မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

လိုအပ်ချက်၃ခု

Forward mail က ရောက်လာတဲ့ စာတိုလေးကို သဘောကျလို့ ဘလော့ဂ်မှာ ပြန်တင်လိုက်ပါတယ်။ လူအမျိုးမျိုး စိတ်အထွေထွေ ရှိတဲ့အတွက် အကြိုက်ဆိုတာလည်း တယောက်နဲ့တယောက် တူနိုင်မှာ မဟုတ်ပါဘူး။ အခု ဒီစာထဲက ချစ်ခြင်းမေတ္တာ၊ ပစ္စည်းဥစ္စာ၊ အောင်မြင်ကျော်ကြားမှု ဒီသုံးမျိုးအနက် တခုခုကို ဦးစားပေး ရွေးချယ်ရတော့မယ် ဆိုရင်လည်း တယောက်နဲ့တယောက် ရွေးချယ်မှု တူချင်မှ တူလိမ့်မယ်။ ကျွန်မဆိုရင်တော့ ဒီစာတိုလေးထဲက တင်ပြထားတာလေးကို လက်ခံတယ်၊ သဘောကျတယ် ဒါကြောင့် ကျွန်မ မအားလို့ ပို့စ်အသစ် မတင်ဖြစ်သေးပေမဲ့ ဘလော့ဂ်ကို ရောက်လာပြီး တိုက်ပွဲဖြစ်လို့ နှုတ်မဆက်ဘဲ တိတ်တိတ်လေး ပြန်သွားကြတဲ့ ဘလော့ဂ်မိတ်ဆွေများအတွက် နောက်တခါ ပြန်လာရင် ပေါ့ပေါ့ပါးပါးလေး ဖတ်လို့ရအောင် ပြန်ဖေါ်ပြလိုက်ပါတယ်။ မိတ်ဆွေတို့ ဆိုရင်ကော ဒီသုံးမျိုးမှာ ဘာကိုရွေးချယ်ကြမလဲ။



တခါက အိမ်ရှင်မတဦးသည် အိမ်ရှေ့တွင် မုတ်ဆိတ်ဖြူနှင့် အဘိုးအိုသုံးဦး
ထိုင်နေသည်ကို တွေ့လိုက်မိသည်။ ထိုအဘိုးအိုများကို သူမသိပေ။
"အဘိုးတို့ကို ကျွန်မ မသိဘူး။ဒါပေမဲ့ အဘိုးတို့ ဆာနေလောက်မယ်ထင်တယ်။
အိမ်ထဲဝင်ပြီး တခုခု သုံးဆောင်ပါဦးလား" ဟု သူမ လောကွတ်ပြုသည်။
"အိမ်ရှင်ယောက်ျားရှိနေလား" အဘိုးအိုက မေးသည်။"မရှိဘူး...အပြင်သွားလိုက်တယ်"
"ဒါဆို အဘိုးတို့ အိမ်ထဲကို ၀င်လို့မရသေးဘူး"
ညနေ လင်ယောက်ျား ပြန်လာသောအခါ အိမ်ရှင်မက အကြောင်းစုံကို ပြောပြလိုက်သည်။
"ကိုယ်အိမ်ရောက်နေပြီပဲ...သူတို့ကို ပြန်သွားဖိတ်လိုက်ပါဦး"
အိမ်ရှင်မက အဘိုးအို သုံးဦးအား အိမ်ထဲဝင်ခဲ့ဖို့ ဖိတ်ခေါ်ပြန်သည်။
"အဘိုးတို့ သုံးယောက်စလုံး အိမ်တအိမ်ထဲကို ပြိုင်တူဝင်လို့ မရဘူး"
"ဘာဖြစ်လို့လဲ...အဘိုး" အိမ်ရှင်မက တအံတသြနှင့် မေးသည်။
"သူ့နာမည်က ဓနဥစ္စာတဲ့" အဘိုးအိုတဦးက အခြားတဦးကို ထိုးပြပြီးပြောသည်။ ဆက်၍
"သူကတော့ အောင်မြင်ခြင်း၊ အဘိုးက ချစ်ခြင်းမေတ္တာ၊ အိမ်ထဲကို ဘယ်သူအရင်
ဝင်ရမလဲဆိုတာ တူမလေးယောက်ျားနဲ့ အရင် သွားတိုင်ပင်ကြည့်လိုက်ဦး"
အိမ်ရှင်မမှာ အိမ်ထဲဝင်ပြီး လင်ယောက်ျားကို အကြောင်းစုံ ပြောပြပြန်သည်။
"အော်.. ဒီလိုကိုး... ဒါဆိုရင် ဓနဥစ္စာကို အရင်ဆုံးဖိတ်လိုက်ရအောင်"
"ဘာဖြစ်လို့ အောင်မြင်ခြင်းကို အရင်မဖိတ်တာလဲ" အိမ်ရှင်မက အတွန့်တက်သည်။
"ချစ်ခြင်းမေတ္တာကို အရင်ဆုံး ဖိတ်လိုက်ရင် မကောင်းဘူးလား"
ထောင့်တနေရာတွင် ထိုင်ပြီး သူတို့ပြောသော စကားကို နားထောင်နေသည့်
ချွေးမဖြစ်သူက အကြံပြုသည်။
"အင်း....ကောင်းတယ်။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်" ချွေးမ၏ အကြံကို
သူတို့ထောက်ခံလိုက်ကြသည်။ "ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ပါတယ်။ အိမ်ထဲကို
ကြွပါ" အိမ်ရှင်မက ဖိတ်ခေါ်လိုက်သည်။ ချစ်ခြင်းမေတ္တာဟုသော အဘိုးအိုက
အိမ်ထဲဝင်သည်နှင့် ကျန်အဘိုးအို နှစ်ဦးက လိုက်ဝင်လာသည်။
" သုံးယောက်လုံး ပြိုင်တူဝင်လို့ မရဘူးဆို ကျွန်မက သူ့ကိုပဲ
အရင်ဖိတ်လိုက်တာ။ အဘိုးတို့က ဘာလို့ လိုက်ဝင်လာရသလဲ"
"တကယ်လို့ တူမက ဥစ္စာဓန သို့မဟုတ် အောင်မြင်မူကို အရင်ဖိတ်ရင်
ကျန်တဲ့နှစ်ဦးက လိုက်ဝင်လို့မရဘူး။ ချစ်ခြင်းမေတ္တာကို အရင်ဖိတ်မယ်ဆိုရင်
သူဘယ်ကိုသွားသွား ကျန်တဲ့နှစ်ဦးက လိုက်ကိုလိုက်ရတယ်။ ဘယ်နေရာမှာဖြစ်ဖြစ်
ချစ်ခြင်းမေတ္တာဆိုတာ ရှိရင် ဥစ္စာဓနနဲ့ အောင်မြင်မူ ဆိုတာလည်း ရှိမှာပဲ"
အဘိုးအို တဦးက ရှင်းပြသည်။
(copy from letmakeasulike.ning.com)

7 comments:

ချစ်ခြင်းမေတ္တာဆိုတာငွေနဲ့ဝယ်လို့မရဘူးနော်အမငယ်..။
တန်ဖိုးလည်းထားရမယ်..။
မှတ်သားစရာပိုစ့်တပုဒ်ပါအမငယ်..။
နေကောင်းတယ်နော်. အဆင်ပြေပျော်ရွှင်ပါစေလို့..

ခင်တဲ့
ညီမသဒ္ဓါ

Dear Ma Ma,

Thanks for your sharing. Now I am in small village at French and Spain border area with my on duty even though school holidays because I have to plan to go back our mother land in next month. Due Aquaculture Conference was transfered to next year. Hope to see you.

Always wishing you and your family to be happy, healthy, safety.

with love
UWW

ချစ်ခြင်းမေတ္တာက လူတိုင်းလိုလို လိုချင်လို့ နေမယ်
ပိုက်ဆံပေးဝယ်စရာတော့ မလိုပေမယ့် ရှားပါးတယ်။

မအယ်ကတော့ လောဘကြီးတယ်။ ၃ခုလုံး လိုချင်တယ်။:)

မအယ်

အမရေ...မှတ်သားဖွယ်ရာပို့စ်လေးတပုဒ်ပါ။
ချစ်ခြင်းမေတ္တာရှိရုံနှင့် စိတ်ပိုင်းဆိုင်ရာပြီးပြည့်စုံမှု၊စိတ်ပိုင်း
ဆိုင်ရာအောင်မြင်မှုကိုရနိုင်မယ်ဆိုတာကိုအပြည့်အဝ
သဘောတူပါတယ်။ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အောင်မြင်မှုနဲ့
ဥစ္စာဓနကတော့ အင်း...ကျွန်တော့အမြင်အနေနဲ့တော့
မလွယ်လောက်ဘူးထင်ပါရဲ့။

ဒီလောက်အလွယ်တကူ ရနိုင်တဲ့ ချစ်ခြင်းမေတ္တာတွေက တချို့လူတွေအတွက်ဘာလို့ ရှားပါး ရတာပါလိမ့်

အရင်တုန်းက ဖတ်ဘူးတယ်ဗျ။ အဲ့ဒီတုန်းက ဖတ်လို့ မဆုံးခင် ချစ်ခြင်းမေတ္တာကို အရင်ဖိတ်ရမယ်လို့ ခန့်မှန်းထားခဲ့တယ်။ ပုံပြင်တွေ ဘာတွေက ဒါကို ဦးစားပေးတာကိုး။

အောင်မြင်ကျော်ကြားတော့လည်း ထင်ပေါ်ရင် စဉ်တော်ကကောက်ဆိုတဲ့ စကားပုံအတိုင်း ငွေကြေးဓန ကြွယ်ဝသလို ချစ်သူခင်သူတွေလည်း ရဖို့လွယ်ပါတယ်။ ဓနဥစ္စာ ရှိသူများအတွက်လည်း ထိုနည်း၎င်းပါ။ ချစ်ခြင်းမေတ္တာဆိုတာက လက်နှင့်ဆုပ်ကိုင်ပြသလို့ မရတော့ လက်တွေ့သိပ်မရှိလို့ အခုခေတ်မှာ ရွေးမည့်သူ ရှားပါတယ်။