မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပေတောကုန်းက ကိုပေါတေနှင့် အင်တာဗျုး



ကိုပေါတေ။ ။ မြို့ပြနဲ့ ကျေးလက် ကွာဟချက်လျော့နည်းအောင် လုပ်ဆောင်နေတယ် လို့ကြား ကြားနေရတာ အနှစ်နှစ်ဆယ်ခန့်ရှိပါပြီ။ အောင်မြင်တယ်လို့လည် နာမည်ကြီးပါတယ်။ံ့ဘယ်လိုနည်းလမ်းတွေနဲ့ စီမံဆောင်ရွက်တယ် ဆိုတာလေး ကိုနွားအဖွဲ့ နာယကကြီးမှ ကမ္ဘာသိအောင်ဖြေကြားပေးပါ။

နွားအဖွဲ့နာယက ဂျိုကုပ်ကြီး။ ။ သြော်. မခက်ပါဘူး။ မြို့တွေကိုမီးဖြတ်ပြီး လမ်းတွေကိုမပြင်ပဲထားလိုက်တော့  မြို့ပြ ကျေးလက်...ဘယ်ကလာကွာနိုင်တော့မလဲ။


ကိုပေါတေ။ ။ သြော်...မှတ်သားလောက်ပါပေတယ်။ နောက်တစ်ခုက.. မြို့တော်ကြီးမှာ လူတွေများလာပြီး သန့်ရှင်းရေးနဲ့ အခြေခံလိုအပ်ချက် လိုအပ်လာတာတွေကို ဘယ်လိုဖြေရှင်းပေးပါသလည်း ခင်ဗျာ။

နွားအဖွဲ့နာယက ဂျိုကုပ်ကြီး။ ။ ဒါကတော့... လူမနေတဲ့နေရာမှာမြို့သစ်တည်ပေးလိုက်တာပေါ့။ လူမနေတော့သန့်ရှင်းရေးကော.. အခြေခံလိုအပ်ချက်တွေကော... ဖြည့်ဆည်းစရာ မလိုတော့ဘူးပေါ့။ သြော်.. ဟိုကျန်ခဲ့တဲ့မြို့ကတော့.. မြိုတော်မဟုတ်တော့ဘူးလေ။ ဒီတော့ ... မြို့အသစ်ကိုပြလိုက်ယုံပေါ့။ တိုးတက်ဖွံ့ဖြိုးသန့်ရှင်းနေပါပြီလို့ ...။





ကိုပေါတေ။ ။ ဟိုက်ရှားဘား.. မစဉ်းစားမိဘူးဗျာ။ဒါကြောင့်လည်း နာယကကြီးဆိုပြီး နွားအဖွဲ့ မှာ ခေါင်းဆောင်နေနိုင်တာပေါ့နော်။ နောက်ဆုံးမေးခွန်းလေးတစ်ခုလောက်မေးပါရစေ။မီဒီယာကိုလက်နက်သဖွယ် ကိုင်ပြီးတိုက်မယ်လို့... နာယကကြီးရဲ့ တပည့်ကျော် ဂျပုကြီးကပြောထားတာ လေးလေ။ အဲ့ဒါဘယ်လိုတိုက်သလဲသိချင်လို့ပါ။

နွားအဖွဲ့နာယက ဂျိုကုပ်ကြီး။ ။ ဟေ...ဂျပုကတော်ပါတယ်။ နာမည်ကြီးသတင်းဌာနတွေကို အင်တာနက်မှာ တရားဝင်တာရောမဝင်တာရော.. ပိတ်တယ်။ စို့တယ်။ ပြီးရင် ဆက်သွယ်ရေးလမ်းကြောင်းတွေကို လိုအပ်သလို ဖြတ်တောက်တယ်။
ပြီးတော့မှ ဒီဘက်ကရေဒီယိုကနေ၊ တီဗီကနေပြော ချင်တာပြော၊ သတင်းစာမှာရေးချင်တာရေးတာပေါ့။ ပြီးတော့ လူပါးမဝသေးတဲ့ ချာတိတ်သုံး ကောင်ကိုတီဗီမှာအမိုက်ခံ - (အဲ... အတိုက်အခံစကားတွေကို နိုင်ငံရေးသုခမိန်ကြီးတွေလိုမျိုး.. ပြောခိုင်းပလိုက်တယ်လေ။) သူတို့ ပြောနေတာကစကားတွေမဟုတ်ဘူး.. သတင်းစာထဲက ငါ့လူတွေ ရေးထားတဲ့ ဆောင်းပါးတွေ ကိုပြန်ဖတ် ခိုင်းတာ။ ပြောခါနီးတိုင်း
(ညီလေးရေ..အကိုကြီးရေ..)ဆိုတာလေးတွေပဲထည့်ပြောလိုက်တာနဲ့ ... နိုင်ငံရေး စကားဝိုင်းဖြစ်သွားအောင် လုပ်ထားတာပေါ့။ သောက်မြင်ကပ်လို့  အသတ်ခံရရင်လဲ..ဒီလူတွေပဲအသတ်ခံရမယ်။ ငါတို့ လဲပြောချင်တာ ကိုစိတ်အေးလက်အေး ပြောလို့ရတယ်။ ဒါကြောင့် ဒီဂျပုကို ငါကတော်တယ်လို ပြောတာ။ အဲဒီလိုတစ်ဖက်သက် အပင်းစို့ .. သတင်းသွပ် တဲ့နည်းကို သုံးပြီးတိုက်နေပါတယ်။



ဂျိုကုပ်ကြီး
အားလပ်ချိန်မှာ-
ဆက်ဗျူးပေးပါဦးမယ်။



ခေတ္တရာ- မောင်လူဆိုး

source by :Email

image google.

18 comments:

မမရေ........ ရင်နာနာနဲ့ မချိပြုံး ပြုံးပြီး ဖတ်သွားပါတယ်နော်...
တော်လိုက်တဲ့ မဟာဦးနှောက်တွေပါပဲ..။

ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ

ဖတ်နေရင်း မျက်နှာမဲ့မဲ့သွားတယ်... ဘယ်တော့များမှ.....................
မျှော်နေရတာရင်မောတယ်...

သက်ပြင်းပဲချနိုင်တော့တယ်

ကိုလတ်ရေ ပို့စ်လာတင်ထားပေးတာ ကျေးဇူးတင်ပါတယ်။ ကိုယ်တင်တဲ့ပို့စ်မှာ အကြောင်းပြန်ဖို့လိုတဲ့ မှတ်ချက်တွေ ရှိလာရင် ကိုယ့်ဖါသာကိုယ် အကြောင်းပြန်နော့်။ အစ်မ တော်တော်အလုပ်များနေတယ်။ တပတ်အတွင်း အစ်မ ပို့စ်အသစ် တင်ဖြစ်မှာ မဟုတ်သေးဘူး။ ကိုလတ်ရော ကိုဒီရေပါ နှစ်ယောက်စလုံး ပို့စ်တင်ပေးချင်ရင် တင်လို့ရပါတယ်။

ဟုတ်ကဲ့ပါ...ဒီပိုစ်က ကျွန်တော်ရေးတဲ့ပိုစ် မဟုတ်ပါဘူးခင်ဗျာ။ ပြည်တွင်းကနေ ခံစားနေရတဲ့ ပြည်သူတစ်ဦးကနေ သူရဲ့ခံစားချက်ကို ဖွင့်ဟ ထုတ်ဖော်တဲ့ အနေနဲ့ ရေးပို့ကာ ဘလောက်တွေမှာ ကျေးဇူးပြုပြီးတင်းပေးခိုင်းတဲ့တွက် တင်ပေးထားတာပါ။ ပိုစ် မှာပါတဲ့ အကြောင်းအရာတွေက ရေးသူကနေ ပြန်ရှင်းပြပါလိမ့်မယ်ခင်ဗျာ။သူ ရေးတဲ့စာကို သူတာဝန်ယူ ရဲပါတယ်တဲ့ ခင်ဗျာ။
စာဖတ်သူမိတ်ဆွေသူငယ်ချင်းများ အားလုံးကို
ကျေးဇူးတင်လေးစားလျှက်-

ခင်မင်မှုဖြင့် အားလုံးကို ပျော်စေချင်တဲ့...

ကျွန်တော်ငယ်ငယ်က အမဲသားသိပ်ကြိုက်တယ်၊ အမေက မစားပေမဲ. ကျွန်တော်အတွက် တစ်ယောက်စာ ချက်ပေးရတယ်၊ ကျွန်တော် လယ်တီဆရာတော်ကြီးရဲ. စာအုပ်မှာ သတ္တ၀ါတွေသနားတဲ.အနေနဲ. အသားမစားဖို. အနည်းဆုံး အမဲသား (နွားသား) ကို ရှောင်ဖို. ဟောကြားခဲ.တာကို ဖတ်ခဲ.ရပါတယ်၊ နောက်စာအုပ်က တော. အရှင်ဥက္ကဌ ရေးတဲ.စာအုပ်ပါ၊ စာအုပ်အမည်တော.မမှတ်မိပါ (အရှင်ဥက္ကဌစာအုပ်တွေကိုပိတ်ထားပေမဲ. ကျွန်တော် ရအောင် ဖတ်ခဲ.ပါတယ်) ၊ ဆရာတော်က အမဲသားကိုရှောင်ဖို. နွားက လယ်ကို ပင်ပင်ပန်းပန်း ထွန်ရတယ်၊ (ရှေးခေတ်က နွားကို လယ်ထွန်ရာမှာ အသုံးပြုခဲ.ရပြီး ယခုခေတ် လယ်ထွန်စက်သုံးပေမဲ့ တချို.ဒေသတွေမှာ နွားကိုပဲအသုံးပြုနေရဆဲပါ)၊ နွားက ထုတ်လုပ်တဲ့ဆန်နဲ. သူ.အသားကိုစားတာ သူအတွက် (နွား) တရားပါသလားတဲ.၊ စားလို.ရော မြိုကျ နိုင်မလားလို. ရေးထားတာ ဖတ်ရပါတယ်၊ အထက်ပါစာအုပ်များကိုဖတ်ပြီး ၁၉၉၁ ခုနှစ်ကစပြီး ကျွန်တော်ဟာ အမဲသား ကို ရာသက်ပန် ရှောင်လိုက်ပါတယ်၊ ကျွန်တော် ဆိုလိုခြင်တာကတော့ နွားဟာ လူတို့ရဲ.ကျေးဇူးရှင်၊ မိတ်ဆွေဖြစ်ပါတယ်၊ အထက်ပါ ပိုစ် အရ ....... အင်း..... နွားများ သိက္ခာကျနေမလားလို့....

ရောက်လာပါတယ်။ ဒီပို့စ်ကိုသဘောကျတယ်။ အားရင်လာလည်ပါအုံး။ မငယ်နဲ့မိသားစုပျော်ရွှင်ပါစေ။

ကျွန်မပို့စ်တွေက အခုတလော ဖြစ်နေတဲ့ issue နဲ့ update ဖြစ်အောင် လိုက်တင်နေတော့ လူမုန်းများတဲ့ Serious ပို့စ်တွေပဲ ဖြစ်နေတဲ့အချိန်မှာ စာလာဖတ်သူတွေကို ပေါ့ပေါ့ပါးပါးလေး ဖတ်စေချင်တဲ့ စေတနာနဲ့ မောင်လေး မိုးသွေးငယ်က လာတင်ထားပေးတာ ကိုကိုဆန်ကလွဲရင် ပို့စ်ကို သဘောကျကြတယ်ဆိုလို့ ၀မ်းသာပါတယ်။ ဆက်ရန်လည်း ရှိတယ်ဆိုတော့ စောင့်သာမျှော်ကြပါနော့်။

ကိုကိုဆန်ရေ တိရိစ္ဆာန်နဲ့ နှိုင်းတာကို ပြင်ဖို့ စောပါသေးတယ်။ ကျွန်မတို့ မြန်မာလူမျိးတွေမှာ လူလူချင်း အဆင့်အတန်း၊ ကျားမ၊ နေရပ်၊ လူတန်းစားခွဲပြီး နှိမ်ပြောတာက ပိုဆိုးပါတယ်။ အသုံးအနှုန်းတွေဖြစ်တဲ့ ငါးစိမ်းသည်၊ တောသား၊ မိန်းမကျင့်မိန်းမကြံ၊ ဖက်ခွက်စား စတဲ့ အပြစ်မရှိတဲ့သူတွေကို နှိမ်ပြီး ပြောတဲ့စကားတွေပဲ ပျောက်အောင် ကျွန်မတို့ အရင်ကြိုးစားကြရအောင်၊ တိရိစ္ဆာန်ကို နှိမ်တာက တိရိစ္ဆာန်က ဘာမှ မသိဘူးဆိုတော့ ခဏထားလို့ ရပါသေးတယ်။ လူလူချင်းနှိမ်တာက ပိုခံရခက်ပါတယ်။

Peace Lover- ကျွန်မ ရောက်တော့ရောက်တယ်။ ဒါပေမဲ့ အချိန်မရလို့ ဘာမှ မရေးဖြစ်ဘူး။ အခုတော့ လုံးဝအချိန်မရလို့ ဘလော့ဂ်တွေ အားလုံးဆီကို သင်္ကြန်ပြီးမှပဲ လိုက်လည်ဖြစ်တော့မယ်။ စာလာဖတ်သူတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။

မငယ်နိုင်- ကျွန်တော်လဲ အထက်ပါ ပို.စ် ကို ကြိုက်ပါတယ်၊ ရေးတဲ့သုရဲ. Idea ၊ တင်ပေးတဲ့ မငယ်နိုင်ကိုလည်း ကျေှးဇူးတင်ပါတယ်၊ လူအချင်းချင်း အပြန်အလှန် လေးစားခြင်းက ဒီမိုကရေစီ ရဲ. အစလို ထင်ပါတယ်၊ မငယ်နိုင် ရဲ. ပို.စ် တွေကို အစဉ်အားပေးနေမှာပါ၊

10 Apr 10, 18:46
ကျော်ထင်: လာဖတ်ဖြစ်ပါတယ်။ ဟာသ တွေက ကျနော်တို့ဘ၀အမောတွေကိုလဲပြေစေသလို စစ်မဟာဗိုလ်ချုပ်ကြီးများကိုပစ်ခတ်နိုင်တဲ့လောက်စာလုံးတွေပါပဲ
(ပို့စ်နဲ့ ဆိုင်လို့ C-Box က ပြန်ကူးလာပါတယ် -Nge Naing)

ကိုကိုဆန်- ဒီပို့စ်ကို ရေးသူက မြန်မာပြည်တွင်းက၊ တင်သူက မိုးသွေးငယ်ပါ။ ကျွန်မတင်တာ မဟုတ်ဘူး။ ကျွန်မက နှိမ်တယ်ဆိုပြီး မကြိုက်ဘူး ထင်နေတာ ကြိုက်တယ်ဆိုလို့ ၀မ်းသာပါတယ်။

စာဖတ်ပရိတ်သတ် အားလုံး မင်္ဂလာရှိသော အတာတန်းခူး ပါခင်ဗျာ။
အထက်ပါ အင်တာဗျူးပို့စ် ကို ကြိုက်တဲ့သူတွေ ရှိသလို တချို့က လည်း မကြိုက်နိုင်လောက်ဘူးဆိုတာ ကျွန်တော်ဒီပို့စ် ကို မတင်ခင်ကတည်းက စဉ်းစားမိပါတယ်။ဒါပေမယ့် ပြည်တွင်းကနေအခက်အခဲ အမျိုးမျိုးကြားကနေ ရင်ထဲက ခံစားချက်လေးတွေ ကို ထုတ်ဖော်ပြချင်တဲ့ ဆန္ဒလေးတခုနဲ့ အားကိုးတစ်ကြီး ပို့ပေးလာတဲ့ အခါမှာ ကျွန်တော်တို့ တွေက အရေးတယူမရှိပဲ ဥပက္ခာပြု ပြီး ထားလိုက်မယ်ဆို ရင် ခံစားနေရတဲ့သူဟာ ဖွင့်ပြောပြစရာ နားထောင်းပေးမည့်သူ ၊ နားလည်ပေးမည့်သူ မရှိဘူးဆိုရင် သူတို့မှာ ပိုပြီး ခံစားရမယ်လို့ ထင်ပါတယ်။
တခါတလေ မှာ လူကိုယ်တိုင်က ဆန်ကျင်ဝေဖန်လို့ မဖြစ်နိုင်တဲ့အချိန်မှာ တက်သလောက် မှတ်သလောက် လေးနဲ့ ခံစားချက်ကလေး ကို အားလုံးကို ဝေမျှပေးကြတာပါ။ဒီလို အခါမျိုးမှာ တိုက်ဆိုင်မှုရှိလို့ ခံစားချက်ချင်းတူလိုဖြစ်ဖြစ် ကြိုက်တဲ့သူရှိသလို ၊လက်မခံနိုင်တဲ့သူလည်းရှိမှာ မလွဲပါဘူး။ဘာပဲဖြစ်ဖြစ် ပြည်တွင်းကနေ ရေးပြီးတကူးတက ပို့ပေးတဲ့ စာရေးသူရဲ့ ခံစားချက်ကလေး ကို လိုတိုး ပိုလျှော့လေး လုပ်ပြီး နားလည်းပေးကြရအောင်ဗျာ။
နောက်ထပ်အပိုင်းလေးတွေကိုလည်း အလျှင်းသင့်သလို ဖော်ပြပေးသွားပါမယ်။
လောလောဆယ် သင်္ကြန်တွင်းဖြစ်နေတဲ့အတွက် မြန်မာပြည်က ကိုယ်ပိုင်အင်တာနတ်မရှိတဲ့ သူ အတွက်တော့ အခက်အခဲ ရှိနေပါတယ်ဗျာ။


ခင်မင်မှုဖြင့် အားလုံးကို ပျော်စေချင်တဲ..

ကိုမိုးသွေးငယ် ရဲ. ပို.စ် အသစ် တွေကို မျှော်နေရင်းနဲ. အစဉ်အမြဲ အားပေးနေမှာပါ၊ The being time, Happy Myanmar New Year (2010) & enjoy your holidays!

ဟိဟိ
(အဲလောက်သာ ရယ်ရဲတယ်)

ဒီအကြောင်းအရာလေးကို အင်တာနက်မဂ္ဂဇင်းတခုမှာ ဖတ်ခဲ့ဖူးပါတယ် ။ ခုတခါ ထပ်ဖတ်ပြီးတော့လည်း သဘောကျမိပါတယ် ။

“နွားအဖွဲ့ ” ဆိုတာ နွားတွေကို နှိမ့်ချ ပြောထားတာ မဟုတ်ဖူးလို့ ထင်မိပါတယ် ။။ အတိုကောက် ပြန်ရေးကြည့် လိုက်ရင် ဘာကိုဆိုလိုသလည်းဆိုတာ သိကြမှာပါလေ ..

ပိတ်တယ် ဆို့တယ် လုပ်ပါ
ပိတ်လိုက် စို့လိုက်တော့ မလုပ်ပါနဲ့လေ

အမီးကတော့ကြောက်လည်းကြောက်တယ်ဆက်လည်းဖတ်ချင်သေးတယ်ဒီတော့ကြောက်ကြောက်နဲ့ ပဲဆက်ရေးပါဆက်တင်ပါလို့ အစ်မကြောက်ကြောက်နဲ့ ပဲသူငယ်ချင်းတွေဆီပို့ ဖိုကူးသွားပြီနော်...တလက်စတည်း.ရေလောင်းသွားတယ်ဗျို့ 

ဒီတင်ထားတဲအကြောင်းအရာတွေက.. စာပြောင်အမျိုးအစားဖြစ်မလားပဲခင်ဗျ။ ဒါကြောင့်လက်ခံသည်ဖြစ်စေ၊လက်မခံသည်ဖြစ်စေသူ့ဂုဏ်သတ္တိကထိထိမိမိပြောင်လှောင်ရေးသားဖို့လိုအပ်တယ်လို့ထင်ပါတယ်။
နွားတွေကိုဂုဏ်သိက္ခာချတာမဟုတ်ပါ။ အားလုံးသိတော်မူကြတဲ့အတိုင်းနိုင်းရက်စရာတိရိစ္ဆာန်တော်မရှိလောက်အောင်ဖြစ်ကုန်ကြသောအနှီဂျိုကုပ်ကြီးများကိုနှိင်းစရာမရှိပါ။
နွားအဖွဲ့ (အတိုကောက် - နအဖ)၊ ဂျိုကုပ်ကြီး - ဗိုလ်ချုပ်ကြီး ဖြစ်ပါလိမ့်မယ်။

ဒီပို့စ်ရဲ့မူရင်း inspiration ကတော့ ဧရာဝတီသတင်းကရန်ကုန်သားတာတေပါ။

ဟင်းးးးးးးးးးးဖတ်ရင်းနဲ့ ရင်မောလာလို့ သက်ပြင်းချမိတယ်။
ဖတ်ပြီးတဲ့အချိန် ရယ်မိတယ် မှန်လွန်းလို့
အရမ်းသဘောကျတယ်။