မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အဓမ္မနဲ့ ဓမ္မ

အသင်စောင်းရွဲ့နေသော်လည်း
ကျွန်ုပ်တည့်မှတ်နေပါသည်။

အသင်ကွေ့ကောက်နေသော်လည်း
ကျွန်ုပ်ဖြောင့်စင်းနေပါသည်။

အသင်မိုက်ရိုင်းသလို
ကျွန်ုပ်ရိုင်းမည် မဟုတ်ပါ။

အကုသိုလ်နှင့် ကုသိုလ်ဆိုတာ
ကောင်းစွာ ခွဲခြားတတ်သည့်အချိန်မှစ၍
မတရားမှုကိုရှောင် တရားမှုကိုသာ ကျွန်ုပ် ဆောင်ပါသည်။

အဓမ္မနှင့်
ဓမ္မပြိုင်ပွဲတိုင်းမှာ
မနိုင်သည့်တိုင်အောင်
ဓမ္မရှိသည့် ဘက်မှာသာ ကျွန်ုပ် ရပ်တည်ပါမည်။

ဤမှန်ကန်သော ရပ်တည်ချက်ကြောင့်
ဓမ္မသာလျင် အောင်ပွဲဆင်နိုင်ပါစေသတည်း။

(မတရားမှုမှာ ပျော်မွေ့တတ်သည့် အကြင်သူ အားလုံးအတွက် ရည်ရွယ်ပါသည်။)

နှလုံးစိတ်ဝမ်းငြိမ်းချမ်းပြီး ရွှင်လန်းချမ်းမြေ့ကြပါစေ။



10 comments:

ဒီပို့စ်ကလေးကို အင်မတန် နှစ်သက်မိပါတယ်... မငယ်နိုင်ရေ။

အစွန်းရောက် အမြင်စောင်းနေတဲ့သူတစ်ယောက်ကို တည့်မက်ပေးဖို့က ခက်ပါတယ်...

မငယ်

ခုနက တင်တင်ခြင်းဖတ်ပြီးသား..။ ဟိုဘက် တလုံးက ရိုက်ရတာ အဆင်မပြေတာနဲ့.. အခုမှ ပြန်ရိုက်ဖြစ်တာ.. ဟုတ်တယ်မငယ် လောကကြီးမှာ တရားတာကို လုပ်ဖို့ဆိုတာ ခက်တယ်.. အထူးသဖြင့် အာဏာရှိတဲ့သူတွေမှာ ပိုဆိုးမယ်ထင်တာပဲ..။ ဘာပဲဖြစ်ဖြစ် လူ့ဘဝရတဲ့အချိန်လေးမှာ ကောင်းတာတွေကို များများလုပ်ချင်တယ်.. ဒါဆိုရင် အခုဘဝရော နောင်ဘဝအတွက်ပါကောင်းမယ်လို့ ထင်တာပဲ သူငယ်ချင်း.. ဒါအရိုးဆုံးပြောကြည့်တာပါ..။

မတရားမှုမှာ အမှန်တွေ ပျောက်ကွယ်နေတက်သလို မတရားမှု ကို လုပ်သူတွေဟာလည်း နောင်ဘဝအထိ အဲဒီအပူတွေ ဆင်းရဲခြင်းတွေ ပါသွားပါလိမ့်မယ်..။

မဗေဒါ

ထိမိတယ်ဗျာ။ နောက်လည်းရေးပါအုံး။

God knows the truth but wait တဲ့ မငယ်ရေ....ဓမ္မမှုကို လက်ကိုင်ထားကြတဲ့သူတွေအတွက်၊ အမှန်တရားကို ချစ်ကြတဲ့ သူတွေအတွက် ကြားဖူးတာလေးပါ....ဒါပေမဲ့ စောင့်ရတာ ကြာလွန်းတယ်နော်....

ဤမှန်ကန်သော ရပ်တည်ချက်ကြောင့်
ဓမ္မသာလျင် အောင်ပွဲဆင်နိုင်ပါစေသတည်း။

မှတ်ချက်မှာရော C-Box တွေမှာပါ တခြားသူတွေ ရေးတဲ့ ပို့စ်တွေမှာ ရေးထားတဲ့ မှတ်ချက်တွေအပေါ်မှာပါ ပုဂ္ဂိုလ်ရေးတိုက်ခိုက်ခံရတာ များလာလို့ ရင်ထဲက ခံစားရတာတွေကို ချရေးထားတာကို လာဖတ်ကြလို့ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဘလော့ဂ်မှာ စာလာဖတ်ခဲလှတဲ့ ကိုပေါကိုယ်တိုင် သဘောကျတယ်ဆိုလို့ ပိုပြီးဝမ်းသာပါတယ်။

သူငယ်ချင်း မဗေဒါရေ အဲဒါ ကဗျာတော့ မဟုတ်လောက်ဘူးထင်တယ်။ ကဗျာစပ်မတတ်ဘူးဆိုတာ ပြောထားတယ်လေ။

နိုင်ခြင်း-ရှုံးခြင်းထက် မှန်ခြင်း-မှားခြင်းပေါ်မှာ ခွဲခြားရပ်တည်လိုစိတ်ကို လေးစားပါတယ်။

ကြိုက်တယ် ညီမ ရေ ...

mie nge

ဗျို့မငယ်နိင်၊

ဂူဂယ်မှာ ဗမာလိုရိုက်လို့ မရတာနဲ့ ဒီမှာလာရေးလိုက်တယ်။ ပို့စ်နဲ့တော့ မဆိုင်ပါ။

မေးချင်တာ နှစ်ခုရှိပါတယ်။

၁။ မငယ်နိုင် ဘလော့ကို ဘယ်က template/design သုံးထားသလည်းလို့ပါ။ ကျနော့်ဘလော့က ဘောင်ကျဉ်းလွန်းတော့ ပို့စ်ရှည်တွေ မရေးနိုင်ဘူးဖြစ်နေတယ်။ အလံပြောင်းထားတာလေးလည်း အရေးမကြီးပေမယ့် ပြောပြနိုင်ရင် ကောင်းမှာပါပဲ။

၂။ မနေ့ကပို့စ်ကို ဖတ်လိုက်တော့မှ ရွာတွေမှာ သူနာပြုသဘောလိုက်လုပ်ဖူးတာ ခုမှသိရလို့ သူငယ်ချင်းအမကြီးတစ်ယောက်များ သိမလားလို့ မေးချင်လို့ပါ။
သူ့နာမည်က နော်အက်စ်ဟီးထူး (မထူး)၊ ဖားအံကောလိပ်က ဒုတိယနှစ် သတ္တဗေဒ ကလာတာ။ အိန္ဒုရွာသူဖြစ်ပြီး လူကောင်ခပ်ထွားထွားနဲ့။ သူလည်းအရေးအခင်းမှာ ထွက်သွားပြီး သူနာပြုဆရမတစ်ယောက်ရဲ့ လက်ထောက်အနေနဲ့ တရွာဝင်တရွာထွက် ဆေးလိုက်ကုပေးနေတယ် ကြားခဲ့မိဘူးလို့ပါ။ စိတ်ထားကောင်းတဲ့ သူငယ်ချင်းတယောက်မို့ သတိတရဖြစ်မိပါတယ်။ သူနဲ့တွဲခဲ့တဲ့ အမျိုးသမီးကတော့ ခုထိကြံ့ဖွတ်မှာ ဆက်လုပ်ရင်း ကွန်ပြူတာဆရာမတောင်ဖြစ်နေတယ်။

ကျေးဇူးကြိုတင်လျက်၊
မန်းကိုကို