မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ကျွန်မရဲ့ န၀တ (နအဖ) ကို ကိုယ်စားပြုသော နိုင်ငံရေး ငြင်းခုန်ပွဲ (သို့) စကားရေလုပွဲ

ဒီမိုကရေစီ နိုင်ငံတွေမှာ ရွေးကောက်ပွဲလုပ်ခါနီးဖြစ်စေ၊ တိုင်းပြည်အတွက် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ မချခင်ဖြစ်စေ အတိုက်ခံပါတီနဲ့ လက်ရှိ အာဏာရပါတီတွေဟာ ခေါင်းဆောင်အချင်းချင်း အပြိုင်အဆိုင် စကားရည်လု ပြောလေ့ရှိပါတယ်။ ဒီလိုလုပ်တာကို သြစကြေးလျားမှာ အရင်သက်တမ်း ရွေးကောက်ပွဲ မတိုင်ခင် John Howard နဲ့ Mark Lactham တကြိမ်၊ ပြီးခဲ့တဲ့ သက်တမ်းက လစ်ဘရယ် ပါတီက ၀န်ကြီးချုပ်ဟောင်း John Howard နဲ့ အခုလက်ရှိ အာဏာရနေတဲ့ လေဘာပါတီက ၀န်ကြီးချုပ် Kevin Rudd တကြိမ်၊ ပြီးခဲ့တဲ့ အမေရိကန် ရွေးကောက်ပွဲ မတိုင်ခင်က Republican party က John McCain နဲ့ Democrat ပါတီက Obama တကြိမ် ငြင်းကြတာ တွေ့ဖူးပါတယ်။ အဲဒီလို ငြင်းခုန်မှုတွေဟာ ကြည့်ရှုနားထောင်သူတွေအတွက် Message အများကြီး ရတာတော့အမှန်ပဲ။ ငြင်းခုန်သူတွေရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ မျက်နှာအပြောင်းအလွဲ သည်းခံနိုင်မှုအတိုင်းအတာနဲ့ သူတို့ရဲ့ လုပ်ဆောင်နိုင်မှု အစွမ်းအရည်တွေ၊ တိုင်းပြည်အပေါ်ထားတဲ့ သဘောထားတွေကို တစိတ်တဒေသ ခန့်မှန်းလို့ ရနိုင်ပါတယ်။ ဒီလိုငြင်းခုန်မှုတွေမျိုးကို နအဖနဲ့ NLD ကြားမှာ တကယ်ပဲ ပေးလုပ်စေချင်တဲ့ ဆန္ဒ ဖြစ်မိတယ်။ သူတို့တွေ မလုပ်ခင် ကျွန်မတို့ တောတွင်း ABSDF မှာ အင်္ဂလိပ်စာအတန်း တက်တုန်းက စကားပြော သင်ခန်းစာမှာ ငြင်းခုန်ခဲ့တာလေးတွေကို မှတ်မိသလောက် ဘလော့ဂ်မှာ မှတ်တမ်းတင်ရင်း မျှဝေပြီး တင်ပေးလိုက်ပါတယ်။



ကျွန်မတို့ တောတွင်း စခန်းတွေမှာ နေတုန်းက ဗြိတိန်၊ အမေရိက၊ ကနေဒါ၊ သြစကြေးလျားနဲ့ နယူးဇီလန်လို နိုင်ငံတချို့က ကျောင်းသား (သို့) ကျောင်းဆရာတွေ တခါတလေ သူတို့ရဲ့ နွေရာသီ ကျောင်းပိတ်ရက်တွေမှာ တောထဲကို အားလပ်ရက် အပျော်ခရီးအဖြစ် လာလည်ပြီး အင်္ဂလိပ်စာတွေ သင်ကြားပေးတာတွေ ရှိပါတယ်။ အခု တင်မယ့် ပို့်စ်က ၁၉၉၆ ခုနှစ်တုန်းက ကျွန်မတို့ ABSDF ဗဟို ကရင်နီ ဒုက္ခသည် စခန်း (၂) နားမှာ ရှိတဲ့အချိန် နယူးဇီလန်က ကျောင်းဆရာမ တဦး ကျွန်မတို့ ဗဟိုမှာ တလခွဲခန့် လာနေပြီး အင်္ဂလိပ်စာ သင်တန်း ပို့ချသည့် အချိန်က အကြောင်း ဖြစ်တယ်။ သင်တန်းသားတွေက ကျွန်မတို့ ဗဟိုဌာနချုပ်နဲ့ တပ်ရင်း ၄ မှာ ရှိတဲ့ တပ်ဖွဲ့ဝင် ရဲဘော် ရဲမေတွေ ဖြစ်ပါတယ်။ အင်္ဂလိပ်စာ အတန်းကို Level ၄ ခု ခွဲထားတဲ့အနက် ကျွန်မတို့အတန်းက အမြင့်ဆုံးအတန်း ဖြစ်တယ်။ ကျွန်မတို့အတန်းမှာ လူဦးရေလည်း အနည်းဆုံး ဖြစ်လို့ လူ ၁၅-၂၀ ခန့်ပဲ ရှိတဲ့အနက် အမျိုးသမီးဆိုလို့ ကျွန်မတယေက်ပဲ ရှိပါတယ်။ အဲဒီနေ့က ဆရာမက ကျွန်မတို့ကို စကားပြော သင်ခန်းစာအဖြစ် မြန်မာ့ ဒီမိုကရေစီရေး ကို Debate လို့ ခေါ်တဲ့ စကားရည်လုပြီး ပြောရတဲ့သင်ခန်းစာကို ရွေးပေးပါတယ်။

ကျွန်မတို့ အတန်းမှာ လူ ၁၅-၂၀ ခန့် ရှိတာကို အုပ်စု (၄) ခု ခွဲလိုက်ပြီး မိမိတို့ ကျရာ အုပ်စုအလိုက် ဘာအကြောင်းအရာ တင်သွင်းမယ်ဆိုတာ အချင်းချင်း အုပ်စုမှာ ဆွေးနွေးပြီး အတန်းထဲမှာ အဆိုတင်သွင်းရင် ကိုယ်စားလှယ် တယောက်ပဲ တာဝန်ယူရပါတယ်။ ခွဲထားတဲ့ အုပ်စု (၄) ခုကတော့ အောက်ကအတိုင်း ဖြစ်ပါတယ်။

(၁) ABSDF နှင့် ပြည်တွင်းပြည်ပ မြန်မာ့ဒီမိုကရေစီ အင်အားစုများ
(၂) န၀တ (နအဖ)
(၃)တရုတ်နှင့် အာစီယံ
(၄) EU နဲ့ အမေရိကန် ဆိုပြီး အုပ်စု (၄) ခုခွဲထားပါတယ်။

ဒီတော့ အုပ်စု(၁) နှင့် အုပ်စု (၄) တဘက်၊ အုပ်စု (၂) နှင့် အုပ်စု (၃) ကတဘက်လို ဖြစ်နေပါတယ်။ ဘယ်အဖွဲ့မှာ ဘယ်သူပါတယ်ဆိုတာ အကုန်လုံးကို အတိအကျ မမှတ်မိပေမဲ့ အဆိုတင်သွင်းတဲ့ ကိုယ်စားလှယ်တွေနဲ့ တင်သွင်းတဲ့ အကြောင်းအရာတွေကိုကျတော့ ကျွန်မ ကောင်းကောင်း မှတ်မိပါတယ်။ ABSDF က ကိုယ်စားလှယ်က ဗဟိုစည်းရုံးရေး ဌာနမှာ တာဝန်ကျနေသူ၂၀၄/၂၀၅ က ကိုစိုးပိုင် (အခု ဆွီဒင်)၊ EU နှင့် အာစီယံ ကိုယ်စားလှယ်က ဗဟိုဆက်သွယ်ရေး ဌာနမှာ တာဝန်ကျနေတဲ့ (၁၀၁) တပ်ရင်းက ကိုနိုင်အောင် (အခု ABSDF, သြစကြေးလျား)၊ အာစီယံနှင့် တရုတ် ကိုယ်စားလှယ်က ဗဟိုဌာနချုပ်မှာ တာဝန်ထမ်းဖို့ အဲဒီအချိန်က ABSDF မြောက်ပိုင်းကနေ လတ်တလော ရောက်ရှိလာခါစဖြစ်တဲ့ ကိုသံခဲ (အခု ABSDF ဥက္ကဌ) နှင့် န၀တ ကိုယ်စားလှယ်အဖြစ် တပ်ရင်း (၂၀၁) က ဗဟိုဘဏ္ဍရေးမှာ တာဝန်ကျနေတဲ့ ကျွန်မက အဆို တင်သွင်းရပါတယ်။

ပထမဦးဆုံးတင်သွင်းသူက EUနဲ့ အမေရိကန်အဖွဲ့ ကိုယ်စားလှယ် ကိုနိုင်အောင်ဖြစ်တယ်။ သူတင်သွင်းတာက “န၀တဟာ လူ့အခွင့်အရေး အမျိုးမျိုးကို ချိုးဖေါက်နေတယ် ကားလမ်းနဲ့ မီးရထားလမ်း (ရေး-ထားဝယ်) ဖေါက်လုပ်ရာမှာ ရွာတွေကို အတင်းအဓမ္မ ရွှေ့ပြောင်းစေခြင်း၊ မီးရှို့ဖျက်ဆီးပစ်ခြင်းနှင့် လူတွေကို အဓမ္မ ခေါ်ခိုင်းပေါ်တာဆွဲပြီး ခိုင်းစေနေတာ ရှိသလို ABSDF နဲ့ လူမျိုးစု လက်နက်အင်အားစုတွေ ရှိတဲ့ နေရာတွေကိုလည်း ထိုးစစ်ဆင်နေပြီး လူသားတွေ အစုလိုက်အပြုံလိုက် သေကြေဒုက္ခရောက်အောင် လုပ်နေပါတယ်။ အဲဒီထိုးစစ်အတွက် လမ်းတလျှောက် မြို့ရွာတွေမှာ ရှိတဲ့ အမျိုးသမီးတွေ ကလေးတွေပါမကျန် ပေါ်တာဆွဲခေါ်တဲ့အပြင်မှာ အသက်မပြည့်သေးတဲ့ ကလေးစစ်သား စုဆောင်းမှုတွေလည်း အစီရင်ခံစာတွေထဲမှာ အဆက်မပြတ် ကြားသိနေရပါတယ်။ ဒါအပြင် နိုင်ငံရေးအရလည်း ၉၀ ခုနှစ်မှာ NLD က မဲအပြတ်အသတ် နိုင်ထားပေမဲ့ အာဏာ လွဲပေးဖို့ အစီစဉ် လုံးဝမတွေ့ရဘဲ မြန်မာပြည်မှာ ဒီမိုကရေစီအရေး ပြောင်းလဲမှုတွေ ဘာတခုမှ ဖေါ်ဆောင်တာ မတွေ့ရဘူး။ ဒါကြောင့်မို့ EU အနေနဲ့ မြန်မာပြည် နိုင်ငံရေးအတွက် သိပ်ပြီး စိုးရိမ်မကင်း ဖြစ်ရပါတယ်။ ဒီလုပ်ရပ်တွေအတွက် ဥရောပ သမဂ္ဂနဲ့ အမေရိကန်အနေနဲ့ န၀တကို ပြင်းထန်စွာ ရှုပ်ချပါတယ်။ တချိန်တည်းမှာပဲ ဒီလူ့အခွင့်အရေး ချိုးဖေါက်တဲ့ လုပ်ရပ်တွေကို ရပ်တန်းက ရပ်ပြီး အနိုင်ရပါတီ NLD ကို အာဏာလွဲပေးကာ ဒီမိုကရေစီ ဖြစ်ပေါ်တိုးတိုက်မှုကို ဖေါ်ဆောင်ဖို့ တောင်းဆိုလိုက်ပါတယ်။ အိမ်နီးနားခြင်း နိုင်ငံတွေ ဖြစ်ကြတဲ့ အာစီယံနဲ့ တရုတ်အနေနဲ့လည်း ဒီလို လူ့အခွင့်အရေး ချိုးဖေါက်နေတဲ့ န၀တကို ဒီအတိုင်း ကြည့်မနေသင့်ပဲ မြန်မာပြည် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တိုးတက် ဖြစ်ထွန်းရေးအတွက် ၀ိုင်းဝန်း ပူးပေါင်း ကူညီဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်” စတာတွေ ပါတဲ့ အကြောင်းအရာကို တင်သွင်းလာတယ်။

ဒုတိယ အဆိုတင်သွင်းသူက အာစီယံနဲ့ တရုတ်ကို ကိုယ်စားပြုတဲ့ ကိုသံခဲ ဖြစ်ပါတယ်။ “မြန်မာပြည်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ရဖို့အတွက် ရှု့ပ်ချနေရုံနဲ့ မပြီးပါဘူး။ န၀တ အနေနဲ့လည်း အမျိုးသားညီလာခံတခုကို ကျင်းပပြီး သူ့နိုင်ငံ ဒီမိုကရေစီအရေးအတွက် သူ့နည်းသူ့ဟန်နဲ့ ကြိုးစားနေတာကို တွေ့ရပါတယ်။ ကျွန်တော်တို့ အိမ်နီးနားခြင်း နိုင်ငံတွေ ဖြစ်တဲ့ တရုတ်နဲ့ အာစီယံ နိုင်ငံတွေကလည်း အပြုသဘောဆောင်တဲ့ ဆက်ဆံရေး (Constructive Engagement) ကို အသုံးပြုပြီး န၀တနဲ့ နီးနီးကပ်ကပ် ဆက်ဆံကာ မြန်မာပြည် ဒီမိုကရေစီရေးအတွက် ၀ိုင်းဝန်း ဖေးမကူညီနေပါတယ်။ ဒီလိုကူညီတယ်ဆိုတဲ့ နေရာမှာလည်း ကျွန်တော်တို့မှာ Asian Value Method ဖြစ်တဲ့ သူများ ပြည်တွင်းရေး ၀င်ရောက် မစွက်ဖက်ရေး ဗန်ဒေါင်းမူငါးချက်ကို လက်ကိုင်ထားပါတယ်။ ဒါကလည်း နိုင်ငံတိုင်း လူမျိုးတိုင်းမှာ မတူကွဲပြားတဲ့ နောက်ခံအကြောင်းအရာတွေ ယဉ်ကျေးမှုတွေ ဆိုတာရှိပါတယ်။ ဒါတွေကို လစ်လျူရှုလို့ မရပါဘူး။ ဒီမိုကရေစီရေးအတွက် န၀တ အနေနဲ့ သူ့လူမျိုးနဲ့ လိုက်လျောညီထွေတာကို သူ့နည်းသူ့ဟန်နဲ့ သင့်လျှော်အောင် ဆောင်ရွက်နေတဲ့အပေါ်မှာ ကျွန်တော်တို့ ဘာမှ မစွက်ဖက်လိုပါဘူး။ အာစီယံနဲ့ တရုတ်အနေနှင့် မြန်မာနိုင်ငံ ပြည်သူလူထု ကောင်းစားရေးအတွက် ကူညီနိုင်တာကိုသာ အစွမ်းကုန် ကူညီသွားမှာ ဖြစ်ပြီး တချိန်တည်းမှာပဲ ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်တွင်းရေးကို သူများဝင်စွက်ဖက်တာကို မကြိုက်သလို မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးကို ၀င်စွက်ဖက်တဲ့အလုပ်ကိုလည်း ကျွန်တော်တို့ လုပ်မှာ မဟုတ်ပါဘူး။ သို့ပေမယ့်လည်း မြန်မာနိုင်ငံမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှိပ့်ကျနေတာကို အကူအညီပေးတဲ့အနေနှင့် ကျွန်တော်တို့က ရင်းနှီးမြှပ်နှံပြီး နအဖရဲ့ စီးပွားရေး တိုးတက်လာရေးအတွက် ၀ိုင်းဝန်း တွဲထူပေးနေပါတယ်။ ဒါဟာ မြန်မာပြည်သူလူထုအတွက် အသက်ရှုချောင်စေတဲ့ ကူညီမှုဖြစ်လို့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံအပေါ် လက်တွေ့ကျတဲ့ ကူညီမှု တခု ဖြစ်ပါတယ်။ “ လို့ တင်သွင်းလာပါတယ်။

တတိယ အဆိုတင်သွင်းတဲ့အလှည့်က န၀တကို ကိုယ်စားပြုတဲ့ ကျွန်မအလှည့် ဖြစ်ပါတယ်။ “န၀တကို စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေဟာ တခုမှ မမှန်ကန်ကြောင်းကို ပထမဦးစွာ ပြောကြားလိုပါတယ်။ န၀တ အနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေးကို အမှန်တကယ် လိုလားလို့ ၈၈ က တိုင်းပြည်ထဲမှာ ဒီမိုကရေစီကို ခုတုံးလုပ်ပြီး မင်းမဲ့စရိုက်တွေနဲ့ တိုင်းပြည်ကို ဖျက်ဆီးနေတာ တွေ့လို့ အာဏာကို မလွဲမရှောင်သာပဲ ခဏထိန်းချုပ်ပြီး စစ်မှန်တဲ့ ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီးကို ကျင်းပပေးခဲ့တာ ကမ္ဘာအသိ ဖြစ်ပါတယ်။ ရွေးကောက်ပွဲ ပြီးတဲ့အချိန်မှာလည်း ခိုင်မာတဲ့ ဖွဲ့စည်းပုံတခု မရှိပဲနဲ့ နိုင်ရပါတီကို အာဏာလွဲပေးလိုက်ရင် ရောင်စုံသူပုန်တွေက ဖယ်ဒရယ်လို့ ခေါ်တဲ့ ခွဲထွက်ရေးတွေ ထအော်ပြီး သောင်းကျန်းလာရင် NLD အနေနဲ့ ဘာမှ လုပ်တတ်၊ ကိုင်တတ်မှာ မဟုတ်ဘဲ တိုင်းပြည်ဟာ အစိတ်စိတ်အမွှာမွှာ ပြိုကွဲဖို့ပဲ ရှိပါတယ်။ န၀တဟာ တိုင်းပြည်ကို ပျြိကွဲပျက်စီးစေမယ့် အခြေအနေကို သိလျက်နဲ့ ဘယ်တော့မှ တိုင်းပြည်ကို ချောက်ထဲ တွန်းချခံမှာ မဟုတ်ဘဲ တိုင်းပြည်ပြိုကွဲစေတဲ့ အန္တရယ်ကို မြင်တွေ့နေရလို့ လက်ရှိအခြေအနေမှာ အာဏာကို လွဲပေးဖို့ ဘယ်လိုမှ မဖြစ်နိုင်သေးပါဘူး။ ဒါကြောင့်မို့ ခိုင်မာတဲ့ ဖွဲ့စည်းပုံတခု ဖြစ်လာဖို့ရေးဆွဲနေတာကို NLD ဟာ ပူးပေါင်းဆောင်ရွက်မှု မရှိပဲ ကန့်လန့်တိုက်နေလို့ န၀တအနေနဲ့ ပြည်သူလူထုကို ထိန်းရတာ တော်တော်လေး အခက်အခဲ တွေ့ပါတယ်။

နောက်တခုက တိုင်းပြည်မှာ လိုအပ်လာလို့ ပြည်သူလူထုက ၀ိုင်းဝန်းပူးပေါင်း ဆောင်ရွက်တာကို န၀တက အဓမ္မစေခိုင်းတယ်၊ လူ့အခွင့်အရေး ချိုးဖေါက်တယ် ဆိုပြီး မြန်မာ့လူမျိုးတွေရဲ့ အလေ့အထကို မသိပဲ EU နဲ့ အမေရိကန်ရဲ့ တဘက်သတ် စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိပါဘူး ။ မြန်မာနိုင်ငံဟာ ရာဇ၀င်သမိုင်းနဲ့ နေလာပြီး ရှေးပဝေဏီကတည်းက ဒီလိုပဲ နိုင်ငံတော်အတွက် လိုအပ်လာရင် လိုအပ်လာသလို တိုင်းသူပြည်သားတွေက လိုအပ်ချက်တွေကို ၀ိုင်းဝန်း ဖြည့်ဆည်းကြရတဲ့ အစဉ်အလာ ရှိပါတယ်။ သူ့နိုင်ငံမှာ သူ့ဓလေ့အတိုင်း ကျင့်သုံးနေတာကို တခြား ယဉ်ကျေးမှု မတူတဲ့ သူတွေက နားမလည်ပဲ မကောင်းပြောတာဟာ လူ့အခွင့်အရေး ချိုးဖေါက်ရာ၊ တဘက်သတ် စော်ကားရာ ရောက်ပါတယ်။ နအဖအနေနဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်ကို အနှောင့်အယှက် ပေးနေတဲ့ ပြည်တွင်းသောင်းကျန်းသူတွေကို မနှိမ်နှင်းရင် ပြည်သူတွေ ဒုက္ခရောက်သွားနိုင်ပါတယ်။ ဒါကြောင့် သောင်းကျန်းသူတွေကို ထိုးစစ်ဆင်နှိမ်နှင်းရတာ ဖြစ်တယ်။ ဒီလိုလုပ်ရပေမဲ့လည်း ပြည်ပနိုင်ငံတွေနဲ့ ပြည်တွင်း လက်နက်ကိုင် သောင်းကျန်းသူတွေရဲ့ သွေးထိုးလှုံ့ဆော်တဲ့အတိုင်း သံယောင်လိုက်ကာ တောထဲမှာ ဒုက္ခသွားခံပြီး အဓိပ္ပါယ် မရှိတာတွေ သွားအော်နေတဲ့ ABSDF ဆိုတဲ့ ဘာမှ နားမလည်သေးတဲ့ ကလေးတွေကိုလည်း တကယ်ပဲ ရင်ထုမနာ ဖြစ်ရပါတယ်။ ဒါကြောင့်လည်းပဲ န၀တဟာ ရင်သွေးငယ်တွေကို မိခင်ရင်ခွင်ထဲ ပြန်ခိုလှုံပြီး စာသင်ခန်းထဲ ပြန်ဝင်နိုင်ဖို့ သဘောထားကြီးကြီးနဲ ကြိုဆိုရေး စခန်းတွေ ဖွင့်ပေးပြီး ကြိုဆိုနေပါတယ်။ ပြီးတော့ မြန်မာလူမျိုးတွေမှာ ကိုယ်ပိုင်ယဉ်ကျေးမှုဆိုတာ ရှိပြီးသားမို့ ဒီမိုကရေစီကို အကြောင်းပြုလို့ အနောက်တိုင်း ယဉ်ကျေးမှုတွေ လွှမ်းမိုးပြီး မြန်မာ့ယဉ်ကျေးမှုကို ပျက်စီးသွားတဲ့ အခြေအနေမျိုးကို န၀တက ဘယ်တော့မှ အဖြစ်ခံမှာ မဟုတ်ပါဘူး။ ဒါကြောင့်မို့ မြန်မာလူမျိုးများနဲ့ ကိုက်ညီမည့် စည်းကမ်းစနစ်တကျ ရှိတဲ့ ဒီမိုကရေစီကို ကျင့်သုံးနိုင်ဖို့ န၀တက ကြိုးစားနေတာကို မြန်မာပြည် ဒီမိုကရေစီရေးအတွက် တကယ်စေတနာထားရင် န၀တသွားနေတဲ့ ဒီမိုကရေစီ လမ်းကြောင်းအတိုင်း ကူညီပေးကြဖို့ တိုက်တွန်းလိုပါတယ်” လို့ ကျွန်မအလှည့်မှာ အဆိုတင်သွင်းပါတယ်။

နောက်ဆုံးကိုယ်စားလှယ်ကတော့ ကိုစိုးပိုင်က ABSDF နဲ့ ပြည်တွင်းပြည်ပ ဒီမိုကရေစီ အင်အားစုများကို ကိုယ်စားပြုပြီး တင်ပြသွားပါတယ်။ “ကျွန်တော်တို့ မြန်မာပြည်ရဲ့ လက်ရှိဖြစ်ပေါ် နေတဲ့ ပြဿနာဟာ စစ်အာဏာရှင် လူတစုစာနဲ့ တိုင်းရင်းသားပေါင်း စုံပြည်သူလူထုတွေကြားမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ပြဿနာ ဖြစ်ပါတယ်။ ပြည်သူလူထု ရွေးချယ်တင်မြောက်ထားတဲ့ ပြည်သူ့ကိုယ်စားလှယ်တွေကို အာဏာမလွဲပေးပဲ သူတို့ဖါသာသူတို့ အမျိုးသားညီလာခံဆိုတာကို ကျင်းပပြီး ဖွဲ့စည်းပုံကို ရေးဆွဲနေပါတယ်။ အခြေခံဥပဒေဆိုတာ ပြည်သူလူထုက ဆင်းသက်လာရမှာ ဖြစ်လို့ လူထုကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေရဲ့ သဘောဆန္ဒ မပါပဲနဲ့ ရေးဆွဲလို့ မရပါဘူး။ စစ်အာဏာရှင်တွေဟာ နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဘယ်တုန်းကမှ မဖြေရှင်းပဲ ခေတ်အဆက်ဆက်မှာ သူတို့ အာဏာ တည်မြဲရေးအတွက် လက်နက်အားကိုးနဲ့ အနိုင်ကျင့်ပြီး လူ့အခွင့်အရေး ချိုးဖေါက်တဲ့ နည်းနဲ့ ဖြေရှင်းလာတာ ဒီနေ့အထိ ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံဖြစ်လို့ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဟာ အာစီယံနဲ့ တရုတ်ထင်သလို စီးပွားရေး ချွတ်ခြုံကျတဲ့ ပြဿနာ မဟုတ်ပါဘူး။ နိုင်ငံရေး ပြဿနာဟာကို နိုင်ငံရေးနည်းနဲ့ မဖြေရှင်းပဲနဲ့ လက်နက်အားကိုးနဲ့ ဖြေရှင်းလို့ ဖြစ်လာတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှု ပြဿနာတွေသာ ဖြစ်ပါတယ်။ နိုင်ငံရေး ပြဿနာကိုအရင် ဖြေရှင်းမှာသာ စီးပွားရေးနဲ့ လူမှုရေး စတဲ့ တခြားပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။ န၀တနဲ့ အာဏာရှင် အဆက်ဆက်ဟာ ၄င်းတို့ အာဏာတည်မြဲရေးအတွက်၎င်းတို့နဲ့ အမြင်မတူသူ မှန်သမျှ တောက်ရှောက် လက်နက်နဲ့ ဖြေရှင်းလာခဲ့ပါတယ်။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံဟာ ပြည်တွင်းစစ်မီးတောက်လောင်ပြီး အာဏာရှင်လက်ထက်ရောက်မှ ဆင်းရဲသွားတာ ဖြစ်ပါတယ်။ နိုင်ငံရေးပြဿနာ ကိုနိုင်ငံရေးနည်းနဲ့ ဖြေရှင်းလို့ ပြေလည်သွားရင် စစ်ပွဲဆိုတာလည်း ရှိတော့မှာ မဟုတ်ပဲ ပြည်တွင်းမှာ ရှိနေတဲ့ သယံဇာတ ပေါကြွယ်လှတဲ့ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်သူမဆို လွတ်လပ်စွာ စီးပွားရေး ရင်းနှီးမြှပ်နှံနိုင်ပြီး ချက်ချင်း ပြန်နလံထူလာနိုင်မှာ ဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံအတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အခြေခံတဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုကို အထောက်အကူပြုတဲ့ အကူအညီကလွဲရင် တခြားဘာ အကူအညီမှ အသုံးဝင်မ၀င်ပါဘူး။ န၀တကို အာစီယံနဲ့ တရုတ်ဆက်ဆံနေတဲ့ Constructive Engagement ဆိုတာဟာလည်း ပြည်သူလူထုအတွက် ဘာမှ အကျိုးမရှိပဲ ပြည်သူလူထုကို န၀တက ဒုက္ခများများ ပေးနိုင်ဖို့ အကူအညီပေးနေတာသာ ဖြစ်ပါတယ်။ န၀တ အသက်ရှူချောင်လေ ပြည်သူလူထု ဒုက္ခရောက်လေ ဖြစ်လို့ န၀တ သက်ရှူချောင်စေတဲ့ အားပေးထောက်ပံ့မှု မှန်သမျှကို ကျွန်တော်တို့ ကန့်ကွက် ရှုပ်ချမှာ ဖြစ်ပြီး န၀တကို နိုင်ငံတကာမှာ အထီးကျန်ဖြစ်နေအောင် စီးပွားရေး၊ သံတမန်ရေးအားလုံး ပိတ်ဆို့ပြီး အရေးယူဖို့ တိုက်တွန်းပါတယ်။” လို့ ABSDF နဲ့ ပြည်တွင်းပြည်ပ ကိုယ်စားလှယ် ကိုစိုးပိုင်က တင်သွင်းသွားပါတယ်။

ဒီငြင်းခုန်မှုကို ဖတ်ပြီး စိတ်ဝင်စားသူများအနေဖြင့် အမှန်အမှားကို ဆုံးဖြတ်ပေးစရာမလိုပဲ အချက်အလက် ခိုင်မာမှု၊ ပြန်လည် တုံ့ပြန်တာ အားကောင်းမှုနဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှု မပါပဲ Professional ဆန်တာကိုပဲ ကြည့်ပြီး ငြင်းခုန်တဲ့နေရာမှာ ဘယ်ဘက်က အားသာတယ်ဆိုတာကို အမှတ်ပေးသွားကြ စေချင်ပါတယ်။

(လောလောဆယ်မှာ တခြားရေးရာ ကိစ္စတွေ များနေပြီး နိုင်ငံရေးပို့စ်တွေ တင်ဖြစ်မှာ မဟုတ်သေးဘဲ ရှစ်လေးလုံးနေ့မှ တခါတင်ဖြစ်မှာမို့ ကြားကလမှာ ဒီပို့စ်ကို မဖတ်ရသေးသူများ ဖတ်လို့ရအောင် ခဏအပေါ်ပြန်တင်ထားပါတယ်။ 11/25/09 1:15 AM က တင်တဲ့ပို့စ်ဖြစ်တယ်။)

ရွှင်လန်း ချမ်းမြေ့ကြပါစေ

32 comments:

ဘယ်ဘက်ကသာတယ်ဆိုတာထက် ဒီလို အချက်အလက်နဲ့ တိုက်ခိုက်မှုမပါပဲ ငြင်းခုန်တာမျိုး အလေ့အကျင့်ရကြပါစေလို့ ဆန္ဒပြုသွား၏။ ပါးစပ်က ဘုရား၊ လက်က ကားယားတွေကြောင့် လှည့်မကြည့်ချင်လောက်အောင် စိတ်ပျက်ရပါ၏။ ကလူသစ်တို့လို လူအိုတွေ စိတ်ပျက်တာအရေးမကြီးသေးဘူး။ နောက်တက်လူငယ်တွေ စိတ်ပျက်သွားရင် ခက်၏။

အားလုံးရဲ့ အမြင်ကို လက်ခံလို့ရတယ်အမ ကိုစိုးပိုင်ပြောတာတော့ ပိုသဘောကျတယ် နိုင်ငံရေး ပြဿနာဟာကို နိုင်ငံရေးနည်းနဲ့ပဲ ဖြေရှင်းမှ အားလုံးပြေလည်မယ်ထင်တယ် အမရေ ......

ကိုလူသစ်နဲ့ မောင်ဖြိုးဝေကို မှတ်မှတ်ရရ ကျေးဇူးတင်ပါတယ်။ ဒီပို့စ်ကိုတင်ပြီး လူ ၂၀၀ နီးပါး လာဖတ်သွားတဲ့အထဲက နှစ်ယောက်တည်း မှတ်ချက်ထားခဲ့တာကို ကြည့်ခြင်းအားဖြင့် ဒီပြောထားတဲ့ (၄) ယောက်ဟာ ABSDF က အင်္ဂလိပ်စာ သင်တန်းတက်နေတဲ့ သင်တန်းသားတွေ ဆိုတာကို မေ့သွားပြီး ပြောထားတဲ့ အချက်တွေမှာ အာစီယံနဲ့ န၀တ တင်ပြချက်တွေက သိပ်အားကောင်းတော့ အဲဒီအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ အမှတ်နဲ့ အမြင်ကပ်ပြီး ဘာမှ မရေးပဲ ပြန်သွားလားလို့ ကျွန်မ တွေးမိတယ်။

တကယ်လည်း အဲဒီတုန်းက အမှတ်ပေးသမား ဖြစ်တဲ့ ဆရာမက န၀တနဲ့ အာစီယံဘက်က ပြောတာတွေ ပိုပြီး Strong ဖြစ်တယ်၊ ပြောတဲ့အချက်နဲ့ အကြောင်းပြတဲ့အချက် ပိုခိုင်မာပြီး ပြည့်စုံမှု ပိုရှိတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒီမိုကရေစီ နိုင်ငံကို ထူထောင်လိုတဲ့ ကျွန်မတို့မှာ မိမိနဲ့ လုံးဝမတူတဲ့ ဆန့်ကျင်ဘက် သဘောထားတွေကို သည်းခံပြီး ကြားနာနိုင်ဖို့နဲ့ ယဉ်ကျေးစွာ တုံ့ပြန်တတ်ဖို့ အလေ့အကျင့် အများကြီး လိုအပ်လိမ့်မယ်ဆိုတာကို တွေးမိရင်း ကျွန်မ ဒီပိုစ့်ကို တင်ဖြစ်ခဲ့ပါတယ်။

25 Nov 09, 15:02
SM: Ma NN, your US Republican nominee name has spelling error.. should be "Mccain" with regards

25 Nov 09, 16:57
Nge Naing: ကျေးဇူးတင်ပါတယ် SM ပြင်လိုက်ပါပြီ။

25 Nov 09, 20:58
ချမ်းလင်းနေ: အမရေ စာတွေလာဖတ်သွားတယ်။နိုင်ငံရေးဆိုတာ မသိပေမယ့်လည်း ငြင်းခုံပွဲလေးကို လေံလာသွားပါတယ်။

C-Box ထဲက ဒီပို့စ်နဲ့ ဆိုင်တာတွေကို ကူးထည့်ထားလိုက်ပါတယ်။

မောင်ဖြိုးဝေကို ပြန်ပြောဖို့ တခုမေ့ကျန်ခဲ့တယ်။ အားလုံးရဲ့ အမြင်ကို လက်ခံလို့ ရတယ်ဆိုတာ အသိအမှတ်ပြုပြီး နားထောင်ပေးလို့ ရတာကို ဆိုလိုတယ် မဟုတ်လား။ လက်တော့ ဘယ်လက်ခံလို့ ရမလဲ န၀တနဲ့ အာစီယံတရုတ်က ပြောသွားတာတွေ ဟုတ်မှမဟုတ်တာ။ ဒါကြောင့် လက်ခံလို့ ရတာမဟုတ်ဘူး သူတို့ရဲ့ ဆန္ဒကို အသိအမှတ်ပြုပြီး နားထောင်ပေးလို့ပဲ ရတာ ဖြစ်တယ်။

စာတွေ လာဖတ်သွားတယ် မငယ်နိုင်၊ မှတ်သားစရာ
တွေပါ။

နအဖ ပြောတာပေါ့ မငယ်နိုင်ရယ်။ ပိတ်ပြီး ပြောသွားတာကိုး။

ဒီလို အကြောင်းအရာတွေကို အင်္ဂလိပ်လို ငြင်းနိုင် ခုံနိုင်ဖို့ဆို ဘာသာ စကား လည်း တော်တော် ကျွမ်းကျင်မှ ဖြစ်မယ် နော်။

အကြိုက်ဆုံးကတော့ မငယ်နိုင်ကော့မန့် ထဲ ပြောတဲ့

"ဒီမိုကရေစီ နိုင်ငံကို ထူထောင်လိုတဲ့ ကျွန်မတို့မှာ မိမိနဲ့ လုံးဝမတူတဲ့ ဆန့်ကျင်ဘက် သဘောထားတွေကို သည်းခံပြီး ကြားနာနိုင်ဖို့နဲ့ ယဉ်ကျေးစွာ တုံ့ပြန်တတ်ဖို့ အလေ့အကျင့် အများကြီး လိုအပ်လိမ့်မယ်ဆိုတာကို တွေးမိရင်း ကျွန်မ ဒီပိုစ့်ကို တင်ဖြစ်ခဲ့ပါတယ်"

ဆိုတာပါပဲ။

တကယ်တော့ ကိုယ့်မိသားစု သေးသေးလေးထဲမှာကိုပဲ ဒီအလေ့အကျင့်က အများကြီး လိုအပ်နေသေးတယ် ထင်ပါတယ်။


မအယ်

အစ်မပြောသွားတဲ့ ကြိုဆိုရေးစခန်းဆိုတာကို မျက်စိထဲ မြင်ကြည့်နေတယ်။ Constructve Debate တွေ များများရှိလာရင်ကောင်းမယ်။

ဒီပို့စ်ကို နောက်ထပ် လာဖတ်သွားတဲ့ ကိုအောင် မအယ်နဲ့ တော်ကီတို့ကိုလည်း ကျေးဇူးတင်ပါတယ်။

အင်္ဂလိပ်လိုကို ကျွမ်းကျင်လို့ မဟုတ်ပါဘူး မအယ်။ စလေ့လာကတည်းက ဒီလိုအကြောင်းအရာတွေ ရေးထားတဲ့ စာကိုပဲ ဖတ်ပြီး ဒါကိုပဲ လေ့လာခဲ့ရတော့ နေ့စဉ်သုံး ဘမ်းစကားတွေထက် နိုင်ငံရေး ဝေါဟာရတွေနဲ့ ဟိုတုန်းက ပိုပြီး အကျွမ်းဝင်ခဲ့ပါတယ်။ အခုတော့ မေ့ကုန်ပါပြီ။

တော်ကီရေ ကြိုဆိုရေး စခန်းတွေ ဖွင့်လို့ ပြန်ဝင်ခဲ့သူတွေ အများကြီး ရှိခဲ့ပါတယ်။ ပြန်ဝင်သူတွေအတွက်တော့ တခြားလူတွေထက် လွတ်လပ်မှု ပိုပြီးဆုံးရှုံးသွားရသလို ပြန်အသုံးချတာလည်း ခံခဲ့ရတာ ရှိပါတယ်။

Constructive debate တွေက ပြည်သူတွေကို နားထောင်ခိုင်းပြီး အဆုံးအဖြတ် ပေးခိုင်းတာပါပဲ။ မြန်မာနိုင်ငံမှာ ပြည်သူက ဘာမှ ဆုံးဖြတ်လို့ မရပဲ အာဏာရှင်တွေကပဲ အရာရာကို ဆုံးဖြတ်ပြီး စစ်အုပ်စုက တဘက်သတ် ၀ါဒဖြန့်တာတွေပဲ ရှိပါတယ်။ တခြား ဆန့်ကျင်ဘက် အမြင်ရှိတဲ့သူတွေ ဘာမှ ပြောခွင့်မရဘူး။ ဒီလို Debate တွေလုပ်ရင် ပြည်သူလူထုက အမှန်ကို သိသွားမှာကို စိုးရိမ်လို့ စစ်အာဏာရှင် စိုးမိုးနေသ၍ ဒီလို Debate တွေ ရှိမှာ မဟုတ်သေးပါဘူး။

ကိုစိုးပိုင်နဲ့ မငယ်နိုင် ပြောတာတွေ အချက်ကျတယ်။ ဒါပေမယ့် ကိုစိုးပိုင်ရဲ့တိုက်တွန်းချက်က အားနည်းသွားတယ် ထင်တယ်။ အပြင်လူတွေ အနေနဲ့ကြည့်ရင် အပြုသဘော မဆောင်သလို ဖြစ်သလားလို့။ တရုတ်နဲ့ အာဆီယံကိုယ်စားလှယ်ပြောတာ လည်း တော်တော်ကောင်းပါတယ်။ အချက်အလက်က ခိုင်မာတာကိုး။ Debate ကိုတော့ ကြိုက်တယ်ဗျ။

ဒီလိုပဲ လူတတ်ကြီးတွေလုပ်ရင်းနဲ့ အွန်လိုင်းမှာပဲ အချိန်ကုန်ကြပါစို့...ပြည်ပ နိုင်ငံရေးသမားဆိုတာ ဒီလိုပဲ အွန်လိုင်းမှာပဲ အမြဲပြောနေ ဆွေးနွေးနေရမယ် ဒါဟာ အသက်မွေးကျောင်းတစ်ခုပဲ...ဒို့နိုင်ငံမှာတော့ အရည်ချင်းရှိရှိ မရှိရှိ ပညာတတ်တတ် မတတ်တတ် လုပ်စားစရာမရှိရင် နိုင်ငံရေးအမည်ခံမယ် အစိုးရမကောင်းကြောင်းပြောတတ်မယ်ဆိုရင် အသက်မွေးဝမ်းကျောင်းတစ်ခု လုပ်လို့ရပြီ....

လူမင်း

လူမင်းနာမည်နဲ့ လာရေးထားသူ ရေးချင်ရင် မင်းသားနာမည် မသုံပါနဲ့ မိမိနာမည်နဲ့ မိမိရေးပါ။ ဘလော့ဂ်ရေးတာ ၀ါသနာပါလို့ ကိုယ့်ဘ၀ဖြတ်သန်းမှု၊ ကိုယ်စိတ်ဝင်စားစရာတွေကို ကိုယ်ရေးတာ ဖြစ်တယ်၊ နိုင်ငံရေးလုပ်တာ မဟုတ်ဘူး။ နိုင်ငံရေး လုပ်စားစရာမလိုဘူး ကိုယ့်လုပ်စာနဲ့ကိုယ် စားနေတာ ဖြစ်တယ်။ အဆင့်အတန်းရှိရှိ ရေးထားတဲ့စာကို ဖတ်ပြီး အဆင့်အတန်းရှိရှိ ပြန်ရေးပါ။ အပေါ်မှာ ဗမာလို ရေးထားတာ တွေ့တယ်နော့် မဆိုင်တာ လာရေးတဲ့မှတ်ချက်ကို နောက်ထည့်ပေးမှာ မဟုတ်ဘူးဆိုတာ အသိပေးလိုက်ပါတယ်။

မငယ်နိုင်ပြန်ရေးထားတာတော်တော်မာကြောတယ်၊
ငါလုပ်ထားတဲ့ဆိုဒ်မှာငါကြိုက်တာဘဲရေး၊
အတ္တကိုရှေ့တန်းအရမ်းတင်ထားသလိုဘဲ၊
ကျွန်တော်မှတ်ချက်တော့တင်ချင်လည်းတင်ပါ
မတင်ချင်လည်းစိတ်မဆိုးပါဘူး၊
ဘယ်သူဘဲဖြစ်ဖြစ်၊သူတို့ထင်မြင်ရာကိုလွတ်လပ်စွာ
ရေးကြပါစေ၊အမဆိုဒ်ကိုလာအားပေးတာဘဲမဟုတ်လား၊
မဆဲကြရင်ပြီရောပေါ့

ပြောတဲ့စကားတွေမှတ်မိတယ်ဆိုတော့...
တကယ်ေ၇ာအဲလိုပြောခဲ့ကြတာလား...
ကျိန်ပြပါလားအမ.လူ၇ှိန်အောင်
.ဖောေ၇ှာလုပ်နေတယ်ထင်မိလို့ ပါ...

Sithusoe - အစ်မ ပြန်ရေးထားတာ နောက်ခံဘာမှ မသိတဲ့ ကြားလူတယောက် ဖတ်ရတော့ အဲလိုပဲ ခံစားရမှာ ထင်မှာကို နားလည်လို့ရပါတယ်။ ဒါပေမဲ့ ရးတဲ့သူက သူရေးလိုက်လို့ အစ်မပြန်ပြောတဲ့အပေါ် ကြည့်ပြီး အစ်မ စိတ်အနှောင့်အယှက် ဖြစ်သွားတာတွေ့လို့ အပျော်ကြီးပျော်ပြီး ဘာမှ ပြန်မပြောဘဲ ဆိတ်ဆိတ်နေတဲ့အချိန်မှာ စည်သူစိုးက သူများပေးတဲ့ စိတ်အနှောင့်အယှက်ကို ထပ်ပြီးမျှဝေမယူပါနဲ့လို့ပဲ ပြောချင်တယ်။ ထင်မြင်ရာကို လွတ်လပ်စွာ ရေးကြပါစေဆိုပြီး စည်းမဲ့ကမ်းမဲ့ ဒီဘလော့ဂ်မှာ ရေးခွင့်မပေးဘူး။ Freedom of Speech, Freedom of expression ဆိုတာ လွတ်လပ်စွာ သူများကို စော်ကားခွင့် သူများနာမည် အလွဲသုံးစားလုပ်ခွင့်ကို ပြောတာ မဟုတ်ဘူး။ တင်ထားတဲ့ အကြောင်းအရာအပေါ် မူတည်ပြီး မိမိထင်မမြင်ယူဆချက်ကို သူတပါး မထိခိုက်စေဘဲ လွတ်လပ်စွာ ရေးသားလို့ရပါတယ်။ မငယ်နိုင် ရေးထားတာ လက်မခံနိုင်ဘူး ဘာကြောင့် ဘယ်အချက်က ဘယ်လို ဖြစ်နေလို့ ယုတ္တိမရှိဘူး စသည်ဖြင့် လွတ်လွတ်လပ်လပ် တိကျစွာ ထောက်ပြဆွေးနွေးလို့ ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ပြောတဲ့အတိုင်း လွတ်လပ်ရေးရပြီဆိုပြီး လမ်းမအလယ်မှာ ဆေးလှန်းသလို လွဲမှားစွာ ယူဆနေတဲ့ လွတ်လပ်ခွင့်မျိုးကိုတော့ ဒါဟာ လွတ်လပ်ခွင့် မဟုတ်တဲ့အတွက် အစ်မဘလော့ဂ်မှာ မပေးနိုင်တာ အမှန်ပဲ။

အောင်အောင် - ရှေ့တန်း တိုက်ပွဲအတွေ့အကြုံ ပို့စ်တုန်းကလည်း ဒီလိုမယုံတဲ့ မှတ်ချက်မျိုး လာရေးသူ ရှိခဲ့ပါတယ်။ အခုနောက်တန်းက အင်္ဂလိပ်စာ သင်ခန်းစာအကြောင်း ရေးလည်း ဒီလိုထပ်တွေ့ရတာ ကျွန်မအတွက် ဘာမှမထူးဆန်းပါဘူး။

ဒီမှာ ပြောထားတဲ့ လေးယောက်စလုံး အပါအ၀င် ဒီအင်္ဂလိပ်စာအတန်းမှာ ပါခဲ့တဲ့သူ အများစုကက အခုထိ အသက်ရှိထင်ရှား ရှိနေသေးတယ်။ ဒီမှာ ရေးထားတာ ကျွန်မ ပြောခဲ့တာပဲ အကုန်လုံးနီးပါးဖြစ်ပေမဲ့ သူများပြောထားတာတွေက မှတ်မိသဘောက်ကိုပဲ ပြန်ရေးထားတာဖြစ်လို့ သူတို့ တကယ်ပြောခဲ့တာ အခုဒီမှာ ရေးထားတာထက်တောင်ပိုများသေးတယ်။ ကိုသံခဲဆိုတာ လက်ရှိ ABSDF ဥက္ကဌ၊ ကျန်တဲ့သူတွေအထဲမှာ ကိုနိုင်အောင်ဆိုတာ အခု ဆစ်ဒနီမှာ ကျွန်မနဲ့အတူ ရှိနေပါတယ်။ ကိုစိုးပိုင်လည်း ဆွိဒင်မှာ ရှိပါတယ်။ ပြောခဲ့တဲ့သူတွေက လေးယောက်စလုံး သက်ရှိထင်ရှား ရှိနေသေးတော့ ကျွန်မ လိမ်လည်လှည့်ဖြားပြီး ပေါက်ကရ ရေးချင်ရာ လျှောက်ရေးလို့ မရဘူး။ ကျွန်မ ဒီဘလော့ဘဂ်မှာ ကိုယ်တွေ့ဆိုပြီး ရေးထားတာတွေ အားလုံး လုပ်ကြံဖန်တီးထားတာ ၀တ္ထုရေးထားတာ တခုမှ မရှိဘူး။ ဘယ်သူ့ကိုမှ ဘာမှ ကျိမ်ပြနေစရာ အကြောင်းလည်း မရှိဘူး။ မယုံတဲ့သူ မယုံတဲ့အတိုင်း ထားနိုင်တယ်။ ဘယ်သူမှ သေနတ်နဲ့ ခြိမ်းချောက်ပြီး ယုံတယ်လို့ပြော မပြောရင်ပစ်သတ်မယ်လို့ ချိမ်းချောက်နေတာလည်း မဟုတ်ဘူး။ ဟုတ်မှန်းသိလျက်နဲ့ အတင်းဇွတ်ငြင်းနေတာ မဟုတ်ရင် လွတ်လပ်စွာ ရှုမြင်သုံးသပ်နိုင်ပါတယ်။

ဟုတ်တယ်ကျွန်တော်ကအရင်အမတို့ရန်ဖြစ်တာရှိတယ်မရှိဘူးတော့မသိပါဘူး၊
အမရဲ့ဆိုဒ်လေးကိုလူသစ်ရောလူဟောင်းရောလာဖတ်ခွင့်ရှိတယ်မဟုတ်လား၊
ကျွန်တ်ာတို့လိုအသစ်လာဖတ်တဲ့သူမျိုးတွေကဆိုဒ်ပိုင်ရှင်ကိုအထင်မလွဲစေချင်လို့ပါ၊
ကျွန်တော်ကတောတွင်းအကြောင်းတွေရေးထားလို့သဘောကျပြီးလာဖတ်မိတာပါ၊
ကိုယ်မကြိုက်တဲ့မှတ်ချက်ဖြစ်ရင်လည်းဖျက်ပစ်လိုက်လို့ရတယ်ထင်ပါတယ်၊
ရန်ထောင်သလိုဆိုဒ်ပိုင်ရှင်ကပြန်ရေးထားတော့အခုမှလာလည်ဖူးတဲ့လူသစ်တွေအတွက်
အထင်လွဲမှာစိုးလို့မှတ်ချက်ရေးလိုက်မိတာပါ၊
ပို့စ်နဲ့မဆိုင်တဲ့မှတ်ချက်မရေးရဆိုရင်လည်းအဲ့ဒီလိုမှတ်ချက်မျိုးတွေကိုဖျက်လိုက်ယုံဘဲမဟုတ်လား၊
ရန်ပြန်ဖြစ်နေစရာတောင်မလိုတော့ဘူး၊
အမရဲ့တောတွင်းအိမ်ထောင်ရေးအကြောင်းရေးထားသလိုမျိုးဘဲပေါ့၊ကိုယ်မှန်တယ်လို့ထင်ထားတဲ့
အချက်တွေကလည်းအချိန်ကာလတခုမှာမှားတယ်လို့ထင်သွားတတ်ကြပါတယ်၊
ဘယ်အရာကိုမှအသေဆုတ်ကိုင်ထားလို့မရတဲ့သဘောမျိုးပေါ့နော်၊
လိုက်လျောညီထွေနေနိုင်ခြင်းကရန်ငြိမ်းစေမယ်လို့ထင်လို့ပါနော်၊တစ်ခြားသူတွေဖတ်မိဖို့
အတွက်မှတ်ချက်မှာလာရေးတာမဟုတ်ပါဘူး၊အီးမေးကိုဘယ်လိုရှာရမှန်းမသိလို့ပါ၊

ဘလော့လာ စာဖတ်သူလူသစ်များ ခင်ဗျား

"အသက် ၄ဝ ကျော် မိန်းမကြီး ငယ်နိုင်က သူ့ထက် ၁၅ နှစ်လောက် ငယ်တဲ့ ရုရှက စစ်ဗိုလ်တွေနဲ့ အမြဲ ရန်ဖြစ်နေတယ်" ဆိုပြီး ရုရှကစစ်ဗိုလ်တွေက ဒီဘလော့မှာရော၊ တခြား ဘလော့တွေမှာပါ ထပ်တလဲလဲ မမှန်မကန် တလွဲတချော် ဝါဒဖြန့်နေပါတယ်။ အကြောင်းမသိသူတွေအနေနဲ့ ရုရှကစစ်ဗိုလ်တွေရဲ့ အလိမ်အညာ မုသားစကားကို နားယောင်ပြီး "ဘလော့ရှင်က ရန်ဖြစ်တာ ဝါသနာပါတယ် ထင်တယ်" လို့ ဘလော့ရှင်ကို အပြစ်တင် မစောခင် ဒီကော်မင့်လေးကို ဖတ်ကြည့်ကြပါခင်ဗျာ။

ဒီကော်မင့်လေးက ဘလော့ရှင်က ရေးထားတာပါ။ ရုရှကစစ်သားတွေ (အထူးသဖြင့် mg နဲ့ ဒေါ်လာစား) က ဘလော့ရှင်ကို နည်းလမ်းအစုံ သုံးပြီး ဆဲဆိုတိုက်ခိုက် မမှန်သတင်းလွှင့် အပုပ်ချပြီး စော်ကားနှောင့်ယှက် နေတာကို ဘလော့ရှင်က Advisor နာမည်နဲ့ ကော်မင့်ပေးသူကို ရှင်းပြထားတဲ့ ကော်မင့်ပါ။

မသိသေးတဲ့ ဘလော့လာ စာဖတ်သူလူသစ်တွေကို ရည်ရွယ်ပြီး ရုရှကစစ်သားတွေ (အထူးသဖြင့် mg နဲ့ ဒေါ်လာစား) က ဘလော့ရှင်ကို နှောင့်ယှက်နေပုံတွေကို ဘလော့ရှင်နဲ့ ဘဘော့ရှင်ရဲ့ မိတ်ဆွေတွေက အခါအားလျော်စွာ ရှင်းပြနေရတာကို သိပြီးသား စာဖတ်သူလူဟောင်းတွေ အနေနဲ့လည်း နားလည်ပေးစေလိုပါတယ် ခင်ဗျား။

မှန်ကန်သူဘက်မှရပ်တည်သူ



ဘလော့ရှင် မှ Advisor သို့ ကော်မင့်
(ရုရှက စစ်သား mg နဲ့ စစ်အုပ်စုလက်ပါးစေ ဘလော့ဂါ ဒေါ်လာစားက ဘလော့ရှင်ကို နည်းလမ်းစုံသုံးပြီး ဆဲဆို စော်ကား မမှန်သတင်းလွှင့် အပုပ်ချပြီး နှောင့်ယှက်နေပုံကို ဘလော့ရှင် မှ Advisor သို့ ရှင်းပြထားတဲ့ ကော်မင့်)

Nge Naing said...

သူတို့က ကျွန်မဘလော့ဂ်ကို ညစ်ညမ်းအောင် လုပ်ပြီး လူမကပ်နိုင်အောင် ကြိုးစားနေကြတယ်။ လာရေးတဲ့သူတွေက ကျွန်မတို့ဆီက စံတော်ချိန်ကို သိပြီး ညဘက်အိပ်ချိန်မှာ ရေးများတာကို သိလို့ အရင် တရက်နှစ်က ညဘက်အိပ်ခါနီးမှာ Moderation လုပ်ထားတော့ သူတို့လာရေးတာ ကျွန်မပဲတွေ့ရပြီး စာဖတ်သူတွေ မတွေ့ဘူး။ ညကတော့ အိပ်ရာဝင်ခါနီး Moderation လုပ်ဖို့ မေ့သွားတာနဲ့ မနက်မိုးလင်း ထကြည့်တော့ ထင်တဲ့အတိုင်းပဲ တွေ့ရတယ်။ သူတို့လာပေးတဲ့ အကုသိုလ်ကို ကျွန်မ မယူလို့ ခေါင်းထဲကို မရောက်တော့ လစ်လျူရှုနိုင်ပေမဲ့ စာလာဖတ်သူတွေကိုတော့ တကယ်ပဲ အားနာတယ်။ ဘလော့ဂ်မှာ အမျိုးသမီးတွေ ဘုန်းကြီးတွေလည်း စာလာဖတ်နေတော့ တကယ်ကို အားနာရတယ်။ နောက်တခါဆို မမေ့အောင် သတိထားတော့မယ်။ သူတို့ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် လူမလာအောင် ဘယ်လိုပဲလုပ်လုပ် သူတို့ဒီလိုလုပ်လေ လာလည်သူပိုများလေဆိုတာ လက်တွေ့ပဲ။

ဒေါ်လာစားနဲ့ အဲဒီတယောက်က နာမည်အမျိုးမျိုးသုံး သူများနာမည်တွေသုံးပြီး မှတ်ချက်အတုတွေ လိုက်ရေးနေတာ တူတော့ လျှာအခွများတဲ့နေရာမှာ ဗိုလ်လုနေကြတာဖြစ်သလို တယောက်က မအိပ်နိုင်မစားနိုင် အချိန်ပြည့် ကျွန်မဘလော့ကို လာပြီး Attention ပေးသလို တယောက်ကတော့ သူ့ဘလော့ဂ်ကနေပြီး ကျွန်မ ဓါတ်ပုံတွေတင်ပြီး Attention ပေးရှာတယ်။ ကျွန်မမှာ ကိုယ့်ဘလော့ကိုယ်တောင် သူတို့လောက်အချိန်မပေးနိုင်ဘူး။ ကျွန်မကို မပတ်သက်ရမနေနိုင် နှစ်ယောက်သား အပြိုင်အဆိုင်ကို Attention Seeking လုပ်နေကြတယ်။

ဒေါ်လာစားဆိုရင် ကျွန်မကို Attention ပေးလာတာ အခုမှမဟုတ်ဘူး ၂၀၁၀ ဖေါ်ဖေါ်ဝါရီကတည်းကတောင်။ သူအရင်ဖွင့်ထားတဲ့ ဒေါ်လာစားဘလော့ဂါများဆိုတဲ့ဘလော့ဂ်ကို လူမလာကြတော့ အခု Myanmar Express ဆိုတဲ့ ဘလော့ဂ်ကို အသစ်ဖွင့်ပြီး လူချစ်လူခင်များတဲ့ သူတွေ၊ ချောမောလှပသူတွေရဲ့ ဓါတ်ပုံတွေ တင်ပြီး လူလာအောင် လုပ်ထားတယ်။ သူ့ဘလော့ဂ်မှာ သွားကြည့်လိုက်ရင် လူချစ်လူခင်များတဲ့သူတွေ၊ နာမည်ကြီးတွေ၊ ချောမောလှပသူတွေ ချည်းပဲ။ ထူးဆန်းတာက ကျွန်မက အေးအေးဆေးဆေးပဲ နေတတ်ပြီး ဒီလောက်လည်း လူချစ်လူခင်များတာ မဟုတ်ဘဲ၊ ချောမောလှပသူ တယောက်လည်း မဟုတ်ဘဲနဲ့ တခြား သူတွေရဲ့ ဓါတ်ပုံတွေနဲ့အတူ တွေ့ရတယ်။ ကျွန်မ ဓါတ်ပုံက ကျွန်မဘလော့ဂ်မှာတောင် သူ့ဘလော့ဂ်လောက် မစုံဘူး။ ကျွန်မကို မင်းသမီးများမှတ်နေလားမသိဘူး ဓါတ်ပုံတွေကို မြင်တဲ့နေရာက ခိုးပြီး သူ့ဘလော့ဂ်မှာ သိမ်းထားတယ်။ နောက်ထပ်လည်း ဓါတ်ပုံတွေ ထပ်ခိုးဖို့ လိုလို့ထင်တယ် Face book မှာ လာပြီး ကျွန်မကို Friend request လာလုပ်ထားသေးတယ်။ အခုလည်း အပေါ်က သူ့မှတ်ချက်မှာသာ ကျွန်မကို အမျိုးမျိုးခြိမ်းချောက်ထား၊ mg နဲ့ ဒေါ်လာစား နှစ်ယောက်စလုံးက သူတို့ဆရာနဲ့ ကျွန်မကို ပေးစားလိုပေးစား လုပ်နေကြပေမဲ့ တကယ်တန်းကျတော့ သူက နှစ်ယေက်က ကျွန်မကို ကျွန်မမိသားစုထက်တောင် ပိုပြီး Attention ပေးနေပြီး မပတ်သက်ရ မနေနိုင် အပြိုင်အဆိုင်ကို ဂရုစိုက်နေကြတာ သိသာတယ်။

July 20, 2011 11:40 AM

ရုရှကစစ်ဗိုလ်တွေ (အထူးသဖြင့် mg) နဲ့ စစ်အုပ်စုလက်ပါးစေ ကြေးစားဘလော့ဂါ ဒေါ်လာစား က ဘလော့ရှင် မငယ်နိုင်ကို နည်းလမ်းစုံသုံးပြီး ဆဲဆို စော်ကား မမှန်သတင်းလွှင့် အပုပ်ချပြီး နှောင့်ယှက်နေပုံ



Nge Naing said...

သူတို့က ကျွန်မဘလော့ဂ်ကို ညစ်ညမ်းအောင် လုပ်ပြီး လူမကပ်နိုင်အောင် ကြိုးစားနေကြတယ်။ လာရေးတဲ့သူတွေက ကျွန်မတို့ဆီက စံတော်ချိန်ကို သိပြီး ညဘက်အိပ်ချိန်မှာ ရေးများတာကို သိလို့ အရင် တရက်နှစ်က ညဘက်အိပ်ခါနီးမှာ Moderation လုပ်ထားတော့ သူတို့လာရေးတာ ကျွန်မပဲတွေ့ရပြီး စာဖတ်သူတွေ မတွေ့ဘူး။ ညကတော့ အိပ်ရာဝင်ခါနီး Moderation လုပ်ဖို့ မေ့သွားတာနဲ့ မနက်မိုးလင်း ထကြည့်တော့ ထင်တဲ့အတိုင်းပဲ တွေ့ရတယ်။ သူတို့လာပေးတဲ့ အကုသိုလ်ကို ကျွန်မ မယူလို့ ခေါင်းထဲကို မရောက်တော့ လစ်လျူရှုနိုင်ပေမဲ့ စာလာဖတ်သူတွေကိုတော့ တကယ်ပဲ အားနာတယ်။ ဘလော့ဂ်မှာ အမျိုးသမီးတွေ ဘုန်းကြီးတွေလည်း စာလာဖတ်နေတော့ တကယ်ကို အားနာရတယ်။ နောက်တခါဆို မမေ့အောင် သတိထားတော့မယ်။ သူတို့ဘယ်လိုပဲ နှောင့်ယှက် နှောင့်ယှက် လူမလာအောင် ဘယ်လိုပဲလုပ်လုပ် သူတို့ဒီလိုလုပ်လေ လာလည်သူပိုများလေဆိုတာ လက်တွေ့ပဲ။



Nge Naing said...

ဒေါ်လာစားနဲ့ အဲဒီတယောက်က နာမည်အမျိုးမျိုးသုံး သူများနာမည်တွေသုံးပြီး မှတ်ချက်အတုတွေ လိုက်ရေးနေတာ တူတော့ လျှာအခွများတဲ့နေရာမှာ ဗိုလ်လုနေကြတာဖြစ်သလို တယောက်က မအိပ်နိုင်မစားနိုင် အချိန်ပြည့် ကျွန်မဘလော့ကို လာပြီး Attention ပေးသလို တယောက်ကတော့ သူ့ဘလော့ဂ်ကနေပြီး ကျွန်မ ဓါတ်ပုံတွေတင်ပြီး Attention ပေးရှာတယ်။ ကျွန်မမှာ ကိုယ့်ဘလော့ကိုယ်တောင် သူတို့လောက်အချိန်မပေးနိုင်ဘူး။ ကျွန်မကို မပတ်သက်ရမနေနိုင် နှစ်ယောက်သား အပြိုင်အဆိုင်ကို Attention Seeking လုပ်နေကြတယ်။

ဒေါ်လာစားဆိုရင် ကျွန်မကို Attention ပေးလာတာ အခုမှမဟုတ်ဘူး ၂၀၁၀ ဖေါ်ဖေါ်ဝါရီကတည်းကတောင်။ သူအရင်ဖွင့်ထားတဲ့ ဒေါ်လာစားဘလော့ဂါများဆိုတဲ့ဘလော့ဂ်ကို လူမလာကြတော့ အခု Myanmar Express ဆိုတဲ့ ဘလော့ဂ်ကို အသစ်ဖွင့်ပြီး လူချစ်လူခင်များတဲ့ သူတွေ၊ ချောမောလှပသူတွေရဲ့ ဓါတ်ပုံတွေ တင်ပြီး လူလာအောင် လုပ်ထားတယ်။ သူ့ဘလော့ဂ်မှာ သွားကြည့်လိုက်ရင် လူချစ်လူခင်များတဲ့သူတွေ၊ နာမည်ကြီးတွေ၊ ချောမောလှပသူတွေ ချည်းပဲ။ ထူးဆန်းတာက ကျွန်မက အေးအေးဆေးဆေးပဲ နေတတ်ပြီး ဒီလောက်လည်း လူချစ်လူခင်များတာ မဟုတ်ဘဲ၊ ချောမောလှပသူ တယောက်လည်း မဟုတ်ဘဲနဲ့ တခြား သူတွေရဲ့ ဓါတ်ပုံတွေနဲ့အတူ တွေ့ရတယ်။ ကျွန်မ ဓါတ်ပုံက ကျွန်မဘလော့ဂ်မှာတောင် သူ့ဘလော့ဂ်လောက် မစုံဘူး။ ကျွန်မကို မင်းသမီးများမှတ်နေလားမသိဘူး ဓါတ်ပုံတွေကို မြင်တဲ့နေရာက ခိုးပြီး သူ့ဘလော့ဂ်မှာ သိမ်းထားတယ်။ နောက်ထပ်လည်း ဓါတ်ပုံတွေ ထပ်ခိုးဖို့ လိုလို့ထင်တယ် Face book မှာ လာပြီး ကျွန်မကို Friend request လာလုပ်ထားသေးတယ်။ အခုလည်း အပေါ်က သူ့မှတ်ချက်မှာသာ ကျွန်မကို အမျိုးမျိုးခြိမ်းချောက်ထား၊ mg နဲ့ ဒေါ်လာစား နှစ်ယောက်စလုံးက သူတို့ဆရာနဲ့ ကျွန်မကို ပေးစားလိုပေးစား လုပ်နေကြပေမဲ့ တကယ်တန်းကျတော့ သူက နှစ်ယေက်က ကျွန်မကို ကျွန်မမိသားစုထက်တောင် ပိုပြီး Attention ပေးနေပြီး မပတ်သက်ရ မနေနိုင် အပြိုင်အဆိုင်ကို ဂရုစိုက်နေကြတာ သိသာတယ်။

July 20, 2011 11:40 AM

(( မငယ်နိုင်ပြန်ရေးထားတာတော်တော်မာကြောတယ်၊
ငါလုပ်ထားတဲ့ဆိုဒ်မှာငါကြိုက်တာဘဲရေး၊
အတ္တကိုရှေ့တန်းအရမ်းတင်ထားသလိုဘဲ၊ ))
လို့
စာဖတ်သူလူသစ် sithusoe ကေ၇းထားတယ်..



မငယ်နိုင်ကို စဉ်ဆက်မပြတ် ဆဲေ၇းတိုင်းထွာ နှောင့်ယှက်နေတဲ့ ၇ု၇က စစ်ဗိုလ်တွေကို
မငယ်နိုင်က ခပ်ဆတ်ဆတ် တုံ့ပြန်သင့်လို့ ခပ်ဆတ်ဆတ် တုံ့ပြန်ထားတာပါ..

(( မငယ်နိုင်ပြန်ရေးထားတာတော်တော်မာကြောတယ် )) လို့
စာဖတ်သူလူသစ် sithusoe က ပြောနေတာဟာ
Sithusoe က
၇ု၇ှက စစ်ဗိုလ်တွေ၇ဲ့ ညစ်ပတ်ယုတ်မာ အောက်တန်းကျပုံ အဖုံဖုံကို မသိလို့ ပြောနေတာပါ..

မငယ်နိုင်ကို အထင်လွဲချင်တဲ့ sithusoe အပါအဝင် လူသစ်တွေ အနေနဲ့
အခု comment ၇ဲ့ အပေါ်ကပ်လျက်က comment
(၇ု၇ှကစစ်ဗိုလ်တွေ (အထူးသဖြင့် mg) နဲ့
ကြေးစားဘလော့ဂါ ဒေါ်လာစား က ဘလော့ရှင် မငယ်နိုင်ကို နှောင့်ယှက်နေပုံ)
ကို ဖတ်မိ၇င်တော့ အဖြစ်မှန်ကို အပြည့်အဝ မဟုတ်တောင်
၇ိပ်ဖမ်းသံဖမ်းလောက်တော့ နားလည်သွားမှာပါ..



၇ု၇ှကစစ်ဗိုလ်တွေက မငယ်နိုင် ကို
ရိုင်းရိုင်းစိုင်းစိုင်း ဆဲေ၇းတိုင်းထွာလုပ်တာေ၇ာ၊ စော်ကားနှောင့်ယှက်နေတာေ၇ာကို
(( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) post
( http://nge-naing.blogspot.com/2011/07/blog-post_14.html ) မှာ
ပြည်သူ့ဘက်သား ကိုစစ်နိုင် က (( ငယ်နိုင်လမ်း )) ကဗျာထဲမှာ ထည့်စပ်ထားပါတယ်..

sithusoe အပါအဝင် လူသစ်တွေ အနေနဲ့
အဖြစ်မှန်ကို မသိပဲ မငယ်နိုင်ကို အထင်လွဲပြီး
(( မငယ်နိုင်ပြန်ရေးထားတာတော်တော်မာကြောတယ် )) လို့
လွယ်လွယ်နဲ့ ကောက်ချက်မချခင်မှာ
ကိုစစ်နိုင်၇ဲ့ (( ငယ်နိုင်လမ်း )) ကဗျာ ကိုေ၇ာ၊
ကဗျာအောက်မှာ မငယ်နိုင် ၇ှင်းပြထားတာတွေေ၇ာ၊
post အောက်က comments တွေကိုရော
ဖတ်ဖြစ်အောင် ဖတ်ပါလို့ အကြံပေးလိုပါတယ်..


(( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) post

http://nge-naing.blogspot.com/2011/07/blog-post_14.html

၇ု၇ှကစစ်ဗိုလ်တွေက ဆဲဆိုနှောင့်ယှက်တာကို မငယ်နိုင်က အံတုပြီး သမိုင်းမှန်ကို တင်ပြနေတာကို ဂုဏ်ပြုစပ်ဆိုထားတဲ့ ငယ်နိုင်လမ်း ကဗျာ

(ခေါင်းစဉ်ကို နှိပ်ပြီး (( ငယ်နိုင်လမ်း )) ကဗျာကို သွားဖတ်နိုင်ပါတယ်။)


၇ု၇ှကစစ်ဗိုလ်တွေက မငယ်နိုင် ကို
ရိုင်းရိုင်းစိုင်းစိုင်း ဆဲေ၇းတိုင်းထွာလုပ်တာေ၇ာ၊ စော်ကားနှောင့်ယှက်နေတာေ၇ာကို

(( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) post

( http://nge-naing.blogspot.com/2011/07/blog-post_14.html ) မှာ

ပြည်သူ့ဘက်သား ကိုစစ်နိုင် က (( ငယ်နိုင်လမ်း )) ကဗျာထဲမှာ ထည့်စပ်ထားပါတယ်..


sithusoe အပါအဝင် လူသစ်တွေ အနေနဲ့
အဖြစ်မှန် အပြည့်အစုံကို မသိပဲ မငယ်နိုင်ကို အထင်လွဲပြီး
(( မငယ်နိုင်ပြန်ရေးထားတာတော်တော်မာကြောတယ် )) လို့
လွယ်လွယ်နဲ့ ကောက်ချက်မချခင်မှာ
ကိုစစ်နိုင်၇ဲ့ (( ငယ်နိုင်လမ်း )) ကဗျာ ကိုေ၇ာ၊
ကဗျာအောက်မှာ မငယ်နိုင် ၇ှင်းပြထားတာတွေေ၇ာ၊
post အောက်က comments တွေကိုရော
ဖတ်ဖြစ်အောင် ဖတ်ပါလို့ အကြံပေးလိုပါတယ်..


(( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) post

http://nge-naing.blogspot.com/2011/07/blog-post_14.html

ငါ တောင် ဒီဘလော.မရောက်ဖြစ်တာ အတော်ကြာပြီ၊ ဘယ်သူမှလည်း mg ဆိုတဲ. နာမည်နဲ.ရေးထားတာ မတွေ.ပါဘူး.. ဒါပေမယ်. ငါ.ကို ပြောထားတာတွေက မနည်းပါလား.. လူတွေအပေါ် အဲ.လောက်လွမ်းမိုးနိုင်တဲ. အရည်ချင်းရှိမှန်း ခုမှသိတယ်.. ဆက်ရေး ဆက်ရေး.. မငယ်နိုင်လည်း နောက်ထပ် ပိုစ်.အဟောင်းတွေကို အသစ်လုပ်ပြီး ပြန်တင်ပါအုံး။ မငယ်နိုင်အားယားနေတာပဲ။

SLIP က မငယ်နိုင်ကို အသာလေး နားရွက် တံတွေးစွပ်နေတာ.. http://myanmarastronomy.blogspot.com/ အဲဒါ SLIP လုပ်ထားတဲ. နည်းပညာဆိုင်ရာ ဘလော.ပေါင်းများစွာထဲက တစ်ခုဗျ.. မငယ်နိုင်က အရှက်မရှိသွားရေးတာကိုး.. ၊ ကိုယ်.ကို အဖတ်မလုပ်ချင်တာများ ကင်းအောင်နေစမ်းပါ.. အရင်တခါလည်း သူ. Group က ပိုစ်.ကို ကော်ပီလုပ်ပြီး ပိုစ်.ပြန်တင်လို. admin SV နဲ. Group member တွေက မငယ်နိုင်ကို လာဆုံးမတုန်းကလည်း မငယ်နိုင် ခမျာ လှိမ်.နေအောင် ခံခဲ.ရဖူးတယ်။ မငယ်နိုင်ကတော. ခံဖက်ကချည်းပဲ..

မငယ်နိုင် တစ်ယောက်လည်း အရင်ဆုံး ဇော်မျိုးကြောင့် ပိတ်လိုက်ဖွင့်လိုက်လုပ်ရ၊ နောက်ထပ် မောင်မောင်ယဉ်ကျေးကြောင့် ပိတ်လိုက်ဖွင့်လိုက်လုပ်ရ၊ ခုတခါ ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် ကြောင့် ပိတ်လိုက်ဖွင့်လိုက် လုပ်နေရပြန်ပြီ။ ဘလော့လောက မှာ ယောက်ျားငယ်ငယ်လေးတွေနဲ့ အမြဲတမ်းပြဿနာ တက်နေတတ်တဲ့ မိန်းမကြီးဆိုလို့ မငယ်နိုင် တစ်ယောက်ပဲ ရှိတယ်။

နိုင်ငံရေးဘလော့ပေါင်းများစွာဖတ်ဖူးပါတယ် ဒီဘလော့လောက်အဆင့်နိမ့်တဲ့ဘလော့ တစ်ခါမှမတွေ့ဖူးဘူး။ နောက်ဘယ်တော့မှမလာဘူး။ အချိန်တောင် နှမျှောတယ်။

အဲဒီ စစ်ခွေးတွေက တော်တော်အာရုံ နောက်တာဘဲ၊ မင်းတို့ အလုပ် အကိုင် မရှိဘူးလား? တော်တော် အားနေကြလား? လူတိုင်းက အဖက်မလုပ်ချင်တာလဲ မပြောနဲ့၊ ပြောလည်း အမှတ်မရှိ၊ အရှက် ကလည်း မရှိ၊ တကယ့် တောကြို အုံကြား စရိုက်တွေ..

ရုရှားက စစ်ဗိုလ် ပညာတော်သင် ဆိုတဲ့ ယောကျာ်းရင့်မကြီးတွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ အမျိုးသမီးတယောက်ကို ဝိုင်းတိုက်နေလိုက်တာ အံ့သြကုန်နိုင်ဘွယ်ပါဘဲ ...
ရုရှားက စစ်ဗိုလ်တွေ လူ့ ကျင့်ဝတ်ကို မလိုက်နာတာက ကမ်းကုန်တယ် ...

ငယ်နိုင်လမ်း ကဗျာစာသားတွေ မှန်တယ်ဆိုတာကို ရုရှားက စစ်ဗိုလ်တွေက နေ့ တိုင်းနီးပါး လာပြီး သက်သေပြနေတာကိုး ...



ဒီမနက် တမနက်ထဲမှာ ရုရှားက စစ်ဗိုလ်တွေက မငယ်နိုင်ရဲ့ ပို့ စ် ပေါင်းစုံမှာ -

(၁) mg (၂) Anonymous (July 27, 2011 4:01 AM) (၃) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:02 AM) (၄) Anonymous (July 27, 2011 4:05 AM) (၅) ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:05 AM) (၆) ဦးသူတော် (၇) Anonymous (July 27, 2011 4:10 AM) (၈) Anonymous (July 27, 2011 4:12 AM) (၉) Anonymous (July 27, 2011 4:13 AM) (၁ဝ) အိုပါး (ခေတ္တကိုရီးယား) (၁၁) ဘိုဘိုလွင်

ဆိုတဲ့ နာမည်တွေကို သုံးပြီး မငယ်နိုင်ကို ပက်ပက်စက်စက် ဆဲတာတွေ၊ မိုက်မိုက်ရိုင်းရိုင်း ပုတ်ခတ်တာတွေ၊ မမှန်သတင်း ရေးတာတွေ၊ အရေမရအဖတ်မရ ပေါတောတော ပေါက်ကရ ရေးတာတွေ လုပ်သွားပြန်ပြီ ...

ရုရှားက စစ်ဗိုလ် ပညာတော်သင်တွေက သူတို့အမေ အရွယ်၊ အဒေါ် အရွယ်လောက် ရှိတဲ့ မငယ်နိုင်ကို ဝိုင်းတိုက်နေလိုက်တာ ပြောမယုံ ကြုံဘူးမှသိရတော့တယ် ...



((( ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။ )))

ဆိုတဲ့ ကိုစစ်နိုင် ရဲ့ ငယ်နိုင်လမ်း ကဗျာထဲက ကဗျာစာသား အတိုင်းကို ဖြစ်နေတော့တာဘဲ ...

ဒီမိုကရေစီလိုလားသူ ကိုစစ်နိုင်က ဒီမိုကရေစီ တိုက်ပွဲကို ကိုယ်ကျိုးမဖက် တက်တက်ကြွကြွ ဆင်နွှဲလာတဲ့ မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာပါ ...


ငယ်နိုင်လမ်း


အော်စီမှာ အခြေချလာရင်း
မငယ်ဟာ ကျောင်းပြန်တက်၊ ဘလော့ရေးလျက် အလုပ်ဆင်း။

ရေးရလဲ မသက်သာ
အဖျက်ဆရာ "ဒေါ်လာစား" ၊ စော်ကားလို့လာ
"အိုပါး" နဲ့ "hanzaw" ပါ၊ ငယ်နိုင်မ ရန်ဘေး
"တုတ်ကြီး" ခေါ် တိရစ္ဆာန်လေး၊ ဘန်းရပြန်သေး။

ဘန်းခဲ့လဲ မသက်သာ
နောက်တချီ "စစ်သည်" ၊ "Slip" က၊ ထိုးနှက်ပြန်ပါ
"mg" ကိုယ်ခွဲ "zaw" ၊ "သူတော်" ဟာ၊ ငယ်နိုင်ကို ဝိုင်းကာသမ
Comment မှာ ရိုင်းလာကြ၊ ပိတ်လိုက်ပြန်ရ။

ပိတ်ပြန်လဲ မသက်သာ
C-Box ဝယ် ရုရှားနယ်က၊ ခွေးထွက်လို့လာ
ခွေးအုပ်မှာ တရာ၊ နှစ်ရာ၊ ငယ်နိုင်ဟာ တကိုယ်ထဲ
ခွေးဟောင်သံ ကြံ့ကြံ့ခံလို့
ငယ်နိုင်မှန် အံကိုခဲ၊ ပန်းပန်လျက်ပဲ။


စစ်နိုင်
(၁၇-၆-၂ဝ၁၁)


(ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာကို မှီးပြီး စပ်ထားတဲ့ ကဗျာလေးပါ။

ရုရှားရောက် ပညာတော်သင် စစ်ဗိုလ်တွေက ဘလော့ရှင် မငယ်နိုင်ကို ပက်ပက်စက်စက် အောက်တန်းကျကျ ဆဲဆိုတာ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်စော်ကားတာ၊ မမှန်သတင်းတွေကို လုပ်ကြံဖန်တီးရေးသားပြီး ဘလော့ရှင်ကို နာမည်ဖျက်တာ၊ အရည်မရအဖတ်မရ စကားတွေ ရေးသားပြီး နှောင့်ယှက်တာ၊ ဘလော့အတု လုပ်ပြီး ညစ်ညမ်းပုံနဲ့ ညစ်ညမ်းစာသားတွေ တင်ပြီး ဘလော့ရှင်ကို သိက္ခာချတာ၊ ဘလော့နဲ့ အီးမေးလ်အတွင်း ထိုးဖောက်ဝင်ရောက်ပြီး ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ကိုယ်ရေးကိုယ်တာ အီးမေးလ်တွေကို ခိုးယူပြီး ဖွင့်ချမယ် လို့ ခြိမ်းခြောက်တာတွေ အပါအဝင် နည်းမျိုးစုံနဲ့ နှောင့်ယှက်နေတဲ့ ကြားက ပြည်သူတွေဘက်က ရပ်တည်ပြီး အမှန်ကိုအမှန်အတိုင်း ဆက်လက် ရေးသားတင်ပြနေတဲ့ ဘလော့ရှင် မငယ်နိုင် ရဲ့ အဖြစ်ဟာ ဆရာကြီးဇော်ဂျီ ရဲ့ "ဗေဒါလမ်း" ကဗျာထဲက အနှောင့်အယှက်၊ ဘေးရန် အဖုံဖုံကို ကြံ့ကြံ့ခံ အံတုရင်း ခရီးဆက်နေတဲ့ ဗေဒါပန်း ရဲ့ အဖြစ်နဲ့ တူနေတာကို သတိထားမိလို့ မငယ်နိုင် မွေးနေ့ အမှတ်တရ အဖြစ် စပ်ဖြစ်သွားတာပါ။

စစ်နိုင်)


ကိုစစ်နိုင်က မငယ်နိုင်ကို ဂုဏ်ပြုပြီး စပ်ဆိုထားတဲ့ "ပန်းပန်လျက်ပဲ" သို့မဟုတ် "ငယ်နိုင်လမ်း" ကဗျာကို
မငယ်နိုင်ရဲ့ (( ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း )) ပို့ စ်မှာ တင်ထားပါတယ် ...

http://nge-naing.blogspot.com/2011/07/blog-post_14.html

ဟိတ်ကောင် mg
(သို့မဟုတ်)
Anonymous (July 27, 2011 4:01 AM`)

မင်း ယောကျာ်းမဟုတ်ဘူးလားကွ
(( http://myanmarastronomy.blogspot.com/ မှာ မငယ်နိုင်က အရှက်မရှိသွားရေးတာကိုး.. )) ဆိုပီး လာလိမ်မနေနဲ့
Myanmar Astronomy blog မှာ မင်းဘဲ Nge Naing နာမည်သုံးပီး ပေါက်က၇အလေနတောစကားတွေေ၇းထားတာ လူအတော်များများသိနေပီကွ
ဒါကို မင်းကအ၇ှက်မ၇ှိဘဲ (( မငယ်နိုင်က အရှက်မရှိသွားရေးတာကိုး.. )) ဆိုပီး ဗြောင်လိမ်ဗြောင်စားလာေ၇းမနေနဲ့
မဟုတ်မဟတ်လုပ်ဇာတ်တွေကို ကလိမ်ကကျစ်လုပ်ပီးလာလာေ၇းနေတာမ၇ှက်ဘူးလားကွ

ဟိတ်ကောင် mg
(သို့မဟုတ်)
ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် (July 27, 2011 4:02 AM)

မင်း ယောကျာ်းမဟုတ်ဘူးလားကွ
မင်းက မငယ်နိုင်ကိုဆဲတာကို မင်းနာမည် mg နဲ့ မဆဲဘဲ ဘာဖြစ်လို့ ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် ဆိုတဲ့ မင်းအဖေနာမည်နဲ့ဆဲနေတာလဲကွ
ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင် ဆိုတာ မင်း၇ဲ့အဖေကြီးလား၊ ဒါမှမဟုတ် မင်း၇ဲ့အဖေငယ်လား
မင်းအဖေ ဟာဂျီအဗ္ဗဒူလ်မိုဟာမက်ဒီနစ်ဘိုင်က မင်းကိုမဆုံးမထားဘူးလားကွ
ခွေးစကားတွေကို လူတွေစကားပြောနေတဲ့နေ၇ာမှာ ဝင်ရေးပီးမိုက်ရိုင်းနေလိုက်တာ

C-Box မှ မှတ်ချက်


27 Jul 11, 01:42 PM
Nge Naing: သိင်္ဂါကျော် နာမည်နဲ့ အတုလာရေးသွားသူရဲ့ မှတ်ချက်ကို ဖျက်လိုက်ပြီး IP ကိုမှတ်ထားပါတယ်။ သူများနာမည်နဲ့ နောက်ထပ် ဒီလိုလာရေးရင် ဒီ IP ကို ပိတ်မယ်ဆိုတာ ကြိုပြီး အသိပေးလိုက်ပါတယ်။

အမက မြတ်ဗုဒ်ဓရဲ့မေတ္တာတရားလို့ခေါင်းစဉ်တပ်ထားပြီး၊
အေးချမ်းတဲ့မေတ္တာတရားနဲ့အနိုင်မယူဘဲဒေါသနဲ့အနိုင်
ယူချင်နေတာကိုး၊အနိုင် အရှုံးသံသာရာတော့လည်နေအုန်းတော့
မှာဘဲ၊မြတ်ဗုဒ်ဓရဲ့အဆုံးအမတွေကိုကျေကျေနပ်နပ်လက်ခံပေးလိုက်ပါအမ
ရယ်၊အေးချမ်းစေချင်လို့ပါ၊

27 Jul 11, 02:31 PM
ခွန်း: ၂၀၀၈ ခုနှစ်က ကျနော်ရေးခဲ့ဘူးတဲ့ ပို့စ် တစ်ခုကို ဒီနေ့ ဒီဘလော့ဂ်မှာ ပြန်တွေ့ လိုက်ရလို့ ဝမ်းသာမိသလိုလို၊ အံသြမိသလိုလို ဖြစ်မိပါတယ်

27 Jul 11, 02:55 PM
ခွန်း: ကမ္ဘာပျက်မဲ့ကိစ္စကို စဖွတဲ့သူတစ်ယောက်လိုမျိုး ကိုယ့်ကိုယ်ကို မလုံမလဲလဲ ဖြစ်ရပါတယ်။ အဲဒီကိစ္စကို ၂၀၀၈ ခုနှစ်ကတည်းက ကျနော်ရှင်းပြပြီးသားပါ။ ကမ္ဘာပျက်မယ်ဆိုတဲ့ပို့စ်ကိုပဲ ရွေးကူးကြတဲ့အတွက် စိတ်မကောင်းပါဘူး

27 Jul 11, 02:57 PM
ခွန်း: ကမ္ဘာတကယ်ပျက်မပျက် ကျနော့်အမြင်ကို ( http://myanmarastronomy.blogspot.com/2008/10/blog-post.html ) မှာ ဖော်ပြထားပါတယ်။ ကူးယူတဲ့သူတွေက အဲဒီ ရှင်းလင်းချက်ကိုပါ ဖော်ပြပေးစေချင်ပါတယ်



27 Jul 11, 03:08 PM
Nge Naing: အခုလာရေးတဲ့သူက Myanmar Astronomy က ခွန်းအစစ်အမှန်ဆိုရင် အဲဒီဘလော့ဂ်က C-Box မှာ Nge Naing နာမည်နဲ့ နှစ်ခုရှိတဲ့အနက် ပေါက်ကရ ရေးထားတဲ့ ဒုတိယခုကို အစ်မ ရေးခဲ့တာ မဟုတ်တဲ့အတွက် ဖျက်ပေးဖို့ မေတ္တာရပ်ခံပါတယ်

27 Jul 11, 04:33 PM
Nge Naing: ခွန်းဘလော့ဂ်မှာ မှတ်ချက်သွားရေးပြီး သူတို့ရေးထားတဲ့ မှတ်ချက်ကို သူတို့ပဲ ပြန်ကူးလာတယ်။ ပြီးတော့ ငယ်နီုင်က Slip လုပ်ထားတဲ့ ဘလော့ဂ်မှာ နေမနိုင်ထိုင်မနိုင် သွားရေးတယ်ဆိုပြီး ဒီမှာ ပြဿနာလာရှာကြတယ်။

27 Jul 11, 04:35 PM
Nge Naing: ခွန်းပြောတဲ့ ပို့စ်ကို နောက်အချိန်ရမှ သွားဖတ်ပြီး မှတ်ချက်မှာ ဖြစ်စေ၊ ပို့စ်ထဲမှာ ဖြည့်ပြီး ဖြစ်စေ ထည့်ပေးလိုက်မယ်။ အခုလည်း နောက်ပိုင်း NASA ကထွက်တဲ့ Update တွေကို မှတ်ချက်မှာ လာရေးပေးသူတွေ ရှိပါတယ်။

သားမွေးနေ့ ပြီးတာနဲ့ ဆက်တိုက်ဆိုသလိုပဲ အလုပ်များပြီး ကျွန်မ ဒီနေ့ဆွမ်းလှည့်ကျလို့ မနေ့ကနဲ့ ဆွမ်းချက်ဖို့အတွက် ဈေးဝယ်၊ ညကချက်ပြုတ်၊ ဒီမနက် ဆွမ်းပို့ဖို့ ဆွမ်းပွဲပြင် နဲ့ အလုပ်များနေလို့ ဘလော့ဂ်ကို ပြန်မကြည့်ဖြစ်ရာကနေ အားတဲ့အချိန်မှ ဘလော့ဂ်ထဲ ၀င်လာတော့ သူများ ကုသိုလ်ရေးနဲ့ အလုပ်များနေချိန်မှာ အားအားလျားလျား အကုသိုလ် လာပွားထားတဲ့ သတ္တ၀ါတွေကလည်း ရှိသေးပါလားလို့ တရားရမိတယ်။ ၀ါတွင်းကာလမှာ ကိုယ်တိုင် ကုသိုလ်မလုပ်နိုင်ရင်လည်း ထားပါတော့ သူများကုသိုလ်လုပ်တာကို သာဓုခေါ်ကာ ကုသိုလ်ယူပြီး အကုသိုလ်ကိုတော့ ရှောင်သင့်တာပေါ့။ အခုတော့ မရှောင်နိုင်တဲ့အပြင် ၀ါတွင်းမှာတောင် သူတပါးကို အဘိဇ္ဇာမပွား၊ အကုသိုလ် မပွားရရင် မနေနိုင်တဲ့ ၀ဋ်ကျွေးက တော်တော်လေးကို မသေးတဲ့ ၀ဋ်ကျွေးပါလားလို့ပဲ နားလည်လိုက်ပြီး ဂရုဏာ သက်မိပါတယ်။ ဒါကြောင့်မို့ ကျွန်မဘက်က ဂရုဏာသင့်ပြီး ၀င်ပြောကြသူအားလုံးကို သူတို့လာပွားတဲ့ အကုသိုလ်ကို မျှဝေ မယူကြဘဲ ကျွန်မအပေါ် ပွားတဲ့ ဂရုဏာကို ကျွန်မထက် ကုသိုလ်ပါရမီ နည်းပါးလှတဲ့ သူတွေကိုပဲ ပြန်ပွားပေးလိုက်ပါလို့ အကြောင်းပြန်ပါရစေ။

အရေးတယူ အဖက်လုပ်ပြီး ပြန်ပြောနေစရာ မလိုတဲ့ ပြဿနာ လာရှာသူတွေကို ဘာမှ ပြောမနေတော့မှာ မဟုတ်ပေမဲ့ Slip ကို မပတ်သက်ရရင် မနေနိုင်လို့ လာစော်ကား ပြောသွားတဲ့ Anonymous (July 27, 2011 4:01 AM) ကိုတော့ ခါတိုင်းဆို ပြဿနာ လာရှာတာကို အသိအမှတ်ပြုနေရမှာစိုးလို့ ဒီမှတ်ချက်ကို ဖျက်ခဲ့ပါတယ်။ အခုတော့ ပို့စ်ပိုင်ရှင် ခွန်းကိုယ်တိုင် C-Box မှာ လာရေးထားတဲ့ မှတ်ချက်တွေကို ပြန်ဖေါ်ပြရင်း အကြောင်းပြန်လိုက်တယ်။ ဘယ်သူကဘယ်သူ့ကို ပတ်သက်လို့ ဘယ်လိုမိတ်ဆွေဖြစ်လာပြီး ဘယ်လိုမိတ်ပျက်သွားခဲ့တယ်ဆိုတာ သိအောင်တော့ နောက်ပိုင်း သိချင်သူတွေ များလာရင် ပို့စ်တခုလောက် တင်ပေးဖို့ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်လပိုင်းကတောင် တင်ဖို့လုပ်တာကို မလိုအပ်ဘူးလို့ အကြံပြုသူတွေရဲ့ သဘောထားကို လက်ခံပြီး မတင်ဖြစ်ဘူး။ နောက်ပိုင်းတာ့ အဲလို စော်ကားသူတွေ များလာရင် အမှန်တရားသိအောင်တော့ ပြောဖို့လိုရင် ပြောရလိမ့်မယ်လို့ ဆုံးဖြတ်ထားပါတယ်။ ဒါကတော့ နောက်မှပါ။ အခုလောလောဆယ်တော့ Myanmar Astronomy ဟာ Slip ရဲ့ဘလော့ဂ်မဟုတ် ခွန်းရဲ့ ဘလော့သာ ဖြစ်တယ်ဆိုတာနဲ့ ဘလော့ဂ်ပိုင်ရှင်ကိုယ်တိုင် C- Box မှာ လာရေးထားတာကို ကျွန်မအကြောင်းပြန်ထားတာလေးပဲ ဖတ်ကြည့်လိုက်ပါ။
27 Jul 11, 02:32 PM
ခွန်း: ၂၀၀၈ ခုနှစ်က ကျနော်ရေးခဲ့ဘူးတဲ့ ပို့စ် တစ်ခုကို ဒီနေ့ ဒီဘလော့ဂ်မှာ ပြန်တွေ့ လိုက်ရလို့ ဝမ်းသာမိသလိုလို၊ အံသြမိသလိုလို ဖြစ်မိပါတယ်

27 Jul 11, 02:55 PM
ခွန်း: ကမ္ဘာပျက်မဲ့ကိစ္စကို စဖွတဲ့သူတစ်ယောက်လိုမျိုး ကိုယ့်��ိုယ်ကို မလုံမလဲလဲ ဖြစ်ရပါတယ်။ အဲဒီကိစ္စကို ၂၀၀၈ ခုနှစ်ကတည်းက ကျနော်ရှင်းပြပြီးသားပါ။ ကမ္ဘာပျက်မယ်ဆိုတဲ့ပို့စ်ကိုပဲ ရွေးကူးကြတဲ့အတွက် စိတ်မကောင်းပါဘူ
27 Jul 11, 02:57 PM
ခွန်း: ကမ္ဘာတကယ်ပျက်မပျက် ကျနော့်အမြင်ကို [link] မှာ ဖော်ပြထားပါတယ်။ ကူးယူတဲ့သူတွေက အဲဒီ ရှင်းလင်းချက်ကိုပါ ဖော်ပြပေးစေချင်ပါတယ်

27 Jul 11, 03:08 PM
Nge Naing: အခုလာရေးတဲ့သူက Myanmar Astronomy က ခွန်းအစစ်အမှန်ဆိုရင် အဲဒီဘလော့ဂ်က C-Box မှာ Nge Naing နာမည်နဲ့ နှစ်ခုရှိတဲ့အနက် ပေါက်ကရ ရေးထားတဲ့ ဒုတိယခုကို အစ်မ ရေးခဲ့တာ မဟုတ်တဲ့အတွက် ဖျက်ပေးဖို့ မေတ္တာရပ်ခံပါတယ်
27 Jul 11, 04:33 PM
Nge Naing: ခွန်းဘလော့ဂ်မှာ မှတ်ချက်သွားရေးပြီး သူတို့ရေးထားတဲ့ မှတ်ချက်ကို သူတို့ပဲ ပြန်ကူးလာတယ်။ ပြီးတော့ ငယ်နီုင်က Slip လုပ်ထားတဲ့ ဘလော့ဂ်မှာ နေမနိုင်ထိုင်မနိုင် သွားရေးတယ်ဆိုပြီး ဒီမှာ ပြဿနာလာရှာကြတယ်။
27 Jul 11, 04:35 PM
Nge Naing: ခွန်းပြောတဲ့ ပို့စ်ကို နောက်အချိန်ရမှ သွားဖတ်ပြီး မှတ်ချက်မှာ ဖြစ်စေ၊ ပို့စ်ထဲမှာ ဖြည့်ပြီး ဖြစ်စေ ထည့်ပေးလိုက်မယ်။ အခုလည်း နောက်ပိုင်း NASA ကထွက်တဲ့ Update တွေကို မှတ်ချက်မှာ လာရေးပေးသူတွေ ရှိပါတယ်။
27 Jul 11, 05:03 PM
Nge Naing: ဒီပို့စ်ကို ပြန်ဖေါ်ပြတာ ရွေးကူးတာတော့ မဟုတ်ဘူး။ ကိုကိုးအိမ်ဘလော့ဂ်မှာ ဒီပို့စ်ကိုပဲ တွေ့လို့ ဒီပို့စ်ကိုပဲ ပြန်ဖေါ်ပြတာ ဖြစ်ပြီး သူကလည်း ခွန်းဆီက ပြန်ကူးတယ်ဆိုတာ နောက်မှ သိရတယ်။