မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သြစကြေးလျားရောက် မြန်မာများသို့

လာမည့် ၁၂.၀၉.၁၀ ရက်၊ တင်္ဂနွေနေ့မှာ Australian Burmese Community Development (ABCD) Network မှ ကြီးမှူးပြီးတော့ မြန်မာနိုင်ငံမှာ နာဂစ် ဆိုက်ကလုံးမှုန်တိုင်းကြောင့် မိဘမဲ့ ဖြစ်သွားတဲ့ ကလေးငယ်များအတွက် ဖွင့်ထားတဲ့ စာသင်ကျောင်းများအတွက် ရန်ပုံငွေ ရှာဖွေပွဲတခုကို ဆစ်ဒနီမြို့ရှိ လူအစည်ကားဆုံးနေရာ တခုဖြစ်တဲ့ Darling Harbour မှာ မြန်မာရိုးရာ ယဉ်ကျေးမှုပြပွဲနဲ့ အစားအစာ ရောင်းချပွဲ ပြုလုပ်ဖို့ ရှိပါတယ်။ အချိန်က မနက် ၁၀ နာရီကနေ ညနေ ၅ နာရီအထိ ဖြစ်ပါတယ်။ အရင်နှစ်က ကျင်းပခဲ့တဲ့ ပွဲတော်ကို ဒီမှာ နမူနာအဖြစ် ကြည့်ရှုနိုင်ပါတယ်။ ဒီနှစ်က ပိုစုံတယ်လို့ သိရပါတယ်။ နယူးဆောက်ဝေး ပြည်နယ်နယ်နဲ့ ကမ်ဘာရာ၊ မဲလ်ဘုန်းလ်၊ ဘရင့်စဘိန်းတို့က မြန်မာတွေ အားလုံးကို လာရောက် လည်ပတ် ကြည့်ရှုအားပေး ၀ယ်ယူ စားသောက်ကြပါရန် အကြောင်းကြားအပ်ပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။
အောက်ဆုံးပိုဒ်

5 comments:

လာတော့စားချင်သား..လေယာဉ်လက်မှတ်စပွန်ဆာ ရှာလိုက်ဦးမယ....်

လာလည်ချင်ပါတယ်...
မသက်သာလို့ ခပ်ခွာခွာနေနေရတာကိုခွင့်လွှတ်ပါ...
ဒီကနေပဲ အားပေးလိုက်တော့မယ်နော်...

To Ko Zaw Myo,

You are the only one deserving to debate with military officers in killer army from Russia. Not only debate but also wearing Longyi.

ဇော်မျိးကို ဒီဘလော့ဂ်မှာ Comment နေရာမှာ ရေးခွင့်မပေးဘူး။ C-Box မှာပဲ ရေးခွင့်ပေးပါတယ်။ ဒါကြောင့်မို့ ဇော်မျိုးမှတ်ချက်ကိုလည်း ဘယ်သူမှ အကြောင်းမပြန်ပါနဲ့။ ဒီပို့စ်ကလည်း ဆစ်ဒနီမှာ လုပ်မည့် Fundraising အတွက် Culture show မှာ လူများများလာစေချင်လို့ ကြော်ငြာထားတာသာ ဖြစ်လို့ မြန်မာပြည်ထဲက စစ်သားတွေက အရပ်သားကို သတ်တဲ့အမှုနဲ့ ဘာမှ မဆိုင်တဲ့အတွက် မဆိုင်တာတွေ လာမရေးဖို့ မေတ္တာ ရပ်ခံပါတယ်။

ဇော်မျိုးမှတ်ချက်ကို ဘယ်သူမှ အကြောင်းမပြန်ပါနဲ့။ ကျွန်မ အားတာနဲ့ ဖျက်ဖို့ ရှိပါတယ်။ ဇော်မျိုးရေ ငယ်နိုင်ဘလော့ဂ်မှာ မရေးရမနေနိုင်ဖြစ်နေရင် ဒါမှမဟုတ် လစာမရဘူးဆိုရင် C-Box မှာရေးလို့ ပြောပြီးပြီ။ အမြဲတမ်း အမှတ်တရ ကျန်နေမယ့် မှတ်ချက်နေရာမှာတော့ ဇော်မျိုးမှတ်ချက်ကို မသိမ်းထားနိုင်ပါဘူး။