မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

စာသင်ခန်းကို စွန့်ခွာတဲ့နေ့

၈၈ လူထုအုံကြွမှုဆိုတာ တောစွန်အုံဖျားမကျန် တနိုင်ငံလုံးမှာ ဖြစ်ခဲ့ပြီး အထက်တန်း အလယ်တန်း ကျောင်းသားတွေက နယ်တွေမှာ အဓိက အင်အားဖြစ်ခဲ့ပါတယ်။ ရှစ်ဆယ့်ရှစ်က လူထုအုံကြွမှုကြီးမှာ အခြေခံပညာအဆင့် ကျောင်းသူကျောင်းသားတွေနဲ့ တောသူတောင်သားတွေ ဒီအရေးတော်ပုံကြီးမှာ ဘယ်လိုပါဝင်ခဲ့တယ်ဆိုတာ မသိလိုက်တဲ့ မြို့သူမြို့သားတွေ အပြင် ခုခေတ် လူငယ်တွေအားလုံးကလည်း အဲဒီအချိန်က မြန်မာတနိုင်ငံလုံးမှာ တောစွန်အုံဖျားပါမကျန် ဘာတွေ ဖြစ်ခဲ့တယ်ဆိုတာ ဒီပို့စ်ကို ဖတ်ပြီး နည်းငယ် ခန့်မှန်းလို့ ရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

၈.၈.၈၈ က ရန်ကုန်နဲ့ မြို့ကြီးတွေမှာ စတင်ဆန္ဒပြပြီး ရှစ်လေးလုံး အရေးတော်ပုံကြီးကို စတင်ခဲ့ကြပြီး ကျောင်းသား၊ ပြည်သူတွေ သွေးမြေကျခဲ့ရပါတယ်။ ဒီလို သွေးမြေကျခဲ့လို့ လှုပ်ရှားမှုတွေက မရပ်သွားတဲ့အပြင် ပိုလို့တောင် တိုးလာပြီး ဗြိတိသျှကို တော်လှန်အုံကြွခဲ့တဲ့ ၁၃၀၀ ပြည့် အရေးတော်ပုံလို လူထုအုံကြွမှုကြီးကိုပါ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာစေခဲ့ပါတယ်။ ရှစ်လေးလုံးဟာ ရန်ကုန်နဲ့ မြို့ကြီးတချို့မှာပဲ ဖြစ်ပွားခဲ့ပြီး တခြားနယ်တွေမှာ ဘာမှ မဖြစ်ခဲ့ဘူးဆိုရင် တပါတီအာဏာရှင်စနစ် အဆုံးသတ်နိုင်ပါ့မလား ဆိုတာကို ကျွန်မ မကြာခဏ ပြန်တွေးမိပါတယ်။ ဒီလိုပြန်တွေးရင်း အရေးတော်ပုံကြီးကို ကျွန်မတို့နေတဲ့ တောစွန်အုံဖျားပါမကျန် တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်ပေါ်လာအောင် လှုံဆော်ခဲ့တဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ဗကသရဲ့ စွမ်းဆောင်မှုကိုလည်း အံ့မခန်း လေးစားဂုဏ်ပြုမိပါတယ်။ အရေးတော်ပုံကြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ ဖြစ်လာပုံကို ပြန်တွေးရင်း ကျေးလက်တောမြို့ သေးသေးလေးမှာ ရှိတဲ့ ကျွန်မတို့ကျောင်းက စတင်ပြီး ကျွန်မတို့ မြို့နယ်တခုလုံးမှာ အရေးတော်ပုံကြီး ဖြစ်လာပုံကို ပြန်သတိရနေမိတယ်။

"ခွေးအိုဆင်းလို့ ခွေးရူးတက် မြန်မာနိုင်ငံပျက်” ဆိုတဲ့ ခေါင်းစဉ်ပါ ကိုမင်းကိုနိုင် လက်ရေးမူနဲ့ ကော်ပီဆွဲထားတဲ့ ဗကသများ အဖွဲ့ချုပ်က လှုံ့ဆော်စာတစောင်ကို ကျွန်မတို့ အတန်းက ယောက်ျားလေးတွေကြားထဲမှာ ရှစ်ရက်နေ့ မတိုင်ခင် နေ့ရက်တွေကတည်းက ရောက်နေရာကနေ ကျွန်မတို့ မိန်းကလေးတွေ ဆီအထိ ပြန့်နှံ့လာခဲ့ပါတယ်။ စာထဲမှာ ပါတဲ့အကြောင်းအရာတွေကတော့ ၆၂ အာဏာသိမ်းတဲ့နေ့ ကနေ ၈၈ တံတားနီအရေးခင်းကို နှိမ်နင်းရာမှာ ကျောင်းသူတွေကို စိန်လွင်လက်ပါးစေတွေက အင်းယားကန်မှာ ရေနစ်သတ်တာ၊ အချုပ်ခန်းအတွင်း မုဒိန်းကျင့်ခံခဲ့ရတာတွေနဲ့၊ အခုချိန်မှာ မဆလကြောင့် မြန်မာနိုင်ငံဟာ ကမ္ဘာမှာ အဆင်းရဲဆုံးနိုင်ငံ စာရင်းဝင် ဖြစ်သွားပြီဆိုတာအထိ မဆလ တပါတီအာဏာရှင်တွေရဲ့ စံပြလုပ်ရပ်တွေနဲ့ ဖုံးကွယ်ထားတဲ့ သမိုင်းအမှန်တွေကို ဖေါ်ပြထားပါတယ်။ စာရဲ့ အဆုံးပိုင်းမှာတော့ ဒီမကောင်းတဲ့ မိစ္ဆာအယုတ်မာတွေကို ဖြုတ်ချဖို့ သမိုင်းပေးတာဝန်ဟာ ကျောင်းသားတွေရဲ့ ပုခုံးပေါ်မှာ ရောက်နေပြီ ဆိုတဲ့အကြောင်း၊ ခေတ်အဆက်ဆက်မှာ စနစ်တခုကို ပြောင်းချင်ရင် ကျောင်းသားတွေကပဲ အနှစ်နာခံပြီး ရှေ့ကအသေခံ ဦးဆောင်ခဲ့လို့သာ ပြောင်းခဲ့ကြောင်း ဒါကြောင့်မို့ ၈.၈.၈၈ မှာ မြန်မာ တနိုင်ငံလုံးမှာ ရှိတဲ့ ကျောင်းသူကျောင်းသားများ အားလုံးလမ်းမပေါ်ထွက် ဆန္ဒပြပြီး ပြည်သူတွေကို ရှေ့ကလမ်းပြဖို့ ရေးထားပါတယ်။

ဒီစာကို ဖတ်ပြီး ကိုယ့်တိုင်းပြည်နဲ့ အုပ်ချုပ်နေတဲ့ အစိုးရက ကိုယ်ထင်ထားတာနဲ့ တခြားစီ ဖြစ်နေတာကို အခုမှ သိရတာကို ယူကျုံးမရ ခံစားရပြီး ကျွန်မတို့ အထက်တန်း ကျောင်းသားတွေကြားမှာ အစိုးရကို မုန်းတီးရွံရှာတဲ့စိတ်ကို ထိန်းမနိုင်သိမ်းမရ ဖြစ်စေခဲ့ပါတယ်။ ဒီစာကို ဖတ်ပြီးနောက်ပိုင်း ကျွန်မတို့ ကျောင်းသားတွေ မလုပ်ရင်တော့ ဘာမှ ဖြစ်လာတော့မှာ မဟုတ်ဘူးဆိုတာကို ကျွန်မတို့ တကယ်ပဲ ယုံကြည်သွားခဲ့ပါတယ်။ ရှစ်ရက်နေ့မှာ ဆန္ဒထွက်ပြဖို့ စီစဉ်ခဲ့ပါတယ် ဒါပေမယ့် အဲဒီနေ့က ကျောင်းအုပ်ဆရာကြီးက တမနက်လုံးနီးပါး ကျောင်းမှာ အတန်းကြီးဆုံး ဖြစ်တဲ့ ကိုးတန်းနဲ့ ၁၀ တန်း ဖြစ်တဲ့ ကျွန်မတို့ ကျောင်းသားကြီးကြီးတွေရဲ့ အခန်းတွေရှေ့မှာ ခေါက်တုန့်ခေါက်ဖြန့် လမ်းလျှောက်ပြီး မကြာခဏ ရောက်ရှိနေပါတယ်။ မနက်ပိုင်းမှာ မဖြစ်တော့ နေ့လည်ကျောင်းဆင်းတာနဲ့ ကျောင်းပြန်မတက်တော့ပဲ ဆန္ဒပြဖို့ အစီစဉ်ခဲ့ပြန်တော့လည်း မြို့ပေါ်က ကျောင်းသားတွေက အိမ်ပြန် ထမင်းပြန်စားကြပြီး ကျောင်းမှာ ကျန်နေတာက ကျေးရွာတွေက လာတက်တဲ့သူတွေပဲ ကျန်ပြီး စတင်ဖို့ အချိတ်အဆက်မရ၊ ဆရာတွေကလည်း တချက်မှ မျက်စိအလစ်မပေးဆိုတော့ ကျွန်မတို့ မြို့မှာ အရေးအခင်းကို ရှစ်ရက်နေ့မှာ မစနိုင်ခဲ့ဘူး။

၉.၈.၈၈ မှာတော့ နေ့တိုင်း ကျောင်းတက်ခေါင်းလောင်း နောက်ဆုံးကြိမ်ကျတာနဲ့ ကျောင်းတက်တိုင်း ဆိုနေကျ ဖြစ်တဲ့ မဆလစနစ်ရဲ့ လူငယ်သစ္စာ အဓိဌါန်ငါးချက်ကို မဆိုပဲ ညနေ ကျောင်းဆင်းမှ ဆိုရတဲ့ နိုင်ငံတော်သီချင်းကို ဆိုကြဖို့၊ သီချင်းကျတာနဲ့ အလယ်တန်းအဆင့်ကနေ ကျောင်းသားအားလုံး ကျောင်းဝင်းပြင်က လမ်းမပေါ် ထွက်ပြီး ဆန္ဒပြကြမယ်လို့ သူငယ်တန်းကနေ ၁၀ တန်းအထိအတန်းကုန် လိုက်ပြီးဆရာမတွေ မသိအောင် ကျောင်းသား ကြီးတွေက နိုးဆော်ထားလိုက်ပါတယ်။ ကျောင်းတက်ချိန်တိုင်း ခေါင်းလောင်း သုံးကြိမ်ထိုးလေ့ရှိပြီး နောက်ဆုံး ခေါင်းလောင်းသံက တချက်ပဲ ဖြစ်ပြီး အဲဒီတချက်ကျတာနဲ့ လူငယ်သစ္စာအဓိဌါန် ငါးချက်ကို ဆိုရလေ့ရှိပါတယ်။

9/8/88 ကျောင်းတက်ချိန် ရောက်ပါပြီ....
ကလင်… ကလင်… ကလင်… ပထမဦးဆုံး အကြိမ် ခေါင်းလောင်းသံ
ကလင်… ကလင်… ကလင်… ဒုတိယခေါင်းလောင်းသံ နဲ့အတူ အားလုံးငြိမ်နေကြတယ်။ ဆရာမလည်း အတန်းထဲမှာ ရောက်နေပြီ။ ကျွန်မတို့ အားလုံးရဲ့ စိတ်ထဲမှာတော့ ရန်သူတပ်ကုန်းတခုကို ချီတက်နေသည့်အလား စိတ်လှုပ်ရှားနေမိတယ်။
..........ကလင်… နောက်ဆုံးခေါင်းလောင်းသံ

ကမ္ဘာာမကြေ..... မြန်မာပြေ...
ဒို့အဘိုးအဘွားအမွေစစ်မို့
ချစ်မြတ်နိုးပေ...

ပြည်ထောင်စုကို အသက်ပေးလို့ ဒို့ကာကွယ်မလေ..
ဒါဒို့ပြေ ဒါဒို့မြေ ဒို့ပိုက်နက်မြေ
ဒို့ပြေ ဒို့မြေ အကျိုးကို
ညီညာစွာဒို့တတွေ
ထမ်းဆောင်ပါစို့လေ
ိဒို့တာဝန်ပေ အဖိုးတန်မြေ

နိုင်ငံတော်သီချင်း အပြည့်အစုံက အထက်ပါအတိုင်း ဖြစ်ပေမဲ့ ကျွန်မတို့ အတန်းကြီးသားတွေ ပြီးအောင် မဆိုလိုက်ရဘူး ဖြစ်ပုံက ..

"ကမ္ဘာမကြေ… ဗမာပြေ… တို့အဖိုးအဖွားအမွေစစ်မို့ ချစ်မြတ်နိုးပေ”... လို့ ဆိုလိုက်တာနဲ့ အစောကြီးကတည်းက တခုခုဖြစ်မှာကို စိုးရိမ်နေတဲ့ ဘိုင်အိုလော်ဂျီသင်တဲ့ အတန်းပိုင် ဆရာမ မျက်နှာက ပြူးတူးပြာတာနဲ့ ”ဘာလုပ်တာလဲ နင်တို့ ဒုက္ခရောက်ကုန်တော့မှာပဲ မလုပ်ကြပါနဲ့ ဆရာမတောင်းပန်ပါတယ်” လို့ ပြောလိုက်တဲ့အချိန်မှာ ယေက်ျားလေးထဲက တယောက်က ”ဆရာမ ကျွန်တော်တို့ကို တားမနေပါနဲ့တော့ ဒီလူသတ်၊ မုဒိန်းကျင့် အစိုးရကို ကျွန်တော်တို့ ဖြုတ်ချမှ ရတော့မယ်” ပြန်ပြောလိုက်ပေမယ့် ကျန်တဲ့သူတွေကတော့ ကမ္ဘာမကြေကို အဆိုမပျက် ပဲ ဆက်ဆိုနေတယ်။" ပြည်ထောင်.....စုကို အသက်ပေးလို့ ဒို့.".(ဒို့ကာကွယ်မလေအထိ စာကြောင်းဆုံးအောင် မဆိုလိုက်ရဘူး)

"အားလုံးတိတ်ကြစမ်း မင်းတို့ကိုယ်မင်းတို့ ဘာထင်နေလဲ လုံးဝဆက်မဆိုနဲ့ ငြိမ်ငြိမ် တိတ်တိတ်နေကြစမ်း” ဆရာကြီးရဲ့ အသံဖြစ်တယ် ဆရာကြီးကိုတော့ တခါမှ ရိုက်တာမတွေ့ပေမယ့် အရှိန်အ၀ါကြောင့် ထင်တယ် ကျောင်းသား အားလုံးက ကြောက်ကြတယ်။ ဆရာကြီးက အပေါ်ထပ်က အခန်းအားလုံး ကြားအောင် အသံကျယ်ကျယ်နဲ့ ကျွန်မတို့အခန်းရှေ့က နေအော်ပြီးပြောတော့ အတန်းကြီးဆုံးတွေ ဖြစ်တဲ့ ကျွန်မတို့ အပေါ်ထပ်က အတန်းတွေ အားလုံးနီးပါး ငြိမ်သွားကြတယ်။ ဒါပေမယ့် အောက်ထပ်နဲ့ တခြားအတန်းကတွေ ဆက်ဆိုနေတော့ အဲဒီအတန်းတွေကို သွားထိန်းဖို့ ဆရာကြီးကသွားလိုက်တယ်။ ကျွန်မတို့ အောက်ဘက်က သူငယ်တန်းက ကလေးတွေရဲ့ ကမ္ဘာမကြေ သီချင်းသံကို သဲသဲကွဲကွဲကြားနေရပါတယ်။

ကျွန်မတို့ ကျောင်းက အင်္ဂလိပ် အက္ခရာ E ပုံသဏ္ဍန် ရှိပြီး E ပုံသဏ္ဍန်ရဲ့ ကန့်လန့်ဖြတ် မျဉ်းစတဲ့ နေရာတိုင်းမှာ အပေါ်ထပ်တက်တဲ့ လှေကားတွေ ရှိတော့ စုစုပေါင်း လှေကား သုံးခု ရှိပါတယ်။ ကိုးတန်းနဲ့ ၁၀ တန်းမှာ သိပ္ပံနဲ့ ၀ိဇ္ဇာ နှစ်ခန်းစီ ရှိတော့ တတန်းမှာ လေးခန်းစီရှိပါတယ်။ ခုနှစ်တန်းကနေ ၁၀ တန်းအထိက အပေါ်ထပ်မှာ ရှိပြီး သူငယ်တန်းကနေ ၆ တန်းအထိ က အောက်ထပ်မှာ ရှိပါတယ်။ ကျွန်မတို့ အခန်းက ၁၀ တန်း A ဆရာများနားနေခန်းတွေ ရုံးခန်းတွေနဲ့ အနီးဆုံးခန်း E ပုံသဏ္ဍန် ကျောင်းမှာ အရှေ့လှေကားက တက်ရင် ပထမဦးဆုံး ရောက်တဲ့ စာသင်ခန်း ဖြစ်သလို ကျောင်းဆင်းရင်လည်း ပထမဦးဆုံး ကျောင်းပြင်ရောက်တဲ့ အခန်း ဖြစ်တယ်။ အောက်ထပ်က ကျောင်းသားတွေကို ထိန်းဖို့ ဆရာကြီးဆင်းသွားတာ ကျွန်မတို့အတန်းကနေ အပေါ်ထပ်မှာ ရှိတဲ့ အတန်းတွေ အားလုံးရှေ့ကို ဖြတ်ပြီးမှ အနောက်လှေကားက ဆင်းသွားတာ ဖြစ်တယ်။

ဆရာကြီးကြောင့် ခဏငြိမ်သွားရာကနေ ”ဆရာကြီး ပြန်ရောက်လာရင် ငါတို့ အစီစဉ် ဘာမှ ဖြစ်တော့မှာ မဟုတ်ပဲ မနေ့ကလိုပဲ အစီစဉ် ပျက်သွားနိုင်တယ် ကမ္ဘာမကြေလည်း ဆက်ဆိုနေလို့ ထူးတော့မှာ မဟုတ်ဘူး လာအခုပဲ ထွက်ကြရအောင်” လို့ ပြောပြီး ယောက်ျားလေးတွေက အခန်းပြင်ကို စထွက်ကြတော့ ဆရာမက ”မသွားကြပါနဲ့ နင်တို့ဒုက္ခရောက်မှာစိုးလို့ပါ” လို့ တောင်းပန်ပြီး ပြောနေတာကို ကျွန်မတို့ မိန်းကလေးတွေက ဆရာမကိုတလှည့် ယောက်ျားလေးတွေကို တလှည့် ကြည့်ပြီးစဆင် ဆုံးဖြတ်ဖို့ ခက်နေတဲ့အချိန်မှာ ”မိန်းကလေးတွေ နင်တို့က ကျောင်းသူတွေမဟုတ်ဘူးလား မြန်မြန်ထွက်လာကြပါ အချိန်မဆွဲနေကြပါနဲ့ ဆရာကြီး ပြန်ရောက်လာရင် ဘာမှလုပ်လို့ရတော့မှာ မဟုတ်ပဲ မနေ့ကလိုပဲ အစီစဉ်ပျက်သွားလိမ့်မယ်” လို့ ပြောလိုက်တာနဲ့ ဒီနေ့တော့ ပျက်လို့ မဖြစ်ဘူးဆိုပြီး ကျွန်မတို့အားလုံး ဆရာမနဲ့ စာသင်ခန်းကို ထားခဲ့ပြီး စတင်စွန့်ခွာခဲ့ပါတယ်။ အခန်းပြင်ရောက်တော့ ဆရာကြီးက အလယ်လှေကားကနေ အပေါ်ထပ် ပြန်တက်လာပြီလို့ အလယ်လှေကားအနီး ဆယ်တန်း ၀ိဇ္ဇာခန်းဘက် ကျောင်းသားတယောက်က ပြောလိုက်တာနဲ့ ဆရာကြီးရောက်ရင်တော့ ပွဲပျက်တော့မှာပဲ ဆိုတဲ့အသိနဲ့ ချက်ချင်းပဲ ကျောင်းအောက်ကို အမြန်ဆုံးရောက်အောင် အရှေ့လှေကားကနေပြီး ဆင်းပြေးကြတယ်။ ထိုနည်းအတူ တခြား အလယ်လှေကားနဲ့ နီးတဲ့ကိုးတန်းအခန်းတွေက ကျောင်းသားတွေကလည်း အလယ်လှေကားက မဆင်းပဲ ဆရာကြီးနဲ့တွေ့မှာစိုးလို့ အနောက်လှေကားက ဆင်းကြတယ်လို့ သိရတယ်။ ဒီလိုနဲ့ ကျွန်မတို့ဟာ ကျောင်းဝင်းပြင်ကို အစုလိုက် အပြုံလိုက်နဲ့ ရောက်ရှိလာခဲ့ပါတယ်။

ပြည်ထောင်စုနေ့တွေမှာ နှစ်စဉ်နှစ်တိုင်း ဆရာတွေရဲ့ ကြီးကြပ်မှုနဲ့ ဒို့အရေး အော်ဖူးတာကလွဲပြီး ကိုယ့်အစီစဉ်နဲ့ကိုယ် ဆန္ဒလည်း တခါမှမပြဖူး၊ အစိုးရကို ဆန္ဒပြတယ်ဆိုတာ ဗြိတိသျှလက်ထက်မှာပဲ နယ်ချဲ့ကို တော်လှန်ဖို့အတွက် ရှိစရာလိုပြီး ကိုယ့်လူမျိုး အုပ်ချုပ်နေတဲ့အချိန်မှာ ဒါတွေဟာ မလိုအပ်တော့ဘူးလို့ တောက်လျှောက် ထင်လာခဲ့တယ်။ အခုတော့ ကိုယ်ထင်သလို မဟုတ်ပဲ ဗြိတိသျှမှ မဟုတ်ဘူး မကောင်းတဲ့ အစိုးရဖြစ်ရင် ဘာလူမျိုးပဲဖြစ်ဖြစ် ဖြုတ်ချဖို့ လိုအပ်တယ်ဆိုတာ သိလာလို့ ဆရာတွေ တားနေတဲ့ကြားက ဆန္ဒပြဖို့ ကျောင်းဝင်းပြင် ရောက်လာကြတာ ဘာအော်လို့ အော်ရမှန်းမသိ ဖြစ်နေခဲ့တယ်။ အဲဒီအချိန်မှာ ကျောင်းဂိတ်ဝမှာ တက္ကသိုလ် ကျောင်းသားတချို့ကို တွေ့ရတယ်။ မတ်လနဲ့ ဇွန်လအရေးအခင်းနောက်ပိုင်း ကျောင်းတွေ ပိတ်လိုက်လို့ မြို့ပြန်ရောက်နေကြသူတွေ ဖြစ်တယ်။ တက္ကသိုလ် ကျောင်းသားတွေက ကျွန်မတို့ကို စောင့်ကြိုနေကြပြီး ”ဆန္ဒပြချီတက်တယ် ဆိုတာ ဒီလို အစုလိုက်အပြုံလိုက် ချီတက်လို့မရဘူး စနစ်တကျ ချီတက်ရပါတယ်၊ လေးယေက် တတန်း တွဲပြီး တန်းစီပါ” လို့ ပြောပြပါတယ်။ ပြီးတော့ သူတို့အသင့် ပြင်ဆင်လာခဲ့တဲ့ ကြွေးကြော်သံ စာရွက်တွေကို ဝေပေးပါတယ်။

အဲဒီတော့မှပဲ

သပိတ် သပိတ်.. (မှောက် မှောက်).
ဒီမိုကရေစီ ရရှိရေး …(ဒို့အရေး)၂
ကျောင်းသားသမဂ္ဂဖွဲ့စည်းရေး …(ဒို့အရေး)၂
ဖမ်းဆီးကျောင်းသား ပြန်လွတ်ရေ (ဒို့အရေး)၂
လူသတ်စိန်လွင် ပြုတ်ကျရေး… (ဒို့အရေး)၂ နဲ့
အရေးတော်ပုံ... (အောင်ရမည်)၂ ဆိုတဲ့ ကြွေးကြော်သံကို အော်ရကောင်းမှန်း သိသွားတယ်။ ပြည်ထောင်စုနေ့တိုင်း အော်နေကျ ကြွေးကြော်သံဖြစ်တဲ့ ကြွေးကြော်သံနဲ့ မတူဘဲ ကြွေးကြေ်ထူးထူးဆန်းဆန်းကို အော်ရလို့ ပါးစပ်မှာလည်း အရသာ ပိုရှိသလို စိတ်ဓါတ်တွေမှာလည်း အဆတရာမက ပိုပြီးတက်ကြွနေပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး.....(ဒို့အရေး)၂
စီးပွားရးစီမံကိန်း အောင်မြင်ရေး.....(ဒို့အရေး)၂
အဖျက်သမားချေမှုန်းရေး......(ဒို့အရေး)၂
ဆိုရှယ်လစ် ခေတ်ပြောင်းတော်လှန်ရေး.... (အောင်ရမည်)၂ ဆိုတာကိုပဲ အမြဲအော်ဖူးပြီး နှလုံးသားထဲရော ပါးစပ်ထဲကိုပါ သံမှိုနဲ့ ရိုက်သွင်းထားသလို ရိုက်သွင်းထားခြင်း ခံရတဲ့ နေ့ကြီးရက်ကြီးနီးတိုင်း အော်နေကျ ကြွေးကြော်သံကလွဲပြီး ပထမဦးဆုံး အသစ်အဆန်း အော်ဖူးတဲ့ ကြွေးကြော်သံဖြစ်တယ်။

ဒါပေမယ့် အဲဒီအချက်တွေထဲမှာ ကျန်တာ အကုန်လုံးနီးပါးက ပထမကျောင်းသားသပိတ်နဲ့ ဒုတိယ ကျောင်းသားသပိတ်တွေ အကြောင်း သင်တုန်းက ကြားဖူးလို့ သိနေပေမယ့် ဒီမိုကရေစီ ရရှိရေးဆိုတဲ့ တခုကိုတော့ ဘာကိုလိုလို့ တောင်းဆိုတယ် ဆိုတာ စချီတက်ချိန်မှာ မသိ၊ နားမလည်ခဲ့တာတော့ အမှန်ပဲ။

ကျွန်မတို့ ဒီကြွေးကြော်သံအတိုင်း ကြွေးကြော်ရင်း ကျောင်းရှေ့လမ်းမတလျှောက် ညာဘက်မှာရှိတဲ့ မြို့တော်ခန်းမဘက်ကို ချီတက်လာကြပြီး မြို့တော်ခန်းမအလွန် နည်းနည်းဆက်လျောက်တော့ အဲဒီတုန်းက ကျွန်မတို့မြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံ သွားတဲ့လမ်း (အလကကျောင်း ရှိတဲ့လမ်း နာမည်မေ့သွားပြီ) အရောက်မှာ ညာဘက်ထပ်ကွေ့ကာ အလက ကျောင်းရှိတဲ့ဘက်ကို ချီတက်လာကြပါတယ်။ အလက ရှေ့ရောက်တော့ ကျောင်းဂိတ်ဝမှာ ဂိတ်တံခါးကို ပိတ်လျက် ကျောင်းအုပ်ဆရာမကြီးကို တွေ့ရပါတယ်။ ကျွန်မတို့က အလကရှေ့ရောက်တော့ ဆက်မသွားသေးပဲ ကျောင်းရှေ့ကို မျက်နှာမူပြီး ကြွေးကြော်သံတွေနဲ့ ဆက်လက် အော်ဟစ် ကြွေးကြော်နေတဲ့အချိန်မှာ ကျွန်မတို့ အထဲက ခေါင်းဆောင်လုပ်သူ ယေက်ျားလေး တချို့ကလည်း ငါးတန်းကနေ ရှစ်တန်းအထိ ကျောင်းသားတွေထဲက ဆန္ဒရှိသူတွေကို ၀င်ခေါ်ဖို့ အတွက် တံခါးဖွင့်ပေးဖို့ ဆရာမကြီးကို တောင်းဆိုပါတယ်။ ဒီတော့ ဆရာမကြီးက ”နင်တို့ဘာသာနင်တို့ သွားကြ ငါ့ကျောင်းသားတွေကို လာမခေါ်နဲ့ ကျောင်းဝင်းထဲကို ၀င်လာဖို့လည်း မကြိုးစားကြနဲ့ တံခါးလည်း မဖွင့်ပေးနိုင်ဘူး အခုချက်ချင်း ငါ့ကျောင်းရှေ့က ထွက်သွားကြ” လို့ မေင်းထုတ်ပါတယ်။

ယေက်ျားလေးတွေကလည်း ”ဆရာမ ကျွန်တော်တို့ကို မမောင်းထုတ်ပါနဲ့ ဆရာမ ကျောင်းရှေ့က မြန်မြန် ထွက်သွားစေချင်ရင် တံခါးဖွင့်ပေးပါ၊ မဖွင့်ပေးရင် ကျွန်တော်တို့ဖါသာ ကျွန်တော်တို့ မရရတဲ့နည်းနဲ့ ပွင့်အောင်လုပ်ပြီး ဆန္ဒလိုက်ပြ လိုက်ချင်တဲ့ ကျောင်းသားတွေကို ရအောင် ခေါ်ပြီးတော့မှ ပြန်မယ်” လို့ ပြောပြီး ”အကလက ကျောင်းသားတွေ နင်တို့က ကျောင်းသားတွေ မဟုတ်ဘူးလား ထွက်လာကြ” လို့ လှမ်းအော်ခေါ်နေတယ်။ ခေါင်းဆောင် တချို့က ဆရာမကြီးနဲ့ အခုလို အခြေအတင် ဖြစ်နေတဲ့ တချိန်မှာ ကျန်တဲ့ ကျွန်မတို့ အထကကလာတဲ့ ကျောင်းသားတွေက ကြွေးကြော်သံတွေကို ပိုပြီးကျယ်အောင် ဟစ်ကြွေးနေကြတယ်။ ကြွေးကြော်သံဒဏ်ကို မခံနိုင်ပဲ ထွက်လာချင်လို့ ကြိုးစားနေကြတဲ့ ၈ တန်းကျောင်းသားတွေကို အတန်းပိုင်ဆရာ၊ ဆရာမတွေက ငြိမ်ငြိမ်နေဖို့နဲ့ တိတ်တိတ်နေဖို့ ပြောပြီး လိုက်ထိန်းနေရတာကိုလည်း ကျွန်မတို့ တွေ့နေရပါတယ်။ ဒီအချိန်မှာ ခြေထောက်သိပ်မသန်တဲ့ ခုနှစ်တန်း ကျောင်းသားလေး တယောက်က ဆရာမတွေ ထိန်းနေတဲ့ကြားကနေ ဒို့အရေး ဒို့အရေးလို့ ကြွေးကြော်ပြီး ထွက်ပြေးလာတဲ့ အချိန်မှာတော့ တခြားကျောင်းသားတွေ အကုန်လုံးကလည်း စုပြုံပြီး လိုက်ထွက်လာကြပြီး ဆရာဆရာမတွေ ထိန်းမနိုင်တော့ပဲ အလက ကျောင်းသားတွေ ကျောင်းဝင်းပြင်ကို ရောက်ရှိလာကြပါတယ်။ ကျွန်မတို့ ကျောင်းဝင်းပြင်ကို ရောက်လာတုန်းကအတိုင်းပဲ တက္ကသိုလ် ကျောင်းသားတွေ၊ စာပေးစာယူဖြေနေသူတွေ ဖွံ့ဖြိုးရေးသိပ္ပံက ကျောင်းဆင်းထားသူတွေက တန်းစီ ချီတက်ပုံကို ပြောပြပြီး နေရာချပေးပါတယ်။

ပြီးတော့ ကျောင်းနှစ်ကျောင်းက ကျောင်းသားတွေနဲ့ တက္ကသိုလ် ကျောင်းသားတွေ ကျောင်းသားဟောင်းတွေ ပေါင်းပြီး တမြို့လုံးပတ်ပြီး ချီတက် ဆန္ဒပြကြပါတယ်။ ဆန္ဒပြတဲ့ ကာလတလျှောက်လုံး တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက ဘေးကနေ ၀န်းရံပြီး ချီတက်ဖို့လမ်းကို ညွန်ပြပါတယ်။ လမ်းတလျှောက်မှာ အားပေးနေတဲ့သူတွေထဲက ကိုယ်တိုင် မချီတက်ပေမယ့် လမ်းဘေးတဖက်တချက်မှာ လက်ခုပ်တီးပြီး အားပေးနေကြပါတယ်။ ဒီအထဲမှာ မိမိတို့သားသမီးကို လိုက်ရှာပြီး ပြန်လာဆွဲခေါ် ခေါ်သွားကြတဲ့ မိဘတွေလည်း ရှိပါတယ်။ ဆန္ဒပြသူတွေကို စေတနာ အပြည့်နဲ့ ရေတိုက်သူ၊ အချိရည်တိုက်တဲ့သူ၊ သကြားလုံးချိုချည်နဲ့ မုန့်ပဲ သရေစာ ဝေတဲ့သူတွေက မကြာခဏ လာလာဝေပေးပြီး အားပေးကြတာလည်း အံ့မခန်းလောက်အောင်ပါပဲ။ ကျွန်မတို့ အခန်းက ယောက်ျားလေးတွေ အများဆုံးပါဝင်တဲ့ အထကမှာ အတန်းကြီးဆုံးဖြစ်ကြတဲ့ ကိုးတန်းနဲ့ ၁၀ တန်း ကျောင်းသားတွေကတော့ လမ်းဘေးက အားပေးနေသူတွေကို ဘာကြောင့် ဆန္ဒပြရတယ် ဆိုတာကို တလျှောက်လုံး Speaker နဲ့ အော်ပြီး ရှင်းပြလာပါတယ်။

ကျွန်မတို့ တမြို့လုံးအနံ့ ချီတက် ဆန္ဒပြခဲ့ပါတယ်။ မြို့ကသေးတော့ ကြာကြာ မပတ်လိုက်ရပဲ နေ့လည် ထမင်းစား ကျောင်းဆင်းချိန်ခန့်မှာပဲ တမြို့လုံး နှံ့သွားပါတယ်။ အဲဒီအချိန်မှာ မြို့ထဲက မြို့သူမြို့သားတွေဆီက တအိမ်ထမင်းထုပ်တထုတ်စီ လာပို့ထားလို့ ဖက်ရွက်နဲ့ ထုပ်ထားတဲ့ ထမင်းထုတ်တွေကိုပဲ နေ့လည်စာ အဖြစ်စားကြပါတယ်။ စုရပ်မရောက်မီ မြေနီကုန်းလမ်း (အခုတော့ အခေါ်အဝေါ် ပြောင်းနေနိုင်တယ်) ကို ဖြတ်ပြီး ဂတ်တောင် (ရဲစခန်းရှိတဲ့ကုန်းကို ခေါ်တဲ့ ဒေသအခေါ်) ကို ဖြတ်လာရာမှာ ပုလိပ်တွေက သေနတ်တွေကိုင်ပြီး ပြူးကြောင်ပြီး ခက်ထန်တဲ့ အကြည့်စမ်းစိမ်းနဲ့ ကြည့်နေကြတော့ စိတ်ထဲမှာ စိုးရိမ်မှုတွေ ရှိခဲ့ကြတာတော့ အမှန်ပဲ။ ဒါပေမယ့် ဒီအချိန်မှာ သေရမယ်ဆိုရင်တောင် သေဖို့အဆင်သင့်ပဲ ဆိုတဲ့ပုံစံနဲ့ အဲဒီအချိန်မှာ အကြောက်တရား လုံးဝမရှိဘဲ စိတ်ဓါတ်တွေက ပြင်းထန်နေခဲ့ကြတယ်။ တကယ်ကို အဲဒီအချိန်မှာ ပုလိပ်တွေ ပစ်ရင်တောင်မှ ကြောက်စိတ်နဲ့ သေသွားမှာမဟုတ်ဘဲ အာဏာရှင်စနစ်ဆိုး ပြုတ်ကျပါစေလို့ အော်ပြီး သေသွားလိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ ပြီးနောက် ဂတ်တောင်ကို ကျော်သွားပြီး ကမ်းနားလမ်းကို ဖြတ်ချိန်မှာ လက်ဘက်ရည်ဆိုင်တဆိုင်ထဲမှာ မြို့နယ်ပြည်သူ့ကောင်စီ ဥက္ကကိုတွေ့လိုက်ရတယ်။ သူ့ရှေ့ရောက်တော့ ကျောင်းသားတွေက ကြွေးကြော်သံကို အသံပိုကျယ်ကျယ်နဲ့ အော်ကြတယ်။ ကမ်းနားလမ်းကအပြန် တရားဟော စင်မြင့်ရှိရာ လွတ်လပ်ရေး ကျောက်တိုင်ကို သွားဖို့ ဗိုလ်မှူးဗထူး လမ်းအတိုင်း ပြန်တက်လာတဲ့ အချိန်ကျမှ ကျွန်မမှာ ဖိနပ်မပါလာတာ သတိထားမိတယ်။ ဆရာကြီး အလယ်လှေကားကနေ ကျောင်းအောက်ထပ်က ပြန်တက်လာတော့မယ်ဆိုတာ သိလိုက်တာနဲ့ ကျောင်းအောက်ကို မြန်မြန်ရောက်ချင်ဇောနဲ့ အခန်းရှေ့ဖိနပ်ချွတ်တဲ့ နေရာမှာ ဖိနပ်သွားစီးဖို့ မေ့ပြီးဆင်းလာခဲ့မှန်း သတိထားမိတယ်။

ဗိုလ်မှူးဗထူးလမ်းအဆုံး ညာဘက်ကိုကွေ့တော့ အဲဒီအချိန်က ကျွန်မတို့မြို့ရဲ့ တခုတည်းသော ရုပ်ရှင်ရုံနဲ့ မျက်စောင်းထိုးနေရာ လွတ်လပ်ရေးကျောက်တိုင်ရှိ စင်မြင့်ပေါ်မှာ တက္ကသိုလ် ကျောင်းသားတွေနဲ့ ကျောင်းသားဟောင်းတွေက မိန့်ခွန်းပြောဖို့အတွက် စုဝေးကာ မိန့်ခွန်းပြောတဲ့ အစီစဉ်ကို စတင်ခဲ့ပါတယ်။ မိန့်ခွန်းပြောတဲ့အခါမှာတော့ တက္ကသိုလ် ကျောင်းသားတွေနဲ့ ဖွံ့ဖြိုးရေးသိပ္ပံကျောင်းဆင်းလာသူတွေ၊ ကျောင်းသားဟောင်းတွေက ဇာတ်လိုက်တွေ ဖြစ်သွားကြပြီး ကျွန်မတို့အထက်တန်း အလယ်တန်း ကျောင်းသားတွေနဲ့ အနောက်မှာတော့ မြို့က နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတက်တောင် များပြားလှတယ် ထင်ရတဲ့ မြို့သူမြို့သားတွေက နားထောင်သမား သက်သက်ဖြစ်သွားကြတယ်။ ကျွန်မလည်း သူတို့ရဲ့ မိန့်ခွန်းတွေကို သေသေချာချာ နားထောင်ရတဲ့အခါမှာမှပဲ တမနက်လုံး မသိပဲနဲ့ အော်လာတဲ့ ဒီမိုကရေစီရဲ့ အဓိပ္ပါယ်အပြင် လူ့အခွင့်အရေးဆိုတာကိုပါ နားလည်ခွင့်ရတော့တယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းတချို့တလေမှာ ဒီမိုကရေစီကျကျ တည်ဆောက်ရမယ် ဆိုတာ တခါတလေ ဖတ်ဖူးပေမယ့် ဒီမိုကရေစီဆိုတာ ဘာကိုပြောလဲဆိုတာကိုတော့ အဲဒီနေ့မှာမှ အတိအကျ ကျွန်မနားလည်ခဲ့တယ်။

ဒီမိုကရေစီဆိုတာ အများပြည်သူအုပ်ချုပ်တာ ဖြစ်ပြီး အခုကျွန်မတို့နိုင်ငံမှာက အာဏာရှင် အုပ်ချုပ်နေပြီး တိုင်းသူပြည်သားတွေမှာ လူ့အခွင့်အရေး မရှိကြောင်း၊ လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်းမှာ လွတ်လပ်စွာ ပြောဆိုရေးသား ဖွင့်ဟပိုင်ခွင့်၊ မိမိကြိုက်တဲ့အစိုးရကို လွတ်လပ်စွာ ရွေးချယ်တင်မြောက် ဖြုတ်ချပိုင်ခွင့်ရှိတဲ့အကြောင်းကို ဟောပြောတာကို နားထောင်လိုက်မှ အတော်လေး သဘောပေါက်သွားပါတယ်။ အဲဒီအချိန်ကစပြီး ကျွန်မတို့မြန်မာပြည်က အများဆန္ဒမပါဘဲ လူတယောက်တည်း၊ တစုတည်းက ချယ်လှယ် အုပ်ချုပ်တာဖြစ်တဲ့အတွက် တိုင်းပြည်က ချမ်းသာရာကနေ အဆင်းရဲဆုံး ဖြစ်လာတယ်။ ဒီစနစ်ကို ပြုတ်ကျအောင် လုပ်ရမယ်ဆိုတဲ့ အသိနဲ့ ခံယူချက်ရဲ့ အခြေခံအုတ်မြစ်ကို ကျွန်မရခဲ့ပါတယ်။

မိန့်ခွန်းပြောတဲ့ တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီ လူ့အခွင့်အရေးတွေ အပါအ၀င် ၆၂ မှာ ပါလီမန် ဒီမိုကရေစီ အစိုးရဆီက စစ်တပ်က အတင်းအာဏာ သိမ်းပုံ၊ 7 July ကနေ ၈၈ အထိ ဖြစ်လာခဲ့တဲ့ ၆၉ခု၊ ကျွန်းဆွယ်အရေးအခင်း၊ ၇၄ ခု၊ ဦးသန့်အရေးအခင်း (ဘာဖြစ်တယ်ဆိုတာ မသိပေမဲ့ ကြားဖူးတယ်)၊ ရခိုင်ဆန်ပြဿနာ၊ ၇၆ ခု မှိုင်းရာပြည့် အရေးအခင်း၊ ၈၇ ငွေစစက္ကအရေးအခင်း (ဒီတခုကိုတော့ သိတယ်) ၈၈ ခု၊ မတ်လနဲ့ ဇွန်လ အရေးအခင်းတွေမှာ လက်နက်နဲ့ ဖြေရှင်းခဲ့တဲ့အကြောင်းကို ကိုမင်းကိုနိုင် လက်မှတ်နဲ့ ဗကသက ဖြန့်ဝေတဲ့ စာထဲမှာ ကျွန်မတို့ ဖတ်ထားတာထက် ပိုမို အသေးစိတ်ကျတဲ့ အချက်တွေကို ပြောပြခဲ့ပါတယ်။ ဆန်ရေစပါး ပေါများကြွယ်ဝပြီး သယံဇာတ တွင်းထွက်ပစ္စည်းတွေ၊ ကျွန်းသစ်၊ ရေနံ၊ ရေထွက်ပစ္စည်းတွေ များပြားလှတဲ့အကြောင်း ရှစ်တန်းအထိ သင်ဖူးတဲ့ ပထ၀ီဘာသာထဲကအတိုင်း ကမ္ဘာပေါ်မှာ အချမ်းသာဆုံးနိုင်ငံအထဲမှာ ပါတယ်လို့ ထင်ရတဲ့ ကျွန်မတို့ မြန်မာနိုင်ငံက ကိုယ်ထင်ထားတာနဲ့ ဆန့်ကျင်ဘက် အဆင်းရဲဆုံးနိုင်ငံ ဖြစ်နေတယ်ဆိုတဲ့အသိ၊ ၆၂ မှာ တိုင်းပြည်ကို ပြိုကွဲမှာစိုးလို့ အာဏာသိမ်းရတယ်ဆိုတာကိုပဲ နားလည်ရာကနေ အရေးအခင်းတိုင်း တောက်လျှောက် လူသတ်လာတဲ့ လူသတ်အစိုးရအဖြစ် မယုံနိုင်လောက်အောင် ရက်စက်ယုတ်မာတဲ့ အစိုးရဖြစ်နေတာကို သိလိုက်ရတဲ့ ဒီအရေးအခင်း ရတဲ့ အသိတွေကတော့ ကျွန်မကို စိတ်သစ်၊ လူသစ်အဖြစ် ဒုတိယအကြိမ် မွေးဖွားပေးလိုက်ပါတယ်။ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးနဲ့ ဓါတ်ပုံတွေ သတင်းကားတွေထဲမှာ(အဲဒီအချိန်က ကျွန်မတို့ရွာမှာ တအိမ်မှ TV မရှိသေးဘူး) ကြည့်ရတာ ကျွန်မမျက်စိမှာ ကျက်သရေရှိလှတဲ့ ဦးနေ၀င်းပုံကလည်း ချက်ချင်း မောင့်ကျက်သရေခေါင်းပေါင်း ပြုတ်ကပြီး ဘီလူးခေါင်းက အစားထိုးနေရာယူလာသလို ခံစားလိုက်ရတယ်။

အဲဒီနေ့က ဟောပြောပွဲပြီးတဲ့အချိန်က ကျွန်မတို့ ကျောင်းဆင်းချိန်နဲ့ အတူတူလို ဖြစ်နေပြီး နောက်နေ့တွေမှာ သပိတ်စခန်းတွေကို ဖွင့်ပြီး ဒီအစိုးအရ မကျမမချင်း တိုက်ပွဲဝင်မယ်ဆိုတာနဲ့ ဆုံးဖြတ်ပြီး ဒီနေ့အတွက် ဆန္ဒပြပွဲကို ကြွေးကြော်သံတွေနဲ့အတူ ငြိမ်းချမ်းစွာ အဆုံးသတ်ခဲ့ပါတယ်။ မြို့ကြီးတွေမှာလို ပစ်ခတ်မှုတွေ မဖြစ်လို့ ကျွန်မတို့ဆီမှာ ကျောင်းသားတွေ သွေးမြေမကျခဲ့ရဘူး။ တနိုင်ငံလုံးမှာ ရှိတဲ့ တခြားဒေသတွေက နယ်တွေမှာလည်း ဒီလိုပဲ သွေးမြေကျတာ မကြားသိခဲ့ရပါဘူး။ မြန်မာပြည်ရဲ့ လူဦးရေ အများစုဟာ နယ်တွေမှာပဲ ရှိတဲ့အတွက် နယ်တွေမှာရှိတဲ့ ပြည်သူလူထုတွေကိ ဒီမိုကရေစီ လူ့အခွင့်အရေး သဘောတရားတွေကို နားလည်အောင် လုပ်ဖို့ဆိုတာ တကယ်ပဲ အရေးကြီးပါတယ်။ ပြည်သူလူထုက ဒီသဘောတရားတွေကို နားမလည်ပဲနဲ့ မြန်မာပြည်ကို အပြောင်းအလဲ လုပ်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒီနေ့က ဆန္ဒပြပွဲမှာ ပြည်သူလူထုတွေနဲ့ ကျွန်မတို့လို ငယ်ရွယ်တဲ့ အထက်တန်း၊ အလယ်တန်း ကျောင်းသားတွေကို တက္ကသိုလ် ကျောင်းသားတွေက ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး အသိတရားတွေ ပေးနိုင်ခဲ့ပါတယ်။ ဒီအသိတရားတွေနဲ့အတူ ကျွန်မဘ၀ဟာလည်း မိဘ၊ ညီအစ်ကို မောင်နှမတွေရဲ့ သဘောထားနဲ့ ဆန့်ကျင်ပြီး ဒီမိုကရေစီ၊ လူ့အခွင့်ရေးအတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေနဲ့ ဒုတိယအကြိမ် ရှင်သန်လာခဲ့တာ အခုထိပါပဲ။

နောက်ပိုင်းတော့ သပိတ်စခန်းတွေ ဖွင့်ဖြစ်ပြီး ကျွန်မတို့ ရွာအပါအ၀င် အလယ်တန်းကျောင်းအဆင့်ရှိတဲ့ ရွာတွေအားလုံးမှာ သပိတ်စခန်းတွေ ဖွင့်ပြီး တိုက်ပွဲဝင်ခဲ့တာ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန် ထွက်ပြေးရတဲ့အထိပါပဲ။ တချို့ကျောင်းသားတွေ အဲဒီနေ့က စတဲ့သပိတ်ကနေ အစွန်အဖျားပိုကျတဲ့ ရွာတွေကို စည်းရုံးရေးဆင်းလိုက် သပိတ်စခန်းကို ပြန်လိုက်နဲ့ အိမ်ကို တခေါက်မှ ပြန်မရောက်တော့ဘဲ စက်တင်ဘာ ၁၈ ရက်နေ့ အာဏာသိမ်းတဲ့အချိန်မှာ တခါတည်း တောထဲရောက်လာတဲ့သူတွေလည်း ရှိပါတယ်။ ကျွန်မ အတွက်တော့ အဲဒီနေ့က ဖိနပ်မပါပဲ တမြို့လုံးနှံ့အောင် ရောက်ခဲ့တာနဲ့ ကျွန်မတို့ စာသင်ခန်းက ထွက်ခွာလာတဲ့အချိန်မှာ ကျွန်မတို့အတွက် စိုးရိမ်လို့ မျက်နှာပြင်တခုလုံး နီမြန်းပြီး အပူရုပ်နဲ့ အခန်းထဲမှာ တယောက်တည်း ကျန်ခဲ့တဲ့ ဆရာမရဲ့ရုပ်ပုံလွှာကိုတော့ မြန်မာပြည်မှာ ကျွန်မတက်ခဲ့တဲ့စာသင်ခန်းရဲ့ နောက်ဆုံးမြင်ကွင်းအဖြစ် အမြဲအမှတ်ရလျက် ရှိနေပါတယ်။ စာသင်ခန်းကို စွန့်တဲ့နေ့မှာ စီးတဲ့ဖိနပ်ကိုပါ စာသင်ခန်းရှေ့မှာ ထားခဲ့ပြီး ကျွန်မလို မြို့တမြို့လုံးနှံ့အောင် ဖိနပ်မပါပဲ လမ်းလျှောက်ဖူးသူ ဒီကမ္ဘာမှာ တယေက်တလေမှ ရှိမယ်မထင်ပါဘူး။

8.8.88 အရေးတော်ပုံနဲ့ ခေတ်အဆက်ဆက်မှ ဒီမိုကရေစီအတွက် အသက်ပေးသွားသော သူရဲကောင်းများ ကောင်းရာသုဂတိ လားပါစေ။
အသက်ရှိထင်ရှား ရှိလျက် ဆက်လက်တိုက်ပွဲဝင်နေသူများ ညီညွတ်ကြပါစေလို့ ဆန္ဒပြုလျက်

စာလာဖတ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

37 comments:

Good Day , mate ..u r such a brave girl..i really impressed u..btw, which part of burma r u from? if u don't want to answer , just ignore. no offence...cheers

ကျွန်တော်က အလည် တန်းကျောင်းသား ဘဝပါအဲဒီအချိန်ကပေါ့။ ကိုမိုးသီးတို့ အိမ်နားက အထက(၂) ၁၆ ကုန်းပေါ်ကနေ စစ် ခွေးတွေပြစ်လိုက်တဲ့ ကျည်ဆံက ရှေ့ကအမတယောက်ကို ထိတယ် ကျောင်းသားကြီးတွေက ပွေ့ပြီး ပြေး မိပြေးရာ ကျွန် တော် တို့ပြေးရင်း ဆက် သွယ် ရေး ဝန်ကြီး ဖြစ်လာသူ သူ့ညီ မရဲ့ အိမ်ရှေ့ မှာ ဒေါက်တာ ..... ချိတ် ထားတော့ အထက(၄)လား (၃)လား မမှတ်မိတော့ပါ အဲဒီအမရဲ့ ကျောင်း ကိုပြောတာပါ.. ခါးပိုင်းလောက်က ဒါဏ်ရက သွေးတွေ ထွက် တာ များလာလို့ အဲဒီဲဆရဝန်မ ကိုသွားပြီး အားရဝမ်းသာ ကုသ ပေး ဖို့ပြော ရာ အိမ်ရှေ့ မှ မောင်း ထုတ်ခဲ့ပါတယ် ဒါဟာ ဆရာဝန်တွေရဲ့ သဘောထားလား အမှတ်ရနေ မြဲ ကမ္ဘာ မကြေ ခံစားရတာ အခုအချိုန်အထိ မှတ်မိနေတယ်...အ ခုတော သူကတောင်ကြီး ဆေးရုံအုပ် တဲ့ ဗျာ ကောင်းကြသေးရဲ့လား.....။

အမရေးပြတာတွေက ညီမတို့ ဆီက အခြေအနေတွေနဲ အနည်းငယ်ကွဲပြားတာကလွဲလို့အားလုံးနီးပါး တထပ် တည်းပါဘဲ၊၊ မနေ့ တနေ့ ကလို ပြန်လည်ခံစားမိပြီး မျက်ရည်ကျမိ ပါတယ်၊၊ ဟုတ်ပါတယ်၊၊ အာဏာရူးပြီး ပြည်သူလူထုကို ကိုယ်စား မပြု၊ အကျိုးမပြုတဲ့ အစိုးရ မှန် သမျှကို ဖြုတ်ချကြရမှာ ပြည်သူပြည်သားတိုင်းရဲ့ သမိုင်းပေး တာဝန်ပါဘဲလေ၊၊

မြန်မာပြည် တစ်နေ့ တော့ လွတ်လပ်မှာပါ၊၊ ညီမတို မျက်လုံးတွေထဲမှာ သွေးတွေ မခြောက်သေးပါဘူး၊၊ မတရားတာကို တော်လှန်ချင်တဲ့စိတ်ရှိနေဖို့ ဘဲလို ပါတယ်၊၊ ကိုယ့် ပြည်သူကို ပြန်သတ်ခဲ့တဲ့ နေ၀င်းရဲ့ ဇတ်သိမ်းကတော့ မလှမပ ဇတ်သိမ်းသွားခဲ့တာ အားလုံးအသိဘဲ မလား၊၊ အာဏာရှင်တွေ ရဲ့ ဇတ်သိမ်း တိုင်းဟာ မလှပကြပါဘူး၊၊

ခေတ်အဆက်ဆက်မှာ ကိုယ်ကျိုးကို ကြည့်ပြီး ကြောက်တတ်တဲ့သူတွေကတော့ ရှိနေမှာပဲ အစ်မငယ်။ ဒါပေမယ့် တစ်နှစ်ထက်တစ်နှစ် ကြောက်တတ်တဲ့သူတွေများလာတာတော့ အမျိုးဂုဏ် မြောင်းထဲရောက်ဖို့ နီးသထက်နီးလာတာပဲ။ ဒါဟာ တကိုယ်ကောင်းဆန်တဲ့အတ္တသမားတွေ များလာတာကို ပြနေတာပဲ။ နိုင်ငံရဲ့အရေးဟာ ပြည်သူလူထုအားလုံးရဲ့အရေးဆိုတာကို လူတိုင်း၊ အသက်အရွယ်မရွေး၊ အဆင့်အတန်းမရွေး သိဖို့ ပညာပေးလုပ်ငန်းတွေ အများကြီးလိုအပ်နေသေးတယ်။

အမငယ်..
မျက်လုံးထဲပြန်မြင်ယောင်လာပြီး ရင်ထဲမှာတဆစ်ဆစ်
နေအောင်နာကျဉ်ရပါတယ်..။
ပြည်သူအားလုံးအတွက်အမှန်တရားနဲ့ဒီမိုကရေစီ
အတွက်အသက်ပေးသွားသောသူရဲကောင်းအပေါင်းအား
လေးစားစွာဦးညွှတ်ဂုဏ်ပြုပါတယ်..။

ခင်မင်စွာ
သဒ္ဓါ

7 Aug 10, 17:33
S Kaung San: Ma Nge, Thanks so much for posting such a touching reflection of your experience as an ABSDF member. I was from ABSDF 211 - Wankha camp. I saw my close close friend Tin Naing Win who I shared the sa

7 Aug 10, 17:41
S Kaung San: Ma Nge, Thanks so much for posting such a touching reflection of your experience as an ABSDF member. I was from ABSDF 211 - Wankha camp. I saw my close close friend Tin Naing Win who I shared the same bunker for a long time in the battle field for Wankha in the fallen list of Minthamee. I still could not get over the death of my buddy and I still believe that he may not have been killed if I were with him in combat as we always were. What I would like is, if possible, more information regarding his death - how was he killed, what happened.... I have not been able to get any details. I do have (C-Box က ကူးလာပါတယ်။)

Phyu Sin - ကျွန်မက တနင်္သာရီတိုင်းကပါ။ အဲဒီအချိန်က တနိုင်ငံလုံးကို ပြန့်နှံ့ပုံက တိုင်းနှင့်ပြည်နယ် အားလုံးမှာ အတူတူပဲ ဖြစ်လိမ့်မယ်လို့ ကျွန်မထင်တယ်။
-Burmese News, သဒ္ဒ့ါလှိုင်း နဲ့ Anonymous - ၂၂ နှစ်ကြာပြီ ဖြစ်ပေမဲ့ မနေ့တနေ့ကလိုပဲ ခံစားရတာ အမှန်ပဲ။ ကြုံဖူးသူတိုင်း ထပ်တူခံစားရလိမ့်မယ်ဆိုတာ ယုံပါတယ်။

- မောင်မိုးရေ ပညာပေးလို့ ရလောက်တဲ့ အခြေအနေ ရှိသေးရင်တော့ ကောင်းတာပေါ့။ နိုင်ငံရေးဆိုတာ ရာဇ၀တ်မှုထက် ဆိုးတဲ့မကောင်းဆိုးဝါး ထင်အောင် လုပ်ထားခံရတော့ ပညာပေးဖို့ ခက်သား။

-ကို S Kung San ကို သီးသန့် အကြောင်းပြန်မယ်နော့်။
စာလာဖတ်ပြီး ခံစားမှုတွေ မျှဝေသွားကြ၊ ထင်မြင်ချက်တွေ ပေးသွားကြတာ အားလုံးကို ကျေးဇူးတင်ပါတယ်။

ကို S Kaung San, ကိုတင်နိုင်ဝင်းကို ကျွန်မ တပ်ရင်းနောက်တန်းစခန်းမှာ မသိခဲ့ပေမဲ့ ကျွန်မတို့တပ်ရင်းရဲ့ ရှေ့တန်းတပ်ခွဲ (၁) မှာ သူတာဝန် ကျနေတုန်းက ကျွန်မလည်း ဆေးမှူးအဖြစ် ရှေ့တန်းဆင်းရတော့ တပ်ခွဲတခွဲတည်းမှာ အကြာကြီး အတူတူ တာဝန်ထမ်းဆောင်ဖူးလို့ ရှေ့တန်းမှာ ရင်းရင်းနှီးနှီး သိပြီး ခင်လည်း ခင်ပါတယ်။ ကိုတင်နိုင်ဝင်းကရှေ့တန်းပျော်တယောက်ဖြစ်ပြီး ဒေသခံ လူထုကြားမှာရော ရဲဘော်တွေကြားမှာပါ လူချစ်လူခင်လည်း သိပ်များပါတယ်။ ပျော်ပျော်နေတတ်ပါတယ်။ ကျွန်မ တပ်ရင်းပြန်ရောက်ပြီး ဗဟိုဘက်ကို ရောက်လာတော့ အဆက်အသွယ် မရှိသတင်းလည်း မကြားခဲ့ဘူး။ ကျွန်မတို့ တပ်ရင်းက တပ်ဖွဲ့ဝင်ဟောင်းအများစု စုမိတဲ့အချိန် ထိုင်းနိုင်ငံ မနီလွိုင်စခန်းမှာတုန်းက ထုတ်ဝေခဲ့တဲ့ အမှတ် (၂၀၁) တပ်ရင်းမှ သေဆုံးကျဆုံး ရဲဘော်ရဲ့ ကိုယ်ရေးရာဇ၀င်အကျဉ်း တခုကို တပ်ဖွဲ့ဝင်ဟောင်းတွ စုံတုန်း ပြုစုခဲ့ပါတယ်။ အဲဒီအထဲမှာ ရေးထားတဲ့ မူရင်းအတိုင်း ကျွန်မ အောက်မှာ ဖေါ်ပြပေးလိုက်တယ်။

အမည်-တင်နိုင်ဝင်း၊ တာဝန်- တပ်ခွဲအရာခံ၊ ပညာအရည်အချင်း- ၁၀ တန်း၊ နေရပ်-တောင်ဥက္ကလာပ မြို့နယ်၊ ရန်ကုန်တိုင်း၊ ကျဆုံးသည့်နေ့စွဲ- ၉၆ ခုနှစ်၊ ဧပြီလ၊ ကျဆုံးသည့်နေရာ- ကျောက်ကုန်းရွာ၊ ကျွန်းစုမြို့နယ်။

၈၈၈၈ အရေးတော်ပုံတွင် ပါဝင်ခဲ့ပြီး စစ်တပ်မှ အာဏာသိမ်းသောအခါ မကဒတ ၀မ်ခစခန်း တပ်ရင်း (၂၁၁) သို့ ရောက်ရှိခဲ့သည်။ ၁၉၉၀ ခုနှစ်၊ မေလတွင် အမှတ် (၂၀၁) တပ်ရင်းသို့ ရောက်ရှိလာခဲ့သည်။ ယင်းနောက် တပ်ရင်း (၂၀၁) တပ်ခွဲ (၁) တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းနောက် တပ်စိတ်မှူးအဖြစ် တာဝန်တိုးမြှင့်ပေးခြင်း ခံရပြီး ၁၉၉၂ ခုနှစ်၊ အောက်တိုဘာလတွင် တပ်မှူးငယ်သင်တန်း တပ်မှူးငယ်သင်တန်း အမှတ်စဉ် (၂) ကို တက်ရောက်ခဲ့သည်။ တပ်မှူးငယ် သင်တန်းအပြီးတွင် ဒုတပ်စုမှူးအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ၁၉၉၅ ခုနှစ်တွင် အမှတ် (၁) တပ်ရင်းအဖြစ် စုဖွဲ့သောအခါ (၁၀၁၊ ၂၀၁၊ ၂၀၃ တပ်ရင်း သုံးရင်းကို ပေါင်းပြီး ဖွဲ့ထားတာကို ဆိုလိုပါတယ်) တပ်ခွဲ (၂) တပ်ခွဲအရာခံအဖြစ် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ တပ်ခွဲအရာခံ တာဝန်ဖြင့် ပင်လယ်ပြင် စစ်ဆင်ရေးတာဝန်ထမ်းဆောင်ရင်း ၁၉၉၅ ခုနှစ် ကျွန်းစုမြို့နယ် ကျောက်ကုန်းကျေးရွာ တိုက်ပွဲ၌ ကျဆုံးခဲ့သည်။

၉၂ နောက်ပိုင်းကနေ သူကျဆုံးတဲ့အထိ အကြောင်းကို ကျွန်မလည်း ဒီထဲမှာ ပါသလောက်ပဲ သိပါတယ်။ ကျဆုံးတဲ့ ခုနှစ်က အပေါ်မှာ ရေးထားတာနဲ့ အောက်မှာ ရေးထားတာ ကွာနေပါတယ်၊ အမေရိကမှာတော့ အရင်က တပ်ခွဲ (၁) မှာ ဒုခွဲမှူး တာဝန်ထမ်းဆောင်လာခဲ့ဖူးသူ ကိုလှဦးဆိုတာ ရှိပါတယ်။ တပ်ခွဲ (၁) က သူနဲ့ လက်တွဲဖူးသူ အတော်များများက US ကိုပဲ ရောက်ကြတာများပါတယ်။ သူတို့ပိုသိလိမ့်မယ်။ တနိုင်ငံတည်းမှာ ရှိရင်စုံစမ်းကြည့်လို့ ရနိုင်ပါတယ်လို့ အကြံပြုပါတယ်။

ဒီလောက်ရေးနေတာမမောဘူးလား..အရေးပါတာလည်းမဟုတ်ဘူး...တလွဲတွေကြည့်ပဲ
နီဂဒိုး

နီကဒိုးရေ ရုရှားကနေ ၀င်ရေးသွားမှန်း ကျွန်မ သိပါတယ်။ ဒီမှတ်ချက် ပေါ်တဲ့အချိန်မှာ ဘလော့ဂ်ထဲမှာ ရုရှားက တယောက်ပဲ ရှိပါတယ်။ ရိုင်းတဲ့စာလုံးတွေကို ဖြုတ်ပြီး ကျန်တာတွေကို ပြန်ထည့်ထားပေးပါတယ်။ နီဂဒိုးရေ မမောပါဘူး။ ကျွန်မဘလော့ဂ်မှာ စာဝင်ရေးရင် ဘယ်သူပဲ ဖြစ်ဖြစ် ယဉ်ယဉ်ကျေးကျေး ရေးပါလို့ ကျွန်မ ပြောထားပါတယ်။ နဂဒိုးရေးတဲ့ မူရင်းကို ရိုင်းလို့ ဖျက်လိုက်ပါတယ်။ နောက်ထပ် အဲလိုလာရေးရင် အခုလိုလည်း ပြန်ထည့်ပေးမှာ မဟုတ်ဘူး ဆိုတာ အသိပေးလိုက်တယ်။ ဘာတွေလွဲနေလဲဆိုတာ တိတိကျကျ ဆွေးနွေးရင် ကျွန်မ ပြန်ဆွေးနွေးလို့ရပါတယ်။ ဒီလို အသုံးအနှုန်းနဲ့ ရေးတာ ဒါနောက်ဆုံး ဖြစ်ပါစေ။ စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

မမေ့ဘူး... မနေ့တနေ့ကလိုပါဘဲ

8888 ဖြစ်ရပ်မှန်များ

(1) http://www.youtube.com/watch?v=Zp5UXCmH5gA&feature=player_embedded

(2)http://www.youtube.com/watch?v=AplphDgP29M&feature=player_embedded

(3)http://www.youtube.com/watch?v=kjtmmEXwfCU&feature=player_embedded

(4)http://www.youtube.com/watch?v=RKDoG-W-TiA&feature=player_embedded

အသစ်လိုဖြစ်သွားတယ်။

နောက်ပြန်သွားနေတာထက် ရှေ့ဆက်ပြီး တိုးတက်အောင်လုပ်ဖို.ပိုအရေးကြီးပါတယ်

နောက်ပြန်သွားနေတာ မဟုတ်၊ ရှေ့ဆက်သွားဖို့အတွက် အတိတ်မှာ ဘာဖြစ်ခဲ့တယ်ဆိုတာ သိဖို့လိုပါတယ်။ လမ်းမသိဘဲ သွားရင် အရှေ့ကိုမရောက်ပဲ အနောက်ကို ပြန်ပြန်ဆုတ်နေတာ ၆၂ ကနေ အခုထိ သွားနေတဲ့ အာဏာရှင်လမ်းစဉ်က သက်သေထူနေပါတယ်။ မြန်မာနိုင်ငံက အဖက်ဖက်က တိုးတက်နေပါတယ်လို့ လိမ်တာ အခုမှ မဟုတ်ဘူး၊ ဟိုတုန်းကလည်း သယံဇာတ ပေါကြွယ်ပြီး အဖက်ဖက်က ပြည်စုံတဲ့တိုင်းပြည်လို့ ကျွန်မတို့ကို လိမ်ခဲ့လို့ အကုန်လုံး ယုံခဲ့မိတာ ကုလသမဂ္ဂက အဆင်းရဲဆုံးနိုင်ငံအဖြစ် သတ်မှတ်လိုက်မှပဲ တက္ကသိုလ်ကျောင်းသားတွေက သိခဲ့ပြီး ပြန်လည်မျှဝေလက်ဆက်ကမ်းလို့ ကျွန်မတို့က အခြေအနေအမှန်ကို သိခွင့်ရခဲ့တယ်။ အခုလည်း လိမ်နေတာကို လိမ်နေတယ်လို့ အများသိအောင် ပြောဖို့ လိမ်မှန်းသိတဲ့သူတိုင်းမှာ တာဝန်ရှိပါတယ်။ ကျန်တဲ့လူငယ်တွေ ဆက်အလိမ်မခံရအောင် မိမိဘ၀ဖြတ်သန်းမှုမှာ ဘယ်လို အလိမ်ခံခဲ့ဖူးတယ်ဆိုတာကို ပြောပြဖို့ တာဝန်ရှိပါတယ်။

A positive thinker who invented aeroplane. A negative thinker who invented parachute. အကောင်း ပဲ မြင်မြင် အ ဆိုးပဲ မြင်မြင် လောက ကို ကောင်းကျိုး ပြုသူ မည် သူ မဆို လူကောင်း တွေ ပါပဲ .....တစ်ခုတော့ရှိပါတယ် "ဆန်စင် ရာ တော့ ကျည်ပွေ့ လိုက် မထောင်း ပါနဲ့  " မ ငယ်

ဟေ့
၇ု၇ှားက မောင် ဆိုတဲ့ကောင်


လူစိတ်မွေးပီး လူလိုတွေးပီး လူလိုေ၇းကွ..

စစ်အစိုး၇အဆက်ဆက်က စစ်တပ်ကို ခါးပိုက်ဆောင်တပ် အဖြစ် အလွဲသုံးပီး ဥပဒေမဲ့ ၇မ်းကားချင်တိုင်း ၇မ်းကား၊ သတ်ချင်တိုင်း သတ်လာတာတွေကို ((နောက်ပြန်သွားနေစ၇ာ မလိုဘူး)) ဆိုပီး မေ့ပစ်လိုက်လို့ ဖြစ်မလားကွ..

လက်နက်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ကို မြို့လယ်ခေါင်တွေမှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၈၈ ခုနှစ်၊ ပြည်လုံးကျွတ်လူသတ်ပွဲကြီးကို မပြောဘဲ နေလို့ ၇မလားကွ..

လက်နက်မဲ့ အ၇ပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ခ၇စ်စတီကျွန်း လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..

လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို မင်းမဲ့စ၇ိုက်နဲ့ အသေ၇ိုက်သတ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်း လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..

လက်နက်မဲ့ ၇ဟန်း၇ှင်လူ ပြည်သူ ၁ဝဝ ကျော်ကို လက်လွတ်စပယ် ပစ်သတ်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်၊ေ၇ွှဝါေ၇ာင် လူသတ်ပွဲကို မပြောဘဲ နေလို့ ၇မလားကွ..

အများပြည်သူ မမြင်နိုင်တဲ့ နယ်စွန်နယ်ဖျားတွေမှာ (အထူးသဖြင့် တိုင်း၇င်းသားဒေသတွေမှာ) စစ်အစိုး၇အဆက်ဆက်က နှစ် ၅ဝ အတွင်းမှာ လက်နက်မဲ့ ပြည်သူတွေကို ထောင်သောင်းချီပီး ဥပဒေမဲ့ ပစ်သတ်လာတာတွေကို မပြောဘဲ နေလို့ ၇မလားကွ..

လူစိတ်မွေးပီး လူလိုတွေးပီး လူလိုေ၇းကွ..

ဟုတ်ပီလား..

KKN - ဆန်စင်ရာ ကျည်ပွေ့နဲ့ လိုက်ထောင်းတာနဲ့ တူတဲ့အချက်က ဘယ်အချက်ကို ဆိုလိုလဲ ဒီပို့စ်မှာ ရေးထားတာ အကုန်လုံးက အဲဒီတုန်းက ကိုယ်တိုင်ကြုံတွေ့ခံစားလာခဲ့တာကို ရေးထားတာပဲ ရှိပါတယ်။ KKN ပြောတဲ့ အဓိပ္ပါယ်သက်ရောက်တာ ကျွန်မ တခုမှ မတွေ့ဘူး။

30 Jul 11, 05:10 PM
Nge Naing: ဘာတွေလာရေးထားလဲ နားလည်ရင် ဘာသာပြန်ပေးပါ။ နှိပ်လိုက်တော့ Commercial blog တခုကိုပဲ တွေ့တယ်။ ဘယ်သူ့ကိုမှ ဘာမှထိခိုက်စရာ မရှိဘူးဆိုတော့ ထားပေးထားပါတယ်။


မငယ်နိုင်က (( ဘာတွေလာရေးထားလဲ။ နားလည်ရင် ဘာသာပြန်ပေးပါ )) ဆိုလို့ မြန်မာလို ရေးပေးလိုက်ပါတယ်။

(မှတ်ချက် - C-Box မှာ ရေးလို့ မရလို့ ဒီမှာ ရေးလိုက်တာပါ။)


30 Jul 11, 12:30 AM
abg hero: jgn lupa promote kat kawan2 ye :)

ရဲဘော်တွေကို တိုးတက်အောင် မြှင့်တင်ပေးပါ။


30 Jul 11, 03:34 PM
KKN: BOLEH CAKAP MALAYU?

မလေးလို ပြောတတ်သလား။

မငယ်... ကျနော် က မငယ် ဘလော့ဂ့် ကပို့စ် တွေ လိုက် ဖတ်ရင်း ကိုယ့် ကိုယ် ကို ဖြည့် နေတဲ့ သူပါ..... မနေ့ က ဆိုရင် ဘာ ပို့စ် မှ အသစ် တင်တာ မတွေ့ ရဘူး .....ဒါပေမဲ့ မငယ် က comment တွေ အများကြီး လိုက်ရေး ထားတာတော့ တွေ့ ရတယ်.... ခွေးဟောင် တိုင်း ထ မကြည့်ပါနဲ့..... အချိန်တန် ရင် အဲသည် ခွေးတွေ အမဲတုံး မိသွားမှာပါ ..."အသက်သတ်လွတ် စားသူများ အတွက်ဆို" တဲ့ post ရဲ့ comment တွေ က တဖြေးဖြေးနဲ့ မြန်မာ သဒ္ဒါ သတ်ပုံကျမ်း ဖြစ်လာပီး ....."အကျကောက်" ရင်း ကောက်ရင်း နဲ့ လမ်းကြောင်း ပြောင်း သွား တယ် "ကတုန်းကတော့ ဝေဿန္တရာ တောထွက် ခန်း ရုပ်သေးရုပ် ပေါင်ကျိုး လို့ ပဒုမ ဇာတ် ပြောင်း ကသလို" ဖြစ်သွား တယ် ...ကျနော့ comment ကို ကြိုက်သလို ဝေဖန် ပါ ...ကျနော်စိတ်မဆိုးပါဘူး ကျနော်မြင်တာလေးကို ပြောမိတာပါ ....

အော်.. သိပြီ ဆန်စင်ရာ ကျည်ပွေ့နဲ့ လိုက်ထောင်းတယ်ဆိုတာ ဒါကို ပြောတာလား။ အဲလိုအတည့်ပြောမှပဲ နားလည်တယ်။ ကျွန်မကို ဘန်းစကားတွေနဲ့ လာပြောလို့ တော်တော်နဲ့ နားမလည်တတ်ဘူး။ ဟုတ်ပါတယ် တင်ထားတဲ့ အကြောင်းအရာနဲ့ မဆိုင်တဲ့ မှတ်ချက်တွေတော့ ဟုတ်တယ်။ ဒါပေမဲ့ အဲဒါက အကြောင်းကြောင့် အကျိုးဖြစ်လာတဲ့ မှတ်ချက်တွေမို့ တင်တဲ့အကြောင်းအရာနဲ့ မဆိုင်ပေမဲ့ ပို့စ်နဲ့တော့ ဆိုင်ပါတယ်။ ပို့စ်ထဲမှာ ကျွန်မ သတ်ပုံမှားလို့ ထောက်ပြသူနဲ့ ရှုပ်ချသူ ရှိတာ ထောက်ပြသူကို ကျေးဇူးတင်စကား ပြောဖို့ တာဝန်ရှိပြီး ရှုပ်ချသူကို ရှုပ်ချတာသက်သက်ဆို ဘာမှ ပြန်ပြောစရာ မလိုလစ်လျှူရှုလို့ ရပေမဲ့ ရှုပ်ချသူကိုယ်တိုင်က အမှားကြီးကို အမှန်လာလုပ်နေတာကိုတော့ ပြန်ထောက်ပြမှားနေတယ် အမှန်က ဘာဆိုတာ ပြန်ပြောပြဖို့ လိုအပ်ပါတယ်။ ကျွန်မ ပြန်ထောက်ပြတာ လာရှုပ်ချသူတွေ မယူလို့ သူတို့အတွက် အကျိုးမရှိရင်တောင် တခြား မသိသေးသူတွေအတွက် အကျိုးရှိပါတယ်။ ကျွန်မ တုံ့ပြန် ရေးတဲ့မှတ်ချက်တိုင်းမှာ တုံ့ပြန်ခံရသူအတွက်သာမက တခြားစာလာဖတ်သူတွေအတွက်ပါ အကျိုးရှိစေလိုတဲ့ စေတနာပါပါတယ်။ စိတ်အနှောင့်အယှက် ဖြစ်ရသူတွေအတွက်တော့ စိတ်မကောင်းဘူး။ ဘလော့ဂ် လာဖတ်သူ တဦးချင်းစီရဲ့ ဆန္ဒနဲ့ လိုက်လျောညီထွေဖို့ဆိုတာတော့ ဘယ်လိုမှ မဖြစ်နိုင်လို့ သဘောမတွေ့တာ ရှိရင် သီးခံပေးဖို့ မေတ္တာရပ်ခံပါတယ်။ ပြီးတော့ ကျွန်မဘလော့ဂ်က သတင်းဘလော့ဂ်မဟုတ် ၀ါသနာပါလို့ စာရေးတဲ့ ပုဂ္ဂိုလ်ရေးဘလော့ဂ် သက်သက်ဖြစ်တော့ အကြောင်းတိုက်ဆိုင်လာမှ အချိန်လည်း ရမှပို့စ်တင်ရတဲ့အတွက် နေ့တိုင်းပို့စ်အသစ် မတင်နိုင်တာကိုလည်း KKN ကို တခါတည်း အသိပေးချင်ပါတယ်။ လာလည်လို့ ပို့စ်အသစ် တင်ထားတာ မတွေ့ရင် C-Box ဘေး ညာဘက် side bar က Label ထဲမှာ ကြည့်ပြီး နှစ်သက်ရာခေါင်းစဉ်ကို နှိပ်ပြီး ပို့စ်အဟောင်းတွေကိုတော့ ပြန်ဖတ်လို့ ရပါတယ်။

ကျနော် က စာ နဲ့ ပတ်သက် ရင် အတတ်နိုင် ဆုံး ဘန်း စကား မ သုံး ပါဘူး အမ ရယ်.... ဥပမာ.. ဝင်္ကဝုတတ္တိ တွေ လောက်ပါ အမ ......မအားလပ် တဲ့ကြား က စာတွေ ရေး တာ သိရ လို့ အမ အခက်အခဲ ကို နားလည်ပေးပါတယ်..... အမ ငယ်

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ ၈ ရက်၊ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အလုပ်သမား အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ဦးသန့် ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်၊ ဖုန်းမော်အရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်၊ ရန်ကုန်မြို့၊ အင်းလျားကန် တံတားဖြူအနီး တံတားနီအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ ရန်ကုန်မြို့၊ မြေနီကုန်းအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ နှင့် စက်တင်ဘာလ၊ ၈၈၈၈ ပြည်သူ့အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်၊ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုတွင် လူထုခေါင်းဆောင်ကို ကာကွယ်ရင်း ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ၊ ၂၈ ရက်၊ ၂၉ ရက်၊ သံဃာ့အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ လမ်းများ၊ ရဲအချုပ်များ၊ ထောင်များနှင့် စစ်ကြောရေးစခန်းများမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။


တာရာ

၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး


၁၉၈၈ ခုနှစ်၊ မတ်လ ၁၃-၁၈ ရက်
ဖုန်းမော်အရေးအခင်း

ကျောင်းသားနှင့် အရပ်သား မတော်တဆ ခိုက်ရန်ဖြစ်ပွားမှုအပေါ် စစ်အစိုးရက ကျောင်းဝင်းထဲရှိ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားများကို တဖက်သတ် ပစ်ခတ်မှုကြောင့် ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ ကျဆုံးခဲ့ရသည်။



၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်
တံတားနီအရေးအခင်း

ကိုဖုန်းမော် အရေးအခင်းကြောင့် ရန်ကုန်စက်မှုတက္ကသိုလ်ကို ပိတ်ပစ်လိုက်ပြီးနောက် မတ်လ (၁၆) ရက်တွင် ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသား ထောင်ပေါင်းများစွာက နေ၀င်းအစိုးရ ဖြုတ်ချရေး၊ ဒီမိုကရေစီရရှိရေး ကြွေးကြော်သံများနှင့် ဟောပြောပွဲများ ပြုလုပ်ခဲ့သည်။ ထို့နောက် ကျောင်းဝင်းအတွင်းမှ ထွက်ကာ လမ်းပေါ်တက် ဆန္ဒပြချီတက်ရာ အင်းလျားကန်နှင့် ပြည်လမ်းမကြားရှိ တံတားဖြူ မြောင်းကူးတံတားအလွန် အင်းလျားကန်ဘောင် တံတားဖြူမှတ်တိုင်တွင် အာဏာပိုင်များက ကျောင်းသားများကို လုံထိန်းကားဖြင့် တိုက်သတ်၊ နံပါတ်တုတ်ဖြင့် ရိုက်နှက်သဖြင့် ကျောင်းသားများ ရာနှင့်ချီ သေဆုံး၊ ဒဏ်ရာရ၊ ဖမ်းဆီးခံရသည်။ ထိုနေရာတွင် ကျောင်းသားများ သွေးစွန်းခဲ့ရသည့်အတွက် တံတားနီ မှတ်တိုင်ဟု ခေါ်ခဲ့ကြသည်။



၁၉၈၈ ခုနှစ်၊ ဇွန်လ ၁၄-၂၀ ရက်
ဖုန်းမော် ၃ လ ပြည့်ဆန္ဒပြပွဲ

မတ်လ ဖုန်းမော်အရေးအခင်းတွင် သေဆုံးကျောင်းသားများ၊ ဖမ်းဆီးခံကျောင်းသားများ၊ ကျောင်းထုတ်ခံ ကျောင်းသားများ အတွက် တက္ကသိုလ်၊ ကောလိပ်နှင့် အခြေခံပညာကျောင်းများ ပါဝင်သော ရန်ကုန် တက္ကသိုလ်ဝင်းအတွင်း ပြုလုပ်သည့် ဆန္ဒပြပွဲဖြစ်သည်။



၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်
မြေနီကုန်းအရေးအခင်း

ဖုန်းမော် ၃ လပြည့်ဆန္ဒပြပွဲကိုနှိမ်နင်းရန်အတွက် စစ်အစိုးရက ကျောင်းဝင်းတံခါးများကို ဝင်ခွင့်မပေးဘဲ ပိတ်ပစ်လိုက်သောကြောင့် ကျောင်းသားများက ပြည်လမ်းတလျှောက် ချီတက်လာရာ မြေနီကုန်းတွင် ကျောင်းသား၊ အရပ်သား ပူးပေါင်းဆန္ဒပြမှုကို စစ်အစိုးရက ရက်စက်စွာနှိမ်နင်းခဲ့သည့် အရေးအခင်း ဖြစ်သည်။ မြေနီကုန်း အရေးအခင်းမှာ လူထုကိုယ်တိုင် ခံစားချက် ပေါက်ကွဲ ထွက်ပေါ်လာပြီး ကျောင်းသားများ၏ တိုက်ပွဲတွင် တိုက်ရိုက်ပါဝင်လာခြင်း ဖြစ်သည်။



၁၉၈၈ ခုနှစ်၊ သြဂုတ်လ ၈ ရက်
၁၃၅၀ပြည့် ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီး

ဖုန်းမော် ကျောင်းသားအရေးအခင်းမှ စတင်ခဲ့သည့် မီးပွားသည် ဆိုရှယ်လစ်အမည်ခံ စစ်အစိုးရ၏ ၂၆ နှစ်လုံးလုံး မတရား ဖိနှပ်မှုကို ခံလာရသော ပြည်သူတို့၏ ပြည်သူလူထုကြီးတရပ်လုံး၏ အထွေထွေမကျေနပ်မှုနှင့် ပေါင်းစပ်ကာ စစ်အာဏာရှင်စနစ်ကို အပြတ်သားဆုံး ဆန့်ကျင်ခဲ့သည့် အထွေထွေ ပြည်သူ့အရေးတော်ပုံကြီး ဖြစ်သည်။ စစ်အုပ်စု၏ အသုံးချခံ စစ်တပ်၏ စည်းမဲ့ကမ်းမဲ့ ပစ်သတ်မှုကြောင့် အပြစ်မဲ့ ပြည်သူ ၃ဝဝဝ ကျော် အသက်ဆုံးခဲ့ရသည်။

ကမ္ဘာမကြေဘူး

(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံ သီချင်း)


(ကမ္ဘာမကြေဘူး... ငါတို့သွေးနဲ့ ရေးခဲ့ကြတဲ့ မော်ကွန်းတွေ
တော်လှန်ရေး... ဒီမိုကရေစီတိုက်ပွဲအတွင်းမှာ ကျဆုံးသော
ဩော်... သူရဲကောင်းတို့ရေ... အာဇာနည်တွေ နေတဲ့ တိုင်းပြည်)၂
ရဲရဲတောက် တို့ပြည်သူတွေ...

(ကိုယ်တော်မှိုင်း... ရာဇ၀င်တွေလည်း ရိုင်းခဲ့ရပြီ အဖိုးရေ
သခင်အောင်ဆန်း... နိုင်ငံတော်လည်း သွေးစွန်းခဲ့ပြီ အဖရေ
ဩော်... လုပ်ရက်ကြပေ... ပေတရာပေါ်မှာ ပြည်သူအလောင်းတွေ)၂
အတုံးအရုံး လဲပြိုကာနေ...

(ညီအစ်ကိုတို့... ပေတရာပေါ်မှာ စီးတဲ့ သွေးတွေ မခြောက်သေးဘူး
မတွေဝေနဲ့... ဒီမိုကရေစီတိုက်ပွဲ အတွင်းမှာ ကျဆုံးသော
ဩော်... သူရဲကောင်းတို့လို ခိုင်မာပီပြင် တော်လှန်ပစ်မလေ)၂
မျိုးချစ်တဲ့ တို့ဇာနည်တွေ... ကမ္ဘာမကြေဘူး



(၁၉၈၈ ခုနှစ်၊ ပြည်သူ့အရေးတော်ပုံကြီး ကာလမှာ ချီတက်ဆန္ဒပြတဲ့ ပြည်သူတွေ သီဆိုခဲ့တဲ့ သီချင်း)



http://www.youtube.com/watch?v=ntxRso06bhc&feature=related

"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

ဓါး ဓါးချင်း၊ လှံ လှံချင်း

ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ

(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားတဲ့ မိန့်ခွန်း)



ကျနော် တိုင်းပြည် တာဝန်ယူတဲ့ အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါတယ်။
အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။
ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။
ဓါးကို ဓါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတယ်။


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

"စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်" (ဗွီဒီယို)


(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ)


"နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့


http://www.youtube.com/watch?v=TDRK4z5JZxc


("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဖြစ်တဲ့ "စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ဆိုတာကို မြန်မာတွေ ကြားဖူးကြပေမယ့် အဲဒီလို ပြောတဲ့ "ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဗွီဒီယိုကို ကြည့်ဖူးသူဟာ အတော် နည်းပါတယ်။ ဒီသမိုင်းဝင်မိန့်ခွန်းကို မကြည့်လိုက်ရ မရှိရလေအောင် "စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။)

"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"


(မြန်မာ့သတ်မတော်ရဲ့ ဒုတိယ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ လူသတ်သြဝါဒ)


"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

(= ကိုယ်ဝန်ဆောင်တောင် မချန်နဲ့၊ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နှုတ်မိန့်
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)


("အစိတ်သား" ဆိုသော တပ်တွင်းသုံးစကား၏ အဓိပ္ပာယ်ကို ဗိုလ်မှူးအောင်လင်းထွဋ် ၏ ရှင်းပြချက်
"အစိတ်သား တောင် မချန်နဲ့" ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။
ကိုယ်ဝန်ကို တပ်ထဲမှာ "အစိတ်သား" လို့ ကျနော်တို့ ခေါ်တာကိုး။
"ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်" ဆိုပြီးတော့ တရားဝင်အမိန့် ပါ။
တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။
စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ နှုတ်မိန့်နဲ့ ပြောလိုက်တဲ့စကားပါ။)


http://www.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html

"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"


("ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ" ဆင်နွှဲ အပြီးတွင် ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး နှင့် တပ်သား မောင်ထွန်း တို့၏ တပ်မှ တပ်သားတဦးက ပဲခူးမြို့၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်နေ ပြည်သူများကို လမ်းဘေးစရိုက်ဖြင့် မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားသော စကား)



စစ်တပ်ကို စမ်းချင်တဲ့ကောင် စမ်း၊ သေချင်းဆိုးနဲ့ သေသွားမယ်။


"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
ဆင်နွှဲခဲ့သော ခလရ-၅၉ ပဲခူးတပ်မှ
ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
၎ - ၉ - ၂ဝ၁ဝ ရက်ည


http://www.irrawaddymedia.com/bur/index.php/multimedia/1-news/3988-2010-09-21-09-46-21

"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

(ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)



"စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။"

(ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့)



"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

(ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး) )



"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"

( ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
၎ - ၉ - ၂ဝ၁ဝ ရက်ည )



ပြည်သူတွေ သိပြီးဖြစ်တဲ့ ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ ခလရ-၅၉ ပဲခူးတပ်က ဗိုလ်ကြီးသိဒ္ဓိစိုး ရဲ့ ရဲဘော် တပ်သားတယောက် ပြောခဲ့တဲ့ အဲဒီစကားတွေဟာ မြန်မာစစ်တပ်ရဲ့ လူသတ်ဝါဒကို ကွက်ကွက်ကွင်းကွင်း ထင်ဟပ်ပြသနေပါတယ်။

စစ်အာဏာရှင် အဆက်ဆက်ရဲ့ အလွဲသုံးတာကို နှစ်ရှည်လများ ခံလာရတဲ့ မြန်မာစစ်တပ်ရဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဗိုလ်ကျစိုးမိုးလိုတဲ့ သဘောထားဟာ ၁၉၆၂ ခုနှစ်ကနေ ဒီကနေ့အထိ မပြောင်းလဲသေးတာ ထင်ရှားနေပါတယ်။

"ငါတို့စစ်တပ်ကို အံတုရင် အသေ ပစ်သတ်မယ်" ဆိုတဲ့ လူမိုက်လမ်းစဉ် အမြစ်မပြုတ်သေးသရွေ့ စစ်အာဏာရှင်ရဲ့ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခံနေရတဲ့ နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ သူခိုး ဓါးပြ မုဒိမ်းတပ် အဆင့်အထိ နိမ့်ကျသွားပြီ ဖြစ်တဲ့ မြန်မာစစ်တပ်က စစ်ဗိုလ်၊ စစ်သားတွေရဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ လက်ရဲဇက်ရဲ အနိုင်ကျင့် ပစ်သတ်နေတာကို ပြည်သူတွေဟာ ဆက်ခံနေရဦးမှာပါ။

အရိုးရှင်းဆုံး ပြောရရင် စစ်တပ်က ပြည်သူအားလုံး အပေါ်မှာ လူမိုက်ဝါဒနဲ့ လက်နက်အားကိုးပြီး ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်နေတာ အကြွင်းမဲ့ နိဂုံးမချုပ်သေးသရွေ့ စစ်မှန်တဲ့ ဒီမိုကရေစီ နဲ့ လူ့အခွင့်အရေးတွေဟာ ရွှေပြည်တော် မျှော်တိုင်းဝေးနေဦးမှာပါ။

ပြည်သူကို သတ်စို့
(လက်ရှိ တပ်မတော်၏ အခြေအနေမှန်နှင့် ကိုက်ညီသည့် စစ်ချီသီချင်းသစ်)


("တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်" စာသားဖြင့် အစချီသော "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်း၏ သံစဉ်အတိုင်း သီဆိုရန် )



ပြည်သူကို သတ်စို့


ပြည်သူကိုလေ "ဓါး ဓါးချင်း" ဖြိုခွင်းမယ်။
ဗိုလ်ချုပ်နေဝင်း လူသတ်လမ်းစဉ် ငါတို့ဆက်ကျင့်မယ်။
"စစ်တပ်ဟာ ပစ်ပြီဆိုရင် မှန်အောင် ပစ်ပါတယ်။"
လမ်းမှာ ဆန္ဒပြရင် အသေပင် ပစ်သတ်မယ်။

ရွာပြောင်းရင်လဲ အမြဲပဲ ပစ်သတ်တယ်။
မပြောင်းချင်တဲ့ ရွာသားသတ်ဖို့ သတ်မိန့် ပေးထားတယ်။
"အစိတ်သားတောင် မချန်နဲ့" - ဗိုလ်သန်းရွှေ အမိန့်ကွယ်။
ကိုယ်ဝန်ဆောင်ပါမကျန်အောင် ငါတို့ ပစ်သတ်မယ်။

မြို့လယ်မှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က "အသေပစ်" လို့ ပစ်မိန့် ပေးပါတယ်။
ဘယ်မှာ တွန့်ဆုတ်ပါလိမ့်၊ ငါတို့ စစ်သားရယ်။

ပြည်သူဟာလဲ အသေဆိုး သေရတယ်။
သူတို့အလောင်းကို တက်နင်းပစ်ဖို့ ငါတို့ သတ်ခဲ့တယ်။
"စစ်တပ်ကိုမစမ်းနဲ့၊ အသေဆိုးနဲ့သေမယ်။"
"ဝေးစွာရှောင်ရှားပါ" လို့ ငါတို့ ဟစ်ကြွေးတယ်။


ခွပ်ဒေါင်းဇာနည်

ဆဲဗင်း ဇူလိုင်၊ ၂ဝ၁၁

၇-၇-၁၁
သြစတြေလျ စံတော်ချိန် နံနက် ၇ နာရီ၊ ၇ မိနစ်


(တခေတ်တခါက ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ဖြစ်ခဲ့သော မြန်မာ့တပ်မတော်သည် စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံလာရသဖြင့် တစတစ စည်းကမ်းပျက်ကာ ဖရိုဖရဲ ဖြစ်လာပြီး တပ်မတော် အဆင့်မှ စစ်တပ် အဆင့်သို့ နိမ့်လျှောလာရာမှ ယနေ့တွင် နိုင်ငံတော် လက်နက်ကိုင် သောင်းကျန်းသူ လူသတ် ဓါးပြ မုဒိမ်းတပ် အဖြစ်သို့ လုံးလုံး ကူးပြောင်းလာသည်ကို မျက်ဝါးထင်ထင် မြင်တွေ့နေရသဖြင့် သံယောဇဉ် မကင်းသော တပ်မတော်အတွက် ရင်ထုမနာ ဖြစ်ကာ " ပြည်သူကို သတ်စို့" (ယနေ့ တပ်မတော်၏ အခြေအနေမှန်ပြ စစ်ချီသီချင်းသစ်) ကို တပ်မတော်သားများ အမြင်မှန် ရစေရန် ရည်ရွယ်ချက်ဖြင့် ရေးစပ်ပါသည်။

တပ်မတော်သားများ အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ ပြည်သူ့တပ်မတော်သား စစ်စစ်များ ဖြစ်လာနိုင်ကြပါစေ။)

တူယှဉ်ကာ တိုက်စို့

(မူရင်း စစ်ချီသီချင်း)


တူယှဉ်ကာလေ တကယ်ပဲ အစွမ်းပြချင်တယ်။
မြန်မာ့သတ္တိ ကမ္ဘာကသိအောင် ငါတို့တိုက်ခိုက်မယ်။
သေပစေ ဒို့အသက်ကို ဖက်ရွက်မှတ်ပါတယ်။
တောတောင်အထပ်ထပ်ကို ချီတက်တိုက်ခိုက်မယ်။

မိုးတွေကလဲ မစဲပဲ ရွာနေတယ်။
မြစ်ချောင်းအင်းအိုင် ရေတွေပြည့်လို့ ငါတို့တိုက်ရတယ်။
ဘယ်မှာလဲ အိပ်ရတယ် ရှိလိမ့်မယ်။
အမြဲတမ်း ချီတက်လို့သာ တိုက်ခိုက်နေရတယ်။

စစ်မြေမှာလဲ မစဲပဲ ပစ်ခတ်တယ်။
ကျည်ဆံများဟာ တဖွဲဖွဲနဲ့ ရွာသွန်းမိုးသို့နှယ်။
ဒို့  ဗိုလ်က ဓါးကိုဆွဲလို့ ရှေ့ကတက်ပါတယ်။
ဘယ်မှာ ကြောက်စိတ်ရှိလိမ့်၊ ငါတို့စစ်သားရယ်။

ရန်သူဟာလဲ အရှုံးကြီး ရှုံးရတယ်။
သူတို့အလောင်းကို အကာအကွယ်ပြုလို့ ငါတို့တိုက်ရတယ်။
မြန်မာရဲ့သတ္တိကို ဘယ်မှာ ယှဉ်နိုင်မယ်။
ဝေးစွာရှောင်ရှားပါလို့ ငါတို့ဟစ်ကြွေးတယ်။

စစ်အာဏာရှင်၏ ကိုယ်ပိုင်တပ်သဖွယ် အလွဲသုံးခြင်းကို ခံနေရသော တပ်မတော်သားများ အနေဖြင့် အမြင်မှန် ရပြီး ပြည်သူဘက်မှ ရပ်တည်ကာ "တူယှဉ်ကာတိုက်စို့" စစ်ချီသီချင်းကို လွန်ခဲ့သော နှစ် ၅ဝ က အနေအထား ဖြစ်သော ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပြည်သူ့တပ်မတော်သား စစ်စစ်များ ဘဝဖြင့် ပြန်လည် သီဆိုနိုင်ကြပါစေ။


ခွပ်ဒေါင်းဇာနည်

၈ လေးလုံး နေ့၊ ၂ဝ၁၁

လက်နက်မဲ့ အ၇ပ်သား ၈၁ ယောက်ကို ဥပဒေမဲ့ ပစ်သတ်ခဲ့တဲ့ ၁၉၉၈ ခုနှစ်၊ ခ၇စ်စတီကျွန်း လူသတ်ပွဲ


၁၉၉၈ ခုနှစ်၊ မေလက တနင်္သာရီတိုင်း၊ ခရစ္စတီးကျွန်းပေါ်တွင် မြန်မာစစ်တပ်က ဖမ်းဆီးထားသော လက်နက်မဲ့ အရပ်သား ၈၁ ယောက်ကို သန်းရွှေ၏ အမိန့်အရ မြန်မာစစ်တပ်က ဥပဒေမဲ့ သွေးအေးအေးနှင့် ပစ်သတ်ခဲ့ပုံ


http://www1.voanews.com/burmese/news/soldier-talk/08_01_10_soldiers_talk22-101232729.html


http://www.yeyintnge.com/2010/08/blog-post_494.html


http://www.timesonline.co.uk/tol/news/world/asia/article4083370.ece

လက်နက်မဲ့ ပြည်သူ ၁ဝဝ ကျော်ကို မင်းမဲ့စ၇ိုက်နဲ့ အသေ၇ိုက်သတ်ခဲ့တဲ့ ၂ဝဝ၃ ခုနှစ်၊ ဒီပဲယင်း လူသတ်ပွဲ



ဒီပဲယင်း လုပ်ကြံမှုရဲ့ နောက်ကွယ်က အမိန့်ပေးသူဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ဖြစ်တယ်

http://www.rfa.org/burmese/news/depayin-massacre-main-perpetrator-05302011132922.html




ဒီပဲယင်း လုပ်ကြံမှု အစီရင်ခံစာ

http://www.yeyintnge.com/2009/04/blog-post_1269.html




“ဒီပဲယင်း နိုင်ငံရေး လုပ်ကြံတိုက်ခိုက်မှု ထပ်မံ စုံစမ်းတွေ့ရှိချက်များ”

Fresh Report on Black Friday.pdf

http://www.mediafire.com/?oqn24nywivd




ဒီပဲယင်းလုပ်ကြံမှု အရေးယူ ဆောင်ရွက်ရေး ကော်မရှင် ဒုတိယအကြိမ် ပဏမ အစီရင်ခံစာ

The Ad Hoc Commission on Depayin Massacre.pdf

http://www.mediafire.com/?dzwzzc4atd2

အင်း ...
စစ်ကျွန်တယောက်က "၈၈၈၈မျိုးဆက်ဟောင်းများ" နာမည်ကို အလွဲသုံးစား လုပ်ပြီး ကလိမ်ကကျစ် ရေးထားတာကို ဖတ်ရတော့ အဖြစ်မှန်တွေကို ပိုပြီး မြင်လာရတယ်။

၈၈၈၈ မှာတုန်းက စစ်ခေါင်းဆောင်တွေရဲ့ ခါးပိုက်ဆောင်တပ်အဖြစ် အလွဲသုံးခံနေရတဲ့ စစ်ခွေးတပ်က ဥပဒေမဲ့ ပစ်သတ်လို့ လမ်းပေါ်မှာ ပစ်သတ်ခံခဲ့ရတဲ့ အပြစ်မဲ့ ပြည်သူ ၃ဝဝဝ ကျော်ထဲမှာ ကျောင်းသားတွေကလည်း မနည်းဘူး။ ထောင်တွေထဲမှာ၊ စစ်ကြောရေးစခန်းတွေထဲမှာ၊ ရဲဘက်စခန်းတွေထဲမှာ စစ်အုပ်စုလက်ပါးစေတွေရဲ့ နှိပ်စက်လို့၊ ဝက်စာသာသာ ထမင်းကို မဝရေစာ ကျွေးလို့၊ ဆေးကုခွင့်မပေးလို့ သေသွားတာလဲ မနည်းတော့ဘူး။ ထောင်ထဲမှာ မသေဘဲ ကျန်နေတဲ့ ၈၈၈၈ မျိုးဆက်ဟောင်း တွေကလည်း နှစ်ရှည်ထောင်ဒဏ်တွေ ခံပြီး စိတ်ရောကိုယ်ပါ နှိပ်စက်မှုပေါင်းစုံကို ဆက်လက် ခံစားနေရတယ်။

၈၈၈၈ မှာတုန်းက လမ်းပေါ်မှာ ပစ်သတ်မခံခဲ့ရတဲ့၊ ထောင်ကျမနေတဲ့ ၈၈၈၈ မျိုးဆက်ဟောင်း တွေက အမိမြန်မာပြည်မှာ ဆက်နေရင် ဖမ်းဆီးနှိပ်စက်ခံရမှာမို့လို့ နေရာအနှံ့ ရောက်ကုန်ကြပြီ။ ၈၈၈၈ မျိုးဆက်ဟောင်း တွေက ကိုယ်ချစ်တဲ့ အမိမြေမှာ မနေရဘဲ နိုင်ငံခြားတိုင်းပြည်တွေမှာ ဆူရှီလိပ်တာလို မလုပ်ချင်တဲ့အလုပ်တွေ လုပ်နေရတယ်။



၈၈၈၈ မျိုးဆက်ဟောင်း တွေက

ဟန်ပြ အရပ်သားအစိုးရ အမည်ခံ စစ်ခေါင်းဆောင် ဗိုလ်ချုပ်တွေလို ပြည်သူ့ဘဏ္ဍာကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီပြီး အခိုး မပြိုင်နိုင်ဘူး။

ခိုးထားတဲ့ ဒေါ်လာ သန်းပေါင်း ထောင်နဲ့ချီတဲ့ ဘဏ်စာရင်းလဲ မပြိုင်နိုင်ဘူး။

ခိုးထားတဲ့ ငွေနဲ့ ဝယ်ထားတဲ့ ရွှေတွေ၊ စိန်တွေလဲ မပြိုင်နိုင်ဘူး။

နန်းတော်လို အိမ်ကြီး၊ ခြံကြီးတွေလဲ မပြိုင်နိုင်ဘူး။

ရှစ်လေးလုံး အောက်မေ့ဘွယ် ကာလမှာ ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံးပြည်သူ့အရေးတော်ပုံကြီးကို နောက်ခံထားပြီး ရိုက်ထားတဲ့ ရုပ်ရှင် "Beyond Rangoon" ကို ကြည့်နိုင်အောင် လင့်တွေကို အောက်မှာ ရေးပေးလိုက်ပါတယ်။

အဲဒီ "Beyond Rangoon" ရုပ်ရှင်ဇာတ်လမ်းက စိတ်ကူးယဉ်ဇာတ်လမ်း ဖြစ်ပေမယ့် ၁၉၈၈ မှာ အာဏာရှင်ရဲ့ လက်ကိုင်တုတ် စစ်တပ်က လက်နက်မဲ့ ပြည်သူတွေကို လမ်းတွေပေါ်မှာ စည်းမဲ့ကမ်းမဲ့ ပစ်သတ်ခဲ့တာတွေကို ရိုက်ပြထားတာ အရမ်း ပီပြင်ပါတယ်။

"အပြစ်မဲ့ပြည်သူတွေကို ပစ်သတ်နေတာတွေကို ရပ်ပါတော့" လို့ ရန်ကုန်ဆေးရုံကြီးဝင်းထဲမှာ အာဏာရှင်ကို မေတ္တာရပ်ခံနေတဲ့ သူနာ ပြုဆရာမတွေကို စစ်တပ်က သေနတ်နဲ့ ပစ်တာဟာ သမိုင်းမှန်ပါ။



"Beyond Rangoon"
Episode (1) to Episode (14)


http://www.youtube.com/watch?v=-cDIdK8D9B4&feature=related

http://www.youtube.com/watch?v=5SL-MW0ogiM&feature=related

http://www.youtube.com/watch?v=jnmqMJK74U4&feature=related

http://www.youtube.com/watch?v=RJ4W4yn9cD0&feature=related

http://www.youtube.com/watch?v=A_iFBLRHkSQ&feature=related

http://www.youtube.com/watch?v=RqydGVER6E8&feature=related

http://www.youtube.com/watch?v=zqt_AYQAQ9g&feature=related

http://www.youtube.com/watch?v=UvnTL3fjju0&feature=related

http://www.youtube.com/watch?v=RMES9kQBeQk&feature=related

http://www.youtube.com/watch?v=akz5QmP5stU&feature=related

http://www.youtube.com/watch?v=geimPo61xJs&feature=related

http://www.youtube.com/watch?v=jo5G8UTzNR4&feature=related

http://www.youtube.com/watch?v=971zq5whjww&feature=related

http://www.youtube.com/watch?v=5qLfF5yGugI&feature=related

(
1 Aug 12, 04:23 PM
စုချစ်သူ: မငယ်နိုင်.. 8888 ကို ရောက်တော့မယ်နော်

1 Aug 12, 04:24 PM
စုချစ်သူ: ကျေးဇူးပြုပြီး မောင်ဦး တင်သွားတဲ့ ကျက်သရေတုံး Myanmar Express link ကို ဖျက်ပစ်ပေးပါ.. အမ


1 Aug 12, 08:26 PM
Nge Naing: Myanmar Express က Link ကို ဖျက်လိုက်ပါတယ်။ စုချစ်သူ ဒီနှစ် အလုပ်များလို့ ပို့စ်ရှည်ရှည် ရေးဖြစ်မှာမဟုတ်ပေမဲ့ ဆစ်ဒနီမှာ ကျင်းပမည့် ရှစ်လေးလုံး အခမ်းအနားအကြောင်းတော့ သတင်းအဖြစ် တင်ဖို့ရှိပါတယ်။

1 Aug 12, 08:38 PM
Nge Naing: မဖတ်ရသေးသူတွေ ဖတ်လို့ရအောင် ရှစ်လေးလုံး ကာလက အတွေ့အကြုံကို ရေးထားတဲ့ ပို့စ်ကို အပေါ် ခဏ ဆွဲတင်ထားပေးမယ်။

ဒီမှာ [link]
http://nge-naing.blogspot.com.au/2010/08/blog-post.html

မငယ်နိုင်

၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးဟာ ကျောင်းသားတွေကို စစ်အာဏာရှင်က အကြမ်းဖက် အသေ ပစ်သတ်ရာက အစပြုခဲ့ပြီး နောက်ပိုင်းမှာ ကျောင်းသား၊ ပြည်သူတွေ လက်တွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြတာပါ။ စစ်အုပ်စုက စစ်အာဏာရှင်စနစ်နဲ့ တိုင်းရင်းသားပြည်သူအားလုံးကို ရက်ရက်စက်စက် ဖိနှိပ် အုပ်ချုပ်နေတာတွေ၊ လူ့အခွင့်အရေး ချိုးဖောက်နေတာတွေ၊ စစ်အုပ်စုရဲ့ ညံ့ဖျင်းမှုတွေကြောင့် တခါက အာရှထိပ်တန်းနိုင်ငံတခု ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံဟာ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ဘက်ပေါင်းစုံမှာ ဓားမနောက်ပိတ်ခွေး ဖြစ်နေတာတွေကို ပြုပြင်ပြောင်းလဲဖို့ တပြည်လုံးအနှံ့ ဆန္ဒတွေ ထုတ်ဖော်ခဲ့ကြတာပါ။

အဲဒီတုန်းက မြန်မာနိုင်ငံမှာ နေထိုင်ကြတဲ့ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ (မွတ်စလင်တွေအပါအဝင်)၊ လူထုလူတန်းစားပေါင်းစုံ အားလုံး ပူးပေါင်း ပါဝင်ပြီး စစ်အာဏာရှင်နဲ့ လက်ဝေခံ အလိုတော်ရိတွေကို ဆန့်ကျင်ခဲ့ကြတာပါ။

စစ်အုပ်စုရဲ့ သမိုင်းမှန်ကို ဖျောက်ဖျက် ထိန်ချန်မှုတွေကြောင့် ၁၉၈၈ ကို မမီလိုက်တဲ့ လူငယ်အတော်များများဟာ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးရဲ့ သမိုင်းမှန် အချက်အလက်တွေကို မသိကြတော့ပါဘူး။

အင်တာနက် သုံးနိုင်ပြီး နိုင်ငံရေးဘလော့တွေကို ဖတ်လေ့ရှိတဲ့ မျိုးဆက်သစ်တွေကတော့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးအကြောင်း မှတ်တမ်းတွေ၊ အစီရင်ခံစာတွေ၊ ဆောင်းပါးတွေကို ဖတ်ဖူးကြပေမယ့် ကိုယ် မမီလိုက်တဲ့ ခေတ်က အဖြစ်အပျက်တွေ ဖြစ်နေတော့ ခေါင်းထဲမှာ သိပ် မစွဲသေးဘဲ ဖြစ်နေပါတယ်၊ မျက်စေ့ထဲမှာ ကွက်ကွက်ကွင်းကွင်း မမြင်ကြသေးဘဲ ဖြစ်နေပါတယ်။

Myanmar Express ဘလော့ ၊ မောင်ကျောက်ခဲ ဘလော့ အပါအဝင် စစ်အုပ်စုလက်ပါးစေ အရိုးအရင်းကိုက် စစ်ခွေးဘလော့တွေမှာ ဆိုက်ကားသမား
အတွေးအခေါ်၊ ဆိုက်ကားသမား လေသံနဲ့ အောက်တန်းကျကျ ရေးပြီး မကြာခဏ ထပ်တလဲလဲ ဝါဒဖြန့်နေတဲ့ "၁၉၈၈ ကျောင်းသားခေါင်းဆောင် ဆိုတာ ဆူပူ အကြမ်းဖက်သမားတွေပဲ၊ ၁၉၈၈ ဆူပူမှုကြီး ဆိုတာ ကျောင်းသားအကြမ်းဖက်သမားတွေရဲ့ ခေါင်းဖြတ်သတ်ပွဲသက်သက်ပဲ" ဆိုပြီး ပြောင်းပြန်ဇောက်ထိုး ကပေါက်တိ ကပေါက်ချာ ရေးထားတဲ့ စစ်အုပ်စုရဲ့ သမိုင်းလိမ်တွေကို လေ့လာမှု အားနည်းတဲ့ မျိုးဆက်သစ်တွေရဲ့ စိတ်အာရုံထဲမှာ အနည်းနဲ့အများ မြင်ယောင်နေကြပါသေးတယ်။



မငယ်နိုင် အချိန်မရလို့ ရှစ်လေးလုံး ပို့စ်ရှည်ရှည် မရေးနိုင်ဘူးဆိုရင် http://www.facebook.com/pages/Myanmar-Political-Review/339388769467008 link မှာ တင်ထားတဲ့ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးကာလက သမိုင်းဝင် ဓာတ်ပုံတွေကို Facebook မသုံးတဲ့ ပြည်သူတွေလဲ လေ့လာ ကြည့်ရှုခွင့် ရအောင် တင်ပေးပါ ခင်ဗျား။

မငယ်နိုင် အချိန်မရရင် အဲဒီ ၁၉၈၈ ဓာတ်ပုံတွေအတွက် ဘာစာမှ ထူးထူးထွေထွေ ရေးစရာ မလိုပါဘူး။ "၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးကာလက သမိုင်းဝင် ဓာတ်ပုံများ" ဆိုတဲ့ ခေါင်းစဉ် တခုထဲနဲ့တင် လုံလောက်ပါတယ်။ သမိုင်းဝင်ဓာတ်ပုံတပုံဟာ ဆောင်းပါးကောင်းတပုဒ်၊ သမိုင်းမှတ်တမ်း၊ အစီရင်ခံစာကောင်းတခုလိုပဲ တန်ဖိုးကြီးမားပါတယ်။ ၁၉၈၈ သမိုင်းဝင်ဓာတ်ပုံတွေက သူ့ဟာသူ စကားပြောသွားမှာပါ။

ဆစ်ဒနီမှာ ကျင်းပမည့် ရှစ်လေးလုံး အခမ်းအနားအကြောင်းကို မငယ်နိုင် သတင်းအဖြစ် မတင်ဖြစ်ခင် အခုလို ၈၈၈၈ နှစ်ပတ်လည် ရက်သတ္တပတ်မှာ "၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီးကာလက သမိုင်းဝင် ဓာတ်ပုံများ" ကို ပို့စ် အသစ်တခု အနေနဲ့ တင်ပေးပါ ခင်ဗျား။