မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

တပ်မတော် နှင့် ပြည်သူလူထု



ဒီသီချင်းက ကျွန်မငယ်ငယ်က အဖေနဲ့ အစ်ကိုအစ်မတွေက ကျွန်မကို ချီပိုးထိန်းကျောင်းရင်း သီဆိုကြတာ မကြာခဏ ကြားရတဲ့သီချင်းဖြစ်တယ်။ ဒီသီချင်းကို အကြာကြီး နားမထောင်ရဘဲ အဆက်ပြတ်နေရာကနေ အခုမကြာသေးခင်ကမှ Facebook မိတ်ဆွေတဦးဆီမှ ရုတ်တရက် ပြန်ရလိုက်တော့ ငယ်ငယ်က နားထောင်ခဲ့ရတာကို အလွမ်းပြေအဖြစ် ကျွန်မ မကြာခဏ နားထောင်ဖြစ်ပါတယ်။ နားထောင်ရင်း ဟိုတုန်းက စစ်သည်တော်တွေကို ပြည်သူလူထု ချစ်ကြပုံကို စိတ်ကူးနဲ့ မြင်ယောင်ရင်း အခုခေတ် စစ်သားတွေကိုလည်း ပြည်သူလူထုက ဟိုတုန်းကလို ချစ်ခင်နှစ်သက်ရင် သိပ်ကောင်းမှာပဲလို့ မကြာခဏ တွေးမိပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဗမာ့သွေး က သူ့ Facebook စာမျက်နှာမှာ တင်ထားတဲ့ အောက်က ပို့စ်ကို ဖတ်ရတဲ့အချိန်မှာ ကျွန်မခံစားရတာတွေကို ပြန်လည်မျှဝေလိုတဲ့ ဆန္ဒကို တားမရဆီးမရ ဖြစ်ခဲ့လို့ ဘလော့ဂ်မှာ ပြန်ဖေါ်ပြလိုက်ပါတယ်။ ဗမာ့သွေးရဲ့ ပို့စ်ကို ဒီသီချင်းနဲ့အတူ ပြန်ဖေါ်ပြခွင့် ရတဲ့အတွက် ဗမာ့သွေးနဲ့ ဒီသီချင်းဗွီဒယိုအား ကျွန်မကို လက်ဆောင်ပေးခဲ့တဲ့ မိတ်ဆွေကို ကျေးဇူးတင်ပါတယ်။ ကျွန်မက ဒီမိုကရေစီ တော်လှန်ရေး သီချင်းတွေကို နားထောင်မှ မဟုတ်ဘူး ကျွန်မငယ်ငယ်က ဒီလို အဖေတွေ အစ်ကိုတွေ အမြဲဆိုပြတတ်တဲ့ တချို့ တပ်မတော် စစ်ချီသီချင်းတွေကို ကြားရရင်လည်း ရင်ထဲမှာ တလှပ်လှပ် ဖြစ်ပြီး ကြက်သီးမွေးညှင်းထအောင် ဇာတိမာန်ကို ဖြစ်စေတယ်။

(
သေပါစေ ရေကို မြေကတုတ်လို မဆုတ်မတွန့် မရွံ့တဲ့သူတွေ သတ္တိပြောင် ထောင်ထောင်မောင်းမောင်း သူရဲကောင်းတို့ လက္ခဏာ ညီပေ....

စစ်ဆင်တွေ တသီတန်း စစ်စခန်းချရာမြေ (တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ... မိုးသက်တွေ လေဝှေ့လို့ တရွေ့ရွေ့ယူသလေ)၂...
)

ကျွန်မနားထဲမှာ ဘယ်တုန်းကမှ ရိုးမသွား နောက်လည်း ဘယ်တော့မှ ရိုးသွား စိမ်းသွားမှာ မဟုတ်တဲ့ ဒီသီချင်း သံစဉ်တွေကို လွမ်းလွမ်းဆွေးဆွေး နားထောင်ရင်း တချိန်က ပြည်သူချစ်သော တပ်မတော်ကို အားလုံး မြင်ယောင်ပြီး မျှဝေခံစားနိုင်ကြပါစေ။


တပ်မတော်နဲ့ ပြည်သူလူထု

တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို လူတိုင်းချစ်ခင် လေးစားကြသည် ။ ထိုသို့ဆိုလိုက်၍ ကျွန်တော်ကို

အတွေးအခေါ်ဖောက်ပြန်သွားပြီ လို့လည်း မထင်ကြပါနဲ့အုံး ။ ကျွန်တော် တကယ်တမ်း ဆိုလိုတာက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာပါ ။ စစ်အာဏာရှင် စနစ်ဆိုး ကြီးကို မွေးမြူပြီး မိုက်လုံးကြီးနေတဲ့ ကာကွယ်ရေး ဦးစီးချုပ်ကို ပြောတာမဟုတ်ပါဘူး ။ ဘာကြောင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကို လူတိုင်း ချစ်ခင် လေးစားကြတယ်လို့ ပြောတာလည်း ။ အဖြေကို သက်သေပြရရင်တော့ ဗိုလ်ချုပ်အောင်ဆန်းကို ပထမဆုံး ဥပမာ ပေးမိတာ အမှန်ပါဘဲ ။

ဒီနေ့ထိတိုင် မြန်မာနိုင်ငံသားတွေ ချစ်ခင် လေးစားကြတာကို တွေ့မြင် ကြားသိနေရတုန်းပါဘဲ ။

ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဓါတ်ပုံလေးတွေ ၊ သူပြောဆိုဆုံးမခဲ့တဲ့ စာသားလေးတွေကို မြန်မာနိုင်ငံသားတွေ ချစ်ခင်လေးစား နေကြတုန်းဘဲ ဆိုတာကို တော့ နေရာ အနှံ့အပြားမှာ တွေ့မြင်ကြရမှာ ဖြစ်ပါတယ် ။

နောက်တစ်ယောက်က မကြာခင်က စကာင်္ပူကို လာပြီး ဆေးကုသမှု ခံယူသွားတဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်သူရ တင်ဦး ။ ဘဘဦးတင်ဦး စင်္ကာပူ ကို ဆေးလာ ကုမယ်ဆိုတော့ စင်္ကာပူ ကို မရောက်ခင်ကတည်းက ၀ိုင်းပြီး သတင်းမေးကြတဲ့လူတွေ မနည်းပါဘူး ။ ထို့အတူ ခွဲစိတ်ကုသမှု မလုပ်ခင်မှာလည်း ၀ိုင်းဝန်း ဆုတောင်းပေးကြတဲ့ လူတွေ ၊ ဆေးကုသမှု အောင်မြင်ကြောင်း သတင်းကို တင်ပေးလိုက်တဲ့ အခါ ကမ္ဘာတ၀ှမ်းမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေနဲ့ မြန်မာပြည်တွင်းက လူတွေ ၀မ်း သာ ကြောင်း လာပြောကြတာ လည်း မနည်းပါဘူး ။ မြန်မာနိုင်ငံသား တွေတင် မကပါဘူး စင်္ကာပူ လူမျိုး တွေကလည်း လေးစားကြတာပါဘဲ ။ မြန်မာနိုင်ငံသားတွေဟာ သူရဲကောင်းတွေကို ဘယ်လောက် မြတ်နိုးတန်ဖိုးထားလိုက်သလဲ ဆိုတာ ၊ တိုင်းပြည်အကျိုးအတွက် အရင်ကလည်း ဆောင်ရွှက်ခဲ့သလို အခုချိန်မှာလည်း ဆောင်ရွှက်နေဆဲ ဖြစ်တဲ့ ဘဘဦးတင်ဦးကို စင်္ကာပူရောက် မြန်မာနိုင်ငံသားတွေက ဂါဝရ ပြုခဲ့ကြတဲ့ အခမ်းအနားမှာ လည်း အားလုံးတွေ့မြင်တဲ့ အတိုင်းပါဘဲ ။ ဒါတွေဟာ ဘယ်သူမှ ခိုင်းလို့ လုပ်ကြတာ မဟုတ်ပါဘူး ၊ မလာမနေရ စနစ်ကို လည်း မသုံးပါဘူး ၊ လေးစားလွန်းလို့ ၇ိုသေစွာ ရှစ်ခိုးကန်တော့ပြီး ဆုမွန်ကောင်းတွေ ၀ိုင်းတောင်းပေးကြတာ မြင်တဲ့လူတိုင်း မျက်ရည်ဝဲ လောက်အောင် ၀မ်းသာအားရ ဖြစ်မိကြပါတယ် ။

ကျွန်တော် မှတ်မိသလောက် ဆိုရင် ယခု စစ်အာဏာရှင် ခေါင်းဆောင်ပိုင်း တော်တော်များများ စကာင်္ပူ ကို ဆေးလာကု ဘူးပါတယ် ။ သူတို့တွေ လာတုန်းက ဘယ်လို ၀ိုင်းပြီး ဆုတောင်းပေးကြလဲ ။ ခင်ဗျာတို့ အမှတ်ရကြအုံးမှာပါ ။ ဒီပဲယင်း အရေးအခင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အသေသတ်ဖို့ ကြံစည်ရာက ဦးသန်းရွှေ သဘောကျလို့ ရာထူးတွေ တဆင့်ပြီးတဆင့် တက်လာတဲ့ ဗိုလ်ချုပ်စိုးဝင်း လည်း စကာင်္ပူမှာ ဆေးလာကုတာ သေပြီလည်း သတင်းကြားရော ပြည်သူတွေမှာ ၀မ်းသာအားရ ဖြစ်လိုက်ကြတာ ကို ပြန်ပြီးတောင် မြင်ယောင်လာမိတယ်ဗျာ ။ ထို့အတူဘဲ စစ်အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ လာတုန်းကလည်း အလားတူပါဘဲ ။ ပြည်သူတွေက ဘယ်အချိန်များ သူ ကွယ်လွန်ပြီ ဆိုတဲ့ သတင်းကို ကြားရမလဲ ဆိုပြီး မျှော်လင့်စွာ စောင့်စားခဲ့ဘူး ကြပါတယ် ။ သူတို့တွေ လာရင်လည်း သံရုံး ၀န်ထမ်း တွေက လွဲရင် ဘယ်ပြည်သူလူထု မှ သွားတွေ့တယ်လို့ မကြားမိပါဘူး ။ မတတ်သာလို့ သွားတွေ့ရတဲ့ လူတွေရဲ့ ရင်ထဲမှာလည်း စေတနာ ဆိုတာ ပါနိုင်ပါ့မလား ။ စိတ်မပါဘဲ လုပ်ခိုင်းတဲ့ အလုပ် ကို ဘယ်သူမှ စေတနာ မပါဘူး ဆိုတာ ကိုယ်တွေ့ အဖြစ်အပျက်လေးတွေ နဲ့ နှိုင်းယှဉ် ကြည့်စမ်းပါ ။

ဦးတင်ဦး ဆိုတာက ပြည်သူလူထု အားလုံး သိပြီးကြတဲ့ အတိုင်း တိုင်းပြည် နဲ့ လူမျိုးအကျိုးကို စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့တဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၊ အာဏာရှင် စနစ်ဆိုးကြီးက တိုင်းပြည်ကို အကျိုးယုတ်စေမယ် ၊ ဒီမိုကရေစီ စနစ်က သာ ပြည်သူလူထု တွေ အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ အုပ်ချုပ်ရေး စနစ်ဆိုတာကို ကျွန်တော်တို့ တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့တာကို လေးစားစွာ လိုက်နာကျင့်ကြံနေတဲ့ ပုဂ္ဂိုလ် လေ ။

ဒီနေ့ စစ်အာဏာရှင်စနစ်ဆိုး ကို မွေးထုတ်နေတဲ့ ဗိုလ်ချုပ်တွေက သူတို့ကောင်းစားရေးကို ဦးထိပ်ထား သလောက် ပြည်သူတွေ ဒုက္ခရောက် နေတာ သိသိကြီးနဲ့ လှည့်ကြကြတာ မဟုတ်ပါဘူး ။ အာဏာတည်မြဲရေး အတွက် ဆို သံဃာတောင် ချမ်းသာ မပေးဘူးဆိုတဲ့ ၀ါဒကို ကိုင်စွဲထားသူတွေ ၊

ဖြစ်ချင်တာ ဖြစ် ပစ်သာပစ်ကွာ ဆိုတဲ့ အမိန့်စကားကို လက်ကိုင်ထားပြီး သူတို့ကိုယ်ကြိုးရှာဖို့ တပ်မတော်နဲ့ ပြည်သူလူထု ကို ရန်တိုက်ပေးနေတဲ့လူတွေ ၊ ဒို့မြေကို တစ်လက်မ မှ အထိမခံ ရအောင် ကာကွယ်ကြဖို့ ဖွဲ့စည်းထားတဲ့ စစ်တပ်က ၊ အခုတော့ သူတို့အာဏာ တည်မြဲရေး အတွက် ဆို ကျွန်တော်တို့ တိုင်းပြည်ကို တိုင်းတပါးလက် ထိုးအပ်ဖို့တောင် ၀န်မလေးတဲ့သူတွေ ၊

အောက်ခြေပိုင်း ရဲဘော်တွေ ၀မ်းရေး အတွက် မနည်း ရုန်းကန် လုပ်ရှားနေကြရတဲ့ အချိန်မှာ သူတို့တတွေက တိုင်းပြည်ဘဏ္ဍာတွေနဲ့ နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်တွေ အမျိုးမျိုးဝယ်သုံးပြီး အာဏာယစ်မူးနေကြတဲ့ လူတွေ ၊

ပြောလို့တောင် ကုန်စရာ မရှိပါဘူးဗျာ ။ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ်အာဏာ ရှင်တွေဟာ လူမိုက်တွေထက်လည်း ပိုမိုက်သလို လူယုတ်မာတွေထက်လည်း ယုတ်မာနေကြ တာ အားလုံးအသိပါ ။

တပ်မတော်သား ဗိုလ်ချုပ် ချင်း တူပါလျှက်နဲ့ တိုင်းပြည် အပေါ်ကို ထားရှိတဲ့ စေတနာနဲ့ ခံယူချက်ချင်း မတူကြတော့ ပြည်သူလူထု ကလည်းသူတို့ အပေါ်ကို ထားရှိတဲ့ စေတနာ တွေက ကွဲပြားနေတာ သဘာဝ အမှန်တရား ပါဘဲ ။

ဒီနေ့တပ်မတော်သား အဖြစ်ခံယူထားတဲ့ မိတ်ဆွေ အပေါင်းကို ကျွန်တော် လေးနက်စွာ အသိပေးချင်ပါတယ် ။ တစ်ချိန်က မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိဖို့ ကြိုးစားစဉ် ဗိုလ်ချုပ်အောင်ဆန်း လက်အောက်က တပ်မတော်သား တွေကို ပြည်သူလူထု ထားရှိတဲ့ သဘောထား လေးကို ဒီသီချင်းလေးကို လိုက်ရွှတ်ကြည့်စမ်းပါ ။ ပြည်သူတွေဟာ တပ်မတော် သားတွေကို ဘယ်လောက် ကြည်ညိုလိုက်သလဲ ၊ ဘယ်လောက် လေးစားလိုက်သလဲ ။

ချွေးနဲ့သာရယ် သွေးနဲ့သာရယ်

စစ်တိုက်တဲ့ နေရာဝယ် အသက်စွန့်ကြလေတော့တယ်

သနားလောက်စရာ တကယ် စားသောက်ရှာတယ်

အဆင်းရဲလည်း ခံရှာတယ် .......ဇွဲသတ္တိထုံးနဲ့ရယ်

ဗမာ့တပ်မတော်ကြီးကိုသာ ၀င်တယ်

စွန့်စားတဲ့လူတွေရယ်ကျေးဇူးကို မျှော်တွေးလို့

ဗမာ့သွေး ကို

နှမပေးချင်ပါတယ် ။

ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ....

သြော်...ရန်သူတွေကို အသေနှံတယ် .. စေတနာ ရှိလွန်းလို့ပါကွယ် ...

ပိုပြီးပျော်ဖို့ရယ် ဟေ. ဒို့ကြီးတော်ကြီးကိုပါ ငါ ပေးမယ် ။

ယူမယ် ယူမယ် ဗမာတိုင်း ဗမာတိုင်း မှတ်သားကြကွယ်

ခေတ်ပေါ်တိုင်းပြည်မှာကွယ် စစ်သည် အပေါင်းကို ကောင်းမွန်စွာ ရယ်

ကြိုက်တာလိုရာ ပေးလို့ အင်မတန် အရေးယူတယ်

အဲဒီ လို ဗမာတပ်မတော်ကို မှ တတ်နိုင်သလို ကူပါကြဖို့

နမူနာပြလို့ ကျွန်တော်များ ဆိုပါတယ် ....။


ဖက်ဆစ်ဂျပန်ကို တော်လှန်ဖို့ တိုက်ပွဲဝင်ကြမယ့် ရဲဘော်တွေကို ပြည်သူလူထု ကိုယ်စား ဂီတာသိန်းမောင်က ဂျူဗလီဟော မှာ ဖျော်ဖြေခဲ့တဲ့ သီးချင်းလေးပါ ။ အဲဒီ သီချင်းလေးကို နားဆင်ရတဲ့ ရဲဘော်တွေ မျက်ရည်ကျတယ်တဲ့ ။ ဘယ်လောက် လွှမ်းစရာကောင်းလိုက်တဲ့ သီချင်းလေးလဲဗျာ ။

ယခင်က တပ်မတော်သားတွေကို ပြည်သူလူထု က လေးစားချစ်ခင် ခဲ့တာကို အခွင့်ကောင်းယူပြီး

စစ်အာဏာရှင်တွေက သူတို့ ကိုယ်ကျိုး အတွက် တပ်မတော်သားတွေကို အသုံးချခြင်းကို ခံခဲ့ရလို့

အခု ချိန်မှာ တပ်မတော်သား တွေကို ပြည်သူလူထု က နာကြည်းမုန်းတီး နေကြပါပြီ ။ စစ်အာဏာရှင်တွေ အလိုကျ ပြည်သူလူထု ကို အရက်စက်ဆုံး နှိမ်နှင်း ခဲ့ကြတဲ့ တပ်မတော်သား တွေကို နာကြည်းလာတာ မုန်းတီးလာတာ ပြည်သူတွေ ကို အပြစ်ဆိုလို့လည်း မရပါဘူး ။ ဒီနေ့ ပြည်သူလူထု ကိုယ်စား ကျွန်တော် ပြောကြားချင်တာက ကျွန်တော်တို့ တပ်မတော်သား တွေကို မမုန်းပါဘူး ။ စစ်အာဏာရှင်တွေ အလို ကျ ပြည်သူလူထု ကို ဒုက္ခပေးတဲ့ စစ်သားတွေကိုသာ မုန်းတာပါ ။ ကျွန်တော်တို့ တတွေ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ကို မမုန်းပါဘူး ။ စစ်အာဏာရှင် စနစ်ကြီးကို မွေးဖွာပေးတဲ့ ယုတ်မာလွန်းလှတဲ့ ဗိုလ်ချုပ်တွေ ကိုသာ မုန်းတာပါ ။

စစ်အာဏာရှင်တွေဟာ သူတို့အာဏာတည်မြဲရေး အတွက် တပ်မတော်သားတွေကို မြှောက်ပေးပြီး တိုင်းရင်းသား ညီအစ်ကို မောင်နှမများကို ရန်သူသဖွယ် သတ်ဖြတ်ခိုင်းခဲ့သလို ၊ ပြည်သူလူထုကို လည်း အကြမ်းဖက် နှိမ်နှင်းခဲ့တာ တွေဟာ အိမ်ကြက်ချင်း အိုးမဲသုတ်ပြီး တိုက်ခိုင်းသလိုပါဘဲ ။ အဲဒီလို မှားယွင်းတဲ့ လုပ်ရပ်တွေကို သာ ရပ်ပြီး ပြည်သူလူထု နဲ့သာ လက်တွဲကြမယ် ဆိုရင် မကြာခင် အချိန်အတွင်းမှာ ပြည်သူလူထု ကလည်း တပ်မတော်သား တွေ အပေါ်ကို သဘောထား ပြောင်းလာကြမှာ သေချာပါတယ် ။

တချိန်က တပ်မတော်နဲ့ ပြည်သူလူထု ချစ်ခင်စည်းလုံးခဲ့ကြလို့ လွတ်လပ်ရေးကို ရရှိခဲ့ကြတယ် ဆိုတာကို မမေ့စေချင်ပါဘူး ။ ပြည်သူချစ်သော စည်းကမ်းပြည့်ဝတဲ့ အရည်အချင်းနဲ့ ပြည့်စုံတဲ့ တပ်မတော် ကြီးကို ပြန်လည် မွေးဖွားဖို့ အတွက် ဒီနေ့ တပ်မတော်သားတိုင်းမှာ တာဝန်ရှိပါတယ် ။ ယခု အချိန်ဟာ တပ်မတော်သား တွေ အမြင်မှန်ရကာ ဒီမိုကရေစီ နိုင်ငံတော်ကြီးဆီကို ချီတက်ဖို့ ကြိုးစားနေတဲ့ ပြည်သူလူထုနဲ့ ပူးပေါင်းပြီး မြန်မာတမျိုးသားလုံးက လေးစားချစ်ခင်ရတဲ့ တပ်မတော်ကြီးကို ပြန်လည် တည်ဆောက်ဖို့အတွက် ကမ္ဗည်း မော်ကွန်း ရေးထိုးရမည့် အချိန်ကို ရောက်လာပါပြီလို့ လေးစားစွာ အသိပေး နိုးဆော် လိုက်ပါတယ် ။

ပြည်သူလူထု အနေနဲ့လည်း လွတ်လပ်၍ တရားမျှတကာ အေးချမ်းသာယာ၍ ခေတ်မှီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီ နိုင်ငံတော်ကြီးဆိုသို့ ချီတက်ရန် အတွက် ကျရာ အခန်းဂဏ္ဍကနေ ပါဝင်ပြီး တိုက်ပွဲကို ၀င် ရောက် ဆင်နွှဲပေးကြပါလို့ လေးစားစွာ မေတ္တာရပ်ခံ အပ်ပါသည် ။

ခင်မင်လေးစားလျှက်

ဗမာ့သွေး

လက်ရှိတပ်မတော် တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သား အားလုံး အမှန်တရားကို သိမြင်လာစေရန် ကူညီ၍ ဖြန့်ဝေပေးကြပါ ။


23 comments:

အစ်မ
သီချင်းနားထောင်လို့ မရဘူး..
loading တော့ လုပ်ပြီး.. အသံမကြားရဘူး ဖြစ်နေတယ်...။ speaker mute လုပ်မထားပဲနဲ့ ..။

မငယ်ရေ..မယ်ဆင်ပြောသလိုပဲ..

သဘောကျလိုက်တာ သီချင်းလေးရောစာလေးရော..

ဒီသီချင်းက ကျနော်ငယ်ငယ်ကတည်းက နှစ်သက်ခဲ့ရတဲ့ သီချင်းပဲ...။ အခုနားထောင်လို့မရဘူး။

ဝိုင်းစုခိုင်သိန်းအလိုမရှိ http://myanmartruthers.blogspot.com/



* မူးယစ်ဆေးဝါး ကာကွယ်ရေး ဗဟိုအဖွဲ့ အစီရင်ခံစာ အပိုင်း - ၁ *
--------------------------------------------------------------------------


2013 November 28
Moe Zay Nyein


ပြည်ထဲရေးဝန်ကြီးဌာန
မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ အန္တရာယ်
တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့


အကြောင်းအရာ။ ။ ပစ်မှတ် စိစစ်ခြင်းနှင့် ရန်ကုန်မြို့အတွင်း မူးယစ်ဆေးဝါး ဆေးပြားများနှင့် ဆေးပြားများ စီးဝင် ရောက်ရှိမှု အခြေအနေ တင်ပြချက်


(မှတ်ချက် - အစီရင်ခံစာနဲ့ စစ်ချက်တွေ ပေါင်းရင် စာမျက်နှာ ရာနဲ့ ချီတာမို့ ဖြတ်တောက်ထားပါတယ်။ အမြီးရှည်ရှည်နဲ့ အကောင်တွေနဲ့ ပတ်သတ်နေလို့ ပြည်ထဲရေးက လျှော့လျှော့ပေါ့ပေါ့နဲ့ ရေးထားရတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့ နေ့စွဲတွေကို ပူးတွဲဖော်ပြထားတာကို တွေ့နိုင်ပါတယ်။...

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့် ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

ဒီအမှုတွဲထဲမှာ နာမည်ကြီးအနုပညာရှင်တွေအတော်များများနဲ့ အောင်ဇော်ရဲမြင့်၊ ကျော်စွာမြင့်၊ စည်သူသာအေးတို့လို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သတ်နေပါတယ်။ အဲ့သလို တရားဥပဒေရဲ့အထက်မှာ ရှိနေသူများ ပါဝင်ပတ်သတ်နေတာကြောင့် ဒီအမှုတွဲထဲမှာပါတဲ့ တရားခံအားလုံးလိုလို အပြစ်ပေး အရေးယူခြင်း မခံခဲ့ရပါဘူး။


- မိုးဇေညိမ်း)

.



* မူးယစ်ဆေးဝါး ကာကွယ်ရေး ဗဟိုအဖွဲ့ အစီရင်ခံစာ အပိုင်း - ၁ *
------------------------------------------------------------------------------


XXXXXXXX


၂။ လတ်တလော သတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။


၆။ XXXXXXX

(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု

(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။

၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။


(၂) စစ်ကြောဖော်ထုတ်ချက်များအရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်း အမှတ် မ-၄/င နေ အေးထွန်း (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက်)သည် ၂ဝဝ၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ သွားရောက်ပြီး အပြန်တွင် အပြာရင့်ရောင်လင်းပိုင်တံဆိပ် ECSTASY ဆေးပြားများအား သယ်ဆောင်လာခဲ့ကြောင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ECSTASY ဆေးပြားများကို အမေရိကန်နိုင်ငံမှပင် ဒုတိယအကြိမ်သယ်ဆောင်ခဲ့ကြောင်း၊ ECSTASY ဆေးပြားများကို ညီဖြစ်သူ ဗိုလ်ကြီးဟောင်း ထင်ပေါ်ထွန်း၊ သူငယ်ချင်း မြင့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း၏သား မျိုးမင်းတင်ထွန်း၊ ဗိုလ်ကြီးဟောင်း နေထွန်းတို့နှင့်အတူ Hot Short Club၊ ကန်တော်ကြီး ဟိုတယ်နှင့် BME2 Club တို့တွင်သွားရောက် ကခုန်ရင်း သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။

၂ဝဝ၅ ခုနှစ်တွင် အေးထွန်းသည် ဗိုလ်ချုပ် စောထွန်း၏သားမက် သားပေါက် (ခ) ကျော်နိုင်ဦးနှင့်ရင်းနှီးရာမှ သားပေါက်၏ နေအိမ်နှင့် Club များတွင် ဂန္တဝင်၊ မိုးဟေကိုတို့နှင့်အတူ ECSTASY ဆေးပြားများ သုံးစွဲခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ်တွင်လည်း မောင်ဝိတ်ထံမှရရှိသည့် ECSTASY ဆေးပြားများကို သားပေါက်မှတစ်ဆင့်ရရှိခဲ့၍ သုံးစွဲခဲ့ကြောင်းသိရှိရပါသည်။

.



XXXXXXX


(၅) ၂ဝဝ၆ ခုနှစ်တွင် အောင်ဇော်ရဲမြင့်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုစဉ်က မလေးရှားနိုင်ငံရှိ လူမိုက်ဂိုဏ်းတစ်ခုမှ မန်နီးဆိုသူလာရောက် တွေ့ဆုံကြောင်း သိရှိရပါသည်။ မန်နီးက အောင်ဇော်ရဲမြင့်အား ထိပ်တန်း စားသောက်ဆိုင်များ၊ ကလပ်များသို့ ခေါ်ယူဧည့်ခံခဲ့ပြီး တွေ့ဆုံသူတိုင်းကို အောင်ဇော်ရဲမြင့်မှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်းကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ကာစီနိုဝိုင်းသို့ သွားရောက်သည့်အခါ အောင်ဇော်ရဲမြင့်အား မောင်ဝိတ် Family ဟု အမည်စာရင်း ကြိုတင်ပေးခဲ့ကြောင်း သိရှိရပါသည်။ မလေးနိုင်ငံသား မန်နီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြအောင်တို့၏ ၁၃-၅-ဝ၇ နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော မင်္ဂလာပွဲသို့ လာရောက်ခဲ့ပြီး ရွှေမြန်မာဟိုတယ်၌ ၁၂-၅-ဝ၇ နေ့နှင့် ၁၃-၅-ဝ၇ နေ့တွင် တည်းခိုခဲ့ကြောင်း သိရှိရပါသည်။


WY စိတ်ကြွဆေးပြားများစီးဝင်မှု

၇။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အမှတ် ၁၂ တွင် အောင်နိုင်ဆိုသူထံမှ စိတ်ကြွဆေးပြား ၂၆၆၂ ပြား ဖမ်းဆီးရမိခဲ့ပါသည်။ အောင်နိုင်သည် အဆိုပါဆေးပြားများအား တန့်ယန်းမြို့နယ်၊ နမ့်ပေါင်ရွာနေ ညီစမ်း ဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ညီစမ်းမှာ တန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ သွားရောက် ဝယ်ယူခြင်း ဖြစ်ပြီး ဆန်ရုန်းအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ထောက်လှမ်း စုံစမ်းလျက် ရှိပါသည်။


XXXXXXXX


၈။ အောင်နိုင်သည် အဆိုပါဆေးပြားများအား ညီစမ်းမှတစ်ဆင့် တန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆေးပြား ၁ဝဝ ပြားပါ တစ်ထုပ်လျှင် ၂ သိန်း ၆ သောင်းကျပ်ဖြင့် ဆေးပြား ၇၅ ထုပ်ဖိုးငွေ ကျပ်သိန်း ၁၈ဝ ပေး၍ ကိုယ်တိုင်သွားရောက် ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ အောင်နိုင်သည် လားရှိုးမှ မန္တလေးသို့ ဆလွန်းကား၊ ကားစပါယ်ယာဘီးထည့်သည့် အံဝှက်ထဲတွင်ထည့်၍ သယ်ဆောင်ခဲ့ပြီး မန္တလေးမှ ရန်ကုန်သို့ လီယို၊ နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်များဖြင့်သယ်ဆောင်ခဲ့သည်။

ဗဟန်းမြို့နယ်ရှိ EXCEL ဟိုတယ်၊ မင်္ဂလာဒုံ မြို့နယ်ရှိ Myanmar Life ဟိုတယ်တို့၌ တည်းခိုရင်း သိမ်းဆည်းထားကာ ထက်ထက်အောင်၊ စည်သူ၊ မဖြိုး၊ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနှင့် ၄င်းတို့၏ဦးလေး ကိုအောင်ထံ ရောင်းချကြောင်း၊ ထိုသူများက တစ်ဦးလျှင် တစ်ပတ် တစ်ကြိမ် ဆေးပြား ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

.



၉။ ယခုစီးဝင်မှုလမ်းကြောင်းတစ်ခုမှာ မဖြိုး (ခ) ဖြိုးသူသူဝင်းသည် ၂ဝဝ၂ ခုနှစ်ခန့်မှစ၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့်အတူ နေထိုင်လျက်ရှိရာမှ WY စိတ်ကြွဆေးပြားများကို စတင်သုံးစွဲတတ်ပြီး ၂ဝဝ၃/၂ဝဝ၄ ခုနှစ်တွင် မဖြိုးကိုယ်တိုင် အရောင်းအဝယ်ပြုလုပ်လာခဲ့ပါသည်။

ဆေးပြားများကို အလုံမြို့နယ်၊ သီတာရုပ်ရှင်ရုံအနီးနေ ကချင်အမျိုးသမီး ဆိုင်ခေါန်ပန်းနှင့် စမ်းချောင်းမြို့နယ်နေ ကချင်လူမျိုးအဂွမ်းတို့ထံမှ ဝယ်ယူရောင်းချခဲ့ကြောင်း သိရှိရပါသည်။

ထိုအချိန်ကမဖြိုးသည် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက် အေးထွန်း၊ ကျောက်စိမ်းနဂါးကုမ္ပဏီ နေလင်းထွန်း၏သား တင်အောင်ဦးနှင့် ကောင်းမြတ်သူတို့ မူးယစ်ဆေးဝါးကိစ္စဖြင့် ဖမ်းဆီးခံရသည်ကို ကြောက်ရွံ့၍ ဆက်လက် မသုံးစွဲဘဲ ခေတ္တရပ်တန့်ထားခဲ့ပါသည်။


၁ဝ။ မဖြိုးသည် WY ဆေးပြားများကို ရုပ်ရှင်၊ ဂီတ၊ အနုပညာနယ်ပယ်အတွင်း ဖြန့်ဖြူးခဲ့သူလည်း ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထက်ထက်အောင်မှ မိတ်ဆက်ပေးမှုကြောင့် အောင်နိုင်နှင့် စတင်သိကျွမ်းခဲ့ပြီး WY ဆေးပြားများကို တစ်ပြားလျှင် ၃ဝဝဝိ/-နှုန်းဖြင့် အောင်နိုင်ထံမှ ဝယ်ယူခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး (ကွယ်လွန်) နှင့် ၄င်း၏တပည့် ဖိုးကျော် (အကယ်ဒမီ)၊ စိုးမြတ်ကလျာ၊ မင်းထိုက်အောင်၊ မောင်မောင်သိန်းနှင့် ဖမ်းဆီးရမိသူ အဓိကတရားခံမင်းနိုင်တို့အား ပြန်လည်ဖြန့်ဝေ ရောင်းချခဲ့ပါသည်။

ရုပ်ရှင်မင်းသား ဒွေးမှ တစ်ပတ် ဆေးပြား တစ်ကြိမ်ယူလျှင် ၁ဝဝ မှ ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိပြီး တစ်ခါတစ်ရံ နယ်ရိုက်ကွင်းများသို့ လိုက်လံ၍ စိတ်ကြွဆေးပြားများကို ပို့ပေးခဲ့ရကြောင်းလည်း သိရပါသည်။

၂ဝဝ၇ ခုနှစ်မှစ၍ ဒွေးသည် မဖြိုးထံမှ WY စိတ်ကြွ ဆေးပြားများကို ဒိုင်ခံဝယ်ယူသုံးစွဲခဲ့ပြီး မကွယ်လွန်မီအချိန်အထိ မဖြိုးနှင့် ဆက်သွယ်မှုရှိ၍ စိတ်ကြွဆေးပြား များကို ဝယ်ယူ သုံးစွဲခဲ့သူဖြစ်ပါသည်။

ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်မှာ ငွေကြေးမပြည့်စုံသည့် အတွက် ဒွေးက ဝေခြမ်းခွဲဝေ ပေးသည့် စိတ်ကြွဆေးပြားကိုသာ သုံးစွဲရကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။

ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်သူဇာနှင့် စိုးမြတ်ကလျာတို့မှာ တစ်လလျှင် ၂ ကြိမ်ခန့်ဝယ်လေ့ရှိပြီး တစ်ကြိမ်ဝယ်လျှင် စိတ်ကြွဆေးပြား ၅ဝမှ ၁ဝဝ ထိဝယ်ယူ တတ်ကြောင်း၊ ဆေးပြားဖိုးကျသင့်ငွေကို ဆေးပြားလာရောက်ယူဆောင်သူ အိမ်ဖော်မိန်းကလေးနှင့် တပါတည်း ထည့်၍ ပေးကြောင်း သိရှိရပါသည်။


(ဆက်ရန်)

.



* မူးယစ်ဆေးဝါး ကာကွယ်ရေး ဗဟိုအဖွဲ့ အစီရင်ခံစာ အပိုင်း - ၂ *
--------------------------------------------------------------------------------


2013 November 29
Moe Zay Nyein


၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။


၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ် ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုး အကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။


အောင်ဇော်ရဲမြင့်

၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘ ဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။


အောင်ဇော်ရဲမြင့် နှင့် မူးယစ်ဆေးဝါး

၁၅။ အောင်ဇော်ရဲမြင့်သည် မီကာဆာဟိုတယ် အခန်းအမှတ် ၄၂၅ တွင် ရဲတံခွန်ဆောက်လုပ်ရေး ကုမ္ပဏီ ရုံးခန်းဖွင့်လှစ်ထားပြီး သူငယ်ချင်းများဖြစ်သည့် ကိုဇေ၊ ကျော်လှိုင်၊ ချမ်းကျော်၊ သရုပ်ဆောင် ချောချစ်၊ ကျော်ဘုန်းနိုင်၊ ကျော်စွာမြင့်နှင့် နေလင်းကျော်တို့နှင့်အတူ ရုံးသုံးပစ္စည်းများထားသည့် အိပ်ခန်းထဲ၌ မူးယစ်ဆေးဝါးအတူ သုံးစွဲတတ်ကြကြောင်း၊ တစ်ခါတစ်ရံ အောင်ဇော်ရဲမြင့် တစ်ယောက်တည်းလည်း စိတ်ကြွဆေး သုံးစွဲတတ်ကြောင်း သိရှိရပါသည်။

.



၁၆။ ၂ဝဝ၆ စက်တင်ဘာလတွင် SAKURA ဟိုတယ်၌ အောင်ဇော်ရဲမြင့်၊ ချမ်းကျော်၊ ကျော်နိုင်ဦး (ခ) သားပေါက် (ဗိုလ်ချုပ်စောထွန်း၏သားမက်) နှင့် အုန်းမွှေးလုံးတို့ရှိနေစဉ် အောင်ဇော်ရဲမြင့်မှ အေးထွန်း (ဗိုလ်ချုပ်ကျော်ဘ၏ သားမက်) အား ဖုန်းဖြင့် လှမ်းခေါ်ခဲ့ပြီး အေးထွန်းရောက်ရှိလာကာ WY နှင့် ရှူသည့်ကိရိယာဗူးများ ယူလာခဲ့ပြီး WY ဆေးပြားများကို အတူ သုံးစွဲကြသည်။

ကလပ်မှ အပြန်တွင်လည်း အေးထွန်း၏အိမ်သို့ လိုက်သွား၍ WY ဆေးပြားများကို အတူသုံးစွဲတတ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။


၁၇။ ကျော်လှိုင်၊ ဖြူဖြူ၊ အောင်ဇော်ရဲမြင့်၊ မောင်ဝိတ်နှင့် ချမ်းကျော်တို့သည် တစ်ခါတစ်ရံတွင် အင်းယားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ Ralex KTV တွင် ၃/၄ ကြိမ် သွားရောက်၍ WY, Ecstasy နှင့် Katamin Powder ကို သုံးစွဲကြကြောင်း၊ တစ်ခါသုံးလျှင် ၁၅ ပြားမှ အပြား ၂ဝ အထိ သုံးစွဲကြကြောင်း သိရသည်။

WY ဆေးပြားနှင့် Katamin Powder များကို မောင်ဝိတ်မှ ယူလာပေးပြီး ဝေငှသုံးစွဲကြကြောင်း၊ မောင်ဝိတ်ထံတွင် WY, Ecstasy, Katamin Powder ဆေးပြားများအပြင် Happy ဆေးပြားများရှိနေပြီး Club သို့လာလျှင် ပါလာတတ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို မောင်ဝိတ်၏ တပည့် ကျော်ဖုန်းနိုင်နှင့် အုန်းသီးတို့အားပေးထားတတ်ကြောင်း သိရှိရပါသည်။


၁၈။ ဖမ်းဆီးရမိ တရားခံ မင်းနိုင်သည် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပိုင်အိုးနီးယားကလပ်သို့ သွားစဉ် နဝရတ်မှ မိတ်ဆက်ပေးသည့်အတွက် အောင်ဇော်ရဲမြင့်မှ စတင်သိရှိခဲ့သည့်နောက် Ecstasy ဆေးပြားများနှင့် စိတ်ကြွဆေးပြားများကို အပြန်အလှန်ပေး၍ သုံးစွဲခဲ့ကြသည်။

၂ဝဝ၈ခုနှစ် မတ်လ ပထမပတ်တွင် အောင်ဇော်ရဲမြင့်က မင်းနိုင်အား ပိုင်အိုးနီးယားကလပ်တွင် WY ဆေးပြား ၇ဝ ပြားကို မွေးနေ့ လက်ဆောင်အဖြစ် ဘောင်းဘီအိတ်ထဲသို့ ထည့်၍ပေးခဲ့သည်။

၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်း တရားခံမင်းနိုင်၏ မွေးနေ့အတွက် Ecstasy ဆေးပြား ၃ဝ ပြားကို Pioneer ကလပ်တွင်ပေးခဲ့ပြီး ရင်းနှီးမှုအရ WY ဆေးပြားများနှင့် Ecstasy ဆေးပြားများကို ပိုင်အိုးနီးယားကလပ်နှင့် BME ကလပ်တို့တွင် အပြန်အလှန် ပေးခဲ့ကြောင်း သိရှိရပါသည်။

အောင်ဇော်ရဲမြင့်သည် အထက်ပါ ကလပ် ၂ ခုတွင် စိတ်ကြွဆေးပြားများအား ခင်မင်ရင်းနှီးသူ သူငယ်ချင်းများကို လိုက်လံဝေငှပေးလေ့ရှိကြောင်း သိရှိရပါသည်။

.



၁၉။ အောင်ဇော်ရဲမြင့်သည် BME ကလပ်သို့ သွားရောက်၍ တစ်ခါတစ်ရံတွင် Ecstasy ဆေးပြားများ သုံးချင်သည့်အခါ ကျော်နိုင်ဦး (ခ) သားပေါက်ထံသို့ ဖုန်းဖြင့် ဆက်သွယ်၍ ယူလာခိုင်းတတ်ကြောင်း၊ ထိုဆေးပြားမျာကို သားပေါက် (ခ)ကျော်နိုင်ဦး၊ ဖြူဖြူ (ခ) အုန်းမွှေးလုံး၊ သရုပ်ဆောင် ပြည့်ဖူးခိုင်နှင့် သရုပ်ဆောင်ချောရတနာတို့မှ ခွဲဝေသုံးစွဲကြောင်း၊ တစ်ခါတစ်ရံ ရန်ကင်းမြို့နယ်ရှိ သားပေါက် (ခ) ကျော်နိုင်ဦး၏ နေအိမ်သို့ သွားရောက်၍လည်း ဆေးပြားများ သုံးစွဲကြောင်း သိရှိရပါသည်။


၂ဝ။ အောင်ဇော်ရဲမြင့်သည် ၄င်းနေထိုင်သည့် အောက်ကြည့်မြင်တိုင်လမ်း၊ ရဲတံခွန်တာဝါ ၁၁ လွှာရှိ ၄င်း၏အခန်းသို့ ခင်မင်ရင်းနှီးသူ သူငယ်ချင်း ကျော်နိုင်၊ ကိုဇေ၊ ချမ်းကျော်၊ ချောချစ်၊ ကျော်သူဝင်း၊ ဘိုဘိုနိုင်၊ ဘိုဘိုနိုင်၏ဇနီး ခင်လွင်မာဝင်း၊ နဝရတ်၊ ပြည့်ဖူးခိုင်၊ နိုင်လင်း၊ မင်းနိုင်၊ ဂန္တဝင် တို့နှင့်အတူ စိတ်ကြွဆေးပြားများကို သုံးစွဲလေ့ရှိပါသည်။

ဆေးပြားများကို ဘီဒို (သို့) ဘောင်းဘီအတွင်းမှ ထုတ်ပေးလေ့ရှိပြီး ခွက်တစ်ခု အတွင်းသို့ အပြား ၅ဝ ခန့်ထည့်၍ပေးလေ့ရှိပြီး တစ်ခါတစ်ရံ ဆေးပြား ၂ဝဝ ပြား ခန့်ထိ ချထားပေးကြောင်း၊ လာရောက်သူ မိတ်ဆွေများကို ဧည့်ခန်းတစ်ခု အတွင်း နေရာချထားပေးပြီး နေအိမ်ဧည့်ခန်းစားပွဲပေါ်တွင် ဆေးပြားများကို ကော်ဗူးဖြင့် ထည့်၍တင်ထားပေးကြောင်း၊ သုံးစွဲနိုင်ရန်နှင့် ဆေးပြားသုံးစွဲရာတွင် လိုအပ်သည့် ရေဗူး၊ ပိုက်၊ ခဲပြား အစုံအလင်တို့ကို အသင့်ထားရှိပေးကြောင်း သိရှိရပါသည်။


ထွက်ချက်များအရ အောင်ဇော်ရဲမြင့်သည် WY ဆေးပြားများကို ပို၍ကြိုက်နှစ်သက်ပြီး တစ်လုံးပြီးတစ်လုံး ဒလစပ်သုံးစွဲပြီး တစ်ခါတစ်ရံတစ်နေ့လျှင် ဆေးပြားအလုံး ၅ဝ ခန့်အထိ သုံးစွဲကြောင်း၊ ဖော်ထုတ်သိရှိရပါသည်။

တစ်ခါတစ်ရံ ၃/၄ ရက် ဆက်တိုက် အိပ်နေတတ်သလို အောင်ဇော်ရဲမြင့်သည် ၄င်း၏ရဲတံခွန် ၁၁ လွှာ အဆောက်အဦအတွင်း CCTV ကင်မရာများ တပ်ဆင်ထားပြီး ထိန်းချုပ်သည့် မော်နီတာ တစ်လုံးထားရှိပြီး ၄င်းမှ အမြဲစစ်ဆေး ကြည့်ရှုနေတတ်ကြောင်း သိရှိရပါသည်။


၂၁။ အောင်ဇော်ရဲမြင့်သည် WY ဆေးပြားများကို ၂ဝဝ၆/၂ဝဝ၇ ခုနှစ်အတွင်း အောင်မိုး၊ အမှတ် ၃၁၇၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်နေသူထံမှလည်း ဝယ်ယူရရှိခဲ့ပြီး အောင်မိုးအား ၁-၁၂-၂ဝဝ၇ ရက်နေ့တွင် ရန်ကုန်မူးယစ် (အရှေ့) အထူးအဖွဲ့မှ ဖမ်းဆီးရမိပြီးဖြစ်ပါသည်။

ထို့အပြင် မောင်ဝိတ်၏တပည့် ကျော်ဖုန်းနိုင်ထံမှ လည်းကောင်း၊ သားပေါက် (ခ)ကျော်နိုင်ဦးထံမှ လည်းကောင်းရရှိပြီး ရွှေဂုဏ်သူအိမ်ရာနေ ဆံရှည်ဖိုးချို (ခ) ပြူးကြောင် ထံမှလည်း အမြဲ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။

.



၂၂။ အောင်ဇော်ရဲမြင့်သည် ၂ဝဝ၅/၂ဝဝ၆ ခုနှစ်၊ မန္တလေးသင်္ကြန်တွင် မောင်ဝိတ်နှင့်အတူ သင်္ကြန်မဏ္ဍပ်တွင် လာရောက်၍ ရေကစားသူများကို Ecstasy ဆေးပြားများအား နာရီဝက်လျှင်တစ်ကြိမ် ပါးစပ်ထဲသို့ လိုက်၍ ထည့်ပေးကြောင်း၊ မောင်ဝိတ်နှင့်အောင်ဇော်ရဲမြင့်၏ တပည့်များက စိတ်ကြွဆေးပြားများကို အမှုန့်ကြိတ်ပြီး Coke အအေးဗူးများထဲသို့ထည့်၍ မဏ္ဍပ်သို့ လာရောက်သည့် အဆိုတော်များ၊ ရုပ်ရှင် သရုပ်ဆောင်များ၊ ရေကစားသူများကို လိုက်၍ တိုက်ခဲ့ကြောင်း၊ ထိုနှစ် သင်္ကြန်ကာလများအတွင်း Ecstasy ဆေးပြားများ သုံးစွဲရန်အတွက် မောင်ဝိတ်ကုမ္ပဏီမှ MD အောင်မင်းက Ecstasy ဆေးပြားများကို မလေးရှားနိုင်ငံသား ရေလုပ်ငန်း လာရောက်လုပ်ကိုင်သူ Mr. Peter Teo Huat How၊ နိုင်ငံကူးလက်မှတ်အမှတ် ၁၆၁၄ဝ၁၄၆၊ အခန်း ၂ဝ၁၊ တိုက် ဘီ ၃ အောင်ဇေယျရိပ်မွန် အလုံမြို့နယ်နေသူထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။


၂၃။ လတ်တလောတွင် မလေးရှားနိုင်ငံ၌ရှိနေပြီး ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၁ဝ ကြိမ်၊ ၂ဝဝ၈ ခုနှစ်အတွင်း ၃ ကြိမ် ဝင်/ထွက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ Mr. Peter Teo Huat How သည် ရန်ကုန်မြို့သို့ စိတ်ကြွဆေးပြားများ သွင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် ၄င်းအား ကူညီဖော်ထုတ် ဖမ်းဆီးပေးရန် ၂၁-၅-၂ဝဝ၈ ၂၂-၅-၂ဝဝ၈ နေ့ထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပသည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များ၏ ပစ်မှတ် (Target Meeting)တွင် ပစ်မှတ်တင်၍ ဆွေးနွေးခဲ့ ပါသည်။


အောင်ဇော်ရဲမြင့်၏လူမှုရေးကဏ္ဍ

၂၄။ အောင်ဇော်ရဲမြင့်သည် ရိုင်းစိုင်းကြမ်းတမ်းသူတစ်ဦးဟု ၄င်း၏ ပတ်ဝန်းကျင်မှ သတ်မှတ်ခံရသူဖြစ်ပါသည်။ ကလပ်များသို့ရောက်ရှိချိန်တွင် ၄င်း၏ဖခင်မှာ မြန်မာနိုင်ငံတွင် နံပါတ် ၅ အဆင့်ရှိကြောင်း ဖခင်အရှိန်အ၀ါသုံး လုပ်ဆောင်မှုများရှိကြောင်း၊ ၄င်းအားကလပ်ထဲတွင် သီးသန့် နေရာပေးရခြင်း၊ ဂရုတစိုက်ကြည့်ပေးရခြင်း၊ အရိုအသေပေးရခြင်းကို ကလပ်ဝန်ထမ်းများက ပြုလုပ်ပေးခဲ့ရသူဖြစ်ပါသည်။

ကလပ်တွင်းရှိ အခြားသူများနှင့် ပြဿနာဖြစ်မည်စိုးသဖြင့် ကလပ်ထဲသို့စတင်ရောက်ရှိချိန်မှ ပြန်သည့်အချိန်အထိ ကလပ်ဝန်ထမ်းများ ဂရုတစိုက်ကြည့်ရှု စောင့်ရှောက်ပေးနေရ၍ ကလပ်ဝန်ထမ်းများက အောင်ဇော်ရဲမြင့် ကလပ်လာမည်ကိုပင် မလိုလားကြကြောင်း၊ လူအများအပေါ်တွင် အနိုင်ကျင့်ပြုမူဆက်ဆံခြင်း၊ စကားအပြောအဆို ရိုင်းစိုင်းခြင်းနှင့် တစ်ခါတစ်ရံ ကိုယ်ထိလက်ရောက် စော်ကားခြင်းများပြုလုပ်သဖြင့် ကလပ်သို့ လာသူများမှ ရှောင်ရှားခံရသူ ဟုလည်း သိရှိရပါသည်။ တစ်ခါတစ်ရံ စားပွဲထိုးဝန်ထမ်းများအား စိတ်တိုင်းမကျပါက လူပုံအလယ်တွင် ဒူးထောက်ခိုင်းခြင်း၊ ပါးရိုက်ခြင်းများပြုမူတတ်ကြောင်း၊ အရက်မူးသည်ဖြစ်စေ၊ မမူးသည်ဖြစ်စေ လူအများ အပေါ်တွင် နိုင်ထက်စီးနင်းပြောဆို တတ်ခြင်း၊ ကလပ်ထဲတွင် ဖန်ခွက်များရိုက်ခွဲခြင်း၊ ဘေးနားရှိလူများနှင့် ဝန်ထမ်းများအား အကြောင်းမဲ့ ပြဿနာရှာခြင်းများ ပြုလုပ်သဖြင့် ဝန်ထမ်းများမှ မုန်းတီးလွန်း၍ သတ်ဖြတ်ပစ်ရန်ပင် ကြံစည်ကြဖူးကြောင်း ထွက်ဆိုသိရှိရပါသည်။

ထို့အပြင် အောင်ဇော်ရဲမြင့်သည် ကလပ်သို့ ရောက်ချိန်တွင် ဖွင့်ဆဲသီချင်းများကိုပိတ်ပြီး ၄င်းထံတွင်ပါလာသည့် မြန်မာသီချင်းများ၊ တစ်ခါတစ်ရံ ဘုရားရှိခိုးခွေများကို ဖွင့်ခိုင်းခြင်းများ ပြုလုပ်တတ်၍ ကလပ်သို့လာရောက်သည့် သူများမှာထ၍ ပြန်သွားကြောင်း၊ ကလပ်သို့ ရောက်လျှင် အရက်ပုလင်းအဆင်သင့်မချထားပါက ဝန်ထမ်းများအား လက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။


(ဆက်ရန်)

.



* မူးယစ်ဆေးဝါး ကာကွယ်ရေး ဗဟိုအဖွဲ့ အစီရင်ခံစာ အပိုင်း - ၃ *
--------------------------------------------------------------------------


2013 November 30
Moe Zay Nyein


++++++++++++


ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်

စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)

...
၁။ အမည် - စိုးမြတ်သူဇာ (ခ) မစိုး

၂။ အသက် - ၁၉၇၁ (၃၇/ဝ၈)နှစ်

၃။ အလုပ်အကိုင် - ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်

၎။ မှတ်ပုံတင်အမှတ် - ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃

၅။ အဘအမည် - ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း

၆။ အမိအမည် - ဒေါ်ကြည်ကြည်ခင်၊ နေရပ် -

၇။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

၈။ လက်ရှိနေရပ်လိပ်စာ - မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း

၉။ မွေးရပ်ဇာတိ - ရန်ကုန်

၁ဝ။ ပညာအရည်အချင်း - နောက်ဆုံးနှစ် (သမိုင်း)

၁၁။ ဇနီး / ခင်ပွန်း - ဦးမျိုးမင်း

၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၄)ဦး
(၁) စစ်ဆေးခံရသူ (၂) စိုးမြတ်ကလျာ (၃) စိုးသူရနိုင် (ယခု အမေရိကရောက် ) (၄) စိုးမြတ်နန္ဒာ

၁၃။ သား/သမီးများ - -

၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၃ဝ-၄-၂ဝဝ၈ /ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့

၁၅။ ကိုယ်ပုံသဏ္ဍာန် - ဆံပင်နက်ဖြောင့်၊ ဂုတ်ထောက်၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊ နှာတံပေါ်၊ မျက်စိနက်၊ နားရွက်ကြီးကပ်၊ မျက်နှာလေးထောင့်ကျ၊ ကိုယ်လုံးတောင့်၊ အရပ် ၅ ပေ ၆ လက်မခန့်ရှိ၊ အောက်နှုတ်ခမ်း အမာရွတ်ရှိ

.



ကိုယ်ရေးရာဇဝင်အကျဉ်း

၁၆။ ကျွန်မသည် ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသမီး ဖြစ်ပါသည်။

ကျွန်မသည် ငယ်စဉ်က ခ - လ - ရ (၆) တပ် အ - မ - က ကျောင်းတွင် စတုတ္တတန်းထိ ပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းကို မှော်ဘီ၊ တပ်ကြီးကုန်း အ - လ - ကကျောင်းတွင်လည်းကောင်း၊ ဆဋ္ဌမတန်းမှ ဒဿမတန်းအောင်သည်ထိ ထားဝယ် အ - ထ- က ၁ တွင် လည်းကောင်း၊ တက္ကသိုလ်ပညာအား အဝေးသင်တက္ကသိုလ် (ရန်ကုန်)တွင် နောက်ဆုံးနှစ်ထိ ပညာသင်ကြားခဲ့ပါသည်။

၁၉၈၉ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် စတင်လုပ်ကိုင်ခဲ့ပါသည်။

၂ဝဝဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ SALEM မြို့နေ (ဘ) ဦးချစ်ကို၏သား ဦးမျိုးမင်းနှင့် အိမ်ထောင်ကျခဲ့ပါသည်။

ကျွန်မ၏ခင်ပွန်းမှာ အမေရိကန်နိုင်ငံတွင် AVERY ကုမ္ပဏီတွင် ငွေစာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ စားသောက်ဆိုင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်။

ကျွန်မတို့သည် အမေရိကန်နိုင်ငံ၊ Salem City တွင် ၃ နှစ်ခန့် နေထိုင်ပါသည်။ ၄င်းနောက် လော့စ်အင်ဂျယ်လိစ်မြို့ (Los Angeles) သို့ ပြောင်းရွှေ့နေထိုင်ပြီး မလေးရှားစားသောက်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။

ကျွန်မခင်ပွန်း၏ မိသားစုများမှာ လာ့စ်ဗီးဂတ်စ်စီးတီး (Las Vegas) တွင် နေပါသည်။ ၄င်းမြို့တွင်လည်း နောက်ထပ် စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။


၁၇။ ကျွန်မသည် ကိုမျိုးမင်းနှင့် လက်ထပ်ပြီးနောက် ၂ဝဝ၃ ခုနှစ်၊ မေလခန့်တွင် ပထမတစ်ကြိမ်၊ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ညီမငယ် စိုးမြတ်နန္ဒာ၏ မင်္ဂလာဆောင်သို့ ဒုတိယတစ်ကြိမ် လာရောက်ရင်း ၄-လခန့် နေထိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ရက်သတ္တပတ် ၂ပတ်ခန့် နေထိုင်ပြီး ၂ဝဝ၆-ခုနှစ် သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်။

၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့်အမေရိကန် နိုင်ငံ အသွားအပြန် ၄ ကြိမ်ခန့်ရှိခဲ့ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ နောက်ဆုံး ပြန်လာသည့်ရက်မှာ ၂၂-၃-၂ဝဝ၈-ရက်နေ့ဖြစ်ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ပြန်လာစဉ် ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ တစ်ကြိမ်နှင့် ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတစ်ကြိမ် တို့တွင် ကျွန်မနှင့်အတူ ခင်ပွန်းသည် ဦးမျိုးမင်းလည်း လိုက်ပါခဲ့ပါသည်။

ကျွန်မရန်ကုန်သို့ ပြန်လာလျှင် မိဘများနေထိုင်သည့် ဖော်ပြပါလိပ်စာတွင် နေထိုင်ပါသည်။

.



မှုခင်းပိုင်းဆိုင်ရာ ထွက်ဆိုချက်

၁၈။ ၂ဝဝ၆-ခုနှစ် ဇန်နဝါရီလ (၁) ရက်နေ့တွင်ကျွန်မ ရာမဆေးပြား စတင်သုံးစွဲခဲ့သည့် နေ့ဖြစ်သဖြင့် ကျွန်မအမှတ်ရနေ ပါသည်၊ ထိုနေ့မှာနှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ ဆီဒိုးနားဟိုတယ် စတိတ်ရှိုး ရှိသဖြင့် သူငယ်ချင်းဖြစ်သူ ထူးမွန်၊ မြတ်ကေသီအောင်တို့နှင့် ချိန်းဆို၍ သွားရောက်ခဲ့ပြီး ဆီဒိုးနားဟိုတယ်တွင် အခန်းတစ်ခန်း ငှားယူပြီး အခန်းမှနေ၍ စတိတ်ရှိုး ကြည့်ခဲ့ပြီး ရာမဆေးပြားကို စတင်သုံးစွဲခဲ့ပါသည်။

သူငယ်ချင်းဖြစ်သူ ထူးမွန်နှင့် မြတ်ကေသီအောင်တို့မှာ ယခင်ထဲက ရာမဆေးပြားသုံး စွဲဘူးသူများဖြစ်၍ ၄င်းတို့မှ ရာမဆေးပြားကို ယူလာခဲ့ခြင်းဖြစ်ပါသည်။ ၄င်းအခန်းတွင်ပင် ဆေးပြားရှူသည့်ရေသန့်ဗူးနှင့် ခဲပြားကို ၄င်းတို့ ၂ ဦးမှ ပြင်ဆင်ပြီး ၃ ဦးအတူ သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုနေ့က ရာမဆေးပြား ၅ ပြားကို မျှဝေသုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မမှာ ရာမ ဆေးပြား ၁ လုံးသာ သုံးစွဲခဲ့ပါသည်။


ဒွေး (ခ) သားကြီးနှင့် စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ဆက်နွယ်ခြင်း

၁၉။ ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ဒွေး (ခ) သားကြီး၊ ကျွန်မနှင့် မြတ်ကေသီအောင်တို့ မေမြို့သို့ ရုပ်ရှင် ကားရိုက်ရန် သွားရောက်ခဲ့ပါသည်။ ရုပ်ရှင်ကားရိုက်စဉ် သားကြီး (ခ) ဒွေးမှ ရာမဆေးပြား သုံးစွဲကြောင်း ကျွန်မ တို့မှ သိရှိထားသည့်အတွက် ကျွန်မတို့သုံးစွဲလို၍ ဒွေး (ခ) သားကြီးထံမှ ဆေးပြားတောင်းယူခဲ့သဖြင့် ၄င်းနှင့် အတူ ဆေးပြားသုံးစွဲခဲ့ပါသည်။ ထိုသို့သုံးစွဲရာတွင်လည်း ဒွေး (ခ) သားကြီးမှ ဆေးပြားသုံးစွဲရန် ပြင်ဆင်ပေး၍ သုံးစွဲခဲ့ပါသည်။

၎င်းနောက်ပိုင်းတွင် ရာမဆေးပြား သုံးစွဲလိုသည့်အခါ ကိုသားကြီး (ခ) ဒွေးထံသို့ သွား၍ သုံးစွဲခဲ့ပါသည်။ ကျွန်မနေအိမ်တွင် သုံးစွဲရန်အတွက် ဆေးပြားလိုချင်လျှင် ကိုသားကြီးထံမှ ယူပြီး သုံးစွဲပါသည်။ ဆေးပြားဖိုးကိုတော့ ၄င်းဝယ်ယူသည့်ဈေးနှုန်းအတိုင်း ကျွန်မတို့မှ ပေးရပါသည်။ ဆေးပြား ၁ပြားလျှင် ၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အထိ ပေးရပါသည်။


ဒွေး (ခ) သားကြီး၏ ချိတ်ဆက်ပေးမှုကြောင့် မဖြိုး (ခ) ဖြိုးသူသူဝင်းနှင့်သိရှိခဲ့ခြင်း

၂ဝ။ ၂ဝဝ၇ ခုနှစ် ဒွေးမကွယ်လွန်မီ ဒွေး (ခ) ကိုသားကြီး တောင်ကြီးမြို့သို့ ရုပ်ရှင်ကားရိုက်ထွက်စဉ် ကျွန်မ ဆေးပြားလိုအပ်၍ ဒွေး (ခ) သားကြီးထံသို့ ဖုန်းဆက်ရာ ဒွေးမှ မဖြိုး၏ ဖုန်းအားဆက်ပြီး ကျွန်မတို့နှင့် ဆက်သွယ်ပေးပါသည်။ မဖြိုး၏ဖုန်းနံပါတ်ကိုလည်း ကျွန်မတို့အား ပေးခဲ့ပါသည်။

မဖြိုးအား ကျွန်မမှ ဖုန်းဖြင့် ဆက်သွယ်ရာ မဖြိုးမှ ၄င်းနေအိမ်သည် ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဆေးခန်းဘေးရှိ တိုက်တွင်နေထိုင်ကြောင်း၊ ဒွေးမှလည်း ဖုန်းဆက်အကြောင်းကြားထားကြောင်း၊ ဆေးပြားလိုလျှင် လာရောက်ယူရန်ပြောသဖြင့် ကျွန်မ၏ အကူအလုပ်သမားဖြစ်သူ အသေးလေးအား ဒေါ်လာလဲသည်ဟု ပြောပြီး ကျွန်မမှ ပိုက်ဆံပေးကာ မဖြိုး၏ နေအိမ်သို့ သွားရောက်ယူခိုင်းခဲ့ပါသည်။ မဖြိုးမှ ဆေးပြားများကို စာအိတ် ၂ လုံးထပ်၍ ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မ မဖြိုးထံမှ ဆေးပြားတစ်ကြိမ်ယူလျှင် ၅ဝ ပြားယူပါသည်။ မဖြိုးအား ဆေးပြား ၁ ပြားလျှင် ၂ဝဝဝိ/-မှ ၄၅ဝဝိ/-အထိ ပေးရပါသည်။

.



ညီမဖြစ်သူ စိုးမြတ်ကလျာမှ ဆေးပြား ရရှိအောင် ဆောင်ရွက်ပေးခြင်း

၂၁။ ကျွန်မသည် မဖြိုးထံမှ ဆေးပြား ဝယ်ယူရာတွင် ၁ ပြားလျှင် ၄၅ဝဝိ/-နှုန်းဖြစ်ကြောင်း ညီမဖြစ်သူ စိုးမြတ်ကလျာအား ပြောပြခဲ့ရာ ညီမဖြစ်သူမှ ၄င်းထံတွင် ဆေးပြား ၁ပြားလျှင် ၄ဝဝဝိ/-နှုန်းဖြင့် ဝယ်ယူရရှိနိုင်သူ ရှိကြောင်း ပြောပြခဲ့သဖြင့် ညီမဖြစ်သူမှတစ်ဆင့် တစ်ခါယူလျှင် စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ တစ်ထုပ်ကို ကျွန်မနှင့် ဆုဒါလီတို့ တစ်ယောက်တစ်ဝက် ခွဲ၍ ယူပါသည်။ ထိုသို့ ၂/၃ ကြိမ်ခန့် ညီမဖြစ်သူထံမှ ရရှိခဲ့ပါသည်။

ညီမဖြစ်သူ မစိုးမြတ်ကလျာမှ ၄င်းဆေးပြားများကို မည်သူထံမှ ဝယ်ယူကြောင်းကိုတော့ ကျွန်မ မမေးမိ၍ မသိရပါ။

ညီမဖြစ်သူစိုးမြတ်ကလျာထံမှ နောက်ဆုံးအခေါက်ကို ၂ဝဝ၈ ခုနှစ် သင်္ကြန်မတိုင်မီက ၂ဝဝပြားပါ တစ်ထုပ်အား ရရှိခဲ့ပါသည်။ ၄င်းဆေးပြား၂ဝဝ ပြားထဲမှ ဆုဒါလီမှ မယူတော့သဖြင့် ကျွန်မတစ်ဦးတည်း ယူထားရပါသည်။


ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန်သွားစဉ် ယူဆောင်သွားသည့် WY ဆေးပြားများကိစ္စ

၂၂။ ကျွန်မ ယခုအခေါက် ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန် သွားရောက်ခဲ့စဉ် ကျွန်မယူထားသည့် ဆေးပြား၂ဝဝ ပြားပါထုပ်မှ ကျွန်မသုံးစွဲထား၍ အပြည့်မရှိတော့သည့် ဆေးပြားထုပ်အား အဝတ်အစား သေတ္တာထုပ် ဖြင့် ထည့်၍ ကျိုက်ထီးရိုးသို့ သွားသည့် ဘက်စ်ကားတွင် တင်ပေးလိုက်ပါသည်။ ကျိုက်ထီးရိုးသို့ ရောက်ရှိပြီး ဒါရိုက်တာကိုမိုက်တီးမှ ဆေးပြား ကျွန်မထံတွင် ရှိသေးလျှင် မျှရန်ပြောသဖြင့် ဆေးပြား၅ဝ ပြားကို ပေးခဲ့ရပါသည်။

ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးမှလည်း ၄င်းတွင်ဆေးပြားမပါ ၍ ကျွန်မထံမှ ဆေးပြား ၁ဝ ပြား အား ချေးယူသဖြင့် ပေးခဲ့ရပါသည်။ ၄င်းအား ဆေးပြားပေးပြီး နောက်တစ်နေ့တွင် ကိုလွင်မိုးထံသို့ ဆေးပြားပေးသူ ရောက်ရှိလာကြောင်း ကျွန်မအား ပြောပြပြီး ကျွန်မထံမှ ချေးယူထားသော ဆေးပြား ၁ဝ ပြားကို ပြန်ပေးသွားပါသည်။

ကျွန်မတို့ ကျိုက်ထီးရိုးမှ ပြန်သည့်နေတွင် ကျွန်မထံတွင် ကျန်ရှိနေသည့် ဆေးပြား ၁ဝ ပြားကို ဒါရိုက်တာ မိုက်တီးမှ တောင်းသဖြင့် ကျွန်မပေးခဲ့ပါသည်။ ကျွန်မဆေးပြားသုံးရခြင်းမှာ ကျွန်မသည် သရုပ်ဆောင် လုပ်သည့်အပြင် ဝတ္ထုဇာတ်ညွှန်းရေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။ ကျွန်မ စိတ်ကြွရူးသွပ် ဆေးပြား သုံးစွဲပြီး ဝတ္ထုရေးလျှင် ကြာရှည်စွာ စာရေးနိုင်သည့်အတွက် သုံးစွဲခြင်း ဖြစ်ပါသည်။


အောင်ဇော်ရဲမြင့်ထံတွင် မူးယစ်ဆေးဝါးများ ရရှိနိုင်ခြင်း

၂၃။ အောင်ဇော်ရဲမြင့်ထံတွင် WY ဆေးပြားများကို အမြဲ ရရှိနိုင်ပြီး ၄င်းထံသို့ သွားရောက်ပါက မည်သည့် ဆေးပြား ကိုမဆို အလွယ်တကူရရှိနိုင်ပြီး အများအပြား ရှိကြောင်း ကြားဖူးပါသည်။ ရောင်းချခြင်းမဟုတ်ဘဲ သူငယ်ချင်း အပေါင်းအသင်းများအား ၄င်းနေထိုင်သည့်အိမ်တွင် အခမဲ့ အလွယ်တကူ ဝေငှသုံးစွဲကြပါသည်။

.



ရုပ်ရှင်လောကမှ WY ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများ

၂၄။ ကျွန်မ သိရှိသလောက် ရုပ်ရှင်လောကအတွင်း WY ဆေးပြားသုံးစွဲသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) မင်းမော်ကွန်း ( သရုပ်ဆောင် )
( ခ ) နန္ဒာလှိုင် ( ယခင်သုံးစွဲ၊ အစာအိမ် ရောဂါ ဖြစ်၍ ယခု သုံးစွဲခြင်းမရှိ )
(ဂ ) မြတ်ကေသီအောင် ( သရုပ်ဆောင် )
( ဃ) ဆုဒါလီ ( သရုပ်ဆောင် )
( င ) အာရုံဦး ကိုဇော် ( ဒါရိုက်တာ )
( စ ) မောင်မျိုးမင်း ( ဒါရိုက်တာ )
( ဆ) ညိုမင်းလွင် ( ဒါရိုက်တာ )
( ဇ ) လွင်မိုး ( သရုပ်ဆောင် )
( ဈ ) နေထက်လင်း ( သရုပ်ဆောင် )
( ည) မိုက်တီး ( ဒါရိုက်တာ )
( ဋ ) လူမင်း ( သရုပ်ဆောင် )
( ဌ ) သဉ္ဇာဝင့်ကျော် ( သရုပ်ဆောင် )
( ဍ ) သားညီ ( သရုပ်ဆောင် )


ရုပ်ရှင်လောကမှ Ecstasy ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများမှာ-
(က) နဝရတ်
( ခ) သဉ္ဇာဝင့်ကျော်


အဆိုတော်လောက WY ဆေးပြား သုံးစွဲသည်ဟု ကြားသိရသူများမှာ-
( က ) မျိုးကျော့မြိုင်
( ခ ) R ဇာနည်
( ဂ ) ဖြိုးကြီး


ပြန်လည် ဖတ်ကြည့်ရာ မှန်ကန်ပါသည်။


အစစ်ခံသူ - မစိုးမြတ်သူဇာ

စစ်ဆေးသူ - (၁) ရဲမှူး ဒေါ်သန်းအေး၊ မူးယစ်၊ တရားမဝင်ငွေကြေးပစ္စည်း စုံစမ်းစစ်ဆေးရေးအဖွဲ့
(၂) ဒုရဲအုပ် ခင်မောင်အေး၊ ရန်ကုန်အရှေ့ မူးယစ်အထူးအဖွဲ့


(ဆက်ရန်)

.



* မူးယစ်ဆေးဝါး ကာကွယ်ရေး ဗဟိုအဖွဲ့ အစီရင်ခံစာ အပိုင်း - ၄ *
--------------------------------------------------------------------------

2013 December 1
Moe Zay Nyein


(မှတ်ချက် -
မူးယစ်ဗဟိုအဖွဲ့ အစီရင်ခံစာ အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။

ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။...

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

ဒီအမှုတွဲထဲမှာ နာမည်ကြီးအနုပညာရှင်တွေအတော်များများနဲ့ အောင်ဇော်ရဲမြင့်၊ ကျော်စွာမြင့်၊ စည်သူသာအေးတို့လို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သက်နေပါတယ်။

အဲ့သလို တရားဥပဒေရဲ့အထက်မှာ ရှိနေသူများ ပါဝင်ပတ်သက်နေတာကြောင့် ဒီအမှုတွဲထဲမှာပါတဲ့ တရားခံအားလုံးလိုလို အပြစ်ပေး အရေးယူခြင်း မခံခဲ့ရပါဘူး။

မိုးဇေညိမ်း)

.



စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ် ၏ အစစ်ခံချက် ( ၂၈-၅-၂ဝဝ၈ ရက်နေ့)

၁။ အမည် - စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်

၂။ အသက် - (၃ဝ)နှစ်၊ ၆-၉-၇၇

၃။ မှတ်ပုံတင်အမှတ် - ၁၂/အစန (နိုင်) ၁၇၁၁၂ဝ

၎။ အဘအမည်/ - ဗိုလ်မှူးကြီးကိုကို ( အငြိမ်းစား)
နေရပ် - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့

၅။ အမိအမည် - ဒေါ်အေးအေးမြင့် (ဘ) ဦးမောင်ရီ၊ ၅၄ နှစ်
နေရပ် - မ/၃၃၃၊ဗိုလ်ဥာဏလမ်း၊ (ရ) မိုင်၊ ရန်ကုန်မြို့

၆။ လူမျိုး/ဘာသာ - ဗမာ/ဗုဒ္ဓ

၇။ လက်ရှိနေရပ်လိပ်စာ - သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း၊ ရန်ကုန်မြို့

၈။ မွေးရပ်ဇာတိ - ရန်ကုန်မြို့

၉။ ပညာအရည်အချင်း - ၁ဝ တန်း

၁ဝ။ အလုပ်အကိုင် - ရုပ်ရှင်သရုပ်ဆောင်

၁၁။ ဇနီး / ခင်ပွန်း - မရှိပါ။

၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ - (၁) မသဇင်ကိုကို (အစ်မ)

၁၃။ သား/သမီးများ - မရှိပါ

၁၄။ စစ်ဆေးသောနေ့ရက်/နေရာ - ၂၈-၅-၂ဝဝ၈/ ဝ၁၃ဝ

၁၅။ ကိုယ်ပုံသဏ္ဍာန် - အရပ် ၅ ပေ ၄ လက်မ၊ မျက်နှာသွယ်၊ နှုတ်ခမ်းပါး၊ နှာတံပေါ်စင်း၊ မျက်ခုံးတို


ကိုယ်ရေးရာဇဝင်အကျဉ်း

ကျွန်မအား အထက်ပါမိဘနှစ်ပါးမှ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆ လမ်းတွင် မွေးဖွားခဲ့ပြီးနောက်၊ အသက် ၁၁ နှစ်အရွယ်တွင် မရမ်းကုန်းမြို့နယ်၊ ၇မိုင်ခွဲ၊ တေးနုယဉ်လမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ထိုနေရာတွင် ၂/၃ နှစ်ခန့်နေထိုင်ပြီး မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃၃ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ယခုလက်ရှိအိမ်တွင် မိခင်ဖြစ်သူနေထိုင်လျက်ရှိပါသည်။

ကျွန်မသည် အ မ က (၆) ကျောက်တံတားတွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ ထ က (၂) ကမာရွတ်၊ အင်းစိန်စော်ဘွားကြီးကုန်းရှိ အ ထ က ကျောင်း၊ မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်း၊ အ ထ က (၂) စမ်းချောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး (၁ဝ) တန်းထိ ပညာသင်ကြားခဲ့ပါသည်။ ၁ဝ တန်းကို အောင်သည်အထိ ပညာသင်ကြားခြင်း မရှိတော့ပါ။

.



မှုခင်းပိုင်းဆိုင်ရာ ထွက်ဆိုချက်

လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်တွင် ရုပ်ရှင်သရုပ်ဆောင် ချောရတနာ မိတ်ဆက်ပေးသည့် အတွက် အောင်ဇော်ရဲမြင့်နှင့် စတင် သိကျွမ်းခဲ့ပါသည်။ ထိုအချိန်က ကျွန်မမှာလည်း ချစ်သူရည်းစား ရှိခဲ့သည့်အတွက် အသိအကျွမ်းအနေဖြင့်သာ သိရှိခဲ့ပါသည်။၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်မှ ဖုန်းဆက်သွယ်လာပြီး ၄င်းမှာ ဇနီးဖြစ်သူ အေးမြအောင်နှင့် တရားဝင် ကွာရှင်းတော့မည် ဖြစ်ကြောင်းကို ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့ပါသည်။

ကျွန်မသည် အောင်ဇော်ရဲမြင့်က အေးမြအောင်နှင့် လက်ထပ်သွားသည်ကို မသိလိုက်ခဲ့ပါ။ ယခု ကွာရှင်းတော့မည် ဖြစ်ကြောင်း သိသည့်အခါ သူ့ကို အားပေးစကား ပြောကြားပြီး ဆက်သွယ်မှု ရှိလာခဲ့ပါသည်။ အောင်ဇော်ရဲမြင့် လက်ထပ်သည့်နေ့မှာ သူ၏မွေးနေ့ဖြစ်သည့် မေလ ၁၃-ရက်နေ့တွင် အေးမြအောင်နှင့် လက်ထပ်ခဲ့ပြီး ၆ လခန့်အကြာတွင် ကွာရှင်းခဲ့ခြင်းဖြစ်ပါသည်။ သူ့ဇနီး အေးမြအောင်နှင့် အဆိုတော်ရဲလေးတို့ တိတ်တဆိတ် ချစ်ကြိုက်နေကြောင်း သိရသဖြင့် ကွာရှင်းခဲ့ခြင်း ဖြစ်ကြောင်း ကြားသိရပါသည်။

အောင်ဇော်ရဲမြင့်နှင့် အေးမြအောင်တို့ ကွာရှင်းသည့်(၂ဝဝ၇ခုနှစ်၊ အောက်တိုဘာလ၊ နိုဝင်ဘာလခန့်) နေ့၌ပင် အောင်ဇော်ရဲမြင့်မှ ကျွန်မအား ချစ်ခင်ကြောင်းပြော၍ ကမ်းလှမ်းခဲ့ပါသည်။ နောက်ပိုင်းတွင် ကျွန်မနှင့် တွဲ၍ သွားလာမှုများ ရှိခဲ့ကာ ကန်တော်ကြီးဟိုတယ်၊ Pioneer CLUBနှင့် BME One CLUB တို့၌ သွားလာလေ့ ရှိပါသည်။


ရဲတံခွန်တာဝါတွင် နေထိုင်ခြင်း

လွန်ခဲ့သည့် (၃/၄) လခန့်မှစ၍ ကျွန်မသည် အောင်ဇော်ရဲမြင့်နေထိုင်သည့် ရဲတံခွန်တာဝါသို့လိုက်ပါ၍ နေထိုင်ခဲ့ပါသည်။ အောင်ဇော်ရဲမြင့်သည် CLUB များသို့သွားပြီးအပြန်တွင် သူငယ်ချင်းများမှာ အတွဲများဖြင့် လိုက်လာပြီး စုရုံး၍ စားသောက်နေထိုင်လေ့ရှိကြပါသည်။ ကျွန်မမှ ရဲတံခွန်တာဝါတွင် လိုက်ပါနေထိုင်သည်ကို ကျွန်မ၏ မိဘနှစ်ပါးမှသိရှိသကဲ့သို့ အောင်ဇော်ရဲမြင့်၏ မိဘနှစ်ပါးကလည်း သိရှိပါသည်။ ကျွန်မမိဘများ အနေဖြင့် အောင်ဇော်ရဲမြင့်မှာ ဆိုးသွမ်းသည်ဟုသတင်းကြားသည့်အတွက် သဘောမတူကြပါ။ အောင်ဇော်ရဲမြင့်၏ မိဘများဘက်မှ မည်သို့မျှ မပြောပါ။

ကျွန်မ ရဲတံခွန်တာဝါသို့ရောက်ရှိနေထိုင်ပြီးနောက်ပိုင်း အောင်ဇော်ရဲမြင့် ထံသို့လာရောက်တတ်သူများမှာ ဂန္တဝင်နှင့် ၄င်း၏ ညီမဝမ်းကွဲ မငယ် (M-၃ အဆိုတော်)၊ ပြည့်ဖူးခိုင်နှင့် ၄င်း၏ရည်းစား Pioneer Club DJ ဝင်းအောင်၊ သင်ဇာဝင့်ကျော်နှင့် ၄င်း၏ရည်းစား စည်သူမိုးမြင့်၊ မင်းနိုင်နှင့် ၄င်း၏တူ ကျော်သူဝင်းတို့မှာ ကလပ်တွင် တွေ့ဆုံကြ ပြီးနောက် ၄င်းတို့၏ ကားများဖြင့် ရဲတံခွန်တာဝါသို့ လိုက်လာခဲ့ပါသည်။ ထို့နောက် DJ အခန်း (TV ကြည့်နေသည့်အခန်း) ထဲသို့ ဝင်ရောက်ကာ Ecstasy ဆေးပြားများ သုံး၍ ကကြပါသည်။

ကျွန်မနှင့် အောင်ဇော်ရဲမြင့် မတွဲမီက အောင်ဇော်ရဲမြင့်နှင့် ဂန္တဝင်တို့ ရည်းစားအဖြစ် တွဲခဲ့ပါသည်။ ယခုကျွန်မနှင့် တွဲနေသည့်ကာလအတွင်း ကျွန်မနှင့် အောင်ဇော်ရဲမြင့်တို့ အဆင်မပြေရန်ဖြစ်၍ ကျွန်မ၏ မိခင်ရှိသည့် မရမ်းကုန်း ၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃ရှိနေအိမ် သို့ပြန်ခဲ့ပါသည်။ ထိုအချိန်အတွင်း ဂန္တဝင်၊ ပြည့်ဖူးခိုင်နှင့် နိုင်လင်း၊ ကျော်သူဝင်း၊ မင်းနိုင်တို့အုပ်စု ရဲတံခွန်တာဝါရှိ အောင်ဇော်ရဲမြင့်နေအိမ်သို့ ကလပ်မှအပြန်တွင် လိုက်လာကြပါသည်။ ကျော်သူဝင်းနှင့် အောင်ဇော်ရဲမြင့်တို့ မပြေလည်သည့်ကိစ္စကို လိုက်ပါ တောင်းပန်ကြခြင်း ဖြစ်ပါသည်။

၎င်းတို့အုပ်စုထဲမှာ M-3 မှ အဆိုတော် မငယ် ဆိုသူမှာ အောက်တိုဘာလခန့် တွင် ရဲတံခွန်တာဝါသို့ ရောက်ရှိလာပြီး ညအိပ်ခဲ့ကြောင်း နံနက်မိုးလင်းသည့်အခါ ကျော်သူဝင်း၊ ပြည့်ဖူးခိုင်၊ နိုင်လင်းတို့မှ လာရောက်၍ ကြိုသွားကြောင်း၊ နောက်တစ်နေ့တွင် ဂန္တဝင် တစ်ယောက်တည်း ရောက်လာပြီး မငယ်အား ယမန်နေ့က မည်သည့်အတွက် ခေါ်သွားကြောင်း မေးမြန်းသည်ကို သိရှိရပါသည်။

.



Ecstasy ဆေးပြားများ သုံးစွဲဖူးခြင်း

ကျွန်မသည် အောင်ဇော်ရဲမြင့်နှင့် ရည်းစားမဖြစ်မီက ၂ဝဝ၇ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလခန့်တွင် ရွှေကောင်း ဟော့ပေါ့ ပိုင်ရှင် (တရုတ်မ၊ အမည်မသိ) ၄င်း၏ရည်းစား ဦးဖိုးဌေး၊ (အိုက်ဟောက်၏တပည့်၊ မန္တလေးမြို့သား) တို့နှင့်အတူ BME-1 တွင် တွေ့ဆုံလေ့ရှိပါသည်။ တွေ့ဆုံသည့်အခါများတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးမှ ကျွန်မအပါအဝင် ရုပ်ရှင်မင်းသမီးများအား Ecstacsy ဆေးပြား ၁ ပြား/တစ်စိတ်စီ တိုက်လေ့ ရှိပါသည်။

ထိုကလပ်သည် အထူးသဖြင့် ရုပ်ရှင်မင်းသမီးများကို Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်လေ့ ရှိပါသည်။ ကလပ်များသို့ ရုပ်ရှင်သရုပ်ဆောင်များ လာပါက ကလပ်တွင် ဧည့်သည် စည်ကားစေရန်အတွက် ဆေးပြားများကို တိုက်ကျွေးခြင်းဖြစ်ပါသည်။


BME-1 မှ အထူးအခန်းများ

BME-1 တွင် အထူးအခန်းတွင် ထားလေ့ရှိပြီး ထိုအခန်းများသို့ အိုက်ဟောက်၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ J Donuts ကိုအေးဝင်း၊ ကိုသက်နိုင်၊ ကိုတေဇ၏တပည့် နားကွင်းသူရ၊ ယုံးဖူကော (ဖားကန့်တွင် ကျောက်လုပ်သူ) ပဲအရောင်းအဝယ်လုပ်သူ ကုလားလူမျိုး ဦးမြင့်သန်းတို့ လာရောက်လေ့ရှိပါသည်။ ၄င်းတို့နှင့် သိကျွမ်းသူ အမျိုးသမီးငယ် အဖော်များကို ခေါ်လာပြီး သီးသန့်ကခုန်ကြခြင်း ဖြစ်ပါသည်။

အိုက်ဟောက်မှ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို၊ ပပဝင်းခင်နှင့် ဇင်ဇင်ဇော်မြင့် တို့အား ခေါ်ယူ၍ ကခုန်ကြပြီး ထိုရုပ်ရှင် သရုပ်ဆောင်များကို ခေါ်ယူစဉ် အိုက်ဟောက်မှ ၅ သိန်းပေးပါသည်။

BME-1 ရှိ အထူးခန်းတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးနှင့် လာရောက်သူ အမျိုးသမီးကလေးများ Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်ကြောင်း၊ အလားတူ အပြင်ဘက်ရှိ ခန်းမတွင်လည်း လိုက်၍ တိုက်ကြောင်း၊ ထို့အပြင် ထမင်းစားပန်းကန်ပေါ်တွင် K-Powder အမှုန့်များကို ထည့်ပေးထားပြီး နှစ်သက်သူ သုံးစွဲရန် တင်ပေးထားပါသည်။


အက်စ်ကားဘိတ် ဟိုတယ် သို့ သွားရောက်ခြင်း

ကျွန်မသည် ၂ဝဝ၇-ခုနှစ် စက်တင်ဘာလခန့်တွင် ကိုဖိုးဌေး၊ ကိုဖိုးဌေး၏ ရည်းစားဖြစ်သူ မယမင်းတို့နှင့်အတူ ကမာရွတ်၊ လှည်းတန်းလမ်းမကြီးပေါ်ရှိ အက်စ်ကားဘိတ် ဟိုတယ်သို့ သွားရောက်ခဲ့ပါသည်၊ ဟိုတယ်တွင် J Donuts ကိုအေးဝင်းမှ BME-1 မှ DJ ကိုပါခေါ်ပြီး ပါတီပွဲပြုလုပ်ခဲ့သည်။

ထိုနေ့က ကျွန်မနှင့်အတူ ကိုသက်နိုင်၊ နားကွင်းသူရ၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ ယုံဖူကော (ကိုတေဇနှင့်တွဲနေကျ အမျိုးသမီး) တို့ လာရောက်ကြပါသည်။ သီးသန့် ပါတီပွဲဖြစ်၍ လူသိများကိုသာ ဖိတ်ခြင်းဖြစ်ပါသည်၊ ထိုပါတီပွဲတွင်လည်း စိတ်ကြွဆေးပြားကို လူတိုင်းသို့ တိုက်ပါသည်။

.



အောင်ဇော်ရဲမြင့်နှင့် WY အတူ သုံးစွဲခြင်း

၂ဝဝ၇-ခုနှစ် နိုဝင်ဘာလခန့်က အောင်ဇော်ရဲမြင့် နှင့် စတင် ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့် ချစ်ကြိုက်ပြီး WY ဆေးပြားကို အတူ သုံးစွဲခဲ့ပါသည်၊ အောင်ဇော်ရဲမြင့်နှင့် မကြိုက်ခင်(၂) လခန့်ကစ၍ ၄င်းဆေးပြားအား ဂန္တဝင်၊ မငယ်၊ ကျော်သူဝင်း၊ ကိုမင်းနိုင်၊ ပြည့်ဖူးခိုင်၊ နိုင်လင်း၊ သင်ဇာဝင့်ကျော် တို့နှင့်အတူ စတင်သုံးစွဲခဲ့ပါသည်။

၎င်းတို့နှင့် အတူ Golden Hill တွင် (နိုက်ဆင်း) မရှိသည့် ရက်များတွင် သုံးစွဲခဲ့ဘူးပါသည်၊ ၄င်းနောက် နိုဝင်ဘာလဆန်းတွင် ၄င်းအဖွဲ့နှင့် တွဲသည်ကို မိခင်မှ မကြိုက်သဖြင့် မိသားစုအားလုံး (၉)ရက် တရားစခန်း ဝင်ချိန်တွင် လိုက်ပါ စခန်းဝင်ရန် ခေါ်သွားခဲ့ပါသည်၊

တရားစခန်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း နိုဝင်ဘာလ (၁၃) ရက်နေ့တွင် အောင်ဇော်ရဲမြင့် မှ ကန်တော်ကြီး Lake View စားသောက်ဆိုင်တွင် ထမင်းဖိတ်ကျွေးပြီး ၄င်းနေ့တွင် ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့် ချစ်ကြိုက်နေစဉ်အတွင်း ဂန္တဝင်တို့အဖွဲ့မှ မကြိုက်ရန် တားမြစ်ပြီး အားလုံးမှ အဆက်အသွယ်ဖြတ်သွားကြပါသည်၊ တစ်ပတ်ခန့်ကြာသောအခါမှ အောင်ဇော်ရဲမြင့်အား ပြန်လည် စကားပြော ကြပါသည်။

အောင်ဇော်ရဲမြင့်နှင့် ချစ်ကြိုက်ပြီး ၄င်းမှ WY သုံးဘူးလား ဟု မေးရာ ဂန္တဝင်တို့နှင့် သုံးဘူးကြောင်းပြောပြ ခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် အောင်ဇော်ရဲမြင့်၏အိမ်တွင် ၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလမှစ၍ နေ့စဉ် ရှူတင်သွားကာနီးတွင် ကျွန်မမှ (၂) လုံး သုံးစွဲပြီး အောင်ဇော်ရဲမြင့်မှ ဘယ်နှစ်လုံး သုံးသည်ကို မသိရှိပါ၊

နိုက်ဆင်းရှိသည့်ရက်များတွင် အိမ်သို့ညနေ(၆)နာရီခန့်တွင် ပြန်လည်ရောက်ရှိပြီး ညနေ ရှူတင်မသွားခင် (၆)နာရီခွဲခန့်တွင် (၂/၃)လုံး သုံးစွဲပြီးမှ သွားပါသည်၊ နိုက်ဆင်းမရှိသည့်ရက်များတွင် မိဘအိမ်၊ စက်ချုပ်ဆိုင်၊ အလှပြင်ဆိုင် များသို့ အလှည့်ကျသွားပြီး မိဘအိမ်တွင် ပြန်အိပ်ပါသည်၊

တစ်ခါတစ်ရံ ကလပ်သို့ အောင်ဇော်ရဲမြင့်နှင့်အတူ သွားရောက်ခဲ့ပါသည်၊ တစ်ပတ် (၃) ကြိမ်ခန့် ကလပ်သို့ရောက်ဖြစ်ပါသည်၊ ကလပ် တွင် ကိုမင်းနိုင်တို့ရှိသည့်နေ့၌ ကိုမင်းနိုင်တို့အဖွဲ့မှ အစ်မ ဘာ (ON) ထားလဲ၊ ရှိတယ် ယူမလား၊ သောက်မလား ဟု အမြဲမေးတတ်ပါသည်။

အိမ်မှ ရှူတင်သွားပြီးအပြန် ကလပ်သို့ မငယ် တို့ အုပ်စုနှင့်အတူသွား၍ က ပါသည်။ အောင်ဇော်ရဲမြင့်နှင့် စိတ်ဆိုးနေစဉ် မြဝတီနှစ်ပတ်လည် ရိုက်စဉ် ၂ဝဝ၈-ခုနှစ် မတ်လ ခန့်ကတစ်ကြိမ်၊ ၂ဝဝ၈-ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင် (၁၁)ရက်နေ့က တစ်ကြိမ် ကိုမင်းနိုင်တို့အဖွဲ့နှင့် ဘလေဇွန်တိုက်ခန်းတွင် ကလပ်မှအပြန် လိုက်ပါ၍ WYဆေးပြားများ သုံးစွဲခဲ့ပါသည်။ သင်္ကြန်အကြို (၁၂) ရက်နေ့တွင် အောင်ဇော်ရဲမြင့်မှ အတင်းလာခေါ်၍ ပြန်လိုက်သွားပြီး အကြတ်နေ့တွင် စတားကလပ် မဏ္ဍပ်သို့ ကေခိုင်ရဲမြင့် ခေါ်သဖြင့် ကျွန်မတို့ နှစ်ဦးသွားရောက်ခဲ့ပါသည်။

နောက်တစ်နေ့ သင်္ကြန်အကြပ်နေ့တွင် ည(၁ဝ)နာရီခန့် BME-1 သို့ ရောက်ရှိခဲ့ပါသည်၊ ထိုညတွင် ကလပ်မှ ပိတ်ထားပြီး ကားအစီး (၂ဝ) ခန့် တွေ့သည့်အတွက်မေးရာ မောင်ဝိတ်မှ သင်္ကြန်တွင်းတစ်ခုလုံး ငှားထားသည်ဟု ပြောနေစဉ် မောင်ဝိတ် ထွက်လာပြီး အထဲတွင် ကိုပြည်အောင် (ဦးအောင်သောင်း၏ သား) ရှိတယ်၊ မင်းနဲ့ ရှော့ ရှိသလား ဟု မေးရာ မရှိကြောင်းပြောသဖြင့် အထဲသို့ဝင်ခွင့် ရရှိခဲ့ပါသည်၊

လူရှင်းသည့်စားပွဲဝိုင်းတွင်နေရာ ချပေးပြီး မောင်ဝိတ်မှ စကားပြောဧည့်ခံပြီး ခဏအကြာထွက်သွားပါသည်၊ ၄င်းနောက် ဝိတ်တာ မှ ရေသန့်ဗူး တွင် ဆေးပြားများ ရောစပ်ထားသည့် အရက်နှင့် ကိုကာကိုလာ ရောစပ်ပြီး လာချပေးပါသည်။ ထို့နောက် အောင်ဇော်ရဲမြင့်နှင့် နှစ်ဦး အတူ မနက် (၄) နာရီခွဲအထိ က ဖြစ်ကြပါသည်။

သင်္ကြန်အတက်နေ့တွင် အင်းယားလိတ် DJ ဘားကလပ်သို့ ည (၁၁) နာရီခန့်တွင် ရောက်ရှိခဲ့ပြီး DJ ကို မြန်မာသီချင်း ဖွင့်ခိုင်းရာမှ ဝိတ်တာနှင့် စကားများရာမှ ကျွန်မ နှင့်ပါ အကြီးအကျယ် စကားများ ရန်ဖြစ်ပြီး ပြန်လာခဲ့ကြပါသည်။


ပြန်လည်ဖတ်ပြရာ မှန်ကန်ကြောင်း အောက်တွင် လက်မှတ်ရေးထိုးပါသည်။


အစစ်ခံသူ
စံပယ်ကိုကို (ခ) ဇာဇာသိမ့် (ခ) နဝရတ်



ဒုဗိုလ်ချုပ်ကြီး ရဲမြင့် သား အောင်ဇော်ရဲမြင့်၊ မောင်ဝိတ် တို့၏ မူးယစ်ဆေးဝါး ဖြန့်ဝေမှု၊ ရာမ ဆေးပြား သုံးစွဲသူ စိုးမြတ်သူဇာ၊ နဝရတ် တို့၏ အစစ်ခံချက် အပါအဝင် မူးယစ်ဗဟိုအဖွဲ့ အစီရင်ခံစာ အပိုင်း - ၄ (၅) (နဝရတ် ၏ အစစ်ခံချက်)

.