မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

စီးပွားရေး ပိတ်ဆို့မှုနှင့်ပတ်သက်၍ (၂)

စီးပွားရေး ပိတ်ဆို့မှုကို ထောက်ခံသူရှိသလို မထောက်ခံသူလည်း ရှိကြပါတယ်။ ဒီပို့စ်က မြန်မာပြည် ဆင်းရဲ မွဲတေလာတာ စီးပွားရေး ပိတ်ဆို့မှုကြောင့်လား ကိုယ်ကျိုးရှာစစ်ခေါင်းဆောင်တွေနဲ့ အပေါင်းအပါတွေက တိုင်းပြည်ဘဏ္ဍာကို မိမိဘဏ္ဍလုပ်ပြီး ရှိသမျှ ရင်းမြစ်တွေကို သိမ်းပိုက်ပြီး လူထုကို ဖိနှိပ်ချူပ်ချယ်ထားလို့လား ဆိုတာ မြင်အောင် မီးမောင်းထိုးပြတဲ့ ပို့စ်တခုဖြစ်တယ်။ နိုင်ငံတော်ကို သူတို့ပိုင်ဆိုင်တဲ့ မြင်းလို လှေလို သဘောထားပြီး ငါ့မြင်းငါစိုင်း စကိုင်းရောက်ရောက်၊ ငါ့လှေငါထိုး ပန်းခိုးရောက်ရောက် ဆိုတဲ့ပုံစံအတိုင်း လုပ်နေသ၍ စီးပွားရေး ပိတ်ဆို့မှုကို မြန်မာနိုင်ငံ ရင်ဆိုင်နေဦးမှာပဲ ဖြစ်တယ်။ ဒီပို့စ်က ထောက်ခံသူတယောက်ဘက်က ရေးထားတဲ့ပို့စ် ဖြစ်လို့ သဘောထား ထပ်တူကျတာနဲ့ Karen United မှ ပြန်လည်ကူးယူ ဖေါ်ပြလိုက်ပါတယ်။




မြန်မာနိုင်ငံအားစီးပွါးရေးပိတ်ဆို့အရေးယူခြင်းနှင့်ကျနော့်အမြင်



Written by ဖူးဒို
Saturday, 22 January 2011 14:00

၂၀၁၀ ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုလွှတ်ခဲ့သဖြင့် မြန်မာနိုင်ငံပေါ် ဥရောပသမဂ္ဂ (EU) နှင့် အမေရိကန်ပြည်ထောင်စုမှ ဒဏ်ခတ်အရေးယူပိတ်ဆို့မှု့များလျှော့ပေါ့ပေးရန် အရှေ့တောင်အာရှနိုင်ငံ များအသင်း (ASEAN) နိုင်ငံခြားရေးဝန်ကြီးအစည်းဝေးတွင် အင်ဒိုနီးရှားဝန်ကြီး မာတီနာတာလီဂါဝါ ကတိုက် တွန်းလိုက်ပါတယ်။ တစ်ချိန်တည်းမှာဘဲ မြန်မာနိုင်ငံရှိ တိုင်းရင်းသားပါတီ ၅ ခု လည်း မြန်မာနိုင်ငံအပေါ် နိုင်ငံတကာပိတ်ဆို့အရေးယူ မှု့တွေကို ရုတ်သိမ်းပေးဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီလိုတောင်းဆိုလိုက်တဲ့ ပါတီတွေကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ၊ ဖလုံ-စဝေါ် ဒီမိုကရက်တစ်ပါတီ၊ ချင်းအမျိုးသားပါတီနဲ့ ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီတို့ ဖြစ်ကြပါတယ်။ သို့သော်လည်း တိုင်းရင်းသားပါတီများ၏ တောင်းဆိုချက်သည် ဖိအားပေးမှု ရှိမရှိကို အတည်မပြုနိုင်သေးပါ။

မြန်မာနိုင်ငံ၏စီးပွါရေးကို ကြည့်ပါက ပြည်တွင်းထွက်ကုန် (GDP) ၏ ၅၆% သည် လယ်ယာစိုက်ပျိုးရေး ထွက် ကုန်မှဖြစ်ပြီး တောင်သူလယ်သမား ၁၉ သန်းခန့်မှ အသက်ရှင်ရပ်တည်နိုင်ရေးတွက် ရုန်းကန်လှုပ်ရှားနေရပါ သည်။ မြန်မာတစ်နိုင်လုံး အလုပ်သမားအင်အားစု၏ ၇၀%သည် စိုက်ပျိုးရေးလုပ်ငန်း၊ ၇%သည် စက်မှု့လုပ် ငန်း( Industry) နှင့် ၂၃% သည် ၀န်ဆောင်မှု့လုပ်ငန်း ( Service) မှဖြစ်ကြပါသည်။

ပညာရှင်များ၏ လေ့လာချက်အရ နိုင်ငံတစ်နိုင်ငံ၏ စီးပွါးရေးနိမ့်ကျမှု့နှင့် တိုင်းပြည်ဆင်းရဲသည့် အကြောင်းအရင်းများထဲမှ အဓိက အ ကြောင်းအရင်းမှာ-

၁။ ပင်လယ်ဆိပ်ကမ်းမရှိသောကုန်းတွင်းပိတ် နိုင်ငံဖြစ်နေခြင်း

၂။ အုပ်ချုပ်ရေးညံ့ဖြင်းခြင်း

၃။ စစ်ဖြစ်နေခြင်း

မြန်မာနိုင်ငံသည်မဟာဗျုဟာကျ ပင်လယ်ကမ်းရိုးတန်းရှိပြီး သဘာဝသံယာဇာတ ပေါကြွယ်ဝသော နိုင်ငံဖြစ်ပါ သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် နယ်စွန်နယ်ဖျား နယ်စပ်များတွင်သာ ဖြစ်နေသော်လည်း မြို့ကြီးပြကြီးများ၊ မြန်မာ နိုင်ငံအလယ်ပိုင်း နှင့် အတွင်း ပိုင်းများတွင် ဖွံ့ဖြိုးမှု့ နှေးကွေးပြီး ဆင်းရဲမွဲတေလျက်ရှိပါသည်။ ဒိပြင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များသည်လည်း တောတွင်း ခံစစ် စစ်ဆင်ရေးသာ ကစားနေပြီး တိုက်စစ် ပြုလုပ်ခြင်းမရှိပါ။ ထို့ကြောင့် မြန်မာနိုင်ငံ ဆင်းရဲမွဲတေ မှု့သည် အုပ်ချုပ်ရေးညံဖျင်းခြင်း ဖြစ်ကြောင်းသိသာထင်ရှားနေပါသည်။ မြန်မာနိုင် ငံ၏အုပ် ချုပ်ရေး ညှံ ဖြင်း ခြင်း၏အဓိကအကြောင်းအရင်းမှာ-

၁။ မှားယွင်းသောအုပ်ချုပ်ရေးစနစ်

၂။ အုပ်ချုပ်သူများအရည်အချင်းမပြည့်မှီခြင်းနှင့် စိတ်ဓါတ်အကျင့်စာရိတ္တများ ပျက်ဆီးခြင်း

ဖြစ်ကြောင်း ထင်ရှားစွာတွေ့မြင်နိုင်ပါတယ်။

မြန်မာနိုင်ငံသည် အမေရိကန်၏ စီးပွါးရေးပိတ်ဆို့အရေးယူမှု့စတင်သည့် ၁၉၉၇ မတိုင်မှီကတည်းက ကမ္ဘာ့အ ဆင်းရဲဆုံးနိုင်ငံများစာရင်းတွင် တစ်ခုအပါအ၀င်ဖြစ်သလို ယခုလည်း ထို့အတူပင်ဖြစ်ပါသည်။ ၂၀၀၃ စီးပွါးပိတ် ဆို့ အရေးယူမှု့တွင် အထည်ချုပ်လုပ်ငန်းကို အကြီးအကျယ် ထိခိုက် စေသဖြင့် အလုပ်သမားပေါင်း ၅၀ ၀၀၀ မှ ၆၀ ၀၀၀ ထိ အလုပ်လက်မဲ့ဖြစ်ခဲ့ရပါသည်။ တစ်ဖက်တွင်လည်း စစ်အစိုးရ၏ သတ်ဖြတ်ညင်းစဲမှု့ကြောင့် ၂၀၀၃ ခုနှစ်တွင်း နယ်စပ်ဒုက္ခသည် အဖြင့် မှတ်ပုံတင်နိုင်ခဲ့သည့် ဒုက္ခသည်စာရင်းမှာ ၁၅၁ ၈၀၈ ဦးရှိခဲ့ပါသည်။ ၂၀၀၆ မှ ၂၀၁၀ တွင်းပြည်ပတတိယနိုင်ငံသို့ထွက်ခွါခဲ့သည့် မြန်မာနိုင်ငံမှ ဒုက္ခသည်အရေအတွက်မှာ ၆ သောင်းနီးပါး ရှိခဲ့ ပြီး ၂၀၁၀ မှတ်တမ်းအရ TBBC တွင်မှတ်ပုံတင်ခဲ့သည့် ဒုက္ခသည်စာရင်းမှာ ၁၄၇ ၉၇၈ ဖြစ်ပြီး နယ်စပ် ဒုက္ခသည် စခန်းမရောက်ဘဲ မြန်မာနိုင်ငံရှေ့ဖက်ခြမ်း တောတွင်း မှာထွက်ပြေးပုန်းရှောင်နေရသည့် IDPs အရေအတွက်မှာ ၄၄၆ ၀၀၀ (လေးသိန်းကျော်) ရှိ နေပါသည်။

အနောက်နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့အရေးယူခြင်းကို ရုတ်သိမ်းလိုက်ပါက မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု့ နှင့် တိုင်းပြည်ချမ်းသာရေးကို မရနိုင်ပါ။ မြန်မာနိုင်ငံ အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက် ရေးကို ရရှိရန် အုပ်ရေးစနစ် နှင့် အုပ်ချုပ်သူများကို ပြောင်းလဲ နိုင်မှသာ ဖြစ်နိုင်ပါသည်။ မြန်မာနိုငံပေါ် ဒဏ်ခတ်အရေး ယူခြင်းကို ရုတ်သိမ်းလိုက်ပါက နအဖ ၏စစ်အင်အားတောင့်တင်းသန်မာလာပြီး အရပ်သားပေါ်ဖိနှိပ် ညဉ်းပန်း မှု့ တိုးလာမှာဖြစ်ပြီး IDPs နှင့် ဒုက္ခသည်အရေအတွက်များတိုးလာရန်သေချာပါသည်။ ဒိပြင် ပြည်သူ့စစ်မှု့ထမ်းဥပဒေ ပြဌာန်းပြီး စီးပြီဖြစ်သဖြင့် ဒဏ်ခတ်အရေးယူမှု့ကို ရုတ်သိမ်းလိုက်ပါက နအဖ ၏ အန္တာရယ်သည် ပြည်တွင်းသာမက အိမ်နီးခြင်းဒေသတွင်းကိုပါ ခြိမ်းခြောက်လာနိုင်ပါသည်။ တရုတ်နိုင်ငံခေါင်း ဆောင် မော်စီတုန်း၏ နိုင်ငံရေးလမ်းစဉ်ဖေါ်ဆောင်ရန် တရုတ်ပြည်သူ သန်းပေါင်း ၄၄ သန်းမှ ၇၇ သန်းထိ အသက်ဆုံးရှုံးခဲ့ရပါသည်။ ဤသည်မှာ အင်အားသုံးဖိနှိပ်အုပ်ချုပ်ရေး၏ သင်္ခန်းစာတစ်ခုဖြစ်ပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးသဖြင့် နအဖ ကို အတိုင်းအတာ တစ်ခုထိ အသိအမှတ်ပြုသင့်သော်လည်း စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှုများကို မရုတ်သိမ်းသင့်ပါ။ စီးပွါးရေးဒဏ်ခတ်ပိတ်ဆို့မှု့များကို ရုတ်သိမ်းရန် ခိုင်မာပြီး ယုံကြည်နိုင်လောက်သောစနစ်ပြောင်းလဲမှု့များ၊ တစ်နိုင်ငံလုံးရှိ လူ့အခွင့်အရေးချိုးဖေါက်မှု့များ၊ IDPs နှင့် ဒုက္ခသည် အရေတွက် အခြေအနေများပေါ်မူတည်ပြီး မှ ဆုံးဖြတ်သင့်ပါသည်။ ဒိပြင် နျူကလီးယား နှင့်အတူ စစ်အင်အားကိုတည်ဆောက်လာသော နအဖ၏ ပြည်သူ့စစ်မှု့ထမ်းဥပဒေ နှင့်ပတ်သက်ပြီး၎င်း ဆိုးဝါးလာသော လူ့အခွင့်အရေးချုးဖေါက်မှု့များကို ကြည့်ခြင်းဖြင့်၎င်း ကြိုတင်ကာကွယ် ရေးအစီအမံ ဖြင့် လက်နက် တင်ပို့ခြင်းကိုပိတ်ပင်ရန် (Arm Embargo) နိုင်ငံတကာ မှ ပြင်ဆင်သင့်ပါပြီ။

စီးပွါးရေးပိတ်ဆို့ခါစတွင် နအဖ တပ်မတော်၏ စစ်ဖက်ဆိုင်ရာ ယန္တာရားကို အကြီးအကျယ် ထိခိုက်ခဲ့ သဖြင့် တပ်၏စစ်ရေးလှုပ်ရှားမှုကိုထိခိုက်စေခဲ့ပါသည်။ ထိုစဉ်က စက်ပိုင်းဆိုင်ရာအပိုပစ္စည်းများဝယ်ယူမရသဖြင့် စစ်လက်နက်ပစ္စည်းထုတ်စက်ရုံများ၊ စက်ယန္တာရားများ၊ စစ်သုံးယာဉ်၊ စစ်ရေယာဉ်၊ စစ်လေယာဉ်အတော်များ များကို ပြုပြင်ထိမ်းသိမ်းနိုင်ခြင်းမရှိတော့သဖြင့် သုံးမရဖြစ်ခဲ့ရပါသည်။ သို့သော်လည်း တရုတ်နိုင်ငံ၏ ကူညီမှု့၊အာစီယံနိုင်ငံတွင်းမှ ကုန်သွယ်ရေး နှင့် ဘဏ်လုပ်ငန်းသည် နအဖ ကို အသက်ဆက်ရှုခွင့်ရစေခဲ့ပါသည်။

မြန်မာနိုင်ငံရေးအကျပ်အတည်းကို ကုလသမဂ္ဂနှင့် လုံခြုံရေးကောင်စီတွင် ဖြေရှင်းသည့်အခါတိုင်း တရုတ်နိုင်ငံ သည် ဗီတိုအာဏာသုံးသည်အထိ နအဖ စစ်အစိုးရကို ကာကွယ်လေ့ရှိပါသည်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ထွက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို Congratulation ဟုဝမ်းမြောက်ကြောင်းသ၀ဏ်လွှာကို ၂၄ နာရီအ တွင်းပေးပို့သည့်အထဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံလည်းထိပ်ဆုံးမှပါဝင်ခဲ့ပါသည်။ နအဖ၏ လူ့အခွင့် ရေးချိုးဖေါက်မှု့များ၊ ၂၀၀၇ သံဃာအရေးအခင်းကို အင်အားသုံး သတ်ဖြတ်မှု့များ၊ လူသိန်းဂဏာန်းသေပြီး သန်းချီ ဒုက္ခရောက်သော နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းတွင် အာစီယံ နိုင်ငံမှ အနီးကပ် မျက်ဝါး ထင်ထင် မြင်ရသော်လည်း နအဖ စစ်အစိုးရကို အနူးညံ့ အယဉ်ကျေးဆုံး စကားလုံး သုံးပြီး ဆက်ဆံခဲ့ပါသည်။ ရဟန်းသံဃာ နှင့် ပြည်သူတွေကို မချစ်သော နအဖ သည် စီးပွါးရေးပိတ်ဆို့မှု့ကို ရုတ်သိမ်းပေးပါရန်တောင်းဆို ခြင်းသည် ၄င်းစီးပွါးပိတ်ဆို့ရေးသည် နအဖ ကို အမှန်တကယ် ထိခိုက်စေသော်ကြောင့်ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ပြည်တွင်းရေးပြသာနာကို အခွင့်ကောင်းယူပြီး စီးပွါးရေးအမြတ်အစွန်း၊ စီးပွါးရေးလက်ဦးယူပြီး မျိုးမျိုး မြက်မြက် အကျိုးရနေသော နိုင်ငံများ၏ သဘောထားများသည် နအဖ ကို သက်ဆိုးရှည်စေပြီး မြန်မာပြည်သူ များကို ပို ၍နက်သော ဆင်းရဲတွင်းသို့ တွန်းပို့နေပါသည်။

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း တွင် အာစီယံ ၁၀ နိုင်ငံ မှ ထည့်ဝင်လှုဒါန်း သည့် ငွေကြေးပမာဏ မှာ အမေရိကန်ဒေါ်လာ ၁၄ ၂၀၈ ၄၇၀ (၁၄ သန်းကျော်) ရှိပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ လှုဒါန်းသည့်ငွေပမာဏမှာ အမေရိကန်ဒေါ်လာ ၁၀ သန်းရှိခဲ့ပါသည်။ မြန်မာနိုင်ငံ ကို စီးပွါးပိတ်ဆို့သည့် အ နောက်နိုင်ငံများမှ နိုင်ငံတစ်ချို့၏လူဒါန်းငွေကို ဖေါ်ပြရလျှင် သြစထြေးလျ နိုင်ငံမှ မေရိကန်ဒေါ်လာ ၂၃.၅သန်း၊ အင်္ဂလန်နိုင်ငံမှ မေရိကန်ဒေါ်လာ ၇၃.၅ သန်း၊ အမေရိကန်နိုင်ငံမှ မေရိကန်ဒေါ်လာ ၄၇.၂၄၅ သန်း လှုဒါန်းခဲ့ပါ သည်။

Table 13: ASEAN Member States' Assistance to Cyclone Nargis (as of 11 July 2008)

Country

Financial Aid

Relief and other Aids

Relief team

Rapid

Assessment

Brunei

Darussalam

USD 1,100,000

Water, Food, emg sheltr, medcines

12 pax medical team,

SAR, logistics teams on standby

1 pax for ERAT

Cambodia

USD 300,000




Indonesia

USD 1,000,000

25 MT Relief aids in 2 planes

29-pax medical team

3 pax for ERAT

Lao PDR

USD 120,000

2.5 MT food aids, 1.3 MT clothing, drinking water



Malaysia

USD 1,000,000

13 MT relief goods in

two planes worth MYR 500,000

25 pax medical team

2 pax for ERAT

Philipine

USD 359,000

13 MT drinking water, relief aid

30 pax medical team

1 UNDAC

4 pax for ERAT

Singapore

USD 3,293,470 relief package as of 23 May 08, USD 5 million pledge

SAR equipment, infocomms technology, base camps supplies, medicals and vehicles

Airport ground handling equipment.

2 medical team

30 pax and

32 pax

4pax

Thailand

USD 800,000

USD 15.26M worth of

food and non-food relief

items and equipments

in 26 flights. Pledge

includes staging area at

Don Muang Cargo, and

post-immediate relief

2 medical teams

30 pax

and 32 pax

4 pax

Viet Nam

USD 200,000

(through the UN)

Viet Nam

Red Cross:

USD170,000


Medical team 15 pax


Note B: through bilateral mechanism; B & R: through bilateral supported by regional mechanism

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်း တွင် အာစီယံ ၁၀ နိုင်ငံ မှ ထည့်ဝင်လှုဒါန်း သည့် ငွေကြေးပမာဏ

http://www.aseansec.org/21765.pdf

၁၉၈၈ စစ်အစိုးရအာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏ ရင်းနှီးမြုပ်နှံမှု့ နှင့် ကုန်သွယ်ရေးတွင် တရုတ် နှင့် အာစီယံနိုင်ငံ များသည် အကျိုးအမြတ်ဒေါ်လာသန်းပေါင်းထောင်ချီမြတ်စွန်းခဲ့သော်လည်း မြန်မာနိုင်ငံတွင်း အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွင် ထည့်ဝင်သည့်အလှုငွေမှာ အနောက်နိုင်ငံများထက် များစွာ နည်းနေပါ သည်။ ဒိပြင် လူသားခြင်းစာနာထောက်ထားသည့်လုပ်ငန်းများတွင် ထိုင်းနိုင်ငံမှအပ အာစီယံ၏အကူအညီ သည် မရှိသလောက်နည်းပါးပြီး အနောက်နိုင်ငံများ၏ အကူ အညီဖြင့်သာ ဒုက္ခသည်များ အသက်ဆက်နေရပါ သည်။

လွှဲမှားနေသောအုပ်ချုပ်ရေး၊စနစ် နှင့် အုပ်ချုပ်သူများကြောင့် ဆင်းရဲတွင်းရောက်နေသော မြန်မာလူထု သန်း၅၀ ကျော်အားလူသားခြင်းစာနာထောက်ထားစိတ်ထားတတ်ပြီး နအဖ အားဖိအားပိုမိုပေးရန် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နှင့် အာစီယံ နိုင်ငံများအား မေတ္တာရပ်ခံအပ်ပါတယ်။

မေတ္တာဖြင့်

ဖူးဒို

ဇန်ဝါရီလ ၂၂၊ ၂၀၁၁



5 comments:

It is right...Please request China and other ASEAN countries to give pressure myanmar government. most of the myanmar people are so poor and low living standard even compare with Lao PDR and cambodia....... in ASEAN Region.....

It is right...Please request China and other ASEAN countries to give pressure myanmar government. most of the myanmar people are so poor and low living standard even compare with Lao PDR and cambodia....... in ASEAN Region.....

ဒီဆောင်းပါးက အချက်အလက်အရရော တင်ပြမှုအရရော တော်တော်လေးကို ကောင်းပါတယ်။ တခု အားနည်းချက်ရှိတာက ကိန်းကဏန်းအတိအကျတွေပါပေမဲ့ References ထည့်ဖို့လိုအပ်နေတာ တခုပါပဲ။ သူ့မူရင်း Site မှာက မှတ်ချက်ပေးဖို့နေရာမရှိ၊ ဆက်သွယ်ရန်လိပ်စာလည်း မရှိတာနဲ့ မှတ်ချက်မရေးဖြစ်ဘူး။

ကိန်းဂဏန်းတွေအရဆိုရင် နာဂစ်ထိခံ ပြည်သူတွေကို မြန်မာကျပ်ငွေနဲ့ ကောင်းကောင်းထောက်ပံ့လို့ရတာပဲနော်.ဘယ်ရောက်ကုန်တာလဲမသိဘူး....လာလည်သွားပါတယ် မငယ်နိုင် ၈.တန်းကျောင်းသားလေး

အဓိက တရားခံဖြစ်တဲ့ စစ်အစိုးရရဲ့ နည်းလမ်းမကျ၊ လွဲမှားစုတ်ပြတ်နေတဲ့ နိုင်ငံရေးနဲ့စီးပွားရေးမူဝါဒတွေကို ရှုမြင်သုံးသပ်ပြီး ဒီလိုမျိုး ထောက်ပြဝေဖန်ပေးကြတာ သိပ်ကောင်းတယ်ဗျာ... သိမ်ဖျင်းသေးနုပ်တဲ့ ဦးနှောက်ပိုင်ရှင် အသိဥာဏ်မွဲနေသူ တဇောက်ကမ်းတွေ အမြန်ဆုံး ကျဆုံးဖို့ အမှန်တရားကို တန်ဖိုးထားတဲ့ မြန်မာနိုင်ငံသားအားလုံးမှာ တာဝန်ရှိတယ်..