မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အသစ်ထွက်မည့် Microsoft systems တွေမှာ မြန်မာဘာသာ ထည့်သွင်းပေးရေး စာပို့တောင်းဆိုသွားမည်

နောက်ပိုင်းအသစ်ထွက်မည့် Microsoft Windows operating systems တွေမှာ Myanmar language တစ်ခုအနေနဲ့ ထည့်သွင်းပေးရန် Microsoft ကော်ပိုရေးရှင်းသို့ စာဖြင့်စုပေါင်းပေးပို့ တောင်းဆိုမည့် အစီအစဉ် တစ်ခုအား Myanmar's NET မှ အကောင်အထည် ဖော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်းသိရသည်။

လူဦးရေ ၅ သိန်းကျော်ရှိသည့် ဘာသာစကားကို Microsoft Windows တွင် ထည့်သွင်းပေးရမည် ဆိုသော official policy ရှိသဖြင့် ထိုအချက်ပေါ်မူတည်ပြီး Mr Bill Gates နှင့် Mr Steve Ballmer တို့ထံသို့ စာပို့တောင်းဆိုသွားမည် ဖြစ်သည်။ Microsoft ဌာနချုပ်တွင် အလုပ်လုပ်ကိုင်နေသော မြန်မာလူမျိုးများမှလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ Microsoft Windows ကွန်ပြူတာအသုံးပြုသူ လူဦးရေ ၅ သိန်းကျော်မက ရှိသော်လည်း အမေရိကန်မှ မြန်မာနိုင်ငံကို စီးပွါးရေးပိတ်ဆို့ထားမှုကြောင့် မြန်မာနိုင်ငံကို software မရောင်းရသဖြင့် မြန်မာဘာသာ ထည့်သွင်းရန် မလိုဟု Microsoft မှ ခံယူထားကြောင်း Myanmar's NET စာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

မြန်မာတွေကွန်ပျုတာနည်းပညာမှာ အမြန်ဆုံးတိုးတတ်ပြီး နိုင်ငံတကာကို ယှဉ်နိုင်ဖို့အတွက် Microsoft ရဲ့ Windows Operating systems ထဲမှာတခါထဲပါဝင်ထည့်သွင်းလာပေးဖို့အတွက် လက်မှတ်ဝိုင်းဝန်းရေးထိုး ကူညီပေးနိုင်ရန် အောက်ပါလင့်သို့ သွားရောက်နိုင်ကြောင်း ဖော်ပြလိုက်ပါသည်။

Link

9 comments:

ဒါကတော့ အားပေးရမလား၊ အားမပေးရဘူးလားဝေခွဲမရဖြစ်နေဆဲပါ။ ဘာလို့လဲဆိုတော့ မိခင်ဘာသာစကားတွေနဲ့ OS သုံးနေကြတဲ့နိုင်ငံတွေမှာ ကွန်ပြူတာနဲ့ပတ်သက်တဲ့ မူရင်းအင်္ဂလိပ်စကားလုံးတွေကိုတောင်မသိကြတော့ပါဘူး.၊
ဥပမာ- Icon ဆိုတဲ့စကားလုံးကိုတောင် သူတို့ဘာသာနဲ့ ပြန်ဆိုထားတော့ အင်တာနက်မှာ ပညာရပ်ပိုင်းဆိုင်ရာတွေကို ရှာဖွေကြတဲ့အခါမှာ Icon ဆိုတဲ့ အဓိပ္ပါယ်ကိုမသိလို့ တိုင်ပတ်နေကြတဲ့သူတွေ တော်တော်များများကို ကြုံရဖူးပါတယ်။
အကောင်းဘက်ကကြည့်ရင်တော့ လူတိုင်း မိခင်ဘာသာရပ်နဲ့ ကွန်ပြူတာကို လေ့လာနိုင်တယ်။ ဆိုးကျိုးက နဂိုကတည်းက အင်္ဂလိပ်စာကိုလေ့လာဖို့ ပျင်းနေတဲ့ သူတွေ အဲဒီလိုသာပေါ်လာရင် တတ်ကိုတတ်တော့မှာမဟုတ်ဘူး။ အဓိကအချက်က အဲဒါပါပဲ။

လေ့လာချင်သူတွေ မူရင်း အင်္ဂလိပ် စကားသုံးပြီး ကျန်တဲ့သူတွေ မြန်မာလို သုံးပေါ့မောင်မိုးရယ်...

စာလာဖတ်တယ် မငယ်နိုင်၊ အစစ အရာရာ အဆင်ပြေပါစေ။

မြန်မာလို ရှိသင့်ပါတယ်။ ဒါပေမယ့် font က အစ ဘာသာပြန်နဲ့ အသံဖလှယ်တာအဆုံး Standardization မရှိသေးဘူး။ အရင်ဆုံး အများလည်းလက်ခံနိုင်, ရေရှည်အတွက်လည်း အလုပ်ဖြစ်နိုင်မယ့် စံတစ်ခုဖြစ်အောင် ကြိုးစားသင့်ပါတယ်။ အခုတော့ Defacto တွေပဲများ နေသလိုပဲ။ အရည်အချင်းရှိသူတွေနဲ့ တာဝန်ရှိသူတွေ ကော်မတီဖွဲ့ပြီး လုပ်သင့်ပါတယ်။ (ရှိပြီးသားလားတော့ မသိ)

စကားမစပ် မောင်မိုးက Icon ပြောမှ ဆရာမောင်စူးစမ်းရဲ့ ဆောင်းပါးတစ်ပုဒ်ထဲက “အိုင်ကောင်” ဆိုတာကို သွားသတိရမိတယ်။ အစတော့ ဘယ်လို အကောင်မျိုးလဲပေါ့...။ နောက် (Icon) ဆိုတဲ့ အင်္ဂလိပ်စာလုံးနဲ့ တွဲတွေ့မှ သဘောပေါက်တော့တယ်။
ဧရာ

ကိုယ့်ဘာသာစကားကိုပါ တရားဝင်ပါလာမယ်ဆိုရင်တော့ အများကြီးကောင်းတယ်ဗျိုး။ ဒါပေမဲ့ သူတို့ပေါ်လစီမှာပါတဲ့ လူဦးရေ ငါးသိန်းအသုံးပြုရင်ဆိုတာက ဝယ်ပြီးသုံးတဲ့ Windows ကိုပြောတာလား၊ ခု ကျနော်သုံးနေတဲ့ မြန်မာကျပ် တစ်ထောင်တန် Windows တွေရော ပေါင်းရမှာလား မသိဘူးနော်

ဒီ Post လေးမှာ လာရောက် ဆွေးနွေးကြတဲ့ လူတွေကို ကျွန်တော် ကျေးဇူးတင်ပါတယ်ဗျာ.. ကွန်ပျူတာမှာ မြန်မာဘာသာ စကားကို ထည့်ပေးဖို့ အတွက် ကျွန်တော် တို့ဘက်က တောင်းဆိုတာပါ။ ကျွန်တော် တစ်ခုလောက် ပြောပါရစေဗျာ။ ကျွန်တော့်လူနှစ်ယောက် နဲ့ ဆုံခဲ့တယ်၊ သူတို့တွေ စကားဝိုင်းထဲကို ကျွန်တော် ရောက်ခဲ့တယ်။ အဲဒီမှာ သူတို့ ပြောနေပုံလေးကို ကျွန်တော် ပြန်ပြောပြချင်တယ်။ တစ်ယောက်က ချင်းလူမျိုး၊ တစ်ယောက်က သာစည်မြို့နယ်က ရွာသား တစ်ယောက် သူတို့ နှစ်ယောက် မှာ ချင်းလူမျိုး က ကွန်ပျူတာ ကို နည်းနည်း တတ်ကျွမ်းတယ်.. သူက ပြောတယ်.. သားစည် သားလေးကို.. ကွန်ပျူတာ မှာ အင်္ဂလိပ်လို တစ်လုံးမှ မတတ်လည်း ကွန်ပျူတာကို သုံးနိုင်ပါတယ်တဲ့၊ သားစည်သားကလေးက ကွန်ပျူတာနဲ့ ပါတ်သတ်လို့ ဘာတစ်လုံးမှ မတတ်သလို အင်္ဂလိပ်လိုလည်း ဘာမှ မသိတဲ့ လူတစ်ယောက်ပါ။ ဒါနဲ့ ကျွန်တော် ရောက်သွားချိန်မှာ သူတို့ ငြင်းခုန်နေကြတယ်လေ။ ကျွန်တော်လည်း ၀င် ဆွေးနွေး ဖြစ်တယ်။ ကွန်ပျူတာမှာ အင်္ဂလိပ်လို တစ်လုံးမှ မတတ်ပဲ ကွန်ပျူတာကို နှိပ်လို့ အသုံးပြုလို့ မရဘူးလေ.. file ဆိုတာ ဘာမှန်းမသိ Delete ဆိုတာ ဘာမှန်းမသိတဲ့ သူတို့တွေ နည်းပညာကို ဘယ်လိုလုပ်ပြီး ဖွံ့ဖြိုး တိုးတတ်အောင် လုပ်မလဲ? အဲဒီတော့ အင်္ဂလိပ်လို တတ်တဲ့ ပညာတတ်တွေကပဲ ဒီ နည်းပညာကို ရရှိနေကြမှာလား?.. ကျွန်တော်တို့ မြန်မာပြည်မှာ ပညာမွဲ အောက်ခြေ လူတန်းစားတွေ ကွန်ပျူတာ နည်းပညာကို မသိတဲ့ လူတွေ အများကြီး ရှိတဲ့ အတွက် ကွန်ပျူတာမှာ မြန်မာဘာသာ ကို ထည့်သွင်းပေးမယ် ဆိုရင်တော့ လူတိုင်း ကွန်ပျူတာကို နားလည်ကြမှာ မလွဲပါဘူးဗျာ။ တကယ်ဖြစ်လာမယ် ဆိုရင် ကျွန်တော်တို့တွေ ၀မ်းမြောက်ဝမ်းသာ ဂုဏ်ယူရမှာပေါ့ဗျာ။ ဒါကြောင့် လက်မှတ်လေး တစ်ခုနဲ့ လူသားတွေ နည်းပညာဖွံ့ဖြိုးမှု ကို ရယူပေးလိုက်ပါ။ ကျွန်တော် လာရောက် ကြော်ငြာတာတော့ မဟုတ်ပါဘူး။ လူသားတိုင်း ရှိသင့် ရှိထိုက်တဲ့ နည်းပညာ ဖွံ့ဖြိုးမှုတွေကို လိုလားလို့ပါ။

ကျေးဇူတင်လျှက်
ဒီရေ

အဲ့ဂလိုတောင်းဆိုရုံနဲ့ ထည့်ပေးလိုက်လို့ရသလားဗျ။ မသိလို့မေးတာပါ။ ဟိုးရှေးရှေးတုန်းက မြန်မာစာကိုသုံးမဲ့ကိစ္စ ရေးထားတာဖတ်ဖူးတယ်။ ကိုယ်နဲ့မပက်သက်တဲ့ပညာဆိုတော့ မမှတ်မိတော့ဘူး။ ဒါပေမဲ့ မြန်မာစာစံတွေဘာတွေ ရှိနေရမယ်ဆိုတာမျိုး ပါတယ်လို့ တော့ မှတ်မိတယ်။ မြန်မာဖွန့် ဘာညာပေါ့။ ထည့်ပေးရင်တော့ ကောင်းတယ်လို့ပဲ ယူဆပါတယ်။

စိတ်ဝင်တစားဖတ်သွားပါတယ်
မဝေဖန်တော့ပါ

ဒီပို့စ်ကို မောင်လေး ဒီရေ လာတင်ထားတာ ပို့စ်ပါ အကြောင်းအရာနဲ့ ပတ်သက်ပြီး မြန်မာ Font သုံးစွဲမှုစနစ်ကို သိပ်နားမလည်လို့ မှတ်ချက်မရေးခဲ့ဘူး။ ဒါပေမဲ့ မြန်မာ Font ကို နိုင်ငံတကာမှာ တရားဝင် ရှိနေတာမျိုး ဖြစ်စေချင်လို့ အစိုင်းတော့ သွားထိုးလိုက်ပါတယ်။ ဖြစ်နိုင်မနိုင်ဆိုတာကတော့ IT သမားတွေ နားလည်လိမ့်မယ်ထင်တယ်။ မြန်မာငွေကြေးလို ဖြစ်နေမလားမသိဘူးလို့လည်း တွေးမိတယ်။ မြန်မာကျပ်ငွေက တရားဝင်ဆို အမေရိကန် ၆ ကျပ်ခွဲပဲ ဒါပေမဲ့ ကမ္ဘာမှာ ၆ ကျပ်ခွဲမကလို့ လက်ရှိ ၁၀၀၀ ဖြစ်နေတဲ့ ဈေးနဲ့တောင် ဘယ်နေရာမှာမှ လဲလို့မရဘူး။ အရင်ကတော့ ကမ္ဗောဒီးယား ပိုက်ဆံကို မြန်မပိုက်ဆံထက်တောင် ဈေးနှိပ့်သေးတယ်လို့ အထင်သေးခဲ့ဖူးတယ်။ ဒါပေမဲ့ သူတို့ပိုက်ဆံက နှိမ့်တဲ့ဈေးနဲ့ ကြိုက်တဲ့နိုင်ငံမှာ လဲလို့ရသေးတယ်။ ဆက်စပ်မှု မရှိပေမဲ့ အခု ကျွန်မတို့ သုံးနေတဲ့ ဇော်ဂျီဟာ အမေရိကန် Font တခုကို ယူသုံးထားတယ်ဆိုတာ ကြားဖူးလို့ တွေးကြည့်တာပါ။