မင်္ဂလာပါ
လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..
မြတ်ဗုဒ္ဓ၏ မေတ္တာတရား
မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။
ဒီမိုကရေစီကို လွဲမှားစွာ နားလည်နေသူများသို့
သင်္ကြန်ကာလမှာ အွန်လိုင်း မတက်ဖြစ်ဘဲ သင်္ကြန်ပြီးလို့ အွန်လိုင်းပေါ် စရောက်ရောက်ချင်း ကိုညီလင်းဆက် ဘလော့ဂ်ကစပြီး ကန်တော်ကြီးမှာ ဗုံးဖေါက်ခွဲမှုဖြစ်တဲ့ ပို့စ်ကနေ ဗုံးခွဲတာနဲ့ ပတ်သက်တဲ့ တခြားပို့စ်တွေကို ဘလော့ဂ်တချို့မှာ လိုက်ဖတ်ဖြစ်ပါတယ်။ မှတ်ချက်တွေကိုပါ ဖတ်ကြည့်တော့ အစိုးရဘက်ယိမ်းသူတွေကလည်း အစိုးရဆန့်ကျင်သူတွေလုပ်တယ်လို့ ပြောနေတာ ရှိသလို အစိုးရကို ဆန့်ကျင်သူတွေကလည်း အစိုးရလုပ်တယ်လို့ ပြောနေကြတာ တွေ့ရတယ်၊ တချို့ကလည်း မူစလင်အဖွဲ့တွေ ဖြစ်နိုင်တယ်လို့ ပြောထားတာကို တွေ့ရပြီး မောင်မိုးကတော့ နအဖ ခေါင်းဆောင် မိသားစုအတွင်း စားခွက်လုပြီး ဖြစ်တယ်လို့ ပြောထားတာ တွေ့ပါတယ်။ ပြောနေတာ အကုန်လုံးက ထင်မြင်ယူဆချက်၊ သုံးသပ်ချက်တွေသာဖြစ်ပြီး ဘယ်နှစ်ရာခိုင်နှုန်း မှန်တယ်ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ပါဘူး။ တကယ်ဘယ်သူလုပ်တယ်ဆိုတာ လုပ်တဲ့သူသာ အသိဆုံး ဖြစ်ပါလိမ့်မယ်။ မူလက ဒီအကြောင်း ပို့စ်ရေးဖို့ အကြံအစည် မရှိခဲ့ပေမဲ့ စစ်အစိုးရကို ထောက်ခံသူ ရှုပ်ချနေသူ နှစ်ဘက်စလုံးမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို လွဲမှားစွာ နားလည်ပြီး ပြောနေကြတာကို တွေ့တော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားတဲ့ သူတဦးအနေနဲ့ ပြောစရာ ပေါ်လာလို့ ဒီပို့စ်ကို ကျွန်မ တင်ဖြစ်သွားပါတယ်။
ဖြစ်သွားတဲ့ ပြဿနာနဲ့ ပတ်သက်ပြီး ပြောနေတာတွေကို ကြားရသူက လက်ခံသည်ဖြစ်စေ၊ လက်မခံနိုင်သည် ဖြစ်စေ တစုံတယောက်က မိမိထင်မြင်ယူဆတာကို မိမိ လွတ်လပ်စွာ ပြောပိုင်ခွင့်ရှိလို့ ပြောကြတာကို မှားတယ်မှန်တယ်လို့ ဘယ်သူမှ အတိအကျ မဆုံးဖြတ်နိုင်ပါဘူး။ အတိအကျ ဘယ်သူမှ မသိခင်မှာ ဘယ်သူမဆို ထင်တာကိုပဲ ပြောနိုင်မှာ ဖြစ်လို့ မိမိလက်မခံနိုင်လို့ မဟုတ်ဘူးထင်ရင် မိမိထင်တဲ့အတိုင်း အကျိုးသင့် အကြောင်းသင့် ပြန်လည်ဆွေးနွေး ချေပ၊ ထောက်ပြရုံကလွဲပြီး ထင်လို့ ထင်တဲ့အတိုင်း ပြောသူတွေကို ဘာမှ အပြစ်တင်စရာ မရှိပါဘူး။ ဒါဟာ Freedom of speech ဖြစ်လို့ မပြောနဲ့လို့လည်း ဘယ်သူ့ကိုမှ တားပိုင်ခွင့်မရှိပါဘူး။ အပြစ်မဲ့ ပြည်သူတွေ ထိခိုက်သေဆုံး၊ ဒါဏ်ရာရကြလို့ နှစ်ဘက်စလုံးမှာ စိတ်မကောင်း ဖြစ်ကြသူ၊ ၀မ်းနည်းကြေကွဲ မခံမရပ်နိုင် ဖြစ်ကြသူရှိသလို အစိုးရနဲ့ သက်ဆိုင်သူတွေ ပါသွားလို့ အပြစ်ရှိသူတွေ သေလို့ဆိုပြီး ပျော်နေတဲ့သူတွေကိုလည်း တွေ့ရပါတယ်။ ဒါလည်းပဲ Freedom of Expression ဖြစ်လို့ သူများသေတာကို ဒီလိုပျော်နေတာ လူစိတ်မရှိဘူးလားလို့ အပြစ်တင်ပြီး ဘယ်သူမှ တားပိုင်ခွင့် လည်းမရှိပါဘူး။ အကြောင်းအရာတခုအပေါ် တယောက်နဲ့တယောက် သုံးသပ်ပုံ ကွာခြားသလို ခံစားနားလည်ပုံလည်း ကွာခြားမှာ ဖြစ်ပါတယ်။
ကျွန်မက အစိုးရကို လုံးဝဆန့်ကျင်သူ တယောက်ဖြစ်ပါတယ်။ ဆန့်ကျင်ရတဲ့ အကြောင်းအရင်းကလည်း ကျွန်မက ဒီမိုကရေစီကို မြတ်နိုးတန်ဖိုးထားပြီး အာဏာရှင်စနစ်မှာ ပြည်သူလူထုရဲ့ လွတ်လပ်စွာ၊ ပြောဆို၊ ရေးသား၊ စည်းရုံး၊ ကိုးကွယ်၊ တင်မြှောက်၊ ဖြုတ်ချ၊ အစားထိုး ပိုင်ခွင့်တွေကို ပိတ်ပင်ထားခြင်း၊ Social Security ခေါ် လူမှုရေးလုံခြုံမှု လို့ခေါ်တဲ့ ပြည်သူလူထုရဲ့ အသက်ရှင်ရပ်တည်ရေး (စားဝတ်နေရေး)၊ ပညာရေး၊ ကျန်းမာရေးတွေကို အစိုးရက ဘာတခုမှ အာမခံချက် လုံခြုံမှုမပေး၊ မဖြေရှင်းပေးနိုင်ခြင်းတွေအတွက် အာဏာရှင်စနစ်ကို မကြိုက်လို့ ဆန့်ကျင်တာ ဖြစ်ပါတယ်။ လူတိုင်းမှာ တခုခုကို ကြိုက်ပိုင်ခွင့် မကြိုက်ပိုင်ခွင့်လည်း ရှိပြီး ကြိုက်ခြင်းမကြိုက်ခြင်းကို ဖွင့်ဟပိုင်ခွင့် Freedom of Expression လည်း ရှိပါတယ်။ ကျွန်မလည်း ကျွန်မယုံကြည်တာကို ကျွန်မ ပြောမှာ ဖြစ်တဲ့အတွက် ဘလော့ဂ်တွေမှာ သူများတွေက Freedom of speech, Freedom of expression တွေကို လွတ်လပ်စွာ အသုံးပြုပြီး ပြောနေကြ ဆန္ဒဖေါ်ပြနေကြတာနဲ့ ပတ်သက်ပြီးဘာမှ စောတက တက်စရာအကြောင်း မရှိပါဘူး။ သို့ပေမဲ့လည်း ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီလို့ ပြောနေကြတာကိုတော့ ရေငုံနှုတ်ပိတ်နေနိုင်စွမ်း ကျွန်မမှာ မရှိပါဘူး။
စစ်အုပ်စုက ဒီမိုကရေစီ မဟုတ်ဘဲ ဒီမိုကရေစီလို့ အယောင်ပြလိမ်လည်ပြီး ဒီမိုကရေစီ နိုင်ငံထူထောင်ဖို့ လုပ်နေတဲ့အကြာင်း သင်္ကြန် မတိုင်ခင်က ကျွန်မပို့စ်တွေမှာ ရေးသားဖေါ်ပြခဲ့တာ ရှိပါတယ်။ ယုတ်ရိုင်းကြမ်းတမ်းစွာ ဆဲဆိုခြင်း၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခြင်းတွေကို လွတ်လပ်စွာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ကျင့်သုံးပိုင်ခွင့်လို့ ထင်ပြီး ကျယ်ကျယ်ပြန့်ပြန့် ပြုမူနေကြသူတွေ အများကြီး ရှိတာကိုလည်း တွေ့ရပါတယ်။ ၀မ်းနည်းစရာ ကောင်းတာက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာကို တလွဲနားလည်နေသူများထဲမှာ ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် ဆိုပြီး အကြာင်းပြနေသူတွေလည်း ရှိနေတာကို တွေ့ရပါတယ်။ ဒေါက်တာလွမ်းဆွေ ဘလော့ဂ်မှာ တင်ထားတဲ့ ပို့စ်ထဲက မှတ်ချက်တွေအထဲမှာ လက်နက်ကိုင်တော်လှန်ရေးနဲ့ အခုလို အကြမ်းဖက်တာကို တခုတည်း တမျိုးစားတည်း သတ်မှတ်ပြီး ပြောထားတာကိုလည်း တွေ့ရပါတယ်။ လက်နက်ကိုင် တော်လှန်ရေးဆိုတာ အဲသည်လို သူရဲဘောကြောင်ပြီး အရပ်သားတွေကြားထဲမှာ ဗုံးသွားဖေါက်တဲ့ လုပ်ရပ်ကို ခေါ်တယ်လို့ ပြည်သူလူထုကို message ပေးသလို ဖြစ်နေပါတယ်။ ဒါကို ပြောသူတွေကပဲ ထင်တာက အကြောင်းမဟုတ်ပေမဲ့ ဒီလိုပြောလိုက်တာကို အကြောင်းပြုပြီး သူတို့လုပ်နေတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာ ဒီလိုလူမဆန်တဲ့ အကြမ်းဖက်နည်းကို ပြောတာကိုးလို့ အချိန်ပေးပြီး လေ့လာဖို့ အခြေအနေမပေးလို့ ဒီမိုကရေစီကို နားမလည်သူတွေ ထင်သွားမှာကို ကျွန်မ အထူး စိုးရိမ်မိပါတယ်။
ဒီမိုကရေစီကို တန်ဖိုးထား မြတ်နိုးတဲ့ ကျွန်မ အနေနဲ့ ဒီမိုကရေစီကို ဒီလိုအောက်တန်းကျတဲ့ လုပ်ရပ်တွေနဲ့ ရောထွေးပြီး အထင်ခံရတဲ့ အဖြစ်မျိုးကို လုံးဝအဖြစ်မခံနိုင်ပါဘူး။ အကြမ်းဖက်ခြင်းဟာ ဒီမိုကရေစီမဟုတ်ပါ။ ဒီမိုကရေစီဆိုတာ မတူကွဲပြားမှုတွေတွေကို အဆင်ပြေအောင် ဖြေရှင်းတဲ့ ယဉ်ကျေးသိမ်မွေ့ပြီး စည်းကမ်းရှိတဲ့ စနစ်သာ ဖြစ်ပါတယ်။ ဘယ်လောက်ပဲ မတူကွဲပြားနေပါစေ ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းလို့ ရပါတယ်။ ဒီမိုကရေစီဆိုတာ တဘက်သတ် အပြစ်တင်ရှုပ်ချ စွပ်စွဲပြောဆို ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု၊ အကြမ်းဖက်မှု တခုမှ မဟုတ်ပါဘူး။ မတူတာကို အတင်းတူအောင် လိုက်လုပ်ရတာမျိုးလည်း မဟုတ်ပါဘူး။ မတူတာကို ထပ်တူကျအောင် လုပ်ဖို့ဆိုတာ မဖြစ်နိုင်သလို အဲဒီလို လုပ်ဖို့လည်း မလိုအပ်ပါဘူး။ အားလုံး သဟဇာတဖြစ်အာင် အပြန်အလှန် အသိအမှတ်ပြု လေးစားမှုနဲ့ ဘယ်လိုဖြေရှင်းမယ်ဆိုတဲ့ ပြဿနာ ဖြေရှင်းခြင်းသာ ဖြစ်ပါတယ်။ စည်းကမ်းမရှိ၊ အပြန်အလှန် လေးစားမှု မရှိဘဲနဲ့ ဒီမိုကရေစီကို တည်ဆောက်လို့ မရနိုင်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီဆိုတာ စည်းကမ်းရှိရမယ်၊ စည်းကမ်းရှိကြပါလို့ သူ့မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် ပြောထားတာ ရှိပါတယ်။
ဒီမိုကရေစီမှာ ဘယ်သူ့ကိုမှ မထိခိုက်ဘဲ စည်းကမ်းရှိစွာနဲ့ မိမိဆန္ဒကို လွတ်လပ်စွာ၊ ငြိမ်းချမ်းစွာ ထုတ်ဖေါ်ပြောဆိုပြသပိုင်ခွင့်ပဲ ရှိပါတယ်။ ဒီလိုဖေါ်ပြတာကို လက်ခံသူက ထောက်ခံနိုင်ပြီး လက်မခံသူကလည်း လက်မခံတဲ့အတိုင်း ငြိမ်းချမ်းစွာ ပြန်လည် ချေပတုန့်ပြန်ပိုင်ခွင့်ရှိပါတယ်။၊ အခုလို ဗုံးခွဲပြီး အကြမ်းဖက်ပိုင်ခွင့်တော့ လုံးဝ မရှိပါဘူး။ ဒီမိုကရေစီနည်းကျ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖေါ်ပြသမှာကို အာဏာရှင်တွေက သေမလောက်အောင် ကြောက်ပြီး အခုလို အကြမ်းဖက်တာမျိုးကိုကျတော့ အာဏာရှင်တွေက သူတို့ ဆင်ထားတဲ့ အကွက်ထဲ ခန့်ခန့်ကြီး ၀င်လာတာ ဖြစ်လို့ သိပ်ကို ပျော်မှာ ဖြစ်တယ်။ ငါတို့ ငါးစာချိတ်ထားတဲ့ ငါးမျှားချိတ်ကိုတော့ ငါးတွေ လာဆွဲနေပြီဆိုပြီး ပျော်လို့ပြုံလို့မဆုံး ဖြစ်နေလောက်ပြီ။ ဒီမိုကရေစီ လိုလားသူတွေက ဒီမိုကရေစီ၊ လူ့အခွင့်အရေးဆိုပြီး လုပ်ချင်ရာလုပ်၊ ပြောချင်ရာ ပြောတာဟာ ဒီမိုကရေစီကို ပျက်စီးအောင်လုပ်ရာ ရောက်သလို အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင် လုပ်ရာလည်း ရောက်နေလို့ တကယ်ဆင်ခြင်သင့်တာကို ဆင်ခြင်ဖို့ ဒီမိုကရေစီ လိုလားသူတွေကို ကျွန်မတိုက်တွန်းချင်ပါတယ်။
ဗုံးဖေါက်ခဲ့တဲ့ ကိစ္စမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို တကယ်တန်ဖိုးထားသူ စစ်စစ်တွေက ပြည်သူလူထု နစ်နာ၊ မိမိကိုယ်တိုင် နာမည်အပျက်ခံပြီး ဒီလို အရပ်သားတွေ ပျော်ပွဲရွှင်ပွဲ ကျင်းပနေတဲ့နေရာမျိုးမှာ ဗုံးဖေါက်တဲ့ အလုပ်မျိုးကို ဘယ်တော့မှ လုပ်မယ်မထင်ဘူး။ ဒီကိစ္စမှာ အစိုးရမှာပဲ အကျိုးအမြတ် ရှိပြီး အစိုးရဆန့်ကျင်သူတွေမှာ ဘာအကျိုးအမြတ်မှ မရှိတဲ့အတွက် စစ်အုပ်စု အကျိုးအမြတ်အတွက်တော့ အစိုးရဆန့်ကျင်သူတွေ ဘယ်တော့မှ လုပ်ဖို့မရှိနိုင်ဘူး။ တပ်မတော်ဟာ တိုင်းပြည် မတည်မငြိမ် ဖြစ်နေတာကို မကြည့်ရက် မရှုရက်ဘဲ ပြိုကွဲမှာစိုးလို့ မလွဲသာမရှောင်သာ အာဏာကို ထိန်းထားရတယ် ဥပမာ အခုလို အဖြစ်မျိုးကို ကြည့်ရင် သိနိုင်တယ်ဆိုပြီး စစ်တပ်မှာ အာဏာကို ဆက်ထိန်းထားဖို့အတွက် အကြောင်းပြစရာ အကျိုးအမြတ်ရသွားအောင် ဗုံးဖေါက်ခွဲသူတွေက ဖန်တီးပေးလိုက်ပါတယ်။
ဒီဗုံးဖေါက်ခွဲသူတွေက စစ်တပ်ကို အရေးပါအောင် ဒီလို စည်းကမ်းမရှိတာတွေ ဖြစ်နေလို့ မြန်မာပြည်မှာ စစ်တပ်အုပ်ချုပ်ရေး မရှိမဖြစ်လိုအပ်တယ် ဆိုတဲ့ အသွင်မျိုး ဖြစ်အောင် တွန်းပို့ပေးရာ ရောက်သွားပါတယ်။ သေဆုံးသူတွေထဲမှာ တချို့တွေ ပြောနေသလို အာဏာရှင် အသိုင်းအ၀ိုင်းက ပါသွားတယ် ဆိုရင်တောင်မှ ကျန်နေတဲ့ စစ်အုပ်စု အသိုင်းအ၀ိုင်းမှာ ဘာမှ ထိခိုက်နစ်နာသွားမှာ မဟုတ်ဘူး။ ပြည်သူလူထု ဒုက္ခရောက်သည်ဖြစ်စေ သူတို့အထဲက ဒုက္ခရောက်သည် ဖြစ်စေ၊ အာဏာ ဆက်လက်ဆုပ်ကိုင်နေသူတွေဟာ ဘယ်တော့မှ ဂရုစိုက်သူတွေ မဟုတ်ပါဘူး။ ပြဿနာတိုင်းမှာ ငါတို့ အာဏာ ထိန်းချုပ်ထားတဲ့ အချိန်မှာ ဖြစ်တော့ ငါတို့မှာ တာဝန်ရှိပါလားလို့လည်း ဘယ်တော့မှ တွေးကြတာမျိုးလည်း မရှိပါဘူး။ ဦးနှောက်ရှိတဲ့ အစိုးရဆန့်ကျင်သူတွေ အနေနဲ့ ဒီလို စစ်တပ်အခန်းကဏ္ဍကို မြှင့်တင်ပေးတဲ့ အလုပ်မျိုးကို မိမိဘက်က လူထုအယုံအကြည် အပျက်ခံပြီး ဘယ်တော့မှ လုပ်မှာမဟုတ်ပါဘူး။ အာဏာရှင် အသိုင်းအ၀ိုင်းက ပါသွားလို့ ဆိုပြီး ပျော်နေသူတွကို ပြောချင်တာက သေရာမှာ ပါသွားတဲ့အထဲမှာ မိမိတို့ သေစေချင်နေသူတွေ ပါသွားလို့ မိမိဖါသာမိမိ Freedom of Expression အရ ပျော်စရာရှိရင် အေးအေးဆေးဆေး ပျော်ကြပါ၊ ဒါပေမဲ့ ဒီလို အကြမ်းဖက်မှုမျိုးကိုတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လုပ်ရမယ့် လုပ်ရပ်တခုလို့ ဆွဲမထည့်ပါနဲ့လို့ သတိပေးချင်ပါတယ်။ ဘယ်သူမဆို သူ့ကုသိုလ်နဲ့ သူသွားပါတယ်။ သူများ သေကြေပျက်စီးတာကို ပျော်တဲ့သူဟာ ဗုဒ္ဓဘာသာအရ သူများရသွားတဲ့ အကုသိုလ်ကို နေရင်းထိုင်ရင်း သွားပြီးမျှဝေယူကြခြင်းသာ ဖြစ်လို့ ဘယ်လောက်ပဲပျော်ပျော် ကိုယ့်ဘက်က အရှုံးသက်သက်ပဲ ဆိုတာလည်း သိသင့်ပါတယ်။
ကျွန်မ အနေနဲ့တော့ ဗုံးဖေါက်ခွဲတာနဲ့ ပတ်သက်ပြီး ဒီကိစ္စကို ဘယ်သူပဲလုပ်လုပ်၊ ထိခိုက်ဒါဏ်ရာရ သေဆုံးသူတွေအထဲမှာ ဘယ်သူပဲ ပါပါ ဥပမာ ဗိုလ်သန်းရွှေကိုယ်တိုင် ပါသွားရင်တောင်မှ ဒီကိစ္စကို လုပ်တဲ့သူကို ကျွန်မ လုံးဝဆန့်ကျင်တယ်။ ဒီမိုကရေစီကို အခြေခံ အုတ်မြစ်မချနိုင်ဘဲနဲ့တော့ ဗိုလ်သန်းရွှေသေသွားလည်း ဗိုလ်သန်းရွှေထက် ဆိုးတဲ့ အာဏာရှင်က ဆက်ရှိနေမှာပဲ ဖြစ်တယ်။ ထပ်ပြီး ဥပမာ ပေးရရင် ဒီကစ္စကို လုပ်တဲ့သူဟာ ကျွန်မအစ်ကို၊ ကျွန်မအဖေ (သို့) အဖိုး ဖြစ်နေတာ မကလို့ ဒေါ်အောင်ဆန်းစုကြည်က လုပ်ခိုင်းလို့ ဒါမှမဟုတ် နောက်ဆုံး ကုန်ကုန်ပြောရရင် ဗိုလ်ချုပ်အောင်ဆန်းက သေရာက ပြန်လာပြီး လာလုပ်ခိုင်းလို့ လုပ်ရတယ် ဆိုရင်တောင်မှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို ဆန့်ကျင်တဲ့ ဒီလုပ်ရပ်ကို ကျွန်မလက်မခံနိုင်ဘူး။ မှန်မမှန်ကို ကျွန်မတိုင်းတာတဲ့ စံက ဘုရားဟောတဲ့ ဓမ္မနဲ့ အဓမ္မပဲဖြစ်တယ်။ နိုင်ငံရေး ခံယူချက်နဲ့ ပတ်သက်တဲ့ စံကတော့ ဒီမိုကရေစီ လူ့အခွင့်အရေးတွေမှာ ပါရှိတဲ့ စံတွေပဲ ဖြစ်ပါတယ်။ ဘယ်သူပြောတာကို ထောက်ခံလို့ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့ လမ်းလွဲသွားတဲ့ အယူအဆတွေဘက်ကို လိုက်သွားရတာမျိုး အဖြစ်ခံမှာမဟုတ်ပါဘူး။
ဒီမိုကရေစီနည်းမကျဘဲနဲ့ ဒီမိုကရေစီနည်းကျလို့ ပြောနေတာကိုလည်း ဘယ်သူပဲ ပြောပြော လက်ခံမှာ မဟုတ်ပါဘူး။ ဒီမိုကရေစီ လိုလားသူတွေထဲက ဒါမျိုး လုပ်ခဲ့သည် ရှိသော် မှားယွင်းတဲ့ လုပ်ရပ်၊ စစ်အုပ်စု ပျော်အောင် အခွင့်ကောင်းရအောင် လုပ်တဲ့လုပ်ရပ်၊ စစ်အုပ်စု သက်ဆိုးရှည်အောင် ဖန်တီးပေးတဲ့ လုပ်ရပ်ပဲ ဖြစ်လို့ လုပ်တဲ့အဖွဲ့ကို ကျန်တဲ့အဖွဲ့တွေက ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့လိုပါတယ်။ မှားယွင်းတဲ့ အတွေးအခေါ်တွေကို ပြည်သူလူထုကို မပေးမိအောင် အကြမ်းဖက်ခြင်းဟာ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဘာမှ မပတ်သက်ဘူးဆိုတာနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး သဘောသဘာဝတွေကို ပြည်သူလူထုအတွင်း အမှန်အတိုင်း ပြန့်နှံ့အောင် လုပ်ဖို့ တကယ်ကို လိုအပ်နေကြောင်း ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် လုပ်နေသူ အားလုံးကို အကြံပြုပါတယ်။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လွဲမှားစွာ နားလည်ထားသူများ စစ်အုပ်စု ပြုတ်ကျတာကို တကယ်လိုလားရင် အရပ်သားကို အကြမ်းဖက်တဲ့နည်းနဲ့ မရနိုင်ဘူး၊ ဒီမိုကရေစီ၊ လူ့အခွင့်အရေး သဘောသဘာဝတွေကို အမှန်တိုင်းသိအောင် လေ့လာပြီး လိုက်နာဖို့ကို ကျွန်မ တိုက်တွန်းပါတယ်။
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။
(This article was posted on 19/04/10 at 12:43 and temporaryly situated it on top for some readers who haven't read it)
92 comments:
မည်သည့်အကြမ်းဖက်မှုမျိုးကိုမဆိုဆန့်ကျင်သည်။
နိုင်ငံရေးကို သေချာ နားမလည်ပေမယ့် ဘယ်လိုဖြစ်ဖြစ်ပါ မမရယ်..... အခုလို အပြစ်မဲ့တဲ့ ပြည်သူတွေ စတေးခံရတာမျိုးတော့ မနှစ်သက်တာ အမှန်ပါ။ မမရေးထားတာလေး ဖတ်ပြီး လွဲမှားစွာနဲ့ အသုံးချနေသူတွေကို ရှုံ့ချမိတာတော့ တကယ်ပါ။
ခင်မင်လေးစားလျှက်
ဒဏ္ဍာရီ
(မှန်မမှန်ကို ကျွန်မတိုင်းတာတဲ့ စံက ဘုရားဟောတဲ့ အဓမ္မနဲ့ ဓမ္မပဲဖြစ်တယ်။ )
မငယ်နိုင်ရေ အဲဒီဝါကျမှာ စာလုံးရှေ့နောက်လွဲနေတာ ပြင်လိုက်ရင် ကောင်းမယ။်
(ဘုရားဟောတဲ့ အဓမ္မ နဲ့ ဓမ္မ ) ဆိုတဲ့နေရာမှာ ဘုရားဟောတဲ့ ဓမ္မ နဲ့ အဓမ္မ လို့ ပြင်စေချင်ပါတယ်။ ရုတ်တရက် ဖတ်လိုက်ရင် ဘုရားက အဓမ္မကိုဟောသလို ဖြစ်နေတယ်။
ခုတလော စကားလုံး အထကောက်တဲ့သူတွေ များနေသလားလို့ပါ။း)
နိုင်ငံရေးတော့နက်နက်နဲနဲ နားမလည်ပေမဲ့ အမငယ်ရဲ့
ဒီမိုကရေစီ အဓိပ္ပာယ်ကို မီးမောင်းထိုးပြတာ ပီပြင်တယ်
အကြမ်းဖက်မှုတွေကြောင့် အဓိပ္ပာယ်မဲ့ ထိခိုက်၊ သေဆုံးရသူတွေအတွက် စိတ်မကောင်းဖြစ်မိတယ်အမရေ။
မငယ်.. တန်ဖိုးရှိတဲ့ Post လေးပါ..။ ကျေးဇူးး
Anonymous ရေ- ပြင်လိုက်ပါပြီ။ စကားလုံး အထကောက်တယ်လို့ မယူဆပါဘူး။ ကျွန်မ သတ်ပုံ သိပ်မှားတတ်လို့ ဒီလိုပဲ စာဖတ်သူတွေက မကြာခဏ ပြင်ပြင်ပေးသွားပါတယ်။ အခုလို ထောက်ပြတာ ကျေးဇူးတင်ပါတယ်။ နောက်လည်း လာလည်ဖို့ ဖိတ်ခေါ်ပါတယ်။
AATO ရေ မည်သည့် အကြမ်းဖက်မှုမဆို ဆန့်ကျင်တယ် ဆိုပြီးတော့ ရှေ့တန်းတွေကို စစ်ကြောင်းနဲ့ သွားရတုန်းက ရန်သူတပ်တွေနဲ့ တိုက်ပွဲဖြစ်တာကိုတော့ အခုအကြမ်းဖက်မှုနဲ့ သွားမရောစေနဲ့နော့်။
ဒဏ္ဍာရီနဲ့ ဇွန်မတို့ရေ အခုဖြစ်သွားတဲ့ အကြမ်းဖက်မှုကို လက်နက်ကိုင် တော်လှန်ရေးနဲ့သော်လည်းကောင်း၊ ဒီမိုကရေစီ လူ့အခွင့်အရေးနဲ့သော်လည်းကောင်း ဘာမှမဆိုင်ဘူး ဆိုတာ သိစေချင်လို့ အစ်မ ဒီပို့စ်ကို တင်ဖြစ်တာ ညီမလေးတို့ ကွဲကွဲပြားပြား သိရတယ်ဆိုရင် ၀မ်းသာပါတယ်။
အစ်မရေးထားတဲ့အသုံးအနှုန်းတွေကမဆိုးပါဘူး ဒါပေမယ့်အစ်မလဲ ပုဂ္ဂိုလ်စွဲ အဖွဲ့စွဲတွေရှိနေသေးတယ်လို့ ခံစားမိပါတယ်.. နောက်ပြီး အစ်မ မြတ်နိုးပါတယ်ဆိုတဲ့ ဒီမိုကရေစီကို သူဖော်ဆောင်မှ ငါကိုယ်တိုင်ဖော်ဆောင်ပေးမှရမယ်လို့ ထင်နေဆဲဖြစ်လိမ့်မယ်လို့ ကျွန်တော်ခံစားမိပါတယ်.. ဘာပဲပြောပြောပါ အစ်မပိုစ့်က မိုးသီးဇွန် ဘလော့ထက် ဗဟုသုတရစေပါတယ်..
အစ်မရေးထားတဲ့ freedom of expression ကို သဘောကျတယ်။
ဘယ်သူဘယ်ဝာ လုပ်တယ်ဆိုတာ သေချာမသိပေမယ့် ဒီလိုမျိုးလုပ်ရပ်ဟာ အရမ်းကို အကြည်းတန်စေပာတယ်။ အစိုးရဘက်က လုပ်ခဲ့တာဆိုရင် သူတို့လုပ်ကွက်တွေအတိုင်း မှားမြဲမှားနေတာကြောင့် ထူးပြီး မပြောချင်ပေမယ့် အတိုက်အခံအဖွဲ့တစ်ခုခုက လုပ်တာမျိုးဖြစ်နေခဲ့မယ်ဆိုရင် သူမှားလို့ ကိုယ်မှားတာမျိုး အမှား၂ထပ်ကွမ်းဖြစ်လာနိုင်တာမို့ လုံးဝမဖြစ်သင့်တဲ့ အရာပာ။
ဟိုနေ့က လင့်ခ်ကို ကြည့်ပြီး သို့လော သို့လော တွေးမိသွားလို့။ source ကို သေချာမသိရတော့လည်း တစ်ဖက်နဲ့ တစ်ဖက် ထင်ယောင်ထင်မှားဖြစ်အောင် ရေးတာများလို့လည်း စဉ်းစားမိတယ်။
အင်မတန်ကောင်းတဲ့ ပို့စ်ပါပဲ။ အမြင်ချင်း တိုက်ဆိုင်ပါတယ်။ မင်္ဂလာနှစ်သစ်ပါ။
freedom of speech....
freedom of expression....
ရေးထားတာ သဘောကျတယ်
ဒီမိုကရေစီ နည်းလမ်း နဲ့  အကြမ်းဖက် နည်းလမ်း တို့ ကွဲပြား ခြားနားတာကို ရှင်းပြထားတာ အတော်လေး ကောင်းတယ် မငယ်နိုင်ရေ ၊
ဖေ့စ်ဘုတ်ထဲမှာ ရေးထားတာတွေ လိုက်ကြည့် မိတော့ အပြစ်မဲ့ ပြည်သူတွေ သေဆုံး ရလို့ ဝမ်းနည်းကြောင်း ရေးထားတာ မှာ တချို့ က စကားလုံး အကျအန ကောက်ပြီး .. “ အပြစ်မဲ့ ပြည်သူတွေ သေဆုံးတယ် ဆိုတော့ ရှင်နေသူတွေက အပြစ်ရှိလို့ လား ” ဆိုပြီး ကပ်သပ် အဓိပ္ပါယ် ဖေါ်နေသူတွေကိုပါ တွေ့ လိုက်ရသေးတယ် ။
ကိုယ်သန်ရာ ဆွဲတွေးနေကြသူများ ဒီပို့ စ်လေး ဖတ်မိပြီး အတွေးမှန်သွားကြပါစေ လို့  ဆန္ဒပြု ပါတယ် ။
(လက်နက်ကိုင် တော်လှန်ရေးဆိုတာ အဲသည်လို သူရဲဘောကြောင်ပြီး အရပ်သားတွေကြားထဲမှာ ဗုံးသွားဖေါက်တဲ့ လုပ်ရပ်ကို ခေါ်တယ်လို့ ပြည်သူလူထုကို message ပေးသလို ဖြစ်နေပါတယ်။ ဒါကို ပြောသူတွေကပဲ ထင်တာက အကြောင်းမဟုတ်ပေမဲ့ ဒီလိုပြောလိုက်တာကို အကြောင်းပြုပြီး သူတို့လုပ်နေတဲ့ ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာ ဒီလိုလူမဆန်တဲ့ အကြမ်းဖက်နည်းကို ပြောတာကိုးလို့ အချိန်ပေးပြီး လေ့လာဖို့ အခြေအနေမပေးလို့ ဒီမိုကရေစီကို နားမလည်သူတွေ ထင်သွားမှာကို ကျွန်မ အထူး စိုးရိမ်မိပါတယ်။)
ကရင်လူမျိုးအတွက် တိုက်ပွဲဝင်နေတယ်ဆိုတဲ့ KNU က တော့ ခင်ဗျားပြောတာနဲ့ ဆန့်ကျင်နေတယ်... ဘုရားဖူးကားကို ဗုံးခွဲပစ်သတ်တယ်...ကျိုက်ထီးရိုးဘုရားပေါ်ကို ရန်သူ့စခန်းလို ၀င်စီးတယ် ပြီးတော့ အလှူငွေတွေကို အကိုသိမ်းယူသွားတယ်..ဘယ်လောက်ယုတ်မာလဲ?အရပ်သား ပြည်သူတွေ စီးလာတဲ့ ရထားကို ဗုံးခွဲသတ်တယ်...ပြီးခဲ့တဲ့မကြာခင်က ဒဂုံစင်တာ ပေါက်ကွဲမှုတွေ လှိုင်သာယာ စက်မှုစုံတွေ ပေါက်ကွဲမှုတွေမှာ KNU က ဗုံးခွဲသင်တန်း ပို့ချလိုက်တယ်ဆိုပဲ...အဲဒါ လက်နက်ကိုင်တော်လှန်နေတဲ့ သူတွေလား?အဲဒါ သူရဲဘော် မကြောင်ဘူးလား? ဖြေရှင်းချက်လေး ကြားချင်ပါဘိ
မောင်ပေါက်ကြိုင်း
စာလာဖတ်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဆရာမ မေငြိမ်း၊ တော်ကီ၊ ကိုပေါ၊ ကိကိ တို့က ကျွန်မ ဆိုလိုချင်တာကို ထပ်တူထပ်မျှ သဘောပေါက်ကြပြီး ဖြစ်တယ် ယူဆလို့ ဘာမှ အထွေအထူး ပြန်မဆွေးနွေးတော့ဘူး။
သွေးသစ္စာ - ပုဂ္ဂိုလ်စွဲနဲ့ ပတ်သက်ပြီး ဘယ်အချက်ကို ဆိုလိုတယ် ဆိုတာ ကျွန်မ သဘောမပေါက်လို့ ဒီထက်ပိုပြည့်စုံအောင် ပြန်ထောက်ပြစေချင်တယ်။ တခုရှိတာက အနာဂမ်တွေ၊ ရဟန္တာတွေ မဟုတ်တဲ့ လူတိုင်းမှာတော့ အစွဲဆိုတာ ရှိသင့်သလောက်တော့ရှိမှာပဲ အစွဲရှိလို့ပဲ ဘ၀ကို ရကြတာမဟုတ်လား။ အဲဒီရှိတဲ့အစွဲက အကျိုးအကြောင်းဆီလျှော်ဖို့နဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်သူ့ကိုမှ ဒုက္ခမပေးဖို့ပဲ အရေးကြီးတယ်လို့ ကျွန်မထင်တယ်။
စူးနွယ်လေးရေ- မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။ Freedom of Speech/expression ကို သူများကို ထိခိုက်စော်ကား ပုတ်ခတ်တာနဲ့ မရောစေဖို့တော့ အရေးကြီးပါတယ်။ ဥပမာ ဘယ်အကြောင်းတွေကြောင့် ဗုံးခွဲတာ အစိုးရ/အစိုးရဆန့်ကျင်သူ ဖြစ်နိုင်တယ်လို့ ပြောရင် Freedom of speech ဖြစ်တယ်။ ဒါပေမဲ့ ဒါကို အစိုးရ/အစိုးရဆန့်ကျင်သူတွေ လုပ်တာ သေချာတယ် ဆိုပြီး ဘာမှ သက်သေအထောက်အထား မရှိပဲ ပြောရင် Freedom of Speech မဟုတ်တော့ဘူး အဲဒါ စွပ်စွဲတာ၊ လူ့အခွင့်အရေးကို အလွဲသုံးစား လုပ်တာ ဖြစ်သွားနိုင်တယ်။ ဒီသဘောသဘာဝလေးကို ကွဲအောင် သိဖို့တော့လိုပါတယ်။
မောင်ပေါက်ကြိုင်းကို သီးသန့်ဆွေးနွေးမယ်နော့်။
မောင်ပေါက်ကြိုင်းရေ - မောင်ပေါက်ကြိုင်း ပြောတဲ့ ဘုရားဖူးသွားတဲ့ အရပ်သားတွေကို KNU က လုပ်သွားတယ်ဆိုတဲ့ ကိစ္စ အပါအ၀င် အရပ်သားတွေကို နည်းမျိုးစုံနဲ့ ဒုက္ခပေးတဲ့ ဖမ်းဆီး၊ သတ်ဖြတ်၊ ညှင်းဆဲ၊ ပေါ်တာဆွဲ၊ လယ်ယာသိမ်း၊ လူတွေကို အဓမ္မရွှေ့ပြောင်း၊ လုပ်အားပေးသေခိုင်း၊ ရွာမီးရှို၊ ရွာထဲမှာရှိတဲ့ ကြက်ငှက်တိရိစ္ဆာန်တွေကို မိဘဘိုးဘွားပိုင် ပစ္စည်းလို ဖမ်းဆီးစားသောက် စတဲ့ နည်းမျိုးစုံနဲ့ အရပ်သားကို ဒုက္ခပေးတာတွေကို ဘယ်သူပဲလုပ်လုပ် ကျွန်မ ရှုပ်ချပါတယ်။ KNU လုပ်ရင် KNU, စစ်တပ်လုပ်ရင် စစ်တပ်ကို ရှုပ်ချတယ်။ ဒါပေမဲ့ မြန်မာပြည်က ကျွန်မကြီးပြင်းခဲ့တဲ့ အရပ်မှာ ဒါတွေကို KNU က မလုပ်ပဲ စစ်တပ်ကပဲ အများဆုံး လုပ်နေတာ တွေ့တယ်။
နအဖက အမြဲတမ်း အတုတွေ ထွက်ဆိုခိုင်းပြီး လက်မှတ်ထိုးခိုင်းတာတွေလည်း ရှိတော့ မောင်ပေါက်ကြိုင်းပြောတဲ့ နောက်ထပ်အကြောင်းအရာတွေက တကယ်ဟုတ်မဟုတ် ဆိုတာ အာမခံချက်မရှိပါဘူး။ လက်နက်ကိုင်တော်လှန်ရေးမှာ ရန်သူရဲ့ ရန္တရားတွေကို ဖြိုဖို့ ဖေါက်ခွဲရေးလုပ်ငန်းတွေ ရှိလို့ သင်တန်းတွေပို့ချတာလည်း အမှန်ပဲ။ ဒါပေမဲ့ အဲဒါကလည်း အရပ်သားတွေကို လုပ်ဖို့မဟုတ်ဘူး။ စစ်တပ်ရန္တရားတွေကို ဖြိုဖို့ပဲ ဖြစ်တယ်။ အရပ်သားတွေကို လုပ်ရင် ကျွန်မ ဘယ်လိုသဘောထားတယ်ဆိုတာ ဒီပို့စ်ထဲမှာ ရှင်းရှင်းလင်းလင်း ရေးထားပြီးဖြစ်လို့ ထပ်ရှင်းစရာ လိုမယ်မထင်ဘူး။
မငယ်နိုင်ရေ...
ဒီမိုကရေစီဆိုတာကို သေချာနားလည်သဘောပေါက်အောင် ဘယ်စာအုပ်ကိုဖတ်မလဲခင်ဗျ လမ်းညွှန်ပေးစေလိုပါတယ်။ မြန်မာပြည်သူတွေအကုန်လုံး ဒီမိုကရေစီကိုနားလည်နိုင်ဖို့ မြန်မာလိုရေးသားထားတဲ့ စာအုပ်ရှိပါသလားဗျာ..ဖတ်ချင်လို့ပါ။အကယ်၍ မရှိသေးရင်လဲ မငယ်နိုင်လို ဒီမိုကရေစီ မြတ်နိုးသူ ဘလော့ဂါတစ်ယောက်အနေနဲ့ စာအုပ်ထွက်နိုင်ဖို့ ကြိုးစားပေးနိုင်ရင် အင်မတန်ကောင်းမှာပါဗျာ။
အခုပို့စ်က ကောင်းပါတယ်။ ကျေးဇူးတင်ပါတယ်။
အမရေ .. ဒီပို့စ်လေးဟာ အင်မတန်မှ အကျိုးအကြောင်း ဆီလျော် ၊ သင့်တော်ကောင်းမွန်ပါတယ်။ ရှင်းပြချက်တွေကလည်း ထိရောက်ပါတယ်။ အများအတွက် ရေးသင့်တဲ့ အကြောင်းအရာ စာတစ်စောင်ပါပဲ .. ကျေးဇူး အမ .. အေးချမ်းသာယာသော နှစ်သစ်ဖြစ်ပါစေ :)
kiki ပြောတဲ့ စကားကပ်ပြောသောသူများအကြောင်းကို သိနေတာမို့ ပြုံးမိပါတယ် .. ထိုသူများလည်း အမငယ်နိုင်လို အတွေးမျိုး ရပါစေလို့ :)
ko >> ကျွန်မမှာတော့ အွန်လိုင်းပေါ်က ရထားတဲ့ ဘာသာပြန်စာအုပ်တစ်အုပ်ရှိတယ် .. ။ အဲဒီစာအုပ်ထဲမှာ ရှင်းလင်းချက်တွေပါတယ်။ Download လုပ်ချင်ရင် ဒီမှာ သွားကြည့်ပါ http://www.scribd.com/doc/14445288/Lessons-in-Democracy-Burmese-Translation-
Ko- ကျွန်မဆီမှာ ဒီမိုကရေစီအကြောင်း မြန်မာလိုနဲ့ လေ့လာရေးစာစဉ် PDF ဖိုင်နဲ့ပဲ ရှိတယ်။ e-mail address ပေးလိုက်ရင် ကျွန်မ ထည့်ပေးလို့ရပါတယ်။ ကျွန်မ အီမေးလ် လိပ်စာ ngenaing2008@gmail.com ။ စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
လင်းလက်ရေ မှတ်ချက်အတွက် ကျေးဇူးပဲ။ လင်းလက်ကသာ ကောင်းတယ်လို့ ပြောတယ် ဒေါက်တာလွမ်းဆွေဘလော့ဂ်မှာ mama အမည်နဲ့ အမျိုးသမီးတဦးကတော့ အစ်မက ဗုံးခွဲတဲ့ Terrorist ကို လက်မခံတာနဲ့ ပတ်သက်ပြီး ဘာကိစ္စမကျေမချမ်းဖြစ်လဲ မသိဘူး ပုဂ္ဂိုလ်ရေးတိုက်ခိုက်နေတာကို လိုက်ဖြေရှင်းနေရတယ်။
အမငယ်နိုင်.. ပိုစ့်လေးကိုဖတ်ပြီး အရမ်းသဘောကျတယ်။ အမရဲ့ ဖြောင့်မတ်မှုကို လေးစားတယ်။ ဒီတိုင်းပဲ အမြဲရှေ့ဆက်နိုင်ပါစေ ဆုတောင်းပါတယ်ဗျာ။ အသိနောက်မှာ သတိလေးအမြဲကပ်နေနိုင်ပါစေ။
မငယ်နိုင် အလွန်ကောင်းတဲ့ အရေးအသားပါ၊ ဆဒမ်ကြီး ကြိုးပေးစဉ်က comment ၀င်ရေးသူများ အဖြစ်နဲ. တူနေပါတယ်၊ တစ်ချို.က ၀မ်းသာကြတယ်၊ တစ်ချို. က မသတ်သင့်ဖူးပေါ.၊ အမှန်က သံဝေဂ ရ ဖို.ကောင်းပါတယ်၊ ယခင်က အာဏာရှင်ကြီး ဖြစ်ပြီး ကြိုးပေးတဲ့ အချိန် မှာ အားကိုးရာမဲ့ ဖြစ်နေခြင်းကို သံဝေဂ ရမိပါတယ်၊ ကျွန်တော် သိသလောက် တော. လောကကြီး မှာ law ၃ ခု လုပ်လုပ်ပါတယ်၊ လူတစ်ယောက် ပြစ်မှု ကျူးလွန် ရင် law ၃ ခု နဲ. တွေရပါလိမ့်မယ်၊ ၁၊ နိုင်ငံ တစ်နိုင်ငံရဲ. law ၂၊ international law နှင့် ၊ ၃၊ law of kamma နဲ.တွေရပါလိမ့်မယ်၊ " As you sow the seed so shall you reap the fruit" - Samyyutta Nikaya--လူတစ်ယောက် ဟာ ပြစ်မှု ကျူးလွန်ပြီး အမှတ်စဉ် (၁) နှင့် (၂) လွတ်မြောက် နိုင်ပေမဲ့ အမှတ် (၃) law of kamma ကိုရှောင်လွဲ၍ မရပါ၊ law of kamma ဟာ Buddha မပွင့်ခင်ကတည်း က ရှိခဲ့ပြီး Buddha ကသိမြင်ပြီး ဟောကြားခဲ့ တာဖြစ်ပါတယ်၊ law of kamma ဟာ universal truth ဖြစ်ပြီး မည်သူက မှ ရှောင်လွဲ၍ မရပါ၊ ကောင်းမှုကံ၊ မကောင်းမူ ကံများ ဟာ အချိန်တန် ရင် အကျိုးပေးမှာ ဖြစ်ပါတယ်၊ လူများဟာ ဗုံးကွဲသည်. ကိစ္စ၊ အခြားသော အလားတူ ကိစ္စများမှာ ကြားထဲက ၀င်ပြီး ဒေါသဖြစ်နေမယ် ဆိုရင် တော့ အကုသိုလ်ကို Buy one, get two free နဲ. ၀ယ်ယူနေသလို ဖြစ်နေပါ လိမ့်မယ်၊ ဒေါသများ ကင်းဝေကြပါစေ၊
KNU နယ်မြေမှာ ကြီးပျင်းလာခဲ့တဲ့ သူတစ်ယောက်ဆိုတော့ KNU လိုအကြမ်းဖက်သောင်းကျန်းသူ အဖွဲ့ကို ကာကွယ်ပေးတဲ့ပုံစံ ပြောနေတာတွေကလည်း သိပ်ပြီး သဘာဝမကျသေးဘူး...
မောင်ပေါက်ကြိုင်း
ခင်ဗျာ ပိုသိချင်ရင် knu ကိုသာဆက်သွယ်ပြီး မေးကြည့်တော့ ပေါက်ကြိုင်.... ကျုပ်သိသလောက်တော့ပြောပြလိုက်မယ် ကျုပ်တို့အထက်တန်းကျောင်းသားအရွယ် ပေါတာဟေ့ ဆိုပြီိပြေးရ... မိဘတွေက ပေါတာကြေးထည့်ရ... နဲ့
အရွယ်ရောက်လာတော့လဲ နယ်စွန်းနယ်ဖျား တောကြိုးတောင်ကြားတွေမှာ အပြစ်မဲ့လူတွေအသတ်ခံရ ..အနှိပ်စက်ခံရ... ပေါတာထမ်းရ.. မိုင်းနင်းပေးရ .... ဒါတွေကို နေ့စဉ်တွေ့မြင်နေရ ကြားနေရတာ ယနေ့အထိပဲ...
မောင်ပေါက်ကြိုင်းရဲ့ စာကိုဖတ်မိတော့ ငယ်ငယ်ကထားမိတဲ့ ကိုယ့်စိတ်ထားကို ပြန်သတိရမိတယ်။ မ.ဆ.လ သတင်းဋ္ဌာနတွေက ရိုက်သွင်းတဲ့ သတင်းတွေပဲ တွေ့ဖူးပြီး ဘီဘီစီ၊ ဗီအိုအေ တို့တောင်နားမထောင်ဖူးတဲ့ အချိန်တွေတုံးကပါ။ အစိုးရကို ပြန်တိုက်နေသူတွေဟာ သူပုန်၊ သောင်းကျန်းသူ အဖျက်သမား၊ တိုင်းပြည်ပျက်စီးရာ ပျက်စီးကြောင်း လုပ်နေသူတွေလို့ နားလည်ခဲ့ရတယ်။ တစ်ဖက်သတ်စကားချည်း နားထောင်နေရတာလည်းမသိ၊ စစ်သားတွေ ရမ်းကားသွားတာတွေ တွေ့ရတော့လည်း ခံပြင်းဒေါသထွက်ရမှန်း နားမလည်ခဲ့တာတွေဟာ ခုချိန်မှာတော့ အတိတ်မှာပဲ ချန်ခဲ့ရပါပြီ၊ စဉ်းစားချင့်ချိန် နိုင်တဲ့အရွယ်ရောက်ပြီမို့ ထောင့်ပေါင်းမစုံရင်တောင် မတူတဲ့ အမြင်နဲ့ အသိတွေကို နားထောင်လာမိပါတယ်။ မောင်ပေါက်ကြိုင်း ပြောသလိုပဲ KNU လိုအဖွဲ့မျိုးတွေမှာ အမှားတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဖြေရှင်းချက်တွေကိုရော ကြားဖူးမိမယ်ဆိုရင်တော့ မယုံကြည်ဖို့ အဆင်သင့် ဖြစ်နေတဲ့သူတွေကလွဲပြီး နည်းနည်းတော့ တွေးတောဆင်ခြင်မိကြမယ် ထင်ပါတယ်။ ကြားဖူးသမျှကတော့ ဘုရားဖူးသူတွေ မိုင်းဆွဲခံရတယ် ဆိုတဲ့နေရာမှာ သေဆုံးသွားသူက ခါးကြားသေနတ်ထိုးထားပြီး ဘုန်းကြီးဝတ်နေတဲ့ DKBA စစ်ဗိုလ် ဖြစ်နေတာမျိုး၊ ကျိုက်ထီးရိုးမှာ တိုက်ပွဲဖြစ်လို့ ရုတ်ရုတ်ဖြစ်တုန်း မ.ဆ.လ စစ်သားတွေ တက်လုသွားကြတာ ဆိုတာမျိုးတွေတော့ မှတ်သားဖူးပါတယ်။ ရှေ့နေလိုက်နေတာမျိုး မဖြစ်မိအောင် ဒီလောက်နဲ့တင် တော်သင့်ပြီ ထင်ပါတယ်။ မောင်ပေါက်ကြိုင်း မှားတယ်လို့ မဆိုလိုပါ၊ လွဲချော်နေတာလေးတွေ ရှိနေမှာစိုးလို့ သိတာလေးတွေ နည်းနည်း ဝေမျှတာပါ။
This comment has been removed by the author.
(၂၈-၁-၂ဝ၁ဝ နေပြည်တော် - နိုင်ငံတည်ငြိမ်အေးချမ်းမူ နှင့် ဖွံ့ ဖြိုးတိုးတက်မူ အရှိန်အဟုန် နှောင့်နှေး ရပ်တန့် သွားစေရန်၊ မူဝါဒလမ်းစဉ် (၇) ရပ်နှင့် အညီ ဒီမိုကရေစီ ဖော်ဆောင်မူနှင့် ၂ဝ၁ဝ ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များ ပျက်ပြားသွားစေရန် အကြံဆိုးများဖြင့် အကြမ်းဖက် သောင်းကျန်းသူ အဖက်သမားများ၏ အကြမ်းဖက် ဖောက်ခွဲဖျက်ဆီးရေး ကြံစည်ဖန်တီး လုပ်ဆောင်မူများ ဖော်ထုတ်ဖမ်းဆီးရမိ။)
http://www.scribd.com/doc/30235725/2010-01-27-BOMB
အဲဒီဖြစ်စဉ်ထဲမှာ KNU ပတ်သတ်ပါဝင်ခဲ့တယ်...ဒါလည်း KNU မဟုတ်ဘူး နအဖပဲ လုပ်တာ...KNU လုပ်တယ်ဆိုရင်လည်း မှန်ပါတယ်လို့ ပြောအုံးမလား။
ပေါက်ကြိုင်း
(၂၀၀၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပုဇွန်တောင် ကုန်သွယ်ရေး စင်တာ၊ မြေနီကုန်း ဒဂုံစင်တာ၊ ရှစ်မိုင် Junction 8 တို့မှာ တစ်နေ့တည်း သုံးနေရာ ဆက်တိုက် ဗုံးခွဲ တိုက်ခိုက် ခံခဲ့ရတာ မှတ်မိကြဦးမှာပါ။ အဲဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စန်းနိုင်(ခ) ရဲသီဟ ခေါင်းဆောင်တဲ့ စွမ်းအားမြင့် ကျောင်းသား စစ်သည်တော်များ အဖွဲ့ (BVSW)က သူတို့ တိုက်ခိုက်တာ ဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ )
စုံစမ်းစရာတောင်မလို သူတို့ကိုယ်တိုင်လုပ်ခဲ့တယ်လို့ဆိုတယ်...သူတို့လည်းပဲ ဒီမိုကရေစီရေးအတွက် လက်နက်ကိုင်တော်လှန်နေတဲ့အဖွဲ့မဟုတ်လား။အဲဒီအဖွဲ့တွေအတွက်ရော ဘာစကားလက်ဆောင်ပေးအုံးမှာလဲ။ကောင်းတယ်လို့ပြောအုံးမလို့လား။ ဘာအတွက်ပြည်သူတွေရှိတဲ့ အဆောက်ဦးတွေနေရာတွေမှာခွဲရတာလဲ။ဖောက်ခွဲရေးသင်တန်းတွေမှာ KNU စခန်းတွေမှာပဲ အမေရိကန် သြစတြေးလျ နိုင်ငံတွေက လာပြီးသင်တန်းပို့ချတယ်လို့ဆိုတယ်...ဒါကို KNU ကမလုပ်ပါဘူးလို့ ဗြောင်ငြင်းတယ်...
ဖောက်ခွဲတွေတိုင်းမှာ KNU မပါသော်လည်း သူကဖောက်ခွဲရေးသင်တန်းတွေပို့ချပြီး လူမိုက်မွေးထုတ်ပေးနေတယ်ဆိုတာရော ဟုတ်သလား။
ပေါက်ကြိုင်း
ဒီမိုကရေစီ တွေ လူ့အခွင့်အရေးတွေ၊ လွတ်လပ်စွာပြောဆိုခွင့်တွေ နောက်မှ ပြောပါ လောလောဆယ် ကျွန်တော် ကို စီဘောက်စ် မှာ ဘန်းထားတာလေး အရင် ပြန်ဖြုတ်ဖို့ စဉ်းစားပါအုံး။ တစ်ခါမှလည်း မဆဲဖူးဘူး။ ကြမ်းတမ်းတဲ့အသုံးအနှုံးလည်း တစ်ခါမှမပြောဖူးဘူး။ ပို့အသစ်တင်ဖို့ပဲ ပြောဖူးတယ်။ နောက်တစ်ခါ ရေးလို့မရတော့ဘူးဗျ။
ပို့စ်ကို ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ ဖတ်တယ် ဆိုကတည်းက စိတ်ဝင်စားလို့သာ ဖတ်တာ ဖြစ်နိုင်ပြီး ကြိုက်လို့ ဖြစ်စေ၊ မကြိုက်လို့ဖြစ်စေ မှတ်ချက်တွေ ပေးသွားကြသူ အားလုံးကို ကျေးဇူးတင်ပါတယ်။
ဖြိုးအောင်- အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။
Kokosan- မှတ်ချက်နှစ်ခုစလုံးမှာ မှတ်သားစရာလေးတွေကို စိတ်ရှည်လက်ရှည် ရေးထားပေးခဲ့တာ ကျေးဇူးတင်ပါတယ်။ ဆန္ဒန်ဟူစိန်ကို ကြိုးမိန့်ချတဲ့အချိန်တုန်းက ကျွန်မ အလုပ်ကအပြန် ကျွန်မတို့ရပ်ကွက်က အရှေ့အလယ်ပိုင်းသားတွေက လမ်းမပေါ်မှာ ဗုံတွေဆိုင်းတွေတီးပြီး အောင်ပွဲခံနေတာကို တွေ့ရပြီး အိမ်ရောက်တော့ TV ဖန်သားပေါ်က ကြိုးမိန့်ချခံရတဲ့ ဆန္ဒန်ဟူစိန်ပုံကို ကြည့်ပြီး ကျွန်မသားလေးသာ ဒီအရွယ်ရောက်ပြီး ဒီလိုလူဆိုးလူမိုက်ဖြစ်သွားလို့ ဒီလို ကြိုးပေးခံရင် ကျွန်မဘယ်လိုခံစားရမလဲ ဆိုတာတွေးပြီး kokosan ပြောသလို သံဝေဂရခဲ့တယ်။ လူပေါင်းမြောက်များစွာကို သတ်ဖြတ် ဒုက္ခပေးခဲ့လို့ ကျွန်မကိုယ်တိုင် မုန်းတီးခဲ့တဲ့ ဆန္ဒန်ဟူစိန်ကို မုန်းတဲ့အမုန်းတွေ ကျွန်မမှာ လုံးဝပျောက်ပျက်သွားပြီး ဘ၀ကူးချိန်မှာ ကောင်းတဲ့နမိတ်တွေထင်ပြီး ကောင်းရာသုဂတိလားပါစေ၊ နောင်ဘ၀ဆက်တိုင်း ဆက်တိုင်း ဒီလိုလူဆိုးလူမိုက်ဘ၀ကို မရောက်ဘဲ လူသားအကျိုးပြုသူတဦဖြစ်ပါစေလို့ ကျွန်မ ဆုတောင်းပေးခဲ့တာ အမှန်ပဲ။ ကိုကိုဆန်ပြောတာနဲ့ တိုက်ဆိုင်နေလို့ ပြောပြတာပါ။ စစ်ရာဇ၀တ်ကောင် ပေါ်ပေါ့ကို ဖမ်းမိတုန်းကလည်း ကျန်းမာရေးကလည်း ချို့တဲ့နေတော့ အခုတော့လည်း ဘယ်လောက်ပဲ ရက်စက်ကြမ်းကြုတ်တဲ့ လူကြမ်းကြီး ဖြစ်ခဲ့ပေမဲ့ အခုတော့လည်း ဘာမှမတတ်နိုင်တော့ပါလားလို့ ဒီလိုပဲ သံဝေဂ ရမိပါတယ်။ Kokosan ရဲ့ ဘုန်းကြီးနဲ့ မျောက်ပုံပြင်လေးကိုလည်း သဘောကျပါတယ်။ ဒါပေမဲ့ ကျွန်မကတော့ စင်္ကြာဝဠာအနန္တထဲ သတ္တ၀ါတဦးအနေနဲ့တော့ နေ့တိုင်းဘုရားရှိခိုးဆုတောင်းပေးရာမှာ ဗိုလ်သန်းရွှေအတွက် ပါရင်ပါမယ်။ သူ့အတွက် သီးသန့် ကျန်းမာ၊ ချမ်းသာဖို့ ဆုတောင်းပေးနိုင်တဲ့ နှလုံးသားတော့ ကျွန်မမှာ ဒီလောက်အထိ မေတ္တာ မထားနိုင်တာတော့ အမှန်ပဲ။
-မန်းကိုကိုနဲ့ ကျွန်မနဲ့က ငယ်ငယ်က ဖြတ်သန်းခဲ့ရတဲ့ ဘ၀အတွေ့အကြုံတူမယ်ထင်တယ်။ ကျွန်မလည်း ၈၈ အထိ မဆလ ဘာဘဲလုပ်လုပ် အကောင်းပဲထင်ခဲ့တယ်။ အခု မောင်ပေါက်ကြိုင်းတို့ ဖြစ်နေသလိုပေါ့။ ဒါကြောင့် သူတို့ရဲ့ ခံစားမှုကိုလည်း ကျွန်မ နားလည်လို့ရပါတယ်။ သင်္ကြန်မတိုင်ခင်က တင်ခဲ့တဲ့ အသိတရားဆိုတဲ့ Tags ပို့စ်တခုမှာ ကျွန်မ ဒီအကြောင်း ရေးထားသေးတယ်။ ကျွန်မဘလော့ဂ်မှာ ပထမဦးဆုံး စာလာဖတ်တာ ကြိုဆိုပါတယ်။ နောက်လည်း လာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။
မောင်ပေါက်ကြိုင်းနဲ့ ဒေါ်လာတို့ နှစ်ဦးကို သီးသန့်အကြောင်းပြန်မယ်နော့်။
ဒေါ်လာ has left a new comment on your post "ဒီမိုကရေစီကို လွဲမှားစွာ နားလည်နေသူများသို့":
အော်... ဒီမိုကရေစီ၊ လူ့အခွင့်အရေး သဘောသဘာဝတွေကို အမှန်တိုင်းသိအောင် လေ့လာပြီး လိုက်နာဖို့ကို ကျွန်မ တိုက်တွန်းပါတယ် ဆိုတဲ့လူက စီဘောက်စ် အခွင့်အရေးတင်မကဘူး ကွန်းမန့်အခွင့်အရေးပါ ကျေနပ်မှ တင်ပေးတာပါလား။ အံ့သြဖို့ကောင်းပါ၏။
ကိုဒေါ်လာရေ- ဒါက ရှင်မှတ်ချက်ထည့်ပြီးမှ ကျွန်မ ဖျက်မှာစိုးလို့ ထင်တယ် ဖြန်ဖျက်လိုက်ပုံရတဲ့ မှတ်ချက်ပါ။ ဘလော့ဂ်မှာ ပျက်သွားပေမဲ့ မေးလ်ထဲမှာက ဒီအတိုင်းပဲ ရှိနေလို့ ကျွန်မ ပြန်ကူးလာပြီး ထည့်ထားပေးပါတယ်။ ကျွန်မနဲ့ အမြင်မတူပေမဲ့ ဒါပို့စ်နဲ့လည်းဆိုင်တယ် ရှင်ရေးထားတာ ရိုင်းတာ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာလည်း ဘာတခုမှမပါဘူး။ ဒီလိုမှတ်ချက်မျိုးကို ကျွန်မ ဘယ်တော့မှ ဖျက်မှာမဟုတ်ဘူး။ ကျွန်မ C-Box နဲ့ မှတ်ချက်နေရာမှာ ကန့်သတ်ထားတာကို ရှင်တို့ နားလည်မှု လွဲနေတာက ဒီမိုကရေစီဆိုသူတွေဟာ ကိုယ်နဲ့မတူရင် ရန်သူလို့ သဘောထားတယ်ဆိုတဲ့ ရှင်တို့ရဲ့ အစွဲတွေကြောင့်ပဲ ဖြစ်တယ်။ ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ အမြင်တွေကို ညှိနှိုင်းအဖြေရှာတာ၊ ကိုယ်လုပ်ချင်တာကိုပဲ သေနတ်နဲ့ ချိန်ပြီး ဒီအတိုင်းပဲ ဖြစ်ရမယ်လို့ လုပ်လို့ရတဲ့စနစ်မဟုတ်ဘူးလို့ ကျွန်မ အကြိမ်ကြိမ် ဆွေးနွေးဖူးပါတယ်။ ရှင်တို့ထင်သလို ဘလိုင်းကြီး ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ၊ အကြောင်းအရာနဲ့မဆိုင်တာ ၀င်ရေးတာ၊ ရုတ်ရိုင်းကြမ်းတမ်းစွာ ဆဲဆိုရေးသားတာတွေက ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ ဘာမှမဆိုင်ဘူး။ ဒါတွေက စာလာဖတ်သူတွေကို ကူးစက်ပြီး စိတ်အနှောင့်အယှက်ဖြစ်စေ၊ ပို့စ့်မှာ တင်ထားတဲ့ လိုရင်းချက်ကနေ လမ်းကြောင်းလွဲသွားနိုင်စေတဲ့ အမှိုက်တွေ ဖြစ်လို့ ကျွန်မ ကန့်သတ်ထားတာ ဖြစ်တယ်။ ရှင့် IP ကို ကျွန်မ မမှတ်မိဘူး။ ကျွန်မ C-Box မှာ ဆဲဆိုသောင်းကြမ်းလို့၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်လို့၊ ကျွန်မနာမည်ကို ပြန်သုံးပြီး ကျွန်မရေးသလိုလိုနဲ့ မဟုတ်မဟတ်တွေ လာရေးလို့ ပိတ်လိုက်ရတဲ့ IP တွေ အများကြီးရှိပါတယ်။ ရှင့် IP လည်း C-Box မှာ ရှင်က ပို့စ် တင်ထားရင်တော့ ဘာမှစိတ်ဝင်တစား ဖတ်ရှုအားပေးတာ မဟုတ်ဘဲ မအားလို့ ပို့စ်မတင်ဖြစ်ရင် အသစ်တင်ဖို့ လာလာအော်နေတာကို မျက်စိနှောက်လို့ IP ဖျက်လိုက်တဲ့အထဲ ရောပါပါသွားပုံရပါတယ်။ ပြန်ထည့်ချင်ရင် ပြန်ရေးထားခဲ့ပေးပါ။ ဒီမိုကရေစီဆိုတာ ဆဲဆိုသောင်းကျန်းတာ၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ၊ အရည်မရအဖတ်မရ လျှောက်ရေးတာကို ပြောတယ်ထင်ပြီး မဆိုင်တာတွေတော့ လာမရေးဖို့ ကျွန်မ ကြိုပြောထားမယ်။
မောင်ပေါက်ကြိုင်းရေ- မောင်ပေါက်ကြိုင်းရဲ့ မှတ်ချက်တွေကို ဖတ်ကြည့်တာ ကျွန်မဆိုလိုတာကို သိပ်သဘောပေါက်ပုံမရဘူး။ ဒီပို့စ်မှာ ကျွန်မဆိုလိုတာ သင်္ကြန်က ရေကစားမဏ္ဍပ်မှာ ဖြစ်သွားတဲ့ ဖေါက်ခွဲမှုနဲ့ အလားတူ လက်နက်မဲ့ အရပ်သားတွေကို သေကြေပျက်စီးအောင် လုပ်တဲ့ကိစ္စကို ပြောတာ ကျန်တဲ့ လက်နက်ကိုင်တော်လှန်ရေးရဲ့ စစ်ရေးဗျူဟာ တခုအနေနဲ့ ရှင်တို့ နအဖတွေရဲ့ လုပ်ငန်းတွေ၊ ဒေသခံပြည်သူလူထုရဲ့ ဆန္ဒကို လုံးဝမကောက်ခံဘဲ အဲဒီဒေသမှာ Infrastructure Project တွေ အတင်းအဓမ္မလုပ်ထားတဲ့နေရာတွေမှာ၊ ပြည်သူလူထုကို ဂုတ်သွေးစုပ်ပြီး ပြုလုပ်ထားတဲ့ နအဖရဲ့ကိုယ်ကျိုးစီးပွားအတွက် လုပ်ထားတဲ့ စီးပွားရေးနဲ့ ဆိုင်တဲ့နေရာတွေမှာ၊ နအဖတွေ လိုက်ပါစီးနင်းတဲ့ ယာဉ်တွေမှာ သွားဖေါက်ခွဲတာ မပါဘူး။ အဲဒါတွေက နအဖကိုသာ ဒုက္ခပေးပြီး နအဖ ရန္တရားကို ဖြိုတာသာဖြစ်လို့ ရှင်ဆွေးနွေးထားတဲ့ အထဲက ကန်တော်ကြီး သင်္ကြန်မှာ ဖြစ်တဲ့ကိစ္စမဟုတ်ရင် ကျွန်မပို့စ်မှာ ပြောထားတာနဲ့ ဘာမှ အကျုံးမ၀င်ဘူး။
ကျွန်မ ရေးထားတဲ့ Tags ပို့စ်တခုဖြစ်တဲ့ အသိတရား ဆိုတဲ့ ပို့စ်တခုမှာ ကျွန်မတို့နယ်မြေက အခြေအနေအကြောင်း ရေးထားတာ ရှိပါတယ်။ စိတ်ဝင်စားရင် သွားဖတ်နိုင်ပါတယ်။ ရှင်ပြောတဲ့ KNU ဗုံးခွဲတယ် လူသတ်တယ်ဆိုတာ ကျွန်မငြင်းထားတာ မရှိဘူး။ မဆလ၊ န၀တ၊ နအဖက ဒီထက် အဆတရာမက ပိုဆိုးတယ်ဆိုတာပဲ ပြောလိုပါတယ်။ နအဖထက်တော့ တော်တာပေါ့ဆိုပြီး KNU လူသတ်တာကို ထောက်ခံတယ်လို့ ဆိုလိုတာလည်း မဟုတ်ပါဘူး။ ဘယ်သူပဲသတ်သတ် လူသတ်တာကို ကျွန်မ လက်မခံဘူး။
ဒီလိုဖြစ်နေတာတွေ အားလုံးက နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးညှိနှိုင်းအဖြေမရှာဘဲ ငါချမှတ်တဲ့ လမ်းကြောင်းအတိုင်း လိုက်ကိုလိုက်ရမယ်ဆိုပြီး သေနတ်နဲ့ အနိုင်ကျင့်ပြီး သွားနေလို့ ရလာတဲ့ တုံ့ပြန်မှုတွေသာ ဖြစ်တယ်။ ဒီလိုပဲ တိုင်းရင်းသားတွေ၊ အတိုက်အခံပါတီတွေနဲ့ မဆွေးနွေး၊ မတိုင်ပင် မညှိနှိုင်းဘဲ လက်နက်အားကိုးပြီး ဆက်သွားနေရင် ဒီထက်မကတဲ့ အနိဌာရုံတွေက ရှိလာမှာပဲ။ ရှင့်ကို ဥပမာတခုပေးမယ်- အခုနအဖလုပ်နေတာ ၀က်သားမစားတဲ့ မူစလင်တွေကို အတင်းဝက်သားစားခိုင်း၊ အမဲသားမစားတဲ့ ဟိန္ဒူတွေကို အတင်းအမဲသားကျွေး၊ ဟင်းသီးဟင်းရွက်ပဲ စားတဲ့သူတွေကိ အတင်းသေနတ်နဲ့ချိန်ပြီး အသားစားခိုင်းနေသလို ဖြစ်နေတယ်။
ကျွန်မ ငယ်ငယ်က ငှက်ဖျားဖျားပြီး အကြီးအကျယ် သွေးအားနည်းတော့ ဆရာဝန်က သံဓါတ်များပါတဲ့ အမဲသားလို အသားတွေကျွေးပေးပါဆိုလို့ အမဲသား အနံ့ကို လုံးဝမခံနိုင်လို့ အမဲသားမစားတဲ့ ကျွန်မကို စစ်တပ်ထဲမှာတုန်းက သေနတ်နဲ့ ချိန်ပြီး အမိန့်ပေးလေ့ရှိတဲ့ အဖေက ကျွန်မကို ကျန်းမာရေးအရ စားရမယ်၊ မစားရင်ရိုက်မယ်ဆိုပြီး ကြိမ်လုံးနဲ့ ရွယ်ပြီးကျွေးတယ်။ ကျွန်မလည်း ကြောက်လို့ စားမယ်လို့ဆုံးဖြတ်ပြီး နှာခေါင်းကိုပိတ်ပြီး အမဲသားကို ကြိုးစားဝါးတယ်၊ ဖျစ်ညစ်ပြီးတော့ မြိုချလိုက်တော့ အစာအိမ်ထဲမရောက်ဘူး လည်ချောင်းဝကနေ အမဲသား ပြန်ထွက်လာတဲ့အပြင် အရင်စားထားတဲ့ မုန့်တွေနဲ့ တခြားအစားအစာတွေတောင် အကုန်လုံး ပြန်အန်ထွက်သွားပြီး နောက်ထပ်လည်း ဘာမှ ထပ်စားလို့မရ ဖြစ်သွားတယ်။ ရိုက်ချင်ရင်လည်း သေအောင်ရိုက်သတ်ပါစေတော့ ဒါကြီးကိုတော့ ကျွန်မ မစားနိုင်တော့ဆိုပြီး အတင်းငြင်းနေတော့တယ်။ နောက်တော့ သံဓါတ်ပါတဲ့ တခြားအစားအစာတွေကို ဆရာဝန်ဆီမှာ ပြန်မေးပြီး ပြန်ကျွေးမှ ကျွန်မသက်သာသွားတယ်။
ဒီလိုပဲ သတ်ရင်လည်း သတ်ပါစေတော့ မင်းတို့ရဲ့ အာဏာရှင်လမ်းစဉ်ကိုတော့ မလိုက်နိုင်ဘူး ဆိုပြီး ထောင်ထဲမှာ အညှင်းဆဲခံနေတဲ့သူတွေ အများကြီး ရှိနေတယ်။ မကြိုက်တာကို ကြိမ်လုံးနဲ့ပဲ ချောက်ချောက် သေနတ်နဲ့ပဲ ချောက်ချောက် ချောက်ပြီး ကျွေးလို့မရဘူး အသေခံပြီးမစားပဲ နေတဲ့သူက ရှိပါတယ်။ ဒါကြောင့် ဒီဥပမာအတိုင်းပဲ နအဖဟာ သူလုပ်ချင်တိုင်း သူများဆန္ဒကို ထည့်မတွက်ဘဲ အတင်းလုပ်လို့ ဘယ်တော့မှမရဘူး ဒီလို လုပ်နေသ၍ တိုင်းရင်းသားလူမျိုးစု တော်လှန်ရေး ဒီမိုကရေစီ တော်လှန်ရေးဆိုတာ ဆက်ရှိနေပြီး ဒီပြဿနာတွေက ငြိမ်းမှာမဟုတ်ဘူးဆိုတာ ဆင်ခြင်တုံအသိဥာဏ် ရှိရင် မောင်ပေါက်ကြိုင်း စဉ်းစားကြည့်ပါ။
(((((((မငယ်ရေ.. မဗေဒါဖတ်သွားပါတယ်..။ စဉ်းစားနေတာကတော့ အခုဖြစ်ရပ်တွေက ဒီမိုကရေစီနဲ့ဆိုင်မဆိုင်ဆိုတာပါပဲ..အင်းသတိရတယ်.. အန်ဂျီအိုလုပ်မဲ့သူနဲ့အစိုးရလုပ်မဲ့သူ..မှတ်မိသေးလားမငယ်..အဟမ်း အဟမ်း
ကျွန်တော်ရေးထားတာလည်း..မငယ်လာဖတ်ပါအုံး..ပြီးရင် ဝေဖန်ပါအုံး.. ]ရေစက်ဆိုတာဒါပဲနေမယ်..အင်းအောင်မြင်နေတဲ့ဘ :cool: လော့ဂါမငယ်ကိုတော့ မနောက်တော့ပါဘူး.. ဟူး)))))) (ပို့စ်နဲ့ဆိုင်လို့ C-box က ကူးလာပါတယ်)
ကိုယ့်သူငယ်ချင်းကလည်းနော့် ဟိုတုန်းက ငြင်းရခုန်ရတာတွေကို ဘလော့ဂ်မှာ လာဆွပေးပြန်ပြီ။ ဘလော့ဂ်မှာ မိတ်ဆက်ပေးတုန်းက မဗေဒါဆိုတာ သူငယ်ချင်းအဖြစ်ပဲ မိတ်ဆက်ထားပေးတယ် အဲလို ငြင်းဖေါ်ငြင်းဘက်အဖြစ် မိတ်မဆက်ထားဘူး။
ဟိုတုန်းက စိတ်ကူးယဉ်ခဲ့တဲ့အတိုင်း ဒီမိုကရေစီရပြီး တိုင်းပြည်ပြန်ရောက်လို့ မဗေဒါက နိုင်ငံရေးပါတီတွေမှာ ၀င်လုပ်ပြီး အာဏာရသွားလို့ အစိုးရဖြစ်သွားတယ်ဆိုရင် ကျွန်မက Human Rights Watch, Burma လို လူ့အခွင့်အရေး လုပ်တဲ့ NGO တခုခုဖွဲ့ပြီး လုပ်ဖြစ်ခဲ့ရင် ဆိုတဲ့ ဟိုတုန်းက စိတ်ကူးယဉ်တဲ့အတိုင်း တနေ့ တကယ်ဖြစ်လာခဲ့လို့ မဗေဒါတို့ ပါတီက အာဏာရကာ အောက်ခြေလွှတ်ပြီး လူ့အခွင့်အရေး ထချိုးဖေါက်ရင်တော့ ကိုယ့်သူငယ်ချင်း ပါတီမို့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို မရှုပ်ချ၊ Report မတင်ဘဲ ထိန်ချန်ထားလိမ့်မယ်လို့တော့ လုံးဝမထင်နဲ့နော့်။ လူ့အခွင့်အရေး ချိုးဖေါက်ပြီး သူငယ်ချင်းရေ ဒါလေးတော့ Report မတင်ပါနဲ့လို့ လာဘ်ပေးလာဘ်ယူလည်း လုပ်လို့ရမယ်မထင်နဲ့ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် သူငယ်ချင်းမကလို့ မိဘမျက်နှာတောင် ထောက်တဲ့သူ မဟုတ်ဘူး။ ဟိ ဟိ ... လွန်ခဲ့တဲ့ ၁၂ နှစ် ဒီလိုအချိန်က Geneva မှာ စိတ်ကူးယဉ်ခဲ့တာ အခုထိလည်း မဖြစ်သေးဘူး၊ နအဖက အတင်းပဲ အတုအယောင်ရွေးကောက်ပွဲ လုပ်ဖို့လုပ်နေတော့ နောက်လည်း ဘယ်တော့မှ ဖြစ်ဖို့မရှိတော့ဘူးထင်တယ်။ ရွှေပြည်တော် မျှော်တိုင်းဝေးပဲ ထင်တယ်။
ကျနော် စာလာဖတ်တာမဟုတ်ပါဘူး....
း)
အချိန်ပေးဖတ်ပြီး ဖတ်ရကျိုးနပ်မယ့် စာလည်း တစ်ခုမှမရှိပါဘူး။
ဒီမှာ ရှိသမျှ စာအားလုံးက တခြားဆီက ကူးထားတာတွေချည်းပါပဲ။ တခြားမှာ ဖတ်ရင် ရပါတယ်။ တခြားမှာမရှိပဲ ဒီမှာပဲ ရှိတာဆိုရင်တော့ မှတ်လောက်သားလောက် ဘာတစ်ခုမှ မရှိဘူးဆိုတာ ဒီဘလော့ စ ပေါ်လာချိန်ကတည်းက သတိထားမိပြီးသားပါ။
ဒီမိုကရေစီမြတ်နိုးတယ်လို့ ပြောပြီး၊ စီဘောက်စ်တောင် လွတ်လပ်ခွင့် မရှိတာကို မငယ်နိုင်တို့ မရှက်မိဘူးလား။ ခုလို ဟိုဖက်ဒီဖက် အတိုက်အခံရေးတဲ့ ဘလော့တွေမှာ စီဘောက်စ်မှာ ကောင်းချီးတွေ ပေးထားတာတွေပဲ ရှိတယ်ဆိုတာ ဖြစ်နိုင်လား၊ မဖြစ်နိုင်လားဆိုတာ မငယ်နိုင်ရဲ့ အသက်အရွယ်၊ ထမင်းစားတဲ့ ဦးနောက်နဲ့ စဉ်းစားကြည့်ပါ။ နိုင်ငံရေးနဲ့ ပက်သက်တဲ့ ဘလော့တိုင်းက ကိုယ့်အမြင်နဲ့ ကိုရေးကြတာချည်းပဲ။ အဲ့လိုပဲ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်ရှိတယ်။ ကိုယ့်ဘလော့မှာ ကိုယ့်အမြင်ကို လွတ်လပ်စွာရေးခွင့်ရှိသလို သူများတွေရဲ့ အမြင်ကိုလည်း လွတ်လပ်စွာ ရေးခွင့်၊ ဝေဖန်ခွင့်ပြုရမယ်။ မငယ်နိုင်ရဲ့ စီဘောက်စ်ကိုကြည့်ပါအုံး။ ကောင်းကြောင်းတွေချည်းပြောထားတာ။ ဟုတ်လားမဟုတ်လားဆိုတာ ကိုယ့်ကိုယ်ကိုယ် သိပါတယ်။း) ။
ကျနော် တစ်ခါမှမဆဲဖူးဘူးနော်။ ပထမ ကွန်းမန့်မှာလဲ စီဘောက်စ်မှာ မဘန်းဖို့ ပဲ ပြောသွားတာ။ မငယ်နိုင် ပြန်ပြောတာက "အရူးပြောတာ အရူးပဲ ယုံမယ်" တဲ့။း) ။ ဘယ်လို ဖြစ်ရတာလဲ။ ကျနော် လူတစ်ဖက်သားကို မငယ်နိုင်လောက်တောင် အရူး လို့မပြောဖူးဘူးဗျ။ ကျနော့်မိဘတွေကလည်း အဲ့လို သင်ပေးထားတယ်။ ကိုယ့်ကို ပြောတာမကြိုက်ရင် သူများကိုယ်လည်း မပြောရဘူး။ အသက်တွေလည်းကြီးနေပြီး။ သူများကို အရူးလို့ လက်ညိုးထိုးပြီး ကိုယ့်ကိုယ်ကို တန်ဖိုးမဖျက်ချင်ပါနဲ့ဗျာ။
ပိတ်တဲ့ IP တွေက များလို့ ကျွန်မမမှတ်မိတော့ဘူး။ ဆိုကတည်းက ကိုယ့်အခြေအနေကို ပြန်ဆန်းစစ်ကြည့်ပါအုံး။ မငယ်နိုင်တို့ ကျနော်တို့ ဘလော့တွေမှာ စီဘောက်စ် ဆိုတာ ထားသင့်တယ်။ စီဘောက်စ်ထဲမှာ ကိုယ့်ကို အကောင်းပြောတာတွေရော၊ အဆိုးပြောတာတွေရော ရှိသင့်တယ်။ ရှိကိုရှိရမယ်။ မငယ်နိုင်ကို အားလုံးက လက်မခံဘူး။ ကျနော့်ကိုလည်း အားလုံးက လက်မခံဘူး။ ဘယ်လောက် အဓိပ္ပါယ်ရှိလဲ။ အချိုတွေပဲ ကြိုက်မနေပါနဲ့ဗျာ။ အမှန်တရားကို လက်ခံနိုင်အောင် ကြိုးစားပါ။
ဘာပဲဖြစ်ဖြစ် ကျနော့်ဘလော့ကို အမြဲလာလို့ ကျေးဇူးပါဗျား။
ကဲ .. မောင်ပေါက်ကြိုင်းရေ .. ဒုတိယနဲ့ နောက်ဆုံးပြန်စာလေး ရေးလိုက်ပါတယ်။ တော်ရုံလူမဖတ်တဲ့ နအဖ သတင်းစာက သတင်းခေါင်းစဉ်ကို တင်ပြလာလို့ ကျေးဇူးတော့ တင်ပါတယ်။ ဒါ့ပြင် http://www.scribd.com/doc/30235725/2010-01-27-BOMB ကလည်း မြန်မာ့အလင်း သတင်းစာပဲဆိုတာ တွေ့ရပါတယ်။ နောက်ထပ် အဆိုပြုထားတာတွေလည်း နအဖသတင်းတွေကလွဲပြီး ဘယ်သူမှ ဝိုင်းဝန်းအတည်ပြုပေးမယ့် အနေအထားတွေ မတွေ့မိပါဘူး။ ထားပါတော့ ဘယ်သူ့ကိုမှ မထိခိုက်တဲ့ သုံးနေကျ စဉ်းစားပုံလေး တစ်ရပ်ကို ချပြပါရစေ။ ဆန်းစစ်ဝေဖန် တွေးတောခြင်း (critical thinking) ဆိုတာဟာ ဒီကနေ့ ကမ္ဘာ့ပညာရေး လောက တန်းမြင့်ပညာ သင်ရာမှာ လိုအပ်တဲ့ အခြေခံ ဘာသာရပ်လေးတစ်ခု ဖြစ်ပါတယ်။ အဲဒီထဲမှာ အထင်အမြင်မှားခြင်း (fallacy) များဆိုတဲ့ ကဏ္ဍလေးပါပြီး အမျိုး ၂၀ ကျော်လောက်ရှိပါတယ်။ နမူနာ တစ်ခုပြောရရင် - “သူတောင်အမှား လုပ်သေးတာ ငါကိုဘာလို့ မှားတယ်လို့ ပြောရတာလဲ” (သူမှားတာ ကိုယ်လည်းလိုက်မှားလို့ ကိုယ်မှန်တယ်လို့ ထင်တာ) မျိုးဟာလည်း တစ်မျိုးအပါအဝင် ဖြစ်ပါတယ်။ နောက်တစ်မျိုးက - “မင်းလုပ်တာမှားတယ်၊ ငါလုပ်တာမှန်တယ်၊ ဘာကြောင်ကြည့်နေတာလဲ ဝိုင်းရိုက်လိုက်ရမလား၊ ငါတို့မှန်တယ် မဟုတ်လား၊” ဆိုတဲ့ အင်အားသုံး သဘောတူအောင်လုပ်ပြီး ကိုယ်မှန်တယ် ထင်တာမျိုးတွေပါ။ နောက်မှ ပို့စ်တွေတင်ရင် အသေးစိတ်ရေးပါအုံးမယ်။ ဘယ်လိုပဲဖြစ်ဖြစ် မောင်ပေါက်ကြိုင်းရဲ့ အရေးအသားတွေဟာ အခြား နအဖ ခိုင်းထားတဲ့ လူတွေနဲ့စာရင် မရိုင်းတာတော့ ဝမ်းသာပါတယ်။
ဒေါ်လာရေ- ကျွန်မဘလော့ဂ်မှာ ရှင်တို့ နအဖဘလော့ဂ်တွေလို ယုတ်ရိုင်းကြမ်းတမ်းစွာ ဆဲဆိုသောင်းကျန်း၊ အရေမရ အဖတ်မရတွေ၊ ပို့စ်နဲ့ မဆိုင်တာတွေ ရေးခွင့်မပေးလို့ ဒီလောက်တောင် ဒေါသထွက်နေစရာ မလိုပါဘူး။ ရေးချင်ရင် ဒါတွေကိုပဲ ဒီမိုကရေစီ လူ့အခွင့်ရေး ထင်ပြီး ကြိုက်တာ ရေးခွင့်ပေးထားတဲ့ ရှင်တို့ နအဖ ဘလော့ဂ်တွေမှာ သွားရေးလို့ ရသားပဲ။ ရှင်တို့ ထင်နေတဲ့ အညစ်ညမ်းတွေကို လွတ်လပ်စွာ ရေးခွင့်ပြောခွင့်က ဒီမိုကရေစီမဟုတ်ဘူးလို့ ကျွန်မ အကြိမ်ကြိမ် ပြောပြီးပြီ။ ကျွန်မက အမြင်တူသူကို လက်မခံရင် ရှင်တို့ မောင်ပေါက်ကြိုင်းနဲ့ တချို့အမည်မသိ ရေးထားတဲ့ မှတ်ချက်တွေကို ထည့်ပေးပါ့မလား၊ တလေးတစား ပြန်တုံ့ပြန်ပါ့မလား သေသေချာချာ စဉ်းစားစမ်းပါ ထင်တာပဲ ရမ်းမပြောပါနဲ့။ သံဃာတော်တွေပါ အမြဲမပြတ် လာဖတ်နေတဲ့ ကျွန်မ ဘလော့ဂ်မှာ ရှင်တို့ နအဖတွေက အမျိုးသမီးတယောက်ကို မအေနှမချင်းမစာနာ အပြင်မှာ ကျွန်မ တခါမှ မကြားဖူးတဲ့ အယုတ်အရိုင်းဆုံး ဝေါဟာရတွေနဲ့ သုံးပြီး ကျွန်မကို ပြည့်တန်ဆာပြော၊ သားပြောမယားပြော လာရေးတာတွေကို ပဒေသာပင်လို ကျက်သရေဆောင်ပြီး မဖျက်ဘဲ ထားရမလား။ အဲဒီလို ရေးတဲ့ IP တွေကို ဖျက်တာ ရှင်က ဘာဒေါသထွက်နေစရာလိုလဲ။ ရှင်က ဒါမျိုးမရေးပါဘူးဆိုလို့ ရှင့် IP ကို ဖြုတ်ထားတာ ပြန်ထည့်ပေးမယ် နံပါတ်ပေးပါလို့ သွားပြောရင်း ရှင့်ဘလော့ဂ်မှာ ဒီမိုကရေစီဘလော့ဂ်တွေက ဘလော့ဂ်ရေးတာ ဒေါ်လာရတယ်ဆိုတာ ဖတ်မိလို့ တခါမှ မကြားဖူးတာကို ကြားရပြီး အရူးစကား အရူးပဲယုံမယ်လို့ ဥပမာပေးတာသာ ဖြစ်တယ်၊ ရှင့်ကို အရူးလို့ ပြောတာ မဟုတ်ဘူး။ တကယ်လည်း ပိုက်ဆံရဖို့နေနေသာသာ ၀ါသနာ စေတနာပါလို့သာ မိသားစုအတွက် ပေးရမည့် အချိန်တွေ ဖဲ့ပြီး ရေးနေရတာ။ ရှင်တို့ နအဖဘလော့ဂါတွေပဲ အားအားနေ သူများဘလော့ဂ်မှာ များများလိုက်ဆဲပေးရင် ပိုက်ဆံရနေရာကနေ အဆု IP ပိတ်လိုက်လို့ မဆဲရတာနဲ့ ပိုက်ဆံလည်း မရတော့လို့ ဒေါသထွက်နေတဲ့ပုံစံမျိုး တွေ့နေရတယ်။ ရှင်ကျွန်မဘလော့ဂ်မှာ စာလာဖတ်တာ မဟုတ်ရင် မှတ်ချက်ရေးစရာလည်း မလိုပါဘူး ဒါကြောင့် IP လည်း ကျွန်မ ပြန်ထည့်ပေးစရာ မလိုတော့ဘူး ကောင်းပါတယ်။ ကျွန်မဘလော့ဂ်မှာ စာလာဖတ်သူကိုပဲ ကျွန်မက တလေးတစားနဲ့ ပြန်ဆွေးနွေးတယ် စာဖတ်တာမဟုတ်ပဲနဲ့ မဆိုင်တောတွေ ပေါက်ကရလာရေးရင်တော့ ဖျက်ဖို့ပဲ ရှိပါတယ်။
အကြောင်းအရာ ဖြေရှင်းချက်တွေက ဝေ့၀ိုက်ပြီးမပြည့်စုံသေးဘူး...ပို့စ်ထဲမှာ အဲဒီစာသားတွေမပါပေမယ့် ဒါကိုအခြေခံပြီးယူသွားတဲ့စာတွေနဲ့ ပြောတာဖြစ်လို့ ပို့စ်နဲ့မဆိုင်ဘူးလို့ ပြောလို့မရဘူး...
တော်လှန်ရေးလက်နက်ကိုင်နေတဲ့သူတွေဆိုတာ သူရဲဘောမကြောင်ဘူးဆိုတာတော့ သက်သေတွေရှိနေလို့ မယုံနိုင်သေးဘူး...သူရဲဘောမကြောင်တဲ့ အလုပ်တွေနဲ့သက်သေပြပါ...
ပေါက်ကြိုင်း
KNU ဟာ liberation army တစ်ခုဖြစ်တဲ့အတွက် သူတို့ အဖွဲ့အစည်းရဲ့ လုပ်ရပ်တွေဟာ အမြဲတမ်း democracy ဆန်ရမယ်လို့ ပြောလို့မရပါဘူး။ စစ်တိုက်တဲ့အခါတိုင်းမှာ necessary evil act ဆိုတာတွေ အမြဲတမ်းရှိတယ်။ အဲဒါတွေကို စစ်ဖြစ်နေချိန်မှာ လက်ညှိး လိုက်ထိုးနေလို့မရပါဘူး။ နောက်ပြီး အစိုးရကို ဆန့်ကျင်တိုင်းလည်း democracy လှုပ်ရှားသူမဟုတ်ပါဘူး။ ကိုယ်ခံယူချက်နဲ့ ကိုယ်ရပ်တည်နေသူ တွေလည်း ရှိမှာပါ။
စစ်ဖြစ်နေတဲ့ တိုင်းပြည်မှာ နှစ်ဘက်စလုံးက အနာဂမ်တွေ ရဟန္တာတွေ မဟုတ်ကြတဲ့အတွက် အမှားတွေကို ကျူးလွန်ကြလို့ ပြည်သူလူထုက ဒုက္ခရောက်မှာပဲ စစ်ဘာကြောင့်ဖြစ်နေရတယ် အာဏာကို ထ၀ရ လက်မလွတ်ချင်သူတွေရဲ့ ပြောတာကို ခဏထားပြီး မိမိဦးနှောက်နဲ့မိမိ စဉ်းစားတတ်ဖို့လိုပါတယ်။ ပြီးပြည့်စုံမှုမရှိသေးဘူးဆိုတော့  ပြီးပြည့်စုံမှု ရှိအောင် ဘယ်လိုပဲ ရှင်းရှင်း မောင်ပေါက်ကြိုင်းက ကပ်ဖဲ့လုပ်နေရင် ဘယ်တော့မှ ပြီးပြည့်စုံဖို့မရှိဘူး။ သူများပြောတာလောက်နဲ့လည်း ပြီးပြီးစုံအောင် သိဖို့ဆိုတာ မဖြစ်နိုင်ဘူး။ မိမိဖါသာ မိမိရဲ့ ကိုယ်ပိုင်ဆင်ခြင်တုံတရားနဲ့ စဉ်းစားသုံးသပ်ပြီး ပေါင်းစပ်ရပါတယ်။ ကျွန်မက ဆယ်တန်းကျောင်းသူဘ၀ ရှစ်လေးလုံး အရေးတော်ပုံ မဖြစ်ခင်အထိ ရှင့်လိုပဲ အစိုးရဘာပဲလုပ်လုပ် ကောင်းတယ်ထင်ခဲ့သူပဲ။ ရှင်က အခု ၁၀ တန်းတော့ မကတော့ဘူးထင်တယ်။ သမိုင်းကို နည်းနည်းလေး ပြန်လေ့လာပြီးတော့ တိုင်းရင်းသားတွေနဲ့ စစ်ဖြစ်နေရတဲ့ ပြဿနာရဲ့ အရင်းမြစ်ကို သူများပြောတာ ခဏထားပြီး မိမိဦးနှောက်နဲ့ပဲ တချက်လောက် ပြန်စဉ်းစားပါ။ ရှင်ရော ကျမရော အာဏာရှင်စနစ်အောက်မှာ မွေးဖွား ကြီးပြင်းခဲ့သူတွေ ဖြစ်ပါတယ်။ ရှင့်ရဲ့ အစိုးရကို အထင်ကြီးမှုက တချိန်က ကျွန်မ အိပ်နေတာလောက်တောင် မရှိသေးဘူး မောင်ပေါက်ကြိုင်း။
ဇိဝက ပြောတာ ဟုတ်တယ်။ တိုင်းရင်းသားတွေက ဒီမိုကရေစီ လူ့အခွင့်အရေးဆိုတာထက် အမျိုးသားရေးအတွက် တိုက်ပွဲဝင်တာတော့ မှန်တယ်။ ဒါပေမဲ့ ဘာအတွက်ပဲ တိုက်ပွဲဝင်ဝင် အကြောင်းပြချက် ခိုင်လုံလို့ လက်နက်ကိုင် တိုက်ပွဲဝင်သူတွေကို အသိအမှတ်တော့ ပြုတယ်။ သို့သော်လည်း လက်နက်ကိုင်တိုက်ပွဲဝင်သူတိုင်းကို ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကလို မဟုတ်ဘဲ ကုလသမဂ္ဂနဲ့ Universal Declaration of Human Rights (UDHR) အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း ပေါ်လာပြီးနောက်ပိုင်း UDHR နဲ့ Geneva Convention က အချက်တွေကို လိုက်နာရပါတယ်။
မောင်ပေါက်ကြိုင်းပြောတာ သဘာဝကျပါတယ်။ ဒါနဲ့ ရှင့်ရဲ့ အစိုးရကို အထင်ကြီးမှုက တချိန်က ကျွန်မ အိပ်နေတာလောက်တောင် မရှိသေးဘူး မောင်ပေါက်ကြိုင်း။ ဆိုတာ ဘာကိုပြောတာလဲ မသိဘူး။ အရင်တုန်းက အရမ်းအထင်ကြီးခဲ့တယ် လို့ပြောတာလား။ ဘာကြောင့် အရမ်းအထင်ကြီးခဲ့ရတာလဲ၊ ဘယ်ကြောင့် အထင်ကြီးနေတာကနေ လုံးဝ အဆိုးမြင်သွားရတာလဲ၊ ဘယ်အချိန်တုန်းကလဲ၊ တစ်ခုခု နာကျည်းမှုများရှိခဲ့လို့လား၊ ဥပမာ စစ်သားတစ်ယောက်ကို ၁၀ တန်းတုန်းက မောင်ပေါက်ကြိုင်းထက် အဆပေါင်းများစွာ အထင်ကြီးပြီး ကြိုက်ခဲ့ရာကနေ မရလိုက်လို့ အဆိုးမြင်သွားတာလား။ ဥပမာပြောတာပါ။ မာင်ပေါက်ကြိုင်းအထင်ကြီးတာကိုတောင် အိပ်နေသလောက်ရှိပါတယ်ဆိုတော့ မောင်ပေါက်ကြိုင်းက ဘယ်အတိုင်းအတာလောက်ထိ အထင်ကြီးပြီး အစ်မကြီးက ဘယ်အတိင်းအတာထိ အထင်ကြီးခဲ့ရတာလဲ။ အစ်မကြီးရဲ့ အိပ်နေချိန်က ဘယ်အတိုင်းအတာကိုပြောတာလဲ။ ရာခိုင်နှုန်းကိုပြောတာပါ။ အစ်မကြီး အိပ်နေသလောက် မောင်ပေါက်ကြိုင်းက အထင်ကြီးတယ်ဆိုတော့ အစ်မကြီးအိပ်နေချိန်နဲ့ အစ်မကြီး ထ နေချိန်က ဘယ်လောက်ကွာလဲ၊ ရာခိုင်နှုန်းကိုပြောတာပါ။
ကျေးဇူးပြုပြီး မေးခွန်းလေးတွေ ဖြေပေးပါ။ အားလုံးကလည်း စိတ်ဝင်စားမယ်ထင်ပါတယ်။
လေးစားစွာဖြင့်
စူပါ
စိတ်ဝင်စားလို့ ၀မ်းသာပါတယ် စူပါ။ ဒါပေမဲ့ နောက်ထပ်ထပ်ရေးရင် ပုဂ္ဂိုလ်ရေး ဆိုင်ရာ Assault ဖြစ်စေတဲ့ စကားတွေထပ်မပါစေနဲ့နော့် ပါရင်တော့ ရှင့်မှတ်ချက်ကို ဖျက်ပစ်မှာ သေချာတယ်။ ကျွန်မဘလော့ဂ်မှာ ရိုင်းတဲ့ အပြုအမူအပြောအဆိုတွေ ဘာတခုမှ လက်မခံဘူး။ ရေးထားတာကို သဘောမတူရင်လည်း ဘာကြောင့်သဘောမတူ ဘာတွေ ကွာဟနေတယ်ဆိုတာကို ဒီမိုကရေစီနည်းကျ ယဉ်ယဉ်ကျေးကျေး အပြန်အလှန် ဆွေးနွေး ငြင်းခုန်နိုင်ပါတယ်။ တိုးတက်တဲ့ လူ့အဖွဲ့အစည်းမှာ ဘယ်လိုယဉ်ကျေးရတယ်ဆိုတာ ပညာပေးချင်လို့ ကျွန်မဘလော့ဂ်မှာ သဘောထား ကွဲလွဲခွင့်ကို လွတ်လွတ်လပ်လပ် ပေးထားပါတယ်။ ရိုင်းစိုင်းတဲ့ စောင်းမြောင်းတဲ့ စကားတွေနဲ့ စိတ်ထွက်ပေါက်ကို လာအန်ချရာ နေရာမဟုတ်ဘူး။
ရှင်မေးတဲ့ မေးခွန်းရဲ့ အဖြေတွေက Side bar မှာရှိတဲ့ Labels ကို သွားလိုက်ပါ။ အဲဒီထဲက Tags လို့ ရေးထားတာကို နှိပ်လိုက် အဲဒီအောက်မှာ အသိတရားဆိုတဲ့ ပို့စ်တခု ရှိတယ်။ နောက်တခုက မှတ်တမ်းကို သွားလိုက်ရင် older Posts ဆိုတာတွေကို နှိပ်ပြီး သြဂုတ်လအထိ သွားလိုက်ပါ။ အဲဒီမှာ စာသင်ခန်းကို စွန့်ခွာတဲ့နေ့ ပထမပိုင်းနဲ့ ဒုတိယပိုင်း ရှိတယ်။ အဲဒီပို့စ်ပို့စ်တွေထဲမှာ မဆလကို အသဲအသန် ယုံကြည်ခဲ့ပြီး ဘာကြောင့် ကျွန်မ ပြောင်းသွားရတယ်ဆိုတဲ့ ရှင်သိချင်တဲ့ အကြောင်းအရာတွေ တစိတ်တဒေသ ပါပါတယ်။ ဒီထက်ပိုမို အသေးစိတ်ကျတဲ့ ပို့စ်တခုကိုလည်း နောက်ပိုင်းတင်ဖို့ ရှိပါတယ်။ စောင့်ဖတ်နိုင်ပါတယ်။ တခုခုရေးရင်တော့ ရိုင်းစိုင်းတဲ့ ရှင်တို့ရဲ့ ကျွန်မ ဘလော့ဂ်မှာ မှတ်ချက်ရေးချင်ရင်တော့ ရှင်တို့မူလဗီဇ ဘယ်လောက်ပဲ ရိုင်းရိုင်း အဲဒါလေးတွေကို ခဏ မြိုသိမ့်ထားပြီး ယဉ်ကျေးတဲ့ စိတ်နေစိတ်ထားကို ပြောင်းပြီးမှပဲ ရေးဖို့ အသိပေးထားပါရစေ။ စိတ်ဝင်စားတဲ့အတွက် ကျေးဇူးတင်ပါတယ်။
သိပ်ကောင်းတဲ့ ပိုစ့်ပါပဲ အစ်မရေ..
လေးစားစွာ..
ကျုပ်က အစိုးရ ကို အထင်ကြီးတယ်လို့ တစ်လုံးမှ မဆိုခဲ့ပါဘူး...ဘယ်သူ့ကိုမှ အထင်မကြီးပါဘူး...လူဆိုတာ မိမိကိုယ်သာ ကိုးကွယ်ရာပါ...အမှန်တစ်ခု သို့မဟုတ် အမြင်မတူတဲ့ဘက်က ပြောတိုင်း အစိုးရဘက်ကလူတွေ အစိုးရကို မျက်ကန်းယုံကြည်အထင်ကြီးနေတဲ့လူတွေလို့ ဆိုတယ်...
အခုလည်းမကြာခင် နောက်ထပ် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေနဲ့စတင်ပြီး တိုက်ပွဲဝင်တော့မယ်လို့ ဒီမိုကရေစီအရေးအော်နေတဲ့သူတွေက ကြွေးကြော်နေပြီ...
ဒီတော့ နောက်ထပ်မြန်မာနိုင်ငံမှာဖြစ်လာမယ့် အကြမ်းဖက်မှုတွေပြသနာတွေကတော့ ဘယ်သူတွေရဲ့ လက်ချက်လည်းဆိုတာ ယခု ဗုံးပေါက်သလို ငြင်းခုံနေစရာမလိုတော့ပါဘူး...အဖြေက ရှင်းနေလို့ပါပဲ...ဒီလိုဖြစ်လာတဲ့အချိန်မှာ မိမိဘက်ကိုပဲကာကွယ်ပြောဆိုနေရင်တော့ ငါ့အဖွဲ့စည်း ငါ့လူ ငါ့ပါတီဆိုတဲ့ ငါ ဆိုတဲ့ အတ္တမကင်းသေးဘူးဆိုတာတော့ သေချာနေပြီ....
ပေါက်ကြိုင်း
အစ်မရေ အစ်မကဒီမိုကရေစီဖွင့်ပြထားတာတော့ ဟုတ်ပါပြီ အစ်မဖွင့်ဆိုချက်တွေက လွတ်လပ်စွာကွဲလွဲခွင့်ရှိတယ် လွတ်လပ်စွာယူဆခွင့် သဘောထားခွင့်တွေရှိတယ် ဒါပေမယ့်ရိုင်းစိုင်းစွာဆဲဆိုခွင့်မပြုရဘူးဆိုတဲ့ ဘောင်လေးတွေပါရှိတယ်နော်.. အဲဒါလည်းမြန်မာ့ကျင့်ဝတ်အရ ယဉ်ကျေးရမယ်ဆိုတာလည်း ဟုတ်ပါတယ်.. မှန်ပါတယ် ဒါဆို နိုင်ငံရဲ့ယဉ်ကျေးမှု၊စည်းစနစ်တွေနဲ့ တွေနဲ့ဘောင်ကွပ်ထားသင့်တယ်လို့ပြောရမှာပေါ့ ဒါဆို စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ်ကိုဖောက်ဖျက်ပြီး ရာဇ၀င်တွင်တဲ့ ဖခင်ရဲ့အမျိုးအနွယ်ကို ထိန်းသိမ်း စောင့်ရှောက်မှုမရှိပဲ တိုင်းပြည်ကိုကျွန်ပြုခဲ့ပြီး ဖခင်ကိုသတ်ခဲ့ တိုင်းတစ်ပါးသားကို လက်ထပ်လိုက်ခြင်းက ဒီမိုကရေစီလို့ပြောရမလား အမျိုးဖျက်လို့ပြောရမလား အစ်မ? နောက်ပြီးအဲဒီ မိန်းမက ဖခင်သွေးအပြည့်ပါတယ်လို့ ပြောလို့ရမလား၊ နောက်ပြီးအစ်မက ကိုယ့်အဖေ့က ကိုယ့်ကိုလူလူသူသူဖြစ်အောင် လုပ်ကိုင်ကျွေးမွေးလာခဲ့တဲ့ အသက်မွေးဝမ်းကြောင်းပညာကို စော်ကားထားသေးတယ်လို့ ကျွန်တော်ယူဆပါတယ်.
ကျွန်တော်လဲစစ်သားတစ်ယောက်ပါပဲ.. တပ်ထဲမှာ ကျွန်တော်တစ်ခါမှ သေနတ်နဲ့ချိန်ပြီးအမိန့်မပေးခဲ့ဘူးပါဘူး စစ်သားတိုင်းသေနတ်နဲ့ချိန်ပြီးပဲအမိန့်ပေးတတ်တဲ့ သူမျိုးတွေချည်းပဲမဟုတ်ပါဘူး.. များသောအားဖြင့် သေနတ်ကို ရှေ့တန်းထွက်မှသာ ကိုင်ရတာမျာပါတယ်. ဒါကြောင့် ရှေ့တန်းမှာ အောက်ကလူလဲသေနတ်နဲ့ပါပဲ မကျေနပ်လို့ရိုင်းစိုင်းလို့ စစ်ဗိုလ်တွေကိုပစ်သတ်ရင် သေမှာပဲ အဲလိုသေတဲ့သူလဲရှိပါတယ်.. အစ်မပြောတဲ့သူတွေပေါ့.. အစ်မပြောပုံအရဆိုရင်တော့ အစ်မအဖေကလဲ လက်အောက်ကလူတွေကပြန်ပစ်သတ်သွားလို့ သေသွားတဲ့အထဲမှာပါမယ်နဲ့တူပါတယ်.. ပြောချင်တာကတော့အစ်မရယ်.. လွတ်လပ်စွာကွဲလွဲလို့ ရပါတယ်..ဒါပေမယ့် လွတ်လပ်စွာတော့အပုပ်မချပါနဲ့လားဗျာ.. အစ်မတို့ရေးနေတာတွေလဲဘောင်လေးတစ်ခုလားပြီး သူများအပေါ်မှာဝေဖန်နိုင်ပါစေ...
နောက်ပြီး ၈၈၈၈ ကအောက်ပါဖြစ်ရပ်တွေကြောင့် စစ်တပ်က၀င်ထိန်းခဲ့တာ ပစ်ခတ်ခဲ့ရတာတွေရှိတယ်ဆိုတာ ကြည့်သင့်ပါတယ်.. ဒါတွေက ဒေါ်လာစားဘလော့မှာလဲ တင်ထားတာတွေ့ရပါတယ်..
ဒါတွေကလုပ်ကြံထားတာတွေမဟုတ်ပါဘူး သတင်းစာတွေနဲ့ တစ်ကွရှင်းလင်းထားတာတွေပါ နောက်ပြီး ကျောင်းသားခေါင်းဆောင်တွေကိုယ်တိုင် ခေါင်းဖြတ်သတ်နေတာတွေပါပါတယ်ဆိုတာ ငြင်းလို့မရပါဘူးဗျာ..
အပိုင်းလေးပိုင်းထိရှိပါတယ်..
အပိုင်း(၁)http://www.youtube.com/watch?v=Zp5UXCmH5gA
အပိုင်း(၂)http://www.youtube.com/watch?v=AplphDgP29M
အပိုင်း(၃)http://www.youtube.com/watch?v=kjtmmEXwfCU
အပိုင်း(၄)http://www.youtube.com/watch?v=RKDoG-W-TiA
ကျွန်တော်က ဘယ်သူမှခိုင်းလို့လုပ်နေတာမဟုတ်ဘူးနော်.. ကိုယ့်နိုင်ငံရေးအကြောင်းကိုသိချင်လို့ ၀င်ဖတ်နေတာပဲရှိတယ်.. မရေးလဲအနေသာကြီးပါ.
ဒါပေမယ်အဲဒီ အပိုင်း၎ ပိုင်းကိုကြည့်ပြီးတော့ တကယ်ကို ၈၈၈၈ကျောင်းသားခေါင်းဆောင်တွေကို စက်ဆုပ်ရွံရှာသွားတယ်.. နောက်ပြီးအစ်မပြောပြောနေတဲ့ဒီမိုကရေစီဆိုတာ ဘယ်လိုလူမျိုးတွေက ဖန်တီးပေးမှရနိုင်မယ်လို့ယူဆထားလဲအစ်မ အခုလက်ရှိအစိုးရက ရွေးကောက်ပွဲလုပ်နေတာ အားလုံးပါဝင်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ ဘာအတွက်ကြောင့်ပြောနေကြတာလဲအစ်မ ဒီမိုကရေစီဆိုတာအများဆန္ဒ အတွက်ပဲကြည့်တာမဟုတ်ဘူးလား.. ဒါဆို အခုရွေးကောက်ပွဲဝင်မယ့်အဖွဲ့က အနည်းဆုံး ၁၆ ဖွဲ့တောင်ရှိနေတာပဲ.. သူတို့မျက်နှာကိုလဲကြည့်သင့်ပါတယ်.. NLD နဲ့ဒေါ်စုမျက်နှာပဲ ကြည့်ပြီးဆုံးဖြတ်မှ တရားမျှတတယ်လို့ ပြောလို့ရမှာလား အစ်မ... အဲဒီရွေးကောက်ပွဲဝင်မယ့် အဖွဲ့တွေအားလုံးဟာအစိုးရအဖွဲ့တွေ ပဲလို့စွပ်စွဲလို့ရမလား.. အစ်မလဲကျွန်တော့်ကိုနားလည်နိုင်ပါစေဗျာ..
မောင်ပေါက်ကြိုင်းက အစိုးရ မကောင်းတာလုပ်တာကို ပြောရင် နည်းနည်းလေးမှ မခံချင် ဖြစ်နေတာ တွေ့လို့ ကျွန်မက ကျွန်မ ဆယ်ကျော်သက်တုန်းကလို အစိုးရကို သိပ်အထင်ကြီးတယ် ထင်ပြီး ပြောတာ အထင်မကြီးရင်လည်း မကြီးဘူးပဲ ထားလိုက်တော့။
သွေးသစ္စာရေ စိတ်ရှည်လက်ရှည်နဲ့ အရှည်ကြီး ရှင်းပြပြီး ရေးထားတာ တကယ်ကို ရိုးရိုးသားသား အမှန်တကယ် စိတ်ထဲမှာ ရှိတဲ့အတိုင်း ပြောထားတယ်ဆိုရင်တော့ ကျွန်မ တလေးတစား အသိအမှတ်ပြုပါတယ်။
ကျွန်မဘလော့ဂ်မှာ ကန့်သတ်ထားတာက သွေးသစ္စာ ထင်သလို ဗမာလူမျိုးဖြစ်လို့ ယဉ်ကျေးရမယ်ဆိုတဲ့ ပုံစံ မဟုတ်ပါဘူး။ ဒီမိုကရေစီကို မြတ်နိုးသူ ဘယ်သူမဆို ဒီမိုကရေစီရဲ့ သဘောသဘာဝကိုက မတူကွဲပြားတဲ့ အမြင်တွေကြား အပြန်အလှန်လေးစားပြီး ယဉ်ကျေးစွာ ပြောဆိုဆွေးနွေးရတာ ဖြစ်တယ်။ မြန်မာလူမျိုးအတွက် ဒီမိုကရေစီဆိုတာ သီးသန့်မရှိပါဘူး ဘာလူမျိုးမဆို ဒီမိုကရေစီကို ဒီလိုပဲ ယဉ်ယဉ်ကျေးကျေး ကျင့်သုံးရပါတယ်။ ကျွန်မ လူပေါင်းစုံနဲ့ ဆက်ဆံဖူးပါတယ်။ ယဉ်ကျေးသိမ်မွေ့တာက လူမျိုးနဲ့ သိပ်မဆိုင်ဘဲ ယဉ်ကျေးတဲ့သူဟာ ယဉ်ကျေးပြီး ရိုင်းတဲ့သူဟာ ရိုင်းတဲ့ တဦးချင်းစီရဲ့ Personality နဲ့ပဲဆိုင်တာကို တွေ့ရပါတယ်။ မြန်မာမှာမှ မဟုတ်ဘူး လူမျိုးတိုင်းမှာ ချစ်စရာကောင်းတဲ့ ဓလေ့လေးတွေ ရှိကြပါတယ်။ မြန်မာလူမျိုးတွေအထဲမှာ သပ္ဇပ္ပလာပါတွေ၊ ဖရုဿဝါစာရတွေ သိပ်များပြီး သူများလူမျိုးထက် ရိုင်းတဲ့လူတွေ တပုံကြီး ရှိပါတယ်။ ဒါကြောင့် ကိုယ့်လူမျိုးမှ ယဉ်ကျေးတယ်ဆိုတဲ့ အစွဲ ကျွန်မမှာ မရှိတော့ပါဘူး။
တင်ထားတဲ့ ဗွီဒယိုကို ကျွန်မ ကြည့်ပြီးတာ ကြာပါပြီ။ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး ဘလော့ဂ်ရေးနေတဲ့ မောင်လေးတယောက်ကတောင် အစ်မဒါ တကယ်အဖြစ်အပျက်လား နအဖ လုပ်ကြံထားတာလားလို့ မေးလာလို့ ဗွီဒယိုကတော့ လိုသလို ဖြည့်စွက်ပြောထားပါတယ်။ ခေါင်းဖြတ်သတ်တဲ့ အဖြစ်အပျက်ကတော့ အမှန်ပဲ၊ ၈၈ က ကြားဖြတ်အစိုးရဖွဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းဖို့ ငြိမ်းချမ်းစွာ တောင်းဆိုနေတဲ့အချိန် အများပြည်သူ သောက်သုံးနေတဲ့ ရေကန်ထဲ အဆိပ်ဆေးခတ်နေတဲ့ လူသုံးယေက်ကို ဆန္ဒပြတဲ့သူတွေက ခေါင်းဖြတ်သတ်တာ အမှန်ပဲဖြစ်တယ်။ ဒါပေမဲ့ သတ်တဲ့သူတွေက မဆလ စေလွှတ်ထားတဲ့သူ ဖြစ်နိုင်တယ်။ အဲဒီလို အားနည်းချက်တွေကြောင့် စစ်တပ်က အာဏာသိမ်းဖို့ အကြောင်းပြချက်ရသွားခဲ့တယ် နောင်တချိန်မှာ ဒီလိုအကြမ်းဖက်မှုတွေကို ရှောင်ဖို့ သင်ခန်းစာယူစရာ ဖြစ်တယ်လို့ အမှန်အတိုင်းပဲ ပြောပြခဲ့တယ်။
သွေးသစ္စာ ပြောထားတာ အကုန်လုံးကို အကွက်စေ့အောင် ပြန်ဆွေးနွေးရရင်တော့ ပို့စ်တင်မယ်ဆိုရင်တောင် ပို့စ်တခုစာနဲ့ လုံလောက်မယ်မထင်ဘူး။ သဘောထား မတိုက်ဆိုင်သူတွေဟာ ကိုယ်နဲ့ သဘောထားမတူသူတွေဟာ ဘာကြောင့် ဒီလို ယုံကြည်နေရတလဲဆိုတာ လေ့လာသင့်တာလည်း အမှန်ပဲ။
ဗုဒ္ဓဘာသာမှာ ရတနာသုံးပါး၊ ငါးပါးသီလ၊ ကံကံ၏အကျိုးနဲ့ ပဋိစ္စသမ္ပဒ် သံသရာကလွဲပြီး ကျန်တဲ့ ပညတ်တွေကို ကျွန်မသိပ်မသိဘူး။ ထေရ၀ါဒဗုဒ္ဓဘာသာမှာ ဒါကပဲ အရေးကြီးဆုံးပဲ မဟုတ်လား။ ကျန်တာ သိပ်မသိပေမဲ့ ဗုဒ္ဓဘာသာမှာ လူမျိုးခွဲခြားတာ အဆင့်အတန်းခွဲခြားတာတော့ ကျွန်မ တခါမှ မကြားဖူးဘူး။ စင်္ကြ၀ဠာအနန္တမှာရှိတဲ့ သတ္တ၀ါတွေအားလုံးကို ခွဲခြားမှုမရှိ၊ သူလူဖြစ်စဉ်က ရခဲ့တဲ့ သားတော်ရာဟုလာနဲ့ ပုရွက်ဆိပ်တကောင်ကိုတောင် အတူတူ မေတ္တာထားနိုင်တဲ့ ဘုရားကလည်း ကိုယ့်လူမျိုးကိုပဲ လက်ထပ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်နဲ့ ကန့်သတ်ထားခဲ့လိမ့်မယ်လို့ ကျွန်မ လုံးဝမထင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ အမြင်ကပ်နေတာကို ပြောလို့လည်း ဘာမှထူးမှာ မဟုတ်လို့ မပြောတော့ပါဘူး ဒါပေမဲ့ တိုင်းပြည်ကို ချစ်မချစ်ဆိုတာ လက်ထပ်တဲ့လူကို ကြည့်ပြီးဆုံးဖြတ်လို့ မရတာတော့ အမှန်ပဲ။
သွေးသစ္စာမေးထားတဲ့ တချို့အချက်တွေ အတော်များများက သင်္ကြန်မတိုင်ခင်က ရေးထားတဲ့ ပို့စ်တွေမှာ အတော်များများ ဆွေးနွေးထားပြီးပါပြီ။ ကျွန်မ တင်ထားတဲ့ ပို့စ်တွေအားလုံးကလည်း လုပ်ကြံဖန်တီးထားတာ တခုမှ မရှိဘူး ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှုတွေ၊ ကျွန်မယုံကြည်တာတွေကို ယုံကြည်တဲ့အတိုင်း ရေးထားတဲ့ ဘယ်သူ့ကိုမှ ဖားပြီး ရေးထားတာ မပါပါဘူး။ ကပ်ဖဲ့မေးတာ မဟုတ်ဘဲ တကယ်ကို သိချင်လို့ မေးတယ်ဆိုရင် သင်္ကြန်မတိုင်ခင်က တင်ထားတဲ့ ပို့စ်တွေနဲ့ ပို့စ်အောက်က မှတ်ချက်တွေကို ပြန်ဖတ်ကြည့်စေချင်တယ်။
သွေးသစ္စာ သို. ......တကယ်တော့ NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး၊ ဦးဝင်းတင် စတဲ့  လူအများကြည်ညိုတဲ့ သူများ ပါဝင်နေတဲ့ ပါတီဖြစ်တယ်၊ နောက် ပြီး လူငယ်ပါတီဝင် များကလဲ လေးစားဖို. ကောင်းပါတယ်၊ ဒီလောက် နအဖ က NLD ကို ဆီလိုအပေါက်ရှာပြီး (crackdown) လုပ်နေတာတောင် သူတို.က ပါတီဝင်အဖြစ် ဆက်လက်ရပ်တည်နေတယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လဲ ပါလို. မရ၊ မှတ်ပုံ မတင်ရင်လည်း ပါတီဖျက်ရမယ်ဆို တဲ. နအဖ ခန်.အပ်ထားတဲ့ ရွေးကောက်ပွဲ ကော်မရှင်က NLD ကို dilemma ဖြစ်စေတဲ့ ရွေးကောက်ပွဲ ဥပဒေ ထုတ်တယ်၊ ၅ တန်းကျောင်းသား တောင် ကော်မရှင် ဥပဒေ ဟာ မတရားဖူး လို.စဉ်းစား တတ်တယ်၊ NLD မှာ အထက်က ဖော်ပြသလို လေးစားလောက်တဲ့ ပုဂ္ဂိုလ်ကြီးတွေပါပေမဲ့ ဒ်ါအောင်ဆန်းစုကြည် က အဓိက ဖြစ်နေတယ်၊ ဗိုလ်ချုပ်အောင်ဆန်း ရဲ. သမီးဖြစ်တယ်၊ လူတိုင်းက ချစ်တယ်၊ တော၊ မြို.၊ တစ်တိုင်းပြည်လုံးချစ်တယ်၊ အနစ်နာခံမှုကို ဂရုဏာသက်ကြတယ်၊ စစ်တပ် နှင့် မိသားစု ၀င်များအားလုံးကို ပြည်သူတွေပေးတဲ့ မဲရုံမှာ မဲပေးခွင့်ရရင် စစ်တပ် မိသားစု အများစုဟာ ဒေါ်အောင်ဆန်းစုကြည် ကိုမဲပေးကြမှာ၊ အဲဒါ ကို နအဖ က သေမလောက်ကြောက်တယ်၊ ကျောင်းသား ခေါင်းဆောင် တွေလိုတော့ သိမ်းကြုံး မပြောသင့်ပါ၊ ထောင်ထဲ ရောက်နေတဲ့ မင်းကိုနိုင်၊ ကိုကိုကြီး နှင့် ခြားကျောင်းသားခေါင်းဆောင်များဟာ ကိုယ်ကျိုးစွန်.ပြီး၊ အကြမ်းမဖက်ရေး ၀ါဒကို ကျင့်သုံးပြီး နအဖ ကို ဆန်.ကျင် နေကြတာဖြစ်တယ်၊ မိုးသီးဇွန် တို. လို ကျောင်းသားခေါင်းဆောင် ဆိုရင် တော. မပြောတတ်ဖူး၊ သူဆိုရင် အကြမ်းဖက် လုပ်ငန်း၊ မြှောက်ထိုး ပင့်ကော်လုပ်မယ်၊ နအဖ ဟာ ၁၉၉၀ အနိုင်ရတဲ့ NLD ကို အာဏာမလွဲဖူး၊ အကယ်၍ ၂၀၁၀ ရွေးကောက်ပွဲ မှာ NLD ၀င်ပြိုင်ပြီး အနိုင်ရလဲ နအဖ က အာဏာလွဲမှာ မဟုတ်ဘူး၊ ဘယ်တော့မှ လွဲမှာ မဟုတ်ဖူး၊ နအဖ အာဏာ ကို လွဲပေးမယ်ဆိုတာ ကျား ဥပုဒ်.စောင့်သလို ယုံတမ်း ပုံပြင် ဖြစ်နေပါလိမ့်မယ်၊ ကျွန်တော်ဟာ ဘယ်ဘက်မှ မလိုက်ပဲ ပြောတာဖြစ်တယ်၊ ကျွန်တော်က ရိုးသားစွာ ကိုယ့်ဝမ်းကိုယ့် ကျောင်းနေတဲ့သူ ဖြစ်တယ်၊ လူမသတ်ဖူး၊ ဘုန်းကြီးမသတ်ဖူး၊ ၀တ်နည်းနှင့်ညီတဲ့ ဘုန်ကြီးကို ကိုးကွယ်တယ်၊ (ညအိပ်ရင် အိပ်ပျော်တယ်)၊ မှန်တယ်ထင်ရင် ဒီမို၊ နအဖ အားလုံးကို ဝေဖန်တယ်၊
သွေးသစ္စာသို. .... အပေါ်က comment ကို ခုမှ ဖတ်ကြည်မိလို.ပါ၊ ခု ဒီမှာ ပြောနေကြတာ က မင်းမျိုးမင်းနွယ် ဆက်ခံတဲ့ ကိစ္စကို ပြောနေတာ မဟုတ်ပါဖူး၊ နိုင်ငံခြားသား ယူမိတာ ကိုပြောလို. မဆုံးတော့ဘူး၊ ဒေါ်အောင်ဆန်းစုကြည် သာ ၈ တန်းမအောင်ခဲ့ရင် ခင်ဗျား တို.က ပညာမတတ်ဖူးဆိုပြီး ပြောဦးမယ်၊ ခုတော့ နိုင်ငံခြားက ဘွဲ.ရလာတော့ ပညာရေးကိစ္စ မှာ တော့ မဟရဲကြဖူး၊ ဒေါ်အောင်ဆန်းစုကြည် အခြားနိုင်ငံသား ခံယူလိုက်ရင် ကျွန်တော် မပြာတော့ပါဘူး ၊ သူဟာ ခင်ဗျား တိုလို မြန်မာနိုင်ငံ မှ မွေးတဲ့ မြန်မာနိုင်ငံသား တစ်ယောက်ဖြစ်တယ်၊ အမေရိကန် သမ္မတ အိုဗာမား ဟာ အဖရိက မှာ မွေးပါတယ်၊ ဒီအချိန်မှာ သူဟာ အမေရိကန်သား မဟုတ်သေးပါ၊ စင်ကာပူ၊ ဖိလစ်ပိုင် နဲ. အခြားနိုင်ငံ တွေမှာ MP (member of parliament) တွေဟာ နိုင်ငံခြားသူ/သား တွေကို ယူထားပါတယ်၊ စာအုပ်များ ဖတ်ပါလေ၊ တိုင်းပြည်အတွက် လုပ်ဆောင်ဖို.ပဲ အရေးကြီးပါတယ်၊ တိုင်းတပါးသား ကို ယူပေမဲ. ဒေါ်အောင်ဆန်းစုကြည် ဟာ တိုင်းပြည်ကို ချစ်သလို ပြည်သူတွေကလည်း သူ. ကို ချစ်ကြတယ်၊ မေတ္တာဆိုတာ ရောင်ပြန်ဟတ်တယ်ပါတယ်၊ တိုင်းတစ်ပါးသား ကို မယူပေမဲ့ ကိုယ်နိုင်ငံသား အချင်းချင်း၊ ဘုန်းကြီးတွေ ကို ရက်စက်စွာ သတ်တဲ့ စစ်သား၊ ရဲ တွေကို တော့ သမိုင်းမှာ ဖျောက်ဖျက်လိုမရတဲ့ အမဲစက်ကြီးပေါ.၊ ခင်ဗျား ပြောတာမှန်တယ်၊ အင်္ဂလိပ်အုပ်စိုးတယ်၊ ပြီးရင် ဂျပန်က ကူတယ်၊ ၊ ပြီးတော. အင်္ဂလိပ် က ပြန်ပြီး တော့ကူညီခဲ့တယ်၊ စာအုပ်တွေ ဖတ်ပါဦး၊ ဂျပန် ကျူးကျော်ခဲ့ တာလဲ ထည်.ပြောပြီး နအဖ က ဂျပန် မှ အကူအညီ ကို အမြဲတောင်းနေတဲ့ အဖြစ်ကို လည်း မချန်ထားပါနဲ.၊ နအဖ က ဂျပန်တော့ စိတ်မနာဘူး၊ အင်္ဂလိပ် ကိုလည်း အကူအညီ တောင်းချင်ပါတယ်၊ ဟိုက မြန်မာပြည် ဒီမိုကရေစီ ကို ထောက်ပြတော. အကူအညီ မရတဲ့ အတူတူ ရန်သူလို. သဘောထား တယ်၊ ကျဉ်မြောင်းတဲ့ လူမှုရေး တိုက်ခိုက် တာ မလုပ်ဘဲ ကြည်ညိုသင့်တာ ကြည်ညို လိုက်ပါ၊ သိပ်ပြီးတော့ comment တွေမှာ ၀င်မရေးနဲ.ဦး၊ အချိန်တွေ လစ်ဟင်းနေဦးမယ်၊ လုံခြုံရေးအတွက် အဆင်ပြေအောင် လုပ်ပေးဦး၊ ခင်ဗျားတို. စစ်တပ်ဆိုတာ တိုင်းပြည်လုံခြုံ အောင် လုပ်ရမဲ့တာဝန်ရှိတယ်၊ ဆရာရယ်... ကိုယ့်တာဝန်တော့ ကိုယ်ကျေပွန်အောင် လုပ်ပါ၊ စစ်တပ်ဆိုတာ တိုင်းပြည် စီးပွားရေးလည်း တိုးတက်အောင် မလုပ်နိုင်၊ ပညာရေးလည်း တိုးတက်အောင် မလုပ်နိုင်၊ ပြည်သူတွေမှာ စားဝတ်နေရေး မပြေလည် ရတဲ့ကြားထဲ ခုချိန် မှာ အသက်အန္တာရယ် တောင် ကြုံနေရပါတယ်၊ ဆရာတို.မှာလည်း ဟိုမှာလည်းသုံးမရ၊ ဒီမှာလည်း သုံးမရနဲ.၊ ဘာမှ သုံးလို.မရဘူးဖြစ်နေပါတယ်၊ သွေးသစ္စာ တိုင်းပြည်အကျိုးပြုနိုင်ပါစေ၊....
လက်နက်ကိုင်ပြီး တော်လှန်ရေး တစ်စာစာ စစ်သွေးကြပြီး အော်နေတဲ့ ပြည်ပဒီမိုလုပ်စား အဖွဲ့တွေကို အထူးစောင့်ကြည့်ရမယ်... သူတို့က မြို့တွင်းပျောက်ကျားတိုက်ပွဲတို့ကို ပိုပြီး စိတ်အားထက်သန်နေတယ်...
စစ်သွေးကြွတွေ ရနိုင်မယ်ဖြစ်လာနိုင်မယ်ထင်တဲ့ အချက်တွေရှိတယ်
(၁)ပြည်သူကြားထဲကို ဗုံးဖောက်ခွဲခြင်းအားဖြင့် ဒီ လက်ရှိအစိုးရဟာ ပြည်သူတွေကို လုံခြုံမှုမပေးနိုင်ဘူးဆိုပြီး ပြည်သူတွေက အစိုးရကိုမြင်ပြီး ဆန့်ကျင်လိမ့်မယ်ဆိုတဲ့ အထင်တစ်မျိုး
(၂)မြို့တွင်းမှာ အကြမ်းဖက်တိုက်ခိုင်းချင်းအားဖြင့် မြန်မာစစ်တပ်အဖွဲ့တွေ နယ်စပ်မှာ နေလို့မရအောင် မြို့တွင်းမှာစုရုံးလာအောင် လုပ်နေချင်းဖြစ်တယ်...နယ်စပ်မှာ စစ်သွေးကြွတွေ ခြယ်လှယ်ကြိုးကိုင်နိုင်အောင် နယ်စပ်တွေမှာ စစ်တပ် အင်အားကိုနည်းသွားအောင် လုပ်တဲ့နည်း...
(၃) ဒီလိုအကြမ်းဖက်မှုတွေများလာရင် အနောက်နိုင်ငံတွေက ဖိအားပေးပြီး NLD နဲ့တွေ့ဆုံအောင် လုပ်နိုင်မယ်ဆိုတဲ့ အတွေး...
(၄)ဒီလို တိုင်းပြည်မငြိမ်သက်အောင် ဖောက်ခွဲတိုက်ချင်းအားဖြင့် ရွေးကောက်ပွဲ ပျက်ပြားသွားလိမ့်မယ်ထင်နေခြင်း...
အီရတ်နိုင်ငံလို နေ့စဉ်ဗုံးခွဲတဲ့ကြားက ရွေးကောက်ပွဲလုပ်နိုင်သွားတာပဲ ဒီတော့ လက်ရှိမြန်မာအစိုးရအခြေနေမှာ အစအစအရာအရာ ချုပ်ကိုင်ထိမ်းသိမ်းနိုင်တဲ့အခြေနေမှာ ရွေးကောက်ပွဲက မဖြစ်နိုင်စရာအကြောင်းမရှိဘူး...ဒီတော့ ရွေးကောက်ပွဲ ပျက်စေချင်လို့ အကြမ်းဖက်နေတာလား အစိုးရပြုတ်စေချင်လို့ ဖောက်ခွဲနေတာလား...
သေချာတာတစ်ခုကတော့ နှစ်ခုလုံးက တစ်ခုမှဖြစ်လာမှာမဟုတ်လို့ပဲ...ဒီတော့ ပြည်သူကို တစ်စာခံလုပ်ပြီး သူရဲဘောကြောင်တဲ့ အလုပ်တွေကို လက်နက်ကိုင်ပြီးလုပ်နေတဲ့သူတွေ ထပ်ပြီး မလုပ်ဖို့ နားလည်ထားဖို့လိုတယ်...
ပေါက်ကြိုင်း
သွေးသစ္စာ သို့
"ဒါဆို စောင့်လေမျိုးနွယ်ဆိုတဲ့ ကျင့်ဝတ်ကိုဖောက်ဖျက်ပြီး ရာဇ၀င်တွင်တဲ့ ဖခင်ရဲ့အမျိုးအနွယ်ကို ထိန်းသိမ်း စောင့်ရှောက်မှုမရှိပဲ တိုင်းပြည်ကိုကျွန်ပြုခဲ့ပြီး ဖခင်ကိုသတ်ခဲ့ တိုင်းတစ်ပါးသားကို လက်ထပ်လိုက်ခြင်းက ဒီမိုကရေစီလို့ပြောရမလား အမျိုးဖျက်လို့ပြောရမလား အစ်မ?"
ဒါကိုပြန်ပြောချင်တာကြာပြီ၊ ကျုပ် IP ယူပြီးဒုတ်ခပေးမှာကြောက်လို့အခုမှဘဲရေးရတယ်။
မဆလခောတ်မှာ ဟခ (Haka) ဘိုစန်းယုသမတ လုပ်ခဲ့တယ်။ တန်ယုဆိုင်ကကောင်စီဝင်။ ၈၈၈၈ နောက်ပိုင်းမှာ ဘိုခင်ညွန့် က၀န်ကြီးချုပ် အဲဒါ ဟခ တွေဘဲ။ ဘိုတင်ဖေ မိန်းမ ကလဲဟခဘဲ။ ဒေါက်တာညီညီ၊ ဆရာခင်အောင်ကြည်လဲ ဟခဘဲ၊ ဘိုနေ၀င်းနဲ့ ဒေါ်ကြုင်ကြိုင်လဲ ဟခလို့ဆိုတယ် မကြီမ်းသေပါ။ ဟခ ဘာလဲသိချင်ရင် ၀ီကီ မှာသွားဖတ်ပါ။
သွေးသစ္စာ ကမန်းတလေးသားစစ်စစ်လို့ထင်တယ်။
Hakka စာလုံးပေါင်းမှားနေလို့ ပြင်ဖတ်ပေးပါ။ ၀ီကီမှာ ဘိုခင်ညွန့် နာမည်တွေ့ရမှာပါ၊ ဒါအမျိုးစောင့်ကြတာလား?
kokosan ဂျပန်ကျူးကျော်ခဲ့သလို အမေရိကန်နဲ့မွတ်ဆင်ကိုလဲ ကျူကျော်စေချင်တာလား...?
သူတို့လဲမှားတာပဲငါလဲမှားရမယ်လို့ဆိုလိုချင်တာလား? ဒါဆိုရင် လူမျိုးတစ်မျိုးဆိုရဲ့ ဂုဏ်သိက္ခာ ကျင့်ဝတ်စည်းကမ်းတွေက အဲဒီလူမျိုးဒီမိုကရေစီကျင့်သုံးနိုင်ဖို့ အရေးမကြီးဘူး ဒီမိုကရေစီကျင့်သုံးဖို့အတွက်အဲဒါတွေကို ဂရုမစိုက်လဲရတယ်လို့ ဆိုရင်တော့မှားမယ်နဲ့တူပါတယ်. အခြားနိုင်ငံတွေမှာ အထူးသဖြင့် ဘာလူမျိုးလဲလို့အမည်တပ်လို့ မရလုနည်းပါးဖြစ်နေတဲ့ အမေရိကန်နိုင်ငံလို နိုင်ငံမျိုးကတော့ အဓိကမကျပါဘူး.. ဒါကြောင့်မို့လို့လဲအမေရိကန်မှာ မွတ်ဆလင်တွေလူမျိုး ချင်းဝါးမျိုးတာကို တဖြည်းဖြည်ခံစားနေရတဲ့ဆိုးကျိုးကိုရော မြင်တွေ့ရဦးမှာပါ... ဒါကြောင့်မို့လို့ ဒီမိုကရေစီဆိုလဲ စည်းကမ်းစနစ်တကျဖြစ်အောင် ကိုယ့်လူမျိုးနဲ့ကိုက်ညီတဲ့ဒီမိုကရေစီဖြစ်အောင် အရင်ဆုံး ဘယ်လိုအကောင်အထည်ဖော်သင့်လဲ ဘယ်လိုသတ်မှတ်သင့်လဲ ဆိုတာစဉ်းစားသင့်ပါတယ် သူနိုင်ငံမှာလဲသုံးတာပဲ ငါ့နိုင်ငံမှာလဲသုံးလို့ရမယ်ဆိုတဲ့ ဒီမိုကရေစီမျိုးကတော့ လုံးဝသဟာဇာတ ဖြစ်မယ်လို့မထင်မိပါဘူးခင်ဗျာ.
kokosan ဗိုလ်ချုပ်ပြောခဲ့ဘူးတဲ့ မိန့်ခွန်းတွေရှိပါတယ်. အဲဒီအထဲက ဆူဆူပူပူဖြစ်လာရင် စစ်တပ်နှစ်ဆတိုးချထားရမယ်.. အဲဒီအတွက် စစ်သုံးစရိတ်တွေကုန်မယ်.. တကယ်လိုဆူဆူပူပူမဖြစ်ခဲ့ဘူးဆိုရင် စစ်တပ်က သူ့အလုပ်သူလုပ်ရမယ့်အလုပ်တွေရှိမယ် ဆူပူခဲ့ရင်အဲဒီအလုပ်တွေကိုပစ်ထားရမယ့်အတွက် နှစ်ဆ ဆုံးရှုံး ရပါမယ်.. အဲဒါကြောင့် တိုင်းပြည်ဆူဆူပူပူ လုပ်တဲ့ သူတွေကို ပြည်သူတွေအနေနဲ့ လက်သင့်မခံပဲ ကန့်ကွက်သင့်တယ်လို့ မိန့်ခွန်းပြောခဲ့ဘူးပါတယ်.. ဘုန်းဘုန်းတွေလမ်းပေါ်ထွက်အေးချမ်းစွာ မေတ္တာပို့ တယ်လို့ပဲကြားလိုက်ပါတယ်.. ရွှေဝါရောင်တော်လှန်ရေးဆိုတာ မကြားမိပါဘူးဗျ နောက်ပြီး ဘုန်းဘုန်းတွေက မကျေနပ်ဘူးဆိုရင် ဒေါ်စုကိုဖမ်းကတည်းက နိုင်ငံရေးအကျဉ်းသားတွေပါဆိုတဲ့ သူတွေအဖမ်းခံရကတည်းက ဆန္ဒထပြကြမှာပေါ့ အခုမှဆန္ဒပြတယ်ဆိုတာ စဉ်းစားစရာမဟုတ်ဘူးလား.. နောက်ပြီးဘုန်းဘုန်း တွေက သာသနာပြန့်ပွားဖို့အတွက် သာသနာတည်တံ့ဖို့အတွက် တာဝန်ရှိတာပါ. တုတ်ကိုင် ခဲနဲ့ ပေါက် ကားကိုဓါတ်ဆီလောင်းပြီး မီးရှို့တာတွေက ဘုန်းကြီးတွေအလုပ် မဟုတ်လောက်ဘူးထင်ပါတယ်. ဆန္ဒတွေပြ ဆူပူအောင်လုပ်ခဲ့ပြီး စစ်တပ်က လိုက်နိမ်နင်းတော့မှ လူမဆန်ပါဘူးဆိုတာ ထွက်လာတဲ့စကားတွေက ဘယ်လိုခံစားချက်မျိုးနဲ့ပြောနေတာလဲဆိုတာ သိသာမယ်ထင်ပါတယ်..
သွေးသစ္စာ - ဘ.်လိုလဲ။ ခင်ဗျားဘိုးတော် hakka တွေ ဗမာစစ်စစ် လို့ပြောချင်သေးသလား။ ခင်ဗျားကကောမန်းလေးသားစစ်လား။
အစ်မငယ်နိုင်အစ်မကိုတိုက်ခိုက်နေတာမဟုတ်ပါဘူး..
မငယ်နိုင်ပြောတာ လူသုံးယောက်တည်းလို့ပြောပါတယ်. ဟိုအထဲမှာပြထားတာက လူသုံးယောက်မကပါဘူးခင်ဗျာ. နောက်ပြီးကျွန်တော်တို့ငယ်ငယ်ကတည်းက ရဲသွေးသောက်တာတွေ ရဲတွေခေါင်းဖြတ်ခံရတာတွေ အိမ်တိုင်းလမ်းပေါ်ထွက်ဆန္ဒပြရမယ်မပြရင် အဲဒီအိမ် အဖျက်ခံရမယ် အသတ်ခံရမယ် စသဖြင့် ခြိမ်းခြောက်မှုတွေ၊ စပါးကျီးတွေ မီးကွင်းပစ်မယ်ဆိုလို့ ကြောက်ခံရတဲ့ ပြည်သူတွေ၊ အများကြီးဖြစ်ခဲ့တယ်ဆိုတာ အစ်မငြင်းမလား အဲဒါတွေအားလုံးကို မဆလ ကပဲလုပ်ခဲ့တာပေါ့.. ကျွန်တော်တို့ငယ်ငယ်တုန်းက အိမ်နောက်ဖေးစပါကျီမီးကွင်းအပစ်ခံရတော့မယ်ဆိုလို့ ကာလသားတစ်အုပ် ခြောက်လုံးပြူးလေးတစ်လက်နဲ့ လုံခြုံရေးယူခဲ့တာတွေ သတိရမိပါသေးတယ်ခင်ဗျာ. အဲဒါတွေကလဲမဆလတွေလက်ချက်လို့ ဆိုချင်လဲဆိုပါ ဒါကအစ်မရဲ့ခံယူချက်ပါ ဒါပေမယ့် မှန်မှန်ကန်ကန် တွေးခေါ်နိုင်ပါစေလို့ပဲ ဆုတောင်းပေးပါတယ်..
ကျုပ်က ပုဂံသားစစ်စစ်ပါ... အဲဒါတွေကြောင့် AungNN တို့စွပ်စွဲနေတာလွဲနေပြီလို့ ပြောချင်ပါတယ်.. အရင်တုန်းကရောအခုရောစစ်တပ်မှာ စစ်ဗိုလ်ဖြစ်ဖို့အတွက် ကန့်သတ်ချက်တွေရှိပါတယ်.. အဲဒါဆိုရင် သဘောပေါက်မှာပါ
သွေးသစ္စာကပုဂံသားကိုး အမျီုးထဲမှာကော Hakka မပါဘူးလားခင်ဗျားစစ်ဘိုဆိုတာသိပါတယ်၊ မဆလ သမတ တယောက်ဟာ Hakka န၀တ၀န်ကြီးချူပ် Hakka ဆိုတာ လက်ခံရဲ့လား?
AungNN ရေ ကျုပ်တို့အမျိုးအနွယ်ထဲမှာ ဘယ်တရုတ်ကဗြားမှမရှိပါဘူး ခင်ဗျားပြောတဲ့ ဟခ (hakka)တရုတ်ကိုအခုမှကြားဖူးတာပါ.. န၀တ၀န်ကြီး တကယ်ပဲ(hakka)ဟုတ်မဟုတ် ကျွန်တော်မသိတဲ့အတွက် ပြောလို့မရပါဘူး ဒါပေမယ့် hakka ထက်ဆိုတဲ့ အဖေကိုသတ်ခဲ့တဲ့အမျိုးက ဗိုလ်ချုပ်အောင်ဆန်းရဲ့မျိုးဆက် ဖြစ်နေတယ်..ဆိုတာကတော့ အမှန်တကယ်ဖြစ်နေတဲ့ဖြစ်ရပ်ပါ.. ၀မ်းနည်းဖို့ကောင်းပါတယ်..
comments တွေလိုက်ဖတ်ရတာနဲ့တင်တော်တော်အချိန်ပေးရတာပဲ။ မငယ်နိုင်ရေ... ရင်လေးပါတယ်။ ပြဿနာကမငယ်နိုင်တင်လိုက်တဲ့ဒီမိုကရေစီကိုအမှန်မြင်
ခြင်းမမြင်ခြင်းမဟုတ်ဘူး။
မှတ်ချက်တွေလိုက်ဖတ်လိုက်တော့မှ..ရင့်ကျတ်မှုတန်ဖိုး
လေးတွေကွာတယ်ဆိုတာခံစားမိတယ်။ ကျန်းမာချမ်းသာကြပါစေ....
သွေးသစ္စရေ ကျွန်မမှာတော့ လက်ထပ်ထိမ်းမြားတာနဲ့ ပတ်သက်ပြီး လူမျိုးရေးအစွဲအလန်းမရှိဘူး။ မြန်မာပြည်အာဏာရှင်စနစ်ကို စတင်မွေးဖွားပေးတဲ့ ဦးနေ၀င်း လက်ထပ်ခဲ့ဖူးတဲ့ ရတနာနတ်မယ် ဆိုတာလည်း လူမျိုးခြားပါပဲ။ အဲဒီတုန်းက မရှုပ်ချတဲ့အပြင် ကျွန်မ သူငယ်တန်းစတက်တဲ့ အရွယ်မှာ ရွာက ကာလသမီးတွေက ရတနာတ်မယ် ၀တ်စုံတွေတောင် အပြိုင်အဆိုင် ချုပ်ဝတ်နေကြတာ မှတ်မိနေသေးတယ်။
ဗွီဒယိုက propaganda ပဲ ဖြစ်တယ်၊ Documentory မ ဟုတ်ပါဘူး။ ဆန္ဒပြတဲ့သူတွေပဲပြောပြော ဆူပူသူတွေပဲပြောပြော သူတို့ သတ်တာ ရေထဲမှာ အဆိပ်ခတ်လို့ ခေါင်းဖြတ်ခံရတဲ့ တကယ်ကို ဒီသုံးယောက်တည်းပဲ အတိအကျအမှန်အကန်ဆိုတာ ကျွန်မသိတယ်။ ကျန်တာတွေက ဟုတ်ရင်လည်း ဟုတ်မယ် မဟုတ်ရင်လည်း မဟုတ်ဘူး အာဏာရှင် ကြီးစိုးတဲ့ ခေတ်အဆက်ဆက်မှာ ဒီလိုပဲ လိမ်လာ ညာလာတာပဲ။
ဆန္ဒပြတယ်ဆိုတာ မိမိဆန္ဒကို ငြိမ်းချမ်းစွာ ထုတ်ဖေါ်ပြတာသာ ဖြစ်တယ်။ ဒီလို အကြမ်းဖက် ဆူပူတာကို ပြောတာမဟုတ်ဘူး။ ဒီလို အကြမ်းဖက်တာကိုလည်း အခုဗုံးဖေါက်ခွဲတဲ့ ကိစ္စလိုပဲ တကယ် ဒီမိုကရေးစီလိုလားတဲ့ ကျောင်းသားတွေ မလုပ်ပါဘူး။ မဆလကလည်း ဒီလို ဆူပူနေတာကိုတော့ ဘယ်တုန်းကမှ ပစ်တာ ခတ်တာမရှိဘူး။ ပြစ်ခတ်မှု တိုင်းဟာ ငြိမ်းချမ်းစွာ ဆန္ဒပြကြတဲ့ ကျောင်းသားတွေကိုပဲ ပစ်ထည့်တာပဲ ရှိတယ်။ အခုလို ဆူပူနေတာတွေကိုကျတော့ မပစ်ဘဲ (ပစ်ဖို့ မဆိုလိုပါ အစိုးရဆိုတာ ညင်သာစွာကိုင်တွယ်နိုင်တဲ့ အရည်အချင်း ရှိရမယ်) ဘာကြောင့် အာဏာသိမ်းရတယ်ဆိုတာ ကမ္ဘာကို ပြလို့ရအောင် ထောင်ချောက်ဆင်ကာ ထောက်လှန်းရေးတွေလွှတ်ပြီး အကျအန ဓါတ်ပုံတွေ ဗွီဒယိုတွေပဲ အရိုက်ခိုင်းမှာပေါ့။
ကျွန်မကိုယ်တိုင်လည်း သူများပြောတာကို လွယ်လွယ် လက်ခံ ခဲ့တဲ့သူမဟုတ်၊ ကိုယ်တိုင် ဆင်ခြင်တုံတရားနဲ့ သုံးသပ်ပြီး အမှန်တကယ် သိမြင်ခံစားနားလည်မှ လက်ခံသူဖြစ်တော့ ဆက်ပြောနေလည်း သွေးသစ္စာ လက်ခံဖို့ မရှိပါဘူး။ လူတိုင်းမှာ လိုချင်တာကို လိုချင်တယ်ဆိုတာ သိအောင်ပြသဖို့ လွတ်လပ်စွာ ဆန္ဒထုတ်ဖေါ်ပိုင်ခွင့်ဆိုတာ ရှိရမယ်၊ မိမိယုံကြည်တာကို ဝုံကြည်တဲ့အတိုင်း ဆုပ်ကိုင်ထားခွင့်လည်း ရှိပြီး မိမိဆုပ်ကိုင်ထားတာ မဟုတ်ဘူးဆိုတာ သိရင် မထူးဇာတ် ခင်းနေစရာ မလိုဘဲ ပြုပြင်ဖို့လိုတယ်ဆိုတာ ငယ်ငယ်ရွယ်ရွယ် ကာလမှာပဲ သိခွင့်ရလို့ ကျွန်မကိုယ် ကျွန်မတော့ သိပ်ပြီး ဂုဏ်ယူပါတယ်။
သွေးသစွာ...သို. ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် ဗြိတိန်နိုင်ငံသား နဲ. အိမ်ထောင်ပြုခြင်း ကို ခင်ဗျား တို.က ထောက်ပြနေလို. ကျွန်တော်က ဂျပန် ကျူးကျော်ခဲ.တာ ကို ပြောပြတာ၊ ဒေါ်အောင်ဆန်းစုကြည် ဂျပန်နိုင်ငံသား ကို ယူခဲ့ရင်လည်း ကိုယ့်လူမျိုး ကို ရက်ရက်စက်နှိပ်စက်ခဲတဲ့ လူမျိုးကို ယူရက်လေခြင်းဆိုပြီး ငိုခြင်းချနေမှာ ကိုမြင်ယောင်မိပါရဲ.၊ အမေရိကန် ကျူးကျော်စေချင်တယ်လို. ကျွန်တော်မပြောခဲ့ပါ၊ ဒါပေမဲ့ U.K တို့မှာ နှင့် U.S.A တို.ဆီမှာ technology အကူအညီ ယူသင့်ရင် ယူရပါမယ်၊ တိုင်းပြည်မှာ accounting system, I.T., banking system တွေရဲ. အခြေခံ infrastructure ကောင်းကောင်းမရှိသေးဖူး၊ ရွေးကောက်ပွဲ ဆိုတာကလည်း စက်တင်ဘာ ဆန္ဒပြမှုကြောင့်သာ နအဖ က ရွေးကောက်ပွဲ လုပ်ပေးရမယ်ဆိုပြီး ဖြစ်လာတာပါ၊ အဲဒီိလိုသာ စက်တင်ဘာ ဆန္ဒပြမှု သာ မဖြစ်ခဲ့ဖူးဆိုရင် ရွေးကောက်ပွဲ ဆိုတာ နောင် ၁၀ နှစ် တောင်ဖြစ်လာမှာ မဟုတ်ဘူး၊ တိုင်းပြည်မှာ ဆူပူမှုဖြစ် လာတာက လည်း လူတွေရဲ. စားဝတ်နေရေး အကြပ်အတည်းကြောင့် ဖြစ်လာခဲ့ရတာပါ၊ ဆန္ဒပြတိုင်း ပစ်ခတ်လိုက် မှာပဲ ဆိုတဲ့ အတွေးက နအဖ မှာ ရှိနေရင်း ပြဿနာကဘယ်တော့မှ ပြီး မှ မဟုတ်ဖူး၊ တကယ်သာ နအဖ က ရိုးသားမယ် ဆိုရင် နိုင်ငံသား အကျဉ်းသားအားလုံးကို လွှတ်ပေးပြီး တရားမျှတ တဲ့ ရွေးကောက်ပွဲကို ကျင်းပပေးရပါမယ်၊ အမှန်ကတော့ မြန်မာနိုင်ငံ ရဲ. ဒီမိုကရေစီ က အစဘဲ ရှိပါသေးတယ်၊ Asia မှာ ရှိတဲ့ နိုင်ငံတွေတောင် U.K/U.S.A တို.လို ဒီမိုကရေစီ မဖြစ်နိုင်သေးဖူး၊ ခင်ဗျား ပြောတာမှန်ပါတယ်၊ ကိုယ့်တိုင်းပြည် နဲကိုက်ညီ တဲ့ စနစ်ဖြစ်ရပါမယ်၊ ဒါပေမဲ့ တပ်နဲ. တပ်ရဲ. လက်ညှိုးထောင်၊ ခေါင်းငြိမ်.တဲ့ သူများ အများစုဟာ parliament ပါနေတဲ့ ဒီမိုကရေစီတော့ မဟုတ်ဖူးနော်၊ တပ်က အနှစ် ၂၀ ကျော်အုပ်ချုပ်ခဲ့ပြီး စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေးမှာ ဘာမှ ရေရေရာရာ တိုးတက်မှု မရှိခဲ့ဖူး၊ နောက်ပိုင်းမှာ တပ်အများစု နဲ. တပ်ကနောက်ခံပြုတဲ့ ပါလီမန် ကိုယ်စားလှယ်တွေဟာ တိုင်းပြည်ကို တိုးတက်အောင် လုပ်နိုင်ဖို.ဆိုတာ တော်တော်ခက်ပါလိမ့်မယ်၊ နအဖ က ဘာမှ မလုပ်ဖူးလို၊ မဆိုလိုပါဖူး၊ ခင်ဗျားတို.နအဖ blog/သတင်းတွေ ကပြောသလို တပ်မတော်ဟာနေ.မအား၊ ညမအား တိုင်းပြည်တာဝန်တွေကို ထမ်းဆောင်နေပါတယ်၊ နအဖက တိုင်းပြည်စီးပွားရေးကို တိုးတက် အောင်လုပ်နေပါတယ်ဆိုတာ ဘာနဲ. တူသလဲဆိုတော့ ကားမောင်းတဲ့ အခါ auto ကား မှာ gear ကို reverse position မှာထားပြီး လီဗာ (accelerator) ကို နင်းနေတာနဲ. တူတယ်၊ လီဗာ (accelerator) ကိုနင်းလိုက်တိုင်း ကားက ရှေ.ကိုမသွားနိုင် ဘဲ နောက်က ဆုတ် နေတယ်၊ သွေးသစ္စာရယ်.... တိုင်းပြည်က ချောက်ထဲကျဖို. လက်နှစ်လုံး အလိုမှာ တပ်မတော်က တိုင်းပြည်ကို ကျောက်ခေတ် ရောက်အောင် ပို.လိုက်တယ် ဆိုတာတော့ မလုပ်ပါနဲ.ဗျာ...ပြည်သူတွေရဲ. ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကို နအဖ က အစောကြီး ကတည်းက အဆင်ပြေအောင် လုပ်ပေးသင့်ပါတယ်၊ ဒီမိုကရေစီ ရတာနဲ. တိုင်းပြည် က ချက်ခြင်း ချမ်းသာလာမှာ မဟုတ်ပါဘူး၊ ပြည်သူလူထု က အသိ၊ အတတ် ပညာတွေတတ်ပြီး အလုပ် လုပ် ကြရပါမယ်၊ ခုက ဘာနဲ.တူသလဲဆိုတော့ ပျက်စီးနေတဲ့ စီးပွားရေး အဆောက်အအုံ ကို နအဖ က နောက်အစိုးရ လက်ထဲကို ထိုးထဲ့နေတဲ့ ပုံပါဘဲ၊ တပ်က အရေးကြီးတဲ့ ၀န်ကြီးဌာန တွေ ကို ကိုင်တာတယ်ဆိုတာ က သူတို. အလွန်အမင်းကြောက်နေတဲ့ ပုံလည်း ပေါ်ပါတယ်၊ သွေးသစ္စာ... အမှန်မြင်နိုင်ပါစေ.....
ကောင်းပါပြီဗျာ.. အခုရွေးကောက်ပွဲဝင်မယ့် အဖွဲ့ ၁၆ ဖွဲ့ လုံးကိုနအဖရဲ့ လက်ညှိုးထောင်ခေါင်းညိတ်တွေ လို့ဆိုလိုလိုက်တာနဲ့အတူတူပဲပေါ့ ဒါလောက်ဆိုရင် kokosan ရဲ့ အတွေးအခေါ် ဘယ်လောက်ရှိတယ်ဆိုတာ သိသွားပါပြီ..
အစ်မငယ်နိုင်ရေ ဗွီဒီယိုလေးကို တစ်ချက်လောက်သေသေချာချာပြန်ကြည့်ပါလားဗျာ ထောက်လှမ်းရေးတွေရိုက်တာလား နိုင်ငံခြားသားတစ်ယောက်ရိုက်ထားတာလား၊နောက်အထဲမှာပါတာတွေသတင်းစာတွေနဲ့ရှင်းထားတာတွေက အစ်မပြောတာတွေနဲ့မကိုညီဘူးလို့ထင်ပါတယ်.. ဆက်လဲမဝေဖန်ချင်တော့ပါဘူး စိတ်ချမ်းသာသလိုသာကွဲလွဲကြပါ..
သွေးသစ္စာရယ်....ကျွန်တော်ရေးတာ .....(တပ်နဲ. တပ်ရဲ. လက်ညှိုးထောင်၊ ခေါင်းငြိမ့်တဲ့ သူများ အများစုဟာ parliament ပါနေတဲ့ ဒီမိုကရေစီ)....ကျွန်တော်ဆိုလိုတာက ရွေးကောက်ပွဲဝင်မယ့် အဖွဲ့ ၁၆ ဖွဲ့ ဟာ မှတ်ပုံတင်ပြီးတာနဲ. နအဖ ရဲ. constitution အလိုကျ ဆောင်ရွက်ပါမယ်လို. ကျမ်းသစ္စာ ကျိန်ဆိုသလိုဖြစ်မနေဖူးလား၊ ရွေးကောက်ပွဲ ဥပဒေက တရားမျှတမှု. မရှိလို. ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီကြီး NLD တောင်မှ မပါတော့ဖူး၊ ခင်ဗျား ပြောတာဖြစ်နိုင်ပါတယ်၊ ပါတီ ၁၆ ဖွဲ့ ဟာ မှတ်ပုံမတင်ခင် က နအဖ လူမဟုတ်ဖူး၊ မှတ်ပုံတင်ပြီးလည်း သူတို. ငြင်းနိုင် ပါသေးတယ်၊ နအဖ ရဲ. လူမဟုတ်ဖူးပေါ့၊ ဒါပေမဲ. parliament ထဲမှာ နအဖ စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဥပဒေကို လိုက်နာရမယ်၊ ငါ့က သူလူတော့ မဟုတ်ဖူး၊ ဒါပေမဲ့ သူခိုင်းတာ ငါ့လုပ်မယ် ဆိုတာဖြစ်နေတယ်၊ သွေးသစ္စာရယ်... Think..... out of the box...
ရွေးကောက်ပွဲတစ်ခုမှ အခြေခံဥပဒေရေးဆွဲပြီးမှ ကျင်းပလေ့ရှိတယ်..၉၀ တုန်းက အခြေခံဥပဒေမရှိပဲ လွှတ်တော် တစ်ခုတည်းနဲ့ အဲဒီလွှတ်တော်တစ်ခုတည်းအတွက် ပြည်သူက မဲပေးပြီး ရွေးချယ်ကြရတာဖြစ်တယ်...
အခြေခံဥပဒေမရှိပဲ ရွေးကောက်ပွဲလုပ်တဲ့ ၉၀ တုန်းက အနိုင်ရတဲ့ ပါတီက အခြေခံဥပဒေ ရေးဆွဲရမှာပါ...ဒါပေမယ့် NLD က အခြေခံဥပဒေ မရေးဆွဲပဲ အာဏာကို အတင်းတောင်း အတင်းလွှဲခိုင်းနေခဲ့တယ်...အဲဒါကြောင့် စစ်တပ်က မလွှဲပေးပဲ အခြေခံဥပဒေကို ရေးဆွဲခဲ့တာဖြစ်တယ်...
အခု လာမယ့် ၂၀၁၀ ဟာ ၉၀ တုန်းကလို လွှတ်တော်တစ်ခုတည်းရှိတာမဟုတ်ပဲ အခြေခံဥပဒေရေးဆွဲပြီး လွှတ်တော်သုံးရပ်ကိုပြဌားထားပြီး အဘက်ဘက်က ပြည့်စုံနေတဲ့ ရွေးကောက်ပွဲတစ်ခုရဲ့ အင်္ဂါရပ်ပြီးပြည့်စုံနေတယ်...
ဒါကြောင့် ၂၀၁၀ သည်သာလျင် စစ်မှန်တဲ့ ရွေးကောက်ပွဲ တစ်ခုဖြစ်လာမည်မှာ ဧကန်မလွဲပေ...
ပေါက်ကြိုင်း
ဒီပို့စ်မှာ ကျွန်မက ဆွေးနွေးကြတာ တော်တော်လေး ပြည့်စုံနေပြီထင်လို့ ဘာမှ ထပ်ရေးစရာ မလိုတော့့ဘူးထင်နေတာ မပြောမဖြစ် ပြောစရာက ပေါ်လာပြန်ပြီ။ မောင်ပေါက်ကြိုင်းက နအဖကို အထင်ကြီးတယ် ပြောတော့လည်း လက်မခံဘူး နအဖဘာပဲလုပ်လုပ် လိုက်ပြီးကောင်းချီးပေးနေတယ်။
အနိုင်ရပါတီက အခြေခံဥပဒေ ရေးဆွဲရမယ်ဆိုတာကို မောင်ပေါက်ကြိုင်းသဘောပေါက်ရင်၊ ပြည်သူတွေက အာဏာ အပ်နှင်းလိုက်လို့ အာဏာရသွားတဲ့ပါတီကို အာဏာ လွှဲပေးရမယ်ဆိုတာလည်း သဘောပေါက်ရလိမ့်မယ်။ ၈၈ က မြန်မာပြည်အအနှံ့အပြား လူသူ အရောက်အပါက် နည်းတဲ့ တောရွာတွေအထိ တနိုင်ငံလုံးမှာ လူသန်းချီပြီး အစိုးရကို ဆန့်ကျင် ဆန္ဒပြကြတဲ့အခါမှာ ရေထဲအဆိပ်ခတ်နေတဲ့ လူသုံးယောက်နဲ့ တချို့ကို အကြမ်းဖက်ပြီး သတ်ဖြတ်ခံရလို့ ထားလိုက်တော့ ရှင်တို့ပြောသလို ဆူပူအကြမ်းဖက်နေလို့ မလွဲသာမရှောင်သာ တိုင်းပြည်ချောက်ထဲ မကျအောင် အာဏာသိမ်းပြီး ရွေးကောက်ပွဲ လုပ်ပေးရတယ်လို့ပဲ ထားလိုက်တော့။ ရွေးကောက်ပွဲပြီးရင် စစ်တပ်က ပြောထားတဲ့အတိုင်း အာဏာလွှဲပေးဖို့ တာဝန်ရှိပါတယ်။ အာဏာရပါတီက National Assembly ကိစ္စကို သူ့ဖါသာသာသူ စီမံခန့်ခွဲရတယ်။ လူထုအာဏာအပ်နှင်းခံရတဲ့ ပါတီကို စစ်တပ်က ဟိုဟာလုပ် ဒီဟာလုပ်လို့ အမိန့်ပေးနေဖို့ တာဝန်မရှိတော့ဘူး စစ်တပ်က သူ့နေရာ သူပြန်ပြီး အာဏာရပါတီ လိုအပ်လို့ ခိုင်းတာကိုပဲ လုပ်ရမယ်။ မြန်မာ့နည်း မြန်မာ့ဟန် ဆိုရှယ်လစ်ကြောင့် အချမ်းသာဆုံးနိုင်ငံကနေ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီးမှတော့ မြန်မာ့နည်းမြန်မာဟန် ဒီမိုကရေစီဆိုတာလည်း အာဏာရှင် အသိုင်းအ၀ိုင်းနဲ့ ကပ်ဖားယပ်ဖါးတွေက လွဲရင် ဒီထက်မက အနိဌာရုံတွေပဲ ရှိလာမယ်ဆိုတာ အားလုံး သိကြပါတယ်။ မြန်မာပြည်ဟာ လွတ်လပ်ခါစက ဒီမိုကရေစီ ရှိပြီးသားနိုင်ငံ ဖြစ်တယ်။ စစ်တပ်ပါတဲ့ မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီဆိုတာနဲ့ ဒီမိုကရေစီကို ဖျက်ဆီးဖို့ အကြံကို လက်မခံတဲ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ဒီ ၁၂၁၀ ရွေးကောက်ပွဲကို လက်ခံလို့ မရပါဘူး။
Ma Nge Naing - အားနာပါတယ်။ဒီဘလောက်မှာလာငြင်းနေရတာ။ခွင့်ပြုပါ၊
သွေးသစ္စာ - ခင်ဗျား -"န၀တ၀န်ကြီး တကယ်ပဲ(hakka)ဟုတ်မဟုတ် ကျွန်တော်မသိတဲ့အတွက် ပြောလို့မရပါဘူး" ကိုင်းအောက်ပါဝီကီကောက်နှုပ်ချက်မှာထင်ရှားသူများ ထဲမှာဘိုခင်ညွန့်တွေ့ပြီမဟုတ်ပါလား။
* Thailand
o Thaksin Shinawatra 丘達新/丘达新 [35][36] (1949-; Fengshun, Guangdong; born in Thailand), founder Thai Rak Thai political party; only Prime Minister of Thailand to finish a term of office and be reelected, 2001–2006; exiled, 2008.
o Abhisit Vejjajiva (1964-; born in United Kingdom), Leader, Democrat Party (Thailand), 2005- ; former Opposition Leader; elected Prime Minister of Thailand, 2008.
o Sudarat Keyuraphan (1961-; born in Thailand), Cabinet Minister, 2002–2006
* Indonesia
o Low Lan Pak 羅芳伯/罗芳伯 (1738-1778; Meixian, Guangdong), Founder and President, Hakka Lanfang Republic (present Western Kalimantan, now part of Indonesia), 1777–1884
o Hasan Karman 黄少凡 (Meixian; Guangdong; born in Indonesia), Mayor of Singkawang, West Kalimantan; Indonesia's first Chinese mayor
* Burma
o Khin Nyunt (1939-; Meixian, Guangondg; born in Myanmar), Prime Minister of Burma, 2003–2004
မငယ်နိုင်ပြောတဲ့ - ကိုယ့်လူမျိုးကိုပဲ လက်ထပ်ရမယ်ဆိုတဲ့ ကျဉ်းမြောင်းတဲ့ အတွေးအခေါ်နဲ့ ကန့်သတ်ထားခဲ့လိမ့်မယ်လို့ ကျွန်မ လုံးဝမထင်ဘူး။ - အဲဒါကိုသဘောကြတယ်။
အင်ဂလန် က Prince Phillip ဟာဂျာမန်ဘဲ။ သူ့သား William ဟာကပြားဘဲ၊ Obama ဟာအမေရိကန်နဲ့ကီးညန်ကပြားဘဲ။ သူ့အဖေကအမေရိကန်မဟုတ်ဘူး- သူအခုသမတဖြစ်နေပါတယ်။ ပြင်သစ် ဇာကိုဆီ သူ့အဖေ ဟန်ဂေရိရန်ဘဲ။ သူသမတလုပ်နေပါတယ်။ သူပြင်သစ်အကျိုးကြည့်သလား။ဟန်ဂေရီအကျိုးကြည့်သလား။ူပြင်သစ်အကျိုးကြည့်ပါတယ်။ အင်ဒိယမှာ ရာဂျစ်ဂန်ဒီ မိန်းမကအီတာလျံ ဆိုနီယာ။ ရာဂျစ် ၀န်ကြီးချုပ်ဖြစ်ပါတယ်။ သူသေတော့ ဆိုနီယာက ကွန်ဂရက်ပါတီခေါင်းဆောင်ဖြစ်-ရွေးကောက်ပွဲနိုင် - ၀န်ကြီးချုပ် အဆိုတင်ကြပါတယ်။
ဒါနမူနာပြတာပါ။ ကျင်းမြောင်းတဲ့ဝါဒလက်ကိုင်မထားဘို့တိုက်တွန်းပါ တယ်။
ကူဘလိုင်ခန်နဲ့ဂင်ဂျစ်ခန်တို့ဟာအရှေ့အုရောပကနေတရုပ်ပြည်အထိ - တရုပ်ပြေးမင်းလက်ထက် ပုဂံအထိနေရာအနှံ့သိမ်းပိုက်ခဲ့ပြီး နေရာတိုင်းမှာ တော်ကောက် သားသမီးတွေမွေးခဲ့တာ ၁၀၀၀ ကျော်တယ်ဆိုပါတယ်၊ သူ့မျိုးဆက်တွေပြန့်နေပါတယ်။ သွေးသစ္စာ အဲဒီမျိုးဆက်ထဲပါ - မပါ DNA နဲ့စစ်မှရပါမယ်။
နောက်ပြီးတရုပ်ကဖိရှမ်းကအိရှိသည့်ဗမာအနောက်မှာဆိုတယ်။ နောက် ၅ နှစ်လောက်နေရင် သွေးသစ္စာ လဲ ကျုပ်ပုဂံသားစစ်စစ်ပါလို့ပြောရဘို့ရှိပါတယ်။
ဒီမိုကရေစီကိုနားလည်နိုင်ပါစေ။ မျက်ကန်းမျိုးချစ်မဖြစ်ပါစေနဲ့။
ဘယ်နိုင်ငံမှာမဆို ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုနဲ့ ကိုက်ညီတဲ့ စနစ်တစ်ခုကိုသာ ကျင့်သုံးကျတာပါ...ဒီမိုကရေစီဆိုတိုင်းလည်း အားလုံး ထပ်တူကျတဲ့နိုင်ငံဆိုတာ မရှိဘူး...
ကိုယ့်နိုင်ငံရဲ့အခြေနေအရ လက်တလော စစ်တပ်ပါဝင် ပတ်သတ်နေတာ အတိုင်းတာတစ်ခုထိ လက်ခံပေးနိုင်ရမယ်...တစ်သက်လုံး စစ်တပ်က ပါဝင်သွားမယ်လို့ မဆိုထားဘူး...
ဘယ်လိုပဲဖြစ်ဖြစ် ၉၀ တုန်းကထက် ၂၀၁၀ဟာ ဒီမိုကရေစီစနစ်ကို လမ်းဖွင့်ပေးတဲ့ စနစ်ဖြစ်တဲ့အတွက် အင်္ဂါအရပ်တွေနဲ့လည်း စုံညီတယ်..အခြေခံဥပဒေရှိတယ် လွှတ်တော် ၃ ခုရှိတယ်...၉၀ တုန်းက မဲမပေးရခဲ့တဲ့ပြည်သူတွေက ၂၀၁၀ မှာမဲပေးသွားနိုင်မယ်...
၂၀၁၀ ဟာပြီးပြည့်စုံသွားတဲ့ ဒီမိုကရေစီတော့ဖြစ်လာမှာမဟုတ်ဘူး...ဒီမိုကရေစီစနစ်ကိုလမ်းဖွင့်ကျင့်သုံးပေးတဲ့ ကနဦးအဆင့်သာဖြစ်တယ်...
ဒီမိုကရေစီစနစ်ဟာ နေ့ချင်းညချင်း ပြောင်းလဲလို့ရတဲ့အရာမဟုတ်ဘူး...
Anonymous - မြန်မာပြည်က ဒီမိုကရေစီနဲ့ အစိမ်းသက်သက်မဟုတ်ဘူး။ အာဏာရှင် ဦးနေ၀င်း အာဏာမသိမ်းခင်က မြန်မာပြည်ဟာ ဒီမိုကရေစီ ထွန်းကားနေတဲ့ နိုင်ငံ၊ ပြီးတော့ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံစာရင်းဝင် ဖြစ်နေပါတယ်။ အခုလို အမေရိကန် တဒေါ်လာကို တရားဝင်လဲနှုန်း ခြောက်ကျပ်ခွဲဆိုပြီး ဘယ်မှာမှ လဲလို့မရလို့ အပြင်မှာ တထောင်ကျော်နဲ့ လဲနေရတဲ့ ခေတ်မဟုတ်ခဲ့ဘူး။ ၆ ကျပ်နဲ့ သတ်မှတ်ထားပြီး ၆ ကျပ်နဲ့ ကြိုက်တဲ့နေရာမှာ လဲလို့ရတဲ့ ခေတ်ဖြစ်ခဲ့တယ်။
ပြီးတော့ ကမ္ဘာ့ ဒီမိုကရေစီ မြန်မာ့ဒီမိုကရေစီဆိုတာလည်း သီးသန့်မရှိပါဘူး ဒီမိုကရေစီဟာ ဒီမိုကရေစီပဲ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီဆိုပြီး ဒီမိုကရေစီကို မူလ ရှိနေတဲ့ ဒီမိုကရေစီကို ဖျက်ဆီးလို့ မရပါဘူး။ စစ်တပ်ဟာလည်း ပြည်သူလူထုထဲက ပြည်သူလူထုသာ ဖြစ်လို့ စစ်တပ်အတွက် အာဏာ ဆိုတာလည်း သီးသန့်ထားဖို့ မလိုအပ်ပါဘူး။ သီးသန့်ထားသင့်တာက အမျိုးသမီးတွေ၊ အလုပ်သမားတွေ၊ လယ်သမားတွေအတွက် အရပ်သားလူတန်းစားတွေထဲက သီးသန့်ကိုယ်စားလှယ် ထားသင့်ပါတယ်။ စစ်တပ်နဲ့ အရပ်ကိစ္စနဲ့လည်း ဘာမှမဆိုင်ပါဘူး။ လွှတ်တော်ထဲမှာ ယူနီဖေါင်းတကားကားနဲ့ ကိုးယိုးကားယားနဲ့ မတင့်တယ်ပါဘူး။ ကြားဖြတ်အစိုးအရ အနေနဲ့ဆိုရင်တော့ 25% မကဘူး ဒီထက်ပိုယူလည်း ပြောစရာ မရှိပါဘူး။ NLD, လူမျိုးစုတွေနဲ့ စစ်တပ် ပါဝင်တဲ့ Transition ကာလ ကြားဖြတ်အစိုးရအတွက် ညှိနှိုင်းပြီး မျှတူဖွဲ့တဲ့ ကြားဖြတ်အစိုးရဆိုရင် လက်ခံလို့ ရနိုင်ပါတယ်။ အခုလုပ်ထားတာ ဖွဲ့စည်းပုံမှာ အတည်ပြုထားပြီမို့ Anonymous ပြောသလို Transition ကာလအတွက် မဟုတ်တော့ဘူး။ နောက်မှ တဖြေးဖြေးပြောင်းယူလို့မရအောင်လည်း ဥပဒေတွေ ပါထားပြီးတဲ့ Legitimated government ဖြစ်သွားပြီ။
တရားမ၀င်ဘဲနဲ့တောင် ဒီလောက် စီးစိမ်ယစ်မူးပြီး တိုင်းပြည် ဘဏဏ္ဍာတွေကို ကိုယ့်အိတ်ထဲပဲ ထည့်ဖို့ လူထုကြားမှာ ၀င်ရှုပ်နေရင် ဖွဲ့စည်းပုံနဲ့ တရားဝင်ဖြစ်သွားရင် ဘယ်တော့မှ ဖယ်ဖို့မရှိနိုင်ဘူး။ စစ်တပ်အမြဲတမ်း ၂၅% နဲ့ အချိန်မရွေး အာဏာတက်သိမ်းနိုင်တဲ့ ဗီတိုအာဏာကို တက်ယူထားမှ ဘယ်လိုမှ ဒီမိုကရေစီနိုင်ငံလို့ ပြောလို့မရပါဘူး။ Legitimated government မှာ စစ်တပ်ပါလို့မရဘူး။ အဲဒီလို အမြဲတမ်း အာဏာယူထားတာကို အာဏာရှင်လို့ ခေါ်ပါတယ်။ အာဏာရှင် နိုင်ငံထူထောင်ပြီး အာဏာရှင်လို့ မပြောမရဲဘဲ ဒီမိုကရေစီနိုင်ငံ ထူထောင်တယ်လို့ ပြောနေတာဟာ သူရဲဘော ကြောင်လှပါတယ်။
anonymous သို. ... ခင်ဗျားဆွေးနွေးတာ တစ်ချို.တစ်ဝက်တော့ မှန်ပါတယ်၊ စစ်တပ်က တော့ လောလောဆယ်ဆယ် တစ်စိတ် တစ်ဒေသ ပါဝင်နေရဦးပါမယ်၊ (အကုန်အလုံးတော့ မဟုတ်ဖူးနော်)၊ စစ်တပ်မရှိ ဘဲ တိုင်းပြည်ကို run လို.မရဘူး၊ နိုင်ငံကာကွယ်ရေး နှင့်လုံခြုံရေး မှာ မှာပါဝင်နေရပါမယ်၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် ဥပဒေပြုရေးဟာ ဟန်ချက်ညီညီ ရှိနေရပါမယ်၊ နောက်ပြီး နောက်တက်လာမဲ့ သမ္မတ ဟာ အမျိုးသမီးပဲ ဖြစ်စေဦး စစ်တပ်က အမိန်.နာခံဖို.လိုပါမယ်၊ (ဥပမာပြောတာပါ) လက်ရှိ Germany နှင့် Philippines မှာ အမျိုးသမီးများဟာ ခေါင်ဆောင်များ ဖြစ် နေပါတယ်၊ စစ်တပ်က အဲဒီလောက် သဘောထားကြီးနိုင်ပါလား၊ စစ်ဝတ်စုံ နဲ. အထက်အကြီးအကဲ ရဲ. အမိန်.နာခံပြီး မှ အရပ်ဘက်မှ ရွေးကောက်တင်မြောက်လိုက်တဲ့ သမ္မတ အမိန်.ကို လိုက်နာဖို. တော်တော်လေး ကျင့် ယူရ မယ်လို. ထင်ပါတယ်၊ တိုင်းပြည်ကိုချစ်တဲ့ သူဟာ ပြည်သူ၊ ပြည်သားလည်းဖြစ်နိုင်ပါတယ်၊ စစ်ဝတ်စုံ ၀တ်ထားမှ တိုင်းပြည်ချစ်တာ မဟုတ်ပါဘူး၊ လောလောဆယ်အခြေအနေအရတော့ အရပ်ဘက်က ကိုယ်စားလှယ် က သမ္မတဖြစ်လာဖို.ဆိုတာကလည်း အလားအလာ တော့်တော့်ကို နည်းနေပါတယ်၊ နအဖက ဒီမိုကရေစီ ကို တကယ်ပဲ ဖော်ဆောင်ပေးချင်တယ်ဆိုရင် ဥပမာအားဖြင့် ကှိုဇါဂနာ နှင့် အခြားနိုင်ငံရေး အကျဉ်းသားတွေ ကို အရင် စပြီးလွှတ်ပေးသင့်ပါတယ်၊ ဘုန်းကြီး ကို ရေ ကပ်တာနဲ. ဖမ်းလိုက်တယ်ဆိုတာ တော့ မကောင်းပါဖူး၊ လွတ်လပ်စွာ ပြောဆိုခွင့် တော့ရှိရပါ့မယ်၊ ပုဂ္ဂိုလ်ရေးအရ မပုတ်ခတ်ဖူးဆိုရင် တော့ သီးခံခွင့်လွှတ်ရပါမယ်၊ ကိုဇါဂနာ အမည် ကို သီးခြားပြောရတာ က သူဟာ မှန်တယ်ထင်ရင် ရဲရဲဝင့်ဝင့် ပြောရဲသူ မို. သူ.နဲ. ဥပမာပေးပြီး ပြောရတာပါ၊ ဖြေးဖြေးချင်း လွတ်လပ်စွာ ပြောဆိုခွင့် ကို ဖွင့်ပေးရပါလိမ့်မယ်၊ ခင်ဗျား ဆွေးနွေးသလို ကိုယ့်တိုင်းပြည်နဲ. လျော်ညီတဲ့ ဒီမိုကရေစီဖြစ်ရပါမယ်၊ U.K ရဲ.ဒီမိုကရေစီ ကို ရောက်ဖို.ထက် Thailand, Singapore , Indonesia, Philippines တို.ရဲ. ဒီမိုကရေစီ နီးပါးဖြစ်ဖို.တောင် မလွယ်သေးပါဘူး၊ သူတို.နိုင်ငံတွေ တောင် ဒီမိုကရေစီ ကျင့်သုံးတာ ခုထက်ထိ ပြဿနာလေး တွေရှိပေမဲ့ မြန်မာနိုင်ငံ ထက်တော့ စောပါတယ်၊ ခင်ဗျား ဆွေးနွေးသလို အခြားနိုင်ငံတွေရဲ. ဒီမိုကရေစီ တွေနဲ. ထပ်တူဖြစ်ဖို.၊ ကျင့်သုံးဖို.ဆိုတာ မဖြစ်နိုင်ပါဘူး၊ ဒီမိုကရေစီ ရတာနဲ. ချက်ခြင်းလက်ငင်း တိုင်းပြည်စီးပွားရေး တိုးတက်လာမည် မဟုတ်ပါ၊ တိုင်းပြည် တိုးတက်မှုဟာ လူတွေရဲ. စည်းကမ်းရှိမှု၊ ပညာတတ်မှု နဲ. အလုပ်လုပ်ကြ မှု အပေါ်မှာ မူတည်ပါတယ်၊ တပ်မတော် က သဘောထားကြီးပြီး တကယ့်စစ်မှန်တဲ့ အမျိုးသားပြန်လည်စည်းရုံးရေး ကို ပြန်လည် လုပ်ဆောင်ရပါ့မယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ သဘောထားကြီးစွာနဲ. အမျိုးသား ပြန်လည်စည်းရုံးရေး အတွက် ဆွေးနွေးဖို. တောင်းဆိုထားတာ ကို တွေ.ရပါတယ်၊ ကျွန်တော်အမြင် မှားချင်မှားမယ်၊ မှန်ချင်မှန်မယ်၊ လောလောဆယ် မြန်မာနိုင်ငံ အခြေအနေ အရ စစ်တပ်မပါဘဲ ဒီမိုကရေစီပန်းတိုင် ကို မရောက်နိုင်သလို ဒေါ်အောင်ဆန်းစုကြည် မပါတဲ့နိုင်ငံရေးဟာလဲ ဒီမိုကရေစီ နဲ. အလှမ်းဝေးနေဦးမှာပါ၊ နအဖ က သဘောထားကြီးပြီး စစ်မှန်တဲ့ ဆွေးနွေးမှု များဟာ တိုင်းပြည်ရဲ. တိုးတက်မှု အစ၊ ဒီမိုကရေစီ ရဲ. အစလို. မြင်ပါတယ်၊
ဘယ်လိုပဲဖြစ်ဖြစ် ၂၀၁၀ ဟာ ၉၀ တုန်းကထက် အများကြီးတော့ သာပါတယ်...ဒီမိုကရေစီ စနစ်ကို လမ်းဖွင့်ပေးမယ့် စနစ် အပြောင်းလဲတစ်ခုကိုပဲ ကြိုဆိုရမယ်...အဓိက စစ်တပ် ၁၀၀ ရာနှုံးအုပ်ချုပ်တာကို ပြည်သူတွေက ငြီးငွေ့လာလို့ အရပ်သား အုပ်ချုပ်မယ့် ပွင့်လင်းမြင်သာတဲ့ စနစ်တစ်ခုကိုပဲ မျှော်လင့်နေကြတာ...
စစ်သားဖြစ်လို့ ကျန်တဲ့အရပ်သားတွေရဲ့စကားကို နားမထောင်လို့လည်းမရပါဘူး..ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့မရပါဘူး...လွှတ်တော်နေရာဟာ စစ်တပ်ထဲက တပ်ရင်းတစ်ခုမဟုတ်ဘူး အမိန့်ပေးစေခိုင်းလို့လည်းမရဘူး...ငါ့စကား နွားရ လည်းပြောချင်တိုင်းပြောလို့လည်းမရပါဘူး...
ဒီတော့ စစ်သားတွေပါနေလို့ အရပ်သားတွေအနေနဲ့ လုပ်လို့မရဘူးဆိုတာတွေဟာ ကိုယ်တိုင်ဝင်မကရလို့ ပတ်မကြီးထိုးဖောက်နေတဲ့ သူရဲဘောကြောင်နေတဲ့သူတွေရဲ့ propaganda တစ်ခုပါ..
Anonymous - "စစ်သားဖြစ်လို့ ကျန်တဲ့အရပ်သားတွေရဲ့စကားကို နားမထောင်လို့လည်းမရပါဘူး..ကိုယ်လုပ်ချင်တိုင်းလည်း လုပ်လို့မရပါဘူး...လွှတ်တော်နေရာဟာ စစ်တပ်ထဲက တပ်ရင်းတစ်ခုမဟုတ်ဘူး အမိန့်ပေးစေခိုင်းလို့လည်းမရဘူး...ငါ့စကား နွားရ လည်းပြောချင်တိုင်းပြောလို့လည်းမရပါဘူး..."
ှအရင်ကဌာနဆိုင်ရာကိုရောက်လာတဲ့ စစ်ဘိုတွေ စစ်တပ်ထဲမှာမဟုတ်ဘဲရေဘူးပေါက်တာမလိုချင်ဘူး ရေပါတာဘဲလိုချင်တယ် ဆိုတာတို့ စနေ၊တနင်္ဂနွေမှာ Duty Officer စောင့်ရမယ်တဲ့ ရုံးမှာဘာသွားစောင့်ရမှာလဲ ဒါမျိုးတွေကတော်တော်ပြတ်သနာပါဘဲ - စစ်တပ်နဲ့ဘယ်လိုမှမဆိုင်တဲ့ Internet Cbox မှာ သတိ သက်သာ လာဆွဲနေတဲ့စစ်ဘိုတွေကိုကြည့်ပါ။
ဒီမိုကရေစီကိုကိုယ်လိုရာဆွဲပြီး Disciplined democracy ဆိုပြီးလုပ်ရင် တခုခုမကြေနပ်လို့ဆန္ဒပြကြတယ်ဆိုပါဆို့ အားလုံးတန်းစီ ကောက်ရိုးချေတောက်မျက်ချေတောက် ပြိုင်တူအော်လို့များမဖြစ်ပါစေနဲ့လို့ဆုတောင်းလျှက်။
တကယ်တော့ ရွေးကောက်ပွဲ ဆိုတာကလည်း ၂၀၀၇ ဆန္ဒပြပွဲ အပြီးမှာ နိုင်ငံတကာက ဖိအားပေးလို. ဖြစ်လာတဲ့ ပွဲပါ၊ ၂၀၀၇ ဆန္ဒပြပွဲသာ ဖြစ်ပ်ါမလာဖူး ဆိုရင် နအဖ က အချိန်ရသလောက် ဆွဲနေမှာ ပါ၊ ကိုယ်စားလှယ် ဂန်ဘာရီ နှင့် သူ.မတိုင်မီ အထူးကိုယ်စားလှယ် တွေကိုလည်း နအဖ က အရူးလုပ်ပေါင်း များနေပါပြီ၊ ပြည်ပ က pressure ပေးလိုက် လျော့သလိုလို လုပ်လိုက်နဲ. ပြီးတော့လည်း နဂို ဒုံရင်း ကိုဘဲ ပြန်ရောက်သွားတာ ပါပဲ၊ အမျိုးသားပြန်လည် စည်းလုံး ညီညွတ်မှု ကို မဖော်ချင်ဖူး ဆိုတာ သိသာ ထင်ရှားပါတယ်၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးတွေကို ဘာမှ မယ်မယ်ရရ ဖော်ဆောင်ပေးခြင်း မရှိတာကိုလည်း တွေ.ရပါတယ်၊ နောင်အနှစ် ၂၀ အတွင်း မြန်မာနိုင်ငံဟာ ကမ္ဘာ့ အလယ်မှာ G8 အဖွဲ.၀င် ဖြစ်လာဖို.မပြောနဲ. ဒေသတွင်း ASEAN ထဲမှာတောင် စီးပွားရေး၊ နိုင်ငံရေး ဘာမှ မယ်မယ်ရရ ပူးပေါင်းပါဝင်၊ အကောင် အထည် မဖော်နိုင်သေးတာကို ၀မ်းနည်း စွာတွေ.ရပါတယ်၊ ဟိုတလောက နအဖ ပြောတဲ့ သတင်း ကြားမိပါသေးတယ်၊ စက်မှုနိုင်ငံ ထူထောင်ရမယ်တဲ့၊ (နေ.လည်မှာ အိပ်မော်ကျပြီး ထယောင်ပြီး အော်နေတယ်လို. ထင်မိပါတယ်) ၊ မြန်မာ ပြည်သူတွေ အတွက်တော့ JOKE တစ်ခုပါပဲ၊ မီးမှန်မှန်မလာဘဲ ဘယ်လိုနည်းနဲ. စက်မှုနိုင်ငံ ထူထောင်နိုင်ပါ့မလဲ၊ လူငယ်တွေ ရဲ. IT ကို ဘယ်လိုလုပ် ပံ့ပိုးပေးနိုင်မှာလည်း ၊ နိုင်ငံခြား ကုမ္ပဏီ တွေက investment လာလုပ်ပ့ါ ဦးမလား၊ communication (fax, phone, email) ကောင်းကောင်းမပံ့ပိုးနိုင်ရင် စီးပွားရေးလည်း တိုးတက်ဖို. အလှမ်း ဝေးနေဦးမှာပါ၊ နအဖ က လွှဲပေမဲ. တိုင်းပြည်အခြေအနေ ကလည်း တော်တော်ကို ဆိုးရွားနေပြီဖြစ်ပါတယ်၊ ပြည်သူတွေ စားဝတ်နေရေး မပြေလည်ရင် ဆန္ဒပြမှုတွေ ကလည်းဖြစ်လာဦးမှာပါ၊ ကိုယ့်လူမျိုး အချင်းချင်း စေတနာလေးတော့ ထားပါဦး၊ တိုင်းပြည်က မွဲနေပြီ၊ နအဖ ခေါင်းဆောင်တွေ ဟာ စင်ကာပူ၊ ဘန်ကောက်မှာ ဆေးသွားကုကြပါတယ်၊ U.K.ကို သွားလို.ရရင် သွားကုကြဦးမှာပါ၊ ဒါပေမဲ့ အဲဒီနိုင်ငံတွေက နအဖ နှင့် မိသားစုဝင်များကို black listလုပ်ထားလို. နီးနီးနားနားမှာ ပဲ ဆေးလာကု ကြတာဖြစ်ပါတယ်၊ နအဖ နဲ. မိသားစုဝင်တွေ မှ အသက်ရှိတာ မဟုတ်ပါဘူး၊ ပြည်သူတွေ မှာ လည်း အသက် ရှိပါတယ်၊ နအဖ ဗိုလ်ချုပ်တွေ မှာ တော့ ကျိကျိတက် ချမ်းသာနေပေမဲ့ ပြည်သူတွေရဲ. စားဝတ်နေရေးဟာ အလွန်ကြပ်တည်းနေပါတယ်၊ နအဖ နှင့် မိသားစု ၀င်များဟာ ပြည်ပမှာ နိုင်ငံတော် ဘဏ္ဍာနဲ. ဆေးကုသနေပေမဲ. ပြည်သူတွေရဲ. ကျန်းမာရေးတွေကို အစိုးရက တစ်ချို.တစ်ဝက် အကုန်ကျခံတဲ့ subsidy လုပ်ပေးဖို. စဉ်းးစားမိပါ့ရဲ.လား? နအဖ ဟာ ဘယ်သူသေသေ ငတေမာရင်းပြီးရော ဆိုတဲ့ ၀ါဒ ကျင့်သုံးနေသရွေ. မြန်မာနိုင်ငံ ရဲ. နိုင်ငံရေးပြဿနာ ဟာ ဘယ်တော့ မှ ပြည်လည်မယ် မထင်ပါ၊ နိုင်ငံရေး အကျဉ်းသား တွေကို နယ်မှာရှိတဲ့ ထောင်တွေပို.တာဟာလည်း ကျန်ရစ်တဲ့ မိသားစု ထောင်ဝန်စာတွေ.တာ ခက်ခဲအောင် တမင်တကာလုပ်တာဖြစ်လို. နအဖ က ရက်စက် ယုံတင်မကဘူး ၊ ယုတ်မာသလိုဖြစ်နေပါတယ်၊ အဲဒီ အကုသိုလ် ရဲ. အကျိုးပေးမှု၊ ပြည်သူ.တွေရဲ. ဒဏ်ခတ်မှု အချိန်ကို ရောက်ဖို. မဝေးတော့ပါ၊ နအဖ က ၀ါဒဖြန်.တဲ့ ဆောင်ပုဒ်တွေ အများကြီး ရှိပါတယ်၊ ကျွန်တော် အကြံပေးချင်တဲ့ နအဖ နဲ. အလွန် ကိုက်ညီ မဲ့ ဆောင်ပုဒ် အသစ် ကတော့ you name it (country's economy ၊ education ၊ health care, etc...), I (SPDC) mess it.
နိုင်ငံရဲ့ ပြသနာတွေကို ဖြေရှင်းဖို့ဆိုရင် လွတ်လွတ်လပ်လပ်ပြောဆိုနိုင်မယ့် ဒီမိုကရေစီစနစ်ကို အရင်ရအောင်လုပ်မှရမယ်...ဒီမိုကရေစီစနစ်ကိုမရပဲ အရင်ဆုံး လွတ်လပ်စွာပြောဆိုခွင့်မရှိပဲ နိုင်ငံရဲ့ပြသနာတွေကို ဖြေရှင်းလို့မရနိုင်ဘူး..ဒါကြောင့် ပြသနာတွေကိုဖြေရှင်းချင်ရင် အရင်ဆုံး ဒီမိုကရေစီစနစ်ကိုရအောင် ယူဖို့တွက် ၂၀၁၀ ကိုကြိုဆိုကြချင်းဖြစ်တယ်...
ကုန်ဈေးနှုန်းနှင့် တကယ့်အဖြစ်အပျက်တစ်ခု တပ်တွင်းမှာ ဖြစ်ခဲ့သည်ကိုပြောပြပါမည်၊ စစ်တပ်တွင်း ဒါဘာ (ဆန္ဒဖော်ထုတ်ပွဲ) ကို စစ်တပ်ရဲ. တပ်ရင်းတိုင်းတွင် ၁လ တစ်ကြိမ် သို.မဟုတ် ၂ လ တစ်ကြိမ် လမ်းညွှန်ချက် အရ စုပြီးလုပ်ကြပါတယ်၊ အရပ်ဘက် ၀န်ထမ်းများလည်းးလုပ်ကြရကြောင်း သိရပါတယ်၊ အောက်ပါ အကြောင်းအရာနဲ. ပတ်သက်ပြီး ဘုန်းဘုန်းများ၊ အမျိုးသမီး များဖတ်ပါက ကျွန်တော်အရေး နည်းနည်းကြမ်းသွားရင် ခွင့်လွှတ်ပါရန် ကြိုတင်တောင်းပန် အပ်ပါသည် ၊ တပ်တွင်း ဒါဘာ တွင် ကုန်ဈေးနှုန်းကြီးမြင့်ရေး ကိစ္စ နှင့် ပတ်သက်၍ တပ်မှူးများ နှင့် အရာထမ်း ရဲဘော်များ ဆွေးနွေးကြပါတယ်၊ အဲဒီ မှာ ချင်းအမျိုးသား တပ်ကြပ်ကြီး က ထ၍ ဆွေးနွေးပါတယ်၊ (တိုင်းရင်းသားများဟာ ရိုးသား ၍ ဘွင်းဘွင်းရှင်းရှင်း ပြောတတ် ပါတယ်)၊ အဲဒီ မှာ ချင်း တပ်ကြပ်ကြီး က ကုန်ဈေးနှုန်းကြီးမြင့်လာရေးနှင့် ပတ်သက်၍ တိုင်းပြည်ရဲ. ကုန်ဈေးနှုန်းတွေ မှာ စစ်တပ် က ပါဝင်ပတ်သက်ဖို. မသင့်ကြောင်း အကြံပေးတင်ပြပါတယ်၊ ၄င်းက ပြောရာတွင် တပ်မှူးတို. ရဲ. တပ်မတော်က ကုန်ဈေးနှုန်း ကို ကိုင်တွယ်ရာ ယောကျောင်္း မှာ ရှိတဲ့ private part ကိုသွားကိုင်တာ နဲ.တူနေပါတယ် လို.ပြောပါတယ်၊ သူ.ဖာသာနေတာ ကောင်းတယ်၊ သွားကိုင်လိုက်တာနဲ. ကြီးကြီး လာတယ်လို. ပြောပါတယ်၊ ကျန်းမာ ရွှင်လန်းကြပါစေ၊
သန်းရေသြေလည်း မပျော်ဘူးရေးထားတဲ့ မငယ်ရေ...ဒီဥပမာလေးကပိုတယ်လို့ထင်တာဘဲ..မဆိုင်သူတွေသေဆုံးခဲ့ရတာကိုတော့..ကျနော်လည်းဝမ်းနည်း
တာအမှန်ပဲ..ဒါပေမဲ့သန်းရွေတို့လို သူခိုးဓါးပြမျိုးတွေ သေလို့ကတော့ ကျနော်တော့တကယ်ကိုဝမ်းသာမိမှာ အမှန်ပဲ..လူဆိုတာခံစားချက်ရှိတယ်..စက်ရုပ်မဟုတ်ဘူးမငယ်နိုင်..ကျနော်ကကျနော်ရင်ထဲရှိတာအမှန်ပြောတာ
မငယ်နိုင်က လိမ်နေတာ..ဟုတ်တယ်မဟုတ်လား..
လိမ်တာမကောင်းဘူးကွယ်...
Ziza - ကျမကို ထင်ချင်သလိုထင်နိုင်ပါတယ်။ ဗိုလ်သန်းရွှေပဲ သေသေ ဘယ်သူပဲသေသေ ဘုရားဟောအရ သူများသတ်လို့ သေတဲ့သူအားလုံးဟာ တချိန်က (အခုဒီဘ၀မဟုတ်ရင် အရင်ဘ၀ဖြစ်နိုင်တယ်) သူတို့လုပ်ထားတဲ့ကံရှိလို့ သူတို့ပြန်အသတ်ခံရတာသာ ဖြစ်တယ်။ ပျော်နေလည်း အကုသိုလ် ဝေစုခွဲတာကလွဲပြီး ဘာမှထူးလာမှာမဟုတ်လို့ ကျွန်မ မပျော်နိုင်ပါဘူး။ ဗိုလ်သန်းရွှေ မသေဘဲ နောင်တရသွားရင်တော့ ကျွန်မ ပျော်နိုင်ပါလိမ့်မယ်လို့ ယုံကြည်တယ်။ ဟိုတုန်းကလည်း ဦးနေ၀င်းသေရင် တိုင်းပြည်အေးမယ်လို့ ထင်ကြတာပဲ ဦးနေ၀င်းသေသွားပြီး နောက်တက်လာတဲ့ ဦးစောမောင်တို့ ဦးသန်းရွှေတို့က ဦးနေ၀င်းထက် ပိုတောင်ဆိုးနေသေးတယ့်။ ချစ်ခြင်း၊ မုန်းခြင်း၊ ၀မ်းနည်းခြင်း ၀မ်းသာခြင်းဆိုတာတွေဟာ တားဆီးပိတ်ပင်လို့ရတဲ့ ခံစားမှုတွေမဟုတ်တဲ့အတွေက် သူများပျော်တာကို ကျွန်မ အပြစ်မတင်ဘူး ဒီမိုကရေစီ လူ့အခွင့်အရေးအတွက် ပျော်စရာ မဟုတ်ဘူးဆိုတာကိုပဲ ထောက်ပြတာဖြစ်ပါတယ်။ ဗိုလ်သန်းရွှေကတော့ မသေသေးလို့ သူသေရင် ကျွန်မ ပျော်မပျော်ဆိုတာ အတိအကျတော့ မသိသေးဘူး အရင်လူတွေ သေတုန်းကတော့ ကျွန်မ မပျော်ခဲ့တာ အမှန်ပဲ။ မပျော်တဲ့အပြင် နောင်ဘ၀တွေမှာ လူပြန်ဖြစ်ရင် အာဏာရှင်ဘ၀ကို မရောက်ကြပါစေနဲ့လို့တောင် ဆုတောင်းပေးလိုက်သေးတယ်။ လိမ်တယ် ညာတယ် ဆိုပြီး စွပ်စွဲလာလို့ သူများ အထင်ကြီးအောင် လိုက်ဖြေရှင်းပေးနေဖို့ထက် ဗုဒ္ဓဘာသာဝင်တဦး၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်နေသူတဦး အနေနဲ့ ကိုယ့်လိပ်ပြာ ကိုယ်လုံဖို့က ကျွန်မအတွက် ပိုအရေးကြီးပါတယ်။
အပေါ်က youtube လင့် လေးခုလုံးကို ကြည့်ပြီးသွားပါပြီ... တော်တော်ဆိုးရွားပါတယ်... မလုပ်သင့်ပါဘူး... ဒီလိုအခြေအနေတွေပပျောက်သွားအောင် ၀င်ထိန်းပေးခဲ့တဲ့ စစ်တပ်ကိုလည်း ကျေးဇူးတင်ပါတယ်
ကျွန်တော် သံသယရှိတဲ့ အချက်လေးတွေတော့ ရှိပါတယ်
၁။ ဒါတွေ ဒီလိုလူသတ်ဖျက်စီးတဲ့လူတွေ အကုန်လုံးက ဆန်ဒပြတဲ့လူတွေကြီးပဲလား... အစိုးရက လုပ်ခိုင်းတဲ့လူရောမပါဘူးလား... လူဆိုတာ တစ်ယောက်ကလုပ်ရင် နောက်က၀ိုင်းလုပ်တတ်တဲ့ အကျင့်ရှိလို့ပါ။ ဒီလို လုပ်ခဲ့တဲ့လူတွေကို ဖမ်းမိပါသလား???
၂။ ဒီလို အပြစ်မဲ့တဲ့လူတွေကိုတောင် အမျိုးစုံခေါင်းဖြတ်သတ်နေတဲ့ လူတစ်စုပါဝင်တဲ့ လူအုပ်ကြီးက သူတို့မုန်းတီးတဲ့ မကျေနပ်တဲ့ ကုန်သွယ်ရေးအဆောက်အအုံပေါ်က စစ်သား ၂၄ ယောက်ကို ဒီတိုင်း အသက်ရှင်လျှက်လွှတ်ပေးလိုက်တယ်ဆိုတော့ ဆန့်ကျင်ဘက်များဖြစ်နေသလားလို့ပါ
၃။ ဒီမိုသမားတွေ ဆိုးသွမ်းသွားတာကြီးပဲပါနေတယ်... စစ်တပ်က ဘာလုပ်တယ်... ဘယ်လိုထိမ်းသိမ်းတယ်... ဘယ်လိုပစ်တယ်ဆိုတာ သေနတ်သံတစ်ချက်တောင် မပါဘူးဖြစ်နေတယ်... ထို့ကြောင့် ဒါက အပေါ်ကလူတွေပြောသလို Documentatry ထက် Propaganda ဖြစ်နေတယ်လို့ ထင်မိပါတယ်
၎။ ဒီလိုလူအုပ်ကြီး (ဒီမိုကရေစီသမားတွေ) က ဆိုးရွားတာကြောင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ တစ်ခြား ကျောင်းသားခေါင်းဆောင်တွေကို ဖမ်းထားလိုက်တာလား... သူတို့နဲ့ဘာဆိုင်လို့လဲ... ၈၈ အရေးအခင်းတုန်းကတော့ အရမ်းငယ်သေးတော့ ဘာမှ မသိလိုက်ဘူး... သိတဲ့လူရှိရင် ရှင်းပြပေးကြပါ... အခုသိတတ်တဲ့အချိန် မြင်နေကြားနေရတာကတော့ ကျောင်းသားခေါင်းဆောင်တွေ တရားဟောတယ်... လူစုလူဝေးလုပ်တယ်... သူတို့မကျေနပ်တာတွေ ပြောတယ် (ဟုတ်တာရော မဟုတ်တာရော ပါလိမ့်မယ်) ဒါပေမယ့် ကျွန်တော်နားထောင်မိသလောက်တော့ နိုင်ငံတော်ကို ဖျက်စီးနေတဲ့ စကားတွေ အကြမ်းဖက်မှုကို အားပေးလှုံ့ဆော်နေတယ်ဆိုတဲ့ ဟာတွေ မပါပါလား... သူတို့ကို ဘာလို့ဖမ်းထားတာလဲ???
၅။ ရွှေဝါရောင်တော်လှန်ရေးဆိုပြီးတော့ ဖြစ်သွားတုန်းက နိုင်ငံတော်ပိုင်တွေကို အားရပါးရဖျက်စီးနေတယ်ဆိုပြီးတော့ ဗီဒီယိုနဲ့ကို မှတ်တမ်းတင်ထားတာတွေ ကြည့်ရပါတယ်... ဒါပေမယ့် အားလုံးပြီးဆုံးသွားတဲ့အခါမှာ ဒီလူတွေဟာ ဘယ်သူတွေဖြစ်တယ်... သူတို့ကို ဘယ်လို ဘယ်ပုဒ်မနဲ့ အရေးယူလိုက်ပါတယ်ဆိုတာ သတင်းထဲမှာ တစ်ခါမှ မမြင်မကြားလိုက်ရဘူး... ဘာလာလာ NLD က လူတွေနဲ့... ကိုဇာဂနာတို့ လိုလူတစ်သိုက်ပဲ ၀င်လိုက်ထွက်လိုက်လုပ်နေကြရတယ်... ခုနကလူတွေ ဘယ်ရောက်သွားပြီလဲ?
တကယ်တော့ ကျုပ်ပြောခဲ့တာတွေကလည်း ရှင်းရှင်းလေးပါပဲ...တိုင်းပြည်ရဲ့ ပြသနာတွေဆိုတာ ပြည်သူတွေရဲ့ စားဝတ်နေရေး ပညာရေး စီးပွားရေး ကျန်းမာရေး ဘာညာ အကုန်လုံးပဲ...
လက်ရှိအစိုးရဟာ စစ်အစိုးရဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်လည်းမကျင့်သုံးတဲ့ နိုင်ငံဖြစ်တယ်..
ဒါကြောင့် နိုင်ငံရဲ့ပြသနာတွေကို ဒီမိုကရေစီနိုင်ငံတွေလို လွတ်လပ်စွာဖော်ထုတ်ခွင့် ပြောဆို ဝေဖန်ခွင့်မရှိဘူး
ဒါကြောင့် ပြသနာတွေတိုင်းကိုဖြေ၇ှင်းဖို့ အရင်ဆုံး လွတ်လပ်စွာပြောဆိုခွင့်ရဖို့က အဓိကအချက်ပဲ..ဒါရမှ နောက်တစ်ဆင့်တတ်လို့ရမယ်..ဒါမရပဲ အဆင့်ကျော်လို့မရဘူး...
ဒါတွေကိုရဖို့အတွက် နောင်တတ်လာမယ့် အရပ်သားအစိုးရလက်ထပ်မှာ ဒီစစ်အစိုးရလက်ထက်လိုမဟုတ်တော့ပဲ လွတ်လပ်စွာနဲ့ပြောဆိုနိုင်ပြီ ဝေဖန်နိင်ပြီ...
အဲဒီလိုမတူတော့တဲ့အခြေနေကိုရောက်လာမယ့် လမ်းဖွင့်ပေးတဲ့စနစ်တစ်ခုကို ကနဦးအစ ကြိုဆိုရမယ်...ဒါကိုမကြိုဆိုပဲ နေရင်တော့ လိုချင်တဲ့ခရီးပန်တိုင်ကို လှမ်းကိုင်ဖို့ မျှော်မှန်းလို့မရပါဘူး...
အခုစစ်တပ် အာဏာသိမ်းထားတာ လုံးဝတရားမ၀င်လို့ ပြည်သူလူထုမှာ ပြောပိုင်ခွင့် ရှုပ်ချပိုင်ခွင့် ရှိပါတယ်။ ရွေးကောက်ပွဲပြီးရင် စစ်တပ်မှာ ဘယ်သူမှ မရွေးဘဲ အမြဲတမ်းအာဏာ တရားဝင် ၂၅% ရှိနေတဲ့အပြင် အချိန်မရွေး တရားဝင် အာဏာပြန်သိမ်းနိုင်တဲ့ ဗီတိုအာဏာနဲ့ တူတဲ့ အာဏာလည်း ရှိသွားပြီ။ လူထုက ရွေးကောက်ပွဲကို လက်ခံလိုက်ရင် အာဏာရှင်စနစ်ကို တရားဝင် အတည်ပြုပေးလိုက်ရာ ရောက်သွားလိမ့်မယ်။ အခု နအဖသွားနေတာ အာဏာရှင်စနစ် တရားမ၀င် ဘ၀ဖြစ်နေလို့ တရားဝင်ဖြစ်သွားအာင် ဒီမိုကရေစီ စနစ်ကိုသွားနေတယ်လို့ လိမ်ညာနေတာ ဒီမိုကရေစီကို နားလည်သူတွေက အကုန်သိပါတယ် Anonymous.
g|-|0$7 သို. ........
အင်း... မဆုံးနိုင်သော comments များ ဆက်ရေးကြတာပေါ့.......
၁။ မေးခွန်းကို နားမလည်ပါ၊ ခေါင်းဖြတ်တာ ကိုဆိုလိုတာလား၊ ကျွန်တော် သိပါက ဖြေပေးပါမည်၊
၂။ စစ်တပ်က တပ်စိပ်တစ်စိတ် ဟာ ကုန်သွယ်ရေးဝန်ကြီးဌာန အဆောက် အအုံအတွက် လုံခြုံရေးယူနေပါတယ်၊ ဆန္ဒပြသူတွေဟာ မြို.ထဲတွင်းနေရာ အနှံ.အပြားမှာ ရှိနေပါတယ် ၊ စစ်သား တစ်ယောက် ထံမှ သေနတ်နှင့် ပစ်ခေတ်မှုကြောင့် ကျဉ်ဆံဟာ ဆန္ဒပြသူအနီး အဆောက်အအုံတစ်ခုရှိ နံရံကို ထိမှန်သွားပါတယ်၊ (မတော်တဆ သို. ရန်စ၍ ပစ်သည်ကို သေသေချာချာမသိပါ)၊ အဲဒီမှာ လူအုပ်ကြီးဟာ ကုန်သွယ်ရေး ၀န်ကြီးဌာန ပေါ်ရှိ စစ်သားများအား ၀ိုင်းရံထားပါတယ်၊ အကယ်၍ စစ်သားများတွင် လောင်ချာနှင့် လက်နက်အပြည်.စုံဖြစ်၍ စစ်သားများက ပစ်ခတ်လျင် ဆန္ဒပြသူများ ရာနှင့်ချီ၍ သေဆုံးနိုင်သလို စစ်သားများလည်း ပြေး၍လွတ်မည်မဟုတ်ဘဲ အသတ်ခံရ မည်ဖြစ်ပါတယ်၊ စစ်သားများ အထက်ကို သတင်းပို.၍ အထက်မှ လက်နက်ချခံဖို. ညွန်ကြား ကြောင်းသိရပါတယ်၊ စစ်သားများ အဖမ်းခံပြီး နောက် ဆန္ဒပြသူများက အဆုံးစီရင်ချင် သော်လည်း သရက်တော ကျောင်းတိုက်မှ ဆရာတော်များ ၏ မေတ္တာရပ်ခံချက်အရ ဆရာတော်များ သီတင်းသုံးသော ကျောင်းတိုက်တွင် ထိန်းသိမ်းထားပြီး ပြန်လွှတ်ပေးလိုက်ပါတယ်၊
(အဲဒီအချိန်က ထုတ်ဝေသော ဒီမိုစာစောင် များနှင့် န၀တ မှာ သတင်းစာရှင်းလင်းပွဲများ မှ သိရပါတယ်)၊
၃။ စစ်တပ်က ဆန္ဒပြသူများအား ရက်ရက် စက်စက်သတ်ဖြတ်တာ တရားဝင်သတင်း ထုတ်ပြန်ပေးမယ်လို. ထင်ပါသလား၊ အဲဒီအချိန် မှာ ဆန္ဒပြသူများသာမက အချို.သူများမှာ ဂိုထောင်ဖောက်၍ အပစ်ခံရကြောင်း သိရပါသည်၊ အဲဒီအချိန် တွင် အခြေအနေ အလွန်ရှုတ်ထွေး နေပါတယ်၊
၎။ ကျောင်းသားခေါင်းဆောင် အချို. ဖမ်းခံရခြင်းမှာ လောင်စာဆီ ဈေးနှုန်း မြင့်တက်၍ ဆန္ဒပြခြင်းကြောင့် ဖမ်းဆီး ပါတယ်၊ ၁၉၈၈ ခုနှစ်၊ ဆန္ဒပြခြင်းလို ဖြစ်ပွား လာမှာကြောက်၍ ဖမ်းခြင်းဖြစ်ပါတယ်၊ နအဖ က အာဏာလက်လွှတ်ရမှာ သေမလောက် ကြောက်ပါတယ်၊ ဒါပေမဲ့ အချိန်တန်ရင်တော့ လက်လွှတ်ရမှာပါ၊ ဒေါ်အောင်ဆန်းစုကြည် ကို ဖမ်းထားကတော့ ဒေါ်အောင်ဆန်းစုကြည် ကို ပြည်သူ လူထုတစ်ရပ်လုံးက ချစ်ခင် လေးစားကြပါတယ်၊ ဒေါ်အောင်ဆန်းစုကြည် ဟာ နအဖ ရဲ. ထိုင်ခုံ ကို ကောင်းကောင်း လှုပ်နိုင် တယ်ဆိုတာ သိလို. မလွှတ်ပေးရဲပါ ၊ သူတို. အတွက်တော့ အဓိကရန်သူပေါ့၊ ဒါကြောင့်မို. ဒီပဲရင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည် အား လုပ်ကြံ ကြခြင်း ဖြစ်ပါတယ်၊ ဘယ်လောက် ရက်စက် ယုတ်မာသလဲ ဆိုသာ ကြည်.ပါတော့၊ NLD ဟာ ဒေါ်အောင်ဆန်းစုကြည် ပါတီဖြစ်လို. အခြေအနေပေးသည်နှင့် အမျှ နှိပ်ကွပ်မှာ ဖြစ်ပါတယ်၊ ကိုဇဂနာ ကတော့ နအဖ အသုံးမကျတဲ့ အကြောင်းကို ခဏခဏ ပြောလို. ဖမ်းဆီးပါတယ်၊ (အနာပေါ် တုတ်ကျခြင်း ဖြစ်ပါတယ်) ၊ တစ်ယောက်ဖမ်းဆီးလဲ မကျေနပ်တဲ့ နောက်တစ်ယောက်က ဆန္ဒပြနေဦးမှာပါပဲ ၊
၅၊ ရွှေဝါရောင်တော်လှန်ရေး မှာ ဆိုင်ကယ်တစ်စီးမီးလောင်သည်ကို သတင်း မှာ တွေ.ရပါတယ်၊ အခြားကြီးကြီးမားမား ဖျက်စီးတာ မတွေ.ရပါ၊
...အထက်ပါအချက်များ ဟာ သိသမျှ ပြောရခြင်းဖြစ်ပါတယ်၊...
ကျွန်တော်က သေချာဖတ်ကြည့်ပါတယ်။ သိပ်တော့ နားမလည်ဘူး။ တစ်ခုတော့ ခံစားမိတယ် ။ ဖတ်ရင်းနဲ့ပေါ့။
ဘာပြောနေတယ်ဆိုတာထက် ဘာလုပ်နေကြလဲဆိုတာ
အရေးကြီးတယ်ထင်ပါတယ်။
ဒါကြောင့်ပြောတာပေါ့ ပြောပိုင်ခွင့် ဆိုပိုင်ခွင့်ဆိုတာ ဒီမိုကရေစီစနစ်ရှိမှ တရားဝင် လုပ်လို့ရမယ်...ဒီမိုကရေစီစနစ်မရှိတဲ့ တိုင်းပြည်မှာ ဒီလိုသွားလုပ်လို့မရဘူးလေ...
ဒါကြောင့် ပြောပိုင်ခွင့် ဆိုပိုင်ခွင့်တွေရအောင် အရင် ဒီမိုကရေစီစနစ်ကို ရအောင်ယူထားရမယ်လို့ ဆိုတာ...
၂၀၁၀ ဟာ မြန်မာနိုင်ငံတွက် ကနဦး လမ်းဖွင့်ပေးမယ့် နှစ်ဖြစ်တဲ့အတွက် ဒီမိုကရေစီ ၁၀၀ ရာနှုံးမရှိတောင်မှ ယနေ့လက်ရှိအချိန်ထက် အများကြီးသာနေတယ်...
ဘယ်နိုင်ငံမှာမှ စပြီးဒီမိုကရေစီကျင့်သုံးချိန်မှာ ၁၀၀ ရာနှုံးပြီးပြည့်စုံတယ်ဆိုတာမရှိဘူး...
ဒီအတွက် ၂၀၁၀ ဟာ ကြိုဆိုယှဉ်ပြိုင်သင့်တဲ့ ရွေးကောက်ပွဲတစ်ခုပဲ...
လိုချင်တာကိုပဲ ကလေးတစ်ယောက်လို အတင်းတောင်းနေလို့မရဘူး...သဘာဝကျကျ လိုချင်တာတွေကို possible နည်းလမ်းတွေကိုပဲ စဉ်းစားထည့်တွက်ရမယ်...
ရွေးကောက်ပွဲ ကို ခင်ဗျားပဲ ကြိုဆိုပါဗျာ၊ ဗိုလ်ချုပ်တွေ အရပ်ဝတ်လဲပြီးပြီ ဆိုတော့ ပါလီမန် မှာ သူလူနဲ. သူတောင် ထိုင်ခုံ အဝေတဲ့ပါ့မလား မသိဘူး၊ စစ်တပ်က ၂၅%၊ စစ်တပ်ထွက် ဗိုလ်ချုပ်များ က ၇၄%. ၊ ကောင်းပါတယ်၊
ဒီမိုကရေစီစနစ်မှာ အရည်ချင်းရှိတဲ့သူသာ တတ်ရောက်နိုင်မည် ပြည်သူများကလည်း သူတို့စိတ်ကြိုက် ခေါင်းဆောင်ကိုသာရွေးချယ်မှာဖြစ်တဲ့အတွက် နအဖ ဘက်တော်သားတွေ ၀င်ယှဉ်ပြိုင်လဲ မိမိအနေနဲ့ ဂရုစိုက်စရာကိုမလိုဘူး....
မိမိသာ အရည်ချင်းရှိနေရင် ပြည်သူတွေက ရွေးချယ်ဖို့အဆင်သင့်ပါ..မိမိအနေနဲ့ နအဖ ဘက်တော်သားတွေနဲ့ ယှဉ်ပြိုင်ရဲတဲ့သတ္တိရှိမယ် နအဖ ကသာရွေးကောက်ပွဲကို မှန်မှန်ကန်ကန်သာ လုပ်ပေးရင် ၀င်မပြိုင်ရဲစရာအကြောင်းမရှိပါ...
အားလုံးသော အဖြစ်အပျက်တွေက ဘယ်သူမပြု မိမိမှုပါပဲ
သူတပါးကို ပြုမိတဲ့ကံတွေက ဘယ်သူမဆို တစ်ပတ်ပြန်လည် ပြီးခံရစမြဲပါပဲ
ဒါကြောင့် မိမိရဲ့အတ္တ တပ်မက်မှုကြောင့် အသက်ပေါင်းများစွာကို ဖျက်ဆီးပစ်ရဲတယ်
အဲဒီလိုပဲ နောက်ဆုံးမှာ ကိုယ်သည်လည်းကောင်း ကိုယ်ရဲ့ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းမှ သူများသည် လည်းကောင်း ကိုယ့်ပြုခဲ့တဲ့ကံ ကြောင့် ဆုံးရှုံးမှု တွေပြန်ခံစားရမှာဆို ဘုရားရဲ့ တရားတော်တွေမှာ ဖွင့်ဆိုထားပါတယ်။
အခုလည်း ဒီသဘောပါပဲ။
မငယ်နိုင်ရေ
လေးစားပါတယ်။ နောက်များဆိုရင် သေချာဝင်ဆွေးနွေးပါဦးမယ်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ
ဥက္ကဌကြီးခင်ဗျား ...
ဥက္ကဌကြီးတို့၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ၏လုပ်ရပ်နှင့် ပြောဆိုချက်များမှာ မိခင်ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် မြန်မာပြည်ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးကို ဦးစီး ဖော်ဆောင်နေသော မြန်မာ့တပ်မတော်၏ ရပ်တည်မှုများကိုပါ အထင်အမြင်လွဲစရာများ ဖြစ်စေနိုင်ပါသောကြောင့် အဆိုပါကိုယ်စားလှယ်တော် ဦးလှဆွေကို လိုအပ်သလို အရေးယူနိုင်စေရန် အကြံပြု တင်ပြလိုက်ရပါသည်ခင်ဗျား ။
ဥက္ကဌကြီး အလျင်အမြန် စိစစ်သုံးသပ်နိုင်ရန် ယခုနောက်ဆုံး ဦးလှဆွေ ကိုယ်တိုင် လူသိရှင်ကြား တရားဝင်ပြောထားခဲ့သည့် ဦးလှဆွေ၏နှုတ်ထွက်စကားကို ပြည်သူအများ၏ ဝေဖန် အကြံပြုချက်များနှင့်အတူ ယှဉ်တွဲ တင်ပြလိုက်ရပါသည် ။
( ဦးလှဆွေ၏ ပြောဆိုချက် )
မိမိတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ အမတ်နေရာအားလုံး၏ ၂၆% မျှ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း -
ထို့အတွက် လွှတ်တော်တွင်းရှိပြီးဖြစ်သည့် ၂၅% သော တပ်မတော်ကိုယ်စားလှယ်အားလုံးက မိမိတို့ပါတီအား တလုံးတခဲတည်း ပူးပေါင်းပို့ဆောင်ကြမည့်အကြောင်း
ပင်ဖြစ်ရာ -
(၁) "၂၆% ရရုံမျှဖြင့် အစိုးရဖွဲ့နိုင်သည်" ဆိုခြင်းကြောင့် မိခင်ပါတီအား မလျော်သြဇာသုံးသော၊ အနိုင်ကျင့်ဗိုလ်ကျသော ပါတီအဖြစ် ပြည်သူအများ၏ အထင်အမြင်သေးမှုကို ခံရစေနိုင်ခြင်း ၊
(၂) ဦးလှဆွေသည် အမာခံပါတီဝင်တယောက်ဖြစ်လျက် မိမိပါတီအပေါ် မိမိ ယုံကြည်မှုအားနည်းလွန်းသလောက် အတိုက်အခံပါတီအပေါ် အထင်ကြီးလွန်းခြင်း ၊
(၃) ဦးလှဆွေ ပြောကြားသော မမျှတသည့် ဤဖြစ်ရပ်အရ သန့်ရှင်း၍တရားမျှတမှုကို ဦးတည်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲကော်မရှင်ကိုပါ နိုင်ငံတကာမှ မကြည်မလင် ဖြစ်စေနိုင်ခြင်း ။
(၄) တပ်မတော်သည် ပါတီတခုမဟုတ် ၊ သီးခြားလွတ်လပ်သည့် တသီးပုဂ္ဂလိကအမတ်များလည်း မဟုတ်ပေရာ ဦးလှဆွေ လူသိရှင်ကြား ပြောဆိုသကဲ့သို့ တစုတစည်းလုံးကြီး တရားဝင်ပူးပေါင်းနိုင်ခွင့် မရှိပါသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီဆိုင်ရာ စည်း ဘောင် နည်း ဥပဒေ များနှင့်ပါ ငြိစွန်းသွားနိုင်ခြင်း ။
(၅) ဦးလှဆွေ၏ ပြောကြားမှုကြောင့် ပါတီနိုင်ငံရေးထက် ကြီးမြတ်သော အမျိုးသားနိုင်ငံရေးကို ဦးထိပ်ပန်ဆင်ချီတက်နေသည့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက် ညစ်နွမ်းစေခြင်း ။
....... အစရှိသည့် ထိခိုက်မှုများ ဖြစ်စေနိုင်ရာကား -
အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တော် ဦးလှဆွေ ကို ကျန်းမာရေးဆေးစစ်ကြည့်ခြင်း ၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း ၊ ထုချေလွှာတောင်းခြင်း ... စသဖြင့် လိုအပ်သလို အရေးယူသင့်ပါကြောင်း ပါတီကြီး၏ရှေ့ရေးကို ရည်မျှော်၍ စေတနာမေတ္တာအပြည့်ဖြင့် အကြံပြုလိုက်ရပါသည်ခင်ဗျား ။
လေးစားစွာဖြင့် -
( ဒါရိုက်တာ မိုက် တီး )
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ
ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်အမည်ခံ စစ်ခွေးကြီးတွေနဲ့ စစ်ခွေးကြီးတွေရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်
ဟောကိန်း
============
Zaw Myint Aye
၂၀၁၅၊ ဩဂုတ် ၃၁
မာမီဂျိမ်း လဲ.. စထွက်လာတုန်းကတော့..
တကဲ့ကို ခံယူချက်ရှိတဲ့...
တိုင်းပြည်ချစ်တဲ့သူလိုလို...
လူမျိုးခြား လွှမ်းမိုးတာ မခံချင်သူလိုလို...
ဘာလိုလိုပေါ့...
ဝီ၀ီ လဲ စထွက်လာတုန်းကတော့..
ဘာသာတရားရဲ့..
သူရဲကောင်းတစ်ယောက်လိုပါပဲ.....
နေမျိုးဝေ လဲ စထွက်လာတုန်းကတော့..
နင်းပြားတွေအတွက်.. သူရဲကောင်းတစ်ယောက်လိုပေါ့..
လယ်သမားတွေ... သူ့ကို အရမ်းချစ်ခဲ့တာပေါ့.....
ရဲမိုး လဲ စထွက်လာတုန်းကတော့..
စစ်သားစစ်စစ်တွေဘက်က လိုက်သလိုလို ဘာလိုလိုနဲ့....
ကကကြည်းကိုတောင် ပြန်ပြီး သမလိုက်သေးတယ်.....
ရဲထွဋ် လဲ.. စထွက်လာတုန်းကတော့..
တကယ်ကို ရိုးစင်းတဲ့ဘ၀ကို လိုလားသလိုလို.. အထာနဲ့..
လမ်းဘေးဝက်သားတုတ်ထိုးတောင်.. ထိုင်စားပြလိုက်သေးတယ်.....
အမြင့်ဆုံးကိုပြရင်..
ဦးသိန်းစိန် ကိုယ်တိုင်ကိုက.. စထွက်လာတုန်းကတော့..
တကဲ့ ဒီမိုကရေစီဖခင် ဖြစ်မလိုလို..
ပြုပြင်ပြောင်းလည်းရေးသမားလိုလို..
နိုဘယ်လ်ဆုပဲ ရမလိုလိုနဲ့..
သူရဲကောင်း တစ်ယောက်လိုပဲလေ.....
---------------
အဲဒီလိုပါပဲ...
စထွက်လာတဲ့အချိန်မှာ..
ဆင်းရဲပြီး ပညာရေးအားနည်းလို့
ဆင်ခြင်ဥာဏ်တွေ နိမ့်ပါးတဲ့..
ပြည်သူတွေအကြိုက်ကို လိုက်ပြီး
လုပ်ပြကိုင်ပြ... အမှတ်တွေယူပြီး..
နောက်ဆုံးမှာ...
ပင်ကိုယ်စိတ်ရင်း ရိုးသားမှု မရှိတာကြောင့်..
မျက်နှာဖုံးတွေ ကွာကျသွားပြီး..
အစွယ်တငေါငေါနဲ့ တွေ့လာရတဲ့
သူတွေရဲ့.. အနေအထားတွေဟာ....
ဒီ ငါးနှစ်အတွင်းမှာ...
ကျွန်တော်တို့ ရခဲ့တဲ့..
အကောင်းဆုံး..
အတွေ့အကြုံတစ်ခုပါ..
အခုလဲ....
ဒီလိုမျိုးတွေ ထပ်တွေ့လာဖို့..
အရိပ်အယောင်တွေ..
တွေ့လာရပါတယ်..
ထပ်ပြီး ဖြစ်လာဦးမယ်လို့..
ဟောကိန်းထုတ်လိုက်ပါတယ်...၊
အားလုံး လိမ္မာပါးနပ်ပြီး..
ကိုယ့်ဘက်က လူကျွံဘော...
မပေးမိကြဖို့ပါပဲ...
( Pa Yit )
ဒီမိုကရေစီအစိုးရအယောင်ဆောင် စစ်အုပ်စု ခေါင်းဆောင်အမည်ခံ စစ်ခွေးကြီးတွေနဲ့ စစ်ခွေးကြီးတွေရဲ့ အသုံးချခံတွေ မျက်နှာဖုံး ကွာကျသွားပြီး အစွယ်တငေါငေါ ပေါ်လာပြီ၊ ဒါမျိုးတွေ ထပ်ဖြစ်လာဦးမယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်
စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။
U Tin Maung Tun
၂၀၁၅၊ ဩဂုတ် ၂၉
ပြည်သူတွေ ဆင်းရဲတာ၊ ဒုက္ခရောက်တာ၊ အခွင့်အရေးမရတာ၊ လူ့အခွင့်အရေးဆုံးရှုံးနေတာတွေကို စစ်ဗိုလ်တွေက သိတော့ သိပါတယ်။ ဒါပေမယ့် ကိုယ်ချင်းစာစိတ်၊ သနား ကြင်နာတဲ့စိတ်ကို စစ်ဗိုလ်တွေက ပြည်သူတွေအပေါ် ဘယ်လိုမှ မွေးလို့မရလို့ပါ။
စစ်ထဲရောက်ကတည်းက စ သိလိုက်တာက တဆင့်မြင့်တဲ့သူက သူ့ရဲ့သခင်ဖြစ်လို့ သူက တဆင့်မြင့်တဲ့သူ ခိုင်းတာကို အကုန်လုပ်ပေးရတဲ့ ကျွန် ဆိုပြီးပဲ သိတယ်။
တဆင့်နိမ့်တဲ့သူ ဆိုရင်တော့ သူ့ရဲ့ကျွန်အဖြစ် မြင်တတ်ပြီး တဆင့်နိမ့်တဲ့သူက သူခိုင်းတာကို ဘာမှဆင်ခြေမပေးဘဲ အကုန်လုပ်ရမယ်၊ သူ့ကို ကျွန်ခံရမယ် ဆိုတဲ့ အသိပဲ ရှိကြတယ်။
ဒီတော့ စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားပြီး ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စိတ်ထဲမှာ ဘာမှ မဖြစ်ဘူး။
အဲဒီလို စစ်ဗိုလ်တွေက ပြည်သူတွေရဲ့ သခင်တွေ ဖြစ်နေတာဟာ စစ်တပ်ရဲ့ မူလရပိုင်ခွင့် ဂုဏ်လို့ပဲ စစ်ဗိုလ်တွေက ခံယူထားကြတယ်။
ဦးတင်မောင်ထွန်း
စစ်ဗိုလ်တွေက ပြည်သူတွေကို သူတို့ရဲ့ကျွန်တွေလို့ သဘောထားနေတော့ ပြည်သူတွေ ဘာဖြစ်ဖြစ် အရေးမစိုက်ဘူး၊ ပြည်သူတွေ သေလည်း စစ်ဗိုလ်တွေရဲ့ စိတ်ထဲမှာ ဘာမှ မခံစားရဘူး
Thorn Nay Soe
၈-၉-၁၅
စစ်တပ်ကို ကြောက်တယ်။
အခု ဒီဖေ့ဘုတ်ပေါ်က
စစ်ဗိုလ်အများစုကို ကြည့်တာနဲ့ကို
ကြောက်စရာ တော်တော်ကောင်းနေပြီ။
စစ်ဗိုလ်အများစုဟာ
ဗလောင်းဗလဲ ပြောတယ်၊
အောက်တန်းကျကျ ပုဂ္ဂိုလ်ရေး ပုတ်ခတ်တယ်၊
မဟုတ်မတရား အပုပ်ချတတ်ကြတယ်။
ဒီလောက်
စိတ်ဓာတ် အောက်တန်းကျသူတွေ
အနာဂတ်မှာ အာဏာရသွားလို့တော့
မဖြစ်ဘူး။
ဒီတော့
စစ်အုပ်စုနဲ့ပတ်သက်တဲ့ ကြံ့ဖွတ်ပါတီကိုတော့
ဝေရာမဏိ
ဝေးစွာ ရှောင်ကြဉ်ပါ၏။
သွန်းနေစိုး
စစ်ဗိုလ်အများစုဟာ စိတ်ဓာတ် တော်တော် အောက်တန်းကျလို့ အနာဂတ်မှာ အာဏာရသွားလို့ မဖြစ်ဘူး
Aye Aye Soe Win
၈-၉-၁၅
စစ်ခွေးအချို့ဟာ "သူတို့ဟာ တောခိုခဲ့သူ၊" "သိဖူးပါတယ်" ဆိုပြီး တက်လာနေတယ်။ လွန်ခဲ့တဲ့ ၂၅ နှစ် အတွင်း တခါမှလည်း လူလိုသူလို စကားစမြည် တခါတောင် ပြောဖူးတာတောင်မရှိ။
စစ်ခွေးတွေရဲ့ ဖန်ရှင် (function) (အလုပ်၊ တာဝန်) က ပညာမပါတာတွေ၊ မမှန်တာတွေ၊ အဆက်အစပ်မရှိတာတွေ တက်ပြော၊ တက်ရေးပြီး ဒီမိုကရေစီဘက်သားတွေ စိတ်အနှောင့်အယှက်ဖြစ်စေရေးပဲ။
သန်းရွှေ၊ ခင်ညွန့်၊ သိန်းစိန် စစ်အစိုးရ၏ အောက်တန်းကျတဲ့လုပ်ရပ်ဟာ အဲဒါပဲ။ ၈၈ ကတည်းက လူလိမ်တွေကို နေရာတိုင်းမှာ ရိုက်ထည့်ထားပြီး သူတို့ ကျီးလန့်စာစား ဖြစ်နေတိုင်း အမြင်မှန် အယူမှန် ရှိသူတွေ၊ စိတ်ရှည်ရှည် ဇွဲသန်သန်နဲ့ ဖိုက် (fight) နိုင်တဲ့သူတွေကို ပစ်မှတ်ထားပုံရတယ်။
စစ်ခွေးတွေရဲ့ ဖန်ရှင်က မရ ရတဲ့နည်းနဲ့ နှောင့်ယှက်မယ်၊ စစ်ခွေးဝါဒကို မရအရ ဖြန့်မယ်။ သမိုင်းမှာ သူတို့ကိုယ်တိုင် အရေးပါတဲ့နေရာ တနေရာက ပါခဲ့သလို ဘာမှ အရေးမပါတဲ့ trivial facts (အရေးမပါတဲ့ အသေးအဖွဲ အချက်အလက်တွေ) လာလာ ပြောမယ်။
စစ်ခွေးတွေ၏ သည်လို အလုံးတွေဟာ အတော့်ကို ရိုးနေပြီ။ ဖန်တရာတေနေပြီ။
သည်အရေးအသားတွေ၊ ကွန်မင့်တွေဟာ စစ်ခွေးတွေ စာကြောင်း သုံးကြောင်း ရေးလို့မပြီးခင် ဘယ်သူ့အတွက် အလုပ်လုပ်နေတယ်၊ ဘာစေတနာနဲ့ ၀င်လာတယ် ဆိုတာ သိနိုင်တယ်။
သူတို့ကို "စစ်ခွေး" လို့ တချက်အော်လိုက်တိုင်း သူတို့ရင်ဝမှာ မြားစူးသလို ဖြစ်နေတယ် ထင်ရတယ်။
"စစ်ခွေး" ဆိုလို့ လွန်ခဲ့တဲ့ ၃ - ၄ နှစ်က မှ ဒီအက်စ်အေ က ဆင်းလာတဲ့ ကောင်တွေကိုချည်း ပြောတာ မဟုတ်။
စစ်ခွေးတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရှိနေတယ်။
- ကျောင်းဆရာမ လုပ်ပြီး စစ်အုပ်ချုပ်ရေးဘက်က ကာကွယ်သူ၊
- ဆရာဝန် ဘူဂျွာ (ဘူဇွာ) ဖြစ်နေသည့်တိုင် "အပြောင်းအလဲတွေဟာ မကောင်းဘူး" ဆိုတဲ့ တကိုယ်ကောင်းစိတ်ရှိသူ၊
- ဘုန်းကြီး တန်မဲ့ သူတော်ကောင်းတရား မဟော၊ အုပ်ချုပ်သူကို ဖေးမဖို့ သူယုတ်တရားကို ဘေးတီးဟောသူ၊
- ဒုက္ခသည် ခံပြီး အနောက်နိုင်ငံတွေ ရောက်လာပေမယ့် ကာလများစွာ မြေရှိုးနေပြီး ဟော.. ခုလို သိန်းစိန် ဖက်ဆစ်ခေတ်ရောက်မှ.. ပရောဟိတ်တွေယောင်ယောင် ပုံစံမျိုးနဲ့ ပေါ်လာပြီး ငြိမ်းချမ်းရေးတရား အမည်ခံ ဘောမတရားများ ဟောကာ ရောကောသောကော အကြံအဖန်ရိုက်နေသူ၊
- အရာရာကို စီးပွားရေးအကျိုးအမြတ်မျက်လုံးနဲ့ ကြည့်သူ
- အာဏာရသူသာ အမှန်ဟု ထင်တတ်သူ
- လူတန်းစားအမုန်း (class hate)၊ လူတန်းစားခွဲခြားမှု ရှိနေတာကို မရှိလေသယောင် ပြောပြီး ငြင်းသူ
သည်လူ အားလုံးဟာ ပြည်သူ့ရန်သူ စစ်ခွေးတွေပဲ။
စစ်ခွေးတွေချည်း သိတဲ့ "ဘောတရား" မှာ ပြည်သူ ဆိုတာ မရှိ။ ပြည်သူ့အတွက်တိုက်ပွဲ ဆိုတာ မရှိ။ ပိုက်ဆံ၊ အခွင့်အရေးနဲ့ အာဏာရထားသူကိုသာ ကပ်ထားတဲ့ အချောင်သမားစိတ်တွေသာ ရှိနေကြတယ်။
သည်လူတွေဟာ ပုံစံအမျိုးမျိုးနဲ့ ရပ်တည်နေပြီး သိန်းစိန် စစ်အုပ်စုကို ဖားနေ၊ ကာနေရတုန်း။
အမေရိကကိုလည်း သည်နိုင်ငံကြီးဘက်က သူတို့ကို နည်းနည်း အဖက်လုပ်ပြီးသကာလ၊ ဆိုင်ဆိုင် မဆိုင်ဆိုင်၊ တက်တက် ဖားတာကတော့ ပြိုင်စံရှားပဲ။
ဖားသာ ဖားရတယ်၊ အမောင် စစ်ခွေးတောသားတွေ ဥာဏ်ပညာက တစက်မှ မပါ။
အေးအေးစိုးဝင်း
စစ်အစိုးရက ပြည်သူများအတွင်းမှာ ပုံစံမျိုးစုံဖြင့် မြှုပ်ထားသော စစ်ခွေးများ
ကိုထိုက်
၁၉-၁၁-၁၅ ရက်
... ရန်ကုန်မြို့လယ်ခေါင် လူမြင်သူမြင် နေရာမှာတောင် ... လူမမယ် အရွယ်လေးကို ဒီလောက် ညှဉ်းပန်း နှိပ်စက်တာ
ဆိုတဲ့ စိတ်ဓါတ်ရှိတဲ့ စစ်တပ်အသိုင်းအဝိုင်း
အဲဒီလို စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတဲ့ စစ်တပ်က -
.. သတင်းထောက် ကိုပါကြီးကို စစ်တပ်ထဲမှာ သတ်ပစ်တာ
.. လက်ပံတောင်းတောင် ကြေးနီစီမံကိန်းက ဒေသခံ ဒေါ်ခင်ဝင်းကို ပစ်သတ်တာ
.. ကချင်ဆရာမလေး နှစ်ယောက်ကို ရက်ရက်စက်စက် မုဒိန်းကျင့်ပြီး သတ်ပစ်တာ
.. တိုင်းရင်းသူတွေကို မုဒိမ်းကျင့်ပြီး သတ်ပစ်တာ
.. အသက် ၆၀ ဝန်းကျင်ရှိတဲ့ အဘွားအိုကိုတောင် မုဒိမ်းကျင့်တာ
ဆိုတဲ့ လူမဆန်တဲ့ လုပ်ရပ်တွေကို လုပ်တာ မထူးဆန်းတော့သလိုပဲ။
ကျက်သရေ အင်မတန် တုံးတဲ့ သတ္တဝါတွေ ..
.. မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူသားတွေ ဘယ်က ထွက်လာသလဲ ကြည့်လိုက် ...
.. ပြေးကြည့်စရာ မလိုဘူး
.. စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ။
.. "စိတ်ဓါတ်ရော၊ စာရိတ္တရော၊ စည်းကမ်းရော ပျက်စီးပြီး ပညာမဲ့နေတာ -- မြန်မာ့တပ်မတော်" ...
.. "ခိုးဝှက် အာဏာမက်တဲ့ နေရာမှာ စည်းလုံးတာ -- မြန်မာ့တပ်မတော်" ...
ဆိုပြီး ဆောင်ပုဒ် ပြောင်းရတော့မယ်။
ကိုထိုက်
မြန်မာပြည်မှာ လူမဆန်တဲ့ လုပ်ရပ်ကို လုပ်တဲ့ လူတွေက စစ်တပ်က မွေးထုတ်ပေးလိုက်သူတွေချည်းပဲ
Aung Naing Moe
၂၄-၁၁-၁၅ ရက်
အပြင်စီးပွားရေးလုပ်ငန်း လုပ်တာမဟုတ်ဘဲ အစိုးရဝန်ထမ်းသက်သက် လုပ်ပြီး မတန်တဆ ကြီးပွားချမ်းသာပြီဆိုရင် အဲဒါ တိုင်းပြည်ဘဏ္ဍာကို ခိုးစားလို့ ဖြစ်ရင်ဖြစ်၊ (ဒါမှ မဟုတ်ရင်) အကျင့်ပျက် လာဘ်စားလို့ ပဲ။
သိန်း သောင်းချီတန်တဲ့ အိမ်မှာနေနေ၊ အဲဒီထက် တန်ဘိုးကြီးတဲ့ စံအိမ်တော်မှာနေနေ သူခိုးကတော့ သူခိုးပါပဲ။
လွတ်လပ်တဲ့တနေ့မှာ အဲဒီဝန်ထမ်းသူခိုးတွေကို ပြန်လည်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်။
အမျိုးသားရင်ကြားစေ့ရေးဆိုပြီး ဒီအတိုင်း လွှတ်မပေးသင့်ဘူး။
အောင်နိုင်မိုး
တိုင်းပြည်ဘဏ္ဍာကို ခိုးစားတဲ့၊ ဒါမှမဟုတ် လာဘ်စားတဲ့ ဝန်ထမ်းသူခိုးတွေကို ပြန်ဖော်ထုတ်ပြီး ခိုးထားတဲ့စည်းစိမ်တွေကို တိုင်းပြည်ဘဏ္ဍာအဖြစ် ပြန်သိမ်းသင့်တယ်