မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကျေးဇူးတော်ရှင် (န၀မ) ဗန်းမော် ဆရာတော် ဘုရားကြီး၏ ကမ္ဘာ့ ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီး

အားလုံးသော ကမ္ဘာ တစ်ဝန်းလုံးရှိ ဓမ္မ မိတ်ဆွေ အပေါင်းတို့အား အသိပေး ကြေငြာအပ်ပါသည်။

ကျေးဇူးတော်ရှင် အဂ္ဂမဟာ ပဏ္ဍိတ ဗန်းမော် ဆရာတော် ဘုရားကြီး၏ လမ်းညွှန်ချက်နှင့် အညီ ကမ္ဘာသူ ကမ္ဘာသားများ အန္တရာယ် ကင်းရှင်း စေရန်၊ သမ္မာဒေ၀ နတ်မြတ် နတ်ကောင်း တို့၏ စောင့်ရှောက် ကူညီမှု ရရှိစေရန် နှင့် ကမ္ဘာကြီး ငြိမ်းချမ်းစေရန် ရည်ရွယ်၍ ကမ္ဘာ့ပဋ္ဌာန်း ရွတ်ဖတ် ပူဇော်ပွဲကြီးကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၂၀-၆-၂၀၁၀) တနင်္ဂနွေနေ့ ဂျပန်စံတော်ချိန် ညနေ ၆-နာရီ အချိန်၌ ကျေးဇူးတော်ရှင် ဗန်းမော် ဆရာတော် ဘုရားကြီး အမှူးပြုသော သံဃာတော် အရှင်သူမြတ်များက ဦးဆောင်ပြီး ကမ္ဘာ အရပ်ရပ်ရှိ ဓမ္မမိတ်ဆွေ သူတော်စင် ပရိတ်သတ် အပေါင်းတို့မှ တပြိုင်နက် မြတ်ပဋ္ဌာန်းကို ရွတ်ပွား ပူဇော်ကြမည် ဖြစ်ပါသည်။

သို့ပါသောကြောင့် ကမ္ဘာ တစ်ဝန်းရှိ ဓမ္မမိတ်ဆွေ အပေါင်းတို့ ပါဝင် ရွတ်ပွား သရဇ္ဈာယ် ကုသိုလ် ယူနိုင်ကြပါရန် အသိပေး နှိုးဆော် အပ်ပါသည်။
  • နေ့ရက် - (၂၀၊ ၆၊ ၂၀၁၀) တနင်္ဂနွေနေ့
  • အချိန် - ဂျပန် စံတော်ချိန် ညနေ (၆) နာရီ
  • နေရာ - MCWA (မြန်မာ့ ထေရ၀ါဒ ဗုဒ္ဓသာသာ ဘုန်းတော်ကြီးကျောင်း)၊ နာဂအီတဘရှိ၊ တိုကျို။
မှတ်ချက်
  • တိုကျိုမြို့ မှ ဓမ္မမိတ်ဆွေ သူတော်စင်တို့ အနေဖြင့် ပဋ္ဌာန်း အကျယ် (ပစ္စယုဒ္ဒေသ) စာအုပ်များ ကို ယူဆောင် လာကြပြီး ဆရာတော်ကြီးများနှင့် အတူတကွ ရွတ်ပွားပူဇော် ကြပါရန် နှိုးဆော်အပ်ပါသည်။
  • Internet ပေါ်မှတဆင့် တရားနာယူနေကြမည့် ဓမ္မမိတ်ဆွေ သူတော်စင် အပေါင်းတို့ကလည်း မိမိတို့၏ နေရာ ဒေသ အသီးသီးမှ ပဋ္ဌာန်း တရားတော်ကို အတူတကွ ရွတ်ပွားပူဇော် ကြပါရန် နှိုးဆော် အပ်ပါသည်။
အင်တာနက်မှ တိုက်ရိုက် ထုတ်လွှင့်မှု အစီအစဉ်

Website: www.livedhamma.com
ဂျပန် စံတော်ချိန် ညနေ ၆ နာရီ
စင်္ကာပူ စံတော်ချိန် ညနေ ၅ နာရီ
မြန်မာ စံတော်ချိန် ညနေ ၃း၃၀နာရီ
ရုရှား စံတော်ချိန် နေ့လည် ၁ နာရီ
နယူးယောက် စံတော်ချိန် နံနက် ၅ နာရီ

0 comments: