မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒီမိုကရေစီ ခေါင်းဆောင်ရဲ့အမှာစကား ဒီမိုကရေစီဆိုတာ



မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်သားသမီးတွေ ဘယ်ရောက်နေလဲ မသိဘူးလို့ အနှစ်နှစ်အလလက သိချင်နေတဲ့ ကျွန်မဟာ ၈၈ အရေးတော်ပုံ ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည် စတင်ပြီး ပါဝင်လာတဲ့နေ့၊ ညနေ ဘီဘီစီသတင်းမှာ ဒေါ်အောင်ဆန်းစုကြည် ပထမဦးဆုံး ပြောထားတဲ့ စကားတွေကို စကြားလိုက်ရတော့ ဗိုလ်ချုပ်ရဲ့သမီးက ကျွန်မတို့ရဲ့ ဒီအရေးတော်ပုံမှာ ပါလာပြီဆိုတဲ့ အသိကြောင့် ၀မ်းသာပီတိ ဖြစ်ရတာကို အမြဲအမှတ်ရလျက် ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွန်ခဲ့တဲ့ အနှစ် (၂၁) (၂၂) နှစ်က ပြောထားတဲ့ စကားတွေက အခုထိ အမြဲတမ်း အကျုံးဝင်နေပြီး နောက်လည်း အမြဲတမ်း အကျုံးဝင်နေမယ့် စကားတွေ ဖြစ်ပါတယ်။ သူမရဲ့ တိုင်းပြည်အပေါ် ထားတဲ့ သဘောထားက ဒီမိန့်ခွန်းတွေထဲမှာ ထပ်ဟပ်နေပါတယ်။ လူကိုပဲ ချုပ်ထားလို့ ရနိုင်မယ် စိတ်ဓါတ်ကို ဘယ်တော့မှ ချုပ်ထားလို့ မရဘူးဆိုတဲ့ သူမပြောထားတဲ့အတိုင်း ဒေါ်အောင်ဆန်းစုကြည်က သူမကို ဘယ်လိုပဲ ဖိနှိပ်ထားပေမယ့် မြန်မာပြည်သူတွေအတွက် မိသားစုနဲ့ အရာအားလုံးကို စွန့်ပြီး ကြံ့ကြံ့ခံ ရင်ဆိုင်နေတာဟာ တိုင်းပြည်ကို ဘယ်လောက်ချစ်လဲဆိုတာ လက်တွေ့ပြနေပါတယ်။ အမိမြန်မာပြည်ကို ချစ်မြတ်နိုးသူတိုင်း ဒါကို တွေ့နိုင်၊ မြင်နိုင် ကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။ (အပေါ်က ဗွီဒယိုက ၂၀၀၂ ပြောထားတာ ဖြစ်ပြီး အောက်က မိန့်ခွန်းတွေကတော့ ၈၈/၈၉ က ပြောထားတဲ့ မိန့်ခွန်းတွေ ဖြစ်တယ်။)


ကျွန်မ ဒီကနေ့ကစပြီးတော့ ပြည်သူလူထုနဲ့ ပွင့်ပွင့်လင်းလင်း ဆက်ဆံပါရစေ။ ကျွန်မ နိုင်ငံခြားမှာ နေခဲ့တယ် ဆိုတာလည်း မှန်ပါတယ်။ နိုင်ငံခြားသားနဲ့ အိမ်ထောင်ကျတယ်ဆိုတာလည်း မှန်ပါတယ်။ ဒါပေမယ့် ဒါလေးတွေအတွက်နဲ့ ကျွန်မတိုင်းပြည်အပေါ်မှာ ထားတဲ့မေတ္တာဟာ ဘယ်လိုမှ ကျဆင်းမသွားနိုင်ပါဘူး။

နိုင်ငံရေးလောကနဲ့ ဝေးဝေးကင်းကင်း နေခဲ့ချင်ပါတယ်။ အဲဒီလို ဝေးဝေးကင်းကင်း နေချင်ခဲ့လျက်သားနဲ့ အခုမှ ဘာဖြစ်လို့ ဒီအရေးအခင်းမှာ ၀င်ပါနေသလဲလို့ မေးစရာ ရှိပါတယ်။ အဲဒီဟာကတော့ ဒီအရေးအခင်းက တိုင်းပြည်တပြည်လုံးနဲ့ ဆိုင်တဲ့ အရေးအခင်း ဖြစ်နေပါတယ်။ ကျွန်မမှာလည်း ဖေဖေရဲ့ သမီးလုပ်နေပြီးတော့ ခေါင်းရှောင်ပြီးတော့ နေလို့ မဖြစ်တော့ဘူး။ ဒီအရေးအခင်းဟာ တကယ်တော့ ဒုတိယ လွတ်လပ်ရေး တိုက်ပွဲကြီးလို့ ခေါ်ရင်လည်း ဖြစ်ပါတယ်။

ကျွန်မဟာ ကျွန်မအဖေရဲ့ အစဉ်အလာအတိုင်း ဒီမိုကရေစီတိုက်ပွဲကို ၀င်လို့နွှဲခဲ့ရပါတယ်။ အဲဒီတော့ ဒီမိုကရေစီ ရဖို့ရန် ပြည်သူလူထုအားလုံး စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ ညီညွတ်ရင် ဘာမဆို ဖြစ်နိုင်ပါတယ်။ လှုပ်ရှားမှုကြီးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားတွေနဲ့ ပတ်သက်လို့ ကျွန်မ ပြောစရာလေးတွေ ရှိပါတယ်။ နှလုံးရည်ကို ပြမယ်ဆိုတာ ကျွန်မ ဝုံကြည်ပါတယ်။

ရွှေတိဂုံ စေတီ အနောက်ဘက် မုခ် လူထုအစည်းဝေးပွဲကြီး
၂၆-၈-၈၈

အစိုးရဆိုတာ ပြည်သူလူထု ဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့်သတ် ခိုင်းစေထားတဲ့ သစ္စအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲ ဖြစ်ရမယ်။
အဖွဲ့ချုပ်ရုံး နတ်မောက်မြို့
၁-၁၁-၈၈

ဒီမိုကရေစီစနစ်ဆိုတာ လူတိုင်းတယောက်နဲ့ တယောက် လေးစားတဲ့ စနစ်ပါပဲ။
မြောက်ဥက္ကလာပ မြို့နယ်
၁၀-၁၂-၈၈

ဒီမိုကရေစီ စနစ်အောက်မှာ ဆိုလို့ရှိရင် အများစုရဲ့ သဘောတူညီချက်အရ အနည်းစုက လုပ်ရတယ်ဆိုပေမယ့် အနည်းစုကို အများစုက အတိုက်အခံလုပ်တယ်၊ နှိပ်စက်တယ်၊ ညှဉ်းပမ်းတယ်၊ အနှောင့်အယှက်ပေးတယ် ဆိုတာ လုံးလုံးမရှိရဘူး။
ကမာကေး
၁၇-၁၂-၈၈

တချို့က ဒီမိုကရေစီဆိုတာ အားလုံးက ဗိုလ်ချည်းပဲလို့ ထင်တယ်။ တကယ်တော့ ဒီမိုကရေစီဆိုတာ အားလုံး တန်းတူရည်တူလို့ ပြောတာမဟုတ်ပါဘူး။ အားလုံးဟာ တန်းတူရည်တူ အခွင့်အရေး ရှိတယ်လို့ ပြောတာပဲ ဖြစ်တယ်။ အားလုံးမှာ ရှိတဲ့ တန်းတူညီတူ အခွင့်အရေးနဲ့ အများအကျိုးဆောင်မယ့်သူတွေကို ရွေးထုတ်ပိုင်ခွင့်ဆိုတာ ရှိတယ်။ ဒါကို ပြောတာပဲ။
အဖွဲ့ချုပ်ရုံး
ကျုံမငေး
၁၅-၁-၈၉


လူ့အခွင့်အရေးဆိုတာ လူတိုင်းလူတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ ကိုယ်တိုင်မဟုတ်ဘူး ကိုယ့်ရန်သူများပင်လျှင် လူပအခွင့်အရေး ရှိရမယ်။ အဲဒီတော့ တနေ့ကျွန်မတို့ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုကြီး အောင်မြင်သွားတဲ့အခါကျရင် ရှုံးတဲ့သူတွေလည်း သူတို့အခွင့်အရေးတွေကို ပြည့်ပြည့်၀၀ ခံစားနိုင်ရမယ်။ ဒါဟာ ကျွန်မတို့ရဲ့ ဒီမိုကရေစီ တာဝန်ဖြစ်တယ်။
အဖွဲ့ချုပ်ရုံး သထုံမြို့
၁၄-၁၂-၈၈

တိုင်းပြည်တပြည်ကို အုပ်ချုပ်တဲ့ ခေါင်းဆောင်ဟာ ပြည်သူလူထု ထောက်ခံမှုနဲ့ အုပ်ချုပ်တာပဲ ဖြစ်ရမယ်။ လက်နက်အားကိုးနဲ့ အုပ်ချုပ်တယ်ဆိုတာ မဖြစ်သင့်ဘူးဆိုတာ မွေးကတည်းက ကျွန်မကို သင်ထားတဲ့ သိခဲ့တဲ့ သင်ခန်းစာပါပဲ။

မှန်ကန်တဲ့ နိုင်ငံရေးစနစ်မှာ ကျွန်မတို့ လိုချင်တဲ့ ခေါင်းဆောင်တွေကို ကျွန်မတို့က ဖေါ်ထုတ်ရမယ်။ လိုချင်တဲ့ပုံ သွင်းရမယ်။ ကိုယ်လိုချင်တဲ့ပုံ ကိုယ်မသွင်းလို့ရှိရင် ခေါင်းဆောင်လုပ်တဲ့သူများက တိုင်းပြည်ကို သူတို့လိုချင်တဲ့ပုံ သူတို့သွင်းသွားလိမ့်မယ်။ အဓိပ္ပါယ်က ဘာဖြစ်မလဲဆိုတော့ အာဏာရှင် စနစ်ကြီး ဖြစ်သွားမှာပဲ။
မြို့နယ်အဖွဲ့ချုပ်ရုံး
အောက်လမ်းမကြီး
မော်လမြိုင်မြို့

ဒီမြန်မာပြည်ကြီးဟာ ဘာဖြစ်လို့ ဒီလောက်တောင်မှ ၂၆ နှစ်လုံးလုံး တပါတီအာဏာရှင် စနစ်အောက်မှာ နေခဲ့ရလဲ၊ ဘာဖြစ်လို့ ဒီလောက် ဆင်းရဲဒုက္ခတွေကို ခံခဲ့ရသလဲဆိုတာ ကျွန်မစဉ်းစားတယ်။ တခါပြန်ပြီးလို့ စဉ်းစားလို့ရှိရင် ပြည်သူလူထုကြီးက အချင်းချင်း မညီလို့ပဲ။
မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်
သံဖြူဇရပ်
၁၆-၁၂-၈၈

တိုင်းပြည်တပြည်မှာ အစိုးရရယ် တပ်မတော်ရယ်၊ ပြည်သူလူထုရယ် တပေါင်းတစည်းတည်း မဖြစ်နိုင်လို့ရှိရင် ဘယ်နည်းနဲ့မှ တိုးတက်မှု မရှိနိုင်ပါဘူး။ ပြည်သူလူထုကိုလည်း နှိပ်စက်ညှဉ်းပမ်းမယ် တပ်မတော်နဲ့ ပြည်သူကြားမှာလည်း စိတ်ဝမ်းကွဲအောင် လုပ်မယ်ဆိုရင် ဒီတိုင်းပြည်ပေါ်မှာ စေတနာ နည်းနည်းမှ မရှိဘူးလို့ ကျွန်မတို့ သတ်မှတ်ရမှာပဲ။

ပြည်သူလူထုနဲ့ တပ်မတော်ကြားမှာလည်း စိတ်ဝမ်းကွဲအောင်လို့ လုပ်နေတယ်၊ ဒီလို စိတ်ဝမ်းကွဲအောင် လုပ်နေတာဟာ ပြည်သူလူထုက လုပ်နေတာမဟုတ်ဘူး။ ကျွန်မတို့ နိုင်ငံရေး လုပ်တဲ့သူတွေကလည်း လုပ်နေတာ မဟုတ်ဘူး တပ်မတော်ကို ကိုယ်ကျိုးအတွက် သုံးချင်တဲ့ သူများက လုပ်နေတာပဲ ဖြစ်တယ်။ အဲဒီတော့ ဒီလိုစနစ်မျိုးကို ကျွန်မတို့ အားလုံးကနေပြီးတော့ အတိုက်အခံ လုပ်ရမယ်။
ကမာတေး
၁၇-၁၂-၈၈

ကြိုးစားမယ်ဆိုရင် နောင်အနှစ် ၁၀ နှစ်၊ အနှစ် ၂၀ အတွင်း ကျွန်မတို့ တိုင်းပြည်ကြီးဟာ အင်မတန်မှ သာယာဝပြောတဲ့ တိုင်းပြည်ကြီး ဖြစ်နိုင်ပါတယ်။ အကယ်၍ ၁၀ နှစ် အနှစ် (၂၀) အတွင်းမှာ မတိုးတက်ဘူးဆိုရင် ကျွန်မတို့ ပြည်သူလူထုရဲ့ ခွတ်ယွင်းချက်ကြောင့်ပဲ ဖြစ်ရမယ်။
လူ့ဘေင်သစ် ဒီမိုကရက်တစ်ပါတီ
ချောင်းဆုံ
၁၇-၁၂-၈၈

ဒီမိုကရေစီ အခွင့်အရေး လိုချင်တယ်ဆိုတာ ဘယ်သူ့ကိုမှ တိုက်ခိုက်ချင်လို့ မဟုတ်ဘူး၊ ဘယ်သူ့ကိုမှ ဆွဲဖြုတ်ချင်လို့ မဟုတ်ဘူး။ ပြည်သူလူထု အများကြီးဟာ စိုးရိပ်ကြောင့်ကြမှု ကင်းစွာနဲ့ ကိုယ့်အသက်မွေးဝမ်းကျောင်း ကိုယ် လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်အောင်လို့ ဆိုတဲ့စိတ်မျိုးနဲ့ ဒီမိုကရေစီအတွက် တိုက်နေကြတာပဲ။ အားလုံးက ဒီအခွင့်အရေးလိုချင်ရင် အားလုံးက ၀င်ပြီးတော့ လှုပ်ရှားရမှာပဲ။

ကျွန်မတို့က ပြည်သူလူထုကို အားကိုးတယ်။ ပြည်သူလူထုကလည်း ကိုယ့်ကိုယ်ကိုယ် အားကိုးကြပါ၊ ကိုယ့်ကိုယ်ကိုယ် အထင်မသေးကြပါနဲ့။ လူထုရဲ့အင်အားဆိုတာ အင်မတန်မှ ကြီးပါတယ်။ လူထုရဲ့ အင်အားဆိုတာကို မလေးစားပဲ မနေနိုင်ပါဘူး။ ကျွန်မတို့က လေးစားတယ်။ နောင်လည်း အစိုးရအဆက်ဆက်က လေးစားသင့်တယ်။ ပြည်သူလူထုကို လေးစားတဲ့ အစိုးရမျိုးကို ကျွန်မက ဖြစ်စေချင်ပါတယ်။ ဒါမှ တိုင်းပြည်မှာလည်း အကျိုးဖြစ်စေမယ်။ ပြည်သူလူထုလည်း စိတ်ချမ်းသာလာမယ်။
အဖွဲ့ချုပ်ရုံး
မအူပင်
၁၄-၁-၈၉

ဒီအချိန်မှာ သတ္တိရှိရှိနဲ့ လုပ်လိုက်လို့ရှိရင် နောင်ကျရင် ကျွန်မတို့ဟာ မကြောင့်ကြရတဲ့ ခေတ်ကို ရောက်သွားနိုင်ပါတယ်။ ဒီအချိန်မှာ ကြောက်ပြီးတော့ လုပ်သင့်သလောက် မလုပ်ခဲ့လို့ရှိရင် နောင်ဆက်ပြီးတော့ ကြောက်နေရတဲ့စနစ်ကို ရှင်သန်အောင် လုပ်ပေးသလို ဖြစ်သွားပါမယ်။ လူတယောက် အနေနဲ့လည်း အများကြီး ဂုဏ်သိက္ခာကျပါတယ်။ အဲဒီတော့ အားလုံးက မှန်တာ လုပ်လို့ရှိရင် ကြောက်နေလည်း လုပ်ရမှာပါပဲ။

ဒီမိုကရေစီ လိုချင်တဲ့သူများဟာ မုန်းတဲ့စိတ်နဲ့ တိုက်နေတာ မဟုတ်ဘူး၊ မေတ္တာစိတ်နဲ့ တိုက်နေတာပဲ၊ ပြည်သူလူထုအပေါ်မှာ မေတ္တာရှိလို့ တိုင်းပြည်အပေါ်မှာ မေတ္တာရှိလို့ ပြည်သူလူထုခံနေရတာ တိုင်းပြည် ခံနေရတာ ပြည်ထောင်စုကြီး နစ်နာနေတာကို မကြကြည့်ရက်လို့ မေတ္တာစိတ်နဲ့ ဒီမိုကရေစီ တိုက်ပွဲကို ၀င်နေတာ ဖြစ်တယ်။
မြတ်မေတ္တာသင်္ဘော
ရွှေဒ၈င်္ါးကျေးရွာ
၁၄-၁-၈၉

သူများမှားလို့ သူများ မဟုတ်တာလုပ်လို့ ကိုယ်လည်း လိုက်လုပ်မယ်ဆိုရင် ကိုယ်လည်း သူတို့နဲ့အတူ တန်းတူ ဖြစ်သွားမှာပဲ။

ဒီမိုကရေစီ တိုက်ပွဲဝင်တဲ့အခါမှာ ပထမဦးဆုံး ကျွန်မတို့လိုချင်တာက လွတ်လပ်စွာ တွေးတောပိုင်ခွင့်ပဲ။ လူကိုသာ ထိန်းချုပ်ထားနိုင်မယ် စိတ်ကိုတော့ မချုပ်ထားနိုင်ဘူး။ ဒီလို မချုပ်ထားနိုင်တဲ့ စိတ်ကြောင့် ဒီလောက်တောင်မှ ၂၆ နှစ်လုံးလုံး လွတ်လပ်စွာ တွေးတောပိုင်ခွင့် မရှိတဲ့အထဲက ပြည်သူလူထုဟာ ဒီမိုကရေစီ လှုပ်ရှားမှုကြီးထဲကို သတ္တိရှိရှိ ၀င်ခဲ့ပြီ၊ စခဲ့ပြီ။ ဒီလှုပ်ရှားမှုကို ဆုံးခန်းတိုင်အောင် အောင်မြင်အောင် လုပ်သွားရမယ်။
အဖွဲ့ချုပ် လပွတ္တာ
၁၅-၁-၈၉

ဒီတိုင်းပြည် ဒီမြေကြီးဟာ အင်မတန်မှ ချမ်းသာတယ်။ ပြည်သူလူထုတွေဟာ အင်မတန်မှ ဆင်းရဲနေတယ်။ ဒါမဖြစ်သင့်တဲ့ကိစ္စပဲ။ ဒီတိုင်းပြည် ဒီမြေကြီးဟာ ဒီလောက်တောင်မှ ချမ်းသာနေရင် မှန်မှန်ကန်ကန် နည်းလမ်းနဲ့ ပြည်သူလူထုအတွက် အကျိုးဆောင်သွားမယ့် အစိုးရများဟာ ပြည်သူလူထုကိုလည်း ချမ်းသာအောင် လုပ်ပေးနိုင်ရမယ်။
လွတ်လပ်ရေး ကျောက်တိုင်ရှေ့
ဘီတွတ်ကျေးရွာ
၁၅-၁-၈၉

ဝေဿန္တရာဟာ ဆိုရင် အလွန်တရာ မြင့်မြတ်တဲ့ အလောင်းတော်မင်းတရာ ဖြစ်ပေမယ့်လည်း ပြည်သူလူထုကို ဆန့်ကျင်ပြီး ဆင်ဖြူတော်လှူလိုက်တဲ့ အခါကျတော့ ပြည်နှင်ဒဏ်ခံရတယ်။ ပြည်သူလူထု ဆန္ဒကို မလိုက်လျောတဲ့ မင်းဆိုတာ မင်းကျင့်တရား (၁၀) ပါးနဲ့လည်း မကိုက်ညီဘူး။ ပြည်သူလူထုလည်း လက်မခံဘူးဆိုတာ ကျွန်မတို့ ဗုဒ္ဓဘာသာအရလည်း လက်ခံခဲ့တယ်။ ခရစ်ယာန် တရားမှာလည်း မင်းကောင်းမင်းမြတ်များဟာ ကရုဏာနဲ့ မေတ္တာနဲ့ ဆက်ဆံရမယ်ဆိုတာ ပါပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဘာသာပဲဖြစ်ဖြစ် ဘာသာမရွေး၊ လူမျိုးမရွေး မင်းကောင်းမှန်ရင် ပြည်သူလူထုကို အဆန့်ကျင်သင့်ပါဘူး။
အဖွဲ့ချုပ်ရုံး၊ မြောင်းမြ
၁၆-၁-၈၉

ဘယ်စနစ်မျိုးမဆို အောင်မြင်ဖို့ဆိုတာ ခေါင်းဆောင်ကောင်းလည်း ရှိရမယ် နောက်လိုက်ကောင်းလည်း ရှိရမယ်။ အဲဒီတော့ နောက်လိုက်ကောင်းတယောက်ရဲ့ အရည်အချင်းဟာ ဘာလဲဆိုရင် အရေးကြီးဆုံးက ခေါင်းဆောင်ကောင်းများ ဖေါ်ထုတ်နိုင်တဲ့ အရည်အချင်း ရှိရမယ်။
အဖွဲ့ချုပ်ရုံး၊ တောင်ကြီး
၁၃-၂-၈၉

ပြည်သူလူထုက စောင့်ကြည့်မယ်လို့ ပြောရင် ကျွန်မက မေးချင်ပါတယ်။ ဘာကို စောင့်ကြည့်မှာလဲ။ သူများတွေ လုပ်သွားသွားပြီးတော့ ဒီမိုကရေစီ ရတဲ့အထိ စောင့်ကြည့်မှာလား။ ကျွန်မတို့ စောင့်လို့ မဖြစ်ပါဘူး။ အဲဒီတော့ အားလုံး ၀ိုင်းဝန်းပြီးတော့ လုပ်ကြပါ။
အဖွဲ့ချုပ်ရုံး၊ အောင်ပန်း
၁၅-၂-၈၉

(အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် လွတ်မြောက်နယ်မြေက ၁၉၉၁ ခုနှစ်မှာ ထုတ်ဝေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်း ကောက်နှုတ်ချက် စာအုပ်အသေးလေးအထဲက တချို့ကို ပြန်လည်ကောက်နှုတ်ပြီး တင်လိုက်ပါတယ်။)

ဒီမိုကရေစီတိုက်ပွဲအတွက် အသက်တွေ ဘ၀တွေ ပေးဆပ်ထားသူတွေကို လစ်လျူရှု၊ ထောင်သွင်းအကျဉ်းချထားပြီးမှ တည်ဆောက်ထားတဲ့ ဒီမိုကရေစီဆိုတာ စစ်မှန်တဲ့ ဒီမိုကရေစီ လုံးဝ မဟုတ်ပါ။

5 comments:



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater



29 Mar 14, 07:27 PM
သားထူး: ဘဘဦးဝင်းတင် အသက်ရှုလမ်းကြောင်း ပိတ်သဖြင့် ၀ိတိုယိရဆေးရုံမှ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနသို့ ပြောင်းရွှေ့ကုသနေရပါတယ်။


29 Mar 14, 07:31 PM
သားထူး: ဘဘဦးဝင်းတင် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် မှာ ဆေးကုသမှု ခံယူနေပြီး အသက်ရှူလမ်းကြောင်းအတွက် ဆေးထိုးထားပါတယ်။


29 Mar 14, 07:33 PM
သားထူး: ဆေးရဲ.အာနိသင် (၇၂) နာရီ အတွင်း အထူးကုဆရာဝန်ကြီးတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ဘဘဦးဝင်းတင်ရဲ့ လည်ချောင်းမှာ အသက်ရှူဖို့ လေပြွန်ပေါက် ဖေါက်လိုက်ပြီးပါပြီ။


29 Mar 14, 07:40 PM
သားထူး:့ ဘဘဦးဝင်းတင် လည်ချောင်းဖောက်ပြီးတဲ့ အခြေအနေ ကောင်းမွန်တယ် လို့ တာဝန်ကျဆရာဝန်က ပြောပါတယ်။ ဘဘကို ထိုင်း ဒါမှမဟုတ် စင်ကာပူ ကို အထူးလေယာဉ်နဲ့ ပို့ဆောင်ပြီး ဆေးကုသမှု ဆက်လက် ခံယူနိုင်ဖို့ စီစဉ်နေပါတယ်။


29 Mar 14, 07:43 PM
သားထူး: ဘဘ ဦးဝင်းတင် ခံစားနေရတဲ့ ဝေဒနာတွေ ပျောက်ကင်းပြီး အမြန်ဆုံး ကျန်းမာလာပါစေ။



သတင်းကောင်း -

ဦးဝင်းတင် နေကောင်းလာပြီ



၃၁-၃-၂၀၁၄ ရက်နေ့


ဦးဝင်းတင်
နေကောင်းလာပြီတဲ့ခင်ဗျ
ဝမ်းသာကြ
ပျော်ကြပေတော့ဗျို့


ကိုလေး (အင်းဝဂုဏ်ရည်)

31-3-14


ဦးဝင်းတင် နေကောင်းလာပြီ



သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကွယ်လွန်


ရန်ပိုင် | April 21, 2014 |


သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်( ၈၅) နှစ်သည် ယနေ့နံနက် ၆နာရီ ခွဲခန့်က ရန်ကုန်ပြည်သူ ဆေးရုံကြီးတွင် ကွယ်လွန်သွားပြီ ဖြစ်ကြောင်း သတင်းရသည်။


ဦးဝင်တင်၏ ကြွင်းကျန်သည့် ရုပ်ကလာပ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က တာဝန်ယူ သဂြိုလ်မည် ဖြစ်ကြောင်း အနီးကပ် ပြုစုပေးနေတဲ့ ဦးမောင်မောင်နိုင်က ဧရာဝတီသို့ ပြောသည်။


“ဘဘကြီး သဘောထားကတော့ တန်းပြီး သဂြိုလ်စေချင်တယ်၊ ဒါပေမယ့် သုံးရက်တော့ ထားမယ်” ဟု ၎င်းက ဆက်ပြောသည်။


ဦးဝင်းတင်ကို ပဲခူးတိုင်း ကြို့ပင်ကောက်မြို့တွင် မွေးဖွားခဲ့ပြီး၊ ၁၉၅၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်မှ အင်္ဂလိပ်စာပေ၊ ခေတ်သစ်ရာဇဝင် နှင့် နိုင်ငံရေးသိပံ္ပ ဘာသာ တွဲဖြင့် ဝိဇ္ဇာဘွဲ့ ရခဲ့သည်။


တက္ကသိုလ်၌ ရှေ့နေ ဦးထွန်းတင် စာရေးဆရာ ကျော်အောင်၊ ကြည်လင်၊ မြသန်းတင့် စသည့် သူများနှင့် ခေတ်ပြိုင် ကျောင်းနေဖက်များ ဖြစ်သည်။


မောင်ဝန်ဇင်း၊ ပေါ်သစ်၊ ပြည်စိုး၊ ဝင်းထင်၊ ပုည၊ ဝင်းဆွေ၊ သုတေသီ၊ အယ်ဒီတာ တဦး စသည့် ကလောင်အမည်များဖြင့် စာပေရေးသားခဲ့သည်။


အကျိုးဆောင်ဂျာနယ်မှာ လက်ထောက်အယ်ဒီတာ အဖြစ် ပထမဆုံး လုပ်ကိုင်ခဲ့ပြီးနောက်၊ ၁၉၅၃ ခုနှစ်မှာ AFP နိုင်ငံခြား သတင်း ဌာနတွင် ညအယ်ဒီတာ အဖြစ် ဝင်ရောက် လုပ်ကိုင်ခဲ့သည်။


စာပေဗိမာန်၌ လက်ထောက်အယ်ဒီတာ အဖြစ် ၁၉၅ဝ မှ ၁၉၅၄ ခုနှစ်ထိ တာဝန် ထမ်းဆောင်ခဲ့သည်။



၁၉၅၄ မှ ၁၉၅၇ ထိ နယ်သာလန် (ဟော်လန်) နိုင်ငံ၊ အမ်စတာဒမ်မြို့၊ ဂျမ်ဘာတန် (Jambarton) စာအုပ်ထုတ်ဝေရေးကုမ္ပဏီတွင် စာအုပ်ထုတ်ဝေမှုပညာနှင့် စာနယ်ဇင်းပညာ ဆည်းပူးကာ၊ မြန်မာဘာသာပြန် စာအုပ်စာတမ်းများ ထုတ်ဝေရေးတွင် အကြံပေးအယ်ဒီတာ အဖြစ် လုပ်ကိုင်ခဲ့သည်။


အမ်စတာဒမ်တွင် နေထိုင်စဉ် မြန်မာနိုင်ငံ သတင်းများ စုစည်း ဖော်ပြသည့် ‘ဒို့ပြည် သတင်း’ သတင်းစာ စောင်ရေ ၅ဝဝ ခန့် ကိုယ့်ငွေနှင့်ကိုယ် ကိုယ်ဘာသာ ရေးသား ထုတ်ဝေ၍ ကမ္ဘာတဝှမ်းရှိ ပြည်ပရောက် မြန်မာများထံ စာတိုက်မှ အခမဲ့ ပေးပို့ ဖြန့်ဝေခြင်းကို ၁၉၅၇ ခုနှစ် မြန်မာနိုင်ငံ ပြန်လာသည့် အချိန်အထိ လုပ်ဆောင်ခဲ့သည်။


၁၉၅၇ ခုနှစ် ကြေးမုံသတင်းစာ ထူထောင်ရာ ကြေးမုံသတင်းစာ အမှုဆောင် အယ်ဒီတာ အဖြစ် ဇဝန၊ အောင်ဗလ (ကြေးမုံ ဦးသောင်း)၊ စိန်ခင်မောင်ရီ တို့နှင့် အတူ ဝင်ရောက် လုပ်ကိုင်ခဲ့သည့်အပြင် စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး တာဝန်ကိုလည်း ထမ်းဆောင်ခဲ့သည်။


ကြေးမုံသတင်းစာ ပြည်သူပိုင် အသိမ်းခံရသည့် နောက်ပိုင်း ၁၉၆၉ ခုနှစ် အောက်တိုဘာလမှာ မန္တလေးမြို့မှာ ထုတ်ဝေတဲ့ ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် ဗိုလ်ချုပ်ကြီးနေဝင်းက ခန့်အပ်ခဲ့သည်။


ဗိုလ်ချုပ်ကြီးနေဝင်း မန္တလေးမြို့ကို လာတိုင်း လူထုဦးလှ၊ လူထု ဒေါ်အမာ နှင့် ဦးဝင်းတင် တို့ကို တလေးတစား တွေ့ဆုံတတ်ပါသည်။


၁၉၆၈ ခုနှစ်မှ ၁၉၇၈ ခုနှစ်ထိ မန္တလေးမြို့ထုတ် ဟံသာဝတီသတင်းစာ အယ်ဒီတာချုပ် အဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး၊ ၁၉၇၂ ခုနှစ်တွင် “ခြေတွင် စကား၊ လက်ဖျား ကဗျာ၊ မျက်နှာ ဇာတ်လမ်း” ဆိုသည့် အမည်ဖြင့် စာအုပ် ထုတ်ခဲ့သည်။


အထက်ဗမာနိုင်ငံ စာရေးဆရာအသင်း စာဆိုတော်နေ့ စာတမ်းဖတ်ပွဲများတွင် လူထု ဦးလှ၊ လူထု ဒေါ်အမာ တို့နှင့် အတူ ပါဝင် ဆောင်ရွက်ခဲ့ရာ ၁၉၇၇ – ၇၈ ခုတွင် မြန်မာစာပေလှုပ်ရှားမှု၌ အရေးပါသော မန္တလေးမြို့မှ ဟံသာဝတီ စနေစာပေဝိုင်းကို ဦးဆောင် ကျင်းပခဲ့ပြီး စာတမ်းဖတ်ပွဲများ ပြုလုပ်ပေးခဲ့သည်။


ဦးဝင်းတင် ဦးဆောင် ကျင်းပတဲ့ စနေ စာပေဝိုင်းမှာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကို ဝေဖန်တဲ့ စာတမ်းတစောင် တင်သွင်း ဖတ်ကြားခဲ့သည့်အတွက် အာဏာပိုင်များက ဟံသာဝတီသတင်းစာကို ပိတ်ပစ်လိုက်ကာ ရာထူးမှ ထုတ်ပယ်ခံခဲ့ရသည်။