မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး




၁၉၈၉ တုန်းက “တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး”တဲ့ ...ယုံကြပါသလား ခု ၂၀၁၀ မှာကော ယုံဦးမှာလား

ဗိုလ်ချုပ်ကြီးစောမောင်၏ လွှတ်တော်ပေါ်ပေါက်ရေး၊ အာဏာလွှဲပြောင်းရေးနှင့် အခြေခံဥပဒေ ရေးဆွဲရေးအတွက် ပြောကြားချက်နှင့် “တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး”ဟူသော ပြောကြားချက်များ


(၁၉၈၉)ခုနှစ်၊ ဇူလိုင်လ (၅)ရက်နေ့တွင် နဝတ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်ကြီးစောမောင်က- ကျနော် ဒီနေ့နိုင်ငံတော်အာဏာကို ယူထားတဲ့အခါမှာ ကျနော်လုပ်ချင်တာ လုပ်သွားတယ်ဆိုတာ မဖြစ်စေရဘူး၊ ကျနော် စည်းနဲ့စနစ်နဲ့လုပ်သွားတယ်ဆိုတာကို လွှတ်တော်ပေါ်လာရင် ရွေးကောက်ပွဲပြီးရင် ကျနော် လွှတ်တော်ကို တင်ပြမယ်။ ကျနော့်မှာ တာဝန်ရှိတယ်။ဟူ၍လည်းကောင်း၊ “-ဘာတခုမှ တိုင်းပြည်ကိုမလိမ်ချင်ဘူး၊ အရင်တုန်းကလည်း လိမ်တဲ့အကျင့်မရှိဘူး၊ တပ်မတော်ဟာ လိမ်တဲ့အကျင့်မရှိဘူး”ဟူ၍ တပ်မတော်၏ ရိုးဖြောင့်ပုံကိုလည်းကောင်း ပြောကြားခဲ့ပေသည်။ ထို့ပြင်- “တော်လှန်ရေးကောင်စီနဲ့လည်းမတူဘူး။ မတူပါဘူး၊ ဘယ်လိုမတူသလဲ၊ တော်လှန်ရေးကောင်စီက နောက် လမ်းစဉ်ပါတီ ထောင်တယ်။ ကျနော့်မှာ (Party Back) ပါတီမရှိပါဘူး။” ဟူ၍စစ်တပ်က လက်ကိုင်တုတ်များဖွဲ့စည်းခြင်း မပြုဟူ၍ လည်းကောင်း ပြောကြားခဲ့ပါတယ်။ ထို့ပြင် အာဏာလွှဲပြောင်းရေးနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲရေးနဲ့ ပတ်သတ်၍လည်း ဗိုလ်ချုပ်ကြီး စောမောင်က- “ကျနော် အာဏာကို ဥပဒေနဲ့လွှဲမယ်၊ (majority vote government form up) လုပ်နိုင်ရင် လွှဲပေါ့ဗျာ။ ကျနော် သဘောတူပါတယ်။ (constitution) ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိရမယ်။ သူ့မှာ အခြေခံ (constitution) ဖွဲ့စည်းပုံအခြေခံ ဥပဒေရှိရမယ်။ ဘယ်ဟာကို (recognize) လုပ်မလဲ။ (amendment) လုပ်မလား၊ ဘာညာ၊ ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့်ကိစ္စဗျ။” ဟူ၍ရွေးကောက်ပွဲပြီးလျှင် အနိုင်ရရှိသောပါတီအား အာဏာလွှဲပြောင်းပေးမည်ဟူ၍ လည်းကောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ် ရေးဆွဲရာတွင် နိုင်ငံရေးပါတီများကသာ လုပ်ဆောင်ရမည်ဟူ၍လည်းကောင်း ပြောကြား သွားခဲ့ပါသည်။

အနိုင်ရတဲ့ ပါတီကို အာဏာချက်ချင်း လွှဲပေးမယ်လို့ ၁၉၉၀ ခုနှစ် မေလ (၂၇) ရက်နေ့က မဲရုံမှာ မဲသွားထည့်စဉ် သတင်းထောက်တွေကို ပြောလိုက်တဲ့ ဗိုလ်ချုပ်မှူးကြီး စောမောင်ရဲ့ TV ဖန်သားပေါ်က ပုံကိုအခုထိ မြင်ယောင်နေဆဲ ဖြစ်လို့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဗြောင်လိမ်ဗြောင်စား လုပ်ခဲ့တာကို ပြန်လည်သတိရစေရန် ဒီပို့စ်ကို ကိုအာလူးလေး ဘလော့ဂ်မှ ကူးယူဖေါ်ပြလိုက်ပါတယ်။ ဟိုတုန်းက လမ်းစဉ်ပါတီထောင်တယ် အခု ကြံ့ဖွံ့ပါတီ ထောင်တယ် ဘာကွာလို့လဲ။ လမ်းစဉ်ပါတီကို ထောင်ပြီး တိုင်းပြည်ကို လမ်းစဉ်ပါတီလက်ထဲ အပ်လိုက်တော့ အာရှတိုက် စပါးကျီကဘ၀ကနေ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဖြစ်သွားခဲ့တယ်။ အခုကော တိုင်းပြည်ကို ကြံ့ဖွတ်လက်ထဲ ထည့်လိုက်ရင် ဘာဖြစ်သွားမလဲ။ ကြံ့ဖွတ်လက်ထဲ တိုင်းပြည် အပ်ကြမလား။ "တပ်မတော်သည် လိမ်တဲ့အကျင့်မရှိဘူး" ဆိုပြီး အပြောတမျိုး အလုပ်တမျိုး လုပ်ခဲ့လို တပ်မတော်ကို မယုံရသလို တပ်မတော်သည် ဒီမိုကရေစီ ဖေါ်ဆောင်ပေးမယ်ဆိုတာလည်း ယုံတမ်းစကား မဟုတ်ပါဘူး။ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး "ဒါတွေကတော့ ပါတီတွေ စဉ်းစားရမယ့်ကိစ္စဗျ” ဆိုခဲ့ပေမဲ့ ပါတီကို အာဏာမလွှဲဘဲ စစ်တပ်ကပဲ ကိုယ်နဲ့မဆိုင်ဘဲ လက်ဝါးကြီးအုပ်လာလို့ အခုထိ ဖြစ်လာရတယ်။ ထပ်ပြီးအလိမ်ခံဖို့ မသင့်တော့ပါဘူး။ ဒါကြောင့်မို့ ထပ်အလိမ်မခံရအောင် အားလုံးနှလုံးသွင်းသင့်သည်မှာ "NO VOTE" ပါပဲ။


NO VOTE - NO VOTE - NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE
NO VOTE
မဲမပေးကြပါနဲ့
မဲမပေးကြပါနဲ့
လုံးဝ မဲမပေးကြပါနဲ့

(လုံးဝ မဲမပေးကြပါနဲ့)

လုံးဝ မဲမပေးကြပါနဲ့မဲမပေးကြပါနဲ့
မဲမပေးကြပါနဲ့
NO VOTE

NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE - NO VOTE - NO VOTE


လိမ်လည်ခံရခြင်းမှ ကင်းဝေးကြပါစေ

16/8/10 12:49 PM မှာ တင်တဲ့ပို့စ်ကို ရွေးကောက်ပွဲအနီး အပေါ်ခဏပြန်ဆွဲတင်ထားပါတယ်။

အောက်ဆုံးပိုဒ်

61 comments:

စာလာဖတ်သွားပါတယ်အမငယ်..။
နေကောင်းတယ်နော်..
ကျန်းမာရွှင်လန်းပါစေအမ..
ခင်တဲ့
သဒ္ဓါ

No Vote ဆိုပြီး အော်ပေးရတာ ဘာရလဲ?ဒေါ်လာရလို့လား?ဒုက္ခသည်နဲ့ နိုင်ငံခြားလာတဲ့သူတွေဆိုတော့ အနေချောင်အောင် ဟန်ရေးလုပ်ပြနေတာလား..


ကတ်သလစ်ဘကြမ်း

ကတ်တလစ်ဘကြမ်း မှတ်ချက် ထည့်ထားပေးထားလို့ ပြန်ရောက်လာတယ်ထင်တယ်။ No Vote လို့ အော်ပေးရတာ ဒေါ်လာရဖို့နေနေသာသာ အချိန်လည်းပေးရ၊ ပြီှးခဲ့တဲ့ နှစ်လသုံးလအတွင်း အင်တာနက်သတ်မှတ်ထားတဲ့ Limit ထက် မသိဘဲ ပိုသုံးမိလို့ ပိုက်ဆံတွေ အဆမတန်ပေးလိုက်ရတာ ဒေါ်လာထောင်ကျော်သွားတယ်။ တကြိမ်က ၇၀၀ တကြိမ်က ၄၉၀။ အမှန်က ပုံမှန်အတိုင်းဆို သုံးလဆို ၆၀၀ အပြင် ပိုမကုန်ဘူး။ အခု တထောင်ကျော်ကုန်သွားတယ်၊ ဒေါ်လာရလို့ ဘလော့ဂ်ရေးနေတယ် ထင်နေတဲ့ ကတ်သလစ်ဘကြမ်းတို့လို လူတွေ ဘာပြောချင်သေးလဲ။ အနေကနဂိုကတည်းက ချောင်ပြီးသားပါ။ ဘယ်သူမှ အော်ခိုင်းလို့လည်းမဟုတ်ဘူး ဒေါ်လာလည်း ရဖို့နေနေသာသာ အဆမတန်တောင် ကုန်ပြီးပြီ၊ တရားမမျှတတဲ့ ရွေးကောက်ပွဲကို No Vote လို့တော့ သမိုင်းပေးတာဝန်အရကို အော်ရမှာပဲ။ ကတ်တလစ်ဘကြမ်း မကျေနပ်ရင်လည်း တတ်မနိုင်ဘူး။

သမိုင်းပေးတာဝန်အရဆိုတာထက် မိမိလိုချင်တာမရလို့ မိမိတို့ဖြစ်စေချင်တဲ့အတိုင်းမဖြစ်လို့ မစားရတဲ့အမဲ သဲနဲ့ပတ်ဆိုသလို အဖျက်လုပ်နေတာဆိုရင်ပိုမှန်မယ်ထင်တယ်...ရွေးကောက်ပွဲကို ပျက်အောင်လှုံ့ဆော်တာဟာ စစ်တပ်အုပ်ချုပ်မှုကို ထပ်တိုးလာအောင်လုပ်ခိုင်းနေသလို မဲမပေးခြင်းလှုံ့ဆော်တာဟာလည်း စစ်တပ်ကို ထပ်အုပ်ချုပ်ခိုင်းနေတာနဲ့ အတူတူပါပဲ...

ပြည်သူတွေလိုချင်တာ မည်သူမည်ဝါခေါင်းဆောင်မှဆိုတဲ့အယူအစွဲမရှိ..စစ်တပ်အုပ်ချုပ်မှုမှ အရပ်သားစနစ်အုပ်ချုပ်မှုပုံစံပြောင်းလဲသွားတာကိုပဲမြင်ချင်တာ..ဒါကြောင့် ပြည်ပနိုင်ငံရေးသမားတွေ(အချို့ကလည်း နိုင်ငံရေးပို့စ်တွေသာနေ့စဉ်ရေးနေ လူနှစ်ပဲခြောက်ယောက်အစည်းဝေးဆိုတာတွေတတ်နေပြီး မိမိကိုယ်ကို နိုင်ငံရေးမလုပ်ပါဘူး နိုင်ငံရေးသမားမဟုတ်ပါဘူးလို့ ငြင်းနေတဲ့သူတွေရှိသေးတယ်)ဘယ်လောက်ပဲ No Vote တွေကို တာဝန်အရ စိတ်ပါသည်ဖြစ်စေ မပါသည်ဖြစ်စေ အားလုံးတစ်ပြေးညီ ဘလော့တွေ လေလှိုင်းပေါ်တွေမှာ အော်နေပါစေ ပြည်သူတွေကတော့ Changeဆိုတဲ့အရာတစ်ခုတွက်နဲ့ ပဲ မိမိတို့နှစ်သက်ရာပါတီတွေကို လွတ်လပ်စွာနဲ့ မဲပေးကြတော့မည်...

လွယ်အိတ်လို ရှေ့ကလည်းမသွား နောက်ကလည်းမလိုက်တဲ့ အရှုပ်ထုပ်တွေအတွက်တော့ မောင်ဘကြမ်း စကားလက်ဆောင်လေးပေးချင်တာကတော့ "နှမတော် မောင်တော်တို့သွားတော့မယ်ကွယ် နှမတော်တို့ နေရစ်ခဲ့ကြတော့လို့ပဲ မှာခဲ့ပါရစေ"

(အကြံပြုချက်-ဘလော့တစ်ခုလုံး No Vote စာလုံးကြီးကြီးတွေနဲ့ အလှဆင်ထားရင် ပိုကောင်းမယ်ထင်တယ်...မြင်သူတိုင်း အမြင်ဆန်းပြီး ရပ် ကြည့် သွား ရယ်မော ဆိုတဲ့ဟာသတစ်ခုမြောက်တာပေါ့)

ကတ်သလစ်ဘကြမ်း

ငါကြိုက်တယ် မင်းရဲ့ အမြင်တွေ ဆြာဂျမ်းရေ....
တချက်ပဲ.... စိုးရိမ်းတယ် နည်းနည်းကလေး တရားမျှတမူပေးလိုက်စမ်းပါ... မင်းအပေါက်ဆို့ပြီသာဖြစ်လိုက်မယ်..ဒီ မတရားရွေးကောက်ပွဲကြီး

ကတ်သလစ်ဘကြမ်းရေ ဒီမိုကရေစီကို တကယ်ချစ်မြတ်နိုးလို့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေ အကုန်လုံး လွတ်မြောက်ပြီးမှ စစ်မှန်တဲ့ ဒီမိုကရေစီကို ဖေါ်ဆောင်လို့ ရမယ်။ အခုလို စစ်အုပ်စု တဖက်သတ် လုပ်တဲ့ ရွေးကောက်ပွဲမှာ မဲပေးတဲ့နည်းနဲ့ မြန်မာပြည် အခြေအနေ တိုးတက်ပြောင်းလဲမှု မဖြစ်နိုင်ဘူး။ မဲထည့်လိုက်တာနဲ့ ဘယ်သူ့ကိုပဲ ပေးပေး စစ်အုပ်စုအတွက်သာ ဖြစ်တယ်ဆိုတာ ပြောလိုခြင်းသာ ဖြစ်တယ်။ အခုစစ်တပ်ဘာပဲ လုပ်နေလုပ်နေ အဲဒါတွေဟာ တရားမ၀င်ဘူး။ ရွေးကောက်ပွဲကို ထောက်ခံလိုက်ရင် တရားဝင်သွားလိမ့်မယ်လို့ ပြည်သူလူထုကို အကြံပြုထားတာသာ ဖြစ်တယ်။ ကတ်သလစ်ဘကြမ်းကို အကြံပြုတာ မဟုတ်ဘူး။ ကတ်သလစ်ဘကြမ်းကလို လူကို အကြံပြုလို့ မရဘူးဆိုတာ သိပါတယ်။ ကျွန်မက စစ်တပ်လို လက်နက်နဲ့ ခြိမ်းချောက်နေတာ မဟုတ် တားမြစ်ပိတ်ပင်နေတာမဟုတ်။ လူတိုင်း ကိုယ်ဖါသာကိုယ် ရွေးချယ်ပိုင်ခွင့် ရှိပါတယ်။ ကတ်တလစ်ဘကြမ်း ပေးချင်ရင် မဲသွားပေးနိုင်ပါတယ်။ ကျွန်မပို့စ်ကြောင့် ဒီလောက်လည်း စိတ်ထိခိုက်ပြီး အကုသိုလ်စိတ် ၀င်မနေပါနဲ့။ လူထု မဲမပေးလည်း ကောက်ကျစ်တဲ့နည်းနဲ့ ကိုယ့်ဖါသာကိုယ် အာဏာဆက်ယူကြမယ် ဆိုတာ သိပြီးသား။

အဲဒီပို့စ်ကို အပေါ်ဆုံးမှာ အမြဲတွေ့နေရအောင် တင်ထားပြီးမှ ကတ်သလစ်ဘကြမ်း လာအကြံပြုတာ နောက်ကျသွားပြီ။ Side bar မှာ တင်ဖို့ အချိန်မရသေးလို့ ရရင် ထားဦးမှာ ဖြစ်တယ်။

စကားမစပ် မစားရတဲ့အမဲ သဲနဲ့ပက်ဖို့နေနေသာသာ ကျွန်မက အမဲသားကို အနံ့မခံနိုင်လို့ စားတောင်မစားပါဘူး။

ပြည်ပဒီမိုသမားများအနေနဲ့ အထက်က ဒီမိုကြီးများရဲ့ အမိန့်အရ ဘလော့တိုင်းမှာ No Vote ရေးရပါမယ် မရေးရင် မဆန့်ကျင်ရင် လုပ်စားခွင့်တွေပိတ်ပါမည်...နိုင်ငံရေးခိုလှုံခွင့် ဒုက္ခသည်အဖြစ်(မိမိအစွမ်းစနဲ့နိုင်ငံခြားကိုမလာနိုင်လို့)ပေးခြင်း ကူညီခြင်းတွေရပ်ဆိုင်းမည်...အဖ နိုင်ငံတော်ကြီးတွေဆီက ပေးပို့တဲ့လစာ ကိုဖြတ်တောက်ပစ်မည်...

ကတ်သလစ်ဘကြမ်း

ကတ်သလစ်ဘကြမ်းက ကျွန်မဘလော့ဂ်မှာ ဒီလို လာရေးခ ဒေါ်လာတွေ ရနေလို့ ကိုယ့်စိတ်နဲ့ကိုယ် နှိုင်းပြီး ပြောတာပဲ ဖြစ်မယ်။ ကျွန်မကို ဘယ်သူမှ တာဝန်ပေးတာ မဟုတ်ဘူး ကိုယ့်အသိနဲ့ကိုယ် တာဝန်ယူတာ၊ ဘယ်သူ့ထောက်ပံ့စာနဲ့မှ စားနေတာလည်း မဟုတ်ဘူး ကိုယ့်လုပ်စာနဲ့ ကိုယ်စားနေတာ။ ဒီလိုကျွန်မဘလော့ဂ်မှာ စာလာရေးမှ ဒေါ်လာတွေ ရပြီး ထမင်းစားရတယ်ဆိုရင်လည်း အကျိုးရှိတာကိုပဲ အဆင့်အတန်းရှိရှိလေး ရေးပါ။ အဓိပ္ပါယ်မရှိ ဘယ်သူ့အတွက်မှလည်း အကျိုးမရှိတာ လာမရေးပါနဲ့။ ဒီလို လာအော်နေလို့ ကျွန်မက စိတ်ညစ်ပြီး NO VOTE ကို ဖြုတ်လိုက်မှာလည်း မဟုတ်ဘူး။ မဖြုတ်တဲ့အပြင် ဘလော့ဂ်ထဲဝင်လာသူတိုင်း ၀င်ဝင်ချင်း ဦးဆုံး မြင်ရအောင် အပေါ်ဆုံးမှာတောင် တင်ထားတာ တွေ့တယ်မဟုတ်လား။ ထပ်တောင် ထပ်ဖြည့်ထားသေးတယ်။ နိုဝင်ဘာ ၇ ရက်နေ့အထိ တင်ထားမှာ ဖြစ်တယ်။ NO VOTE ပဲ ကတ်သလစ်ဘကြမ်းရေ မကြိုက်လည်း မတတ်နိုင်ဘူး။ အများနဲ့ လက်တဆုပ်စာ လူတအုပ်စု ယှဉ်ရင် အများအတွက်ပဲ စဉ်းစားရမယ်။

မငယ်နိုင်ရေ ..စာလာဖတ်သွားပါတယ်။ ပြည်ပမှာနေတဲ့သူတွေကတော့ နိုးဘုတ်လို့ ပြောနေကြပေမဲ့ ကျွန်မတို့ တော့ အဲဒါကြီးကိုမေ့တောင်နေတယ်။ ဘုတ်ဖို့ လည်းစိတ်ကူးမရပါဘူးလေ။
ဘယ်နေရာမှာဖြစ်ဖြစ်ပါ ဘကြီးအောင် ညာသလိုညာတာကတော့မကောင်းဘူးနော်။

ဆိုက်ဘားတွေမှာကျန်သေးတယ် No Vote လေးတွေ တပ်ဖြစ်အောင်တပ်လိုက်ပါအုံး..မေ့နေမှာဆိုးလို့ သတိပေးတာပါ...နိုင်ဝင်ဘာ ၇ ရက်နေ့ထိပဲမလုပ်နဲ့လေ အဖွားကြီးတို့အုပ်စု မရမချင်း တင်ထားပေးလိုက်ရ ပိုကောင်းသွားမယ်ထင်တယ်..

ချစ်စရာကောင်းတဲ့
ကတ်သလစ်ဘကြမ်း

ကတ်သလစ်ဘကြမ်းရေ Side bar က သူများဘလော့ဂ်တွေလို ဘယ်ညာနှစ်ခုမရှိဘူး တခုပဲ ရှိတော့ ထည့်ထားတာတွေက များနေပြီ။ မြင်သာတဲ့နေရာ စာမျက်နှာအပေါ်ဆုံးမှာ တင်ထားပြီပြီမို့ Side bar မှာ မတင်တော့ဘူး။ နိုဝင်ဘာ ၇ ရက်နေ့ နောက်ပိုင်းကျရင် အဲဒါမလိုအပ်တော့ဘူးလေ တင်ထားလို့ ဘာအကျိးရှိမလဲ။ တခြားဗျူဟာတခုကို ပြောင်းရမှာပေါ့။ မိုးမလင်းခင် ပျက်စီးရာ ပျက်စီးကြောင်း အကြံမပေးပါနဲ့။ ဘုရားလေးဘာလေး ရှိခိုးလိုက်ဦး။

အလိုလေး... ၃လ အတွင်းမှာ အင်တာနက်ဖိုးထောင်ကျော်သွားတယ်ဆိုပါလား၊ ဘုရား ဘုရား။ Aubergine Australia မှာ ၃နှစ် PhD လုပ်ခဲ့ပါတယ်၊ Univ of Melbourne မှာ။ ပြီးတော့ ၂ နှစ်ခွဲလောက် အလုပ်ထပ်လုပ်တယ်၊ Victoria ထဲမှာပဲ၊ အဲ့ဒိမှာနေနေစဉ်တလျှောက်လုံး တစ်နေ့တစ်နေ့ download ကတော့ ဘာလုပ်သလဲမမေးနဲ့၊ Paper တွေ၊ Videop clips တွေ၊ Movie တွေ အလကားရတာရော ပိုက်ဆံပေးရတာကော အကုန်ဆွဲချတယ်၊ Movshare မှာ တောင် register လုပ်ပြီးဆွဲချတာ၊ အဲ့ဒိလောက်ကိုမပေးခဲ့ရဘူး။ အခု Blog Owner တို့ ဘယ် State မှာနေနေလို့ အဲ့ဒီလောက်ပေးရတာလည်းတော့မသိဘူး၊ ထူးဆန်းပါပေ့။
နိုင်ငံရေး ရပ်တည်ချက်ကတော့ blog owner နဲ့ အတူတူပဲ၊ ဒီစစ်အစိုးရကို ဘယ်နည်းနဲ့မှ အသိအမှတ်ပြုခံရ တဲ့တရားဝင်အစိုးရမဖြစ်စေချင်ဘူး၊ ဖြစ်လည်းဖြစ်မှာမဟုတ်ပါဘူး သူ့ဘာသာသူရွေးကောက်ပွဲမကလို့ ဘာကြီးပဲလုပ်လုပ် ကြိုက်သလောက်လုပ်စမ်းပါ၊ ဘယ်သူမဲပေးမလဲ ပေးချင်တဲ့လူပေး ဖြစ်ကိုမဖြစ်ဘူး၊ International community ကလက်ကိုမခံဘူး။
Aubergine
ဆက်ရန်

အဲ ဒုက္ခသည်ကိစ္စကတော့ different view ပဲ။ ဘာအထောက်အပံ့မှ မရခဲ့ဘူးဆိုတာကတော့ သိပ်မဖြစ်နိုင်ဘူးထင်ပါတယ်။ ကိုယ်တွေ့ခဲ့ မြင်ခဲ့တာပဲလေ။ ဥပမာ TAFE တစ်ခုမှာ diploma တစ်ခုရဖို့ပေးရတဲ့ကျောင်းလခက အနည်းဆုံး ၂သောင်းရှိတယ်၊ ဘယ်ဒုက္ခသည်တွေက ပေးနိုင်မှာလည်း။ နောက်ပြီး undergraduate course တွေကလည်းဈေးကြီးမှကြီး။ ကိုယ်တောင် PhDကို Stipen, Scholarship နဲ့ မို့တက်နိုင်ခဲ့တာ၊ ဘယ်ဒုက္ခသည်က အသက်မွေးဝမ်းကျောင်းဖို့ ဒီပလိုမာသင်တန်းကို ကိုယ့်ပိုက်ဆံနဲ့ကိုယ်ပေးတက်နိုင်မှာလည်း။ နောက် Health insurance တွေ၊ နေဖို့ထိုင်ဖို့တွေ၊ တခြား living expense တွေ အစိုးရ မထောက်ပံ့ပဲဘယ်ဒုက္ခသည်က နေနိုင်မှာပါလိမ့်။
aubergine အနေနဲ့ တကယ့်ကို မြန်မာပြည်အစွန်အဖျားမှာ စစ်တပ်နှိပ်စက်လို့ ဘယ်လိုမှကိုမနေနိုင်လို့ရောက်လာတဲ့ ဒုက္ခသည် စစ်စစ်ရေမရောများ နိုင်ငံတွင်းမှာ ဘယ်လိုမှနေလို့မရအောင်ကို နှောက်ယှက်ပိတ်ပင်ခံရတဲ့ ဒုက္ခသည်စစ်စစ် တွေကို ကရုဏာသက်ပါတယ်။ သူတို့တွေ အဆင်ပြေမယ် ဟန်ကျမယ်ဆိုရင်လည်းမုဒိတာပွါးနိုင်ပါတယ်။ သို့သော် အချိတ်အဆက်တွေနဲ့ အချင်းချင်းပင်းပြီးရောက်လာတဲ့ အကြံအဖန်တွေ၊ စခန်းတွေမှာ ငွေပေးပြီးရောက်လာတဲ့ ပွဲစားတွေနဲ့ငွေလမ်းခင်းပြီးရောက်လာတဲ့ဒုက္ခသည်အတုတွေ၊ ဘယ်သူကမှ မြန်မာပြည်ကနေမောင်းမထုတ်ရပဲ စစ်အာဏာရှင်ကိုတီးမယ် နှက်မယ်တော်လှန်မယ် အော်ထွက်သွားပြီး ဟိုဘက်ကမ်းတစ်လှမ်းချမိတာနဲ့ လျှောက်လွှာတင်ပြီး ဘယ်နိုင်ငံက ပိုကောင်းတယ် ဘယ်နိုင်ငံကမကောင်းဘူး စသဖြင့်စိမ်ပြေနပြေရွေးပြီး ထွက်လာခဲ့ ရောက်လာခဲ့တဲ့ ဒုက္ခသည် အတုအယောင် ဒေါင်းယောင်ဆောင်သူတွေကိုတော့ အော့နှလုံးနာတာအမှန်ပဲ။
Aubergine
(ဆက်ရန်)

အဲ့ဒီလို ဒုက္ခသည် အတုအယောင်တွေကိုလည်းတွေ့ ခဲ့ပါတယ်။ ယောင်ယောင် ယောင်ယောင်နဲ့ သံရုံးရှေ့ ဆန္ဒပြလည်းပါ ဟိုပွဲဆိုလည်းပါ ဒီပွဲဆိုလည်းပါ ဘာမှလည်းဟုတ်တိပတ်တိမဖြစ်။ Aubergine တို့လို အလုပ်လုပ်ပြီးအခွန်ဆောင်ရတဲ့သူတွေ ပီအာလျှောက်တော့ ရင်တမမနဲ့ စောင့်နေရတဲ့အချိန်မှာ သူတွေတွေက ဟိုလျားလျားဒီလျားလျားနဲ့၊ အဖြူတွေရဲ့ ဒီလိုလူတွေကို ကိုယ့် national revenue ထဲကစိုက်ထုတ်ပြီးတင်ကျွေးထားတဲ့ အိုင်ဒီယာကိုအဲ့ဒီမှာတင်တော်တော် လေးစားသွားတယ်။ ကျန်လူတွေမှာတော့ဆောင်လိုက်ရတဲ့အခွန် နင့်နေတာပဲ။ အခု သြစီမှာမှ မဟုတ်ဘူး၊ ယူအက်စ် ယူရုပ် တခွင် အကြံအဖန်တွေ ပြန့်နေတာ။ ရေးမယ်ဆိုရင် စာတစ်အုပ်လောက်ရမယ်ထင်တယ်၊ နောက်မှ အဲ့ဒီအကြောင်းတွေကို အင်္ဂလိပ်လိုရော မြန်မာလိုရော သေသေချာချာ ရီဆာ့ခ်ျလုပ်ပြီးရေးမယ်။ ပိုက်ပိုက်စုပြီး စာအုပ်ထုပ်မယ်။
Aubergine

ကြုံတုံး စီဘောက်ထဲက ခြင်္သေ့ရဲ့ဘီဘီစီ နဲ့ပက်သက်ပြီး ကော်မန့်ပေးတာကို တစ်ပိုင်းတစ်စထောက်ခံ လိုက်ပါဦးမယ်။ ဘီဘီစီဟာ အစဉ်အလာနဲ့ နေလာခဲ့တဲ့အသံလွှင့်ဋ္ဌာန တစ်ခုဆိုတာတော့လုံးဝငြင်းလို့မရဘူး မှန်ပါတယ်။ သူ့ရဲ့ သတင်း တွေ(နိုင်ငံတကာသတင်းပြောတာနော်)ကလည်းအတော်အတန်ခိုင်လုံပါတယ်။ documentary တွေကလည်းကောင်းသလားမမေးနဲ့။ ပြဿနာက မြန်မာဘာသာ အင်တာနက်စာမျက်နှာတွေမှာ စတာပဲ။ အဖြူတွေကလည်း သေးသေးမွှားမွှားကိစ္စတွေမှာ ဝင်မပါချင်တော့ အသေးအမွှား အလုပ်ကလေးတွေခန့်ရင် မြန်မာအချင်းချင်းပဲရွေးစေချင်ပုံ သို့မဟုတ် ထောက်ခံချက်ပေးစေချင်ပုံရတယ်။ အဲ့ဒီမှာ မြန်မာပီပီ ပိုင်ရာ ပိုင်ရာဆိုတဲ့ ဇာတ်လမ်းတွေစလာပြီး နကန်းတစ်လုံးဘာမှ မသိတဲ့ ပညာရေးဆိုလို့ တက္ကသိုလ်တောင်ပြီးမလာတဲ့ အကြံအဖန်ဒုက္ခသည်တွေကို နေရာတွေ အလုပ်တွေပေးတယ်လို့ကြားရတယ်။
အဲ့ဒီမှာ ရဲမွန်က တပ်မ ကို တပ်မ (၈၈) တို့၊ အင်းတိုင်တပ်မ ကို စစ်ထောက်လှမ်းရေးတပ်ကြီးကဝိုင်းလိုက်ပြီတို့ စတဲ့ ရမ်းသမ်းရွှီးလုံးတွေ ပေါ်လာတော့တာပဲ။ တကယ်တော့ဒါတွေဟာ ဘာမှခက်ခဲတဲ့ဟာတွေမဟုတ်ဘူး။ ရဲမွန်မှာ တပ်မနံပါတ်ဘယ်လောက်ဆိုတာ (တကယ်က တပ်မ ၁၁) ရန်ကုန်တဝိုက်က လူတော်တော်များများသိကြတယ်၊ မသိလည်းဖုံးဆက်လိုက်ရုံပဲ ဘာမှခက်တာမဟုတ်ဘူး။ ဒီလိုဒီလို လုပ်ကြပုံများ။
နောက်ပြီး ဒီဗီဘီ ဝန်ထမ်းတွေ နော်ဝေမှာ နော်ဝီးဂျီးယမ်းတွေတောင်စားဖို့ တော်တော်စဉ်းစားရတဲ့ စားသောက်ဆိုင်တွေမှာ ဥဒဟို စားသောက်နေတာတွေ၊ တခန်းတနားလုပ်နေတာတွေ၊ ဒုက္ခသည်အချင်းချင်း ဆရာမွေးတပည့်မွေးနဲ့ မပြောချင် မကြားချင်အဆုံးပါပဲ။ ကိုယ့်အရည်အချင်းနဲ့ကိုယ်ရောက်နေသူတွေကတော့ ရင်နာနာနဲ့ပဲ ဖြစ်သမျှကိုကြည့်နေရတာပါပဲတဲ့။ ကောင်းရော။
aubergine

aubergine ကျွန်မ လုပ်ကြံပြောတာ မဟုတ်ဘူး။ ဖုန်းလိုင်း အင်တာနက်လိုင်းကြေးနဲ့ အင်တာနက်ကို limited နဲ့ ယူထားတာ သတ်မှတ်ထားတာထက် ပိုသုံးလို့ အပိုသုံးတဲ့ကြေးက ပုံမှန်ကြေးထက် အဆမတန် အဖြတ်ခံရပြီး တကယ်ကို ၇၀၀ တကြိမ်၊ ၄၉၀ တကြိမ် ပေးလိုက်ရပါတယ်။ ဒါ ကျွန်မ လုပ်ကြံပြောဆိုတာ မဟုတ်ဘူး။ အင်တာနက်ကြေးရော ဖုန်းဖိုးပါ ပါပါတယ်။ Optus ကုမ္ပဏီ တခုတည်းမှာ ယူထားပါတယ်။ ပုံမှန်အတိုင်းဆို တလတကြိမ် Bill လာရင် စာတိုက်မှာ သွားပေးရပါတယ်။ နောက်ပိုင်း အမျိုးသားက အင်တာနက်ကပဲ ပေးတော့မယ်လို့ ပြောင်းထားလိုက်ပြီး ကျွန်မကို ပြောဖို့ မေ့နေတော့ ကျွန်မကလည်း Bill မလာသေးဘူး ဆိုပြီး အေးအေးဆေးဆေး လုပ်နေတော့ ရက်လွန်ပြီး ရက်လွန်ကြေးပါ အဲဒီပေးလိုက်ရတဲ့အထဲမှာ ပါပါတယ်။ ကျွန်မတို့ နယူးဆောက်ဝေးသ် ပြည်နယ် ဆစ်ဒနီမှာ နေပါတယ်။ ဒါပေမဲ့ ဘယ်ပြည်နယ်မှာပဲ နေနေ ဒီလိုဖြစ်ရင် ဒီလိုပေးရမှာသေချာတယ်။ ပြည်နယ်နဲ့ မဆိုင်ဘူး ယူထားတဲ့ ဖုန်းကုမ္ပဏီနဲ့ပဲ ဆိုင်ပါတယ်။

နောက်တခုက ကျွန်မ ဘာထောက်ပံ့ကြေးမှ မစားနေဘူး အလုပ်လုပ်နေပါတယ်။ ထောက်ပံ့ကြေးဆိုတာ အလုပ်မလုပ်တဲ့သူပဲ စားလို့ရတယ်။ ပညာသင်တာလား ဒုက္ခသည်မဟုတ်လည်း သြစကြေးလျားမှာ အခြေချနေထိုင်ခွင့် ရထားသူ ဘယ်သူမဆို ကျော်သားရင်သား မခွဲခြားဘဲ ကော့လိပ်အဆင့်ထိ ပညာရေးကို အလကားသင်ပိုင်ခွင့် ရှိပါတယ်။ ကျန်းမာရေးအတွက် Medicare ရှိတယ်။ အလုပ်မရှိသူတွေအတွက် Medicare အပြင် အပြင်လူနာအဖြစ် ဆေးဝယ်ရင် ဆေးဖိုးသက်သာစေတဲ့ Health Care ပါရပါတယ်။ Medicare က ဆေးဖိုးကာဘာမဖြစ်ဘူး ဆရာဝန်ပြခနဲ့ စမ်းသပ်ခ ဆေးရုံမှာ အတွင်းလူနာအဖြစ် အဲဒီအတွက်ပဲ ရပါတယ်။ ကျွန်မ တက္ကသိုလ် တက်တာ အလကားမရဘူး အစိုးရဆီက ချေးပြီးတက်တာ ကျောင်းပြီးလို့ အလုပ်ရရင် Tax ထဲက ပြန်နှုတ်ယူမှာ ဖြစ်တယ်။ ဒီတော့ aubergine ထင်နေသလို ကျွန်မက ထောက်ပံ့ကြေးနဲ့ နေတာမဟုတ်ဘူး။ အလုပ်လုပ်နေတာ Tax Payer ဖြစ်တယ်။ သူများပေးတဲ့ Tax ကို ထိုင်စားနေသူ မဟုတ်ဘူး။

ကျန်တဲ့ သတင်းကိစ္စတွေကိုတော့ ကိုယ့်ယုံကြည်မှုနဲ့ကိုယ် သူ့ယုံကြည်မှုနဲ့သူမို့ ကျွန်မ ဘာမှမပြောလိုဘူး။ Aubergine သိထားဖို့က Aubergine ထင်နေတဲ့ ဒုက္ခသည် အမျိုးအစားမှာ ကျွန်မတို့ မပါဘူး။ သြစကြေးလျားမှာ ကျွန်မ ဒုက္ခသည်တယောက်အဖြစ် ရပ်တည်နေတာ မဟုတ်ဘူး။ ရောက်ပြီး တနှစ်ကြာကတည်းက အလုပ်လည်းလုပ် ကျောင်းလည်းတက်ပါတယ်။ လိုအပ်တဲ့ နေရာတွေအတွက်လည်း အမြဲတမ်းပံ့ပိုးတတ်တော့ အလုပ်လုပ်တာ ငါးပြားမှ စုမိသူမဟုတ်ဘူး။ သူများကိုယ့်ကို ဘာထင်ဖို့ထက် ကိုယ့်ကိုယ်ကိုယ် လိပ်ပြာသန့်ဖို့က အရေးကြီးပါတယ်။ Aubergine ဟာ PhD ကို သြစကြေးလျားမှာ တက်ထားတဲ့ ပညာရှင်တယောက်ဆိုရင် အကြောင်းအရာတခုအပေါ် ဟုတ်တယ် မဟုတ်ဘူး ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးဆိုတာ စဉ်းစားဆင်ခြင် ဆုံးဖြတ်ဖို့ ဆိုရင် လူတယောက်ရဲ့ Personality ကြောင့် မိမိထင်သလို ဆုံးဖြတ်လို့မရဘဲ အခြေအမြစ် ရှိရှိ Critical thinking နဲ့ ဘက်ပေါင်းစုံက ကြည့်ပြီး ဆုံးဖြတ်ရတယ်ဆိုတာ သိပြီးသား ဖြစ်လိမ့်မယ်လို့ ကျွန်မထင်တယ်။ အဲဒီတော့ Professional Practice ကို နားလည်ပြီးသား ပညာရှင်တယောက်အနေနဲ့ အတင်းကိုယ်ထင်သလို လူတယောက်ကို ကြွားနေတယ် လိမ်နေတယ်ဆိုပြီး လိုက်မစွပ်စွဲပါနဲ့လို့ အကြံပြုပါတယ်။ Aubergine ကို ပညာရှင်တယောက်အဖြစ် သိရတာ ၀မ်းသာပါတယ်။

သူပါသာသူဘယ်အစိုးရတက်တက်အဓိကစီးပွားရေးလုပ်ရရင်ပြီးတာပဲအဆင်ပြေရင်ပြီးတာပဲ..သူတို့အစိုးရတက်လာလို့၊ဒီမိုကရေစီရလာလို့..သူတို့ထမင်းလာကြွေးတာမဟုတ်ဘူး။။ကိုယ်ကိုယ်ရှာစားရတာ..ဒါကြောင့်ဘာမဲမှမထည့်ဘူး.ဘယ်အစိုးရတက်တက်ကိုယ်စီးပွားကိုယ်ရှာရတာ..
သတင်းကိစ္စတွေကတော့ရေပန်းစားလွန်းလို့နားထောင်တယ်၊လေ့လာတယ်၊အခုထိလဲနားထောင်တုန်းပဲဘာတွေများဆက်လက်လိမ်ညာနေသလဲဆိုတာကို..ပေါ့...
ခြင်္သေ့

မဲမထည့်ဘူးဆိုတာ သိရလို့ ၀မ်းသာပါတယ် ခြင်္သေ့၊ ဒါပေမဲ့ ဘယ်အစိုးရပဲတက်တက် စီးပွားရေး လုပ်ရရင် ပြီးတာပဲ ဆိုတာက အခုမြန်မာပြည်မှာ ခြင်္သေ့တို့လို စီးပွားရေးလုပ်နိုင်တာ လူတသိန်းမှာ နှစ်ယောက်အပြင် နှစ်ယောက်အပြင် ရှိနိုင်မလား။ ဒီမိုကရေစီအတွက် လုပ်နေတဲ့သူတွေဟာ အဲဒီလူတသိန်းမှာ နှစ်ယောက် အနည်းစုအတွက်ပဲ စဉ်းစားတာ မဟုတ်ဘူး။ အများစုအတွက် စဉ်းစားကြတာဖြစ်တယ်။ ဒီမိုကရေစီစနစ်ဆိုတာ စီးပွားရေးသမားတွေအတွက်ပဲ အဆင်ပြေဖို့ မဟုတ်ဘူး၊ တိုင်းပြည်မှာ ရှိတဲ့လူတန်းစား အားလုံးအဆင်ပြေဖို့ ဖြစ်တယ်။ ပြီးတော့ တိုင်းပြည်တပြည် တိုးတက်ဖို့အတွက် စီးပွားရေးတခုတည်းကို ကြည့်တာမဟုတ်ဘူး။ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး စတဲ့ဒီအရေးတွေ အားလုံးရဲ့ လွတ်လပ်ခွင့်ကိုကြည့်ပါတယ်။ လူတကာ ဆင်းရဲမွဲတေနေပြီး စစ်အုပ်စုနဲ့ ခြင်္သေ့တို့လိုလူတွေပဲ ကြီးပွားနေတာ ပုံမှန်မဟုတ်ဘူးဆိုတာ နားလည်ရမယ်။ သတင်းတွေ ဆက်နားတောင်နေတယ်ဆိုလို့ ကောင်းပါတယ်။ ဆက်နားထောင်ပါ။ သတင်းမှားတာကို ထောက်ပြရင် သတင်းမှန်တာကိုလည်း အသိအမှတ်ပြုနိုင်အောင် ကြိုးစားဖို့ ခြင်္သေ့ကို အကြံပြုပါတယ်။

Aubergineရေ.. အပြည့်အ၀အားလုံးထောက်ခံပါတယ်။ စာအုပ်မြန်မြန်ထုတ်ပါ။မျှော်နေပါ့မယ်။

တက်ာနိုင်ငံရေးလုပ်သူတွေအားလုံးဟာ မြန်မာပြည်ထောင်ထဲမှာပဲ ရှိနေသူတွေပါ။

ဘယ်သူတက်တက်မတက်တက် ..နိုင်ငံရေးလို့အော်သူမှန်သမျှ အယုံအကြည်ကိုမရှိတော့သူ

နိုငံရေးလို့ အော်နေသူတွေကို ပုဂ္ဂိုလ်ရေးအရ အယုံအကြည် မရှိလို့ မယုံတာက အကြောင်းမဟုတ်ပါဘူး။ သူ့အကြောင်းနဲ့သူ ရှိကြမှာဖြစ်လို့ ဒီအပေါ်မှာ ကျွန်မ ဘာမှမပြောလိုပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသားမရှိပါဘူးလို့ နအဖက တချိန်လုံး အော်နေတဲ့ အချိန်မှာ အခုထောင်ထဲမှာ ရှိနေတဲ့သူတွေ ဘယ်လိုအနစ်နာခံခဲ့တယ် ဘယ်တုန်းကဘယ်လို စွမ်းဆောင်ခဲ့တယ်၊ အခုလက်ရှိ ဘယ်လိုအဆက်အဆံခံနေရတယ် ဘာတွေ အခက်အခဲဖြစ်နေတယ် ညှင်းဆဲခံနေရတယ် စတာတွေကို အပြင်ရောက်နေတဲ့သူတွေက မအော်ပဲနဲ့ နိုင်ငံတကာနဲ့ တတိုင်းတပြည်လုံး သိဖို့ နေနေသာသာ အခုပြောတဲ့ Anonymous တောင် ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသား ရှိတယ်ဆိုတာတောင် သိလောက်မယ် မထင်ဘူး။ ပုဂ္ဂိုလ်ရေး မုန်းတီးမှုနဲ့ နိုင်ငံရေးလှုပ်ရှားမှုကို ခွဲခြားတတ်ပါစေ။

ရော်. Blog Owner ကလည်း စကားကပ်ပြောနေပြန်ပါပြီ။ အေးလေ Aubergine စကားလုံးသုံးတာကလည်းနည်းနည်း လိုသွားတာကိုး။ အထောက်အပံ့ရတယ်လို့သုံးရမှာ။ college အဆင့်အထိအလကားတက်ခွင့်ရတယ်ဆိုတာ တကမ္ဘာလုံးကလူတွေမဟုတ်ဘူးလေ.. citizen တွေ PR တွေနဲ့ refugee တွေပဲရတယ်လေ။ citizen ဆိုတာကတော့ ပြောစရာမရှိဘူးလေ။ pr ကလည်း ပွိုင့် စနစ်နဲ့ အသားကုန်စီစစ်ပြီးတော့မှပေးတာ၊ သူတို့ဆီမှာကျောင်းတွေ ပိုက်ဆံအကုန်ခံတက်ပြီးပြီးထားတဲ့သူတွေ၊ ဒါမှမဟုတ် သူတို့ဆီမှာ လုပ်သက်ရှိပြီးသားလူတွေ အို ကုန်ကုန်ပြောရရင် သူတို့အတွက်ပေးဆပ်ထားပြီးသားလူတွေ များပါတယ်။ အဲ refugee ဆိုတာကတော့ different matter ဖြစ်သွားပြီလေ။ ကျောင်းအလကားပေးတက်တယ်ဆိုတာကို ထောက်ပံ့တယ်မခေါ်လို့ဘယ်လိုခေါ်မလဲ..citizen PR ကအတိုင်းအတာတစ်ခုအထိပေးဆပ်ထားပြီးသားလေ။ ကိုယ်တိုင်မဟုတ်ရင်တောင် ကိုယ့်မိဘကဆောင်ထားပြီးသားပြောစရာမလိုဘူး။ နောက်ပြီး tution loan ဆိုတာကကော တကမ္ဘာလုံးကလူတွေကိုအကုန်ပေးလား။ Blog owner တို့ refugee status ကနေပဲတဆင့်လှမ်းတက်ပြီး ရလာတာပဲမဟုတ်လား။ ဆိုလိုတာက blog owner တို့ဟာ skilled worker scheme နဲ့ရောက်လာတာလည်းမဟုတ်ဘူး၊ post study scheme နဲ့နေခွင့်ရလိုက်တာလည်းမဟုတ်ဘူး၊ နိုင်ငံရေးနဲ့ပါက်သက်ပြီးရောက်လာတာ။ အဲ့ဒီလိုရောက်လာပြီး ခုနက ပြောတဲ့အခွင့်အရေးတွေရတာ၊ တကမ္ဘာလုံးကလူတွေ အားလုံးရတယ်ဆိုရင်တော့လည်းမပြောပါဘူး။ နိုင်ငံရေးနဲ့ပါက်သက်ဆက်နွှယ်ရောက်လာပြီးတော့ ဘာအခွင့်အရေးမှမရဘူးလို့ပြောနေတာကိုထောက်ပြတာ၊
aubergine
to be continued

အပြင်ကလူ သာမန်လူပညာသင်ချင်လား ရတယ်လေ ပိုက်ဆံပေးရင်။ blog owner တို့ ကောလိပ်ဖြစ်ဖြစ် အထက်တန်းကျောင်းဖြစ်ဖြစ်တက်တော့ ရော့ ဘုံးဆိုပြီးတစ်နှစ်စာပေးစရာလိုလား..ဒါကိုပြောတာ အထောက်အပံ့ဆိုတာ။ blog owner ရလိုက်တဲ့ ကျောင်းတက်ဖို့ ချေးငွေဆိုတာ အပြင်လူရလား၊ aubergine အမျိုး တစ်ယောက်အဲ့ဒီမှာ အရင် ပိုက်ဆံနင့်နေအောင်ပေးပြီးမှ undergrad degree ရခဲ့တယ်၊ အခုအလုပ်လုပ်နေတာတောင် အခွန်ဆောင်ရတာနဲ့ အရင်းကိုမကြေနိုင်သေးဘူး၊ နေထိုင်ခွင့်ရပြီးသားလူတွေ မို့ အကုန်ရတယ်လို့မပြောနဲ့နော်။ blog owner တို့မွေးကတည်းကနေထိုင်ခွင့်ရလာတာမဟုတ်ဘူး။ မြန်မာပြည်စစ်အစိုးရမကောင်းပါဘူး ကျမတို့ဒုက္ခရောက်တော့မယ် လုပ်ပါဦးဆိုလို့ refugee status နဲ့ နေထိုင်ခွင့်ရ ကျောင်းအလကားတက် tution loan တွေရတာ။ ဒီအကြောင်းတွေ aubergine တစ်ယောက်တည်းမဟုတ်ပါဘူး လူတော်တော်များများ ပြောခဲ့ပြီးသားပါ။ ဒီblog မှာတင် တချို့ တွေ အရင်ကတည်းကပြောထားတာ တွေ့ပါတယ်။ critical thinking နဲ့နော်။ နောက် housing တွေ medicare တွေတော့ အများကြီးမို့ အကုန်မပြောတော့ပါဘူး။ critical thinking နဲ့ပဲ ဆက်ပြောပါ့မယ်၊ ရောက်ရောက်ချင်းနေဖို့ထိုင်ဖို့ ဘာညာအကုန်လုံး ဒို့က refugee၊ ဒို့ အတွက် မိုးပေါ်ကကျလာပြီးသားလို့ထင်နေလို့လား၊ ကျောင်းလာတက်တဲ့လူပဲဖြစ်ဖြစ် ပွိုင့်စနစ်နဲ့ နေထိုင်ခွင့်ကျလို့ရောက်လာသူပဲဖြစ်ဖြစ် လေယာဉ်လက်မှတ်ကိုယ့်ဖာသာကိုယ်ဝယ်ရတယ် ကိုယ့်ဖာကိုယ်နေစရာရှာ ကိုယ့်ဖာသာကိုယ်လုပ်ပဲ။ အလုပ်ရှာချင်လည်းကိုယ့်အားကိုယ်ကိုးပဲ၊ အဲ blog owner တို့ ရောက်လာဖို့လေယာဉ်လက်မှတ် ဘယ်လောက်ဖိုးအကုန်ခံဝယ်လိုက်ရလဲ. ဘယ်နေရာမှာ flight booking လုပ်လိုက်ရလဲ.နေစရာကြိုရှာရလား၊ ကျောတစ်နေရာစာခင်းဖို့အမျိုးအဝေးကြီးတွေရော သူငယ်ချင်းတွေရောဘာရော ကြိုဆက်သွယ်ခဲ့ရလား။ blog owner တို့လိုအစိုးရမကောင်းပါဘူးဆိုပြီးပြောပြီး ရောက်လာတဲ့လူတစ်ယောက်ဆီ တစ်ယောက်ဆီ အတွက် အစိုးရကဘယ်လောက်သုံးလိုက်တယ်ထင်လဲ။ အလုပ်လုပ်ပြီးပြန်ဆပ်ရတဲ့အထဲမှာ သူတို့ထောက်ပံ့ခဲ့တာတွေ အကုန်ပါလား။ critical thinking နော်။ နောက် thinking တစ်ခုက ဟုတ်ပြီ အစိုးရက ဒီလိုလုပ်ပေးတာ ချစ်လွန်းလို့ဆိုပြီး ဝန်ကြီးတွေအမတ်တွေ သူတို့လစာတွေအကုန်စိုက်ပြီးလုပ်ပေးတာလား၊ ပြည်သူ (နိုင်ငံတွင်းအလုပ်လုပ်နေသူအကုန်လုံး နိုင်ငံသားမဟုတ် အမြဲနေထိုင်ခွင့်မရထားသေးသူများအပါအဝင်) ဆောင်ထားတဲ့ အခွန်ငွေထဲက လုပ်ပေးလိုက်တာလား၊ ဒီလိုရှိပါတယ်။ တွေးစရာလေးတွေပါ။ ဒါဟာ ကျမ်းခုခံနေတာလည်းမဟုတ် conference မှာ စာတမ်းတက်ဖတ်နေတာလည်းမဟုတ်လို့ Professional conduct သိပ်မလိုလှပါဘူး။ မြင်တာကိုအလွတ်သဘောဆွေးနွေးတာပါ။ သို့သော် internet ကိစ္စကတော့ Aubergine အတွေ့အကြုံလေးတစ်ခုထဲနဲ့ပြောတာဖြစ်လို့ blog owner ကိုညာတယ်လို့မထင်ပါဘူး၊ ကုန်ကျစရိတ်က ကိုယ့်အတွက်တကယ်ကိုထူးဆန်းနေလို့ပါ။ နောက်တစ်ခုက ဘာ status နဲ့ပဲရောက်လာရောက်လာခဲ့ ဘာနောက်ကြောင်းတွေရှိခဲ့ရှိခဲ့ အခုနေအခါမှာ ရိုးရိုးသားသားကျောင်းတက်နေအလုပ်လုပ်နေတဲ့ blog owner နဲ့ family အတွက် ဝမ်းမြောက်ပါတယ်။ blog owner ကိုလုပ်စား ညာစား အကြံအဖန်နဲ့ အသက်ရှင်နေသူလို့ဘယ်တုံးကမှ မထင်ပါ။ ကိုယ့်ဘဝကိုယ်ကြိုးစားနေသူများ ကို အကုန်လေးစားပါတယ်။ အထက်မှာပြောသလို မဖြစ်လွန်းလို့ရောက်လာရတဲ့ ကံနည်းသူ ဒုက္ခသည်များကို ဘာမှပြောစရာမရှိပါ။ အခွန်ပေးခဲ့ရတာတွေကိုမနှမြောပါ။ သို့သော် ဘာမှမဟုတ်ပဲအလိမ်အညာနဲ့ရောက်လာသူ (သို့)စစ်တပ်နဲ့အပြိုင် လူသတ်ရာဇဝတ်မှုကျူးလွန်လာပြီး လိမ်ညာရောက်ရှိနေသူများကိုတော့ အလွန်အော့နှလုံးနာပါတယ်။ ဒါနဲ့ပါတ်သက်လို့ စောင့်ကြည့်သူဆိုသူတစ်ယောက်လည်း စီဘောက်ထဲမှာ လင့်ပေးထားပါတယ်၊ (အေဘီအက်စ်ဒီဖက်တို့ ကေအန်ယူတို့ ဘယ်လိုတွေလုပ်ခဲ့ဖူးလဲဆိုတာ။) တစ်ခါတစ်လေ သဘောကျမိတာက ဒေါ်စုက နိုင်ငံအရေး ပြည်သူအရေးကြွေးကြော်ပီး ပြည်ပကနေနိုင်ငံထဲဝင်သွားတယ် နိုင်ငံထဲကလူတွေက နိုင်ငံအရေး ပြည်သူအရေးကြွေးကြော်ပြီး နိုင်ငံထဲကနေပြည်ပကိုရရာ အကြောင်းပြချက်တွေနဲ့ထွက်လာတယ်။ လူဖြူတွေကလည်းတော်တော်ရီရပါတယ် သံရုံးရှေ့ဆန္ဒပြတဲ့ ဓါတ်ပုံတစ်ပုံပါလည်းပေးလိုက်တာပဲ၊ (အဲ့ဒါတကယ်နော် နိုင်ငံရေးဆိုတာဖြူသလားမဲသလားမသိတဲ့ သဘောင်္သားများအခုအမေရိကားမှာ ဒုက္ခသည်ကတစ်ဆင့်တက်လှမ်းပြီး နိုင်ငံသားဖြစ်နေတာတွေရှိပါတယ် ကိုယ်တွေ့ကြုံဖူးပါတယ်.ရင်းနှီးလို့မေးလို့ရှိရင်သူတို့အကြံအဖန်လုပ်ခဲ့ပုံတွေကို တဟားဟားနဲ့ ပြောပါလိမ့်မယ်၊ ဓါတ်ပုံပဲလိုပါသတဲ့)
အမေရိကားမှာ အလုပ်လုပ်တဲ့ဗီဇာရဖို့ (developed countries မှ citizen များမဟုတ်ရင်) အလွန်ခက်ပါတယ်၊ တစ်နှစ် ကိုမှ အရည်အတွက် အကန့်အသတ် limit နဲ့ပေးတယ်၊ ဒေါင်ဒေါင်မြည်တွေ ပီအိပ်ခ်ျဒီဘွဲ့ရ တွေ(ယောင်စိန် ပီအိပ်ခ်ျဒီ ပီအိပ်ခ်ျဒီဘာသာရေးတို့ ပီအိပ်ခ်ျဒီအမျိုးသမီးတိုးတက်ရေးတို့ မဟုတ်ဘူးနော်)ကျွမ်းကျင်သူတွေလည်းအကုန်လုံး ထိုင်စောင့်ပဲ။ အဲ အဲ ဒုက္ခသည်ကျတော့ အရည်အတွက် အကန့်အသတ် limit မရှိပါဘူးတဲ့..ကောင်းရော၊ ဒီလိုတိုင်းပြည်မျိုးတွေစီးပွါးပျက်တာ သိပ်တော့အထူးအဆန်းမဟုတ်ဘူး၊ ဘယ်အချိန် တရုတ်ပြည်ကြိုးတုပ်ခံရတဲ့ အဖြစ်ရောက်မလဲ စောင့်သာကြည့်ကြပေတော့။
aubergine

အပေါ်မှာစာလုံးပေါင်းရိုက်တာမှားသွားပါတယ်၊ အေဘီအက်စ်ဒီအက်ဖ်ပါ။
aubergine

ကောင်းလိုက်တာ aubergine ရေ..
အမှန်တွေ ကိုယ်ပြောချင်တာတွေ အခုလိုရေးထားတာ တွေ့ရတာ သိပ်ဝမ်းသာတာပဲ

ဆရာ aubergine လုပ်တာနဲ့ နည်းနည်းဝင်ပြောပါရစေ။
critical thinking ကိုထပ်နေအောင်သုံးသွားတဲ့အပြင် Phd. ရပြီး ကိုယ့်ခြေပေါ်ကိုယ်ရပ်နေသူဆိုတော့ အထင်များလည်းကြီးတယ်ဗျာ။

ဒါ့ပြင် ကျေးဇူးတင်စရာလေးက ပရော်ဖက်ဆာမိုက်ကယ်အောင်သွင်လို လူတိုင်းနားမလည်မယ့် ad hominem လို critical thinking က fallacy စကားလုံးတွေလှိမ့်သုံးမသွားလို့ တော်သေးတာပေါ့ဗျာ။ ပြီးရင်လည်းအမျိုးတစ်ယောက်ရဲ့ အရင်းမကျေသေးတဲ့အဖြစ်ကိုလည်း ကိုယ်ချင်းစာမိပါတယ်။ စင်္ကာပူလောက်မှာနဲ့တင်ကျေနပ်လိုက်ရင် အရင်းတွေစောစော ကြေကောင်းပါရဲ့၊ တွက်ကိန်းနည်းနည်းကလေး လွဲသွားခဲ့တယ်ထင်ပါတယ်ဗျာ။

ဒါနဲ့ဗျာ တစ်ဆိတ်လောက်မေးကြည့်ပါရစေ။ ဆရာက လူမှုသိပ္ပံနဲ့ ဒေါက်တာဘွဲ့ရတာလားဟင်၊ refugee ကို သြစတျေးလျနိုင်ငံရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ နိုင်ငံတကာ သဘောတူညီချက်တွေ၊ ပြီးတော့ citizen education တွေနဲ့ပတ်သက်ပြီး သိတာကလေးတွေများရှိရင် ဝေမျှပါလားဗျာ။ ဒါပေမယ့်ကျေးဇူးပြုပြီး ခြေရာတိုင်းတာတို့ အူတိုတဲ့ဟာကလေးတွေကိုတော့ ဘယ်သူမှအကျိုးမရှိလို့ ချန်ထားပေးပါနော်။ ကျနော်သိသမျှတော့ သြစတြေးလျမှာ နိုင်ငံသားလို့သတ်မှတ်လိုက်ပြီဆိုရင် အခွင့်အရေးအားလုံးအတူတူပဲလို့ သိရပါတယ်။

လူလိမ်လူညာတွေရှိတာကို လက်ခံပါတယ်။ ဒါပေမယ့် ဆရာက ဆန်စင်ရာကျည်ပွေ့လိုက်သလို လုပ်များလုပ်မိနေသလားလို့ပါ။ အကယ်၍များဆရာ့အနေနဲ့ ဘလော့၊ ဝက်ဘ်ဆိုက်တွေထောင်ပြီး အများအကျိုးပြုမှာတွေ ရေးပြီးတင်ပြမယ်ဆိုရင်တော့ လာအားပေးမိမှာအမှန်ပါ။ ရင်းထားတာတွေ မကြေသေးလို့ အလကားတော့ မပေးနိုင်ဖူးဆိုရင်တော့လည်း စိတ်မရှိပါနဲ့ခင်ဗျ။ မသိလို့ ပြောမိတာပါ။

ရွှေမန်း

ဒေါက်တာ Aubergine ရေ- မှတ်ချက်ရှည်ရှည်ကြီးနဲ့ ဆွေးနွေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ Aubergine ပြောတာတွေက ကျွန်မဆိုလိုတာနဲ့ တခြားစီ ဖြစ်နေတာကိုတွေ့ရတယ်။ သြစကြေးလျားနိုင်ငံမှာ သူ့နိုင်ငံမှာ အမြဲတမ်း နေထိုင်ခွင့်ပေးထားတဲ့ Permanent Resident နဲ့ Citizen လို့ခေါ်တဲ့ နိုင်ငံသားဟာ မဲပေးပိုင်ခွင့်တခုပဲ ကွာတယ်။ ကျန်တဲ့အခွင့်အရေး အားလုံးဟာ အတူတူပဲဖြစ်တယ်။ Aubergine ပြောထားတဲ့ အထောက်အပံ့ဆိုတာတွေက အဲဒီလူတွေ အားလုံးအတွက် ရတဲ့ သူ့နိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေးပေါ်လစီအတိုင်း လူတိုင်းကို (နိုင်ငံခြားသားမဆိုလို) ပေးထားတဲ့အခွင့်အရေးတွေ ဖြစ်တယ်။ ကျွန်မဆိုလိုတဲ့ ထောက်ပံ့ကြေးဆိုတာ အလုပ်လက်မဲ့တွေ အိုနာမသန်စွမ်းတွေကို စားဝတ်နေရေးအတွက် Centrelink (Welfare) ကပေးတဲ့ ထောက်ပံ့ကြေးကို ပြောတာ ဖြစ်တယ်။ ဒီနှစ်ခုဟာ လုံးဝမတူပါဘူး။ ထောက်ပံ့ကြေး မစားဘူးဆိုတာ Centrelink ကို မှီခိုနေသူ မဟုတ်ဘူးလို့ ပြောတာ ဖြစ်တယ်။ ကျန်တဲ့ အကြောင်းအရာတွေတချို့လည်း လွဲနေတာ တွေ့ရပါတယ်။ ဒါပေမဲ့ ပို့စ်နဲ့လည်း သိပ်မဆိုင်၊ သိပ်လည်း အရေးမကြီးလို့ ကျွန်မ မဆွေးနွေးတော့ဘူး။ ဘာပဲဖြစ်ဖြစ် စာလာဖတ်တာ ကျေးဇူးတင်ပါတယ်။

ဒေါက်တာကြီး Aubergine ဘယ်သူဆိုတာ ခန့်မှန်းမိအောင်ကြိုးစားလိုက်ပမယ်။ ဒီက လူဆိုရင်ပါ။ ငါးသလောက်လို ပေါင်းမစားတတ်ရင်တော်ပါပြီ။ refugee အကြီးစားကြီးများနဲ့ တခုံထဲ လာထိုင်မိရင် ထွက်မပြေးနဲ့နော်။ ပညာရှိများ ကြောက်ဒူးတုံရင် ရှူးရှူးအကုန်ကျမှာစိုးလို့ ....ပါ။
မှတ်မိအောင်ထပ်ပြောလိုက်မယ် ဒီနိုင်ငံက အစိုးရဟာ ကျုပ်တို့နိုင်ငံလောက်ကိုသာ ထည့်သွင်းစဉ်းစားကူညီနေတာမဟုတ်ဘူးဆိုတာ သိရင် ခင်ဗျာတို့အဆင်းအတန်းမြင့်တယ်လို့ ကျုပ်ယူဆတယ်...

သြောင်

အော်ကိုရွှေမန်းရေ critical thinking လို့ထပ်ကာထပ်ကာရေးပြရတာကတော့ဖြင့် ဒီ blog owner က critical thinking လေးနဲ့ရေးပါဆိုလို့ "ငေါ့" ရေးလေးရေးရတာပါ။ (မယုံရင် အပေါ်ကစာတွေပြန်ဖတ်ကြည့်ပါ)။ စိတ်မရှိပါနဲ့။ ဒေါက်တာမိုက်ကယ်အောင်သွင်နဲ့တော့ လိုင်းမတူပါဘူး၊ Aubergine တို့က သာမာန် ပရော်ဖက်ရှင်သမားအညတြလေးတွေပါ နိုင်ငံရေးအသံတစ်စမှမဟစ်တတ်ပါဘူး။ အမျိုး အရင်းမကျေတာကိုလည်းစိတ်မကောင်း မဖြစ်ပါနဲ့။ ပြောစကားမှ နားမထောင်တာ၊ နယ်စပ်ကစခန်းထဲ လိုင်းကြေးပေးပြီးဝင်၊ ချစားနေတဲ့အဖွဲ့အစည်းတွေကိုငွေပေး၊ ပြီးရင်ဒုက္ခသည်ဘဝနဲ့လာခဲ့၊ ကျောင်းတက်သလောက်ငွေမကုန်ဘူးလို့ပြောတာ. ဒီလိုရှက်စရာကောင်းတဲ့အလုပ်မလုပ်ဘူး တဲ့လေ.သူ့အပြစ်နဲ့သူခံပေါ့ သိပ်အရှက်ရှိချင်တဲ့သူ ငွေကုန်လူပန်းပြီးမှနေခွင့်ရတာနည်းသေး၊
ကိုရွှေမန်း ဒီblog မှာလာဖတ်ဖူးနေကြဆိုရင် aubergine မနေနိုင်လွန်းရင် ဝင်ဝင်ရေးတာတွေ့ဖူးမှာပါ။ တခါမှ ဒေါက်တာကြီးတို့ PhD ကြီးတို့မရေးဖူးဘူး၊ ကိုယ့်ကိုယ်ကိုတောင် ကံကောင်းတဲ့လို့ မြည်းစမ်းရတာလို့သတ်မှတ်ထားတာပါ။ အဲဖြစ်ပုံက ဒီblog ပိုင်ရှင်က ဘယ်လိုရပ်ဝန်းမှာနေနေရလို့လဲမသိဘူး လာသမျှလူ ကို သူ့ထက်ပညာနိမ့်တယ် သူ့လောက်မှမသိဘူး ကျောင်းကောင်းကောင်းမတက်ဖူးဘူးလို့ ထင်နေပုံရတာက တစ်ကြောင်း Australia က internet အတွေ့အကြုံ အကြောင်းကလည်းပြောရမည်ဖြစ်သည်က တစ်ကြောင်းမို့ နည်းနည်းလေးပြောလိုက်မိတာပါ..သည်းခံပါ စိတ်မခိုင်ရင်နောက်မပြောမိအောင် သတိထားပါ့မယ်။ ဒီ blog owner လိုပညာတတ်ရင့်မကြီးတောင် အက်ဆေးမှာ အမှတ်တွေအများကြီးရတယ်လို့ ပြောသေးတာပဲ၊ Aubergine လိုအညတြကို ဒီလောက်လေးတော့ကြွားခွင့်ပြုပါ။ PhD ကတော့လူမှုရေးနဲ့ရတာမဟုတ်ရပါ၊ သမာအာဇီဝ လုပ်စားလို့တော့ ရတဲ့ဘာသာရပ်ပဲ ဆိုပါတော့။ အူတိုတာလား? မရှိရပေါင်။ ကြည့်မရတာတော့ရှိတယ် ဘာမှမဟုတ်ပဲ ဆရာကြီးပုံစံသိပ်လုပ်လွန်းရင်။
သြောင် ဆိုသူကိုပြောချင်တာကတော့ သြစီ က မြန်မာနိုင်ငံလိုသေးသေးမွှားမွှားလေးတွေနဲ့ အချိန်ကုန်နေတာမဟုတ်ဘူးဆိုတာသိပါတယ်။ လှေစီးဒုက္ခသည် ကိစ္စဆိုသေးတာမှမဟုတ်တာ။ ဒါကြောင့်လည်း မြန်မာနိုင်ငံလိုသေးသေးလေးက ဒုက္ခသည်အတု အကြံအဖန်တွေ လွတ်ထွက်ပြီး ရောက်နေတာပေါ့။ Aubergine သုံးထားတဲ့ language က ဗမာလိုဖြစ်ပေမဲ့ Category မတူရင် နားမလည်နိုင်ဖြစ်တတ်ပါတယ်။ ဒီ blog owner နဲ့ category အတူတူဆိုရင်တော့ ဆောရီးလို့ပဲ ပြောပါရစေ။ တန်တော့ ကိုရွှေမန်းတို့ သြောင်တို့လည်း လေယာဉ်လက်မှတ် ကိုယ့်ဖာသာကိုယ် booking လုပ်စရာမလိုတဲ့ class ပဲထင်တယ်။ သိပ်ခံချင်ပုံမပေါ်ဘူး။
ရိုးရိုးသားသား refugee ကြီးကြီးများကိုတော့ဖြင့် တလေးတစားကိုတွေ့ချင်စကားပြောချင်ပါ့။ စိတ်မပူပါနဲ့ ရှူးရှူးနိုင်ပါတယ်။ အကြံအဖန် ဝါရင့် refugee များကိုတော့ဖြင့် Aubergine က အနံ့နံတာမခံနိုင်လို့ မထိုင်နိုင်တာ ခွင့်လွှတ်ပါ။
aubergine
to be continued

Blog owner ရေ ပို့စ်နဲ့သိပ်မဆိုင်ဘူးဟု မျက်စပြစ် လာပြီဖြစ်တဲ့အတွက် အနေအထားလေးသဘောပေါက်ပြီးဘာမှရှည်ရှည်ဝေးဝေး မပြောတော့ပါဘူးနော်။ ဒီလောက်ဆိုသဘောပေါက်ပါတယ်။ ဒါပေမဲ့ Aubergine Victoria ထဲမှာ ၅ နှစ် ခွဲ ၆နှစ်လောက်နေ ခဲ့ပါတယ်လို့ပြောတာတောင် PR နဲ့ citizen နဲ့ ဘာပဲကွာတယ် ဆိုပြီး ဆရာလုပ်ပြနိုင်တဲ့ အရည်အချင်းကို တကယ်ပဲအသိအမှတ်ပြုပါတယ်။ blog owner ပြောသည်များ aubergine အကုန်နားလည်ကြောင်းပါ.
ဖြစ်ပုံက ဒီဘလော့ဟာ နေရာပေါင်းစုံက ပျင်းရင်လာဖတ်ကြတဲ့နေရာဖြစ်လို့ usage တွေ terminology တွေသိပ်မသုံးပေးတာကိုတော့ နားလည်ပေးပါ။ အနှစ်ချုပ်ပြောရရင်တော့ blog owner တို့က အစကတည်းက နိုင်ငံခြားသွားမယ် ပညာသင်မယ်ဆိုပြီး ရောက်လာတဲ့လူတွေဆိုပြောစရာမရှိပါ။ ကိုယ့်ပညာ ကိုယ့်ငွေ ကို အရင်းတည် ကြိုးစားပြီးရောက်လာတာမို့ပါ။ ဒုက္ခသည်ဘဝနဲ့ရောက်လာသည့်တိုင် တကယ်ဒုက္ခရောက်နေသူဆိုဘာမှ ပြောစရာမရှိပါ။ ခက်တာက blog owner က ရခဲ့တဲ့ အစိုးရကပေးတဲ့ အခွင့်အရေးတွေကို ငါတို့မွေးကတည်းက ရသင့်လို့ရတာ နိုင်ငံရေးနဲ့ဘာမှ မဆိုင်ဘူးလို့ နေတာနည်းနည်းကြာလာတော့ delusion ဝင်နေပုံရတယ်။ (မြန်မာပြည်မှာမွေးတဲ့သူတိုင်းကို သြစီ အစိုးရက မင်းတို့အခွင့်အရေးတွေလာယူလှည့်ဆိုပြီး ဖိတ်မန္တကပြုပြီးပေးထားတဲ့ပုံပေါ့၊ ဒုက္ခသည် status ကြောင့်ပေးတာမဟုတ်ဘူးပေါ့၊ နိုင်ငံရေးလုပ်ပြီးရထားတဲ့အခွင့်အရေး မဟုတ်ဘူးပေါ့)
ကဲကဲ blog owner လည်းအခုလောက်ဆို တော်တော် ဗလောင်ဆူနေရော့မယ်။ ဘယ်သူ့မှနစ်နာလိုစိတ်မရှိပါ။ ရပ်တာကောင်းပါ့မယ်။ နောင်လုံးလုံး မနေနိုင်တော့မှပဲ ဝင်ရေးပါတော့မယ်၊ ကျေးဇူးပါ။

Aubergine ကျွန်မကို ပြောနေတာတွေ တခုမှ မဟုတ်ဘူး။ ဒါကို နောက်အချိန်ရမှ ကျွန်မ အကြောင်းပြန်ပေးမယ်။ ကျွန်မတို့ Bachelor Degree ကို သင်နေရတဲ့ သူတွေတောင် Professinal ဆိုတာ Emotional Intelligence ရှိရတယ်လို့ သင်ရပါတယ်။ PhD ပြီးထားတဲ့ ပညာရှင်တယောက်ဆို ဆိုဖွယ်ရာမရှိပါဘူး။ လက်ရှိ ကျွန်မတို့ကို သင်နေတဲ့ ကျူတာ အတော်များများက ဒေါက်တာဖြစ်ြ့ပီးသားထက် ဒေါက်တာဘွဲ့ရဖို့ ကျောင်းတက်နေဆဲက ပိုများပါတယ်။ ဆိုလိုတာက ကျွန်မတို့ကို သင်နေတဲ့ ဆရာအများစုက Aubergine လောက် ပညာမတတ်သေးဘူး။ ဒါတောင် သူတို့ရဲ့ Professional ဆန်တဲ့ အမူအကျင့်တွေက သိပ်ကို လေးစားအတုယူစရာ ကောင်းတာကို တွေ့ရပါတယ်။ ဒါပေမဲ့ မဲဘုန်းလ်တက္ကသိုလ်က ဒေါက်တာဘွဲ့ရထားတဲ့ Aubergine မှာ Emotional Intelligence သိပ်နည်းတာကိုတော့ သိသိသာသာကြီး သတိထားမိပါတယ်။ ဒါကလည်း ပညာသင်ကြားခဲ့တဲ့ တက္ကသိုလ်က Professional Practice ကို Trained လုပ်တာ အားနည်းလို့မယူဆဘူး။ လူတယောက်ရဲ့ Personality နဲ့ပဲ ဆိုင်တယ်လို့ အတတ်ပြောနိုင်ပါတယ်။ အခုလောလောဆယ် မအားသေးလို့ နောက်အချိန်ရမှ အသေးစိတ်ကို ပြန်ဆွေးနွေးပေးမယ်နော့်။

ဒီပို့ စ်မှာ ကွန်မန်.မရေးဖူးလို့  ဆုံးဖြတ်ထားပေမဲ့ ဖတ်လို.ကောင်းတဲ့ ကွန်မန့် တွေကြောင့် ရေးရပြီပေါ့

Aubergine သို. ...

ကျွန်တော် ခင်ဗျားရဲ့ အရေးအသားနဲ. ဗဟုသုတကြွယ်ဝမူကို လေးစားမိပါရဲ့ သြစီ နဲ့ အခြားအကြောင်းတွေကို တစေ့တစ်စောင်း ရေးသွားတာက မှတ်သားလောက်ပါပေတယ် ကျွန်တော်ကတော့ ကိုယ်မသိတဲ့ အကြောင်းအရာတွေမို. ၀င်ပြီး မဆွေးနွေးပါဘူး ကျွန်တော်သတိရမိတာက သိုင်းရုပ်ရှင် နှင့် သိုင်းဝထ္ထုတွေပါ ....

"စူတဲ့စူ လူစွမ်းကောင်းတွေ " ပေါ်နေတယ်လို့ ပဲခံယူမိပါတယ်

Aubergine ရေ ကွန်မန်.တွေဆက်ရေးဖို. မေတ္တာရပ်ခံအပ်ပါတယ်

မောင်သတိဆိုတဲ့ ဘလော့ဂါနဲ. Aubergine ကို အမည်တစ်ခုပေးချင်ပါတယ် ....

အဲဒီအမည်ကတော့ ......

- Blogger Killer - ပါ

အမည်လေးက ကောင်းတယ်နော်

Aubergineရေ ကြည့်လည်းရေးဦးနော် တော်တော်ကြာ Comment Moderation လုပ်တာခံနေရဦးမယ် ခင်မင်မူနဲ. သတိပေးတာပါ တစ်ချို.ဘလော့ဂါတွေက အချက်ကျကျရေးထားတဲ့ ကွန်မန့် တွေကို ပြန်ပြီးမတုန်.ပြန်နိုင်ရင် အဲ့ဒီ့လို လုပ်တတ်လို.ပါ (မငယ်ကို ဆိုလိုတာမဟုတ်ပါ) ခွိခွိ

ခွင့်လွှတ်ပါဗျာ ကျွန်တော်က ဗရုတ် မို. လေးလေးနက်နက်အကြောင်းတွေကို နောင်များကြမှ ဆွေးနွေးတာပေါ့

မငယ်ရေ ကျွန်တော်က မငယ်ကိုလည်းခင်မိပါရဲ့ဗျာ ပို့ စ်ပါ အကြောင်းတွေကို မဆွေးနွေးပေမဲ့ ကျွန်တော့်ရဲ့ ကွန်မန့် ကို မိတ်ဆက်ကွန်မန်.့ လိုပဲ သဘောထားပါဗျာ

အပြန်အလှန်ရေးတဲ့ ကွန်မန့် တွေက တော်တော်လေးကိုဖတ်လို့ ကောင်းပါရဲ့

အားလုံး အေးချမ်းသာယာကြပါစေ ....

ခင်တဲ့

ဇီ

ဆရာ aubergine ရေ၊ ဆရာက တော်တော်နောက်တတ်တဲ့လူပဲဗျ။ အူမတိုဖူးသာဆိုတယ် စကားတွေရဲ့ညွှန်ကိန်းက အဲ .. နည်းနည်းပြင်ပြောမယ် “အူပွတယ်” လို့ဆိုပါရစေ။ ဆရာလည်းကျနော့်လို စိတ်သိပ်မခိုင်ရင်ပြောဗျ။ မမြင်ရတော့ ခန့်မှန်းပြောနေရတာ။ ဒါပေမယ့် ခန့်မှန်းစရာမလိုတာက ဆရာ့နာမည်ပါ။ တစ်နှစ်ကို ဒေါက်တာဘွဲ့အများကြီးမထွက်ပါဘူးဗျာ။ မြန်မာပြည်ကဆိုရင် ရှာရင်ပိုတောင်လွယ်နိုင်ပါတယ်။ ရှာတော့မရှာပါဘူးဗျာ။ ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၁၀၀ မှာပါတဲ့ မဲလ်ဘုန်းတက္ကသိုလ်က ပါရဂူဘွဲ့ရသူကို မျက်စိမှိတ်ပြီးအထင်ကြီးရတာ ပိုကောင်းပါတယ်။

ဒါပေသိ အချို့သတိထားစရာလေးတွေတော့ ရှိတာပေါ့ဆရာရယ်။ အနည်းဆုံးဆရာသမားက bogey man လုပ်နေတော့ ဒီသကောင့်သားမှာလည်း phantom man ပြန်လုပ်ရတော့တာပါပဲ။ ဆရာမဲလ်ဘုန်းတက္ကသိုလ်မှာ သင်ခဲ့ရဖို့သေချာတဲ့ professional ethic နဲ့တော့ နည်းနည်းအလှမ်းကွာသွားနိုင်တာပေါ့နော။ အချို့အဲဒီကတက္ကသိုလ်တွေမှာ မဝင်ခင် aptitude test တွေဖြတ်ရတယ်ဆိုပဲ။ လူမှုရေးပိုင်းမှာမအောင်ရင် ဆက်တက်လို့မရဖူးတဲ့။ အော်မေ့နေလို့ ဆရာကအဲဒါတွေနဲ့ကင်းလွတ်တဲ့ postgraduate အဆင့်တွေပဲ၊ ငွေပေးနိုင်ရင်ပြီးတာပါပဲ။ ဒါနဲ့ ဆရာရင်းခဲ့တဲ့ငွေတွေက blood daimond မျိုးတွေက ရလာတာတော့ ဟုတ်မယ်မထင်ပါဘူးနော။

ဘယ်လိုဖြစ်ဖြစ်ပါဆရာရယ်၊ ဆရာ့အနေနဲ့ gossip ထက်တစ်ဆင့်တက်ဆွေးနွေးချင်ရင်၊ common sense, critical thinking, inductive & deductive argument တွေသုံးပြီး ဖလှယ်လိုရင်၊ bogey man ဆက်လုပ်မနေရင်တော့ ကိုယ့်ဘလော့ကိုတောင် ဖိတ်ခေါ်ချင်ပါတယ်။ အရင်ကွန်မန့်ပေးခဲ့တာတွေလည်း တွေ့ပါတယ်။ ဒီတစ်ခါမှာ နည်းနည်းခါရမ်းလာလို့သာ ဝင်ပြောရတာပါ။ အမှန်က hypocrite အချို့တွေကြောင့် ဆရာ့“ဇ”ဟောင်းကလေး ပြန်ပေါ်လာတယ်ပဲသဘောထားပါတယ်။

အမှန်ကတော့ ပို့စ်ရဲ့ရွေးကောက်ပွဲဆိုင်ရာတွေပဲ ဒီမှာလာပြောကြတာကောင်းပါတယ်။ ဒီကိစ္စရဲ့ သက်ရောက်နိုင်မှု၊ ဖြစ်သင့်တယ် မဖြစ်သင့်ဖူးဆိုတာတွေကို “မောင်ဘသည်ညို၏၊ မောင်လှသည်ညို၏ ထို့ကြောင့် မြန်မာပြည်မှလူများအားလုံး အသားညို၏” ဆိုတာမျိုးကလွဲရင် အကျိုးရှိအောင် ဆွေးနွေးဖို့ပဲ အကြံပြုလိုပါတယ်။

ရွှေမန်း

Z - ကျွန်မဘလော့ဂ်မှာ ဇော်မျိုးတစ်ယောက်တည်းကြောင့်ပဲ Moderation လုပ်ဖူးတယ်။ အပေါ်မှာ ရေးထားတာကို သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ ကျန်တဲ့သူတွေ ယဉ်ယဉ်ကျေးကျေး ကောင်းကောင်းမွန်မွန် ရေးရင် ကျွန်မဘလော့ဂ်မှာ ကြိုက်သလောက် ရေးလို့ရတယ်။ မှတ်ချက်သိပ်များတဲ့ ပို့စ်တွေကို ပြန်ကြည့်ကြည့်ပါ။ ကျွန်မနဲ့ သဘောထားတူတဲ့သူထက် သဘောထားမတူတဲ့သူတွေ ပိုများပါတယ်။ တခြားဘလော့ဂါတွေကိုတော့ ပြောမတတ်ဘူး ကျွန်မကို ဘယ် Blogger killer ကမှ Kill လို့မရဘူး။ ကိုယ့်အလုပ်နဲ့ ကိုယ့်မိသားစုနဲ့ အချိန်မပေးနိုင်မှပဲ ပို့စ်တင်တာ ကျဲရင်ကျဲမယ်။ လာလည်သူတွေကို ပုံမှန် ပြန်ဧည့်မခံနိုင်တာ ရှိရင်ရှိမယ် ကျွန်မဘလော့ဂ်က သူများကြောင့်တော့ ဘယ်တော့မှ ရပ်တန့်သွားမှာ မဟုတ်ဘူး။ မှတ်ချက်ပေးတာ ရေးထားတဲ့အကြောင်းအရာနဲ့ပဲ ဆိုင်ပါတယ် ပုဂ္ဂိုလ်ရေး ခင်မင်ရင်းနှီးမှုနဲ့ မဆိုင်ဘူး။ ဒါကြောင့် ဘယ်သူမဆို ပေးလို့ရပါတယ်။ ဘယ်သူ့အတွက်မှလည်း အသုံးမ၀င် အများအတွက်လည်း စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ တမင်ရည်ရွယ်ချက်ရှိရှိနဲ့ အနှောင့်အယှက် လာပေးနေတဲ့ မှတ်ချက်တွေကိုပဲ ဖျက်ရင်ဖျက်မယ် သဘောထားမတိုက်ဆိုင်တာသက်သက်နဲ့တော့ ငယ်နိုင်ဘယ်တော့မှ သူများမှတ်ချက်ကို မဖျက်ဆီးဘူး။

မငယ်ရေ သတ္တိကိုတော့ကြိုက်သွားပြီ ဒါကြောင့် သြစီမှာ နာမည်ကြီးတဲ့ အန်တီကြီး ဖြစ်နေတာဖြစ်မယ်

ကျွန်တော်နိုင်ငံရေးနှင့် ပတ်သက်တာတွေကို မရေးချင်ပဲ အခြားဘလော့တွေမှာ ပျော်စေ ပျက်စေ ကလက်စေဆိုတဲ့ ကွန်မန်.တွေသာ အပျော်ရေးချင်သူတစ်ယောက်ပါ ခုတော့လည်း မနေနိုင် မထိုင်နိုင် နိုင်ငံရေးနှင့်ပတ်သက်တဲ့ ကွန်မန့့် ရေးမိပါတယ်

ကျွန်တော်သိသလောက်တော့ ကိုဇော်မျိုးတစ်ယောက် က နအဖ ရဲ့ ဘလာ့တွေမှာ နအဖ ဆန့် ကျင်ရေးတွေကို ရဲရဲတောက်ရေးနေတဲ့ မငယ်တို့ လို ဒီမိုဘက်ကပဲ မဟုတ်ပါလား မငယ်ကို နည်းနည်းလေးဝေဖန်လိုက်တာနဲ့  စိတ်ဆိုးသွားတာလား သူ့ ရဲ့ကွန်မန့် တွေကို ပိတ်တာ မပိတ်တာက ကျွန်တော့် အလုပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ နအဖကို မတိုက်ခင် ဒီမိုတွေအားလုံး စည်းလုံးညီညွတ်ဖို့ တော့ လိုမယ်ထင်ပါတယ် ဒါကြောင့်မို့ လည်း နအဖ က အနှစ် ၂၀ကျော်အုပ်ချုပ်ခဲ့ပြီး ဆက်လက်အုပ်ချုပ် ဖို.ကြိုးပမ်းနေတာဖြစ်မယ်

တကယ်တော့ မြန်မာပြည်သူတွေကပဲ တကယ်ဒုက္ခရောက်နေတာမဟုတ်ပါလား ကဲ ရွေးကောက်ပွဲမဲမထည့်ဖို့  မငယ်က တိုက်တွန်းပြီ မြန်မာပြည်သူတွေ မဲမထည့်ကြဖူးဆိုပါစို့  ရှေ့ ဆက်ပြီး ဘာအစီအစဉ်တွေရှိပါသလဲ မငယ်တို့ က ပြည်ပက အော်နေတာ လွယ်လွယ်လေးပါ

ဟိုတလောက ဖွဲ့ စည်းပုံအခြေခံဥပဒေ ကိုအတည်မပြုဖို့ ကန့် ကွက်မဲပေးဖို့  စည်းရုံးကြတယ် အတည်ပြုမယ် ဒါမှမဟုတ် တကယ်လို.ကန့် ကွက်ခဲ့လို့ အတည်မပြုရင် ဘာဆက်လုပ် ကြမလဲဆိုတဲ့ အဖြေကတော့ မရှိပါဘူး ဒါပေမဲ့ နအဖ က သူထင်တာ သူလုပ် သွားတယ် ခုလည်းဆက်ပြီးလုပ်နေပါတယ်

မြန်မာပြည်သူလူထုတွေဆင်းရဲကြပါတယ် သူ့ တို့ လည်း စနစ်ကြီးကိုပြောင်းချင်ကြ စီးပွားရေး အဆင်ပြေချင်ကြတာပေါ့ ဒါပေမဲ့ မဲထည့်ချိန်ရောက်လာရင် သွားထည့်ကြ လိမ့်မယ်လို့ ထင်မိပါတယ်

မငယ် မြန်မာပြည်မရောက်တာကြာရောပေါ့ ကျွန်တော့်တော့ ပြန်ဖြစ်ပါတယ် လေယာဉ်က မြန်မာပြည်နယ်စပ်ရောက်လို. လယ်ကွင်းတွေမြင်ရရင် စိတ်ကအလိုလိုပျော်လာပါတယ် ဆင်းရဲချင် ဆင်းရဲမယ် မြန်မာနိုင်ငံသား တွေဟာ မြန်မာနိုင်ငံမှာ ပျော်ကြပါတယ် ကျွန်တော့်အထင်ကတော့ နအဖ ကလည်းသူထင်ရာသူလုပ်နေ အတိုက်ခံတွေကလည်း အချိန်တန်ရင်အော်လိုက် ငြိမ်သွားလိုက်နဲ့  ဘာမှမထူးတဲ့ ထူးမခြားနား ဇတ်ကြီးကို ကနေကြတယ်လို.ထင်မိပါတယ် မဲပေးတဲ့ အချိန်ကြမှ ဆန္ဒပြပွဲတွေပေါ်လာမလားတော့ မပြောတတ်ဖူး ကျွန်တော် သိသလောက်က တော့ မြန်မာလူမျိုးတွေဟာ ခပ်အေးအေးနဲ့ ရောင့်ရဲ့တင့်တိန်း နေကြတဲ့သူတွေပါ သူတို့  မဲထည့်တယ်ဆိုတာ ကြံဖွံ့ တို့ ကို ထောက်ခံတာ မထောက်ခံတာထက် ၀တ္တရားတစ်ခုအနေနဲ့  သွားပြီမဲထည့် ကြလိမ့် မယ်လို့ ထင်မိပါတယ်

မငယ်လည်း ဘလော့အပေါ်မှာ စာလုံးအကြီးကြီးတွေနဲ့ မဲမပေးဖို့ တိုက်တွန်းပြီး နောက်နေ့ မှာ မငယ်ရဲ့ သားလေးပညာရေးနှင့် မိသားစုရပ်တည်ရေး အတွက်ပဲစဉ်းစားနေမှာပါ ကျွန်တော်လည်း ကွန်မန့် တွေရေး ပြီးရင် ကျွန်တော့်သားရဲ့ ပညာရေး ကျွန်တော်တို့ ရဲ့ မိသားစု ရပ်တည်ရေးကိုပဲ ရှေ့ တန်းတင်နေရပါတယ် ကျွန်တော်လည်း တိုင်းပြည်ကိုချစ်ပါတယ် ဒါပေမဲ့ လူတိုင်းက ကိုယ့်မိသားစုအရေးကိုပဲ တကယ်တန်းရှေ့ တန်းတင်တဲ့သူတွေပဲ များကြပါတယ် ချွင်းချက်အနေနဲ.
ဒေါ်အောင်ဆန်းစုကြည် ၊ ကျောင်းသား ခေါင်းဆောင် မင်းကိုနိုင် ၊ ကိုကိုကြီး နှင့် နိုင်ငံရေးတကယ်လုပ်ပြီး အနစ်နာခံ ထောင်ကျနေတဲ့ သူတွေတော့ရှိပါတယ် သူတို့ တွေကိုတော့ ကျွန်တော်တကယ့်ကို လေးစားမိပါတယ်

ကဲမဲမထည့်ဖူး ရွေးကောက်ပွဲကြီးပျက်သွားတယ်ဆိုပါစို့  ဘာဆက်လုပ်ကြမလဲ ဘာအစီအစဉ် တွေရှိပါသလဲ နအဖကတော့ ရွေးကောက်ပွဲပျက်သွားတော့ အာဏာလွှဲပေးရမဲ့အစိုးရမရှိတော့ သူတို့ ပဲ အာဏာကို ဆက်လက်ကိုင်ထားကြဦးမှာ ဖြစ်ပါတယ် အဲဒါဆိုဘာဆက်လုပ်ကြမှာလဲ

ခက်တာကတော့ တကယ့်ကိုခက်ပါတယ်လို့ ပြောရမလိုဖြစ်နေပါတယ်

ကျွန်တော်တို့ လို ပြည်ပကလူတွေက ဘေးရန်ကင်းစွာနဲ့ အော်ချင်တာ အော်တာကို နည်းနည်းလျော့ပြီး လက်တွေ့ မှာ ဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာ အဖြေရှာကြရင်ကောင်းမယ်လို့ ထင်မိပါတယ်

ကျွန်တော်ကတော့ လက်ရှိ အစိုးရကိုမထောက်ခံပါ ဒါပေမဲ့ လောလောဆယ်ဆယ်အခြေအနေရ ပြည်ပကနေပြီး ကိုယ့်တတ်နိုင်သလောက် စာအုပ်စာတမ်းတွေလှူ ကျန်းမာရေးကိစ္စ လူမူရေးကိစ္စတွေမှာ ကူညီတဲ့ ကိစ္စတွေကိုပဲ စိတ်ဝင်စားပါတယ် ရှေ့ က အကြံညဏ်ကောင်းကောင်းနဲ့  ဦးဆောင်ပြီး လုပ်မယ်သူရှိလည်း နောက်လိုက်အနေနှင့် ပါဝင်ဖို့ အဆင်သင့်ပါ

ကဲ ကွန်မန့် လည်း ရှည်သွားပြီမို့  ဒီမျှနဲ့  ရပ်နားခွင့်ပြုပါခင်ဗျာ .....

ကျန်းမာပျော်ရွှင်ပါစေ

ခင်တဲ့

Z

ကိုရွှေမန်းရေ သြစီမှာ ပီအိပ်ခ်ျဒီလုပ်ချင်ရင် အများအားဖြင့် aptitude test မလိုပါ၊ အမေရိကားမှာတော့ ခပ်များများက GRE လိုပါတယ်၊ အဓိကက ကိုယ့်ကိုကြီးကြပ်မဲ့သူ ပရော်ဖက်ဆာနဲ့ လုပ်ချင်ကြောင်းပြောပြီး ကိုယ့်ရဲ့ ကိုယ်ရေးအချက်အပြည့်အစုံပေးရတယ်၊ ပြီးရင်သူက ဒီလူတစ်ယောက်ကိုကျောင်းသားအဖြစ်လက်ခံနိုင် မခံနိုင်ဆုံးဖြတ်ပါတယ်၊ တစ်ချို့ဆရာများက ချိန်းပြီး နှုတ်နဲ့ သေသေချာချာ အင်တာဗျူးပါတယ်။ ကြိုက်ပြီဆိုရင် သူကကျောင်းသားအဖြစ်လက်ခံပါတယ်၊ အဲ့ဒီတော့မှ ကျောင်းကို လိုအပ်တဲ့စာရွက် တစ်ထပ်ကြီးနဲ့ တင်ရပါတယ်။ အင်္ဂလိပ်စာ International Test တစ်ခုလိုပါတယ်၊ တိုဖယ်လို အိုင်အက်တ်စ်မျိုးပေါ့။ အမှတ်များရင် အခွင့်အလမ်းကောင်းနိုင်ပါတယ်။ Aubergine တင်တုံးက ဘယ်ကျောင်းက ကမ္ဘာ့ဘာအဆင့်လည်း ဘာလည်းမကြည့်နိုင်ပါဘူး။ လုပ်ချင်ဇောကြီးနေလို့ ကိုယ်စိတ်ဝင်စားတဲ့ သုတေသနရှိတဲ့ကျောင်းတွေကို စက်သေနတ်ပြစ်သလိုရွေးပြစ်ရတာပါ။ ခေါင်းရှုပ်ပြီး ပိုက်ဆံတော့ နည်းနည်းကုန်ပါတယ် (သမာအာဇီဝနဲ့ရှာထားတာတွေပါ သွေးမစွန်းရပါ)။
သြစီက မဲလဘုန်း နဲ့ မိုနပ်ရှ် ကျောင်းတွေက ကံကောင်းထောက်မစွာ လက်ခံပါတယ် (ကံကောင်းလို့ပါလို့ထပ်ပြောပါရစေ)။ စတိုင်ပန်ငွေက နေစားလောက်ရုံလောက်ပါ စီးပွါးလည်းမဖြစ်ပါ၊ မဲလဘုန်း ကိုပဲ လုပ်မဲ့အလုပ်ပေါ်စိတ်ပိုဝင်စားမှုကို အခြေခံပြီးရွေးခဲ့ပါတယ်။ Aubergine အတွေ့အကြုံပါ၊ နေရာတစ်ကာ ဒီပုံစံတော့ဖြစ်ချင်မှဖြစ်မှာပါ။ အချိန်နဲ့အမျှပြောင်းနိုင်ပါတယ်။
မြန်မာပြည်သူအားလုံး အသားညိုတယ်လို့ မသတ်မှတ်ပါ၊ ဖြူသူတွေလည်း တွေ့ဖူးပါတယ်။ ကိုရွှေမန်း Aubergine ကိုရှာချင်လည်းရှာ မရှာချင်လည်းနေပါ၊ ကိုရွှေမန်းသဘောအတိုင်းပါပဲ၊ အမျိုးသားလား အမျိုးသမီးလားသာကွဲပါစေ။ ကိုရွှေမန်းဘလော့ရှိရင်လည်း လင့်ခ် လေးပေးပါ၊ အချိန်ရ ရင်လာလည်ချင်ပါတယ်။ စိတ်ချပါ ကိုရွှေမန်း မှန်မှန်ကန်ကန်ရေးထားတာကြီး တွေ့ရက်နဲ့ bogeyman မလုပ်ပါဘူး၊ ဂတိပေးပါတယ်။ ဒီပို့စ်မှာ ရပ်ပါတော့မယ်ဆိုမှ လက်ကိုက... ကဲကဲ blog owner ရေ ဒီတစ်ခါတစ်ကယ်ရပ်ပါပြီ။
Aubergine

ဆရာ Aubergine ရေ၊

ကံကောင်းလို့ Melbourne နဲ့ Monash တက္ကသိုလ်တွေက လက်ခံခဲ့တယ်လို့တော့ မနှိမ့်ချလိုက်ပါနဲ့ဗျာ၊ နှစ်ကျောင်းလုံးက ကမ္ဘာ့ထိပ်သီး ၁၀၀ မှာပါပြီးသားပါ။ Monash ဆိုရင်လည်း သြစတြေးလျထိပ်သီး ၁၀ မှာပါပြီး မလေးရှားမှာတောင် ကျောင်းခွဲရှိလို့ အာရှမှာလူသိများပါတယ်။ Melbourne ဆိုလည်း humanity ဘက်မှာကမ္ဘာ့ထိပ်သီး ၂၀ ထဲမှာပါ။ ကံ၊ ဥာဏ်၊ ဝိရိယပေါင်းဆုံနိုင်ပါမှ ဖြစ်စရာရှိတာဖြစ်လာတာပါ။ ဒါပေမယ့် သူတို့နိုင်ငံသား undergraduate တွေကတော့ အထက်တန်းမှာ ဘာသာစုံဂုဏ်ထူးရတာတောင် ဒီလိုကျောင်းမျိုးဝင်နိုင်ဖို့ မသေချာဖူးဆိုလို့ ဆရာတို့လောက်တော့ ကံမကောင်းဖူးပေါ့ဗျာ။

မြန်မာပြည်သားကိစ္စကတော့ ညိုတာမညိုတာမရည်ရွယ်ပါဘူး။ အချို့ အထူးသဖြင့် စစ်အာဏာရှင်တွေဖက်က နာသူတွေအတော်များများ လုပ်တတ်တဲ့ logic ဘယ်လိုမှမကျတဲ့ ကောက်ချက်တွေကို နမူနာပြောတာပါ။ ပြီးရင် နာမည်လည်းသွားမရှာပါဘူးဗျာ၊ ပေးသိချင်မှပဲသိယူပါတော့မယ်။ ဘလော့ကတော့ နကိုကတည်းက phantom နဲ့ စထားမှတော့ ဒီအတိုင်းပဲဆက်သွားပါရစေတော့။ ကျနော့ဘလော့မှာ မငယ်နိုင်လို စီကာပတ်ကုံး ဂဃနဏဘာတစ်ခုမှ ဂုဏ်ယူလောက်စရာမရှိတာမို့ သိပ် serious ဖြစ်မှသာ မငယ်နိုင်ဆီကတစ်ဆင့် personally တောင်းလိုက်ပါဗျာ။

Z ကိစ္စနည်းနည်းပြောချင်ပါသေးတယ်။ အားလုံးသဘောမတူပေမယ့် မဲမထည့်ဖူးဆိုတာပြီးရင် ဘာဆက်လုပ်ရမလဲဆိုတာကို ထောက်ပြမေးမြန်းသွားတာကိုတော့ သဘောကျပါတယ်။ ကျနော်တို့ ရေရှည်အစီအစဉ်တွေ လစ်ဟာနေကြတာတော့အမှန်ပါ။

ဒါပေမယ့် ပြည်သူတွေ ဝတ္တရားတစ်ခုအနေနဲ့ မဲသွားထည့်ကြလိမ့်မယ်ဆိုတာကိုတော့ အလွယ်ရောချလိုက်တာလို့ မြင်ပါတယ်။ မြန်မာပြည်သားတွေ နိုင်ငံရေးအသိတွေ လိုအပ်နေတာမှန်ပေမယ့် ဒီလိုတော့လျှော့မတွက်သင့်ပါဘူး။ နောက်ပြီး ပြည်ပကအော်နေတာ လွယ်လွယ်လေးပါးဆိုတာကိုပါ။ ဒီအချက်ကတော့ အခြားဒီမိုဆိုသူတွေကို တိုက်ခိုက်နေသူတွေရဲ့ မြန်မာပြည်ပြန်လုပ်ပါလား ဆိုတာမျိုးပြောတာတွေနဲ့ သွားဆင်နေပါတယ်။ Z ကတော့ ဒီသဘောနဲ့ပြောတယ်မထင်ပါဘူး။ သေချာတာကတော့ ပြည်တွင်းပြည်ပပူးပေါင်းလုပ်ဖို့ လိုတယ်လို့မြင်ပါတယ်။ ပြည်တွင်းအားဟာ ပြည်တွင်းမှာသာရှိတယ်ဆိုပေမယ့် ပန်းသီးတောင်မတွေ့ဖူးတဲ့သူကို ပန်းသီးဟာစားလို့ရတယ်၊ ယိုထိုးလို့ရတယ်၊ ဟင်းချက်လို့တောင်ရတယ်ဆိုပြီး ဘေးကနေပြော၊ ဘာလုပ်မလဲဆိုတာ ထိုင်ကြည့်စေချင်တာနဲ့အတူတူပါပဲ။

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ ဆရာသမားများကို တစ်ယောက်မှ လူဆိုးတွေလို့ မထင်ပါဘူး။ စိတ်ကောင်းအရင်းခံရှိပြီး နောက်ခံတွေအရ အမြင်မတူကြတာလို့ပဲမြင်လို့ ဝင်ပြောပြတာပါဗျာ။ ကိုယ်လုပ်စရာရှိတာတော့ ကိုယ်ဆက်လုပ်ကြတာပေါ့။ အချိန်ပြည့် နိုင်ငံရေးမလုပ်ပေမယ့် နောင်များလည်း ကြုံကောင်းကြုံလာကြအုံးမှာပါ။ ကျေးဇူးတင်ပါတယ်။

ရွှေမန်း

ကိုရွှေမန်းသို့  ....

ခင်ဗျားရဲ့ ကွန်မန့့်အတွက်ကျေးဇူး တင်ပါတယ် မဲမပေးဖူးလို့  အင်တာနက်က အော်နေတာ မကောင်းဖူးလို့ မဆိုလိုပေမဲ့ မြန်မာနိုင်ငံမှာ အင်တာနက်ကို အိမ်မှာ သုံးနိုင်တာလူအနည်းစုပဲဖြစ်ပါတယ် အစိုးရထိပ်သီးပိုင်းတွေနဲ. ပတ်သက်တဲ့ သူတွေသာသုံးနိုင်ပြီး ဒီမိုဘလော့တွေကို ကြုံရင်ကြုံသလို ၀င်ဆဲနေတဲ့ အဖွဲ့တွေပေါ့ အင်တာနက်ဆိုင်တွေက ရက်ကွက် တွေထဲမှာ ဆိုင်တွေဖွင့်ထားပြီး လူငယ်အများစုသုံးနိုင်ကြပါတယ် ဒါပေမဲ့ နိုင်ငံရေးဘလော့တွေကို ဖတ်ချင်ပေမဲ့ ထောက်လှမ်းရေးတွေကိုလည်းကြောက်နေရတဲ့ဘ၀ပါ

ခင်ဗျားပြောတာလက်ခံပါတယ် ပြည်တွင်း ပြည်ပ ပေါင်းစည်းပြီး ကြရာတာဝန်ကနေ ဆောင်ရွက်သွားဖို့ က အားလုံးရဲ့ တာဝန်ဖြစ်ပါတယ်

အမှန်က အောက်ခြေ၀န်ထမ်းတွေ စစ်သားတွေဟာလည်း ဆိုးရွားလှတဲ့ စီးပွားရေးကို ပြည်သူတွေနဲ.အတူ ခါသီးစွာခံစားနေကြရပါတယ် သူတို့ ကို ဆဲနေမဲ့အစား ဆန္ဒပြမူမှာ ဘယ်လိုပါဝင်လာကြမလဲဆိုတာ စည်းရုံးဖို့ လိုနေပါတယ်

ခေါင်းဆောင်ဆိုတဲ့သူကို မကြေနပ်လို့ ဆဲတာ ကျွန်တော်ဘာမှ မပြောလိုပါဘူး ကျွန်တော်သူတို့ ဘက်ကနာစရာလည်း မလိုပါဘူး ဒါပေမဲ့ ကျွန်တော်ခံယူချက်က အဲ့ဒီ့ ခေါင်းဆောင်ဆိုတဲ့သူကို လုပ်ကြံတာတောင် လိုရင်းပန်းတိုင်ကို မရောက်နိုင်ဖူးလို့  ထင်မိပါတယ် နံပါတ် ၁ သွားရင် နံပါတ် ၂ တက်လာပြီး ဒီလိုပဲ အဆင့်ဆင့် တက်လာကြမှာမို. ပြဿနာရဲ့ အဖြေမဟုတ်ဖူးလို့ ကျွန်တော်ခံယူမိပါတယ်

မြန်မာနိုင်ငံမှာ မကြေနပ်တဲ့သူက ၉၅% လောက်ရှိတာတော့ သေချာပါတယ် ဒါပေမဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ မသိတော့ ခုလိုကြာနေရတာပေါ့ နည်းဗျူဟာ နဲ. စည်းလုံးညီညွှတ်မူက အဓိကလို့  ထင်မိပါတယ်

ကျွန်တော်က မတရားတဲ့ ရွေးကောက်ပွဲကို ပြည်သူတွေ မဲသွားထည့်ရင်တောင်အပြစ်လို့  မြင်မိမှာမဟုတ်ဖူး သူ့တို့ မှာလည်းသူတို့ ရဲ့ မလွန်ဆန်နိုင်တဲ့ အခြေအနေအကြောင်း တရားတွေ ရှိနေကြတယ် ကျွန်တော်မနှစ်က ရန်ကုန်ပြန်တော့ ကျွန်တော်တို့ အိမ်ကို ရပ်ကွပ်က ဆယ်အိမ်ခေါင်းဆိုတာ ရောက်လာပါတယ် သူ့ က ကြံဖွံ့ ရဲ့ တာဝန်ကိုလည်းယူရတဲ့ သူယူဖြစ်ပါတယ် သိပ်တော့ဆိုးလှတဲ့ သူတော့မဟုတ်ပါဖူး ကျွန်တော်တို့  အိမ်နီချင်း အိမ်တွေမှာ ဧည့်သည်တွေရောက် နေလည်း မြို့ နယ်က လာစစ်ရင် ဘယ်သူ့ မှ တစ်ခြားမြို့ က လာတည်းတဲ့သူမရှိဖူးဆိုပြီး တာဝန်ယူလိုက်တော့ အိမ်တိုင်းကို ညလာမစစ်တော့ဖူး အဲ့ဒီ့လူက ကျွန်တော်တူ နှင့် တူမ ၄ယောက်ကို ကြံ့ ဖွံ့ ဝင်ဖို့  လာစည်းရုံးပါတယ် သူက လုပ်အားပေး မခေါ်ဖူးလို့  ဂတိပေးပြီး လျှောက်လွှာဖောင် တွေကို ပေးသွားပါတယ် ကြံဖွံ့ အင်အားပြဖို့  လိုတယ်လို့ ပြောသွားပါတယ် အဲဒီ့လိုနဲ့ အိမ်တိုင်းကို စည်းရုံးတယ်လို့ ထင်ပါတယ် ကျွန်တော့်အကို ကို ကျွန်တော်က ဘာလို့ ဝင်ရမှာလည်းမေးတော့ စကားနည်းရန်စဲ ပြဿနာမတက်ချင်ဖူးလို့ ပြောပါတယ် ကျွန်တော်ကလည်း ခဏပြန်တဲ့ဧည့်သည်မို့  သူတို့ ကြံဖွံ့ ဝင်ဖို့ ၊ မ၀င်ဖို့ ပြောပိုင်ခွင့်မရှိပါ

ကျွန်တော့်တစ်ဦးတစ်ယောက်ရဲ့ ခံယူချက်နှင့် လုပ်နိုင်သလောက်ကတော့ သူတို့ နဲ့ ပတ်သက်တဲ့ ကုမ္ပဏီမှာ မလုပ်ဖူး သူ့ တို့ နဲ့  မပတ်သက်ဖူး ၊ ငွေအားဖြင့် မချမ်းသာပေမဲ့ သမာအာဇီဝ အလုပ်ဆိုတော့ စိတ်ချမ်းသာတယ် ညအိပ်ရင် အိပ်ပျော်ပါတယ်

ခင်ဗျားရဲ့ ဘလော့ကို စီဘောက်မှာ လင့် တင်ပေးဖို. မေတ္တာရပ်ခံအပ်ပါတယ်


အေးချမ်း ပျော်ရွှင်ကြပါစေ

Z

Professional တယောက်အနေနဲ့ Critical Thinking ရှိသင့်ပြီး Professional Practice ကို ကျင့်သုံးတဲ့အနေနဲု့ အခြေအမြစ် ရှိရှိ ပြောသင့်တယ်လို့ Aubergine ကို အကြံပြုမိမှပဲ ပိုဆိုးသွားတယ်။ ကိုယ့်ကိုယ်ကိုယ် Professional ဖြစ်ကြောင်း သိကြောင်းပြပြီး ပြောလေ ကျွန်မ ပြောလိုတဲ့ မူရင်းနဲ့ လွဲလေ ဖြစ်လာတယ်။ ဒါပေမဲ့ ကိစ္စတော့ မရှိဘူး ကျွန်မ ထောက်ပံ့ကြေး စားနေတာ မဟုတ်ဘူး ဆိုတဲ့စကားကို တလွဲနားလည်ပြီး Aubergine က Resettlement နဲ့ ပတ်သက်တာတွေကို တလုံးတပါဒကြီး လာရေးထားတယ်။ Resettlement နဲ့ ပတ်သက်ပြီး ကျွန်မ သြစကြေးလျားကို ဘယ်လိုလာတယ်ဆိုတာ Migration Story ဆိုတဲ့ပို့စ်ထဲမှာ အသေးစိတ် ရေးထားပြီးသား ရှိပါတယ်။ ကျွန်မ ဒီမှာ ကတ်သလစ် ဘကြမ်းကို ပြန်ပြောတာ Resettlement နဲ့ ဘာမှမဆိုင်ဘူး။ ဒေါ်လာရနေတယ် အပေါ်ကထောက်ပံ့ထားလို့ ဘလော့ဂ်ရေးနေတယ်ဆိုတာကို ပြန်တုန့်ပြန်တာသာ ဖြစ်တတယ်။ စာလာဖတ်သူတွေထဲက စိတ်ဝင်စားတဲ့သူတွေအတွက် မသိသေးတာကို သိသွားကြလို့ အာဂျင်ဒါ လွဲပေမဲ့ Aubergine လာရေးထားတာ အကျိုးတော့ သိပ်မယုတ်ပါဘူး။

အကျိုးယုတ်တာ တခုတော့ ရှိပါတယ်။ နအဖလက်ပါးစေ ကတ်တလစ်ဘကြမ်းက ကျွန်မကို ဒေါ်လာရလို့ အပေါ်ကခိုင်းထားလို့ ဘလော့ဂ်ရေးနေတယ် ဆိုပြီး မကြာခဏ မထိတထိ လာစတတ်ပြီး အခုလည်း ဒီလိုလာရေးထားလို့ ပြန်ပြောထားတာကို လာစသွားတဲ့ ကတ်သလစ်ဘကြမ်းက ကျွန်မဘာကို ဆိုလိုတယ်ဆိုတာ ကောင်းကောင်းသိပါတယ်။ ပညာရှင်ဆိုတဲ့ Aubergine က ဒေါက်တာဘွဲ့ကိုတောင် အားမနာ မဆီမဆိုင် အဓိပ္ပါယ်ကောက်ပြီး Emotional Intelligence လုံးဝမရှိဘဲ မခံမရပ်နိုင်ဖြစ်ကာ လူဗြိန်းလေသံနဲ့ တလွဲလွဲတချော်ချော်တွေ လာရေးထားတယ်။ ဒီလို အပြန်အလှန် ပြန်ဆွေးနွေးနေရတာကို ကြည့်ပြီး ကတ်သလစ် ဘကြမ်းတယောက် သူ့ဗျူဟာ အထမြောက်လို့ ကွယ်ရာကနေ ဟားတိုက်ရယ်နေမှာကိုတော့ မြင်ယောင်နေပါတယ်။ ဒီတခုပဲ အကျိုးယုတ်ပါတယ်။ ကျန်တာတွေကတော့ လေယူလေသိမ်း အပြုအမူ အပြောအဆိုအရ ပညာရှင်တယောက်မှာ ရှိသင့် ရှိထိုက်တဲ့ Professional behaviour မတွေ့တာကလွဲရင် Aubergine ပြောတာမဆိုးပါဘူး။


Aubergine က လူတယောက်ကို အမြင်ကပ်ရင် အမြင်ကပ်သလို ဟုတ်မှန်းမဟုတ်မှန်းမသိ လူဗြိန်းတွေ ပြောသလို ထင်ရာစွပ်စွဲတတ်တာကို ပညာရှင်တယောက်အဖြစ် မသိခင်ကတော့ ဘယ်လိုမှ မခံစားရပေမဲ့ သိလိုက်ရတဲ့အချိန်မှာ အံ့သြ ဂရုဏာ သက်မိတာအမှန်ပါ။ Aubergine ကို စပြီးသတိထားမိတာ C-Box မှာ ကျွန်မသူငယ်ချင်း မဗေဒါကို ကဲ့ရဲ့ပြစ်တင် ရှုပ်ချတာတွေ မကြာခဏ လာရေးတတ်ပြီး ကျွန်မရဲ့ ()ပို့စ်မှာလည်း မဟုတ်တာ ကြွားထားတယ်ထင်ပြီး C-Box မှာ လာရေးထားလို့ ကော်ပီပြန်ကူးပြီး မှတ်ချက်မှာ အကြောင်းပြန်ထားပေးတာ ရှိပါတယ်။ အခုလည်း အင်တာနက်ကြေးနဲ့ ဖုန်းခပေးရတာ ကြွားပြောတယ်ထင်ပြီး မဖြစ်နိုင်ဘူး ထင်ရင်လည်း မဖြစ်နိုင်ဘူးဆိုတာ ကိုယ့်အဆင့်နဲ့ တန်အောင် ပြောတာ မဟုတ်ဘဲ အရပ်ထဲက ကြက်တိုက်သမား ကြက်လောင်းသမား လေသံနဲ့ လာပြောထားတယ်။
ဆက်ရန်

ဒီတော့ Aubergine ကို ပညာရှင်မှန်း သိတဲ့အချိန်မှာတော့ Aubergine စွပ်စွဲတဲ့အတိုင်း စွပ်စွဲတာနဲ့ တန်အောင် တကယ်ပဲ ကြွားချင်စိတ်က ပေါ်လာတယ်။ ((((ဒီblog ပိုင်ရှင်က ဘယ်လိုရပ်ဝန်းမှာနေနေရလို့လဲမသိဘူး လာသမျှလူ ကို သူ့ထက်ပညာနိမ့်တယ် သူ့လောက်မှမသိဘူး ကျောင်းကောင်းကောင်းမတက်ဖူးဘူးလို့ ထင်နေပုံရတာက တစ်ကြောင်း Australia က internet အတွေ့အကြုံ အကြောင်းကလည်းပြောရမည်ဖြစ်သည်က တစ်ကြောင်းမို့ နည်းနည်းလေးပြောလိုက်မိတာပါ..သည်းခံပါ စိတ်မခိုင်ရင်နောက်မပြောမိအောင် သတိထားပါ့မယ်။))))

Aubergine တို့လို နိုင်ငံခြားက တက္ကသိုလ်ကောင်းကောင်းတွေမှ PhD ဘွဲ့တွေ ရကြတာ မြန်မာပြည်သား ရာထောင်မက ရှိနိုင်ပါတယ်။ ငယ်နိုင်လို အထက်တန်းအဆင့်ကို အသက်အရွယ် Mid-30s မှ နိုင်ငံခြားတိုင်းပြည်မှာ ပြန်တက်ပြီး မိမိထက် အသက်တ၀က်တိတိ ငယ်တဲ့ကျောင်းသူကျောင်းသားလေးတွေနဲ့ တက္ကသိုလ်အတူတူ စတက်တဲ့သူတော့ များများ ရှိမယ်မထင်ဘူး။ ရှိရင်တောင်မှ လက်ချိုးရေလို့ ရမယ်ထင်တယ်။ ကျွန်မတော့ တယောက်မှ မသိဘူး။ ကျွန်မ Essay မှာ အမှတ်ကောင်းကောင်း ရတယ်လို့ ပြောခဲ့တာ ရေးထားတဲ့ အကြောင်းအရာနဲ့ ဆိုင်တယ်ဆိုတာ ပို့စ်အောက်မှာ ရှင်းပြထားပြီး ဖြစ်တယ်။ ဒါကြွားတယ်မဟုတ်ဘူး။ အခု တကယ်ကြွားတော့မယ်၊ အဲဒီတုန်းက အင်္ဂလိပ်စာမို့ ကျွန်မက အင်္ဂလိပ်စာ ညံ့တော့ သတ်ပုံမှားပြီး အမှတ် (၂၀) ပေးတဲ့ Essay က ၁၈ မှတ်ပဲ ရခဲ့တယ်။ အင်္ဂလိပ်စာ သဒ္ဒါတွေ သတ်ပုံတွေ ဘာမှမကြည့်ပဲ အကြောင်းအရာနဲ့ တင်ပြပုံကိုပဲ ကြည့်တဲ့ Science Assignment တွေဆိုရင် အမှတ် ၃၀ ပေးရင် ၂၈.၅ (Chemistry)၊ ၁၅ မှတ်ပေးရင် ၁၄ မှတ် (Nutrition)၊ အမှတ် ၄၀ ပေးတာ ၃၇ မှတ် (Bilogy)၊ ခုနက Aubergine က ကျွန်မကြွားဘဲနဲ့ ကြွားတယ်လို့ ပြောတဲ့ အင်္ဂလိပ် Assignment ထက် အကုန်လုံး မသာနေဘူးလား။ Aubergine ငယ်ငယ်က မြန်မာပြည်မှာတောင် အဲဒီလို မရဖူးမှာမဟုတ်လို့ မနာလိုသ၀န်တို ဖြစ်ပြီး မခံမရပ်နိုင်လည်း ဖြစ်မနေနဲ့ဦး။ Professional ဆိုတာ Emotional ကို Intelligence ဖြစ်ရမယ်တဲ့ ကျွန်မ အခုတက်နေတဲ့ University of Thechnology, Sydney (UTS) က Humanity နဲ့ ပတ်သက်တဲ့ Subject တခုခုမှာ Bachelor Degree အဆင့်တက်နေတဲ့ ကျောင်းသားတိုင်း သင်ရပါတယ်။ PhD အဆင့်ဆိုရင်တော့ ဒီထက်အများကြီး ပိုသင်ရမှာပေါ့။

ဆက်ရန်

နောက်တခု ကျန်သေးတယ် သြစကြေးလျားမှာ Australia National University, Melbourne University, Sydney University တွေဟာ ဘက်ပေါင်းစုံ Everage အနေနဲ့ ဘယ်လောက်ပဲ ကောင်းတယ်လို့ ပြောပြော Teaching and Learning ဆိုတဲ့ Category တခုထည်းကို ကြည့်ရင်အော်စီရဲ့ အကောင်းဆုံး တက္ကသိုလ်ဟာ University of Technology, Sydney (UTS) နဲ့ Wollongong University နှစ်ခု ဖြစ်တယ်။ ပညာရေးမှာ Teaching and Learning က အရေးကြီးဆုံး မဟုတ်လား။ ကျန်တဲ့ အားကစားတို့ ကျောင်းအင်္ဂါရပ်နဲ့ ညီတာတွေက သာမညတွေပါ။ ကြွားတာမဟုတ်ဘူး မယုံရင် အင်တာနက်မှာ ရှာကြည့်။ ဒါ ၂၀၀၈၈ ခုနှစ်က ဖက်ဒရယ် အစိုးရလုပ်တဲ့ စစ်တမ်းဖြစ်တယ်။ Aubergine ရေ ကျွန်မက ကိုယ့်ထက်အသက်တ၀က်ခန့် ငယ်တဲ့သူတွေနဲ့ ကျောင်းအတူတူ တက်နေလို့ အခုပြောတဲ့ အကြောင်းအရာတွေက Aubergine level နဲ့ သတ်မှတ်တာက ကြွားတယ်ဆိုရင်လည်း ကြွားတယ်လို့ သဘောထားလိုက်ပါ။ ဒါပေမဲ့ အမှန်အတိုင်း သတ်မှတ်ရင် ဒါတွေက Aubergine ကျွန်မကို ပြောသလို အခြေအမြစ်မရှိ မဟုတ်ဘူး အမှန်တွေကို အမှန်အတိုင်း ပြောတာ ဖြစ်တဲ့အတွက် Confidence ရှိတယ်လို့ ခေါ်ပါတယ်။ ကျွန်မက Aubergine PhD ဘွဲ့ရမဟုတ်လို့ Professional လည်း ဆန်ဖို့မလိုဘူး။ ဒါတွေက Aubergine ဘယ်လိုပဲ ထင်ထင် ကျွန်မ ဂရုမစိုက်ဘူး။ Aubergine ပြောတဲ့ ဒုက္ခသည်လျှောက်ပြီး လုပ်စားနေတဲ့သူတွေနဲ့ ပတ်သက်ပြီး တကယ်လည်း ရှိနေတဲ့အတွက် ကျွန်မ ဘာမှ မပြောလိုဘူး။ ဒါပေမဲ့ နောက်တခါ လာရေးရင်တော့ အကုန်လုံးကို သိမ်းကျုံးပြီး လာမပြောပါနဲ့ ကျွန်မတို့ ငယ်ငယ်က ရွာကကြက်တိုက်သမားတွေ ပြောတဲ့လေသံလို လာမပြောပဲ ပညာရှင်ဖြစ်တဲ့အတွက် ပညာရှင်ဆိုရင် ပညာရှင်ဆန်ဆန် ပြောရင် ကျွန်မ လက်ခံတယ်။ မဟုတ်ရင်တော့ ဒီဘက်နားက ၀င်လာတာ ဟိုဘက်နားကထွက်ပြီး Aubergine ပြောတဲ့စကား Aubergine ဆီကိုပဲ ပြန်ရောက်မှာ ဖြစ်တယ်။ ကျွန်မ Assignment တွေ၊ Workplacement တွေနဲ့ အလုပ်များနေလို့ အကြောင်းပြန်နောက်ကျသွားပါတယ်။

အမှားပါရင်လည်း ပညာရှင်မဟုတ်လို့ပဲ သဘောထားလိုက်ပါ။ စိတ်တိုပြီး Emotional Labour ကို သုံးမတတ်ပဲ မခံမရပ်နိုင် ဖြစ်ရင်တော့ ပညာတတ်ကို ပြန်ပြီး Emotional Support ပြန်လုပ်လို့ မတတ်ဘူးဆိုတာ ကြိုပြောထားမယ်နော့်။

ကျမ အလည်လာရောက်ရင်း အမြင်မတူတာလေးတွေ ရှိလို.ရေးလိုက်တာပါ.... ကွန်.မန်.တွေက များလွန်းလို.ကုန်အောင်တောင်မဖတ်နိုင်ပါဘူး..မျက်ရိုးတွေကိုက်လို.ပါ.
အဓိကပြောချင်တာက ကတ်သတစ်ဘကြမ်း နဲ.အော.ဘာဂျင်း တို.ပါပဲ....ကျမ ရှင်တို.ပြောတဲ့ တချို.အချက်တွေ မှန်တယ်ဆိုတာ လက်ခံပါတယ်.. နိုင်ငံတကာက မြန်မာပြည်အရေးကို စိတ်ဝင်စားလာတာနဲ.အမျှ နိုင်ငံရေးကိုခုတုံးလုပ်သူတွေ များလာတယ်ဆိုတာ လက်ခံတယ်.. ဒါပေမယ့် ဒါဟာ အရေအတွက်တခု.. မြန်မာပြည်တွင်းမှာ ညှင်းပန်းနှိပ်စက်ခံရပြီး ထွက်ပြေးလာရတဲ့ တိုင်းတပါးမှာ အသက်ဘေးခိုလှုံလာရတဲ့ သူတွေက တပိုင်း ..မတူပါဘူး..မရောပါနဲ...ကိုယ့်လိပ်ပြာကိုယ်သိကြပါတယ်... တကယ်အသက်ဘေးကြောင့်ရောက်လာခဲ့ရတဲ့ သူတွေ ကို ကူညီထောက်ပံ့တာ ရှင်ကဝမ်းတောင်သာပေးရမှာပါ.. ရှင်ကိုယ်တိုင်ထောက်ပံ့ချင်တယ်ဆိုလဲ ပြောပေါ့.. လုပ်စားတို.ကတော့ သူ.လမ်းသူသွားမှာပေါ့.. နောက်တခုက ဘလော့ရေးတဲ့သူတိုင်း မြှောက်ပေးတဲ့သူရှိလို.၊ အထက်ကခိုင်းလို..ဘာတွေလဲ နည်းနည်လေး ခေါင်းသုံးပါ..ရှင် ပညာတတ်ဆို broad-minded ဖြစ်အောင်လုပ်ပါဦး...ပညာတတ်ဆိုတာ စာအုပ်ထဲက ပညာကိုပြောတာလား..အပြင်မှာ အသုံးမချနိုင်ရင် အလကားနော်..ခုခေတ်မှာ ph.d ဝယ်လို.ရတယ် သိလား.(စတာပါ..မစော်ကားရဲပါဘူး..)...ဒီလို ပြည်ပကလူတွေ ဖြစ်နေတာကတပိုင်း... အမှန်တရားက တပိုင်းပါ..ဒီလူတွေကို ကြည့်ပြီး အမှန်တရားကို ဥပေက္ခာပြုချင်လို.လား...သတ်သတ်စီနော်.. ခုကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲက တဖက်သတ်ကြီး..ဥပဒေ အတိုင်းဆိုရင် ကြံ့ဖွတ်ဆိုတာ တရားမဝင်ဘူး...နိုင်ငံတော်အဖွဲ.အစည်းအနေနဲ.ပြည်သူပိုင်ငွေတွေကို သုံး..ပြည်သူတွေ ဝန်ထမ်းတွေကို အနိုင်ကျင့်ဝင်ခိုင်းထားပြီး ကြီးထွားလာမှ ပြိုင်ပွဲဝင်ပါတီကို ကူးပြောင်းတာ..တကယ်ဆို ပြိုင်ချင်ရင် အများတန်းတူ ၁ ကနေစရမှာမလား...မဲဆွယ်ရာမှာ နိုင်ငံတော်အာဏာ အလွဲသုံးစားခြင်းဖြစ်တဲ့ ပါမစ်ချပေးခြင်း..ကျေးရွာတွေမှာ အတင်းဖောင်ဖြည့်ခိုင်းခြင်း ဒါတွေ မကျူးလွန်သင့်ဘူး.. နောက်ဆုံး တချက်ပဲပြောမယ်..ဥပဒေနဲညိစွန်းသူတွေ မပါဝင်ရဘူးဆိုရင် ဒီပုတ်သင်ညိုတွေဟာ ရာဇဝတ်မှု.ပေါင်းများစွာ ကျူးလွန်ခဲ့လို.ု ပြည်သူတွေက တရားစီရင်ချင်နေတဲ့ ရာဇဝတ်ကောင်တွေပါပဲ..ဒါကြောင့် ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်မရသင့်ပါဘူး...

ခုလို ကျမကို ရေးခွင့်ပေးလို.ကျေးဇူးပါ..

နောက်မှ ထပ်ဆွေးနွေးတာပေါ့နော်..

လေးစားစွာဖြင့်
simple views

ဆရာ Z ခင်ဗျား၊

ဆရာရေးသွားတာတွေက ဟုတ်ပါတယ်။ အသေးစိတ်တွေကတော့ အများကြီးပေါ့ဗျာ။ ခုချိန်မှာ ခြံစည်းရိုးပေါ်မှာ ခွထိုင်နေကြသူတွေကလည်း အတော်များပါတယ်။ (ကျန်စစ်သားလို ဟိုဖက်ဒီဖက်ခြံခုန်နိုင်လောက်တဲ့ စူပါ့စူပါတွေကလည်း ရှိသေးသဗျ။) အလုပ်နဲ့ အသိအမြင်တွေ အပိုင်းပဲလိုတော့တယ်လို့ ခံယူမိတာပါပဲ၊ ကျနော် မှားရင်လည်းမှားနိုင်ပါတယ်။ ဆရာသမားအနေနဲ့ တနိုင်တပိုင်ကင်းအောင်နေတယ်ဆိုလို့ လေးစားပါတယ်ဗျာ။ ကျနော်လည်း လိုချင်တဲ့ ပညာတွေသင်ဖို့ လုပ်ဆဲကိုင်ဆဲပါ။

ကွန်မင့်အဆုံးမှာ ကျနော့်ဘလော့လင့်ကို စီဘောက်မှာတင်ပေးဖို့ မေတ္တာရပ်ခံတာကတော့ တော်တော်ဆိုးတာပဲဗျ။ ဆရာ Aubergine ကိုလည်း ပြောပြီးသားမို့ လင့်တင်ပေးလိုက်ဖို့က လွယ်ပေမယ့် ကိုယ့်တံတွေးကိုယ်ပြန်မျိုရမလို ဖြစ်နေပါတယ်။ ဖြစ်နိုင်ရင်တော့ ဆရာသမားရဲ့ အီးမေးလ်ဖြစ်ဖြစ်၊ လင့်ဖြစ်ဖြစ့်တင်ပေးရင် သီးသန့်စာရေး အကြောင်းကြားပေးပါ့မယ်။ ဆရာ Aubergine လည်း ထို့နည်းလည်းကောင်းပါပဲ။ အမှန်က မငယ်နိုင်ဘလော့မှာ ကျနော့်လင့်ရှိပြီးသားဖြစ်ပေမယ့် စာအုပ်ကြီးအတိုင်းလိုက်ပြီး ကိုယ့်ကိုယ်ကို မကြော်ငြာတာကိုတော့ ခွင့်လွတ်ပေးပါဗျား။

ရွှေမန်း

ဆရာတဲ့ ကိုရွှေမန်းကတော့ လုပ်ချ လိုက်ပြန်ပြီ အဲ့ဒီလိုလည်းမဟုတ်ပါဖူးဗျာ ကျွန်တော်လည်း မနေနိုင် မထိုင်နိုင် ၀င်မန့် မိတာပါဗျာ

အားသာတယ်ဘက် အားနည်းတဲ့ဘက်ကို ရပ်တည်တာ မဟုတ်ပါဖူးဗျာ လောလောဆယ်ရှုံးနေပေမဲ့ မှန်တယ်ထင်တဲ့ ဘက်ကရပ်တည်တာပါဗျာ

မနက်မိုးလင်းလို့  မျက်နှာသစ်တဲ့အခါ မှန်ကြည့်ရင်း ကိုယ့်ဖာသာကိုယ် စဉ်းစားမိတယ် ငါ ဘယ်ဘက်က ရပ်တည်မလဲလို့  မှန်တာတွေလုပ်နေတဲ့သူ မတရားတာတွေကို ဆန့် ကျင်သူတွေဘက် က ရပ်တည်ရတာ တကယ့်ကို ပီတိဖြစ်မိပြီး စိတ်ချမ်းသာမိပါရဲ့ အဲဒီ့ရဲ့ ကောင်းမူကုသိုလ်ကတော့ သံသရာခရီးမှာ ကိုယ့်ဘ၀အတွက် တကယ့်ကိုအကျိုးပေးမှာ ဖြစ်ပါတယ် အကျိုးကိုမျှော်ကိုးပြီး လုပ်တာမဟုတ်ပဲ ကောင်းတာလုပ်ပြီး အကျိုးခံစားရတာကို ဆိုလိုပါတယ်ဗျာ

မငယ် ၊ ကိုရွှေမန်း နဲ့  စာဖတ်သူများ ပျော်ရွှင် အေးချမ်းကြပါစေဗျာ

ခင်တဲ့

Z

စာလာဖတ်ကြတဲ့ ကိုရွှေမန်းတို့ ကိုဇက်တို့ကို ကျေးဇူးတင်ပါတယ်။ လုံးဝမအားမလပ်ဖြစ်နေလို့ ပို့စ်မတင်ဖြစ်သေးပါဘူး။ ကိုဇက်ပြောထားတဲ့ အပြင်ကနေပြီး အော်နေတယ်ဆိုတဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြောကြတာ ကိုဇက်တယောက်တည်း မဟုတ်ပါဘူး။ ဒီလို လာပြောသူတွေ အားလုံးလုံးအတွက် ပို့စ်တခု နောက်မှ သီးသန့်တင်ပေးမယ်။ အခုတော့ comment moderation လုပ်တဲ့ကိစ္စကို ကျွန်မ နည်းနည်း ရှင်းပြချင်ပါတယ်။ ဇော်မျိုးနဲ့ ကတ်သလစ်ဘကြမ်းဆိုတဲ့ နှစ်ယောက်က ရည်ရွယ်ချက်ရှိရှိနဲ့ လာပြီး အနှောင့်အယှက်ပေးနေလို့ မဆိုင်တာတွေနဲ့ ဦးတည်ချက်လွဲအောင် တမင်ကို အမြဲ လိုက်လုပ်ခဲ့လို့ moderation လုပ်ဖူးပါတယ်။ အခုလည်း လာသောင်းကျန်းရင် ပြန်လုပ်ဖို့ရှိပါတယ်။ အမျိုးမျိုး လာရေးပြီး မှတ်ချက်ထည့်မပေးရင် ဒီမိုဘလော့ဂ်တွေ လွတ်လပ်ခွင့်မရှိဘူးလို့ အော်မယ်။ သူတို့ပထွေးက သူတို့ကို ဒီမိုကရေစီဆိုတာ ဒါပဲလို့ သင်ထားတာကို ဒီလိုပဲ ယုံနေတာ အကြောင်းမဟုတ်ဘူး။ ကျွန်မဘလော့ဂ်မှာ အနှောင့်အယှက်လာပေးတာကိုတော့ ထိုက်တန်သလို အပြစ်ပေးရမှာ ဖြစ်တယ်။ နှောင့်ယှက်ရုံတင်လားဆို မဟုတ်ဘူး သိပ်ပြီးလည်းရိုင်း သိပ်ပြီးစရိုက်လည်း ကြမ်းတယ်။ Comment moderation လုပ်နည်း မသိခင်က ကျွန်မဆီမှာ သူ့မှတ်ချက်တွေ အကြိမ်တရာကျော်လာတင်လို့ ကျွန်မ အကြိမ်တရာကျော် ဖျက်လိုက်ရတာ ညနေသုံးနာရီခွဲမှ နေ့လည်စာ စားရတယ်။ အဲဒီနောက်ပိုင်း ဇော်မျိုး ကောင်းတာပဲရေးရေး ဆိုးတာပဲ ရေးရေး ကျွန်မ လက်မခံတော့ဘူး။ ဇော်မျိုးဟာ ကျွန်မ ဘလော့ဂ်မရေးခင်ကလည်း ဆရာမမေငြိမ်းနဲ့ လက်လက်ကြယ်စင်ဘလော့ဂ်မှာ အမြဲတမ်း အနှောင့်အယှက် ပေးနေတာ တွေ့ဖူးလို့ သူ့အကြောင်းကို အစကတည်းက သိပါတယ်။ ကျွန်မ C-Box မှာ နာမည်အမျိုးမျိုးနဲ့ ယုတ်ယုတ်ရိုင်းရိုင်း လာရေးခဲ့သူဟာလည်း ဇော်မျိုးပဲလို့ ကျွန်မထင်တယ်။ ဇော်မျိုး စစ်သားတွေအကြောင်း သုံးမရအောင် ရေးတိုင်း သူ့ကိုသဘောကျစရာ မရှိပါဘူး။ စစ်သားတွေ သိပ်ယဉ်ကျေးတာ (http://nge-naing.blogspot.com/2010/05/blog-post_06.html) မှာ ရှိပါတယ်။ အဲဒီတုန်းကလည်း ရုရှားက စစ်သားတွေနဲ့ ကျွန်မ ကောင်းကောင်းမွန်မွန် ဆွေးနွေးနေတာကို သူက ရန်လာတိုက်သေးတယ်။ မှတ်ချက်ထဲမှာ ရှိပါတယ်။ အဓိက ပြောချင်တာက ဇော်မျိုးဘာပဲ ပြောပြော ကျွန်မ မယုံဘူး။ သူ့ကို ကျွန်မဘလော့၈်မှာ လက်မခံဘူး အဲဒါကြောင့် ဇော်မျိုးလာပွဲကြမ်းရင် မှတ်ချက်ကို တခါတခါ moderation လုပ်ရပါတယ်။ ဒါကို တော်ကြာ moderation အလုပ်ခံရဦးမယ်လို့ မဲ့လိုလို စောင်းသလိုလို မပြောဘဲ ကျွန်မကို အတည့်ပြောလို့ရပါတယ်။ ကျွန်မကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးရင် ဘယ်လောက်ပဲ ဆန့်ကျင်ဘက် အမြင်တွေ ဖြစ်နေပါစေ။ ကျွန်မ အချိန်မရှိတဲ့ကြားက တလေးတစားနဲ့ ပြန်ဆွေးနွေးပေးပါတယ်။ စာလာဖတ်တာ ကျေးဇူတင်ပါတယ်။

မငယ်နိုင် မှတ်ချက်ကို ဖတ်ပြီးပြုံးမိပါတယ်

မငယ် နဲ့  ကိုဇော်မျိုးတို့  မတည့်မူက ရှေးရေစက်ထင်ပါ့

မငယ်တို့  အဖွဲ့ ကလည်း အင်အား တောင့်လှချည့်လားဗျ ၊ အချက်အလက်နဲ့  ကွန်မန့်  ရှည်တွေရေးနေတဲ့ ဒိတ်ဒိတ်ကြဲ ဘလောဂါတွေ ၊ လေးစားမိပါရဲ့ တကယ်ပါ

ကိုရွှေမန်း ၊ SV နဲ့  မငယ်နိုင်တို့ က ဘယ်သူခွဲခွဲတို့ မကွဲဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ဒီမိုဘလောဂါပေါင်းစည်းရေးအဖွဲ့ များ ဖွဲ့ ထားသလားလို့ တောင် ထင်မိပါတယ်

ကက်တလစ်ဘကြမ်း တို့ လည်း မအားဖူး ထင်ပါ့ သူတို့ မဆွေးနွေးတော့လည်း ကွန်မန့် တွေဖတ်ရတာ ပျင်းစရာကြီး

ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

ခင်တဲ့

Z

အလုပ်သိပ်မအားလို့ ဒီblog ကိုခလုပ်တောင် မတိုက်နိုင်ဖြစ်နေတာ အခုမှပဲ blog owner တက္ကသိုလ်တွေ အကြောင်းမဟုတ်မဟတ်တွေရေးထားတာတွေ့ရ တော့တယ်။ စိတ်ပျက်လွန်းလို့ မရေးတော့ဘူးလို့ဆုံးဖြတ်ထားတာ တက္ကသိုလ် အဆင့်ခွဲတာနဲ့ပါက်သက်ပြီး မဟုတ်တာတွေကို လူတွေ တကယ်ထင်မှာစိုးလို့ ရေးရပါဦးမယ်။
ကဲလုပ်ပါဦး blog owner ရေ ၂၀၀၈ စစ်တမ်းဆိုတာလေး လင့်ခ်လေးပေးပါဦး။ aubergine တို့ကတော့ ဒီလိုပဲတိတိကျကျလုပ်တတ်တယ်။ http://www.australian-universities.com/rankings/
လာလည်သူအပေါင်း အဲ့ဒိ လင့်ခ်မှာ ကြည့်လိုက်ပါ။ ၂၀၀၅ ခုနှစ်က The Australian သတင်းစာကြီးက ထုတ်ပြန်ခဲ့တဲ့ အဆင့်အတန်းအပါအဝင် အားလုံး သိချင်ရင် ဒီလင့်ခ်လေးကို ကြည့်လိုက်ပါ။
http://en.wikipedia.org/wiki/List_of_universities_in_Australia
ဒေါ်ငယ်နိုင်ပြောတဲ့ ၂၀၀၈ ဖယ်ဒရယ်အစိုးရရဲ့စစ်တမ်းလေး လင့်ခ်ပေးစမ်းပါ၊ကြည့်ချင်လွန်းလို့ပါ။ သူများတွေလည်းဝင်ဖတ်နေတာဆိုတော့ ဗဟုသုတရအောင် ပေးနိုင်ရမှာပေါ့။
ဘယ်လို ?? တက္ကသိုလ်တွေ ကို အဆင့်ခွဲခြားတာ ဘယ်က အားကစားကပါလာရတာတုံး။ Teaching and Learning ဆိုပြီး ကျယ်ပြန့်တဲ့ ခေါင်းစဉ်နဲ့ ရောမချလိုက်ပါနဲ့။ တက္ကသိုလ်များ အဆင့်ခွဲရာမှာ ထိုတက္ကသိုလ်မှာ ရှိတဲ့ဆရာ ကျောင်းသားအရည်အတွက် နဲ့ အချိုး၊ တက္ကသိုလ်ကထွက်ရင် ဘယ်နှစ်ရာခိုင်နှုန်းက ဘယ်ကာလအပိုင်းအခြားအတွင်းမှာ အလုပ်ရသွားတယ်။ အလုပ်မှာမှ ပြည်တွင်း ပြည်ပ ဘယ်နှစ်ရာနှုန်းရှိတယ်။ တက္ကသိုလ်က ကွာလတီ စာတမ်းဘယ်နှစ်ခုထုတ်နိုင်တယ် နိုင်ငံတကာဂျာနယ်တွေမှာဘယ်လောက်ပါတယ်၊ တက္ကသိုလ်သုတေသနတွေကနေ Patent တွေဘယ်လောက်လုပ်နိုင်တယ်၊ တက္ကသိုလ်မှာ ဘယ်လိုအဆင့်မြင့် သင်ထောက်ကူ ပစ္စည်းတွေရှိတယ်၊ ဘာသင်ရိုးတွေနဲ့သင်နေတယ် ဒါမျိုးတွေကိုအခြေခံပြီးမှ ခွဲတာဖြစ်ပါတယ်။ blog owner ရေ နေနေတာလည်းကြာပါပြီ..တောထဲမှာ လူ ၃ယောက် သေနတ်တစ်လက်နဲ့စစ်တိုက်နေတာလည်းမဟုတ်တော့ပါဘူး။ ခပ်တည်တည်နဲ့ လှိမ့်တာတွေ မလုပ်ပါနဲ့တော့။ ထင်ရာလျှောက်ပြောခဲ့လို့လည်း ဟိုတစ်ခါ လူ-မျောက် ဆောင်းပါးမှာ လူတွေပို့သတဲ့ မေတ္တာလည်းရခဲ့ပြီးပါပြီ။ ရပ်လိုက်ပါတော့။
aubergine
to be continued

အမှတ်တွေပြထားတာမြင်တော့ aubergine မဖြစ်နိုင်တော့တဲ့ ဆန္ဒဖြစ်ပေါ်မိတယ်၊ အဲ့ဒါကတော့ blog owner လည်း မဆလခေတ် အစိုးရစစ် ၈တန်းလောက်တော့အောင်ခဲ့မှာပေါ့။ အဲ့ဒီမှာ ဒေါ်ငယ်နိုင်နဲ့ aubergine တို့ တတန်းထဲ တနှစ်ထဲ မေးခွန်းတစ်ခုထဲ ကို equal chance နဲ့ပြန်ဖြေလိုက်ချင်ပါသေးတယ် (^_^).
ဒီနေရာမှာ ကြုံတုံး မဆလခေတ်ကျောင်းတွေမှာ အမှတ်ရတာနဲ့ သြစီကျောင်းတွေမှာ အမှတ်ရပုံလေး ယှဉ်ပြချင်ပါသေးတယ်။ မဆလခေတ်မှာ ပညာရေးကအဆင့်မမြင့်ဖူးဆိုပေမဲ့ ယနေ့လို့ ချစားတာတွေသိပ်မတွင်ကျယ်သေးတဲ့အတွက် အဆင့်တစ်ခုတော့ရှိပါသေးတယ်။ မဆလခေတ်ပညာရေးဟာ စီးပွါးရေးကိုအခြေခံတဲ့ ပညာရေး (တနည်း) ကျောင်းသားတွေဆီက ပိုက်ဆံယူပြီးသင်ကြားတဲ့ပညာရေးမဟုတ်တဲ့အတွက် ဆရာဆရာမများဟာ အမှတ်ပေးမရက်ရောပါဘူး။ ကျောင်းသား အောင်အောင်ကျကျ ဆရာမတစ်ဦးချင်းစီနဲ့ ကျောင်းကို ရိုက်ခတ်မှုသိပ်မရှိဘူး။ မှီလိုက်သူများသိမှာပါ..မြန်မာစာစီစားကုံးတောင် ၁၀မှတ်ပေးရင် အလွန်ကောင်းလွန်းမှ ၇မှတ် ၇.၅မှတ်ပဲ။
အဲ သြစီ အပါအဝင် စီးပွါးရေးဆန်တဲ့ ပညာရေးလုပ်နေကြတဲ့နိုင်ငံတွေမှာတော့အဲ့ဒီလိုမဟုတ်ဘူး။ အမှတ်ပေးရက်ရောကြပါတယ်။ course တစ်ခုကိုကိုင်တွယ်ကြရတဲ့ ဆရာများဟာ သူတို့ course တွေမှာ ကျောင်းသားတွေ fail အဖြစ်များတာကိုမလိုလားကြဘူး၊ ကျောင်းသားတွေအမှတ်ကောင်းလေ သူတို့ performance ကောင်းတယ်လို့သတ်မှတ်ခံရလေပဲ။ သူတို့ performance ကောင်းလေ သူတို့အလုပ်တည်မြဲလေပဲပေါ့။ အဲ့ဒီတော့ ဆိုးဆိုးဝါးဝါးအရမ်းမဖြစ်ပဲ မကျကြသလို တော်ရုံတန်ရုံအဆင့်ကလည်း အမှတ်ကောင်းတွေရကြပါတယ်။ standard ထိန်းပေမဲ့ အမှတ်ပေးရာမှာ generous ဖြစ်ကြတယ်။ aubergine ကိုယ်တွေ့မြန်မာပြည်မှာ ၁၀တန်း ဂုဏ်ထူး ၂ဘာသာတောင် ပါအောင် မနည်းရုံးခဲ့ရတဲ့ကျောင်းသားတစ်ယောက် undergrad သင်တန်းမှာ star ဖြစ်နေတာတွေ့ခဲ့ရတယ်။ မြန်မာတွေက ငွေ လူ အရမ်းရင်းနှီးမြုပ်နှံထားရတော့ကြိုးစားတာလည်းပါပါတယ်။ သြစီနိုင်ငံသား တစ်ချို့ရဲ့ ပါတီသွား ကလပ်တက် ပေါ့ပေါ့နေ ပေါ့ပေါ့စားမကြိုးစားတာလည်းပါတယ်။
ဒါပေမဲ့ သုတေသနကျတော့အဲ့ဒီလိုမဟုတ်ဘူး သုတေသနဆိုတာ မဟုတ်တာကြီးပါသွားလို့ မရတဲ့အတွက်တင်းတင်းကြပ်ကြပ်လုပ်တယ်။ မဟုတ်တာကြီးပါသွားရင် လူ့လောကဒုက္ခရောက်မှာလေ။ နိုင်ငံတကာဂျာနယ်တွေကလည်း ဒီလိုပဲ သူတို့ဂျာနယ် ကွာလတီကိုအထိပါးမခံဘူး၊ ဒီလိုရှိပါတယ်။ကဲ အချိန်သိပ်မရလို့နောက်မှပဲထပ်ရေးပါဦးမယ်၊ ပြောစရာတွေကအများကြီးပါ။

မsv ကိုပြောချင်တာက aubergine ကိုခေါင်းသုံးဖို့တိုက်တွန်းသလိုပဲ မsv ကိုလည်း ခေါင်းရော မျက်လုံးပါသုံးပါလို့တိုက်တွန်းပါရစေ။ အပေါ်မှာရေးထားသည်များ ကျမ်းတစ်စောင်လောက်မများပါဘူး ဖတ်ကြည့်ပါ။ aubergine နအဖ အာဏာရှင်တွေ ရွေးကောက်ပွဲ ကိုထောက်ခံလားမထောက်ခံလား၊ နောက်ပြီး ဒေါ်ငယ်နိုင်ကို အထက်က ခိုင်းနေတယ် ဒေါ်လာစားပြီးလုပ်နေတယ်လို့စွပ်စွဲခဲ့သလား မစွဲခဲ့ဘူးလားဆိုတာ။
နိုင်ငံရေးနဲ့ နှီးနွှယ်ခဲ့တဲ့ အထောက်အပံ့တွေ ရခဲ့တယ်လိုပဲပြောခဲ့ပါတယ်။ မsv ပြောသလိုပဲပြောပါရစေ. ခေါင်းသုံးစမ်းပါ ရဲရဲတောက်နိုင်ငံရေးလုပ်ခဲ့တယ်ဆိုသူတွေကို ဝေဖန် argue လုပ်တိုင်း စစ်တပ်အောက်ဆွဲ နအဖလူ ထင်နေတာတွေ ခေါင်းထဲက ထုတ်ပြစ်လိုက်စမ်းပါ။ စစ်အစိုးရကို ပြုတ်ကျစေချင်တိုင်း မကြိုက်တိုင်း နိုင်ငံရေးသမား မဲမဲတူးတူး ဘယ်သူဖြစ်ဖြစ် မျက်စိမှတ်ထောက်ခံမယ် ဆိုတဲ့ခေတ် လွန်ခဲ့တဲ့ ၅နှစ်လောက်က ကုန်သွားပါပြီ။ နောက်အချိန်ရမှ ထပ်လာပြီးရေးပါဦးမယ်။
aubergine

မဲလ်ဘုန်း တက္ကသိုလ်က PhD ဘွဲ့ရ ဒေါက်တာ Aubegine, ပညာတတ်တယောက်ဟာ လူတယောက်ကို ကိုယ့်စိတ်ထဲမှာ ရှိသလို မဟုတ်မဟတ် ဒီလိုပဲ ပြောလို့ရတယ်လို့ မဲလ်ဘုန်းတက္ကသိုလ်က သင်ထားရာမှာတော့ ပါမယ်မထင်ဘူး။ ကျွန်မ ရေးထားတဲ့ စာကို နားမလည်ဘူး ဆိုတော့ Research လုပ်ရင်းနဲ့ ပညာတွေတတ်လွန်းလို့ ဦးနှောက် ချောင်သွားတယ်ထင်တယ်။ PhD ဘွဲ့ရဒေါက်တာက နားမလည်တော့လည်း ဘာဘွဲ့မှ မရဖူးသေးတဲ့ ငယ်နိုင်ကပဲ မူလတန်းက ကျွန်မသားလေးကို ရှင်းပြသလို ဥပမာနဲ့ ပြန်ရှင်းပြလိုက်တယ်။

အတန်းထဲမှာ မောင်ဘက ဘာသာစုံ အမှတ်တွေ ပေါင်းလိုက်ရင် အတော်ဆုံးဖြစ်တယ် ဆိုပါစို့။ ဒါပေမဲ့ အင်္ဂလိပ်စာနဲ့ သင်္ချာမှာတော့ မောင်လှနဲ့ မောင်မြက အတန်းထဲမှာ အတော်ဆုံးဖြစ်ပြီး ဘာသာစုံပေါင်းလိုက်ရင် အတော်ဆုံး ဖြစ်တဲ့ မောင်ဘဟာ အဲဒီဘာသာနှစ်ခုမှာတော့ မောင်မြနဲ့ မောင်လှကို မမီဘူး။ ဒါကြောင့် "မောင်မြနဲ့ မောင်လှဟာ အင်္ဂလိပ်စာနဲ့ သင်္ချာမှာ အတန်းထဲမှာ အတော်ဆုံး ကျောင်းသားတွေ ဖြစ်တယ်" ။ ကျွန်မ သားကတော့ ဒါကို ကောင်းကောင်းနားလည်တယ်။ Aubergine အခုထိ နားမလည်သေးရင် မောင်ဘနေရာမှာ သြစကြေးလျားရဲ့ အကောင်းဆုံး တက္ကသိုလ်တွေ ဖြစ်တဲ့ မဲလ်ဘုန်း၊ ဆစ်ဒနီ၊ နေရှင်နယ် ကြိုက်တဲ့တက္ကသိုလ်ကို အစားသွင်းလိုက်ပါ၊ မောင်လှနဲ့ မောင်မြနေရာမှာ University of Technology Sydney (UTS) နဲ့ University of Wollongong ကို အစားသွင်းလိုကပ်ပါ၊ Teaching and learning နေရာမှာ သင်္ချာနဲ့ အင်္ဂလိပ်ကို အစားသွင်းလိုက်၊ ဒါဆိုရင်တော့ ကောင်းကောင်း နားလည်လောက်ပြီထင်တယ်။ ထပ်ပြောလိုက်မယ် အပေါ်က ဥပမာမှာ "မောင်မြနဲ့ မောင်လှဟာ အင်္ဂလိပ်စာနဲ့ သင်္ချာမှာ အတန်းထဲမှာ အတော်ဆုံး ကျောင်းသားတွေ ဖြစ်တယ်" ဆိုတဲ့အတိုင်း "၂၀၀၇ နဲ့ ၂၀၀၈ မှာ UTS နဲ့ Wollongong တက္ကသိုလ်နှစ်ခုဟာ သြစကြေးလျားနိုင်ငံမှာ ရှိတဲ့တက္ကသိုလ်တွေ အားလုံးမှာ Teaching and Learning မှာ အကောင်းဆုံး တက္ကသိုလ်တွေ ဖြစ်တယ်" အသေးစိတ်အချက်အလက်တွေကိုတော့ Google ထဲမှာ ကျွန်မရှာကြည့်တာ မတွေ့ဘူးဘူး။ အဲဒီတုန်းကလည်း ကျောင်းသားတဦးချင်းစီကို စာတွေ ပို့ပေးတာ မှတ်မိနေလို့ မေးလ်အဟောင်းထဲမှာ ကျန်သေးလားလို့ ပြန်ရှာကြည့်တာ ကျွန်မမှာ အဲဒီနှစ်တွေက မေးလ်တွေ မကျန်တော့တာကို တွေ့ရတယ်။ ဒါကြောင့် အဲဒီတုန်းက သတင်းအချက်အလက် အတိအကျတော့ မရှိတော့ပါဘူး။ အခုပြန်ရှာကြည့်တော့ google ထဲမှာ ဒီတခုပဲ တွေ့ရလို့ ဒါကိုပဲ ထည့်ပေးလိုက်ပါတယ်။ http://www.newsroom.uts.edu.au/news/detail.cfm?ItemId=8832 ဒီတခုပဲ ရှာတွေ့ပေမဲ့ ငယ်နိုင်မဟုတ်မဟတ်ပြောတာ မဟုတ်ဘူးဆိုတဲ့အတွက်တော့ ခိုင်လုံတဲ့ သက်သေအထားအထောက် ဖြစ်တယ်ဆိုတာ Aubergine ငြင်းလို့မရဘူးနော့်။ သြစကြေးလျားမှာ PhD တဲ့အထိ ကျောင်းလာတက်သွားတာ ဒီလောက်တော့ သိမယ်ထင်လို့ ကျွန်မ Link ရှာဖို့ အချိန်မရတာနဲ့ မထည့်ပေးမိလိုက်ဘူး။ Aubergine ရေ ပညာတတ်ဆိုရင် ပညာတတ်အင်္ဂါနဲ့ ညီအောင် လူတယောက်ကို မိမိထင်ရင်ထင်သလို အပြစ်တင်ရှုပ်ချချင်တဲ့ စိတ်ဓါတ်ကို ပြင်သင့်ပါတယ်၊ လူတယောက်ကို အမြင်ကပ်တာဟာ မိမိရဲ့ ပုဂိုလ်ရေး ခံစားချက်သာ ဖြစ်တယ်။ အမှန်တကယ် ဟုတ်တာမဟုတ်ဘူး။ ငယ်နိုင်ဟာ ဒီလိုအမျိုးအစားလို့ ထင်နေရင်တောင်မှ ပညာတတ်ဆိုတာ အရမ်းမပြောရဘူး၊ Emotional Labour သုံးတတ်ရတယ်။ အဲဒါတွေကို မဲလ်ဘုန်း တက္ကသိုလ်က လူမှုရေး Subject တွေမှာ မသင်ရဘူးလား။ ကျွန်မတော့ ပညာတတ် မဟုတ်လို့ ပြီးတော့ မိမိထက်အများကြီးတတ်ပေမဲ့ ကိုယ်ပညာနဲ့ မတန်တဲ့ စကားတွေနဲ့ ငယ်နိုင်မဟုတ်မဟတ် ပြောနေတယ်လို့ လာစွပ်စွဲနေသူကိုတော့ အနစ်နာခံပြီး Emotional Intelligence ရှိရင်တောင်မှ မထိုက်တန်တဲ့သူအတွက် သူဌေးကို ပိုက်ဆံသွားလှူသလို ဖြစ်နေမှာစိုးလို့ အသုံးမတန်လို့ Aubergine အတွက် မသုံးနိုင်ဘူး။ နားမလည်လို့ မသိလို့ စွပ်စွဲလိုတဲ့ ရည်ရွယ်ချက်ပါဘဲ တကယ်ထင်လို့ လာပြောနေတဲ့သူတွေအတွက်ပဲ ချန်ထားတယ်။ Aubergine ကျွန်မကို အမြင်ကပ်တာ ကျွန်မဘာမှ ဖြစ်မသွားဘူး။ Aubegiene မှာပဲ အကုသိုလ်စိတ်ဖြစ်တယ်။ Aubergine တက်ထားတဲ့ကျောင်းနဲ့ Aubergine ရထားတဲ့ ဘွဲ့ကိုတန်ဖိုးထားလို့ အမြင်ကပ်ပြီး အခြေအမြစ်မရှိလိုက်ပြောတဲ့ လူဗြိန်းအလုပ်ပို မလုပ်ပါနဲ့၊ မဆိုင်တာကိုလည်း မရေးပါနဲ့လို့ ကျွန်မ အကြံပြုတိုက်တွန်းလိုက်ပါတယ်။

ဆရာ Z ရေ၊

ဇာတ်လမ်းပြီးပြီမှတ်လို့ မလာပဲနေမိတာ၊ ဆရာက ဆက်နောက်နေတုန်းကိုးဗျ။

ကျနော်က တစ်ယောက်ထဲသမားပါဗျာ။ တတ်နိုင်သမျှဘက်လိုက်မှုကင်းအောင် မှတ်သားမိသမျှတွေသုံးပြီး ဆွေးနွေးပြောပြကြည့်တာပါ။ လူတိုင်းကိုလည်း သင့်တင့်လျောက်ပတ်သလို လေးစားပါတယ်။ ဒါဟာ သဘောထားအားလုံး တူညီတယ်လို့တော့ အဓိပ္ပါယ်မထွက်ပါဘူး။ ထိပ်တိုက်တွေ့မယ့်အရာတွေ၊ တစ်နည်းအားဖြင့် အတ္တတွေကို မထိပါးအောင် ရေးနေလို့သာ ကိစ္စကြီးငယ်မရှိတာလို့ သဘောထားလို့ရပါတယ်။

ရေးပြန်ရင်လည်း ရှည်မှာတော့ သေချာသဗျ။
ပထမအနေနဲ့က ကိုယ့်ကို ဒီမိုလား၊ နိုင်ငံရေးသမားလားလို့မေးရင် မဟုတ်ဖူးလို့ဖြေရမှာဖြစ်သလို ဘေးကကြည့်တဲ့သူအပေါ်မူတည်ပြီး ဟုတ်တယ်လို့ အဖြေထွက်တဲ့အခါလည်း ရှိပါမယ်။ သူတပါးကို တုန့်ပြန်ကွန်မင့်ရေးတဲ့အခါမှာလည်း ရွေးပြီးမှပေးပါတယ်။ စာအလုံးတိုင်းဟာ သင်္ကေတတွေဖြစ်တာမို့ ဘယ်လိုမှဆွေးနွေးလို့ မရနိုင်သူတွေကိုတော့ လစ်လျူရှုပါတယ်။ အဲဒီလိုလူတွေထဲမှာ အများစုက ဆေးမမှီတော့တဲ့သူတွေ၊ ချွတ်လို့မကျွတ်နိုင်တော့သူတွေလို့ အချို့လည်းခေါ်ချင်ခေါ်ကြပါမယ်။ ကိုယ်လည်း အဲဒီလိုဘဝကို တစ်စိတ်တစ်ပိုင်းဖြတ်သန်းခဲ့ဖူးတာမို့ အရှည်တော့ မပြောလိုတော့ပါ။ အချိန်က စကားပြောလာပါလိမ့်မယ်။

ဒါပေမယ့် ဆရာ့အနေနဲ့ပျင်းရင်တော့ အားလပ်လို့နေရာတကာလှည့်ရှုပ်နေသူတွေအချို့မှာ ကိုယ်ပိုင်ဘလော့တွေရှိပါတယ်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေး၊ လူမှုရေး၊ အတင်းအဖျင်း စုံလို့ဗျား။ သွားအားပေးလို့ ရပါတယ်။ ဒါပေမယ့် ဆရာ့ကို ဝါသနာပါတယ်လို့ မဆိုလိုပါဘူး။ ကျနော်ကိုယ်တိုင်လည်း တခါတရံရောက်ပါတယ်။ ချွတ်ချော်နေတဲ့ လောကရဲ့သံစဉ်တွေကို အာရုံလိုက်ခံတယ်ဆိုကြပါစို့။

ပျော်ရွှင်ချင်တဲ့ဆရာရော၊ သူတစ်ပါးစိတ်ဒုက္ခရောက်မှ စိတ်ကြေနပ်စရာရကြသူများရော၊ တာဝန်အရမျက်စိမှိတ်ပြီး လိုက်လုပ်နေကြသူများပါ ချမ်းသာကိုယ်စိတ်မြဲပါစေ။

ရွှေမန်း

Aubergine က လူကမျောက်က ဆင်းသက်လာသလားဆိုတဲ့ ပို့စ်နဲ့ပတ်သက်ပြီး ပြောထားလို့ ခုနက ပြန်ပြောဖို့ မေ့ကျန်ခဲ့တယ်။ အဲဒီပို့စ်ကို Aubergine ဖတ်ပြီးရင် ပို့စ်အောက်မှာ ဘာလို့ ဆွေးနွေးမရဲတာလဲ။ အဲဒီအောက်မှာ ယဉ်ယဉ်ကျေးကျေးနဲ့ ဆွေးနွေးကြပါလို့ ဖိတ်ခေါ်လိုက်တဲ့အချိန်မှာ ဘာသာရေး သူရဲကောင်းလာလုပ်သူရော၊ ဘယ်တုန်းကနေပြီး ပွဲလန့်ရင်ဖျာခင်းဖို့ စောင့်နေမှန်းမသိတဲ့သူတွေပါ တယောက်မှ ပေါ်မလာတော့ဘဲ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြပါတယ်။ မှတ်ချက် ၁၀၀ အထိ ပြောချင်တိုင်း ပြောခွင့် ပေးထားတုန်းကတော့ ဘာသာရေးကိုလည်း နားမလည် သိပ္ပံလည်း နားမလည်တဲ့သူ။ ဘာသာရေးကိုပဲ နားလည်ပေမဲ့ သိပ္ပံကို နားမလည်ဘဲ နားလည်တဲ့ ဘာသာရေးကိုလည်း အဆင့်ရှိရှိ သူများနားဝင်အောင် ပြောမတတ်သူ၊ ဘာရေးကို ဘာမှနားမလည်ဘဲ မိဘတွေ ကိုးကွယ်လို့ မျက်ကန်းယုံကြည်ကိုးကွယ်နေတွေ ကျွန်မဆိုလိုတာကိုနားမလည်ဘဲ အဆင့်အတန်းမရှိ ပုဆိန်ပေါက် ပေါက်တူးပေါက်နဲ့ လာပြောကြတယ်။ ကျွန်မ ပြောတာ ဘာကိုမှ စော်ကားတာမပါဘူး ဘာသာရေးက ဒီလိုရှိတယ် သိပ္ပံက ဒီလိုရှိတယ်ဆိုတာ နှိုင်းယှဉ်ပြောတာပဲ ရှိတယ်။ ဒါကို ဘာသာရေးအစွန်းရောက်တွေက ကျွန်မကို အယူမှားနေတယ်ဆြို့ပီး လာစော်ကားပြီး လူလိုသူလို ပြန်ရှင်းပြလို့လည်း နားမလည်ခဲ့တာ ကျွန်မလည်း ဘာမှမတတ်နိုင်ဘူး။ Aubergine လည်း အဲဒီအကြောင်း ပြောချင်ရင် အဲဒီအောက်မှာ သွားပြောလို့ရပါတယ်။ လူလိုသူလို ပြောရင် လူလိုသူလို ပြန်ပြောမယ်။ အခုထိ လမ်းဖွင့်ထားတုန်းပဲ။ သာသနာပြု သူရဲကောင်းဖြစ်ချင်ပြီး အယူမှားတယ်ထင်တာကိုလည်း သုတ်သင်ချင်သေးတယ်။ လေသံကလည်း ဘုရားဟောတဲ့ အပြုအမူနဲ့ လုံးဝမကိုက်ညီတဲ့ ဘာသာရေး အစွန်းရောက်လေသံနဲ့ သာသနာက အယူမှားနေတဲ့သူတွေကြောင့် သာသနာပျက်မှာက နည်းနည်း ဒီလိုလူတွေကြောင့် သာသာနာကြီးပျက်မှာကို စိုးရိမ်ရပါတယ်။ အဲသည်လို လေသံနဲ့ လာပြောရင်တော့ ကြွက်ချေးရောနေတဲ့ ဆွမ်းဆန်ကို ကျွန်မ ရွေးစားနေမည့်အစား ဆန်သန့်သန့်ကိုပဲ ၀ယ်စားမှာဖြစ်တယ်။

(((((မဆလခေတ်ပညာရေးဟာ စီးပွါးရေးကိုအခြေခံတဲ့ ပညာရေး (တနည်း) ကျောင်းသားတွေဆီက ပိုက်ဆံယူပြီးသင်ကြားတဲ့ပညာရေးမဟုတ်တဲ့အတွက် ဆရာဆရာမများဟာ အမှတ်ပေးမရက်ရောပါဘူး။ ကျောင်းသား အောင်အောင်ကျကျ ဆရာမတစ်ဦးချင်းစီနဲ့ ကျောင်းကို ရိုက်ခတ်မှုသိပ်မရှိဘူး။ မှီလိုက်သူများသိမှာပါ..မြန်မာစာစီစားကုံးတောင် ၁၀မှတ်ပေးရင် အလွန်ကောင်းလွန်းမှ ၇မှတ် ၇.၅မှတ်ပဲ။
အဲ သြစီ အပါအဝင် စီးပွါးရေးဆန်တဲ့ ပညာရေးလုပ်နေကြတဲ့နိုင်ငံတွေမှာတော့အဲ့ဒီလိုမဟုတ်ဘူး။ အမှတ်ပေးရက်ရောကြပါတယ်။ course တစ်ခုကိုကိုင်တွယ်ကြရတဲ့ ဆရာများဟာ သူတို့ course တွေမှာ ကျောင်းသားတွေ fail အဖြစ်များတာကိုမလိုလားကြဘူး၊ ကျောင်းသားတွေအမှတ်ကောင်းလေ သူတို့ performance ကောင်းတယ်လို့သတ်မှတ်ခံရလေပဲ။ သူတို့ performance ကောင်းလေ သူတို့အလုပ်တည်မြဲလေပဲပေါ့။ အဲ့ဒီတော့ ဆိုးဆိုးဝါးဝါးအရမ်းမဖြစ်ပဲ မကျကြသလို တော်ရုံတန်ရုံအဆင့်ကလည်း အမှတ်ကောင်းတွေရကြပါတယ်။ standard ထိန်းပေမဲ့ အမှတ်ပေးရာမှာ generous ဖြစ်ကြတယ်။ aubergine ကိုယ်တွေ့မြန်မာပြည်မှာ ၁၀တန်း ဂုဏ်ထူး ၂ဘာသာတောင် ပါအောင် မနည်းရုံးခဲ့ရတဲ့ကျောင်းသားတစ်ယောက် undergrad သင်တန်းမှာ star ဖြစ်နေတာတွေ့ခဲ့ရတယ်။))))

အဲဒါတော့ Aubergiene လုံးဝမှားတယ်။ Aubergine တွေ့တဲ့လူက ဟိုမှာတုန်းက သူမကြိုးစားခဲ့လို့ ဒီမှာတကူးတက လာသင်ရမှ သူကြိုးစားလို့ပဲ ဖြစ်နိုင်တယ်။ ကိုယ်တိုင်ကြုံရတာ မဟုတ်ပဲနဲ့ ကိုယ်တွေ့လို့ မပြောပါနဲ့။ ငယ်နိုင်က Aubergine လို PhD ပဲ မတက်ဖူးလို့ PhD အကြောင်း Aubergine လောက် မသိရင်နေမယ် အခြေခံပညာအဆင့်နဲ့ Bachelor အဆင့်ကိုတော့ ကိုယ်တွေ့ ကိုယ်တိုင်တက်ဖူးလို့ Aubergine ထက် ကောင်းကောင်း ပိုသိပါတယ်။ မူလတန်းကို ကိုယ်တိုင်မတက်ဖူးပေမဲ့ သားကို ကိုယ်တိုင်ကြီးကြပ်နေရလို့ ဘယ်လိုဆိုတာ သိတယ်။ ဒါကြောင့် အခြေခံပညာအဆင့်ကို သူငယ်တန်းက ၁၂ တန်းအထိ သဘောသဘာဝတွေ အကုန်သိတယ်။

မြန်မာပြည်က ပညာရေးက စာကျက်ပြီး ဖြေလို့ရတယ်။ အမှတ်ပေး ရက်ရောတာ မရက်ရောတာက ဖြေထားတဲ့စာနဲ့ မေးထားတဲ့မေးခွန်းနဲ့ ဘယ်လောက်တိုက်ဆိုင်တယ် ဆိုတဲ့အပေါ်မှာပဲ မူတည်တယ်။ သင်္ချာနဲ့ အင်္ဂလိပ်လို ဘာသာတွေမှာ အကုန်မှန်အောင် ဖြေနိုင်ရင် အမှတ် ၁၀၀ ရတာပဲ။ အဲဒါလည်း ကိုယ်တွေ့နော့် အလယ်တန်းအဆင့်ထိ ကျွန်မက သင်္ချာနဲ့ အင်္ဂလိပ်မှာ အမှတ်တရာ မကြာခဏ ရဖူးတယ်။ ကြွားတာမဟုတ်ဘူး အထောက်အထားမပြနိုင်လို့ လိမ်တယ်ထင်လည်း တတ်မနိုင်ဘူး။ ငယ်နိုင်ဘာပဲ ပြောပြော Aubergine က လိမ်တယ် ကြွားတယ်၊ မဟုတ်မဟတ် ပြောတယ်ပဲ ထင်နေတာ မထူးဆန်းတော့ဘူး။ ဆက်ပြောရရင် မြန်မာပြည်မှာ စာဘာသာတွေမှာ အကြောင်းအရာကို နားမလည်ဘဲ စာကို ဒီမေးခွန်းမေးရင် အဖြေက ဒါဆိုတာကိုပုံသေ စာကျက်ထားပြီး သွားဖြေတဲ့သူတွေ အောင်သွားတာ အများကြီး ရှိပါတယ်။ ၁၀ တန်းအထိ ဘာ Project ဘာ Assignment မှာ လုပ်စရာမလိုဘူး။ ဒီမှာ ၃ တန်းဆို Excursion သွားပြီး Project စလုပ်ရပြီ။ ဒါက မူလတန်းပေါ့။ အထက်တန်းမှာဆိုလည်း ကျောင်းသားအများစုကအတန်းချစနစ်မရှိလို့ ပေါ့ပေါ့ ဖြတ်သန်းကြတယ် ဆိုပေမမဲ့ အထက်တန်းပြီးလို့ တက္ကသိုလ်တက်ဖို့ ရည်ရွယ်ထားတဲ့ ကျောင်းသားတွေဟာ မြန်မာပြည်က အထက်တန်း ကျောင်းသားတွေထက် အများကြီး ပိုကြိုးစားရတယ်။ စာကျက်ပြီး စာမေးပွဲ ဖြေလို့မရဘူး တကယ်ကို တတ်သိနားလည်အောင် သီအိုရီကော လက်တွေ့ပါ နှစ်ခုစလုံးကို သိအောင် လုပ်ထားပြီးမှ Assignment လည်း လုပ်လို့ရတယ်၊ စာမေးပွဲ ဖြေလို့ရတယ်။ ဘာမှမသိ ဘာမှနားမလည်ဘဲ အောင်အောင် ဘာမှလုပ်လို့မရဘူး။ မြန်မာပြည်က ကျောင်းသားတွေ စာမေးပွဲနဲ့ အမှတ် ၁၀၀ ရနိုင်ပေမဲ့ ဒီကကျောင်းသားတွေက စာမေးပွဲရာ Assignment ရော နှစ်ခုပေါင်းမှ အမှတ်တရာ ပေးတယ်။ ဒါကြောင့် နှစ်ဆပိုကြိုးစားရတယ်။ အောင်တဲ့သူဟာ တကယ်လည်း နားလည်သွားတယ် သိသွားတတ်သွားတယ်။ ဒါပေမဲ့ အမှတ်တရာ ရဖို့ဆိုတာ လုံးဝမလွယ်တာ အမှန်ပဲ။ မြန်မာပြည်မှာ ကျွန်မ သင်္ချာနဲ့ အင်္ဂလိပ်မှာ အမှတ်တရာ မကြာခဏ ရဖူးပေမဲ့ ဒီမှာတော့ တခါမှ မရဖူးဘူး။ ဒီတော့ ကိုယ်တွေ့ရော အပေါ်မှာ ရှင်းပြတဲ့ အနေအထားတွေကိုပါ ကြည့်ရင် ဒီမှာ အမှတ်ကောင်းကောင်း ရဖို့လွယ်တယ်လို့ ခုနက Aubergine ပြောတာနဲ့ တလွဲစီပဲ။

Aubergine ရေ ပညာရှင်ပီပီ အခြေအမြစ်ရှိရှိ ပြောစမ်းပါ။ ငယ်နိုင် ဘာပဲပြောပြော ကြွားတယ်၊ လိမ်တယ်၊ မဟုတ်မဟတ်ပြောတယ်လို့ အခြေအမြစ်မရှိ လိုက်စွပ်စွဲသလိုမျိုး ပညာရေးတွေဘာတွေမှာ မဟုတ်တာ လျှောက်မပြောပါနဲ့။ ဒါနဲ့ University of Technology Sydney (UTS) နဲ့ Wollongong University က 2007/2008 မှာ အကောင်းဆုံး Teaching and learning တက္ကသိုလ်နှစ်ခု ဖြစ်တယ်ဆိုတာတော့ Aubergine သိသွားပြီထင်တယ်။ သူများကို လိမ်တယ်လို့ မဟုတ်မဟတ်ပြောတယ်လို့ ပြောတုန်းက အသားယူပြောပြီး ကိုယ်ပြောတာ မဟုတ်ဘူးဆိုတာ သိသွားတော့ ပေါ်တောင် ပေါ်မလာတော့ဘူး။ Aubergine က ငယ်နိုင်ဘာပြောပြော ကြွားနေတယ်၊ လိမ်နေတယ်၊ မဟုတ်မဟတ် ရွှီးနေတယ်လို့ သတ်မှတ်ထားပြီး သက်သေခိုင်လုံနေတဲ့ ငြင်းလို့မရတဲ့ အချက်တွေကိုတော့ Appreciate မလုပ်နိုင်ဘဲ ဒီလိုငြိမ်နေတတ်တာ မဆန်းပါဘူး။

Aubergine ရေးသားချက်တွေက ပညာရေးနှင့် ပတ်သက်တဲ့အကြောင်းတွေကို ဗဟုသုတအဖြစ်နဲ. ရေးသွားတာမျိုး တွေ့ ရပါသည် ၊ နအဖ ဘက်ကလိုက်ပြီးရေးတာမျိုး ၊ နိုင်ငံရေးနှင့် ပတ်သက်တဲ့ အရေးအသားမျိုးကိုမတွေ့ ရပါ


Aubergine ရဲ့ ကွန်မန့် နှင့် အပြန်အလှန်ရေးသော ကွန်မန့် များကို ဗဟုသုတရ၍ မျှော်နေမိပါသည် ၊

ခင်တဲ့

Z

" Your comment has been saved and will be visible after blog owner approval. "

ခက်တယ်ဗျာ တစ်ချို့ ကွန်မန့် ရေးတဲ့သူတွေက ဘလော့ပိုင်ရှင်ကို အထက်ပါမျိုးနဲ့  ထိန်းထားရသလို အလုပ်များစေပါတယ်

ကွန်မန့် ရေးတဲ့လူတွေက လွန်တာလား ဘလော့ပိုင်ရှင်ကပဲ အကြောက်လွန်သလားတော့ ပြောကိုမပြောတတ်ပါဖူးဗျာ

ကွန်မန့် တွေအေးနေလို့  နည်းနည်း ပြန်တက်လာအောင် လုပ်လိုက်တဲ့ ရည်ရွယ်ချက်ကလွဲလို့ အခြားရည်ရွယ်ချက် မရှိပါခင်ဗျာ

မငယ်ရဲ့ ကွန်မန့် ကိုလည်း မျှော်နေပါ့မယ် ...

ခင်တဲ့

Z

Comment Moderation က ဇော်မျိုးတယောက် လစ်ရင် လစ်သလို လာလာသောင်းကျန်းနေလို့ ခဏထည့်တာပါ ကိုဇက်။ ဇော်မျိုးလို ကျွန်မကို ဘုရားနဲ့ တရားနဲ့ စိတ်လက်ကြည်ကြည်သာသာ မနေနိုင်အောင် လာဒုက္ခမပေးရရင် စားမ၀င်အိပ်မပျော်တဲ့သူတွေ ဒီဘလော့ဂ်လောကမှာ အများကြီးရှိပါတယ်။ C-Box မှာ ယဉ်ယဉ်ကျေးကျေးရေးရင် ခွင့်ပြုတယ်၊ မှတ်ချက်မှာတော့ ရာသက်ပန် အသက်တကျွန်း အပြစ်ပေးထားတယ်လို့ ပြောထားတာ C-Box မှာ မရေးပဲ မှတ်ချက်မှာပဲ လစ်ရင်လစ်သလို လာလာထည့်နေတယ်။ ဇော်မျိုးကို တခါမှမဘန်းဖူးဘူး အခုသူလာမရေးတာ နာမည်အမျိုးမျိုးနဲ့ ယုတ်ယုတ်ရိုင်းရိုင်း လာရေးလို့ အဘန်းခံလိုက်ရတဲ့အထဲမှာ သူ့ IP ပါသွားလို့ ဖြစ်နိုင်တာ သေချာတယ်။

Aubergine က ကျွန်မကို ငယ်နိုင် မဟုတ်မဟတ်တွေ ရေးထားတယ်လို့ စွပ်စွဲထားတဲ့ မှတ်ချက်တွေကို ကျွန်မ အကြောင်းပြန်ထားပြီးပြီ။ သူက နအဖဘက်က ရေးတာ မဟုတ်ပေမဲ့ သူ့မှတ်ချက်က ကျွန်မ ကတ်သလစ်ဘကြမ်းဆိုတဲ့ နအဖကို အကြောင်းပြန်တာကို နားမလည်ဘဲ ပြန်ရေးတဲ့ မှတ်ချက်ဖြစ်ပါတယ်။ ကျွန်မဆိုလိုတာ တခြားသူပြောတာ တခြားဖြစ်တာကို ပြောလိုပါတယ်။ ပညာရေးနဲ့ပတ်သက်ပြီး သူ့ဖါသာသူ ကောင်းကောင်းဆွေးနွေးတာက အကြောင်းမဟုတ်ဘူး။ ပညာတတ်လုပ်ပြီး ကိုယ့်စိတ်ထဲမှာ အမြင်ကပ်လို့ ဆိုပြီး ပေါက်ကရ လျှောက်ပြောနေလို့ ကျွန်မတန်ရာတန်ရာ တုန့်ပြန်တာသာ ဖြစ်တယ်။ ပညာတတ်လို့ မကြေညာဘဲ သာမန် စာလာဖတ်သူတွေကိုတော့ ရိုင်းနေရင်တောင်မှ ကျွန်မ အတတ်နိုင်ဆုံး အကျိုးသင့်အကြောင်းသင့် ပြန်ပြောပါတယ်။ သူ့လိုပညာတတ်တယောက်ကို ကျွန်မက အကျိုးသင့် အကြောင်းသင့်တွေ ပြောပြီး တည့်မှတ်ပေးနေရင် ငယ်နိုင်က ကြွားတာတင်မကလို့ သူ့လို ပညာတတ်ကို ဆရာကြီးလုပ်တယ်ဆိုပြီး ထပ်ပြောဖို့ ရှိတယ်။ ဒါကြောင့် သူမချေမငန်ပြောလို့ ကျွန်မလည်း မချေမငန် ပြန်ပြောရတာ ကြားလူတယောက် အနေနဲ့ ကြည့်မကောင်းတာ ကျွန်မ သဘောပေါက်ပါတယ်။ UTS နဲ့ Wollongong က 2007/2008 မှာ Teaching and learning မှာ သြစေကြးလျားနိုင်ငံရဲ့ အကောင်းဆုံး ဖြစ်တယ်ဆိုတာကို ငယ်နိုင်မဟုတ်မဟတ်တွေ ရေးထားတယ်လို့ လာရေးထားလို့ သက်သေအထောက်ထား ပြပြီး အကြောင်းပြန်ထားတာ ပေါ်မလာတော့ဘူး။ ကျွန်မလည်း ပညာတတ်တွေကို သိပ်လေးစားတတ်သူ ဖြစ်ပါတယ်။ သူယဉ်ကျေးရင် ကျွန်မလည်း ပြန်ယဉ်ကျေးဖို့ အဆင်သင့်ပါပဲ။

It is a shame that you blame Gen. Saw Maung who suffered imprisonment because he wanted to hand over the
country to NLD. The problems with
'Do A Yay' folks are that they are
under educated and short sighted.

ဘလော့ ပိုင်ရှင်ဒေါ်ငယ်နိုင်ရေ မရောက်ဖြစ်တဲ့အကြောင်းကတော့ မအားတာရယ် နောက်ပြီး ပြောထားတဲ့အတိုင်း စိတ်ပျက်တာရယ်ကြောင့်ပါ။ ဒေါ်ငယ်နိုင်ရဲ့ မဟာသက်သေအထောက်အထားနဲ့အကြောင်းပြန်ထားတာကိုကြောက်လို့ ပြေးတာမဟုတ်ပါ (အဲ့ဒီမဟာအထောက်အထားဆိုတာကြီးပြီးမှပဲရှင်းပါ့မယ် ^_^)။ aubergine တို့က ဒီလို အခြေမခိုင်လှတဲ့ အထောက်အထားဆိုတာတွေကို မှုတတ်တဲ့အစားမဟုတ်ပါဘူး။ အခုလိုအဟောင်းကို အသစ်လုပ်ပြီးဖိတ်ခေါ်ထားတော့လည်း ရေးရတာပ။
ပညာရေးအကြောင်းမစခင် ဒီမိုကရေစီကိုသိပ်မြတ်နိုးတန်ဖိုးထားတယ်ဆိုရင် အသားလွတ်ဝင်ရိုင်းတာမျိုးမဟုတ်ပဲ ဆွေးနွေးပွဲ သို့မဟုတ် စကားစစ်ထိုးပွဲမှာ မချေမငံ ချက်ကျကျပြောဆိုတာကိုတော့ လက်ခံနိုင်ရပါမယ်။ သြစတြေးလျ ပါလီမန် ဒီဘိတ်များကို ကြည့်ပါ။ F*** စကားများ အမေအဖေ ခွေး ပုဂ္ဂလိက ခိုင်းနှိုင်းပြောဆိုချက်များမပါသော်လည်း မချေမငံ ဒီဘိတ်လုပ်ကြတာပဲဖြစ်ပါတယ်။ လက်ညိုးငေါက်ငေါက်ထိုးပြောကြတာပဲဖြစ်ပါတယ်။ မှန်နေရင်လည်း ငုံခံ မမှန်ဘူးထင်လည်း ချက်ကျကျပြန်လည်ခုခံ ဒါမျိုးပဲဖြစ်ပါတယ်။
အပေါ်က မှတ်ချက်ပေးတဲ့လူတွေထဲမှာ ဘယ်သူကပဲ ပုဂ္ဂလိက ကြက်သမားတို့ လူပိန်းတို့ ခိုင်းနှိုင်းထားလည်း ဘယ်သူ့လေသံက ပိုရိုင်းနေလည်းဆိုတာ မြန်မာ ဘာသာ တတ်သူတိုင်းသိနိုင်ပါတယ်။
ကဲပညာရေး အကြောင်းသိသလောက်လေးဝေမျှပါရစေ

ဆက်ရန်

aubergine

ဒေါ်ငယ်နိုင်ပေးထားတဲ့ လင့်ခ်က တနည်းပြောရရင်တော့ ကျောင်းက ကိုယ့်ကိုယ်ကို ရှိတာလေးထုတ် ကြွားတဲ့ဟာတစ်ခုပဲလို့ပြောလိုပါတယ်။ UTS ကောင်းပါတယ် ဆိုပြီး UTS website ကနေကူးယူပြတာကို မဟာအထောက်အထားလို့ ခံယူနေမှ တော့ ဘလော့ပိုင်ရှင်ရဲ့အနေအထား အသိပညာအတိမ်အနက်ကို အရင်ကထက်ပိုပြီးသဘောပေါက်သွားပါတယ်။ တနည်းပြောရ ရင်တော့ ကိုယ့်ဖခင်တော်ကြောင်း ကိုယ့်ဖခင်ကိုယ်တိုင်ရေးထားတဲ့ ငါတော်တယ်ဟေ့ဆိုတဲ့ စာကို လူတကာလိုက်ပြပြီး ကြွားသလိုပဲပေါ့။ တော်ပါသေးတယ် ဒေါ်ငယ်နိုင်က သာမာန်လူနာပြုစုတဲ့အလုပ်လောက်ပဲလုပ်မှာ မို့လို့။ ရှေ့နေသာလုပ်ရင် လိုက်သမျှအမှု ရှုံးပြီး client တစ်ယောက်မှရမှာမဟုတ်ဘူး။ ကဲအဲ့ဒီ survey အကြောင်း နည်းနည်းရှင်းပါ့မယ်။ အဲ့ဒီ ဆိုဒ်မှာရေးထားတဲ့အင်္ဂလိပ်စာကိုသေသေချာချာဖတ်ကြည့်ပါ။ top ranked ဆိုတာ အကောင်းဆုံးလို့ ပြောတာမဟုတ်ပါဘူး။ ထိပ်မှာရှိတယ်လို့ ပဲ ဟိုလိုလိုဒီလိုလိုနဲ့ရေးထားတာဖြစ်ပါတယ်။ universities for excellence တွေရဲ့ထိပ်နား မှာ ရပ်တည်နေတယ်လို့ပဲပြောတာပါ။ ဘယ် Position လည်းအတိအကျမရေးထားပါဘူး။ ထားပါတော့ ဒါကအဓိကမဟုတ်ပါဘူး။ နောက်တစ်ခုက သူယူထားတဲ့ variables တွေကိုကြည့်ပါ.. student satisfaction, outcomes, success တဲ့။ ရီရတယ်။ သြစတြေးလျဆိုတဲ့ နိုင်ငံကြီးမှာ ဘာလုပ်လုပ်အမြဲကောင်းတယ် လို့ ယူဆတတ်တဲ့ခပ်နိမ့်နိမ့် များကတော့ သိပ်ကောင်းတဲ့ စစ်တမ်းကြီးပဲလို့ ထင်မှာပေါ့။ အကုန်လုံးက subjective နဲ့ arbitrary တွေချည်းပဲ။ အလိမ်အညာလုပ်ထားတာမဟုတ်ပေမဲ့ reliable ဖြစ်တဲ့ ကောက်ချက်မဟုတ်ဘူး။
အဲ့ဒီတော့ကာ ဒီလိုလုပ်တာတွေကို သြစီ ဝန်ကြီးဌာနနဲ့သက်ဆိုင်ရာက ဘာလို့ လက်ခံနေလဲ။ တစ်အချက်က reliable လုံးဝမဖြစ်ပေမဲ့ လိမ်ညာထားတယ်လို့မယူဆလို့ နှစ်အချက်ကတော့ နည်းနည်းရှည်ရှည်ပြောဖို့လိုပါတယ်... ဆက်ရှင်းပါ့မယ်။

ဆရာ aubergine ရေ၊

ဆရ့ာအနေနဲ့ ဘာလို့များ ဒီလောက်တောင် တိုက်ခိုက်ဖို့များ ဝါသနာပါနေပါလိမ့်လို့ တွေးမိတယ်ဗျာ။ ကျနော်တို့လည်း တတ်သမျှ မတောက်တခေါက်ကလေးနဲ့ ပြန်ရင်ဆိုင်ရတာ အားများလည်း ငယ်လှပါတယ် ဒေါက်တာကြီးရယ်။ ကြောက်ပါပြီဆိုမှ ဖိထောင်းရင်တော့လည်း ရရာဆွဲပြီး ကိုက်ရတော့မလား မသိဖူး :-D

ဘယ်လိုပဲ ဖြစ်ဖြစ်ပါဗျာ၊ အခြားလာဖတ်တဲ့သူတွေ အထင်လွဲမှာစိုးလို့ အလွယ်တကူ ရှာလို့ရတာလေးတွေနဲ့ ပြကြည့်အုန်းမှပါပဲ။ မှားရင်တော့ ထုပါဆရာရယ်။

သြစတြေးလျရဲ့ တက္ကသိုလ်ပေါင်း ၄၇ ကျောင်းထဲမှာ UTS က ၂၀၀၉ မှာ နံပါတ် ၁၁ ဆိုပဲ ခင်ဗျ။ နိုင်ငံတကာမှာတော့ အဆင့် ၂၃၀ ကျော်မှာရှိတယ်လို့ ဆိုတာပါပဲ။ ဆရာတက်ခဲ့တဲ့ကျောင်း (မဲလ်ဘုန်းတက္ကသိုလ်) ကတော့ ၃၆ (အချို့နေရာမှာ ၈၀ ကျော်) မှာရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အချက်အလက်ယူတဲ့ နေရာအပေါ်မူတည်ပြီး တက္ကသိုလ်ကျောင်းပေါင်း ၇၀၀၀ကျော်ကနေ ၁၃၀၀၀ ကျော်အထိရှိတယ်လို့ ဆိုရာမှာ အဆင့် ၂၅၀ အတွင်းဝင်တယ်ဆိုတာဟာ အဆင့်အတန်းတစ်ခုတော့ ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ Harvard, Yale, Oxford တို့နဲ့တော့ ယှဉ်နိုင်စရာ မရှိလှဖူးပေါ့ ဆရာရယ်။ ဒါပေမယ့် အနူတောမှာတော့ လူချောဖြစ်နေပါသေးတယ်။ ဆရာကတော့ ပိုချောတာပေါ့ ဆရာရယ်၊ ဒါကိုတော့ လက်ခံပါတယ်။

အောက်မှာတော့ လင့်လေး တစ်ခုစ နှစ်ခုစ ထည့်ပေးလိုက်ပါတယ်ဗျာ။ အခြားသူတွေ အမြင်မှားအောင်ရယ်လို့ပါ။ ဆရာကတော့ ဆရာ့ဆရာတွေထဲမှာ ပြည့်စုံပြီးသူမို့ ဆရာမလုပ်ရဲပါဘူး ဆရာရယ်။ (အမြင်လွယ်အောင် Wikipedia ကို ညွှန်လိုက်ပါတယ်၊ credit မရှိဖူး ဆိုရင်တော့ ကျနော့်အမှားပါဗျာ။)

http://en.wikipedia.org/wiki/University_of_Technology,_Sydney
http://www.australian-universities.com/rankings/

မန်းကိုကို

.

"လိမ်တဲ့အကျင့် မရှိဘူး" ဆို
ပြီး တချိန်လုံး လိမ်ပြီးရင်း လိမ်ရင်း လုပ်နေတဲ့ တပ်မတော်က လာတဲ့ `နိုင်ငံ့ခေါင်းဆောင်´ အမည်ခံ အာဏာရူးတွေကို ကလေးနဲ့ ခွေးကတောင် မလေးစားပါ



သြော် … လေးစားလိုက်ပုံများ

ဂျင်ဂလိ
Saturday, November 8, 2008


ဂျင်ဂလိတို့ ဗမာပြည်မှာ ယဉ်ကျေးမှုထုံးတမ်းစဉ်လာအရ ကြီးသူကို ရိုသေ၊ ရွယ်တူကို လေးစား၊ ငယ်သူကို သနား ဆိုတဲ့မူကို တလျှောက်လုံး ကျင့်သုံးလာခဲ့ကြတယ် မဟုတ်လားခင်ဗျာ။

လားရှိုးသိန်းအောင် နဲ့ နွဲ့ယဉ်ဝင်း တို့ စုံတွဲ ဆိုထားတဲ့ သီချင်းတောင် ရှိသေး။

ဘာတဲ့ ..........


"ဟေ့၊ ကောင်ကလေး၊
ကမ္ဘာပေါ်မှာ ဗမာပြည်ဟာ အယဉ်ကျေးဆုံး တိုင်းပြည် တခုပါ။
"

ဆိုလားပဲ။


ကိုယ့်ထက် အသက် တစ်ရက် တစ်မနက်ပဲ ကြီးဦး၊ လူကြီး သူမတွေဆိုရင် ‘ဦး၊ ဒေါ်၊ ကို၊ မ’ ရှေ့ကတပ်ပြီး ခေါ်ကြတယ် မဟုတ်လား။


နိုင်ငံ့ခေါင်းဆောင်တွေ ဆိုရင်လည်း အမျိုးသားခေါင်းဆောင်ကြီးကို ဆို `ဗိုလ်ချုပ်အောင်ဆန်း´ လို့ တလေးတစား ခေါ်ရင်ခေါ်၊ မခေါ်ရင် ‘ဗိုလ်ချုပ်’ လို့ ချစ်စနိုးခေါ်ကြတယ်။


တခြားနိုင်ငံ့ခေါင်းဆောင်တွေကိုဆိုရင်လည်း `ဦးနု´၊ `ဦးသန့်´၊ `ဦးကျော်ငြိမ်း´၊ `ဦးဗဆွေ´ စသဖြင့် တရိုတသေ တလေးတစား ခေါ်ခဲ့ကြတယ်။


အဲ … နအဖအာဏာရူး တွေ လက်ထက်ကျမှ ဘယ်ကဘယ်လိုဖြစ်တယ် မသိပါဘူးဗျာ။ တစ်တိုင်းတစ်ပြည်လုံး နှုတ်ကျိုးနေပုံက `သန်းရွှေ´ တဲ့၊ ` မောင်အေး´ တဲ့၊ `ခင်ညွန့်´ တဲ့၊ `စိုးဝင်း´ တဲ့၊ ` ရွှေမန်း´ တဲ့၊ `သိန်းစိန်´ တဲ့။


ဂျင်ဂလိကတော့ တိုင်းသူပြည်သားတွေ ရိုင်းလာတယ်လို့ မထင်မိပါဘူး။ အာဏာကို အတင်း လုယူထားပြီး တိုင်းပြည်ကို ရစရာမရှိအောင် ဖျက်ဆီးနေတဲ့ နအဖ သကောင့်သားတွေကို တိုင်းသူပြည်သားတွေက လေးစားသမှု မရှိလို့ ‘ဦး၊ ဒေါ်၊ ကို၊ မ’ ရှေ့ကတပ်ပြီး မခေါ်တာလို့ပဲ ကောက်ချက်ချမိတယ်။


အဲဒါ နအဖ အာဏာရူးတွေရဲ့ ဒူးမနာ ဖခင်ကြီး အာဏာရှင် လုပ်စဉ်ကာလကတည်းက ‘နေ၀င်း၊ နေ၀င်း’ ဆိုပြီး နှုတ်ကျိုးနေခဲ့ကြတာ မဟုတ်လား။


ဖအေကို အဲသလို မလေးစားမှတော့ သူ့ရဲ့ ဒူးမနာသား အာဏာရူးတွေကိုလည်း လူထုက ဘယ်လေးစားတော့မလဲနော်။ လေးစားလောက်အောင်လည်း ဘာတစ်ခုမှ လုပ်မပြနိုင်ဘဲကိုး။


အဲ … တစ်ရက်မှာတော့ … (အရင်တုန်းကတော့ တပင်တိုင် တီဗွီမင်းသားကြီး ဗိုလ်ခင်ညွန့်ပေါ့၊ အခုတော့ ဆိုင်းငံ့ထောင်နန်းစံ မင်းသားလေး ဖြစ်နေရရှာတဲ့) နေရာတကာ `ကိုပါလရာ´ လုပ်ခဲ့တဲ့ မောင်ခင်ညွန့်လေးဟာ သူ့ ရဲ့ဝသီအတိုင်း ဘာမှသိတာ မဟုတ်ဘဲ တစ်တိုင်းပြည်လုံး လျှောက်ပတ်ပြီး "လိုအပ်တာတွေ မှာစား" ဖို့အတွက် တိုင်းခန်းလှည့်လည်သတဲ့။


အဲသမှာ ကျောင်းတစ်ကျောင်းကို ရောက်သွားတော့ ကျောင်းအုပ်ဆရာမကြီးက သူ့တပည့် မူလတန်းကျောင်းသားလေးကို "သား ဒီဘဘကို သိသလား၊ ပြောပါဦး" ဆိုပြီး ဗိုလ်ခင်ညွန့်ရှေ့မှာ မျက်နှာချိုသွေးပြသတဲ့။


ကျောင်းသားလေးကလည်း ချက်ချင်းပဲ "သိတယ်၊ တီဗွီထဲမှာ အမြဲတွေ့တယ်" လို့ ပြောသတဲ့။


အဲဒီမှာ ဆရာမက အားရ၀မ်းသာနဲ့ "ဒါဆို ဘယ်သူလဲ ပြောပါဦး… သား" လို့ ဆိုတော့ ကျောင်းသားလေးက ‘ခင်ညွန့်’ လို့ ဖြေလိုက်လို့ ဗိုလ်ခင်ညွန့် တော်တော် ရှက်သွားပြီး ဆရာ၊ ဆရာမတွေလည်း ဘာလုပ်ရ ဘာကိုင်ရမှန်းမသိ ဖြစ်ကုန်သတဲ့။


ဗိုလ်ခင်ညွန့်ဟာ အကြီးအကျယ် ဒေါသထွက် ရှက်ရမ်းရမ်းပြီး ကျောင်းသူ ကျောင်းသားတွေကို ယဉ်ကျေးမှုရှိအောင် သွန်သင်ဆုံးမဖို့ ဆရာ၊ ဆရာမတွေကို အကြီးအကျယ် ဆူပူကြိမ်း မောင်းပြီး "လိုအပ်တာတွေတောင် မှာမစားတော့ဘဲ" ပြန်ထွက်သွားသတဲ့ဗျာ။


ဂျင်ဂလိကတော့ ‘ခင်ညွန့်’ လို့ ဖြေတဲ့ ကျောင်းသားလေးကို အပြစ်မတင်ထိုက်ဘူးလို့ ထင်မိတာပဲ။ ကလေးဆို တာ အတုမြင်အတတ်သင်ကိုး။ အိမ်မှာရှိတဲ့ လူကြီးတွေက ‘ခင်ညွန့်၊ ခင်ညွန့်’ ခေါ်ပြောနေမှတော့ သူလည်း ‘ခင်ညွန့်’ လို့ ပြောမိတာ အပြစ်လားဗျာ။


အဲဒီအကြောင်းကို ဂျင်ဂလိက မိတ်ဆွေတစ်ယောက်ကို ပြောပြတော့ သူက ရယ်စရာတစ်ခု ပြန်ပြောလိုက်လို့ ဂျင်ဂလိ တ၀ါးဝါး ပွဲကျရသေးတယ်။ သူက "ကလေး အဲသလိုပြောတာ ဘာဆန်းသလဲ" တဲ့။ နအဖ အာဏာရူး တွေကို ခွေးဟောင်ရင်တောင် ခွေးက သာမာန်လူတွေကို ဟောင်သလို ‘၀ုတ်၊ ၀ုတ်၊ ၀ုတ်’ ဆိုပြီး အသံ `သုံးသံ´ နဲ့ တလေးတစား မဟောင်ဘူးတဲ့။ ‘၀ုတ်၊ ၀ုတ်’ ဆိုပြီး ` နှစ်သံ´ ထဲနဲ့ ဟောင်သတဲ့။


"အဲဒါခွေးက သူတို့ကို မလေးစား လို့ ‘ဦး’ တပ်ခေါ်ပြီး မဟောင်တာပေါ့ကွ" တဲ့။ ဂျင်ဂလိမှာ သူ့အပြောကို သဘောကျပြီး မျက်ရည်ထွက်အောင် ရယ်မိပါလေရော။


သြော် … တိုင်းသူပြည်သားတွေအားလုံးက လေးစားဖို့ ဝေလာဝေး၊ ကလေးနဲ့ ခွေးကတောင် မလေးစားတဲ့ နအဖ အာဏာရူးတွေက ခေတ်မီ ဖွံဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးဖြစ်အောင် သူတို့ တည်ဆောက်နေပါသတဲ့။ ဘာတွေကို ဘယ်လိုများ ဆက်ဖျက်ကြဦးမှာပါလိမ့်နော်။


ဂျင်ဂလိ

(ခေတ်ပြိုင်အင်တာနက်စာမျက်နှာတွင် ဖော်ပြပြီး ဖြစ်ပါသည်)


Credit - ဒေါက်တာလွဏ်းဆွေ


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ



ဥက္ကဌကြီးခင်ဗျား ...

ဥက္ကဌကြီးတို့၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ၏လုပ်ရပ်နှင့် ပြောဆိုချက်များမှာ မိခင်ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် မြန်မာပြည်ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးကို ဦးစီး ဖော်ဆောင်နေသော မြန်မာ့တပ်မတော်၏ ရပ်တည်မှုများကိုပါ အထင်အမြင်လွဲစရာများ ဖြစ်စေနိုင်ပါသောကြောင့် အဆိုပါကိုယ်စားလှယ်တော် ဦးလှဆွေကို လိုအပ်သလို အရေးယူနိုင်စေရန် အကြံပြု တင်ပြလိုက်ရပါသည်ခင်ဗျား ။

ဥက္ကဌကြီး အလျင်အမြန် စိစစ်သုံးသပ်နိုင်ရန် ယခုနောက်ဆုံး ဦးလှဆွေ ကိုယ်တိုင် လူသိရှင်ကြား တရားဝင်ပြောထားခဲ့သည့် ဦးလှဆွေ၏နှုတ်ထွက်စကားကို ပြည်သူအများ၏ ဝေဖန် အကြံပြုချက်များနှင့်အတူ ယှဉ်တွဲ တင်ပြလိုက်ရပါသည် ။


( ဦးလှဆွေ၏ ပြောဆိုချက် )

မိမိတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ အမတ်နေရာအားလုံး၏ ၂၆% မျှ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း -

ထို့အတွက် လွှတ်တော်တွင်းရှိပြီးဖြစ်သည့် ၂၅% သော တပ်မတော်ကိုယ်စားလှယ်အားလုံးက မိမိတို့ပါတီအား တလုံးတခဲတည်း ပူးပေါင်းပို့ဆောင်ကြမည့်အကြောင်း


ပင်ဖြစ်ရာ -


(၁) "၂၆% ရရုံမျှဖြင့် အစိုးရဖွဲ့နိုင်သည်" ဆိုခြင်းကြောင့် မိခင်ပါတီအား မလျော်သြဇာသုံးသော၊ အနိုင်ကျင့်ဗိုလ်ကျသော ပါတီအဖြစ် ပြည်သူအများ၏ အထင်အမြင်သေးမှုကို ခံရစေနိုင်ခြင်း ၊

(၂) ဦးလှဆွေသည် အမာခံပါတီဝင်တယောက်ဖြစ်လျက် မိမိပါတီအပေါ် မိမိ ယုံကြည်မှုအားနည်းလွန်းသလောက် အတိုက်အခံပါတီအပေါ် အထင်ကြီးလွန်းခြင်း ၊

(၃) ဦးလှဆွေ ပြောကြားသော မမျှတသည့် ဤဖြစ်ရပ်အရ သန့်ရှင်း၍တရားမျှတမှုကို ဦးတည်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲကော်မရှင်ကိုပါ နိုင်ငံတကာမှ မကြည်မလင် ဖြစ်စေနိုင်ခြင်း ။

(၄) တပ်မတော်သည် ပါတီတခုမဟုတ် ၊ သီးခြားလွတ်လပ်သည့် တသီးပုဂ္ဂလိကအမတ်များလည်း မဟုတ်ပေရာ ဦးလှဆွေ လူသိရှင်ကြား ပြောဆိုသကဲ့သို့ တစုတစည်းလုံးကြီး တရားဝင်ပူးပေါင်းနိုင်ခွင့် မရှိပါသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီဆိုင်ရာ စည်း ဘောင် နည်း ဥပဒေ များနှင့်ပါ ငြိစွန်းသွားနိုင်ခြင်း ။

(၅) ဦးလှဆွေ၏ ပြောကြားမှုကြောင့် ပါတီနိုင်ငံရေးထက် ကြီးမြတ်သော အမျိုးသားနိုင်ငံရေးကို ဦးထိပ်ပန်ဆင်ချီတက်နေသည့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက် ညစ်နွမ်းစေခြင်း ။

....... အစရှိသည့် ထိခိုက်မှုများ ဖြစ်စေနိုင်ရာကား -

အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တော် ဦးလှဆွေ ကို ကျန်းမာရေးဆေးစစ်ကြည့်ခြင်း ၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း ၊ ထုချေလွှာတောင်းခြင်း ... စသဖြင့် လိုအပ်သလို အရေးယူသင့်ပါကြောင်း ပါတီကြီး၏ရှေ့ရေးကို ရည်မျှော်၍ စေတနာမေတ္တာအပြည့်ဖြင့် အကြံပြုလိုက်ရပါသည်ခင်ဗျား ။


လေးစားစွာဖြင့် -

( ဒါရိုက်တာ မိုက် တီး )


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ