မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မောင်မောင်ယဉ်ကျေးသို့ တောင်းပန်ခြင်း

ကျွန်မ C-Box မှာ အဆက်မပြတ်လာပြီး ယုတ်ယုတ်ရိုင်းရိုင်း ဆဲဆိုစော်ကားလာခဲ့တဲ့ မောင်မောင်ယဉ်ကျေးခေါ် မောင်မောင်လင်းသန့်က C-Box ဖွင့်ရဲရင် ဖွင့်ကြည့် ဖွင့်တာနဲ့ ဆဲဖို့စောင့်နေတယ်ဆိုလို့ ကျွန်မ C-Box ကို Lock ချကာ အကြာကြီး ထားခဲ့ရပါတယ်။ ဆဲဆို ရိုင်းစိုင်းထားတာတွေကို အစပိုင်းမှာ ဖျက်ပြီး IP ကို ဘန်းခဲ့ပေမဲ့ IP အတုတွေနဲ့ ထပ်ခါတလဲလဲ လာရေးနေလို့ နောက်ပိုင်းကျတော့ အချိန်မပေးနိုင်တော့ဘဲ C-Box ကို မကြာခဏ Lock လုပ်လာခဲ့ရတဲ့ အခြေအနေအထိ ရောက်ခဲ့ပါတယ်။ Lock ခဏဖွင့်လိုက်တာနဲ့ မကြာခင် ချက်ချင်းကို ၀င်လာရေးတာနဲ့ ခဏခဏကြုံလို့ အစက မယုံပေမဲ့ ၀င်ရေးဖို့ သူတမင် စောင့်နေတယ်ဆိုတာလည်း ကျွန်မယုံကြည်သွားပြီး Lock ချထားလိုက်ရပါတယ်။ မောင်မောင်ယဉ်ကျေးက အဲဒီလောက်အထိ အချိန်ပေးပြီး ကျွန်မ C-Box မှာ နှောက်ယှက်ခဲ့ပါတယ်။

သင်္ကြန်မတိုင်ခင် တပတ်ခန့်အလိုမှာတော့ မောင်မောင်ယဉ်ကျေးက သူ့မွေးနေ့မို့ ဒီတရက်နှစ်ရက်အတွင်း လာမဆဲတော့ဘူးလို့ အီးမေးလ်နဲ့ အကြောင်းကြားလာရာကနေ မေးလ်နဲ့ အဆက်အသွယ်ရပြီး ကျွန်မ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီတုန်းက မောင်မောင်ယဉ်ကျေးက တည်တည်တံ့တံ့ ပြန်ဆွေးနွေးတာ သိပ်မရှိခဲ့ဘဲ သူဘာကြောင့် လုပ်နေတယ်ဆိုတာနဲ့ သူ့ခံစားချက်တွေကို ကောင်းကောင်းမွန်မွန် ပြောပြခဲ့တာ တခါတလေပဲ ရှိခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့ရဲ့ ကျွန်မကို မထီမဲ့မြင် ပြောဆိုဆက်ဆံ ခေါ်ဝေါပုံတွေနဲ့ ကျွန်မ ပြောနေတာကို အလေးအနက်မထားဘဲ တောင်ပြောမြောက်ပြောနဲ့ အရေမရအဖတ်မရတွေ လိုက်လုပ်တာတွေကြောင့် သူအရင် ပြောခဲ့သမျှကို ကျွန်မ ခေါင်းထဲမထည့်တော့ဘဲ ယုံကြည်မှုမရှိ ဖြစ်သွားခဲ့ပါတယ်။

သင်္ကြန်မတိုင်ခင်နဲ့ သင်္ကြန်အစပိုင်း ရက်တွေမှာတော့ သူဂတိပေးထားခဲ့တဲ့အတိုင်း C-Box မှာ ဆဲဆိုခြင်း မရှိခဲ့တဲ့အထိ အဆင်ပြေခဲ့တာလည်း အမှန်ပဲ ဖြစ်တယ်။ အပြန်အလှန် ဆက်ပြောရင်း သူက ကျွန်မ C-Box ထဲမှာ တခြားနာမည်တခုနဲ့ သူလာတင်ခဲ့တဲ့ Link တခုဟာ Virus Link ဖြစ်တယ်ဆိုတဲ့ အကြောင်း ၀န်ခံ အသိပေးပြီး ဖွင့်ပြီး မ Run မိဖို့ သတိပေးတဲ့အခါမှာတော့ ပြီးခဲ့တဲ့ နှစ်ကုန်ခါနီးက ဗိုင်းရပ်နှစ်ကြိမ်မိဖူးလို့ ကွန်ပြူတာကို အစကနေ Program နှစ်ကြိမ်ပြန်သွင်းခဲ့ရဖူးတဲ့ ကျွန်မက အရင်အကြိမ်တွေတုန်းကလည်း သူပဲ ဖြစ်မယ်ဆိုပြီး အကြီးအကျယ် ဒေါသထွက်ခဲ့ပါတယ်။ သူတင်တာ အခုမှဖြစ်ကြောင်း အရင်နှစ်တွေက သူတင်တာ မဟုတ်ကြောင်း ပြောပြပေမဲ့ ကျွန်မက ဘယ်လိုမှ မယုံတော့ဘဲ လွန်ခဲ့တဲ့ တနှစ်ကျော်လောက်ကတည်းက ကျွန်မကို ဒုက္ခလာပေးနေတဲ့တယောက်လို့ ထင်ပြီးစွပ်စွဲခဲ့ပါတယ်။ နောက်ပိုင်းတော့ သူ့ဘက်က ဗိုင်းရပ်မိမှာစိုးလို့ စေတနာနဲ့ ပြောပြမိမှ ပိုဆိုးသွားတယ်ဆိုပြီး ကျွန်မကို ပြန်အရွဲ့တိုက်ကာ ဒေါသထွက်အောင် လိုက်ဆွတဲ့စကားတွေ မထီမဲ့မြင်ကလေးကလား ပြောတာတွေ ပိုလုပ်လာပြီး ကျွန်မလည်း သူ့ကို တုန့်ပြန်ရာမှာ " မင်းလိုယုတ်ရိုင်းတဲ့သူ ပြောစကားကို ငါဘယ်တော့မှ မယုံဘူး ငါအခုလို လက်ခံစကားပြောတာတောင် ငါ့ဘက်က တော်တော်လေး တရားလွန်နေပြီ၊ ငါသေတဲ့အထိ ငါ့ C-Box ကိုပိတ်အောင် မင်းလုပ်လို့ ရမှာ မဟုတ်ဘူး" စသည့် စကားတွေကြောင့် သူ့ကိုစိန်ခေါ်တယ်ဆိုပြီး အခြေအနေက ပိုဆိုးသွားပြီး ယုတ်ယုတ်ရိုင်းရိုင်းတွေကို အရင်ကထက် ပိုပြီးလာရေးခဲ့တယ်။ အဲဒီအချိန်မှာ သူ့ကိုလည်း ကျွန်မက အယုတ်အရိုင်းချန်ပီယံလို့ အမည်ပေးခဲ့ပါတယ်။

ဒီလိုနဲ့ ကျွန်မကလည်း သူ့ကိုထင်တာတွေ စွပ်စွဲ၊ သူကလည်း ကျွန်မကို C-Box ဖွင့်တာနဲ့ ဘယ်တုန်းက စောင့်နေမှန်းမသိဘဲ ချက်ချင်းကို ၀င်ဆဲခဲ့တာတွေ အထိ ဖြစ်လာခဲ့ပါတယ်။ နောက်ပိုင်း C-Box ကို လုံးဝ မဖွင့်ဘဲ ထားလိုက်တဲ့အချိန်မှာတော့ မေးလ်ပို့ပြီး ၀င်လာဆဲခြင်း ယုတ်ရိုင်းတဲ့ ညစ်ညမ်းပုံတွေ ပို့ပေးခြင်းတွေ အပါအ၀င် ညစ်ညမ်းတဲ့ဆိုက်တွေမှာ ကျွန်မနာမည်နဲ့ လိုက်ပြီး Register လိုက်လုပ်ထားလို့ ကျွန်မဆီကို အဲဒီဆိုက်တွေက Account Activate လုပ်ဖို့ အကြောင်းကြားလာတဲ့စာတွေ အဆက်မပြတ် ၀င်လာခဲ့လို့ C-Box အပြင် တခြားနည်းနဲ့ပါ စိတ်အနှောာက်အယှက်အမျိုးစုံကို ပေးခဲ့ပါတယ်။ ဒါကြောင့် သူ့ဆီက လာသမျှမေးလ်တွေကို Spam ထဲ ထည့်ပစ်ခဲ့ရတယ်။ အဲဒါတွေက မောင်မောင်လင်းသန့်နဲ့ ကျွန်မကြားမှာ မနေ့တနေ့ကအထိ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေပါ။

နောက်ဆုံးတော့ အခုလတ်တလော ကျွန်မ ဘယ်သူ့ ဘလော့ဂ်ကိုမှ မရောက်ပေမဲ့  Nge Naing ဆိုတဲ့ နာမည်နဲ့ C-Box တကာမှာ "ဒီဖုန်းနံပတ် 447446104825 ကိုဆက်ပြီး ၀ိုင်းဆဲပေးကြပါ။ လင်းသန့်ဦး(ခ)ဇော်မျိုး(ခ)ဖိုးကျော် myanmarexpress ကိုဘလော့ရေးတဲ့သူ ဖြစ်တယ်" ဆိုပြီး လိုက်ရေးနေသူနဲ့ ကျွန်မရဲ့ အခုနောက်ဆုံးတင်ထားတဲ့ ဖတ်စေချင်သည်ပို့စ်မှာ လာထည့်ထားတဲ့ Anonymous အမည်နဲ့ မှတ်ချက်တခုကို သူလို့ ထင်နေခဲ့တာကို မောင်မောင်လင်းသန့်က တွေ့ပြီး ကျွန်မဆီကို တခြားမေးလ်အသစ်တခုနဲ့ ဆက်သွယ်လာပြီး အဲဒါတော့ သူလုံးဝမဟုတ်ကြောင်း ကောင်းကောင်းမွန်မွန် ရှင်းပြခဲ့ပါတယ်။ ဒီတခါတော့ သူကျွန်မကို စတာနောက်တာ မရှိ၊ တည်တည်တံ့တံ့ ပြောပြတာဖြစ်ပြီး အဲဒီပို့စ်မှာ သူရေးတဲ့ မှတ်ချက်က တခြားတခုဖြစ်ကြောင်း ကျွန်မထင်နေတဲ့မှတ်ချက်ကို သူရေးတာမဟုတ်ကြောင်း၊ C-Box တကာမှာ Nge Naing ဆိုတဲ့နာမည်နဲ့ ကျွန်မကို လူတွေ အထင်လွဲအောင် လိုက်ရေးနေတာလည်း သူလုံးဝ မဟုတ်ကြောင်းနဲ့ သူရေးဖူးတဲ့ C-Box ၆ ခုမှာ သူဘာတွေရေးခဲ့တယ် ဆိုတဲ့အကြောင်း ပြောပြပါတယ်။ ပြီးတော့ သူဘာကြောင့် ကျွန်မ C-Box မှာ ဒီလိုယုတ်ယုတ်ရိုင်းရိုင်း လာရေးရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ကျွန်မကို ပြောပြလို့ ကျွန်မလည်း သိခွင့်ရပြီး သူနဲ့ ဆွေးနွေးခွင့် ရခဲ့ပါတယ်။ ကျွန်မစွပ်စွဲနေတာတွေ အားလုံးကလည်း မဟုတ်ကြောင်းပြောပြီး သူ့အကြောင်းကို သူဘယ်သူလဲဆိုတာ သူ့နေရပ်လိပ်စာတွေ အလုပ်အကိုင်တွေ အမှန်အတိုင်း ပြောပြပြီး ကျွန်မထင်သလို လုံးဝ မဟုတ်ကြောင်းကို ကောင်းကေင်းမွန်မွန် ရှင်းပြခဲ့ပါတယ်။ တချိန်တည်းမှာပဲ သူကျွန်မကို ပြုမူပြောဆိုခဲ့၊ ဆဲဆိုခဲ့တာတွေနဲ့ ပတ်သက်ပြီး ကျွန်မတို့လင်မယား နှစ်ယောက်စလုံးကို တောင်းပန်ခဲ့ပါတယ်။

အမှန်တရားဟာ သစ္စာဖြစ်ပါတယ် ။ မောင်မောင်လင်းသန့် အပါအ၀င် ကျွန်မ ဘလော့ဂ်မှာ လာပြီးစော်ကားခဲ့သူတွေကြောင့် စိတ်အနှောင့်အယှက် ဖြစ်ခဲ့တာ မှန်ပေမဲ့ အဲဒီလူတွေအတွက် စိတ်ရဲ့အညစ်အကြေးတွေ ကင်းစင်ပြီး နှလုံးစိတ်ဝမ်း ငြိမ်းချမ်းပါစေလို့ပဲ ဆုတောင်းဖူးပြီး မကောင်းတဲ့ စိတ်စေတနာကို ဦးတည်ပြီး သူတို့အကျိုးယုတ်စေလိုတဲ့ စိတ်နဲ့တော့ တခါမှ ဘာတခုမှ ဆုမတောင်းခဲ့ဖူးတာ အမှန်ပဲ။ ဘယ်သူ့အတွက်မှ ဘာမှအကျိုးမရှိဘဲ ကျွန်မဘလော့ဂ်မှာ လာပြီးမနှောင့်ယှက်ဖို့ သင်္ကြန်မတိုင်ခင်က မောင်မောင်လင်းသန့်ဆီကို မေးလ်ပို့ပြီး ကျွန်မ တောင်းပန်ခဲ့ဖူးပေမဲ့ အဲဒီတုန်းက ခဏသာ အဆင်ပြေပြီး ဗိုင်းရပ် Link လာထည့်ခဲ့တာကို အခြေခံပြီး ကျွန်မရဲ့ အထင်လွဲမှုတွေကြောင့် အဆင်မပြေ ပြန်ဖြစ်သွားပြီး သူ့ဘက်က ပိုပြီးယုတ်ရိုင်းတဲ့ တုံ့ပြန်မှုကိုပဲ ရရှိခဲ့ပါတယ်။ အခုတခါတော့ အခုလို မောင်မောင်လင်းသန့်အကြောင်းကို သူကိုယ်တိုင်ပြောတဲ့စကားတွေအရ ကျွန်မ ထင်ထားသလို မဟုတ်ဘဲ အမှန်အတိုင်း သိလိုက်ရတဲ့အချိန်မှာ ကျွန်မက မဟုတ်ဘဲနဲ့ စွပ်စွဲခဲ့မိတဲ့အပေါ် မောင်မောင်ယဉ်ကျေး ခေါ် မောင်မောင်လင်းသန့် ကျွန်မအခေါ် အယုတ်အရိုင်းချန်ပီယံကို ကျွန်မအနေနဲ့ လူသိရှင်ကြား ဘလော့ဂ်ပေါ်ကနေ ပြန်တောင်းပန်လိုက်ပါတယ်။ ယုတ်ရိုင်းတော့မှာ မဟုတ်ဘူးလို့ ယူဆတဲ့အတွက် ကျွန်မပေးထားတဲ့ အယုတ်အရိုင်းချန်ပီယံဆိုတဲ့ နာမည်ကိုလည်း ဒီကနေ့ကစပြီး ပြန်ရုပ်သိမ်းလိုက်ပါတယ်။

လူသားအချင်းချင်း အပြန်အလှန် မုန်းတီးမှုတွေရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းဆိုတာ ရှိပါတယ်။ အပြန်အလှန်လေးစားမှုနဲ့ သီးခံခွင့်လွတ်ခြင်းကို လက်ကိုင်ထားပြီး ပြဿနာဘာကြောင့် ဖြစ်ရတယ်ဆိုတာကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး အဖြေရှာနိုင်ရင် အဖြေမှန်ဆိုတာလည်း ရှိစမြဲပါ။


မောင်မောင်ယဉ်ကျေးခေါ် မောင်မောင်လင်းသန့် နှလုံးစိတ်ဝမ်းငြိမ်းချမ်းပါစေ။


31 comments:

သူငယ်ချင်း..

ဲ... နားလည်မှုတွေ...ရှိသွားတာ...ကောင်းတယ် ။ မေတ္တာ ထားခြင်းနဲ့ သစ္စာဆိုတာဟာ တကယ်တော့ ကောင်းမွန်တဲ့ လုပ်ရပ်မို့ အားလုံးအတွက် အကျိုးရှိတယ်လို့ ယုံကြည်ပါတယ်..။

သူငယ်ချင်း နှစ်သစ်မှာ ပျော်ရွင်ပါစေ..။

စိန်ဗေဒါ (၈၈)

အလုပ်ကြီးအကိုင်ကြီးတွေလုပ်နေကြတာပဲ
ရတနာ ရှိရာ ရတနာ စု ဆိုသလိုပေါ့
စရိုက်တူတဲ.လူခြင်းပေါင်းမိကြတာ၊ အဆင်ပြေကြတာမဆန်းပါဘူး

မည်သို.ဆိုစေ ကြောက်လန့်ပြီးရေးတာပဲဖြစ်ဖြစ်၊ နောက်မလုပ်အောင် ဖားရေးတာပဲဖြစ်ဖြစ်၊ ညစ်ညမ်းဝဘ်ဆိုဒ်တွေမှာ ကိုယ်တိုင်လုပ်ခဲ.လို.သ်ာလည်းကောင်း၊ သူများလုပ်ခဲ.လို.သ်ာလည်းကောင်း ရှိနေတဲ. Nge Naing ဆိုတဲ.နာမည်အားလုံးကို Nge Naing မဟုတ်ပါလူးလို.ပာချင်လို့ရေးတာပဲဖြစ်ဖြစ် ခုလိုပိုစ်.တင်ပြီးတောင်းပန်ခံလိုက်ရတဲ. ပုဂ္ဂိုလ်အတွက် ဂုဏ်ယူပါတယ်

စီဘောက်လော.ချအောင်၊ ကွန်းမန်.မတင်ရဲအောင်၊ တန်းပလိတ်ချိန်းလိုက်ရအောင်၊ ဘယ်သူမှ ဘလော.ကိုမလာရဲ မရေးရဲ နှုတ်မဆက်ရဲအောင်၊ စီဘောက်စ်အပေါ်မှာ သတိပေးစာတွေနဲ. ကွန်းမန်.မပေးခင်မှာ သတိပေးစာတွေ ထွက်လာအောင် လုပ်နိုင်တဲ.အပြင် နာက်ဆုံး ပိုစ်.တင်ပြီးတောင်းပန်ခံရတဲ.အထိ လုပ်နိုင်တဲ.အရည်အချင်းကိုတော. တကယ်လေးစားပါတယ်...

မိမိစာလာဖတ်နေကျ ဘလော့ဂ်တခုမှာ အနှောက်အယှက်တခု ကင်းသွားတာကို မုဒိတာမပွားဘဲ စိတ်မရွှင်မလန်း ဖြစ်နေတဲ့သူကလည်း စာဖတ်သူထဲမှာ ရှိသေးတာ အံ့ပါရဲ့။ အခုရေးထားတဲ့အထဲမှာ ဖါးထားတာ လုပ်ကြံဖန်တီးရေးထားတာ တခုမှ မပါဘူး တကယ်ဖြစ်သွားခဲ့တာကို ပြန်ရေးထားတာပဲ ရှိတယ်။ C-Box က lock ချတာတခုကလွဲရင် ကျန်တာကို မောင်မောင်လင်းသန့် ကျွန်မဘလော့ဂ်ကို တခါမှ မရောက်ဖူးခင်ကလည်း လုပ်ထားခဲ့ရတာပဲ။ mg ထင်သလိုသာ ဘလော့ဂ်အတုလုပ်တဲ့သူက မောင်မောင်လင်းသန့် ဖြစ်မယ်ဆိုရင်တော့ အခုချိန်မှာ ဘလော့ဂ်အတု နှစ်ခုစလုံး မရှိနိုင်တော့ဘူး။ အခုသွားကြည့်လို့ အဲဒီဘလော့ဂ်အတု ရှိနေသေးရင် အဲဒါမောင်မောင်လင်းသန့် လုပ်တာမဟုတ်ဘူးလို့သာ မှတ်လိုက်ပါ။ ဒါပေမဲ့ လုပ်တဲ့သူက mg ပဲဖြစ်ဖြစ် ဘယ်သူပဲ ဖြစ်ဖြစ် ဘလော့ဂ်အတုလုပ်တာ မောင်မောင်လင်းသန့်လို့ ထင်ရောင်ထင်မှား ဖြစ်အောင် တခါတည်း ဖျက်ပေးလိုက်ရင်လည်း ကျွန်မအတွက် အမြတ်ပဲ။ အဲဒါကို မောင်မောင်လင်းသန့် လုပ်တာမဟုတ်ဘူးဆိုတာတော့ ကျွန်မသိတယ်။

ကိုကြီးကြောက် မနေ့ က နေ့ လည် 1 နာရီ ကဆုံးသွားပြီ လို့ သိရပါတယ်။ အင်မတန် စိတ်မကောင်းဖြစ်မိပါတယ်။ ကိုကြီးကျောက် ကောင်းရာသုဂတိ ရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အမ မသိသေးဘူးထင်မိလို့ ပါနော်။

ပို့ စ်နဲ့ တော့မဆိုင်ပါဘူး။ စီဘောက် မှာ ရေးလို့ မရလို့ ပါရှင်။

သတင်းလာပေးတာ ကျေးဇူးတင်ပါတယ် Anonymous ကျွန်မ အရင်နေ့တွေက ဘယ်မှ မရောက်ဖြစ်တော့ အခုလေးတင်ပဲ သူ့ C-Box မှာ သူများသတင်းပေးထားတာကို ဖတ်ပြီး သိရတယ်။ သူ့ရဲ့ ပြီးခဲ့တဲ့ပတ်က တင်တဲ့ နောက်ဆုံးပို့စ်မှာ ကင်ဆာမရှိတော့ဘူးဆိုတာ သိရပြီး ဘယ်လိုမှ မထင်မှတ်ထားဘဲ အခုလို ရုတ်တရက် သိလိုက်ရတော့ ဘယ်လိုပြောရမှန်းတောင် မသိဖြစ်သွားတယ်။
အန်ကယ်နိုင် အသည်းကင်ဆာ ဖြစ်ပြီဆိုတာ သိတဲ့နေ့မှာ ကျွန်မ ဒီပို့စ်လေး http://nge-naing.blogspot.com/2010/10/blog-post_09.html ကိုတင်ပြီး လက်ဆောင်ပေးခဲ့ဖူးပါတယ်။ အခု ဆုံးပြီဆိုတော့ ရောက်ရာဘုံဘ၀ကနေ သာဓုခေါ်နိုင်အောင် အချိန်ရခဲ့ရင် ကောင်းရာသုဂတိ လားပါစေလို့ ဆုတောင်း မေတ္တာ ပို့သတဲ့ပို့စ်လေးတခုကို တင်ဖို့ စဉ်းစားနေပါတယ်။ အန်ကယ်နိုင် ကောင်းရာသုဂတိ လားပါစေ...

ကောင်းပါတယ်အစ်မရာ...နားလည်မှုရှိသွားလို့ တစ်ဦးနဲ့
တစ်ဦး အပြန်အလှန်တောင်ပန်ကြ၊ကြေအေးကြတာ
ဝမ်းသာစရာပါ....။

အစ်မဆိုက်ကိုရောက်ရင် စာကောင်းကောင်းဖတ်တယ်။ ပြီးရင် အဲဒီ ကွန်မန့်တွေ ဆီပုံးတွေ က ဟာတွေ ဖတ်ပြီးရင်မောပြီး ပြန်ရတာလဲ အမောပဲ။ ဟာဟ

အခု အဆင်ပြေတယ်ဆိုတော့လဲ အတိုင်းထက်အလွန်ပေါ့။

ငြိမ်းချမ်းပါစေ။

မိုးယံ

အစ်မဘလော့ဂ်မှာ စာလာဖတ်တဲ့သူတွေက လူအစုံရှိတော့ အမြင်မတူတာ ရှိမှာ သေချာပါတယ်။ အမြင်မတူပေမဲ့လည်း ဆဲထား၊ ယုတ်ရိုင်းထား စော်ကားထားတာ မဟုတ်ရင် အကုန်ထည့်ပေးပါတယ်။ စော်ကားထားတာတွေ့ရင်တောင်မှ သိပ်အဆိုးကြီး မဟုတ်ရင် ရေးထားတဲ့ အကြောင်းအရာက တင်ထားတဲ့ပို့စ် (သို့) အများဆွေးနွေးထားတဲ အကြောင်းအရာနဲ့ တိုက်ရိုက်သက်ဆိုင်နေရင် တော်ရုံမှတ်ချက်တွေကို ထည့်ပေးလိုက်တာ များပါတယ်။ ဒါကြောင့် အေးအေးဆေးဆေး စာလာဖတ်တဲ့သူတွေအတွက် ဖတ်ပြီး စိတ်အနှောင့်အယှက် ဖြစ်ရရင် စိတ်မကောင်းပါဘူး။ ဒါတွေက လူတိုင်းတနည်းနည်းနဲ့ ရင်ဆိုင်နေရတဲ့ လောကဓံတရားတွေပဲလို့ သဘောထားပြီး သီးခံပေးကြစေချင်ပါတယ်။

Washington DC, Maryland & Virginia နေ မြန်မာများ ခင်ဗျာ။


ဒီမိုကရေစီလိုလားသူ ဦးနိုင်ဖေအောင် (၅၃ နှစ်)(ဘလော့ဂါ ရွှေရတုမှတ်တမ်း ခေါ် ကိုကြီးကျောက်) ၏ funeral service ကို အောက်ပါ အစီအစဉ် အတိုင်း လုပ်ပါမည်။

နေ့ရက် - ၂ဝ၁၁ ခုနှစ်၊ မေလ ၄ ရက်

အချိန် - နေ့လည် ၁ နာရီမှ ညနေ ၄ နာရီထိ

နေရာ - Advent Funeral & Cremation Service



မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူ ရဲဘော်များ နှင့် မိတ်ဆွေများ ကြွရောက်ကြပါရန်။

ဖတ်ဖူးသမျှထဲမှာ တစ်စက်မှာ အသုံးမကျတဲ့ အရည်မရ အဖက်မရ ပိုစ့် ပဲ.. အချိန်တွေကို နှမျှောလိုက်တာ..

(( ယမင်း said...

ဖတ်ဖူးသမျှထဲမှာ တစ်စက်မှ အသုံးမကျတဲ့ အရည်မရ အဖက်မရ ပိုစ့် ပဲ.. အချိန်တွေကို နှမျှောလိုက်တာ.. ))



ဟေ့ကောင်
ယမင်း

မင်း ရေးထားတဲ့ မှတ်ချက်က မှတ်သားစရာ၊ ဆင်ခြင်စရာ၊ သင်ခန်းစာ ယူစရာ အမြဲ ပါတဲ့ မငယ်နိုင် ရေးတဲ့ ပို့စ်တိုင်းကို ကပျက်ယပျက် ဖျက်လိုဖျက်ဆီး သဘောနဲ့ (( မကောင်းပါဘူး၊ ညံ့ပါတယ် )) ... ဆိုပြီး အမြဲ လာလာ တိုက်ခိုက်နေတဲ့ ဒေါ်လာစား နဲ့ mg ရဲ့ လေသံအတိုင်းပါပဲလားကွ

((ယမင်း)) ဆိုပြီး မိန်းမ နာမည်နဲ့ ရေးနေတာ ယိုသူမရှက်၊ မြင်သူရှက် ပဲကွာ

(( တုတ်ကြီး said...

ငယ်နိုင်ဆိုတဲ့ မိန်းမကြီး က စစ်ဗိုလ်တွေ သူဘလော့ မလာတော့လို့ စိတ်ကောက်နေတယ်တဲ့
+ - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ #
+ - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ #
+ - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ # + - x < @ # ))



ဟေ့ကောင်
စစ်ခွေး တုတ်ကြီး


မင်း နေ့စဉ်ရက်ဆက် ပက်ပက်စက်စက် ဆဲရေးတိုင်းထွာ လုပ်နေတဲ့ စစ်အစိုးရဆန့်ကျင်သူ SV ကို စစ်အစိုးရ အလိုတော်ရိ SLIP က ထောင်ချောက်ဆင်ပြီး သိမ်းသွင်းတာကို SV က ပိုးဖလံမျိုး၊ မီးကိုတိုး သလို ကိုယ်ကျိုးနည်းမှာကို မမြင်ပဲ SLIP ရဲ့ ထောင်ချောက်ထဲကို တိုးဝင်သွားတော့ အယုတ္တအနတ္တ ပဲ ပြောတတ်တဲ့ မင်း ပါးစပ်ပေါက်က မငယ်နိုင်ဖက် လှည့်သွားပြန်ပြီလားကွ

မင်းလို မိုက်ရိုင်းထွားကြိုင်းတဲ့ စစ်ခွေးတကောင်ကြောင့် တပ်မတော်လည်း သိက္ခာကျ၊ မင်းမိဘတွေလည်း သိက္ခာကျတယ်ကွ

မင်းလို ပင်ကိုယ် မိုက်ရိုင်းတဲ့ ကောင်ကို လူလို နားလည်အောင် ရှင်းပြရတာလည်း (( ခွေးပါး ဂစ်တာတီး )) ဖြစ် နေလို့ မင်း နားလည်မှာလည်း မဟုတ်ပါဘူးကွာ

မငယ်နိုင်

ရာဇဝင် အင်တာနက်လူဆိုး တစ်ယောက် ရဲ့ လူမဆန်စွာ မိုက်မိုက်ရိုင်းရိုင်း ဆဲဆို နှောင့်ယှက်ပုံ အဖုံဖုံကို ဘလော့ဂါတွေနဲ့ စာဖတ်သူတွေကို တင်ပြပေးတဲ့ မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်

မငယ်နိုင်ရဲ့ ((စစ်ခွေး)) အဓိပ္ပာယ်ဖွင့်ဆိုချက်နဲ့ ကိုက်ညီသူ တွေကို ((စစ်ခွေး)) လို့ သမုတ်တာကို ထောက်ခံပါတယ်

မောင်မောင်ယဉ်ကျေး ကိုတောင်ပန်ဖို့မလိုပါဘူး.. သူလုပ်ခဲ့တာကြောင့် သူကိုပြန်ပြောခဲ့တာတွေပဲ.. မောင်မောင်ယဉ်ကျေး လုပ်နေသမျှကို ရုရှားကစစ်ဗိုလ်တွေ လုပ်နေပါတယ်ဆိုပြီး အမျိုးမျိုးအဖုံဖုံစွပ်စွဲနေခဲ့တဲ့ မငယ်နိုင်အနေနဲ့ တရားခံပေါ်သွားတော့လည်း ကိုယ်စွပ်စွဲခဲ့သမျှကို မသိကျိုးကျွံနဲ့ မျက်နှာပြောင်တိုက်ပြီး ဖာသိဖာသာနေတာပဲလား.. တကယ်တောင်းပန်သင့်တာက အပြစ်မရှိပဲ စွပ်စွဲခံခဲ့ရသူတွေကိုပါ.. သိက္ခာရှိတဲ့အမျိုးသမီးကောင်း တစ်ယောက်ဆိုရင်ပေါ့

စစ်မုန်းဆိုတာ မငယ်နိုင်ကိုယ်တိုင်လား မငယ်နိုင်ယောကျားလားဗျို့ မငယ်နိုင်ကိုဝေဖန်တဲ့လူမှန်သမျှအပြစ်တင်ပြီး မငယ်နိုင်ကိုတော့ ပလိန်းကြီးစွပ်ထောက်ခံနေပါလား.. ဇော် ပြောတာ သဘာဝကျတယ်အစွပ်စွဲခံခဲ့ရသူအားလုံးကိုတောင်းပန်သင့်တယ် မောင်မောင်ယဉ်ကျေး ဆဲသမျှကို တုတ်ကြီးလို့ထင်ပြီး ပြန်ပြောခဲ့တာတွေရှိတယ် ဒီတော့ ကိုယ့်အမှားကိုယ်တော့လက်ခံပြီး တုတ်ကြီးကိုတောင်းပန်ဖို့လိုတယ်

"မောင်မောင်ယဉ်ကျေး လုပ်နေသမျှကို ရုရှားကစစ်ဗိုလ်တွေ လုပ်နေပါတယ်ဆိုပြီး အမျိုးမျိုးအဖုံဖုံ စွပ်စွဲနေခဲ့တဲ့ မငယ်နိုင်အနေနဲ့ တရားခံပေါ်သွားတော့လည်း ကိုယ်စွပ်စွဲခဲ့သမျှကို မသိကျိုးကျွံနဲ့ မျက်နှာပြောင်တိုက်ပြီး ဖာသိဖာသာ နေတာပဲလား.. တကယ်တောင်းပန်သင့်တာက အပြစ်မရှိပဲ စွပ်စွဲခံခဲ့ရသူတွေကိုပါ.. သိက္ခာရှိတဲ့အမျိုးသမီးကောင်း တစ်ယောက်ဆိုရင်ပေါ့"
ဆိုပြီး zaw က ပြောသွားတယ်။


"အစွပ်စွဲခံခဲ့ရသူအားလုံးကို တောင်းပန်သင့်တယ် မောင်မောင်ယဉ်ကျေး ဆဲသမျှကို တုတ်ကြီးလို့ထင်ပြီး ပြန်ပြောခဲ့တာတွေရှိတယ် ဒီတော့ ကိုယ့်အမှားကိုယ်တော့ လက်ခံပြီး တုတ်ကြီးကို တောင်းပန်ဖို့ လိုတယ်"
ဆိုပြီး Anonymous က ပြောသွားတယ်။



Anonymous ရေ .....

"တုတ်ကြီးကို တောင်းပန်ဖို့ လိုတယ်" ဆိုတဲ့ စကားကို မင်းမို့လို့ ပြောရဲတယ်။


zaw ရေ .....

"ခိုးတတ်တော့ ယိုးတတ်တယ်" ဆိုတဲ့ စကား ရှိပါတယ်။

တုတ်ကြီး အပါအဝင် ရုရှားက ပညာတတ်ဆိုတဲ့ ပညာတော်သင် စစ်ဗိုလ်တွေက စစ်အစိုးရကို ဆန့်ကျင်တဲ့ ပြည်သူ့ဘလော့ဂါတွေနဲ့ ကွန်မန့်ရေးသူတွေကို ဆဲရေးတဲ့ စကားတွေ အပါအဝင် ရိုင်းရိုင်းစိုင်းစိုင်း စော်ကားပုတ်ခတ်နေတာ နိုင်ငံရေးဘလော့တွေ ဖတ်လေ့ရှိတဲ့ စာဖတ်ပရိသတ်တွေ သိနေ၊ မြင်နေတာဘဲ။

အထူးသဖြင့် တုတ်ကြီး အမည်ခံ ရုရှားနိုင်ငံ၊ မော်စကိုမြို့ရောက် ပညာတော်သင် စစ်ဗိုလ်က SV ဘလော့၊ မငယ်နိုင်ဘလော့၊ မသဒ္ဓါဘလော့ က စီဘောက်တွေမှာ ဘလော့ရှင် SV ၊ မငယ်နိုင်၊ မသဒ္ဓါ ကို ရော၊ ဒီမိုကရေစီလိုလားသူ ကွန်မန့် ရေးသူတွေကိုပါ မကြားဝံ့မနာသာ အောက်တန်းကျကျ ဆဲဆိုနေတာ လူတိုင်း သိနေတာဘဲ။



မငယ်နိုင် ရေးခဲ့တဲ့ မှတ်ချက် ဟောင်း နှစ်ခုကို ဖတ်လိုက်ရင် မငယ်နိုင်ကို မောင်မောင်ယဉ်ကျေး ဆဲတုံးက မငယ်နိုင်က တုတ်ကြီး အပါအဝင် ရုရှားကစစ်ဗိုလ်တွေ ဆဲတာလို့ ထင်ရတဲ့ အကြောင်းရင်းကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါလိမ့်မယ်။



မငယ်နိုင် ရေးခဲ့တဲ့ မှတ်ချက် ဟောင်း (၁)

".................... အစ်မဘလော့ဂ်မှာ သူ့လူကိုယ့်လူ မခွဲခြားဘူး။ ဆဲတာ၊ ရိုင်းတာ ဘာတခုမှ လက်မခံဘူး။ ရိုင်းတာ ဘယ်သူ့ကိုမှ လက်မခံဘူး။ စစ်သားတွေကို အခု ပြောရတာက အစ်မဘလော့ဂ်မှာ လာဆဲသွား၊ ရိုင်းသွားလို့ live trafic မှာ ကြည့်လိုက်ရင် "ရုရှား" လို့ ပေါ်နေတယ်။ အစ်မဘလော့ဂ်မှာ သားပြောမယားပြော ပြည့်တန်ဆာပြော လာပြောတယ်။ အဲဒီတော့ "စစ်သားတွေ ရိုင်းတယ်" လို့ မပြောလို့ ဘယ်သူ့ကို သွားပြောရမလဲ။

အခု ဒီဘလော့ဂ်မှာ လာဆဲနေတာလည်း စစ်သားတွေအဖြစ်နဲ့ပဲ လာဆဲနေတော့ "စစ်သားတွေ ရိုင်းတယ်" လို့ မပြောလို့ ဘယ်သူ့ကို သွားပြောရမလဲ။ ...................."



မငယ်နိုင် ရေးခဲ့တဲ့ မှတ်ချက် ဟောင်း (၂)

"................... "တုတ်ကြီး" နာမည်နဲ့ ကျွန်မဘလော့ဂ်မှာ သားပြောမယားပြော မကလို့ ပြည့်တန်ဆာပြော လာပြောသွားတဲ့ ရုရှားက IP က အခု "ဇော်" ရဲ့ IP နဲ့ တခုတည်းပဲ။ "တုတ်ကြီး" နဲ့ "ဇော်" တယောက်တည်း ဖြစ်ချင်ဖြစ်မယ်။ တယောက်တည်း မဟုတ်ရင်တောင်မှ မိတ်ဆွေရင်းချာ ဖြစ်မှာတော့ သေချာတယ်။

ဒီ IP ကို ဘန်းတော့မှာ ဖြစ်တယ်။ မော်စကိုကနေ ယဉ်ယဉ်ကျေးကျေး စာလာဖတ်နေသူတွေ အတွက်တော့ စိတ်မကောင်းပါဘူး။

ကျွန်မဘလော့ဂ်မှာလည်း ဒီ "တုတ်ကြီး" နာမည်နဲ့ရော၊ "sv ယောက်ျား" နာမည်နဲ့ပါ ဒီ IP နဲ့ လာရေးဖူးတယ်။ ...................."



Observer

မငယ်နိုင် ရေးခဲ့တဲ့ မှတ်ချက် ဟောင်း နှစ်ခု ရဲ့ အပြည့်အစုံကို အောက်မှာ ထပ်တင်ပေးပါမယ်။ အခု မငယ်နိုင်ကို လာဝေဖန်နေတဲ့ လူတွေရော၊ ဖြစ်ကြောင်းရယ်ကုန်စင်ကို သေသေချာချာ မသိသေးတဲ့ စာဖတ်သူအသစ်တွေပါ မငယ်နိုင် ရေးခဲ့တဲ့ အဲဒီ မှတ်ချက် ဟောင်း နှစ်ခု ကို ဖတ်လိုက်ရင် မငယ်နိုင်ကို မောင်မောင်ယဉ်ကျေး ဆဲတုံးက မငယ်နိုင်က တုတ်ကြီး အပါအဝင် ရုရှားကစစ်ဗိုလ်တွေ ဆဲတာလို့ ထင်ရတဲ့ အကြောင်းရင်းကို ကွက်ကွက်ကွင်းကွင်း မြင်နိုင်ပါလိမ့်မယ်။


Observer

မငယ်နိုင် ရေးခဲ့တဲ့ မှတ်ချက် ဟောင်း (၁)


Nge Naing said...

(((( အဖေလည်း စစ်သား၊ အကိုလည်း စစ်သား၊ ဆွေခုနှစ်ဆက် မျိုးခုနှစ်ဆက်မှာလည်း စစ်သားတွေ အတော်များတယ်၊ အခုလက်ရှိ ရုရှားမှာတောင် နှစ်ယောက် ရှိသေးတယ်။ ဒါပေမဲ့ အဲလောက် ရိုင်းတဲ့စစ်သား ဒီအွန်လိုင်းပေါ်ရောက်မှ တွေ့ဖူးတယ်။ အိမ်နဲ့ သဘောထားကွဲတာက အဖေ၊ အကိုတို့က စစ်ခေါင်းဆောင်တွေ လုပ်တာ ကောင်းတယ်ထင်တယ်။ ကိုယ်က စစ်ခေါင်းဆောင်တွေကြောင့် တိုင်းပြည် ဒုက္ခရောက်တယ် ထင်တယ်။ သဘောထား မတိုက်ဆိုင်တာပဲ ရှိတယ်။

သဘောထားချင်း မတိုက်ဆိုင်ပေမဲ့ တွေ့ဖူးတဲ့ စစ်သားမှန်သမျှ အဲဒီ ရုရှားက ပညာတတ်ဆိုတဲ့ ပညာတော်သင် စစ်သားတွေလောက် တယောက်မှ မရိုင်းဘူး။ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ပညာတော်သင်တွေ ဒီလောက်တောင် ရိုင်းတာ ၀မ်းနည်းဖို့ကောင်းတယ်။ တခြားသူတွေက ပညာတော်သင်မဟုတ်၊ အလွှာပေါင်းစုံက လူတွေသာ ဖြစ်လို့ ရိုင်းရင်လည်း မဆန်းဘူး။ ရုရှားမှာ Professional Study လာလုပ်နေတဲ့ ပညာတော်သင်တွေ ရိုင်းတာက ရှက်စရာကောင်းတယ်။

"နိုင်ငံတော်ကိုချစ်ပါတယ်" ဆိုပီး အော်နေကြတဲ့ အတိုက်အခံများထဲမှာ အလွှာပေါင်းစုံက လူတွေဖြစ်တယ်။ သီးသန့်ရွေးချယ်ထားတဲ့ ပညာတော်သင်တွေ မဟုတ်ဘူး။ အလွှာပေါင်းစုံထဲမှာ စရိုက်ပေါင်းစုံ ပါနိုင်တယ်။ အတိုက်အခံများထဲက လာရေးနေတဲ့သူတွေထဲမှာ ပညာရှင်မဟုတ်ဘဲ Skill မရှိတဲ့ အလုပ်နဲ့ ရပ်တည်နေသူ ဖြစ်ချင်ဖြစ်မယ်၊ ပန်းကန်ဆေးသမား ဖြစ်ချင်ဖြစ်မယ်။

ပညာတော်သင်က Professional Study ကို လုပ်နေတဲ့သူတွေ ဖြစ်လို့ အလွှာပေါင်းစုံက လူတွေနဲ့ ပြိုင်ပြီးရိုင်းဖို့ မလိုဘူး။ တိုင်းပြည်ကို ကိုယ်စားပြုတဲ့ ပညာတော်သင်များ ယဉ်ကျေးကြပါ။

"နိုင်ငံတော်ကိုချစ်ပါတယ်" ဆိုပီး အော်နေကြတဲ့ အတိုက်အခံများထဲမှာ ပညာရှင်အဆင့် ရှိတဲ့သူတွေ ဘယ်သူမှ မရိုင်းဘူး။ အစ်မတို့ ပညာရှင် မဟုတ်ဘဲနဲ့တောင် မရိုင်းဘူး။ ပညာရှင် မဟုတ်တဲ့ အစ်မတောင် မရိုင်းရင် မင်းတို့ ပညာရှင်တွေ ပိုယဉ်ကျေးသင့်တာပေါ့။

အစ်မဘလော့ဂ်မှာ သူ့လူကိုယ့်လူ မခွဲခြားဘူး။ ဆဲတာ၊ ရိုင်းတာ ဘာတခုမှ လက်မခံဘူး။ ရိုင်းတာ ဘယ်သူ့ကိုမှ လက်မခံဘူး။ စစ်သားတွေကို အခု ပြောရတာက အစ်မဘလော့ဂ်မှာ လာဆဲသွား၊ ရိုင်းသွားလို့ live trafic မှာ ကြည့်လိုက်ရင် "ရုရှား" လို့ ပေါ်နေတယ်။ အစ်မဘလော့ဂ်မှာ သားပြောမယားပြော ပြည့်တန်ဆာပြော လာပြောတယ်။ အဲဒီတော့ "စစ်သားတွေ ရိုင်းတယ်" လို့ မပြောလို့ ဘယ်သူ့ကို သွားပြောရမလဲ။

အခု ဒီဘလော့ဂ်မှာ လာဆဲနေတာလည်း စစ်သားတွေအဖြစ်နဲ့ပဲ လာဆဲနေတော့ "စစ်သားတွေ ရိုင်းတယ်" လို့ မပြောလို့ ဘယ်သူ့ကို သွားပြောရမလဲ။

အစ်မဘ၀မှာ အရပ်သားရိုင်းတာပဲ တွေ့ဖူးတယ်။ စစ်သားရိုင်းတာ တခါမှ မတွေ့ဖူးဘူး။ ပြီးတော့ အခု ရိုင်းနေတာက ရိုးရိုးစစ်သား မဟုတ်ဘူး၊ ပညာတော်သင် စစ်သားတွေ ဒီလောက်ရိုင်းနေတာ အံ့သြလို့မဆုံး ဖြစ်ရလို့ ပြောတယ်။ အရင်ကဆို စစ်သားတွေအထဲက နည်းနည်းရိုင်းတဲ့ စစ်သားတွေကို "ဒီကောင်ဟာ အရပ်စရိုက်ကြီးပဲ၊ တော်တော်ရိုင်းတာပဲ" ဆိုတာပဲ ကြားဖူးတယ်။ အခုတော့ ပြောင်းပြန်ဖြစ်နေလို့ အံ့သြတယ်။

မင်းသာ အယုတ္တအနတ္တ (သို့) ခနဲ့တဲ့တဲ့ (သို့) အရေမရအဖတ်မရ ပြန်ပြောခဲ့ရင် အစ်မ အဖက်လုပ်ပြီး ဆက်ပြောဖြစ်မှာ မဟုတ်ဘူး။ ကောင်းကောင်းပြောလို့ ကောင်းကောင်းပြန်ပြောတာ။ ))))

မငယ်နိုင် ရေးခဲ့တဲ့ မှတ်ချက် ဟောင်း (၂)


Nge Naing said...

(((( မင်းတို့ ရုရှားက ပညာတော်သင်ဆိုတဲ့ ပညာတတ်တွေက ဒီလောက်တောင် ရိုင်းရလား

"တုတ်ကြီး" နာမည်နဲ့ ကျွန်မဘလော့ဂ်မှာ သားပြောမယားပြော မကလို့ ပြည့်တန်ဆာပြော လာပြောသွားတဲ့ ရုရှားက IP က အခု "ဇော်" ရဲ့ IP နဲ့ တခုတည်းပဲ။ "တုတ်ကြီး" နဲ့ "ဇော်" တယောက်တည်း ဖြစ်ချင်ဖြစ်မယ်။ တယောက်တည်း မဟုတ်ရင်တောင်မှ မိတ်ဆွေရင်းချာ ဖြစ်မှာတော့ သေချာတယ်။

ဒီတော့ မင်းတို့ ရုရှားက ပညာတော်သင်ဆိုတဲ့ ပညာတတ်တွေက ဒီလောက်တောင် ရိုင်းရလား။

အဲဒီလို လူမဆန်တာကို အချင်းချင်း ထိန်းရင်ထိန်းပါ။ မထိန်းနိုင်ရင်တော့ ဒီ IP ကို ဘန်းတော့မှာ ဖြစ်တယ်။ မော်စကိုကနေ ယဉ်ယဉ်ကျေးကျေး စာလာဖတ်နေသူတွေ အတွက်တော့ စိတ်မကောင်းပါဘူး။

ကျွန်မဘလော့ဂ်မှာလည်း ဒီ "တုတ်ကြီး" နာမည်နဲ့ရော၊ "sv ယောက်ျား" နာမည်နဲ့ပါ ဒီ IP နဲ့ လာရေးဖူးတယ်။

ခက်တာက "တုတ်ကြီး" တို့၊ "sv ယောက်ျား" တို့၊ "Zaw" တို့ ဆိုတဲ့ ကလေကချေ စစ်သားတွေ မကောင်းပေမဲ့ ကျွန်မ ဘလော့ဂ်မှာ ရုရှားက ကောင်းတဲ့ စစ်သားတွေ အများကြီး စာလာဖတ်နေတာ ရှိတော့ ပိတ်လိုက်ရင် တယောက်နှစ်ယောက်ကြောင့် အများ ထိခိုက်မှာ မဖြစ်စေချင်လို့ပါ။ ))))

zaw ပြောသွားတာယုတ်တိရှိပါတယ်.. မောင်မောင်ယဉ်ကျေးဆဲနေစဉ်တစ်လျှောက်လုံးမှာ တုတ်ကြီးကိုပဲစွပ်စွဲပြီး အမျိုးမျိုးပြန်ပြောနေတာတွေတွေ.ခဲ.ဖူးပါတယ်.. ဆဲခဲ.တဲ.မောင်မောင်ယဉ်ကျေးကိုတောင် တောင်းပန်နိုင်သေးတာ မဆဲပဲအပြောခံရတဲ.တုတ်ကြီးကိုလည်း တောင်းပန်သင်.ပါတယ်

Anonymous, zaw မင်းတို့က တုတ်ကြီး ဖြစ်ချင်လည်းဖြစ်မယ် မင်းတို့တောက်လျှောက် လုပ်လာတာကို ငါ့ဘလော့ဂ်ကို ရောက်ဖူးတာ သုံးလပဲ ရှိသေးတဲ့ မောင်မောင်ယဉ်ကျေးလုပ်တယ်လို့ မလွဲချချင်ပါနဲ့။ သူက ငါ့ပို့စ်တွေကို များများတောင် ဖတ်ဖူးတာ မဟုတ်ဘူး။ သူငါ့ကို ဆဲတယ်ဆိုတာ မဆဲခင် ငါ့ဘက်က စပြီးမှားခဲ့လို့ သူ့ခံစားချက်နဲ့သူ ငါ့ကိုအထင်လွဲပြီးဆဲခဲ့တယ်ဆိုတာ ပွင့်ပွင့်လင်းလင်း သိရပြီးပြီ။ မင်းတို့လို ငါမဟုတ်ဘူးဆိုတာ သိလျှက်နဲ့ တမင်လူတကာ အထင်လွဲအောင် လာလုပ်ခဲ့သူမဟုတ်ဘူး။ သူဘယ်တုန်းက ငါ့ဘလော့ဂ်ကို ဘယ် Link ကနေ ရောက်လာပြီး ဘယ်လိုထင်ခဲ့တယ် ဆိုတာ အတိအကျပြောခဲ့တယ်။ C-Box မှာပဲ သူရေးခဲ့တယ်၊ ငါ့ပို့စ်ကိုကို နောက်မှ တခုနှစ်ခုဖတ်ဖူးပြီး ပြီးခဲ့တဲ့ ပို့စ်မှာမှ ကောင်းကောင်းဖတ်ဖြစ်တယ်။ ဖတ်စေချင်သည်ပို့စ်မှာ စာရေးသူနာမည်မှားတာလေး တခုကို ပုံကြီးချဲ့ပြီး မင်းတို့ငါ့ကို ဆွမ်းကြီးလောင်းနေတုန်းက အစပိုင်းမှာ သူပါခဲ့ပေမဲ့ မင်းတို့လုပ်တာတွေအပေါ် ငါက သူလုပ်တယ်ပဲ ထင်နေခဲ့ရကစပြီး တခုခုတော့ လွဲနေပြီဆိုတာ သူ့ဖါသာသူ သိလာတယ်။ အဲဒီပို့စ်မှာ ငါ့ကို ကွန်ပလိန်းတက်နေတဲ့ ကျား/မ အကုန်လုံး တရားလွန်တာကို သူတဖြေးဖြေးနဲ့ သိလာတယ်။ အမည်မဖေါ်တဲ့သူအားလုံး နာမည်အစစ်မဟုတ်ဘဲ လာရေးစသူအားလုံးကို မောင်မောင်ယဉ်ကျေးပဲ ထင်နေခဲံတဲ့ငါ့ကို သူကောင်းကောင်းမွန်မွန် လာရှင်းပြခဲ့တယ်။ သူမှားတာကိုလည်း သူတောင်းပန်ခဲ့တယ်။ SV ဘလော့ဂ်မှာ ဘယ်သူဘယ်တုန်းက ဘာရေးတယ်ဆိုတာ မောင်မောင်ယဉ်ကျေးမသိဘူး မင်းတို့ပဲသိတယ်။ အဲဒီက မှတ်ချက်တခုကိုလည်း ငါက သူလို့ထင်ခဲ့တယ်။ အဲဒီမှတ်ချက်တွေ အပါအ၀င် တခြားမှတ်ချက်တွေ အတော်များများကိုလည်း သူပဲထင်ခဲ့တယ်။ ဒါကြောင့် ငါလည်း ငါမှားတာကို ပြန်တောင်းပန်ဖို့တာဝန်ရှိလို့ သူ့ကို ပြန်တောင်းပန်တယ်။ မင်းတို့လည်း သူ့လိုတောင်းပန်ခံချင်ရင် မင်းတို့ လုပ်လာတာကို သူ့လို ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး တိတိကျကျ လာဝန်ခံပါ။ မင်းတို့ပြောတာ ယုံနိုင်လောက်တဲ့အတိုင်းအတာ ရြှိ့ပီး တကယ်ငါမှားနေရင် မင်းတို့ကို ငါတောင်းပန်မယ်။

မောင်မောင်ယဉ်ကျေးက မနေ့တနေ့ကမှ လာဆဲတာ။

ရုရှားနိုင်ငံ၊ မော်စကိုမြို့က ပညာတော်သင် ဆိုတဲ့ ပညာတတ် စစ်သား တုတ်ကြီးက မောင်မောင်ယဉ်ကျေး မရောက်ခင် လပေါင်းများစွာကတဲက နာမည်မျိုးစုံနဲ့ IP တွေ ပြောင်းပြီး ယုတ်ယုတ်ရိုင်းရိုင်း ဆဲဆိုပြီး စော်ကားလာတာ။


တုတ်ကြီး က -

တုတ်ကြီး
Tote Kyi
ချက်ကြီး
စားဘဲကြီး
SV ယောက်ကျား
အာပုကျိ(ခေတ္တကိုရီးယား)
စောင်.ကြည်.နေသူတစ်ဦး(ခေတ္တ- မက်ဒရစ်မြို.)
Anonymous

ဆိုတဲ့ နာမည်တွေ အပါအဝင် နာမည်မျိုးစုံနဲ့ ဆဲလာတာ။


တုတ်ကြီး က -

217.15.200.34
217.15.200.35
217.15.200.36
217.15.200.37

217.15.200.42
217.15.200.44
217.15.200.47

217.15.200.52
217.15.200.54

217.15.200.59
217.15.200.60

ဆိုတဲ့ IP တွေ အပါအဝင် IP မျိုးစုံနဲ့ အဲဒီလို IP ပြောင်းပြီး ဆဲလာတာ။


မောင်မောင်ယဉ်ကျေးက သူဘယ်သူလဲဆိုတာ သူ့နေရပ်လိပ်စာတွေ အလုပ်အကိုင်တွေ အမှန်အတိုင်း ပြောပြပြီး အခုတလောမှာ ဆဲတာ သူပါ ဆိုပြီး ဝန်ခံလိုက်တာနဲ့ မောင်မောင်ယဉ်ကျေး မရောက်ခင် ရုရှားက ပညာတော်သင် စစ်သား တုတ်ကြီးက လနဲ့ချီပြီး ဆဲလာခဲ့သမျှကို ရောချပြီးရောင်တော်ပြန်နဲ့ ရောလွှတ်လို့ မရပါဘူး။

ရုရှားက ပညာတော်သင် စစ်သား တုတ်ကြီးက မောင်မောင်ယဉ်ကျေး မရောက်ခင် လပေါင်းများစွာကတဲက နာမည်မျိုးစုံနဲ့ IP တွေ ပြောင်းပြီး ယုတ်ယုတ်ရိုင်းရိုင်း ဆဲဆိုပြီး စော်ကားလာတဲ့ အထောက်အထား တခုက ဒီမှာပါ။


၂ဝ၁ဝ ခု၊ အောက်တိုဘာလ ၁၈ ရက်မှာ ရေးခဲ့တဲ့ ဒီဘလော့ဂ် C-Box က မှတ်ချက်တွေပါ။


18 Oct 10, 13:57
ဝင်ဆဲသွားသူမှာ ရုရှကပါ: "SV ယောကျာ်း" အမည်ဖြင့် မကြားဝံ့ မနာသာ စကားများဖြင့် နှမချင်း မစာမနာ လမ်းလေးစရိုက် အောက်တန်းကျကျ ဆဲသွားသောသူမှာ "တုတ်ကြီး" အမည်ခံ ရုရှမှ ပညာတော်သင်စစ်ဗိုလ် ဖြစ်ပါတယ်။

18 Oct 10, 13:57
ဝင်ဆဲသွားသူမှာ ရုရှကပါ: ရုရှမှ ပညာတော်သင်စစ်ဗိုလ် "တုတ်ကြီး" ဟာ IP -- 217.15.200.37 ကို နောက်ဆုံးနံပါတ်တွေ ပြောင်းပြီး "SV ယောကျာ်း" အပါအဝင် နာမည် အမျိုးမျိုးနဲ့ လာဆဲလေ့ ရှိပါတယ်။

ဟုတ်ကဲ. ကျွန်တော်ဆဲခဲ.ပါတယ်၊ ဝန်ခံပါတယ်၊ တောင်းပန်တဲ.ပိုစ်.တစ်ခု တင်ပေးပါ

(((( Anonymous (May 8, 2011 5:37 AM) မင်းက တုတ်ကြီး ပဲ။ မင်း တောက်လျှောက် လုပ်လာတာကို ငါ့ဘလော့ဂ်ကို ရောက်ဖူးတာ သုံးလပဲ ရှိသေးတဲ့ မောင်မောင်ယဉ်ကျေး လုပ်တယ်လို့ မလွဲချချင်ပါနဲ့။ ))))


(((( မင်းတို့ ရုရှားက ပညာတော်သင်ဆိုတဲ့ ပညာတတ်တွေက ဒီလောက်တောင် ရိုင်းရလား

"တုတ်ကြီး" နာမည်နဲ့ ကျွန်မဘလော့ဂ်မှာ သားပြောမယားပြော မကလို့ ပြည့်တန်ဆာပြော လာပြောသွားတဲ့ ရုရှားက IP က အခု "ဇော်" ရဲ့ IP နဲ့ တခုတည်းပဲ။ "တုတ်ကြီး" နဲ့ "ဇော်" တယောက်တည်း ဖြစ်တယ်။ ))))


ဒီလို အမှန်အတိုင်း ပြောပါ၊ မငယ်ရေ


zaw = တုတ်ကြီး




mg = zaw = တုတ်ကြီး

တုတ်ကြီး (ခေတ္တနော်ဝေ) (May 11, 2011 8:39 PM)
တုတ်ကြီး (ခေတ္တနော်ဝေ) (May 11, 2011 10:01 PM)

တုတ်ကြီး (ခေတ္တနော်ဝေ) နာမည်သုံးပြီး မငယ်နိုင်ကို ရိုင်းရိုင်းစိုင်းစိုင်း ရေးသွားသူဟာ နော်ဝေနိုင်ငံမှ မဟုတ်ပဲ ရုရှမှ ပညာတော်သင် စစ်ဗိုလ် ဖြစ်ပါတယ်။

ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေဟာ ရုရှားနိုင်ငံ ရောက်နေစဉ်မှာ အင်တာနက်ကို မြန်မာပြည်မှာလို အကန့်အသတ် မရှိပဲ သုံးနိုင်တဲ့ အခွင့်အရေး ရှိနေလို့ အင်မတန် ဆိုးရွားလှတဲ့ မြန်မာ့နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူ့ အခွင့်အရေး အပါအဝင် နယ်ပယ်အားလုံးရဲ့ အခြေအနေမှန်တွေကို အင်တာနက်ထဲမှာ ကျယ်ကျယ်ပြန့် ပြန့် ဖတ်လို့ ရနေတာပဲ။ ဒီတော့ စစ်အစိုးရခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေက နိုင်ငံတော် လုပ်ကြံမှု၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ တစ်ဦးချင်း သတ်ဖြတ်မှု၊ အပြစ်မဲ့ ပြည်သူတွေကို ဥပဒေမဲ့ ဖမ်းဆီးထောင်ချနှိပ်စက်မှု၊ မုဒိန်းမှု၊ ပြည်သူ့ဘဏ္ဍာ ငွေတွေကို အလွဲသုံးစားလုပ်မှု၊ ဒေါ်လာ သန်းပေါင်းထောင်ချီပြီး ခိုးမှု၊ သန်း ကြွယ် သူဌေး ဖြစ်လောက်တဲ့အထိ တရားလွန် လာဘ်စားမှု၊ လိမ်မှု၊ လျော်ကြေး မပေးပဲ ပုဂ္ဂလိကပိုင် ပစ္စည်းသိမ်းမှု၊ မြေသိမ်းမှု၊ အတင်းအဓမ္မ ရွာပြောင်းမှု၊ ..... အပါအဝင် ရာဇဝတ်မှုကြီးတွေ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေ၊ တခြား မိုက်ပြစ်တွေကို နှစ် ၅ဝ လုံးလုံး ကျူးလွန်လာတာကို သိနေတာပဲ။ စစ်အစိုးရခေါင်းဆောင်တွေ ညံ့ဖျင်းမှုကြောင့် မြန်မာနိုင်ငံဟာ နယ်ပယ်အားလုံးနီးပါးမှာ ကမ္ဘာ့နိုင်ငံတွေအလယ်မှာ ဓါးမနောက်ပိတ်ခွေး ဖြစ်နေရတာကိုလည်း သိနေတာပဲ။

စစ်အစိုးရခေါင်းဆောင်တွေနဲ့ နောက်လိုက်တွေက နှစ် ၅ဝ လုံးလုံး ရာဇဝတ်မှု မျိုးစုံ ကျူးလွန်လာတာကိုရော၊ စစ်အစိုးရခေါင်းဆောင်တွေ ညံ့ဖျင်းမှုကြောင့် မြန်မာပြည်က ဓါးမနောက်ပိတ်ခွေးဘဝ ရောက်နေတာကိုပါ ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေက သိနေလျက်နဲ့ (((( စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြ )))) ပြီး အောက်တန်းကျကျ ပက်ပက်စက်စက် ဆဲဆိုနေကြတဲ့ ၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်စော်ကားနေကြတဲ့ ရုရှားက စစ်ဗိုလ်တွေက ဒုနဲ့ဒေး ရှိနေတာဟာ အင်မတန် အံ့သြစရာ ကောင်းနေပါတယ်။

ပြီးတော့ ဒီမိုကရေစီဘက်တော်သား ဘလော့ဂါ မငယ်နိုင် ရေးတဲ့ စာထဲက သဘောမတူတဲ့ အချက်အလက်တွေကို ရုရှားက စစ်ဗိုလ် တွေက ပညာတော်သင်တွေ ဖြစ်ပြီး ပညာတော်သင် အဆင့်နဲ့အညီ ကျိုးကြောင်းပြ မငြင်းဘဲ အရေးမပါတဲ့ အချက်သေးသေးလေးတွေကို စကားအထအန ကောက်ပြီး ကြီးကျယ်တဲ့ အမှားကြီးလိုလို ချဲ့ကားပြီး ပုတ်ခတ်ဝေဖန်ရုံမက မငယ်နိုင်ရဲ့ အသိဥာဏ်ကိုပါ ဘာမှမဆိုင်ပဲ စော်ကားနေတာမျိုးတွေဟာ သူတို့ရဲ့ အောက်တန်းကျမှု၊ ညံ့ဖျင်းမှုကို သူတို့ဖာသာ ပြနေတာပါပဲ။


တာရာ

(((( ပြည်သူအများစုက စစ်အစိုးရကို မလိုလားဘူး ဆိုတာက စစ်အစိုးရက မလိုလားစရာတွေ လုပ်နေလို့ ယုတ္တိရှိရှိ မလိုလားတာ ဖြစ်လို့ မော်စကိုက စစ်သား " မောင်- - - -" က စစ်အစိုးရလည်း မဟုတ်တဲ့အတွက် ကြားက ၀င်နာဖို့ မလိုဘူး။ ဒီမိုကရေစီဘက်တော်သားတွေက ရုရှားက စစ်သားတွေကို စစ်အစိုးရလို့ မမြင်ဘူး၊ နိုင်ငံဝန်ထမ်း အဖြစ်ပဲ မြင်တယ်။ ခက်တာက စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြတာကိုတော့ ဘယ်လိုမှ မတတ်နိုင်ဘူး။ ))))
လို့ မငယ်နိုင် ရေးထားတာက အမှန်တရားစစ်စစ်ပဲ။



မငယ်နိုင် ရဲ့ မှတ်ချက်ကို ရုရှားက စစ်ဗိုလ်တစ်ယောက်က
(((( စစ်အစိုးရဖက်က ကာကွယ်ပြီး ရေးတဲ့ " မောင်- - - -" က မော်စကိုက မဟုတ်ဘူး။ ငယ်နိုင် ဆိုတဲ့ မိန်းမကြီးက မိုက်မဲထုံအလို့ ပြောတာပဲ ))))
လို့ ပြန်ရေးထားတာကို သတိထားမိတယ်။



မငယ်နိုင်ကို တုံ့ပြန် ရေးထားတဲ့ အဲဒီ ရုရှားက စစ်ဗိုလ် ပြောတဲ့အတိုင်း (((( စစ်အစိုးရဖက်က ကာကွယ်ပြီး ရေးတဲ့ " မောင်- - - -" က မော်စကိုက မဟုတ်ဘူး )))) ဆိုတဲ့ အချက်ဟာ အမှန် ဖြစ်နေမယ် ဆိုရင်တောင် မငယ်နိုင် ပြောသွားတဲ့ စကားရဲ့ အနှစ်သာရက နည်းနည်းလေးမှ လျော့သွားမှာ မဟုတ်ဘူး။

စစ်အစိုးရဖက်က ကာကွယ်ပြီး ရေးတဲ့ " မောင်- - - -" က သူ့ ကိုသူ ရုရှားနိုင်ငံ၊ မော်စကိုက အနေမျိုးနဲ့ ပြောနေလို့ မငယ်နိုင်က မှန်မမှန် စိစစ်ဖို့ အချိန်မရှိလို့ " မောင်- - - -" ကို မော်စကိုကလို့ ထင်နေတာဟာလဲ ဘာမှ မိုက်မဲထုံအတာ မဟုတ်ဘူး။ " မောင်- - - -" က မော်စကိုက ဟုတ်မဟုတ် ဆိုတဲ့ အချက်က အဓိက မကျဘူး။ စစ်အစိုးရဖက်က ဝင်နာပြီး ရေးတဲ့ စစ်အစိုးရ အလိုတော်ရိ " မောင်- - - -" ရဲ့ နာမည် နဲ့ " မောင်- - - -" ရောက်နေတဲ့ မြို့က မငယ်နိုင် ပြောသွားတဲ့ စကားထဲမှာ အဓိက မကျဘူး။

မငယ်နိုင် ပြောချင်တာက ရုရှားက စစ်ဗိုလ် " မောင်- - - -" တယောက်ထဲကို ပြောချင်တာ မဟုတ်ဘူး၊ (((( စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြ )))) တဲ့ ရုရှားက စစ်ဗိုလ်တွေ အားလုံးကို ဦးတည်ပြီး ပြောချင်တာ။ လောလောဆယ်မှာ မငယ်နိုင်က စစ်အစိုးရဖက်က ၀င်နာနေတဲ့ " မောင် - - - -" ကို တွေ့လို့ မငယ်နိုင်က (( မော်စကိုက စစ်သား " မောင်- - - -" က စစ်အစိုးရလည်း မဟုတ်တဲ့အတွက် ကြားက ၀င်နာဖို့ မလိုဘူး )) လို့ ပြောလိုက်တာပါ။

မငယ်နိုင် ဦးတည် ပြောလိုတဲ့ အချက်အတွက် မငယ်နိုင်ရဲ့ မျက်စေ့ရှေ့ကို ရောက်လာတဲ့ ရုရှားက စစ်ဗိုလ် " မောင်- - - -" ကို ကြုံကြိုက်လို့ ခရီးသွားဟန်လွဲ ဥပမာ ပေးလိုက်တာသာ ဖြစ်တယ်။ " မောင်- - - -" ဟာ မော်စကိုက မဟုတ်ပဲ ကာလူဂါမြို့ က ဖြစ်ဖြစ်၊ စိန့် ပီတာစဘာ့ဂ်မြို့ က ဖြစ်ဖြစ်၊ ဗလာဒီဗော့စတော့မြို့ က ဖြစ်ဖြစ် မငယ်နိုင် ဆိုလိုရင်းအတွက် အရေးမပါဘူး။ မငယ်နိုင် ဦးတည် ပြောလိုတဲ့ အချက်အတွက် အရေးမကြီးဘူး။

အဲဒီတော့ စစ်အစိုးရဖက်က ၀င်နာနေတဲ့ " မောင် - - - -" ဟာ မော်စကိုက မဟုတ်ပဲ ဘယ်မြို့က ဖြစ်ဖြစ် မငယ်နိုင် အဓိကထားပြီး ပြောချင်တဲ့ ဆိုလိုရင်းဖြစ်တဲ့ (((( စစ်အစိုးရက မလိုလားစရာတွေ လုပ်နေလို့ ပြည်သူအများစုက သဘာဝကျကျ မလိုလားတာ ဖြစ်လို့ ရုရှားက စစ်သားတွေက စစ်အစိုးရကို ပြောရင် ကိုယ်နဲ့မဆိုင်ပဲ ၀င်ဝင် နာနေကြဖို့ မလိုဘူး )))) ဆိုတဲ့ အချက်က ပျက်ပြယ်သွားမှာ မဟုတ်ဘူး။


တာရာ

ပြည်သူ့ရန်သူ ရုရှရောက်စစ်ဗိုလ်များ


မင်းကိုနိုင်တို့ အင်တာနက်သုံးတာတွေ ထိုးဖေါက် ခိုးယူပြီး ထောင်ဒဏ် ၆၅-နှစ်ချခံရတာ ရုရှားပြန်တွေရဲ့ လက်ချက်ပါ။ အခုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း အီးမေးလ်ကို ဖောက်ပြီး သိက္ခာချတာ အောက်တန်းကျတဲ့လုပ်ရပ်ပါ။

မင်းတို့က ပညာရှင်တွေပါမောင်။ ကွန်ပျူတာပညာရှင်တွေပါ။ ခက်တော့အခက်သား မင်းတို့က သူများကွန်ပျူတာကို ခိုးဝင်ပြီး အဖျက်လုပ်ဖို့ အဓိကထား သင်ကြားထားရတဲ့ ပညာ။

မင်းတို့ ရုရှရောက်စစ်ဗိုလ်တွေက လောကကြိး အကျိုးပြုဖို့ သင်ထားရတာ မဟုတ်တော့လည်း ပြောရတာ ဂွကျပါတယ်မောင်။

မင်းတို့ အဲဒီလို အဖျက် လုပ်ငန်းတွေ (အကုသိုလ်အလုပ်တွေ) သွားသင်တဲ့ အစီအစဉ်က ယုတ်မာအောက်တန်းကျတဲ့ အလုပ်အတွက်။

ရုရှရောက်စစ်ဗိုလ်တွေဟာ သူတပါးကို ဒုက္ခကြိးငယ်ရောက်အောင် လုပ်ရမှ သူတို့ ဘ၀တိုးတက်မှာ ရာထူးတက်မှာဆိုတော့ ဘယ်သူသေသေ ထောင်ကျကျ အသတ်ခံရခံရ အညှင်းဆဲ ခံရခံရ သူတို့ တိုးတက်ရေး တဘို့ထဲကြည့်တဲ့ လူစားတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက သူတပါးကို ချနင်းပြီးမှ စားနေတာပါ။ စစ်ဗိုလ်တွေဟာ "သူတို့ ကို သန်းရွှေက ခန့်ထားလို့ ကျေးဇူးရှင်က သန်းရွှေ။ ပြည်သူလူထု မဟုတ်ဘူး" လို့ခံယူတော့ သူတို့ဟာ တိုင်းပြည်ကို ကြည့်သူတွေမဟုတ်ဘူး။

ရုရှရောက်စစ်ဗိုလ်တွေဟာ တိုင်းပြည်နဲ့ သန်းရွှေ ယှဉ်လာရင် သန်းရွှေ အတွက် လူဘယ်လောက်သတ်ရသတ်ဆိုတဲ့လူတွေပါ။ သူခိုးသန်းရွှေကို သစ္စာထား ပြီး တိုင်းပြည်အရေးကို မျက်စေ့ဖွင့်ကြည့်သူတွေကို ရန်သူလို့ သတ်မှတ်သူတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက ကျနော်တို့လို ပြည်သူတွေကို ရန်သူလို့ သတ်မှတ်လို့ ကျနော်ကလည်း ရုရှကစစ်ဗိုလ်တွေကို ပြည်သူ့ရန်သူလို့ဘဲမြင်တာ ကျနော့်အလွန်မဟုတ်ပါဘူး။


ဒေါက်တာလှိုင်မြင့်


http://www.demowaiyan.co.cc/2011/05/blog-post_9999.html

စစ်ခွေးတွေဟာ အီးမေးလ် သူခိုးဖြစ်ပါတယ်။ အရပ်ထဲမှာ ထမိန်သူခိုးနဲ့ အဆင့်တူပေါ့။