the sun set,
the moon rise,
people cry,
birds fly,
a life gone,
while we mourn,
a life is born,
shall not worry,
but, we are sorry
Died by cancer
doctors couldn't find an answer
its like a gun
in your lung
making your loved ones numb
but worst your still young
when you close your eyes,
the angles say hi,
but we still aren't ready to say bye,
-Toee Nanda
6P
(For Miss Salhani who had gone on 3/9/10)
နှုတ်ဆက်စရာ စကားမရှိပါ
နေ၀င်ပြီးချိန်
လာသာနေချိန်
လူတွေ ငိုကြ
ငှက်တွေ ပျံကြ၊
ဘ၀တခု အဆုံးသတ်သွားလေပြီ။
အကြွေစောလို့ ကျွန်ုပ်တို့ ငိုကြွေးချိန်မှာ
တခြားအသက်တခု ထပ်မွေးဖွားလာ
စိုးရိမ်စရာတာ့ မဟုတ်ပါ
သို့သော် ကျွနုပ်တို့ ၀မ်းနည်းမဆုံးပါ။
ကင်ဆာနဲ့ ဘ၀အဆုံးသတ်တာ
ဒေါက်တာ အဖြေရှာမတွေ့ပါ
သင့်အဆုပ်ထဲမှာ သေနတ်တွေ့ရသလိုပဲ
သင့်ကို ချစ်ခင်သူတွေကို အံ့သြသင့်စေခဲ့ပြီ
အဆိုးဆုံးက သင်နုပျိုဆဲမှာ ဖြစ်လို့ပါပဲ။
သင်ကျွန်ုပ်တို့ကို မျက်ကွယ်ပြုသွားချိန်မှာ
သင့်အား ကောင်းကင်တမန်တွေက လှမ်းနှုတ်ဆက်ချိန်မှာ
ကျွန်ုပ်တို့မှာ သင့်ကို လမ်းခွဲနှုတ်ဆက်ဖို့ အဆင်သင့် မဖြစ်သေးပါ။
တိုးနန္ဒ (၆ တန်း P)
the moon rise,
people cry,
birds fly,
a life gone,
while we mourn,
a life is born,
shall not worry,
but, we are sorry
Died by cancer
doctors couldn't find an answer
its like a gun
in your lung
making your loved ones numb
but worst your still young
when you close your eyes,
the angles say hi,
but we still aren't ready to say bye,
-Toee Nanda
6P
(For Miss Salhani who had gone on 3/9/10)
နှုတ်ဆက်စရာ စကားမရှိပါ
နေ၀င်ပြီးချိန်
လာသာနေချိန်
လူတွေ ငိုကြ
ငှက်တွေ ပျံကြ၊
ဘ၀တခု အဆုံးသတ်သွားလေပြီ။
အကြွေစောလို့ ကျွန်ုပ်တို့ ငိုကြွေးချိန်မှာ
တခြားအသက်တခု ထပ်မွေးဖွားလာ
စိုးရိမ်စရာတာ့ မဟုတ်ပါ
သို့သော် ကျွနုပ်တို့ ၀မ်းနည်းမဆုံးပါ။
ကင်ဆာနဲ့ ဘ၀အဆုံးသတ်တာ
ဒေါက်တာ အဖြေရှာမတွေ့ပါ
သင့်အဆုပ်ထဲမှာ သေနတ်တွေ့ရသလိုပဲ
သင့်ကို ချစ်ခင်သူတွေကို အံ့သြသင့်စေခဲ့ပြီ
အဆိုးဆုံးက သင်နုပျိုဆဲမှာ ဖြစ်လို့ပါပဲ။
သင်ကျွန်ုပ်တို့ကို မျက်ကွယ်ပြုသွားချိန်မှာ
သင့်အား ကောင်းကင်တမန်တွေက လှမ်းနှုတ်ဆက်ချိန်မှာ
ကျွန်ုပ်တို့မှာ သင့်ကို လမ်းခွဲနှုတ်ဆက်ဖို့ အဆင်သင့် မဖြစ်သေးပါ။
တိုးနန္ဒ (၆ တန်း P)
သားသားတို့ကျောင်းက ဆရာမတဦး ကင်ဆာရောဂါနဲ့ ညကကွယ်လွန်သွားလို့ တနင်္ဂလာနေ့ကျရင် သူတို့ကျောင်းက ကျောင်းသားတွေ ဆရာဆရာမတွေက ကျန်ရစ်တဲ့ မိသားစုကို ၀မ်းနည်ကြောင်း Message တွေ ပို့ပေးဖို့ရှိပါတယ်။ ပုံဆွဲတတ်တဲ့ ကျောင်းသားတွေကလည်း ပုံဆွဲပြီး တခြား Creative လုပ်တတ်တဲ့ ကျောင်းသားတွေကလည်း သူတို့သန်ရာကို ဖန်တီးပြီး ပို့ပေးကြမယ်လို့ သိရတယ်။ သားကတော့ ဒီကဗျာလေးကို ကဒ်ထဲမှာ ရေးပြီးပို့ပေးမယ်လို့ ပြောတယ်။ ကျွန်မလည်း အလုပ်များလို့ စာရေးမအားတာနဲ့ သူတို့ဆရာမအတွက် သားရေးထားတဲ့ ၀မ်းနည်းကြောင်း ကဗျာလေးကို မျှဝေခံစားပြီး တင်လိုက်ပါတယ်။ မြန်မာလို အနီးစပ်ဆုံး ဘာသာပြန်ထားတာ မပြည့်စုံပါဘူး။ အားနည်းပါက ကဲ့ရဲ့ပြစ်တင်ရှုပ်ချမှု မလုပ်ဘဲ ဘယ်သူမဆို အကြံပေးနိုင်ပါတယ်။ အပြာရောင်နဲ့ တပိုဒ်ကို ထပ်ဖြည့်ထားတာ ဖြစ်ပြီး သားတို့ကျောင်းမှာ လုပ်မည့် ၀မ်းနည်းကြောင်း အထိမ်းမှတ်အခမ်းအနားလုပ်ရင် သားက သူ့ကဗျာကို ရွတ်ရမယ်လို့ ပြောပါတယ်။
လာလည်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။
အောက်ဆုံးပိုဒ်
14 comments:
ကလေးက ကဗျာရေးတတ်လိုက်တာ....၊
အစ်မသားလေးကတော်လိုက်တာ...
ကောင်းလိုက်တဲ့ ကဗျာလေးနော်၊၊
သားလေးက တော်လိုက်တာ၊၊
ညီမကတော့ သားလေးအရွယ်တုန်းက မပြောနဲ့  အခုအချိန်ထိတောင် အဲ့ဒီလိုမရေးတတ်သေးဘူး၊၊
သားလေးနာမည်ကလည်း လှတယ်နော်၊၊
သားအတွက် ဂုဏ်ယူပါတယ်အမရေ။
အခုတလော သေတာတွေဘဲကြားနေရတော့ စိတ်မကောင်းတွေဘဲဖြစ်နေရတယ်၊၊ ညီမလည်း ကိုယ့်ကိုယ်ကိုယ် ဘယ်တော့သေမလဲဆိုပြီး အခုတလော ပုတီးစိတ်၊ တရားထိုင် တော်တော်လေး လုပ်ဖြစ်ပါ တယ်၊၊ တကယ့်တကယ်က ကိုယ့်မှာ ကောင်းတဲ့ အထုတ် မထုပ် ရသေးခင် သေသွားရင် နောင်ဘ၀မှာ ကြောက်စရာမလား၊၊
ညို
အမသားက ကဗျာရေးတာ တော်လိုက်တာ။
Great :) His original is better :)
အလို....မငယ်သားလဲ ကဗျာဆရာကိုး..
အင်း..ခုခေတ်ကလေးများ..စူ့ထက်စူ လူစွမ်းကောင်းချည့်ပါပဲ
နာမည်ကြီးဘလော့ဂါတယောက်ရဲ့သားဆိုတော့ကား...
ဆစ်ဒနီမှာတော့လူတော်တွေများပါတယ်။း)
သူ့အရွယ်နဲ့ရေးတာ
တော်တော်ကောင်းပါတယ်။
တိုးနန္ဒကိုပြောပေးပါ။
တော်တယ်လို့။ဆက်ပြီးရေးဖို့လဲတိုက်တွန်းစေလိုပါတယ်။
မိသားစုတွေပျော်ရွှင်ကျန်းမာကြပါစေ။
ကိုခိုင်
လာလည်သူ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်မ ပြန်လည်မအားသေးတာ ဘယ်လိုမှ သဘောမထားကြပါနဲ့။ နောက်ပတ် ဒီလိုချိန်ဆို ကျွန်မ ဘလော့ဂ်ပြန်လည်လို့ ရပြီ။ သားကို တော်ကြောင်း ချီးကျူးကြတာ ကြားရတော့ ၀မ်းသာပါတယ်။ ဒါပေမဲ့ ကျွန်မက ကဗျာဖတ်မတတ်တော့ တကယ်တော်မတော်ဆိုတာ မသိပါဘူး။
P, မောင်လေး၊ ကိုအောင်၊ မချစ်ကြည်အေး- ကဗျာ label အောက်မှာ သားရေးထားတဲ့ တခြားကဗျာ နှစ်ပုဒ်ရှိသေးတယ်။
မညို သားနာမည်က ကျွန်မပေးတာ မဟုတ်ဘူး။ ဘုန်းကြီးပေး ထားပေးတာ ကျွန်မတို့က အရှေ့ဆုံး တိုး တလုံးကိုပဲ သုံးပါတယ်။
အန်ကယ်နိုင် ကလေးတွေမဟုတ်ဘူး အိမ်မှာ ကျွန်မကလွဲရင် သားအဖနှစ်ယောက်က အနုပညာရှင်တွေ သူ့ထက်ငါ လူစွမ်းကောင်းတွေပဲ အပြိုင်အဆိုင်နဲ့။ အိမ်မှာ သီချင်းတိုက်တာ သားနဲ့အဖေက တလှည့်စီ ဖြစ်နေတယ်။ တလောက Opera house မှာ သီချင်းသွားဆိုဖို့ ကျောင်းမှာ အရွေးခံရလို့ သားက သားသီချင်းတိုက်နေတော့ သူ့အဖေက သံစဉ်မမှန်လို့ ဆိုပြီး အသံဆွဲတာ မှားနေတယ် ဒီနေရာမှာ ဒီလိုဆွဲရတယ်နဲ့ ဆရာလိုက်လုပ်ပြီး သံစဉ်မမှန်လို့ ကဲ့ရဲ့ခဲ့တယ်။ အခု သူ့အဖေက နှစ်စဉ် လုပ်နေတဲ့ နာဂစ်ရန်ပုံငွေပွဲလုပ်ဖို့ မြန်မာသံစဉ် သီချင်းတိုက်နေတော့ သူ့သားက ပြင်းစရာ သီချင်းလို့ ပြောပြီး ပြန်ကဲ့ရဲ့တယ်။ ကျွန်မကတော့ ဘယ်ဘက်မှ မလိုက်ဘူး သားဆိုတဲ့သီချင်းကို ကောင်းမကောင်း ဝေဖန်လို့ မတတ်ပေမဲ့ ကျောင်းက ကျွန်မသားကို မကောင်းပဲနဲ့ ရွေးပါ့မလားလို့ပဲ သားဘက်က ၀င်ပြောပေးတယ်။ သူ့အဖေ ဆိုတာကိုတော့ နားထောင်တတ်လို့ သားအဲဒါ မြန်မာသံစဉ်ဆိုတာ ဒီလိုပဲ ဆိုရတယ် ဖေဖေဆိုတာ ကောင်းပါတယ်လို့ ပြောပေးပါတယ်။
ကိုခိုင်ရေ သားကို ပြောပြလိုက်ပါတယ်။ မချစ်ကြည်အေးရေးထားတာက လွဲလို့ကျန်တာ အားလုံးဖတ်ပြပါတယ်။
ကျွန်တော့်အတွက်တော့ ကဗျာ အရေးအသားက ရှင်းလင်းပြီး ကောင်းလှပါတယ်။
4 Sep 10, 13:49
ခြင်္သေ့: အမရေကဗျာလေးလာဖတ်တယ်။အမသားလေးကကဗျာရေးတော်တယ်။ဒီလိုအရွယ်နဲ့အခုလိုရေးတက်တာမိဘတွေတော်တာလဲပါမယ်။အပြင်သွားစရာရှီလို့မမန့်တော့ဘူး။စီဘောက်မှာပဲရေးတော့တယ်။မိသားစုရွှင်လန်းချမ်းမြေ့ပါစေ
ခြင်္သေ့တယောက် တချိန်လုံး လူတကာကို ပြစ်တင်ရှုပ်ချနေရာကနေ ဒီတခါ ရှားရှားပါးပါး Appreciation လေး တခါ လုပ်ဖူးတယ်ဆိုတာ တခြားသူတွေပါ သိအောင် မှတ်တမ်းတင်ထားလိုက်ပါတယ်။ ကျေးဇူးပဲ ခြင်္သေ့ရေ။
ကိုဂျူလိုင်က ကဗျာတွေ အားလုံးကို ဆိုလိုတာလား အခုသားရေးထားတဲ့ ကဗျာကို ဆိုလိုတာလား၊ ဘယ်ကဗျာကို ပြောတာလဲ။
Died by cancer
doctors couldn't find an answer
its like a gun
in your lung
making your loved ones numb
but worst your still young
ကင်ဆာနဲ့ ဘ၀အဆုံးသတ်တာ
ဒေါက်တာ အဖြေရှာမတွေ့ပါ
သင့်အဆုပ်ထဲမှာ သေနတ်တွေ့ရသလိုပဲ
သင့်ကို ချစ်ခင်သူတွေကို အံ့သြသင့်စေခဲ့ပြီ
အဆိုးဆုံးက သင်နုပျိုဆဲမှာ ဖြစ်လို့ပါပဲ။
အပြာရောင်နဲ့ တပိုဒ်ကို ထပ်ဖြည့်ထားတာ ဖြစ်ပြီး သားတို့ကျောင်းမှာ လုပ်မည့် ၀မ်းနည်းကြောင်း အထိမ်းမှတ်အခမ်းအနားလုပ်ရင် သားက သူ့ကဗျာကို ရွတ်ရမယ်လို့ ပြောပါတယ်။
်gun, lung , numb, young
rhyme တွေရော metaphor တွေရော အရမ်းလှတယ်ဗျာ။ ကလေးက တော်လိုက်တာ။
I carry only one comment (which means I can understand only one) , the rest are in Burmese so I don't understand. That is why my mum/mom has to translate for me. And thank you for your great comments, but beileve me, im better than this.
-Toee Nanda
-
Toee Nanda
You have talent in poetry. Keep it up. Who dares deny that you might one day become a world-famous Burmese poet?
Post a Comment