မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပေတောကုန်း ကိုပေါတေ နင့် ဂျိုကုပ်ကြီး အင်တာဗျုး (ဒုတိယပိုင်း)




ပထမပိုင်းကိုမဖတ်ခဲ့ရသေးရင် ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
ဂျိုကုပ်ကြီးနဲ့ဂွေးကောက်ပွဲ

ကိုရင်ပေါတေ။ ။ခုဆိုရင်ကျေးလက်မြို့ပြ ကွာဟချက် နည်းအောင် လုပ်ဆောင်ခဲ့တဲ့ ဂျိုကုပ်ကြီးရဲ့ အမြော်အမြင်တွေကိုတဖြည်းဖြည်းပြည်သူတွေ နားလည်လောက်ပြီလို့ ကျနော်လည်း ယူဆပါတယ်။ဟုတ်တယ်ဗျ။ စေ့စေ့တွေးမှ ရေးရေးပေါ် ဆိုသလို အရင်က မီးစက်သံဆိုတာ ရွာဦးကျောင်းနဲ့ရွာက ဗွီဒီယိုရုံ တွေမှာပဲကြားဘူးတာ။ ခုတော့ မြို့လယ်ခေါင် ပေါ်ကိုပါ.. ဒီမီးစက်ယဉ်ကျေးမှု ကြီးထွန်းကားလာတာကိုး။ ဂျိုကုပ်ကြီးပြောတာမှန်ပါပေတယ်။
ကျေးလက်နဲ့ မြို့ပြ ကွာခြားချက်ဘယ်လိုရှာရမှန်းတောင်မသိတော့ပါဘူး။အခုတဆက်တည်း ရွေးကောက်ပွဲ အကြောင်းလေး ဗျုး လိုက်ရအောင် ခင်ဗျာ။

ဂျိုကုပ်ကြီး။ ။ ဝှေးကောက်ပွဲပါ။ ဘယ်ကလာရွေးကောက်ပွဲလဲ။

ကိုရင်ပေါတေ။ ။ ခင်ဗျာ....!!!!!ဘယ်လို... ဘယ်လို...အမိန့် ရှိပါ။ အသေအချာ ရှင်းပါဦး...ဂျိုကုတ်ကြီး။

ဂျိုကုပ်ကြီး။ ။ ဟုတ်တယ်လေ။ ဟို ငါတို့ သိပ်ကြောက်ရတဲ့ ဟိုအမျိုးသမီးကို ဝင်မပါနိုင်အောင်လုပ်ထား ကတည်းက (အဲလေ..ယောင်လို့ ...) တိုင်းပြည်အုပ်ချုပ်မင်းလုပ်တဲ့နေရာမှာ စစ်သားကြီးလုံးလုံး စစ်ဗိုလ်ကြီးရှုံးလောက်ငဲ့ ... ဆိုသလို ပုခုံးနဲ့ ကျောပြင် အကြောအချင်က သံချောင်း ဗိုလ်မင်းများသာ သင့်တော်တယ်မဟုတ်ပါလား ..မောင်ပေါတေ။

ကိုရင်ပေါတေ။ ။ သြော်…မှတ်သားလောက်ပါပေတယ်။ အော်ဒါကြောင့်ေ-ွး ကောက်ပွဲလိုခေါ်တာကိုး...။
ဒါနဲ့ ဟိုစွန့်ပစ်ခံမြို့ဟောင်းကြီးရဲ့မြို့ တော်ဝံမောင်ပြောင်ကြီးလည်း အဲ့ဒီေ-ွးကောက်ပွဲမှာ ဝင်ပါမယ်ဆို။
သူ့မှာ ထူးထူးခြားခြား နိုင်ငံရေး နောက်ခံလည်းမရှိ ၊ လူထုအကြားရေပန်းစားတာမျိုးလည်းမရှိပဲနဲ့။
ဘယ်လိုမျိုး ရည်ရွယ်ပြီး ဝင်ပြိုင်မှာတုန်း ဗျ။



ဂျိုကုပ်ကြီး။ ။ ပြောင်ကြီးပါဆိုမှ။ ထိပ်တင်မဟုတ်ဘူး။ မျက်နှာပါ ပြောင်တယ်လေ။ ဟဲဟဲ…..။ အလကားပြောတာနော်။ ပြောင်ကြီးက ယူနီဖောင်းကို မချွတ်ချင်ဘူးလေ ဒီကောင့်ကိုအရပ်ဝတ် ထဲဆွဲထည့်ဖို့ ကဒီတစ်နည်းပဲ ရှိတာလေ။ သူနိုင်စရာမလိုပါဘူး။ ဝှက်ဖဲတွေရှိတယ်။ ဟဲဟဲဟဲ…..။

ကိုရင်ပေါတေ။ ။ တိုင်းဒေသကြီးတို့၊ ပြည်နယ်ဒေသကြီး တို့ဆိုပြီးလွှတ်တော်တွေကိုအရပ်ရပ်က ဝင်ပါခိုင်းတော့၊ တန်တော့ဂျိုကုပ်ကြီးတို့ တိုင်းနဲ့ ပြည်နယ်တွေမှာ လွှတ်တော်တွေ ပြည်နယ် အုပ်ချုပ်ရေး အစိုးရ အိမ်တော်တွေဆောက်ပြီးပြီလား။ ဥပမာ၊ ချင်းပြည်လိုနေရာမျိုးဆို …နေရာအရှားသား။

ဂျိုကုပ်ကြီး။ ။ မပူပါနဲ့။ သူတောင်းစားနေတော့ဇရပ်၊ ဘုရင်နေတော့နန်းတော်ဆိုသလို..... ဥုံဖွ … လွှတ်တော်ဖြစ်စေ..... ဆိုပြီးရှိပြီးသား တဲတွေကို လက်ညိုးထိုးပြီးထိုင်ခိုင်းလိုက်မှာပေါ့။

ကိုရင်ပေါတေ။ ။ အလားတူအောင်မြင်မှုမျိုး ရှိရင်မိန့် ပါခင်ဗျာ။

ဂျိုကုပ်ကြီး။ ။ တော်စမ်း … ပါကျော်စန်းရာ…. အဲ… ပေါတေရာ။နင် အတော်ညံ့သေးတာ .. ဒါနဲ့များ မီဒီယာ လုပ်ဦးမယ်လား...။ဝေးဝေးမကြည့်နဲ့....
လက်စွာ ပြဿနာရှာတတ်တဲ့ စက်မှုကျောင်းသား တွေကိုပဲကြည့်လေ လယ်ကွင်းတွေထဲပို့ လိုက်တာ ဘာတတ်နိုင်သေးလဲ။ ဘာလုပ်နိုင်ဦး မလည်း ဟုတ်ဘူးလား။ သူတို့ လေးတွေအခုမှ ထန်းရည်နဲ့ လယ်ကွင်းအရသာသိကြရှာတာ။ ဒါမှမဟုတ်ရင် နိုင်ငံတကာ၊ နိုင်ငံတကာ နဲ့ ခေါင်းကိုကိုက်နေတာ။

ပြည်သူတွေဆိုတခဲနက် ထောက်ခံလိုက်သမှ မြန်မာ့အလင်းသတင်းစာတို့၊ ကြေးမုံသတင်းစာတို့ ၊ မြဝတီရုပ်မြင်သံကြားတို့၊ မြန်မာ့အသံ ရုပ်မြင်သံကြားတို့မှာ… အခါမလပ်ထုတ်လွှင့်ပေး နေတယ်မဟုတ်လား။ သန်း၅၀ရဲ့ဘုန်းနဲ့.. ဟောဒီက.. သန်း..တစ်ကောင် တည်းရဲ့ဘုန်း ဘယ်ဘုန်းကကြီးသတုန်း မောင်ရင်။ ခုမှ.. ဘာအင်္ဂါရပ်၊ ညာအင်္ဂါရပ်တွေ လုပ်မနေပါနဲ့။

ကိုရင်ပေါတေ။ ။ သြော်မှတ်သားလောက်ပါတယ်။
ဒါနဲ့ အစောကပြောခဲ့တဲ့ …. အခုေ-ွးကောက်ပွဲကြီး ကိုအောင်မြင်အောင် ကျင်းပနိုင်မယ့်ယုံကြည်ချက်လေး ရှိရင်မိန့်ပါဦး။


ဂျိုကုပ်ကြီး။ ။ အချက်သုံးချက်မှတ်ထား..ပေါတေ။
(၁) နိုင်ငံတကာကမျက်နှာဖြူများကလက်ခံလိုက်ပြီ။ သူတို့ကိုယ်တိုင်ကဒီကိစ္စကိုဘိုလိုဒီလိုရေးထားတယ်ကွ။ General Election တဲ့။ မင်းသိတယ်မဟုတ်လား။ ငါတို့ General တွေကိုရွေး ကောက်တော့မယ် ဆိုတာကိုလေ။ ဟဲဟဲဟဲ .........

(၂) ပြည်သူများကလည်း ဒီနိုင်ငံကို ရွှေနိုင်ငံလို ခေါ်တာဘယ်သူမှမကန့်ကွက်တဲ့အပြင်… နုတ်တွေက တစ်ရွရွတစ်ဖွဖွ ရွတ်နေတော့တာမဟုတ်လား။(ရွှေနိုင်ငံ..ရွှေနိုင်ငံ...) တကယ်လဲ.. ရွှေနိုင်ငံပဲ မဟုတ်လား။
ငါ့ကို ချစ်လွန်းလို့ အဖျားစွတ်ခေါ်ကြတာ။ အဲလေ.. အရင်းစွတ်ခေါ်ကြတာ။

(၃) ဘယ်သူပေးပေးမပေးပေးငါ ..ဒီထိုင်ခုံပေါ်တက်ထိုင်ပြီး ငါ့ဖာသာငါရာထူးတွေ လျှောက်ပေးပြီး နေလာလိုက်တာ ပြည်သူက တင်မက၊ နိုင်ငံတကာကပါ အစိုးရ… အစိုးရလို့ .. အသိအမှတ် ပြုထားတယ် မဟုတ်လား။ ဟဲဟဲ ...။

နိုင်ငံတစ်ခုမှာ အစိုးရတက်လုပ်ရတာ ဒီလောက်လွယ်မယ်လို့ တောင်မထင်ခဲ့ဘူး အခုတော့လဲ.. တိုင်းပြီးချုပ်တဲ့ ပက္ကလာ.. မိုးရွာသည် နှင့်အခန့် သင်ဆိုသလိုပေါ့ကွာ။ ဒါတွေကို ကြည့်ခြင်းအားဖြင့်…. ငါအောင်မြင်ဦး မှာဆိုတာ မြေကြီး လက်ခတ်မလွဲပေါ့ကွာ။


ခေတ္ထရာ - မောင်လူဆိုး
နောက်ထပ်အပိုင်းများဆက်ပို့ပေးပါ ကဆက်လက်ဖော်ပြ ပေးပါမည်။ (မှတ်ချက်။ ။ Satire သဘောရေးခြင်းဖြစ်ပါတယ်ခင်ဗျာ။)


source by :ပြည်တွင်းမှပေးပို့ထားသည်ကို တင်ပေးခြင်းဖြစ်ပါသည်။

6 comments:

ဒီလို ဆွဲတွေး လိုက်တော့လည်း
ဟုတ် တုတ် တုတ် ပဲ ..
ဒါကြောင့် သက်ဆိုးရှည် နေတာ ကိုးးး

ရွေးကောက်ပွဲမှာ ရကောက်က အမြီးတိုသွားတာကိုး...

ထပ်ပို့ပေးရင်ထပ်တင်ပေးပါ... ရီရတယ်...

းဝ)

သူ့ဟာနဲ့ သူကျတော့လဲ ဟုတ်လို့ပါလား။ ရယ်ပြီးခဏ ရင်မော ရတယ်။

ပို့စ်တင်ပေးသွားသူရော လာလည်ဖတ်ရှုပြီး မှတ်ချက်ပေးသွားသူတွေကိုပါ ကျေးဇူးတင်ပါတယ်။ ကျွန်မတောင် ဒီပို့စ်ကို မနက်မိုးလင်းမှ တွေ့ရတယ်။ ပထမပိုင်းကို မဖတ်ရသေးသူများ ပထမပိုင်းကိုပါ သွားဖတ်ကြည့်ဖို့ အကြံပြုပါတယ်။

အော် တဖက်သတ်ကြီး ဟာသ ရေးထားတာပါလား
နအဖ ဘက်ကနေ အဲဒီဘက်က အတိုက်အခံခေါင်းဆောင်ကို ပြန်ရေးရင်
ဒီလိုတောင် ကျေးဇူးတင်ပါတယ်လို့
ပြောနိုင်ပါ့မလား .................

ပိုးဟပ်ဖြူရေ နအဖဘက်ကနေ အတိုက်ခံဘက်ကို ပို့စ်နဲ့ ဆိုင်လို့ အစ်မဆီမှာ ဒီလိုရေးထားရင် အစ်မက ဟုတ်တာကို ပြောထားရင် ငြင်းမှာမဟုတ်ဘူး။ မဟုတ်တာကို ရေးထားရင် မဟုတ်ဘူးလို့ ပြန်ပြောမယ်။ နအဖကို ကျေးဇူးတင်စကားတော့ ပြောစရာ အကြောင်း ဘာမှမရှိပါဘူး။ အခု ဒီပို့စ်က အစ်မက ဟာသအပါအ၀င် ရသစာတွေ ရေးမတတ်လို့ မောင်လေး မိုးသွေးငယ်က သူ့မိတ်ဆွေ ရေးထားတာကို တင်ပေးထားပေးလို့ ကျေးဇူးတင်စကား ပြောပါတယ်။