မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

သူနာပြုဘုရား

ကိုယ်ရိပ်သဏ္ဍန်၊ ညီအာနန်နှင့်
မြတ်မွန်ထွဋ်ထား၊ တို့ဘုရားသည်
တပါးသောခါ၊ ဒေသစာဖြင့်
တိုက်တာလှည့်ကာ ကြည့်သတဲ့။

ကျီးသံသဲ့သဲ့၊ ယင်မဲ့မဲ့ဖြင့်
မွဲပြာညစ်ရောင်၊ ကျောင်းတစ်ဆောင်ကို
ဘုန်းခေါင်ဘုရား၊ ၀င်ကာသွားသော်
သနားစဖွယ်၊ ကျောင်းအလယ်တွင်
ကျင်ငယ်ကျင်ကြီး၊ တင်းကြမ်းစီးလျက်
ကိုယ်ထီးလျောင်းရှာ၊ ထေရ်သူနာကို
မြတ်စွာဘုရား တွေ့ပါသတည်း။

အမိသည်သား၊ ပြုသောလားသို့
ဘုရားမြတ်မွန်၊ ညီအာနန်ကို
ချိုးရန်ရေတောင်း၊ စောင်ပါတောင်းလျက်
သွန်းလောင်းသုတ်သင်၊ ပြီးစီးလျှင်မူ
ခေါင်းတွင်ဘုရား၊ လက်တော်ထားကာ
ညီဘွားခြေက၊ ပြိုင်တူမလျက်
မြတ်လှနေရာ၊ ညောင်စောင်းသာတွင်
ကောင်းစွာအိပ်စက်စေသတည်း။

ထို့နောက်ရှင်တော်၊ စည်းဝေးခေါ်ကာ
မြွက်ဖော်စကား၊ မိန့်တော်ကြား၏
မိခြားဖဝေး၊ တစ်ရပ်ကျေးတွင်
ချိုအေးကြည်သာ၊ တရားရှာသည့်
များစွာအပေါင်း၊ ရဟန်းကောင်းတို့
ညံပျောင်းကြည်ဖြူ၊ နာသောသူကို
ငါ့တူကြင်နာ၊ ပြုစုပါက
မြတ်ရာရောက်လိမ့် ဧကန်တည်း။ ။

မင်းသုဝဏ်

မူရင်းကို Facebook မှာ ဒေါက်တာ အောင်ကျော်သူ တင်ထားတာကို အဖြူရောင်မေတ္တာဘလော့ဂ်က ကူးယူဖေါ်ပြထားပြီး ကျွန်မက အဖြူရောင်မေတ္တာမှ ပြန်လည်ကူးယူဖေါ်ပြထားပါတယ်။
အောက်ဆုံးပိုဒ်

5 comments:

မြတ်ဗုဒ္ဓရဲ့ လုပ်ဆောင်ချက်တွေကို ကြားရတိုင်း၊ သိရတိုင်း ကြည်ညို စိတ်ကပိုပိုလာလေပဲ.။ ဒါကြောင့်လဲ သံသရာအတွက် ဆရာဗုဒ္ဓကိုသာ ဆရာအဖြစ်ကိုးကွယ်ပါသည်။

အမငယ်..
ခုမှပဲဒီဇင်ဘာကိုရော အမငယ်တို့ကိုရောနှုတ်ဆက်ရတော့
မယ်။ နှစ်သစ်မှာအမငယ်မိသားစုအားလုံး ကျန်းမာ
ရွှင်လန်းပါစေနော်။

ကြည်ညိုစရာကောင်းလှပါတယ်

နှစ်သစ်မှာ ရွှင်လန်းချမ်းမြေ့ပါစေ မငယ်နိုင်

လာဖတ်ပါတယ် အစ်မရေ..
နှစ်သစ်မှာ ပျော်ရွှင်ပါစေ..

ဆရာမင်းသုဝဏ်ကဗျာလေး လာဖတ်တယ်။ ကောင်းလိုက်တဲ့ ကဗျာလေး။