မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မဗေဒါ(၈၈) နဲ့ မိတ်ဆက်ပေးခြင်း



ကျွန်မ သူငယ်ချင်းတယောက် ဘလော့ဂ်လောကထဲကို စတင်ဝင်ရောက်လာတာကို ၀မ်းသာကြိုဆိုသော အားဖြင့် ကျွန်မရဲ့ ဘလော့ဂါ မောင်နှမများ၊ ဘလော့ဂ်ဖတ်သူများ အားလုံးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မဗေဒါ (၈၈) က မဗေဒါ ဆိုတဲ့ ကလောင်နာမည်ကို ၁၉၉၄/၉၅ ကတည်းက အမျိုးသမီးရေးရာ စာစောင်တွေမှာ စတင်ရေးသားခဲ့ပြီး။ မဗေဒါ ကလောင်နာမည်ဖြင့် ဘလော့ဂ်စဖွင့်ခဲ့ပေမဲ့ နာမည်တူသူ တခြားမဗေဒါအပေါ် စာဖတ်သူတွေ အထင်မှားခံရပြီးနောက်ပိုင်း မကြာသေးခင်ကမှ မဗေဒါ (၈၈) အဖြစ် ပြောင်းလိုက်ပါတယ်။ သူအရင်ရေးထားဖူးတဲ့ အမျိုးသမီးရေးရာ စာစောင်ထဲက စာတွေကို ပြန်ဖေါ်ပြပေးဖို့ ရှိသလို တခြားဘ၀အတွေ့အကြုံတွေ၊ အတွေးတွေထဲက ရတဲ့အသိတွေနဲ့ သုတ၊ ရသ၊ ခံစားမှုတွေကို တင်သွားမယ်လို့ သိရပါတယ်။ အမျိုးသမီးရေးရာကို အဓိကထားရေးမယ့် အမျိုးသမီး ဘလော့ဂါတဦး တိုးလာတဲ့အတွက်လည်း ကျွန်မ ၀မ်းသာမိပါတယ်။

မဗေဒါ (၈၈) က တခြား မဟုတ်ပါဘူး ကျွန်မနဲ့ ရဲဘော်ရဲဘက် ဘ၀ကနေ သူငယ်ချင်း ဖြစ်လာသူတဦး ကျွန်မရဲ့ ဒီဇင်ဘာအမှတ်တရများ ပို့စ်ထဲက ဒီဇင်ဘာ့အမေပါ။ သူနဲ့ ကျွန်မနဲ့ စတင်တွေ့ကြုံ ပတ်သက်ဖူးတာတွေကို သူ့သမီးအကြောင်း ရေးထားတဲ့ ပို့စ်မှာ အများကြီး ရှိပါတယ်။ မဗေဒါ (၈၈) က ဘလော့ဂ်နဲ့ ပတ်သက်လို့ ကြိုတင်ပြီး အတွေ့အကြုံ မရှိထားသူလည်း ဖြစ်တော့ ကျွန်မ ဘလော့ဂ်ကို လာလည်နေသူတွေ အားလုံး သူ့ဘလော့ဂ်ကိုလည်း သွားလည်ပြီး လိုအပ်တာတွေကို အကြံပြုပြီး သူ့ကို ၀ိုင်းဝန်းအားပေး ကြိုဆိုဖို့ အားလုံးကို တိုက်တွန်းချင်ပါတယ်။ သူ့ဘလော့ဂ်က ဒီနေရာမှာ ရှိပါတယ်။


အောက်ဆုံးပိုဒ်

9 comments:

ဘလော့အသစ်လေးကို ကြိုဆိုပါတယ် အမရေ
ဒါပေမယ့် မဗေဒါဆိုတာ တယောက်ရှိသေးတယ်နော် အမ။ အမသူငယ်ချင်း စာမရေးခင် နာမည်လေးကို ကြိုပြီး ရွေးလို့ရအောင်လို့ပါ။
စစချင်းထဲက သေချာအောင်လုပ်ပြီး ရွေးချယ်ပြီးမှ တူနေရင် ပြင်ရခက်မှာ ဆိုးလို့ပါနော်။

လေးစားစွာဖြင့်

မမငယ်ရဲ့ သူငယ်ချင်းကို လှိုက်လှဲစွာ ကြိုဆိုပါတယ်ရှင့်။ ပျော်ရွှင်စွာ ဘလော့ကင်းရင်း သုတ ရသတွေကို မျှဝေပေးနိုင်ပါစေ....။

အယ်.... အပေါ်က Anonymous ကပြောတာ ဟုတ်တယ် မမငယ်။ ဘလော့ကာ မဗေဒါ ရှိတယ်။ ညီမလင့်လေးပေးမယ် မမငယ်...။

http://mabaydar.blogspot.com/

ခင်မင်လေးစားလျှက်

မဗေဒါ ဆိုတာ သူ့ရဲ့ နဂိုကတည်းက ရှိနေတဲ့ ကလောင်နာမည်ပါ။ စာစာရေးနေတဲ့ စာစောင်တို့ သတင်းစာတို့မှာ ဒီနာမည်နဲ့ပဲ ရေးပါတယ်။ ဘလော့ဂ်ရေးဖို့ ဆုံးဖြတ်တဲ့အချိန်မှ ရွေးထားတဲ့ နာမည်မဟုတ်လို့ အခြားမဗေဒါရဲ့ နာမည်ကို ယူသုံးတာမျိုး မဟုတ်ပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့ အနေနဲ့ နာမည်တူ ဘလော့ဂါ နှစ်ယောက် အဖြစ်ပဲ သဘောထားရပါလိမ့်မယ်။

မဗေဒါ က တစ်ပင်တည်း မဟုတ်ပါလား

သွားလည်လိုက်မယ်နော်

လူတူမရှား နာမည်တူ မရှားပဲလေ ။
နာမယ်က အဓိက မဟုတ်ပါဘူး ။
ရေးတဲ့ အကြောင်းအရာကသာ အဓိကပါ ။

သွားပြီးဖတ်လိုက်ပါအုံးမယ် မငယ်နိုင် ရေ ..

မဗေဒါရဲ့ ဘလော့လေးလည်း ရောက်ပြီးသွားပြီ အမရေ။ လက်တွဲခေါ်တဲ့ စိတ်ထားလေးလည်း လေးစားပါတယ်နော်

မကြီးငယ်ရေ.......
သွားလိုက်ဦးမယ်............း))
ခင်မင်တဲ့
ဏီလင်းညို

အမရဲ့ စိတ်ထားလေးကို လေးစားပါတယ် အမတို့ မိသားစု ပျော်ရွှင် ချမ်းမြေ့ပါစေနော်။