မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

NO VOTE



အခုချိန်မှာ စစ်အုပ်စု ဘာလုပ်လုပ် ဘာမှ တရားမ၀င်ဘူး။ ရွေးကောက်ပွဲကို လက်ခံပြီး မဲပေးလိုက်တာနဲ့ သုညရာခိုင်နှုန်း တရားဝင်ရာကနေ ချက်ချင်း ၂၅% နဲ့ ဗီတိုအာဏာကို တရားဝင် ပေးလိုက်ရာ ရောက်သွားလိမ့်မယ်။
စစ်အုပ်စုဟာ ဆိုရှယ်လစ်စနစ် ထူထောင်ပေးမယ်ဆိုပြီး ဆိုရှယ်လစ် နိုင်ငံတွေက ကမ္ဘာမှာ အဖွံ့ဖြိုးတိုးတက်ဆုံး နိုင်ငံတွေ ဖြစ်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက ဆိုရှယ်လစ်စနစ်ကတော့ မြန်မာ့နည်းမြန်မာ့ဟန် လုပ်ပြီး ဖျက်ဆီးခံလိုက်ရလို့ ကမ္ဘာ့အဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး နိုင်ငံစာရင်းဝင် ဖြစ်သွားခဲ့ပါတယ်။ အခုလည်း ဒီမိုကရေစီကျင့်စဉ် လုံးဝမပါဘဲ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံနဲ့ မြန်မာ့နည်းမြန်မာ့ဟန် လုပ်ပြီး ဒီမိုကရေစီကို ဖျက်ဆီးဖို့ ကြိုးစားနေပြန်ပြီ။ တခါအလိမ်ခံဖူးရင် လိမ်သူအပြစ် အကြိမ်ကြိမ် ထပ်အလိမ်ခံရရင် အလိမ်ခံရသူရဲ့ အပြစ်သာ ဖြစ်နိုင်ပြီး ခဲလုံးမိဖူးတဲ့ စာသူငယ်ပမာအတိုင်း ခဲလုံးထပ်မမိအောင် သတိရှိရှိနဲ့ ဒီရွေးကောက်ပွဲကို ၀ိုင်းဝန်းဆန့်ကျင်ဖို့ လိုအပ်ပါတယ်။ အကြောင်းမှာ 2008 ဖွဲ့စည်းပုံဟာ စစ်အုပ်စု သက်ဆိုးရှည်ရေးအတွက် ပြည်သူလူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေ မပါဘဲ စစ်အုပ်စု စိတ်တိုင်းကျ ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံဖြစ်လို့ ဒီမိုကရေစီ အနှစ်သာရလုံးဝမပါရှိပါ။ ဒါကြောင့်မို့ နိုဝင်ဘာမှာ ပြုလုပ်မယ်ဆိုတဲ့ ရွေးကောက်ပွဲမှာ ဘယ်သူ့ကိုပဲ မဲပေးပေး စစ်အုပ်စု အကျိုးအမြတ်အတွက်သာ ဖြစ်လိမ့်မယ်။ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ ပါတီ အားလုံးဟာ စစ်အာဏာရှင်စနစ် ထာဝရတည်တံ့အောင် ပံ့ပိုးခြင်းသာ ဖြစ်လို့ အတိုက်အခံပါတီဆိုတာ မရှိပါဘူး။ အတိုက်အခံမရှိတဲ့ ရွေးကောက်ပွဲဟာ ဒီမိုကရေစီ ရွေးကောက်ပွဲ မဟုတ်ပါဘူး။ ရွေးကောက်ပွဲဝင်သူ အားလုံးဟာ စစ်တပ်မဆိုင်တဲ့အလုပ်ကို ၀င်လုပ်တာကို တရားဝင်အောင် အားပေးကူညီသူများသာ ဖြစ်ပါတယ်။ ဒီမိုကရေစီ လုံးဝမရှိဘဲ စစ်အုပ်စုက ဒီမိုကရေစီလို့ ဗြောင်လိမ်ပြီးလုပ်မည့် ဒီရွှေးကောက်ပွဲကို မဲသွားပေးမည် ဆိုပါက စစ်အုပ်စု တရားဝင် တည်တံ့ခိုင်မြဲအောင် ၀ိုင်းဝန်းပံ့ပိုးပြီး ဒီမိုကရေစီကို ၀ိုင်းဝန်းဖျက်ဆီးရာ ရောက်ပါလိမ့်မယ်။ ဒါကြောင့်မို့ လုံးဝ မဲမပေးကြပါနဲ့။ (အပေါ်ပုံကို မြတ်လေးငုံ ဘလော့ဂ်မှ ကူးယူဖေါ်ပြပြီး အောက်ကပုံကို ကိုနစ်နေမန်း ဘလော့ဂ်မှ ကူးယူဖေါ်ပြပါတယ်)

NO VOTE - NO VOTE - NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE

NO VOTE - NO VOTE
NO VOTE

မဲမပေးကြပါနဲ့

မဲမပေးကြပါနဲ့
လုံးဝ မဲမပေးကြပါနဲ့

(လုံးဝ မဲမပေးကြပါနဲ့)


လုံးဝ မဲမပေးကြပါနဲ့မဲမပေးကြပါနဲ့
မဲမပေးကြပါနဲ့
NO VOTE

NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE
NO VOTE - NO VOTE - NO VOTE - NO VOTE - NO VOTE

ဒီပို့စ်ကို Evolution လုပ်မလား၊ Revolution လုပ်မလား ပို့စ်နဲ့ တွဲဖက်၍ ဖတ်ရှုနိုင်ပါတယ်။

စစ်မှန်သော ဒီမိုကရေစီသို့ ရှေ့ရှုလျက်








17 comments:

အဲဒါကို ကျွန်တော်ပြောပြီးသွားပြီ SV မှာလည်းပြောတယ် မငယ်ရဲ့  C-box မှာလည်းပြောတယ် ကျွန်တော်ကငမူးဆိုပေမယ့်  ပြည်သူထဲကပြည်သူတစ်ယောက်ပဲ

ခက်တော့ ခက်သားလားဗျ။ နှလုံးသားနဲ့ ဆုံးဖြတ်ရတာနဲ့ ဦးနှောက်နဲ့ဆုံးဖြတ်ရတာ အဖြေချင်းတူချင်မှ တူလိမ့်မယ်ထင်တယ်။

ွှThat's right.

NO VOTE!
No Vote!
no vote!

ကျနော်ကတော့ “No Vote Campaign” ဆိုပြီး တင်ထားတာကြလှပါပြီ၊ ခုတော့ တစ်ထပ်ပြန်ကျော့ရတော့မယ်ထင်တယ်။

အကျယ်ချဲ့ပြောဖို့တွေလည်း လိုပါအုံးမယ်။ ယောင်ပြီး Vote No သွားလုပ်မိမယ့်သူတွေအတွက် မိအေးနှစ်ခါမနာဖို့ သတိပေးကြဖို့ လိုပါမယ်။

ဒါ့ပြင် မတရားလုပ်မှု၊ လိမ်ညာမှုတွေကို ဝိုင်းဝန်းဖေါ်ထုတ်ချပြကြဖို့၊ နိုင်ငံရေးလှုပ်ရှားမှုတွေအတွက် အားပေးဖို့လည်း လိုပါသေးတယ်။

လူတိုင်းအတွေးကိုယ်စီရှိတာမို့ ဒီလောက်ပါပဲဗျာ၊ မိကျောင်းမင်းရေကင်းပြသလို ဖြစ်နေမှာစိုးပါတယ်။

ကိုမန်းကိုကို အကြံပြုလို့ အလယ်က စာလုံးတွေကို မြန်မာလို ပြောင်းရေးလိုက်ပါတယ်။ ကျေးဇူးတင်ပါတယ် ကိုမန်းကိုကို။ ကျွန်မလည်း ရှည်ရှည်ရေးချင်ပေမဲ့ အချိန်မရတာနဲ့ လိုရင်းတိုရှင်းပဲ ရေးလိုက်ပါတယ်။ ကျွန်မရေးတဲ့ ပို့စ်တွေထဲမှာ ဒီပို့စ်ကတော့ အတိုဆုံး ဖြစ်လိမ့်မယ်။ ဘာကြောင့် ဘယ်လိုဒီမိုကရေစီမကျ ဆိုတာ သတင်းတွေ၊ တခြားဘလော့ဂ်တွေ အတော်များများမှာလည်း ပြည့်ပြည့်စုံစုံ ရေးကြတာ ရှိသလို ကျွန်မလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး Evolution လုပ်မလား Revolution လုပ်မလားဆိုတဲ့ ပို့စ်တခုကို ရေးဖူးပါတယ်။

- ငမူးရေ သဘောထား တိုက်ဆိုင်သူတွေ အသံတသံတည်းထွက်တာ မဆန်းပါဘူး။ (ဒါနဲ့ ငမူးဆိုတဲ့ နာမည်ကို မသုံးဘဲ တခြားနာမည်ကို သုံးလို့မရဘူးလား)။

- ကိုလူသစ်ရေ မလွယ်လို့ပဲ ဒီလောက် ကြာနေတာပေါ့။

- Anonymous ကျေးဇူးတင်ပါတယ်။
မှတ်ချက်အားလုံးအတွက်ကျေးဇူးတင်ပါတယ်။

ဟဟဟ ရူးနေတဲ့  သူတွေကို မူးနေတာပဲတုန့်  ပြန်ချင်တယ်

အဟား. . .တိုက်ဆိုင်သွားတာပါ အစ်မရေ။
ကျနော်က ဒါကို ရေးထားတာ ၈ လကျော်လောက်ပါပြီ။ အရင်က Multiply မှာ တင်ဖူးပါတယ်။ အခုက မအားလို့ အသစ်မရေးနိုင်ခင်မှာ တင်လိုက်တာပါ။
ခံစားပုံဖော်တာကတော့ ကြိုက်တဲ့ ဘက်က ပုံဖော်နိုင်တာ မဟုတ်လား။

အင်း . . လုံးဝ မဲမပေးနဲ့ ဆိုတော့ တစ်ဝက်လောက်ဆို ရမလား :P

သူတို့ရဲ့ ကြိုတင် မဲပေးစနစ် (ကျန်းမာရေးနဲ့ ခရီးလွန်နေသူများ) ကို ဘယ်လို
ဟန့်တားကြမလဲ ဆိုတာ စဉ်းစားသင့်တယ်လို့
ကျနော်တော့ ထင်တယ် အမ။

လူတိုင်းမှာ လွတ်လပ်စွာ ကွဲလွဲယူဆပိုင်ခွင့်ရှိသလို မဲပေးခြင်း မပေးခြင်းဟာလည်း လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပါ...ဒါကို မပေးပါနဲ့လို့ တိုက်တွန်းနေတာဟာ တစ်ဖက်လူရဲ့ အခွင့်ရေးကို ချိုးဖောက်သလို ဥပဒေနဲ့လည်း ငြိစွန်းပါတယ်...ဒါကြောင့် ဒီမိုတံဆိပ်တပ်ထားတဲ့ အဖွားကြီးတောင်မှ မပေးနဲ့လို့ တိုက်ရိုက်မပြောရဲပါဘူး...လူတိုင်းမှာ ပေးခွင့်ရှိသလို မပေးချင်လည်းရတယ်ဆိုတဲ့ အရိပ်လောက်ပဲ ပြောသွားတာပါ...

သေချာတာတစ်ခုကတော့ ဘယ်သူတွေပေးပေး မပေးပေး ရွေးကောက်ပွဲကြီးကတော့ အောင်မြင်စွာနဲ့ ကျင်းပပြီးစီးသွားမှာတော့သေချာတယ်...ဘာပဲဖြစ်ဖြစ် စစ်တပ်အုပ်ချုပ်မှုမှ အရပ်သားခေါင်းဆောင်မှု ပုံစံပြောင်းလဲသွားတော့ အရာရာဟာ ပြောင်းလဲလာမှာပါပဲ...

၂၀၀၈ တုန်းကလည်း vote no, no vote တွေလုပ်ခဲ့တာပါပဲ နောက်တော့လည်း ပြည်သူတွေကတော့ အပြုံးမပျက်လို့ သွားထည့်ကြတာပါပဲ...ဘယ်လိုပဲ vote no no vote အော်အော် မြန်မာပြည်တွင်းမှာ နိုင်ငံ့ဝန်ထမ်းနဲ့သူတို့ဆွေမျိုးသားချင်း မိတ်ဆွေတွေ အားလုံးပေါင်းလိုက်ရင် လူဦးရေထက်ဝက်မက နိုင်ငံ့တစ်ဝန်းလုံးဖြစ်နေတော့ ဒါတွေ အော်နေပြောနေလည်း အပိုပါပဲ...မအောင်မြင်တဲ့ လမ်းဟောင်းကြီးတိုင်းသွားနေလို့ လမ်းဟောင်းအတိုင်းပဲ ပြန်သွားရမှာပါပဲ...

ပြည်ပနိုင်ငံရေးသမားတွေအနေနဲ့ vote no no vote ကို ဘလော့ပေါ်မှာ လေလှိုင်းပေါ်မှာ တာဝန်အရ အော်ရ ရေးရတယ်ဆိုရင်လည်း နားလည်ပေးလိုက်ပါတယ် :)

mg သို့ ...ဟား..ဟား...ဟား...အခုကျတော့ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိတယ်တဲ့လား ... ရယ်ရတယ် ဗြဲ)))))))))))

ကိုဇော်ရေ - ကိုဇော်က လုံးဝကို Altogether နဲ့ အဓိပ္ပါယ်ပြန်တာကိုး အစ်မက Never နဲ့ အဓိပ္ပါယ် ပြန်တယ်လေ၊ ဒီတော့ အစ်မရေးတဲ့ အဓိပ္ပါယ်က အစ်မဆိုလိုတာကို ကိုယ်စားပြုပါတယ်။

ကိုအောင်ရေ - သူတို့ကတော့ ဆန္ဒခံယူတုန်းကလိုပဲ ဗြောင်လိမ်ဗြောင်စား လုပ်မှာပါပဲ။

Mg-
(((လူတိုင်းမှာ လွတ်လပ်စွာ ကွဲလွဲယူဆပိုင်ခွင့်ရှိသလို မဲပေးခြင်း မပေးခြင်းဟာလည်း လူတစ်ယောက်ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့် ကိုယ်ပိုင်ဆုံးဖြတ်ခွင့်ပါ))) အဲဒါ မှန်တယ်

ဒါပေမဲ့

(((ဒါကို မပေးပါနဲ့လို့ တိုက်တွန်းနေတာဟာ တစ်ဖက်လူရဲ့ အခွင့်ရေးကို ချိုးဖောက်သလို ဥပဒေနဲ့လည်း ငြိစွန်းပါတယ်)))) အဲဒါတော့ မမှန်ဘူး။ ဘာလို့လဲ ဆိုတော့ ကျွန်မ လက်နက်နဲ့ ခြိမ်းချောက်ပြီး အတင်းလုပ်ရမယ်လို့ အဓမ္မခိုင်းစေနေတာ မဟုတ်ဘူး။ လူတိုင်းမှာ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့် ရှိလို့ အဲဒါကို အသုံးချတပဲ ဖြစ်ပါတယ်။ အဲဒီလို စည်းရုံးလို့ အကုန်လုံးတော့ လက်ခံမှာ မဟုတ်ဘဲ လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့် ရှိလို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတဲ့အတိုင်းသာ ရွေးချယ်ကြမှာ ဖြစ်ကြောင်း သိပါတယ်။ ဒါပေမဲ့ အဲဒီလို ရွေးချယ်ပြီး မဲသွားပေးကြရင်လည်း မဲအားလုံးကို ကြံ့ဖွံ့မဲလုပ်မယ်ဆိုတာလည်း သိပါတယ်။ ဖွဲ့စည်းပုံကို အတည်ပြုတုန်းကလည်း လူထုက အတည်ပြုတာမှ မဟုတ်ဘဲ လက်နက်အားကိုးနဲ့ ရှိသမျှမဲတွေကို ကိုယ့်မဲလုပ်လိုက်တာ လူတိုင်းအသိပဲ။ ၂၀၀၈ မှ မဟုတ်ဘူး။ ၇၄ ခုနှစ်တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ပါတယ်။ ကျန်တာတွေကတော့ mg ရဲ့ ကိုယ်ပိုင်သဘောထားတွေကို ကျွန်မ ဘာမှ မပြောလိုပါဘူး။ ဒါပေမဲ့ လွတ်လပ်စွာ စည်းရုံးပိုင်ခွင့်ရှိလို့ စည်းရုံးတာဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအရ ဘာဥပဒေနဲ့မှ မငြိစွန်းဘူး ဘယ်သူ့အခွင့်အရေးကိုမှ မချိုးဖေါက်ဘူး၊ မိမိအခွင့်အရေး မိမိ အသုံးချတာသာ ဖြစ်တယ်ဆိုတာ နားလည်နိုင်ပါစေ။

Anonymous တို့ကို- လေးလေးနက်နက် ဆွေးနွေးစေချင်တယ်။

တွေ.ပြန်ပြီ mg ဆိုသူနဲ.
လူတိုင်းမှာ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိပါတယ်.. အဲ့လိုပဲ လူတိုင်းကို လွတ်လပ်စွာ ပညာပေးခွင့်လဲ ၇ှိပါတယ်.. တရားမျှတတဲ့ရွေးကောက်ပွဲ ဆိုရင်တော့ တမျိုးပေါ့လေ..ဒီရွေးကောက်ပွဲဟာ ကိုယ့်တိုင်းပြည်အဆိုးအကောင်း ကိုယ့်သေရေးရှင်ရေးကို ကိုယ်ကိုယ်တိုင်ရွေးချယ်တာပါပဲ... ကိုယ့်သေတွင်းကို မဲပေးပြီးတူးမလားရှင်... လုံးဝပဲ.. ခုချိန်ကြမှ စမ်းကြည့်တာပေါ့လာမပြောနဲ...ကျမ ပြန်ပြောလိုက်မယ်..အနှစ် ၂၀ နီးပါး --- စားလာတာ အဲ့ဒါမှန်းမသိသေးဘူးလားလို.... တချို.ကတော့ ကောင်းတဲ့ပါတီရွေးထည့်မယ်မကြံလေနဲ. မှားမယ်..အဲ့ဒီ ပါတီနိုင်ခဲ့ရင်တောင်ဘာမှ လုပ်ပိုင်ခွင့်မရှိ ၂၅ ရာခိုင်နှုန်းမောင်ပိုင်စီးပြီးသား..ဘယ်မှာ ပြုပြင်ပြောင်းလဲမှု.လုပ်ဖို. ၇၅ ရာခိုင်နှုန်းကျော်မဲကို ဘယ်လွှတ်တော်ထဲမှာ ရနိုင်မလဲ... ကိုယ့်ကိုယ်ကို သတ်သေလိုက်တာက မှ မဲပေးတာထက်ကောင်းပါတယ် လို. အကြံပေးလိုက်ပါတယ်....

ကျေးဇူးတင်ပါသည်..
sv

မောင်တို့ကတော့ ရေပန်းတော်တော်စားတယ်ထင်တယ်
ဒီလူခင်မျာလဲ ၊ ဒီစကားဟိုပို့ ၊ ဟိုစကားဒီပို့နဲ့ တောာ် တော်လေး အလုပ်ရှုတ်နေတယ်ထင်တယ် ၊ သူပြောတဲ့ဥ ပဒေဆိုတာကြီးကလဲ သရေကွင်းလိုဟာနဲ့တူပါတယ် ၊ လွတ်လပ်စွာ စည်းရုံးနိုင်မှုဟာ လူသားတစ်ယောက်ရဲ့ ကိုယ်ပိုင်လူ့အခွင့် အရေးဆိုတာကိုလဲ သိဟန်မတူပါဘူး သူသိတာက သရေကွင်းလို ဥပဒေကြီးကိုဘဲ စိတ်ပါနေပုံဘဲ
လာဖက်လေဗျာ ၊ လူ့အခွင့်ရေးကျေညာစာတမ်း pdfနဲ့ကို တင်ထားတယ် ၊ နားမလည်ရင်လဲ အောက်မှာ ခတ်ဆစ်ခ လေးပါ ပါတယ် ၊ အသက်နဲ့အရွယ်ကိုရှက်ဘွယ်လို့မြင်ပါ တယ် ၊ ကျွန်တော် ဇေတာရာပါ

မငယ်ရဲ့ ပို့စ်ကိုဖတ်ရတော့မှ အိမ်ကလူတွေကို မေးဖို့ သတိရတယ်။ မဲသွားထည့်မှာလားဆိုတော့ သူတို့က ခေတ်မီတယ်ဆရာ။ သွားမထည့်ဘူးတဲ့။ ဘယ်သူ့ကြောင့်မှမဟုတ်ဘူး။ စိတ်ကို မ၀င်စားလို့တဲ့။ ဘယ်သူမှ တက်လာမှာမဟုတ်ဘူး။ သူတို့ပဲဆိုတာသေချာနေတော့ အလကားခြေညောင်းမခံ ပါဘူးတဲ့။ ဒါပေမယ့် သူများတွေမေးထားကြသလို မငယ်ကို မေးကြည့်ချင်တယ်။ မငယ်မှမဟုတ်ပါဘူး။ No Vote ဆိုတဲ့သူတိုင်းကိုပါ။ No Vote လုပ်ပြီးရင် ဘာဆက်လုပ်ကြမယ်ဆိုတဲ့ Plan ကို ပြောပြနိုင်ရင် လူတွေ ပိုစိတ်ဝင်စားလာကြမလားလို့ပါ။ အခုကတော့ အပြင်ကလူတွေ ပြောဖန်များတော့ ဟုန်ကုန်ပြီး အထဲကလူတွေက သူတို့အော်တိုင်းငါတို့ လုပ်ရမှာလားဆိုတဲ့ အတွေးတွေလဲရှိကြမယ်လေ။ အနှစ်(၂၀)ကျော်အတွင်း အပြင်ကအော်ရုံအော်နေတယ်၊ ခံရတာက ငါတို့ဆိုပြီး နောက်ပိုင်းအချဉ်ပေါက်လာကြတာ တွေ့နေရလို့ပါ။ အဆိုးဆုံးကို တွေးကြည့်ထားလို့ အားလုံးညီညီညာညာ No Vote လုပ်လိုက်ပြီးတာတောင် သူတို့ပဲဆက်ပြီး ကိုင်ထားမယ်ဆို ဘာဆက်လုပ်ကြမလဲဆိုတာ ပြောသင့်တယ်လို့ထင်ပါတယ်။

သူများတွေ တိုက်တွန်းလို့တော့ မဟုတ်ပါဘူး အန်တီ။ ဘယ်ပါတီပါပါ၊ မပါပါ ဘယ်သူ့ကိုမှ (ရွေးကောက်ပွဲမှာ ဝင်အရွေးခံတဲ့သူရော၊ မခံတဲ့သူတွေပါ) တစ်ယောက်ကိုမှ ယုံကြည်စိတ်ကို မရှိလို့ မဲထည့်ဖို့ စိတ်ကူးမရှိပါဘူး။ ကြီးပြင်းလာတဲ့ ခေတ်စနစ်ကြောင့်လို့ ပြောရင်ပြောပါ။ ခုချိန်မှာ ဘယ်သူ့ကိုမှ မယုံတာတော့ အမှန်ပဲ။

ဘယ်တက်တက်တက်။ဘယ်သူနိုင်ငံတော်ခေါင်းဆောင်လုပ်လုပ်၊အဓိကစီးပွားရေးလုပ်ရဖို့ပဲ။နောက်ပြီးနိုင်ငံတော်ကိုပြည်ပကရန်မမူလာဖို့ပဲလိုတယ်။ကိုယ်လူမျိုးကိုယ်အုပ်ချုပ်တာပဲလိုချင်တယ်။သွေးနှောထားပြီးသားလူတွေလာအုပ်ချုပ်တာမလိုချင်ဘူး။



ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ



ဥက္ကဌကြီးခင်ဗျား ...

ဥက္ကဌကြီးတို့၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ၏လုပ်ရပ်နှင့် ပြောဆိုချက်များမှာ မိခင်ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် မြန်မာပြည်ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးကို ဦးစီး ဖော်ဆောင်နေသော မြန်မာ့တပ်မတော်၏ ရပ်တည်မှုများကိုပါ အထင်အမြင်လွဲစရာများ ဖြစ်စေနိုင်ပါသောကြောင့် အဆိုပါကိုယ်စားလှယ်တော် ဦးလှဆွေကို လိုအပ်သလို အရေးယူနိုင်စေရန် အကြံပြု တင်ပြလိုက်ရပါသည်ခင်ဗျား ။

ဥက္ကဌကြီး အလျင်အမြန် စိစစ်သုံးသပ်နိုင်ရန် ယခုနောက်ဆုံး ဦးလှဆွေ ကိုယ်တိုင် လူသိရှင်ကြား တရားဝင်ပြောထားခဲ့သည့် ဦးလှဆွေ၏နှုတ်ထွက်စကားကို ပြည်သူအများ၏ ဝေဖန် အကြံပြုချက်များနှင့်အတူ ယှဉ်တွဲ တင်ပြလိုက်ရပါသည် ။


( ဦးလှဆွေ၏ ပြောဆိုချက် )

မိမိတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ အမတ်နေရာအားလုံး၏ ၂၆% မျှ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း -

ထို့အတွက် လွှတ်တော်တွင်းရှိပြီးဖြစ်သည့် ၂၅% သော တပ်မတော်ကိုယ်စားလှယ်အားလုံးက မိမိတို့ပါတီအား တလုံးတခဲတည်း ပူးပေါင်းပို့ဆောင်ကြမည့်အကြောင်း


ပင်ဖြစ်ရာ -


(၁) "၂၆% ရရုံမျှဖြင့် အစိုးရဖွဲ့နိုင်သည်" ဆိုခြင်းကြောင့် မိခင်ပါတီအား မလျော်သြဇာသုံးသော၊ အနိုင်ကျင့်ဗိုလ်ကျသော ပါတီအဖြစ် ပြည်သူအများ၏ အထင်အမြင်သေးမှုကို ခံရစေနိုင်ခြင်း ၊

(၂) ဦးလှဆွေသည် အမာခံပါတီဝင်တယောက်ဖြစ်လျက် မိမိပါတီအပေါ် မိမိ ယုံကြည်မှုအားနည်းလွန်းသလောက် အတိုက်အခံပါတီအပေါ် အထင်ကြီးလွန်းခြင်း ၊

(၃) ဦးလှဆွေ ပြောကြားသော မမျှတသည့် ဤဖြစ်ရပ်အရ သန့်ရှင်း၍တရားမျှတမှုကို ဦးတည်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲကော်မရှင်ကိုပါ နိုင်ငံတကာမှ မကြည်မလင် ဖြစ်စေနိုင်ခြင်း ။

(၄) တပ်မတော်သည် ပါတီတခုမဟုတ် ၊ သီးခြားလွတ်လပ်သည့် တသီးပုဂ္ဂလိကအမတ်များလည်း မဟုတ်ပေရာ ဦးလှဆွေ လူသိရှင်ကြား ပြောဆိုသကဲ့သို့ တစုတစည်းလုံးကြီး တရားဝင်ပူးပေါင်းနိုင်ခွင့် မရှိပါသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီဆိုင်ရာ စည်း ဘောင် နည်း ဥပဒေ များနှင့်ပါ ငြိစွန်းသွားနိုင်ခြင်း ။

(၅) ဦးလှဆွေ၏ ပြောကြားမှုကြောင့် ပါတီနိုင်ငံရေးထက် ကြီးမြတ်သော အမျိုးသားနိုင်ငံရေးကို ဦးထိပ်ပန်ဆင်ချီတက်နေသည့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက် ညစ်နွမ်းစေခြင်း ။

....... အစရှိသည့် ထိခိုက်မှုများ ဖြစ်စေနိုင်ရာကား -

အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တော် ဦးလှဆွေ ကို ကျန်းမာရေးဆေးစစ်ကြည့်ခြင်း ၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း ၊ ထုချေလွှာတောင်းခြင်း ... စသဖြင့် လိုအပ်သလို အရေးယူသင့်ပါကြောင်း ပါတီကြီး၏ရှေ့ရေးကို ရည်မျှော်၍ စေတနာမေတ္တာအပြည့်ဖြင့် အကြံပြုလိုက်ရပါသည်ခင်ဗျား ။


လေးစားစွာဖြင့် -

( ဒါရိုက်တာ မိုက် တီး )


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ