မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အချောင်စံသူနဲ့ အလိမ်ခံသူ


အသံ၊ တီးလုံးသံစဉ်၊ သီချင်းစာသားနဲ့ သရုပ်ဆောင်ထားတဲ့ နောက်ခံ ဗွီဒယို စသည့် အားလုံး အားလုံးကို နှစ်နှစ်ခြိုက်ခြိုက်ကို သဘောကျလွန်းလို့ အဆိုတော် ထက်အောင်ရှိုင်းက သင်္ကြန်သီချင်းသံစဉ်နှင့် ရေးသားသီဆိုထားတဲ့ သီချင်းကို DVB သီချင်းကဏ္ဍက မသီတာက တင်ဆက်ထားပြီး ဘလော့ဂါ ကိုနစ်နေမန်း က သူ့ဘလော့ဂ်မှာ တင်ထားတာကို ကျွန်မက ထပ်ဆင့် ပြန်လည်ဖေါ်ပြလိုက်ပါတယ်။ ရွေးကောက်ပွဲကာလအထိ အမြဲတမ်း အပေါ်ဆုံးမှာ ရှိနေစေရန် အပေါ်ဆုံးမှာ တင်ထားတဲ့ NO VOTE မှာလည်း ဖြည့်စွက်ထားလိုက်ပါတယ်။

သီချင်းစာသား


(၂၀၁၀ မှာ ရွေးကောက်ပွဲကြီးလုပ်ဦးမှာ ဗိုလ်ချုပ်တွေရယ် အရပ်ဝတ်လဲပြီး ဆက်လို့လိမ်ဦးမယ်...
အော်.. သန်းရွှေ အာဏာရူးတွေ ခိုးလို့လိမ်လို့ မင်းလုပ်အုပ်ချူပ်ဦးမတဲ့ကွာ ပြည်သူများခမျာ ဆက်ပြီး ကျွန် ဖြစ်ဦးမှာ...)၂

အချောင်သမားတွေ ပျော်နေကြ ခဏဟန် လိမ်သမျှတွေ ခံသူတွေကခံ (ဒီနှစ်ချိန်းမယ် ဟိုနှစ်ပြောင်းမယ် နောင်နှစ်မှာ တဖန် တမျိုးကြံစည်နေပြန်)၂ အော်.. သန်းရွှေ အာဏာရူးတွေ ခိုးလို့လိမ်လို့ မင်းလုပ် အုပ်ချူပ်ဦးမတဲ့ကွာ ပြည်သူများခမျာ ဆက်ပြီး ကျွန် ဖြစ်ဦးမှာ..

(အစအဆုံး တခေါက် ပြန်ဆိုရန်)
အောက်ဆုံးပိုဒ်

3 comments:

သီချင်းကြည့်ပြီး လိုက်တောင် က မိသေး..

သယံဇာတ ပေါများကြွယ်ဝတဲ့ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ကျဆုံး အဆင်းရဲဆုံး နိုင်ငံတွေမှာ စာရင်းဝင်နေတာ အာဏာရူး ကလိမ်ကကျစ် လူမဆန်တဲ့ အကျင့်ပျက် အစိုးရကြောင့်ဆိုတာ စဉ်းစားတွေးခေါ်နိုင်တဲ့ အသိဥာဏ်ရှိတဲ့ လူတိုင်းသိနိုင်ကြတယ်....

မြန်မာနိုင်ငံက ထွက်သမျှ သဘာဝဓာတ်ငွေ့တွေနဲ့ တရုတ်၊ ထိုင်းလို အိမ်နီးချင်းနိုင်ငံတွေမှာ ထိန်ထိန်ညီးလို့၊
မြန်မာနိုင်ငံသားတွေမှာတော့ အမှောင်ထဲမှာ...
ကျောင်းသားတွေလည်း ညဘက်စာကြည့်ဖို့တောင်မှ မီးကမရ..
ပညာတတ်ကြီးတွေ ဖြစ်ကြပါအုံးမယ်...

ပညာတွေတတ်လို့ အမြင်ကျယ်ပြီး အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ခဲ့ရင် လုပ်ချင်တိုင်းလုပ်လို့ မရမှာစိုးလို့ ပညာတတ်တွေကို ဖိနှိပ်၊ လက်နက်အားကိုးနဲ့ လူရမ်းကား အစိုးရ...

သို့

ပြည်သူ့တပ်မတော်အရာရှိများ

ဗိုလ်ချုပ်တွေ နိုင်ငံရေးလုပ်ရာမှာ စစ်သားတွေကို အသုံးပြုခွင့်ရှိလား? တခြားနိုင်ငံက ဗိုလ်ချုပ်တွေ နိုင်ငံရေး ကလိမ်ကကျစ်လုပ်ရင် သူတို့စစ်သားတွေက ပြည့်တန်ဆာမလို သိက္ခာမရှိ ထောက်ခံကြလား။ ဖြေပေးပါ။ ဟဲဟဲ :P အရမ်းသိချင်လို့ပါကွာ။ ခွိခွိ ။ ဗဟုသုတအတွက်ပါ။

မသူတော်ကြီးမှ မတရားအုပ်ချုပ်နေတာကို ပျော်ပျော်လက်ခံမည့်
မြင့်မြတ်သည့်မဟာမြန်မာဝါဒီသခင်ကြီး Mr. ★ဆရာဇော်မျိုး★