မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အလေးပြုပါတယ်။

်(၆၃)နှစ်မြောက် မေ့မရနိုင်တဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ ကျဆုံးတဲ့ ဝမ်းနည်းဖွယ်နေ့ အတွက် ဒေါ်မေလှမြိုင်သီဆိုသည်. " အလေးပြုပါတယ် " သီချင်းအား ကိုသော်(ဂျပန်)မှ ခံစားတင်ပြပါသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲမှ မှာ တင်ထားတာကို ကိုဒီရေက ပြန်လည်ဖေါ်ပြထားပြီး ကျွန်မက အာဇာနည်များကို လွမ်းဆွတ်ခြင်းနဲ့အတူ အသံရှင်မေလှမြိုင်ရဲ့ အာဇာနည်များအတွက် သီဆိုထားတဲ့ သီချင်းအနှစ်သာရနှင့် ဗွီဒယိုကို Creative Activity လုပ်ထားပုံကိုပါ သဘောကျလို့ ကိုဒီရေဆီမှ တဆင့်ပြန်လည် ကူးယူဖေါ်ပြထားပါတယ်။ ငယ်ငယ်က ရေဒီယိုမှာ အမြဲနားထောင်ခဲ့ဖူးတဲ့ သီချင်း ဖြစ်ပါတယ်။ ကိုဒီရေဆီမှာ အရင်တွေ့တဲ့အတွက် ကိုဒီရေနှင့် မူရင်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲတို့ကို ကျေးဇူး အထူးတင်ရှိပါတယ်။

အာဇာနည်ကြီးများ ကောင်းရာသုဂတိလားပါစေ...

9 comments:

သီချင်း ကို ပုံဖော်ဖို့ အတော်လေးကြိုးစားပမ်းစား လုပ်ထားတာ တကယ့်ကို တော်ပါတယ်
ပြီးတော့ ဗိုလ်ချုပ်ရဲ့ နောက်ဆုံးခရီး ရှားပါး ဓါတ်ပုံတွေကိုတွေ့ရတာ အတော်တန်ဖိုးရှိပါတယ် မငယ်နိုင်

http://www.mp3hunting.com/
အဲဒီမှာ May Hla Myaing လို့ ရိုက်ထည့်လိုက်ရင် ရပါတယ် မငယ်နိုင်..
မမ လဲ တနေ့လုံး အဲသီချင်းတွေပဲ နားထောင်နေတာ

မငယ်နိုင်ရေ ဒီသီချင်းပုံဖော်သူ ကတော့ ကိုသော်ကြီးပါ.. သူကြိုးစား.. ပုံဖော်ပေးထားတာပါ..။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ မှာ ကျွန်တော် သွားတင်ပေးထားတာပါ..

အားလုံးသိအောင် ပြန်လည် ဖြန့်ဝေပေးထားတဲ့ အတွက် ကျေးဇူးတင်ပါတယ်..။

လေးစားလျှက်..


ဒီမိုဝေယံ

အောင်ဆန်းဇာနည်


ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ဗိုလ်ချုပ် မွေးနေ့ပါ။
တထောင့်ကိုးရာ တဆယ့်ငါး
ရှေ့နေ ဦးဖာသား။
ဇာတိနတ်မောက် မကွေးခရိုင်
သိကြများ ခုတိုင်။
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင် ဒေါ်စုသား။
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်။
မျက်ရည်သွန်လို့ ဘဝင်ညှိုး
ဇူလိုင် တဆယ့်ကိုး။
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ် တို့ဖခင်။
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ် တို့ခေါင်းဆောင်။
ဆိုရှယ်လစ်ဘောင် လမ်းစဉ်များ
ဗိုလ်ချုပ် ချမှတ်သွား။


(ယနေ့  (၂၀၁၁ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ ) တွင် ကျရောက်သော ၆၄ နှစ်မြောက် အာဇာနည်နေ့ တွင် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို အောက်မေ့ သတိရသော အနေဖြင့် တတိယတန်း မြန်မာဖတ်စာအုပ်ပါ "အောင်ဆန်းဇာနည်" ကဗျာကို ကူးယူ ဖော်ပြပါသည်။)

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့ တွင် ကျဆုံးသွားသော
အာဇာနည်ခေါင်းဆောင်ကြီးများ


(၁) ဗိုလ်ချုပ်အောင်ဆန်း
(၂) သခင်မြ
(၃) ဒီးဒုတ်ဦးဘချို
(၄) မန်းဘခိုင်
(၅) မိုင်းပွန်စော်ဘွား စပ်စံထွန်း
(၆) ဦးဘဝင်း
(၇) ဦးရာဇတ်
(၈) ဦးအုန်းမောင်
(၉) ရဲဘော်ကိုထွေး


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများကို ဦးညွတ် အလေးပြုပါသည်။


တာရာ

၁၉၊ ဇူလိုင်၊ ၂ဝ၁၁
နံနက် ၁၀ နာရီ ၃၇ မိနစ်

.
သိင်္ဂီထွန်း
ဇူလိုင်လ ၀၄ ရက် ၂၀၁၃ ခုနှစ်


ဇူလိုင် ၁၉ တွင် ကျရောက်မည့် အာဇာနည်နေ့တွင် ကျဆုံးသွားသော ခေါင်းဆောင်ကြီးများအား ဂုဏ်ပြုသည့် အထိမ်းအမှတ်အဖြစ် ယခင်ကဲ့သို့ ဥသြဆွဲကာ ဂုဏ်ပြုခြင်း ကို ပြည်သူလူထုဆန္ဒပြင်းပြလာလျှင် လွှတ်တော်က ဆောင်ရွက်ပေးမည်ဟု အောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးနန္ဒကျော်စွာ က ပြောကြားလိုက် သည်။

''ပြည်သူ့ဆန္ဒ၊ လွှတ်တော်ဆန္ဒဖြစ်ပါတယ်။ ပြည်သူတွေရဲ့ဆန္ဒ သိပ်ပြင်းပြလာ တဲ့အခါကျရင်တော့ ကျွန်တော် တို့ လွှတ်တော်ကြီးကနေ ဒီဆန္ဒအတိုင်းပဲ တညီတညွတ် တည်း ဆောင်ရွက်ပေးကြဖို့ သက်ဆိုင်ရာကိုလည်း တိုက်တွန်းပေးကြဖို့ ဖြစ်ပါတယ်'' ဟု ဇွန်လ ၃ ရက် ကကျင်းပသည့် လွှတ်တော်တွင် ဦးနန္ဒကျော်စွာက
ပြောကြားခြင်း ဖြစ်သည်။

၂ဝ၁၃ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် အာဇာနည် နေ့မှစကာ ဥသြဆွဲသံ ကို မြန်မာ့အသံမှ ထုတ်လွှင့်ရန်အစီအစဉ် ရှိမရှိကို သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် က မေးမြန်းမှုကို ပြန်ကြားရေး ဒု-ဝန်ကြီးက ပြု လုပ်ရန် အစီစဉ်မရှိသေးဘဲ ပြည်သူလူထု သဘောထားအမြင်ကို ထည့်သွင်းစဉ်းစားရန်လိုကြောင်း ဖြေကြားမှုကို ဒု-ဥက္ကဋ္ဌ က ယခုကဲ့သို့ ပြောကြား
ခြင်းဖြစ်သည်။

ပြန်ကြားရေး ဒု-ဝန် ကြီး ဦးပိုက်ထွေးက အာဇာနည်နေ့ ကျင်းပသော နိုင်ငံ ၁၆ နိုင်ငံရှိပြီး ထိုနိုင်ငံများက လုပ်ဆောင်ခြင်းမရှိသောကြောင့် မြန်မာနိုင်ငံတွင်လည်း လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ပြန်လည်
ဖြေကြားခဲ့သည်။

ယင်းကဲ့သို့ အခြား နိုင်ငံများက ကျင်းပခြင်းမရှိ၍ မလုပ်ဆောင်ဟူသည့် အချက်ကိုမူ လက်ခံခြင်းမရှိကြောင်း ဦးသိန်းညွန့်က မဇ္ဈိမကိုပြော ဆိုသည်။

''ဒုတိယဥက္ကဋ္ဌက ပြည်သူကဆန္ဒရှိလာရင် လွှတ်တော်က ဥသြဆွဲ တာမျိုးပြန်ရအောင် ဆောင်ရွက်ပေးမယ်ဆို တဲ့သဘောထားမျိုးပြော လာတဲ့အတွက် ဒီနေ့ အာဇာနည်နေ့မှာလည်း ဥသြဆွဲမဆွဲ မျှော်လင့်ချက်လေး ထားထားပါတယ်'' ဟုလည်း ၎င်းက ပြောသည်။

၎င်းက ဆက်လက်၍ ''ဒီနှစ်မှာ ဥသြ ဆွဲတာမလုပ်ခဲ့ရင်လည်း ၆၇ နှစ်မြောက် အာဇာနည်နေ့မှာ အဆို ထပ်တင်ပြီး ကြိုးစားမှာပါ'' ဟု ပြောသည်။

အောက်လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်၏ အာဇာနည်နေ့တွင် ဥသြဆွဲရန်ရှိမရှိ မေးမြန်းခြင်းသည် ဒုတိယအကြိမ် ဖြစ်သည်။ ယမန်နှစ်က ၎င်း၏မေးမြန်းမှုကို ယခင်ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း က ဥသြဆွဲသံကြောင့် ကားများ ဘရိတ်အုပ်လျှင် ယာဉ်ထိခိုက်မှုဖြစ်နိုင်သောကြောင့် မပြုလုပ်ခြင်းဖြစ်ကြောင်း လည်း ပြန်လည်ဖြေကြားခဲ့သည်။

NLD ဗဟို ညီလာခံကျင်းပရေး ကော်မရှင်အဖွဲ့ဝင် ဦးစိုးဝင်းက ''အန်ကယ်တို့ရဲ့ ခေါင်းဆောင်တွေကို တစ်နှစ်မှာ ဒီတစ်ခါပဲ လွမ်းဆွတ်အောက်မေ့ပြီး ဂုဏ်ပြုရတာဆိုတော့ လုပ်စေချင်ပါတယ်။ ထိုင်းမှာဆို ညနေ ၆ နာရီဆို နိုင်ငံတော် သီချင်းဖွင့်သံကြားတာနဲ့ ဈေးဝယ်ရင်းကတောင်ရပ်ပြီး ဂုဏ်ပြုကြတယ်။ ဒါကနေ့တိုင်း လုပ်ကြတာ'' ဟု ပြောသည်။

ပြည်သူ့အကျိုးဆောင်ကွန်ရက်မှ ကိုဝေဠု ကလည်း အာဇာနည်နေ့တွင် ဥသြဆွဲ ဂုဏ်ပြုကြိုဆိုလိုကြောင်း ယခုကဲ့သို့ အာဇာနည်ခေါင်းဆောင်များကို ဂုဏ်ပြုခြင်းသည် လူငယ်တွေအတွက်လည်း စံနမူနာ တစ်ခု
ဖြစ်စေကြောင်း ပြောသည်။

ဥသြဆွဲသံကြားချိန်တွင် ကြုံတွေ့ခဲ့ရတဲ့ ခံစားမှုကို ကိုဝေဠုက ''ပြောရရင် အရမ်းကို ကျေနပ်စရာကောင်းတယ်။ ကြည်နူးစရာ လည်းကောင်းတယ်။ နိုင်ငံ့ခေါင်းဆောင်တွေ အတွက်လည်း ကြေကွဲခဲ့ရတယ်။ ဒါက ကိုယ်မှမဟုတ်ဘူး။ နိုင်ငံသားတိုင်းခံစားခဲ့ရတာ'' ဟု ပြောသည်။

အာဇာနည်နေ့တွင် ဥသြဆွဲဂုဏ်ပြုမှုကို ၁၉၆၁-၆၂ ခုနှစ်တွင် စတင်ပြုလုပ်ခဲ့ပြီး ဥသြဆွဲချိန် မနက် ၁ဝ နာရီ ၃၇ မိနစ်တွင် နှစ်မိနစ်ခန့် ယာဉ်၊ လူများရပ်တန့်ကာ ဂုဏ်ပြုခဲ့ကြခြင်း ဖြစ်သည်။

ပြီးခဲ့သည့် ၂ဝ၁၂ ခုနှစ် ၆၅ နှစ်မြောက် အာဇာနည်နေ့တွင် ရန်ကုန်မြို့ရှိ အာဇာနည် ဗိမာန်အား ဖွင့်လှစ်
ပေးကာ အများပြည်သူအား ဝင်ရောက်ဂုဏ်ပြုခွင့်ပြုခဲ့သည်။

Mizzima

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တခြား အာဇာနည်ခေါင်းဆောင်ကြီးတွေအပေါ်မှာ ကျေးဇူးကန်းတဲ့ စစ်ခွေးတွေ ၊
မင်းတို့ခေတ် ရှိနေသေးတော့ ပြောထားအုံးပေါ့ကွာ ။


ကျွန်တော်တို့ ပြည်သူတွေ ရင်ထဲမှာ အရင်တုန်းကလို နှစ်တိုင်း ဇူလိုင်လ ၁၉ ရက်နေ့ (အာဇာနည်နေ့) ဆိုရင် မနက် ၁ဝ နာရီ ၃၇ မိနစ် မှာ ဥသြဆွဲတာကို ဖြစ်စေချင်တာ နှစ် ၂၀ ကျော် ရှိပြီ

စောင့်နေတာ .. ဖော်ထုတ်ပြဖို့ အချိန်ရောက်ပြီလို့ ပြောချင်ပါသည် ..။


.
ဇူလိုင် ၅ ရက်၊ ၂၀၁၃


၂၀၁၃ အာဇာနည်နေ့ အထိမ်းအမှတ် ဥသြဆွဲ ဂုဏ်ပြုခြင်း ပြန်လည် ဖော်ထုတ်ရန် ရှိ၊ မရှိနဲ့ ပတ်သတ်လို့ လူထုပုံရိပ်ဂျာနယ်မှ အောက်ပါပုဂ္ဂိုလ်များကို ဆက်သွယ်မေးမြန်းရာတွင် ယခုကဲ့သို့ ဖြေဆိုထားသည်။


အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးပြီးသော အာဇာနည်များ အတွက် လက်ရှိ တာဝန်ရှိသူများရဲ့  အဖြေစကားများ.....


ဦးဇော်ဌေး ( သမ္မတရုံးညွန်ကြားရေးမှူး )
========================
“ အဲဒီဥသြဆွဲမယ့်ကိစ္စနဲ့ပတ်သတ်ပြီးတော့မှ ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ်ကိုပဲ
မေးရမှာပါ ”

..................................

ပြန်ကြားရေးဒုဝန်ကြီး ဦးရဲထွဋ် ( သမ္မတပြောရေးဆိုခွင့်ရှိသူ )
==================================
“ ဦးကျော်ဆန်းလက်ထက်တုန်းကမဆွဲဘူးလို့ဖြေခဲ့တာက ပြန်ကြားရေးဝန်ကြီး
အနေနဲ့ ဖြေခဲ့တာမဟုတ်ပါဘူး။ ဒီဥသြဆွဲမယ့်ကိစ္စက ယဉ်ကျေးမှုဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရကိုပဲ မေးမှရမှာပါ။ ”

..................................

ရန်ကုန်အစိုးရရုံး
==========
“မသိဘူး။ အဲကိစ္စက မြို့တော်ဝန်ကိုပဲ လွဲထားတဲ့အတွက် မြို့တော်ဝန်ကိုပဲမေးရမှာ”

..................................

ယဉ်ကျေးမှုဝန်ကြီးဌာန ဒုဝန်ကြီး ဦးသန်းဆွေ
=========================
“ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ရုံးကို အဲဒီကိစ္စကို လွှဲထားတယ်။”

..................................

ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၏ ကိုယ်ရေးအရာရှိ
===============================
“ အဲဒီကိစ္စကို မသိဘူး။ ပြောခွင့်လည်း မရှိဘူး”
FNG

ဒီ အာဇာနည်နေ့ ဥသြဆွဲ ဂုဏ်ပြုတဲ့ ကိစ္စက သိပ်အရေးပါတဲ့ ကိစ္စ။

လွတ်လပ်ရေးခေါင်းဆောင်တွေ ကျဆုံးသွားတဲ့အချိန် မနက် ၁ဝ နာရီ ၃၇ မိနစ် မှာ "ဗိုလ်ချုပ်အောင်ဆန်းနှင့် ကျဆုံးပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများခင်ဗျား... ခင်ဗျားတို့ကို ကျုပ်တို့ ဘယ်တော့မှ မမေ့ဘူး၊ ကျေကျေကွဲကွဲ သတိရနေဆဲပါ" ဆိုတဲ့ အထိမ်းအမှတ်။

ကျဆုံးသွားတဲ့ နေရာကလည်း တိုင်းပြည်အတွက် သိပ်အရေးပါတဲ့ အစည်းအဝေး ကျင်းပနေတဲ့ နေရာမှာလေ။ ဂေါက်ကွင်းမှာ မဟုတ်ဘူး။ တရုပ်ကို ဈေးဝယ်ထွက် ဆေးစစ်သွားတာ မဟုတ်ဘူး။

ဒီလိုကိစ္စမျိုးကြီးကိုတောင် တာဝန်ယူရဲတဲ့ စိတ် မရှိရင် အဲဒီ ဇော်ဌေး (မှူးဇော်)၊ ရဲထွဋ်၊ သန်းဆွေ ..... ဆိုတဲ့ ကောင်တွေရဲ့ ရင်ဘတ်ထဲမှာ ရာထူး၊ ကုလားထိုင်၊ စည်းစိမ်ကလွဲလို့ ဘာမှမရှိဘူး ဆိုတာ အသေအချာပေါ့။

ကိုင်း… ပြည်သူက အိမ်တိုင်းရာတိုင်း ကိုယ့်ဘာသာ ကိုယ် ဥသြဆွဲမယ်ဗျာ။ ဘယ်ခွေး ကိုက်ဦးမှာလဲ။

စစ်ငြိမ်းအေး