မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဇာတိချက်ကြွေ မွေးရပ်မြေအလွမ်း

မတွေ့ရတာ အနှစ် ၂၀ နီးပါးရှိပြီ ဖြစ်တဲ့ ဇာတိမြို့ပုံပါတဲ့ ဗွီဒီယို နှစ်ခုသုံးခုကို Facebook မှာ မောင်လေးတယောက်က tag ပေးလိုက်တော့ ၀မ်းသာအားရနဲ့ ကြည့်ခွင့်ရလိုက်ပါတယ်။ Human Geography တချို့ ပြောင်းလဲနေတာ တွေ့ရပေမဲ့ ဒီတောဒီတောင် ဒီပင်လယ်နဲ့ ဒေသဓလေ့တွေကတော့ အနှစ် နှစ်ဆယ် ကြာသည့်တိုင် ဘာဆိုဘာမှ မပြောင်းလဲ အရင်အတိုင်းပါပဲ။






အုန်းပင်ကွမ်းပင်တွေနဲ့ ပြည့်နက်နေတဲ့ ကျေးရွာတွေ၊   တောင်ကုန်းမြင့်မြင့်တွေပေါ်က စေတီပုထိုးတွေ၊ အရှေ့ဘက်ကိုကြည့်လိုက်ရင် တိပ်လွှာတွေ အုပ်ဆိုင်းနေတဲ့ ညှို့ညို့မှိုင်းမှိုင်း တောင်ပြာတန်းတွေကို တွေ့ရသလို၊ နောက်ဘက်ကို ကြည့်ပြန်တော့လည်း စိမ်းလန်းစိုပြေနေတဲ့ လယ်ကွင်းပြင်တွေနဲ့ လယ်တောစပ်ကျေးရွာတွေကို တွေ့ရတယ်။ ဒါအပြင် ပင်လယ်ကမ်းစပ်တွေမှာတော့  ငါးဖမ်းလှေ အကြီးအသေးတွေ၊ ကမ်းနားမှာ တွေ့ရတဲ့စန္ဒားခေါ် ငါးထောင်တဲ့ ထောင်ချောက်တွေ၊ ကုန်းဘက်ကျတဲ့အပိုင်း ချောင်းကမ်းနံဘေးက ဓနီ၊ လမုတို့ ကနဇိုတို့အပင်တွေနဲ့ ပြည့်နှက်နေတဲ့ တောတန်းတွေကလည်း အရင်ကအတိုင်းပဲ။ မြင်တွေ့လိုက်ရတဲ့  Physical Geography အားလုံးနဲ့ ဒုတိယအစမ်း စာမေးပွဲကာလနဲ့ အမြဲတမ်း တိုက်နေတတ်တဲ့ နှစ်ကျိပ်ရှစ်ဆူတန်ဆောင်တိုင် ဘုရားပွဲတော်၊ စက်တော်ရာဘုရားပွဲတော်၊ ၀ါဝင်နှင့် သတင်းကျွတ်ကြား ၀ါတွင်းကာလမှာ ကျင်းပလေ့ ရှိတဲ့ ခေါသရပ်ပွဲတော်ခေါ် မကျွတ်လွှတ်သူတွေကို အစာကျွေးတဲ့ပွဲတော် စတဲ့ ဒေသဓလေ့နဲ့ ဘာသာရေးပွဲတော်တွေကတာ့ ကျွန်မတို့ ရှိခဲ့စဉ်က အတိုင်းပါပဲလားဆိုတာ တွေးရင်း ရင်ဝကနေ လည်ချောင်းဝမှာ ဆို့တက်လာတဲ့ အလွမ်းလုံးကြီးကို ကျွန်မ ဘယ်လိုမှ ပြန်မြိုချနိုင်စွမ်း မရှိတော့ဘဲ မျက်ရည်အဖြစ် ပြောင်းလဲစေခဲ့ရပါတယ်။


ဗွီဒီယို တခွေပြီးတခွေ လိုက်ကြည့်ကာ တ၀ကြီးအလွမ်းဖြေပြီး အတော်လေး စိတ်ငြိမ်သွားတဲ့အခါမှာတော့ အိပ်ရာထပြီး အလုပ်သွားခါနီး အလုပ်သွားဖို့ ပြင်ဆင်နေတဲ့ အမျိုးသားကို ဒါကျွန်မတို့မြို့ပေါ့လို့ ပြတော့ သူကအလုပ်သွားခါနီးမို့ ကြည့်ချိန် သိပ်မရလိုက်လို့ သိပ်စိတ်ဝင်စားပုံ မပြဘူး။ သားကိုတော့ အဲဒီနေ့က မပြဖြစ်ဘဲ ဒီနေ့မှ ပြဖြစ်တယ်။ သားဒါ မေမေတို့မြို့ပေါ့လို့ပြလိုက်တော့ ကစားနေတဲ့ ဂိမ်းကို ရပ်ပြီး စိတ်ဝင်တစား လာကြည့်ပါတယ်။ တခုစီကို လက်ညိုးထိုး ပြပြီး "အဲဒီနေရာကို မေမေရောက်ဖူးလား" နဲ့ မေးနေလို့ "မေမေအဲဒီနေရာကပဲ လာတာလေသား" လို့ပြန်ပြောပြဖြစ်တယ်။ ဒါက ဓနီပင်လို့ခေါ်တယ် မေမေတို့ဆီမှာ အိမ်အများစုကို အဲဒီအရွက်နဲ့ သီပြီး အမိုး လုပ်မိုးပါတယ် " လို့ ပြောတော့ သားက တအံ့တသြကြည့်နေရှာတယ်။ "ကကြီးခခွေးစသင်တုန်းက ဓ ဓနိတန်းပင်လယ်ကမ်း ဆိုတာ ဒီအပင်ပေါ့၊ ဒီကမ်းနားမှာ တွေ့ရတဲ့ အပင်တွေကိုတော့ လမုပင်လို့ ခေါ်ပါတယ်။ မေမေတို့မြို့နယ်က ပင်လယ်နဲ့ နီးတဲ့အပိုင်းမှာ ချောင်းကမ်းနံဘေးတလျှောက် ဒီလိုဓနိခြံတွေ၊ လမုပင်တွေနဲ့ ပြည့်နေပြီး ကုန်းတွင်းဘက် နည်းနည်းပိုကျတဲ့ နေရာတွေမှာတော့ ရော်ဘာခြံတွေနဲ့ ပြည့်နေပါတယ်။ ရွာတခုနဲ့တခု ကြားမှာ များသောအားဖြင့် အုန်းခြံ၊ ကွမ်းခြံ၊ ရော်ဘာခြံတွေ၊ လယ်ကွက်တွေနဲ့ ခြားထားတယ် " ဆိုပြီး ဆက်ပြောတော့ တောဆိုလို့ ဒီမှာ ရှိတဲ့ Park တွေနဲ့ Blue Mountain National Park ကလွဲရင် ဘယ်မှ မရောက်ဖူးတဲ့ သားက တော်တော်လေးကို စိတ်ဝင်စားပါတယ်။ မေမေ မျက်နှာပေါ်က Reflection ကိုသားမြင်နေရတယ်လို့ ပြောပြီး ဟိုမေးဒီမေးနဲ့ အမေကိုအလွမ်းကူ ဖြေပေးရှာတယ်။

ငယ်ငယ်က ဗေဒင်တွက်တိုင်း မိမိမွေးရပ်မြေမှာ ဘ၀ကိုဖြတ်သန်းရမှာ မဟုတ်ဘူး ဒါပေမဲ့ နောက်ဆုံးခေါင်းချရင်တော့ မွေးရပ်မြေမှာပဲ ပြန်ခေါင်းချရမယ်လို့ မကြာခဏ အဟောခံရတာကို တကယ်အတည် ဖြစ်လာလိမ့်မယ်လို့ ကျွန်မယုံကြည်ထားပြီး အလွမ်းတွေကို ခဏပြန်သိမ်းထားလိုက်ပါတယ်။ နောက်ပိုင်းအလျဉ်းသင့်ရင်တော့ ကျွန်မကိုယ်တိုင် ငယ်ငယ်က မိဘ ဖွားဖွားတွေကို ၀ိုင်းကူလုပ်ခဲ့ဖူးတဲ့ ဓနိလုပ်ငန်း၊ ရော်ဘာလုပ်ငန်းနဲ့ ဒေသအစားအစာတွေ ဒေသဓလေ့တွေအကြောင်းကို ရေးပါဦးမယ်။


မွေးရပ်မြေဆီကို ဒုစရိုက် ဆယ်ပါးကို ကျူးလွန်စရာမလိုဘဲ အဂတိတရားကင်းကင်းနဲ့ သွားလို့ လာလို့ရတဲ့ နေ့ကိုရောက်မှ ပြန်ရောက်တော့မှာမို့ အလွမ်းရက်က ဘယ်လောက်ရှည်ဦးမယ်ဆိုတာ မသိနိုင်သေးဘူး။ ကျွန်မရဲ့ မွေးရပ်မြေကို လွမ်းရတဲ့ရက်တွေ မြန်မြန် ကုန်ဆုံးပါစေ....

စာဖတ်သူများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ

13 comments:

မြန်မာနိုင်ငံတောင်ပိုင်းသားတွေဟာ ရိုးသားပွင့်လင်းကြတယ်။
ဟန်ဆောင်ပြီး လောကွတ်လုပ်တာမျိုးကို မကြိုက်ကြဘူး။
စကားကို ဖွဲ့နွဲ့ပြီး ကြားကောင်းအောင် ဟန်လုပ်ပြီး မပြောတတ်ကြဘူး။
လိမ်ကောက်တာကိုလဲ စက်ဆုပ်ကြတယ်။
ကိုယ့်ဇာတိကိုလဲ အလွန်အမင်း ခင်တွယ်တတ်ကြတယ်။
ဘယ်မြို့၊ ဘယ်နယ်၊ ဘယ်တိုင်းပြည် ရောက်နေရောက်နေ ကိုယ့်ဇာတိကိုတော့ မကြာခဏ ပြန်ဖြစ်အောင် ပြန်လေ့ရှိကြတယ်။
ဘယ်မြို့၊ ဘယ်နယ်၊ ဘယ်တိုင်းပြည် ရောက်နေရောက်နေ ကိုယ့်နယ်သားအချင်းချင်းကို ကူညီယိုင်းပင်းတတ်ကြတယ်။
ကိုယ့်အလုပ်ပဲ ကိုယ် အေးအေးဆေးဆေး လုပ်ချင်ကြတယ်၊ အစိုးရနဲ့ မပတ်သက်ချင်ကြဘူး။

(အောက်တွင် ဆက်ဖတ်ပါ။)

မြန်မာနိုင်ငံတောင်ပိုင်းသားတွေမှာ အဲဒီ စရိုက်လက္ခဏာတွေကို အနည်းနဲ့အများ ဆိုသလို တွေ့ရပါတယ်။

ီဒီလို "ကိုယ့်အလုပ်ပဲ ကိုယ် အေးအေးဆေးဆေး လုပ်ချင်ပြီး အစိုးရနဲ့ မပတ်သက်ချင်" တဲ့ စရိုက်လက္ခဏာမျိုးရှိတဲ့ မြန်မာနိုင်ငံတောင်ပိုင်းသူတယောက်ဟာ အစိုးရဆန့်ကျင်မှုတွေကို နှစ်ရှည်လများ စိတ်အားတက်ကြွစွာ ပါဝင်လုပ်ဆောင်လာတာကို ကြည့်ရင် စစ်အစိုးရရဲ့ ပြည်သူတွေကို မတရားဖိနှပ်တာ၊ ရက်စက်ယုတ်မာတာက ဆိုးရွားလွန်းလို့ အဖိနှိပ်ခံပြည်သူတွေဘက်က မခံမရပ်နိုင် ဖြစ်ရလွန်းလို့ ဆိုတာ သိနိုင်ပါတယ်။

"ကိုယ့်ဇာတိကိုလဲ အလွန်အမင်း ခင်တွယ်တတ်" တဲ့ စရိုက်လက္ခဏာမျိုး ရှိတဲ့ မြန်မာနိုင်ငံတောင်ပိုင်းသူတယောက်ဟာ အင်မတန် သာယာလှပတဲ့ "ဇာတိမြို့ကို မတွေ့ရတာ အနှစ် ၂၀ နီးပါးရှိပြီ" ဆိုတော့ အကြီးအကျယ် လူ့ အခွင့်အရေး ချိုးဖောက်ခံနေရတာပါပဲ။

နိုင်ငံရေးနဲ့ ပတ်သက်တဲ့ မြန်မာပြည်သူတွေကို ဒီလို ကိုယ့်ဇာတိကို ပြန်လို့မရအောင် ဖြစ်စေတဲ့ အကြောင်းရင်းဖြစ်တဲ့ အစိုးရအမည်ခံ စစ်အုပ်စုဟာ အကြီးအကျယ် လူ့ အခွင့်အရေး ချိုးဖောက်နေတာပဲ။

ပြည်သူ့ဘက်သား - မြို့ပတ်ဝန်းကျင်မှာ ၁၉၉၂ အထိ သွားလာလှုပ်ရှားဖူးလို့ အနှစ်နှစ်ဆယ်နီးပါးလို့ ပြောတာပါ။ တကယ်တမ်း ဇာတိမြို့ကို မတွေ့ဖြစ်တာကတော့ ၂၃ နှစ်တောင် ပြည့်တော့မယ်။

ပြည်သူ့ဘက်သား ပြောတဲ့ ကိုယ့်ရပ်ရွာကိုချစ်တာကတော့ တောင်ပိုင်းသားတွေမှ မဟုတ်ဘူး ဘယ်အရပ်ကမဆို သူသူကိုယ်ကိုယ် ကိုယ့်အရပ်ကိုယ့်ဌာနေကို ချစ်ကြတာချင်းတော့ အတူတူပဲလို့ ကျွန်မထင်တယ်။ ဒါပေမဲ့ ((((((((မြန်မာနိုင်ငံတောင်ပိုင်းသားတွေဟာ ရိုးသားပွင့်လင်းကြတယ်။
ဟန်ဆောင်ပြီး လောကွတ်လုပ်တာမျိုးကို မကြိုက်ကြဘူး။
စကားကို ဖွဲ့နွဲ့ပြီး ကြားကောင်းအောင် ဟန်လုပ်ပြီး မပြောတတ်ကြဘူး။
လိမ်ကောက်တာကိုလဲ စက်ဆုပ်ကြတယ်။)))) ဆိုတာကတော့ အဟုတ်ပဲ။ ဒါကြောင့်လည်းပဲ ဘလော့ဂ်ပေါ်မှာ ကျွန်မရေးထားတာတွေက ကျွန်မသဘောထား အမှန်တွေပဲဖြစ်တယ်။ အဲလို ဟန်မဆောင်တတ်တဲ့ သဘောထားရှိတာ ရိုးသားမှုကို ဖေါ်ပြတယ်ဆိုပေမဲ့ အားနည်းချက်တွေတော့ အများကြီး ရှိပါတယ်။ လူပေါင်းစုံနဲ့ ဆက်ဆံတဲ့နေရာမှာ Interpersonal Skill မှာ အားနည်းတာကို ကျွန်မ အကြိမ်ကြိမ် ရင်ဆိုင်ရဖူးတယ်။ ကျွန်မ တက္ကသိုလ်တက်တော့ Professional Practice နဲ့ပတ်သက်ပြီး Emotional Intelligence ဆိုတဲ့ Assignment တခုကို ပထမနှစ်မှာ လုပ်ခဲ့ဖူးမှ ကျွန်မတို့က ရိုးသားတယ်ထင်ပြီး ဂုဏ်ယူနေတဲ့အလေ့အထမှာ အားနည်းချက်တွေလည်း အများကြီးရှိနေတာကို တွေ့ရတယ်။ Emotional Intelligence အကြောင်းကို နောက်ပိုင်းအလျဉ်းသင့်ရင်တော့ ရေးဖို့ရှိပါတယ်။ မှတ်ချက်အတွက် ကျေးဇူးတင်ပါတယ်။

ပါးစပ်ကပဲ ဇာတိမြေကိုလွမ်း
ပါးစပ်ကနေပဲ မြန်မာပြည်ကြီးချစ်
လွမ်းပေမယ်. ဇာတိမြေကိုတော. အတင်းရိုက်ပြန်ခိုင်းရင်တောင်မပြန်
ချစ်ပေမယ်. မြန်မာပြည်သားတစ်ဦး အကျိုးရှိအောင် ဘာမှမလုပ်
သူများနိုင်ငံမှာနေ၊ သူများခိုင်းတာကိုပဲလုပ်

ဘလော့ရှင်က ညဖက်ဆို အိပ်ရာမဝင်ခင် comment moderation လုပ်ထားတယ်လို့ ပြောတယ်..
အဲဒီတော့ ရုရှားက စစ်ခွေးတွေက ဘလော့ရှင်ကို အယုတ်တမာစကားတွေနဲ့ ဝင်ဆဲလို့ မရလို့ ဝမ်းသာနေတာ..
ရုရှားက စစ်ခွေးတွေရဲ့ အမင်္ဂလာ ဆဲဆိုတာတွေ မမြင်ရတာ ၃ ရက်တောင် မခံပါလား..
ဘလော့ရှင်က အိပ်ရာမဝင်ခင် comment moderation လုပ်ဖို့ တချက် သတိမေ့သွားတယ်နဲ့တူတယ်..
ရုရှားက စစ်ခွေး mg (ခေါ်) မောင် (ခေါ်) zaw (ခေါ်) ဦးသူတော်က ဘလော့ရှင်ကို ပျစ်ပျစ်နှစ်နှစ် ဆဲထားပြန်ပြီ..
ဒီတခါ စစ်ခွေး mg သုံးသွားတဲ့ နာမည်က "ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင်" ဆိုတဲ့ ကုလားနာမည်ပါလား..
"ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင်" ဆိုတာ သူ့အဖေ နာမည် ထင်တယ်..
ဘလော့ရှင်အနေနဲ့ အိပ်ရာမဝင်ခင် ကို သတိတရလုပ်ဖို့ မေတ္တာရပ်ခံပါရစေ..
စာဖတ်သူ သံဃာတော်တွေ၊ ဦးလေး၊ အဒေါ်တွေ၊ မိန်းကလေးတွအတွက် မျက်စေ့ရှက်စရာ ဖြစ်နေလို့ပါ..

(( ပါးစပ်ကနေပဲ မြန်မာပြည်ကြီးချစ်
ချစ်ပေမယ်. မြန်မာပြည်သားတစ်ဦး အကျိုးရှိအောင် ဘာမှမလုပ်
သူများနိုင်ငံမှာနေ၊ သူများခိုင်းတာကိုပဲလုပ် ))
ဆိုပြီး
၇ု၇ှက (( မောင် )) နာမည်နဲ့ေ၇းတဲ့ စစ်ကျွန်ငဖါးက ပြည်သူ့ဘလော့ဂါ မငယ်နိုင်ကို ဗြောင်းဗြန်တွေ ပြောနေတယ်။


ဟိတ်ကောင်
(( မောင် )) ဆိုတဲ့ ၇ု၇ှက ကောင် ...

ပြည်သူ့ငွေနဲ့ ၇ု၇ှမှာနေ၊ အာဏာ၇ူးစစ်ခေါင်းဆောင်တွေ ခိုင်းတာကိုပဲလုပ်နေတဲ့ မင်းလို ကောင်ကများ

မြန်မာပြည်သားတွေ အကျိုးရှိအောင် သမိုင်းမှန်တွေ၊ ဗဟုသုတ၇စ၇ာ စာတွေကို အေ၇းအသားကောင်းကောင်းနဲ့ တင်ပြပေးနေတဲ့

ပြည်သူ့ဘလော့ဂါ မငယ်နိုင်ကို အမနာပ ပြောနေလိုက်တာ သူခိုးက လူပြန်ဟစ်တာထက် ဆိုးနေပါလား

25 Jul 11, 01:20 PM
သိင်္ဂါကျော်: အစ်မရဲ့ မွေးရပ်မြေကို လာကြည့်သွားပါတယ်..

((((Richard Aung Htun said...
------ဘလော့ရှင်အနေနဲ့ အိပ်ရာမဝင်ခင် ကို သတိတရလုပ်ဖို့ မေတ္တာရပ်ခံပါရစေ..
စာဖတ်သူ သံဃာတော်တွေ၊ ဦးလေး၊ အဒေါ်တွေ၊ မိန်းကလေးတွအတွက် မျက်စေ့ရှက်စရာ ဖြစ်နေလို့ပါ..))))

ကျွန်မဘလော့ဂ်မှာ စာလာဖတ်ရင်း စိတ်အနှောင့်အယှက် ဖြစ်ရသူတွေ အားလုံးအတွက် စိတ်မကောင်းပါဘူး။ ဒါပေမဲ့ အကုသိုလ်ဆိုတာ ကိုယ်ယူမှ ဖြစ်ပါတယ်။ မယူရင်မရပါဘူး။ Comment moderation ကို ကျွန်မ အလွဲသာမရှောင်သာမှသာ လုပ်လေ့ရှိပါတယ်။ မျက်စိရှက်စရာ ဆိုတာ ရေးသူကသာ ရှက်ရမှာဖြစ်တယ်။ မြင်သူက စိတ်ထဲမထည့်ရင် ဘာမှဖြစ်စရာ မလိုပါဘူး။ အကုသိုလ်က ရေးသူတွေမှာပဲ ရမှာဖြစ်တယ်။

မငယ်နိုင်ရေ
ပြုသူအသစ်ဖြစ်သူအဟောင်းဆိုတဲ. တရားသဘောကိုသိမှာပါ
မငယ်နိုင်ရဲ.ဖြစ်သမျှက တခြားသူတွေနဲ. သူမတူအောင် ကံဆိုးလွန်းလှပါတယ်
ဒါကလည်း အရင်တုန်းက စိတ်ပုတ်စိတ်ရုတ်တွေမွေးပြီး သူတပါးကို မကောင်းကြံခဲ.တာတွေ၊ မကောင်းပြောခဲ.တာတွေ၊ သူများသားသမီး သူများမောင်နှမတွေကို ကိုယ်ချင်းမစာမနှာ ရုတ်မာခဲ.တာတွေကြောင်. ပြန်ပြီး ဝဋ်လည်တာပါ.. ဒီနေ.ကစပြီး အကုသိုလ်တွေဆက်မလုပ်ပဲ ကုသိုလ်တွေချည်းလုပ်လိုက်ပါ.. အသက် ၄၀ အရွယ်ဆိုတာ တရားနဲ.ဖြေတတ်ဖို.လည်းကောင်းပါပြီ.. ဖြစ်နေသမျှထဲက ယူတတ်ရင်တရားတွေအများကြီးရမှာပါ.. စိတ်ကောင်းအမြန်ထားနိုင်ပါစေ...

အဲဒီ စစ်ခွေး ဦးသူတော်က တော်တော် အာရုံနောက်တာဘဲ၊ မင်း အလုပ်အကိုင် မရှိဘူးလား? တော်တော် အားနေလား? လူတိုင်းက အဖက်မလုပ်ချင်တာလဲ မပြောနဲ့၊ ပြောလည်း အမှတ်မရှိ၊ အရှက်ကလည်း မရှိ၊ တကယ့် တောကြို အုံကြား စရိုက်..

ရုရှားက စစ်ဗိုလ် ပညာတော်သင် ဆိုတဲ့ ယောကျာ်းရင့်မကြီးတွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ အမျိုးသမီးတယောက်ကို ဝိုင်းတိုက်နေလိုက်တာ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ...
ရုရှားက စစ်ဗိုလ်တွေ လူ့ ကျင့်ဝတ်ကို မလိုက်နာတာက ကမ်းကုန်တယ် ...

ငယ်နိုင်လမ်း ကဗျာစာသားတွေ မှန်တယ်ဆိုတာကို ရုရှားက စစ်ဗိုလ်တွေက နေ့ တိုင်းနီးပါး လာပြီး သက်သေပြနေတာကိုး ...



ဒီမနက် တမနက်ထဲမှာ ရုရှားက စစ်ဗိုလ်တွေက မငယ်နိုင်ရဲ့ ပို့ စ် ပေါင်းစုံမှာ -

(၁) mg (၂) Anonymous (July 27, 2011 4:01 AM) (၃) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:02 AM) (၄) Anonymous (July 27, 2011 4:05 AM) (၅) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:05 AM) (၆) ဦးသူတော် (၇) Anonymous (July 27, 2011 4:10 AM) (၈) Anonymous (July 27, 2011 4:12 AM) (၉) Anonymous (July 27, 2011 4:13 AM) (၁ဝ) အိုပါး (ခေတ္တကိုရီးယား) (၁၁) ဘိုဘိုလွင်

ဆိုတဲ့ နာမည်တွေကို သုံးပြီး မငယ်နိုင်ကို ပက်ပက်စက်စက် ဆဲတာတွေ၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်တာတွေ၊ မမှန်သတင်း ရေးတာတွေ၊ အရေမရအဖတ်မရ ပေါတောတော ပေါက်ကရ ရေးတာတွေ လုပ်သွားပြန်ပြီ ...

ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ မငယ်နိုင်ကို ဝိုင်းတိုက်နေလိုက်တာ ပြောမယုံ ကြုံဘူးမှသိရတော့တယ် ...



((( ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။ )))

ဆိုတဲ့ ကိုစစ်နိုင် ရဲ့ ငယ်နိုင်လမ်း ကဗျာထဲက ကဗျာစာသား အတိုင်းကို ဖြစ်နေတော့တာဘဲ ...

ဒီမိုကရေစီလိုလားသူ ကိုစစ်နိုင်က ဒီမိုကရေစီ တိုက်ပွဲကို ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ ဆင်နွှဲလာတဲ့ မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာပါ ...



ငယ်နိုင်လမ်း


အော်စီမှာ အခြေချလာရင်း
မငယ်ဟာ ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းကာသမ
Comment မှာ ရိုင်းလာကြ၊ ပိတ်လိုက်ပြန်ရ။

ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)


(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။

ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တွေက ဘလော့ရှင် မငယ်နိုင်ကို ပက်ပက်စက်စက် အောက်တန်းကျကျ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်စော်ကားတာ၊ မမှန်သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဘလော့ရှင်ကို နာမည်ဖျက်တာ၊ အရည်မရအဖတ်မရ စကားတွေ ရေးသားပြီး နှောင့်ယှက်တာ၊ ဘလော့အတု လုပ်ပြီး ညစ်ညမ်းပုံနဲ့ ညစ်ညမ်းစာသားတွေ တင်ပြီး ဘလော့ရှင်ကို သိက္ခာချတာ၊ ဘလော့နဲ့ အီးမေးလ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို ခိုးယူပြီး ဖွင့်ချမယ် လို့ ခြိမ်းခြောက်တာတွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ ကြားက ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ဆက်လက် ရေးသားတင်ပြနေတဲ့ ဘလော့ရှင် မငယ်နိုင် ရဲ့ အဖြစ်ဟာ ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာထဲက အနှောင့်အယှက်၊ ဘေးရန် အဖုံဖုံကို ကြံ့ကြံ့ခံ အံတုရင်း ခရီးဆက်နေတဲ့ ဗေဒါပန်း ရဲ့ အဖြစ်နဲ့ တူနေတာကို သတိထားမိလို့ မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် စပ်ဖြစ်သွားတာပါ။

စစ်နိုင်)


ကိုစစ်နိုင်က မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာကို
မငယ်နိုင်ရဲ့ (( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) ပို့ စ်မှာ တင်ထားပါတယ် ...

http://nge-naing.blogspot.com/2011/07/blog-post_14.html

C-Box မှ မှတ်ချက်


25 Jul 11, 01:20 PM
သိင်္ဂါကျော်: အစ်မရဲ့ မွေးရပ်မြေကို လာကြည့်သွားပါတယ်..

ရုရှရောက်စစ်ဗိုလ် mg (မောင်) (ဦးသူတော်) က မငယ်နိုင်ရဲ့ နာရေးပို့စ်တခုမှာ ရေးထားတဲ့ အမင်္ဂလာကွန်မင့် နမူနာတခုလောက် ဖတ်လိုက်ရုံနဲ့ အကုသိုလ်ကောင် mg (မောင်) (ဦးသူတော်) က ဘယ်လောက် လူစိတ်ကင်းမဲ့နေတယ် ဆိုတာကို သိနိုင်ပါတယ်။

"ဆရာဝင်းမြင့်သိန်းဈာပနနှင့် ရက်လည်ဆွမ်းကျွေးအခမ်းအနား" (May 24, 2011) ပို့စ်

http://nge-naing.blogspot.com/2011/05/blog-post_24.html

မှာ အကုသိုလ်ကောင် mg (မောင်) (ဦးသူတော်) ရေးထားတဲ့ အမင်္ဂလာကွန်မင့်ပါ။



mg said...

သေပေးလို. (မငယ်နိုင်ကိုယ်စား) ကျေးဇူးတင်ပါတယ် ဆရာဝင်းမြင်.သိန်း ခင်ဗျာ... ပိုစ်. ၅ ခုတော.ရလိုက်ပါတယ်

May 24, 2011 9:09 AM