မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ


“ငါတို့တသက်ယုံကြည်ချက်” နိုးဆော်လွှာ (မြ၀တီ ရဲခေါင်)


ပြည်သူလူထုသတိပြု ။ ။ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၁)
ပြည်ထောင်စု မြန်မာနိုင်ငံတဝန်းလုံး (က) စစ်မှန်တဲ့ငြိမ်းချမ်းရေး၊ (ခ) ယမ်းငွေ့ပြယ်ပြီး ကြေးစည်တီးသံ ဘဝဂ်ညံ သွားတဲ့ ငြိမ်းချမ်းရေး၊ (ဂ) သူပုန်မရှိတဲ့ငြိမ်းချမ်းရေး၊ (ဃ) စစ်တပ်မလာတဲ့ ငြိမ်းချမ်းရေး၊ (င) ပြည်တွင်းစစ်မရှိတဲ့ ငြိမ်းချမ်းရေး၊ (စ) တိုက်ပွဲမရှိတော့တဲ့ ငြိမ်းချမ်းရေး၊ (ဆ) ပေါ်တာမဆွဲတော့တဲ့ ငြိမ်းချမ်းရေး၊ (ဇ) ဆက်ကြေး ဂိတ်ကြေး မပေးရတော့တဲ့ ငြိမ်းချမ်းရေး၊ (ဈ) စစ်တပ်က လာလာဖမ်းပြီး မိုင်းဗုးံမြှပ်ထားတဲ့ လယ်တွေမှာ အသေခံခိုင်းတဲ့ဘဝက လွတ်မြောက်သွားကြတော့မဲ့ ငြိမ်းချမ်းရေး၊ (ည) စစ်တပ်က ခဏလိုက်ခဲ့ပါလို့ ခေါ်သွားတဲ့သူ မှန်သမျှ သပိတ်သွတ်လိုက်ကြရတဲ့ အဖြစ်မျိုး မရှိတော့တဲ့ ငြိမ်းချမ်းရေး၊ (ဋ) သူပုန်နဲ့ စစ်သား သူငယ်ချင်းချင်း အမြင်မှား + ညီအစ်ကိုချင်း အထင်မှားပြီး မသတ်ရတော့တဲ့ ငြိမ်းချမ်းရေး၊ (ဋ္ဌ) စွန့်စားရဲတဲ့ ကျောင်းသားအားလုံး တောမခိုရတော့တဲ့ ငြိမ်ချမ်းရေးကို အလိုရှိသူမှန်သမျှ မကြောက်တရား လက်ကိုင်ထားပြီး တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။






(၂)
(က) ရွှေအာမခံရှိတဲ့ ရွှေစက္ကူ၊ (ခ) တန်ဖိုးမကျ မဖေါင်းပွတဲ့ ရွှေစက္ကူ (ဂ) ကမ္ဘာ့ဘဏ်မှ အာမခံမဲ့ ရွှေစက္ကူ၊ (ဃ) ဒီမိုကရေစီ တခေတ်လုံး စိတ်ချလက်ချ သုံးနိုင်ကြရမဲ့ ရွှေစက္ကူ၊ (င) တကမ္ဘာလုံးလှည့်ပြီး သုံးနိုင်မဲ့ ရွှေစက္ကူ (စ) မျက်နှာကြီး လိုသမျှပစ္စည်းကို ၀ယ်လို့ရမဲ့ ရွှေစက္ကူ။ (ဆ) ဘ၀င်မဆူ ရင်မပူတော့တဲ့ ရွှေစက္ကူ၊ (ဇ) ရှစ် ၄ လုံး အရေးအခင်း ကာလနဲ့ လက်နက်မဲ့ ဒီမိုကရေစီ တိုက်ပွဲကာလအတွင်း ကျဆုံးခဲ့ရတဲ့သူများအတွက် အထောက်အထားခိုင်လုံသူ မှန်သမျှ ‘ကရုဏာကြေး’ ရကြမဲ့ ရွှေစက္ကူ၊ (ဈ) စစ်အာဏာရှင် တော်လှန်ရေးကာလ စစ်မြေပြင် အသီးသီးမှာ ကျဆုံးသွားကြရတဲ့ ရဲဘော်များအတွက် အထောက်အထား ခိုင်လုံသူမှန်သမျှ ‘ကရုဏာကြေး’ ရကြမဲ့ ရွှေစက္ကူ၊ (ည) စစ်အာဏာရှင် တပ်များရဲ့ ကိုယ်ချင်းမစာ ညာတာမှုမရှိ ဥပဒေမဲ့ မတရားနှိပ်စစ်ခြင်း ခံရတာကြောင့် ဒုက္ခိတဘ၀ ရောက်သွားကြရတဲ့ ပြည်သူများ၊ မုဒိမ်းကျင့် ခံလိုက်ရတဲ့ အမျိုးသမီးများနဲ့ အသတ်ခံလိုက်ရတဲ့ ပြည်သူများအတွက် အထောက်အထား ခိုင်လုံသူမှန်သမျှ ‘ကရုဏာကြေး’ ရကြမဲ့ ရွှေစက္ကူ၊ (ဋ) တပ်မတော်ထဲက ဒီမိုကရေစီ လိုလားတဲ့ ဗိုလ်၊ အကြပ်၊ တပ်သားမှန်သမျှ (နအဖ) ခေတ်ပျောက်၊ ဒီမိုကရေစီ ခေတ်အရောက် ရွှေစက္ကူကို သုံးလိုကြလျှင် ဦးနှောက်ဥာဏ်သုံး အချိန်မဖြုန်းပဲ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၃)

(က) ရေ၊ မီး၊ မင်းဆိုး၊ သူခိုး၊ လာတ်စား၊ ဒီရန်သူမျိုးငါးပါးက လွတ်ကင်းပြီး ပြည်သူက ရွေးကောက် တင်မြှောက်လိုက်တဲ့ မင်းကောင်းမင်းမြတ်များ လက်ထက် ကုန်ဈေးနှုန်းတွေ ပြန်ကျ အိမ်ရှင်မတိုင်း ၀မ်းသာ၊ ရဟန်းတော်တွေ ကြွလာတိုင်း ရွှင်ရွှင်ပြပြ ဆွမ်းလောင်းနိုင်တဲ့ ဘ၀ကို ပြန်ရောက်ချင်ရင်၊ (ခ) မဆလ လက်ထက်က လျှော်ကြေးမပေးပဲ ပြည်သူပိုင် အသိမ်းခံလိုက်ရတဲ့ စက်ရုံ၊ အလုပ်ရုံကြီးတွေ မှန်သမျှ ပိုင်ရှင်တွေ ပြန်ရပြီး၊ (ဂ) နိုင်ငံခြားသွားလိုသူ မှန်သမျှ ရန်သူမိတ်ဆွေ မခွဲခြား (ပစ္စည်းမယူ၊ လူကိုမဖမ်း၊ တားဝရမ်းမထုတ် လာတ်မပေးရပဲ) လွတ်လပ်စွာ သွားနိုင်တဲ့ ခေတ်ကို တကယ် ရောက်စေလိုလျှင်၊ (ဃ) မဆလခေတ်မှာ ပြည်သူပိုင် အသိမ်းခံလိုက်ကြရတဲ့ တောင်သူလယ်သမား၊ ဦးကြီးများရဲ့ ဓါးမဦးချ လယ်ယာ ဥယာဉ်များနဲ့ မြို့ပေါ်က မြေပိုင်ရှင်တွေရဲ့ ဂရန်မြေတွေကိုလည်း မူလပိုင်ရှင်တွေလက်ထဲ အချိန်မဆွဲပဲ ပြန်ရောက်ချင်ရင်၊ (င) လေးနှစ်တခါ တက်တက်လာနေတဲ့ ကုန်ဈေးနှုန်းနဲ့ အညီ (အလုပ်သမား၊ ရုံးအမှုထမ်းများနဲ့ လက်နက်ကိုင် စစ်သား၊ ရဲအမှုထမ်းများ အားလုံး) ရှားပါးစရိတ် ထပ်ထပ်တိုးပြီး၊ (စ) သြစတြေးလျား နိုင်ငံမှာလို လခစားမှန်သမျှ (ဘိုင်ကျတဲ့အချိန်၊ လ၀က်ကိုတကြိမ်) လစာလုပ်ခ ထုတ်ပေးတဲ့ခေတ်နဲ့ (ဆ) လမ်းဘေးဈေးသည် မြင်းလှည်း၊ ဆိုက်ကား အောက်ခြေလူတန်းစားများအတွက် ဒီမိုကရေစီ အစိုးရများ လက်ထက် နေ့ပြန်တိုးစနစ်အရ အစိုးရဘဏ်များက ငွေထုတ်ချေးသွားတာကို မြင်ချင်ရင်၊ (ဇ) လင်လုပ်သူ စစ်ဘိုယ်ရဲ့အမှားကြောင့် (သားမယားနဲ့ ဘာမှမဆိုင်) လူဘုံအလယ်မှာ မျက်နှာမငယ်ပဲ ၀င်ထွက်သွားလာ ဘေးကင်းကွာပြီး လွတ်လပ်စွာ ရောင်းဝယ်တွယ်တာတဲ့ အလုပ် ဘယ်တော့မှ မပြုတ်ပဲ ခပ်သွက်သွက် ကျောင်းသွား ဘေးရန်မများတဲ့ ဘ၀မှာ အကျမနာစေလိုလျှင် (ဈ) ဘိုယ်ရှုပ်ကြီး သန်းရွှေ နှုတ်မိန့်အရပဲဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် ခိုင်းစေချက်ကို မလွန်ဆန်ဝံ့လို့ (မတရားမှန်း၊ မမှန်မှန်း၊ မကောင်းမှန်း သိပါလျက်) မိမိနောင်ရေးအတွက် စစ်ထုံးစံအတိုင်း လုပ်မိသူမှန်မျှ သက်သေပြပြီး အဲဒီအပြစ်တွေက လွတ်ချင်ရင် တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၄)

(က) မဆလခေတ်ကစပြီး ရဲအဖွဲ့ တခုလုံးကို ကျွန်သားပေါက်လို လုပ်ထားခြင်းမှ လွတ်မြောက်လိုကြလျင် (ခ) ဘိုယ်နေ၀င်းလက်ထက် သူ့ကိုယ်ကျိုးအတွက် သူတသက် သူစိတ်ကြိုက် လုပ်လာခဲ့တဲ့ ဗမာ့တပ်မတော်ကို ပြည်နယ်သားများ အထင်မမှားအောင် ပြည်ထောင်စု တပ်မတော်လို့ အမည်ပြောင်းပြီး (ဂ) အဲဒီတပ်မတော် ဖွဲ့စည်းပုံကိုလည်း လူမျိုးအလိုက် တပ်တွေကို မခွဲပဲ အကုန်ရောနှော ဖွဲ့စည်းသွားရမည့်အပြင် (ဃ) တပ်မတော်တခုလုံးရဲ့ ကြည်း၊ ရေ၊ လေ စစ်ဦးစည်း နေရာများကိုလည်း လူမျိုး၊ ဘာသာမရွေး (ကြည်း၊ ရေ၊လေ) တပ်များမှာ စစ်ဝါအရင့်ဆုံး အရည်အချင်း အပြည့်ဆုံး၊ အပြစ်ကင်းဆုံး၊ အမြင်အကျယ်ဆုံး၊ ပြည်ထောင်စု စိတ်ဓါတ်အရှိဆုံး၊ လူမျိုးခွဲခြားမှု မရှိဆုံး ဒီမိုကရေစီကို ယုံကြည်လေးစား တန်ဖိုးထားတဲ့ အထက်တန်းအရာရှိများကသာ အလှည့်ကျ တရားမျှတ သဘာဝကျကျ ရယူလုပ်ကိုင် သွားစေလိုလျှင် (င) ကမ္ဘာာကျော် ရွှေကြိဂံနယ်မြေကိုလည်း ကုလသမဂ္ဂ အကူအညီနဲ့ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သွားပြီး (စ) ပြည်ထောင်စု တပ်မတော်အတွင်းမှာလည်း (ပြည်ထောင်စု အစိုးရနဲ့ ကုလသမဂ္ဂ အထောက်အပံ့ခံ) ဘိန်းနှိမ်နှင်းရေး အထူးတပ်ဖွဲ့တခုကို သီးခြားလေ့ကျင့် ဖွဲ့စည်းထားကာ (ဆ) ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ နယ်ခြားလုံခြုံရေး၊ နယ်ခြားလမ်းပမ်း ဆက်သွယ်ရေး၊ နယ်ခြားမြို့သစ်များ တည်ထောင်ရေး၊ နယ်ခြားအမျိုးသား မှတ်ပုံတင်ဌာနခွဲများ ဖွင့်လှစ်ရေး လုပ်ငန်းများကိုလည်း ပြည်ထောင်စု တပ်မတော်နဲ့ သက်ဆိုင်ရာ ပြည်နယ်အစိုးရများ ပူးပေါင်းဆောင်ရွက်သွားကြလျက် (ဇ) ပြည်နယ်တိုင်းဟာလည်း လူမျိုးစုံ ပြည်ထောင်စု တပ်မတော်ရဲ့ လက်အောက်ခံ ပြည်နယ်တပ်များ အညီအမျှထားရှိတာကို တွေ့မြင်လိုကြလျှင် မကြောက်မရွံ့ နောက်မတွန့်ပဲ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၅)

(က) လျှပ်စစ်မီးက ခဏခဏ ပျက်၊ အနေကြပ်၊ အစားကြပ်၊ အသွားအလာကြပ် ညဘက်မှာလည်း စာမဖတ်ရတော့တဲ့ ဘ၀က လွတ်မြောက်ချင်ရင် (ခ) ကျောင်းတွေကို ခဏခဏပိတ် ပညာရေးစရိတ် ပိုပို ကြီးလာပြီး ပညာရေးအဆင့်အတန်း နှိပ်ကျသွားတဲ့အတွက် ကမ္ဘာာ့အလယ်မှာ မျက်နှာငယ်နေရတဲ့ ဘ၀က လွတ်မြေက်ချင်ရင် (ဂ) လျှပ်စစ်မီးအား ပြတ်တောက်သွားလို့ သောက်ရေ၊ သုံးရေ မလုံလောက် အိမ်တွင်း စစ်မှု လုပ်ငန်းလေးတွေပါ ဆိုင်းဘုတ်ပျောက်သွားရတဲ့ အဖြစ်ဆိုးက လွတ်မြောက်ချင်ရင် (ဃ) မီးသွေးက ဈေးကြီး မီးဖိုချောင်ပစ္စည်းက ဈေးတက် အဲဒီကြားထဲ မိလ္လာရေကပါ ပြတ်ပြတ်လာလို့ အိမ်သာရှိပါလျက် ဖင်ဆေးရခက်တဲ့ ဘ၀က လွတ်မြောက်ချင်ရင်…တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

(၆)

(က) အစာရေစာ ရှားပါးလာပြီး လေမုန်တိုင်းကျ ရေကြီး၊ မီးလောင် တက်တက်ပြောင်တဲ့ ဒုဗ္ဘိက္ခ န္တရကပ်၊ HIV နဲ့ AIDS ရောဂါတွေ ပြန့်နှံ့နေတဲ့ ရောဂန္တရကပ်၊ သားစဉ်မြေးဆက် တရက်မပြတ် တို့လူမျိုးချင်း ပြန်ပြန်သတ်နေရတဲ့ သတ္ထန္တရကပ် ဆိုတဲ့ ကပ်ကြီးသုံးပါးက လွတ်မြောက်သွားချင်ရင် (ခ) ဥပဒေပြု လွှတ်တော်က ရေးဆွဲပြဌာန်းထားတဲ့ ဥပဒေရယ်လို့ လုံးဝမရှိတဲ့ သူပုန်နယ်မြေနဲ့၊ ဥပဒေနဲ့ တရားရုံးများ ရဲဌာနများ အထင်အရှား ရှိပါလျက် စစ်တပ်ကို ကြောက်နေကြရတဲ့ ရဲအရာရှိနဲ့ ထမိန်ခြုံ တရားသူကြီးများကြောင့် စစ်တပ်က ကျူးလွန်ထားတဲ့ ပြစ်မှု မှန်သမျှ ဘယ်ကိုမှ တိုင်လို့လည်း အကြောင်းမထူး၊ တရားစွဲလို့လည်း မရတဲ့ ဘ၀က လွတ်မြောက်ချင်ရင်၊ (ဂ) ဘုရားကအောက် မျောက်က အထက်ဆိုသလို အစိုးရက စစ်တပ်အောက် အစိုးရအထက် စစ်တပ်ရောက် သူတို့ရဲ့ အမိန့်က အဓိက၊ တရားဥပဒေက သာမည ဖြစ်နေတဲ့ ခေတ်နဲ့ ပြည်သူတွေရဲ့ အမြင်မှာ နှစ်ပေါင်းများစွာ (စစ်တပ်ရော သူပုန်ပါ) လက်နက်ရှိသူတွေသာ ဗိုလ်ကျလာတဲ့ ခေတ်ကို ချုပ်ငြိမ်းသွားစေလိုလျှင် (ဃ) ရှေ့အဖို့ ဒီမိုကရေစီ အစိုးရများ အာဏာရတဲ့အချိန်တိုင်း (ဖဆပလ) ခေတ်က ရောင်စုံသူပုန် ထကြတဲ့ အခြေအနေမျိုးနဲ့ (ပထစ) သန့်ရှင်းအစိုးရလက်ထက်မှာ စစ်တပ်က အာဏာလုတာ ခံလိုက်ကြရတဲ့ အဖြစ်မျိုး ထပ်မံမဖြစ်ပွား မီးသေသွားတာကို မြင်လိုလျင်- တွေးမနေနဲ့၊ ငေးမနေနဲ့၊ ဆွေးမနေနဲ့၊ ပြေးမနေနဲ့၊ တို့တပ်မတော်ရဲ့ ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသမီး အောင်ဆန်းစုကြည်နဲ့ NLD ကိုအားပေးကြ။

စည်းမကျွံ၊ နယ်မကျွံ ဘောင်မလွန်ပဲ ရဲရဲ လုပ်ပါ၊ တို့ဘက်က မမှားစေနဲ့ သတိထား၊ မြန်မာနိုင်ငံအတွင်း မြို့တမြို့က လူအားလုံးကို သိမ်းကျုံးဖမ်းချူပ် (နို့စည်ဗူးထဲက နှမ်းတွေလို) ဆံ့အောင် လုပ်နိုင်တဲ့ ထောင်မျိုး တထောင်မှ မရှိ။ ထို့အတူ နောက်လိုက် ရဲဘော်များမပါပဲ စစ်ဗိုလ်တွေချည်း မြို့တမြို့ကို သိမ်းနိုင်တာ ဒီကမ္ဘာဘယ်မှာမှ မရှိ မယုံရင် စမ်းကြည့်။

(မြ၀တီ) ရဲခေါင်
လွတ်လပ်ရေး မော်ကွန်းဝင် ပထမဆင့်

NLD ဟာ စစ်အုပ်စု ခင်းတဲ့လမ်းကို မလျှောက်ပဲ ရဲဝံ့ပြတ်သားစွာ ရပ်တည်ပြလိုက်တဲ့အချိန်မှာ အဘ ဦးရဲခေါင် တိုက်တွန်းသလို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို ပြည်သူလူထုဝန်းရံဖို့ တကယ်ကို လိုအပ်နေတဲ့အချိန်ဖြစ်ပြီး ပို့စ်အသစ် ရေးဖို့လည်း ကျွန်မမှာ အချိန်မရ ဖြစ်နေတဲ့အတွက် (၁၄-၁၀-၀၉ က) တင်ထားတဲ့ အဘဦးရဲခေါင်ရဲ့ပို့စ်ကို လက်တွေ့နဲ့ ကိုက်ညီနေလို့ အသစ်ပြန်တင်ထားပါတယ်။ မူရင်းပို့စ်က အရင်တင်ခဲ့တဲ့ နေ့စွဲနဲ့ ဒီနေရာမှာ ရှိပါတယ်။
မြ၀တီ ရဲခေါင်ရဲ့ ကိုယ်ရေး ရာဇ၀င်အကျဉ်း ကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။

11 comments:

That guy "Myawaddi Ye Gaung" is
a weak head like the junta chief
he is opposing.

Inflation is everywhere, there is
no currency backed with gold, US$
and Sterling Pounds are not backed
with bullion. Inflation is normal
as long as it is less than 3% and
it is not an issue. No one can pay
money for some dickheads who fought
wars and died from either side.
Ethnic insurgency will be there as
they are fighting for their races
but some of them are as corrupted
and .... as some rogue soldiers and officers from our side, Burmese army. That chap is a dick
head, get education!!!

Anonymous - သူပြောတဲ့ ငွေစက္ကူနေရာမှာ ရွှေစက္ကူလို့ ပြောထားတာက တင်စားပြီး ရေးထားတာသာ ဖြစ်တယ်။ အရင်ပို့စ်တခုရဲ့ မှတ်ချက်အောက်က ကျွန်မပြန်ကူးလာတာကို ထည့်ပေးလိုက်ပါတယ်။ "ကျွန်မလည်း ငွေစက္ကူမဟုတ်ပဲ ရွှေစက္ကူ ဖြစ်နေတာကို မေးပါတယ်။ သူပြန်ရှင်းပြတာက အခုခေတ် ပိုက်ဆံက ဘာမှအာမခံမထားပဲ စက္ကူရွက်တွေကို စက်က ထုတ်ချင်သလို ထုတ်နေလို့ ကမ္ဘာပေါ်မှာ ဘာမှ တန်ဖိုးမရှိတဲ့ စက္ကူရွှက်တွေ ဖြစ်ပေမယ့် ၆၂ စစ်တပ် အာဏာမသိမ်းခင်က မြန်မာငွေကတော့ ထုတ်တဲ့ ပိုက်ဆံတန်ဖိုးနဲ့ ညီတဲ့ ရွှေပေါင်တင်ပြီးမှ ပိုက်ဆံကို စက်က ရိုက်ထုတ်ရလို့ ဒီမိုကရေစီခေတ်က မြန်မာပိုက်ဆံဟာ သိပ်ပြီးတန်ဖိုးကြီးလို့ ရွှေစက္ကူတွေ ဖြစ်တယ် ငွေစက္ကူ မဟုတ်ဘူးလို့ ပြောတယ်။"

Yes that is a wrong concept that Burmese perceived as a good idea.

A state is giving away sovereign rights when its ability to print
currency is limited by the bank
of another state or another third
party entity. It is the a tool for a nation state, a tool and it is part of a state's monetary policy.

Neither US dollar today, nor UK pound is backed by bullion (gold bars) as they did. US also printed
her currency like any other governments do and Burmese government will do in future.
That was true that Kyat was backed
by bullions but that was stopped
and it was a right approach since
the self imposed ability to limit
currency control is handing over of a state's sovereign rights.
Exchange rates and covertiblity are different matters.

What I am trying to explain is
that it is not good to spread wrong concepts.

မငယ်နိုင် ...

ဒီပို့စ်မှာ ရေးထားတဲ့ ကျွန်တော့် ကွန်မန့်အပါအ၀င် ကွန်မန့်တွေ ဘယ်ရောက်သွားတာလဲ။

အခု ဒီပို့စ်က အသစ်တစ်ခုလို ပြန်ထွက်လာတယ်။

World War II နောက် ပိုင်း မှာ ရွေ ပေါင်ခံ တဲ့  စနစ် ဖျက်လိုက်ပြီ ဆို ....sinpleview blog ထဲမှာ အဲဒီအကြောင်း ကျယ်ကျယ်ပြန့့်ပြန့်  ဆွေး နွေ ထား တာ ရှိတယ် ...

Lan Lann
ပို့စ်အဟောင်းကို အပေါ်ဆွဲတင်ထားတာ သက်သက်ဆို Link ထားတဲ့သူတွေရဲ့ Link မှာ သွားမပေါ်ဘူး။ ဘလော့ကို လာလည်တဲ့သူတွေထဲက သတိထားမိတဲ့သူတွေပဲ မတော်တဆတွေ့ပြီး ဖတ်ဖြစ်ကြတယ်။ ပို့စ်အသစ်တင်ထားမှ တကူးတက လာဖတ်ကြတော့ အသစ်ပြန်တင်ထားပါတယ်။ အရင်ပို့စ်ကို http://nge-naing.blogspot.com/2009/10/blog-post_14.html ကိုကျတော့ သူ့ကို တင်ခဲ့တဲ့ ရက်စွဲရှိရာ နေရာကို ပြန်ပို့လိုက်ပါတယ်။ ပို့စ်ရဲ့ အောက်ဆုံးစာကြောင်းမှာ မူလတင်တဲ့ပို့စ်နေရာကို ရေးထားပေးပါတယ်။ မှတ်ချက်က အဲဒီထဲမှာ ရှိပါတယ်။ ကျွန်မ အကြောင်းပြန်ထားတာလည်း ရှိပါတယ်။

ကိုသူရ - အဘဦးရဲခေါင် ပြောသလို ၆၂ မတိုင်ခင်က မြန်မာပိုက်ဆံဟာ ရွှေပေါင်တင်ထားမထား ကျွန်မ အဲဒီလောက်တော့ မသိဘူး။ ဒါပေမဲ့ ၆၂ မတိုင်ခင်က အမေရိကန်ဒေါ်လာ တဒေါ်လာကို မြန်မာကျပ်ငွေ ၆ ကျပ်က ဘယ်မှာပဲလဲလဲ ရတယ်။ အခုလို တရားဝင်သတ်မှတ်ထားတာက ၆ ကျပ်ခွဲ၊ တကယ်လဲရတာက တထောင်ပတ်ဝန်းကျင် ဖြစ်မနေဘူး။ အဲဒီ တထောင် ပတ်ဝန်းကျင်တောင် တခြားနေရာ ဘယ်နိုင်ငံမှာမှ သွားလဲလို့မရဘူး။ ရွှေ့ပေါင် တင်သည်ဖြစ်စေ၊ မတင်ထားသည် ဖြစ်စေ အဲဒီတုန်းက ပိုက်ဆံ ရွှေလိုတန်ဖိုးရှိဆိုတာ တင်စားတယ်အဖြစ်ပဲ ကျွန်မ နားလည်တယ်။

re: Anonymous of comment no.1

While I'm not sure whether you are dickhead or shithead I'm sure that you've some knowledge about economy, ofcourse a bit there and a bit here.

However, keep in your mind that the chap who wrote this article is a master in literature which is not your profession, I believed.

He's about the same age with your grandfather and has a lot of experiences that you're lack of.

He's not giving a lecture about economic here but just sharing and giving some advices to younger generation like you, and your ignorance is a remarkable one.

Therefore, needless to say that you're the one that needed to get some education about social manners or otherwise your parents may get some poo over their heads soon, ofcourse accidentally by you.

===

It's such a shame to be bitten by a street dog. I'm done with that half-baked bigot.

===

အဘ ဦးရဲခေါင် ရဲ့ပို့စ်ထဲမှာ "(၂) (က) ရွှေအာမခံရှိတဲ့ ရွှေစက္ကူ၊ (ခ) တန်ဖိုးမကျ မဖေါင်းပွတဲ့ ရွှေစက္ကူ (ဂ) ကမ္ဘာ့ဘဏ်မှ အာမခံမဲ့ ရွှေစက္ကူ .........." ဆိုပြီး ရေးထားပါတယ်...

အဲဒီ "ရွှေအာမခံအကြောင်း" ကို ပိုသိချင်တဲ့ ဗဟုသုတအဖြစ် လေ့လာချင်တဲ့ စာဖတ်ပရိသတ်များ Simple Views ဘလော့မှာ ကိုပြည်သူ တို့ ဆွေးနွေးထားတာကို ဖတ်ကြည့်သင့်ပါတယ်...

Simple Views ဘလော့မှာ 22 September 2010 ရက်က တင်တဲ့ "ပြည်သူ့ သဘောထား" post
(( http://simpleviewsonmyland.blogspot.com/2010/09/blog-post_22.html#comments ))
အောက် က comments တွေမှာ ကိုပြည်သူ တို့ ဆွေးနွေးထားတာပါ...

ပြည်သူ ( 23 September 2010 18:56 )
ပြည်သူ ( 23 September 2010 20:08 )
ပြည်သူ ( 24 September 2010 07:50 )
ပြည်သူ ( 24 September 2010 08:15 )
ပြည်သူ ( 24 September 2010 08:53 )
ပြည်သူ ( 24 September 2010 10:00 )
ပြည်သူ ( 24 September 2010 10:19 )
nyi-htet ( 24 September 2010 17:50 )


စိတ်ဝင်စားတဲ့ စာဖတ်ပရိသတ်များ ကျနော့် comment အပေါ်က "ရွှေအာမခံအကြောင်း" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်ကြည့်နိုင်ပါတယ်...


တာရာ



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်

"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater


ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ


ဥက္ကဌကြီးခင်ဗျား ...

ဥက္ကဌကြီးတို့၏ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးလှဆွေ ၏လုပ်ရပ်နှင့် ပြောဆိုချက်များမှာ မိခင်ပါတီ၏ဂုဏ်သိက္ခာကို ထိခိုက်ကျဆင်းစေသည့်အပြင် မြန်မာပြည်ဒီမိုကရေစီ ရှင်သန်ခိုင်မာစေရေးအတွက် အမျိုးသားနိုင်ငံရေးကို ဦးစီး ဖော်ဆောင်နေသော မြန်မာ့တပ်မတော်၏ ရပ်တည်မှုများကိုပါ အထင်အမြင်လွဲစရာများ ဖြစ်စေနိုင်ပါသောကြောင့် အဆိုပါကိုယ်စားလှယ်တော် ဦးလှဆွေကို လိုအပ်သလို အရေးယူနိုင်စေရန် အကြံပြု တင်ပြလိုက်ရပါသည်ခင်ဗျား ။

ဥက္ကဌကြီး အလျင်အမြန် စိစစ်သုံးသပ်နိုင်ရန် ယခုနောက်ဆုံး ဦးလှဆွေ ကိုယ်တိုင် လူသိရှင်ကြား တရားဝင်ပြောထားခဲ့သည့် ဦးလှဆွေ၏နှုတ်ထွက်စကားကို ပြည်သူအများ၏ ဝေဖန် အကြံပြုချက်များနှင့်အတူ ယှဉ်တွဲ တင်ပြလိုက်ရပါသည် ။


( ဦးလှဆွေ၏ ပြောဆိုချက် )

မိမိတို့ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှာ အမတ်နေရာအားလုံး၏ ၂၆% မျှ ရလျှင်ပင် အစိုးရဖွဲ့နိုင်ပြီဖြစ်ကြောင်း -

ထို့အတွက် လွှတ်တော်တွင်းရှိပြီးဖြစ်သည့် ၂၅% သော တပ်မတော်ကိုယ်စားလှယ်အားလုံးက မိမိတို့ပါတီအား တလုံးတခဲတည်း ပူးပေါင်းပို့ဆောင်ကြမည့်အကြောင်း


ပင်ဖြစ်ရာ -


(၁) "၂၆% ရရုံမျှဖြင့် အစိုးရဖွဲ့နိုင်သည်" ဆိုခြင်းကြောင့် မိခင်ပါတီအား မလျော်သြဇာသုံးသော၊ အနိုင်ကျင့်ဗိုလ်ကျသော ပါတီအဖြစ် ပြည်သူအများ၏ အထင်အမြင်သေးမှုကို ခံရစေနိုင်ခြင်း ၊

(၂) ဦးလှဆွေသည် အမာခံပါတီဝင်တယောက်ဖြစ်လျက် မိမိပါတီအပေါ် မိမိ ယုံကြည်မှုအားနည်းလွန်းသလောက် အတိုက်အခံပါတီအပေါ် အထင်ကြီးလွန်းခြင်း ၊

(၃) ဦးလှဆွေ ပြောကြားသော မမျှတသည့် ဤဖြစ်ရပ်အရ သန့်ရှင်း၍တရားမျှတမှုကို ဦးတည်ဆောင်ရွက်နေသည့် ရွေးကောက်ပွဲကော်မရှင်ကိုပါ နိုင်ငံတကာမှ မကြည်မလင် ဖြစ်စေနိုင်ခြင်း ။

(၄) တပ်မတော်သည် ပါတီတခုမဟုတ် ၊ သီးခြားလွတ်လပ်သည့် တသီးပုဂ္ဂလိကအမတ်များလည်း မဟုတ်ပေရာ ဦးလှဆွေ လူသိရှင်ကြား ပြောဆိုသကဲ့သို့ တစုတစည်းလုံးကြီး တရားဝင်ပူးပေါင်းနိုင်ခွင့် မရှိပါသောကြောင့် ရွေးကောက်ပွဲဆိုင်ရာ ပါတီဆိုင်ရာ စည်း ဘောင် နည်း ဥပဒေ များနှင့်ပါ ငြိစွန်းသွားနိုင်ခြင်း ။

(၅) ဦးလှဆွေ၏ ပြောကြားမှုကြောင့် ပါတီနိုင်ငံရေးထက် ကြီးမြတ်သော အမျိုးသားနိုင်ငံရေးကို ဦးထိပ်ပန်ဆင်ချီတက်နေသည့် တပ်မတော်၏ ပုံရိပ်ကို ထိခိုက် ညစ်နွမ်းစေခြင်း ။

....... အစရှိသည့် ထိခိုက်မှုများ ဖြစ်စေနိုင်ရာကား -

အဆိုပါ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်တော် ဦးလှဆွေ ကို ကျန်းမာရေးဆေးစစ်ကြည့်ခြင်း ၊ ခုံရုံးဖွဲ့စစ်ဆေးခြင်း ၊ ထုချေလွှာတောင်းခြင်း ... စသဖြင့် လိုအပ်သလို အရေးယူသင့်ပါကြောင်း ပါတီကြီး၏ရှေ့ရေးကို ရည်မျှော်၍ စေတနာမေတ္တာအပြည့်ဖြင့် အကြံပြုလိုက်ရပါသည်ခင်ဗျား ။

လေးစားစွာဖြင့် -

( ဒါရိုက်တာ မိုက် တီး )

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဌကြီး ဦးဌေးဦး သို့
ဒါရိုက်တာ မိုက်တီးမှ အိတ်မပါဘဲ ပေးတဲ့စာ