မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ခန္တီပါရမီ

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)

ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။
လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။

“ငါ့အပေါ်၌ လူမိုက်ပြုသော စော်ကားမှုကို ငါက ပြန်ပြုလျှင် ငါလည်း သူ့လိုလူမိုက် ဖြစ်မှာပဲ” ဟု စိတ်ထဲမှာ တွေးဆ၍ ဒေါသမထွက်ဘဲ စိတ်ပျက် အားငယ်၍လည်း မနေဘဲ စိတ်အေးအေးနှင့် မိမိကသာ အနာခံလိုက်ခြင်းသည် ခန္တီပါရမီ၏ သဘောတည်း။ (အရှင် ဇနကာဘိဝံသ၊ ရုပ်စုံ ဗုဒ္ဓ၀င် အမေးအဖြေ နှာ-၂၆)
ငါးရာ့ငါးဆယ် သရဘင်္ဂဇာတ်မှာ မင်းသုံးပါးနဲ့ သိကြားမင်းတို့ ဘုရားအလောင်း သရဘင်္ဂ ရသေ့ဆီ ရောက်လာပြီး သိကြားမင်းက မေးခွန်းပြဿနာ မေးပါတယ်။
“ရှင်ရသေ့.. လောကမှာ ဘယ်တရားကို ပယ်သတ်ရင် တစ်ရံတခါမျှ မစိုးရိမ်ရသလဲ၊
ဘယ်တရားကို ပယ်ရှားရင် သူတော်ကောင်းတွေ ချီးမွမ်းသလဲ၊
လောကမှာ ဘယ်သူ ပြောဆိုတဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရပါ့မလဲ”


ဒီတော့ သရဘင်္ဂရသေ့က-
“လောကမှာ ဒေါသကို ပယ်သတ်လိုက်ရင် တစ်ရံတခါမျှ မစိုးရိမ်ရတော့ဘူး၊
ကျေးဇူးကန်းမှုကို မပြုရင် သူတော်ကောင်းတွေ ချီးမွမ်းပါတယ်။
ကိုယ့်ထက်သာတဲ့သူ၊ ကိုယ်နဲ့ တန်းတူသူ၊ ကိုယ့်အောက် နိမ့်တဲ့သူတို့ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရမယ်။ အဲဒီလို သည်းခံလိုက်ခြင်းကို အမြတ်ဆုံးလို့ သူတော်ကောင်းတွေ ပြောဆိုကြတယ်”
ဘုရားအလောင်းရဲ့ အဖြေစကား ကြားတော့ သိကြားမင်းက မေးခွန်း ထပ်မေးပြန်ပါတယ်။

“ရှင်ရသေ့ရယ်၊ လောကမှာ ကိုယ်နဲ့ တန်းတူ၊ ကိုယ့်ထက်မြတ်တဲ့ သူနှစ်ယောက်ရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံရတာတော့ သည်းခံနိုင်ပါတယ်၊ ဒါပေမယ့် ကိုယ့်အောက် နိမ့်တဲ့သူရဲ့ ကြမ်းကြုတ်တဲ့ စကားကိုတော့ ဘယ်လိုလုပ် သည်းခံနိုင်မှာလဲ”
ဘုရား အလောင်းတော် ကလည်း ပြန်ဖြေပေး ပါတယ်။

“ကိုယ့်ထက် မြတ်သူရဲ့ ကြမ်းကြုတ်တဲ့ စကားကို သည်းခံတာဟာ ကြောက်လို့ သည်းခံတာပဲ၊ ကိုယ်နဲ့ တန်းတူရဲ့ စကားကို သည်းခံတာကျတော့ တကယ်လို့ သည်းမခံလိုက်ရင် ငါ့ထက်သာအောင် ကြံစည်အားထုတ် ပြုလုပ်သွားမယ့် အပြစ်ကို မြင်လို့ သည်းခံတာ၊ ဒီသည်းခံခြင်း နှစ်မျိုးဟာ မြတ်တဲ့ သည်းခံခြင်းတော့ မဟုတ်ဘူး၊ ကိုယ့်အောက် နိမ့်သူရဲ့ စကားကို သည်းခံနိုင်မှ အမြတ်ဆုံး သည်းခံခြင်းလို့ သူတော်ကောင်းတွေ ပြောကြတယ်” လို့ ပြန်ဖြေပေးလိုက် ပါတယ်။

သည်းခံတဲ့ နေရာမှာ တရား သဘောလေးတွေ အာရုံပြုပြီး သည်းခံတာက ပို အဆင်ပြေပါတယ်။ အထူးသဖြင့် ခန္တီ ပါရမီရဲ့ သဘောလေးကို အာရုံပြုပြီး သည်းခံရပါတယ်။

အာရုံဆိုး တစ်ခုကို တစ်ယောက်ယောက်က ဖန်တီးလာတဲ့ အခါ “ငါ ခန္တီပါရမီ ဖြည့်ဖို့အတွက် ဖန်တီးပေး နေတာ၊ ဘာပဲပြောပြော ငါ့ကို ပါရမီ ဖြည့်ပေးနေသူပဲ” လို့ ဆင်ခြင် နှလုံးသွင်းလိုက် ရင်လည်း သည်းခံဖို့အတွက် တရားအသိ အားတွေ ၀င်လာတော့ တာပါ။ တရားအားတွေ ရင်ထဲ ရောက်လာရင် အလိုလို သည်းခံပြီးသား ဖြစ်သွားပါတယ်။

တကယ်ဆို သူ့ကိုတောင် ကိုယ်က ပြန်သနား ရမှာပါ။ ဘာဖြစ်လို့လဲ ဆိုတော့ သူ ကိုယ့်ကို ပြောဆိုနှိမ့်ချ ကဲ့ရဲ့ နေတာက အကုသိုလ်ပါ။ ကိုယ် ခန္တီပါရမီ ဖြည့်နေတာက ကုသိုလ်ပါ။

အကုသိုလ်ဟာ အကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ ကုသိုလ်ဟာ ကုသိုလ်ရဲ့ အကျိုး ရှိပါတယ်။ အကျိုးပေးပုံခြင်း မတူပါဘူး။ ပြုပြီးတာနဲ့ ကံမြောက်သွားတော့ တာပါ။ ကံက ကာလ တစ်ခုမှာ အကျိုးတစ်ခုခုကို ပေးတော့ မှာပါ။
ကံရဲ့ အကျိုး အပြစ်တွေကို ဆက်ပြီး ဆင်ခြင်လိုက် မိတဲ့အခါ ကိုယ့်အတွက် ကောင်းကျိုးဖြစ်လို့ ၀မ်းမြောက်ရ ပေမယ့် သူ့အတွက် ကျတော့ ကာလ တစ်ခုမှာ ဆိုးကျိုး လာတော့မှာ ဆိုတော့ သနား ကရုဏာတောင် ပြန်ဖြစ်သွားရ တာပါ။

သူ့ကို သနားစရာ သတ္တ၀ါလို့ ဉာဏ်ထဲမှာ ထင်လာတဲ့ အခါ ကိုယ့်ရဲ့ သည်းခံမှုဟာ အထူး ကြောင့်ကြ စိုက်စရာ မလိုတော့ပါဘူး။

တကယ်လို့ ကိုယ်က ဒေါသအလျှောက် ဖြတ်ကနဲ တုန့်ပြန်မိ လိုက်ရင် ဆိုးကျိုးတွေက ဆင့်ကဲ ဆင့်ကဲ ၀င်လာတော့ တာပါ။ တချို့ ဆိုးကျိုးတွေဆို အပါယ် ဒုဂ္ဂတိ အထိတောင် ဆွဲချနိုင် ပါတယ်။

ခန္တီ ပါရမီရဲ့ သဘောက ဒေါသမထွက်ဘဲ သည်းခံရ မှာပါတဲ့။ အာရုံဆိုး တစ်ခုခုနဲ့ ကြုံလိုက်ရတဲ့ အခါ ပထမဆုံး ၀င်လာမယ့် သူက ဒေါသပါ။ ဒီတော့ ကိုယ်က ဓါတ်ခံအား နည်းလို့ ဒေါသစိတ် ၀င်လာပေမယ့် ၀င်လာတဲ့ ဒေါသကို သိလိုက်နိုင်ရ ပါမယ်။ ၀င်လာတဲ့ ဒေါသကို မသိလိုက် နိုင်ရင် ဒေါသကို အခြေခံပြီး “သူက ငါ့ကို ဒီလိုလုပ်တော့ ငါကလည်း ဒီလို လုပ်တာပေါ့” ဆိုပြီး ဖြတ်ကနဲ အမှား တုန့်ပြန်မှုကို ကျူးလွန်လိုက် မိရော။ တဒင်္ဂအတွင်း ဖြစ်သွားရ တာပါ။

တကယ်တော့ ရင်ထဲ ရောက်လာတဲ့ ဒေါသဟာ ကာလ ကြာကြာကြီး တည်မနေပါဘူး။ အခိုက်အတန့် တစ်ခုပါပဲ။ ကိုယ်က ဖြစ်ဆဲ အခိုက်အတန့် လေးမှာ ကိုယ့်ဒေါသကို သိလိုက်နိုင် ဖို့ပါ။

တကယ်လို့ ကိုယ်က ပါရမီရှင်တွေလို ပါရမီမြောက်တဲ့ ခန္တီကို ချက်ချင်း မဖြည့်ကျင့်နိုင် သေးရင်တောင် ဖြစ်ပေါ်လာတဲ့ ဒေါသကိုတော့ ထိန်းနိုင်ရ ပါမယ်။ ဒေါသ ဖြစ်လာတဲ့အခါ ဒေါသရဲ့ ဆိုကျိုးလေး တွေကို ဆင်ခြင်နေလိုက် မယ်ဆိုရင်လည်း ဒေါသက လျော့သွားတာ များပါတယ်။

ကျေးဇူးတော်ရှင် မင်းကွန်း ဆရာတော် ဘုရားရဲ့ မဟာဗုဒ္ဓ၀င် ပထမတွဲ ဒုတိယပိုင်း ထဲမှာ ဒေါသအပြစ် လင်္ကာလေး ရှိပါတယ်။

ရုပ်ရည်ဆင်းပျက်၊ အိပ်စက် မပျော်၊ ကျိုးသော်မရ၊ ဘောဂခြွေရွေ၊ မိတ်ဆွေပျက်ပြား၊ အပါယ်လား၊ ခုနစ်ပါး ကောဓ အပြစ်တည်း။

ဒေါသ ဖြစ်နေခိုက်မှာ ဒီလင်္ကာလေးကို အဓိပ္ပါယ် သဘောအထိ ပါအောင် နှလုံးသွင်းပြီး ထပ်ကာထပ်ကာ ရွတ်ဆို ဆင်ခြင်နေမယ် ဆိုရင်လည်း ဖြစ်နေတဲ့ ဒေါသ လျော့သွားပါလိမ့်မယ်။

ဆိုကျိုး နှစ်ခုစလုံးက ကြောက်စရာတွေ ချည်းပဲ ဆိုတော့ သဘော အဓိပ္ပါယ် လေးတွေကို ပေါ်နိုင်သမျှ ပေါ်အောင် အာရုံပြုပြီး နှလုံးသွင်းပြီး ရွတ်သွားနိုင်ဖို့ လိုပါတယ်။

အာရုံဆိုးကို တွေ့ပြီး ဒေါသ ဖြစ်လို့ပဲ ဖြစ်ဖြစ်၊ ဒေါသကို အခြေခံပြီး တုံ့ပြန်မှု တစ်ခုခုကို ပြုဖြစ်လိုက်ရင်ပဲ ဖြစ်ဖြစ်၊ တစ်ဖက်သားကို အမှီပြုပြီး ကိုယ်ပါ ရှုံးရတော့ တာပါ။ ဈေးစကားနဲ့ ပြောရင် အမြတ် မရရင်တောင် အရှုံး မရအောင်တော့ ကြိုးစားရ မှာပါ။

လောကဓံဆိုး တစ်ခုဟာ ဘယ်လောက် အထိ တည်နေမှာလဲ၊ ကိုယ်က တစ်သက်လုံး နေပါ ဆိုရင်တောင် သူက မနေပါဘူး။ ကာလ တစ်ခုပါပဲ။ ဒီကာလ အခိုက်အတန့်လေး တစ်ခုမှာ ကိုယ်က သည်းခံလိုက်နိုင် ဖို့ပါပဲ။

ပါရမီ သဘောနဲ့ ပြောရင် ဒါန ပါရမီတို့ သီလ ပါရမီတို့ဟာ ဖြည့်ချင်ရင် ချက်ချင်း ထဖြည့်လို့ ရပါတယ်။ ခန္တီ ပါရမီတို့ ကျတော့ အာရုံ တစ်ခုခုနဲ့ တွေ့လိုက်မှ ကိုယ့်အတွက် ပါရမီ ဖြစ်ရတာပါ။ ဒီတော့ ကိုယ့်ကို အာရုံဆိုး တစ်ခု လာပေးတဲ့ သူကို ကိုယ့်ကို ပါရမီ ဖြည့်ပေးတဲ့ အတွက် တကယ်ဆို ကျေးဇူးတောင် တင်ရပါဦးမယ်။

သည်းခံတဲ့ နေရာမှာ ကိုယ်ကြားဖူး ထားတဲ့ ဂါထာလေးတွေ၊ ဇာတ်တော် ကလေးတွေ၊ ပုံဝတ္ထု ကလေးတွေ၊ လင်္ကာလေးတွေ၊ အဆုံးအမ စကားလေး တွေကို အာရုံပြုပြီး ဆင်ခြင် သည်းခံလို့လည်း ရပါတယ်။

သည်းခံမှု ပါရမီကို ဖြည့်ကျင့်တဲ့ နေရာမှာ ပင်ကိုယ် ဓါတ်ခံ ဗဟုသုတ တရား အသိလေး တွေလည်း ရှိဖို့ လိုပါတယ်။ စိတ်ထဲမှာ ဘာကို ပြေးသတိ ရလိုက်မိသလဲ ဆိုတော့ စံကင်း ဆရာတော် ဘုရားရဲ့ ဩ၀ါဒ စကားလေးပါ။ ပြဿနာ တစ်ခု ဖြစ်လာတဲ့ အခါ အလွတ် ဆုံးမတော် မမူဘဲ တရားသဘော သက်ဝင်အောင် ဆုံးမခဲ့ပုံ လေးပါ။

တစ်နေ့မှာ ကျောင်းသား တစ်ယောက်က သူ့ခြေထောက်ကို သေးပန်း ခံရတဲ့ အကြောင်း လာလျှောက်ပါတယ်။ အလျှောက်ခံ ရတဲ့ ကျောင်းသားက မတော်တဆ ဖြစ်ရတဲ့ အကြောင်း ပြန်လျှောက်ပြ ပါတယ်။ ဒီတော့ ဆရာတော်က-

“ဒို့ မေးပါဦးမယ်၊ မင်း ဖြေပေါ့၊ မကျေနပ် ရင်လည်း သူ့ကို ဒဏ်ပေးရ တာပေါ့၊ အဲဒီသေးဟာ ရုပ်တရားလား၊ နာမ်တရားလား”
“ရုပ်တရားပါ ဘုရား”
“မင်း ခြေထောက်ကကော”
“ရုပ်ပါ ဘုရား”
“ရုပ် ရုပ်ချင်း ထိတာ မဟုတ်လား၊ ဒါ ရွံစရာလား”
“ရွံစရာ မဟုတ်ပါ၊ ကျေနပ်ပါပြီ ဘုရား”
“အေး ရုပ်၊ ရုပ်ချင်း ထိမိတာက အပြစ်မရှိဘူး၊ ဒါကို အကြောင်းပြုပြီး ပေါ်လာတဲ့ နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ်၊ စိတ်ဆိုးတယ် ဆိုတာ ဒါပဲ”

ကျောင်းသား ကလေးငယ်လေး တွေကို တရား သဘောနဲ့ နှလုံးသွင်းပြီး သည်းခံတတ်အောင် ဆုံးမခံပုံ လေးပါ။ အထူးသဖြင့် နာမ်က နှလုံးသွင်း မတတ်ရင် အပြစ် ဖြစ်တတ်တယ် ဆိုတဲ့ အကြောင်းလေးပါ။

ဘယ်လိုပဲ ဖြစ်ဖြစ် အဆုံးအမ တစ်ခုခုကို အာရုံပြုပြီး သည်းခံလိုက်နိုင်တယ် ဆိုရင်ပဲ ကိုယ့်အတွက် မရှုံးတော့ ပါဘူး။

တစ်ခါတလေ ဒေါသအလျှောက် သည်းမခံနိုင်ဘဲ ပက်ကနဲ ပြန်ပြောလိုက်မိ တဲ့အခါ ပြောတုန်းကတော့ ကျေနပ်သလို ရှိပေမယ့် နောက်ရက် ကျတော့ စိတ်မကောင်း သိပ်ဖြစ်ရတာပါ။ အထူးသဖြင့် ဘာမဟုတ်တာ လေးနဲ့ ကိုယ့်အတွက် အကုသိုလ် ဖြစ်သွားရတာ သိပ်ရှုံးရ တာပါ။

အမှန်တော့ တရားရဲ့ သဘောက သိဖို့နဲ့ ကျင့်ဖို့ရယ်ပါ။

အာရုံတစ်ခုနဲ့ တွေ့လို့ တရား သဘောနဲ့ ယှဉ်ပြီး ကျင့်သုံးလိုက် ရရင် ကိုယ့်ကိုယ်ကို သိပ်အားရ ကျေနပ် ရတာပါ။ အရသာကောင်း တစ်ခုကို သိသွားရင် နောင် ကျင့်သုံးဖို့ မခက်လှတော့ ပါဘူး။

“ဩော်.. ငါဟာ မြတ်စွာ ဘုရား စကားကို နားထောင်လိုက်တဲ့ သူပဲ” ဆိုပြီး ကိုယ့်ကိုယ်ကို ကျေနပ်မှုနဲ့ အတူ ကြည်ညိုမှုပါ ဖြစ်ရတော့ တာပါ။

သည်းခံရမယ် ဆိုတော့ နေရာတကာ ခေါင်းငုံ့ပြီး သည်းခံရမှာလား ဆိုတော့ အဲဒီလိုလည်း မဟုတ်ပါဘူး
ဒါနဲ့ ပတ်သတ်ပြီး သီလက္ခန် အဋ္ဌကထာ နှာ-၅၃ မှာ ဖွင့်ပြထား ပါတယ်။
မဟုတ်မမှန် တာကို မဟုတ် မမှန်တဲ့ အတိုင်း ပြန်ဖြေရှင်းရ မယ်လို့ ဆိုပါတယ်။
ဖြေရှင်းတဲ့ နေရာမှာ အပြစ်ပြောတဲ့ နေရာမှာသာ ဖြေရှင်းရ မှာပါ။ တခြား နေရာတွေမှာ လိုက်ပြီး ဖြေရှင်းနေစရာ မလိုပါဘူး။

“သင်ဟာ သီလ မရှိတဲ့သူပဲ၊ သင့်ဆရာဟာ သီလ မရှိတဲ့ သူပဲ။ သင်ဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်၊ သင့်ဆရာဟာ ဒီလို ဒီလို အမှုကို ပြုထားတယ်” အဲဒီလို ပြောဆိုလာရင် သည်းခံမနေ ရပါဘူးတဲ့။ သည်းခံနေရင် တစ်ဖက်က ယုံမှား သံသယ ဖြစ်သွားတတ် ပါတယ်တဲ့။ အဲဒီ အခါမျိုးမှာ ဒေါသ မဖြစ်စေဘဲ အပြစ်ကို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။

တကယ်လို့ သင်ဟာ “ကုလားအုပ်ပဲ၊ နွားပဲ” စသည်ဖြင့် ပြောဆို စွပ်စွဲကဲ့ရဲ့ လာရင်တော့ ပြောဆိုလာတဲ့ သူကို လျစ်လျူရှုပြီး သည်းခံနေလိုက် ပါတဲ့။

ဒါ စာမှာ ဖွင့်ပြထား တာကို ခပ်ကျဉ်းကျဉ်း ရေးပြတာပါ။

အဓိက ကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလကို စော်ကားလာ ရင်တော့ ဒေါသမထွက်ဘဲ မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း ပြန်ဖြေရှင်း ရမယ်လို့ ဆိုထားပါတယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း ဒေါသမထွက် စိတ်မဆိုးဘဲ ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။ ဒေါသနဲ့ သွားဖြေရှင်း ရင်တော့ စာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။

ဝိပဿနာ သဘောနဲ့ ကြည့်လိုက်ရင် လောကမှာ ဘာမှ မမြဲပါဘူး။ သူလည်း မမြဲပါဘူး။ ကိုယ်လည်း မမြဲပါဘူး။ မမြဲတာကို မမြဲဘူးလို့ ၀ိပဿနာ သဘောနဲ့ သိလိုက်ရတဲ့ အချိန်မှာ သူ့ကို အလိုလို ခွင့်လွှတ်ပြီးသား ဖြစ်သွားပါတယ်။ လူတစ်ယောက်ရဲ့ ဘ၀မှာ နိဗ္ဗာန် ရောက်ဖို့သာ အဓိက ဆိုတော့ သူ့အတွက် အချိန်ကုန်ခံ မနေချင်တော့ ပါဘူး။ နိဗ္ဗာန် ရဖို့အတွက် အချိန်ဟာ ကိုယ့်အတွက် ရွှေထက်တောင် တန်ဖိုး ရှိနေတာ ဆိုတော့ ရလာတဲ့ အချိန်ကိုပဲ ကိုယ့်အတွက် အသုံးချရတော့ မှာပါ။ အဓိက ကတော့ မမြဲတဲ့ သဘောလေး တွေကို မမြဲဘူးလို့ သိလိုက်ဖို့ ပါပဲလေ။

ဘာပဲပြောပြော ကိုယ်က ခန္တီ ပါရမီကို ဖြည့်ကျင့်ချင်တဲ့ သူပါ။ တကယ်လို့ အာရုံဆိုး တစ်ခုကို တွေ့ပြီး သည်းခံဖို့ ခက်နေရင် မြတ်စွာဘုရား ရှေ့ကို သွားလိုက်ပါ။ လက်အုပ်ကလေး ချီပြီး “မြတ်စွာဘုရား ဘုရား တပည့်တော် ဒီနေ့ တစ်နေ့တာ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပါမည် ဘုရား” လို့ အဓိဋ္ဌာန် လိုက်ပါ။ စိတ်ထဲ မှာလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်၊ ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်နေတယ်” လို့ တွေးတွေးနေရ ပါမယ်။ ကြုံလာတဲ့ အာရုံကိုလည်း “ငါ မြတ်စွာ ဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သူ့ကို သည်းခံမယ်” လို့ နှလုံးသွင်းပြီး သည်းခံပစ် လိုက်ပါ။ ဒါဆိုရင် ကိုယ့်ရင်ထဲကို ခန္တီ ပါရမီ ရောက်လာပါလိမ့်မယ်။

ကဲ.. စာဖတ်သူ မြတ်စွာဘုရားကို ခန္တီ ပါရမီနဲ့ ပူဇော်ပြီး သည်းခံကြည့်ပါလား၊ အဆင်ပြေသွား ပါလိမ့်မယ်။

ကျမ်းကိုး
မဟာဗုဒ္ဓ၀င် ပထမတွဲ၊ ပထမပိုင်း- ဒုတိယပိုင်း။
(တိပိဋက မင်းကွန်း ဆရာတော် ဘုရား)

အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)၏ မြင့်မြတ်သူတို့ရဲ့ အလုပ် စာအုပ်မှ...

လေးစား ရိုသေစွာဖြင့်
ဖိုးသား
5/5/2010, WED:, 10:37:38 PM


သိပ်ပြီးမှတ်သားစရာ ကောင်းလို့ အဖြူရောင်မေတ္တာ ဘလော့ဂ်မှ ပြန်လည်ကူးယူဖေါ်ပြပါတယ်။ တရားဟောတဲ့ ဆရာတော် အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) ကို တရားတော်အတွက် သာဓုခေါ်ပါတယ်။ မူလပို့စ်ပိုင်ရှင် ဖိုးသားကို အထူးကျေးဇူးတင်ပါတယ် စုစည်းတင်ပြမှုအတွက် သာဓုခေါ်ပါတယ်။ လူတိုင်းလူတိုင်း ခန္တီပါရမီကို အတတ်နိုင်ဆုံး ဖြည့်ဆည်းနိုင်ပြီး လူလူချင်း အမုန်းမပွားဘဲ မေတ္တာထားနိုင်ကြပါစေ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

14 comments:

သာဓုပါ အမရေ .. မှားတာမှန်တာအသာထား ကိုယ့်ကိုထိရင် ချက်ချင်းပက်မိတဲ့အကျင့်ကတော့ စွဲနေပြီ အသက်သာကြီးသွားတာနဲ့အမျှ ဒေါသပါပိုပိုကြီးလာလားမသိပါဘူး :)

မှတ်သားလိုက်နာစရာ ဆုံးမစာလေးမို့  အဖိုးတန်ပါတယ် မငယ်နိုင်ရေ ။

“ကိုယ့်အောက် နိမ့်သူရဲ့ စကားကို သည်းခံနိုင်မှ အမြတ်ဆုံး သည်းခံခြင်း ” ဆိုတာ ခုမှ သေချာ နားလည်မိတယ် ။
ဒေါသ ကြောင့် အိပ်မပျော် ဖြစ်ရတယ် ဆိုတာလည်း တကယ်ပါပဲ ။ ခုတလော ၊ ည ည အိပ်မပျော်တာတွေ များ နေ တယ် ။ ဒီဒေါသတွေ လျှော့အုံးမှ ပါပဲလေ။

မငယ်ရေ..
ဟုတ်ပါ့.. ဟုတ်ပါ့ လို့သာ ပြောနေမိတော့တယ်...။
အစ်မလေ.. ဒီတလော ဒေါသတွေ ပိုကြီးနေတာ.. ဖျောက်မရ.. ပြုမရ..။ တကယ်တော့ အဆိုးကိုသ ဦးတည်တာပါ..။ ဘာအမြတ်အစွန်းမှလည်း မရ..။
ဒါပေမဲ့ အဲလို သိသိနဲ့ပဲ ထိန်းမရ ဖြစ်နေသေးတာ ညီမရေ..။ ခက်တာပါပဲ...။

( အဓိက ကတော့ ကိုယ့်ရဲ့ဂုဏ်သိက္ခာ သီလကို စော်ကားလာ ရင်တော့ ဒေါသမထွက်ဘဲ မဟုတ်မှန်တာကို မဟုတ်မှန်တဲ့ အတိုင်း ပြန်ဖြေရှင်း ရမယ်လို့ ဆိုထားပါတယ်။ ဖြေရှင်းတဲ့ နေရာမှာလည်း ဒေါသမထွက် စိတ်မဆိုးဘဲ ဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။ ဒေါသနဲ့ သွားဖြေရှင်း ရင်တော့ စာနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားပါလိမ့်မယ်။ )

အထင်လွဲစိတ်ဆိုးမှူ့တခုကိုရှင်းပြဖို့ ဖုန်းဆက်ပေမဲ့လက်ခံစကားမပြောတာ မျိုး ကျတော့ ဘာဆက်လုပ်ရမလဲ၊ ဥပေ့ခါ ပြု လိုက်ရမလား၊အ ကြံ ပေး ပါ အုံး

အထက်က anonymous သို့ ။ ဖုန်းလက်ခံ စကားမပြောရင် message ပို့ ပေးလိုက်ပါ။ message ပို့ လို့  မရရင် ကြေးနန်းရိုက်လိုက်ပါ။ ကိုယ့်ကွယ်ရာမှာတော့ ကိုယ်ရေးလိုက်တဲ့စာကို သေချာပေါက်ကို ဖတ်ကြည့်မှာပါ။

8 May 10, 05:19
လူလ: မင်္ဂလာပါ မငယ်၊လောကမှာ လူတိုင်းနဲ့ မတန်တဲ့တရားတွေထဲမှာ ခန္တီတရားလဲပါတယ်။ စေတနာဟာ လူတိုင်းနဲ့ မတန်သလိုပေါ့။ မှန်တယ်ဆို ထင်ရင် ချသာချ၊ အားပေးလျက်၊ ရွှင်လန်းချမ်းမြေ့ပါစေ.

ပို့စ်နဲ့ ဆိုင်နေလို့ C-Box ထဲက ကူးပြီး ထည့်ထားလိုက်တယ်။

လူလရေ - အားလုံးကတော့ ပုထုစဉ်လူသားတွေပဲမို့ ဘယ်သူမှတော့ အလုံးစုံ သည်းခံနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သူများ အကုသိုလ်ဟာ ကိုယ့်အကုသိုလ် မဖြစ်အောင်တော့ အတတ်နိုင်ဆုံး ရှောင်ဖို့လိုတယ် မဟုတ်လား။

littlebrook and kiki - တရားဟောတဲ့ ဆရာတော်က မူရင်းမှာ ရေးထားတာကို မူရင်းပို့စ်တင်သူ ဖိုးသားက Type ရိုက်ပြီး သူ့ဘလော့ဂ်မှာ တင်ထားကို ကျွန်မက အဆင်သင့် ဘာမှ လုပ်စရာမလိုဘဲ ကော်ပီကူးပြီး Paste လုပ်ပြီး ပြန်ဖေါ်ပြထားတာ ဖြစ်တဲ့အတွက် သူတို့ကိုပဲ သာဓုခေါ်သင့်ပါတယ်။

ဆရာမရေ - တချို့စာတွေက ဖတ်တဲ့အချိန်မှာပဲ နှလုံးသွင်းနိုင်ပြီး ကင်းကွာသွားတဲ့အချိန် မိမိကို လာစော်ကားပြောဆိုတာတွေနဲ့ ကြုံရရင် အဲဒီလိုပဲ သူများအကုသိုလ်ကို ကိုယ့်အကုသိုလ် လိုက်လုပ်မိတာတွေ ဖြစ်တတ်ပါတယ်။ သူတော်ကောင်း တရားတွေဆိုတာ ဖတ်တား သိထားရုံနဲ့ မလုံလောက်ဘဲ အမြဲမပြတ် ပြန်နွေးပြီး နှလုံးသွင်းပေးမှပဲ အကုသိုလ်ကို အတတ်နိုင်သလောက် ရှောင်ကြဉ်နိုင်တာ လာစော်ကားခံရရင် ခဏခဏ ပြန်ဖတ်လို့ ရအောင် ဒီပို့စ်လေးကို ဘလော့ဂ်မှာ သိမ်းထားရင်း ပြန်ဖေါ်ပြဖြစ်သွားတယ်။

မေးခွန်းမေးတဲ့ Anonymous ရော ဖြေပေးတဲ့ Anonymous နှစ်ယောက်စလုံး စာလာဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။ အထင်လွဲလို့ ဖြစ်တယ်ဆိုရင်တော့ ဖြေပေးတဲ့ Anonymous ရဲ့ အဖြေကို ကျွန်မလည်း သဘောတူပါတယ်။ နှစ်ဦးတည်း ဖြစ်တဲ့ ပြဿနာမှာ အထင်လွဲလို့ မဟုတ်ဘဲ မိမိကို နစ်နာစေချင်လို့ မခံမရပ်နိုင် ဖြစ်အောင် စိတ်တိုအောင် တမင်ဆွတာ ဆိုရင်တော့ သူပေးတဲ့ အကုသိုလ်ကို မယူပါနဲ့ အရှိန်ရှိသလောက်ပဲ သူပြောနိုင်လိမ့်မယ် ကြာရင် ရပ်သွားမှာမို့ ဥပက္ခပြုပြီး ထားလိုက်တာ ကောင်းပါတယ်။

ဝမ်းသာအားရ ကြိုဆိုပါတယ် မငယ်နိုင်ရေ...။ ဒါမျိုးဖြစ်သင့်နေတာ တကယ်ကြာနေပါပြီ။ သည်းခံစိတ်လေး တကယ်ထားနိုင်အောင်ကြိုးစားပါ။ မငယ်နိုင်ရဲ့ အသက်လည်း မငယ်တော့ဘူးလေ...။ ခန္တီတရား လေးကို လက်ကိုင်ထားသင့်တယ်ဆိုတာ ကျနော် အစ ကတည်းက အကြံပေးဖို့ပါပဲ။

"ပိုစ့်နဲ့မဆိုင်တာရေးရင်ဖျက်မယ်၊ စီဘောက်မှာကန့်ကွက်တာရေးရင် ဖျက်မယ်၊ ဘန်းမယ်" ဆိုပြီး စီဘောက်က အိုင်ပီကို စစ်လိုက်၊ Live Traffic Feed က နိုင်ငံနဲ့တိုက်လိုက် ဘန်းလိုက်နဲ့ တကယ်ပဲ အကုသိုလ်များပါတယ်ဗျာ။ ပြီးတော့ ဘလော့တကာလျှောက်သွားပြီးနေမယ့်အစား တရားစာလေးတွေဖတ်၊ သည်းခံစိတ်လေးတွေ မွေးနေတာ ပိုကောင်းပါတယ်။ ခုတော့ ကျနော်ဝမ်းသာသွားပါပြီ။ ကျနော့်စုတောင်း ပြည့်တယ်လို့ဆိုရမှာပေါ့။ အရင်လို ဒေါ်သတွေရှေ့ထားပြီး စီဘောက်ထဲကို အောက်မှာ ပြထားတဲ့ စကားတွေ ထပ်ပြီး မပြောပါနဲ့တော့ဗျာ။


6 May 10, 09:39
Nge Naing: ဒေါ်လာနဲ့ မနေ့က လာစော်ကားလို့ IP အပိတ်ခံလိုက်ရတဲ့ ရုရှားက တယေက်ကလွဲရင် ကျန်တဲ့ လာလည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

(ကျေးဇူးတင်တာတောင် ချန်တင်နေသေးတယ်။ နောက်ဆို ခန္တီတရားလေးနဲ့ ကိုယ့်စိတ်လေးကို ထိန်းပါဗျာ)

5 May 10, 12:28
Nge Naing: ဒါနောက်ဆုံးပဲ။ နောက်ထပ်အခွင့်အရေး မရဘူး။ ရေးချင်ရင် ပို့စ်နဲ့ဆိုင်တာကို ရေးပါ။ မင်းဘလော့ဂ်မှာ ရေးထာကိုလည်း သိအောင်ရေးတာပဲ ဖတ်ပြီးရင် ပို့စ်နဲ့ မဆိုင်လို့ ဖျက်လိုက်လို့ရတယ်။ ငါဘာမှ မဖြစ်ဘူး။

5 May 10, 11:45
Nge Naing: ဒေါ်လာ- မဆိုင်တာ သိပ်မရေးနဲ့ IP အစစ် အပိတ်ခံထားရပြီးပြီ။ အခုလာရေးနေတဲ့ ကနေဒါ IP အတုပါ ထပ်အပိတ်ခံရလိမ့်မယ်။

2 May 10, 06:36
Nge Naing: halo- ရုရှားကနေ ကျမ C-Box မှာ အရေမရအဖတ်မရ လာရေးတာ ရှင်တယောက်ပဲ ရှိဖူးသေးတယ်။ ရှင်ပဲ ငရဲမရောက်အောင် ကြိုးစားပါ။

2 May 10, 00:22
Nge Naing: တင်ထားတယ်လေ ဒေါ်လာ မတွေ့ဘူးလား။ ရှင်အရင်လာရေးနေတဲ့ IP ကို ရိုင်းလွန်းလို့ ပိတ်လိုက်ရပြီးပြီ။ အခု ဒီ IP လည်း ရိုင်တာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ ရေးတာနဲ့ ချက်ချင်း ပိတ်မယ်ဆိုတာ ကြိုပြောထားမယ်။

2 May 10, 21:37
Nge Naing: အံ့ဖွယ်ပါတကား- စကားကပ်မပြောပါနဲ့ "မသိတဲ့သူ" ဆိုတာ အသက်အရွယ်အပါအ၀င် မသိတာ အကုန်ပါပြီးသားဖြစ်ပါတယ်။

3 May 10, 20:12
Nge Naing: စိတ်ချ ကိုသားဆွေC-Box ကို အရှုံးပေးပြီး ကျွန်မ လုံးဝ ပိတ်မှာ မဟုတ်တော့ဘူး။ အစကတော့ ကျွန်မက C-Box မှာ မိတ်ဆွေတွေလည်း သိပ်နှုတ်ဆက်တာမှ မဟုတ်တော့ အနှောင့်အယှက် များတာနဲ့ ပိတ်ဖို့စဉ်းစားခဲ့သေးတယ်။

5 May 10, 10:18
Nge Naing: မင်းဘလောဂ်မှာ သိအောင် ရေးပေးထားတာကို မင်း မကျေနပ်ရင် ဖျက်လိုက်လို့ ရပါတယ်။ ဖိနပ်စီးပြီး ၀င်ခွင့်ပေးတဲ့ အိပ်ကို စီးဝင်လို့ရတယ်။ ၀င်ခွင့်မပေးတဲ့ အိပ်ကို စီးမ၀င်ဘူး ဆိုတဲ့ အရင်ပေးဖူးတဲ့ ဒီဥပမာအတိုင်းပဲ

5 May 10, 10:34
Nge Naing: ဒေါ်လာ- ရိုင်းတာ။ မဟုတ်တာ၊ မဆိုင်တာတွေကိုပဲ အစ်မဖျက်တယ်။ အစ်မကို ကန့်ကွက်တာကို တခါမှ မဖျက်ဘူး။ မင်းက စာလာဖတ်တာလည်း မဟုတ်ဘဲနဲ့ မသိဘဲ ရမ်းမပြောပါနဲ့။ မင်းကိုယ်တိုင် စာလာဖတ်တာ မဟုတ်ဘူးလို့ ပြောပြီးပြီ။

xxxxx

ဘာပဲဖြစ်ဖြစ် ခုလို အရင်တစ်ပက်က ဒေါသ မောဟတွေနဲ့ရေးခဲ့ပြီး ခု ခန္တီတရားလေးကို စ ပြီး လက်ကိုင်ထားနိုင်ဖို့ ကြိုးစားနေတယ်လို့ ကျနော် ယုံကြည်ပါတယ်ဗျား။ နောက်တော့ မကျသေးပါဘူး။ ဒီနေ့ တကယ်လုပ်နိုင်ရင်ပေါ့။ လူရှိန်အောင်ကော်ပီကူးပြီးတင်ထားပြီ အရင်တပက်ကလိုပဲ ဒေါ်သ၊ မောဟတွေ ဆက်ပွားနေမှာမဟုတ်ဘူးလို့တော့ ကျနော် ယုံကြည်ပါတယ်ဗျာ။ တကယ်ကို ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဝမ်းသာ ကြိုဆိုပါတယ်ဗျာ။

ဒေါ်လာ မင်းက ငါ့အတွက် ဆုတောင်းပေးတယ်ဆိုတော့ ကျေးဇူးတော့ တင်ပါတယ်။ ဒါပေမဲ့ အဲဒါ မင်းဆုတောင်းပေးလို့ မဟုတ်ဘူး။ ငါက ဗုဒ္ဓဘာသာကို စတင်ပြီး တကယ်သက်ဝင်ယုံကြည်ခဲ့တဲ့ အသက် ၂၀ ပတ်ဝန်းကျင် အရွယ်ကတည်းက စပြီး အခုလိုပဲ တရားရှိပြီးသား။ တရားရှိလို့ပဲ မင်းတို့လို အနှောင့်အယှက်ပေးဖို့ သက်သက် လာနေတဲ့ အကုသိုလ်ကောင်တွေ မင်းတို့လို ပြန်မရိုင်းတာပေါ့။ တရားရှိတယ်ဆိုပြီး မင်းတို့လို အကုသိုလ်ကောင်တွေ ဘလော့ဂ်မှာ လာနှောင့်ယှက်နေတာကိုတော့ အပေါ်မှာ ပြောထားတဲ့ တားဆီးမှုတွေကို မလုပ်ဘဲ နေမယ်မထင်ပါနဲ့။ ငါ့ဘလော့ဂ်ကို လာလည်တဲ့ လူကောင်းသူကောင်းတွေမှာ မင်းတို့ရဲ့ အကုသိုလ်တွေ မကူးစက်ရလေအောင် မဆိုင်တာတွေ အများကို အကုသိုလ် ဖြစ်စေတာ လာရေးရင် ဖျက်နေရဦးမှာပဲ။ တခြာဘလော့ဂ်က ညစ်ပတ်စုတ်ပြတ်တဲ့ C-Box တွေမှာ ငါ့နာမည်နဲ့ ညစ်ပတ်စုတ်ပြတ်တဲ့ စကားတွေ ဖေါင်းပွနေတာ ငါ့ဘလော့ဂ်ထဲမှာတောင် ငါ့နာမည်ကို သုံးပြီး ရေးသေးတဲ့ မင်းတို့ပဲ ဖြစ်မယ်ဆိုတာ သဘောပေါက်ပါတယ်။ ဒါပေမဲ့ ငါက ငါနဲ့ သိတဲ့ ဘလော့ဂ်မိတ်ဆွေတွေဆီမှာ လာလည်ကြောင်း နှုတ်ဆက်စကားပြောတတ်တာက လွဲလို့ တခြားဘာမှ မပြောဘူးဆိုတာ ဘလော့၈်မိတ်ဆွေတိုင်း သိပါတယ်။ ဒါကြောင့် မင်းတို့ ငါ့ကို သိက္ခာကျအောင် ဘယ်လိုပဲလုပ်လုပ် ဘယ်သူမှ မယုံဘူး။ မသိတဲ့သူတွေကလည်း Link အတိုင်း လိုက်လာလို့ ငါ့ဘလော့ဂ်ကို ရောက်ပြီးရင် ဟိုမှာရေးထားတာ ငါမဟုတ်ဘူးဆိုတာ ချက်ချင်းသိမှာပဲ။ ဒီတော့ မင်းတို့ပဲ အကုသိုလ် ဖြစ်တယ်ဆိုတာ သဘောပေါက်ပါ။ မင်းတို့က ငါ့ C-Box ကိုပိတ်အောင်၊ ငါက တခြား C-Box တွေကို လိုက်မလည်အောင် တသက်ကြိုးစား ဘယ်တော့မှ မအောင်မြင်ဘူး။ ပြီေးတာ့ မင်းငါ့ကို စိတ်တိုအောင် ဆွပေးနေတာ ငါဘာမှ မဖြစ်ဘူးဆိုတော့ မင်းအတွက် ဘာအကျိုးမှ မရှိပါဘူး။ အဲဒီတော့ ဒေါ်လာရေ - နိုင်ငံရေး ခံယူချက်နဲ့ ပတ်သက်ပြီး မင်းယုံကြည်တာကို မင်းဆုပ်ကိုင်ထားလို့ ရတယ်၊ ဒါပေမဲ့ ဒီမိုကရေစီကို ယုံကြည်တဲ့ သူတွေကို အမြင်ကပ်လို့ မင်းလိုက်လုပ်နေတာတွေက ဘယ်သူ့အတွက်မှ ဘာအကျိုးမှ မရှိဘူးဆိုတာတော့ သဘောပေါက်သင့်ပြီ။

ဒေါသ လျှော့ပါ မငယ်နိုင်ရယ်။ ကျနော်တောင်းပန်ပါတယ်ဗျာ..။ စကားမှားသွားရင် သည်းခံပါ။ ဒေါသထွက်တာ မကောင်းပါဘူးဗျာ။ သည်းခံတာက ဘုရားဟောနဲ့လည်း ညီပါတယ်။

ခန္တီတရား၊ သည်းခံငြား၊ စိတ်ထားဘယ်သို့ ဖြည့်သနည်း။

လူမိုက်အမှု၊ ငါပြန်ပြုလျှင်၊ သူလိုငါလဲ၊ လူမိုက်ပဲဟု၊ စိတ်ထဲတွေးဆ၊ အေးမြမြနှင့်၊ ဒေါသမထွက်၊ စိတ်မပျက်၊ သက်သက် အနာခံသတည်း။

ဒေါ်လာရေ မင်းက စေတနာနဲ့ ပြောတာကို ဒေါသလို့ ထင်နေတာကိုး။ ဘာပဲဖြစ်ဖြစ် မင်းက စေတနာနဲ့ အကြံပြုတယ် ဆိုရင်တော့ လက်ခံရမှာပေါ့။ မင်းမှာ ရိတိတိ ခနဲ့တဲ့တဲ့ နည်းနည်း ပါတာကလွဲလို့ အပြောအဆို အရေးအသားတွေ အရင်ကနဲ့ ဘာမှ မဆိုင်ဘူး။ တော်တော်လေး ယဉ်ကျေးပြီး တိုးတက်လာတာကို တွေ့ရလို့ ၀မ်းသာပါတယ်။ ထပ်ဖေါက်ရင်တော့ တမျိုး ပြန်စီစဉ်ရမှာပေါ့။ တလက်စတည်းမှာ ပြောချင်တာက အစ်မ ရေးလေ့ မရှိတဲ့ C-Box တွေမှာ Nge Naing နာမည်နဲ့ ယုတ်ရိုင်းကြမ်းတမ်းတဲ့ စကားတွေ (သို့) အရေမရအဖတ်မရတွေ လိုက်ရေးနေတာနဲ့ သူများ ချစ်သူ၊ သမီးရည်းစားနှစ်ဦး ချစ်ကြည်နေတဲ့ပုံတွေကို မနာလိုဖြစ်ပြီး မင်းနဲ့ ဟဲမိုးဆိုတဲ့ နှစ်ယောက် လိုက်ဖြန့်နေတာတွေဟာလည်း အကုသိုလ်တွေ အလုပ်တွေဖြစ်လို့ ဆက်မလုပ်ဖို့ ဒေါ်လာကို အကြံပြုပါတယ်။

ထပ်ဖောက်တာတွေ ဘာတွေဆိုတာ တကယ်တော့ ပြောစရာမလိုပါဘူး။ ထပ်ဖောက်ရင်သည်းမခံရတော့ဘူးလို့ မရှိပါဘူး။ ပိုစ့်တစ်ခုလုံးကို ကော်ပီကူးပြီး တင်ထားတဲ့သူက ပိုသိမှာပါ။ ဘာပဲဖြစ်ဖြစ် သည်းခံပါအစ်မရာ။ ကျနော်ကတော့ အစ်မ ဟုတ်တိပက်တိ ဒီပို့စ်ကြီးတင်ပြီး အရင်လို ဆက်ဖြစ်နေလည်း ကျနော်က နားလည်ပေးမှာပဲ။

စကားပြောတာကတော့ အစ်မက အသိသာဆုံးပါ။ ဒါကြောင့် ကျနော့်ရဲ့ ပထမဆုံး ကွန်းမန့်မှာ အစ်မပြောခဲ့တဲ့ စာတွေ ပြန်ထည့်ပေးထားတာပါ။ အရင်တစ်နေ့က အစ်မရေးခဲ့တဲ့ အဲ့ဒီစာတွေနဲ့ ဒီပိုစ့်နဲ့ဆို ဘာမှကို မဆိုင်တာပါ။ ဒေါ်သတကြီးနဲ့ ဖျက်မယ်၊ ပိတ်မယ်၊ ဘန်းမယ်၊

5 May 10, 12:28
Nge Naing: ဒါနောက်ဆုံးပဲ။ နောက်ထပ်အခွင့်အရေး မရဘူး။ ရေးချင်ရင် ပို့စ်နဲ့ဆိုင်တာကို ရေးပါ။ မင်းဘလော့ဂ်မှာ ရေးထာကိုလည်း သိအောင်ရေးတာပဲ ဖတ်ပြီးရင် ပို့စ်နဲ့ မဆိုင်လို့ ဖျက်လိုက်လို့ရတယ်။ ငါဘာမှ မဖြစ်ဘူး။

5 May 10, 11:45
Nge Naing: ဒေါ်လာ- မဆိုင်တာ သိပ်မရေးနဲ့ IP အစစ် အပိတ်ခံထားရပြီးပြီ။ အခုလာရေးနေတဲ့ ကနေဒါ IP အတုပါ ထပ်အပိတ်ခံရလိမ့်မယ်။

2 May 10, 06:36
Nge Naing: halo- ရုရှားကနေ ကျမ C-Box မှာ အရေမရအဖတ်မရ လာရေးတာ ရှင်တယောက်ပဲ ရှိဖူးသေးတယ်။ ရှင်ပဲ ငရဲမရောက်အောင် ကြိုးစားပါ။

2 May 10, 00:22
Nge Naing: တင်ထားတယ်လေ ဒေါ်လာ မတွေ့ဘူးလား။ ရှင်အရင်လာရေးနေတဲ့ IP ကို ရိုင်းလွန်းလို့ ပိတ်လိုက်ရပြီးပြီ။ အခု ဒီ IP လည်း ရိုင်တာ ပုဂ္ဂိုလ်ရေးတိုက်ခိုက်တာ ရေးတာနဲ့ ချက်ချင်း ပိတ်မယ်ဆိုတာ ကြိုပြောထားမယ်။

2 May 10, 21:37
Nge Naing: အံ့ဖွယ်ပါတကား- စကားကပ်မပြောပါနဲ့ "မသိတဲ့သူ" ဆိုတာ အသက်အရွယ်အပါအ၀င် မသိတာ အကုန်ပါပြီးသားဖြစ်ပါတယ်။

---
ဒါမျိုးတွေပေါ့။ ပါပဲဖြစ်ဖြစ် နှစ်ရက်လောက် အဲ့လိုမပြောလည်း နှစ်ရက်လူကောင်းဖြစ်ပါတယ် အစ်မ။ ကျနော်ကတော့ အားပေးတယ်၊ ဝမ်းလည်းသာတယ်။

အစ်မနဲ့ မဗေဒါတို့ ဘယ်လိုပက်သက်ကြလဲတော့ ကျနော်မသိပါဘူး။ သူ့အတွက် အမြဲ လိုက်ပြောပေးနေလို့၊ တော်တော် ရင်းနီးတယ်လို့ထင်ပါတယ်။ ဒါလည်း သဘာဝပဲလေ..။ ကောက်ရိုးရှိရာ ကောက်ရိုးစု၊ မြက်ရှိရာ မြက်စုပေါ့။ ဂိုဏ်းတူ၊ လိုင်းတူ တွေပဲ ဖြစ်မှာပါ။ ဒါပေမယ့် အဲ့ဒီ မဗေဒါနဲ့ ရုရှားကစစ်ဗိုလ်တွေ ပြဿနာမှာ ကျနော် ဘာမှမဆိုင်ပါဘူး။ ကျနော်က အဝေးကြီးပဲ အနေသာကြီး။ သူ့ဘာသူ ဆရာမကြီးအထာနဲ့ သွားစပြီး နောက်ဆုံး မြွေဘာလဲဆုံး သားလဲဆုံးဖြစ်နေတာ။ ကျနော်က အဲ့ဒီကိစ္စကို စိတ်ကို မဝင်စားတာ။ အစ်မနာမည်နဲ့ ရေးသမျှကို အစ်မမဟုတ်ဘူးလို့ အစ်မပြောခဲ့တယ်မို့လား။ ဒီလောကမှာ ကိုယ်တိုင်ဒီလို ကြုံတွေ့နေရတာတောင် အစ်မ သူတပါးကို ဘာလို့နားလည်မပေးနိုင်ရတာလဲဗျာ။ အစ်မအတွက် ကျနော်တော်တော် ဝမ်းနည်းမိတယ်။ ကိုယ်ချင်းစာတရားလေး လက်ကိုင်ထားပြီး ကိုယ့်ထက်ငယ်တဲ့လူတွေကို နားလည်ပေးပါဗျာ။ အစ်မအသက်က တော်တော်ကို ကြီးနေပါပြီ။ ဟုတ်လား မဟုတ်လား သေချာမသိပဲနဲ့ ကျနော့်ကို စွတ်စွဲတာတော့ မကောင်းပါဘူး။ ကျနော်က အစွပ်စွဲခံရလည်း အစ်မကို အပြစ်မတင်ပါဘူး သည်းခံပါတယ်။ အစ်မအတွက် အဲ့ဒီ မကောင်းတဲ့အကျင့်ကြီးပါသွားမှာအရမ်း စိုးရိမ်မိလို့ပါဗျာ။

ကျနော့်အလုပ်နဲ့ ကျနော်တောင် မအားလို့ ကိုယ့်နာမည်နဲ့ ကိုတောင်မရေးနိုင်တာ ကြာပါပြီ အစ်မရာ၊ အစ်မနာမည်နဲ့ ကျနော်ရေးတယ်လို့ ဘာလို့ပြောရတာလဲဗျာ။ ဘလော့ပိုင်ရှင်ကပြောတာလား၊ ဘယ်သူက ဘယ်အထောက်အထားနဲ့ ပြောတာလဲဆိုတာ ကျနော် သိရင် အဲ့ဒီလူကို ကျနော် ပြောချင်တယ်ဗျာ။ ရန်ဖြစ်ဖို့တော့ မဟုတ်ပါဘူး။ အစ်မ ကို သက်သက် အ ကုသိုလ်တွေ ပေးနေလို့ပါ။ ဘယ်သူကမှ မပြောပဲ အစ်မဘာသူ စွပ်စွဲတာဆိုရင်တော့ ဘယ်သူမှမပေးတဲ့ အ ကုသိုလ်ကို အစ်မ ယူတာပဲပေါ့။ အဲ့လိုဆိုရင်တော့ ကျနော် အစ်မအတွက် တကယ်စိတ်မကောင်းဖြစ်မိတယ်။ အစ်မ အသက်အရွယ်နဲ့ဆိုတာ သူတပါးကို အဲ့လို မသိဘဲစွပ်စွဲဖို့ မကောင်းပါဘူးဗျာ။ ကျနော်က စွပ်စွဲခံရလို့ ဘာမှမဖြစ်ပါဘူး။ သည်းခံပါတယ်။ အစ်မ ကိုလည်း ခွင့်လွှတ်ပါတယ်။ ဒီပုံစံ ဒီစိတ်ဓာတ်နဲ့ ရှေ့ဆက်သွားမယ့် အစ်မအတွက် အရမ်း စိုးရိမ်မိလို့ပါဗျာ.......။

အမငယ်နိုင်.. ကျနော့် အကိုက စစ်ဗိုလ်တဦးမို့ ကျနော်နဲနဲ နားလည်တာက သူတို့တွေ စိတ်ဓါတ်စစ်ဆင်ရေးမှာ မခေသူတွေဖြစ်ကြောင်းပါ။
ကိုယ့်ရဲ့အသိတရားနောက်မှာ သတိတရားကို ကပ်ထားဘို့ မမေ့ပါနဲ့..
တော်ယုံကိစ္စတွေမှာ လစ်လျူရှူ့ပြီး ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကိုသာ စိတ်အေးချမ်းစွာ ကြိုးစားပြီးလုပ်ပါ။ ကိုယ်ယုံကြည်ရာကို တခါ နှစ်ခါရှင်းပြပြီးရင် လုံလောက်ပါတယ်။
ဒီနေ့ အမေများနေ့မှာ မိခင်တဦးဖြစ်တဲ့ အမငယ်နိုင် ပျော်ရွှင်အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

ဖြိုးအောင်ရဲ့ အကြံပေးမှုအတွက် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ အစ်မမှာလည်း ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မှာ စစ်ဗိုလ်တွေ စစ်သားတွေ သိပ်များလို့ စစ်တပ်က လူတွေအကြောင်းကို အစ်မလည်း သိသင့်သလောက်တော့ သိပါတယ်။ ဘယ်နေရာမှာမဆို ကောင်းတဲ့သူနဲ့ ဆိုးတဲ့သူဆိုတာ အမြဲတွဲ ရှိနေတတ်ပြီး ကောင်းတဲ့သူတွေရဲ့ တိုင်းပြည်ကို ချစ်တဲ့စိတ်ကိုတေ့ အစ်မ အသိအမှတ်ပြုပါတယ်။ ဖြိုးအောင် အကြံပြုတဲ့အတိုင်း အစ်မ သတိထားပါ့မယ်။

ဒေါ်လာရေ- အဲဒီထဲမှာ ရေးထားတာတွေက မင်တို့ ဘယ်အချိန်ပဲ လာရေးလာရေး ဒီလို မဆိုင်တာတွေ လာရေးရင် အစ်မလည်း ဒီလိုပဲ တုံ့ပြန်ရမှာပဲ။ အဲဒီလို ပြန်ရေးထားတာကိုက သည်းခံပြီး ပြန်ရေးထားတာ ဖြစ်တယ်။ သည်းမခံရင် ဒီလို ကြိုတင်သတိပေးစရာလည်း မလိုဘူး တခါတည်း ဘန်းလိုက်မှာပေါ့။ အခုမင်းတို့ကို ဘန်းထားတာ နောက်မလုပ်နဲ့ လုပ်ရင် ဘန်းမယ်လို့ အသိပေးပြီးမှ ဘန်းတာပဲ ရှိတယ်။ အဲဒါ သည်းခံလို့ဆိုတာ သဘောပေါက်ပါ။

သူများ C-box မှာ အစ်မနာမည်နဲ့ လိုက်ရေးတာကို မင်းမဟုတ်ဘူးလို့ ငြင်းလို့တော့ ရရင် ရမယ် အစ်မမှတ်ချက်ထဲမှာ လာရေးထားတဲ့ အောက်က Nge Naing နာမည်နဲ့ မှတ်ချက်ကိုတော့ မင်းငြင်းလို့ ဘယ်လိုမှ မရပါဘူး။

(((Nge Naing has left a new comment on your post "A one to one patient (or) စပယ်ရှယ်လူနာ တယောက်":

ကျွန်မလား.........ေ-ာက်ရှက်မရှိတဲ့ ဖာသည်မကြီးပါ))))

ဘလော့၈်မှာ ဖျက်လိုက်ပေမဲ့ မေးလ်ထဲမှာ ရှိနေသေးတဲ့ Nge Naing နာမည်နဲ့ အစ်မရဲ့ တခြားပို့စ်မှာ မင်းကိုယ်တိုင် ရေးခဲ့တဲ့ မှတ်ချက်ပါ။ ဘကြောင့် မင်းကိုယ်တိုင်လို့ ပြောနိုင်လဲ။ အဲဒီအချိန်မှာ Feedjit live မှာ ကြည့်တော့ တခြားလူဆိုလို့ ရုရှားက လာတဲ့ မင်းတယောက်တည်းပဲ ရှိပြီး ဘလော့ဂ်ထဲမှာ မင်းနဲ့ အစ်မ နှစ်ယေက်ပဲ အပြိုင်အဆိုင် မင်းရဲ့ ပို့စ်နဲ့ မဆိုင်တဲ့ ဒေါ်လာ နာမည်နဲ့ မှတ်ချက် နှစ်ခုကို မင်းကတင်လိုက် အစ်မက ဖျက်လိုက်၊ ဖျက်လိုက်တာကို မင်းကပြန်တင်လိုက်နဲ့ မှတ်ချက် တခုက ၆ ကြိမ် တခြားတခုက ၇ ကြိမ်မြှောက်မှာ မင်းလက်လျှော့သွားတယ်။ တင်သူကတင်လိုက် ဖျက်သူက ဖျက်လိုက်နဲ့ လုပ်နေတဲ့ ကြားကာလမှာ Nge Naing နာမည်နဲ့ အပေါ်က မှတ်ချက်ကို မင်းထည့်လိုက်တယ်။ ဒီမှတ်ချက် ၀င်လာတဲ့အချန်မှာ အစ်မ Feedjit live နဲ့ လက်ရှိ ဘလော့ဂ်ထဲမှာ ရှိနေသူဦးရေကို ပြန်စစ်ကြည့်တယ် နှစ်ယေက်ပဲ ရှိတယ်။ တခြားဘယ်သူမှ ထပ်မ၀င်လာသေးဘူး။ ဒီတော့ မင်းမဟုတ်ဘူးလို့ ဘယ်လိုမှ ငြင်းလို့ မရဘူး ဒေါ်လာ။ အဲဒီတော့ ငြင်းမနေနဲ့တော့။ အဲဒါဟာ မင်းက အတုယူသင့်တဲ့ ဘလော့ဂ်တွေလို့ ရေးထားတဲ့ တခြားဘလော့ဂ်က C-Box တွေမှာ Nge Naing နာမည်နဲ့ ရေးတာလည်း မင်းပဲ ဖြစ်မယ်ဆိုတာ ထင်ဖို့ လုံလောက်တဲ့ အကြောင်းပြချက် ဖြစ်ပါတယ်။ ထားလိုက်တေ့ တခြားဘလော့ဂ်မှာ ရေးတာ မင်းတကယ်မဟုတ်ဘူးဆိုရင်တော့ စွပ်စွဲခံရတာ ဖြစ်နိုင်လို့ အစ်မတောင်းပန်ပါတယ်။ ဒါပေမဲ့ မင်းကိုမယုံဘူး။ မင်းက မင်းစေတနာနဲ့ တကယ်ပြောတယ်ဆိုရင် စေတနာဆိုတာ တနေ့ ရောင်ပြန်ဟပ်ပါတယ်။ အဲလို ရောင်ပြန်ဟပ်တဲ့အချိန်ထိ မင်းကိုယ်တိုင် အဲလိုမျိုးနောက်မလုပ်ဖို့ပဲ တရားရှိရှိ နေဖို့ အရင်ကြိုးစားဖို့စားပါလို့ အကြံပြုပါတယ်။

11 May 10, 16:28
အဖြူရောင်မေတ္တာ: အစ်မရေ.. ပို့စ်ပြန်လည် ဖော်ပြပေးလို့ ၀မ်းသာတယ် အစ်မ.. ကြည်နူးတာပေါ့ အစ်မ..
11 May 10, 16:29
အဖြူရောင်မေတ္တာ: ရေးမယ် ရေးမယ်နဲ့.. ဘုန်းကြီးကျောင်း ရောက်နေလို့ အစ်မရေ.. ခုမှပဲ ရေးဖြစ်တယ်.. အစ်မတို့ မိသားစု စိတ်ချမ်းမြေ့ပါစေ။

(မူလ ပို့စ်ပိုင်ရှင် ဖိုးသားရဲ့ C-Box က မှတ်ချက် ဖြစ်တယ်။)