မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ပြည်သူ့ဝေဒနာသည် တော်လှန်ရေးသမားတို့ ဝေဒနာ (မင်းမင်းထွေးငယ်)

နေ၀န်းနီနီ သီချင်းခွေထုတ်ဖို့ သီချင်းသွင်းနေစဉ်က မင်းမင်းထွေးငယ်၊ ကိုမြတ်သူ၊ မစန်းစန်းမြင့် ABSDF ရဲ့ ပထမဦးဆုံး တောတွင်းအဆိုတော် သုံးယောက်ပုံဖြစ်ပါတယ်။


မိတ်ဆက်


ဒီသီချင်းနဲ့ ခရီးသွားဆာင်းပါးလေးက ၁၉၈၈ ခုနှစ်မှာ ငယ်ရွယ်နုပျိုတဲ့ ကာလမှာ တောတွင်းကို ရောက်သွားတဲ့ ကျောင်းသူတွေရဲ့ တော်လှန်ရေးမှာ ပါဝင်တဲ့ အခန်းကဏ္ဍနှင့် အာဏာရှင် အဆက်ဆက်လက်အောက်မှာ ခံစားနေရတဲ့ ကျေးလက်ဒေသ တိုင်းရင်းသား ပြည်သူများရဲ့ ဆင်းရဲဒုက္ခအပေါင်းကို ထင်ဟပ်ဖေါ်ပြနေလို့ ပြန်ဖေါ်ပြဖြစ်ပါတယ်။ ABSDF တပ်ရင်း ၂၀၄၊ သေ့ဘောဘိုးစခန်းမှ ရဲမေ မင်းမင်းထွေးငယ်က ၁၉၉၀ ခု မတ်လထုတ် ABSDF ရဲ့ ဒေါင်းအိုးဝေ အတွဲ (၁) အမှတ် (၁၁) မှာ ရေးသားတဲ့ ဆောင်းပါးကို နေ့သစ်မှ ကူးယူပြီး ဇော်ဂျီလက်ကွက်နဲ့ ပြန်ရိုက်ကာ ဖေါ်ပြထားပါတယ်။ သီချင်းကတော့ သူတို့သုံးယောက်အနက် တယောက်ဖြစ်သည့် ကိုမြတ်သူက Facebook မှာ တင်ထားတာကို ပြန်လည် ကူးယူဖေါ်ပြထားပါတယ်။ သီချင်းတွေက ၉၁ ခုနှစ်က ABSDF ပြန်ကြားရေးက ထုတ်ဝေတဲ့ "ဘ၀တက္ကသိုလ်မှ နေ၀န်းနီနီ" သီချင်းခွေထဲမှ သီချင်းတွေ ဖြစ်ပါတယ်။ အစကတော့ မင်းမင်းထွေးငယ် သီဆိုခဲ့တဲ့ နေ၀န်းနီနီကိုပဲ ဖေါ်ပြဖို့ ရည်ရွယ်ခဲ့ပေမဲ့ နောက်တော့ တခြားရသမျှသီချင်းတွေကို ကျွန်မ ကိုယ်တိုင်လည်း မကြာခဏ ပြန်နားထောင်ဖြစ်နေမှာမို့ ရသမျှကို တင်လိုက်ပါတယ်။ ဒီပို့စ်နဲ့ ဒီသီချင်းတွေထဲမှာ တခါက ကျွန်မတို့ဘ၀တွေကို မြင်တွေ့နိုင်ပါတယ်။ မင်းမင်းထွေးငယ်ရဲ့ လွန်ခဲ့တဲ့ အနှစ် နှစ်ဆယ်ကျော်ကာလ ဆယ်ကျော်သက် နှစ်ဆယ်ပတ်ဝန်းကျင်အရွယ်က အသံနှင့် စာအရေးအသားကိုပါ နားဆင်ဖတ်ရှုပြီး အဲဒီအချိန်က တောတွင်းကို ရောက်သွားတဲ့ ကျောင်းသူကျောင်းသားတွေရဲ့ တော်လှန်ရေး ဘ၀နဲ့ လှုပ်ရှားမှု တစိတ်တဒေသကို လေ့လာနိုင်ပါတယ်။ Nge Naing

နေ၀န်းနီနီသီချင်း - မင်းမင်းထွေးငယ်
Nay Won Ni Ni by Min Min Htwe Nge



၁။ တကသ သွေးသမိုင်း - ကိုမြတ်သူ

၂။ ဘ၀တက္ကသိုလ် - မစန်းစန်းမြင့်
၃။ ခွပ်ဒေါင်း အဓိဌာန် - မစန်းစန်းမြင့်
၎-၅။ နေ၀န်းနီနီ - မင်းမင်းထွေးငယ်
၆။ ဂျွန် (၆) စိတ်ဓါတ် - မင်းမင်းထွေးငယ်၊
၇။ ဦးသန်ဈာပန - ကိုမြတ်သူ

Nay Won Ni Ni by Min Min Htwe Nge, Ko Myat Thu and Ma San San Myint

ပြည်သူ့ဝေဒနာသည် တော်လှန်ရေးသမားတို့ ဝေဒနာ
ဆေးပစ္စည်းတွေသိမ်းရင်း ကျွန်မ လယ်ကွင်းပြင်ကို လှမ်းကြည့်လိုက်မိတယ်။ ကျောင်းသားတပ်မတော်က စစ်သားတွေနဲ့ ကွင်းကလေးရွာက လူကြီး၊ လူငယ်တွေနဲ့ စကားပြောရင်း စပါးရိပ်သိမ်းနေကြတယ်။ သီချင်းသံတွေလဲ လေမှာလွင့်ပြန့်လို့ နေတယ်။ သမုဒ္ဒရာ ၀မ်းတထွာအတွက် ဆင်းရဲပင်ပမ်းစွာ လုပ်ကိုင်စားသောက်ရတဲ့ လယ်သမားဦးကြီးတွေကို ကျောင်းသားတပ်မတော်သားတွေက ရောက်ရာဒေသတွေမှာ အကူအညီပေးနေကြတယ်။ ဒီတော့ ရွာသူရွာသားတွေကလည်း ကျောင်းသားတပ်မတော်သားတွေကို သားသမီးရင်းတွေနဲ့မခြား သဘောထားလာခဲ့ကြပါတယ်။ 

ကျောင်းသားလေးတွေ လာရင်စားဖို့တဲ့လေ စပါးကသပ်သပ် အသီးဝလံကလည်း သီးခြားခွဲလို့ ဖယ်ထားကြရှာတယ်။ ရောက်လာရင်လည်း အသားတွေဘာတွေ ပေါ်ကျွေးရှာတယ်။ မလုပ်ပါနဲ့ဆိုလည်း မရဘူး အလွန်ကို စိတ်သဘောထား ဖြူစင်ကြတဲ့ ကျေးလက်ပြည်သူတွေပါ။ ဒါပေမဲ့ မဆလကတော့ ဒီရိုးသားတဲ့ ဦးကြီးတွေကိုလည်း မညှာခဲ့ပါဘူး။ ပေါ်တာဆွဲလား ဆွဲရဲ့ ပေါ်တာကြေးဆိုပြီး ငွေအဓမ္မကောက်၊ ကြက်ဆွဲ၊ ၀က်ဆွဲ နွားတောင်မှမချန်ဘူး။ စပါးဆိုတာကတော့ ၀မ်းစာချန်ဖို့ ဝေးလို့ တော်လှန်ရေးသမားတွေကို ထောက်ပံ့မှာစိုးလို့တဲ့လေ စပါးကျီတွေကို မီးနဲ့ရှို့သွားကြသေးတယ်။ ဒါတင်ဘယ်ကမလဲ အပြစ်မဲ့သူတွေကို မထင်ရင်မထင်သလို ပစ်သတ်ညှဉ်းဆဲ မုဒိန်းကျင့် တကယ့်ကို ရက်စက်ယုတ်မာတဲ့ စစ်အစိုးရပါလား။

“ဆရာမလေး”
ကျွန်မ အတွေးလေးတွေ ရုတ်တရက် ရပ်သွားပြီး အသံလာရာဆီကို ရုတ်တရက် လှည့်ကြည့်မလိုက်တယ်။ အသက် ရှစ်ဆယ်လောက် ရှိမယ်ထင်ရတဲ့ အဘွားအိုတယောက်ကို လူငယ်တယောက်က တွဲပြီးဝင်လာတာကို တွေ့လိုက်ရတယ်။ 

“လာပါ လာပါ အဖီး နေမကောင်းလို့လားဟင်” အဘွားအိုက ကြမ်းပြင်ကို လက်နဲ့စမ်းပြီး ထိုင်ရင်း “နေကောင်းပါတယ် ဆရာမလေးရယ် အဖီးက ဒီကိုလာချင်လို့ ရွာကကောင်လေးတယောက်ကို အပို့ခိုင်းတာပါ” “ အဖီး နေခဲ့တော့နော်” အဘွားအိုကို လိုက်ပို့တဲ့ ကောင်လေးက ပြောပြောဆိုဆိုနဲ့ ပြန်သွားတယ်။ ကျွန်မ ဘယ်ကစပြီး စကားစပြောရမယ်ဆိုတာ စဉ်းစားနေတဲ့ အခိုက်မှာပဲ အဘွားအိုက “ ဆရာမလေးတို့ ကျောင်းသားတွေ လာပြီး စာသင်ပေးတယ်၊ ဆေးကုပေးတယ်၊ စပါးကူရိပ်ပေးတယ်၊ အဖီးတော့ ကျေးဇူးတင်ပြီး ၀မ်းသာလို့ မဆုံးပါဘူး ဆရာမလေးရယ်”

ဒီတော့ ကျွန်မလည်း “အော်.. အဖီးရယ် ဒီလိုလည်း မဟုတ်သေးပါဘူး သမီးတို့ကို ကျေးဇူးတင်စရာ မလိုပါဘူး သမီးတို့ တော်လှန်ရေးသမားတွေကို အဖီးတို့ရွာတွေကပဲ ကျွေးမွေးထားတယ် မဟုတ်လား သမီးတို့ကတောင် ပြန်ပြီးကျေးဇူးတင်ရမှာပါ ပြီးတော့လည်း သမီးတို့ ကျောင်းသားတွေက အဖီးတို့ ရွာတရွာထဲမှ မဟုတ်တာ မြို့အနှံ့ ရွာအနှံ့ ရောက်တဲ့နေရာမှာ ရှိတဲ့ ပြည်သူတွေရဲ့ ၀ိုင်းဝန်းကူညီ လုပ်ပေးနေတာပဲ သမီးတို့ရဲ့ ခေါင်းဆောင်တွေ ကိုယ်တိုင်က မှာထားတယ် ပြည်သူကို တတ်နိုင်သမျှ လုပ်ကျွေးပြုရမယ် စောင့်ရှောက်ပေးရမယ် ပြည်သူတွေဘ၀ ဖွံဖြိုးတိုးတက်အောင် လုပ်ပေးရမယ်တဲ့ အဲဒါကလည်း ဟောဒီကရင်ပြည်နယ်တခုတည်း မဟုတ်ဘူး တနိုင်ငံလုံးမှာ ရှိတဲ့ပြည်သူတွေ အားလုံးကို လုပ်ပေးရမဲ့ တာဝန်တွေ သမီးတို့မှာ ရှိပါတယ် အခုသမီးတို့ နိုင်ငံမှာ ပြည်သူတွေနစ်နာဆုံးရှုံးခဲ့ရတဲ့ လွတ်လပ်မှုတွေ၊ လူ့အခွင့်အရေးတွေ၊ တရားမျှတမှုတွေနဲ့ ငြိမ်းချမ်းရေးတွေအတွက် သမီးတို့ တိုက်ပွဲဝင်နေကြတာပါ အဖီးတို့လို ပြည်သူတွေက သမီးတို့ရဲ့ ကျေးဇူးရှင် မိဘတွေပါ၊ သမီးတို့မှာ ကျေးဇူးဆပ်ရမဲ့ တာဝန်တွေရှိပါတယ်။ အဖီးတို့ အခုလို ထောက်ခံအားပေးနေတာ တွေ့ရတော့ သမီးတို့က ပိုပြီးအားတက်မိတယ် အဖီးရယ်။ ”

“ဟုတ်တာပေါ့ ထောက်ခံရမှာပေါ့ သမီးရယ် သမီးတို့က အဖီးတို့ဘ၀ တိုးတက်သာယာဖို့ တကယ်လုပ်နေကြတာကိုး အဖီးလေ ဆရာမလေးကို မမြင်ရပေမဲ့”
“ရှင်” ကျွန်မ အတော်လေး အံ့အားသင့်သွားမိပါတယ်။ “အဖီး မျက်စေ့မမြင်ဘူး” “ဟုတ်လား ကျွန်မက အဖီးမျက်စေ့ မှုန်နေတယ်လို့ပဲ ထင်နေတာ” “ဟုတ်တယ်ဆရာမလေး အဖီး မျက်စေ့မမြင်တော့ဘူး” ။
“ အို ” ကျွန်မ အတော်လေး စိတ်မကောင်း ဖြစ်သွားရပါတယ်။ အဘွားအိုကတော့ သူ့စကားကို ဆက်ပြောလာပါတယ်။ “ဆရာမလေးက တော်တော် စိတ်သဘောထားကောင်းပုံရတယ်၊ အဖီးသမီးလည်း စိတ်သဘောထား ကောင်းရှာတယ် အဖီးမျက်စေ့ မမြင်ရလို့သာပေါ့ ဆရာမလေး မျက်နှာကို သိပ်ကြည့်ချင်တယ် သမီးလေးနဲ့များ တူမလားပေါ့-လေ။ ”

ကျွန်မက အဖီးပြောတဲ့ စကားကို အတော်လေးပဲ စိတ်ဝင်စားသွားမိတယ်။ ဒါနဲ့ “အဖီးသမီးက အခုဘယ်မှာလဲ အဖီးနဲ့အတူတူ မနေဘူးလား” လို့ ကျွန်မ မေးလိုက်မိတယ်။ ဒီအခါမှာတော့ အဘွားအိုမျက်နှာ ချက်ချင်း ညှိးလျှော့ကျသွားတာကို ကျွန်မ တွေ့လိုက်ရပါတယ်။ ခဏအကြာမှာတော့ အဘွားအိုဟာ တိုးညှင်းလေးတွဲ့တဲ့အသံနဲ့ “အဖီးသမီးအကြောင်းကို သိချင်တာလားကွယ် သူအခုမရှိရှာတော့ဘူး ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကပေါ့ အခုလို စပါးပေါ်ချန်မှာ တရွာလုံး အလုပ်များနေတဲ့အချိန်ပေါ့ စပါးတွေ ရိပ်သူရိပ် လှန်းသူလှန်း ထောင်းတဲ့သူထောင်းနဲ့ပေါ့လေ အဲဒီအချိန်မှာပဲ မဆလစစ်သားတွေ ရွာထဲဝင်လာပြီး သေနတ်တွေနဲ့ ပစ်တော့တာပါပဲ တနှစ်စာ စားဖို့စုထားတဲ့ စပါးတွေသိမ်း  မွေးထားတဲ့ ကြက်တွေ ၀က်တွေကို သတ်စား အဖီးတို့ရွာကိုလည်း သူပုန်အားပေးတဲ့ရွာ သူပုန်ရွာဆိုပြီးတော့ မီးရှို့တော့တာပဲ မီးလောင်တယ်လည်းဆိုရော အဖီးရဲ့သမီး နော်ရှီးလာလည်း ပြေးရတာပေါ့ အဲဒီတုန်းက အဲဒီတုန်းက သူက ကိုယ်ဝန်ကြီးနဲ့ မွေးခါနီးပဲ သူ့သမီးဦးလေးကို ဆွဲပြီးပြေးအလာကို မဆလစစ်သားတယောက်က သူ့စစ်ဖိနပ်ကြီးနဲ့ လှမ်းကန်လိုက်တာ သမီးနော်ရှီးလာဟာ တချက်ပဲ အသံထွက်နိုင်တယ် တခါတည်း အသက်ပါပျောက်သွားတယ်။ အဖီးက ပြေးထူမယ်အလုပ် အဲဒီစစ်သားက အဘွားကြီး မလှုပ်နဲ့ တဆစ်ပါသွားမယ် ဆိုလို့ မလှုပ်ရဲဘူး ကြောက်လန့်တကြား အော်ဟစ်ငိုယိုပြီး ပြေးလာတဲ့ မြေးမလေး နော်ဖေါ့ဝါးကိုသာ ဆီးပွေ့ဖက်ထားလိုက်တယ်။ အဲဒီအချိန်မှာပဲ စောဖိုးဆေး အဖီးရဲ့သားမက် နော်ရှီးလာရဲ့ ယောက်ျားရောက်လာတော့ မဆလ စစ်သားက မင်းလည်း သူပုန်ပဲဆိုပြီး ပစ်သတ်လိုက်ကြတယ် ဆရာမလေးရယ်။”

အဘွားအိုလည်း ပြောရင်း အသံတချက် တိမ်ဝင်သွားပြီး ပါးပြင်မှာ မျက်ရည်တွေ လိမ့်ဆင်းကျလာတာကို ကျွန်မ တွေ့လိုက်ရပါတယ်။ အဘွားအိုလိုပဲ ကျွန်မရင်ထဲမှာ ဆို့နစ်ကြေကွဲစွာ ခံစားနေမိပါတယ်။ ခဏအကြာမှာ အဘွားအိုက “ အဲးဒီနောက်မှာတော့ အဖွားလည်း မြေးမလေး နော်ဖေါဝါးကို ချီပြေးခဲ့ပါတယ် ပြေးရင်းလွှားရင်း မီးလောင်နေတဲ့ သစ်ပင်အကိုင်းကြီးတခုဟာ ကျိုးကျလာပြီး အဖီးရဲ့ခေါင်းကို ရိုက်မိတော့တာပဲ၊ အဖီးသတိရလို့ ပတ်ဝန်းကျင်ကို ကြည့်လိုက်တော့ ဘာမှမမြင်ရတော့ဘူးလေ အနားမှာ ငိုရှိုက်နေတဲ့ အသံကိုသာ အဖီးကြားတော့တယ်၊ အဖီးအတော်လေး ထိတ်လန့်တုန်လှုပ်သွားမိတယ်၊ ဒါပေမဲ့ မြေးမလေး ဘာမှမဖြစ်တာ သိရတော့ အဖီးအတော်လေး စိတ်ချမ်းသာခဲ့တယ်၊ မြေးမလေးကို မေးကြည့်တော့ အဖီးရောက်နေတာ အဇင်းပေါ်တော်မူ ဆေးရုံမှန်း သိခဲ့ရတယ်။” 

အဘွားအိုရဲ့ စကားသံဟာ ကြေကွဲဆို့နစ်စွာ တိတ်ဆိတ်သွားခဲ့တယ်။ ကျွန်မလည်း အဘွားအိုကို လှမ်းအကြည့်မှာ မျက်ရည်တွေ ပိတ်ဖုံးပြည့်လွှမ်းနေတဲ့ ကျွန်မ မျက်လုံးတွေက အဘွားအိုရဲ့မျက်နှာကိုေ၀၀ါးရီမှုန်စွာပဲ မြင်ရပါတော့တယ်။ အဘွားအိုရဲ့ ခံစားချက်တွေက ကျွန်မနှလုံးသားထဲကိုပါ ကူးစက်ခံစားစေခဲ့ပါတယ်။ ကျွန်မဟာ အပြစ်မဲ့တဲ့ ပြည်သူတွေကို မတရားအနိုင်ကျင့် ဖိနှိပ်ရက်စက်လွန်းတဲ့ စစ်အာဏာရှင်တွေနဲ့ သူတို့နောက်လိုက်တွေရဲ့ ပြုမူကျင့်ကြံမှုတွေ သိရလို့ နှုတ်ခမ်းကို တင်းတင်းကိုက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်မိပါတော့တယ်။ စိတ်ထဲမှာလည်း ရဲဝံ့စွာ ရေရွတ်လိုက်တယ် ငါ့အသက် ငါ့ခန္ဓာရှိနေသရွေ့ ဒီစစ်အာဏာရှင်တွေကို ရဲရဲဝံ့ဝံ့ တော်လှန်တိုက်ခိုက်သွားမယ်။

နှစ်ဦးသား ကျေကွဲဝမ်းနည်းမှုတွေ ကိုယ်စီနဲ့ ငြိမ်သက်နေတုန်းမှာပဲ “အဖီးထမင်းစားရအောင်” လို့ ကရင်လို ခေါ်သံကြားလို့ ကျွန်မ ကြည့်မိလိုက်တဲ့အခါမှာတော့ အသက် ဆယ်နှစ်လောက် ရှိမယ်ထင်ရတဲ့ အသားဖြူဖြူဖွေးဖွေး ကလေးမလေးတယောက်ကို ပလိုင်းလေးလွယ်လို့ တွေ့လိုက်ပါတယ်။ အဘွားအိုရဲ့ မြေးမလေးပဲ ဖြစ်ရမယ်လို့ ကျွန်မထင်မိလိုက်တယ်။ ကျွန်မ ထင်သည့်အတိုင်းပဲ အဘွားအိုက မျက်ရည်သုတ်ရင်းနဲ့ “အဲဒါအဖွားရဲ့ မြေးမလေး နော်ဖေါဝါးပေါ့ဆရာမလေး” လို့ ပြောပြပါတယ်။ “လာလေ နော်ဖေါဝါး” ကလေးမလေးက သူ့အဖွားဘေးမှာ ၀င်ထိုင်လိုက်ပါတယ်။ ကျွန်မက “ဗမာစကားပြောတတ်လား” မေးတော့ “နည်းနည်း ပြောတတ်တယ်” လို့ ဖြေပါတယ်။ အဖွားအိုက “ဆရာမလေး အခုချိန်ထိ အဖီးကို စောင့်ရှောက်ကျွေးမွေးလာတာ ဒီမြေးလေးပေါ့ စာလည်း မတတ်ရှာဘူးကွယ် ဒါပေမဲ့ သူ့အပါးနဲ့ အမိုးကို စစ်သားသတ်တာ မြင်ထားတော့ စစ်သားဆို သူမုန်းတယ် ကြောက်တယ်” ကျွန်မက ပြုံးပြီး “နော်ဖေါဝါးက စာသင်ချင်လားဟင်” မေးတော့ ကလေးမလေးက “ဟင့်အင်း အဖီးကို ထမင်းကျွေးရမယ် သဒါမူ” “မဟုတ်ဘူးလေ ညဘက်မှာ သင်လို့ရတာပဲ” ။ “ညဘက်မှာသင်လို့ရလားဟင် နော်ဖေါ့သင်ချင်တယ် နော်ဖေါ့လေ ကြီးလာရင် သဒါမူလို ဆေးဆရာမလုပ်မယ်”။ “ဆရာမ သင်ပေးပါ့မယ် နော်ဖေါ့ရယ်” ကလေးမလေး မျက်နှာ ရွှန်းလဲ့လို့ သွားပါတော့တယ်။

“သဒါမူ နော်ဖေါ့တို့နဲ့ ထမင်းလိုက်စားလေ” “ဆရာမ စားပြီးပြီကွဲ့” “နောက်ဆို အားရင်အဖီးတို့ဆီ လာလည်နော့်ဆရာမလေး” “ဟုတ်ကဲ့ရှင် ကျွန်မအားရင် လာလည်ပါ့မယ်” “အဖီးတို့ ပြန်တော့မယ်နော် ဆရာမလေး” “ဟုတ်ကဲ့ရှင့်” ။ ကျွန်မဟာ မြေးအဖွားနှစ်ယောက် ရွှေ့ရွှေ့နဲ့ ပြန်သွားတာကို ငေးကြည့်ရင်းနဲ့ ကျွန်မ နှလုံးသားထဲမှာတော့ ၀မ်းနည်းခြင်း ကျေကွဲခြင်း၊ နာကျည်းမုန်းတီးခြင်း၊ သနားကရုဏာ ဖြစ်ခြင်းတို့ကို ရောထွေးစွာ ခံစားနေခဲ့ရပါတော့တယ်။ “ဟေ့ ညီမလေး ခရီးထွက်ရမယ် ဘာတွေစဉ်းစားနေတာလဲ” “သြော် ကိုမြင့်ဇော်ပါလား ခုနက မျက်စေ့မမြင်တဲံ အဖွားအိုက သူ့အကြောင်း ပြောပြနေတာလေ ၁၉၇၉ ခုနှစ်လောက်က ဒီရွာကို မဆလ စစ်တပ်တွေလာပြီး သောင်းကျန်းတုန်းကပေါ့” “အကိုလည်း ဒီအကြောင်းတွေကို ရွာသူကြီး ပြောပြလို့ သိပြီးပါပြီ မဆလ စစ်တပ်တွေ သောင်းကျန်း ရက်စက်ခဲ့တာ၊ ဖျက်ဆီးခဲ့တာ ဒီရွာတရွာတည်းမှ မဟုတ်ဘဲ ကော့ဆိုင်း၊ အစွန်း၊ စကားဝှက် အများကြီးပါပပဲလေ”။ 

“ညီမတော့ ဒီအကြောင်းကို ပြည်သူတွေသိအောင် ဒေါင်းအိုးဝေ စာစောင်ထဲမှာ ထည့်ရေးမယ်”။ “ကောင်းတာပေါ့ ညီမလေးရဲ့ ဒီစစ်အာဏာရှင်တွေ ဘယ်လောက် ဖိနှိပ်တယ်၊ ရက်စက်ယုတ်မာတယ်ဆိုတာ ကမ္ဘာကပါသိအောင် ထုတ်ဖေါ်ရေးရမယ် ကိုကိုတို့ သပိတ်ကာလတုန်းကလည်း ထောင်နဲ့ချီပစ်သတ်ခဲ့တာပဲ သူတို့ရက်စက်ခဲ့တဲ့ ပြည်သူတွေရဲ့ဘ၀ဟာ မကြာခင် လွတ်မြောက်ကြတော့မှာပါ” ။
“ဟုတ်တယ် ကိုမြင့်ဇော် ပြည်သူတွေ ဘယ်တော့မှ ဒီလိုဘ၀မျိုးမရောက်အောင် ရက်စက်မှုဒဏ်မခံရအောင် ညီမလေးတို့ တော်လှန်ရေးသမားတွေမှာ တာဝန်ရှိတယ်။ ဒီစစ်အစိုးရ အာဏာရှင်တွေကို အပြုတ်တိုက်ရမယ်၊ ပြည်သူတွေရဲ့ ဒုက္ခခံစားနေရတာတွေဟာ တော်လှန်ရေးသမားတွေရဲ့ ဝေဒနာတွေပဲ မဟုတ်လား ကိုမြင့်ဇော်ရယ်”။ ကျွန်မဟာ တော်လှန်ရေးအတွက် ယုံကြည်ချက်အပြည့်နဲ့ ကျောပိုးအိတ်နဲ့ ဆေးအိတ်ကို ကောက်လွယ်လိုက်တယ် ကျွန်မတို့ အောင်သီရိ စည်းရုံးရေးစစ်ကြောင်းဟာ တိုင်းပြည်အတွက် ပြည်သူတွေအတွက် ခရီးဆက်ရဦးမယ် မဟုတ်ပါလား။ ကျွန်မတို့ မိုးကောင်းကင်ကို မော့ကြည့်လိုက်တဲ့အခါမှာတော့ “သြော် မိုးကောင်းကင်ကြီးကတော့ ဖြူစင်အေးမြလိုက်တာနော့်”

မင်းမင်းထွေးငယ်
အောင်သီရိ ကျန်းမာရေးနှင့် စည်းရုံးရေးစစ်ကြောင်း
(ဤဇတ်လမ်းသည် ၁၉၇၈ ခုနှစ်က ကွင်းကလေးရွာကို မဆလစစ်တပ်မှ ၀င်ရောက်သောင်းကျန်း ဖျက်ဆီးခဲ့စဉ်က အမှန် ဖြစ်ပျက်ခဲ့သော ဇာတ်လမ်း ဖြစ်ပါသည် - မင်းမင်းထွေးငယ်)


32 comments:

လာရောက် ဖတ်ရှူခံစား နားထောင်သွားပါတယ်.. မငယ်နိုင်

လေးစားလျှက်

ဒီမိုဝေယံ

အဘက်ဘက်က မပြည်.ဆုံတဲ.တိုင်းရင်းသား ဘိုးဘွားတွေနဲ. လူနာပေါင်းဆုံကို ကူညီကုသနေတဲ.ဘဝကနေပြီး ကိုယ်ကောင်းစားဖို.အတွက် အားလုံးကို စွန်.ခွာပြီး နိုင်ငံခြားမှာ နိုင်ငံခြားသားတွေခိုင်းတာလုပ်နေရတဲ. ဘဝကို ဂုဏ်ယူနေတဲ. မငယ်နိုင်ရဲ.စိတ်ကို အံ.သြတယ်

အဘက်ဘက်က မပြည့်စုံတဲ့ တိုင်းရင်းသားတွေနဲ့ ပြည်သူအားလုံးရဲ့ ဒုက္ခအားလုံးကို လျစ်လျူရှုပြီး ကိုယ်ကောင်းစားဖို့အတွက် ပြည်ဖျက်ဗိုလ်ချုပ်တွေရဲ့ မကောင်းမှုတွေကို အမှန်ကိုအမှန်အတိုင်း တင်ပြသူ ပြည်သူ့ဘလော့ဂါ မငယ်နိုင်ကို နှောင့်ယှက်နေရတဲ့၊ ပြည်ဖျက်ဗိုလ်ချုပ်တွေ ခိုင်းတာ လုပ်နေရတဲ့ လက်ပါးစေဘဝကို ဂုဏ်ယူနေတဲ့ ရုရှက စစ်သား mg ရဲ့စိတ်ကို အံ့ဩတယ်

(( အပြစ်မဲ့သူတွေကို မထင်ရင်မထင်သလို ပစ်သတ်ညှဉ်းဆဲ မုဒိန်းကျင့် တကယ့်ကို ရက်စက်ယုတ်မာတဲ့ စစ်အစိုးရပါလား။ ))


မြန်မာစစ်တပ်ရဲ့ မုဒိမ်းမှုတွေ အကြောင်းကို UNHCR အစီရင်ခံစာမှာ အခုလို ဖော်ပြထားပါတယ်။


Education under Attack 2010 - Myanmar


Even 7-year old girls were raped by officers and soldiers of Burmese army.

Gang rape is also common.

Some girls died from rape of Burmese soldiers.

Many girls got severe injuries.


http://www.unhcr.org/refworld/country,,UNESCO,,MMR,,4b7aa9dc26,0.html

မြန်မာစစ်တပ်ရဲ့ မုဒိမ်းမှုတွေ အကြောင်းကို UNHCR အစီရင်ခံစာမှာ အခုလို ဖော်ပြထားပါတယ်။


Education under Attack 2010 - Myanmar


Even 7-year old girls were raped by officers and soldiers of Burmese army.

Gang rape is also common.

Some girls died from rape by Burmese soldiers.

Many girls got severe injuries.

More than 1800 rape cases by Burmese army are reported to different women's groups.


http://www.unhcr.org/refworld/country,,UNESCO,,MMR,,4b7aa9dc26,0.html

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မှတ်တမ်းတင်ထားပြီ


နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ကျူးလွန်ခဲ့သော မုဒိမ်းမှုပေါင်း ၁၈ဝဝ ကျော်ကို မုဒိမ်းကျင့်သူ စစ်ဗိုလ်၊ စစ်သား၏ တပ်အမှတ်၊ မုဒိမ်းကျင့်ခံရသူ အမျိုးသမီး၏ အမည်၊ နေရပ်၊ မုဒိမ်းကျင့်သည့် နေရာ၊ နေ့ရက်၊ အချိန် နှင့် မုဒိမ်းကျင့်ပုံ ဖြစ်စဉ် အတိအကျ မှတ်တမ်းတင်ထားပြီးပါပြီ။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။



ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အထူးကော်မရှင် အစီရင်ခံစာ

မြန်မာအမျိုးသမီး အဖွဲ့အစည်း အများအပြားက ထုတ်ပြန်ထားသော အစီရင်ခံစာများတွင် အောက်ပါအတိုင်း ဖော်ပြထားသည်။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် အသက် ၇ နှစ် အရွယ်ရှိ ကလေးများကိုပင် မုဒိမ်းကျင့်ကြသည်။

အုပ်စုလိုက် မုဒိမ်းမှုများနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်မှုများကို နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ပြုကျင့်ရာတွင်လည်း ၇ နှစ်ကလေးများကိုပင် ချမ်းသာမပေးကြပါ။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းကျင့်ခြင်း၊ အုပ်စုလိုက် မုဒိမ်းကျင့်ခြင်းနှင့် အခြား လိင်ဆိုင်ရာ အကြမ်းဖက် ကျူးလွန်ခြင်းများ ကျူးလွန်ခံရသော မိန်းကလေးများ၊ အမျိုးသမီးများသည် နအဖ စစ်ဗိုလ်၊ စစ်သားများ၏ ပြန်ပေးဆွဲခြင်း၊ ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခြင်းတို့ကိုလည်း အကျူးလွန်ခံနေရသည်။

နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများက ထိုကဲ့သို့ ကျူးလွန်ခြင်းများကို မိန်းကလေးများ စာသင်နေရာ ကျောင်းတွင်ရော၊ အိမ်တွင်ပါ ကျူးလွန်လာခဲ့ကြရာ မိန်းကလေးအများအပြားမှာ အပြင်းအထန် ဒဏ်ရာရရှိပြီး မိန်းကလေးအချို့မှာ အသက်ဆုံးရှုံးခဲ့ရသည်။

မြန်မာ လူ့ အခွင့်အရေး ပညာပေးရေးအဖွဲ့က မှတ်တမ်းတင်ထားသည်မှာ နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများသည် ကလေးသူငယ်များကို အိမ်မှ ကျောင်းသွားစဉ်တွင်လည်းကောင်း၊ ကျောင်းမှ အိမ်ပြန်စဉ်တွင်လည်းကောင်း အတင်း ဖမ်းဆီးကာ ပြန်ပေးဆွဲသွားပြီး အတင်းအကျပ် အလုပ် လုပ်ခိုင်းခြင်း၊ မုဒိမ်းကျင့်ခြင်း နှင့် လူကုန်ကူး ရောင်းစားခြင်း များကို ဆက်တိုက် ကျူးလွန်လာခဲ့သည်။

မုဒိမ်းကျင့်ခံရပြီး အသတ်မခံရသည့် အမျိုးသမီးများ၊ မုဒိမ်းကျင့်ခံရသည့် ဒဏ်ရာများကြောင့် အသက်မဆုံးရှုံးသည့် အမျိုးသမီးများထဲမှ အမျိုးသမီးအများစုက တစ်ခါရှက်က နှစ်ခါရှက် ဖြစ်မည် စိုးသဖြင့် မုဒိမ်းကျင့်ခံရသည်ကို ထုတ်ပြောလေ့ မရှိကြပါ။ ထို့ပြင် မုဒိမ်းကျင့်ခံရသော အမျိုးသမီး အများအပြားကလည်း နအဖ စစ်ဗိုလ်၊ စစ်သားများက မုဒိမ်းကျင့်သည့် ဖြစ်ရပ်မှန်များကို လူ့ အခွင့်အရေးအဖွဲ့များ၊ အမျိုးသမီးအဖွဲ့များ၊ သတင်းသမားများကို ထုတ်ဖော်ပြောကြားပါက မိမိ နှင့် မိမိ မိသားစုကိုသာမက တစ်ရွာလုံးကိုပါ နအဖ စစ်တပ်မှ စစ်တပ်၏ လုပ်ပိုင်ခွင့် နှင့် စစ်လက်နက်ကို အလွဲသုံးစားလုပ်ပြီး လာရောက် ဥပဒေမဲ့ ဖမ်းဆီး ထောင်ချ၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ လုပ်မည်ကို စိုးရိမ်သဖြင့် ရေငုံ နှုတ်ပိတ်နေကြသည်။

ထို့ကြောင့် နအဖ စစ်တပ်မှ စစ်ဗိုလ်၊ စစ်သားများ၏ မုဒိမ်းမှု အရေအတွက် အစစ်အမှန်မှာ မှတ်တမ်းတင်ထားပြီးသည့် မုဒိမ်းမှု အရေအတွက် ၁၈ဝဝ ကျော်ထက် အဆပေါင်းများစွာ ပိုများသည်မှာ ထင်ရှားသည်။


http://thawthikho.blogspot.com/2010/10/blog-post_932.html


(((သောသီခိုဘလော့ တွင် တင်ထားသော "သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး" post အောက်ရှိ comment (October 12, 2010 3:12 AM ) ကို ကူးယူဖော်ပြပါသည်။)))

News Date:10/10/2010


သမီးအား မုဒိမ်းပြုကျင့်သော တပ်ကြပ်ကြီးကို ဖခင်ဖြစ်သူက ခုတ်သတ်၍ ပွဲချင်းပြီး သေဆုံး


------------
ထွန်းထွန်း
------------


ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် တွင် သမီးဖြစ်သူကို နအဖ တပ်ကြပ် တစ်ဦးက မုဒိမ်းကျင့်သဖြင့် ဖခင်ဖြစ်သူက နအဖ တပ်ကြပ်ကြီးကို ဓါးဖြင့် ခုတ်သတ်သော သေမူ သေခင်းတစ်ခု ယခုလ ၃ ရက်နေ့က ဖြစ်ပွားခဲ့သည်။

နိရဉ္စရာမှ အဆိုပါ သတင်းအား လက်ခံရရှိပြီးနောက် ဆက်လက် စုံစမ်း မေးမြန်းရာ ကံစောက် ကျေးရွာသား တစ်ဦးက ယခုကဲ့သို့ ပြောကြားသည်။

“ ဖြစ်တာက ကျွန်တော်တို့ ကံစောက် ကျေးရွာနဲ့ တဖက်ကမ်း ခမီး အမျိုးသားတွေ နေထိုင်တဲ့ တောင်မင်း ကျေးရွာမှာ အောက်တိုဘာလ ၃ ရက်နေ့က ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ ရယက အတွင်းရေးမှူး ဦးအောင်သာဖြူ သမီးကို ညဥ့်အိပ်နေစဉ် တပ်ကြပ်ကြီး တဦးက မုဒိမ်းပြုကျင့်ရာကနေ ဦးအောင်သာဖြူမှ ဓါးဆွဲပြီး ခုတ်တဲ့ အတွက် တပ်ကြပ်ကြီးက အဲဒီ အိမ်ပေါ်မှာဘဲ ပွဲချင်း သေဆုံး သွားခဲ့ပါတယ်” ဟု ပြောသည်။

သေဆုံးသွားသူမှာ တပ်ကြပ်ကြီး လင်းဇော်ဌေး ဖြစ်ပြီး ကံစောက် အခြေစိုက် ခလရ ၅၃၉ တပ်ရင်းမှ ဖြစ်သည်။

ဖြစ်ပွားပုံနှင့် ပတ်သက်ပြီး အသေးစိတ် အခြေအနေကို သူက ယခုကဲ့သို့ ပြောသည်။

“ တပ်ကြပ်ကြီး လင်းဇော်ဌေးက ရယက အတွင်းရေးမှူး အိမ်မှာ တာဝန် အရ ခေတ္တ လာရောက် တည်းခို နေစဉ် ဖြစ်ပွားတာပါ။ အဲဒီ ၃ ရက်နေ့ ညဥ့် ၂ နာရီ လောက်မှာ အတွင်းရေးမှူး သမီး အိပ်နေတဲ့ ခြင်ထောင် ထဲကိုဝင် ပြီး အတင်းပြုကျင့်ပါတယ်။ သမီးအော်သံကို ကြားတော့ အဖေ အမေနဲ့ တခြား အိမ်နီး နားချင်းတွေ လာကြတယ်။ မုဒိမ်းကျင့်တာကို သိတော့ ဦးအောင်သာဖြူက ဓါးကိုယူပြီး ဦးခေါင်းကို ခုတ်တယ်။ ရွာသားတွေက ၀ိုင်းပီး ဓါးနဲ့ ထိုးပါတယ်။ ဒဏ်ရာ အကြီးအကျယ်ရ သွားပြီးတော့ ပွဲချင်းပြီး သေဆုံးသွားခဲ့ပါတယ်” ဟု သူက ပြောသည်။

မုဒိမ်းကျင့်ခံလိုက်ရသူ ရယက အတွင်းရေးမှူး သမီးမှာ အသက် ၂၄ နှစ် ရှိကြောင်းနှင့် သူမ အမည်မှာ မခိန်ရွှေ ဖြစ်ကြောင်း သူက ပြောသည်။

ရယက အတွင်းရေးမှူး ဦးအောင်သာဖြူမှာ အမှုခင်းဖြစ်ပွားခဲ့ သည့်နေ့ ကစပြီး ထွက်ပြေး ပုန်းရှောင် နေကြောင်း သိရသည်။

သေဆုံးသွားသူတပ်ကြပ်ကြီး လင်းဇော်ဌေး၏ အလောင်းကို နောက်တစ်နေ့တွင် ၎င်း၏ တပ်ရင်းတွင်ပင် မြုပ်နှံလိုက်ကြောင်း အဆိုပါ ကျေးရွာသားက ပြောကြားသည်။

အဆိုပါ ဖြစ်ပွားမူနှင့် ပတ်သက်ပြီး ကံစောက်ကျေးရွာက အမျိုးသမီး တစ်ဦးအား ဖုံးမှ တဆင့် ဆက်သွယ် မေးကြည့်ရာ သူမက “ ကျွန်မတို့ ကံစောက်ရွာမှာ ဖြစ်တယ်ဆိုပီး လူတွေက ခဏခဏ မေးနေကြပါတယ်။ ကျွန်မတို့ ကံစောက်မှာ ဖြစ်တာ မဟုတ်ဘူးရှင့်။ ခမီးတွေနေတဲ့ တောင်မင်းရွာမှာ ဖြစ်တာပါ။ ဖြစ်တာကိုတော့ ပြောနိုင်ပါတယ်။ ဘယ်လို ဖြစ်တယ်ဆိုတာ ကျွန်မတို့လည်း အတိအကျ မသိပါဘူး” ဟု ပြောသည်။

ကျောက်တော်မြို့နယ် ကံစောက်အနီး တွင် တောင်မင်းကျေးရွာ၊ ကြိမ်ချောင်းရွာ၊ ရွှေပန်းခိုင်ရွာ၊ ငှက်ယောင်ချောင်းရွာ၊ ဖက်ဝမ်းချောင်းရွာ၊ သိန်းချောင်းရွာ၊ ကင်ပိရွာ၊ ခမောင်းရွာ၊ သဲဝရွာ၊ ကျွမ်းသာယာရွာ၊ လီဂွေရွာတို့ တည်ရှိပြီး အဆိုပါရွာများတွင် ယခုကဲ့သို့ နအဖ စစ်သားများ၏ မတော်မတရား ပြုကျင့်ခြင်းကို အမျိုးသမီးများ အနေဖြင့် မကြာခဏ ခံနေကြရပြီး ယခု စစ်သား သေဆုံးမူမှာ ပထမဆုံး ဖြစ်သည်ဟု သိရသည်။

အလားတူ လွန်ခဲ့သည့် ဧပြီလ ၈ ရက်နေ့ကလည်း ပလက်ဝမြို့နယ်မှရခိုင်အမျိုးသမီးတဦးအား စစ်တွေအခြေ စိုက်ခလရ ၂၃၂ တပ်ရင်းမှ စစ်ဗိုလ်တဦးမှ အတင်း အဓမ္မပြုကျင့်မှုကို ခံခဲ့ရသော်လည်း အထက် အာဏာပိုင်များက တစုံတရာ အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း သိရသည်။


http://www.narinjara.com/detailsbur.asp?id=2785


(သတင်း ရင်းမြစ် - နိရဉ္စရာ သတင်း)

"မုဒိမ်းစစ်တပ်" ဟု ဒေါ်စုပြောပြီ


ဗမာ နဲ့ တိုင်းရင်းသားတွေကို သွေးကွဲအောင်၊ တိုင်းရင်းသား အချင်းချင်းကို သွေးကွဲအောင်၊ ပြည်သူတွေနဲ့ စစ်တပ်ကို သွေးကွဲအောင် ရည်ရွယ်ချက်ရှိရှိ လုပ်နေတာက အစိုးရ အမည်ခံ စစ်အုပ်စု ဖြစ်ပါတယ်။

မြန်မာစစ်တပ်က ပြည်သူတွေကို သွေးခွဲတဲ့ အနေနဲ့ရော၊ ခြိမ်းခြောက်တဲ့ အနေနဲ့ပါ ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာကို ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖေါ်ပြောကြားလိုက်တာကို ဖတ်ကြည့်ပါ။

(ကိုရဲရင့် တင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုထဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတာပါ။)


"မုဒိမ်းစစ်တပ်" ဟု ဒေါ်စုပြောပြီ


ရာဇဝတ်ကောင်တွေ ကြီးစိုးနေဆဲဖြစ်တဲ့ တရားမဝင် ပြည်ဖျက်အစိုးရရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ် အဖြစ် အသုံးချခံနေရတဲ့ မြန်မာ မုဒိမ်းစစ်တပ် အကြောင်းကို ဒေါ်စုပြောတာက ဒီလိုပါ။

"ကျမတို့ မြန်မာနိုင်ငံမှာ စစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေပါတယ်။

ငြိမ်းချမ်းစွာ နေနိုင်ရုံ နေလိုတဲ့ မြန်မာပြည်သူတွေနဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်ရုံ ကာကွယ်တဲ့ မြန်မာပြည်သူတွေ အပေါ်မှာ မြန်မာစစ်တပ်က မုဒိမ်းမှုတွေကို လက်နက်သဖွယ် သုံးပြီး ကျူးလွန်နေတာပါ။

အထူးသဖြင့် တိုင်းရင်းသားနယ်မြေတွေမှာ မြန်မာစစ်တပ်ရဲ့ မှုဒိမ်းမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားနေပါတယ်။

တိုင်းရင်းသားတွေကို ခြိမ်းခြောက်ဖို့ နဲ့ မြန်မာနိုင်ငံသားတွေ အချင်းချင်း မညီညွတ်ပဲ အကွဲအပြဲ ဖြစ်အောင် ရန်တိုက်ပေးဖို့ ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မြန်မာစစ်တပ်က မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် သုံးနေတာပါ။

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ မြန်မာပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ စစ်တပ်နဲ့ ပြည်သူတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်၊

မြန်မာစစ်တပ်က ကျူးလွန်တဲ့ မုဒိမ်းမှုတိုင်းဟာ (ဗမာအများစုနဲ့ ဖွဲ့စည်းထားလို့ "ဗမာစစ်တပ်" လို့ ခေါ်နေကြတဲ့ မြန်မာစစ်တပ်က ကျူးလွန်တာ ဖြစ်လို့) ဗမာတွေနဲ့ တိုင်းရင်းသားတွေကြားမှာ အကွဲအပြဲ ဖြစ်စေပါတယ်။

ဒါကြောင့် တိုင်းရင်းသားတွေ အပါအဝင် ငြိမ်းချမ်းစွာ နေလိုသူ ပြည်သူတွေ နဲ့ မိမိရဲ့ အခြေခံလူ့အခွင့်အရေးကို ကာကွယ်သူ ပြည်သူတွေကို ခြိမ်းခြောက်တဲ့အနေနဲ့ရော၊ သွေးခွဲတဲ့အနေနဲ့ပါ မြန်မာစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် မုဒိမ်းကျင့်ခြင်းကို လက်နက်သဖွယ် အသုံးပြုနေတာကို အဆုံးသတ်သွားအောင် ကျမတို့အနေနဲ့ လုပ်နိုင်တာအားလုံးကို လုပ်ကြရပါမယ်။


http://www.yeyintnge.com/2011/05/aung-san-suu-kyi-on-sexual-violence-in.html

မြန်မာစစ်တပ်၏ မီးရှို့ ခံရသည့် ကရင်ပြည်နယ်၊ သဒါဒယ် ရွာ (ဗွီဒီယို)


၂၀၁၀ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နှင့် ၂၄ ရက်နေ့များက မြန်မာစစ်တပ်၏ ရွာလုံးကျွတ် ပြာကျသည်အထိ မီးရှို့ဖျက်ဆီးခြင်းကို ခံလိုက်ရသည့် ကရင်ပြည်နယ်၊ မြောက်ပိုင်းရှိ သဒါဒယ် ရွာ

(ဗွီဒီယို)


Burma Army burns Karen village August 2010 (YouTube video)


http://www.youtube.com/watch?v=eac2ZKdIDYU&feature=player_embedded

မြန်မာစစ်တပ်၏ ဥပဒေမဲ့ ရမ်းကား သတ်ဖြတ်ခံနေရသည့် ကရင်အရပ်သားများ၏ ရွာပုန်းရွာရှောင် ကျီးလန့်စာစားဘဝ (ဗီဒီယို)


သန်းရွှေရဲ့ အသုံးချခံ မြန်မာ စစ်တပ်ရဲ့ ဥပဒေမဲ့ ရမ်းကား နှိပ်စက် မုဒိမ်းကျင့် သတ်ဖြတ် ရွာမီးရှို့ တာတွေက ဆိုးသထက် ဆိုးလာလို့ ဒီနေ့ ကရင်ပြည်နယ်၊ ကျေးရွာတွေက ကရင် အရပ်သားတွေ ခံစားနေရတဲ့ ဒုက္ခမျိုးစုံဟာ ဒီပို့စ်မှာ မင်းမင်းထွေးငယ် ရေးထားတာထက် အများကြီး ပိုဆိုးပါတယ်..


"ပေါ်တာဆွဲလား ဆွဲရဲ့ ပေါ်တာကြေးဆိုပြီး ငွေအဓမ္မကောက်၊ ကြက်ဆွဲ၊ ၀က်ဆွဲ နွားတောင်မှမချန်ဘူး။ စပါးဆိုတာကတော့ ၀မ်းစာချန်ဖို့ ဝေးလို့ တော်လှန်ရေးသမားတွေကို ထောက်ပံ့မှာစိုးလို့တဲ့လေ စပါးကျီတွေကို မီးနဲ့ရှို့သွားကြသေးတယ်။ ဒါတင်ဘယ်ကမလဲ အပြစ်မဲ့သူတွေကို မထင်ရင်မထင်သလို ပစ်သတ်ညှဉ်းဆဲ မုဒိန်းကျင့် တကယ့်ကို ရက်စက်ယုတ်မာတဲ့ စစ်အစိုးရပါလား။"

လို့ မင်းမင်းထွေးငယ် ရေးထားတာထက် အများကြီး ပိုဆိုးပါတယ်..




လူရိပ်မြင်သည်နှင့် မမေးမမြန်း မစုံစမ်း မစစ်ဆေးဘဲ အသေ ပစ်သတ်ခြင်းကို စဉ်ဆက်မပြတ် ကျင့်သုံးလာသည့် မြန်မာစစ်တပ်၏ ဥပဒေမဲ့ ရမ်းကား နှိပ်စက် မုဒိမ်းကျင့် သတ်ဖြတ် ရွာမီးရှို့ခံနေရသည့် ကရင်အရပ်သားများ၏ ရွာပုန်းရွာရှောင် ကျီးလန့်စာစားဘဝ (ဗီဒီယို)


Video from Burma: SHOOT ON SIGHT

http://www.youtube.com/watch?v=z2EEJkyntV4&feature=related



Video from Burma: SHOOT ON SIGHT

http://www.youtube.com/watch?v=SPSsKcpxJMk&feature=related

ABSDF ရဲ့ ရုတ်မာမှု
http://alvarogomezcastro.over-blog.es

ရုရှားက စစ်သား ရေ .....

မင်း ပြောတဲ့ " နောက်မီးလင်းတယ်" ဆိုတဲ့ ဇာတ်လမ်းတွေက
ကာယကံရှင်တွေကို နာမည်ပျက်အောင် မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး တဆိတ်ကို တအိတ်လုပ်ပြီး ကြမ်းပိုးကို လိပ်ဖြစ်အောင် တမင်သက်သက် လိုက်ရေးနေတာ စာဖတ်သူတွေက သိနေပြီကွ..

ပြီးတော့ မင်းပြောတဲ့ လူတွေက သာမန်ပြည်သူတွေ ဆိုတော့ သူတို့ရဲ့
အချစ်ဇာတ်လမ်းတွေကို စာဖတ်သူတွေက စိတ်မဝင်စားဘူးကွ..

တကဲ့ သမိုင်းဝင် အထင်ကရ နောက်မီးလင်း ဇာတ်လမ်းတွေကျတော့ မင်း မရေးဘဲ မေ့နေလို့ ငါ အောက်မှာ ရေးပေးမယ်..

အာဏာရူး နေဝင်းရဲ့ တတိယမယား ခင်မေသန်း (ကစ်တီဘသန်း) က ဒေါက်တာဘသန်းရဲ့ သမီးပါ။

၁၉၅၃ ခုနှစ်မှာ ခင်မေသန်းရဲ့ လင်ကြီး ဒေါက်တာတောင်ကြီးက အမေရိကန်ပြည်မှာ ပညာသင် သွားနေတုန်းမှာ တဏှာရူး ကြာသမား နေဝင်းက ကြာများများ ခင်မေသန်းကို ကြာကူလီ ရိုက်တာပါ။ နေဝင်းက ကြာမခို ခိုအောင် ခင်မေသန်းက ကြာပစ်ထားတာကိုး။

ကြာကူလီနေဝင်း နဲ့ ခပ်ရှုပ်ရှုပ် ခင်မေသန်း ခြင်ထောင်ဇာတ်လမ်း စတဲ့အချိန်မှာ နေဝင်းက မယားကြီး ဒေါ်တင်တင်နဲ့ ပေါင်းနေတုန်းပါ။ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီးနဲ့ ပေါင်းနေတုန်းပါ။ နေဝင်းကလည်း မယားကြီး ဒေါ်တင်တင် ငုတ်တုတ်နဲ့၊ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့ပါ။

ချဉ်ချဉ်တူးတူး မူးပြီးရော သဘောထားပြီး မိန်းမ ဆိုရင် တွေ့မရှောင်တဲ့ ရာဂဘီလူး နေဝင်းနဲ့ နန့်တန့်တန့် ရွတတ အရှုပ်အပွေမ ခင်မေသန်းနဲ့ တွေ့ကြတော့ အိုးရွဲ့ နဲ့ စလောင်းရွဲ့ တွေ့ကြသလို ကွက်တိဖြစ်ပြီး ကြာဇာတ်ကား ရိုက်ကြတာပါ။

ခင်မေသန်း အဖေ ဒေါက်တာဘသန်းကလည်း မိန်းမနဲ့ ပတ်သက်လာရင် ဇ ရှိသူပါ။ ဒေါက်တာဘသန်းကလည်း မိန်းမ ရှုပ်ရာမှာ သားမက်ဖြစ်တဲ့ တွေ့မရှောင် နှာဘူး နေဝင်းထက် ညံ့သူ မဟုတ်ပါဘူး။ ဒေါက်တာဘသန်းဟာ အဲဒီခေတ်က အမျိုးကောင်း သမီး ဆရာဝန်မ၊ ဆေးကျောင်းသူ၊ အရပ်သူပေါင်း များစွာကို ခြေတော်တင်ပြီး ဖျက်ဆီးခဲ့တာပါ။

ယောက္ခမ ဒေါက်တာဘသန်း နဲ့ သားမက် နေဝင်းနဲ့ အပြိုင် နှာဘူးထကြတာ သမိုင်းဝင်မှတ်တမ်းတွေပါ။

ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဒေါက်တာဘသန်းဟာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး နာမည်ပျက်များ ရှိပါတယ်။


ဖေဖေ့အစ်ကိုကြီး ဦးပုက မှတ်မှတ်ရရ ပြန်ပြောပြတာကတော့ ဆရာကြီး ဒေါက်တာဘသန်း အိမ်က ထမင်းစားပွဲတပွဲအပြီး ဆရာကြီးတို့သားအဖ (သမီး ဖြစ်သူ ကစ်တီဘသန်း ခေါ် ဒေါ်ခင်မေသန်း - အဲဒီတုန်းက အိမ်ထောင်မကျသေး) နှစ်ယောက် စန္ဒရားနဲ့ ဆိုတီး ဧည့်ခံတဲ့အကြောင်းပါ။

ကစ်တီဘသန်းက စန္ဒရားတီးပြီး ဆရာကြီးက သီချင်းဆိုပါသတဲ့။ သီချင်းကတော့ အဲဒီ ကာလက အလွန်ခေတ်စား လူကြိုက်များခဲ့တဲ့ “ချစ်ပွဲဝင်” ပါ။

ဦးကြီးပုက "အတော် အရှက်နည်းတဲ့လူတွေ။ “အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်....” ဆိုတဲ့ သီချင်းကိုများ သားအဖနှစ်ယောက် ဆိုတီးနေလိုက်ကြတာ။ ငါတို့ ဖြင့် မျက်နှာ ဘယ်ထားရမှန်း မသိဘူး" တဲ့။

ဆရာကြီးတို့က ခေတ်မီပွင့်လင်းကြဟန် ရှိပေမယ့် ရှေးရိုးသမား ဦးကြီးပုကတော့ ဒါကို ကြည့်မရတာ ဖြစ်ဟန် တူပါတယ်။

ဆရာကြီး ဒေါက်တာဘသန်းဟာ ကျွန်မဆေးတက္ကသိုလ် (၁) တက်နေတဲ့ကာလများ (၁၉၆၃-၁၉၇၀) မှာ ဆေး တက္ကသိုလ်(၁) ရဲ့ ပါမောက္ခချုပ်ဖြစ်နေပါတယ်။ အဲဒီကာလက ဆရာကြီး ဒေါက်တာဘသန်းဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမလည်း ဖြစ်နေပါပြီ။

ဆရာကြီး ဒေါက်တာဘသန်းဟာ ပညာရေးလောကမှာ နာမည်ကောင်းပေမယ့် တခြား နာမည်ပျက် များလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့ ပတ်သက်ပါတယ်။

ဖေဖေကတော့ ဆရာကြီးဟာ သူ ပညာသင်ပေးတဲ့ မြေရှင်ကြီး ရဲ့ သမီး၊ သူထက်လည်း အသက်ကြီးတဲ့ အမျိုးသမီးကြီးတဦးကို လက်ဆက်ထားရလို့ အိမ်ထောင်ရေး မသာယာဟန် ရှိတယ်။ ဒါကြောင့် အပြင်မှာ ပျော်ရွှင်မှု ရှာတာနဲ့ တူတယ်လို့ ဆိုဖူးတယ်။

၁၉၇၀ ခုနှစ်များမှာတော့ ဆရာကြီး ဒေါက်တာဘသန်း ပင်စင်ယူခဲ့ပြီး မကြာမီမှာပဲ နှလုံးရောဂါနဲ့ မကျန်းမမာ ဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာဘသန်း နှလုံးရောဂါနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ သတင်းကြားလို့ ရန်ကုန် ဆေးရုံကြီးမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မတို့ တပည့်ဟောင်းတွေ စုပြီး သွားရောက်သတင်းမေးခဲ့ကြပါတယ်။ ဆရာကြီးဟာ အဲဒီတုန်းက သူ့မြေးသမက် (ဒေါ်ခင်မေသန်းရဲ့ ပထမအိမ်ထောင်က ပါခဲ့တဲ့ သမီးကြီး လဲ့လဲ့ဝင်းရဲ့ ခင်ပွန်း) ဒေါက်တာ မျိုးသွယ် (ဆေးတက္ကသိုလ် (၂) ဆေးပညာပါမောက္ခ) ရဲ့ ကုသမှုကို ခံယူနေတာပါ။ ဆရာကြီး ဒေါက်တာဘသန်း နှလုံး ရောဂါ ခံစားနေရတယ်လို့သာ ယေဘုယျ သိခဲ့ရပါတယ်။

လမ်းဘေးသတင်းကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဆရာကြီး ဒေါက်တာဘသန်း ခံစားနေခဲ့ရတဲ့ ရောဂါဟာ သိန်းဖေမြင့်ရဲ့ “တက်ခေတ် နတ်ဆိုး” ထဲက ဇာတ်လိုက်မင်းသား ရတဲ့ ရောဂါမျိုး (ဆစ်ဖလစ်ရောဂါ) လို့ ဆိုကြတာပါပဲ။


လှကျော်ဇော


http://magazine.crystalthinktank.com/index.php?option=com_content&view=article&catid=6&id=111&Itemid=34

ဗိုက်ကြီးသည် သတို့သမီး သန္တာရွှေ


လှည်းကျိုးထမ်း သန်းရွှေ ရဲ့ သမီး သန္တာရွှေ က လင်ကောင်မပေါ်ဘဲ ဗိုက်ကြီးနေလို့ ဇော်ဖြိုးဝင်းကို လင်ဖမ်းပြီး လှည်းကျိုးခေါ်ထမ်း ခိုင်းလိုက်ရတာပါ။

ဇော်ဖြိုးဝင်း နဲ့ မင်္ဂလာဆောင်တော့ သန္တာရွှေ က ၄ လ ဗိုက်ကြီးနဲ့ပါ။

သန္တာရွှေ က စိန်စီသောည မင်္ဂလာပွဲ ပြီးလို့ ၅ လအကြာမှာ ကလေးမွေးတာပါ။


http://imageshack.us/photo/my-images/153/pregnant1ch6.jpg/

လူသတ်ခေါင်းဆောင်ကြီး မင်းခွေးချေး သန်းရွှေ ရဲ့ မိုက်ရိုင်းယုတ်မာရက်စက်မှုတွေကို စိန်စီသောညရဲ့  ဇာတ်လိုက်ကျော် ခင်သန္တာရွှေ နဲ့  ဇော်ဖြိုးဝင်းတို့ ရဲ့ သမီး အထိ ပေးဆပ်ရမှာပါ


စိန်စီသောည ဗွီဒီယိုမှတ်တမ်းပါ သန်းရွှေရဲ့  သမီး သန္တာရွှေရဲ့  မင်္ဂလာဆောင်မှာ စိန်တွေ သီးနေအောင် ၀တ်စားဆင်ယင်ပြသခဲ့တာတွေ၊ ငွေအထုပ်လိုက် ဆွေမျိုးသားချင်းတွေကို ဝေငှပုံတွေ၊ တိုက်တာအဆောက်အဦး ကားအစီးလိုက် တန်ဖိုးရှိ ပစ္စည်းတွေ လက်ဖွဲ့ အဖြစ် ရခဲ့တာတွေ၊ မင်္ဂလာဧည့်ခံပွဲကို သိန်းပေါင်းမြောက်မြားစွာ အကုန်ကျခံပြီး နေရာသုံးလေးခုမှာ ပြုလုပ်ခဲ့တာတွေ၊ မောက်မာခက်ထန်ကာ ဂုဏ်ပကာသနတွေ လွှမ်းခြုံထားပြီး တစ်လောကလုံးကို အုပ်စိုးချယ်လှယ်ထားလိုသူတွေရဲ့ မျက်နှာပေးတွေကြောင့် စိန်စီသောည (သို့ ) အာဏာရှင်သမီးတစ်ဦး၏ မင်္ဂလာအခမ်းအနားပွဲအကြောင်းဟာ ကမ္ဘာတစ်ဝှမ်း သိသွားရလောက်အောင် အမြင်ကတ် ရှုတ်ချဖွယ် လူသိများသွားခဲ့ရပါတယ်။ တိုင်းပြည်နဲ့  ပြည်သူလူထုမှာ ငတ်ပြတ်ဆင်းရဲနေချိန်မှာ အာဏာရှင်မိသားစုတွေရဲ့  မတရားကြွယ်ဝချမ်းသာနေမှုတွေကို မျက်ဝါးထင်ထင်တွေ့ မြင်လိုက်ကြရလို့  ဒီမှတ်တမ်းကြည့်ရသူတိုင်း နှာခေါင်းရှုံ့  ဒေါသထွက်ကြရပါတယ်။

ဒီ စိန်စီသောညမင်္ဂဆောင်ပါ ၀တ်ဆင်ထားသော စိန်တွေရဲ့ နောက်ဆက်တွဲဇတ်လမ်းဖြစ်တဲ့ ငါးလောင်းပြိုင် လူသတ်မှု လက်သည်တရားခံတွေဟာလည်း အခုထိတိုင်အောင် မြုပ်ကွက်အဖြစ် ပျောက်ချက်သားကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီလို မြုပ်ကွက်ဖြစ်နေရတဲ့ အကြောင်းရင်းတွေကလည်း သန်းရွှေသမီး သန္တာရွှေရဲ့  မင်္ဂလာဆောင်မှာ သီးနေအောင်ဝတ်စားဆင်ယင်ထားတဲ့ စိန်တွေနဲ့  ဆက်စပ်နေတာကြောင့်လို့  ပြောဆိုချက်တွေ ထွက်ပေါ်နေတာပါ။ သန်းရွှေရဲ့ ဇနီး ဒေါ်ကြိုင်ကြိုင်ဟာ သမီးဖြစ်သူအတွက် ဒီစိန်တွေကို ငှားရမ်းထားပြီးရာမှ ပြန်လည် မပေးဆပ်ခဲ့လို့ သာ ဒီ မှုခင်းဖြစ်ပေါ်ရခြင်းရဲ့  အကြောင်းရင်းကြောင့်သာ ပါဝင်ပတ်သက်နေသူတွေအနေနဲ့  ဒီ ငါးလောင်းပြိုင်လူသတ်မှုဟာ ယခုထိတိုင်အောင် ဖုံးကွယ်ခံထားရဆဲ ဖြစ်တယ်လို့  အများသူငှာ ပြောဆိုနေကြပါတယ်။

ယခုအခါမှာ စိန်စီသောညနဲ့  ငါးလောင်းပြိုင် လူသတ်မှုအကြောင်းဟာ အချိန်ကြာလာလို့  အများပြည်သူတွေ မေ့ပျောက်ကွယ်တော့မလားလို့  သန်းရွှေတို့  ယူဆကောင်း ယူဆနေပေမယ့် တိုင်းပြည်ကို ခ၀ါကျအောင် လုပ်ခဲ့တဲ့၊ အသက်သွေးပေါင်းမြောက်မြားစွာကို ညှဉ်းပမ်းနှိပ်စက် သတ်ဖြတ်ခဲ့တဲ့ လူသတ်ခေါင်းဆောင်ကြီး သန်းရွှေ၊ သေခါနီး ငြိမ်းတော့မယ့် မီးတောက်လို ခဏတာလေး အစွမ်းကုန်တောက်လောင်ပြနေတဲ့ မိုက်ရိုင်းမှုတို့ ရဲ့  သရဖူဆောင်းထားတဲ့ မင်းခွေးချေးလို့  ပြည်သူက နာမည်ဆိုးပေးခံနေရပြီဖြစ်တဲ့ သန်းရွှေ၊ ဒီအာဏာရူးကြီး သန်းရွှေနဲ့  မိသားစုအသိုင်းအ၀ိုင်းအကြောင်း ပြည်သူတွေက ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်ပါဖူး။

သန်းရွှေရဲ့  လက်ဦးဆရာ အာဏာရူးကြီး နေ၀င်းတောင် သေသွားခဲ့တာတောင် သမိုင်းဆိုး နာမည်ဆိုးနဲ့  တွင်ကျန်နေဆဲ ဖြစ်သလို နေ၀င်းရဲ့ မိသားစုဝင်တိုင်းဟာလည်း နေ၀င်းသေဆုံးချိန်က စပြီး ဘ၀တွေ အဖတ်ဆယ်မရအောင် တစ်ဆွေလုံး တစ်မျိုးလုံး လူပုံအလည် မထွက်ရဲတော့ပါဖူး။ မကြာခင်မှာလည်း အလှည့်ရောက်ကြမယ့်သူတွေကတော့ အာဏာရူး သန်းရွှေရဲ့  ဇနီး ဒေါ်ကြိုင်ကြိုင်တို့ ရဲ့  မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံး ဖြစ်ပါတယ်။

သန်းရွှေသေဆုံးပြီးတဲ့နောက်မှာ အလှည့်ရောက်ကြမယ့်သူတွေကတော့ နောက်ဆုံး စိန်စီသောညရဲ့  ဇာတ်လိုက်ကျော်ကြီးများ ဖြစ်ကြတဲ့ ခင်သန္တာရွှေ (ခ) မပေါက် နဲ့  ဇော်ဖြိုးဝင်းတို့ ရဲ့  သမီး အထိ ကျန်မှာ မဟုတ်ပါဖူး။


http://niknayman-niknayman.blogspot.com/2010/05/blog-post_6835.html


(နစ်နေမန်းဘလော့)

“ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်” (၁)


ရန်ကုန်မြို့ မိုးကုတ်သူဌေးဦးမြမောင်၏ အဆက်အနွယ်ငါးဦး တစ်ပြိုင်နက်အသတ်ခံရမှုကို အမှု ပြန်လည်ဖော်ထုတ် စစ်ဆေးမည်ဟူသော သတင်းကို ကျွန်ုပ်တို့ သိုးသိုးသန့်သန့်ကြားသိနေရပေသည်။

၎င်းအမှုကို နအဖ၏ တရားစီရင်ရေးမှ အမှန်တကယ်ပဲ အမှုမှန်ပေါ်အောင် ဖော်ထုတ်နိုင်မည်လော။ အမှုမှန်ဖော်ထုတ်ရဲသော သတ္တိလည်း အမှန်ပင် နအဖတရားစီရင်ရေးဝန်ထမ်းများ ရှိကြပါမည်လော… ကျွန်ုပ်တို့ စိတ်ဝင်စားမိပေသည်။

ကျွန်ုပ်တို့သိရသလောက် ပထမအကြိမ် မှုခင်းအသွားအလာ စစ်ဆေးစဉ်က ကျည်ဆံနံပါတ်များမှာ သွားလေသူ ဗိုလ်ချုပ်မောင်ဘို (ဒုတိယဗိုလ်ချုပ်ကြီး မောင်ဘို)၏ နံပါတ်များ၊ အခြား မသွားသေးသူ ဗိုလ်ချုပ်တစ်ယောက်၏ ကျည်နံပတ်များ တွေ့ရှိရသည်ဟု သိရ၏။

ယခုအခါ စစ်ဆေးမည်ဟု သတင်းထွက်လာသောအခါ အများ၏ ထင်ကြေးမှာ ကွယ်လွန်သူ ဗိုလ်ချုပ်မောင်ဘို အပေါ် အားလုံးပုံချရန် ဖြစ်နိုင်ကြောင်း ထင်ကြေးပေးနေကြပေသည်။

ကျွန်ုပ်တို့သိရသလောက် ကျွန်ုပ်တို့၏ အတွင်းသတင်းပေးထံမှသိရသော သတင်းအမှန်မှာ “ရွှေသမင်ဘယ်က ထွက်၊ မင်းကြီးတာမှထွက်” ဟုဆိုရပေချိမ့်မည်။

စာရှုသူ ပရိသတ်ကြီး မှတ်မိပေဦးမည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ့ သမီးတော်လေး၏ မင်္ဂလာပွဲ-”စိန်စီသောည” ဗွီဒီယိုအခွေမှ စိန်တို့သည် ငါးလောင်းပြိုင်လူသတ်မှု၏ မြစ်ဖျားခံရာတို့ပေတည်း။

ဖြစ်ပုံမှာ မိုးကုတ်ဦးမြမောင်ဆိုလျှင် ရှေ့မီနောက်မီ ပုဂ္ဂိုလ်တို့ သိကြပေသည်။ ဆွေမျိုးစဉ်ဆက်မည်မျှ ချမ်းသာကြောင်း ယခုတိုင် သားသမီးမြေးတို့ကိုပင် ဘဏ်အကောင့်ဖွင့်၍ ငွေကြေးသုံးစွဲရန် ထားရှိခဲ့ကြောင်း အများသိပင်ဖြစ်သည်။

၎င်းစိန်တို့မှာ မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့၊ ဆွေမျိုးသမ္ပဇဉ်အဆက်ဆက်တို့ ထိန်းသိမ်း စောင့်ရှောက် ခဲ့သော ရှေးစိန်များ ဖြစ်ပေသည်။

ထိုဦးမြမောင် ဆွေမျိုး – အသတ်ခံရသူတို့သည် လုပ်ငန်းဆောင်တာ ဆက်သွယ်မှုအရ မန္တလေးတိုင်းမှူး ဖြစ်ခဲ့သော ဒုဗိုလ်ချုပ်ကြီးရဲမြင့် (တိုင်းမှူးဘ၀က ဗိုလ်ချုပ်ရဲမြင့်)၊ ဇနီး ဒေါက်တာဒေါ်တင်လင်းမြင့်နှင့် ခင်မင်ရင်းနှီးခွင့်ရခဲ့ကြ၏။

ထိုသို့ခင်မင်ရာမှ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင်မည်ရှိသောအခါ ခေတ္တပွဲနေပွဲထိုင် ငှားရမ်းပါမည့်အကြောင်း ဒေါက်တာ ဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားကမ်းလှမ်းငှားရမ်းခဲ့သည်ဆို၏။ ထိုသရောအခါ မငှားပြန်လျှင်လည်း မကောင်း၊ ဒေါက်တာ ဒေါ်တင်လင်းမြင့်နှင့် မျက်နှာနာသည်ကလည်း တစ်ကြောင်း၊ အာဏာအရှိန်အ၀ါ ကြောင့်တစ်ဖုံ ငှားရမ်းလိုက်ကြပေသည်။


https://bigbbrown.wordpress.com/2009/07/17/blood-diamond-of-burma-2/

“ငါးလောင်းပြိုင် လူသတ်မှု နောက်ဆက်တွဲသတင်း (သို့မဟုတ်) စိန်စီသောည မှ အဆက်” (၂)


မိုးကုတ်ဦးမြမောင် ဆွေစဉ်မျိုးဆက်တို့က ထိန်းသိမ်း စောင့်ရှောက်ခဲ့သော ရှေးစိန်များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေသမီး မင်္ဂလာဆောင် အတွက် ငှားရမ်းပြီး မင်္ဂလာပွဲပြီးသည့်အခါ ဗိုလ်ချုပ်မှူးကြီးသမီးများက ဒေါက်တာဒေါ်တင်လင်းမြင့်မှတစ်ဆင့် စကားပါးလိုက်၏။ စိန်များကိုရောင်းပါ။ ဈေးဘယ်လောက်ဖွင့်မည်လည်းဟု အမေးခိုင်းလိုက်ပေသည်။

မိုးကုတ်ဦးမြမောင်မှာ ရှေးအစဉ်အဆက်မှပင် ပတ္တမြားတွင်းများပိုင်ခဲ့သူဖြစ်ရာ၊ ယခုတိုင် ပတ္တမြားများကို သေတ္တာများဖြင့် သိမ်းဆည်း သိုလှောင်ထားသူဖြစ်ပေရာ ငွေမလိုချေ။ “ငွေမလို၊ သည်စိန်တို့မှာ ဆွေမျိုးအစဉ်အဆက်ထိန်းသိမ်းစောင့်ရှောက်ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းချနိုင်ပါကြောင်း၊ မိမိတို့မှာ ဆွေမျိုးဂုဏ်ကို ဆက်လက်ထိန်းသိမ်းရန် တာဝန်ရှိပါကြောင်း ကွယ်လွန်သူတို့မှ ပြန်ကြားခဲ့သည်ဆို၏။

ထိုအခါ ဗိုလ်ချုပ်မှူးကြီးသမီးများမှ “မြန်မာငွေမို့ ငြင်းသလား။ ဒေါ်လာနှင့်ပေးချေပါမည်။ ကြိုက်တဲ့ဈေးပြောပါ၊ ဒေါ်လာနှင့်ချေမည်” ဟုပြန်ပြောတိုက်တွန်းခိုင်းပြန်၏။ ကွယ်လွန်သူတို့မှ “မည်သို့မှ မရောင်းနိုင်ပါကြောင်း၊ ဒေါ်လာလည်း မလိုအပ်ပါကြောင်း၊ အခြားပစ္စည်း ဆိုလျှင် အလကားပင် လက်ဆောင်ပေးနိုင်ပါကြောင်း၊ ဤစိန်တို့မှာ ဆွေမျိုးစဉ်ဆက်ထိန်းသိမ်းရမည်ဟု အဖိုးမသေမီကပင် တာဝန်ပေး ခဲ့သော စိန်များဖြစ်သဖြင့် မရောင်းနိုင်ကြောင်း” ထပ်လောင်းပြောကြားခဲ့သည်ဟု သိရပေသည်။

သို့ဆိုလျှင် လယ်ပြင်မှာ ဆင်သွားသလို ထင်ရှား၍နေပေပြီ။ ထိုသို့ဖြစ်ပြီး များမကြာမီပင် ၄င်းငါးလောင်းပြိုင် လူသတ်မှုကြီး အုတ်အော်သောင်းနင်း ပေါ်ပေါက်၍လာပေရာ မည်သို့မည်ပုံ ဖြစ်တန်ရာသည်ဆိုခြင်းကို အရွယ်ရောက်စ လူတိုင်းပင် ပုံဖော်နိုင်ကြပေသည်။

ထိုစိန်စီသောညမှ ကြမ္မာငင်သော စိန်တို့သည် ငါးလောင်းပြိုင် လူသတ်မှု၏ မြစ်ဖျားခံရာ စိန်တို့ပါတည်း။ သမင်သည် လှပသော ဦးချိုကြောင့် အသက်ဆုံးရှုံးခဲ့ရ၏။ ကတိုးကောင်သည် ကောင်းမြတ်သော မိမိအမွှေးနံ့ကြောင့် အသက်ဆုံးရှုံးခဲ့ရရှာပေသည်။

ယခုအပေါင်းပါတစ်ဦးဖြစ်သော မောင်ဘိုသေဆုံးပြီးနောက် အမှုမှန်ဖော်ထုတ်မည်ဟု သတင်းသန့်သန့်ထွက်လာ၏။ တကယ်အမှု မှန်နိုင်ပါမည်လော… စောင့်ကြည့်ရန်သာရှိသည်။

ကျွန်ုပ်တို့သည် ဤအစိုးရလက်ထက်၌ ဤအမှုမှန် မဖော်ထုတ်နိုင်ဟု ယုံကြည်ခဲ့ပေသည်။

တလောက မန္တလေးမြို့၊ သိပ္ပံလမ်း၊ ကညနရုံးနားရှိ နိုဘယ်လ်စားသောက်ဆိုင်မှ မန္တလေး စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး မောင်ပု (Secretary of Mandalay City Development Committee Lt-Col Maung Pu)၏သား ပါဝင်ပတ်သက် နေသော လူသတ်မှုကိုလည်း ယခုအခါ အမှုမှန် ပြန်လည်ဖော်ထုတ်ရန်လိုက်နေသည်ဟု သတင်းရပေသည်။ ထိုအမှုကိုလည်း တကယ် အမှန်အတိုင်းဖော်မည်လော….စောင့်ကြည့်ရမည့် သတင်းများပါပေ။

တကယ်ဖော်လျှင်တော့ နအဖ၏ တရားစီရင်ရေး တကယ်ပြောင်းသွားပြီဟု ဆိုရပေတော့မည်တည်း။ ။


————————–
ယောမင်းလေး
————————–


https://bigbbrown.wordpress.com/2009/07/17/blood-diamond-of-burma-2/

Myanmar Express က ထပ်ပြီး ဖွင့်ချပြန်ပြီ http://myanmarexpress.blogspot.com/

မငယ်နိုင်ခင်များ
မိုးသွေးငယ်နဲ.ချက်ထားတဲ.ချက်ရက်ကော.တွေကို အားလုံးဖျက်ထားလိုက်ပါ
ဒေါ်လာစား က မငယ်နိုင်ကိုအရင်ကတည်းကကြည်.ရတာမဟုတ်ဘူး. ခုလည်း စိုင်းသိန်းဝင်းနဲ. အင်ကြင်းနိုင်တို.အကြောင်းကို အကုန်ဖွင်.ချနေတာ
မငယ်နိုင်သတိထားနိုင်ဖို. လာသတိပေးတာပါ

အလင်း

ငါ့ ဘလော့ဂ်ကို Hack လုပ်လည်း မိုးသွေးငယ်နဲ့ ချတ်ထားတာတော့ ဘလော့ဂ်အတွက် လိုအပ်တဲ့ နည်းပညာအကြောင်းတွေပဲ တွေ့မှာမို့ ဘယ်သူမှ စိတ်ဝင်စားမှာ မဟုတ်ဘူး။ ဒီတော့ နင်တို့ဘော်ဒါ ဘလော့ဂ်ကိုလည်း လူလာမှာ မဟုတ်ဘူး။ ငါ့အကြောင်းရေးမှ နင်တို့ ဘလော့ဂ်ကို လူလာမယ်ဆိုရင် ဒေါ်လာစားက မိုးသွေးငယ်နဲ့ ငါ့ကိုမဟုတ်မဟတ် ပြောနေတာ တနှစ်ကျော်ပြီ ရိုးသွားပြီ ဘယ်သူမှစိတ်မ၀င်စားတော့မှာ မဟုတ်လို့ ဘယ်သူမှာ လာဖတ်မှာ မဟုတ်ဘူး။ C-Box မှာ တခါ ခြိမ်းချောက်သွားတာက ယောက်ျားမရခင်က ရှုပ်ခဲ့တဲ့အကြောင်း သူရေးမယ်တဲ့ ဘယ်လိုရှုပ်ပြီး ဒီယောက်ျားနဲ့ ရခဲ့တာအပါအ၀င် တခြားယောက်ျားတွေနဲ့လည်း ဘယ်လိုရှုပ်ခဲ့တယ်ဆိုတာကို ရေးမလို့တဲ့။ ငါလည်း အဲဒါကို တော်တော် စိတ်ဝင်စားသွာပြီး ဖတ်ချင်လွန်းလို့ ဒေါ်လာစားရေ မြန်မြန်သာရေးပါဆိုလည်း တခါမှမရေးဘဲ သူများအကြောင်းတွေပဲ ရေးေ၇းပြီး ငါ့ဘလော့ဂ်မှာ လာကြော်ငြာနေတာ ငါစိတ်မ၀င်စားဘူး။ ငါ့အကြောင်းပဲ ငါစိတ်ဝင်စားတယ်။ နင်တို့ဆရာကို ပြောလိုက်ပါ ပြောထားတာကိုပဲ ရေးပါ။ မိုးသွေးငယ်နဲ့ ချတ်ထားတာ သိချင်လို့ ဒုက္ခခံပြီး ငါ့ account ကို Hack လို့ ဘာမှမထူးဘူး C-Box မှာ လာပြောသွားတဲ့အတိုင်းပဲ မြန်မြန်သာ ရေးပါလို့။ အချက်အလက် မပြည့်စုံရင် ABSDF ဥက္ကဌတွေ လုပ်လာဖူးလုပ်နေဆဲ ဖြစ်တဲ့ ဦးထွန်းအောင်ကျော်ကနေ ကိုသံခဲအထိ Facebook မှာ အကုန်ရှိတယ် မိတ်ဆွေဖွဲ့ပြီး ငယ်နိုင်ဘယ်လောက် ယောက်ျားရှုပ်တဲ့အကြောင်း မေးပြီးရေးပါလို့ နင်တို့ဘော်ဒါ ဒေါ်လာစားကို အကြံပြုလိုက်ကြပါ။ အခုလက်ရှိ ယောက်ျားနဲ့ ဘယ်လိုရလဲဆိုတာ သိချင်ရင်တော့ ဒေါ်လာစား ရေးတာကို စောင့်ဖတ်စရာမလိုဘူး ငါ့ဘလော့ဂ်က တော်လှန်ရေးနဲ့ အိမ်ထောင်ရေး အခန်းဆက်ပို့စ်ကို ဖတ်ရင် သိနိုင်ပါတယ်။

မငယ်နိုင်အနေနဲ. ဒေါ်လာစားလာရေးတဲ.ကွန်းမန်.တွေကိုတော.ဖျက်ပြီး.. လျှောက်ပြောမနေနပါနဲ့ဗျာ... သူများတွေမြင်ရင်အဟုတ်မှတ်နေပါအုံးမယ်...
မငယ်နိုင်မမှန်လို.ဖျက်နေတာပေါ.
မှန်ရင်ဘာဖျက်စရာရှိသေးလဲ
တစ်နေ.က ဦးသူတော်အောက်မှာ ပေးထားတဲ. ဒေါ်လာစားရဲ. ဆဲဆိုတဲ.စကားတစ်ခွန်းမှမပါတဲ. ကွန်းမန်.တွေကို ဖျက်လိုက်ပြီးကတည်းက မငယ်နိုင်ရဲ.အခြေအနေကို ရိပ်စားမိနေပြီးသားပါ..

မြန်မြန်ရေးပါဗျို.အော်နေပြီးရေးသမျှ လိုက်ဖျက်နေတာကိုလည်း ဆင်ခြင်ဖို.လိုတယ် မငယ်နိုင်နဲ. မိုးသွေးငယ်အကြောင်း ဒီဘလော.ရဲ.စီဘောက်စ်မှာရော ကွန်းမန်.တွေမှာရော လာရေးတာတွေ ခဏခဏတွေ.ဖူးပါတယ်.. မငယ်နိုင်ခဏခဏလိုက်ဖျက်တာလဲ သတိထားမိပါတယ်
ရိုးသားတဲ.လူက ဘာမှအတင်းလိုက်ဖျက်မှာမဟုတ်ဘူး

ပြည်သူ့ရန်သူ ရုရှရောက်စစ်ဗိုလ်များ


ရုရှားရောက် စစ်ဗိုလ်လေးတွေဟာ ကျနော်တို့အတွက် ပြည်ထဲက မြန်မာလူငယ်တွေအတွက် မမြင်ရတဲ့ အန္တရာယ်ကောင်တွေပါ။

မင်းကိုနိုင်တို့ အင်တာနက်သုံးတာတွေ ထိုးဖေါက် ခိုးယူပြီး ထောင်ဒဏ် ၆၅-နှစ်ချခံရတာ ရုရှားပြန်တွေရဲ့ လက်ချက်ပါ။ အခုလည်း ဗိုလ်မှူးစိုင်းသိန်းဝင်း အီးမေးလ်ကို ဖောက်ပြီး သိက္ခာချတာ အောက်တန်းကျတဲ့လုပ်ရပ်ပါ။

မင်းတို့က ပညာရှင်တွေပါမောင်။ ကွန်ပျူတာပညာရှင်တွေပါ။ ခက်တော့အခက်သား မင်းတို့က သူများကွန်ပျူတာကို ခိုးဝင်ပြီး အဖျက်လုပ်ဖို့ အဓိကထား သင်ကြားထားရတဲ့ ပညာ။

မင်းတို့ ရုရှရောက်စစ်ဗိုလ်တွေက လောကကြိး အကျိုးပြုဖို့ သင်ထားရတာ မဟုတ်တော့လည်း ပြောရတာ ဂွကျပါတယ်မောင်။

မင်းတို့ အဲဒီလို အဖျက် လုပ်ငန်းတွေ (အကုသိုလ်အလုပ်တွေ) သွားသင်တဲ့ အစီအစဉ်က ယုတ်မာအောက်တန်းကျတဲ့ အလုပ်အတွက်။

ရုရှရောက်စစ်ဗိုလ်တွေဟာ သူတပါးကို ဒုက္ခကြိးငယ်ရောက်အောင် လုပ်ရမှ သူတို့ ဘ၀တိုးတက်မှာ ရာထူးတက်မှာဆိုတော့ ဘယ်သူသေသေ ထောင်ကျကျ အသတ်ခံရခံရ အညှင်းဆဲ ခံရခံရ သူတို့ တိုးတက်ရေး တဘို့ထဲကြည့်တဲ့ လူစားတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက သူတပါးကို ချနင်းပြီးမှ စားနေတာပါ။ စစ်ဗိုလ်တွေဟာ "သူတို့ ကို သန်းရွှေက ခန့်ထားလို့ ကျေးဇူးရှင်က သန်းရွှေ။ ပြည်သူလူထု မဟုတ်ဘူး" လို့ခံယူတော့ သူတို့ဟာ တိုင်းပြည်ကို ကြည့်သူတွေမဟုတ်ဘူး။

ရုရှရောက်စစ်ဗိုလ်တွေဟာ တိုင်းပြည်နဲ့ သန်းရွှေ ယှဉ်လာရင် သန်းရွှေ အတွက် လူဘယ်လောက်သတ်ရသတ်ဆိုတဲ့လူတွေပါ။ သူခိုးသန်းရွှေကို သစ္စာထား ပြီး တိုင်းပြည်အရေးကို မျက်စေ့ဖွင့်ကြည့်သူတွေကို ရန်သူလို့ သတ်မှတ်သူတွေပါ။

ရုရှရောက်စစ်ဗိုလ်တွေက ကျနော်တို့လို ပြည်သူတွေကို ရန်သူလို့ သတ်မှတ်လို့ ကျနော်ကလည်း ရုရှကစစ်ဗိုလ်တွေကို ပြည်သူ့ရန်သူလို့ဘဲမြင်တာ ကျနော့်အလွန်မဟုတ်ပါဘူး။


ဒေါက်တာလှိုင်မြင့်


http://www.demowaiyan.co.cc/2011/05/blog-post_9999.html

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၁)


ရုရှပြန် စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက် ဘလော့(ဂ်) များတွင် ပုဂ္ဂိုလ်ရေးအရ မကပဲ အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသားဖေါ်ပြလာတာ တွေ့ရပါတယ်။ ဒီဘလော့(ဂ်)တွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့ တိုက်ခိုက်ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။

၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။

ခိုးယူသွားတဲ့အကောင့်ကို ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။

အင်တာနက်ရာဇ၀တ်မှု (cyber crime)ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကျမရဲ့ ယုံကြည်ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမအပေါ် တိုက်ခိုက် ရေးသားချက်တွေကို ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်းဖြန့်ဝေ ရေးသားတာ တွေ့မြင်ရပါတယ်။

ကျမနဲ့ ခင်ပွန်းဖြစ်သူ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုထဲ ဖြတ်သန်းခဲ့ကတည်းက မမှန်မကန်စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသားဖြစ်နေပါပြီ။ အိမ်ထောင်ရေးဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့ လုပ်ရပ် အပေါ် တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၂)


အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက် သက်သက်နဲ့ နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့ ရုရှပြန်စစ်ဗိုလ်အုပ်စု လုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား၊ အစိုးရသစ်ရဲ့ မူဝါဒလား ဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်။

နိုင်ငံပိုင်ငွေနဲ့ ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစားလုပ်ကာ အရပ်သား လူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ရုရှပြန်စစ်ဗိုလ်တွေ လုပ်ရပ်တွေဟာ အနာဂတ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ ရင်လေးစရာပါ။
နောက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံလို့မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်း ထိခိုက်နစ်နာစေတဲ့လုပ်ရပ်တွေ ရုရှပြန်စစ်ဗိုလ်တွေ ကျူးလွန်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့ လိုအပ်ပါတယ်။

အခုကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်စစ်ဗိုလ်တွေကို ဖော်ထုတ် အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့ အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူ လုပ်မှာပါ။

တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။

ကိုယ်ပိုင် အီးမေလ်းအကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရသူအားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြပါလို့ မေတ္တာရပ်ခံပါတယ်။

ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း (၃)


ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။
၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
၂. ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်
၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ
၆. ပြည်တွင်း ပြည်ပသတင်းဌာနများ


အင်ကြင်းနိုင်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု


အင်ကြင်းနိုင်
ဖုန်း : +1 202 731 1791
Ingjinnaing@gmail.com



http://www.demowaiyan.co.cc/2011/06/blog-post_1356.html


(ဒီမိုဝေယံဘလော့ (June 15, 2011) မှ ကူးယူ ဖော်ပြပါသည်။)

တိုင်စာပို့ထားသော ဒေါ်အင်ကြင်းနိုင်ခင်ဗျား
ဒေါ်အင်ကြင်းနိုင် အလိုရှိနေသော ရုရှရောက်/ရုရှပြန် စစ်ဗိုလ်ပေါင်း ၄၄ ယောက်တိတိ ဖမ်းဆီးထားပြီးဖြစ်ပါသည်။ အမှုရင်ဆိုင်ရန် မြန်မာနိုင်ငံသို့ ကြွရောက်ပါရန် ဖိတ်ခေါ်ပါတယ်။ (လာရဲရင်ပေါ့လေ --- ပြည်ပြေးဘ၀နဲ့ အနေအစားချောင်ဖို့ ယခင်အစိုးရမကောင်းကြောင်း၊ ယခုအစိုးရမကောင်းကြောင်း၊ စစ်တပ်က ဘာဖြစ်ကြောင်း ညာဖြစ်ကြောင်း သောက်တင်းတွေ တစ်သက်လုံးချလာပြီး အခုမှ ပထွေးကို အဖေခေါ်ချင်သလိုနဲ့ ဦးသိန်းစိန်၊ ဦးဝဏမောင်လွင်၊ ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင် နဲ့ရိုသေနေလိုက်တာ။ နောက်မီးလင်းမ၊ ဖင်သယမ်းမက ) အဟက် ဟက် ဟက်။။။။ တစ်ခုခုဖြစ်တိုင်း သူ့အမေလင် ရုရှကစစ်ဗိုလ်တွေကို လှမ်းလှမ်းတနေတာ ဖုန်းဆက်ပြီး ဖင်သယမ်းမကို ၀ိုင်းသာဆဲကြပါတော့။

အင်ကြင်းနိုင်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု
+1 202 731 1791
Ingjinnaing@gmail.com

စစ်ဗိုလ်လေးတွေက တစ်ကွက်ပဲ ပြလိုက်တာ
အတိုက်အခံတွေကို ရူးခံနေတာပဲ
ဟာ ဟ

ရုရှက ဖွတ်ကြားတွေရေ.....


မင်းတို့ရဲ့ အကျင့်ဆိုးတွေကို ပြင်တော့..

မင်းတို့ရဲ့ လိမ်စဉ်တွေ ("နောက်မီးလင်းတယ်" ဆိုတဲ့ ဇာတ်လမ်းတွေ) ကို ဘယ်သူမှ မယုံတော့ဘူး..

ယုတ္တိမရှိတာတွေကို ရပ်တန်းကရပ်တော့..



အူလေတဲ့ အူလေ
မောင်သန်းရွှေကို ချစ်တဲ့ ကြောင်စစ်သည်တွေ
ဘလော့တကာ လှည့်ကာအူတော့
လူတကာက အထင်သေးတယ်
ဆွမ်းကြွက်ချေးများ

မျိုးကြီး



ရုရှက ဖွတ်ကြားများ


http://arrluelay.blogspot.com/2010/02/blog-post_2557.html

နေရင်းထိုင်ရင်းနဲ့  သူများအိမ် ထောင်ရေးပြို ကွဲအောင် လျှောက်လုပ်နေတဲ့ ကောင်တွေ၊ အမျိုးသမီး တစ်ယောက်ကို အောက်တန်းကျတဲ့  နည်းနဲ့ တိုက်ခိုက် တတ်တဲ့ ကောင် တွေ၊ အဲလိုကောင်မျိုး တွေရဲ့  စိတ်ဓာတ်က ဘယ်လိုစိတ်ဓာတ် မျိုးလဲ။ မင်းတို့ ကောင်တွေ တပ်မတော် သားတွေဖြစ်ပြီး တော့  အဲဒီလောက် အထိစိတ်ဓာတ် အဆင့် အတန်းနိမ့် ကျ လွန်းပါလား။ ကျုပ်ဘ၀မှာ ယောင်္ကျားဖြစ်ပြီးတော့  မိန်းမလိုမိန်းမရ ပြောတတ်တဲ့  ကောင်တွေကို လောက်သောက်မြင်ကပ်တာမရှိဘူး။