မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

၁၆ နှစ်သမီး ကမ္ဘာပတ်ရာကအပြန်

ပြီးခဲ့တဲ့ပတ် စနေနေ့က သြစကြေးလျား ချာနယ်တွေ အတော်များများမှာ ရက်ပေါင်း ၂၁၀ ကြာ ရေကြောင်းခရီးနဲ့ ကမ္ဘာကို တပတ်ပတ်ပြီး ပြန်ရောက်လာသည့် ကမ္ဘာ့အသက်ငယ်ဆုံး ကမ္ဘာပတ်နိုင်သူ အသက် ၁၆ နှစ်အရွယ် Jessica Watson ကို ကြိုဆိုတဲ့ သတင်းတွေနဲ့ပဲ ပြည့်နေပါတယ်။ ဖစိဖိတ်သမုဒ္ဒရာ ထဲကနေ ဆစ်ဒနီကွေ့ထဲကို ၀င်လာတဲ့အချိန်ကစပြီး သတင်းတွေမှာ အဆက်မပြတ် Live Show နဲ့ ဖေါ်ပြပါတယ်။ အဲဒီနေ့က ကျွန်မက လုပ်စရာ ရှိတာတွေကို ပစ်ထားပြီး Jessica Watson ရဲ့ရွက်လှေ ဆစ်ဒနီဆိပ်ကမ်းကို မရောက်ခင် Manly ကနေ ၀င်လာပြီး ဆိပ်ကမ်းကပ်၊ ကြိုဆိုအခမ်း အနားပြီးတဲ့အထိ TV ထိုင်ကြည့်ခဲ့ပါတယ်။





Jessica ကမ္ဘာပတ်ရာမှအပြန် ဆစ်ဒနီအ၀င်



Manly ကို စ၀င်လာပြီဆိုတာနဲ့ Jesica လှေရဲ့ တ၀ိုက် ရှေ့နောက် ဘေးဘယ်ညာနဲ့ မလှမ်းမကမ်းမှာ မရေတွက်နိုင်တဲ့ စက်လှေတွေ ခြံရန်ပြီး လိုက်လာနေပါတယ်။ ဆစ်ဒနီမှာ စက်လှေ ဒီလောက်များများ တစုတစည်းတည်း ကျွန်မ တွေ့ဖူးတာ ဒီတခါ ပထမဦးဆုံး ဖြစ်ပါတယ်။ Australia Day အခမ်းအနားတုန်းကတောင် စက်လှေ ဒီလောက်များများ မတွေ့ခဲ့ရဘူး။ လှိုင်းတွေ ပုတ်ခတ်နေတဲ့ သမုဒ္ဒရာရေ စိမ်းစိမ်းပေါ်မှာ Jesica ရဲ့ ရွက်လှေလေး လူးလိမ့်ပြီး ဖြေးဖြေးချင်း ၀င်လာနေတာကို စိတ်ထဲမှာ မြန်မြန်လာတာမဟုတ်ဘူးလို့ အားမလိုအားမရနဲ့ ကျွန်မ တချိန်လုံး ကြည့်နေခဲ့တယ်။ သတင်းထောက်ကလည်း Operahouse နဲ့ Harbour Bridge တလျှောက် Jessica ကမ်းအကပ်ကို ကြိုဆိုနေတဲ့ လူအုပ်ကြီးကို ရိုက်ပြလိုက်၊ ဟိုလူ့ အင်တာဗျူးလုပ် ဒီလူ့အင်တာဗျူးလုပ်နဲ့ ရိုက်ပြနေတယ်။ တနာရီခွဲမှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထားတဲ့ စုံတွဲကလည်း Botanic Garden ထဲက ပန်းခြံထဲကနေပြီး တနာရီခွဲအထိ Jassica ကမ်းမကပ်သေးတော့ သူလာမှပဲ မင်္ဂလာဆောင်တော့မယ်ဆိုပြီး Jassica ကမ်းအကပ်ကို စောင့်နေကြပါတယ်။
ဆစ်ဒနီဆိပ်ကမ်းကို ၀င်လာနေစဉ်

အစကတော့ Opera House မှာ ကမ်းကပ်မယ် ဆိုတာ သိထားတော့ TV ကြည့်ရတာ အားမရဖြစ်လာတာနဲ့ မြို့ထဲသွားပြီး ဆိပ်ကမ်းမှာ သွားစောင့်ကြည့်ပြီး ကြိုရမလားလို့ စဉ်းစားမိပါသေးတယ်။ ဒါပေမဲ့ TV ထဲမှာ တွေ့ရတဲ့ သိန်းချီပြီး စောင့်ကြိုနေတဲ့ လူအုပ်ကြီးကို ကြည့်ပြီး ကျွန်မရဲ့ အကြံအစည်ကို လက်လျှော့လြိုက်ရပါတယ်။ လူတွေပြည့်ကြပ်ပြီး မီးပန်းဖေါက်တာကို ကြည့်ဖို့ မြင်တဲ့နေရာ မရလိုက်တဲ့ နှစ်သစ်ကူးနေ့ညကို သွားသတိရပြီး အိမ်မှာ ဇိမ်နဲ့ TV ထိုင်ကြည့်တာကသာ ဟယ်လီကော်ပတာ ပေါ်က ရိုက်တဲ့မြင်ကွင်း၊ ဆိပ်ကမ်းပေါ်က ရိုက်တဲ့မြင်ကွင်း အကုန်လုံးကို အနီးကပ်မြင်ရဦးမယ် ဆိုပြီး ဆိပ်ကမ်းမှာ သွားကြည့်ဖို့ အကြံအစည်ကို ဖျက်လိုက်ပါတယ်။ ဒီကြားထဲ Break time မှာ ဘလော့ဂ်တွေလိုက်ကြည့်မိတော့ ရေအခက်အခဲ ကြုံတွေ့ရတဲ့ ဓါတ်ပုံတွေကို ကိုဇော် ဘလော့ဂ်နဲ့ ကိုဂျူလိုင်ဘလော့ဂ်တို့မှာ တွေ့ရပြီး မျက်ရည်ကျမတတ် ခံစားရသေးတယ်။ ဘလော့ဂ်နဲ့ TV တဘက်က ဒုက္ခရောက်နေသူတွေအတွက် စိတ်မချမ်းမြေ့စရာ တဘက်က နှစ်ထောင်း အားရစရာ နှစ်ခုကြားမှာ ကျွန်မ တော်တော်လေး အလုပ်များနေလို့ သားကတောင် မေမေက သားသားကိုကျတော့ အာရုံစူးစိုက်ပြီးတခုပဲ ထားရမယ်လို့ ပြောပြီး အခုတော့ မေမေက အာရုံနှစ်ခု ဖြစ်နေတယ်လို့ ပြောလိုက်လို့ ဆင်ခြင်ပြီး TV ကိုပဲ အရင်ပြီးအောင်ကြည့်ကာ Jessica ကို ကြိုဆိုတဲ့ အခမ်းအနား ပြီးမှ ရေဒုက္ခရောက်တဲ့အကြောင်း ပို့စ်ကို တင်လိုက်ရတယ်။
သတ်မှတ်ထားတဲ့ Line ကျော်ပြီး ကမ်းမကပ်ခင် ရွက်ကို ခေါက်သိမ်းထားစဉ်




Jesica အကြောင်းကို ဆက်ရရင် Jesica က ဟယ်လီကော်ပတာပေါ်ကို လက်ယမ်းပြလိုက်၊ ဘေးက စက်လှေတွေကို လက်ယပ်ပြလိုက်နဲ့ သူ့ရဲ့ ရွက်လှေကို လမ်းမှန်အတိုင်း တည့်အောင် ကြိုးစားပဲ့ကိုင်လာပါတယ်။ သို့သော်လည်း သူ့ရဲ့လှေကို လှိုင်းတွေအပေါ် ကနေ နှေးတုံ့၊ နှေးတုံ့ မောင်းလာတော့ တော်တော်နဲ့ မရောက်နိုင်ခဲ့ဘူး။ စထွက်တုန်းက သတ်မှတ်ထားတဲ့ Line ကျော်လာပြီး မကြာခင်မှာတော့ ပရိတ်သတ်တွေကလည်း Jessica ရဲ့ Line ကို ကျော်လာတဲ့အချိန်မှာ သူ့မျက်နှာ ဘယ်လိုရှိတယ် ဆိုတာ စိတ်ဝင်စားလှပြီ။ line ကို ကျော်လာပြီးတာနဲ့ သူမရဲ့ ခရီးစဉ် အောင်မြင်ပြီ ဖြစ်၍ ခဏနေတော့ ဘေးတဖက်တချက်မှာ ကပ်ပြီး လိုက်ပါလာတဲ့ ရေပြင်ဆိုင်ရာ တာဝန်ရှိသူတွေက သူ့ လှေပေါ် တက်ပြီး သူရဲ့ Passport ကို တံဆိပ်ထုပေးပြီး Jessica ဆစ်ဒနီပြန်ရောက်ကြောင်း အသိအမှတ်ပြုလိုက်ပါတယ်။ Jessica ကမ်းမကပ်ခင် အ၀တ်အစားလဲကာ အင်တာပျူးလုပ်ခံဖို့ ပြင်ဆင်ပြီး လှေကို တခြားသူများကပဲ ကမ်းကပ်ပေးခဲ့ပါတယ်။ကမ်းမကပ်ခင်

ကမ်းကပ်ခါနီး


ကမ်းကပ်တဲ့အချိန် ဆိပ်ခံဘောကတဆင့် ကမ်းပေါ်တက်သည့် နေရာမှ စပြီး Opera House အရောက် ကော်ဇောတွေ ခင်းပြီး ကမ်းတက်တဲ့ လမ်းကို စောင်းတန်းလမ်းလို အထူးစပယ်ရှယ် ဆောင်ရွက်ထားပါတယ်။ ကမ်းကပ်ပြီး လှေပေါ်က မဆင်းခင် လှေကြိုးချည်တာတွေကို သူကိုယ်တိုင်လုပ်ပြီးတာနဲ့ ဆိပ်ခံဘောပေါ်ကို အတက်မှာ သူ့အမေနဲ့ အဖေက ဖက်ပြီး ဆီးကြိုကြပါတယ်။ Jessica ရဲ့ ၇ လအကြာ ခရီးကအပြန် ပထမဦးဆုံး ကုန်းပေါ်တက်တဲ့ ခြေလှမ်းဖြစ်တယ်။ ဆိပ်ကမ်း မကပ်ခင်တကည်းကပင် ထောင်ပေါင်းများစွာသော ဆစ်ဒနီမြို့သူမြို့သားတွေက Opera House, Harbour Bridge နဲ့ Botanic Garden တ၀ိုက်မှာ နေရာယူပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြပါတယ်။ Jessica ကမ်းပေါ်အတက်မှာ စောင့်ကြိုနေသူ အားလုံးက နှစ်ထောင်းအားရစွာ လက်ခုပ်တီး ကြိုဆိုကြသလို ကျွန်မလည်း အိမ်မှာ TV ကြည့်ရင်း လက်ခုပ်တီး အားပေးဖြစ်ခဲ့တယ်။ မိနှစ်အနည်းငယ် အဖေနဲ့အမေ ရင်ခွင်ထဲမှာ အလွမ်းသယ်ပြီးတာနဲ့ အဖေနဲ့ အကိုက ဘေးတဘက်တချက် တွဲခေါ်ပြီး ခင်းထားတဲ့ ကော်ဇောလမ်းအတိုင်း Opera House ရှိရာကို တက်လာကြပါတယ်။ကမ်းကပ်ပြီး အခမ်းနအနားလုပ်ရာ နေရာသို့ အစ်ကိုနှင့်အဖေက တွဲခေါ်လာစဉ်


နယူးဆောက်ဝေး ပြည်နယ်ဝန်ကြီးချုပ်နဲ့ Ms Kristina Keneally, နှင့် သြစကြေးလျား နိုင်ငံဝန်ကြီးချုပ် Mr Kevin Rudd တို့နဲ့အတူ

Opera House အရှေ့ အဆင်သင့် စီမံထားတဲ့ စကားပြော စင်မြင့်ရှိရာ အမိုးအောက်ကို အရောက်မှာ သြစကြေးလျား ၀န်ကြီးချုပ် Mr Kevin Rudd နဲ့ နယူးဆောက်ဝေး ၀န်ကြီးချုပ် Ms Kristina Keneally တို့က ဆီးကြိုခဲ့ပါတယ်။ ပြည်နယ်ဝန်ကြီးချုပ်ရော နိုင်ငံဝန်ကြီးချုပ်ပါ နှစ်ဦးစလုံးက Jessica ကမ်းကပ်ချိန် ပြုလုပ်တဲ့ အခမ်းအနားမှာ ဂုဏ်ပြုစကား ပြောကြားခဲ့ကြပါတယ်။ Jessica ကို သြစကြေးလျားနိုင်ငံရဲ့ New Hero အဖြစ် ၀န်ကြီးချုပ် Kevin Rudd က အသိအမှတ်ပြု ကြေညာပါတယ်။ Jessica ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုပီတာဘလော့ဂ်မှာ ရေးထားတာကို အသေးစိတ်ဖတ်နိုင်ပါတယ်။

ဒီပို့စ်ကို Jessica ကမ်းကပ်တဲ့နေ့၊ မေလ ၁၅ ရက် ပြီးခဲ့တဲ့ပတ် စနေနေ့က တင်ဖို့ စဉ်းစားခဲ့ပေမဲ့ရေအခက်အခဲနဲ့ ပတ်သက်တဲ့ ပို့စ်တင်လိုက်ရတဲ့အတွက် အခုမှ တင်ဖြစ်ပါတယ်။ ဓါတ်ပုံများကို ဤနေရာမှ ကူးယူဖေါ်ပြထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

24 comments:

အသက်ငယ်ငယ်နဲ့ ကမ္ဘာပတ်နိုင်တာ အားကျစရာ ကောင်းတယ်နော်.. သူ့သတ္တိကလည်း သဘောကျစရာပါပဲ။

အော်ဇီသူ Jessica ကတော့ ရက်ပေါင်း ၂၀၀ ကျော် နဲ့တင် ကမ္ဘာ တစ်ပါတ် ပါတ်ပြီး အောင်မြင် နာမယ် ကျော်ကြားသွားတယ် ..လူတွေက သောင်းသောင်းဖြဖြ ကြိုကြတယ် ။

ရွှေ ပြည်သား ဘဘဂျီးတသိုက်က တော့ အနှစ် ၂၀ ကျော်တောင် ကမ္ဘာ ကြီး တခုလုံးက လူတွေ ကို လှည့် ပတ် ပြီး အောင်မြင် နေခဲ့တယ် ။။ လူတွေအများစုက သောင်းသောင်းဖြဖြ အော်ကြတယ်. .. ဒါလည်း အောင်မြင်မှု တမျိုး ပါပဲ ..း))

haha... I like Ki Ki's comment. Ironically, what she said is true. No doubt, this is one of the best satires.

ပုဇွန်ဆိတ်လေး...ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်

သူတို့နိုင်ငံမှာတော့အသက်ငယ်ငယ်နဲ့ကမ္ဘာပတ်
နေနိုင်ပြီနော်.။သတ္တိကိုလည်းချီးကျူးပါရဲ့အမငယ်ရေ.
အမငယ်နေကောင်းတယ်နော်..
ခင်တဲ့
ညီမသဒ္ဓါ

ချီးကျူးမိပါတယ်.... စိတ်ဝင်စားစရာတွေတင်ပြပေးတဲ့ ငယ်နိုင့်ကိုကျေးဇူးတင်ပါတယ်... အီးမေးအတွက်လည်း ကျေးဇူးအထူးတင်ပါတယ်

မှတ်ချက် အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီပို့စ်ကို တင်ထားတာ အဲဒီနေ့က ကျွန်မ မြင်တွေ့ရတာကို မြင်တွေ့ရတဲ့အတိုင်း တင်ပြတာ ဖြစ်ပြီး ကိုယ်နေတဲ့ တိုင်းပြည်က ကမ္ဘာအသက်ငယ်ဆုံး ကမ္ဘာပတ်သူအဖြစ် World Record မှာဝင်သွားတာကို အများသိစေချင်တာ၊ Jessica ရဲ့ ဇွဲလုံ့လနဲ့ သတ္တိကို ချီးကျူး ဂုဏ်ပြုခြင်းတာပဲ ဖြစ်ပါတယ်။ ဒီအပေါ်မှာ ကျွန်မရဲ့ သုံးသပ်ထားတာ ဘာမှ မပါပါဘူး။ ကျွန်မအနေနဲ့ အတိုချုပ်သုံးသပ်ရရင်တော့ Jessica ဆိုတဲ့ ခလေးမလေးရဲ့ ငယ်ငယ်တုန်းက အိပ်မက်မက်လာတဲ့ ရည်ရွယ်ချက်ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အထမြောက်အောင် အကောင်အထည်ဖေါ်နိုင်တဲ့ သူမရဲ့ အံ့မခန်းတဲ့ ဇွဲ၊ လုံ့လနဲ့ သတ္တိကို အထူးဂုဏ်ပြုကာ ချီးကျူးချင်ပါတယ်။ ဒါပေမဲ့ လုံ့လနဲ့ သတ္တိကို စံနမူနာယူစရာ ဖြစ်တာကတပိုင်း ဒီအသက်အရွယ်မှာ ဒီလုပ်ရပ်အပေါ်မှာ စံနမူနာ ယူစရာအဖြစ်တော့ အားမကျမိဘူး။ ကလေးတွေကိုလည်း အားမကျစေချင်ဘူး။ သူပြန်ရောက်လာလို့သာ အများရဲ့ ဂုဏ်ပြု ချီးကျူးခံရပေမဲ့ အကယ်၍များ ပြန်မရောက်လာဘဲ တခုခု ဖြစ်သွားခဲ့ရင် ဘယ်သူ့အတွက်မှ အကျိုးမရှိဘဲ မိဘနေရာကနေ တချက်ဝင်တွေးမိတော့ ရူးမတတ် မိဘရင်ကျိုးပြီ ဆိုတာ တွေးမိတယ်။ ကျွန်မ သားသမီးဆိုရင်တော့ ဒီလောက်အန္တရယ်များပြီး အများအကျိုးမပါတဲ့ စွန့်စားမှုမျိုးကို ဘယ်တော့မှ ခွင့်ပြုမှာ မဟုတ်တာတော့ သေချာပါတယ်။ ဒီလို ပြောလိုက်လို့ သူ့ရဲ့ စိတ်အားထက်သန်မှုနဲ့ စွန့်စားလိုမှုကို ဆန့်ကျင်တာတော့ မဟုတ်ပါဘူး။ သားသမီးနေရာမှာ ထားကြည့်လိုက်တာပါ။

အန်ကယ်နိုင်ရေ ကမ္ဘာပေါ်မှာ ရှိတဲ့ သမုဒ္ဒရာကြီး ငါးခုအနက် ၀င်ရိုးစွန်းဒေသ နှစ်ခုမှာ ရှိတဲ့ အာတိတ်နဲ့ အန္တာတိတ်ကလွဲရင် အဓိက သမုဒ္ဒရာကြီး သုံးခုဖြစ်တဲ့ ဖစိဖိတ်သမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒဒရာ၊ အန္ဒိယသမုဒ္ဒရာတွေကို ဖြတ်ပြီးမှ ကမ္ဘာတပတ်ပြည့်ပါတယ်။ ဘယ်လိုဖြစ်ပြီး ပင်လယ်အဆင့်နဲ့ သွားပြောနေရတာလဲ။ ပင်လယ်ကူးတာမဟုတ်ဘူး သမုဒ္ဒရာကူးတာပါ။

ဇွဲသတ္တိကတော့ အံ့မခန်းပါပဲဗျာ။ ပင်လယ်ပြင်တွေမှာ လတော်တော်ကြာ ခရီးထွက်ဖူးလို့ ပင်လယ်ပြင်ရဲ့မာယာ အထီးကျန်မှု၊ သိမ်ငယ်စေမှု၊ ကြောက်ရွံ့ထိတ်လန့်မှုတွေကို လူအများကြီးနဲ့တောင်မှ ခံစားခဲ့ရတာ။ သူက တစ်ယောက်တည်းနဲ့ ကမ္ဘာကိုပတ်ပြခဲ့တယ်။ လေးစားပါတယ်ဗျာ။

သတင်းမှာ ဖတ်ရတယ် အစ်မ။ လေးစားစရာပါ။ စုစည်းမျှဝေပေးတဲ့ အစ်မကိုလဲ ကျေးဇူးပါ။ ကျွန်တော်တို့ ဆီမှာလဲ ဒီလို အခွင့်အရေး အခြေ အနေကြုံ လာရင် စွန့်စားနိုင်တဲ့ လူငယ် တွေ အများကြီးရှိတယ်လို့ ယုံကြည်တယ်။

ကွာတယ် တော်တော်လေးကိုကွာတယ် ဒီကတော့ကမ္ဘာ
ပတ်ဘို့မပြောနဲ့ ခြံစည်းရိုးလေးဘဲခြားတဲ့ထိုင်းကိုလာ
ရင်တောင် ငိုတာကတနာရီလောက်မှ တိက်တယ် တော်
လိုက်တာ ဂျက်ဆီကာရယ် ဇေမရှုတ်တော့ပါဘူး မင်းကို
ဘဲအတည်ကြံပါတော့ဟီဟိ.............

16 နှစ်သမီးကလည်း ၂၄ အရွယ်လောက်တောင်ထွားနေပါလား...ဒို့အာရှ သူတွေ ၁၆ နှစ်ဆိုရင် သေးသေးလေး ကလေးပဲရှိသေးတယ်...အနောက်နိုင်ငံ ဥရောပတွေက အသက်ငယ်ငယ်အရွယ်လေးတွေနဲ့ ဘာကြောင့် ကြီးနေရတာလဲ...အစားစာ မျိုးရိုးဗီဇကွာတာ ထင်ပါရဲ့


မောင်

Anonymous Anonymous said...

ငယ်နိုင်ကတော့ ဒုက္ခပဲ။
ဦးလေးကျောက် ပြောတဲ့ ပုဇွန်ဆိတ်ကလေး ဘယ်လိုငယ် ပင်လယ်ကူးတတ်တယ်ဆိုတာ ဥပမာအလင်္ကာနဲ့ နှိုင်းပြောတာပါ။ အဲဒါ သီချင်းလဲ ရှိတယ် မကြားဖူးဘူးလား။ ပင်လယ်မဟုတ်ဘူး သမုဒ္ဒရာဆိုပြီး ဇွတ်ကြီးပြင်ပေးနေတာ စိတ်ပျက်စရာ။

Anonymous မှတ်ချက်က မဆိုင်သူတွေကိုလည်း ထိခိုက်ထားပြီး ရိုင်းလို့ ဖြုတ်လိုက်ပါတယ်။ ဒီတပိုဒ်လေးကတော့ ကျွန်မတို့ဘလော့ဂ်မှာ ဒီလို Complain လာမတက်ရရင် စားမ၀င်အိပ်မပျော်ဖြစ်ပြီး သေသွားရင် ကိုယ့်တာဝန်ဖြစ်နေမှာစိုးလို့ ဒါမှမဟုတ် ကျွန်မတို့ ဘလော့ဂ်မှာ ဒါမျိုးလိုက်ရေးမှ ဒေါ်လာတွေရပြီး ထမင်းနပ်မှန်နေသူ ဖြစ်ရင် ငတ်ပြတ်ပြီး သေနေရင် သတ္တ၀ါတဦး ကိုယ့်ကြောင့် ဒုက္ခရောက်နေမှာ စိုးလို့ ပြန်ထည့်ထားပေးလိုက်ပါတယ်။

Anonymous မှအပ နောက်ထပ် လာလည်ပြီး မှတ်ချက်ပေးသွားသူ အားလုံးကို ကျေးဇူးတင်ပါတယ်။

22 May 10, 19:26
လင်းခန့် :
ကျွန်တော့်သူငယ်ချင်းတွေကိုခဏထားပါဦး။ အစ်မတောင်အစ်မသားကိုပြောလို့ နိုင်လို့ လား။ခုအစ်မနောက်ဆုံးတင်ထားတဲ့ပိုစ့်မှာအရွယ်မရောက်သေးတဲ့ကလေးကတောင် ပြန်ခံပြောနေတာမဟုတ်ဘူးလား။
(ပို့စ်ထဲက အကြောင်းအရာနဲ့ ဆိုင်နေလို့ ပြန်ရှင်းပြဖို့ ကူးယူလာပါတယ်။)

လင်းခန့်ရေ စာကို သေသေချာချာ ပြန်ဖတ်လိုက်ပါ။ အစ်မသားက ခံပြောရလေက်အောင် အဲဒီနေ့က အစ်မက သူ့ကို ဘာမှ သွားပြောနေတာမဟုတ်ဘူး။ TV ကိုကြည့်လိုက်၊ ကွန်ပြူတာမှာ ဘလော့ဂ်ကိုကြည့်လိုက်နဲ့ တခုတည်းကို အာရုံစူးစိုက်အောင် မလုပ်တဲ့အတွက် အမေဟာ မဟုတ်သေးဘူး မှားနေတတယ်ဆိုတာ သိတဲ့အတွက် အမေကို အသိပေးတာ၊ ထောက်ပြတာပဲ ရှိပါတယ်။ သူပြောတာ ဘာမှ အမှားမပါဘူ့း။ ဒါခံပြောတာ မဟုတ်ဘူး။ အမေမှားနေလို့မှန်တာကို ပြောရင်ရင် ခံပြောလည်း အကြောင်းမဟုတ်ဘူး မှန်ရင် လက်ခံရမှာပဲ။

ဘယ်လိုဖြစ်တာလဲ postဟောင်းနဲ့အသစ်က အထက်အောက်တွေ ပြောင်းပြန်ဘာလို့ပြန်ထားတာလဲ


ဦးကြီးမောင်

ဦးကြီးမောင်
ကျွန်မက ပတ္တမြားရွှေဂူ ကဗျာကို သိပ်သဘောကျပြီး အပေါ်ဆုံးမှာ အမြဲမြင်နေချင်သလို လူတိုင်းကိုလည်း အမြဲသတိပေးသလို ဖြစ်နေအောင် အပေါ်ဆုံးမှာ ထားချင်လို့ ခဏဆွဲတင်ပြီး ကွန်ပြူတာ နားလည်တဲ့သူတွေကို အပေါ်ဆုံးမှာ အမြဲရှိနေအောင် ဘယ်လိုလုပ်လဲဆိုတာ အကူအညီတောင်းထားပါတယ်။ နားလည်တဲ့သူတွေ လာကူညီပြီးရင် နေ့စွဲဖြုတ်ဖို့လိုမလို သူတို့သိမှာ ဖြစ်ပြီး သူတို့သင့်တော်သလို ဆောင်ရွက်ပေးခဲ့တဲ့အထိ ခဏတော့ သည်းခံပြီးစောင့်ပေးပါ။ ဒီကဗျာကိုတော့ ဦးကြီးမောင်တို့ မမြင်ချင်လည်း မရဘူး ကျွန်မက အပေါ်ဆုံးမှာ ထားမှာ သေချာပါတယ်။ အဲဒါကြောင့် Jessica ပို့စ်က အောက်ရောက်သွားတာ ဖြစ်တယ်။ နောက်ပိုင်း အသစ်တင်တဲ့ ဘယ်ပို့စ်မဆိုလည်း ပတ္တမြားရွှေဂူအောက်မှာပဲ ရှိနေမှာ ဖြစ်တယ်။

ဒီကဗျာက သိပ်တော့မဆန်းပါဘူး...ကလေးတည်းက သင်လာခဲ့တဲ့ကဗျာတစ်ပုဒ်ဆိုတော့ ရိုးနေသလိုပဲ...ဦးကြီးမောင် အကြံပေးချင်တာကတော့ လူတိုင်းကိုမြင်ချင် သတိပေးသလိုဖြစ်ချင်လို့ ဆိုရင် ဒီကဗျာကိုတင်တာထက် မိမိကိုယ်တိုင် ခံစားပေါက်ဖွားလာတဲ့ မှတ်သားစရာကောင်းတဲ့ စကားလုံးတစ်ခု သို့မဟုတ် တစ်ခု တစ်ကြောင်းလေးကို ထိပ်ဆုံးမှာ အမြဲရေးထားတာက ပိုပြီး သဘာဝကျမယ်ထင်တယ်...

ဒီကဗျာကို ဦးကြီးမောင်က မမြင်ချင်လို့မဟုတ်ပါဘူး လူတွေစိတ်ဝင်စားမှုဟာ အသစ်ဆန်းကိုပဲမဟုတ်လား...ကလေးတည်းက သင်ခဲ့ရတဲ့စကားလုံးတွေကို ပြန်ကူးမယ့်အစား ကိုယ်ပိုင်အတွေးခေါ်နဲ့ရေးထားတဲ့ အဖိုးတန်တဲ့ စကားလုံးဆန်းဆန်းလေးတွေရေးတင်ထားတာကမှ ပိုပြီး လူတွေအတွက် စိတ်ဝင်စားဖို့ကောင်းမယ်လို့ ထင်ပါတယ်...ဒါက ဦးကြီးမောင် တစ်ဦးတည်းရဲ့ အမြင်ခံစားမှုလေးပါ... လူတိုင်းအကြိုက်ချင်း ခံယူချက်ချင်းလည်း မတူတော့ ဒေါ်ငယ်နိုင်ရဲ့သဘောထား ခံယူချက်အတိုင်း တင်ထားနိုင်ပါတယ်...

ဦးကြီးမောင်

ပြစ်မရှိပြစ်ရှာ
လမင်းကိုခွေးဟောင်လို့
ဘယ်သူက လမင်းလဲ ဘယ်သူကခွေးလဲ
ဘယ်သူက ပတ္တမြားလဲ ဘယ်သူက၀က်လဲ
သေချာတာကတော့ ငယ်နိုင်က လမင်းလဲ မဟုတ်ဘူး ပတ္တမြားလဲ မဟုတ်ဘူး။ ဒါဆို ခွေးလား ၀က်လားလို့ ပြောတယ် မထင်လိုက်ပါနဲ့အုံး။ ဆက်ဖတ်နော်။
လမင်းမဟုတ်ပေမဲ့ ကြယ်တော့ ဖြစ်ချင်ဖြစ်မှာပါ။ အလွယ်ကျယ်သော ကြယ်ကြီးပေါ့။
ပတ္တမြားမဖြစ်ပေမဲ့ အားမငယ်ပါနဲ့ စိန်တော့ဖြစ်နိုင်ပါတယ်။ မီးလောင်တော့မှ မီးသွေးတုန်း ဖြစ်သွားမှာ။
ဘယ်အရာမှ မမြဲဘူး ဆိုတာ မှတ်ထားနော်။
ပတ္တမြားကို ၀က်က ရွံ့လူးလို့ ပတ္တမြားရောင် မမှိန်ပေမဲ့ ကျောက်သွေးဆရာနဲ့ တွေ့ရင်တော့ ပတ္တမြားလဲ ပုံပြောင်းသွားနိုင်ပါတယ်။ သတိချပ်ဖို့ပါ။
မန်လည်ဆရာတော်နဲ့ ယှဉ်ပြီး ကိုယ့်ကိုယ်ကိုယ် ဇန်းတင်နေတာ ဖတ်ပြီး အံဂလီစော်တယ်။ ချီးစိမ်းပန်းအုံးမယ်။ ရိုင်းတယ်ထင်ရင် ဖျက်ပါ။ တခြားလူကို မထိခိုက်ပါဘူး။ ငယ်နိုင်တယောက်ထဲကိုသာ ရည်ရွယ်ပါတယ်။

အလကားနေ မနာလိုဖြစ်နေရအောင် ရှင်ကယောက်ျားလာ မိန်းမလား။ ဒီလို မနာလို ဝင်တိုစိတ် ဖြစ်တယ်ဆိုတာ သူများဘာလုပ်လုပ် အကောင်းမမြင်ပဲ လိုက်ပြီး ဖျက်လို့ဖျက်စီး လိုက်ရေးတာ မိန်းကလေးတွေ များသောအားဖြင့် တခါတလေ ရှိတယ် မှတ်တာ ဒီလို ယောက်ျားကြီးကလည်း ရှိတယ် နော် အံ့ပါရယ်ရှင်။သူများဘာလုပ်လုပ် အကောင်းမမြင်တာကတော့ ရှင်ရဲ့ အကုသိုလ် ပဲပေါ့။နောက်ဘဝဆို မိန်းမဖြစ်မှာ အသေချာပဲရှင်။
အမဆောရီးနော် အမြင်မတော်လို့ မိုက်ရိုင်းလိုက်တာ
ဝင်ရေးမိတယ်။

မေ။

ဒုတိယ Anonymous ရေ ကျွန်မကြောင့်တော့ အကုသိုလ်သမားတွေဆီက အကုသိုလ်ကို မျှဝေမယူပါနဲ့လို့ အကြံပြုချင်ပါတယ်။ သူတို့က တနေ့တနေ့ အကုသိုလ်မရရင် မနေနိုင်တဲ့ ရှေးဘ၀၀ဋ်ကြွေးပါလာလို့ နေရင်းထိုင်ရင်း အကုသိုလ် လိုက်လိုက် ရှာနေကြသူတွေ ဖြစ်တယ်။ သူတို့ခမျာ ကျွန်မဘလော့ဂ်ကို လူတွေစာလာဖတ်ကြတာကို မနာလို မရှုစိတ်ဖြစ်လို့ ရတဲ့ အပူမီးသောကက မသေးပါဘူး။ သူ့အကုသိုလ်နဲ့ သူပဲထားလိုက်ပါနော့်။

ပထမ Anonymous ရေ ဒီကဗျာက မန်လည်ဆရာတော်ရဲ့ ကဗျာ ကျွန်မကဗျာမဟုတ်ဘူး။ ကျွန်မက ဒီကဗျာကို သိပ်ကြိုက်လွန်းလို့ တင်ထားတာ။ ဘယ်သူကလမင်း ဘယ်သူကခွေးဆိုတာကတော့ လက ကမ္ဘာရဲ့အရံဂြိုလ်ဖြစ်လို့ လက သူ့အလုပ်သူလုပ်ပြီး ကမ္ဘာကိုမှန်မှန် လည်ပတ်နေသလို သူ့အလုပ်သူ ပုံမှန်လုပ်နေသူတွေ အားလုံးက လမင်းတွေပဲပေါ့။ ကိုယ်အလုပ်မဟုတ် ကိုယ်နဲ့မဆိုင်ဘဲနဲ့ သူများကို လိုက် ဟောင်နေတဲ့ သူတွေအားလုံးက ခွေးပေါ့။ ဒီနှစ်မျိုးမှာ ကိုယ်ဘာဖြစ်တယ်ဆိုတာကတော့ သူများဘလော့ဂ်မှာ စာလာဖတ်ပြီး Appreciate မလုပ်နိုင်ရင်လည်း အေးအေးဆေးဆေး ပြန်တာမဟုတ်ဘဲ အခုလိုဟောင်ပြီး သွားတဲ့ လုပ်ရပ်ကပဲ သက်သေပြနေတာ အသိသာကြီးပဲ။ Anonymous မကြိုက်ရင်လည်း မဖတ်ဘဲ ပြန်သွားလို့ ရသားနဲ့ မိမိအတွက် အကျိုးမရှိတဲ့ အကုသိုလ်တွေကို ဘာအတွက် ယူသွားရတာလဲ။ ကျွန်မ ပေးတာမဟုတ်ဘဲနဲ့ ကျွန်မကြောင့် အကုသိုလ် အလုံးလိုက်အခဲလိုက် ရသွားတာ စိတ်မကောင်းပါဘူး ပထမ Anonymous.

ဒီမိုတွေကိုကျတော့ အစိုးရကဘာလုပ်လုပ် ဘေးထိုင်ဘုပြောနေတဲ့ လူတွေတဲ့... မင်းတို့ကျတော့ ဒီမိုဘလော့ဂါတစ်ယောက် သူ့ဘာသာသူ ကဗျာတင်တာကို ဝေဖန်လို့မဆုံးတော့ဘူး

အင်းပေါ့လေ... မင်းတို့ဘဘကြီးကိုယ်တိုင်ကိုက အပြစ်မရှိ အပြစ်ရှာပြီးတော့ မိန်းမတစ်ယောက်ကွှိုနှစ်ပေါင်းများစွာ အကျဉ်းချထားတဲ့လုပ်ရပ်နဲ့ လမ်းပြထားတော့လည်း မင်းတို့ဒီလိုစိတ်နဲ့ ဒီလိုအပြုအမူလုပ်တာ မထူးဆန်းတော့ပါဘူးလေ

လာလည်သွားပါတယ် ပိုစ့်အသစ်မတွေ့ဘူးနော်
မအားဘူးထင်တယ် ငယ်နိုင် လုပ်စရာရှိတာလေး
ဆက်လုပ်ပါ ဒီလိုပါဘဲ ဖြစ်တတ်ပါတယ် သစ်ပင်
တွေဟာ မြင့်ရင်လေဒဏ်ပိုခံရတယ် အားပေးလျှက်
ဇေ......

အသုံးဝင်တဲ့ ပို့စ်တွေပဲရေးစေချင်တယ်...အတင်းတုတ်တာတွေများနေတယ်



ခမောက်

g|-|0$7 ရေ ကျွန်မဘလော့ဂ်က Personal blog ပါ။ ဒီမိုဘလော့ဂ်လို့ ပြောတာကို ဘာမှ စောတက မတက်လို တာကတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို လေးလေးနက်နက် ယုံကြည်လက်ခံတဲ့ သာမန် လုပ်သားပြည်သူတဦးဖြစ်လို့ ပြန်မငြင်းချင်တာပါ။ နိုင်ငံရေးဘလော့ဂ် မဟုတ်ပါဘူး။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

Zay ရေ အားပေးတာ ကျေးဇူးတင်ပါတယ်။

ခမောက်ရေ - ကျွန်မဘလော့ဂ်က ဘ၀ဖြတ်သန်းမှုတွေနဲ့ မှတ်သားစရာတွေကို မှတ်တမ်းတင်ရာ နေရာလို့ ဘလော့ဂ်ထဲ စ၀င်ဝင်ချင်းမှာ တွေ့ရအောင် ရေးပေးထားပြီးသားဖြစ်လို့ သူများဘ၀ဖြတ်သန်းမှုနဲ့ သူများအကြိုက်တွေတင်ထားတာ ဘာများအကျိုးရှိမလဲဆိုပြီး တွက်ရင် မဖတ်ဘဲ လှည့်ပြန်သွားလို့ ရပါတယ်။ မနေနိုင်မထိုင်နိုင်လို့ ဖတ်မိသွားပြီး အတင်းတုတ်ထးတယ်ထင်လို ရေးရင်တော့ ရေးလက်စနဲ့ အခြေအမြစ်ရှိရှိ ဘယ်အချက်ဆိုတာ အတိအကျ ထောက်ပြနိုင်ပါတယ်။ စာဖတ်သူက မှားနေတာကို ထောက်ပြလို့ ကျွန်မတကယ်မှားနေတာတွေ့ရင် အမြဲပဲ ပြန်ပြင်လေ့ ရှိပါတယ်။ ကျွန်မဘလော့ဂ်မှာ စာလာဖတ်သူအားလုံး ကျွန်မ ရေးထားတာကို လက်ခံသူဖြစ်စေ၊ လက်မခံသူဖြစ်စေ စာဖတ်သွားတယ်ဆိုတာ သိရရင် ၀မ်းသာပါတယ်။ စာကို တကယ် ဖတ်သွားတဲ့သူတိုင်းကလည်း ကျွန်မစာတွေရဲ့ အကျိုးနဲ့ ကျွန်မပေးချင်တဲ့ message ကို အနည်းနဲ့အများ ရသွားတဲ့အတွက် ထောက်ပြရင်လည်း အတိအကျ ထောက်ပြတာ များပြီး ဒီလို စော်ကား စကားမျိုး ပြောသွားတာ သိပ်နည်းပါတယ်။ ဘာပဲဖြစ်ဖြစ် ဘယ်သူမှ အမြင်ထပ်တူ မကျနိုင်တော့ စာကို တကယ်ဖတ်သွားတယ်ဆိုရင် ၀မ်းသာပါတယ်။ နောက်ထပ်တော့ အခြေအမြစ်မရှိဘဲ အခုလို ပြောသွားတာမျိုးကို ဖေါ်ပြပေးမှာ မဟုတ်ပါဘူး။ ကျွန်မစာတွေ သင့်အတွက် အကျိုးမရှိတဲ့အတွက် စိတ်မကောင်းပါဘူး။

The world is his who enjoys it.


--------------
The University of British Columbia in Canada