မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြန်မာနိုင်ငံ အမျိုးသမီးများနေ့

ပထမကြိမ် အမျိုးသမီးများနေ့ကို ချူလာလောင်ကွန် တက္ကသိုလ်မှာ ကျင်းပစဉ်က မြန်မာ့အမျိုးသမီး သမဂ္ဂမှ တက်ရောက်သည့် ကိုယ်စားလှယ် နှစ်ဦး (လက်ယာဘက်တယောက်က ၂၀၁၀ အမတ်လောင်းဆိုပြီး ကျွန်မ C-Box မှာ လာလာ နှုတ်ဆက်တတ်တဲ့ ဘလော့ဂါ မဗေဒါ (၈၈) ပါ။)

ဇွန်လ (၁၉) ရက်နေ့ကို ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ဆိုတာ အားလုံးလိုလို သိကြပေမဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် သိသူတွေ အင်မတန် နည်းနေသေးတာကို တွေ့ရပါတယ်။ ၁၉၉၇ ခုနှစ် ဇွန်လ (၁၉) ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၅၂ နှစ်နှစ်မြောက် မွေးနေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ ချူလာလောင်ကွန် တက္ကသိုလ်မှာ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးများနေ့အဖြစ် မြန်မာ့အရေး ဆောင်ရွက်နေသော အဖွဲ့အစည်းများနှင့် မြန်မာအမျိုးသမီးများ ပူးပေါင်းပြီး မြန်မာ အမျိုးမီးများနေ့အဖြစ် စတင် ကျင်းပခဲ့ပါတယ်။ တချိန်တည်းမှာပဲ ပြည်တွင်းက NLD အဖွဲ့ချုပ်မှာလည်း ကျင်းပခဲ့ပါတယ်။ နောက်နှစ်တွေမှာလည်း ပြည်ပတွေမှာ ဆက်လက်ကျင်းပလာခဲ့ပါတယ်။ ယခုနှစ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၆၅ နှစ်မြောက် မွေးနေ့မှာ ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ဟာ ၁၄ ကြိမ်မြောက် ရှိပါပြီ။ ဒီနှစ်ကျရောက်တဲ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို သက္ကရာဇ် ၂၀၀၀ ခုနှစ်၊ ဇွန်လ (၁၉) ရက်နေ့မှာ Alternative Asean Network on Burma မှ ထုတ်ဝေသည့် ၅၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့နဲ့ ၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် "မြန်မာနိုင်ငံမှ အမျိုးသမီးများ၏အသံ" စာအုပ် အတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရေးသားပေးပို့သည့် အမှာစကားကို ကူးယူဖေါ်ပြပြီး ၁၄ ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့နဲ့ ၆၅ နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ကို ဂုဏ်ပြုလိုက်ပါတယ်။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှာစကား

အခု ကျမရဲ့မွေးနေ့ချိန်ခါမှာ ဒီလိုကျမတို့ မြန်မာအမျိုးသမီးများနဲ့ ပြောနိုင်အောင် လုပ်ပေးတဲ့သူများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်အခါကို ကျမတို့အခွင့်ကောင်းယူပြီး ပြောစရာရှိတာ ပြောရမှာပါ။ မြန်မာနိုင်ငံတွင်းမှာဆိုရင် လွတ်လွတ်လပ်လပ် သွားလာပိုင်ခွင့်၊ လွတ်လွတ်လပ်လပ် ပြောဆိုပိုင်ခွင့်နဲ့ ဆွေးနွေးပိုင်ခွင့်မရှိတဲ့အခါကျတော့ ကျမတို့မြန်မာ အမျိုးသမီးများနဲ့ ဆက်သွယ်ဖို့ဆိုတာ မလွယ်ပါဘူး။ အာဏာရှင်စနစ်အောက်မှာဆိုလို့ရှိရင် ဒီလိုပါပဲ။ လွတ်လွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါတ်ေလွတ်လပ်လပ် ပြောဆိုခြင်း၊ လွတ်လွတ်လပ်လပ် ဆက်သွယ်ခြင်း၊ လွတ်လွတ်လပ်လပ်ဆွေးနွေးခြင်း၊ လွတ်လွတ်လပ်လပ် တွေ့ဆုံခြင်းဆိုတာတွေဟာ အင်မတန်မှ ခက်ခဲပါတယ်။ ဒါပေမဲ့လဲ ကျမတို့ဟာ ဒီလိုလွတ်လပ်မှုတွေအတွက် ကြိုးစားနေတာ ဖြစ်ပါတယ်။

ကျမတို့နိုင်ငံရဲ့ ဒီမိုကရေစီအရေးဟာ နိုင်ငံရေးသက်သက် မဟုတ်ဘူး။ လူထုအရေးဖြစ်တယ်ဆိုတာကို အထူးသဖြင့် ကျမတို့ရဲ့ အမျိုးသမီးတွေကို နားလည်စေချင်ပါတယ်။ ဒီလိုပြောခြင်းဟာ အမျိုးသားတွေက နားလည်ပြီးသားထင်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးသားတွေဟာ နားလည်ဖို့ မလိုဘူးလို့ ထင်လို့လဲ မဟုတ်ပါဘူး။ ဒါပေမဲ့ ဒီလိုကျမရဲ့ မွေးနေ့အချိန်ခါမှာ အမျိုးသမီးတွေကို ကျမအာရုံပြုချင်လို့ ဖြစ်ပါတယ်။ ကျမတို့အခု မြန်မာနိုင်ငံမှာဆိုရင် ဒီမိုကရေစီအတွက် ရုန်းကန်ခဲ့တာဟာ ဆယ်နှစ်ကျော်သွားပါပြီ။ အဲဒီ ဆယ်နှစ်ကျော်အတွင်း ရုန်းကန်မှုထဲမှာဆိုရင် အမျိုးသမီးတွေရဲ့ ကဏ္ဍဟာ ဘယ်လောက်အထိ အဓိကကျတယ်ဆိုတာ ကျမတွေ့မြင်ခဲ့ရပါတယ်။ အမျိုးသမီးတွေ စိတ်ခိုင်မာမှသာလျှင် မိမိတို့နဲ့ သက်ဆိုင်တဲ့အမျိုးသားများက နိုင်ငံရေးသော်လည်းကောင်း၊ လူမှုရေးသော်လည်းကောင်း တက်တက်ကြွကြွ ထိထိရောက်ရောက် လုပ်နိုင်တယ်ဆိုတာ မြင်ရပါတယ်။ ကျမတို့ရဲ့ ဒီမိုကရေစီအတွက် လှုပ်ရှားနေတဲ့ အမျိုးသမီးတွေဟာ အများကြီးပဲ အနစ်နာခံပါတယ်။

မကြာခင်ကဆိုရင် သူ့ရဲ့သားအဖမ်းခံသွားခဲ့ရတဲ့ အမျိုးသမီးကြီးတယောက်နဲ့လဲ ကျမတွေ့ခဲ့ပါတယ်။ အဲဒီအမျိုးသမီးကြီး နှစ်ယောက်ဟာ စိတ်ချင်းသဘောချင်း အတူတူပါပဲ။ မိမိတို့ ကလေးတွေ လုပ်နေတာမှန်တယ်၊ အများရဲ့ကောင်းကျိုးအတွက် လုပ်နေတဲ့ကိစ္စမို့လို့ ဘာဘဲဖြစ်ဖြစ် လက်ခံမယ်၊ ဘာပဲဖြစ်ဖြစ် ရင်ဆိုင်မယ်ဆိုတဲ့ စိတ်ဓါတ်ရှိပါတယ်။ မိန်းကလေးရဲ့ အမေဟာဆိုရင် သူ့သမီးလေး မသွားခင်မှာလိုက်တယ်၊ အမေ့ကြောင့်မို့လို့တော့ အဖွဲ့ချုပ်က လက်မှတ်ထိုးပြီး ထွက်တဲ့အဖြစ် အဖြစ်ပါစေနဲ့လို့ မှာလိုက်ပါတယ်။ ဆိုလိုတာကတော့ အမေ့ကိုငှဲ့ပြီး ကိုယ်လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စကို မလုပ်ပဲ မနေပါနဲ့လို့ ပြောလိုတာ ဖြစ်ပါတယ်။ အဲဒီလို စိတ်ဓါတ်ခိုင်မာတဲ့ အမျိုးသမီးတွေကြောင့် ဒီမိုကရေစီ လှုပ်ရှားမှုဟာ အဖိနှိပ်အချုပ်အချယ်ပေါင်း များစွာကြားထဲက အရှိန်အဟုန် မလျှော့သွားပဲနဲ့။

ဒီနိုင်ငံမှာတင်မက ဒီကမ္ဘာကြီမှာ ငြိမ်းချမ်းမှုရဖို့၊ အေးချမ်းမှုရဖို့ဆိုတာ အမျိုးသမီးတွေက အများကြီး လုပ်ပေးဖို့လိုပါတယ်။ နိုင်ငံတကာမှာ ငြိမ်းချမ်းမှုမရှိဘူး၊ လုံခြုံမှုမရှိဘူး၊ စီးပွားရေးတိုးတက်မှု မရှိဘူး၊ ကျန်းမာရေး၊ ပညာရေးတိုးတက်မှုမရှိဘူးဆိုရင် အဓိကခံရတာ အမျိုးသမီးတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျမတို့အမျိုးသမီးများဟာ မိမိတို့ရဲ့ မိသားစုအရေးနဲ့ နိုင်ငံ့အရေးကို ခွဲခြားလို့ မရဘူးဆိုတာကို နားလည်ဖို့လိုပါတယ်။ အဲဒီ နားလည်မှုရှိတဲ့ အမျိုးသမီးတွေလည်း ရှိတယ်ဆိုတာ တော်တော်များများ ကျမတို့တွေ့မြင်ခဲ့ရလို့ အင်မတန်မှ အားတက်ခဲ့ရပါတယ်။

နောက် ကျမတို့နိုင်အတွင်းမှာ ငြိမ်းချမ်းမှု ရှိဖို့၊ စည်းလုံးညီညွတ်မှု ရှိဖို့ဆိုတာလဲ အမျိုးသမီးများကနေ ဦးဆောင်ပြီး လုပ်ပေးဖို့ လိုပါတယ်။ ကျမတို့ နိုင်ငံအတွင်းမှာဆိုရင် တိုင်းရင်းသား ညီအစ်ကို မောင်နှမများစွာ နေကြပါတယ်။ ဒီတော့ ဒီလိုတိုင်းရင်းသားများ အချင်းချင်း နားလည်မှုရှိဖို့၊ ညီညွတ်မှုရှိဖို့၊ တဦးပေါ်တဦး ခင်ခင်မင်မင် မေတ္တာ စေတနာထားနိုင်ဖို့အတွက် အမျိုးသမီးတွေက အများကြီးလုပ်ပေးနိုင်ပါတယ်။ အမျိုးသမီးအချင်းချင်းဆိုရင် နားလည်မှုအများကြီး ရှိပါတယ်။ ကလေးများအတွက် ပူတာ မွန်မိခင်တယောက်ဖြစ်စေ၊ ကရင်မိခင်တယောက်ဖြစ်စေ၊ ဗမာမိခင်တယောက် ဖြစ်စေ၊ ချင်းမိခင်တယောက် ဖြစ်စေ၊ မိခင်များက ကလေးများအတွက် စိုးရိမ်တာ ပူပန်တာတွေဟာ တယောက်နဲ့တယောက် နားလည်မှု ရှိကြပါတယ်။ အခြေခံ နားလည်မှုတွေအပေါ်မှာ ကျမတို့ကနေပြီး နိုင်ငံအတွက် ညီညွတ်မှုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်။

ဒီတော့ ကျမတို့ အမျိုးသမီးတွေကို နိုးကြားတက်ကြွစေချင်ပါတယ်။ စိတ်ဓါတ်ခိုင်မာစေချင်ပါတယ်။ ခိုင်မာပြီးသား စိတ်ဓါတ်တွေကို ပိုပြီးခိုင်မာအောင်လို့ ပြုစုပျိုးထောင်စေချင်ပါတယ်။ ကျမတို့ရဲ့ လူမှုရေးအသိုင်းအ၀ိုင်း၊ နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ အမျိုးသမီးများ မပါဝင်လို့ မဖြစ်ဖူးဆိုတဲ့ အသိကိုလဲ စွဲစွဲမြဲမြဲ နှလုံးသွင်းထားစေချင်ပါတယ်။ ဒီနိုင်ငံမှာ အားလုံးဟာ နည်းနည်းလေးတော့ လုပ်ပေးနိုင်တာ ရှိတာပါပဲ။ ဒီမိုကရေစီ ရရှိရေးအတွက် လူတိုင်းဟာ နည်းနည်းလေး၊ နည်းနည်းလေး တယောက်စီ လုပ်ပေးမယ်ဆိုရင် ကျမတို့လိုချင်တဲ့ ပန်းတိုင်ကို အမြန်ဆုံးရောက်မှာပါ။ ကျမတို့လိုချင်တဲ့ ပန်းတိုင်ဆိုတာဟာ ပြည်သူအားလုံးအတွက် လုံခြုံမှု၊ အေးချမ်းတည်ငြိမ်မှုပေးမဲ့ ပန်းတိုင်ဖြစ်ပါတယ်။ အဲဒါကြောင့်မို့ ဒီပန်းတိုင်ရောက်ဖို့အတွက်ကို ကျမတို့ မြန်မာနိုင်ငံက အမျိုးသမီးများ အားလုံးကနေပြီးတော့ ၀ိုင်းဝန်းကူညီကြပါလို့ ကျမမေတ္တာရပ်ခံချင်ပါတယ်။

ကျေးဇူးတင်ပါတယ်။

အောင်ဆန်းစုကြည်


သက္ကရာဇ် ၂၀၀၀၊ ဇွန်လ ၁၉ ရက်နေ့မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် (၅၅) နှစ်မြှောက်မွေးနေ့ နဲ့ (၄) ကြိမ်မြောက် မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အထိမ်းအမှတ်ထုတ် မြန်မာ အမျိုးသမီးများအသံ စာအုပ်အတွက် လွန်ခဲ့တဲ့ ၁၀ နှစ်က ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ရေးသား ပေးပို့သည့် အမှာစကားဖြစ်ပါတယ်။


မိမိပိုင်ဆိုင်သမျှ အရာအားလုံးကို စွန့်ခွာပြီး အမိမြန်မာပြည်အတွက် လာရာက် စွန့်လွှတ်အနစ်နာခံနေတဲ့ ဒေါ်အောင်ဆန်းစုကြည်တယောက် သက်တော် ရာကျော်ရှည်ပါစေ။ သူမမွေးနေ့မှာ ကောင်းသော အချိန်အခါနဲ့ ကြုံကြိုက်ပြီး အသက် ၆၅ နှစ်မှသည် မိမိကိုယ်တိုင်နဲ့ တိုင်းပြည်အတွက် လိုရာဆန္ဒမှန်သမျှပြည့်ဝ ရပါစေလို့ ဆုတောင်းလိုက်ပါတယ်။

(အမျိုးသမီးနေ့ အမျိုးသမီးအခွင့်အရေးနဲ့ ပတ်သက်တဲ့ ဓါတ်ပုံတချို့ကို ဆက်လက် ကြည့်ရှုနိုင်ပါတယ်။)


၁၉၉၈ ခုနှစ်၊ ဂျီနီဗာရှိ ၅၄ ကြိမ်မြောက် လူ့အခွင့်အရေး ကော်မရှင်မှာ မြန်မာ့နိုင်ငံ အမျိုးသမီးအခွင့်အရေး ချိုးဖေါက်ခံရမှု တင်သွင်းသည့် အဖွဲ့



၁၉၉၉ခု၊ ဇွန်လ (၁၉) ရက်နေ့ မြန်မာနိုင်ငံ အမျိုးသမီးများနေ့ အခမ်းအနား ပြီးစဉ် အမျိုးသမီးများနှင့် ကလေးများ အမှတ်တရ၊ Christian Youth Centre, Bangkok


သက္ကရာဇ် ၂၀၀၀၊ အမျိုးသမီးများနေ့၊ အမျိုးသမီးများနေ့ ဖြစ်မြောက်ရေး ကော်မရှင်အဖွဲ့ဝင်များ အမှတ်တရ၊ မြန်မာကျောင်းသားများစခန်း၊ မနီလွိုင်ရွာ၊ ရတ်ခ်ျပူရီ၊


အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

14 comments:

သူငယ်ချင်းမငယ်

ရောက်ေ၇ာက်ချင်းလာခဲ့တယ်..။ ကလေးဌာနကိုတိုင်လည်း ကိုယ်ကတော့ လျှောက်လဲချက်ကောင်းတင်ရလိမ့်မယ်.. ကိုယ့်အမှားမဟုတ်ပါ.. ။

သူငယ်ချင်းပုံကိုအခုလို အမှတ်တရ တင်ပေးတဲ့အတွက်ကျေးဇူးပါ..။

မဗေဒါ (အမတ်လောင်း)

သူငယ်ချင်း ဓါတ်ပုံ ရှိတယ်လို့ပြောရင် တောင်းနေမှာစိုးလို့ မပြောပြဘဲ တင်လိုက်တယ်။ စိတ်မဆိုးတဲ့အပြင် ကျေးဇူးတောင် တင်နေတယ်ဆိုလို့ ၀မ်းသာပါတယ်။ သူငယ်ချင်းက တော်တော် ရင့်ကျက်လာလို့ ပိုပြီး ၀မ်းသာပါတယ်။

ကလေးကို စိုးရိမ်ပြီး တယောက်တည်း လျှောက်သွားရလောက်တဲ့ အခြေအနေကို ဖြစ်စေတာ လုံခြုံမှု အပြည့်အ၀ မပေးနိုင်တာ သက်သေပြနေတဲ့အတွက် Child Neglect ပဲပေါ့။ အဲဒါအပြစ်ပေါ့ ကိုယ့်အပြစ်ကို အပြစ်လို့ ၀န်မခံတတ်တဲ့ အစိုးရတွေရဲ့ သဘောသာဝကို အမတ်လောင်း ဘ၀မှာကတည်းက အကျင့်ရနေအောင် မွေးစားနေပြီလား။ ဟီး.. ဟီး.. သူငယ်ချင်းအချင်းချင်း စိတ်မဆိုးရဘူးနော့်။ အစိုးရဘက်နဲ့ NGO ဘက် အငြင်းအခုန် ဖြစ်ခဲ့ဖူးတာကိုလည်း တခါလောက် အမှတ်တရ ပို့စ်လေး တင်ဖို့ စဉ်းစားနေပါတယ်။ လာလည်တဲ့အတွက် ကျေးဇူး။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို မြန်မာအမျိုးသမီး များ နေ့အဖြစ် အသိအမှတ်ပြု ပေးခဲ့တဲ့ မြန်မာ့အမျိုးသမီးများကို လေးစား ချီးကျူးမိပါတယ်ဗျာ ...

သူငယ်ချင်း

ပွဲသွားခါနီး ကမန်းကတန်းရေးခဲ့သေးတယ်..။

စိတ်ဆိုးပါဘူး.. ဘဝက သင်ခဲ့ပြီ..။ လူဆိုတာ ထမင်းစား (ပေါင်မုန့်) သန်ရာကို စားပြီး ကြီးပျင်းလို့မရဘူးမလား..လေ့လာသင်ယူရတာတွေ အများကြီး ..နောက် လက်တွေ့လည်း ပါရပါတယ်..။ ဒါဆိုနဲနဲ ဘဝက အဆင်ပြေသည်ပေါ့..။

ပွဲသွားမယ်.. မဥမ္မာလည်း ရောက်နေတယ်..။

ရေးထားတာလည်း လာဖတ်ပါဦး.. ဒေါ်စုပြောထားတာတွေပါပဲ.. လေ့လာလို့ရအောင် တင်ပေးတာပါ..။

ဘိုင်ပါ..

အမတ်လောင်း

Dear Ma Nge, I am not in Sydney, I informed to you before I leave not sydney. I could not write burmese font. I would like to wish for Aunty Su birthday´s for 65 words.

Daw Aung San Su Kyi, she is the hope of our country. Now adays, she represents the only possibility for our people to achieve not only democracy but justice and freedom. We trust that she will open again the access to education to everyone which will allow the development of the country, the development of a middle class and the end of hunger and need.

မြန်မာနိုင်ငံ အမျိုးသမီးများနေ့က ဒီနေ့ ဟုတ်လို့လား...မှားများနေလားလို့...

ငှက်ကလေး

20 Jun 10, 02:12
ဇော်သိင်္ခ: သက်တော်ရာကျော် ရှည်ပါစေလို့ ဆုတောင်းပြီး အမြန်ဆုံး လွတ်မြောက်နိုင်ပါစေလို့လည်း သူ့ရဲ့ 65 နှစ်ပြည့် မွေးနေ့မှာ ဆုတောင်းပေးလိုက်ပါတယ်ဗျာ.. (C-Box မှ ပို့စ်နဲ့ဆိုင်လို့ ကူးယူလာတယ်)

-သူငယ်ချင်း မဗေဒါ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ကောက်နှုတ်ချက်တွေ ဘလော့၈်မှာ တင်ထားတာလည်း ရှိပါတယ်။ သူများဖတ်ဖို့ဆိုတာထက် ဘလော့ဂ်မှာ သိမ်းထားချင်လို့ ထားတာပါ။

To UWW - You can read my blog from any computers with or without Burmese font setting except the messages in the C-Box. If you want to read C-Box messages you can copy and paste it into Zawgyi Convertor in sidebar. You'd see the messages which are squares in the C-box turn to text when you do that. Thanks for visiting and blessing Daw Aung Sun Suu Kyi.

Anonymous - ဟုတ်ပါတယ်။ ၁၉၉၇ ကတည်းက ကျင်းပလာပါတယ်။

မြန်မာအမျိုးသမီးများနေ့သည် July 3 ရက်နေ့ဖြစ်သည်...

ဇူလိုင်လ သုံးရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် ဘယ်တုန်းက ဘယ်သူတွေက သတ်မှတ်ပြီး ဘယ်မှာ စတင် ကျင်းပလဲတော့ ကျွန်မ မသိဘူး။ ဇွန်လ ၁၉ ရက်နေ့ကိုတော့ ပြည်တွင်းက အနိုင်ရပါတီရော ပြည်ပအဖွဲ့တွေပါ ၁၉၉၇ မှာ စတင်ကျင်းပခဲ့ပါတယ်။ ဒါကြောင့်မို့ ဇွန်လ ၁၉ ရက်နေ့ကိုပဲ ကျွန်မ အသိအမှတ်ပြုပါတယ်။

မြန်မာတစ်ပြည်လုံး အမျိုးသမီးများအားလုံး လက်ခံကျင့်သုံးနေကြတဲ့ အမျိုးသမီးများနေ့ ဇူလိုင် ၃ ရက်နေ့ကို အဘယ့်အတွက် အတင်းကို ဇွတ်ကို ဒေါ်စုကြည် မွေးနေ့နဲ့ ရောပြီး ကိုယ်ပေးချင်ရာ စွတ်ပေးနေရတာလဲ?

အဲဒီလို ကိုယ်ပေးချင်တိုင်းပေးလို့ရရင် မှိုလိုပေါက်နေတဲ့ နေ့တွေ ရေတွက်နိုင်မှာတောင်မဟုတ်ဘူး...သေချာတာကတော့ ငမျောက်ငချောက်အာဏာမရှိတဲ့သူတွေက ပေးတဲ့အဖွဲ့တစ်စုက ပေးချင်သလိုပေးထားတဲ့ ရက်စွဲ ထက် နိုင်ငံတော်ကသတ်မှတ်ထားတဲ့ အမျိုးသမီးများနေ့ ရက်စွဲသာလျှင် နိုင်ငံတစ်ဝှမ်း ကမ္ဘာတစ်ဝန်းအသိမှတ်ပြု အကျုံးဝင်သည်....

နောင် ဘယ်အစိုးရလက်ထပ်မှာပဲဖြစ်ဖြစ် ဒီရက်စွဲတိုင်းသာဖြစ်သည်...မိမိတို့ ပေးချင်သလိုပေးလို့ရပေမယ့် မြန်မာအမျိုးသမီးထုတွေကို မသိတဲ့သူတွေကိုေ၇ာရောင်ပြီး အတုရက်စွဲကို ပေးဖို့ မကြိုးစားပါနဲ့...

Anonymous ရေ - ဇွန်လ ၁၉ ရက်နေ့ကို အဲဒီတုန်းက ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ NLD ပါတီ ကိုယ်တိုင် ပေးထားတာ ဖြစ်ပြီး။ လက်နက်အားကိုးပြီး ပြည်သူလူထု မမေးဘဲနဲ့ အာဏာကို လက်နက်အားကိုးပြီး ယူထားတဲ့ သူတွေပေးတဲ့နေ့ကို နိုင်ငံတော်က ပေးထားတဲ့နေ့လို့ ကျွန်မတို့ အသိအမှတ်မပြုဘဲ လူထုရွေးကောက်ထားတဲ့သူတွေ ပေးထားတဲ့နေ့ကို ကျွန်မတို့ အသိအမှတ်ပြုတာ ဖြစ်တယ်။

မြန်မာနိုင်ငံအနေနဲ့ ၁၉၉၂ ခုနှစ်ခန့်ကစပြီး လူကုန်ကူးမှု တားဆီးကာကွယ်ရေးလုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၁၉၉၆ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ "မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကောက်မတီ"နဲ့ ၂၀၀၃ခုနှစ်မှာ ဖွဲ့စည်းခဲ့တဲ့ "မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်"တို့ဟာ လူကုန်ကူးမှု တားဆီးရေးကာကွယ်ရေးလုပ်ငန်းတွေကို နိုင်ငံတော်အစိုးရ နဲ့ စဉ်ဆက်မပြတ် အတူပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့တယ်...

သေချာတာကတော့ မြန်မာအမျိုးသမီးလူထုအားလံုး သိထားတဲ့ တရားဝင် ရက်စွဲကတော့ ဇူလိုင်လ ၃ ရက်နေ့ပါပဲ...

လူကုန်ကူးမှု ပြဿနာကို ဖြေရှင်းပေးတယ်လို့သာ ဆိုတယ် အမျိုးသမီးလေးတွကို ရောင်းစားခံရတဲ့ ပြဿနာက တနှစ်ထက်တနှစ် ပိုတောင်များလာတာကို တွေ့ရပါတယ်။ စစ်တပ်က ရှေ့တန်းဒေသတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖေါက်ပြီး အမျိုးသမီးတွေကို အဓမ္မပြုကျင့်နေတာကိုလည်း အဲဒီ အဖွဲ့အစည်းက ဘာမှလုပ်ပေးတာ မတွေ့ရဘူး။ အာဏာသိမ်းထားတဲ့ စစ်အစိုးရအောက်မှာ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းကိုလည်း အသိအမှတ်ပြုဖို့မလိုပဲ တရားဝင် ရွေးကောက်တင်မြှောက်ထားလို့ အနိုင်ရထားတဲ့ ပါတီက သတ်မှတ်ကျင်းပတဲ့ နေ့ကိုပဲ ကျွန်မတို့အတည်ယူပြီး အသိအမှတ်ပြု ကျင်းပတာ ဖြစ်တယ်။

Myanmar Women's Day July 3 day