မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဒါလား မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ


အောက်က ဓာတ်ပုံကို We Fight We Win မှ ကူးယူဖေါ်ပြပါတယ်။ We Fight We Win က အဲဒါကို အားပေးထားတာကို တွေ့ရတော့ ဒါ မြန်မာ့ရိုးရာ ရေကစားပုံ လုံးဝမဟုတ်ပါ။ မြန်မာ့ ရိုးရာ ရေကစားပုံ ကစားနည်းမဏ္ဍပ်မှာ ကတဲ့ပုံကို  အောက်က ဗွီဒီယိုတွေမှာ တွေ့နိုင်ပါတယ်။

 မြန်မာ့ရိုးရာ ရေကစားမဏ္ဍပ်ဆိုလို့ ဒါကိုတွေ့ပြီး ကျွန်မ တော်တော်လေးကို လန့်သွားပါတယ်။ နိုင်ငံခြားမှာ ကြီးတဲ့ မြန်မာကလေးတွေ တွေ့ရင်တော့ အဲဒါကို မြန်မာ့ရိုးရာစစ်စစ်လို့ အဟုတ်ထင်နေတော့မှာပဲ ဆိုတာတွေးပြီး သီးသန့်ပြန်ဖေါ်ပြရခြင်း ဖြစ်ပါတယ်။ ကွာခြားပုံကို အောက်က ဗွီဒီယိုတွေနဲ့ ပုံတွေကြည့်ပြီး သိနိုင်ပါတယ်။

(တေးဆို ဇော်ဝမ်း) ဒါက ဟိုရှေးရှေးက လူကြီးတွေ ဆိုထားကထားတာ အခုခေတ် လူငယ်တွေ ခံစားလို့ မတတ်တော့ဘူးလို့ ဆင်ခြေပေးချင်ရင် အောက်က ဗွီဒယိုကို ဆက်ကြည့်လိုက်ပါ။
(တေးဆို ဘိုဘို)

ဘယ်သူပဲဆိုဆို ဒီသီချင်းကြီးက ပျင်းစရာကောင်းတယ်လို့ ယူဆရင် မြူးမြူးကြွကြွ မြန်မာသင်္ကြန်သီချင်းတွေလည်း ရှိပါတယ် ဆက်ကြည့်နိုင်ပါတယ်။

(တေးဆို ဂရေဟန်)

(တေးဆို ရင်ဂို)


အပေါ်က မြန်မာ့ရိုးရာ မဟာသင်္ကြန် ရေကစားမဏ္ဍပ်လို့ ရေးထားတဲ့ စဉ်ပေါ်မှာ တွေ့ရတဲ့ ပုံတွေကို ကျွန်မလုံးဝမကြိုက်ပေမဲ့ လူ့အခွင့်အရေးအရ ကိုယ်မကြိုက်ပေမဲ့လည်း သူများကြိုက်လို့ သူများဝတ်တာကို ပုံမှန်အတိုင်းဆို ဘာမှမပြောလိုဘူး။ ၀တ်ပိုင်ခွင့်ရှိတယ် ရေလည်း အဲလိုဝတ်ပြီး ကစားပိုင်ခွင့်ရှိတယ်။ သို့သော်လည်း ရေကစားမဏ္ဍပ်နာမည်ကို သူတို့ဖါသာသူတို့ ခေတ်သစ်ပဲပေးပေး Modern ပဲပေးပေး ဟော့ရှေုာ့ပဲပေးပေး တခြားနာမည်တခုခုနဲ့ ပေးပြီးဒီလိုဝတ်စားကာ ကစားတယ်ဆိုရင် အကြောင်းမဟုတ်ဘူး မြန်မာ့ရိုးရာလို့ ရေးထားတဲ့ နေရာမှာ ဒါမျိုးဝတ်စားပြီး ကစားနေတာကတော့ တကယ်ကို ရုပ်ပျက်ဆင်းပျက်နိုင်လှပါတယ်။ ဒီလိုကစားချင်ရင်တော့ ခုနကပြောတဲ့အတိုင်း မဏ္ဍပ်ကို မြန်မာ့ရိုးရာလို့ နာမည်မပေးတာ အကောင်းဆုံးပါပဲ။ မြန်မာ့ရိုးရာ ပုံစံမဟုတ်ဘဲနဲ့ ဒါကြီးကိုမြန်မာ့ရိုးရာလို့ အမည်တပ်တာကိုတော့ လုံးဝကန့်ကွက်တယ်။ ခရစ်ယာန်တို့ရဲ့ ရိုးရာဖြစ်တဲ့ စန်တာကလော့ခေါ် ခရစ်စမတ် ဘိုးဘိုးကြီးက ဝေတဲ့စားစရာတွေ ကစားစရာတွေ ခေတ်အလိုက် ပြောင်းလဲသွားတာပဲ ရှိမယ်၊ လွန်ခဲ့တဲ့ အနှစ်တရာက စန်တာကလော့ဂ်ပုံစံကလည်း အခုစန်တာကလော့ပုံစံပဲ။ နှုတ်ခမ်းမွေးအပြောင်ရိပ်ပြီး Necktie တွေကုတ်တွေ ၀တ်ထားတာကို စန်တာကလော့ဂ်လို့ ပြောရင်ဟာသဖြစ်နေနိုင်သလို ဒီလိုပုံစံ ၀တ်စားထားတာကို မြန်မာ့ရိုးရာလို့ ပြောရင်လည်း ဟာသဖြစ်နေပါတယ်။ ကရင်ဝတ်စုံဝတ်ပြီး ဒါကို မွန်ဝတ်စုံပါလို့ ပြောရင် လက်ခံလို့မရသလို မြန်မာ့ရိုးရာ မဟုတ်ဘဲနဲ့ မြန်မာ့ရိုးရာလို့ ပြောတာကိုလည်း လက်ခံလို့မရနိုင်ပါဘူး။ ရေးထားတဲ့ နောက်ခံစာသားနဲ့ ရှေ့မှာလုပ်နေတာကမလိုက်ဖက်လွန်းလို့ We FightျWe Win မှာ သွားဖတ်ပြီး မှတ်ချက်ရေးခဲ့တာကို မလိုအပ်တာတွေ ဖြုတ်ပြီး ဒီပို့စ်ကို သီးသန့် ပြန်တင်လိုက်ပါတယ်။
ဝတ်ပုံစားပုံကို မိမိမျက်စိနဲ့ လုံးဝ သဘောမတွေ့ပေမဲ့ သူများ ကြိုက်လို့ ၀တ်တာကို အပြစ်တင်လိုခြင်း မဟုတ်၊ မြန်မာ့ရိုးရာ မဟုတ်တာကို မြန်မာ့ရိုးရာလို့ ပြောခြင်းကိုသာ ဆန့်ကျင်ခြင်း ဖြစ်ပါတယ်။ မြန်မာ့ရိုးရာဟာ မြန်မာ့ရိုးရာအတိုင်းပဲ ဖြစ်သင့်ပါတယ်။

အောက်ကပုံတွေက 2009 ခုနှစ်က ဆစ်ဒနီမြို့ရှိ ထိုင်းဘုန်းကြီးကျောင်းမှာ ပြုလုပ်တဲ့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံရဲ့ သင်္ကြန်တုန်းက ရိုက်က်ထားတဲ့ ဓါတ်ပုံတချို့ ဖြစ်တယ်၊ ထိုင်း၊ မြန်မာ၊ လာအို့စ် ကမ္ဗောဒီးယား၊ သီရိလင်္ကာက နေပြီး မိမိတို့ ရိုးရာအလိုက် သင်္ကြန်ပွဲတော်ကို သူ့နေရာနဲ့ သူကျင်းပတဲ့အပြင် ခြံဝင်းအကျယ်ကြီး ရှိတဲ့ ထိုင်းဘုန်းကြီးကျောင်းဝင်း အတွင်းမှာလည်း နှစ်စဉ် စုပေါင်းပြီး ကျင်းပလေ့ ရှိပါတယ်။


ထေရ၀ါဒ ဗုဒ္ဓဘာသာ ငါးနိုင်ငံမှ လှယဉ်ကျေးမယ် ကလေးမလေးများ အရှေ့ဆုံးက နှစ်ယောက်က သိရိလင်္ကာနဲ့ ဗမာဖြစ်ပြီး အနောက်က သုံးယောက်ကတော့ ထိုင်း၊ ကမ္ဗောဒီးယားနဲ့ လာအို့စ်က ဖြစ်တယ်။

အောက်ကပုံတွေကတော့ ၂၀၀၉ ခုနှစ်က ဆစ်ဒနီမြို့မှာ ပြုလုပ်တဲ့ မြန်မာ့ရိုးရာ သင်္ကြန်ပွဲက ပုံတချို့ ဖြစ်တယ်။ ငွေငန်းပုံတွေနဲ့ ပိတောက်အစစ်မရှိတော့ ပိတောက်အတုကို ဖန်တီးပြီး ဇာတ်စဉ်ရဲ့ ဆိုင်းဘုတ်ကို ဦးဆောင် ဖန်တီးပေးသူကတော့ အဲဒီအချိန်က ဆစ်ဒနီမြို့က Ultimo College မှာ Visual Art တက်နေသူ ကိုရဲနိုင် ဖြစ်ပါတယ်။





ဒီပုံက နှစ်ဆန်းတရက်နေ့ သက်ကြီးပူဇော်ပွဲပုံ ဖြစ်တယ်
နိုင်ငံခြားမှာ ကျင်းပတဲ့ အပေါ်က သင်္ကြန်ပုံတွေနဲ့ မြန်မာပြည်မှာ ပြုကျင်းပတဲ့ အောက်က ပုံကိုနှိုင်းယှဉ်ပြီး မြန်မာပြည်မှာ ကျင်းပတဲ့ မြန်မာ့ရိုးရာ သင်္ကြန်ဆိုတာ ရိုးရာနဲ့ တော်တော်လေး လွဲနေပြီဆိုတာ သိသာပါတယ်။ မြန်ပြည်တွင်းက မိန်းကလေးတွေတောင် ဒီလိုဖြစ်နေရင် ပြည်ပက မြန်မာမိန်းကလေးတွေဆိုရင် စဉ်းသာစဉ်းစားကြည့်တော့ ဆိုတဲ့ မှတ်ချက်ကြောင့် အဲလို နှိုင်းယှဉ်ချက်ကို ပို့စ်တင်ခါစက မပါဘဲ အခုမှ ထပ်ဖြည့်လိုက်ရခြင်း ဖြစ်ပါတယ်။



နှစ်သစ်မှာ အားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေ။


74 comments:

သူတပါးကို လက်ညှိးထိုး ဝေဖန် လေကန် တတ်တာ ကောင်းတဲ့အကျင့်တခုတော့မဟုတ်ဘူးဗျာ။ သူတပါးကို ပြောမယ်ဆိုရင် မိမိကကော ဘယ်လောက်ကောင်းလည်း သိဘို့ လိုမည်ထင်ပါသည်။ (မည်သူကိုမှ ပြောချင်းမဟုတ်ပါ)

ယနေ့ခေတ်ကာလ တချို့မြန်မာအမျိုးသမီးတွေရဲ့ အခြေအနေက တော်တော်လေးကို ပုံပျက်ပန်းပျက်ဖြစ်နေပါတယ်.. မြန်မာနိုင်ငံထဲက မြန်မာမိန်းခလေးတွေတောင် မြန်မာမှုဒီလောက်ကင်းမဲ့နေကြရင် ပြည်ပရောက်မိန်းခလေးတွေဆိုရင်တော့ စဉ်းစားသာကြည့်တော့

သင်္ကြန်ဆိုတာကြီးကရော မြန်မာ့ယာဉ်ကျေးမှုစစ်စစ်ဖြစ်ကြောင်းအာမခံပါသလား ?
ကုလားယာဉ်ကျေးမှုကြီးကို ရှေးရှေးတုန်းကအာဏာရူးမြန်မာဘုရင်တွေကရူးပြီးလိုက်လုပ်ခဲ့ကြတာကြီးပါဗျာ။

သင်္ကြန်ဆိုတာကြီးက ဘယ်ကပဲ ဆင်းသက်လာ ဆင်းသက်လာ သိကြားမင်း ဆင်းလာတယ်ဆိုတာတွေ၊ တာစားခံရတဲ့သူတွေက ကံနှိမ့်တယ် စသည်ဖြင့် ယုံကြည်နေကြတာတွေ ဟုတ်ချင်မှ မဟုတ်မယ်၊ ဒါပေမဲ့ သင်္ကြန်ကာလမှာ ယဉ်ကျေးစွာ ရေကစားပြီး ပျော်ကြတဲ့ ဓလေ့ကိုတော့ ရိုးရာအစဉ်လာအတိုင်း လက်ခံ ကစားလာကြတာ နှစ်ဆန်းတရက်နေ့မှာ သက်ကြီးရွယ်အိုတွေကို ပူဇော်ကြတာတွေက မြန်မာ့ယဉ်ကျေးမှု အဖြစ်သတ်မှတ်လာခဲ့တာကို ဘယ်သူမှ ငြင်းမရတော့ဘူး။ ဒီအစဉ်အလာအတိုင်း လုပ်တာကိုပဲ မြန်မာ့ရိုးရာလို့ သတ်မှတ်လို့ရပါတယ်။ မပေါ်တပေါ်ဝတ်ပြီး ကစားတာကို မြန်မာ့ရိုးရာလို့ သတ်မှတ်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မငယ်နိုင်ပြောတာ မှန်ပါတယ်... ဒီအတွက်ကြောင့်လည်း နိုင်ငံတော် အကြီးအကဲ တွေရဲ့လမ်းညွန်မှုနဲ့ မြို့တော်ဝန်တွေ ဦးစီးပြီး မြို့အလိုက် မြို့တော်ဝန် မန်းတပ်တွေမှာ မြန်မာဆန်ဆန် ဆို/က ကျင်းပနေကြတာ လေးစားဖို့ကောင်းပါတယ်..

နိုင်ငံတော်အကြီးအကဲတွေ လမ်းညွန်မှုအောက်က မဏ္ဍပ်မှာ မြန်မာ့ရိုးရာအတိုင်း ကစားကြတာက ပုံမှန်ထက် ဘာမှ သာလွန်ထူးကဲသွားတာလည်းမဟုတ် တဲ့အတွက် ဘယ်သူ့ကိုမှ ဘာမှအထွေအတူး လေးစားနေစရာအကြောင်း မရှိပါဘူး။ အဲလိုကစားရတာ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ။ မြန်မာ့ ယဉ်ကျေးမှုကို ဖျက်ဆီင်္းနေတဲ့ သံချပ်မထိုးရ ဟိုဟာမလုပ်ရ၊ ဒီဟာမလုပ်ရနဲ့ မြန်မာ့ယဉ်ကျေးမှုကို ဖျက်ဆီးနေတာကိုပဲ ပြောစရာ ရှုပ်ချစရာရှိပါတယ်။

(နိုင်ငံတော်အကြီးအကဲတွေ လမ်းညွန်မှုအောက်က မဏ္ဍပ်မှာ မြန်မာ့ရိုးရာအတိုင်း ကစားကြတာက ပုံမှန်ထက် ဘာမှ သာလွန်ထူးကဲသွားတာလည်းမဟုတ် တဲ့အတွက် ဘယ်သူ့ကိုမှ ဘာမှအထွေအတူး လေးစားနေစရာအကြောင်း မရှိပါဘူး။ အဲလိုကစားရတာ ပုံမှန်လုပ်ရိုးလုပ်စဉ်ပါပဲ။ )

မငယ်နိုင်က မြန်မာ့ရိုးရာမပျောက်ပျက်အောင် ထိန်းသိမ်းတဲ့အရာတွေကြတော့ ချီးမွမ်းပြောဆိုဖို့ သိပ်ကိုဝန်လေးနေတာတွေ့ရတယ်။လူဆိုတာ ကောင်းတာတွေ့ရင် ကောင်းတယ်လို့ပြောနိုင်ရမယ် ထို့အတူ မကောင်းဘူးထင်ရင်လည်း မကောင်းဘူးလို့ဝေဖန်နိုင်ရမယ်။

အခု မငယ်နိုင်တို့က ကိုယ်မကြိုက်တာကိုပဲ ထောက်ပြဝေဖန်နေတာပါ ကောင်းတဲ့အစဉ်လာလေးတွေကိုကြတော့ လုပ်ရိုးလုပ်စဉ်ဖြစ်လို့ ဘာမှမထူးလို့ ချီးကျူးစရာမလိုဘူးလို့ဆိုတယ်။ဒါဆိုထူးကဲအောင် အဲဒီလိုရိုးရာအကတွေနဲ့မကျင်းပပဲ ခေတ်စတိုင်လ်တွေတိုင်း လုပ်ပေးရမှာလား?

ဘယ်နိုင်ငံတော်ကြီးကိုမှ ချီးကျူးခိုင်းတာမဟုတ်ပါဘူး။ဒီလို ရိုးရာမပျက်အစဉ်အလာတွေလည်း ရှိနေသေးတာတွေကိုလည်း မိမိတို့အနေနဲ့က ဂုဏ်ယူရမှာပါ။

ရှေးခေတ်က သင်္ကြန်နဲ့ယနေ့ခေတ်သင်္ကြန်ကတော့ ကွဲပြားမှာပေါ့ဗျာ ခေတ်အလိုက်ကိုး။နေရာတိုင်း နိုင်ငံတိုင်းမှာ ဒီလိုပါပဲ။ဒါပေမယ့် မူရင်း ရိုးရာမပျက် အကပဒေသာတွေကို တစ်ဖက်က နိုင်ငံတော်က စဉ်ဆက်မပျက်လုပ်ပေးနေသလို တစ်ဖက်ကလည်း လူငယ်တွေရဲ့ခေတ်အလိုက် ပျော်ကြပါးကြတဲ့ ခေတ်စနစ်သစ်ကိုလည်း နားလည်ပေးရမှာပါ။

နေရာတိုင်းမှာ အဆိုးနဲ့အကောင်းဆိုတာရှိစမြဲဆိုတာ နားလည်ထားရင် အားလုံးက ၀ကေသွားမှာပါ။လူတစ်ယောက်နှစ်ယောက် သင်္ကြန်မဏ္ဍပ်တစ်ခုက ရုပ်ပျက်ဆင်းပျက်ဖြစ်တာလေးကိုကြည့်ပြီး မြန်မာနိုင်ငံရဲ့ သင်္ကြန်ရိုးရာအစဉ်လာတွေပျက်ကုန်ပြီလို့ ၀ါးလုံးသိမ်းရမ်းပြောလို့မရပါဘူး။

တိုက်ပုံအင်္ကျီနဲ့ ပုဆိုးဝတ်ပြီး မောင့်ကျက်သရေ ခေါင်းပေါင်းပေါင်းထားတဲ့ မြန်မာပြည်က အမျိုးသားတဦး မြန်မာရိုးရာ ၀တ်စုံဝတ်ထားပါတယ်လို့ ပြောတာ ဘာမှ ထူးဆန်းတာ မရှိပါဘူး။ အဲသည်လိုဝတ်စားပုံဟာ မြန်မာပြည်မှာ ပုံမှန်ပဲ ဖြစ်ပြီး မြန်မာရိုးရာအ၀တ်အစားမို့ မြန်မာရိုးရာ အ၀တ်အစားလို့ပြောပြီး ၀တ်တဲ့ကိစ္စမှာ ချီးကျူးစရာ ရှုပ်ချစရာ ဘာမှမရှိပါဘူး။

ဆစ်ဒနီက သင်္ကြန်ပွဲနဲ့ မြန်မာပြည်က သင်္ကြန်ပွဲ နှစ်ခုကို နှိုင်းယှဉ်ကြည့်ရင်တော့ ချီးကျူးစရာ ရှုပ်ချစရာ နှစ်ခုကို သဲသဲကွဲကွဲ တွေ့မှာဖြစ်တယ်။ မြန်မာပြည်က မိန်းကလေးတွေတောင် ဒီလိုဖြစ်နေရင် နိုင်ငံခြားရောက် မိန်းကလေးတွေ ဘယ်လိုနေမလဲဆိုတာ စဉ်းစားကြည့်တော့ ပြောလို့ ထပ်ဖြည့်ထားပေးပါတယ်။ နိုင်ငံခြားရောက် မြန်မာ မိန်းကလေးတွေ အခုဒီပုံထဲကအတိုင်း ၀တ်စားထားတာ အခုလို ယဉ်ကျေးမှုကို အခြေခံတဲ့ ပွဲမျိုးမှာ မဆိုထားနဲ့ အပြင်မှာ အရပ်ထဲမှာ သွားလာနေတဲ့ အချိန်မှာတောင် အဲလိုဝတ်ားတာ ကျွန်မတော့ တခါမှကို မတွေ့ဖူးတာ အမှန်ပဲ။

မြန်မာ့ယဉ်ကျေးမှု သင်္ကြန်ဆိုတာ ကုလားယဉ်ကျေးမှုလို့ဆိုတဲ့ Anonymous အတွက်-

ဒီကမ္ဘာမှာရှိတဲ့ လူသားအားလုံးဟာ လူမျိုးတစ်ခုနဲ့တစ်ခု ယှက်နွယ်ပေါက်ဖွားလာကြတဲ့သူတွေကြည့်ပါပဲ။
ဒါကြောင့် ယဉ်ကျေးမှုအယူဆ အစဉ်လာလေးတွေဟာလည်း နီးစပ်ရာ တူရာတူရာ စုစည်းသွားတာတွေရမှာပါ။

သင်္ကြန်ဆိုတာ ကုလားယဉ်ကျေးမှုဆိုရင် ဘာကြောင့် ကုလားတွေက မကျင်းပရတာလဲ?ကျင်းပသည်ထားအုံး ကျုပ်တို့ဘိုးဘွား ဘီဘင်လက်ထက်ကတည်းက ကျင့်သုံးလာခဲ့တာဖြစ်လို့ ကျုပ်တို့နောင်မျိုးဆက်တိုင်းကလည်း ဆက်လက်ကျင့်သုံးခံယူရမှာပါပဲ။အာဆီယံ အာရှနိုင်ငံတွေမှာ သင်္ကြန်တွေကျင်းပနေတာဟာ ကုလားရိုးရာတွေလို့ ဆိုနိုင်မလား?

ကုလားရိုးရာဆိုရင် ကုလားတွေက ဘာကြောင့် သူတို့ရိုးရာတွေကို ဆက်လက်မကျင့်သုံးတာလဲ?ရိုးရာယဉ်ကျေးမှုဆိုတာ ဘယ်ကနေဆင်းသက်လာလာ ကိုယ်ပိုင်အဖြစ်ပြဌာန်းကျင့်သုံးရင် ကိုယ့်လူမျိုးရဲ့ရိုးရာအစဉ်လာယဉ်ကျေးမှုပါပဲ။ဒါကို နားလည်ရမှာပါ။ဘယ်က ဆင်းသက်လာတယ်ဆိုတာ အရေးမကြီးပါဘူး။ကိုယ်ပိုင် ယဉ်ကျေးမှုအဖြစ် ပြဌာန်းထားနိုင်ဖို့ပဲ အရေးကြီးပါတယ်။

စင်္ကာပူလိုနိုင်ငံကလူမျိုးတွေရဲ့ ယဉ်ကျေးမှုဟာ ဘာလဲ။တရုတ်လိုလို မလေးရှားရှားလိုတွေပဲမဟုတ်လား။ကိုယ်ပိုင်ယဉ်ကျေးမှုကို သီးသန့်မလုပ်နိုင်ခဲ့တော့ ကိုယ့်ရဲ့ယဉ်ကျေးမှုဆိုတာ ဘာလဲဆိုတာ ကမ္ဘာကိုမပြနိုင်ဘူး။ကျုပ်တို့နိုင်ငံက ဘိုးဘွားဘီဘင်တွေက ရိုးရာတစ်ခုကို တိကျစွာ သတ်မှတ်နိုင်ခဲ့လို့ တိုင်းရင်းသားအားလုံးဟာ မတူကွဲပြားတဲ့ရိုးရာအစဉ်လာတွေကို လက်ရှိအချိန်ထိ ရှင်သန်ခဲ့ရတာမဟုတ်လား။ကိုယ်ပိုင်ယဉ်ကျေးမှုရှိလို့ ကမ္ဘာကိုပြသနိုင်ခဲ့တယ်။ဒါကြောင့်လည်း ကမ္ဘာကလည်း မြန်မာ့ရိုးရာ သင်္ကြန် ထိုင်းရိုးရာသင်္ကြန်ဆိုပြီး သိလာခဲ့တာမဟုတ်လား။ဒါတွေကိုကုလားသင်္ကြန်လို့ ဘယ်ကမ္ဘာသားကမှ မသိသလို မသတ်မှတ်ခဲ့ပါဘူး။

ကုလားယဉ်ကျေးမှုပဲဖြစ်ဖြစ် တရုတ်ယဉ်ကျေးမှုပဲဖြစ်ဖြစ် ကိုယ့်လူမျိုးတိုင်းက လက်ခံကျင့်သုံးနေရင် အားလုံးလက်ခံရမှာပါပဲ။ဘိုးဘွားဘီဘင်ထဲက လက်ခံလာတဲ့အရာကို ကိုယ့်ခေတ်ကျမှ လက်မခံဘူး ဖျက်ပစ်မယ်ဆိုပြီး ကလေးဆိုးကြီးလို လုပ်လို့မရပါဘူး။

ကုလားလည်းလူ တရုတ်လည်းလူ အားလုံး လူသားတွေကြည့်ပါပဲ။ခွဲခြားပြောစရာမလိုဘူးထင်ပါတယ်။ဒီလောက်ဆို မောင် Anonymous တစ်ယောက် သဘောပေါက်လောက်ပါပြီ။

mg ရဲ့ အပေါ်ကမှတ်ချက်တွေကို ငြင်းစရာ ရှိခဲ့ပေမဲ့ နောက်ဆုံး လာရေးသွားတဲ့ မှတ်ချက်ကို ငြင်းစရာ မရှိပါ၊ လုံးဝ လက်ခံပါတယ်။

@ (နိုင်ငံတော်အကြီးအကဲတွေ လမ်းညွန်မှုအောက်က မဏ္ဍပ်မှာ မြန်မာ့ရိုးရာအတိုင်း ကစားကြတာက ပုံမှန်ထက် ဘာမှ သာလွန်ထူးကဲသွားတာလည်းမဟုတ် တဲ့အတွက် ဘယ်သူ့ကိုမှ ဘာမှအထွေအတူး လေးစားနေစရာအကြောင်း မရှိပါဘူး။) နိုင်ငံတော်အကြီးအကဲဆိုတာ ဘာကိုခေါ်တာလဲ နိုင်ငံတော်ဆိုတာ ဘာကိုပြောတာလဲ သိရင် ပြောပြပါခင်ဗျာ...

မငယ်ရေ ဒီအောက်က လင့်လေးကိုလဲ သွားဖတ်ကြည့်ပေးပါဦးနော်။ အရမ်းကောင်းတဲ့ ပို့စ်လေးပါ။ တကယ်ကို နားမလည်နိုင်ဖြစ်ရပါတယ်။ ပြည်တွင်းက လူတွေက နေပူကျဲတဲမှာ ဖိနပ်အရှည်ကြီးတွေဝတ်၊ နိုင်ငံခြားမှာ ကလပ်သွားတဲ့သူတွေတောင်ဝတ်တာမဟုတ်ဘူးနော်။ ကလပ်မှာကတဲ့သူတွေဝတ်တာမျိုးတွေနဲ့ ဆောင်းတွင်းစီး လည်ရှည်တွေနဲ့ တွဲဝတ်၊ ခေတ်မီတယ်ထင်ပြီး မူးရူးနေကြချိန်မှာ ပြည်ပက ဗမာတွေ ဘယ်လိုမျိုး သင်္ကြန်ကြိုနေတယ်ဆိုတာ ပြည်တွင်းကလူတွေကို သိစေချင်လိုက်တာ။ ကျွန်မလဲ အပြင်ရောက်ပြီးမှပဲ ဗမာ့ရိုးရာအ၀တ်အစားကို ပိုပြီးမြတ်နိုးတတ်ပြီး လှတယ်။ ကျက်သရေရှိတယ်လို့ ခံစားလာရတယ်။

http://khunmyahlaing.blogspot.com/2011/04/blog-post_7429.html

ရပ်ထဲရွာထဲ ဒေသထဲက အရွဲအဆွေး အကြေးအညစ်တွေကို ဆေးပစ်ရေးသံချပ်တွေ မရေး မဆို မပြိုင်ရတော့ တနွယ်ငင်တစင်ပါ တေးသစ်ဖွဲ့ဆိုမှုတွေပါ တဖြည်းဖြည်းကျဆင်းလာပြီး သင်္ကြန်အနှစ်သာရ အညစ်အကြေး ဆေးကျောရေးပျောက်ကာ သင်္ကြန်ဆိုတာ အရက်နဲ့ရေရောထားတဲ့ သောက်သောက်လဲ ကွဲကွဲကျေ အသေပြိုင်ပွဲတော်ကြီးဖြစ်သွားပြီ။

သင်္ကြန်ဆိုတာ မြန်မာတွေ တေးသစ်သီရာလ။
သင်္ကြန်ဆိုတာ တောရောမြို့ပါ၊ ဆိုက္ကားသမားရော ကားပိုင်ပါ၊ စာမတတ်သူရော ပါမောက္ခပါ တေးဖွဲ့ကြတဲ့လ။
သင်္ကြန်ဆိုတာ ကလေးလူကြီး အလွှာပေါင်းစုံ စိတ်ကူးကွန့်မြူး ပျော်ရွှင်တဲ့လ။
သင်္ကြန်ဆိုတာ တပြည်လုံး အနုပညာတွေ နိုးတဲ့လ။
သင်္ကြန်ဆိုတာ မြန်မာပြည်မှာ ရွက်ဟောင်းကြွေပြီး ရွက်သစ်ဝေတဲ့လ။

ခုတော့ သင်္ကြန်ဆိုတာ အရက်ဖိုးစုတဲ့လ။
အရက်သောက်ပြိုင်တဲ့လ။
အရက်ကုမ္မဏီတွေ ဂုဏ်ပြုခံတဲ့လ။
မိဖတွေ စိတ်ပူရတဲ့လ။
နာရေးကူညီမှုယဉ်တွေ စက်နိုးထားရတဲ့လ။
ယဉ်ကျေးမှုတွေ ဖြဲဆုပ်ခံရတဲ့လ။

သမ္မတကြီးခင်ဗျား …
ကဗျာဖွဲ့နည်းတရပ်ကို ကုမ္မဏီလိုင်စင်ချပေးသလို ချပေးလို့ရော ရပါသလား။
ပိတ်ပင်လို့ကော ရပါသလား။
အဲဒီ သံချပ်မထိုးရဥပဒေကို လွတ်တော်ကရော အတည်ပြုပေးလိုက်ပါသလား။

အော် တိုင်းပြည်ကတော့ မရှိရေ ရှိရေနဲ့ လစာတွေပုံပေး၊ လွတ်တော်ကြီးတွေ ဆောက်ပေး၊ အစိုးရဖွဲ့ပေးနဲ့ လုပ်လိုက်ရတာ။ လာ လာချည်သေး၊ သံချပ်တောင်မထိုးနဲ့တဲ့။ တတိုင်းပြည်လုံးများ ခင်များတို့ဗိုက်ထဲက ထွက်လာတယ်များ ထင်နေကြလား။

ရပ်သင့်ပြီ။

စစ်အစိုးရတုန်းကလိုမျိုး အနုပညာတွေကို ယဉ်ကျေးမှုတွေကို သွေးလှန့် သွေးပျက်ပြီး ချိုးဖျက်နှိပ်ကွပ် ဖြတ်တောက် ပိတ်ဆို့တားဆီးခဲ့တာတွေ ရပ်သင့်ပြီ။


လွတ်တော်မှန်သမျှအတွက် တလ တလ တိုင်းပြည်က ပေးထားရတဲ့ငွေတွေက နဲနဲနောနောမဟုတ်။
တကယ်တမ်း တိုင်းပြည်မှာက ဘာအလုပ်မှ ဟုတ်တိပတ်တိ မရှိ။
မြေပေါ်ရှိတဲ့အပင်တွေလဲကုန်၊ မြေအောက်ရှိသမျှလဲ နှိုက်ထုတ်ရောင်းနေရလို့ ဘယ်နေ့တိုင်းပြည်ကြီးက မြေအောက်ကျွံဝင်သွားမယ်မှန်းတောင် မသိ။
လူငယ်လူရွယ်မှန်သမျှ အိုးပစ် အိမ်ပစ် မိပစ် ဖပစ် သားပစ် မယားပစ် လယ်ပစ် ယာပစ် နိုင်ငံခြားထွက် ကျွန်ခံပြီး ငွေရှာနေရတာ။

အဲဒါတွေကို ထိုင်သုံးနေသူတွေက …..
ခင်ဗျားတို့ အစိုးရဆိုသူတွေက တချိန်လုံး သတင်းစာတွေ တီဗီတွေ ဂျာနယ်တွေကနေ ပြောချင်ရာကို ပြောချင်တဲ့အချိန်မှာ ပြောချင်သလိုပြောလာခဲ့တာ နှစ်ပေါင်း ဘယ်လောက်ကြာပတုန်း။

အဲဒီလို ပြောနေသူတွေက…..
ကျုပ်တို့ ပြည်သူတွေမှာ ဒီသင်္ကြန်လေးဘဲ ပျော်စရာရှိတာပျော်၊ ဒီသံချပ်လေးတွေနဲ့ဘဲ ပြောစရာရှိတာ ပြောရတာ။

အော် သံချပ်သံလေးတောင် မကြားရဲသူတွေက……….
ပြည်သူ့စကား နားထောင်အုံးမတဲ့။
အရပ်ကတို့ရေ ကောင်းကြသေးရဲ့လား ………။


[ မိုးနတ်သား ၏ "ဂွဒ်ထနဲ့ ကလီးယားန (ကွက်စိတ်တော်ကြီး)" ( http://moemaka.com/index.php?option=com_content&task=view&id=8710&Itemid=1 ) သရော်စာ အပြည့်အစုံကို ဖတ်ဖြစ်အောင် ဖတ်ပါ။ ဖတ်ရန် ယခု ကော်မန့် ခေါင်းစဉ်ကို နှိပ်ပါ။ ]

ဒီမှာဖတ်ပြီး တတ်နိုင်ရင် ကူညီပေးကြပါဗျာ။

ဒီမှာဖတ်ပြီး တတ်နိုင်ရင် ကူညီပေးကြပါဗျာ။

ဒီမှာဖတ်ပြီး တတ်နိုင်ရင် ကူညီပေးကြပါဗျာ။

အခုလို ကောင်မလေးတွေ မြန်မာပြည်ထဲ ဖြစ်ချင်တိုင်းဖြစ်နေတာ ဘယ်သူမှ အရေးမယူကြဘူးလား၊ အေးလေ စစ်တပ်နဲ့နွှယ်တဲ့ ကောင်မတွေပဲဖြစ်မှာပေါ့။ သူ့စားရိတ်နဲပသူ သွားစမ်းပါစေ ...

ကိုကြင်ဟုတ်

အားလုံးကိုလေးစားပါတယ်...နောက်နှစ် ၂၀၁၂ မှာ ဒါမျိုးတွေ တွေ့ ရင် ဂွ (လေးဂွ...လောက်လေးဂွ) နဲ့ ထု(ပစ်)မယ်

ကိုမောင်ခင်ဗျား ...
ကျွန်တော်ပြန်ရေးတဲ့ comment ကရှည်နေလို့ publish လုပ်လို့ မရပါဘူး။ဒီတော့ရသလောက်ခွဲပြီးအပိုင်းလေးတွေနဲ့ publish လုပ်ပါမယ်။

reply for Ko Mg. 1

သင်္ကြန်ကျင်းပတဲ့နိုင်ငံတွေ( ရိုးရာအရကျင်းပတာကိုပြောတာနော် )ကကျွန်တော်သိသလောက်တော့ မြန်မာ၊လာအို၊ယိုးဒယား၊ကမ်ဘောဒီးယား၊သိရိလကာင်္နဲ့ အိနိယတို့ ပဲဖြစ်ပါတယ်။ အဲ့ဒီနိုင်ငံတွေရဲ့ နှစ်စန်းတစ်ရက်နေ့ ဟာတစ်ခုနဲ့ တစ်ခုရက်ပိုင်းလေးတွေပဲကွာပါတယ်။ ကျင်းပရခြင်းရည်ရွယ်ချက်တွေကတူပေမဲ့ကျင်းပပုံချင်းကတော့နဲနဲစီကွာပါတယ်။
ဒီနေရာမှာကုလားလို့ ကျွန်တော်ဆိုလိုတဲ့အရာက မွတ်ဆလင်ကုလားတွေကိုပြောလိုခြင်းမဟုတ်ပါ။ တမီးကုလားလူမျိုးများနဲ့ ၊ဟိနူကုလားလူမျိုးများကိုဆိုလိုခြင်းပါ။ 14.April.2011 ဟာကုလားတွေရဲ့ ပြီးခဲ့တဲ့နှစ်သစ်ကူးနေ့ ပါ။ကျွန်တော်တို့ မြန်မာနှစ်သစ်ကူးနေ့ နဲ့ ၃ရက်ပဲကွာပါတယ်။
ကုလားရိုးရာဆိုရင် ကုလားတွေက ဘာကြောင့် သူတို့ရိုးရာတွေကို ဆက်လက်မကျင့်သုံးတာလဲ? ဆိုတဲ့ကိုမောင်ရဲ့ မေးခွန်းကိုပြန်ရှင်းပေးတာပါ။

reply for Ko Mg.2

သင်္ကြန်ဆိုတဲ့သမိုင်းလေးကိုကျွန်တော်သိသလောက်ပြေပြကြည့်ပါ့မယ်။
သင်္ကြန် မူလက သင်္ကြန်ပွဲတော်ဟာ ဗုဒ္ဓဘာသာဝင်တွေ ကျင်းပခဲ့ ခြင်းမရှိပါဘူး။ ဒါဟာ ဟိန္ဒူဘာသာဝင်တွေရဲ့ ဘာသာရေးပွဲတော် တစ်ခုပဲဖြစ်ပါတယ်။
တစ်ခါက (ဗရာမာလို့ခေါ်တဲ့) ဗြဟ္မာမင်း အာစိ ဟာ ဒေ၀နတ်အပေါင်းတို့ရဲ့ ဘုရင် သကြားမင်းကို စစ်ရှုံးခဲ့ပါတယ်။ အဲဒီအချိန်မှာ သိကြားမင်းဟာ စစ်ရှုံး ခဲ့တဲ့ ဗြဟ္မာမင်း အာစိရဲ့ ဦးခေါင်းကို ဖြတ်ပြီး ဆင်တစ်ကောင်ရဲ့ဦးခေါင်းကို ဗြဟ္မာမင်းရဲ့ ခန္ဓကိုယ်မှာ ပြန်တပ်ပေးဖို့ သိကြားမင်းရဲ့ ညှိနှိုင်း မှုကို စစ်ရှုံးတဲ့ ဗြဟ္မာမင်းက သဘောတူခဲ့ရပါတယ်။ ဒါနဲ့ပဲ ဆင်ဦးခေါင်းနဲ့ ဗြဟ္မာမင်းခန္ဓာကိုယ်ပေါင်း စပ်တဲ့ ဟိန္ဒူဘုရား ဂနေဆာ ဖြစ်လာပါတယ်။
ဒါပေမဲ့ ဗြဟ္မာမင်းဟာ အလွန်အင်မတန် တန်ခိုးကြီးလွန်းတဲ့အတွက် ပြတ်သွားတဲ့သူခေါင်းကို ပင်လယ်ထဲ မျှောမိရင် ပင်လယ်ရေတွေခန်းခြောက် သွားနိုင်ပါတယ်။ ပထ၀ီ မြေကြီးပေါ်တင်မယ်ဆိုယင်လည်း မြေကြီးဟာ အပိုင်းပိုင်းကွဲအက်ကြေမွသွားနိုင်ပါတယ်။ အကယ်လို့များ မိုးကောင်းကင်ထဲ ကို ပစ်လိုက်မယ်ဆိုယင်လဲ မိုးကောင်းကင်တစ်ခုလုံး မီးတောက်လောင်ကြွမ်းသွားနိုင်ပါတယ်။ ဒါကိုသိတဲ့ သိကြားမင်း က အဲဒီဗြဟ္မာကြီးရဲ့ခေါင်းကို အဲဒီလို မဖြစ်စေဖို့အတွက် နတ်သမီး တစ်ပါးစီကို တစ်နှစ်တစ်ခါ အလှည့်ကျစီိကိုင်ထားရမယ် ဆိုပြီး မိန့်တော်မူပါတယ်။ တစ်နှစ်ကုန်လို့ နောက်တစ် နှစ်ကို ကူးတဲ့အခါကျယင် အလှည့်ပြောင်းတဲ့ အချိန်ကို သင်္ကြန်ပွဲတော်ဆင်နွဲခဲ့ကြပါတယ်။
သင်္ကြန်ပွဲတော်ကို တစ်ချိန်က ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးခံခဲ့ရတဲ့ အရှေ့တောင်အာရှနိုင်ငံ အတော်များများမှာ နှစ်သစ်ကူး ပွဲတော်အဖြစ်ကျင်းပ ခဲ့ပါတယ်။

reply for Ko Mg.3

သင်္ကြန်အကြိုနေ့နဲ့ပတ်သက်ပြီး ပထမဆုံးတွေ့ရှိချက်က ဥပေါသဓ မင်းကြီး ရဲ့ ခေါင်းဆေးမင်္ဂလာပြုရာက စတယ်လို့ဆိုပါတယ်။ အဲဒီအချိန်က ဘုရင်များဟာ တစ်နှစ်မှာ တစ်ခါ ဦးခေါင်းတော်ဆေးတဲ့ မင်္ဂလာကို ကျင်းပလေ့ရှိပါတယ်။ မြန်မာမင်းများစွာ ကလည်း အဲဒီအချိန်ရောက်ရင် ယခုမော်လမြိုင်မှာ ရှိတဲ့ မုတ္တမကွေ့က ခေါင်းဆေးကျွန်းမှာ ခေါင်းဆေးမင်္ဂလာပြုကြပါတယ်။
အကျနေ့မှာတော့ သိကြားမင်းဟာ နတ်ပြည်ကနေ လူ့ပြည်ကို ဆင်းသက် လာပါတယ်။ ဒီလိုဆင်းလာတဲ့အချိန်ကို သိစေဖို့ သင်္ကြန်အမြောက်ကို ဖေါက်ပါတယ် ။ အဲဒီအခါ လူတွေဟာ အတာအိုးထဲရေထည့်ကာ သပြေခက်နဲ့ မြေကြီးကို ရေဖြန်းလို့ ရှိခိုးပူဇော်ကြပါတယ်။ ဒီအခါမှာ ဘုရင့် ဆရာများဖြစ်တဲ့ အိန္ဒိယကဇာတ်မြင့်မျိုးနွယ် ဗရာမန်ဇာတ်ဝင် ပုဏ္ဏားက နောင်လာမဲ့နှစ်အတွက် ဟောကိန်းဖြစ်တဲ့ သင်္ကြန်စာကို ရွတ်ဖတ် ကြေငြာပါတော့တယ်။ ဒီဟောကိန်းကိုတော့ သိကြားမင်း ဘာ တိရစ္ဆာန်ကို စီးပြီး ဘာကိုင်လာသလဲဆိုတာကို အခြေခံပြီး ဟောတာဖြစ်ပါတယ်။
တကယ်တော့ သင်္ကြန်ဟာ ဟိန္ဒူ ၀ါဒ ယုံကြည်မှု ထုံးတမ်းစဉ်လာတစ်ရပ်က ဆင်းသက်လာခဲ့တာပါ။ ဒါပေမဲ့ ရှေး ပညာရှင်က၀ိများက ဒါကို ထေရ၀ါဒ ဗုဒ္ဓဘာသာ ရဲ့ အဆုံးအမများနဲ့ ပြုပြင်ယူခဲ့ကြပြီး နှစ်သစ်ကူးကစလို့ ရှင်ပြုခြင်းဓလေ့၊ ဘုရားကျောင်းကန်များမှာ ဥပုသ်သီလစောင့်ခြင်း ဓလေ့၊ လူကြီးသူမတွေကို ခေါင်းလျှော်ပေးခြင်း ခြေသည်း လက်သည်းညှပ်ပေးခြင်း၊ သတ္တ၀ါတွေကို ဘေးမဲ့လွှတ် ပေးခြင်းဓလေ့ တွေနဲ့ပေါင်းစပ်ပေးခဲ့ပါတယ်။
မြန်မာ့သင်္ကြန်ဟာ ယဉ်ကျေးမှုများ ပေါင်းစုံခြင်းရဲ့ အမှတ်သညာတစ်ခုပါ။ နိုင်ငံတကာရဲ့ အာရုံကို စွဲဆောင်နိုင်တဲ့ ပွဲတော်ဆိုလဲမမှားပါဘူး။
ဒီလောက်ဆိုရင် ကျွန်တော်ကသင်္ကြန်ဆိုတာကုလားရိုးရာကြီးပါဗျာလို့ အရမ်းကာရောပြောတာမဟုတ်ဘူးလို့ ယုံကြည်လောက်ပြီထင်ပါတယ်။

reply for Ko Mg.4

ဒီတောဗျာ ... အဲ့ဒီလိုခေတ်အဆက်ဆက်ကနေသူများရိုးရာကိုယူပြီးလိုအပ်သလိုပြောင်းလဲလာခဲ့တယ်ဆိုရင်၊ ကျွန်တော်တို့ ရှင်သန်နေတဲ့ဒီဘက်ခေတ်မှာလဲခေတ်ရဲ့ တောင်းဆိုမှုကြောင့်ပြောင်းလဲလာတဲ့သင်္ကြန်ပုံရိပ်တစ်ခုကိုလက်ခံပေးရမယ်လို့ ကျွန်တော်ရိုးရိုးလေးပဲမြင်ပါတယ်။အကောင်းအဆိုးကတော့တွဲနေမှပဲပေါ့။အပိုင်းလေးတွေခွဲပြီးကြည့်မြင်တတ်မယ်ဆိုရင်အားလုံးအဆင်ပြေသွားမယ်ထင်ပါတယ်။
တိုးတက်သောတိုင်းပြည်တစ်ခုကိုတည်ဆောက်ခြင်တယ်ဆိုရင်၊ အမြင်တွေကျဉ်းနေလို့ မရဘူးလို့ ကျွန်တော်ထင်ပါတယ်။ ဂျပန်နိုင်ငံနဲ့ ဥပမာပေးလိုပါတယ်။ ဂျပန်နိုင်ငံမှာသူ့ နိုင်ငံသူ့ လူမျိုးတိုးတက်ဖို့ အတွက်ဘာမဆိုအကောင်းမြင်ပြီးတွေးပေးကြပါတယ်။မြန်မာတွေယာဉ်ကျေးမှုကိုအလေးထားတယ်ဆိုတာဂျပန်တွေကိုလုံးဝမမှီတာကိုအားလုံးသိမယ်ထင်ပါတယ်။ဒါပေမဲ့ယာဉ်ကျေးမှုလို့ အော်ပြီးအရာရာကိုချုပ်ကိုင်ဖို့ ဂျပန်တွေမကြိုးစားခဲ့ပါဘူး။နိုင်ငံနဲ့ လူမျိုးတိုးတက်ဖို့ ကိုပဲပထမဦးစားပေးမှာထားခဲ့ပါတယ်။အခုမှမဟုတ်ပါဘူး။ ဟိုး ...မီဂျီမင်းဆက်ကထဲကပါ။
မငယ်နိုင်ကိုလဲကျွန်တော်ပြောချင်တာတစ်ခုရှိပါတယ်။
နိုင်ငံနဲ့ လူမျိုးကိုတစ်ကယ်ချစ်တယ်ဆိုရင်အမြင်မကျင်းမိပါစေနဲ့ ။ ကျွန်တော်အရေးအသားတွေထဲမှာအမှားပါရင်ရိုင်းပြတာမျိုးပါခဲ့ရင်နားလည်စွာနဲ့ ခွင့်လွတ်ပေးစေလိုပါတယ်။

ယဉ်ကျေးမှုဆိုတာ တခုနဲ့တခု ဆက်စပ်နေတာဖြစ်တဲ့အတွက် အစဦးတနေရာရာကနေရာရာကနေ ဆင်းသက်လာတာကို ဘာမှမငြင်းဘူး။ မိမိတို့ရဲ့ ယဉ်ကျေးမှုအဖြစ် မွေးစားပိုင်ခွင့် လက်ခံသုံးစွဲပိုင်ခွင့် ရှိပါတယ်။ သကျြင်္န်က အိန္ဒိယက ဆင်းသက်လာတာ ဖြစ်နိုင်ပေမမဲ့ ပြန်လည် မွေးစားထားတဲ့သူတွေက တနိုင်ငံနဲ့တနိုင်ငံ ကျင်းပပုံ ရိုးရာအစဉ်အလာ မတူဘူး။ ဒါကို လက်ခံရမှာ ဖြစ်တယ်။ ဘယ်ကပဲ ဆင်းသက်လာဆင်းသက်လာ မိမိလက်ခံထားတဲ့ ရိုးရာလို့ သုံးထားရင် ရိုးရာအတိုင်းပဲ ဖြစ်ရမယ်။ အဲဒါနဲ့ ပတ်သက်ပြီး ကျွန်မ အပေါ်မှာ စန်တာကလော့ ဥပမာနဲ့ ပေးထားပြီးဖြစ်တယ်။ အခုလည်း ဥပမာထပ်ပးရရင် မြန်မာအမျိုးသမီးနဲ့ အမျိုးသားတဦး မင်္ဂလာဆောင်တယ် ဆိုပါစို့။ သတို့သားက ကုတ်အင်္ကျီနဲ့ Necktie နဲ့ ဘောင်းဘီဝတ်၊ သတို့သမီးက အနောက်တိုင်းမင်္ဂလာသတို့သမီး ၀တ်စုံဂါဝတ်ရှည်ကြီးကို ၀တ်ပြီး မင်္ဂလာဆောင်နေကြတယ်။ ဒီအထိပြဿနာ မရှိဘူး ဘာဝတ်ပြီးပဲဆောင်ဆောင် ကာရကံရှင်တွေ နှစ်သက်လို့ ဆောင်တာ ဘာမှ ပြဿနာမရှိဘူး။ ဒါပေမဲ့ ဒါကို ဆိုင်းဘုတ်မှာ Burmese Traditional Wedding လို့ ရေးထားရင်တော့ အဲဒါမြန်မာ့ရိုးရာ အစဉ်လာအတိုင်း မဟုတ်ဘူးဆိုတာ ပြောစရာရှိပါတယ်။ အခုဒီပို့စ်မှာ ပြထားတဲ့ပုံမှာ လက်မခံနိုင်ဘူးလို့ ဆိုလိုချင်တာ ဒါပါပဲ။ ဒီထက်ရှင်းတဲ့ ဥပမာ ရှိမယ်မထင်ဘူး။

ဟုတ်ကဲ့ ... ဒီအကြောင်းကိုကျွန်တော်ဆက်ပြီးမဆွေးနွေးလိုတော့ပါဘူး။လွတ်လပ်ငြိမ်းချမ်းစွာသဘောထားကွဲလွဲခွင့်ရှိတယ်လို့ ပဲယူဆလိုက်ပါတော့မယ်။ ကျွန်တော့် comment မှာအမှားပါခဲ့တယ်ဆိုရင်တောင်းပန်ပါတယ်။ မငယ်နိုင်ရဲ့ Blog ကိုကျွန်တော်အမြဲဝင်ဖတ်လေ့ရှိပါတယ်။ ကျွန်တော်လဲဝါသနာအရကိုယ်ပိုင် blog လေးတစ်ခုရေးနေတဲ့၊ အပျော်တန်း blogger တစ်ယောက်ပါပဲခင်ဗျာ။

စာလာလာဖတ်နေတယ်ဆိုလို့ ကျေးဇူးတင်ပါတယ် Anonymous. လွတ်လပ်စွာ ကွဲလွဲပိုင်ခွင့်ကို လက်ခံပါတယ်။ အ၀တ်မှာ ကျွန်မက ချိတ်ထမိန်ကြိုက်ပြီး လုံလုံခြုံခြုံ ၀တ်တာကို ကြိုက်သသလိုမျိုး တခြားသူတွေက ကြိုက်ချင်မှ ကြိုက်မယ်။ ထိုနည်းအတူ အစားအစာမှာ သူများတွေက မြန်မာထမင်း မြန်မာဟင်း ဖြစ်တဲ့ အသားသက်သက် ဆီပြန်ဟင်းချက်ထားတာနဲ့ သဘောင်္သီးအသုပ်ဆိုလည်း ပဲမှုန့်တွေ ဆီကျက်တွေနဲ့ စေးပျစ်အောင် သုပ်ထားတာမျိုးကို ကြိုက်တဲ့အချိန်မှာ ကျွန်မက အသားငါးကို ဟင်းသီးဟင်းရွက်နဲ့ ရောပြီးချက်ထားတဲ့ ထိုင်းဟင်းတွေနဲ့ ဆီတစက်မှမပါဘဲ ထောင်းထားတဲ့ ထိုင်းသင်္ဘောသီးထောင်းကို ပိုကြိုက်တယ်။ ကြိုက်တာနဲ့ ရိုးရာလို့ ပြောတာက တခြားစီပါ။ ကျွန်မကို ဗမာမို့လို့ ထိုင်းအစားအစာ မကြိုက်ရဘူးလို့ ပြောမရသလို သူများကိုလည်း ကျွန်မက ဗမာမို့လို့ ချိတ်ထမိန်နဲ့ ဗမာအင်္ကျီပဲ လုံလုံခြုံခြုံ ၀တ်တာပဲ ဖြစ်ရမယ်လို့ ပြောလို့မရဘူး။ မိမိကြိုက်နှစ်သက်တာကို မိမိလွတ်လပ်စွာ အသုံးပြုခွင့်ရှိတာက လွတ်လပ်စွာ ကွဲလွဲခွင့်ဖြစ်တယ်။ ဒါပေမဲ့ ထိုင်းသဘောင်္သီးထောင်းကို ဗမာသင်္ဘောသီးသုပ်လို့ ပြောတာကတော့ ဒါကွဲလွဲတာ မဟုတ်ဘူး မှားပြောတာသာ ဖြစ်တယ်။ ထိုနည်းအတူ မြန်မာရိုးရာ မဟုတ်တဲ့ ရေကစားပုံကို မြန်မာ့ရိုးရာလို့ ပြောတာ မှားပြောတာသာ ဖြစ်တယ်။ ဒါလွတ်လပ်စွာ သဘောထား ကွဲလွဲတာ မဟုတ်ဘူးဆိုတာကိုတော့ ယုတ္တိရှိရှိ လက်ခံရမှာ ဖြစ်တယ်။ အပေါ်က mg ဆိုတာ ကျွန်မဘလော့ဂ်မှာ အပြုသဘောသိပ်ရှားပြီး အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေကိုသာ ပေးနေတဲ့ စာဖတ်သူတဦး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပို့စ်မှာ သူပြောထားတဲ့ အောက်ကအချက်ကိုတော့ ကျွန်မ လုံးဝလက်ခံပါတယ်။

(((ရိုးရာယဉ်ကျေးမှုဆိုတာ ဘယ်ကနေဆင်းသက်လာလာ ကိုယ်ပိုင်အဖြစ်ပြဌာန်းကျင့်သုံးရင် ကိုယ့်လူမျိုးရဲ့ရိုးရာအစဉ်လာယဉ်ကျေးမှုပါပဲ။ဒါကို နားလည်ရမှာပါ။ဘယ်က ဆင်းသက်လာတယ်ဆိုတာ အရေးမကြီးပါဘူး။ကိုယ်ပိုင် ယဉ်ကျေးမှုအဖြစ် ပြဌာန်းထားနိုင်ဖို့ပဲ အရေးကြီးပါတယ်။)))

Anonymous အနေနဲ့ ကျွန်မဆွေးနွေးချက်ကို လက်ခံသည်ဖြစ်စေ၊ လက်မခံသည်ဖြစ်စေ ကျွန်မဘာကိုဆိုလိုတယ်ဆိုတာကိုတော့ သဘောပေါက်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အမှားပါရင်လည်း တောင်းပန်ပါတယ်။ နောက်လည်းလာလည်ဖို့ ဖိတ်ခေါ်ပါတယ်။

အမပြောသလို ဘဲထားခံပါမယ် ဒါပေမဲ့ အမ သမီး ဖေစ့်ဘုတ်နဲ့ အပြင်မှာကာမနဲ့သောင်းကျန်းနေတာ ဘာလို့ဒီမှာ ဒီမှာမတင်တာလဲ..ဗျာ

အခုတလော ဘလော့ဂါကိုယ်တိုင် ကိုယ့်ဘလော့ဂ်ကိုယ် ပြန်မကြည့်ဖြစ်ပေမဲ့ ဘလော့ဂ်မှာ လာအနှောင့်အယှက် ပေးနေကျ အောက်ကမြစ်ကို ဘယ်လိုရိုက်ရတယ်ဆိုတာ အကြိမ်ကြိမ် ပြောပြဖူးပေမဲ့ အခုထိ မသိသူကတော့ တော်တော်လေးကို ကျွန်မဘလော့ဂ်အတွက် အချိန်ပေးရှာတယ်။ အမြဲတမ်းလည်း တလွဲလွဲတချော်ချော်တွေ လာရေးသလို အခုလည်း ဒီလောက် ကိုယ်အမြဲတမ်း လာအားပေးနေတဲ့ ဘလော့ဂါမှာ Nge Naing မှာ သားတယောက်တည်းကိုပဲ မွေးထားတယ် ဘယ်သမီးမှ မရှိဘူးဆိုတာလောက်တော့ သိဖို့သင့်တာပေါ့။

မေကိုလတ်ဆိုတဲ့ ခင်ဗျားမွေးစားသမီးကိုပြောနေတာ ..ဖေ့ဘုန်မှာတင်ထားတဲ့ ပုံတွေကလဲ ဒီပုံတွေလိုပါလိင်နဲ့ ပက်သက်တဲ့ ချက်တင်တွေကိုအားပါးတရ ဆင်နွဲနေတာတွေ ကိုရော ခင်ဗျားဘလော့မှာထည့်လေ...

မေကိုလတ်က ကျမသူငယ်ချင်းရဲ့သမီး ကျမမွေးစားသမီးမဟုတ်ဘူး ဒီလိုသာ သူငယ်ချင်းရဲ့သမီးတွေကို မွေးစားသမီးလို့ သတ်မှတ်မယ်ဆိုရင် ကျမမှာ မွေးစားသမီးတွေ ပြည်တွင်းပြည်ပမှာ ထောင်သောင်းမက ရှိနေပြီ။ ဒါနဲ့ မေကိုလတ် နော်ဝေမှာ သင်္ကြန်တုန်းက မြန်မာရိုးရာအ၀တ်အစားနဲ့ မြန်မာဆန်ဆန်ပဲ ကထားပါတယ်။ အဲလို မပေါ်တပေါ်ဝတ်ပြီး ကထားတာ တခုမှမတွေ့ဘူး။ သူကြိုက်တဲ့အ၀တ်အစားကို သူနဲ့လိုက်ဖက်တယ် ထင်လို့ ၀တ်ကြတာကို ဘယ်ဘာမှမပြောချင်ဘူး ကိုယ့်မျက်စိနဲ့ ကြည့်မကောင်းတာတခုပဲ။ ကြည့်မကောင်းရင် အနေသာကြီး မကြည့်ဘဲနေလို့ ရတယ်။ ဒါမေပဲ့ မြန်မာ့ရိုးရာ မဟုတ်ဘဲနဲ့ မြန်မာ့ရိုးရာလို့ ပြောပြီး လုပ်နေတာကိုတော့ ကြည့်မကောင်းရင် အနေသာကြီးဆိုပြီး နေလို့မရလို့ ပြောတာသာ ဖြစ်တယ်။ ဒါမြန်မာ့ရိုးရာ မဟုတ်ဘူးဆိုတာ ပြောပြဖို့ တာဝန်ရှိလို့ ပြောရတာ။ ဘာကမြန်မာ့ရိုးရာဆိုတာ အပေါ်မှာ ဗွီဒီယိုတွေ အမျိုးမျိုး ထည့်ထားပေးတဲ့အတွက် အခုဒီမှတ်ချက်လာပေးတဲ့ Anonymous က ကပ်မပြောဘူးဆိုရင် နားလည်ပြီးသားဖြစ်ပြီလို့ ယုံပါတယ်။ မေကိုလတ် သူ့ဖါသာသူ ၀တ်ချင်တာဝတ်ပါစေ ကြည့်မကောင်းရင် မကြည့်နဲ့ ။ တယောက်အကြိုက်နဲ့ တယောက်အကြိုက် တူတာမှ မဟုတ်ဘဲ။ အဲဒါပေမဲ့ မြန်မာ့ရိုးရာမဟုတ်ဘဲ မြန်မာရိုးရာလို့ ပြောပြီး သင်္ကြန်မှာ အဲလိုတက်ကနေရင်တော့ ပြောပေါ့ ဟုတ်ပြီလား။ ၀တ်တာစားတာကို ပြောတာမဟုတ်ဘူး မြန်မာ့ရိုးရာနဲ့ မညီဘဲ မြန်မာ့ရိုးရာလို့ ပြောနေတာကို ပြောတာ ဒီလောက်ဆို ရှင်းပြီထင်တယ်။ မရှင်းရှင် အပေါ်မှာ မြန်မာ့ရိုးရာက ဘာလဲဆိုတာ ပြထားတာတွေကို ပြန်ကြည့်လိုက်ပါ ရှင်းသွားလိမ့်မယ်။

-
ရက်ရက်ရောရော အရှုံးခံနေကြသူများ
by Ma Myanmar
March 23, 2012

ကျမဟာ လူတွေထဲက လူတစ်ယောက်မို့ လူတွေအကြောင်း ၊ လူတွေ အရေး ကို စိတ်ဝင်စားပါတယ် ၊ မြန်မာတွေထဲက မြန်မာ တစ်ယောက်မို့ မြန်မာတွေ အကြောင်း ၊ မြန်မာတွေ အရေးဆိုရင် အထူး စိတ်ဝင်စားပါတယ် ။ ခုတလော ကျမ စိတ်ဝင်တစားလေ့လာ သုံးသပ်မိတဲ့ အကြောင်းအရာ ကတော့ မြန်မာ အမျိုးသမီးလေးတွေရဲ့ မြန်မာ့ ယဉ်ကျေးမှု နဲ့ မလျော်ကန် မသင့်မြတ်တဲ့ ၀တ်စား နေထိုင် ပြုမူပုံတွေ ပါပဲ ။

ဗုဒ္ဒဘာသာကို ယုံကြည်သက်ဝင်ကြတဲ့ လူမျိုးတစ်မျိုး ဖြစ်တာကတစ်ကြောင်း ၊ အစဉ်အလာကြီးမားလှတဲ့ ယဉ်ကျေးမှု အဆောက်အအုံ ကြီးထဲမှာ နေသားတကျ ပျော်မွေ့လာကြတဲ့လူမျိုး ဖြစ်တာကတစ်ကြောင်း တို့ကြောင့် ကျမတို့ရဲ့ မြန်မာ့ဓလေ့ ထုံးစံဟာ တခြားဘယ်နိုင်ငံရဲ့ ဓလေ့ ထုံးစံနဲ့မှ မတူနိုင်ပါဘူး ။ နှိုင်းယှဉ်လို့လဲ မရပါဘူး ။ ဒါဟာ မြန်မာ့ယဉ်ကျေးမှုဓလေ့စရိုက် ကို တန်ဖိုးထားတဲ့ သူတိုင်း သိထားကြတဲ့ မွေးရာပါ ပင်ကိုယ် အသိပါ ။

သို့ပေမဲ့ မြန်မာမိန်းကလေး အများစုဟာ နှိုင်းယှဉ်အပ်တဲ့ အရာတွေ ကို ချန်လှပ်ထားပြီး ၊ မနှိုင်းယှဉ်အပ်တဲ့ တခြားသော နိုင်ငံတွေရဲ့ ဓလေ့ထုံးစံတွေကို နှိုင်းယှဉ် အတုယူနေကြပါတယ် ။

အတွေးအခေါ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ၊ နည်းပညာဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု ၊ တခြားလူ့စွမ်းအား အရင်းအမြစ်ဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှုတွေကို အတုမယူဘဲ မြန်မာ့ ယဉ်ကျေးမှုဓလေ့နဲ့ အင်မတန်မှ သွေဖည်နေတဲ့ တခြားသောနိုင်ငံတွေရဲ့ ယဉ်ကျေးမှု ကို လိုက်အတုယူနေကြပါတယ် ။ ဆုတ်ယုတ်ပျက်စီးစပြုနေတဲ့ ယဉ်ကျေးမှု ပုံစံ တစ်ခု အဖြစ် အသွင်ကူးပြောင်းလို့ လာနေပါတယ် ။

-
ကျမလည်း ခေတ်လူငယ် တစ်ယောက်မို့ ခေတ်မှီမှီ အဆင့် အတန်းရှိရှိ လုံလုံခြုံခြုံ ၀တ်စားထားတဲ့ မိန်းကလေး တွေ တွေ့ရင် သဘောကျပါတယ် ၊ မြန်မာမိန်းကလေး တစ်ယောက် ပီပီ ကိုယ့်ကိုကိုယ် တန်ဖိုးထားသူ အဖြစ်လေးစားပါတယ် ။ မြန်မာအမျိုးသမီးတိုင်း မြန်မာဆန်ဆန် ထမီ ၊ ရင်ဖုံးနဲ့ အမြဲနေရမယ်လို့ မဆိုလိုပါဘူး ၊ သူ့ခေတ်ရေစီးနဲ့ သူတော့ ရှိမှာပေါ့ ၊ခေတ်မလွန်ဖို့ ၊ခေတ်ပျက်အောင်မလုပ်ကြဖို့ပဲ ပြောချင်တာပါ ၊

မှတ်မိပါသေးတယ် ၊ အဆိုတော် ရေဗက္ကာဝင်းလေး ပေါ်လာကာစက ရှိုးပွဲ တစ်ခု မှာ "မြန်မြန်နမ်းပါ ပန်းကလေး" ဆိုတဲ့ သီချင်းကို ဆိုတယ် ၊ သီချင်းလေးနဲ့ သူ့ရဲ့ ခေတ်မှီမှီ လုံလုံ ခြုံခြုံ အပြင်အဆင်လေးနဲ့ ၊ သူ့ရဲ့ အိနြေ္ဒရတဲ့ မျက်နှာပေးလေးနဲ့ သိပ်လိုက်ဖက်ပြီး သိပ်ချစ်ဖို့ ကောင်းလို့ ကျမ အရမ်းကြိုက်ခဲ့ ပါတယ် ။ ကျမလို ပဲ သူ့ကို စင်အောက်က အားပေး နေတဲ့ ပရိတ်သတ် ဟာလည်း လှောင်ပြောင်လိုစိတ် အလျင်းမရှိဘဲ သူတို့ကို ဖြေဖျော်ပေးနေတဲ့ အဆိုတော်လေးကို အမြတ်တနိုး တန်ဖိုးထားတဲ့ စိတ်နဲ့ အားပေးနေတယ်ဆိုတာကို သူတို့မျက်လုံးတွေက သက်သေပြနေပါတယ် ။

ကျမပြောချင်တာက Public Figure ပဲ ဖြစ်ဖြစ် ၊ သရုပ်ဆောင်ပဲ ဖြစ်ဖြစ် ၊ အဆိုတော်ပဲ ဖြစ်ဖြစ် ဒါမျိုးလေးတွေပဲ ဖြစ်သင့်ပါတယ် ။ သူတို့တတ်ထားတဲ့ အနုပညာနဲ့ ပရိတ်သတ်ကို အလုပ်အကျွေး ပြုရာမှာ အနုပညာကို ဗန်းပြပြီး ပရိတ်သတ်ကို လူမထင်တဲ့ အပြု အမူတွေကို တတ်နိုင်သလောက် ရှောင်ကြဉ်သင့်ပါတယ် ။ ပရိတ်သတ်ကို သူတို့ချပြချင်တာ သူတို့ရဲ့ အနုပညာလား ၊ သူတို့ရဲ့ ခန္ဒာ ကိုယ်လား ၊ ပရိတ်သတ်ကို နက်နဲသိမ်မွေ့ လှတဲ့ အနု ပညာကို ခံစားစေချင်တာလား ၊ လူမှု ပတ်ဝန်းကျင်အတွက် အန္တရာယ် များလှတဲ့ မဖွယ်မရာ စိတ်ရိုင်းတွေကို နှိုးဆွချင်တာလား ၊ နှုတ်ရိုင်းတွေရဲ့ နှစ်ပြားမတန်တဲ့ အပြောအဆိုကို ခံချင်ကြတာပါလား ။ အနုပညာပါလို့ပြောပြီး ဘာကို အလို ရှိကြတာပါလဲ ၊ ကိုယ့်ဟာကိုယ် စဉ်းစားကြည့်သင့်ပါတယ် ၊ ကျော်ကြားမှုကို လိုချင်လို့ပါဆိုရင်လည်း အပုပ်နံ့နဲ့ မကျော်ကြားပဲ ၊ သင်းပျံ့တဲ့ မွှေးရနံ့နဲ့ ကျော်ကြားတာပဲ မဖြစ်သင့်ဘူးလား ။

-
အပြတ် အဟိုက် အတို အကျပ် ၀တ်ပြီး ပရိတ်သတ် ရှေ့ရောက်လာတယ် ၊ အပြင်အင်္ကျီ နဲ့ ည၀တ်အင်္ကျီ မှားဝတ်ပြီး ပရိတ်သတ် အမြင်ထဲ ရောက်လာတယ် ၊ ရေကူးဝတ်စုံနဲ့ ပွဲတက်ပြီး အရက်သောက်တဲ့သူက သောက်တယ် ၊ ဒါတွေ ဟာ ကိုယ့်လွတ်လပ်ခွင့်နဲ့ ကိုယ်လို့တော့ ပြောလို့ မရပါဘူး ။ ဒီလောက်ထိ လွတ်လပ်ချင်တယ်ဆိုရင် မြန်မာ ပရိတ်သတ်ရှေ့ ၊ မြန်မာမိန်းကလေးတွေရဲ့ ရှေ့ကို ရောက်မလာသင့်ပါဘူး ။ တကယ်တမ်းပြောရမယ် ဆိုရင် သူတို့ဟာ မြန်မာမိန်းကလေးတွေရဲ့ ကောင်းမွန်တဲ့ ပုံရိပ်သင်္ကေတ ဖြစ်သင့်သလို ၊ ယိုင်နဲ့နေတဲ့ မြန်မာ့ ယဉ်ကျေးမှုကို လမ်းမှန်ရောက်အောင်တွန်းပို့ပေးတဲ့ ရှေ့ဆောင်ပြပေးတဲ့ သူတွေသာ ဖြစ်သင့်ပါတယ် ။ ပရိတ်သတ်ရဲ့ အားပေးမှု နဲ့ ရပ်တည်တယ် ပြောပြီး ပရိတ်သတ်ကို ဒီလိုနည်းနဲ့သာ ပြန်ပြီး ကျေးဇူး ဆပ်သင့်ပါတယ် ။

မြန်မာ မိန်းကလေး အများစုကို ပြောရမယ်ဆိုရင်လည်း ကိုယ်ကိုတိုင် ရဲ့ ကိုယ်ကျင့်သိက္ခာ ၊ ကိုယ်ကိုတိုင်ရဲ့ တန်ဖိုးကို ကိုယ်တိုင်မြှင့်တင်မှပဲ ရတာပါ ၊ ဘယ်မိဘ ဘယ်အသိုင်းအ၀ိုင်းကမှ ကိုယ့်ရဲ့ ကိုယ်ကျင့် တရား ဂုဏ်သိက္ခာ ကာကွယ်ပေးလို့ မရသလို ၊ ဘယ်လို ဓနဥစ္စာ အဆောင်အယောင် ကမှလည်း ကိုယ့်တန်ဖိုးကို မြှင့်တင်ပေးလို့ မရပါဘူး ၊ မြန်မာပြည်မှာ မွေးပြီး မြန်မာ လူမှု ပတ်ဝန်းကျင်မှာ ကျင်လည်ရတဲ့ သူတွေမို့ ဒီအချက်တွေဟာ မြန်မာ မိန်းကလေး တစ်ယောက်အတွက် အသက်ထက်ဆုံး တန်ဖိုးထားစောင့်ထိန်းရမယ့် ဘ၀ရဲ့ အရေး အကြီးဆုံး အရာတွေပါပဲ ၊ ဒါကြောင့် ကိုယ့်တန်ဖိုးကို နိမ့်ကျစေမဲ့ အတုမယူသင့်တဲ့ အရာတွေကို အတု မယူသင့်ပါဘူး ။

-
ချက်ပေါ် ပေါင်ပေါ် ၀တ်ပြနိုင်မှ ခေတ်မှီတာ မဟုတ်သလို ၊ ဒီလိုဝတ်ပြလို့ လူစိတ်ဝင်စားတာ ခံရပြီ ဆိုရင်လည်း ကိုယ့်ကို မြတ်နိုးတန်ဖိုးထားတဲ့ စိတ်ဝင်စားခြင်းမျိုးမဟုတ်တာတော့ သေချာပါတယ် ၊ ဘာလိုချင်လဲ ဘာပေးနိုင်မလဲ ဆိုတဲ့ သကောင့် သားတွေရဲ့ စိတ်ဝင်စားခြင်းမျိုးပဲ ခံရမှာပါ ၊၊ ကြီးလိုက်တဲ့ အန္တရာယ် ..။

တချို့ မိန်းကလေးတွေ ဟာ မလုံမခြုံဝတ် ၊ သရုပ်ပျက် အပြင်အဆင်တွေနဲ့ ကိုယ်နဲ့ လားလားမှ မဆိုင်တဲ့ နေရာတွေကိုသွား ၊ သူ့စည်းကိုယ့်စည်း စောင့်ထိန်းရမှန်းမသိ ပျော်ကြ ပါးကြနဲ့ ၊ အလွန့်ကို စိတ်ပျက်ဖွယ် ၊ ရင်လေးစရာ လုပ်ရပ်တွေကို သူ့ထက်ငါ အပြိုင်အဆိုင် လုပ်လို့နေကြပါပြီ ၊ ချင့်ချိန်စဉ်းစားကြပါအုံး ၊ ကိုယ့် ဘ၀ကို ဒီလောက်နဲ့ပဲ ရပ်တန့် ကြတော့မှာ လား ၊ ရှေ့ဆက်ပြီး အိနြေ္ဒသိက္ခာရှိပြီး အပြစ် အနာအဆာကင်းတဲ့ မိန်းကလေးတွေ အဖြစ် မရပ်တည်ချင်ကြတော့ဘူးလား ၊ တကယ့်ကို ထက်မြက်ပြီး အဆင့် အတန်းရှိတဲ့ မိန်းမကောင်းလေးတွေအဖြစ် မရပ်တည်ချင် ကြတော့ ဘူးလား ၊ ဘာကြောင့် များ ကိုယ့်ကိုကိုယ် အရင်းအနှီးပြုပြီး ၂ခါပြန် ရှုံး ၊ ၁၀ ခါပြန် ရှုံး ၊ ဘ၀တစ်သက်လုံး ရှုံးမဲ့ အရှုံးတွေကို လုပ်နေကြပါသလဲ ၊ ဘယ်သူကများ အတင်းအဓ္ဒမ အရင်းအနှီး ထုပ်ခိုင်းနေလို့လဲ သာ မေးချင်ပါတယ် ။

သမီးမိန်းကလေးမွေးထားတဲ့ မိဘတွေ အနေနဲ့လည်း ကိုယ့်သားသမီးကို အလွန် သတိထား ကြပ်မတ်ရမဲ့ အချိန်အခါကို ရောက်လို့နေသလို ၊ တချို့သော သူတွေဟာ နှမချင်းမစာမနာ ၊ သားသမီးချင်း မစာမနာ ၊ ကိုယ့်အတွက် ၊ ကိုယ့် အကျိုးစီးပွားအတွက်သာ ကြည့်တတ်ကြလို့ ကိုယ့်မြေ ကိုယ့်ရေ နဲ့ အသက်ဆက်ပြီး ကိုယ့် အမျိုး ကိုယ်တော့ မဖျက်ဆီး ကြပါနဲ့လို့ အကြံပေးချင်ပါတယ် ။

-
ဒီနေရာမှာ ခန္ဒာကိုယ်ကိုရင်ပြီး အသက်မွေးဝမ်းကျောင်းပြုနေတဲ့ မိန်းကလေးတွေ အကြောင်းတော့ မဆွေးနွေး ၊ မထောက်ပြလိုပါဘူး ။ ဘက်စုံ ထောင့်စုံ (အထူးသဖြင့် စီးပွားရေး ၊ ပညာရေး) ချွတ်ယွင်း အားနည်းနေတဲ့ ကျမတို့ နိုင်ငံအတွက် ဒါတွေကိုသာ သွားထောက်ပြနေရင် အဆင့်ကျော်သလို ဖြစ်နေပြီး ၊ သူတို့ပေးတဲ့ အကြောင်းပြချက်တွေ နားထောင်ရတာနဲ့တင် မောသွားနိုင်ပါတယ် ။

နောက်ဆုံး အနေနဲ့ အကြံပေး တိုက်တွန်းချင်တာကတော့ ဘယ်ခေတ် ဘယ်စနစ်မှာပဲဖြစ်ဖြစ် ၊ ဘယ်အရပ် ဘယ်ဒေသမှာပဲဖြစ်ဖြစ် ၊ ဘယ်အချိန် ဘယ်အခါမှာပဲ ဖြစ်ဖြစ် ငါ ဟာ မြန်မာပြည်ထဲက မြန်မာမိန်းကလေး တစ်ယောက် ဆိုတာတော့ လုံးဝ မမေ့အပ်သလို ၊ အမြဲတမ်း သတိပေးနေဖို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ လူတစ်ဦးချင်း တစ်ယောက်ချင်းရဲ့ အရေးကိစ္စမဟုတ်ဘဲ ၊ အမျိုးသားရေးကိစ္စ တစ်ခုဖြစ်နေလို့ပါပဲရှင်....။

အရာရာတိုင်းဟာ အတုယူခြင်းကစပြီး တတ်မြောက်ရတာမို့ ၊ ကောင်းသော အရာများကိုသာ အတုယူကြပြီး ကိုယ်ကျိုးအတွက် ရော ၊ အများအကျိုးအတွက်ရော အသုံးချနိုင်မယ့် အတတ်ပညာများကို ရရှိခံစားနိုင်ကြ ပါစေ လို့ ဆန္ဒပြုလျက်...........


မမြန်မာ (၂၃-၀၃-၂၀၁၂)

( စာရေးဆရာ မဟုတ်လို့ ကျမ အရေးအသားတွေ မညက်ညောရင် တောင်းပန်ပါတယ် ၊ စိတ်ထဲ ရှိတဲ့ အတိုင်းချရေး မိခြင်းပါ )

မမြန်မာ @ facebook

.
ဒီပို့စ်လေးကို မဖတ်ခင် ရေးရတဲ့ ရည်ရွယ်ရင်းလေးကို သိအောင် အရင်ဆုံး စကားဦး သမ်းချင်ပါတယ် .။

ညီမငယ်လေးများ အထူးသဖြင့် အတိုဝတ်ရတာကို နှစ်ခြိုက်တဲ့ ညီမငယ်လေးများ သေသေချာချာ ဖတ်ပေးစေချင်ပါတယ် .။ ဖတ်ရှုအပြီးမှာ တစ်စုံတစ်ခုသောအသိနဲ့ ဆင်ခြင်ဥာဏ်ကို ရစေချင်ပါတယ် .။ ပြုပြင်စေချင်ပါတယ် .။ ဒီလောက်ပါပဲ.။

"အတို ၀တ်မှ လွတ်လပ်တာ အမေရဲ့" လို့ ပြောသံကို ကြားဖူးပါတယ် .။

ဟုတ်ပါတယ် .။ ဒူးလောက်အတိုကို (အားကစား ဘောင်းဘီ) ၀တ်လိုက်ရင်ပဲ နေရတာ ပေါ့ပါးပါတယ် .။ တင်သားဖုံးရုံးလေး တင်ဝတ်ထားတဲ့ အတိုတော့ အိမ်မှာနေရင်းတောင်မှ မ၀တ်ဖူးပါ.. လူလယ်ခေါင်မှာဆို ပိုဆိုး။ ဒီတစ်သက် ၀တ်ဖို့ရာ အကြောင်းမမြင်။ ကျွန်တော်က ယောက်ျားလေးတစ်ယောက်ပါ .။ ယောက်ျားတစ်ယောက်တောင်မှ ရှက်လို့ရှိတာကို မိန်းမသားလေးတွေက....။ ဘယ်လောက်အထိ အရှက်နည်းကြတယ်ဆိုတာ တွေးမိလေ၊ ပေါ်လေပဲ နော် .။

"အတိုဝတ်မှ လွတ်လပ်တာ အမေရဲ့" လို့ ပြောသံကို ကြားဖူးပါတယ် .။

ဘာတွေများ လွတ်လပ်လဲ ဆိုတော့ မိန်းမလေးတစ်ယောက်ရဲ့ အရှက်တွေ၊ ဣနြေ္ဒတွေ၊ သိက္ခာတွေ၊ လုံခြုံမှုတွေ ပေါ့ ။ အကုန်လုံး လွတ်ပြီးတော့ လပ်ကုန်တာလေ .။ အဲ့ဒါတွေ မရှိမှတော့ မိန်းမတစ်ယောက်ရဲ့ ဣနြေ္ဒတွေ၊ သိက္ခာတွေက အဲ့ဒီမိန်းမကို ဘယ်လိုမှ ကာကွယ်ပေးနိုင်စွမ်း မရှိနိုင်တော့ဘူးလေ.။ တကယ်တော့ မိန်းကလေးဆိုတာ ဘယ်ပတ်ဝန်းကျင်မှာမဆို ဣနြေ္ဒနဲ့၊ သိက္ခာနဲ့ နေနိုင်မှ တော်ကာကျတာပါ.။ မိန်းမတို့ဘ၀ ဆိုတာ နစ်နာစရာရှိရင် ကိုယ်ကပဲ နစ်နာရတာမျိုးလေ.။

အဲလို ဣနြေ္ဒတွေ၊ သိက္ခာတွေ မရှိမှတော့ ဘယ်လိုမျိုး ဖြစ်လာသလဲ ဆိုတာ ဆက်ဖတ်ကြည့်နော် .။ (လူတိုင်းက စော်ကားရဲတာပေါ့။ စော်ကားချင်လောက်အောင် ၀တ်ထားတာကိုးဗျ။)

.
ဒီနေ့ ၁၉ ရက်နေ့၊ အောင်မင်္ဂလာကားကွင်းကနေ ပြန်လာခဲ့တယ် .။ ၄၃ အထူးနဲ့ .။ ကမ္ဘာအေးဘုရား မှတ်တိုင်မှာ ဆင်းတယ် .။ ဆင်းဆင်းချင်း သတိထားမိတာက ဘောင်းဘီ တင်သားအုပ်မိရုံလေး ၀တ်ထားတဲ့ အင်္ကျီ ပန်းရောင်နဲ့ မိန်းမလေး နှစ်ယောက် .။ အချိန်က ည ၇နာရီခွဲ .။ အတို ၀တ်ထားတာတင်လား ဆိုတော့ မဟုတ်ဖူး၊ အပေါ်အင်္ကျီကလည်း ရင်ခုန်စရာ ကောင်းလောက်အောင် အလှပတွေကို "ထုတ်" ပြ ထားတယ် .။ ဘေးနားက ပန့်လား၊ အီမိုလား မသိပါဘူး .။ ဆံပင်ရွှေရောင် ထိုးထိုးထောင်ထောင်နဲ့ ပုံမလာတဲ့ ကောင်လေးနှစ်ယောက် .။ "အော်... သူတို့အတွဲလေးတွေပဲ လို့ပဲ" ခပ်ပေါ့ပေါ့ တွေးလိုက်မိတယ် .။ ကောင်လေးနှစ်ယောက်ဆီက ဆေးလိပ်နံ့ နံလို့ ကျွန်တော် နေရာပြောင်းပြီးတော့ ကားစောင့်နေတယ် .။ ( ၁၅၇ / ၉၂ အထူး)။

ကျွန်တော် နေရာပြောင်းသွားတော့ ခဏ နေတော့ ကျွန်တော့်နားကို ကလေးမလေး နှစ်ယောက် လိုက်လာကြတယ် .။ အော်... အဲ့ဒီကျမှ သတိထားလိုက်မိတယ် .။ ကောင်လေးနှစ်ကောင်က သူတို့နားမှာ ရစ်သီရစ်သီ လုပ်နေတာကိုး .။ နည်းနည်းတော့ သဘောပေါက်လိုက်မိပါတယ် .။ ကဲ.. ဒါက ပြောချင်တဲ့ အချက်တစ်ချက် .။

အနားနားမှာ လှလှပပ လုံလုံခြုံခြုံ ၀တ်ထားတဲ့ မိန်းကလေးတွေ အများကြီးပဲ .။ တချို့ဆို တစ်ယောက်တည်း .။ သူတို့ကို အဲ့ဒီ အီမို နှစ်ကောင်က ဘာလို့ မနှောင့်ယှက်တာလဲ .။

ရှင်းပါတယ် .။ သူတို့မှာ အကာအကွယ် ပါတယ်လေ .။ ဘာများလဲ ..??? ။

ညီမငယ်တို့ရဲ့ မွေးရာပါ မိန်းမတို့ဣနြေ္ဒ၊ မိန်းမတို့သိက္ခာလေ .။ ဣနြေ္ဒနဲ့၊ သိက္ခာနဲ့ နေတဲ့ မိန်းကလေးတစ်ယောက်ကို ဘယ်ပတ်ဝန်းကျင်ကမှ မနှောင့်ယှက်ရဲပါဘူးဗျာ .။

နောက် ကလေးမလေး နှစ်ယောက်က တိုးတိုး တိုးတိုးနဲ့ ပြောနေကြတယ် .။ ကျွန်တော့်ကို ကြည့်ကြည့်ပြီးတော့ ပြောနေကြတယ် .။ ကားမစီးတတ်လို့ မေးချင်တာထင်တယ်.။ ကျွန်တော့်ဘေးမှာ ကပ်လျက် .။ "တာမွေအ၀ိုင်း" တဲ့ .။ အဲ့ဒါကိုဗျာ .။ အဓိပတိ အပြာက (အခုမှ ဆိုက်လာတဲ့ကား) ဘယ်လိုများ ကြားသွားလဲမသိပါဘူး .။ စာဖတ်သူ တွေးကြည့်နော်၊ ကမ္ဘာအေးဘုရား မှတ်တိုင်ကနေ တာမွေအ၀ိုင်းကို သွားဖို့ ကားစောင့်နေတာ ။ ရောက်တဲ့ ကားတွေက ကျွန်တော်သိသလောက် ( ၁၅၇ / ၉၂ / ၃၃၃ အထူး ) ရယ်၊ ၄၃ အဖြူရယ် ၊ ၇၄ ရွှေရန်ကုန် ၊ ၁၀၅ / ၁၀၃ ဒိုင်နာ ကားတွေပဲ ရောက်တာလေ .။ အဓိပတိ အပြာက မရောက်ဘူးလေ.။ အဲ့ဒါဗျာ.. အတင်းကို ရပ်စောင့်ပြီး ခေါ်တင်သွားတယ် .။ ကျွန်တော်ကတော့ မရောက်တဲ့ အကြောင်း ခေါင်းရမ်းပြလိုက်ပါတယ်.။ မရပါဘူး.။ အောက်မှာ ထိုင်နေတဲ့ အတွဲလေးဆီက ကောင်လေးကလည်း လှမ်းပြောသံ ကြားလိုက်ရပါတယ် .။ "Taxi ငှားသွားရင် ပြီးရောကွာ".တဲ့ .။ အားလုံးကလည်း မှင်သက်ပြီးတော့ ငေးနေကြပါတယ် .။ ဒိုင်နာကား စပယ်ယာကြီးရော ..။ ပတ်ဝန်းကျင်မှာ တဒင်္ဂလေးတော့ ငြိမ်သက်သွားပါတယ် .။

http://mgthetnaing.blogspot.de/2012/04/blog-post_9887.html

.
ကဲ.. ညီမငယ်လေးတို့၊ စာဖတ်သူတို့... ဒီကလေးမလေး နှစ်ယောက်ကို သွားချင်တဲ့ မှတ်တိုင်ကို မရောက်ဘဲနဲ့ အဓိပတိအပြာရဲ့ စပယ်ယာက အတင်း ခေါ်သွားတာ.။ ဘာလို့လဲ.??? ။ ကျွန်တော်ကတော့ "ကလေးမလေးတွေရဲ့ အ၀တ်အစားက အရှက်လုံရုံပဲ ၀တ်ထားတာ" ကိုပဲ အပြစ်တင်ချင်တယ် .။ "အရမ်းဟော့တဲ့ ဟာလေးတွေ" ဆိုပြီးတော့ ..။ ဣနြေ္ဒနဲ့ သိက္ခာနဲ့ နေတဲ့ မိန်းကလေးတစ်ယောက်ကိုတော့ ရုပ်ပျက်လောက်အောင်ကို စောင့်ခေါ်ပြီး တင်မသွားရဲဘူး လို့ မြင်မိပါတယ် .။

ကျွန်တော်လည်း အစကတည်းက သူတို့ သွားချင်တဲ့ မှတ်တိုင်ကို ဘယ်ကားတွေ စီးရတယ် ဆိုတာကို ပြောချင်ပါတယ် .။ ဒါပေမယ့် သူတို့လေးတွေ ၀တ်ထားတာက မလုံမခြုံ ဖြစ်နေတာ ဆိုတော့ တော်ကြာ မှတ်တိုင်မှာ ကားစောင့်နေတဲ့ လူတွေက ကိုယ့်ကို "နှာဘူး" လို့ အထင်ခံရမှာလည်း စိုးရိမ်မိတယ် .။ ပြီးတော့ ယောက်ျားတစ်ယောက်ရဲ့ တည်ကြည်တယ့် သိက္ခာကိုလည်း ငဲ့ရတယ်လေ ဗျာ .။

အခုတော့ ကျွန်တော့်မှာ ဆက်တွေးစရာတွေချည်းပဲ .။ တကယ်တော့ အဓိပတိ အပြာကို စီးရင် ပါရမီ ကားကွင်းကို ရောက်မယ် .။ ပြီးမှ တစ်ခါ ပြန်စီးရမယ်.။ အနည်းဆုံးတော့ နှစ်ဆင့် စီးရမယ်လေ.။ နည်းနည်းလေး စိုးရိမ်တတ်တဲ့ သူ.။ နောက် နည်းနည်းလေး အဆိုးမြင်တတ်တဲ့ သူ ဆိုရင်တော့ တစ်ခုခုကို တွေးမိမှာပါ .။ အကောင်းမြင်တတ်တဲ့ သူ ဆိုရင်တော့ "နှစ်ဆင့်စီးပြီးတော့ ရောက်သွားပါလိမ့်မယ်" လို့ ဖြေတွေး တွေးနေလောက်တယ် .။

အဓိပတိအပြာက စပယ်ယာကိုကိုတို့ကပဲ ညီမနှေးတွေကို ကူညီချင်စိတ် လွန်ကဲနေတာလားတော့ မသိပါဘူးဗျာ .။

ကိစ္စလေးတစ်ခုကို ရေးကြီးခွင်ကျယ်လုပ်ပြီးတော့ တင်ပြနေတာတော့ မဟုတ်ပါဘူး .။

ညီမငယ်လေးတွေအတွက် စိုးရိမ်စိတ် လွန်ကဲစွာနဲ့ တင်ပြနေခြင်းပါ.။ ကျွန်တော်လည်း နောက်ဆို တတ်နိုင်သရွေ့ကူညီ ပြောပြတော့မယ်လို့ ဆုံးဖြတ်လိုက်မိတယ် .။ ထင်ချင်တာ ထင်ပါစေ .။ မတော် ကိုယ့်ရှေ့မှာ ဒုက္ခရောက်သွားရင်.. ။ မိန်းကလေး အချင်းချင်း ကူညီကြတာ ပိုကောင်းပါတယ် .။ ညီမငယ်လေးတွေလည်း အမြင်မတော်တာတွေ တွေ့ရင် မိန်းမချင်း ကိုယ်ချင်းစာစိတ်နဲ့ ကူညီကြပါလို့ ပြောချင်ပါတယ် .။

အင်းဗျာ.. အမှတ်တမဲ့ တွေ့ခဲ့ရတဲ့၊ မကူညီနိုင်ခဲ့တဲ့ ညီမငယ်လေး နှစ်ယောက် အဆင်ပြေပါစေလို့ စိတ်ထဲမှာ ဆုတောင်းနေမိတယ်။

.
(၁) အဓိက အချုပ် ပြောရရင် ညီမငယ်လေးတွေ အရမ်း တိုလွန်းတာတွေ၊ အရမ်း ပေါ်လွန်းတာတွေကို မ၀တ်ကြပါနဲ့ .။ မိန်းမတစ်ယောက် ဆိုတာ ပတ်ဝန်းကျင်မှာ ဣနြေ္ဒနဲ့၊ သိက္ခာနဲ့ ရပ်တည်ရတာ .။ ဣနြေ္ဒနဲ့၊ သိက္ခာနဲ့ ရှိမှ ပတ်ဝန်းကျင်က မစော်ကားရဲမှာ .။ အ၀တ် မတော်ရင် အလွယ်တကူ စော်ကား ခံရနိုင်ပါတယ် .။ သတိချပ်စေချင်ပါတယ် .။

"သောက်ရေအိုးထဲက ရေ" ဆိုရင် ဘယ်သူမဆို တန်ဘိုးထားကြမှာပါ.။ အေး... "အိုင်ထဲက ရေ" လိုမျိုး "လူတကာ မျက်စိကို တဏှာကျွေးဖို့တို မိမိအရှက်ကို ဖော်ထားတယ်" ဆိုရင်တော့ တဏှာဘီလူးတွေရဲ့ အစားကို ခံရမှာဆိုတာ သိစေချင်ပါတယ် ညီမလေးတို့ရယ် .။

ညီမငယ်တို့ ညရေးညတာ သွားတာ၊ လာတာ ဆိုရင် အစ်ကို၊ မောင် တစ်ယောက်ယောက်တော့ ခေါ်သွားသင့်ပါတယ် .။

(၂) နောက် တစ်ခုကတော့ သူငယ်ချင်းတွေ ဘယ်သူမဆို ပတ်ဝန်းကျင်က ညီငယ်၊ ညီမငယ်လေးတွေ လမ်းမှားနေတာကို တွေ့ရင် အမုန်းခံပြီးတော့ တားဆီးကြ၊ ပဲ့ပြင်ကြ၊ လမ်းညွှန်ကြပါလို့ .။ ညီငယ်၊ ညီမငယ်တို့ကလည်း လိုက်နာကြပါလို့ .။
"မြန်မာအမျိုးသား၊ မြန်မာအမျိုးသမီးတို့အတွက် အသင့်တော်ဆုံး" ဖြစ်တဲ့ "မြန်မာ့ယဉ်ကျေးမှု" ကို အစဉ် တန်ဘိုးထားနိုင်ကြစေ .။

"မြန်မာအမျိုးသား၊ မြန်မာအမျိုးသမီးတို့အတွက် အသင့်တော်ဆုံး" ဖြစ်တဲ့ "မြန်မာ့ယဉ်ကျေးမှု" ကို အစဉ် တန်ဘိုးထားလျက် -

အောင်သက်
၂၁နာရီ ၃၅ မိနစ် .။

မှတ်ချက်။ ။ မည်သူ့ကိုမှ ရည်ရွယ်ခြင်းမရှိပါ .။ တိုက်ဆိုင်မှုများ ရှိခဲ့ပါက တောင်းပန်အပ်ပါသည် .။ ယခုလို အဖြစ်မျိုး မကြာခဏ တွေ့ဖူးပါတယ် .။ နောင်မှ အခွင့်သင့်ရင် ရေးပါဦးမယ် .။

(Credit - ဘကြီးသက်)

.
သရုပ်ပျက်ဝတ်စား ဆင်ယင်မှုကို ဥပဒေနဲ့ အရေးယူလို့ရတယ်

Posted by Ye latt

April 23, 2012


အရှင်ဆေက (ခေတ္တရဟန်း)


ယခုနှစ်သင်္ကြန်ကာလအတွင်း အမျိုးသမီးငယ်များနှင့် မင်းသမီးငယ်တချို့၏ ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက်ဝတ်စားဆင်ယင်မှုများ ဖြစ်ခဲ့၊ ယင်းသို့ ၀တ်စားဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှုကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူနိုင်ကြောင်းသိရပါတယ်။

၂၀၁၂ ခုနှစ်မဟာသင်္ကြန် ကာလအတွင်း သင်္ကြန်မဏ္ဍပ်များတွင် ရေကစားခဲ့ကြသူ၊ ရေပက်ခံထွက်သူ အမျိုးသမီးငယ်များနှင့် မင်းသမီးငယ် အချို့၏ သင်္ကြန်ကာလအတွင်း ၀တ်စားဆင်ယင်မှုများမှာ အမြင်မသင့်တော်သည့် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများ ဖြစ်ခဲ့ပြီး ယင်းသို့ဝတ်စား ဆင်ယင်ခြင်းဖြင့် ယဉ်ကျေးမှု ကျင့်ဝတ်အရ ဂုဏ်သိက္ခာညှိုးနွမ်းစေသည့် အပြင် ဥပဒေကြောင်းအရလည်း အရေးယူမှုများ ပြုလုပ်နိုင်သည်ဟု ထောက်ပြဝေဖန်မှုများ ရှိလာခဲ့သည်။

ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် အမျိုးသမီးငယ်အချို့နှင့် မင်းသမီးငယ်အချို့တို့၏ ၀တ်စားဆင်ယင်မှုများမှာ အများအမြင်တွင် မသင့်တော်သည့်အပြင် ၀တ်ဆင်သူသာမက မိဘဆွေမျိုး ပတ်ဝန်းကျင် အသိုင်းအ၀န်းများ၏ ဂုဏ်သိက္ခာကိုပါ ကျဆင်းစေနိုင်သည့် ၀တ်စားဆင်ယင်မှုများ ၀တ်ဆင်ခဲ့ကြပြီး အဆိုပါ သရုပ်ပျက် ၀တ်စားဆင်ယင်ကြသူများ၏ ဓာတ်ပုံများသည်လည်း သင်္ကြန်ကာလအတွင်းကပင် အင်တာနက်စာမျက်နှာများထက်နှင့် Facebook တို့တွင် ပျံ့နှံ့လျက် ရှိနေခြင်းကြောင့် ထောက်ပြဝေဖန်မှုများ ပိုမိုများပြားလာခဲ့သည်။

.
အခုနှစ်သင်္ကြန်မှာ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အဆိုးဆုံးလို့ ဆိုလို့ရတယ်

ယခုနှစ် သင်္ကြန်ကာလအတွင်းတွင် မြန်မာ မိန်းကလေးတချို့၏ ၀တ်စားဆင်ယင်မှုများမှာ ယခင်နှစ်များထက် ပိုမိုဆိုးရွားခဲ့ပြီး အများစုမှာ ကျောသား၊ ရင်သားနှင့်ပေါင်သားများကို လှစ်ဟသည့် ၀တ်စားဆင်ယင်မှုဖက်ရှင်များနှင့် သင်္ကြန်ကာလ ကို ဆင်နွှဲခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။

“အခုနှစ် သင်္ကြန်မှာတော့ မိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုက အရင်နှစ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆိုးဆုံးလို့ ဆိုလို့ရတယ်။

အများစုက ကျောပြောင်၊ ရင်ပြတ်တွေ ၀တ်လာကြရုံသာမကဘူး ဘောင်းဘီတို တွေဆိုလည်း တချို့ဆို လက်တစ်ဝါးကျော်လောက်ပဲ ရှိတာမျိုးတွေတောင် ၀တ်ဆင်လာကြတယ်။ ဒီလိုဝတ်ဆင်ပြီးတော့ မဏ္ဍပ်ပေါ်မှာ တက်ကနေတာမျိုး၊ ကားပေါ်မှာ ကတာမျိုးတွေ မြင်ရတဲ့အခါ တော်တော်ကို စိတ်မကောင်းဖြစ်ရတယ်။ ကန်တော်ကြီး ကန်ပတ်လမ်းတစ်လျှောက်က မဏ္ဍပ်တွေမှာဆို မဏ္ဍပ်တိုင်းလိုလိုမှာ အဲဒီလို မိန်းကလေးတွေ အများကြီးတွေ့ ရတယ်။

သင်္ကြန်ပွဲတော်ကို လာနွှဲကြတဲ့ နိုင်ငံခြားသူတွေတောင် ဘောင်းဘီရှည်နဲ့ လာကြပြီး မြန်မာမိန်းကလေးတွေရဲ့ ၀တ်စားဆင်ယင်မှုကို အထူးအဆန်းအနေနဲ့ ဓာတ်ပုံတွေရိုက်၊ ဗီဒိယိုတွေ ရိုက်နေကြတာတွေ့ရတော့ စိတ်ထဲမှာ တော်တော်ကို ခံရခက်ပါတယ်။

ကိုယ့်ရဲ့ဝတ်စားဆင်ယင်မှုက ကိုယ့်တန်ဖိုးကိုယ်ချသလို ဖြစ်နေတာ၊ တစ်ဖက်သားရဲ့အမြင်မှာလည်း အထင်သေးစရာဖြစ်တာ၊ နောက်ဆက်တွဲ အန္တရာယ်တွေကို ဖိတ်ခေါ်သလို ဖြစ်နိုင်တာတွေကို စဉ်းစားကြသင့်ပါတယ်” ဟု ကိုယ်တိုင်တွေ့မြင်ခဲ့သူ ကျောက်မြောင်းမှ မလင်းလင်းက သုံးသပ်ပါသည်။

ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့ နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလို ပုံစံအမျိုးမျိုးနဲ့ အင်တာနက်ပေါ် ရောက်သွားနိုင်တဲ့ အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာ . . .

.
ထို့အပြင် ဒါရိုက်တာကြည်ဖြူသျှင်ကလည်း မြန်မာ့ ယဉ်ကျေးမှုပွဲတော် တစ်ခု ဖြစ်သည့် သင်္ကြန် ကဲ့သို့ ပွဲတော်မျိုးမှာ သရုပ်ပျက်ဝတ်စား ဆင်ယင်မှု နှင့် ပတ်သက်သည့် သူ၏အမြင်ကို ယခုလို သုံးသပ်ပြခဲ့သည်။

“သင်္ကြန်ဆိုတာ မြန်မာ့ ယဉ်ကျေးမှုပွဲတော် တစ်ခုပါ။

ဒီလို ပွဲတော်မျိုးမှာ ၀တ်ဆင်တဲ့ အ၀တ်အစားက ခေတ်မီလို့ရတယ်။

ဒါပေမယ့် ခေတ်လွန်ပြီး အထင်သေးစရာတော့ မဖြစ်သင့်ဘူးလေ။

သင်္ကြန်တုန်းက မြန်မာမိန်းကလေးတွေ ၀တ်ဆင်ခဲ့တာတွေကို အင်တာနက်မှာ တွေ့လိုက် ရတဲ့အခါ တော်တော်လေးကို တုန်လှုပ်မိပါတယ်။

မိန်းမကောင်းလေးတွေ မှဟုတ်ရဲ့လားလို့တောင် အတွေးဝင် မိတယ်။ စိတ်မကောင်းလည်း ဖြစ်ရပါတယ်။

၂၀၁၂ က တကယ်တမ်း ပြောရရင် ပျော်စရာကောင်းတဲ့ နှစ်တစ်နှစ်လို့ ပြောလို့ ရပါတယ်။

ကောင်းမွန်တဲ့ အပြောင်းအလဲတွေ ပေါ်မှာ လျှောက်လှမ်းနေတဲ့အချိန်မှာ အခုလိုမျိုးတွေ ပြုလုပ်တယ် ဆိုတာကတော့ တော်တော်လေးကို ဆိုးရွားသွားတယ်လို့ ဆိုရမှာပါ။

နိုင်ငံအတွက် ဘာမှ မကူညီနိုင်ရင်တောင် ကိုယ့်နိုင်ငံကိုသူများက အထင်သေးစရာ မဖြစ်အောင်၊ လက်ညှိုးထိုးစရာ မဖြစ်အောင် နေသင့်တာလေ”

ဟု သင်္ကြန် ကဲ့သို့ ပွဲတော်မျိုးမှာ သရုပ်ပျက်ဝတ်စား ဆင်ယင်မှု နှင့် ပတ်သက်သည့် သူ၏အမြင်ကို ဒါရိုက်တာကြည်ဖြူသျှင်က သုံးသပ်ပြခဲ့သည်။

.
ရှက်စရာကို မရှက်တာနဲ့ ဂုဏ်ယူစရာ မဟုတ်တာကို ဂုဏ်ယူနေတာ သင်္ကြန်ကာလအတွင်း မြန်မာအမျိုးသမီးငယ်များ အနေဖြင့် ယင်းသို့ သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြရာ၌ အချို့မှာ အတွင်းခံ အ၀တ်အစားများသာ ၀တ်ဆင်ထားသည်အထိ လွန်ကျူးစွာ ၀တ်ဆင်ခဲ့ကြပြီး ယင်းသို့ဝတ်ဆင်သူများထဲတွင် မင်းသမီးငယ်အချို့သည်လည်း ပါဝင်ခဲ့သည်။

“ဒီသင်္ကြန်မှာတွေ့ရတဲ့ မိန်းကလေးတွေအများစုကတော့ ရှက်စရာကို ရှက်ရကောင်းမှန်းမသိသလို ဂုဏ်မယူသင့်တာကိုလည်း ဂုဏ်ယူနေကြပုံပါပဲ။ ကိုယ့်ရဲ့ဝတ်ဆင်မှုအရ ကိုယ့်ကိုတစ်ဖက်သား အထင်အမြင် သေးနိုင်တာကို ထည့်မတွက်ဘဲ ဒါဟာပေါ်ပြူလာဖြစ်တဲ့ အလုပ်တစ်ခု၊ ဂုဏ်ယူစရာတစ်ခုလို့ တွေးနေကြပုံရတယ်။ ဒီလို အဖြစ်အပျက်တွေ ရှိလာတာဟာ ဖောဖောသီသီ ၀ယ်လို့ရနေ တဲ့ နိုင်ငံခြားခိုးကူးခွေတွေရယ်၊ လူငယ်ထုကြားမှာ လွှမ်းမိုးထားတဲ့ ကိုရီးယားယဉ်ကျေးမှုရယ်၊ အင်တာနက် အသုံးပြုမှုတွေရဲ့ နောက်ဆက် တွဲဂယက်လို့ပဲ ဆိုလို့ရပါတယ်။ သရုပ်ပျက် ၀တ်ဆင်ခဲ့ကြတဲ့သူတွေထဲ မှာ ဆယ်ကျော်သက် မိန်းကလေးတွေလည်း ပါဝင်ခဲ့တာကြောင့် မိဘတွေရဲ့ အုပ်ထိန်းဆုံးမမှုကလည်း အရေးပါတယ်ဆိုတာ စဉ်းစားစရာဖြစ်လာပါပြီ။

ကိုယ့်သမီး မဏ္ဍပ်သွားတယ်ဆိုရင် ဘာဝတ်သွားလဲ၊ ၀တ်သွားတဲ့ အ၀တ်အစားက ကိုယ့်သားသမီးရဲ့ ဂုဏ်သိက္ခာနဲ့ အန္တရာယ်ကို လုံခြုံစေရဲ့ လား၊ ၀တ်ထားတဲ့ အ၀တ်အစားက ရေစိုရင် ဘယ်လိုဖြစ်သွားမလဲ ဆိုတာတွေအထိ ကြပ်ကြပ်မတ်မတ် ဆုံးမဖို့တော့ လိုမယ်ထင်ပါတယ်” ဟု ဗဟန်း မြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သူ မစိုးစိုးခိုင်က ဆိုသည်။

“မဏ္ဍပ်တွေမှာ စီစီတီဗီ ကင်မရာတွေတပ်ဆင်ထားပါတယ်။ အဲဒီ ကင်မရာထားတဲ့ အဓိက ရည်ရွယ်ချက်က အကြမ်းဖက်မယ့် သူတွေကို စောင့်ကြည့်နိုင်ဖို့ပဲလား၊ မသင်္ကာ စရာသူကို ပြန်လည်ရှာဖွေနိုင်ဖို့ပဲလား။ ဒါမှမဟုတ် ဒီထဲမှာ ရိုက်ကူးထားတဲ့ သူတွေရဲ့ပုံတွေကရော ပြန်ပြီး မပျံ့နိုင်ဘူးလား။ တွေးစရာတွေကတော့ အများကြီးပါပဲ။ အခုလိုပုံစံ အမျိုးမျိုးနဲ့ အင်တာနက်ပေါ်ရောက် သွားနိုင်တဲ့အချိန်မျိုးမှာ မြန်မာမိန်းကလေးတွေနဲ့ မင်းသမီးတချို့ ဒီလို ၀တ်ဆင်ခဲ့ကြတာက ဒါဟာ ထင်ပေါ်ကျော်ကြားစေတဲ့ နည်းတစ်ခုလို့ ယူဆလို့ပဲလား ဆိုတာလောက်အထိ တွေးစရာဖြစ်လာပါပြီ” ဟု ကမာရွတ် မြို့နယ်တွင် နေထိုင်သူမအိအိက သုံးသပ်ပါသည်။

.
အနုပညာရှင် ဆိုတာ အများက အတုယူသူ ဖြစ်တဲ့အတွက် အဝတ်အစား၊ အပြောအဆို၊ အပြုအမူမှာ ပိုမို သတိထားသင့်

သင်္ကြန်ကာလအတွင်း သရုပ်ပျက်ဝတ်စားဆင်ယင်ခဲ့ကြသူများ တွင် လူငယ်သရုပ်ဆောင် အချို့လည်း ပါဝင်ခဲ့ပြီး အများသိပြီး သူများဖြစ်သည့်အတွက် ၎င်းတို့၏ဓာတ်ပုံများမှာလည်း အင်တာနက်စာမျက်နှာ များထက်နှင့် Facebook ပေါ်တွင် ပျံ့နှံ့နေခဲ့သည်။

ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက သင်္ကြန် ကဲ့သို့ မြန်မာ့ရိုးရာ ယဉ်ကျေးမှု ပွဲတော်မျိုးမှာ သရုပ်ပျက်ဝတ်စား ဆင်ယင်မှု နှင့် ပတ်သက်သည့် သူ၏အမြင်ကို ယခုလို ရှင်းပြခဲ့သည်။

“ယဉ်ကျေးမှု လှိုင်းတွေ ရိုက်ခတ်လာတဲ့အချိန်မှာ လူတွေရဲ့ ဆင်ခြင်တုံတရား ကိုယ်ခံစွမ်းအားတွေ အဆင်သင့် မဖြစ်သေးတော့ လူးကြလိမ့်ကြ ဖြစ်တာပေါ့လေ။ အဲဒီထဲမှာ လူသိများတဲ့ ထင်ပေါ် ကျော်ကြားတဲ့သူတွေ ဖြစ်နေတော့ ပိုပြီး ထင်ရှားတာပေါ့။ ရုပ်ရှင်အစည်းအရုံး ဆိုတာကတော့ အာဏာပိုင်အဖွဲ့ အစည်းတစ်ခု မဟုတ်ဘဲ NGO ဖြစ်နေတဲ့အတွက် အဲဒီလို ၀တ်ဆင်ခဲ့တဲ့ သူတွေကို ခေါ်ယူ အသိပေးဆွေးနွေးမယ်၊ သတိပေး ဆုံးမမယ် ဆိုတာမျိုးတွေပဲ လုပ်ရမှာပါ။ အဓိကတော့ ဒါက တစ်ဦးချင်းရဲ့ ကျင့်ဝတ်စောင့်ထိန်းခြင်းနဲ့ပဲ သက်ဆိုင်နေတယ်လေ။ ဒီတော့ ဒီလိုဝတ်ဆင်ခြင်းဟာ ဂုဏ်ယူစရာ မဟုတ်ပါဘူး၊ အဓိကတော့ အနုပညာရှင်ဆိုတာ ပရိသတ်ရှိပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်အားဖြင့် ပရိသတ်က အပြစ်ပေးခြင်း၊ ဒဏ်ခတ်ခြင်းဆိုတာကတော့ ရှိလာမှာပါ။ ဒီအခါမှာတော့ ဒါကရှောင်ကြဉ်စရာပါလား ဆိုတာ သိလာမယ်လို့ ယူဆပါတယ်” ဟု ရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌဦးဇင်ဝိုင်းက ရှင်းပြခဲ့သည်။

သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်ကို ယခုလို ပြောဆိုပါသည်။

“သင်္ကြန်ဆိုတဲ့ အချိန်ကတော့ ခေတ်နဲ့အညီလေး ၀တ်ဆင်ကြတဲ့ အချိန်ဆိုတော့ အနုပညာရှင်တွေအနေနဲ့လည်း အခွင့်ကောင်း တစ်ခုအဖြစ် ခေတ်နောက်ကိုလိုက်ပြီး ၀တ်ဆင်ကြတယ်လို့ မြင်ပါတယ်။ အသက်အရွယ် အရနဲ့ အခြေအနေ အချိန်အခါအရလည်း အခုလိုမျိုး ဖြစ်သွားတာ ပါပါ လိမ့်မယ်။ အရမ်းတော့ စိတ်ပူစရာမလိုဘူးလို့ ထင်ပါတယ်” ဟု သရုပ်ဆောင် ဆွေဇင်ထိုက်က သူ၏အမြင်ကို ပြောဆိုပါသည်။

.
မိန်းကလေးတွေ ဘီယာသောက်တာ ဖက်ရှင်လား

ယခုနှစ်သင်္ကြန်ကာလတွင် မဏ္ဍပ်များ၌ ရေကစားထွက်သူ မိန်းကလေးငယ်များ၊ ရေပက်ခံထွက်သူ မိန်းကလေးငယ်များနှင့် လမ်းလျှောက် ရေပက်ခံသူ မိန်းကလေးအများစုပါ ဘီယာသောက်ခဲ့ကြသည်ကို တွေ့မြင်ရပြီး ဖက်ရှင်တစ်ခု အသွင်ဖြင့် သောက်သူလည်း များပြားခဲ့ကို တွေ့ မြင်ရသည်။

ပုံမှန်သောက်သုံးလေ့ရှိသူ မဟုတ်ခြင်း၊ ကိုယ်ခံစွမ်းအားချင်း နှိုင်းယှဉ်ပါကလည်း မိန်းကလေးမှာ ယောက်ျားလေးထက် နည်းပါးခြင်းကြောင့် ယခုနှစ်သင်္ကြန်တွင် အမူးလွန်သူ မိန်းကလေးများလည်း ရှိလာခဲ့ကာ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် မိမိကိုယ်ကို စောင့်ရှောက်နိုင်စွမ်း မရှိတော့ခြင်း၊ အရှက်အကြောက် တရားများ နည်းပါးသွားခြင်းများကိုပါ တွေ့မြင်လာခဲ့ရသည်။

“အခုနှစ် သင်္ကြန်မှာ ကောင်မလေးတွေ တော်တော်များများက ဘီယာဗူးတွေကိုင်ပြီး သောက်နေကြတာကိုတွေ့ရတယ်။ ဘီယာသောက်တာကို ဖက်ရှင်တစ်ခုပုံစံမျိုး ကျင့်သုံးလာကြတယ်။ တော်တော်လေးကို လွဲမှားတဲ့အယူအဆလို့ ဆိုနိုင်သလို အန္တရာယ်လည်း များပါတယ်။ ဘီယာမူးသွားဖို့ဆိုတာကလည်း ယောက်ျားလေးတစ်ယောက်ထက်ကို ပိုပြီးမြန်ဆန်နိုင်ပါတယ်။ အဲဒီရဲ့နောက်ဆက်တွဲ အနေနဲ့တော့ ဆင်ခြင်တုံတရား၊ အရှက်အကြောက် တရားဆိုတာတွေပါ ပျောက်ဆုံးသွားနိုင်ပါတယ်” ဟု လသာမြို့နယ်တွင် နေထိုင်သူ မိခင်တစ်ဦး ဖြစ်သည့် မမိုးမိုးအောင်က ဆိုပါသည်။

ယခုနှစ် သင်္ကြန်ကာလအတွင်း ရေကစားမဏ္ဍပ်အချို့၌ မိန်းကလေးများသည် သရုပ်ပျက် ၀တ်စားဆင်ယင်မှုများသာမက အနောက်တိုင်း အကများကိုလည်း လွန်ကျူးစွာ ကခုန်ခဲ့သည်များ ရှိခဲ့ပြီး အဆိုပါ မိန်းကလေးများတွင် အချို့မှာ လုပ်ငန်းသဘောတစ်ခုအဖြစ် မဏ္ဍပ်မှ ငှားရမ်းထားသူများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အချို့မှာ ကာယိနြေ္ဒကို စော်ကားရန် ကြံရွယ်ချက်ဖြင့် ပြောဆိုခြင်း၊ ကိုယ်အမူအရာပြခြင်းများ ပြုလုပ်သည့် အမျိုးသား အမျိုးသမီးများလည်း ရှိခဲ့ကြောင်း ရေကစားသူ များထံမှ သိရသည်။

“တချို့မဏ္ဍပ်တွေမှာ ကနေတဲ့ မိန်းကလေးတချို့က တော်တော်လေး ဆိုးကြတယ်။ အဲဒီတချို့ကမဏ္ဍပ်က သူတို့မဏ္ဍပ်စည်အောင် ဆိုတဲ့သဘောနဲ့ အလုပ်သဘော ငှားထားတာမျိုးတွေ ပါတယ်။ ဒီတော့ကကြတဲ့ မိန်းကလေး တွေကလည်း သူတို့အလုပ်သဘော သူတို့ပေါ့လေ။ ဒါပေမယ့် အဲဒါမျိုးတွေ ရှိနေတဲ့ အခါကျတော့ မိကောင်း ဖခင် သားသမီးလေးတွေ ဖြစ်ပေမယ့် ခေတ်လွန်ဝတ်စား ထားကြတဲ့ မိန်းကလေးတွေကိုပါ အုတ်ရောရော ကျောက်ရောရော အထင်ခံစရာဖြစ်နိုင်တယ်” ဟု ဗဟန်းမြို့နယ်တွင် နေထိုင်သူ ကိုကျော်မိုးက သုံးသပ်ခဲ့သည်။

.
မလုံ့တလုံ ၀တ်ဆင်ခြင်းဖြင့် ဥပဒေအရ အရေးယူခံရနိုင်

သင်္ကြန်ကာလတွင် ညစ်ညမ်းသော ပြုလုပ်ခြင်းများဖြစ်သည့် မလုံ့တလုံ ၀တ်စားဆင်ယင်မှုများ၊ ထိုသို့ ၀တ်စားဆင်ယင်ကာ ညစ်ညမ်းသော အမူအရာပြုလုပ်ခြင်းများသည် ရာဇ၀တ်မှုပင် မြောက်နိုင်ပြီး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၉၄(က) အရပြစ်မှု ထင်ရှားစီရင်ခြင်း ခံရပါက ထောင်ဒဏ် သုံးလအထိ ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၉၄ (က) တွင် ပြဌာန်းထားသည်မှာ မည်သူမဆို အခြားသူများ စိတ်ငြိုငြင်အောင် အများပြည်သူဆိုင်ရာ နေရာ တစ်ခုခုတွင် ညစ်ညမ်းသော ပြုလုပ်မှု တစ်ခုခုကိုပြုလျှင် ထိုသူကို သုံးလထိ ထောင်ဒဏ် တစ်မျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟူ၍ ဖြစ်ပါသည်။


အရှင်ဆေက (ခေတ္တရဟန်း)


(Credit - စင်ကာပူရောက် မြန်မာများ)

*
မြန်မာမလေးတွေ မြန်မာလို လှစေချင်ပါတယ်။

အမေစုလို ဇွဲ၊ သတ္တိ၊ သံမဏိစိတ်ထား နဲ့ ကိုယ်ကျိုးကို လုံးဝ မကြည့်ဘဲ ပြည်သူ့မျက်နှာသာ ကြည့်တဲ့ အမေစုလို စိတ်ဓာတ်မျိုး မွေးကြပါ။

မလုံမလဲ ၀တ်ပြီး အတွင်းသား ဖော်ပြတာ ဒီမိုကရေစီ မဟုတ်ပါ။

အမေစုရေ ...

မြန်မာမလေးတွေ ဒီမိုကရေစီအကြောင်း မသိကြသေးဘူး ။

ချွတ်ဖော်ပြနေကြတာ လွန်လွန်းတယ် ။

အမေ ဆုံးမပေးပါအုံး ။

.
အရှင်ပညာဝံသ (ဥပဒေ)၊ B.A 1st year (S.B.A)
ရွှေမဂ္ဂင် စာသင်တိုက်၊ မန်းတောင်ခြေ။


လှလိုက်တဲ့ မြန်မာစာလုံးလေးဗျာ၊ "လုံမ" တဲ့။ အဓိပ္ပါယ်နဲ့ ပြည့်စုံပြီးတော့ ကျက်သရေရှိလိုက်တာ။ ရှေးက စကားလုံးကို သုံးသွားတဲ့သူများ ဘယ်လောက် တော်ကြသလဲဗျာ။

အခုခေတ်တော့ အခေါ်ဝေါ်လေးတွေက ပြောင်းသွားပြီလေ။ ယောက်ျားလေးတွေက မိန်းကလေးတွေကို သုံးနှုန်းကြတဲ့ စကားလုံးက "ဆော်" တဲ့။ အတိတ် နိမိတ် ဘယ်လောက် ကောင်းလိုက်သလဲ။ ဒါကြောင့်မို့လား မသိ၊ နိုင်ငံ အချင်းချင်း "ဆော်" လိုက်ကြ၊ လူမျိုး အချင်းချင်းလဲ "ဆော်" လိုက်ကြ၊ "ဆော်" လို့ကို မပြီးနိုင်တော့ဘူး။ သွေးမြေကျမှုတွေ များများလာတယ်နော်။

ဒါပေမယ့် ဗုဒ္ဓဘာသာ ပေါ်ထွန်းလာတာ နှစ် ၂၅၀၀ ကျော်လာပြီ ဖြစ်ပေမယ့် ဗုဒ္ဓဘာသာကြောင့်တော့ သွေးမြေကျမှု မရှိသေးပါဘူး။ ဂုဏ်ယူစရာလေး တစ်ခုပါ။ ဘာကြောင့်လဲ ဆိုတော့ ဒို့ဘုရားက ငြိမ်းချမ်းရေးဝါဒ ဖြစ်လို့မို့လေ။ အဲ .. sorry .. ပါ၊ လိုရင်းကို မရောက်နိုင်သေးဘူး။

ဒီတော့ "လုံခြုံအောင် ၀တ်စားတတ်တဲ့ မိန်းမ" မို့လို့ "လုံမ" ဆိုတဲ့ စကားလုံးနဲ့ ခေါ်ဝေါ် သုံးစွဲလာတာ ဆိုပြီး အဓိပ္ပါယ် ဖွင့်ချင်ပါတယ်။ ဦးဇင်း အယူအဆ ပြောတာပါ။ လက်ခံသင့်၊ မသင့် ကိုတော့ ကိုယ်ပိုင်ဦးနှောက်လေးနဲ့ စိစစ် ဝေဖန်ပေးကြပါ။

ဟုတ်ပြီ၊ ဒီတော့ မလုံ့တလုံ ၀တ်စားနေကြတဲ့ ခေတ်သစ် ညီမလေးများ၊ မမများဟာ ခေတ်မှီဖို့ ၀တ်ကြတာလား။ လုံအောင် ၀တ်ရမှာ ကြောက်လို့ မလုံ့တလုံ ၀တ်ကြတာလား၊ ဆင်းရဲလို့ အလျားပြည့်၊ အနံပြည့် မ၀တ်နိုင်ကြတာလား ဆိုတာတော့ မေးမကြည့်မိဘူး။
အကြောင်းတစ်ခုခုတော့ သူတို့ ဆီမှာ ၇ှိကြပါလိမ့်မယ်။

ဘာပဲ ဖြစ်နေဖြစ်နေ မလုံမှတော့ ပေါ်မှာပေါ့။ ပေါ်တော့ ဘာဖြစ်လဲ .... မြင်ကြမှာပေါ့။

ကတ်တဲ့ လူတွေကတော့ ပြောကြပါလိမ့်မယ်.. "အမလေး မကြည့်ချင်ရင် မမြင်ပါဘူး"။ ဟုတ်တာပေါ့၊ မျက်စိရှေ့တည့်တည့် တိုးပေမယ့် မျက်နှာလွှဲတဲ့သူက လွှဲလိမ့်မယ်။ မလွှဲနိုင်သူက ချောင်းကြည့်မယ်။ ဒီထက် ပိုတဲ့လူများက ဓာတ်ပုံတွေ အဖြစ် ပြောင်းလဲပစ်ကြတယ်လေ။

.
အဲ according to Buddhism ဗုဒ္ဓဘာသာ ရှုထောင့်ကကြည့်မယ် ဆိုရင်လဲ လူတွေ မှာ ဒီ "ဟိရိ" နဲ့ "သြတ္တပ္ပ" ဆိုတဲ့ မကောင်းမှု လုပ်ရမှာ ကို "ရှက်ခြင်း" နဲ့ "ကြောက်ခြင်း" ကင်းမဲ့လာပြီဆိုရင် လောကကြီး ပျက်စီးတော့မှာပါတဲ့။ ဒါ့ကြောင့် ဒီ "ဟိရိ" ("ရှက်ခြင်း") နဲ့ "သြတ္တပ္ပ" ("ကြောက်ခြင်း") နှစ်ခုကို "ကမ္ဘာစောင့် တရား နှစ်ပါး" လို့ ခေါ်တာပါ။

ဒါဖြင့် ဒီလို ၀တ်စားဆင်ယင်မှုဟာ မကောင်းမှုထဲ သွင်းလို့ ရသလား။

တစ်ဆင့်ချင်း (step by step) စဉ်းစားကြည့်ကြရအောင်။

မိမိ ဒါမျိုး ပြုမှု လိုက်တဲ့ အတွက် မိမိ၏ ဆန့်ကျင်ဘက် လိင် (gender) တစ်ဦးမှာ -
(၁) "မနောကံ အကုသိုလ်"
(၂) တစ်ဆင့်တက်တော့ ဘယ်လို ဘယ်ညာ ပြောပြီ ဆိုရင် "၀စီကံ အကုသိုလ်"
(၃) ထိမ်းမနိုင် သိမ်းမနိုင်လို့ ကိုယ်ထိလက်ေ၇ာက် ကျူးလွန်လိုက်ရင် "ကာယကံ အကုသိုလ်"
ဒီလိုမျိုးတွေ ဖြစ်သွားနိုင်ပါတယ်။

မိမိ အတွက် နှင့် သူတစ်ပါး အကုသိုလ် ဖြစ်မယ် ဆိုရင် "မိမိကိုယ်ကို အပြစ်ကင်းတယ်" လို့ ယူဆသလား။ "အကုသိုလ် မဖြစ်ဘူး" လို့ ယူဆပါသလား။ "အကုသိုလ် မဖြစ်ဘူး" လို့ ယူဆရင် လွဲသွားမယ်နော်။

ဒီစကားတွေက မိမိ မြန်မာနိုင်ငံသူများသာ ပြောသင့်လို့ ပြောတာပါ။ တခြားမှာ ပြောလို့ မရဘူးလေ။ ဘာလို့လဲ ဆိုတော့ သူတို့က "ကုသိုလ်" ဆို "I don't know" ၊ "အကုသိုလ်" ဆို "I don't know" ကိုး။

ကဲ ကိုယ်ကိုယ်တိုင်တော့ အပ်ချိတ်နဲ့ လိုက်ပြီး ဖာထေး မပေးနိုင်လို့ ဖတ်သွားမိသူများ ယူတတ်ကြပါစေ လို့ ဆန္ဒပြုရင်း -

သြော် ...
လုံ...မှ တော်မယ်၊ လုံမငယ်။
လုံ...မှ တော်မယ်၊ လုံမငယ်။
လုံ...မှ တော်မယ်၊ လုံမငယ်။

မေတ္တာဖြင့် -
အရှင်ပညာဝံသ (ဥပဒေ)၊ B.A 1st year (S.B.A)
ရွှေမဂ္ဂင် စာသင်တိုက ၊ မန်းတောင်ခြေ။


(ဘကြီးသက်)

.
၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၆ ရက်

နောင်ကျင်းပမည့် သင်္ကြန်ပွဲတော်များ၌ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မရှိစေရန် တားမြစ်ပိတ်ပင်ရေး အဆိုအား ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။ ယင်းအဆိုကို သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က တင်သွင်းခဲ့ပြီး ကိုယ်စားလှယ် ၄ ဦးက ပါဝင်ဆွေးနွေးခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကျင်းပရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီး ဒေါ်စန်းစန်းနွယ်က မြန်မာ့ရိုးရာ သင်္ကြန်ဆင်နွှဲသူများ လိုက်နာရန် စည်းကမ်းချက်များကို ယင်းပွဲတော်မတိုင်မီ နိုင်ငံပိုင် သတင်းစာများမှ ထုတ်ပြန် ကြေညာသွားမည်ဖြစ်ပြီး စည်းကမ်းမလိုက်နာသည့် သင်္ကြန်မဏ္ဍပ်များကို စာရင်းမှတ်သားကာ နောင်နှစ်တွင် ခွင့်ပြုချက် ပိတ်ပင်သည့်နည်းဖြင့် အရေးယူသွားမည်ဟု ဆိုသည်။

ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ် ၂ မှ ဒေါ်ညိုညိုသင်းကမူ သင်္ကြန်ကာလအတွင်း အမျိုးသမီးများ သရုပ်ပျက် ဝတ်စားဆင်ယင်မှု မရှိစေရန် တားမြစ်ပိတ်ပင်ပါက အမျိုးသားများ မူးယစ်သောက်စားကာ ရမ်းကားမှု မရှိစေရန်လည်း ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။

သင်္ကြန်ကာလအတွင်း ခိုက်ရန်ဖြစ်ပွားမှု၊ ကြမ်းတမ်းသည့် ရေကစားမှု၊ တိုင်းရင်းသားစည်းလုံးမှုကို ပျက်ပြားစေသည့် ဆူပူမှုများ မပြုလုပ်ရန် တားမြစ်ထားပြီး မြန်မာ့ရိုးရာနှင့် မဆီလျော်သည့် ဝတ်စားဆင်ယင်မှုများကိုလည်း ကြပ်မတ်စစ်ဆေး မှတ်တမ်းတင်သွားမည်ဟု ဝန်ကြီးဒေါ်စန်းစန်းနွယ်က ပြောသည်။

ယခု ကျင်းပခဲ့ပြီးသည့် ၂၀၁၂ ခုနှစ် သင်္ကြန်ကာလတွင် သရုပ်ပျက် ဝတ်စားဆင်ယင်မှုများ ရှိခဲ့သည့်အတွက် နောင်ကျင်းပမည့် သင်္ကြန်ပွဲတော်များ ယင်းကဲ့သို့ ကိစ္စရပ်များ မဖြစ်ပေါ်စေရန် ယင်းအဆိုကို တင်သွင်းရခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ထပ်လောင်းပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၆ ရက်နေ့ထုတ် Popular News ဂျာနယ်တွင် ဖော်ပြထားပါသည်။

(Credit - International Social Network Myanmar)

Myanmar News Update


လုံမငယ်များ ရှက်တတ်ပါစေ


ဒီမယ် လုံမငယ် .....
မင်းနေတာ မြန်မာမှာ
မင်းမွေးတာ မြန်မာမှာ
မင်းစားတာ မြန်မာထမင်းပါ ။
မင်းအဖေ ဘာလဲ ။ မင်းအမေ ဘာလဲ ။

တခြားနိုင်ငံကို အားကျတယ် ။
ဓလေ့ကို ကိုးကွယ်တယ်ဆို မြန်မာမှာ မနေပါနဲ့ လား ။

အဖေါ်အချွတ် ၀တ်တိုင်း အပျက်မ မဟုတ်ပေမဲ့
မင်းတို့ လုပ်ရပ် အပျက်မထက် ဆိုးနေပါလား ။

ရှေ့လေးကို ဖုံး ခေါင်းလေး လုံယုံနဲ့ 
တော်တော် ဖုံးဖုံးဖိဖိ ဖြစ်နေပြီလို့ 
မင်း ထင်လေသလား ။
လုံမငယ် .....

ဟုတ်ပါတယ် ။ မင်း ခန္ဓာ မင်း ပြနေတာပါ ။
မင်း အတွက် ရှက်စရာမဟုတ်ဘူး ။
ဒါပေမဲ့ မြင်တဲ့သူ မြန်မာအမျိုးသားတိုင်း
ရှက်တယ်ကွ ။
ကိုယ့်တန်ဖိုးကို ကိုယ်မသိမှတော့
မင်းဟာ ဘယ်တော့မှ
တန်ဖိုးကြီးတဲ့ အမျိုးသမီး ဖြစ်မလာနိုင်ဘူး ။
ဒါ့ကြောင့် တန်ဖိုး မရှိတဲ့ မိန်းမ ငါတို့လူမျိုး ဖြစ်လေပါလား ဆိုပြီး
ငါတို့ မြန်မာ အမျိုးသားတွေ ရှက်တယ် ။

ဒါမျိုး ၀တ်ချင်ရင် ဒါမျိုး ပြချင်ရင်
ကျေးဇူးပြုပြီး မြန်မာမှာ မနေပါနဲ့လား ။
တောင်းဆိုတာပါ ။
တို့ မြန်မာ မိန်းကလေးတွေ အားလုံး အရှက်ရစေတယ် ။
နောင်လာနောက်သား ကလေးတွေလည်း လမ်းမှားစေတယ် ။

ဒီလို လုပ်ရပ်တွေကို လက်ခံနိုင်တဲ့ အသိုင်းအ၀ိုင်းကိုလည်း အံ့သြမိပါတယ် ။
ဒါကိုပိတ်ပင်ရင် ခင်ဗျားတို့ နောက် ၁ ခါ မကြည့်ရမှာ စိုးလေသလား ။
ခင်ဗျားတို့ သားသမီး ဆိုရင်ရော ခင်ဗျားတို့ လက်ခံပြီး ဒီအတိုင်း ကြည့်နေမှာလား ။
သားသမီးချင်း ကိုယ်ချင်းစာပြီး ကိုယ့်နိုင်ငံ ယဉ်ကျေးမှုကို ထိန်းသိမ်းပေးပါ ။

လုံမငယ်များလည်း ရှက်တတ်ပါစေ ။
ခိုးစား ၀ှက်စားမှ အရှက်ရတာမဟုတ်ဘူး ။
ရှိတာကို ထုတ်ကြွားရင်လည်း ငကြွား နာမည်ရပြီး အရှက်ကွဲတတ်ပါတယ် ။
လုံမငယ် ..... ။

အပျက်မ ဆိုတာ ခန္ဓာ ရောင်းစားမှ အပျက်မ မဟုတ်ဘူး ။
တိုင်းပြည်ဖျက်ရင်လည်း အပျက်မပဲ ။
ယဉ်ကျေးမှု ဖျက်လည်း အပျက်မပဲ ။
ကုန်ကုန်ပြောမယ် ။
ကိုယ့်တန်ဖိုးကို ဖျက်နေလည်း ....
ဒါဟာ အပျက်မပဲ ။
လုံမငယ် ..... ။


အမှန်တရားဆိုတာ နားခါးပါတယ် ။
ဆေးစွမ်းကောင်းဆိုတာ အမြဲ ခါးသက်ပါတယ် ။

မင်းတို့ ပျက်စီးနေသော အပျက်မသို့ ...
အမှန်တရား ဆေးခါး ၁ ခွက်
သားသမီးချင်း ကိုယ်ချင်းစာပြီး နှမကဲ့သို့ တန်ဖိုးထားလို့ ငါတိုက်လိုက်တယ် ..... ။
စေတနာ နားမလည်လို့ ငါ့ ကို အမုန်းပွါးပါ ။
ဒါပေမဲ့ ဒီဆေးခါးကိုတော့ ကုန်အောင်သောက်ပြီး ကိုယ့်တန်ဖိုးကို ကိုယ်ပြန်မြှင့်နိုင်ပါစေ ..... ။


Myanmar News Update
April 7, 2013

06 February 2013
Written by ကိုအော


မမြင်ဝံ့ ပရိသတ်၊ မကြားဝံ့ သောတရှင် (သို့မဟုတ်) အာဏာရှင်စနစ်နှင့် ခေတ်လွန်မှု


"မမြင်ဝံ့ ဆေးသမား၊ မကြားဝံ့ ရှေ့နေ" ဆိုရိုးစကား ရှိခဲ့ပါသည်။ ဤသဘောသည် လုပ်ငန်းသဘောအရ တွေ့ကြုံရမှု သဘာဝကို ညွှန်းပါသည်။ ယနေ့ခေတ်တွင်မူ ခေတ်လွန်လူငယ် အနုပညာရှင် ဆိုသူတို့၏ ဆင်ယင်ထုံးဖွဲ့မှု ဖျော်ဖြေ တင်ဆက်မှုတို့က "မမြင်ဝံ့ ပရိသတ်၊ မကြားဝံ့ သောတရှင်" ဖြစ်နေရပါပြီ။

အခုတစ်လော Facebook တွင် အဆိုတော်၊ အဆိုကျော်တို့၏ အမြင်မတင့်တယ်ပုံ တစ်ခု တွေ့လိုက်ရပါသည်။ ပြီးခဲ့သည့် သင်္ကြန်အခါက အနုပညာရှင် ဆိုသူများ အပါအ၀င် မြန်မာလေးမလေးများ၏ အမြင် မကောင်းသည်များကို တွေ့လိုက်ရပြန် ပါသေးသည်။ လမ်းမပေါ် ကြည့်ကြည့်လိုက်လျှင်လည်း အမြင် မတော်ရာသာ များပါသည်။ ခေတ်အနေအထား အရ မီဒီယာတို့၏ ထိုးဖောက်မှုကြောင့် တိုင်းခြား ယဉ်ကျေးမှု၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပြုမူပြောဆိုမှုများက ရိုးရာယဉ်ကျေးမှုကို ဖယ်ရှား နေရာယူလာကြပါသည်။

တားဆီးကာကွယ်ရန်၊ ခုခံတွန်းလှန်ရန် အားမရှိ အားမရ အားမပြည့်သည့်အတွက် တစ်စတစ်စ ခဏခဏ ၀င်ရောက် ပူးကပ်နေပါသည်။ ခေတ်သဘော၊ ယဉ်ကျေးမှုသဘော၊ ကမ္ဘာမှုသဘော တို့အရ အမှားကြီး မဟုတ်သေးပါ။ သို့သော် မြန်မာမှုနယ်ပယ်တွင် ဖျော်ဖြေတင်ဆက်မှုနှင့် ပတ်သက်၍ ထိန်းကွပ်သည့် စည်းတစ်ခု ရှိပါသည်။ မောင်နှင့်နှမ၊ သားနှင့်အမိ မြင်ဝံ့ခြင်း၊ ကြားဝံ့ခြင်း ပင် ဖြစ်ပါသည်။ အနုပညာ ဖျော်ဖြေတင်ဆက်မှု၊ ရေးသားဖော်ပြမှုသည် မောင်နှင့်နှမ၊ သားနှင့်အမိ အတူတကွကြည့်၍ မြင်ဝံ့လျှင်၊ အတူတကွနားထောင်၍ ကြားဝံ့လျှင် သင့်သည်ဟု မြန်မာတို့ မှတ်ယူပါသည်။ အတူတကွကြည့်၍ မမြင်ဝံ့လျှင်၊ အတူတကွနားထောင်၍ မကြားဝံ့လျှင် မသင့်၊ မကောင်း ဟု မှတ်ယူပါသည်။ ခေတ်လွန်လူငယ်တို့ သတိမူကြစေလိုပါသည်။

.
ခေတ်သဘာဝအရ ပေါ်ပေါက်လာသော အနုပညာ ဖျော်ဖြေတင်ဆက်မှု၊ ဆင်ယင်ထုံးဖွဲ့မှု၊ ပြုမူ ပြောဆိုမှု တို့ကို အပြစ်၊ အမှား၊ အဆိုး ဟု မစွပ်စွဲလိုပါ။ သို့သော် မြန်မာမှုနှင့် လျော်မလျော်၊ သင့်မသင့် ကို သတိမူစေလိုခြင်း ဖြစ်ပါသည်။ ထို့အပြင် လူငယ်တို့ ပိုမို ဂရုစိုက်စရာ အချက်တစ်ချက်ကို ညွှန်းလိုပါသည်။ နိုင်ငံရေးအနေအထားနှင့် ယဉ်ကျေးမှုအနေအထား ဆက်နွယ်မှု တစ်ခု ဖြစ်ပါသည်။ "အာဏာရှင်စနစ်နှင့် ခေတ်ဆန် ခေတ်လွန်မှု" ဟု ဆိုချင်ပါသည်။

၈၈၈၈ အရေးအခင်းကြီးတွင် လူငယ်များ၏ စိတ်အခြေအနေသည် ပြုပြင်ပြောင်းလဲမှု၊ အာဏာရှင်ချုပ်ငြိမ်းမှု တော်လှန်ရေးအတွေးအမြင် အလွန် အရှိန်ပြင်း၊ အဟုန်ပြင်း ခဲ့ပါသည်။ ထိုအခြေအနေမှ ယုတ်လျော့သွားစေရန် ထိုစဉ်က အာဏာသိမ်းခဲ့သော စစ်အစိုးရက စင်တင်တေးဂီတ၊ တီဗွီ၊ ကာရာအိုကေ၊ night club မျိုးစုံ ဖွင့်ပေးခြင်းဖြင့် ထွက်ပေါက်ပေးလိုက်သဖြင့် လူငယ် တော်တော်များများ ထိုထွက်ပေါက်ကို တိုးထွက်ကြပါသည်။

တိုးထွက်ကြသော ထွက်ပေါက်သည် ဆက်ရာလမ်း၊ တိုးတက်ရာလမ်း မရှိသော လမ်းအပိတ် ချောက်ထဲ ကျရာလမ်းမှန်း မသိကြပါ။ ထပ်ဆင့်လက်ဆောင် အနေနှင့် ရပ်ကွက်တိုင်း၊ လမ်းတိုင်းလိုလို အရက်ဆိုင်၊ ဘီယာဆိုင်၊ ကာရာအိုကေဆိုင်၊ အနှိပ်ခန်းတွေကို ဖွင့်ခွင့်ပေးလိုက်တော့ လူငယ်များ ရေစုံမျောသွားပါရော။ အရှိန်ပြင်းခဲ့သော တော်လှန်ရေးစိတ်ထားများသည် လွတ်လပ်လွန်သော၊ အညွန့်ချိုးသော ခေတ်လွန်မှုအောက် ကျရှုံးခဲ့ရပြီးပါပြီ။ ယခုလည်း တီဗွီလိုင်းတွေမှာ၊ စင်တင်တေးဂီတတွေမှာ ရှိုးပွဲ၊ ဘာပွဲ၊ ညာပွဲ ဆိုသည်တို့မှာ လွတ်လပ်စွာ ဖော်ပြခွင့်၊ လှုပ်ခါခွင့်များကို တိုးတိုးတစ်မျိုး၊ ထင်ထင်တစ်မျိုး ခွင့်ပြုနေလေတော့ လူငယ်များ ထိုအရာများနောက်သို့ ပါသွားကြပြန်ပါပြီ။

ကမ္ဘာရွာကြီးကို တစ်ခေါက်လောက် ရှုလိုက်ပါ။ အာဏာရှင်စနစ်အောက်က ရုန်းထွက်ခဲ့ပြီးသော နိုင်ငံများ၊ ရုန်းထွက်နေဆဲ နိုင်ငံများ၊ ရုန်းထွက်ရန် ကြိုးစားနေသော နိုင်ငံများတွင် ထင်လင်းမြင်သာမှုမှာ ခေတ်လွန်နေခြင်း၊ ယဉ်ကျေးမှု ဖောက်ပြန်နေခြင်းသာ ဖြစ်ပါသည်။ ဆိုဗီယက်ခွဲထွက် နိုင်ငံများ၊ အာရှမှ ဂျပန်၊ တရုတ်၊ အိန္ဒိယ စသည့် စီးပွားရေးဦးစားပေး နိုင်ငံများ၊ ဥရောပမှ ကွန်မြူနစ်-ဆိုရှယ်လစ်လူထွက် နိုင်ငံများ၊ တောင်အမေရိကမှ ကွန်မြူနစ်လူထွက် နိုင်ငံများ၊ အာရပ်နွေဦး မပီမပြင် ဖြစ်နေသောနိုင်ငံများတွင် ခေတ်လွန်ခြင်း၊ ယဉ်ကျေးမှု ဖောက်ပြန်နေခြင်းများ မြောက်မြားစွာ တွေ့နေရပါသည်။ ပိုမိုမြင်သာသည်မှာ အာဏာရှင်အုပ်စိုးသော အာဏာကို လက်ဝါးကြီးအုပ်ချင်သော နိုင်ငံများတွင် တိုးတက်သော၊ ထက်မြက်သော၊ ညီညွတ်သော၊ နိုးကြားသော လူငယ်စွမ်းအားများကို အနုပညာ၊ ၀တ်စားဆင်ယင်မှု စသည့် အပိုင်းများတွင် ခေတ်လွန် လော်မာခွင့် ပေးခြင်းဖြင့် ထိန်းကွပ်ထားတတ်ကြပါသည်။ အာဏာတည်မြဲရေး အတွက် နိုင်ငံရေးဘက် လှည့်မလာစေရန် လမ်းလွှဲပေးခြင်းလည်း ဖြစ်ပါသည်။

.
ဆိုခဲ့သည့်အချက်ကို လူငယ်တို့ သတိမူမိစေလိုပါသည်။ ပေးထားသော ထွက်ပေါက်သည် လွတ်လမ်း မဟုတ်၊ ကျလမ်း ဖြစ်သည်ကိုလည်းကောင်း၊ ပြထားသော လမ်းလွှဲသည် ဖြတ်လမ်း မဟုတ်၊ လမ်းပိတ် ဖြစ်သည်ကိုလည်းကောင်း သတိပြု ဆန်းစစ်ကြည့်စေလိုပါသည်။ လွတ်လပ်သော အနုပညာဖော်ထုတ်ခွင့် ရှိသည်ဆိုလျှင် ထိန်းသိမ်းရမည့် အမျိုးသားရေးစံနှုန်း၊ အမျိုးသားရေးတန်ဖိုးလည်း ရှိသည်ဟု ဆိုချင်ပါသည်။ လမ်းကျကျ ဆိုရသော် ထိန်းညှိ သုံးသပ် ဆောင်ရွက်ပါ ဟု အကြံပြုလိုပါသည်။

စင်မြင့်ထက်မှ မီဒီယာများထက်မှ ဖော်ပြ၊ ချွတ်ပြ၊ တိုပြ၊ ဟိုက်ပြ၊ လှုပ်ပြ၊ ခါပြနေခြင်းက မိမိအပါအ၀င် လူငယ်ထုအတွက် ကျလမ်းကို ညွှန်းနေသည်ကို ခေတ်အနုပညာရှင်ဆိုသူတို့ ဆင်ခြင်မိဖို့ ကောင်းပါသည်။ အားပေးကြည့်ရှုနေသည့် လူငယ်အပေါင်းကလည်း ထို အနုပညာ ခေတ်လွန် လော်မာမှု၊ အ၀တ်အစား ခေတ်လွန် လော်မာမှုများနောက်သို့ လိုက်လျှင် မိမိအတွက် တိုးတက်ရာလား၊ ကျဆုံးရာလား ဆင်ခြင်မိဖို့ ကောင်းပါသည်။

တစ်ခုလောက် ပြောလိုပါသေးသည်။ မိမိတို့နိုင်ငံထက် စော၍ အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ် အသွင်ကူးပြောင်းသော နိုင်ငံတို့တွင် အမျိုးသားရေးတန်ဖိုးများ မည်မျှ ပျောက်ဆုံးသွားလေသနည်း၊ ထိုနိုင်ငံမှ မျိုးဆက်သစ် တို့က နိုင်ငံကို မည်သို့ တည်ဆောက် ဖန်တီးကြလေသနည်း၊ အနုပညာလွတ်လပ်ခွင့် ဟု ဆိုကာမတ္တနှင့် အခြား လွတ်လပ်မှု၊ ဖန်တီးမှု အခွင့်အအရေးများ မည်မျှ ဆုံးရှုံးသွားလေသနည်း။ ကမ္ဘာကြည့် ကြည့်ကြဖို့လိုမည် ထင်ပါသည်။

ကမ္ဘာကြည့် ကြည့်လျှင် သိသိသာသာ ထင်ထင်ရှားရှား မြင်နိုင်ပါသည်။ အနုပညာ ခေတ်လွန် လော်မာမှု၊ အ၀တ်အစား ခေတ်လွန် လော်မာမှုများကြောင့် ဖြစ်လာသော အမျိုးသားရေးစံနှုန်း ဆုံးရှုံးမှု၊ အမျိုးသားရေးတန်ဖိုး ဆုံးရှုံးမှုများက အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပါသည်။ အသိဥာဏ်ကိုဖွင့်၍ ထက်မြက်အောင်ပြုလုပ်မည့်၊ အတွေးအမြင်ကို ဖြန့်၍ ဖွံ့ဖြိုးအောင် ပြုလုပ်မည့်၊ အတွေ့အကြုံကို စိစစ်၍ ကောင်းမြတ်အောင် ပြုလုပ်မည့် လူငယ်များ လမ်းလွဲ၊ လမ်းမှား၊ လမ်းပိတ် မလိုက်မိကြစေရန် ပညာရှင်များ၊ အနုပညာရှင်များ၊ မိဘအုပ်ထိန်းသူများ (ဖြစ်နိုင်လျှင် အစိုးရကပါ အမျိုးသားရေးအသွင်ဖြင့်) ၀ိုင်းဝန်း ထိန်းကျောင်း ပဲ့ပြင်ပေးကြပါ ဟု တိုက်တွန်းလိုပါသည်။

အို လူငယ်တို့၊ "မမြင်ဝံ့ ပရိသတ်၊ မကြားဝံ့ သောတရှင်" ဖြစ်စေမည့် အမူအကျင့်များကို စွဲလမ်းနှစ်ခြိုက် လက်ခံနေလျှင် လူငယ်တို့ အလွန်မုန်းကြသော အာဏာရှင်ပယောဂကြီး ပူးကပ်ခံရပါလိမ့်မည်။ သတိမူကြပါ။ ကိုယ်ခံအား၊ ခုခံအား ကောင်းကြပါစေ။


ကိုအော
မောက္ခ ပညာရေးမဂ္ဂဇင်း

Tuesday, January 15, 2013
လေးမြို့ သတင်းမီဒီယာ

ဘယ်လိုဒီဇိုင်းတွေပဲဝတ်ဝတ် အမြင်မရိုင်းဖို့ လိုပါတယ် ဆိုတဲ့ မေသန်းနု

အဝတ်အစားပိုင်းနဲ့ ပတ်သက်ပြီး ဝါရင့် သရုပ်ဆောင် တစ်ယောက်အနေနဲ့ သုံးသပ်ပေးပါဦး ဆိုတော့

မဆင့် (မေသန်းနု) က အခုလို ပြောပြပါတယ်။

"အဝတ်အစား ဆိုတာက ဝတ်တတ်ရင် လှပါတယ်။ လူတိုင်းကိုတော့ အလွန်အကျွံ မဖြစ်စေချင်ပါဘူး။ မဆင့် တို့ မြန်မာအများစုက ဗုဒ္ဓဘာသာဝင်တွေ ဆိုတော့ မြန်မာ့ယဉ်ကျေးမှုကိုတော့ ထိန်းသိမ်းစေချင်ပါတယ်။ အခုခေတ် လူငယ်တွေကတော့ အဝတ်အစားနဲ့ ပတ်သက်ရင် ဒီဇိုင်းထွင်ပြီး ဝတ်ကြတယ်။

ဘယ်လိုဒီဇိုင်းတွေပဲ ဝတ်ဝတ် အမြင်မရိုင်းဖို့ လိုပါတယ်"

လို့ ပြောသွားပါတယ်။

နီနီ(IC) မှ FIRST MUSIC NEWS
လေးမြို့ သတင်းမီဒီယာ



ကယ်တော်မူကြပါဗျို့ . . .

( အလင်းတန်းဂျာနယ်

(၂၀၁၃၊ နိုဝင်ဘာ ၁၁၊ တနင်္လာနေ့) မှာ ဖော်ပြထားသည့် ဆရာ ဦးဝင်းငြိမ်း ၏ ဆောင်းပါး )


ဝင်းငြိမ်း
၂၀၁၃၊ နိုဝင်ဘာ ၁၁၊


သြဂုတ်လ ၁၄ ရက်နေ့မှာ ကျနော် ရုံးကိုသွားဖို့ အိမ်က လှေကားအဆင်း ချော်ကျခဲ့ရာက အရိုး အက်သွားတဲ့အတွက် အခုဆိုရင် တုတ်ကောက်တချောင်းနဲ့ လမ်းလျှောက်နေရပါတယ်။
ဒါကြောင့် ဖိတ်လာတဲ့ ပွဲမှန်သမျှကို မလွှဲသာ မရှောင်သာတဲ့ပွဲကလွဲရင် မတက်တော့ပါဘူး။
ပွဲကျင်းပတဲ့ နေရာက လှေကားနဲ့ တက်ရမယ် ဆိုရင်လည်း မရောက်တော့ပါဘူး။

နိုဝင်ဘာလ ၃ ရက်နေ့မှာ ကျင်းပမယ့် ရွှေ FM ရဲ့ စတုတ္ထ နှစ်ပတ်လည် အခမ်းအနားကို တက်ရောက်ဖို့ ဖိတ်စာ ရောက်ခဲ့ပေမယ့်လည်း မတက်ဖြစ်တော့ဘဲ
အိမ်ကနေ MNTV က တိုက်ရိုက် လွှင့်တာကိုပဲ ကြည့်ဖြစ်ပါတယ်။
အသက်အရွယ်အားဖြင့် ၇ဝ နားကို ချည်းကပ်လာပြီဖြစ်လို့ လူငယ်တွေရဲ့ သီချင်း တော်တော်များများကို နားမဝင်သော်ငြားလည်း သူတို့ခေတ်ပေကိုးလို့ အောက်မေ့လက်ခံပါတယ်။
သီချင်းများနည်းတူ ဒီခေတ်မှာ မပါမဖြစ် ရှိလာတဲ့ အကအဖွဲ့များရဲ့ တင်ဆက်မှုများကိုလည်း အလွန်အကြူး မဟုတ်ရင် မချစ်သော်လည်း အောင့်ကာနမ်း ဆိုသလို လက်ခံပါတယ်။

ဟစ်ဟော့ပ်တွေ ပေါ်ကာစက ကမ်းနားလမ်း ဟိုတယ်မှာ ကျင်းပတဲ့ ပွဲတပွဲမှာ အဆိုကျော်က သီဆိုရင်း ဘောင်းဘီခွကို အကြိမ် ၂ဝ မက မ,မပြီး ကပြပါတယ်။

ပထမဆုံး အကြိမ် မြင်တွေ့လိုက်ရတာ ဖြစ်လို့ တော်တော် ကသိကအောက် ခံစားခဲ့ရပါတယ်။
ဒီအကြောင်းကို အလင်းတန်း ဂျာနယ်မှာ ဆောင်းပါးတပုဒ် ရေးပြီး ဖော်ပြဖို့ ကြိုးစားပေမယ့် စာပေစိစစ်ရေးက ဖြုတ်ခိုင်းတာကြောင့် ဖြုတ်ပေးခဲ့ရပါတယ်။

ဟစ်ဟော့ပ် ဂီတရဲ့ ဇာစ်မြစ်နဲ့ လူမည်းအဆိုကျော်တွေ ဘာကြောင့် ဒီလိုလုပ်တာလဲလို့ ဆန်းစစ်ကြည့်တော့ ဒီသီချင်းတွေကို တီထွင် သီဆိုသူတွေက လူမည်းများ ဖြစ်ပါတယ်။
အများစု နားထောင်သူတွေက လူဖြူများ ဖြစ်တာကြောင့် သီဆိုသူ လူမည်းများက စင်ပေါ်ကနေ “ဒါပဲ” ဆိုတဲ့သဘော လုပ်ပြကြတာပါ။
ဒီလိုနဲ့ပဲ ဘောင်းဘီခွ မ,ခြင်းဟာ ဟစ်ဟော့ပ် သီဆိုသူတိုင်းအတွက် မဖြစ်မနေ ပုံတူကူးရမယ့် ပုံစံ ဖြစ်သွားပါတယ်။
သီချင်းပုံစံကို ပုံတူကူးခြင်းက ကမ္ဘာနဲ့အဝန်းမှာ ဖြစ်ပေါ်နေတဲ့ ကိစ္စဖြစ်လို့ အပြစ်မဆိုသာပါဘူး။
ဒါပေမယ့် အပြုအမူကိုပါ ပုံတူကူးခြင်းကတော့ လက်ခံဖို့ သင့်မသင့် လူငယ်တွေ စဉ်းစားသင့်ပါတယ်။
လူမည်းတွေက လူဖြူတွေကို “ဒါပဲကွ”လို့ လုပ်ပြတာကို ကျနော်တို့ ကလေးတွေက လိုက်လုပ်ရင် စင်အောက်မှာ ကြည့်နေတဲ့သူ အားလုံးကို စော်ကားတာနဲ့ အတူတူပါပဲ။

တီဗွီဖန်သားပြင်ပေါ်မှာ ဟစ်ဟော့ပ် လူငယ်သုံးယောက် ဖျော်ဖြေမှုကို တွေ့ရပါတယ်။
နာမည်အကြီးဆုံးလို့ ဆိုနိုင်တဲ့ ဟစ်ဟော့ပ် လူငယ်က မ,လိုက်တဲ့ အမ၊ သီချင်းအစ အဆုံးမှာ အကြိမ် ၂ဝ မကပါဘူး။
ဒီအစီအစဉ်က ပွဲခင်းထဲမှာရှိတဲ့ ပရိသတ်သာမက တိုက်ရိုက် လွှင့်ထုတ်နေတာ ဖြစ်လို့ တနိုင်ငံလုံးက တေးချစ်သူတွေ စောင့်ကြည့်နေကြပါတယ်။
သူ့အဘိုး အရွယ်၊ သူ့အဖေ အရွယ်၊ သူ့ဦးလေး အရွယ် အားလုံး ပါဝင်နိုင်ပါတယ်။ စော်ကားလိုက်တာမှ တတိုင်းပြည်လုံးကိုပါပဲလား။
သူကတော့ စော်ကားလိုက်မယ့်လို့ ရည်ရွယ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သူ့အပြုအမူက တော်တော်ကြီးကို ဆိုးဝါးပါတယ်။



တခြားလိုင်းကို ပြောင်းပြန်ရင်လည်း ကိုရီးယားကားနဲ့ တွေ့ဦးမယ်။
ပြီးတော့ ကိုယ်က သတင်းသမားပီပီ ဘယ်သူတွေ ဆုရမှာလဲ ဆိုတာကိုလည်း သိချင်သေးတာဆိုတော့ ဒီလိုင်းကိုပဲ ဆက်ကြည့်ပါတယ်။

Artist of the Year ဆုရသွားတဲ့ စိုင်းစိုင်းခမ်းလှိုင်ရဲ့ ဖျော်ဖြေမှုကို ကြည့်ရပါတယ်။
မြိုင်မြိုင်ဆိုင်ဆိုင် ဖျော်ဖြေမှုတွေနဲ့ စိုင်းစိုင်းခမ်းလှိုင်က ပရိသတ်ကြိုက်တဲ့ သူ့သီချင်းကို တဆက်တည်း သီဆိုတင်ဆက်ရာမှာ အကအဖွဲ့ကလည်း စိုင်းစိုင်းနဲ့ ရင်ပေါင်တန်းပြီး အစွမ်းကုန် ကကြပါတယ်။ နာမည်ကြီး အကဖွဲ့ တဖွဲ့ပါ။
ဖန်သားပြင်ပေါ်မှာ မိန်းကလေးတယောက် ကပြနေတာကို ကြည့်နေရင်းက အတိုဆုံး ဝတ်ထားတဲ့ Hot Pant အောက်ကနေ အဖြူစတစ ထွက်နေတာကို လှစ်ခနဲ မြင်လိုက်ရပါတယ်။
သေချာပေါက် အတွင်းခံ ဘောင်းဘီပါ။ ပွဲခင်းထဲမှာ ရှိတဲ့ ပရိသတ်များလည်း မြင်လောက်ပါတယ်။
နောက်တနေ့ ရုံးရောက်တော့ အလင်းတန်း ဂျာနယ်အတွက် မှတ်တမ်းဓာတ်ပုံ ရိုက်ကူးလာတဲ့ ကိုလင်းနိုင်ဦးရဲ့ လက်ရာပုံတွေကို ကြည့်လိုက်ရာမှာတော့ အဲဒီ မိန်းကလေးက
တစ်ဖက်တည်း ထွက်နေတာ မဟုတ်ဘဲ နှစ်ဖက်စလုံး ဇာစများ ထွက်နေတာ တွေ့ရပါတယ်။ တဖက်တည်း ထွက်တယ်ဆိုရင် ကျနော်တို့က ကရင်း ခုန်ရင်း မတော်တဆ ထွက်လာတယ်လို့ ယူဆစရာ ရှိပေမယ့် နှစ်ဖက်စလုံး ထွက်နေခြင်းကတော့ မတော်တဆ မဖြစ်နိုင်တော့ပါဘူး။
တမင်တကာ ထုတ်ထားခြင်းလို့ ယူဆပါတယ်။

တချို့ လူငယ်များရဲ့ ဝတ်စားဆင်ယင်မှုက တော်တော် ရိုင်းပျလာပါပြီ။
မြန်မာ့ ယဉ်ကျေးမှုလို့ ပြောရင် ခင်ဗျားက ထိုင်မသိမ်းနဲ့ လုံချည်ဝတ်ပြီး ကစေချင်တာလားလို့ မေးကြပါလိမ့်မယ်။
ဒီလို ခေတ်နောက်ပြန် ဆွဲဖို့လည်း မဟုတ်ပါဘူး။ ခေတ်မီကြပါ။ ကမ္ဘာနဲ့ ရင်ပေါင်တန်းကြပါ။ သို့သော် မြန်မာလူမျိုးတို့ရဲ့ ယဉ်ကျေးမှုကိုလည်း မမေ့ကြပါနဲ့လို့ ပြောချင်တယ်။

တခါတုန်းကလည်း ဆီဒိုးနား ဟိုတယ်မှာ ကျင်းပတဲ့ ပွဲတပွဲမှာ အနောက်တိုင်း တေးသွားနဲ့ စုံတွဲကကြရင်း အချပိုဒ်မှာ မိန်းကလေးရဲ့ ခါးကို အမျိုးသားလေး လက်ဖျံပေါ်မှာ ကော့သွားစေပြီး
ပေါင်ရင်းခွဆုံကို အမျိုးသားကလေးက စုံစုံမက်မက် နမ်းလိုက်တာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ အလင်းတန်းမှာ ဖော်ပြဖူးပါတယ်။
ဒါလည်း ကျနော် ညွှန်မှူးကို သွားပြပြီး အကျိုးအကြောင်း ပြောလို့ ဖော်ပြခွင့် ရခဲ့တာပါ။
အခုလည်း မပြချင်ပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်အောင်တော့ ဖော်ပြပေးလိုက်ပါတယ်။ ကျနော်တို့က အနုပညာ ဂျာနယ်သက်သက် မဟုတ်ပါ။
အဝါရောင်လည်း မဟုတ် ၊ အပြာရောင်လည်း မဟုတ်ပါ။ မလွှဲသာ မရှောင်သာလို့ ပြလိုက်ရခြင်းသာ ဖြစ်ပါတယ်။
ဒီပုံကြောင့် လူကြီးပရိသတ်များ စိတ်အနှောင့်အယှက် ဖြစ်တယ် ဆိုရင်လည်း ကိုယ့်သားသမီးများရဲ့ ဝတ်စားဆင်ယင်မှုတို့ကို ထိန်းပေးကြပါလို့ ပြောချင်သလို တာဝန်ရှိ ပုဂ္ဂိုလ်များကလည်း ထိုက်သင့်သလို စည်းကမ်းများ ချမှတ်ပေးပြီး ကယ်တော်မူကြပါဗျို့ လို့ ကျနော် တောင်းဆိုလိုက်ပါတယ်။

ဝင်းငြိမ်း


အလင်းတန်းဂျာနယ်
၂၀၁၃၊ နိုဝင်ဘာ ၁၁၊ တနင်္လာနေ့


မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းကြပါစို့လားကွယ်


ညီမလေးရေ.....
လည်ဟိုက်လို့ ရင်ပေါ်
အမြင်မတော်အောင် ဝတ်ထား
ခေတ်ဆန်တဲ့ အလှတွေကြားမှာ
မြန်မာ့ယဉ်ကျေးမှု အလှတရားတွေကို
မင်းတို့လေးတွေ မေ့နေကြပြီလား။


ညီမလေးရေ.....
လိမ္မာ ယဉ်ကျေးတဲ့ မိန်းကလေးတယောက် ဖြစ်ဖို့
သနပ်ခါးကို ပါးပေါ်မှာ လိမ်းခြယ်
မြန်မာဆန်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ရင်း
ဘာသာတရားကို ရိုသေလို့ အလေးထား
မြန်မာ့ယဉ်ကျေးမှု အလှတရားတွေကို
တန်ဖိုးထားကာ ထိန်းသိမ်းကြပါစို့လားကွယ်။


အစ်ကိုကြီး

.

မီနီစကတ် ပိတ်ပင်သည့်ဥပဒေ ယူဂန်ဒါ အတည်ပြု


ကန်ပါလာ၊ ယူဂန်ဒါနိုင်ငံ
၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်

The Voice Weekly


မီနီစကတ် ဝတ်ဆင်ခြင်းကို ပိတ်ပင်သည့် အငြင်းပွားဖွယ် ဥပဒေတစ်ရပ်ကို ယူဂန်ဒါ လွှတ်တော် အမတ်များက အတည်ပြုပေးလိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။
...
ဒူးအထက်ပိုင်းထိသာ ရှည်သည့် အဝတ်အစား ဝတ်ဆင်သည့် အမျိုးသမီး မှန်သမျှကို ဖမ်းဆီးရန် ယူဂန်ဒါ လူမျိုးရေးနှင့် ဂုဏ်သိက္ခာဝန်ကြီး လိုကိုဒိုက ၂၀၁၃ ခုနှစ် အစောပိုင်းတွင် အဆိုပြုခဲ့သည်။

လိင်ပိုင်းဆိုင်ရာ နှိုးဆွမှုများကို ပွင့်ပွင့်လင်းလင်း ဖော်ပြထားသည့် အရာများကို ပိတ်ပင်သည့် လိင်နှိုးဆွမှု တိုက်ဖျက်ရေး ဥပဒေကြမ်းကို လွှတ်တော် အမတ်များ ခဏတာ ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

သို့သော်လည်း ယင်းဥပဒေကို ယူဂန်ဒါ သမ္မတက အတည်ပြုပေးရန် လိုအပ်နေသေးသည်။

ယူဂန်ဒါနိုင်ငံမှာ လူမှုရေးရာ ရှေးရိုးဆန်သည့် နိုင်ငံဖြစ်ပြီး လိင်တူ ဆက်ဆံခြင်း များကိုလည်း ဥပဒေဖြင့် ပိတ်ပင်ရန် လေ့လာ သုံးသပ်နေသည့် နိုင်ငံဖြစ်သည်။

လိင်နှိုးဆွမှု ဖြစ်စေသော ရင်သား ဖော်ပြမှု၊ ပေါင်ဖော်ပြမှုနှင့် အခြားသော ကိုယ်ခန္ဓာ အစိတ်အပိုင်းများ ဖော်ပြမှုများကို ဥပဒေနှင့်မညီဟု သတ်မှတ်ရန် လုပ်ဆောင်နေကြောင်း ယူဂန်ဒါ ပုဂ္ဂလိက သတင်းစာ Monitor တွင် ဖော်ပြထားသည်။

ထို့အပြင် လိင်နှိုးဆွသည့် အပြုအမူများ၊ အကျင့်စာရိတ္တ ထိခိုက်စေသည့် အပြုအမူများကို ပိတ်ပင်ရန် ကြံရွယ်နေခြင်းကြောင့် ယူဂန်ဒါနိုင်ငံ၏ အမျိုးသားကြိုက် စာပေများအပေါ် သက်ရောက်မှု ရှိနိုင်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။


မီနီစကတ် ပိတ်ပင်သည့်ဥပဒေ ယူဂန်ဒါ အတည်ပြု

.

ကိုယ်လုံးတီး အနေများခဲ့တဲ့ အာဖရိကသားတွေကတောင် ဗုဒ္ဓဘာသာ မြန်မာတွေထက် အရှက်တရား များလေသလား စဉ်းစားရမလိုပဲ ။ ။

မြန်မာနိုင်ငံမှာလည်း အဲဒီဥပဒေ (ဒူးအထက်ပိုင်းထိသာ ရှည်သည့် အဝတ်အစား ဝတ်ဆင်သည့် အမျိုးသမီး မှန်သမျှကို ဖမ်းဆီးရန် ဥပဒေ) ထုတ်သင့်တယ်.
တစ်ခါတလေ မိန်းကလေးခြင်းတောင် မကြည့်ရဲဘူး

.

တောင်ကိုရီးယား
၂၀၁၃ ခုနှစ်၊ မတ်လ ၂၃


တောင်ကိုရီးယားတွင် လာမည့် တစ်ပတ် အတွင်း ”စကတ်တို မဝတ်ရ” ဥပဒေ ပြဋ္ဌာန်းမည်ဖြစ်ရာ ဝတ်ဆင်ပါက ကိုရီးယားဝမ် ၅ဝဝဝဝ (စတာလင် ပေါင် ၃ဝ) ဒဏ် တပ် ခံရမည် ဖြစ်သည်။

သို့ရာတွင် သမ္မတသစ် ပတ် ဂွမ်ဟီးက ယင်းဥပဒေကို လက်မှတ် ထိုးလိုက်သည်နှင့် အများက ဝေဖန် ပြစ်တင်ခံရဖွယ် ရှိသည်။ အခြား အာရှနိုင်ငံ များမှ သရုပ်ဆောင် အဆိုတော် များ မပေါ့်တပေါ် ထင် သလို ဝတ်စားနေကြချိန်တွင် ယခုကဲ့သို့ ဥပဒေပြဋ္ဌာန်းခြင်းမှာ အာဏာရှင် ဆန်လွန်းသည်ဟု ပြစ်တင် ဝေဖန်ကြဖွယ် ရှိသည်။

အတိုက်အခံ များက ”စိတ်ကြိုက် ဝတ်စားခွင့် ပိတ်ပင်ခြင်း” ဟုဆိုကာ ကန့်ကွက်နေကြရာ ၁၉၆၃ ခုနှစ်မှ ၁၉၇၉ ခုနှစ် အထိ နိုင်ငံကို တစ်သွေး တစ်သံ တစ်မိန့် အုပ်ချုပ်ခဲ့သူ ၄င်း ၏ ဖခင် ပတ်ချုံဟီးနှင့် သမ္မတ ပတ် ကို ခိုင်းနှိုင်းနေကြသည်။

၁၉၇ဝ ခုနှစ်များ အတွင်း ဒူးအထက် ၂ဝ စင်တီထက် ပိုတို သည့် စကတ်များ မဝတ်ရဟု ပိတ်ပင်ခဲ့ဖူးသည်။

ဒီမိုကရက်တစ် ယူနိုက်တက် ပါတီမှ ကင်စစ်ကင်က ”နိုင်ငံသားတွေ ဝတ်စားတာကို အစိုးရက ဘာလို့များ ချုပ်ခြယ် ချင်ရပါသလဲ။ ဆံရှည်တွေ ကိုရော အရေးယူဦးမှာလား” ဟူ၍ ၄င်း၏ တွစ်တာ (Twitter) စာမျက်နှာတွင် မေးခွန်း ထုတ်ထားသည်။

ကိုရီးယား ပေါ့ပ် အဆိုတော် များ အကြား စကတ်တို ဝတ်စားမှု ခေတ်စားခဲ့ရာမှ လူထု အကြား အတိုအပြတ် ခေတ်ထခဲ့ရာ ဖော်ပြပါ ဥပဒေကို ကန့်ကွက်သည့် အနေဖြင့် ရုပ်သံ တင်ဆက်သူ နန် စီလန်းမှ ပါဖောမင့် အတ်ဆန်ဆန် တိုနန့်နန့် အဝတ်ဖြင့် တွစ်တာ (Twitter) တွင် ဓာတ်ပုံ တင်ထားသည်။

ရဲများကမူ အတိုအပြတ် ဝတ် စားရုံမျှဖြင့် အရေးယူမည် မဟုတ်ဘဲ လူသူကြား ဝတ်လစ်စလစ် နေခြင်း နဲ့ မတော်တရော် လုပ်ခြင်းများ ကိုသာ တရားစွဲမည်ဟု ဆိုသည်။

အမျိုးသား ရဲတပ်ဖွဲ့ ရဲအုပ် ကို ဂျွန်ဟိုးက စီအင်န်အင်န် (CNN) သို့ ပြောရာ၌ ”လူအများ ဝတ်စား ဆင်ယင်မှုကို အရေးယူမည် ဆိုတာ လုံးဝ မဟုတ်ကြောင်း” ဆိုသည်။

အစိုးရမှ အတိုက်အခံ များ အနေဖြင့် လူထုအား ”သတင်းမှား လွှင့်” နေသည်ဟု စွပ်စွဲလိုက်ပြီး ဥပဒေ ထွက်ရှိလာပါက သေချာစွာ လေ့လာရန် လိုကြောင်း၊ သို့မှသာ ၄င်း၏ သဘော သဘာဝနှင့် ရည်ရွယ်ချက် အမှန်ကို သိမည် ဖစ်ကြောင်း ဆိုသည်။

S.T
Ref: Daily Mail

Popular Myanmar


စကတ်တိုများ တောင်ကိုရီးယား ပိတ်ပင်
.

.

ကျောင်းသား လာကြိုသော မိဘများ
လုံခြုံစွာ ဝတ်ဆင်ရန် ကျောင်းအချို့ သတိပေး


January 29, 2014


ကျောင်းသားများကို လာရောက် ကြိုဆိုကြသည့် မိဘများ ကိုယ်တိုင် လုံလုံခြုံခြုံ ဝတ်ဆင်လာရန် ရန်ကုန်ရှိ စာသင်ကျောင်း အချို့တွင် သတိပေးမှုများ ပြုလုပ်ထားရသည်။


ရန်ကုန်မြို့လယ်ရှိ အထက (၁) လသာ ရှေ့တွင် ကျောင်းသားမိဘများ ကိုယ်တိုင် ကျောင်းသို့လာတိုင်း ရိုးရာယဉ်ကျေးမှု မပျက် ( မြန်မာလူကြီးလူကောင်း ပုံစံ ) ဝတ်ဆင်ကြရန် မေတ္တာရပ်ခံချက် ထုတ်ပြန်ထားရသည်။


ရန်ကုန်မြို့လယ်ရှိ နာမည်ကျော် အထက (၁) ဒဂုံ တွင်လည်း မိဘများ အနေနှင့် ရင်ဟိုက်များ၊ လျှပ်ပေါ်လော်လည်သည့် အဝတ်အစားများ ဝတ်ဆင်လာခြင်း မပြုရန် အသိပေးမှုများ ပြုလုပ်ထားရကြောင်း ကျောင်းသားမိဘအချို့က ပြောသည်။


မိဘအချို့၏ အပြုအမူများ ဆိုးရွားလာပါက စီမံချက် သတိပေးမှုများ ပြုလုပ်မည် ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

.


ရိုးရာသင်္ကြန်​ ဆိုတာဘာလဲ....
ပျောက်​ကုန်​ပြီ ..
ပြီးရင်​.. အမျိုးပါ​ပျောက်​မယ်​...


အမျိုး​စောင့်​ကိုယ်​​တော်​တို့....
အတိုအပြတ် အဖော်အချွတ်မျိုး​တွေ​တော့ ကြည့်​​ကောင်း​နေသ​ပေါ့..
အား​ပေးချင်​ကြသ​ပေါ့..:-) .

မြန်​မာ့ရိုးရာ အတာသင်္ကြန်​ ကို ပြန်​​လည်​စိစစ်
ဖော်​ထုတ်​​စေချင်​ပါသည်​။
မြန်​မာ​တွေ ယဉ်​​ကျေးကြပါ



မြန်မာ့သင်္ကြန်ဟာ သင်္ကြန်အခွံထဲ အတွင်းသား ကြိုက်တာ ထည့်နေကြတဲ့ postmodern သင်္ကြန်များ ဖြစ်နေခဲ့ပြီ။


သင်္ကြန်မှာ ကြားနေရတဲ့အသံတွေ။

ချဉ်ချဉ်တူးတူး မြူးရင်ပြီးရော ကုလားသီချင်း၊ နတ်သီချင်း၊ DJ သီချင်း၊ ဟစ်ဟော့သီချင်း၊ သမဂ္ဂပေါင်းစုံ ရောနှောနေတဲ့ context လွဲနေတဲ့ သီချင်းတွေ။

မြန်မာ့သင်္ကြန်ဟာ သင်္ကြန်အခွံထဲ အတွင်းသား ကြိုက်တာ ထည့်နေကြတဲ့ postmodern သင်္ကြန်များ ဖြစ်နေခဲ့ပြီ။

ခေတ်သစ်သင်္ကြန်ဟာ ကျောရိုး ဂီတ ပျောက်နေကြောင်း ဒီ အစားထိုး ဂီတတွေက သိသာလှပါတယ်။



ဟိန္ဒူယဉ်ကျေးမှုက နေ ခပ်တည်တည် ယူထားတဲ့ မြန်မာ့ရိုးရာ ဆိုတဲ့ သင်္ကြန်ဟာ ကျွန်တော်တို့ ကြီးပြင်းလာတဲ့ တလျှောက်မှာ အနောက်တိုင်း POP သင်္ကြန်၊ Sexy သင်္ကြန်၊ Beer သင်္ကြန်၊ Business သင်္ကြန် နဲ့ နောင် ဘယ်လို သင်္ကြန် ဖြစ်လာမလဲ စိတ်ဝင်စားစရာပါပဲ။

သေချာတာကတော့ လွတ်ချင်တိုင်း လွတ်တဲ့ အရူးအနှမ်းပွဲတော်တခု ဖြစ်လာတာတော့ မငြင်းနိုင်အောင်ပါပဲ ။

နီမို



ခေတ်သစ်သင်္ကြန်


သင်္ကြန်ဆိုသည်မှာ

အပူသက်သာအောင် .... ရေပက်ခြင်း ..... သို့သော် မပူလျှင်လည်းပဲ ရေပိုက်နှင့် ထိုးနေပါသေးသည်။

သင်္ကြန်တွင်းမှာ ကုသိုလ် လုပ်ကြသည် ..... သို့သော် ငါးပါးသီလ ချိုးဖောက်ဖို့ အကောင်းဆုံးအချိန်။ (လိုင်စင်ရ)

ညီရင်းနှမ ပမာ စောင့်ရှောက်ကြသည် ..... သို့သော် ခုတွေ့ ၊ ခုကြိုက် ၊ ခု လိုက် ၊ ခု.... ဆိုသလို ဖြစ်နေပြီ။

မြန်မာ့ရိုးရာ ယဉ်ကျေးမှု ဖြစ်သည် ..... တနေကုန် ရှာကြည့်မှ နည်းနည်းတော့ တွေ့မည် (မဏ္ဍပ်ပေါ်မှာ ကနေတဲ့ သူတွေထဲမှာ) ရေပက်ခံတဲ့လူတွေကတော့ သိတယ်မို့လား။




မြန်မာ့ရိုးရာယဉ်ကျေးမှု ဖြစ်သည့် သင်္ကြန်မှာ ရိုးရာကို ထိန်းသိမ်းရမည် ဆိုသည်မှာ ရှေးတုန်းကလို ဗုံတွေတီးပြီး ရေခွက်ကလေးတွေနှင့် ပြန်ပက်ကြဖို့ မဆိုလိုပါ။


သို့သော် မြန်မာ့ရိုးရာသင်္ကြန် မှာ အောက်ပါအတိုင်း "သရုပ်ပျက်သင်္ကြန်" ဖြစ်နေသည်ကိုတော့ ပြုပြင်ရပေမည်။


- အရက်သောက်ခွင့် လိုင်စင် ရထားခြင်း


- ခုတွေ့ ၊ ခုကြိုက် ဇာတ်လမ်း ရှာလို့ ကောင်းခြင်း

( သီချင်း ကြည့်ပါလား ..........

"တနှစ်တယောက်မို့ မောင့်ကိုလေ ခွဲခွာတာလား"

"တနှစ်တယောက်မို့ မောင့်ကိုလေ စွန့်ခွာမှာလား" .......... တဲ့)


- မောင်နှမ စိတ်နဲ့ ရေကာပေးခြင်း ဟု အကြောင်းပြကာ ယောက်ျားလေးများမှာ ကောင်မလေးများကို ရင်ခွင်ကြားထားခွင့် တရားဝင် ရခြင်း

( မောင်နှမ တကယ် မတော်လျှင် မောင်နှမစိတ် တကယ် မရှိနိုင်ပါ ဒီအချိန်မှာ)၊ အဆင်ပြေ .. ပြေသလိုပေါ့ဗျာ ။ ပြောပြဖို့မလိုပါဘူး .. အားလုံး သိနေကြတာပဲ။


- အရှက် အကြောက် ကို ထည့်တွက်စရာမလိုတဲ့ အချိန်


လေးစားစွာဖြင့်
နေစိုးနိုင်
ဒူဘိုင်း



ဗရုတ်ဗရက်နဲ့ သရုပ်ပျက် မြန်မာ့သင်္ကြန်ကို မင်းပဲ လွမ်းတော့ သူငယ်ချင်းရေ . . .


ဒါကြီးကို အဟုတ်လုပ်
ဒါကြီးကို အဟုတ်ထင်
သရုပ်ဝင်အောင် ပုံသွင်း
မင်းပဲ လွမ်းတော့ သူငယ်ချင်းရေ ...


ငါကတော့ မလွမ်းတာ
ငါလွမ်းတာ မြန်မာပြည်
ငါချစ်တာ ငါ့လူမျိုး
ပိတောက်ပန်းလောက် ကို တော့
ပန်းတိုင်းကို ငါချစ်ပါရဲ့
စာမဖွဲ့ပါနဲ့ သူငယ်ချင်းရယ်. . .


"ဗရုတ်ဗရက်နဲ့ သရုပ်ပျက်
အဟုတ်ထွက်လို့ ချကာပြ
ဒါလားကွ... မြန်မာပြည်"



မသင့်တာကို အကုန်လုပ်
မဟုတ်တာကို ဂုဏ်တွေယူ
ဒါကိုပဲ အဟုတ်ထင်
သရုပ်ဝင်အောင် အသက်သွင်း .
မင်းပဲ လွမ်းတော့ သူငယ်ချင်းရေ . . .


လေးစားစွာဖြင့်
နေစိုးနိုင်
ဒူဘိုင်း


(သင်္ကြန်ကို လွမ်းတဲ့ သူငယ်ချင်း ... မင်းအတွက် ငါရေးပေးလိုက်တယ် ...)



"သင်္ကြန်စာ"
(၁၃၇၆ ခုနှစ်၊ တန်ခူးလ)
(၂၀၁၄ ခုနှစ်၊ ဧပြီလ)



အကြည်တော်

Popular Journal
2014, April 8



သင်္ကြန်ချိန်ခါ ရောက်လာပါပြီ။

အားလုံး မျှော်လင့်စောင့်စား နေကြသည့် အတိုင်း မြန်မာတို့၏ အကြီးကျယ် ဆုံး ပျော်ပွဲရွှင်ပွဲကြီး စတင်ပါပြီ။ အားခဲထားသည့် သားပျို၊ သမီးပျိုလေးတွေ ကလည်း အတိုအပြတ်တွေ ၀တ်၊ ခါးကြားမှာ ပုလင်းပြား ထိုးပြီး ရေတောတိုးဖို့ အဆင်သင့်လည်း ဖြစ်နေကြပါပြီ။...

ရိုးရာ မဟုတ်သည့် မြူးမြူးကြွကြွ သီချင်းတွေ ဖွင့်သည့် ဒီဂျေလည်း သူ့ အစွမ်းကို အကုန် ပြသနိုင်ဖို့ ရှိသမျှ ဘုလုံးလေးတွေ လှည့်ပြီး လူတွေ၏ ဆန္ဒကို ဖြည့်ဆည်းပေးနေပါပြီ။

လုံခြုံရေး တာဝန်ယူသူများကလည်း ပြဿနာဖြစ်လျှင် ရှောင်နေဖို့ နေရာ ရွေးထားပြီးပါပြီ။ အခွင့်အာဏာရ လူကြီး သားသမီး များကလည်း သူတို့မဏ္ဍပ် လူစည်ကားဖို့၊ မင်းသား မင်းသမီးများ ဖိတ်ကြားထားပြီးပါပြီ။ သင်္ကြန် တစ်တွင်း၊ မဏ္ဍပ်နှစ်ခုသုံးခု အပြေးအလွှား သွားပြီး ရသမျှ ရေခုတ်ဖို့ အဆိုတော် ညီငယ် ညီမငယ် များ လည်းပြင်ဆင်ထားပြီးပါပြီ။

မဏ္ဍပ်အလယ် သောင်းကျန်းဖို့ လွယ်အောင် ဘီယာ ယမကာများ စင်အလယ်မှာ တင် တင့်တယ်စွာ ချထား ပြီးပါပြီ။ မူးလာသူများ အမြန် ဖယ်ရှားဖို့ လူမိုက်တွေလည်း ငှားပြီးပါ ပြီ။ တစ်ကိုယ်ရည်သွေး ယှဉ်နိုင်ရေးအတွက် စီးလာသည့် ကားတုတ် ဓားများလည်း အသင့်ဆောင်လို့ ထားပါပြီ။

ကလပ်ကို တက် ခပ်ပျက်ပျက် များလည်း ဖော်ဖို့ချွတ်ဖို့ အတွက် ဇီးရိုးကွာတား အဝတ်အထည်များလည်း မှာကြားထားကြပြီးပါပြီ။

ငါ့ကြောင့် ပြဿနာတက်ရ ရှာဟု တမင် ရန်စ မီးမွှေးပြမည့် ညီမငယ်များ ညီငယ်များလည်း အန္တရာယ် လက်ယပ် ခေါ်ကြပြီ။ ရန်ပွဲဖြစ်က ဝိုင်း သမပြီး တော်ရာ ချောင်ကုပ် ဝင်ကာရှုပ်မည့် လူ့သရမ်းများ လက်ဝါး ပြင်များ ပြင်ပြီးပြီ။

လူက ရှုပ်ရှုပ်၊ တရုတ်ရုတ်မှ အားထုတ် ကြိုးပမ်း ဝင်သရမ်းဖို့ လူရမ်းကားများ လည်း ရောက်ပါပြီ။ ကြုံတုန်း ကြုံခိုက် ကြုံရာ နှိုက်၍ အတွေ့ အရသာ ခံကြ ရှာမည့် နှာဘူးများလည်း ရှိပါပြီ။

ဟိုတိုး သည်တိုး လူအမျိုးကြား၊ ရရာ ဆွဲမွှေနှိုက် ယူလေမည့် ခါးပိုက်နှိုက် တစ်သိုက် ထိုလူမိုက်လည်း လူအများ စုရုံးထားပါပြီ။

လူသရမ်းကြား ရမ်းကားမှု ဒဏ် မခံလေအောင် မိကောင်းအဖ လူ သာမညများ မိမိသားအား သာမဏေ အဖြစ် သွင်းသွတ်ဖို့ရာ သင်္ကန်းများလည်း ဆောင်ထားပြီ။

ရောင်ဝါ တလက်လက်၊ ဆင်ကြီး၊ မြင်းကြီး၊ ကားကြီး၊ ဆိုက်ကားကြီး အထက်ရောင်ဝါ ညွတ်ပြောင် မောင်ရင်လောင်းတို့ ရှင်လောင်းတွေလည်း လှည့်ကြပြီ။ အာဂန္တုများ ပေါကြွယ်များဖို့ ကျောင်းသင်္ခမ်းမှာ နေစရာ ၊ နေရာတွေလည်း ချဲ့ကြပြီ။ ကျောင်းသွား သိမ်တက် ကုသိုလ်လက်ဖြင့် ဆွမ်းကွမ်းမပြတ် ဆက်ကပ်ပါမည်၊ ကတိတည်ထားသူ အများလည်း မိဘအလစ် ကြင်သူလစ်၌၊ ကားပေါ်ခုန်တက်၊ သင်္ကြန်ရက်လည်း မပြတ် လည်ကောင်းလည်လိမ့်မည်။

တောနယ်၊ မြို့နယ်၊ နယ်တကာ များလည်း ဆိုင်ကယ်များနှင့် သောင်းကျန်းမည်။ ဈေးနှုန်းနည်းပါး တရုတ်ဘီးများ သင်္ကြန် တစ်တွင်း မင်းမူမည်။ မဖြစ်တော့ပျော်ပါး ၊ဖြစ်တော့ ထားသွားမည့်၊ ဝစ်သောက်ဘီးများ ဦးဆောင်မည်။

မူးယစ်သောက်စား ဆိုင်ကယ်များနှင့် အန္တရာယ်များလည်း တွေ့ကြ မည်။ တူညီဝတ်စုံ၊ ကိုယ်ပိုင် အလံပုံနှင့် မြို့ နယ်အတွင်း တုတ်ဓား လက်နက် စွဲကိုင်လျက် ပေါ်တင် လှုပ်ရှား ဆိုင်ကယ်ဂိုဏ်းစတား များလည်း နေရာ အနှံ့ပေါ်လိမ့်မည်။

ဆံပင်ချွန်ထောင်၊ ဘောင်းဘီ ပြောင်နှင့် နားမှာဆွဲထား သံခဲများနှင့် မျက်လုံးကိုမည်း၊ အီမိုငနဲများ လမ်းဘေး ဥဒဟို ရှိလိမ့်မည်။

ဝတ်ကောင်းစားလှ၊ ကြောင်ကျားကျားနှင့် လည်တိုင် အထက် ပန်းကုံးစွပ်၍၊ လက်ပြရေကစား အာဏာသားလည်း သပြေခက်နှင့် ရေပက်ခံ ထွက်လိမ့်မည်။

သင်္ကြန်မဏ္ဍပ် ငါမဖွင့်လျှင် မပွင့်၊ ငါဖွင့်မှပွင့်မည် ဝန်ကြီးများ လည်း ဖွင့်လိမ့်မည်။ မိုက်ခွက်ကြီးက တစ်ဆင့်လည်း "အတာရေနှင့် အေးချမ်း ပါစေကြောင်း" ဆုမွန် ကောင်း တောင်းပါလိမ့်မည်။ သူ့ရှေ့ မှာ ဒလန်များကလည်း ပျော်ချင် ယောင်ဆောင်၍ ကကြပါလိမ့်မည်။ သည့်နောက် မူးရူး ခွင့်ပြုကြောင်း အသိအမှတ်ပြုလိုက်ပြီ ဖြစ်ပါသည်။

ဆေးခန်း၊ ရုံးခန်း၊ ရဲစခန်း၊ တရားစခန်း၊ လူစည်ကား၍ နေလိမ့်မည်။ များသော လူသား၊ ဆိုင်ကယ်သမား၊ ဆေးခန်း၊ ဆေးရုံ ရောက်လိမ့်မည်။ ရပ်ကွက်ရမ်းကား လူ့သရမ်းများ ရုံးခန်းဆီသို့ ရောက်လိမ့်မည်။ ကိုယ်ထိ လက်ပါ လူများမှာ ရဲစခန်း ဆီသို့ ရောက်လိမ့်မည်။ နွေတွင်း အေးချမ်း နိဗ္ဗာန် လမ်းများ၊ တရားစခန်းဆီသို့ ရောက်လိမ့်မည်။ အပျော်လွန်သွား လူအများ လည်း နာရေးဆီသို့ရောက်လိမ့်မည်။ အဲဒါကြောင့် အတာသင်္ကြန် အတွင်း အန္တရာယ်ကင်းစွာ ပျော်ရွှင်နိုင်ဖို့ ဘေးဘီဝဲယာ ကြည့်ကာသာဖြင့် သတိရှိရှိ နေနိုင်ကြပါကုန်။


အကြည်တော်

Popular Journal



ဦးခင်ဇော် (မရမ်းကုန်း)
၂၀၁၄ ခုနှစ်၊ ဧပြီလ


နှစ်ဟောင်းမှ နှစ်သစ်သို့ ကူးပြောင်းသည့် သင်္ကြန်ကာလ မကြာမီ ရောက်ရှိပေတော့မည် ဖြစ်သည်။


ရှေးအစဉ်အလာအားဖြင့်-
““သင်္ကြန်တန်ခူး၊ နှစ်ဦးညောင်ရေ၊
စာပလွေခင်း၊ ပဉ္စင်းတော်ခံ၊
စာရေးတံနှင့် မြစ်ယံပွဲကြီး၊
ဆီမီးထွန်းချိန်၊ ကထိန်နတ်ကျင်း၊
မြင်းခင်းထွက်ဝင်၊ သဘင်မီးပုံ၊
ဂူလုံးသဲပုံ၊ စေ့စုံစီလျှင်၊
ဤသို့ယှဉ်သား၊ အစဉ်ပြုမြဲ၊ ဆယ့်နှစ်ပွဲတည့်။”” ဟူသော လက်ဝဲသုန္ဒရ ၏ သာဓိမိနပျို့နှင့်အညီ တန်ခူးလတွင် ရေသဘင်ပွဲတော် ကျင်းပမြဲထုံးစံ ရှိပေ၏။


““သင်္ကြန်ခါတော်ပေ x x x ရက် မြတ်မှာလေ x x x လှပျိုဖော်တစ် သင်းနဲ့ x x x တေးသံလွင်လွင်ရင့်ကျူးနေ x x x ဆီးလို့သာလေ x x x ပက်ဖြန်းမယ် သင်္ကြန်ရေ””
သင်္ကြန်၏ သင်္ကေတသီချင်းများကို ကြားယောင်လာမိတော့သည်။


အရှေ့ဂေါယာကျွန်းမှ ထွက်ပေါ်လာသော နေမင်းကြီးသည် လောကဓာတ် တစ်ခွင်လုံးသို့ ဖြန့်ကျက်ထားလိုက်သည်။
တေးသီငှက်များသည်လည်း သံပြိုင် သီဆိုလျက် ရှိနေသည်။
ငွေဖလားတွင် အေးမြသောရေကို ထည့်၍ သပြေခက်ကလေးများဖြင့် အတာရေ ပက်ဖျန်းကြသည်ကို ပြန်လည်၍ မြင်ယောင်လာမိသည်။ လွမ်းမောဖွယ် ပါတကား။

.



ရှေးသရေခေတ္တရာနှင့် ပုဂံခေတ် ကတည်းက ၀ါဆိုလ၊ တန်ဆောင်မုန်းလ တို့တွင် သင်္ကြန်ကျခြင်း၊ နှစ်သစ်ကူးခြင်း များ ရှိခဲ့သည်။
ဝါဆိုလတွင် သင်္ကြန်ကျ၍ နှစ်သစ်ကူးခြင်းကို မန္တတာနှစ် ဟုခေါ်သည်။
တန်ဆောင်မုန်းလတွင် သင်္ကြန်ကျ ၍ နှစ်သစ်ကူးခြင်းကို သာလိဝါဟနနှစ် ဟုခေါ်ပါသည်။
တန်ခူးလတွင် သင်္ကြန်ကျ၍နှစ်သစ် ကူးလျှင်မူ အာဒိတျနှစ် ဟု သုံးမျိုးသုံး စားရှိကြောင်း ဇနမပတိ္တကကျမ်းတွင် တွေ့ရသည်။
ယခုအခါ၌ မန္တတာနှစ်၊ သာလိဝါဟန နှစ်များမှာ မရှိတော့ဘဲ တိမ်ကောသွားပြီးလျှင် အာဒိတျနှစ် တစ်ခုသာ ထင်ရှားစွာ သုံးစွဲခြင်း ပြုကြတော့သည်။


သင်္ကြန် ဟု ဆိုရာတွင်လည်း စူဠ၀ိသုဝသင်္ကြန်နှင့် မဟာဝိသုဝသင်္ကြန် ဟူ၍ နှစ်မျိုးနှစ်စား ရှိသည်။
အထက်က ဖော်ပြခဲ့ပြီးသည့် နည်းအတိုင်း လစဉ်ပွဲသဘင်များကျင်းပပြုလုပ်၍ တစ်ဆယ့်နှစ်လလုံးလုံး ပြုလုပ်ကြသည့်ပွဲကို စူဠ၀ိသုဝသင်္ကြန် ဟူ၍ ခေါ်သည်။
တစ်နှစ်လျှင် တစ်ကြိမ်သာ ပြုလုပ်သော သင်္ကြန်ပွဲကိုမူကား မဟာဝိသုဝသင်္ကြန် ဟူ၍ ခေါ်ဆို ပညတ်ကြောင်း ကျမ်းများတွင် တွေ့ရသည်။
သင်္ကြန် ဟူသော အဓိပ္ပာယ်မှာ သင်္ကြန်-သင်္ကြန္တ = သီသကရ-အန္တဟု ပုဒ်ဖြတ်ကာ သီသ-ဦးခေါင်း၊ ကရ-ပြု ခြင်း၊ အန`္တ-အဆုံး၊ သီသကရအန္တ သင်္ကြန်၊ သင်္ကြန္တ-သက္ကရာဇ် ဦးခေါင်း အဆုံးတို့ပြုခြင်း ဟု အနက်ရသည်။

ယဉ်ကျေးသောတိုင်းပြည်မှာ လူ လာဖြစ်ရတာ ဂုဏ်ယူစရာပါ။
မြန်မာနိုင်ငံသည် ရှေးယခင်ကပင် ကိုယ်ပိုင်ယဉ်ကျေးမှု ထွန်းကားခဲ့ပါသည်။
အတိတ်က စည်ကား ထင်ရှားခဲ့သည့် အဖိုးတန်ပုံရိပ်များကို လွမ်းဆွတ် တမ်းတနေမိသည်။ လက်ဆင့်ကမ်း ထိန်းသိမ်းကြဖို့ လိုအပ်နေပါသည်။
သင်္ကြန်ပုံရိပ် ဖြစ်သည့် ပိတောက်ပန်းများလည်း ရွှေရည်လူးကြလေပြီ။
ဆောင်းရာသီ၏ လက်ကျန်အေးမြမှုက အတာသင်္ကြန်သို့ လက်ဆင့်ကမ်း ကြိုဆို ဆွဲခေါ်နေသည်။
သင်္ကြန်ချစ်သူများ၏ ရင်တွင်းပီတိကို အရောင်မဆိုးစေချင်ပါ။
"ပိတုန်းရောင်ဆံကေသာကို ဖြန့်လိုက်လျှင် တစ်ကိုယ်လုံး ယဉ်" ဆိုသည့် "မိန်းမတို့ ဘုန်း ဆံထုံး" ကို မတွေ့ရသည်မှာ ကြာပြီ ဖြစ်ပါသည်။

.



ခေတ်မီဖွံ့ဖြိုးတိုးတက်ခြင်းကို ကြိုဆို အလေးထားပါသည်။ ယနေ့လူငယ်များ ကံကောင်းလှပါသည်။ လျင်မြန်စွာ တိုးတက်လာသော ပညာရပ်တွေက မိမိတို့ လို တတိယအရွယ် ရောက်နေသူများ လိုက်၍ပင် မမီနိုင်တော့ပါ။


တိုးတက်လာသော နည်းပညာများကို တန်ဖိုးရှိရှိ အသုံးချစေချင်ပါသည်။
ရေကစားမဏ္ဍပ်က အမြင့်တွင် ဆောက်လုပ်ထားသည်။
မလုံမလေးများက စကပ်တို၊ ဘောင်းဘီတို၊ ဂါဝန်တိုများဖြင့် ခုန်ပေါက် မြူးထူးနေကြသည်။
ပေါင်အရင်းထိ ရောက်အောင် ဇီးရိုး ကွာတား (Zero Quarter) ၀တ်ဆင်ထားသော လုံမပျိုလေးများသည် မလုံ့တလုံ မလေးများ ဖြစ်နေကြတော့သည်။


အသံချဲ့စက်က ဖွင့်ထားသော တီးလုံးများမှာလည်း သာယာငြိမ့်ညောင်းသော တေးသံသာများ မဟုတ်။
ဒုန်းဒုန်းဒိုင်းဒိုင်းဖြင့် ဆူညံနေသည်။
နှစ်ဆန်းတစ်ရက်နေ့မှာ ကမ္မ၀ါစာ ဖတ်ပြီး မကောင်းဆိုးဝါး သရဲ၊ သဘက်၊ မြေဘုတ်ဘီလူး၊ စုန်း၊ ကဝေ၊ တစ္ဆေများ ကို တောထုတ်နှင်သည့် သဖွယ်ပင်။
ကမ္မ၀ါစာ ဖတ်ပြီး တောထုတ်စဉ် တစ်အိမ်က သံပုံးတီးလျှင် တစ်ရပ်ကွက်လုံး သံပုံးများ၊ သံချောင်းများ၊ ရေပုံး၊ သံပြားများကို အသံကျယ်လောင်စွာ တီးကြရသည်။
မကောင်းဆိုးဝါးများကို ရပ်ကွက်အတွင်း မနေနိုင်အောင် သံပုံးတီးသည့် အသံများကဲ့သို့ ဆူညံသော အသံများကို ရေကစားသည့် သင်္ကြန်မဏ္ဍပ်များပေါ်တွင် ကြားနေရသည်။
အံ့သြဖွယ်ရာပါတကား....


မင်္ဂလာရှိသော သင်္ကြန်တော်အခါ ဂန္တ၀င်တေးများ ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်လေပြီ။
မကောင်းဆိုးဝါး တောထုတ်သံများ ကျယ်လောင်စွာ လွှမ်းမိုးလာသည်။

.



စာရေးဆရာကြီး လယ်တွင်းသား စောချစ် ဟောပြောပွဲတွင်ပြောသည့် စကားလေးတစ်ခွန်း ကြားယောင်လာမိသည်။
““လွမ်းလိုက်တာ....””


အခုလည်း ယဉ်ကျေးသော အတာသင်္ကြန်ကို လွမ်းနေမိသည်။
ကြေး၊ ကြိုး၊ သားရေ၊ လေ၊ လက်ခုပ် ဆိုသည့် တူရိယာငါးပါးနှင့်အတူ မဟာဆန်သော၊ တင့်တယ်သော ခြေချိုး၊ လက်ချိုး အကများ၊ ဖော့ဖယောင်းပမာ ပျော့ပျောင်းစွာ သီဆို ကဟန်များကို ရှာဖွေ မတွေ့နိုင်ဖြစ်နေသည်။


Sexy Dance ဟု ခေါ်သော အက သည် ဥမမည်၊ စာမမြောက်၊ ဟိုမရောက်၊ သည်မရောက် လူငယ်များအဖို့ နှစ်သက်ကြမည့် အကဖြစ်သည်။
နိုင်ငံခြား ဗီဒီယိုဇာတ်ကားများတွင် တွေ့ရတတ်သော ညစ်ညမ်းသည့်အက ဖြစ်သည်။
မောင်နှင့်နှမ၊ သားနှင့်အမိ ကြည့်၍ မသင့်လျော်သည့် မြင်ကွင်း ဖြစ်သည်။
ဟိုပွတ်သည်သပ်၊ ပေါင်ကိုကားလိုက်၊ စုလိုက်၊ ကုန်းလိုက်၊ ကွလိုက်ဖြင့် တစ်ကိုယ်လုံးမှာရှိသော မမြင်အပ်သည့် အရာများကို မမြင်မြင်အောင် ဖော်ထုတ်နေကြသည်။
တစ်ခုတော့ ကောင်းသည်။ ကောင်းသည့်ဘက်က ကြည့်မည်ဆိုလျှင် လမ်းဘေး အခွေရောင်းသည့် ဆိုင်များ၌ ညစ်ညမ်းခွေများ ၀ယ်ယူရန် ခက်ခဲသူများအတွက် ““အရှင်လတ်လတ်”” ကြည့်ရတော့သည်။
ကောင်းလေစွ၊ ကောင်းလေစွ....


ဤသို့ အရုပ်ဆိုး အကျည်းတန်သော ညစ်ညမ်းသည့်အကသည် တစ်နည်းအား ဖြင့် ကာမရာဂကို နှိုးဆွပေးနေသည့် သဖွယ် ဖြစ်သည်။ ကာမရာဂကိစ္စ အလို့ငှာ သွေးဆောင် မြှူဆွယ်ကြသူများသည် ပြည့်တန်ဆာများ ဖြစ်သည်ဟု တွေးမိသည်။


ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးအနက် အီသီယိုးပီးယားနိုင်ငံသည် အငတ်ဘေး နှင့် ရင်ဆိုင်ကြုံတွေ့နေကြရသည်။ စားစရာ မရှိကြပါ။ အငတ်ဘေးနှင့် ရင်ဆိုင်နေကြရသည်။ ၀တ်စရာ မရှိပါ။ ဆင်းရဲသော လူတန်းစားများ အ၀တ်အစား မလုံလောက်၍ အရှက်လုံရုံသာ ၀တ်ဆင်နိုင်ကြသည်။
သင်္ကြန်မယ်များသည်လည်း သနားဖွယ် ကောင်းလေစွ။ ဆင်းရဲ မွဲတေလွန်း၍ အ၀တ်အစားကိုပင် မလုံမခြုံ ၀တ်ကြရသည်။ ယခု အရှက်လုံရုံသာ ၀တ်ခြင်း မဟုတ်ပါ။ အရှက်ကို လူမြင်အောင် ကြံဖန် ဖော်ထုတ်နေကြခြင်း ဖြစ်သည်။
လုံမလေးများ မလုံမခြုံဖြင့် တွေ့မြင်နေရသည်။ မလုံမခြုံ ၀တ်ဆင်နေသော သမီးငယ်များ၏ မိဘများသည်လည်း အီသီယိုးပီးယားနိုင်ငံသားများ သဖွယ်ဖြစ်နေသည်ကို သတိပြုသင့်သည်။
သားသမီးမကောင်း မိဘခေါင်း မဟုတ်ပါလား။ သားသမီးကို ဆုံးမပဲ့ပြင်မှု မရှိသော သူခိုး၏မိခင်သည် နားရွက် ကိုက်ဖြတ်ခံရကြောင်း ရာဇ၀င်ရှိခဲ့သည်ကို မမေ့အပ်ပါ။
ကားလမ်းဘေးများတွင် ပြည့်တန်ဆာများ ကျက်စား လှုပ်ရှားနေကြသည်။ ဟီရိသြတ္တပ္ပတရား ကင်းမဲ့စွာဖြင့် ကိုယ်ကာယကို လှစ်ပြ ဖော်ပြ၍ မြှူဆွယ်နေကြသည်။
သြော် --- ပြည့်တန်ဆာ ဆိုတာ အရှက်အကြောက်တရား ကင်းမဲ့စွာဖြင့် မိမိ ခန္ဓာကိုယ်ပေါ်မှ အများ မမြင်အပ်သည့် နေရာများကို လှစ်ပြနေကြသူများ ဖြစ်သည်။

.



ကျန်ပါသေးသည်။ သင်္ကြန်တွင်းကာလမှာ ယောက်ျားလေးများတင်မက မိန်းကလေးများကပါ ဘီယာ၊ အရက်များ သောက်၍ မူးကြ၊ ရူးကြသည်။
ရူးသည် ဆိုခြင်းက စိတ်မမှန် စိတ်ပေါ့သွပ်ခြင်း ဖြစ်သည်။ မလုပ်သင့်သည် ကို လုပ်ခြင်း၊ မပြောသင့်သည်ကို ပြောခြင်း၊ အရှက်အကြောက်တရား ကင်းမဲ့စွာ ပြုခြင်း၊ သတိတရား၊ အသိတရား ကင်းမဲ့ခြင်း များသည် ရူးခြင်းပင် မဟုတ်ပါလား။
အရက်၊ ဘီယာစသည့် သေရည် သေရက် ဆိုသည်မှာ သေစေတတ်သည်၊ ထိုအရက်ကို သောက်ပြီးလျှင် သေရမည့် နေ့ရက်ကို စောင့်ဆိုင်းရတတ်သည်။

အရက်ကို "မအိုဆေး" ဟုလည်း ခေါ်သည်။ "အိုမင်းရင့်ရော်ခြင်း မရှိ၊ ငယ်ရွယ်နုပျိုစေသည့် ဆေး" ဟု မထင်လိုက်ပါနှင့်။
"အသက်ရှည်ကျန်းမာ အိုမင်းသည် အထိ မနေရတော့ဘဲ စောစောစီးစီး သက်တမ်းမစေ့မီ လူ့ဘ၀က ထွက်ခွာသွား" ရသောကြောင့် အရက်ကို "မအိုဆေး" ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့ကြောင့် "သေရည်၊ သေရက်" ဟု ခေါ်ပါသတည်း။

ပြည်သူချစ်သော အနုပညာရှင်များ အချိန်မတိုင်မီ လူ့လောကထဲက ထွက်ခွာသွားကြရသည်ကို နှမြောမိသည်။


ချစ်စရာကောင်းသော အတာသင်္ကြန်ကို အရုပ်ဆိုး အကျည်းတန်အောင် သောက်စား မူးယစ်ပြီး ဟီရိသြတ္တပ္ပ အရှက် အကြောက်တရား ကင်းစွာဖြင့် ဖြတ်သန်းခဲ့ကြသည်။
ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းရကောင်းမှန်း မသိ ဖော်ချင်ရာဖော်၊ ချွတ်ချင်ရာချွတ်၊ မမြင်အပ်သည်၊ မြင်အပ်သည်မသိ ဖြစ်ခဲ့ကြသည်။
ယဉ်ကျေးမှုအသည်းနှလုံးကို ဖောက်ပြန်သော လက်ကြမ်းကြီးများဖြင့် ဆုပ်ကိုင် ဖျစ်ညှစ် ရိုက်ချိုးခံခဲ့ရ၍ မြန်မာ့ယဉ်ကျေးမှု အတာသင်္ကြန်သည် ကျန်းမာရေး မကောင်းတော့ဘဲ အလူးအလဲ ဖြစ်ခဲ့ရသည်။

.



မိမိသည် ဥပဒေပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသူ ဖြစ်ပါသည်။ နိစ္စဓူဝ လာရောက် ဆွေးနွေးကြသည့် အမှုများတွင် ခါးအောက်ပိုင်းအမှုက ပို၍များနေသည်။
အငိုလွယ်၍ အရှိုက်ခက်နေကြသည် မဟုတ်ပါလား။ စိတ်အလိုကို လိုက်ကြသည်။ အတုမြင် အတတ်သင်ကြသည်။ စွန့်စားကြည့်လိုသည်။ လက်တည့်စမ်းကြသည်။ ပြီးတော့ တံလျှပ်ကို ရေထင်၍ ရွှေသမင်များ အလိုက်မှားခဲ့ကြသည်။
အစားမတော် တစ်လုတ်၊ အသွားမတော် တစ်လှမ်း မဟုတ်ပါလား။ ခေတ်ကာလ သမီးပျိုများကို ““အိုင်တွေ့တိုင်း ခြေဆေးသည့်”” လူများနှင့် မတွေ့စေချင်ပါ။
ခြေဆေးသူတွင် အပြစ်မရှိ။ အိုင်ထဲက ရေ ဖြစ်လို့ ခြေဆေးခြင်း ဖြစ်သည်။ သောက်ရေအိုးထဲက ရေကို မည်သူမျှ ခြေဆေးမည်မဟုတ်ပါ။ မိမိကိုယ် မိမိ တန်ဖိုးထားဖို့ လိုသည်။ မိန်းကလေးများတွင် တန်ဖိုးအရှိဆုံးအချိန်သည် အပျိုစင်ဘ၀ပင် ဖြစ်သည်။
သင်္ကြန်ကာလ၌ လွတ်လပ်စွာ ပျော်ရွှင်ခြင်းကို ပိတ်ပင်လို၍ မဟုတ်ပါ။ သရုပ်ပျက်သော ၀တ်စားဆင်ယဉ်မှု၊ ရိုင်းပျသော ဆက်ဆံပြောဆိုမှု၊ သေရည် သေရက်သောက်စားမှု တို့ကြောင့် ရာဇ၀တ်မှုများ တိုးပွားလျက် ရှိနေပါသည်။


မကြာမီ ကျရောက်တော့မည့် ယဉ်ကျေးမှုအတာသင်္ကြန်ကို ညစ်နွမ်းအောင် အကျင့်ဆိုးများဖြင့် အရောင်မဆိုးစေချင်ပါ။
လူပေါင်းမှားပြီး လူမှား ပေါင်းကာ အကြောင်းမလှလို့ အသက်ဆုံးရှုံးကြရသူများလည်း များစွာ ရှိခဲ့ပါသည်။ ခေတ်မီခြင်း၊ လွတ်လပ်ခြင်း၊ တိုးတက်ခြင်းတို့သည် ကောင်းသောလက္ခဏာများ ဖြစ်ပါသည်။
ကိုယ်ကျင့်တရား ပျက်ယွင်းခြင်း၊ မူးယစ်သောက်စားခြင်း၊ အရှက်အကြောက်တရား ကင်းမဲ့ခြင်းတို့သည် ဘ၀အတွက် အနုတ်လက္ခဏာများ ဖြစ်ပါသည်။


ချစ်စရာကောင်းသော၊ မြတ်နိုးစရာကောင်းသော မြန်မာ့ယဉ်ကျေးမှု အတာသင်္ကြန်ကို မိမိတို့ကြောင့် မညှိုးနွမ်းစေဖို့ သတိပြုသင့်ပါကြောင်း တင်ပြလိုက်ပါသည်။


ချစ်စရာ၊ မြတ်နိုးစရာကောင်းသော မြန်မာ့ယဉ်ကျေးမှု အတာသင်္ကြန် ကျန်းမာပါစေ။


ဦးခင်ဇော် (မရမ်းကုန်း)


Hotnews Weekly Journal

သင်္ကြန်ယဉ်ကျေးမှု အသည်းနှလုံးကိုလက်ကြမ်းကြီးဖြင့် ဆုပ်ကိုင်ခံရခြင်း

.

ခုခေတ် မြန်မာအမျိုးသမီးလေးတွေက
ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ကိုယ်တုံးလုံးလုပ်နေတာကိုတော့
ကန့်ကွက်သင့်တယ်။

ကမ္ဘာနဲ့ ရင်ဘောင်တန်းဖို့ -
- ပညာရေးနဲ့ ရင်ဘောင်တန်းလို့ရတယ်။
- သိပံ္ပနဲ့ ရင်ဘောင်တန်းလို့ရတယ်။
- စီးပွားရေးနဲ့ ရင်ဘောင်တန်းလို့ရတယ်။

ဒါတွေကိုတော့ ရင်ဘောင်မတန်းဘဲ
မြန်မာ့ယဉ်ကျေးမှုနဲ့မညီတဲ့
ဖာဖြစ်မည့်ရင်ဘောင်ကို တန်းချင်နေကြတာ။

ပြည့်စုံပါစေ