မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မိုးမခပင်အောက်က ဘ၀တွေကို ပြန်လည် အမှတ်ရမိခြင်း

ငြိမ်းချမ်းရေးတိုက်ပွဲ


Battle for Peace from kaungkin on Vimeo.

ဒီသီချင်းကို ကျွန်မ အများဆုံး ကြားခဲ့ဖူး ဆိုခဲ့ဖူးတာ တောတွင်းကာလက ဗားတိုက်တွေရှ့မှာ၊ မြစ်ကမ်းနံဘေးက မိုးမခပင်တွေအောက်မှာ၊ သင်တန်းတွေမှာပဲ ရဲဘော်တွေ စုပြီး ဆိုခဲ့တာကို ကြားခဲ့ရ သင်တန်းမှာ ကိုယ်တိုင်ပါဝင် ဆိုခဲ့ရတာကိုပဲ သိပါတယ်။ အိမ်ခန်းထဲမှာ ရှိနေစဉ် ဒီသီချင်းအသံကို ရုတ်တရက် ကြားလိုက်တော့ Face book မှာ တယောက်ယောက် ဆိုပြီး တင်ထားတာကို အမျိုးသားက ဖွင့်ကြည့်နေတယ် ဆိုတာသဘောပေါက်လိုက်ပြီး ငါတို့တောထဲမှာတုန်းက ဆိုတဲ့သီချင်းကို ဘယ်တပ်ရင်းက ရဲဘော်ဟောင်းတယောက်က အသံသေးအသံကြောင်နဲ့ ပျက်စီးအောင် လုပ်နေပြန်ပြီလဲမသိလို့ တွေးနေခဲ့တယ်။ မငယ် ဒီမှာလာကြည့်လို့ ခေါ်လိုက်လို့ ထွက်လာကြည့်မှ ကျွန်မ ထင်တာနဲ့ တခြားစီဖြစ်နေတာကို တွေ့ရတယ်။ ဒီသီချင်းကို ကိုမွန်းအောင် တယောက်ကလွဲရင် ဒီလို Professional အဆိုတော်တွေ တီးဝိုင်းသမားတွေ ဆိုတာလည်း တခါမှ မကြားဖူးဘဲနဲ့ အခုလို ရုတ်တရက် တွေ့လိုက်၊ ကြားလိုက်ရတော့ တကယ်ကို အံ့သြမိပါတယ်။ တေးရေး၊ တေးဆို ကိုနေ၀င်းဆိုတော့ ဒီသီချင်းက ကျွန်မတို့ တော်လှန်ရေးက သီချင်းပဲလို့ ထင်ခဲ့လို့ ထပ်ပြီး အံ့သြရပြန်တယ်။ တကယ်တော့ ဒီသီချင်းက တချိန်က ကျွန်မတို့ရဲ့ ဘ၀တွေကို ပုံဖေါ်ခဲ့တဲ့ သီချင်းဖြစ်လို့ ကျွန်မရဲ့ အတွေးတွေကို လွန်ခဲ့တဲ့ ၁၅နှစ် အနှစ် ၂၀ ကဘ၀တွေဆီ ပြန်ရောက်သွားစေပါတယ်။
မူရင်း ကို ကောင်းကင် (နိုင်ငံပြု အနုပညာမဂ္ဂဇင်း) မှာ တင်ထားတာ ရှိပါတယ်။

သီချင်းစာသား
အေးအေးငြိမ့် စိမ့်ရေ စီးတဲ့ မြကန်
တိုးတိုးလေး ဖွဲ့ဆို တေးသီချင်းတပုဒ်ကို
မှေးစက်မယ့် ဆိတ်ငြိမ် ညတို့ရှိစေ
နီတဲ့သွေး ရဲရင့်လို့ ခြေကိုလှမ်း ရှေ့ကို ချီတက်ခဲ့ပြီ...
ရင်းထားတဲ့ အသက်တွေ အစားထိုးပေးလှူ
ကိုယ့်ဘက်က အလှည့်ကို ရောက်မှမနွဲ့သာ
စိုက်ခဲ့သမျှတို့ရိပ်သိမ်းရတော့မယ်
အခါတိုင်ပြီ လက်မလွှတ်နဲ့ မကျေတဲ့အကြွေး ဆပ်ရန် ချီတက်ခဲ့ပြီ

မိုမခပင်တွေ တို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
(ရိုးမတောင်ခြေ နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ)၂


စိုးစဉ်းမျှ စိုးရိမ် ကြောက်စိတ်မရှိတယ်
ခင်းထားတဲ့လမ်းဟာ တို့ရဲ့သစ္စာ
ငြိမ်းချမ်းရေးအတွက် တိုက်ပွဲရှိရမယ်
နီတဲ့သွေး ရဲရင့်လို့ ရန်သူမင်းရှေ့ကို ချီတက်ခဲ့ပြီ

မိုမခပင်တွေ တို့သက်သေတည်
စိမ်းယဉ်သော အေးမြကန်သာမြေ
(ရိုးမတောင်ခြေ နေရောင်မခတဲ့ တောင်တွေ
ငြိမ်းချမ်းစေ...)၂

တော်လှန်ရေးကာလက ဓါတ်ပုံတချို့ကို ကိုလှိုင်ဘွား Face book မှ ကူးယူဖေါ်ပြထားပါတယ်။ ကျွန်မရဲ့ Face book မိတ်ဆွေများအနေနဲ့ တခြား တောတွင်းကာလ ဓါတ်ပုံတွေကို ကျွန်မ Facebook က မိုးမခပင်အောက်က ဘ၀ ဆိုတဲ့ album ခေါင်းစဉ်အောက်မှာ သွား ကြည့်နိုင်ပါတယ်။

12 comments:

ကိုတိုးကြီး (ခင်မောင်တိုး) ဆိုထားတဲ့သီချင်း ရှိပါတယ်။ စာသားတွေတော့ မတူဘူးပေါ့။

သီချင်းလေး သဘောကျလို့  ဒေါင်းသွားပါတယ် ကိုနေ၀င်းသီချင်းဆိုတာ အခုမှစတွေ့ ဖူးတာပါ။ကြားတော့ ကြားဖူးနေတယ် ခင်မောင်တိုးဆိုတာကို ကြားဖူးတာလို့ ထင်တယ်။

ငြိမ်းချမ်းရေးအတွက် ခေတ်အဆက်ဆက် ကိုယ်ကျိုးစွန့်သွားတဲ့ လူငယ်လေးတွေကို သတိယမိတယ်ဗျာ.

hi ma nge naing,i'm regular readers and visitors to ur blog.
Lat time, ago 3yrs,i can't understand any political things, and i ever thought why they fight to current government.
At present, i ready understood and known coz of reading blogs.Today I listen to the song"battle of peace".Wah,I feel and love it.At that time, I re-think and play back all of ur images at previous days how u be active with hope of goal.
pls understand if i'm wrong in writing coz i can't use myanmar fonts.

pls allow me to share in fb.

3 Oct 10, 11:50
wathone: great song. i feel sad and emotional for so many lives lost and so many lives in limbo. so many heroes so many sacrifices. i salute the heroes.
(ပို့စ်နဲ့ ဆိုင်နေလို့ C-Box မှ ကူးလာပါတယ်။)

C-Box က ၀သုန်ရဲ့ မှတ်ချက်နဲ့ Commnet က မှတ်ချက်တွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။

-၀သုန်နဲ့ ထပ်တူထပ်မျှပါပဲ။ အဲဒီအချိန်ကာလတုန်းကအကြောင်းကို ပို့စ်ရေးချင်ပေမဲ့ အချိန်မရလို့ မရေးဖြစ်တော့ဘူး။

Anonymous နဲ့ ငမူး- ကျွန်မက ဒီသီချင်းသံစဉ်ကို ခင်မောင်တိုးသီချင်း သံစဉ်ဆိုတာ ကျွန်မ အခုမှသိတာ အမှန်ပဲ။ ကျွန်မတို့ တောတွင်းမှာ သင်တန်းမှာ နိုင်ငံရေးနဲ့ စည်းရုံးရေး သင်တန်းမှာ သင်ခဲ့ရတဲ့အချိန်ဆို ကိုမွန်းအောင် ဆိုတဲ့ အခွေတောင်မထွက်သေးဘူး။

ကိုချစ်ဖေရေ ကျွန်မလည်း သတိရလို့ Face book အဲဒီကာလတွေက ဓါတ်ပုံတွေအများကြီး တင်ထားပါတယ်။
- Thetmar ရေ အခုလို သိရတာ ၀မ်းသာပါတယ်။ နောက်လည်း အမြဲလာဖတ်ဖို့ ဖိတ်ခေါ်ပါတယ်။ ပြန်ဖေါ်ပြလို့ ရပါတယ်။

ကျနော်လည်း ခင်မောင်တိုးရဲ့ Version တော့ကြားဖူး တယ် မငယ်နိုင်ရေ့....၊

အနှစ်သာရ ပြည့်ဝတဲ့ စာသားတွေပါပဲ..။

မူလသီချင်း 'လွန်ခဲ့သောနေ့' က ခင်မောင်တိုး သံစဉ်မဟုတ်ဘူး ညီမလေးရေ။ ကိုနေဝင်း ရေးတာပါပဲ။ ကိုနေဝင်းရေးတဲ့သီချင်းကို ကိုတိုးကြီးက ဆိုတာ။ အဲဒီအချိန်တုန်းက ကိုနေဝင်း ရေးတဲ့သီချင်းတွေကို ခိုင်ထူး၊ ခင်မောင်တိုး၊ (တချို့တွေကို) စိုင်းထီးဆိုင် တို့ဆိုတာ များတယ်။

မွန်းအောင်ရဲ့ version ကိုတော့ ကျွန်တော် မကြားဖူးဘူး။ အခုဒီ video မှာပါတဲ့ စာသားကတော့ ကိုနေဝင်းပဲ ရေးတာလား၊ တယောက်ယောက်က ဆီလျှော်အောင် ရေးတာကို ကိုနေဝင်းက လက်ခံလို့ ဆိုတာတွေကိုတော့ မပြောတတ်ပါ။

ဒီသီချင်း ခင်မောင်တိုးဆိုတာကို မငယ်နိုင် မသိတာ နားလည်ပါတယ်။ ဒီသီချင်း ခွေထွက်တော့ ၁၉၈၃ - ၈၄ လောက်လေ။ ဆိုတော့ ငါ့ညီမတို့ ငါးတန်း၊ ခြောက်တန်း အရွယ်လောက်ပဲ ရှိမလားပဲ။

ဝိဇ္ဇာသိပ္ပံတက္ကသိုလ် (RASU) က လဖ္ဘက်ရည်ဆိုင်တွေမှာ ကိုနေဝင်းသီချင်းတွေကို တော်တော်အဖွင့်များကြတယ်။ ကျွန်တော်တို့တွေ သူငယ်ချင်းတအုပ်ကြီး လဖ္ဘက်ရည်ဆိုင်ထိုင်ရင်း ကက်ဆက်နဲ့လိုက်ဆိုခဲ့တဲ့ သီချင်းတွေပေါ့။

ပြီးခဲ့တဲ့ ၂ နှစ်လောက်က တနေ့ ခင်မောင်တိုးရဲ့ 'တံခါးဖွင့်ပါ' သီချင်းကို ကျွန်တော်ဖွင့်နေတုန်း ကျွန်တော့ တူမလေးလိုဖြစ်နေတဲ့ ၂၃ နှစ် ခလေးမလေးတယောက်က ကြားတော့ 'ဟင် အာဇာနည်ရဲ့သီချင်းကြီး ပြန်ဆိုထားတယ်။ အာဇာနည် ဆိုတာလောက်လဲမကောင်းပဲနဲ့' တဲ့။ ခင်မောင်တိုးသာကြားရင် 'ဂစ်၊ ဂစ်၊ ဂစ်...' တက်လိမ့်မယ်။ အဲဒီ 'တံခါးဖွင့်ပါ' သီချင်းကို အာဇာနည် ပြန်ဆိုထားတာရှိတယ် ဆိုပဲ။

Phew!!! လူကြီးတွေ ပြော ပြောနေတဲ့ ဂျဲန်နရေးရှဲန်းဂက်(ပ)၊ ဂျဲန်နရေးရှဲန်းဂက်(ပ) (Generation gap)...

ဒီသီချင်းကို ကိုနေဝင်းက ရေးပြီး .. ထုံးစံအတိုင်း စာသားတွေက ဆင်ဆာ မရတာကြောင့် ကိုတိုးကြီး(ခင်မောင်တိုး)ကို စာသားပြင်ပေးပြီး "လွန်ခဲ့သောနေ့" ဆိုတဲ့ နာမည်နဲ့ ထုတ်ခဲ့တာပါ။ မူရင်းစာသားနဲ့ သီချင်းကိုတော့ ပြည်ပမှာ ကိုမွန်းအောင်က ဆိုခဲ့တာ ဖြစ်ပါတယ်။ အခုတော့ private ပွဲတစ်ခုမှ မူရင်းစာသားအတိုင်း ကိုနေဝင်းက သီဆိုခဲ့တာဖြစ်ပါတယ်။

ဒီသီချင်း ဖြစ်ပေါ်လာပုံ အချို့ကိုလည်း ကောင်းကင် အင်တာနက် မဂ္ဂဇင်းမှာ တင်ထားပါတယ်။ အောက်က လင့်မှာ ကြည့်လို့ ရပါတယ်။

http://www.kaungkin.com/index.php?option=com_content&view=article&id=379:2010-09-21-21-46-54&catid=52:2010-09-21-21-22-26&Itemid=101

ဒီလိုမျိုး အခြားသီချင်းတွေကိုလည်း ကောင်းကင်မှာ တင်ထားပါသေးတယ်။ ခံစားနားဆင်နိုင်ပါစေ။

ကောင်းကင် မဂ္ဂဇင်း (စာတည်းအဖွဲ့)

Anonymous -ကိုမွန်းအောင် ဆိုထားတာကို နောက်ပိုင်း ကျွန်မ အလျဉ်းသင့်ရင် တင်ပေးပါ့မယ်။ အခုလောလောဆယ် ခင်မောင်တိုးဆိုတာကို နားထောင်ချင်နေတာတော့ အမှန်ပဲ။ ဘယ်နားမှာ ရနိုင်မလဲမသိဘူး။

ကောင်းကင်ရဲ့ မှတ်ချက်ကြောင့် ဒီဗွီဒယိုရဲ့ မူရင်းကို အခုမှ သိရလို့ ကျွန်မဘလော့ဂ်က တင်ထားတဲ့ ပို့စ်မှာ အညွန်းပြန်ထည့်ေ ပးလိုက်မယ်။ လာရောက် ရှင်းပြသွားတဲ့ ကောင်းကင်ကို ကျေးဇူး အများကြီး တင်ပါတယ်။ ကျွန်မ ဒီဗွီဒယိုကို Facebook မှာရဲဘော်တဦး တင်ထားတာတွေ့လို့  ကျွန်မ facebook မှာလည်းတင် ဘလော့ဂ်မှာလည်း ပြန်တင်ဖြစ်သွား တယ်။ ဒီသီချင်းဟာ ကျွန်မတို့ တောတွင်းမှာ အမြဲသီဆိုနေတဲ့ သီချင်းဖြစ်ပေမဲ့  ကို ကိုနေ၀င်းစပ်ထား တယ်ဆိုတာ ကျွန်မ အခုမှ သိတာအမှန်ပါ။ ဒီလို သိရတဲ့အတွက်လည်း တကယ်ကို ၀မ်းသာပါတယ်။ ကျွန်မဘလော့ဂ်ကို လာလည်ပြီး အသိပေးသွားတဲ့အတွက် အထူး ကျေးဇူးတင်ပါတယ် ။

ဟုတ်ပြီ ကောင်းကင်ရေ။ ကျွန်တော်က တောင်ငူဆောင် အရှည်ကြီးဆိုင်တို့၊ သိပ္ပံ ကဲန်တင်းတို့မှာ ကျွန်တော်တို့ အော်ခဲ့ကြတာကိုပဲ အမှတ်တရဖြစ်နေတယ် ဆိုတော့ ဘယ်တုန်းက စပ်ခဲ့တယ် ဆိုတာတော့ တကယ်မသိတာ။

မငယ်နိုင်ရေ၊ ကိုခင်မောင်တိုးရဲ့သီချင်း video ကိုတော့ online မှာသတိမထားမိဘူး။ MP3 ကတော့ အရင်က ရဲရင့်ရဲ့ site မှာတွေ့မိ လိုက်သလိုပဲ။ အခုတော့ ရှာမတွေ့တော့ဘူး ညီမရေ။ တွေ့မိရင် I'll drop you a line.

5 Oct 10, 08:59
ဆောငိးယွန်းလ: မိုးမခပင်တွေအောက်ကို တခေါက်ပြန်ရောက်ခဲ့တယ် မငယ်ရေ..

Htay Thanhtwaykyu ဟုတ်တယ် ဒီသီချင်းကို ကိုမွန်းအောင်ဆိုတာပဲကောင်းတယ်လို့ထင်တယ် အဲဒီအသံတစ်ခုတည်း နားထဲစွဲနေလို့လေ ကိုမွန်းအောင်ကလွဲရင်တော့ ကိုယ့်ယောင်္ကျားဆိုတာ အကောင်းဆုံးပေါ့ ဟိဟိ

ကိုဆောင်းယွန်းလ - ကျွန်မက ထပ်ခါတလဲလဲ နားထောင်နေလို့ မိုးမခပင်အောက်ကို ထပ်ခါထပ်ခါ ပြန်ရောက်နေတယ်။ ကိုမွန်းအောင်ဆိုတဲ့ သီချင်းရရင်လည်း ပို့စ်တင်ဦးမယ်။

ဌေးငယ် - ကိုနေ၀င်းက အဆိုတော်မှ မဟုတ်တာ တေးရေးဆရာပဲ၊ အဆိုတော်လောက်တော့ ဘယ်ကောင်းမလဲ။ ဒါပေမဲ့ သူကိုယ်တိုင်ရေးထားတဲ့ သီချင်းကို သူကိုယ်တိုင် သီဆိုထားတာ နားထောင်ရတော့ တန်ဖိုးတော့ ရှိတာပေါ့။ ဒီသီချင်းကို တော်လှန်ရေးသမားတွေပဲ စပ်ထားတယ်ထင်နေတာ၊ အခုတော့ ပြည်တွင်းက တေးရေးဆရာတယောက်က စပ်တယ်ဆိုတော့ ပိုပြီး သမိုင်းဝင်သွားပြီ။