တွေ့လို့ ဒီလိုပဲ ရိုက်ထားတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ လက်ရေးမှာ ကိုယ့်လက်ရေးကိုယ် လှအောင် ကြိုက်သလို ရေးနိုင်ပေမယ့် ပုံနှိပ်စာကိုတော့ အများ သတ်မှတ်ထားတဲ့အတိုင်း ရေးရလိမ့်မယ်လို့ ကျွန်မယူဆလို့ လိုက်ပြင်ထားပါတယ်။ ဒါပေမဲ့ အဲဒါကို အတိအကျ သိရအောင် အဘ မဲဘုန်းလ်က ပြန်လာမှ မေးပေးပြီး ပြင်သင့်တာကို ပြန်ပြင်လိုက်မယ်။ ကျွန်မလည်း အဘရဲ့ သဘောထား အကုန်လုံးကို လက်ခံထားခြင်း မရှိပါဘူး။ အထူးသဖြင့် ကျွန်တော်၊ ကျွန်မ အသုံးအနှုန်းမှာ ဟိုတုန်းက ဘာကြောင့်ပဲ သုံးလာသုံးလာ အခုချိန်မှာ သိမ်ငယ်တဲ့ ဒီအစွဲကြောင့် မဟုတ်တော့ပဲ ဝေါဟာရ တခုအနေနဲ့သာ သုံးစွဲနေတာ ဖြစ်တယ်လို့ ယူဆပါတယ်။ ဒါကြောင့် ကျနော် ကျမပဲ သုံးသုံး ကျွန်တော်၊ ကျွန်မပဲ သုံးသုံး ကျွန်မအတွက်တော့ အတူတူပါပဲ။ ဒါပေမဲ့ ဗိုလ်ချုပ်နေ၀င်းလက်ထက်မှာ ရေးဆွဲတဲ့ စာလုံးပေါင်းသတ်ပုံ ကျမ်းမတိုင်ခင်က ဘာက အမှန်လဲဆိုတာကိုပဲ အဘပြန်လာရင် သိအောင် ပြန်မေးကြည့်ပြီး မှတ်ချက်မှာ ရေးပြီးဖြစ်ဖြစ် ပို့်စ်ထဲမှာ ဖြစ်ဖြစ် ပြန်ဖြည့်ပေးမယ်လို့ ကျွန်မ စဉ်းစားထားပါတယ်။

Agree with the usages, Ma. Food for thought for me. Thanks so much.

ဘိုယ်နေဝင်း ဆိုတဲ့ အသုံးက ဘိုယ် ဆိုတာကို ဖတ်မိတာ ထောက်နေသလိုပဲ။
ကိုယ်တိုင် .. ဆိုတဲ့ အသုံးမှာ ကိုယ် လို့တော့ သုံးပါရဲ့ ဒါပေမယ့် ဘိုယ် ဆိုတာတော့ မမြင်ဖူးသေးလို့ အထူးအဆန်း ဖြစ်နေတယ်။
ဗိုလ် တို့ ဘို တို့ ပဲ မြင်နေကျမို့ထင်ပါရဲ့...။

ဗိုလ်ချုပ်နေ၀င်းကို ဗိုလ်အဖြစ် အသိအမှတ်မပြုလို့ ဘိုယ်နေ၀င်းလို့ သုံးထားတယ်လို့ ပြောပါတယ်။ ဘိုယ်ဆိုတာ မကောင်းဆိုးဝါး တခုခုကို ရည်ညွန်းတာ ဖြစ်ပြီး ဘယ်လိုမကောင်းဆိုးဝါးဆိုတဲ့ အဓိပ္ပါယ် အတိအကျကိုတော့ နောက် ၂ ရက်ခန့်ကြာလို့ အဘ ဦးရဲခေါင် မဲဘုန်းလ်က ပြန်ရောက်လာရင် ကျွန်မမေးထားပေးပြီး မှတ်ချက်မှာ ဖြည့်ထားပေးမယ်။ စိတ်ဝင်စားပြီး ထောက်ပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ကို Boyz.

မြန်မာစာ သတ်ပုံ အသုံးအနှုန်းတွေ နဲ့ ပတ်သက်ပြီး ကိုယ်တိုင် က သိပ်ကျွမ်းကျင်သူ မဟုတ်တာမို့  ၊မငယ်နိုင် တင်ပြသွားတဲ့ " လည်း ၊ လဲ " တို့  "ကျွန်တော် ၊ကျွန်မ" တို့ မှာ ဘာမှ သိပ်ပြီး မပြောတတ်ပါ ။
(ငယ်ငယ်တုံးက စာလုံးပေါင်းမှားရင် မြန်မာစာ ဆရာမက လက်ဆစ်ကို ဒတ်စတာ နဲ့ ခေါက်တာ ဆိုတော့ စာလုံးပေါင်း မမှားရဲဘူး လေ ) ၊
ခုတော့ မီးဝေးချိတ် ဒါမှမဟုတ် ခွေးမြှီးကောက်ကျည်တောက်စွပ် ဆိုသလို ...ကိုယ့်ဟာကိုယ် အဆင်သင့်သလိုပဲ သုံးလိုက်တာ များပါတယ် ။
မြန်မာ နဲ့  ဗမာ ဆို သလို ရေးတော့ အမှန် ။ ဖတ်တော့ အသံ ဆိုကြ ပေမဲ့  ဗမာ လို့  ရေးရတာ ပိုအားရ သလို ပါပဲ ( ဘဲ )။ အဲ.. ရေးရင်းနဲ့  တွေ့ လာ ပြန်ပြီ .. ပဲ နဲ့  ဘဲ . .. ဖူး နဲ့  ဘူး ။
ခု လို ဘလောဂ်တွေ ရေးလာကြသူများလာတာနဲ့  အမျှ သတ်ပုံ အရေးအသား မှန်ကန်ဖို့ ဆိုတာ အရေးကြီး လာ ပါတယ် ။ ( ဆင်ဆာ မရှိ ..ကိုယ်ရေးချင်တာရေးပြီး ထုတ်ချင်သလိုထုတ်လို့ ရတဲ့ အခွင့်အရေး ရှိနေတာကိုး။း))
ဒါပေမဲ့  တချို့  နေရာတွေ မှာ ကျတော့ .. သူငယ်ချင်း ရင်းနှီးသူချင်း နောက်ပြောင်ကြတဲ့ အနေနဲ့  ရေးနေကြတာတွေ ..( ဥပမာ သယ်ရင်း ..နေကန်းလား .. ရောက်စ် .. ပြန်စ် ..လူဂျီးမင်း ..ဘူရဲကွ ..ဘီလိုဖစ် ..) အစရှိသဖြင့် မပီကလာ ပီကလာ.. ရေးလာကြတာတွေ တွေ့ ရပါတယ် ။ အချင်းချင်းတော့ နားလည်ကြတဲ့  စကားလုံး နဲ့  စာလုံးတွေလေ ။ ကိုယ်တိုင်လည်း အဲ့ဒီလို လိုက်ရေးရင်း နဲ့ တခါတလေ တကယ့်စာသံ ပေသံ ရေးရမဲ့  အချိန်ကျတော့ ဘယ်ဟာ အမှန် ဘယ်ဟာ အမှား ဆိုတာ ဝေခွဲ မရတတ် ဖြစ်ဖူးပါတယ် ။ အမှားများတာ ကြာတော့ အမှားကို အကျင့် ပါသွားတာ မျိုးပါ။
ဒါမျိုးကြတော့ ရော .. ခေတ်စမ်း စာပေ လို့  ယူဆ လို့  ရပါမလား ...
စာပေ အရေးအသား ဟာ ယဉ်ကျေးမှု တရပ် ဖြစ်တဲ့  အတွက် မှန်ကန်တာတွေ ကို ဆက်လက်ထိန်းသိမ်းကြဖို့  တကယ်ပဲ အရေးကြီး လှပါတယ် ။

ကိုယ့် အယူအဆ နဲ့  ထင်ရာ မြင်ရာလေးကို ဝင်ရေးမိတာပါ မငယ်နိုင်ရေ ။
အမှားလဲ ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ် ။

ခင်မင်စွာဖြင့်
ကိကီ.

အမေးမှန်ရင် “လဲ“ ကို သုံးရပါတယ်...
လဲကျ - ပြိုလဲ စသည်တို့မှာ “လဲ”ကိုသုံးပါတယ်...

မင်းလည်း - ငါလည်း စသည်တို့နဲ့ ယှဉ်ကြည့်ပါ...

ရေးချမှာကတော့ - ဥပမာ ဂ ကို ဂ +ာ = က နဲ့ တူနေမှာမို့လို့ မောက်ချ သုံးပါတယ်။ ဂ +ါ = ဂါ

သည်စည်းမျဉ်းနဲ့ မောက်ချကို သုံးပါတယ်။ ဒါကြောင့် ဂ၊ င၊ ဒ၊ ဓ၊ ပ၊ ၀ စတဲ့ စာလုံးတွေအားလုံးကို မောက်ချနဲ့ပဲ ရေးပါတယ်။
သည်စာလုံးတွေကို ၀ိုက်ချနဲ့ တွဲလိုက်ရင် -
ဂ +ာ = ဂာ
င +ာ = ငာ
ဒ +ာ = ဒာ
ဓ +ာ = ဓာ
ပ +ာ = ပာ
ဝ +ာ = ၀ာ - အခုလို ဖြစ်လာလိမ့်မယ်လေ။
ဒါကြောင့် မောက်ချပဲ သုံးရပါတယ်။

အပေါ်မှာ ကိကီ ပြောသွားတဲ့ “ပဲ” “ဘဲ” တို့ “ဖူး” “ဘူး” တို့ကတော့ အရင်တုန်းကလည်း ပညာရှင်တွေ အငြင်းပွားခဲ့ကြတာတွေ ရှိပါတယ်။ ပုံနှိပ်တိုက်တွေရဲ့ စံကို လိုက်ပြီး ကိုယ်ကြိုက်သလို သုံးခဲ့ကြတာတွေကြောင့်လည်း မူကွဲတွေ ထွက်လာခဲ့ရတာ ရှိပါတယ်။

ယေဘုယျကတော့ အတွေ့အကြုံကို ပြောရင် - “ဖူး” သုံးပါတယ်။ သွားဖူး - လာဖူး - စားဖူး - စသည်ဖြင့်။
အငြင်းဝါကျဆိုရင်တော့ “ဘူး” သုံးပါတယ်။ မသွားဘူး - မလာဘူး - မစားဘူး - စသည်ဖြင့်ပေါ့လေ။

မဟုတ်ဘဲ - မမှန်ဘဲ - မသိဘဲ - စသည်ဖြင့်
အငြင်းစကားဖြစ်တဲ့ “ဘဲ” အသုံးကလည်း ထို့အတူ အတူပါပဲ။ (ထို့အတူပါ-ဘဲ- မဟုတ်ပါ။)
“ပဲ ကတော့ အထက်မှ ပြောခဲ့တဲ့ အတူတူပါပဲ - တကယ်ပဲ - တယောက်ထဲပဲ - စသည်ဖြင့်။

ကြုံသလို ပြောပြသွားတာပါ။

အချိန်ရရင်တော့ သည်အကြောင်းကို စာတပုဒ် ရေးချင်ပါသေးတယ်။

ကျောင်းမှာသင်ခဲ့ရတဲ့အတိုင်းပဲ ရေးတတ်တာ...
သင်ခဲ့ရတဲ့ သတ်ပုံတွေက အမှားတွေလား အမှန်တွေလားလည်း မသိပါ... ဘယ်ခေတ်က သတ်ပုံကို အမှန်လို့ မှတ်ယူရမယ်ဆိုတာကိုလည်း မသိပါ... :)

မငယ်နိုင်ရေ မအယ်ကတော့ စာလုံးပေါင်း အင်မတန်ညံ့။
ဒါဟာ တကယ် မဖြစ်သင့်တဲ့ ဟာကြီးပါ။ ရှက်ဖို့တောင် ကောင်းတယ်လေ။

ချိုသင်းတို့ပြင်ထားလို့ တစ်ခု တစ်ကောင်ကနေ တခု တကောင် ဖြစ်နေတာ။

ပဲနဲ့ ဘဲလည်း ဒီလိုပဲ။ ခဏခဏ မှားနေတာပဲ။ ဒါလည်း ဘလော့ တခုကနေ သင်ထားတာ။

စာရိုက်ရင်လည်း ဖြစ် တို့ပြီးတို့ဆို မှားနေတာ။ ကိုဘွုက်စ် ပို့စ်လေး ဖတ်ပြီး ခု အကျင့်ပါအောင်ကိုပဲ ပြင်ပြင်ရေးနေရတယ်။

မသိဘူးတို့ မဟုတ်ဘဲတို့ဆို မနဲ့တွဲတာ ဘဲတွေ နာဘူးတွေလို့ မှတ်ထားလိုက်တယ် မမေ့အောင်လို့။

ခု လည်းနဲ့ လဲ လည်း မငယ်နိုင် ပို့စ် ကိုရော ကိုအောင်သာငယ် ပြောတာရော သေချာ မှတ်ထား အုန်းမယ်။ ဘယ်လောက် ကြာရင်တော့ မှန်သွား မယ် မသိပါဘူး။

မအယ်

အပေါ်က ကိုကြီးNai ပြောတဲ့ စာအုပ်တွေက အခုချိန်မရနိုင်တော့ဘူး ထင်တယ်။ ရရင် ကျွန်မလည်း တအုပ်လောက်လိုချင်တယ်။

သတ်ပုံနဲ့ ပတ်သက်ပြီး စိတ်ရှည်လက်ရှည် ဆွေးနွေးပေးသွားတဲ့ kiki, နဲ့ ကိုအောင်သာငယ်ကို ကျေးဇူးတင်ပါတယ်။

မအယ်ရေ ကျွန်မက ပိုဆိုးသေးတယ်။ ငယ်ငယ်က ကျောင်းမှာ စာလည်းတော်ခဲ့ပါတယ် လက်ရေးလည်း ၀ိုင်းစက်နေလို့ အမြဲချီးကျူးခံရတယ်။ ဒါပေမဲ့ မြန်မာစာမှာ သတ်ပုံမှားလွန်းလို့ သူငယ်တန်းကနေ ၁၀ တန်းတက်တဲ့အထိ အမှတ် ၇၀ ပြည့်အောင် တခါမှ မရဖူးဘူး။ ရပင့်နဲ့ ရရစ် လည်း အမြဲတမ်းရောတယ်။ ဒါပေမဲ့ လဲ နဲ့ လည်း တခုပဲ ကွဲတယ်။

ဘယ်ခေတ်ကအမှန် ဘယ်ခေတ်က အမှားဆိုတာကတော့ လူထုဆန္ဒနဲ့ အညီတက်လာတဲ့ အစိုးရ လက်ထက်က အမှန်၊ အာဏာကို ဓါးမြတိုက်ယူထားတဲ့ အစိုးရလက်ထက်ကျမှ လူထုဆန္ဒမပါပဲ စိတ်ကူးတည့်ရာ လျှောက်လုပ်ထားတာတွေက အမှားလို့ ဖြေရလိမ့်မယ်။

စိမ်းရေ- အစ်မတို့လည်း ဒီလိုပါပဲ ကျောင်းကသင်လာခဲ့တဲ့အတိုင်း သင်လာခဲ့တော့ တစ်ခု၊ တစ်ကောင် တစ်ယောက်လို့ လက်က စွဲနေရာကနေ တခု၊ တကောင်၊ တယောက် ဖြစ်အောင် နောက်ပိုင်းမှ တော်တော်လေး ပြန်ပြင်ယူရတယ်။

သိဖူး သိဘူး
ရုံလေးကတော့ ဘာမှသိဖူးလေ
၃ တန်းဆိုတော့ ကောင်းကောင်းသိဘူး

ခုလို တချို့  သိလိုက်ရတော့ ကျေးဇူးပါနော်

အခုလို သိတာကို ဝေမျှပေးတော့ ကျေးဇူးအထူးပါပဲ... မသိခင်ကတော့ မသိလိုပေါ့ .. သိသွားပြီးနောက်ပိုင်းမှာ ဆင်ချင်ရမှာပေါ့ ... ကျေးဇူးပါပဲ ...

ဒီလို ပို့(စ်)မျိုးမှာ ဆွေးနွေးကြတာ အတော် အကျိုး ထူးပါတယ်၊ ကိုအောင်သာငယ် ရှင်းပြတာတွေက အမှန်ပါပဲ၊ မြန်မာစာပေ ခေတ်လူငယ်တွေ ပုံသေ မှတ်သားနိုင်ဖို့ တခုခုတော့ ကျွမ်းကျင်သူတွေ သေခြာ လုပ်ဖို့ လိုအပ်ပါတယ်၊ ရှေ့မီကြီး အဘဦးရဲခေါင်ကိုလည်း သေခြာ မေးမြန်းပေးပါ မငယ်နိုင်၊ အတွေ့အကြုံတွေကို သိသလောက် ပြောပြ ရှင်းပြ သူတွေကိုလဲ ဘလော့ဂ်ပိုင်ရှင် ကိုယ်စား ကျေးဂျူးကဘာပါ။

24 Oct 09, 11:55
sdl: ‘လည်း’ ကြိုက်သူများ သတိထား ကို အမြန်ဖတ်သွားပါတယ်။ ပြီးမှ ထပ်လာကြည့်မယ်
24 Oct 09, 13:17
penai22: မယ်ဆင်..ရေးတော့အမှန်..ဖတ်တော့အသံတဲ့..အသံထွက်မမှားစေနဲ့
24 Oct 09, 13:17
ုkom: ‘လည်း’ နှင့် ‘လဲ’ ကိုတော့လက်ခံနိုင်ပေမဲ့ ကျွန်တော၊် ကျွန်မ ကပိုယဉ်ကျေးသလိုဘဲခံစားမိတယ်။ ဆောရီး
24 Oct 09, 14:38
Nge Naing: ကျွန်မလည်း ဒီလိုပဲ သဘောထားပါတယ် မခင်ဦးမေ။ ယဉ်ကျေးတဲ့အပြင် Formal ပိုကျတယ်လို့ ယူဆတယ်။
24 Oct 09, 14:56
သက်တန့်ချို: လည်းနဲ့လဲကိုလာဖတ်ပါတယ်အစ်မရေ..မှတ်သားသွားပါတယ်..ကျေးဇူးပါ...

25 Oct 09, 01:04
ကိုဇော်: အလည်လာသွားပါတယ်အမရေ မြ၀တီဦးရဲခေါင်ရဲ့  ပိုစ့်လေးကို ဖတ်သွားရလို့ကျေးဇူးတင်ပါတယ်ဗျာ

25 Oct 09, 05:02
အညတြ(ခေတ္တနယူးယောက်): လည်း နဲ့ လဲ ကိုကျုပ်ကြိုက်လို့ နှစ်ခါဖတ်ဖြစ်တယ် အစ်မ။ကျုပ်ခင်ဗျားကိုလေးစားပါတယ် အစ်မ။

ဒီပို့စ်နဲ့ ပတ်သက်ပြီး Comment မှာ မရေးပဲ C-Box ထဲမှာပဲ မှတ်ချက်ထားခဲ့သူတွေရဲ့ သဘောထားတွေကို Comment မှာ သိမ်းထားချင်လို့ ပြန်ကူးထားပါတယ်။

ရုံလေး၊ ကိုဇော် (ခြေလှမ်းသစ်)၊ ကိုဒူကဘာတို့ရဲ့ မှတ်ချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ အဘဦးရဲခေါင် ပြန်လာမှ ကျွန်မ အသေအချာ ပြန်မေးပြီး ပို့စ်ထဲမှာ ဒါမှမဟုတ် ဒီမှတ်ချက်ထဲမှာ ဖြစ်အောင် ပြန်ဖြည့်ပေးမှာပါ။

ကျွန်မ ဒီလို အဘဦးရဲခေါင်ရဲ့ စာတွေကို ဘလော့ဂ်မှာ ပြန်ဖေါ်ပြနေတဲ့ ရည်ရွယ်ချက်က ကျွန်မတို့ထက် အသက်အရ ၀ါအရကြီးပြီး အတွေ့အကြုံပိုများသူ တယောက်ရဲ့ ဗဟုသုနဲ့ အတွေ့အကြုံတွေအပေါ် ဟိုတုန်းက ဘယ်လိုရှိခဲ့တယ် အခုအခြေအနေကို ဘယ်လိုကြောင့် ပြောင်းလဲလာတယ် ဆိုတာကို ကျွန်မတို့ မမီလိုက်သူတွေက ကိုယ်တိုင် ကြုံတွေ့သူဆီက ၀ိုင်းဝန်းလေ့လာသင့်တယ် ယူဆလို့ပါ။ စာတိုင်းမှာ အဖြစ်အပျက် (Fact) နဲ့ သဘောထား အမြင် (Opinion) နှစ်ခုစလုံးပါမှာ ဖြစ်ပြီး အမြင်ဆိုတာက လူတိုင်းမှာ ကွဲပြားနိုင်ပါတယ်။ ဒါကြောင့် အဘအမြင်တွေကို ထည့်တွက်စဉ်းစားဖို့ လိုအပ်ပေမဲ့ အားလုံးကို လက်ခံဖို့မလိုဘဲ အတိတ်ဖြစ်ရပ် (Fact) အပေါ်မှာပဲ မူတည်ပြီး ကိုယ့်တိုင်းပြည်ရဲ့ အခြေအနေကို ပြန်သုံးသပ်ကြဖို့ပဲ ရည်ရွယ်ပါတယ်။ စိတ်ဝင်စား လာရောက် ဆွေးနွေးကြသူတွေ၊ လာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

ဘယ်သူက ဘယ်လိုသတ်မှတ်ခဲလဲဆိုတာတော့ နေ့အိပ်မက်တို့ လိုက်မမီဘူး.. ဒါပေမဲ့ လက်ရှိအချိန်မှာ မြန်မာလူမျိုးတွေ အားလုံးသုံးတဲ့ မြန်မာစာက စံသတ်မှတ်ချက်တစ်မျိုးတော့ရှိသင့်တယ်။ ဒီတော့ ဒီစံသတ်မှတ်ချက်ကိုရအောင် လက်ရှိအများလက်ခံထားတဲ့ သတ်ပုံကျမ်းကိုပဲ အတည်ယူသင့်တယ်ထင်ပါတယ်။ ကျနော် ကျမကအမှန်ဆိုရင် နိုင်ငံခြားဘာသာတက္ကသိုလ်က နိုင်ငံခြားသားကျောင်းသားတွေကို ဘယ်လိုစာသွားသင်ကြမလဲ.....

သမီးလေး နေ့အိပ်မက်
သမီးတင်ခဲ့တဲ့ မဲ့ နဲ့ မယ့်၊ ပဲ နဲ့ ဘဲ သတ်ပုံပို့စ်လေးကို ဖတ်ဖူးပြီး နောက်ပိုင်း စာလုံးပေါင်း သတ်ပုံ သိပ်မှားတတ်တဲ့ အန်တီက သမီးကို လေးစားပြီးသား ဖြစ်ပါတယ်။

သမီးပြောတဲ့ စံသတ်မှတ်ချက်တခု ရှိသင့်တယ်ဆိုတဲ့ အချက်ကို ဘယ်သူမှ ငြင်းနိုင်လိမ့်မယ် မထင်ဘူး။ အကုန်လုံးက ချွင်းချက်မရှိ လက်ခံကြမှာ သေချာပါတယ်။

ဒါပေမဲ့ လက်ရှိ အများလက်ခံထားတဲ့ သတ်ပုံကျမ်းကိုပဲ အတည်ယူသင့်တယ် ဆိုတာကတော့ သမီးရဲ့ အဆိုတင်သွင်းမှု တခုသာ ဖြစ်နိုင်ပြီး ဘာကြောင့် ဒါကိုလက်မခံဆိုတာ အကျိုးအကြောင်း အခိုင်အလုံ ရှိတဲ့သူတွေရဲ့ သဘောထားနဲ့ အချက်အလက်တွေကို လစ်လျူရှုလို့ မရနိုင်ဘူး။

နိုင်ငံခြားသားကို စာဘယ်လိုသင်မလဲဆိုတဲ့ မေးခွန်းကို အန်တီက သမီးကို ဥပမာတခုပေးပြီး ဖြေချင်ပါတယ်။ အရောင်၊ တိုက်ခန်း၊ ဘောလုံးပွဲ တို့ကို အင်္ဂလိပ်လို သင်ရင် သမီးက အင်္ဂလန်၊ သြစကြေးလျား တောင်အာဖရိက စတဲ့နိုင်ငံတွေက ဆရာဆီမှာ သင်ရင် Colour, Flat, football လို့ သိရမှာ ဖြစ်ပြီး အမေရိကန်နဲ့ ကနေဒါ နိုင်ငံတွေက ဆရာတယောက်ဆီက သင်ရင် Color(o နဲ့ r ကြားမှာ u မပါ), apartment, soccer လို့ သင်ယူရလိမ့်မယ်။ အခုလည်း ဒီလိုပဲပေါ့။ သင်တဲ့ဆရာက လက်ခံထားတဲ့ အတိုင်းပဲ သင်ကြမှာ ဖြစ်တယ်လို့ သမီးရဲ့မေးခွန်းကို ဖြေလိုက်ပါတယ်။

သမီးတို့ကို စာသင်ခဲ့တဲ့ ဆရာတွေနဲ့ ၀ါရင့် စာရေးဆရာတွေကို အတွင်းကျကျ ပြန်လေ့လာကြည့်ရင် အာဏာသိမ်းအစိုးရ ပြောင်းထားတဲ့ သတ်ပုံကို အကုန်လုံးက မကြိုက်ကြပေမယ့် ကြောက်လို့ သင်နေရ သုံးနေရတယ်ဆိုတာ သမီးလေ့လာကြည့်ရင် သိပါလိမ့်မယ်။

အမရေ စာတွေနောက်မှ လာဖတ်မယ်နော်။ အတော် ကျော်ခွပြီးတက်လာရတာ။

အင်္ဂလိပ်စာက အမေရိကန်အင်္ဂလိပ်နဲ့ ဘရစ်တစ်ရှ်အင်္ဂလိပ်ကွဲလို့လေ... မြန်မာစာက အညာမြန်မာစာတွေ အကြေမြန်မာစာတွေ ကွဲလို့လား တီတီရဲ့... သတ်ပုံကျမ်းကို အတည်မယူဘူးဆိုရင် ဘယ်ဟာကို စံသတ်မှတ်ပြီး စာရေးကြမလဲ.. တမီး ဥာဏ်မမီတော့ဘူး..

လာဖတ်သွားပါတယ် အမရေ... စာလုံးပေါင်းသတ်ပုံကတော့ အခုအချိန်ထိ မမှားအောင် သတိထားနေရပါသေးတယ် အပေါ်က ဆွေးနွေးချက်တွေ အားလုံး ဗဟုသုတရပါတယ် နောက်ထပ်ဆက်လက် ရေးသားနိုင်ပါစေ
ခင်လျက်
ဝိုင်း

(၁)ဒီပို့စ်ဖတ်ဖြစ်တာ နောက်ကျမှ ဖတ်ဖြစ်လို့
ကွန်မန့် ၂၀ကျော်ကို ဖတ်အပြီး ဝင်မန့်မလို့လုပ်တာ
ကားကြော်ငြာ ၃ခုလောက် ဝင်နှောက်နေလို့ အဲဒါတွေကို မနည်းပိတ်ပစ်ပြီးမှ ဝင်မန့်ဖြစ်တော့တယ်ဗျို့
ဟူးးးးး(စောင့်ရတာမောသွားတယ်။အချိန်ကိုလည်း နှမြောသွားတယ်။)
ကျနော်ကတော့ လည်း ကြိုက်သင့်ရင်ကြိုက်တယ်။လဲ ကြိုက်သင့်ရင်လည်း ကြိုက်တယ်။လည်း ကြိုက်သူများ
သတိထား ဆိုရင်၊ လဲ ကြိုက်သူများလည်း သတိထားပါ လို့ ပြန်သတိပေးချင်တယ်။
ကျနော် မြန်မာစာပေ ပညာရှင်မဟုတ်ပါဘူး။
မြန်မာစာ သတ်ပုံမှန်အောင်ရေးဖို့ကိုတော့ ငယ်ငယ်ကတည်းက ဝါသနာပါခဲ့တယ်။မဆလရဲ့မြန်မာ
သဒ္ဒါတွေလည်း အရိုးစွဲခဲ့ဖူးပေမယ့် ၈၈နောက်ပိုင်း ဒီမိုကရေစီ အင်အားစုတွေ အသုံးများတဲ့ စံတချို့ကို
လိုက်နာသုံးခဲ့တယ်။(ဥပမာ=ကျနော်၊ကျမ။တခု၊တကောင်)
အချိန်မရလို့ ဒီလောက်ပဲ မန့်ဖြစ်လိုက်တယ်။
အထက်က ကွန်မန့် ၂၀ကျော်ထဲမှာ ကိုအောင်သာငယ်ရဲ့ ကွန်မန့်က သဒ္ဒါနည်းကျ ပြည့်စုံစွာ ရေးပြသွားလို့ ထောက်ခံတယ်။သဘောတူတယ်။ ကျနော်လည်း အဲဒီနည်းတွေအတိုင်း လိုက်နာကျင့်သုံးရေးသားနေတယ်။နောင်လည်းရေးနေဦးမယ်။
လည်း ကို မေးခွန်းမဟုတ်တဲ့ အရေးအသားတွေမှာ
ကျနော် ကြိုက်နှစ်သက်စွာ သုံးနေတယ်။ လဲ ကို မေးခွန်းအရေးအသားတွေမှာ ကျနော် ကြိုက်နှစ်သက်စွာ သုံးနေတယ်။ လည်း သုံးရမယ့်နေရာမှာ မှားယွင်းစွာ လဲ သုံးနေသူများ သတိထား။ လဲ သုံးရမယ့် နေရာမှာလည်း လည်း သုံးနေသူများ သတိထား။ အဲဒါ ကျနော့်ရဲ့ ပြည့်စုံတဲ့
ပို့စ်နဲ့ သက်ဆိုင်တဲ့ လိုတိုရှင်း ကွန့်မန့်ပါပဲ။
အားလုံးကို လေးစားလျှက်-
အိုး (ဘားမား)

နေ့အိပ်မက်ရေ
သတ်ပုံကျမ်းက အကုန်လုံး မှားနေတယ်လို့ ဘယ်သူမှ မဆိုလိုပါဘူး။ သတ်ပုံကျမ်းမှာ တချို့အချက်တွေကို မဆီမဆိုင်လူတွေက ကိုယ့်အလုပ် ကိုယ်မလုပ်ပဲ ၀င်ပြင်ထားတာတွေကို သိတဲ့သူတွေထဲမှာ လက်မခံသူတွေ ရှိနေတယ်ဆိုတာ အသိပေးလို၊ ဆွေးနွေး အဖြေရှာလိုတဲ့ ဆန္ဒနဲီ့ဒီပို့စ်ကို တင်ရတာ ဖြစ်တယ်။ ဒီလောက်ဆို အင်္ဂလိပ်စာမှာ ကွဲနေသလို မြန်မာစာမှာလည်း ကွဲနေတာ ဒီပို့စ်ကို ဖတ်ရင် သမီးသဘောပေါက် ပါလိမ့်မယ်။်သမီးလက်ခံထားတဲ့အတိုင်း သတ်မှတ်ထားတဲ့ စံကိုပဲ သမီးယူနိုင်ပါတယ်။ ဒါပေယ့် သမိုင်းဆိုတာ ဖုံးကွယ်လို့ မရတဲ့အတွက် ကိုယ်ပိုင်ဦးနှောက်ကို သုံးပြီး ဒါတွေဟာ ဘာကြောင့် ကွာဟနေရလဲဆိုတာ လေ့လာဆန်းစစ်ဖို့ လူငယ်တွေနဲ့ အားလုံးမှာ တာဝန်ရှိတယ် မဟုတ်လား။

ကိုအောင်သာငယ် ရဲ့ ကွန်မန့်ထဲမှာ တခု မဖတ်ဖြစ်လိုက်လို့ ထပ်ဖြည့်ပေးချင်တယ်။
တော်တော်များများ မကွဲပြားဘဲ ရေးနေကြတာ
တခုရှိသေးတယ်။ မယ့် နဲ့ မဲ့ ။
သွားမယ့် လာမယ့် ဒါပေမယ့် = ဆိုရင် မယ့် ကိုသုံး။
မိဘမဲ့ မဲ့မဲ့ရွဲ့ရွဲ့ ရှိစုမဲ့စု =အစရှိတဲ့ အနိဌာရုံ စကားစုတွေမှာ မဲ့ ကိုသုံး။ရမယ်လို့ ကျနော်စွဲမှတ်ထားတယ်။ ကြုံတဲ့ဥပမာ ပေးလိုက်တာပါ။
ကြုံတဲ့အခါတိုင်း သတ်ပုံကိစ္စတွေ ဝင်ဆွေးနွေးချင်ပါတယ်။လောကကြီးလှသထက်လှအောင်။
အခုတော့ ဒီလောက်ပါပဲ။သတ်ပုံမှားတဲ့ည ဖြစ်သွားမှာ စိုးရိမ်ရသေးတယ်။အိပ်ရတော့မယ့်ည ရောက်ပြီလေ။အိပ်ရေးမဝရင် သတ်ပုံမှားတဲ့ မနက်ဖြန်မှာ အလုပ်ပြုတ်သွားနိုင်တယ်နော်။

ကို Boyz ရဲ့ မှတ်ချက်ထဲမှာ မေးထားတဲ့ ဗိုလ် နဲ့ ဘိုယ် အကြောင်းကို အဘရဲ့ တခြားစာမူထဲမှာ ပဠိလိုက ဆင်းသက်လာတာကို အဓိပ္ပါယ်ဖွင့်ထားတာ တွေ့ရတယ်။ အဲဒါကတော့ 

ဗိုလ် = ဗလ = ခွန်အား (သို့) အကြီးအမှူး၊
ဘိုယ်= ဘယ = ဘေးအန္တရယ်လို့ ဖွင့်ထားပါတယ်။

ဒါကြောင့်မို့ အဘဦးရဲခေါင် ဆိုလိုတဲ့ "ဘိုယ်နေ၀င်း" ရဲ့ အဓိပ္ပါယ်က ဗိုလ်နေ၀င်း မဟုတ်ပဲ "အန္တရယ်နေ၀င်း" လို့ အဓိပ္ပါယ်ရပါတယ်။

တဆက်နည်းမှာပဲ Waing နဲ့ ကိုအိုးဝေရဲ့ ဆွေးနွေးချက်တွေအတွက် ကျေးဇူးပဲနော့်။ ကိုအိုးဝေက အိုးဝေကနေ အိုးဘားမား ဘယ်လို ဖြစ်သွားတာလဲ။

ဘာကြောင့်ကွာဟလဲ လေ့လာဆန်းစစ်ပြီးရင် ဘာဆက်လုပ်ကြမလဲ စဉ်းစားဖို့လည်းလိုသေးတယ်နော်.... ဟိုးခမ်းနားကြီးကျယ်တဲ့ ကိစ္စတွေထက်.. တစ်ခုချင်းအသေးစိတ်ကိုပဲ ဘယ်ဟာမှန်လဲ ဘယ်ဟာမှားလဲကျတော့ ဘယ်သူ့မေးရမှန်းတောင် မသိတော့ပါဘူး တီတီရယ်...

နေ့အိပ်မက်တစ်ဦးတည်းရဲ့ အမြင်မှာတော့ အင်္ဂလန်နဲ့ အမေရိကန်က လူမျိုးချင်း သမိုင်းချင်းကို မတူလို့ ကွဲရတာ၊ မြန်မာစာကျတော့ ဒီမြန်မာတစ်မျိုးတည်းနဲ့တင် ကွဲနေတာဆိုတော့ စိတ်ထဲမှာတစ်မျိုးပဲ.... (တိုင်းရင်းသားဘာသာစကားတွေကွဲတာက တစ်ကဏ္ဍလေ)

မြ၀တီရဲခေါင်တော့ ဘယ်သူလဲမသိဘူး။ ဆရာဇော်ဂျီ၊ မင်းသုဝဏ်တော့ သိတယ်။ မြန်မာပြည် ဒီမိုကရေစီရပြီးရင်တော့ ဇိမ်ကျနေတဲ့ refugeဘ၀ကို စွန့်လွှတ်ပြီး မမှန်ဘူးဆိုတဲ့ သတ်ပုံတွေကို လာပြင်လှည့်ပေါ့။ မြန်မာစာ စာတတ်ပေတတ်ပုဂ္ဂိုလ်တွေနဲ့ လာပြီးငြင်းလှည့်ပေါ့။ မြ၀တီရဲခေါင်ဆိုတဲ့ ပုဂ္ဂိုလ်ကတော့ မှားနေတယ်လို့ဘာလို့ပြောလဲမသိ။ ဦးနေ၀င်း လုပ်ခဲ့တယ်ဆိုတဲ့ ပုဂ္ဂိုလ်စွဲကြောင့်ပဲလားမသိ။ တကယ်လို့ ဦးနေ၀င်းနေရာမှာ ဗိုလ်ချုပ်လို့လူတော်လူကောင်းတစ်ယောက်က ပြင်ဆင်ခဲ့တယ်ဆိုရင်တော့ အကြွင်းမဲ့ လက်ခံကြမှာမဟုတ်လား။ ဆရာဇော်ဂျီ၊ သိပ္ပံမောင်ဝ၊ မင်းသုဝဏ်တို့ မရှိတော့ပေမဲ့ မြန်မာပြည်မှာ တကယ်တတ်တဲ့ ပညာရှင်တွေ ရှိပါသေးတယ်။

စာကြွင်း။ ။refugeဆိုတာ နာမည်သာဆိုးတာ နိုင်ငံကြီးတစ်နိုင်ငံလောက်ကို ရောက်သွားရင်တော့ မြန်မာပြည်တိုးတက်ရာတိုးတက်ကြောင်းကို ဇိမ်ခံရင်းလုပ်လို့ရတာပေါ့နော်.. lol

ကိုအိုးဝေ နောက်ထပ် လာရေးသွားတဲ့ မှတ်ချက်ထဲက သတ်ပုံ အသုံးတွေနဲ့ ပတ်သက်ပြီး စာဖတ်သူတွေအထဲက ပိုအသေးစိတ်ကျတာကို စိတ်ဝင်စားသူ ရှိရင် အခု ဒီမှာ စိတ်ဝင်တစား လာဆွေးနွေးနေတဲ့ သမီးလေး နေ့အိပ်မက် ဘလော့ဂ်မှာ သွားဖတ်နိုင်တယ်ဆိုတာ ညွန်းပေးချင်ပါတယ်။

နေ့အိပ်မက်နဲ့ Kalaysoe တို့လို လူငယ်တွေ စိတ်ဝင်တစား လာပြီး မှတ်ချက်ပေးကြတာ ကျေးဇူးတင်ပါတယ်။

အင်္ဂလိပ်၊ အမေရိကန်၊ အော်စီ၊ တောင်အာဖရိကက အဖြူတွေ အကုန်လုံးက တချိန်က UK British English တွေချည်းပါပဲ နေ့အိပ်မက် ထင်သလို သီးခြားလူမျိုးတွေ မဟုတ်ကြပါဘူး။ ဒေသကွဲသွားလို့ ဘာသာစကားတွေက Evolution နည်းနဲ့ ရွေ့ရွေ့ပြောင်းသွားကြတာသာ ဖြစ်တယ် မြန်မာပြည်မှာလို Revolution နည်းနဲ့ ဦးနေ၀င်းက သေနတ်ဓါးမိုးပြီး ပြောင်းလိုက်တာ မဟုတ်ပါဘူး။ ကွာတာက အင်္ဂလိပ် ဘာသာစကားမှာ မူရင်းဌာနေမှာ ကျန်နေတဲ့ သူတွေက မူရင်း သုံးအနှုန်းဖြစ်တဲ့ British English ကို အသေချာ ထိန်းပြီး အဝေးရောက်သွားတဲ့ သူတွေကသာ ကွဲသွားကြပါတယ်။ မြန်မာနိုင်ငံမှာကျတော့ ပြောင်းပြန်၊ ဌာနေမှာ ရှိနေသူတွေက မထိန်းပဲ အဝေးရောက်သွားသူတွေက လိုက်ထိန်းနေတာ တခုပဲကွာတယ်။

Kalaysoe ဆွေးနွေးတဲ့ တချို့ အချက်တွေကို မငြင်းပါဘူး အထူးသဖြင့် ပုဂ္ဂိုလ်ရေးအရ ဦးနေ၀င်းကို မုန်းတယ်ဆိုတဲ့အချက်ပေါ့။ ဒါတွေကလည်း သမိုင်းကြောင်းအရ ဖြစ်လာတဲ့အတွက် သမိုင်းကို မလေ့လာရင် မသိနိုင်ပါဘူး။ ဘာပဲဖြစ်ဖြစ် ဒီပို့စ်ကြောင့် လူငယ်တွေမှာ တွေးစရာ ဆွေးနွေးစရာ တခု ရသွားတဲ့အတွက် ဒီပို့စ်ကို တင်ရကျိုးနပ်ပါတယ်။ မြ၀တီ ရဲခေါင်ဆီကလည်း Feedback ပြန်ယူပြီး ပြန်ဖေါ်ပြပေးဖို့ ရှိပါတယ်။ လူငယ်တွေမှာ လူကြီးတွေထက် အချိန်ပိုရှိပါတယ်။ ကိုယ်သိထားတာနဲ့ တခြားသူတွေ သိထားတာကို ပေါင်းစပ်ပြီး နှိုင်းယှဉ်အဖြေရှာဖို့ အများကြီး လိုအပ်ပါတယ်လို့ပဲ ပြောပါရစေ။

အမရေ ဒီပို့စ် ကိုလည်း အခုမှ ဖတ်ရလို့ အခု ဝင် မန့်လိုက်ပါတယ်..ဘလော့ဂ်တွေ အကုန် လိုက်ဖတ်ဖြစ်ပါတယ်။သတ်ပုံ မှန်တဲ့ နေရာတွေ မရှိဘူးလို့တော့ မဟုတ်ဘူး ရှိပါတယ်။အများကတော့ မှားနေတာ များပါတယ်။တကယ်ပါ။အမှားအမှန်ဆိုတဲ့ စံက မြန်မာစာပေ အတော် သတိထားတဲ့သူတွေ သိနိုင်မယ် ထင်ပါတယ်။ အနှစ်သာရဆီ သွားဖို့ တော့ အဓိက ကျမယ် ထင်ပါတယ်။မန်း တက္ကသိုယ်မှာ ဆရာကြီး ဦးဌေးအောင်နဲ့ ဆုံပါတယ်။ဆရာကြီးက တကယ် ပြည့်ဝသူလို့ သူ့ ကာဝိနြေ္ဒကြည့်တာနဲ့ သိသာပါတယ် သတ်ပုံ က အဓိက မကျဘူးဆိုတြ့ သေဘာတွေ သူ့ သင်ပြမှုအောက်မှာ ကြုံခဲ့ရဖူးပါတယ်။အဲ..အဓိကပြောချင်တာကတော့ မြန်မာစာပေမှာ အမှား အမှန်ဆိုတာက ရှိပြီးသားပါ။အပြည့်အစုံလို့ ပြောလို့ တောင် ရမယ် ထင်ပါတယ်။လေ့လာမယ့်သူက လေ့လာရုံပါပဲ။ကဝိလက္ခဏသတ်ပုံတို့ ,ဦးဖိုးလှိုင်ရေးတဲ့ လိပိဒီပိကာတို့ ..အဲဒီရှေ့က ရှေးဟောင်း ပျို့တွေ ..စတဲ့ စာပေတွေမှာ မြန်မာစကားလုံး ဖြစ်တည်လာပုံ ဇာစ်မြစ်တွေက အစ အားလုံး အဖြေယူလို့ ရနိုင်ပါတယ်။ဦးနေဝင်း လက်ထက်က ရေးလို့ ပယ်ရမယ် ဓားမိုး တားလို့ မသုံးရဘူး ဆိုတဲ့ အဖြစ်တွေနဲ့ မဆိုင်ဘူးလို့ ထင်ပါတယ်။အားလုံး သူ့လက်ထက် မတိုင်ခင်ကတည်းက အခြေခိုင်ပြီးသားတွေ ရှိနေပါတယ်။ခေတ်ကာလအလျောက် နဲနဲပါးပါး ပြောင်းလဲ တာမျိုးလဲ ရှိပါတယ်။လေ့လာ လိုက်စားသူတွေအတွက် ဒါတွေက အကုန်မြင်နိုင်တယ်လို့ ပြောချင်ပါတယ်။အခု အပေါ်က ဆွေးနွေးတဲ့ လူတွေ အားလုံးကိုလဲ မြန်မာစာ စိတ်ဝင်တစားရှိတဲ့ ပုဂ္ဂိုလ်တွေ အဖြစ် လေးစားရမှာပါ။ကျနော် ပြောလိုရင်းကို အမ သဘော ပေါက်မယ် ထင်ပါတယ်။ကျနော် တို့ မြန်မာစာပေဟာ ခေတ်အဆက်ဆက် ဆင်းသက်လာမှုအရ အခိုင် အမာ ရှိနေပါတယ် ဆိုတာ ရှေးလူတွေရော နောက် အနာဂတ်လူငယ်တွေရဲ့ အသိထဲမှာပါ အသိထဲ စိတ်ထဲ စွဲ ထင်နေစေချင်ပါတယ်။
လူတွေ စည်းကမ်းမဲ့မှုကြောင့် စာပေပါ အခြေအမြစ်မဲ့နေသလို ဖြစ်နေတယ်လို့ ထင်ပါတယ်။ဒါကလဲ မြန်မာလူမျိုးတွေရဲ့ စိတ်ဓာတ်ကို မြင်တတ် မညာတမ်း ကြည့်တတ်ရင် သဘောပေါက်မယ် ထင်ပါတယ်။အမ ရေ စောစောက ဒီလောက် ထိ ရှည်မယ် မထင်ဘူး ။။အတော် များသွားပြီ ..အမ အဆင်ပြေပါစေဗျာ။ပျော်ရွှင်ပါစေဗျာ။

ဒီစာလုံးပေါင်းသတ်ပုံကျမ်းက ပွဲတော်တော်ဆူသွားပါလား ကျမကတော့ ဘလွတ်တွေများများလည်းမသွားဖူးတော့ အခုပြောနေကြတဲ့ လဲ လည်းကိစ္စမျိုး မယ့် မဲ့ မျိုးတွေကို မှားပြီးရေးထားတာတခါမှ သတိမထားမိဘူး ကျမလည်းတော်တော်စာဖတ်ဝါသနာပါပါတယ် အထူးသဖြင့် မြန်မာပြည်တွင်းထဲကထုတ်တဲ့စာအုပ်တွေ ကိုအဖတ်များတော့ အဲဒီစာအုပ်တော်တော်များများမှတ်မိသလောက် ဘယ်စာအုပ်မှာမှ အမေးဝါကျကို လည်းနဲ့ရေးတာမျိုးမတွေ့ဖူးဘူး။ ဒါပေမယ့်ဆိုတာမျိုးကိုတော့ တခါတလေမှာ ဒါပေမဲ့လို့ရေးလေ့ရှိပါတယ်။ ဘယ်ဟာကအမှန်လဲတော့မသိဘူး သော်လည်းကောင်းဆိုတာကို သော်၎င်းလို့ရေးတာမျိုး (လျက်)ကို လျှက်ရေးတာမျိုးတွေလည်းရှိပါတယ်။ ဒါတွေနဲ့ပါတ်သက်လို့ စာလုံးပေါင်းသတ်ပုံမှားတာ အများအားဖြင့် ဒေသဆိုင်ရာပြောစကားနဲ့လည်း နည်းနည်းဆိုင်မယ်လို့ ကျမထင်မိတယ် ဘာဖြစ်လို့လဲဆိုတော့ မငယ်နိုင်ပြောသလိုပဲ အမေရီကန်တွေက အင်္ဂလိပ်စကားကို သူ့ဒေသခံတွေနဲ့လိုက်ပြီးကွဲပြားသွားတယ်ဆိုတာမျိုးပေါ့ ကျမတို့မြို့ကပြောတဲ့စကားဆိုရင်လည်း တမျိုးပဲ ချစ် ဆိုတဲ့စကားလုံးနဲ့ ထမင်းချက်တာကို အသံထွက်တူတူပဲပြောတယ် ကသပ်နှင့် စသပ်ဆိုတာ မြန်မာစကားအရတော့ သိပ်ကိုကွဲနေပေမယ့် ကျမတို့ဒေသစကားကအတူတူပဲ ဒီလိုပဲ အသက်ရှူတဲ့လေကိုလည်း မော်တော်ဘုတ်လှေလိုပဲ အသံတွက်တူပါတယ် ကျမတို့က ဟတိုးအသံကို ဘယ်တော့မှထည့်မပြောဘူး။ မငယ်နိုင်စာလုံးပေါင်းသတ်ပုံ မှားတတ်တယ်လို့ပြောတာ အထူးသဖြင့်ဒီစကားလုံးတွေဖြစ်ဖို့ များပါတယ်။ ဒီလိုပဲ မြန်မာနိုင်ငံမှာပဲ တခြားဒေသတွေမှာကော ဒီလိုကွာဟမှုလေးတွေမရျှိနိုင်ဘူးလားလို့စဉ်းစားမိလို့ပါ။ ကျမတို့အခုဒီမှာ ဆိုရင်လည်း long time no see ဆိုတဲ့စကားကို လူတိုင်းပြောလေ့ရှိသလို စာထဲလည်းရေးနေတာပါပဲ။ ဒီစကားလုံးသဒ္ဒါမှားနေတယ် ဘယ်သူမှမဝေဖန်ဘူး။ နေ့စဉ်အမြဲတိုးဖွားနေတဲ့ စကားလုံးအဖြစ်အသိမှတ်ပြုထားပါတယ်။ ဒါပေမယ့်လို့ ဘယ်သွားနေတာလဲလို့ မေးရမယ့် စကားကိုတော့ လည်းကိုအစားထိုးရေးထားခြင်းကတော့ လူတိုင်းကသိကိုသိရမှာပဲ ဒီကိစ္စဟာသာမှန်မဟုတ်ဘူးဆိုတာမျိုး ဘယ်ခေတ်တုန်းကမှလည်းဒီလိုပြဌာန်းခဲ့တယ်ဆိုတာမျိုးကို လိုက်ပြီးသက်သေရှာနေစရာလည်းမလိုပါဘူး ရေးသားသူ၏စာလုံးပေါင်းမှားခြင်းသာ ဖြစ်တယ်ဆိုတာသေချာနေပါတယ်

လူတယောက် ပြောလိုက်တာကို ဟုတ်ပါသည်၊ မှန်ပါသည်လို့ အမှားအမှန် စဉ်းစားချင့်ချိန်မှု မရှိပဲ ခေါင်းညိတ်လိုက်တာနဲ့ စာရင် အခုလို ဆွေးနွေးကြတာက သိပ်ကိုကောင်းပါတယ် Nee Htay. မိမိ လက်ခံ၊ မခံကို အကျိုးသင့် အကြောင်းသင့် ယဉ်ယဉ်ကျေးကျေး ဆွေးနွေးကြတာကို ပွဲဆူတယ်လို့ သတ်မှတ်လို့ မရပါဘူး။ အဘဦးရဲခေါင်က ဦးနေ၀င်း လက်ထက်နဲ့ ရှေးဘုရင်စနစ်က လုပ်ထားလို့ ဖြစ်နေတဲ့ မြန်မာစာ အသုံးအနှုန်းကို သူလက်မခံနိုင်လို့ သူ့ရှုဒေါင့်နဲ့သူ ပြောထားတာကို လက်ခံသူနဲ့ လက်မခံသူ ခုခေတ် လူငယ်တွေကလည်း သူတို့ မှန်တယ် ထင်တဲ့အတိုင်း ကောင်းကောင်းမွန်မွန် ဆွေးနွေးကြတာသာ ဖြစ်တယ်။ ”ဘလော့ဂါတွေဟာ တယောက်ကို တယောက် အချင်းချင်း မြှောက်ပင့်ပြီး အွန်လိုင်းပေါ်မှာ အချိန်ဖြန်းနေတာ" မဟုတ်ဘူး ဆိုတာ ဒီဆွေးနွေးချက်တွေက သက်သေပြနေတယ် မဟုတ်လား။

ငါစာလုံးပေါင်းမှားတာ နင်ပြောတဲ့ ဒေသခံစကား မတူတာကြောင့် စကားပြောသလို စာမှာအမှတ်တမဲ့ ရေးမိပြီး မှားတာတွေလည်း အနည်းအကျဉ်းတော့ ရှိနိုင်ပါတယ်။ ဒါပေမယ့် ငါမှားတာ အဓိကက ဒါမဟုတ်ဘူး ရပင့်နဲ့ ရရစ်မှာ အများဆုံးမှားတာပါ။ ဘာပဲဖြစ်ဖြစ် ဘလော့ဂ်ကို လာဖတ်ပြီး စိတ်ဝင်တစား ဆွေးနွေးပေးတာ နင့်ကို ကျေးဇူးတင်ပါတယ်။

ကိုကျောက်ကာရေ - မှတ်ချက် အရှည်ကြီး ရေးပြီးဆွေးနွေးသွားတာ ကျေးဇူးတင်ပါတယ်။ ဘယ်သူလက်ထက် ပြောင်းထားလို့ဆိုပြီး ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ ကောင်းတာတွေပါ အကုန်လုံးပယ်လို့ မရပါဘူးဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် အမှားအမှန်ဆိုတာ သတ်မှတ် လက်ခံထားသူနဲ့သာ ဆိုင်တဲ့အတွက် လုပ်နည်းလုပ်ဟန် မဟုတ်ခဲ့လို့ ဖြစ်လာတာတွေကိုတော့ ထည့်တွက်ရလိမ့်မယ်။ အခုလည်း သတ်ပုံကျမ်းတခုလုံးကို ပြောတာမဟုတ်ပါဘူး။ ကိုကျောက်တာ ပြောထားတာ အတော်များများ သမာသမတ်ကျပါတယ်။ ဒီအတွက် ကျေးဇူးတင်ပါတယ်။