မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မှတ်တမ်းတင်အပ်သည့် မှတ်တမ်းတချို့

ဖေဖေါ်ဝါရီလမှာကျရောက်တဲ့ ပြည်ထောင်စုနေ့၊ ဗိုလ်ချုပ်မွေးနေ့၊ ကလေးများနေ့ စတဲ့ ဗိုလ်ချုပ်နဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဆက်တိုက် တင်ခဲ့ပြီးနောက်ပိုင်း မတ်လမှာ ကျရောက်တဲ့ ကိုဖုန်းမော်နေ့နဲ့ အခုလက်ရှိ ပို့စ်တွေကြောင့် ကျွန်မမှာ စာဖတ်သူတွေထဲက ချစ်သူ၊ မုန်းသူ အတော်များများကို ရလိုက်ပါတယ်။ ရေးထားတဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး ပို့စ်အောက်က မှတ်ချက်တွေနဲ့ မေးလ်ကတဆင့် ရရှိထားတဲ့ ကျွန်မရေးတဲ့ အကြောင်းအရာတွေအပေါ် ထောက်ခံသူ၊ ဆန့်ကျင်သူ နှစ်မျိုးစလုံးပါတဲ့ ထင်မြင်ယူဆချက်တချို့နဲ့ မေးခွန်းတချို့ကို လည်း ကျွန်မ အားတဲ့အချိန်ကျမှ ပို့စ်တခုလုပ်ပြီး ပြန်တင်ဖို့ အစီစဉ်ရှိပါတယ်။ အခုတော့ မိသားစုတာဝန်၊ ကျောင်း၊ အလုပ် မကြာခင် Due မယ့် Assignment တွေနဲ့ မအားမလပ် ဖြစ်နေသေးလို့ ဧပြီလ တတိယပတ်အထိတော့ ကျွန်မ တော်တော်လေး အလုပ်များနေမှာ ဖြစ်လို့ တခြားသူတွေ ထင်ထားတဲ့ အထဲက တချိန်မှာ သမိုင်းဖြစ်လာမယ့် ပို့စ် (သို့) ကောက်နှုတ်ချက်တို့ကို ဘလော့ဂ်မှာ သိမ်းထားရင်း ပြန်လည် စုစည်း ဖေါ်ပြလိုက်ပါတယ်။ ကျွန်မ မအားတဲ့အချိန်နဲ့ တိုက်ဆိုင်နေလို့ ဘလော့ဂ်မှာ ကိုယ်တိုင် ပို့စ်အသစ် ရေးမအားသေးပေမဲ့ လတ်တလောမှာ ပြန်ဖေါ်ပြတဲ့ ပို့စ်တွေနဲ့ ကျွန်မ ဘလော့ဂ်ကတော့ ဆက်လက်ရှင်သန်နေမှာ ဖြစ်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။






မှတ်ပုံတင်လုပ်ဖို့ မလို၊ ယခင်မှတ်ပုံတင်ထားသည့် ဥပဒေအရသာ ဆောင်ရွက်သင့်သည်။
(၁) ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လုံးဝလက်မခံနိုင်၊ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာချက်ကို ကိုင်စွဲထားရမည်။
(၂) တရားမျှတမှုမရှိ တဘက်သတ်ရေးဆွဲထားသည့် ဥပဒေအရ မှတ်ပုံတင်ခြင်းကို လုံးဝလက်မခံနိုင်ပါ၊ ဥပဒေပါ စည်းမျဉ်းစည်းကမ်းချက်များမှာ ဒီမိုကရေစီ နည်းမကျ။
(၃) အဖွဲ့ချုပ်သည် ကျမ၏ ကိုယ်ပိုင်ပစ္စည်းမဟုတ်၊ မည်သူတဦးတယောက်၏ ကိုယ်ပိုင်ပစ္စည်းလည်းမဟုတ်။
(၄) အဖွဲ့ချုပ်အတွင်း လူမွေးသည့်အလုပ်၊ လူမွေးသည်ဟု ယူဆနိုင်သည့် အလုပ်များ လုံးဝမကြိုက်၊ လက်မခံ။
(၅) ပြည်သူလူထုကို ပြောကြားလိုတာက မိမိတတ်နိုင်သလောက် ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လက်ဆောင်ရွက်သွားမည်။
(၆) အဖွဲ့ချုပ် ဖျက်သိမ်းခံရလျှင် အဖွဲ့ချုပ် ပျက်စီးသည်ဟု မယူဆ၊ ပျက်စီးခြင်းမဟုတ်။

ကိုဝဏ္ဏဘလော့ဂ် ရှိ ဤနေရာမှ ကူးယူပြီး ဇော်ဂျီလက်ကွက်နဲ့ ပြန်ရိုက်ထားပါတယ်။



ဒီမိုကရေစီဘက်တော်သားတို့အတွက်
မြန်မာနိုင်ငံက အဆုံးအဖြတ်အခါသမယ
( ဦးဝင်းတင်)


၃၀ မတ် ၂၀၁၀

မြန်မာပြည်ကစစ်အစိုးရဟာ ကျနော်တို့ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို တရားဝင် ဆက်လက်ရပ်တည်လှုပ်ရှား မယ် မလှုပ်ရှားဘူးဆို တာနဲ့ပတ်သက်ပြီး ခက်ခဲတဲ့ဆုံးဖြတ်ချက်တရပ် ချဖို့အခြေ ဆိုက်စေခဲ့ပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီလို့ ခေါ်တဲ့ အာဏာရ ဗိုလ်ချုပ်တွေဟာ ဒီလထဲမှာ မတရားတဲ့ ရွေး ကောက်ပွဲဥပဒေတစုံကို ထုတ်ပြန်ခဲ့ပြီး ကျနော်တို့ပါတီကို ရွေးကောက်ပွဲကော်မရှင်မှာ ရက် ၆၀ အတွင်း အသစ်ပြန်မှတ်ပုံမတင်ရင် ဖျက်သိမ်းမယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ကျနော်တို့ဟာ စစ်အစိုးရရဲ့ ရက်စက် ယုတ်မာတဲ့သဘာဝကို သိထားပါတယ်။ သူချမှတ်တဲ့ ရွေးကောက်ပွဲ ဥပဒေတွေဟာ တရားမျှတမှု စိုးစဉ်းလောက်ပြလိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ခဲ့ပါဘူး။ ဒါပေမဲ့ စစ်အစိုးရဟာ အဲဒီဥပဒေတွေသုံးပြီး ကျနော်တို့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို နိုင်ငံရေးလုပ်ငန်းကနေ ဖယ်ထုတ်ပစ်လိမ့်မယ်လို့လည်း မမျှော်လင့်မိခဲ့ပါဘူး။ စစ်အစိုးရဟာ ပါတီအားလုံးပါဝင်တဲ့ ပွင့်လင်းမြင်သာ လွတ်လပ် တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုချက်ကို လျစ်လျူရှုလိုက်ခြင်းအားဖြင့် မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဆန္ဒကို အာခံလိုက်ပြန်ပါပြီ။

နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေက နိုင်ငံရေး အကျဉ်းသားအားလုံးကို မဲပေးခြင်း၊ ယှဉ်ပြိုင်ခြင်း၊ နိုင်ငံရေးပါတီထောင်ခြင်း ဒါမှမဟုတ် ပါတီဝင်ဖြစ်ခြင်းတို့အားဖြင့် ရွေးကောက်ပွဲမှာ ပါဝင်ဆောင်ရွက်မှုကို ပိတ်ပင်ထားပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ကိုယ့်ပါတီဝင်အဖြစ် ရှိမနေအောင် ပါတီတွေက အာမခံရမှာဖြစ်ပြီး နိုင်ငံ့ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုက်နာ စောင့်ရှောက်ပါ့မယ်၊ ရွေးကောက်ပွဲဥပဒေတွေကို လိုက်နာပါ့မယ်ဆိုတဲ့ ခံဝန်ချက်ကိုလည်း လက်မှတ်ထိုးရမှာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတွေဟာ ရွေးကောက်ပွဲကိုလည်း မဖြစ်မနေ ဝင်ပြိုင်ဖို့လိုပါတယ်။ ဒီကန့်သတ်ချုပ်ချယ်ချက်တွေကို လိုက်နာဖို့ပျက်ကွက်ရင် ပါတီဖျက်သိမ်းခံ ရမှာဖြစ်ပါတယ်။

ကျနော့်အတွက်တော့ ဆုံးဖြတ်ရတာ လွယ်ကူရိုးစင်းလှပါတယ်။ ဒါကတော့ ဘူး ဆိုတာပါဘဲ။ ကျနော်တို့ဟာ ဖောက်ပြန် ခြစားပြီး မတရားတဲ့ ဒီတရားရေးစနစ်အောက်မှာ အကျဉ်းချခံနေရ အကျဉ်းချခံခဲ့ရဖူးတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားလူတွေကို မထုတ်ပစ်နိုင်ပါဘူး။ သူတို့မပါရင် ကျနော်တို့ပါတီဟာ အလကားဖြစ်သွားပါလိမ့်မယ်။ သူတို့ဟာ ဒီမိုကရေစီနဲ့ တရားဥပဒေ အာဏာပိုင်စိုးမှုကို ယုံကြည်လို့ ထောင်ထဲရောက်နေတာဖြစ်ပါတယ်။ ယုံကြည်လက်ခံလောက်ဖွယ် ဒီမိုကရေစီလုပ်ငန်းဖြစ်ဖို့ဆိုရင် သူတို့ကို ချက်ခြင်းလွှတ်ပေးပြီး ဗမာပြည်ရဲ့ နိုင်ငံရေးလုပ်ငန်းထဲ ပါဝင်ဆောင်ရွက်စေဖို့လိုပါတယ်။

ထာဝရ စစ်အာဏာရှင်စနစ်ကို တရားဝင်အောင်လုပ်ဖို့ ရည်ရွယ်ပြီး စစ်အစိုးရ တဖက်သတ်ရေးဆွဲထားတဲ့ အခြေခံဥပဒေကို ကျနော်တို့ လက်မခံပါဘူး။ ဒီအခြေခံဥပဒေ အတည်ပြုဖို့ ဆန္ဒခံယူပွဲကို ၂၀၀၈ ခု နာဂစ်မုန်တိုင်းအပြီးမှာ ကျင်းပခဲ့ပြီး အဓမ္မဖိအားနဲ့ မသမာမှုနဲ့ "အတည်ပြုခဲ့"တာ ဖြစ်ပါတယ်။ ကျနော်တို့ ရည်မှန်းချက်ကတော့ ဒီအခြေခံဥပဒေအတုအယောင်ကို ပယ်ချပစ်ပြီး အားလုံးပါဝင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးမှုကတဆင့် ဒီမိုကရေစီ၊ လူ့အခွင့်အရေး၊ တရားမျှတမှု၊ တရားဥပဒေ အာဏာပိုင်စိုးမှုနဲ့ တိုင်းရင်းသားလူမျိုးအားလုံး တန်းတူညီမျှမှု ကိုအာမခံမယ့် အခြေခံဥပဒေတရပ် ဖန်တီးဖို့ဖြစ်ပါတယ်။ အတု အယောင်အခြေခံဥပဒေကို လိုက်နာပါ့မယ်လို့ ကျနော်တို့ ခံဝန်ချက်မထိုးနိုင်ပါဘူး။ ဒီလုပ်ငန်းကနေ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွက် လာမှာမဟုတ်ပါဘူး။

အဖွဲ့အစည်းတခုအဖို့ ဒီလိုဆုံးဖြတ်ချက်မျိုးချနိုင်ဖို့ ဆိုတာ မလွယ်လှပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က သူမပါတီ ရွေး ကောက်ပွဲအတွက် မှတ်ပုံတင်ဖို့ "စဉ်းတောင်မစဉ်းစားဘူး" လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒီမိုကရေစီကို သက်ဝင်ယုံကြည်တဲ့ ခေါင်းဆောင်တယောက်ပီပီ ပါတီကဘဲ ကိုယ့်ဖာသာကိုယ် ဆွေးနွေးဆုံးဖြတ်ဖို့ကို အလေးပေးခဲ့ပါတယ်။ တနင်္လာနေ့မှာတော့ ကျနော့်ရဲဘော်အားလုံးက ဒီမတရားမှုတွေကို အတူတကွရင်ဆိုင်ဖို့ သဘောတူခဲ့ကြပါတယ်။

တချို့ကတော့ ကျနော်တို့ပါတီ ဆက်လက်ပြီး တရားဝင်အနေအထားရှိဖို့ ပိုအရေးကြီးတယ်လို့ ယူဆကြပါတယ်။ သူတို့စဉ်း စားချက်အရ ကျနော်တို့ပါတီ တရားမဝင်ဖြစ်သွားရင် မြန်မာနိုင်ငံပြည်သူတွေအတွက် ဘယ်လိုအလုပ်လုပ်နိုင်တော့မှာလဲတဲ့။ ကုလ သမဂ္ဂနဲ့ တချို့နိုင်ငံတွေကလည်း စစ်အစိုးရကို ဒီမတရားဥပဒေတွေ ပြောင်းလဲပေးဖို့ ပန်ကြားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံ ရေးအကျဉ်းသားအားလုံးကို ရွေးကောက်ပွဲမှာပါဝင်ခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းဟာ ဗမာပြည် အခြေအနေ ဆွေးနွေးနိုင်အောင် သူ့ရဲ့ "မြန်မာ့မိတ်ဆွေများအုပ်စု" အစည်းအဝေးတခု ခေါ်ယူကျင်းပခဲ့ပါတယ်။ အမေရိကန်အစိုးရ ဟာ ကျနော်တို့တိုင်းပြည်ထဲက စစ်ရာဇဝတ်မှုတွေနဲ့ လူသားမျိုးနွယ်ဆန့်ကျင်ရေးရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးဖို့ "စုံစမ်း ရေးကော်မရှင်"တရပ်ကို ကုလသမဂ္ဂကနေထူထောင်ဖို့ အကြံပြုချက်အပါအဝင် ကုလ အထူးစုံစမ်းရေးသမား တောမတ်စ်အိုဟေး ယားကွင်တားနား မကြာခင်ကထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာနဲ့ အကြံပြုတိုက်တွန်းချက်တွေကို "အလေးအနက်စဉ်းစား" နေတယ် လို့လည်း ကျနော်တို့ကြားရပါတယ်။ ဒီလိုနောက်ကွယ်က နိုင်ငံတကာ့အသံတွေရဲ့ ထောက်ခံအားပေးမှုနဲ့တင် မလုံလောက်နိုင်ပါ။ နိုင်ငံတကာ့အသံတွေ ကြေညာချက်တွေကို ဗမာပြည်နိုင်ငံရေးအကျပ်အတည်း ပြောင်းလဲပစ်ဖို့ ထိရောက်တဲ့လုပ်ဆောင်ချက်တွေနဲ့ အားမဖြည့်တဲ့အတွက် ကျနော့်ရဲဘော်တွေ ပူပန်ကြောင့်ကြမိတာ ဖြစ်သင့်ဖြစ်ထိုက်ပါတယ်။

ကျနော်တို့ပါတီဟာ လွတ်လပ်ရေး၊ တရားမျှတရေးနဲ့ ဒီမိုကရေစီအတွက် အသက်ပေးလှူသွားခဲ့ကြသူတွေရဲ့ မပြီးဆုံးသေးတဲ့ လုပ်ငန်းကို ဆက်လက်ဆောင်ရွက်ဖို့ဆိုတဲ့ မြင့်မြတ်တဲ့ရည်ရွယ်ချက်နဲ့ ၁၉၈၈ ခု ဒီမိုကရေစီရေး လူထုအုံကြွမှုကနေ ပေါက်ဖွားလာ တာဖြစ်ပါတယ်။

ကျနော်တို့ဟာ ၁၉၉၀ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရခဲ့ပြီး နှစ် နှစ်ဆယ်ကျော်တိုင်အောင် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှုကြီး ရဲ့ခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီမတရားတဲ့ ရွေးကောက်ပွဲ"ဥပဒေတွေ"ကို ဒူးထောက်ဖို့ငြင်းဆန်တဲ့အတွက် မကြာခင်မှာ စစ် အစိုးရကနေ ဖျက်သိမ်းတာကို ခံရတော့မှာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အဲင်အယ်လ်ဒီ ဟာ ပျောက်ကွယ်သွားမှာ မဟုတ်ပါ။ ကျနော် တို့ဟာ ပြည်သူတွေအကြားမှာ ပြည်သူတွေနဲ့အတူ ရှိနေမှာဖြစ်ပါတယ်။ ကျနော်တို့ဟာ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးနဲ့ တိုင်းရင်း သားလူမျိုးစုများ တန်းတူရေးအတွက် ငြိမ်းချမ်းတဲ့ နည်းလမ်းတွေနဲ့ ဆက်လက် တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ့အသိုင်းအဝိုင်းအနေနဲ့ ကျနော်တို့နဲ့အတူ ရပ်တည်ဖို့ ကျနော်မျှော်လင့်ပါတယ်။ နိုင်ငံတကာကအစိုးရတွေဟာ စစ်အစိုးရရဲ့ရွေးကောက်ပွဲနဲ့ ကြိုတင်စီစဉ်ထားတဲ့ရလဒ်ကို လက်မခံကြောင်း ကြေညာဖို့လိုပြီး စစ်အစိုးရအနေနဲ့ ဗမာပြည်အတွက် သိသာထင်ရှားပြီး တိုးတက်တဲ့ အပြောင်းအလဲလုပ်ဖို့ ဖိအားပေးသင့်ပါတယ်။ အပြောင်းအလဲ ဆိုရာမှာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး ချက်ခြင်းလွှတ်ပေးတာနဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်ဆင်ရေးတွေ ရပ်စဲတာက အစချီရမှာဖြစ်ပါတယ်။ ဒီနောက် စစ်အစိုးရဟာ ဒေါ်အောင်ဆန်းစုကြည်ေ ခါင်းဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီ အင်အားစုတွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ စေ့စပ်ဆွေးနွေးပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ စစ်မှန်တဲ့ဒီမိုကရေစီ ပေါ်ထွန်းရေးအတွက် ငြိမ်းချမ်းစွာ အဖြေရှာရမှာဖြစ်ပါတယ်။

ဦးဝင်းတင်

မတ်လ ၃၀ ရက် ၂၀၁၀ ထုတ် ဝါရှင်တန်ပို့စ်သတင်းစာမှ Decision Time in Burma for Democracy's Advocates ဆောင်းပါး

ဦးဝင်းတင်ဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်လည်းဖြစ် စတင်တည်ထောင်သူလည်းဖြစ်ပြီး ၁၉၈၉ ခုကနေ ၂၀၀၈ ခုအထိ နိုင်ငံရေးအကျဉ်းသားဖြစ်ခဲ့ပါတယ်။

ကိုထိုက် ဘလော့ဂ်ရှိ ဤနေရာမှ ကူးယူမှတ်တမ်း တင်ထားပါတယ်။
ု
မှတ်သားလောက်သည့်
မဲဆွယ်စည်းရုံးရေးစကား


"ဒီနေ့ စည်ပင်ရုံးမှာ ရှိကြတဲ့ အရာရှိတွေ အားလုံးနဲ့ ၀န်ထမ်းတွေကို ကျုပ်ပြောမယ်။ အခုလာမယ့် ရွေးကောက်ပွဲမှာ ဘယ်သူ့ကို မဲထည့်ရမယ်ဆိုတာ သိကြလား" (မည်သူမှ မဖြေဆိုပါ)။ "ခင်ဗျားတို့ သိကြလား၊ ခင်ဗျားတို့ အားလုံး ခြင်္သေ့ကို မဲထည့်ရမယ်။ ခြင်္သေ့ကို မဲထည့်မှ ခင်ဗျားတို့၊ ခင်ဗျားတို့ရဲ့ မိန်းမတွေ၊ သားသမီးတွေ ဆွေမျိုးတွေ ကောင်းစားမယ်။ ဘယ်သူ့ကိုထည့်မှာလဲ ခြင်္သေ့နဲ့ ခွပ်ဒေါင်း ဘယ်သူ့ကို ထည့်မှာလဲ" (မည်သူမှမဖြေပါ) "ခင်ဗျားတို့ ခြင်္သေ့နဲ့ ဒေါင်းမှာ ခြင်္သေ့ကိုပဲ ထည့်ရမယ်။ မသေမချင်းမှတ်ထားကြပါ။ ဒီရွေးကောက်ပွဲမှာ ခင်ဗျားတို့ ခြင်္သေ့ကို မဲမထည့်လို့ ဟိုကောင်မ နိုင်သွားရင် ခင်ဗျားတို့ ဘာဖြစ်သွားမလဲ သိလား" (၎င်းမှ အမျိုးသမီး ၀န်ထမ်းများကို အစည်းအဝေးခန်းပြင်သို့ ထွက်ခိုင်းသည်) ထို့နောက် "ဒေါင်းနိုင်သွားရင် ဒီကိုအမေရိကန်ကောင်တွေ ရောက်လာလိမ့်မယ်၊ ပြီးရင် ဒီကောင်တွေက အလကား နေကြမှာ မဟုတ်ဘူး။ ခင်ဗျားတို့ မအေတွေ၊ နှမတွေ၊ သားသမီးတွေကို တက်လုပ်ကြမှာ။ ခင်ဗျားတို့ အလုပ်ခံချင်ရင် ဒေါင်းကို မဲထည့်ကြ။ ကျုပ်တခု ထပ်ပြောမယ်။ ခင်ဗျားတို့ စည်ပင်ကလူတွေ အားလုံး ခြင်္သေ့ကို မဲမထည့်ရင် ဘယ်လိုအရေးအယူမယ်ဆိုတာ တွေ့ရမယ်။ ခင်ဗျားတို့အားလုံး ကျုပ်ကိုမဲ ထည့်ကိုထည့်ရမယ်"

မျိုးသာဂီအတွက် ရဲဝံ့ဒို့ဇာနည်ရှိ ဤနေရာမှ ကူးယူကာ မှတ်တမ်းတင်ထားပါတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲအတွက် မဲဆွယ်တာ ဒီမိုကရေစီနိုင်ငံတွေက မဲဆွယ်နည်းကို မသုံး၊ ဒီမိုကရေစီဆိုတဲ့ အမည်တခုကိုပဲ ယူကာ ဒီမိုကရေစီအတိုင်း ဘာတခုမှ မပြောဘဲ၊ မလုပ်ဘဲ မြန်မာ့နည်းမြန်မာ့ဟန် ပြောင်းလုပ်နေတဲ့ မဲဆွယ်နည်းမို့ ဒါကိုလည်း သမိုင်းတခုအဖြစ် ကျန်ရှိနေမှာမို့ မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။

4 comments:

မှတ်တမ်း (၁) နှင့် မှတ်တမ်း(၂) -
ယထာဘူတကျကျ မြင်တတ် တွေးတတ်သူများ အတွက် ၊ နည်းလမ်းတကျ နဲ့ ရှေ့ ဆက်ရမဲ့ လုပ်ငန်းစဉ်၊ တာဝန်၊ အရေး ၊ တွေ ဖြစ်တဲ့အတွက် ဆောင်ရန် မှတ်တမ်း များလို့  ယူဆပါတယ် ။

မှတ်တမ်း (၃) -
ဟား ဟား ဟား - (ဟားတိုက်ရယ်စရာ ကဏ္ဍ ထဲ ထဲ့ဖို့ သင့် မလား လို့  တွေးမိသွားပါတယ် )။
တကယ့် မြန်မာ့နည်းမြန်မာ့ဟန် မဲဆွယ်နည်း စစ်စစ်ပါပဲ ။

အားလုံးအတွက်ဒါမှတ်ထား ရှိထား
သင်.ပါကြောင်း
မှတ်တမ်း၃
အတွက် ပြောချင်တာကတော. ချင်သေ. ကိုမဲထည်.၇င် အဲဒီလိုဘဲအ
စော်ကားခံ၇မဲ. အပြင် အမြဲတန်း FEAR နဲ.ဘဲဘ၀ဆုံးသွားလိမ်.မယ်။
အဲဒီတော. နောက် တဖန် မခံ၇အောင် ချင်သေ. ကို လုံးဝမဲမပေးကြပါနဲ.

မမရေ....... အပေါ်ကဘဘစာနဲ့ အောက်ကစာနဲ့ ဖတ်ပြီး ကြက်သီးတောင် ထမိပါတယ်။
သူတို့မို့လို ဒီလိုစကားတွေ လူသူရှေ့မှာ ပြောထွက်တယ်။ အင်းလေ.... ဒီထက်ဆိုတာတွေတောင် လုပ်ခဲ့တာပဲ။ စကားအပြောအဆိုလောက်နဲ့တော့ သူတို့အတွက် မထူးဆန်းတော့ပါဘူး။

ခင်မင်လေးစားလျှက်

မှတ်သားလောက်ပါတယ်။ :D