မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ဧရာဝတီကို ဘာကြောင့်များ ဖျက်ဆီးချင်ရတာလဲ

"ဧရာဝတီမြစ်ကြီး တကယ်ပဲ ပျက်စီးသွားမှာပါလားလို့ သိလိုက်ရတဲ့အချိန်မှာ အိပ်မက်ဆိုးကြီးတခုမက်ပြီး လန့်နိုးလာသူတယောက်လို ကျွန်မ တုန်လှုပ်ချောက်ချားစွာ ခံစားလိုက်ရပါတယ်"


ရာဇ၀င်များရဲ့ သတို့သမီး (တေးရေး၊ တေးဆို - ထူးအိမ်သင်)



ကိုအောင်ဒင်ရေးတဲ့ ဧရာဝတီကို ကာကွယ်ကြစို့ နှင့် ဧရာဝတီကို ကယ်တင်ကြစို့ ဆိုတဲ့ ပို့စ်နှစ်ခုကို အခုမှ ဖတ်မိတော့ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီးရော မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီးပါ မသိခဲ့တဲ့ ဗဟုသုတွေ အများကြီး သိလိုက်ရလို့ စာရေးသူ ကိုအောင်ဒင်နဲ့ တင်ပေးတဲ့ မိုးမခနဲ့ နေ့သစ်ဆိုက်ကို ကျေးဇူးအထူး တင်မိပါတယ်။ မြစ်ဆုံ ရေကာတာ စီမံကိန်းအကြောင်းကို ကြားသိနေရပေမဲ့ ဒီလောက်အထိ မသိထားတော့ လူတွေအတွက်ရော သဘာဝပတ်ဝန်းကျင်အတွက်ပါ ဒီလာက်အထိ ကြောက်မက်ဖွယ် ကောင်းလောက်အောင် အန္တရယ်ကြီးမားနိုင်တယ်လို့ မထင်ထားဘူး။ ပညာရှင်တွေက လေ့လာပြီး အန္တရယ်ရှိပါတယ်ဆိုတာကို ထောက်ပြတာကို လက်မခံဘဲ ဘာကြောင့်များ ဧရာဝတီကို ဖျက်ဆီးချင်ရတယ်ဆိုတာ နားမလည်နိုင် ဖြစ်ရတယ်။ ဒီပို့စ်နှစ်ခုကို အခုမှ ဖတ်မိပြီး ဒီအရပ်ဝတ် ဒီမိုကရေစီဟန်ဆောင် စစ်အစိုးရရဲ့ မြစ်ဆုံရေကာတာ စီမံကိန်းကြီးသာ အောင်မြင်သွားရင် မြန်မာပြည်ရဲ့ အသက်သွေးကြောလည်းဖြစ် အလှကျက်သရေဆောင်လည်း ဖြစ်တဲ့ ဧရာဝတီမြစ်ကြီး တကယ်ပဲ ပျက်စီးသွားမှာပါလားလို့ သိလိုက်ရတဲ့အချိန်မှာ အိပ်မက်ဆိုးကြီးတခုမက်ပြီး လန့်နိုးလာသူတယောက်လို ကျွန်မ တုန်လှုပ်ချောက်ချားစွာ ခံစားလိုက်ရပါတယ်။ ခံစားရတာကို ပို့စ်ရှည်ရှည်ဝေးဝေးရေးချင်ပေမဲ့ ရေးဖို့အချိန်ကလည်း မရသေးတော့ ကိုအောင်ဒင်ရဲ့ ပို့စ်တွေကိုပဲ ပြန်လည်ဖေါ်ပြညွန်ပြပြီး ကွယ်လွန်သွားပြီးဖြစ်တဲ့ ဆိုတော်နှစ်ယောက်က ဧရာဝတီရဲ့ ဂုဏ်ပုဒ်တွေနဲ့ အလှအပတွေကို စပ်ဆိုထားတဲ့ သီချင်းနှစ်ပုဒ်ကိုပဲ တင်လိုက်ပါတယ်။


ဧရာဝတီ (တေးရေး၊ တေးဆို - ခင်ဝမ်း)



မေခမေလိခမြစ်နှစ်ခုဆုံပြီး ဖြစ်လာတဲ့ ဧရာဝတီဟာ မြစ်ဆုံရေကာတာကြီး ဆောက်ပြီးရင်တော့ အခုပေါ်မှာ ထူးအိမ်သင်နဲ့ ခင်ဝမ်း စပ်ဆိုထားတဲ့ သီချင်းထဲက အလှကျက်သရေ ဂုဏ်ပုဒ်တွေမက ဧရာဝတီနဲ့ ဧရာဝတီကို အမြှီပုနေတဲ့ သက်ရှိသက်မဲ့တွေ ဘယ်လိုပျက်စီးပျောက်ကွယ်သွားမယ်ဆိုတာ တရုတ်နိုင်ငံက မြစ်ဝါမြစ်ကြီး ပျက်စီးသွားပုံနဲ့ ဥပမာပေးပြီး အောက်ကဆောင်းပါးနှစ်ပုဒ်မှာ စာရေးသူ ကိုအောင်ဒင်က အသေးစိတ် သုံးသပ်ဖေါ်ပြထားပါတယ်။ တရုတ်နိုင်ငံက မြစ်ဝါမြစ်တစင်း ပျက်စီးသွားလည်း သူ့နိုင်ငံမှာ မြစ်ဝါမြစ်လို အသုံးဝင်တဲ့ တခြားမြစ်တွေ ရှိသေးလို့ တရုတ်နိုင်ငံကို သိသိသာသာ မထိခိုက်ပေမဲ့ မြန်မာနိုင်ငံမှာတော့ ဧရာဝတီပျက်စီးရင် ဧရာဝတီမြစ်ထက် ပိုပြီးအသုံးဝင်တဲ့မြစ် မရှိလို့ အဓိက နှလုံးသွေးကြောကို ပိတ်လိုက်တာနဲ့ တူတဲ့အတွက် ဘာတွေ ဖြစ်သွားနိုင်လဲဆိုတာ ဒီဆောင်းပါးနှစ်ပုဒ်ကို ဖတ်ပြီး မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်တွေ့ရမှာ ဖြစ်တယ်။ ဧရာဝတီရဲ့ ဂုဏ်ကျက်သရေတွေကို ရှုစားနားထောင် ဖတ်ရှုပြီး ဧရာဝတီကို မပျက်စီးအောင် အားလုံး ၀ိုင်းဝန်း ကာကွယ်နိုင် ကယ်တင်နိုင်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။

ဧရာဝတီကို ကာကွယ်ကြစို့ (အောင်ဒင်)

Yellow River

(၁) ကွယ်လွန်သွားသော မြစ်ကြီးများ

မြစ်ကြီးတစင်းရဲ့ အဓိက ရှင်သန်မှုက ခရီးမိုင်ပေါင်းများစွာ၊ တောင်တန်းတွေ၊ တောအုပ်တွေ၊ ရှိုမြောင်တွေ၊ လွင်ပြင်တွေ၊ မြို့ရွာတွေ၊ အကွေ့အကောက် ထောင်ပေါင်းများစွာကို ဖြတ်သန်းစီးဆင်းပြီး ပင်လယ် (သို့မဟုတ်) သမုဒ္ဒရာ ထံ ပေါင်းစပ် ခိုလှုံရခြင်းပါ။ ပင်လယ်ထံ ရောက်အောင်မစီးဆင်းနိုင်တော့တဲ့ မြစ်ကြီးတွေကို သေဆုံးတယ်လို့ သတ်မှတ်ကြပါတယ်။ မြစ်ကြီးသေဆုံးသလို မြစ်ကိုအမှီပြုရှင်သန်ကြတဲ့ ပြည်သူများရဲ့ ဘဝရပ်တည်မှုတွေလဲ အကြီးအကျယ် ပျက်ဆီးကြရ တာပါ။ သဘာဝတရားကြောင့်ဖြစ်စေ၊ လူတို့ရဲ့ ဖန်တီးမှုကြောင့်ဖြစ်စေ လူ့သမိုင်းတလျှောက်မှာ သေဆုံးခဲ့ရတဲ့ မြစ်ကြီး တွေ အများကြီး ရှိခဲ့ပါတယ်။ လူ့ပယောဂကြောင့် သေဆုံးခဲ့ရတဲ့ ထင်ရှားတဲ့ မြစ်ကြီးတစင်းကတော့ တရုတ်ပြည်က မြစ် ဝါမြစ်ကြီး (Yellow River) ပဲ ဖြစ်ပါတယ်။

တရုတ်ပြည်ရဲ့ အဓိကမြစ်ကြီး သုံးစင်း (ယန်ဇီ၊ မဲခေါင် နဲ့ မြစ်ဝါ) ထဲက မြစ်ဝါမြစ်ကြီးကို တရုတ်ပြည်ရဲ့ မိခင်မြစ်ကြီးလို့ သတ်မှက်တင်စားကြပါတယ်။ နှစ်ပေါင်း ၂၀၀၀ ကျော်သက်တမ်းရှိခဲ့ပြီး တရုတ်ပြည်မြောက်ပိုင်း တိဘက်ဒေသက ရေခဲ တောင်များဆီက အစပြု၊ တရုတ်ပြည်ကြီး တခုလုံးကို မိုင်ပေါင်း ၃၄၀၀ ကျော်ဖြတ်သန်းပြီး ဘိုဟိုင်းပင်လယ် (The Bo Hai Sea) ထံ စီးဝင်ခဲ့တာပါ။

The Bo Hai Sea

တရုတ်နိုင်ငံသားတွေအတွက် ဒီမြစ်ကြီးဟာ အီဂျစ်နိုင်ငံက နိုင်းမြစ်ကြီးလိုပါပဲ၊ ယဉ်ကျေးမှု တို့ မွေးဖွားရှင်သန်ရာ၊ နှစ်ပေါင်းထောင်ချီတည်တံ့ခဲ့တဲ့ အောင်မြင်မှုများရဲ့ အထိမ်းအမှတ်၊ ကြောက်ရွံ့ပြီး ခန့်ငြားရတဲ့ သဘာဝအင်အားစုကြီး၊ ဖြစ်ခဲ့ပါတယ်။ အခုတော့ အဲဒီ မြစ်ဝါမြစ်ကြီးဟာ သေဆုံးနေပါပြီ၊ လူတွေဖန်တီးတဲ့ အညစ်အ ကြေးတွေ စွန်းထင်း၊ အမှိုက်သရိုက်တွေပြည့်နှက်၊ မြောက်များလှစွာသော ဆည်ကြီးများ၊ ရေကာတာကြီးများရဲ့ လည်မျို ညှစ် အနိုင်ကျင့်ခံရမှုတွေနဲ့ သူ့ရေဟာ အရင်လိုမသန့်ရှင်းတော့၊ သူ့ရေစီးဟာအရင်လို မတည်ညိမ်တော့၊ သူ့ရေပမာဏ ဟာ အရင်လိုမများပြားတော့၊ သူ့ရဲ့ ခရီးဟာလဲ ပင်လယ်ဆီ မရောက်နိုင်တော့။

မြစ်ဝါမြစ် အထက်ပိုင်းက နာမည်ကြီး Hukou ရေတံခွန်

Xiao Lang Di Dam on the Yellow River June 19, 2008

yellow river

ဒီနေ့မှာတော့ သေဆုံးနေတဲ့ မြစ်ဝါမြစ် ကြီးဟာ တရုတ်ပြည်ရဲ့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ဂရုမစိုက်မှုကို အထင်အရှားပြသတဲ့ အမှတ်အသားတခု အဖြစ်နဲ့သာ ရပ်တည်နေရပါပြီ၊ တရုတ်ပြည်သူများနဲ့ ကမ္ဘာတဝှမ်းက တာဝန်သိအဖွဲ့အစည်းများ၊ အစိုးရများက အပြင်းအ ထန် ထောက်ပြဝေဘန်ကြလို့ အလန့်တကြားနိုးထလာတဲ့ တရုတ်အစိုးရက မြစ်ဝါမြစ်ပြန်လည်ထူထောင်ရေး စီမံကိန်း တွေ စတင်ဆောင်ရွက်နေပေမည့် အလွန်ကိုပဲ နောက်ကျခဲ့ပါပြီ။

ကျနော်တို့ရဲ့ ဧရာဝတီမြစ်ကြီးလဲ မြစ်ဝါမြစ်ကြီးလို ပင်လယ်ဆီမရောက်နိုင်တော့တဲ့ ဘဝမျိုး ကြုံရလောက်အောင်ကိုပဲ အနိုင်ကျင့်ခံနေရပါပြီ၊ ကချင်ပြည်နယ်က မေခ၊ မလိခ မြစ်ဆုံဒေသမှာ တရုတ်အစိုးရပိုင် ကုမ္ပဏီများက ဆောက်လုပ် နေတဲ့ မြစ်ဆုံဆည်စီမံကိန်းကြီး ပြီးသွားခဲ့ရင် ယူနန်ပြည်နယ်ကြီး လျှပ်စစ်ဓာတ်အားတွေ အလုံအလောက်ရပြီး စီးပွား ရေး ပိုမိုတိုးတက်၊ မြန်မာစစ်ဗိုလ်တွေနဲ့ အလိုတော်ရိစီးပွားရေးသမားတွေ အကျိုးအမြတ်ဖြစ်ထွန်းပြီး ဧရာဝတီမြစ်ကြီး ကတော့ ကွယ်လွန်သွားတဲ့ မြစ်များစာရင်းထဲ နောက်တိုးဝင်ရောက်၊ မြန်မာပြည်သူတွေကတော့ လက်ရှိဆင်းရဲနွမ်းပါးမှု ထက် အဆပေါင်းများစွာနိမ့်ကျပြီး ကုန်းကောက်စရာမရှိလောက်အောင်ကို ဆင်းရဲကြ၊ ပျက်ဆီးကြရမှာပါ။ ဧရာဝတီကို မြစ်ဝါမြစ်လို ဘဝမျိုးမရောက်အောင် ကျနော်တို့ အချိန်မီ ကာကွယ်ကြဖို့ အရေးတကြီး လိုအပ်နေပါပြီ၊

(၂) ဆည်၊ ရေကာတာ၊ ရေလှောင်တမံ

စကားလုံး သုံးလုံးကွဲနေပေမည့် အဓိပ္ပာယ်ကအတူတူပါပဲ၊ မြစ်ကိုဖြတ်ပြီး မြစ်ရေစီးကို ဟန့်တားဖို့ တည်ဆောက်ထားတဲ့ နံရံကြီးတခုပါ။ အဲဒီနံရံကြီးနဲ့ မြစ်ရေစီးကိုတားပြီး အဲဒီမြစ်ရေတွေကို စုဆောင်းဖို့ရေလှောင်ကန် (Reservoir) ခေါ်တဲ့ လူလုပ်ရေကန်ကြီး (Artificial Lake) တခုကို ဆက်စပ်တည်ဆောက်ရပါတယ်။ အဲဒီလို မြစ်ရေစီးကို ဆည် (သို့) ရေကာ တာ (Dam) နဲ့ ဟန့်တား၊ မြစ်ထဲကရေတွေကို ရေလှောင်ကန် (Reservoir) ထဲမှာ စုဆောင်းပြီး ရေလှောင်ကန်နံဘေး မှာကပ်လျှက်တည်ဆောက်ထားတဲ့ ရေအားလျှပ်စစ်ဓာတ်ထုတ်လုပ်ရေး တာဘိုင် (Turbine) ကြီးများနဲ့ လျှပ်စစ်ဓာတ် ထုတ်လုပ်ပြီး သွယ်တန်းထားတဲ့ မဟာဓာတ်အားလိုင်းများနဲ့ အလိုရှိတဲ့နေရာကို ပို့ဆောင်ပါတယ်။ ဒီမြစ်ဆုံဆည်ကရ မည့် လျှပ်စစ်ဓာတ်အား အားလုံးနီးပါးကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ကို တင်ပို့မှာပါ။ ရေကာတာမှာ ရေတံခါးကြီးများရှိ ပါတယ်။ တာဘိုင်များထဲ ရေတွေ ဖြတ်သန်းပြီး လျှပ်စစ်ဓာတ်အားထုတ်ပြီးတဲ့အခါ အဲဒီ ရေတံခါးကြီးများကတဆင့် မြစ် ထဲကို မလိုအပ်တော့တဲ့ရေတွေ ပြန်ထုတ်ပေးမှာပါ။ ဒီတော့ မြစ်အထက်က ကျလာတဲ့ ရေကို ရေကာတာကြီးနဲ့ ပိတ်ဆို့ ဟန့်တား၊ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ပမာဏရတဲ့အထိ စုဆောင်း၊ လိုအပ်တဲ့ပမာဏရတော့မှ အဲဒီရေတွေကို လျှပ်စစ်ဓာတ်အားထုတ်မည့် တာဘိုင်ကြီးတွေကို ဖြတ်သန်း၊ ပြီးတော့မှ မလိုအပ်တော့တဲ့ရေတွေကို ရေတံခါးကြီးများ ကတဆင့် မြစ်ရဲ့ အောက်ပိုင်းဆီကို ပြန်လည် ထုတ်လွှတ်ပေးမှာပါ။ ဒါဟာဖြင့် ရေအားလျှပ်စစ်ဓာတ်ထုတ်မည့် ဆည် စီမံကိန်းတခုရဲ့ ယေဘုယျလုပ်ငန်းစဉ်ပါ။

maka-malika

ဒီတော့ လျှပ်စစ်ဓာတ်အား များများထုတ်ချင်တာနဲ့အမျှ၊ စုဆောင်းရမဲ့ ရေပမာဏက ပိုပြီးများ ပြား၊ ရေကာတာကြီးက ပိုပြီး မြင့်မား၊ ရေလှောင်ကန်ကြီးရဲ့အကျယ်အဝန်းကပိုပြီး ကြီးမားကျယ်ပြန့်၊ အဲဒီရေကာတာကြီး ဆောက်လုပ်ဖို့အတွက် ဆည်ဆောက်လုပ်မည့် နေရာက ဖယ်ရှားပေးရမည့် လူထုရဲ့ ပေးဆပ်ရမှုက ပိုပြီးများပြားပြီး မြစ်အောက်ပိုင်းက လူထုရဲ့ ခံစားနာကျင်ရမှု၊ ဆုံးရှုံးမှုတွေကလဲ ပိုပြီး ကြီးမားနက်ရှိုင်းပါလိမ့်မယ်။ အခု မြစ်ဆုံဆည် ကိစ္စကို ကြည့်မယ်ဆိုရင် ရေ အားလျှပ်စစ် ကီလိုဝတ် ၃ သန်း ၆ သိန်း ကနေ ၆ သန်း (3.6 million kw-6 million kw) နှစ်စဉ် ထုတ်လုပ်ဖို့ မျှော်လင့် ထားတာမို့ ဆည်ကြီးရဲ့ အလျားနဲ့ အမြင့်က အင်မတန် ကြီးမားပါတယ်။ အလျား ပေ ၅၀၀၊ အမြင့် ပေ ၅၀၀ ဆိုတာ အ ထပ် ၄၉ ထပ် အဆောက်အအုံတခုလောက် မြင့်ပါတယ်။ ပြီးတော့ ရေလှောင်ကန်ကြီးရဲ့ ဧရိယာအကျယ်အဝန်းကလဲ ၂၉၅ ဒဿမ ၈ စတုရန်းမိုင် ဆိုတော့ ဧရိယာစတုရန်းမိုင် ၂၃၁ ဒဿမ ၂ ရှိတဲ့ မဟာရန်ကုန်မြို့တော်ထက်လဲကြီး၊ ဧရိယာစတုရန်းမိုင် ၂၆၈ ရှိတဲ့ စင်္ကာပူမြို့ကြီးထက်လဲ ကြီးပြီး၊ အမေရိကန်ပြည်ထောင်စုက ဧရိယာစတုရန်းမိုင် ၃၀၁ ရှိတဲ့ နယူးယောက်မြို့တော်ကြီးလောက်ကို ကျယ်ဝန်းလှပါတယ်။

ဒီလောက်ကြီးမားတဲ့ ရေလှောင်ကန်ကြီးကို ဆောက်ဖို့ မြစ်ဆုံဒေသတဝိုက်က ကျေးရွာပေါင်း ၄၇ ရွာ ရွှေ့ပြောင်းပေးရမှာဖြစ်ပြီး ကချင်လူမျိုး ၂၀၀၀၀ ကျော် သူတို့ရဲ့ ဇာတိမြေ၊ သူတို့ရဲ့ ဘိုးစဉ်ဘောင်ဆက်က အမွေအနှစ်တွေကို ဆုံးရှုံးကြရမှာပါ။ ပိုပြီးကြီးမားတဲ့ ဆုံးရှုံးမှုကတော့ ရေအောက်ရောက် သွားတော့မည့် အမြဲစိမ်းသစ်တောကြီးတွေ၊ တောင်တန်းတွေ ၊လွင်ပြင်တွေနဲ့ ကချင်လူမျိုးများ အမွန်အမြတ် တန်ဘိုး ထားကြတဲ့ ဖခင်နဂါးကြီးနဲ့ သား နဂါးနှစ်ကောင် မွေးဖွားရာ၊ ပျော်မြူးရာ မြစ်ဆုံဒေသကို ဆုံးရှုံးရမှာပါ။ ဒီဆုံးရှုံးမှုတွေကို ဘယ်လို လျော်ကြေးနဲ့မှ အစားထိုးလို့မရနိုင်ပါ။

(၃) မြစ်အောက်ပိုင်းမှ ဆုံးရှုံးမှုများ

ပိုပြီးရှင်းအောင် အမှတ်စဉ်ထိုးပြီး ပြောပြချင်ပါတယ်။

(က) အလျား ပေ ၅၀၀၊ အမြင့်ပေ ၅၀၀ ရှိတဲ့ ရေကာတာကြီးက မေခနဲ့ မလိခ မြစ်ကြီး နှစ်စင်းက စီးဆင်းလာတဲ့ရေတွေ ကို ပိတ်ဆို့ဟန့်တားပြီး နယူးယောက်မြို့ကြီး လောက် ကျယ်ပြန့်ပြီး ၆၆ ထပ် အဆောက်အအုံတခုလောက်မြင့် (ပေ ၉၅၀) တဲ့ ရေလှောင်ကန်ကြီးထဲမှာ အရင်သိမ်းဆည်းထားလိုက်မှာပါ။ ဒါကြောင့်မို့ ဧရာဝတီမြစ်ကြီးရဲ့ ပင်မအစဟာ မေခ နဲ့ မလိခမဟုတ်တော့ပါ။ မြစ်ဆုံဆည်ကြီး ဖြစ်သွားပါပြီ၊ မြစ်ဆုံဆည်ကြီးက ရေလွှတ်ပေးမှသာ ဧရာဝတီ ဆက်လက်စီး ဆင်းနိုင်မှာပါ။

(ခ) အဲဒီ ရေလှောင်ကန်ကြီးထဲမှာ လိုအပ်တဲ့ ရေပမာဏရဖို့ အချိန်အတော်ကြာ စုဆောင်းရမှာပါ။ အချို့ ဆည်ကြီးတွေ မှာ ရေကာတာအပြည့် ရေစုချိန် တနှစ်ကနေ တနှစ်ခွဲ ကြာပါတယ်။ ရေလှောင်ကန်ကြီး ရေစုနေတဲ့အချိန်မှာ ဧရာဝတီမြစ်ကြီးထဲ ရေစီးမှာ မဟုတ်ပါ။

(ဂ) ရေလှောင်ကန်ထဲမှာ ရေပြည့်ပြီးတဲ့နောက် လျှပ်စစ်ဓာတ်အားထုတ်လုပ်ပြီး မလိုတော့တဲ့ ရေကို ရေတံခါးကြီးများက တဆင့် ဧရာဝတီမြစ်ထဲ ထုတ်လွှတ်မှာ ဖြစ်ပါတယ်။ ဧရာဝတီ ပြန်လည်စီးဆင်းနိုင်ပါလိမ့်မယ်။ ဒါပေမည့် ရေတွေက ညစ် ပတ်ပြီး မသန့်ရှင်းတော့ပါ။

(ဃ) ရေကာတာက ထုတ်လွှတ်တဲ့ ရေက မသန့်ရှင်းတော့လို့ အဲဒီရေ (Polluted Water) ကို သောက်သုံးကြရမည့် လူတွေ၊ တိရိစ္ဆာန်တွေအတွက် ရောဂါဘယတွေ ရစေပါတယ်။ ရေလှောင်ကန်ကြီးကိုယ်တိုင်က ခြင်လို ငှက်ဖျား စတဲ့ ရောဂါဘယဖြန့်ဝေတတ်တဲ့ ပိုးမွှားတွေ စုဝေးပွားများရာ ဒေသကြီးဖြစ်လာပြီး ပါတ်ဝန်းကျင်လူထုရဲ့ ကျန်းမာရေးကို အကြီးအကျယ် ထိခိုက်စေနိုင်ပါတယ်။

(င) မေခ နဲ့ မလိခ မြစ်များက စီးဆင်းလာတဲ့ ရေဟာ နုံးများ၊ သဲများကိုပါသယ်ဆောင်လာခဲ့ပြီး အဲဒီ နုံးတွေ၊ သဲတွေ (Sediment) က ဧရာဝတီမြစ်ကြောင်းတလျှောက် မြစ်ညာပိုင်းမှာ မြေဩဇာအင်မတန်ကောင်းတဲ့ နုံးတင်မြေနုတွေ ဖန် တီးပေးပြီး မြန်မာနိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အကြီးအကျယ် ထောက်ပံ့နေတာတာပါ။ ဆည်ကြီး ပြီးသွားရင်တော့ အဲဒီ နုံးတွေဟာ ရေလှောင်ကန်ကြီးရဲ့ အောက်ခြေမှာပဲ အနည်ထိုင်ကျန်ရစ်ခဲ့ပြီး မြစ်အောက်ပိုင်းကို ဘယ်လိုမှ ရောက် မှာမဟုတ်တော့ပါ။ နုံးတင်မြေနုပါးရှားသွားမည့် မြစ်ဝကျွန်းပေါ်မှာ စိုက်ပျိုးရေးလုပ်ငန်းတွေ ထိခိုက်ပါလိမ့်မယ်။

(စ) ဆည်ကြီးကပဲ မြစ်အတွင်း ငါးအပါအဝင် ရေနေသတ္တဝါ များရဲ့ မြစ်ဖျားကနေ မြစ်ကြောင်းတလျှောက် ရွှေ့ပြောင်း သွားလာမှုကို ပိတ်ဆို့ဟန့်တားလိုက်ပါလိမ့်မယ်။ ငါးမျိုးဆက်တုံးမှု၊ အရေအတွက်ရှားပါးမှုတွေက ရေလုပ်ငန်းလုပ်ကိုင် သူများကို အကြီးအကျယ် ထိခိုက်ပါလိမ့်မယ်။

(ဆ) မြစ်ရေပမာဏနဲ့ ရေစီးကို ဆည်ကြီးက ထိန်းချုပ်လိုက်ပြီမို့လို့ မြစ်အတွင်း သင်္ဘောများ၊ မော်တော်များ၊ လှေများနဲ့ ခရီးသွားလာမှုဟာ ပိုပြီးခက်ခဲလာပါလိမ့်မယ်။ မြန်မာနိုင်ငံရဲ့ မြို့ပေါင်း၊ ရွာပေါင်းများစွာ၊ ဆိပ်ကမ်းပေါင်းများစွာဟာ ဧရာဝတီ မြစ်ကြောင်းတလျှောက် ဝဲ၊ယာ တဘက်တချက်မှာ တည်ရှိနေကြပြီး ခရီးသွားလာရေး နဲ့ ကုန်စည်စီးဆင်းမှု အတွက် ဒီမြစ်ကြီးကို မြန်မာနိုင်ငံရဲ့ လူဦးရေ ၆၀%က အားကိုးနေရတာပါ။ ရေနည်းသွားတဲ့ မြစ်ကြီးအတွင်း၊ ရေတိမ် သွားတဲ့ မြစ်ကြီးအတွင်း၊ ရေစီးနည်းပြီး မမှန်တဲ့ မြစ်ကြီးအတွင်းမှာ သင်္ဘောများ၊ မော်တော်များ၊ လှေများ မိုးရာသီက လွဲရင် ကျန်တဲ့အချိန်တွေမှာ သွားလာနိုင်မှာ မဟုတ်တော့ပါ။

(ဈ) ရေစီးနှေးပြီး ရေပမာဏနဲသွားတဲ့ မြစ်ကြီးရဲ့ ကမ်းပါးတဖက်တချက်က မြစ်ရေကိုအမှီပြုပြီးပေါက်နေတဲ့ ဒီရောက် တောတွေ ပျက်စီးကုန်ပါလိမ့်မယ်။ ဒီရောက်တောတွေ မရှိတော့တဲ့အတွက် ကမ်းပါးတွေ ပြိုကျပြီး ဧရာဝတီ မြစ်နဲ့ မြစ် လက်တက်များအတွင်းမှာ သောင်ထွန်းပြီး အဲဒီ မြေပမာဏက ရေပမာဏထက် ပိုများလာပါလိမ့်မယ်။ ရေနည်းသွားတဲ့ မြစ်ကြီးနဲ့ ဒီရောက်တောတွေ ပျက်သုံးမှုက ဧရာဝတီမြစ်ဝှမ်းဒေသကို ခြောက်သွေ့ဇုံအဖြစ် အသွင်ပြောင်းလိုက်ပါလိမ့် မယ်။

(ည) တခါတရံ မိုးအပြင်းအထန် နဲ့ အဆက်မပြတ်ရွာသွန်းတဲ့ အခါ ဆည်ထဲမှာ ရေပမာဏက ဆည်က ထိန်းထားနိုင်တာ ထတ် အဆမတန်ပိုများလာတတ်ပါတယ်။ အဲဒီအခါမှာ ရေအင်အားကြောင့် ဆည်ပြိုကျမှာကို ရှောင်တဲ့အနေနဲ့ ဆည် ရေတံခါးတွေကို ဖွင့်ပြီး ရေတွေ ရုတ်တရက် ထုတ်ပစ်တတ်ကြပါတယ်။ အဲဒီ အရေးပေါ်ရေထုတ်မှုက ဧရာဝတီမြစ်ထဲကို တောင်ကျချောင်းရေတွေ ဒလဟော အရှိန်အဟုန်ကြီးမားစွာ စီးဆင်းလာသလိုမျိုး ဖြစ်ပါလိမ့်မယ်။ မြစ်ထဲမှာလဲ ကမ်းပြို ထားလို့ သောင်တွေက ကမ်းပါးထက်ပိုမြင့်နေတဲ့ အချိန်၊ ကမ်းပါးမှာလဲ ဒီရောက်တောတွေ မရှိတော့တဲ့ အချိန်မှာ ဒီ ရေစီးဆင်းမှုက မြစ်နဲ့ မလှမ်းမကမ်းက မြို့ရွာများကို ရေလွှမ်းမိုးတဲ့ အထိ ဖြစ်နိုင်ပါတယ်။ ကချင်ပြည်နယ်အတွင်းက မြို့ကြီးများ အားလုံးနီးပါး ဒီရုတ်တရက်ရေလွှမ်းမိုးမှုဒဏ်ကို မကြာခဏ ခံစားကြရမှာပါ။

(ဋ) မြန်မာနိုင်ငံမှာ ခြောက်သွေ့တဲ့အချိန်၊ နွေရာသီ (ဖေဖော်ဝါရီ လ ကနေ မေ လအတွင်း) ဆည်ထဲမှာလဲ ရေနည်းမှာမို့ ဆည်က ရေပြန်ထုတ်တာလဲ အလွန်နည်းပြီး ဧရာဝတီမြစ်အတွင်း ရေစီးဆင်းမှု မရှိသလောက်ဖြစ်တော့မှာပါ။ အဲဒီအ ချိန်မှာ ဧရာဝတီမြစ် စီးဝင်ရမည့် ဘင်္ဂလားပင်လယ် (Andaman Sea) က ရေတွေက ဧရာဝတီမြစ်ဘက်ကို ပြန်လည်စီး ဝင်ပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တခုလုံး ဆားငံရေတွေ လွှမ်းသွားပါလိမ့်မယ်။ နွေကုန်လို့ မိုးရာသီ စပါးစိုက်ပျိုးရမည့် အ ချိန်မှာ ဆားငံရေလွှမ်းပြီး ပျက်ဆီးနေတဲ့ လယ်မြေတွေက မြန်မာနိုင်ငံ လယ်သမားထုကြီးရဲ့ အကျိုးစီးပွားကို အကြီးအ ကျယ်ထိခိုက်မှာ ဖြစ်သလို မြန်မာတနိုင်ငံလုံး ဆန်စပါးရှားပါးမှု၊ စားနပ်ရိက္ခာမလုံလောက်မှုများ ဖြစ်ပေါ်ပါလိမ့်မယ်။

အထက်မှာတင်ပြထားတာတွေနဲ့ သဘာဝပါတ်ဝန်းကျင် ပျက်ဆီးမှု၊ ရာသီဥတုဖောက်ပြန်မှု၊ ရှားပါးသစ်ပင်များ၊ ပန်းများ၊ ရေနေသတ္တဝါများ၊ ငှက်မျိုးစုများ မျိုးတုန်းပျောက်ကွယ်မှု၊ တွေပေါင်းစပ်လိုက်မယ်ဆိုရင် တရုတ်အစိုးရရဲ့ ဧရာဝတီမြစ် ဖျားမှာ မြစ်ဆုံဆည် တည်ဆောက်ခြင်းဟာ မြန်မာပြည်သူ သန်းပေါင်းများစွာကို စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ အ သက်ရှင်သန်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံရေး အဘက်ဘက်က အတိုင်းအဆမရှိပျက်စီးစေမှာပါ။ သူတို့ရဲ့ နိုင်ငံမှာ မြစ်ဝါမြစ်ကြီး သေဆုံးသွားတဲ့ သာဓက အထင်အရှားရှိရက်နဲ့ ကျနော်တို့နိုင်ငံက မိခင်မြစ်ကြီးကို သတ်ဖို့ကြိုးစားနေတာ ဟာ တရုတ်အစိုးရက မြန်မာပြည်သူများကို တိုက်ရိုက်ဖိနှိပ်စော်ကားနေတာလို့ ကျနော် ယူဆပါတယ်။ တရုတ်အစိုးရနဲ့ ပူးပေါင်းပြီး မြန်မာပြည်သူများကို လူ့အခွင့်အရေးချိုးဖောက်နေတဲ့၊ မြန်မာနိုင်ငံရဲ့ မိခင်မြစ်ကြီးကို သတ်ဖြတ်နေတဲ့ မြန် မာစစ်ခေါင်းဆောင်တွေကိုလဲ အလွန်အံ့ဩမိပါတယ်။ တကယ်တော့ သူတို့တွေလဲ မျိုးရိုးစဉ်ဆက် ဧရာဝတီနဲ့ ကြီးပြင်းပြီး ဧရာဝတီရဲ့ စောင့်ရှောက်မှုကို ခံယူခဲ့ကြရသူတွေပါ။ ဧရာဝတီဟာ ကျနော်တို့ အားလုံးရဲ့ အမေ ဖြစ်သလို့ သူတို့ရဲ့ အမေလဲ ဖြစ်ပါတယ်။ ဧရာဝတီရဲ့ကျေးဇူးတွေ သူတို့အပေါ်မှာလဲ အများကြီးရှိပါတယ်။

(၄) ဆင်းရဲနွမ်းပါးမှု လျှော့ချရေး

ဦးသိန်းစိန် ကြံ့ဖွံ့သမ္မတဖြစ်လာပြီးတဲ့နောက် မြန်မာနိုင်ငံတွင်းမှာ ကျယ်ကျယ်ပြန့်ပြန့် ပြောဆိုလာကြတာကတော့ “ဆင်း ရဲနွမ်းပါးမှုလျှော့ချရေးနဲ့ ပပျောက်ရေး” ပါပဲ၊ ဦးသိန်းစိန် ကဦးဆောင်ပြီး ဆွေးနွေးပွဲတွေ၊ စာတမ်းဖတ်ပွဲတွေ အကြီးအ ကျယ်ပြုလုပ်နေကြတာပါ။ ဦးသိန်းစိန်ရဲ့ စီးပွားရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာဦးမြင့်ကလဲ၂၀၁၁ ခုနှစ် မေ လ ၂၀-၂၁၊ နေပြည်တော်မှာကျင်းပတဲ့ “ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး အလုပ်ရုံ ဆွေးနွေး ပွဲ” မှာ “မြန်မာနိုင်ငံတွင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ရှေ့ဆက် ဆောင်ရွက်ရန်များ” ဆိုတဲ့ စာတမ်းတစောင်တင်သွင်း ခဲ့ပါတယ်။ သူ့ရဲ့ စာပိုဒ်ပေါင်း ၉၇ ပုဒ်ရှိတဲ့ စာတမ်းမှာ စာပိုဒ် အမှတ် ၅၇ ကနေ ၈၇ အထိ စာပိုဒ်ပေါင်း ၃၀ နဲ့ မြန်မာနိုင်ငံ ရဲ့ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို ဦးစားပေး တင်ပြသွားတာတွေ့ရပါတယ်။

သူ့ရဲ့ တင်ပြချက်တွေကတော့ လယ်ယာ ကဏ္ဍကို မြှင့်တင်ခြင်းဟာ ဆင်းရဲနွမ်းပါးမှုပပျောက်ရေးအတွက် အဓိကကျကြောင်း အစချီပြီး ဆန်စပါးစိုက်ပျိုး ထုတ် လုပ်မှုကို ပြည်တွင်းဖူလုံရုံမက ပြည်ပကို တိုးမြှင့်တင်ပို့ရောင်းချနိုင်ဖို့၊ ကမ္ဘာပေါ်မှာ အဓိက ဆန်စပါးစိုက်ပျိုး ထုတ်လုပ် ရောင်းချတဲ့ နိုင်ငံအဆင့်ကို အရောက်လှမ်းဖို့၊ အဲဒီအတွက် အစိုးရ ရဲ့မူဝါဒချမှတ်မှု၊ ဝန်ကြီးဌာနများရဲ့ အကောင်အ ထည်ဖော်မှု၊ လယ်သမားများနဲ့ ပုဂ္ဂလိက ကုမ္ပဏီများရဲ့ အခန်းကဏ္ဍ၊ တိကျမှန်ကန်တဲ့ စာရင်းဇယားများပြုစုမှု၊ လယ် သမားများကို အခွင့်အရေးအကောင်းဆုံးဖန်တီးပေးဖို့ နဲ့ ဈေးကွက်အသစ်တွေ ရှာဖွေဖို့၊ မြေယာပိုင်ဆိုင်မှုတွေကို ပြင် ဆင်ဖို့ စသဖြင့် အကြံပြုထားတာတွေ့ရပါတယ်။ အခြား စီးပွားရေး အကြံပေးများကလဲ စာတမ်းတွေတင်ကြ၊ ဆွေးနွေး ကြပါတယ်။ ဒါပေမည့် သူတို့ရဲ့ စာတမ်းတွေက ဦးမြင့် ရဲ့စာတမ်းလို လူထုကြားထဲရောက်မလာတဲ့အတွက် ဘာတွေ အကြံပြုတယ်ဆိုတာ မသိနိုင်ပါ။

ဒါပေမည့်လဲ ဒေါက်တာဦးမြင့်ရဲ့ စာတမ်းမှာ ဧရာဝတီမြစ်ကြီး ရဲ့ အရေးကြီးမှုအကြောင်း တလုံးမှမပါတာတွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပပျောက်ရေးအတွက် မြန်မာနိုင်ငံရဲ့ အဓိက စီးပွားရေးဖြစ်တဲ့ လယ်ယာ ကဏ္ဍကို မြှင့်တင်ရမယ်။ ကမ္ဘာ့ ဆန်အထွက်ဆုံး နိုင်ငံဖြစ်အောင် ကြိုးစားရမယ်။ လယ်သမားတွေ အတွက်အကျိုး စီးပွားတွေ ဖန်တီးပေးရမယ်ဆိုတာ မှန်ကန်တဲ့ အကြံပြုချက်ပါ။ ဒါပေမည့် အဲဒီ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းရဲ့ အဓိက အားထားရာ၊ ဧရာဝတီမြစ်ကြီး ကို ဘယ်လို ကာကွယ်သင့်တယ်။ စောင့်ရှောက်သင့်တယ် ဆိုတာတွေ တလုံးတပါဒမှ ဆွေးနွေး၊အကြံပေးတာ မတွေ့ပါ။ ကျနော်က ဆရာ ဦးမြင့်လို စီးပွားရေးပညာရှင်မဟုတ်ပေမည့် ဧရာဝတီ ကို မကယ် တင်၊ မကာကွယ် ၊မထိန်းသိမ်းပဲနဲ့ မြန်မာနိုင်ငံမှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ဖို့မပြောနဲ့၊ လျော့ကျအောင်တောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ ပြောချင်ပါတယ်။ ဧရာဝတီမြစ်ကြီးများ မြစ်ဝါမြစ်လို သေဆုံးသွားခဲ့ရင် ကျနော်တို့ပြည်သူတွေဟာ ကုန်း ကောက်စရာတောင် ရှိမှာမဟုတ်တော့ဘူးလို့လဲ ပြောချင်ပါတယ်။ ဒါကြောင့်လဲ ဆရာဦးမြင့်အပါအဝင် ပညာရှင်များက မြန်မာစစ်ခေါင်းဆောင်တွေ ကို မြစ်ဆုံဆည်တည်ဆောက်ရေးစီမံကိန်းကြီးကို ရပ်တန့်ဖို့ ရဲရဲတင်းတင်း တာဝန်သိသိ ပြောသင့်တယ်လို့ တောင်းဆိုချင်ပါတယ်။

မကြာခင်မှာ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ဆွေးနွေးပွဲကို နေပြည်တော်မှာ ထပ်မံကျင်းပဦးမယ်။ အဲဒီ ဆွေးနွေးပွဲကို ဒေါ် အောင်ဆန်းစုကြည် နဲ့ နိုင်ငံရေးပါတီများက ကိုယ်စားလှယ်များကိုလဲ ဖိတ်ကြားမယ်လို့ ကြားသိရပါတယ်။ ဒီတခါဖြင့် တာဝန်ရှိသူများက တာဝန်သိသိနဲ့ ဧရာဝတီမြစ်ကြီးကို ကယ်တင်ရေး၊ ကာကွယ်ရေး ရဲရဲရင့်ရင့် ဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်မိပါရဲ့။

(၅) တာဝန်သိသူများက ပြောနေကြပြီ

တာဝန်ရှိသူတွေက မပြောကြသေးပေမည့် တာဝန်သိသူများကတော့ ပြောနေကြပါပြီ၊ ဒီကနေ့ မြန်မာနိုင်ငံတွင်းက လစဉ် ထုတ်၊ အပါတ်စဉ်ထုတ် မဂ္ဂဇင်းတွေ၊ ဂျာနယ်တွေ မှာ ဧရာဝတီမြစ်ကြီးရဲ့ တန်ဘိုးကြီးမားမှုနဲ့ ဧရာဝတီမြစ်ကြီး မပျက်ဆီး အောင် ထိန်းသိမ်းစောင့်ရှောက်ရမည့် တာဝန်တွေကို ပညာရှင်တွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ ကာတွန်း ဆရာတွေက အင်တာဗျူးတွေ၊ ဆောင်းပါးတွေ၊ ဝတ္ထုတွေ၊ ကဗျာတွေ၊ ကာတွန်းတွေ နဲ့ တင်ပြဆွေးနွေးနေကြပါပြီ၊ စာ မဘတ်တဲ့ စစ်ခေါင်းဆောင်တွေ မသိကြရင်တောင်မှ စာဘတ်တဲ့ ပြည်သူတွေ သိနားလည်နေကြပါပြီ၊ တချို့ စာရေး ဆရာတွေက စာပေဟောပြောပွဲတွေမှာ လူထုကို ဧရာဝတီမြစ်ကြီး ရဲ့ အတိဒုက္ခတွေအကြောင်း ရဲရဲတင်းတင်းဟော ပြောနေကြပါပြီ၊ အဲဒီ ပုဂ္ဂိုလ်များရဲ့ တာဝန်သိမှုနဲ့ တာဝန်ယူမှုကို ကျေးဇူးတင်မိပြီး အဲဒီလို တာဝန်သိသူတွေ များလာဖို့၊ လူထုရဲ့ သိနားလည်မှုကနေ အင်အားအဖြစ်ပြောင်းလဲပြီး ဧရာဝတီကို ကာကွယ်နိုင်ကြဖို့ မျှော်လင့်မိပါရဲ့။

အဲဒီ တာဝန်သိသူတွေရဲ့ တင်ပြမှုတွေထဲက တခုကို မျှဝေချင်ပါတယ်။ အဲဒါက ထင်ရှားတဲ့ စာရေးဆရာ၊ ကဗျာဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ဟောပြောချက်ပါ။ မဂင်္လာဒုံမြို့နယ်မှာ ၂၀၁၁ ခုနှစ် မေလ ၁၅ ရက်နေ့မှာကျင်းပတဲ့ စာ ပေဟောပြောပွဲတခုမှာ ပြောခဲ့တာလို့ သိရပါတယ်။ အဲဒီဟောပြောပွဲမှာ ဆရာမောင်စိန်ဝင်း က ဧရာဝတီမြစ်ကြီးအ ကြောင်း ကဗျာနှစ်ပုဒ်နဲ့ တင်ပြခဲ့ပါတယ်။

ဆရာမောင်စိန်ဝင်း က ကချင်ပြည်နယ်က ဧရာဝတီမြစ်ဆုံဒေသကို လွန်ခဲ့တဲ့ ၁၅နှစ် (၁၉၉၆ ထင်ပါတယ်) လောက်က ရောက်ဘူးခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီမှာ မြစ်ဆုံရဲ့အလှအပကို သူခံစားကြည်နူးပြီး သူ့အကိုရဲ့ တိုက်တွန်းမှုနဲ့ ကဗျာ တပုဒ်ကို တထိုင်ထဲ စပ်မိပါသတဲ့၊ အဲဒီ ကဗျာရဲ့ ခေါင်းစဉ်က “အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ” တဲ့၊ အင်ခိုင်မွန် ဆိုတာက မေခ နဲ့ မလိခ ဆုံတဲ့နေရာမှာ မားမားကြီးတည်ရှိနေတဲ့ တောင်တန်းကြီးရဲ့ အမည်ပါ။ သူ့ကဗျာ ကို ဆရာမောင်စိန်ဝင်းက ဒီလို ရွတ်ပြပါတယ်။

“အင်ခိုင်မွန် ရဲ့ ခြေရင်းမှာ”

မေခ နဲ့ မလိခ
ဆုံမိကြ ဒီမှာ။

သံယောဇဉ် မြစ်ဆုံဖြစ်
ချစ်ကြသောအခါ၊

သမုဒယ မြစ်နှစ်စင်းရဲ့
ချစ်ခြင်းဖွဲ့အလင်္ကာ
ဧရာဝတီ ရယ်လို့ဖြစ်၊

ကမ္ဘာတည်သရွေ့
မြန်မာပြည်ဟေ့ ရယ်လို့ ကြွေးကြော်ပြီး
စီးနေမည့် မြစ်။

ကဗျာဆရာက ဧရာဝတီမြစ်ကြီးကို “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” လို့ ရဲရဲဝင့် ဝင့် တင်စားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၁၅ နှစ်ကပါ။ ကဗျာဆရာက ဆက်ပြောပြပါတယ်။ ရသစာပေ တခုရဲ့ တန်ဘိုးကို အ ချိန်ကာလ နဲ့ ဒေသ ပေါ်မှာယှဉ်ပြီး အချိန်တိုင်းမှာ၊ ဒေသတိုင်းမှာ မှန်မှ ကောင်းတယ်လို့ ဆုံးဖြတ်ရတယ်လို့ဆိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်က ရေးထားတဲ့ စာတပုဒ်၊ ကဗျာတပုဒ်ဟာ ဒီနေ့ခေတ်နဲ့ မကိုက်ညီတော့ဘူးဆိုရင် အဲဒီ စာဟာ ကောင်း တယ်လို့ မခေါ်နိုင်ဘူးတဲ့၊ အဲဒီလို ပြောပြီး ကဗျာဆရာက ဝမ်းနည်းကြေကွဲစွာ ညီးတွားပါတယ်။ “ကျနော့် ကဗျာဟာ မကောင်းတော့ပါဘူး” တဲ့။ မနှစ်က (၂၀၁၀ ခုနှစ်) မြစ်ဆုံကို သူ တခေါက်ထပ်ရောက်ပါသတဲ့။ အဲဒီအချိန်မှာတော့ သူ့ရဲ့ “ကမ္ဘာတည်သရွေ့ မြန်မာပြည်ဟေ့ရယ်လို့ ကြွေးကြော်ပြီး စီးနေမည့်မြစ်” ကြီးဟာ နောက်တနှစ်တောင်မှ ခံပါဦးမလားလို့ သူ သံသယဖြစ်မိရပါတယ်… တဲ့၊

ကဗျာဆရာက ဆက်ပြောပါတယ်။ ဧရာဝတီမြစ်ကြီးဟာ မြန်မာပြည်ရဲ့ အသက်သွေးကြောပါ တဲ့၊ ပြီးတော့ မေးခွန်းထုတ်ပါတယ်။ အဲဒီ အသက်သွေးကြောကြီး မရှိတော့ရင် ကျနော်တို့ ရှိနိုင်ပါဦးမလား၊ မြန်မာပြည်ကြီး ဆက်လက်ရှင်သန်နိုင်ပါဦးမလား၊ အဲဒီ နာကျင်ကြေကွဲစိတ်နဲ့ ကဗျာဆရာက နောက်ထပ်ကဗျာတပုဒ် ကို ရေးပြီး ရွတ်ဖတ်ပြပါတယ်။ ကဗျာရဲ့ ခေါင်းစဉ်က “မြစ်ကော” တဲ့။

“မြစ်ကော”

မြစ်မကောအောင်လို့
သစ်တောတို့ စိမ်းလမ်းရပေမည်၊

ရေဝေတောတွေ ဆိုင်းစို့စို့
မှိုင်းညို့ညို့မှုံရီ၊

ချင်းတွင်း နဲ့ ဧရာဝတီ
ရေပြာကြည်သမျှ မြန်မာ့သွေးဟေ့၊

တတောလုံးပြောင်၊ တတောင်လုံးလင်း
မြစ်ကျဉ်းမှာ သောင်တွေပေါ်တော့
နောင်အရှည်မမျှော် မြန်မာပျောက်အောင်လို့
ကိုယ့်သွေးကို ကိုယ်ပြန်သောက်ပြီလား
စိုးကြောက်ဖွယ်အပျက်သဘောနဲ့
မြစ်ကောမည့် နေ့။။။

ကျနော်တို့ တိုင်းပြည်ရဲ့ သစ်တောကြီးတွေ၊ အဘိုးတန်သတ္တုတွေ၊ ကျောက်မျက်ရတနာတွေ၊ သဘာဝအရင်းအမြစ်တွေ ကို မြန်မာစစ်ခေါင်းဆောင်တွေက သူတို့ရဲ့ အရှင်သခင် တရုတ်အစိုးရထံ ပဏ္ဍာဆက်သ လာဘ်ထိုးပသနေခဲ့တာ ကုန် သလောက်ရှိနေပါပြီ၊ အခုထပ်ပြီး မြန်မာနိုင်ငံရဲ့ အသက်သွေးကြော ဧရာဝတီမြစ်ကြီးနဲ့ အခြားမြစ်ကြီးတွေကိုပါ မြန်မာ စစ်ခေါင်းဆောင်တွေက တရုတ်အစိုးရထံ လက်ညှိုးထိုး ရောင်းစားလိုက်ပါပြီ၊ ဒါကို ကဗျာဆရာ မောင်စိန်ဝင်း က “ကိုယ့် သွေးကို ကိုယ်ပြန်သောက်ပြီလား” လို့ နာနာကျင်ကျင် ညီးတွားရင်း မြစ်ကြီးတွေ ကောအောင်လုပ်တာဟာ မြန်မာနိုင်ငံ ပျက်သုံးအောင်လုပ်တာပဲလို့ ရဲရဲရင့်ရင့် စွပ်စွဲလိုက်တာပါ။ ဆရာမောင်စိန်ဝင်းလို ဧရာဝတီမြစ်ကြီးဘက်က အမှန်တရား ကို ရဲရဲဝံ့ဝံ့ပြောရဲသူတွေ ပို၍ပို၍များလာပါစေ၊ ဒီစကားတွေကို သက်ဆိုင်သူ အာဏာရှင်များလဲ ပြတ်ပြတ်သားသား ကြားကြပြီး အမှားပြင်နိုင်ကြပါစေ။

(ဆရာမောင်စိန်ဝင်းရဲ့ ဟောပြောချက် အပြည့်အစုံကို ဒီနေရာမှာ http://www.4shared.com/audio/JhKO0JbZ/MgSeinWin_20110515_ThuTaRaThaS.html နားထောင်နိုင်ပါတယ်။)

(၆) မြစ်ကြီးနား၊ ငလျင်နဲ့ စက္ကန့် ၂၀

ကျနော့်ရဲ့ ဇူလိုင်လ ၈ရက်နေ့စွဲနဲ့ ဖြန့်ချိခဲ့တဲ့ “ဧရာဝတီကို ကယ်တင်ကြစို့” စာတမ်းမှာ “မြစ်ဆုံဆည်ဟာ စစ်ကိုင်း ငလျင်ပြတ်ရွေ့ကြောကြီးနဲ့ နီးလို့ ငလျင်များလှုပ်ခဲ့ရင် မြစ်ကြီးနားမြို့ကြီးတမြို့လုံး စက္ကန့်၂၀ အတွင်းမှာ ရေအောက်နစ် မြုတ်သွားနိုင်တယ်” လို့ ပညာရှင်များရဲ့ သတိပေးချက်ကို တင်ပြခဲ့ပါတယ်။ အဲဒီမှာ စက္ကန့်၂၀ ဆိုတာဖြင့် မဖြစ်နိုင်၊ လွန် လွန်းပြီလို့ ဝေဘန်ဆွေးနွေးကြတာတွေကို စာရေးဆရာတယောက်ရဲ့ Face Book စာမျက်နှာမှာတွေ့ရပါတယ်။ “ဒီလို ဆိုရင် ရေဟာ တနာရီကို မိုင် ၅၄၀၀ လောက်နှုံးနဲ့ စီးဆင်းရမှာမို့ များပြီထင်တယ်” လို့ စာရေးဆရာက ဆိုပါတယ်။ တ ယောက်ကကျတော့ “မိနစ် ၂၀ ကိုပြောတာထင်တယ်။ နဲနဲပိုရေးမိသွားတာများလား” လို့ ဖြေပါတယ်။ တယောက်က ကျတော့ “အသံရဲ့မြန်နှုံးကမှ တနာရီကို ၇၆၈ မိုင်မို့ ရေရဲ့အမြန်က အသံထက် ၇ ဆကျော်မြန်နေပြီ” လို့ ထောက်ပြပြန် ပါတယ်။ တချို့ကတော့ “အမှားကြီးတခုကို လက်ဆင့်ကမ်း ဖြန့်ဝေလိုက်မိပါပြီ” ဆိုပြီး နောင်တရနေကြပြန်ပါတယ်။ ကျနော်ကတော့ အံ့ဩမိပါတယ်။ စက္ကန့်၂၀၊ မိနစ် ၂၀၊ ၂ နာရီ၊ နာရီ ၂၀ ဆိုတာက အဓိက မဟုတ်ပါ။ ငလျင်ဒဏ် ကြောင့် ဆည်ကြီးပြိုကျပြီး မြစ်ကြီးနားမြို့ကြီး ရေအောက်ရောက်နိုင်တယ်ဆိုတာကို သတိပေးခြင်းက အဓိကပါ။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ်လို့ ကျနော့် စာတမ်းတခုလုံးကို လက်မခံဘူး၊ မယုံဘူးဆိုရင်လဲ ရှိပါစေ၊ သစ်ပင် တပင်ချင်းကို စေ့စေ့စပ်စပ်လိုက်ကြည့်ပြီး သစ်တောအုပ်ကြီး တခုလုံးကို မမြင်သလို ဖြစ်နေပါတယ်။ စက္ကန့် ၂၀ ဆိုတာကို သံသယဖြစ် ဆွေးနွေးနေမည့်အစား မြစ်ကြီးနားမြို့ကြီး ရေအောက်မရောက်အောင် ဘယ်လို အချိန်မီ ကာကွယ်ကြမလဲ ဆိုတာကို အလေးအနက်ဆွေးနွေးကြ၊ တာဝန်ယူဆောင်ရွက်ကြရင် ဘယ်လောက် ကောင်းလိုက်မလဲ။

ဆည်ကြီးပြိုကျဖို့က ငလျင်ကြောနဲ့ နီးတာအပြင် အခြားအကြောင်းရင်း နှစ်ရပ်ရှိပါသေးတယ်။ မိုးအကြီးအကျယ်အဆက် မပြတ် ရွာပြီး မြစ်ရေကြီးတဲ့အခါမှာလဲ ဆည်ထဲမှာထိန်းထားနိုင်တဲ့ ရေပမာဏကို အလွန်အကျွံကျော်လွန်ပြီး ရေဖိအား ဒဏ်မခံနိုင်ပဲ ဆည်ကျိုးတတ်ပါတယ်။ ၂၀၀၆ ခုနှစ် မေလမှာ မိုးအကြီးအကျယ်ရွာသွန်းလို့ မြစ်ကြီးနားရဲ့ မြောက်ဘက် ၁၀မိုင် လောက်အကွာမှာရှိတဲ့ ကျိန်ခရန် (Ching Hkrang) ဆည် ပြိုအက်ပြီး ကျိန်ခရန်ရွာ ရေလွှမ်းမိုးခံရပြီး လူ ၅ ဦး သေဆုံးခဲ့ရပါတယ်။ အဲဒီကာလမတိုင်ခင်ကလဲ ဝါရှောင်ဆည်ကြီး ပြိုပျက်ခဲ့ပြီးပါပြီ၊ ကချင်ပြည်နယ်မှာ အဲဒီလို မိုးသည်း ထန်စွာရွာသွန်းပြီး မေခ၊ မလိခမြစ်ရေကြီးပြီး ရေလွှမ်းမိုးမှုကို ၁၉၅၀၊ ၁၉၆၀၊ ၁၉၇၉၊ ၁၉၈၀၊ ၁၉၉၇၊ ၂၀၀၄၊ ခုနှစ်များမှာ တွေ့ကြုံခဲ့ရပြီးပါပြီ၊ ၁၉၇၉ ခုနှစ်ရေလွှမ်းမိုးမှုမှာ မြစ်ကြီးနားမြို့ တမြို့လုံးနီးပါး ရေမြုတ်ခဲ့ပါတယ်။ နောက်တကြောင်းက တော့ တရုတ်ဆည်များရဲ့ အရည်အသွေးညံ့ဖြင်းမှုကြောင့်ပါ။ တရုတ်ပြည်မှာ ၁၉၇၅ ခုနှစ် ဩဂုတ်လမှာ ရှင်မန်တန် (Shimantan) နဲ့ ဘန်ကျောင် (Banqiao) ဆည်ကြီးတွေ ပြိုလဲတော့ အဆောက်အအုံ ၆ သန်းကျော် ပျက်ဆီး၊ လူ ၁၁ သန်းကျော် အိုးအိမ်မဲ့ ဖြစ်ပြီး လူ နှစ်သိန်း ၄ သောင်းကျော် သေဆုံးခဲ့ရပါတယ်။

Floodwaters overrunning the Washawng Dam in Burma in may 2006 shortly before it broke. (Photo: KDNG)

ဒီတော့ မြစ်ဆုံဆည်ကြီးပြိုကျဖို့က မိုးကြီးပြီး မြစ်ရေလွှမ်းလို့၊ ဆည်ရဲ့အရည်အသွေးညံ့ဖြင်းလို့နဲ့ ငလျင်လှုပ်လို့ စတဲ့ အ ကြောင်းသုံးပါးထဲက တကြောင်းကြောင်းဖြစ်စေ၊ နှစ်ကြောင်းစုံလို့ဖြစ်စေ၊ သုံးကြောင်းစလုံးပေါင်းစုံလို့ဖြစ်စေ၊ ဖြစ်လာနိုင် တဲ့ ကိစ္စပါ။ ကျိန်ခရန်ဆည်၊ ဝါရှောင်ဆည်များထက် အဆပေါင်းများစွာ ကြီးမားလှတဲ့ ဆည်ကြီးမို့ ဒီဆည်ကြီး ကျိုးပျက်ခဲ့ ရင်ဖြင့် (စက္ကန့်၂၀ မှာဖြစ်စေ၊ မိနစ် ၂၀ မှာဖြစ်စေ၊ ၂ နာရီမှာ ဖြစ်စေ) ဆည်ကြီးအောက်ခြေမလှမ်းမကမ်းက မြစ်ကြီးနား မြို့ကြီး ရေအောက်ရောက်သွားရုံမက ရေထဲမျောပါပျက်စီးသွားမှာပါ။

DISSENT ဆိုတဲ့ စာစောင် ရဲ့ ၂၀၁၁ ခုနှစ်ဆောင်းကူး/ဆောင်းရာသီ ထုတ် (AUTUMN/WINTER 2011) မှာ Melody Kemp ရေး တဲ့ KACHIN CAPERS ဆိုတဲ့ ဆောင်းပါးမှာ၊ စာမျက်နှာ ၃၂ မှာ ဟောဒီလို ရေးထားပါတယ်။ “တကယ်လို့ များ ကမ္ဘာမြေကြီးက ရွေ့လျားပြီး (မြစ်ဆုံ) ဆည်ပြိုလဲခဲ့ရင် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ လူ တသိန်းခွဲကျော်နေထိုင်တဲ့ ကချင်ပြည်နယ်ရဲ့ မြို့တော်ကြီးဟာ စက္ကန့် ၂၀ အတွင်းမှာ ပျောက်ဆုံး သွားလိမ့် မယ်” (If the earth moves and the dam collapses, the downstream capital of Kachin State, a city of over 150,000, would disappear in 20 seconds.)၊ Melody Kemp က ဩစတြေလျ လူမျိုးစာရေးဆရာမ တယောက်ဖြစ်ပြီး အာရှတိုက်မှာ အနှစ် ၂၀ ကျော် နေထိုင်နေသူ ဖြစ်ပါတယ်။ သူမဟာ အင်မတန် ဩဇာကြီးမားတဲ့ အမေရိကန် ပတ်ဝန်းကျင်ဆိုင်ရာ သတင်းအဖွဲ့အစည်း (U.S. Society for Environmental Journalism) ရဲ့ အဖွဲ့ဝင်တယောက်လဲ ဖြစ်ပါတယ်။

(၇) အမျိုးသားရေးလှုပ်ရှားမှု

ဧရာဝတီကိုကယ်တင်ရေး၊ မြစ်ဆုံဆည်တည်ဆောက်ရေးကို ကန့်ကွက်ဟန့်တားရေးဟာ အမျိုးသားရေးလှုပ်ရှားမှုကြီးဖြစ်တယ်လို့ ကျနော် ပြောခဲ့ပါတယ်။ ကျနော်တို့အားလုံး ညီညာဖျဖျ လှုပ်ရှားကြမယ်ဆိုရင် ဒီအမျိုးသားရေးလှုပ်ရှားမှုကြီးကနေ ဧရာဝတီ ကို ကယ်တင်နိုင်ရုံ၊ ကာကွယ်နိုင်ရုံမျှမက ကျနော်တို့ နိုင်ငံရဲ့ ဒီမိုကရေစီ ရေး၊ လူ့အခွင့်အရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးအောင်ပွဲများပါ ရရှိနိုင်မယ်လို့လဲ ကျနော် လေးလေးနက်နက်ယုံကြည်ပါတယ်။ ဒီလှုပ်ရှားမှုကြီးကနေ နိုင်ငံတကာမှာ တရုတ်အစိုးရက မြန်မာနိုင်ငံကို ကိုလိုနီပြု နေမှု၊ မြန်မာပြည်သူများရဲ့ အကျိုးစီးပွားကို တိုက်ရိုက်ဖျက်ဆီးနေမှုတွေကို လူသိရှင်ကြား ကန့်ကွက်ရှုံ့ချနိုင်ပါလိမ့်မယ်။ မြန်မာပြည်သူများရဲ့ မကျေနပ်မှု၊ နိုင်ငံတကာမိသားစုကြီးရဲ့ ဝေဘန် ရှုံ့ချမှုတွေအောက်မှာ တရုတ်အစိုးရဟာ သူ့ရဲ့ မြန်မာပြည်သူများအပေါ် အနိုင်အထက်ပြုကျင့်မှုကို ရပ်တန့်လာနိုင်ပါတယ်။ ပြီးတော့လဲ ပြည်တွင်းမှာ ပြည်သူတွေက၊ ဆရာမောင်စိန်ဝင်းလို တာဝန်သိသူတွေက မြန်မာစစ်ခေါင်းဆောင်တွေကို “ကိုယ့်သွေးကို ကိုယ်ပြန်မသောက်ကြဖို့”၊ “အမိနိုင်ငံရဲ့ အသက်သွေးကြောကို ရောင်းမစားဖို့”၊ ပိုပြီး ရဲရဲရင့်ရင့်၊ ကျယ်ကျယ်လောင်လောင် တောင်းဆိုဖိအားပေး နိုင်ကြမယ်ဆိုရင် မြန်မာစစ်ခေါင်းဆောင်တွေလဲ သူတို့ရဲ့ တရုတ်အစိုးရအပေါ် အလွန်အကျွံမှီခိုနေရမှုတွေကို ပြန်လည် စဉ်းစားသုံးသတ်ပြီး ရှက်တတ်လာနိုင်ပါတယ်။

ဒီ မြစ်ဆုံရေကာတာကြီးကို ဆက်ဆောက်နေသရွေ့ ကချင်ပြည်သူများ၊ မြန်မာပြည်သူများရဲ့ ကန့်ကွက်ရှုံ့ချမှုကို သူတို့ ဆက်လက် ရင်ဆိုင်နေရမှာဖြစ်သလို ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ ဖြစ်နေတဲ့ စစ်ပွဲတွေကိုလဲ ရပ်တန့်နိုင်မှာ မဟုတ်ပါ။ ကျနော်တို့ရဲ့ ဧရာဝတီ ကာကွယ်ရေး အမျိုးသားလှုပ်ရှားမှုကြီးက မြန်မာစစ်ခေါင်းဆောင်တွေကို တရုတ် သစ္စာခံပြီး တရုတ်လိုသမျှ ပေးနေရတာထက် မြန်မာနိုင်ငံသားအချင်းချင်း မကျေလည်မှုတွေကို ငြိမ်းချမ်းစွာ ဆွေးနွေးညှိ နှိုင်း ဖြေရှင်းကြရင် တရုတ်အပါအဝင် ဘယ် နိုင်ငံခြားအစိုးရကိုမှ ကြောက်မနေရဘဲ ဂုဏ်သိက္ခာရှိရှိ၊ “ကမ္ဘာတည်သရွေ့၊ မြန်မာပြည် ဟေ့ရယ်လို့ ကြွေးကြော်ပြီး” ရပ်တည်နိုင်မှာ ဖြစ်ကြောင်း သိမြင်လာစေနိုင်မှာဖြစ်ကြောင်းပါ။

လေးစားစွာ

အောင်ဒင်
ဩဂုတ် ၂၊ ၂၀၁၁

နေ့သစ်မှ ကူးယူဖေါ်ပြပါတယ်။ ဧရာဝတီကို ကယ်တင်ကြစို့ကို မိုးမခမှာ တင်ထားတာကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။


27 comments:

ပေမမှီ ဒေါက်မမှီ ဥာဏ်လေးနဲ့ လျှောက်ပြောပြန်ပြီ

ရေကာတာနဲ့ ပတ်သက်ပြီး သိပ်မသိဘူးလို့ ပြောထားပြီးဖြစ်လို့ ဉာဏ်မမီဘူးပြောလည်း ကျွန်မ ဘာမှ ဖြစ်မသွားဘူး။ ဒါဆိုရင် ဉာဏ်မီတဲ့သူရေးထားတဲ့ ဆောင်းပါးနှစ်ပုဒ်ကိုဖတ်ပြီး ဆောင်းပါးရှင် ကိုအောင်ဒင်ကိုယ်တိုင်ကိုလည်း ဉာဏ်မမီသေးဘူးထင်ရင် ဘာကအမှန် ဘာကအမှားဆိုတာ အချက်အလက်နဲ့ တိတိကျကျ ထောက်ပြပေးပါ။ ဒါဆိုရင် ကျေးဇူးတင်မယ်။ ဒီအတိုင်း ဘာမှမဆွေးနွေးဘဲ ပုတ်ခတ်ရုံ လာရေးလို့ကတော့ နောက်ထပ်လက်ခံမှာ မဟုတ်ဘူး။

ဒီလို ဆိုတော့လည်း အတော်ကို ကြောက်စရာ ကောင်းပါလားနော်.. ဒါကို လူထုတွေ ကျယ်ကျယ်ပြန့် ပြန်သိအောင် လုပ်ကြရပါမယ်။ တစ်မျိုးသားလုံး ဆန့် ကျင် ကန့် ကွက်ကြရပါမယ်.။ facebook မှာ ပြန်ဝေမျှချင် ပါတယ်။ ပြန်တင်ပေးတဲ့ အမကို ကျေးဇူးပါနော်။

ဒီပို့စ်အတွက် ပြောစရာ မရှိပါ .....မသိတဲ့သူ က မတတ်တဲ့ သူကို အကြံပေး .......နား မလည်တဲ့ သူ က အကောင်အထည် ဖော် ဆောင်ရွက်...... နေတဲ့ တိုင်းပြည် ဒီလိုပဲ သွားမှာ .....

ဘယ်သူကိုမှအကျိုးမရှိတဲ့ဘလော့က်ပဲ

((ဘယ်သူကိုမှအကျိုးမရှိတဲ့ဘလော့က်ပဲ)) TO ANONYMOUS: မင်းကရော ဘာတွေ အကျိုး ရှိအောင် လုပ်ခဲ့ ပြီ လည်း .....မင်းလို သားမျိုး မွေးရတဲ့အမေကတော့ မနှိုင်းရဲ စရာပဲ .....အမေတွေကို အားနာလို့ မင်းအမေကို မနှိုင်းတော့ဘူး.......

<<<<>>>>သူများကိုမမေးနဲ.အုန်းမင်းကရော
ဘာကောင်လည်းဆိုတာကိုယ်.ဖာသာကိုယ်ပြန်စဉ်းစားအုန်းမင်းလိုကောက်၇ိုးပုံစောင်.တဲ့ကောင်ကိုမွေးတဲ့မင်းအမေကတော့စဉ်းစားစရာမလိုအောင်သိသာနေပြီ

(((((KKN)))))))
သူများကိုမမေးနဲ.အုန်းမင်းကရော
ဘာကောင်လည်းဆိုတာကိုယ်.ဖာသာကိုယ်ပြန်စဉ်းစားအုန်းမင်းလိုကောက်၇ိုးပုံစောင်.တဲ့ကောင်ကိုမွေးတဲ့မင်းအမေကတော့စဉ်းစားစရာမလိုအောင်သိသာနေပြီ

KKN ဆိုတာ ကိုကျော်နိုင်လား
ခင်များမိန်းမကို ထိတိုင်း အတင်းဝင်ကိုက်မနေနဲ.

Anonymous (August 6, 2011 4:25 PM) - ဒီပို့စ်ကို ကျွန်မ ရေးတာမဟုတ်တဲ့အတွက် ပြန်ဖေါ်ပြရင် မူရင်းပို့စ်ပိုင်ရှင်နဲ့ ဆိုက်ကိုပဲ ညွန်းပေးပါ။

KKN - ပို့စ်ပါ အကြောင်းအရာကို ဆွေးနွေးတာ မဟုတ်ဘဲ အရေမရ အဖတ်မရ လူတကာ စိတ်မနှောင့်အယှက် ဖြစ်အောင် ပြဿနာလာရှာထားတဲ့ မှတ်ချက်တွေကို အကုန်ဖျက်ဖို့ရှိတဲ့အတွက် ဒီကောင်တွေကို အဖက်လုပ်ပြီး မလိုအပ်တာကို ပြန်မပြောပါနဲ့။ သူတို့က ယုတ်ညံ့တဲ့နေရာ၊ ယုတ်ရိုင်းစွာပြုမူ ပြောဆိုတဲ့နေရာ ကေက်ကျစ်တဲ့နေရာတွေမှာ နံပါတ် ၁ အမြဲယူထားပါတယ်။ သန့်ရှင်းစင်ကြယ်နေတဲ့သူတွေကို သူတို့လို ယုတ်ညံ့အောင် စိတ်ရိုင်းဝင်အောင် လာပြီးသွေးဆောင်နေတဲ့သူတွေ၊ အကုသိုလ်တွေကို လာပြီးမျှဝေနေတဲ့သူတွေ ဖြစ်လို့ အကူးစက်မခံပါနဲ့။ သူတို့ကို မကောင်းတဲ့နေရာမှာ ဘယ်သူမှ ပြိုင်မနိုင်ဘူး၊ ဝေးဝေးက ရှောင်စေချင်တယ်။

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ (၁)


နယူးဒေလီ (မဇ္ဈိမ) ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အငြင်းပွားဖွယ်ရာ ဧရာဝတီမြစ် ညာဘက်တွင် တည်ဆောက်နေသော ရေကာတာများကြောင့် သဘာဝပတ်ဝန်းကျင်နှင့် အခြားဆိုးကျိုးများနှင့် ပတ်သက်ပြီး စိုးရိမ်ကြောင်း ပထမဆုံးအကြိမ် ထုတ်ဖော် ပြောဆိုလိုက်သည်။

ဆည်စီမံကိန်းများကြောင့် လျှပ်စစ်စွမ်းအင် ထုတ်လုပ်နိုင်မည် ဖြစ်သော်လည်း မြစ်ကြောင်း ပြတ်တောက်ခြင်း၊ ရေတိုက်စားမှုနှုန်း မြင့်မားခြင်း၊ ရေစီးအားနည်းခြင်း၊ စီမံကိန်း ဆောက်လုပ်ရာမှ ကျန်ရှိနိုင်သည့် ဓာတု ဓာတ်ပစ္စည်း များ ပိုမိုစုစည်းကာ ဆည်လွှတ်ရေတွင် ပါဝင်နိုင်ခြင်းတို့ကြောင့် စိုးရိမ်စရာဖြစ်ခဲ့ကြောင်း “ဧရာဝတီ အတွက် ပန်ကြားချက်” အမည်ဖြင့် ကြာသပတေးနေ့က ကြေညာချက် ထုတ်ပြန်လိုက်သည်။

“စနစ်ကျသော စီမံကိန်းများ ကင်းမဲ့မှု၊ ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေများကို လိုက်နာရန် ပျက်ကွက်မှုနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာနှင့် ဗဟုသုတ အားနည်းခြင်းတို့သည် ပြဿနာပေါင်းစုံကို ဖြစ်ပေါ်စေခဲ့ပါသည်” ဟုလည်း ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လက်မှတ်ထိုးထားသည့် ပန်ကြားလွှာတွင် ဖော်ပြထားသည်။

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ (၂)


မြစ်ဆုံရေကာတာ စီမံကိန်း အစပျိုးစဉ်ကပင် မြန်မာအစိုးရ အဆက်ဆက်က မိမိတို့၏ အကျိုးစီးပွားကို ကာကွယ် မြှင့်တင်ရန် ပျက်ကွက်ခဲ့သည်ဟု ကချင်အမျိုးသားတို့၏ ခံယူချက်များ ပိုမိုနက်ရှိုင်းလာခဲ့သည်ဟုလည်း သူက သတိပေးထားသည်။

ဧရာဝတီ၊ မေခ၊ မလိခမြစ်ကြောင်း တလျှောက်ရှိ မြစ်ဆုံ၊ ချီဖွေ၊ ချီဖွေငယ်၊ ခေါင်လံဖူး၊ ပရှီး၊ ဖီဇော၊ လဇာ၊ လကင် ဒေသများတွင် ရေကာတာ ၈ ခု တည်ဆောက်မည် ဖြစ်ကာ အများဆုံး ၆,၀၀၀ မဂ္ဂါဝပ်မှ အနည်းဆုံး ၁,၄၀၀ မဂ္ဂါဝပ် စုစုပေါင်း ၁၃,၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်မည်ဟု ဌာနဆိုင်ရာ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရေအားလျှပ်စစ် မီဂါဝပ် ၃,၆ဝဝ ထုတ်လွှတ်ပေးနိုင်မည့် “မြစ်ဆုံ ရေကာတာ စီမံကိန်း” အရ မေခမြစ် အပိုင်းတွင် တာ ၅ ခု၊ မလိခမြစ်မှာ ၂ ခု ပိတ်ရမည် ဖြစ်သည်ဟု ပတ်ဝန်းကျင် စောင့်ရှောက်ရေး လှုပ်ရှားသူများက ပြောသည်။

ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်များ၊ တက်ကြွ လှုပ်ရှားသူများ၊ ဆည်ကြောင့် အကျိုးယုတ်ရမည့် ဒေသခံများက ဝိုင်းဝန်း ကန့်ကွက်နေသည့် ကြားမှပင် စီမံကိန်းကို ၂ဝဝ၇ ခုနှစ်မှစ၍ အေးရှားဝေါလ် ကုမ္ပဏီနှင့် တရုတ်နိုင်ငံ လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်း - CPI တို့က တာဝန်ယူ ဆောက်လုပ်နေခြင်း ဖြစ်သည်။

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ (၃)


ယင်းအပြင် စီမံကိန်းကြောင့် ရွှေ့ပြောင်းပေးခဲ့ရသည့် ရွာ ၆၃ ရွာနှင့် လူပေါင်း ၁၂၀၀၀ ကျော်အတွက်လည်း ပြန်လည် နေရာချထားပေးရန် လိုအပ်နေသည်။

“မေခ၊ မလိခမြစ်ဆုံနှင့် ဧရာဝတီမြစ်ဆုံ၌ ရေကာတာများ ဆောက်လုပ်ရန် ရှေ့တိုး ဆောက်ရွက်နေခြင်းဟာ လူနည်းစု တိုင်းရင်းသား လူမျိုးများ၏ အမြင်ကို လျစ်လျူရှု ပစ်ပယ်ထားသည့် နောက်ဆုံး သာဓကတခု ဖြစ်တယ်” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ထိန်းချုပ်ဒေသများ အုပ်ချုပ်ရေးမှူး လမာဂွမ်ဖန်း (Lama Gumhpan) က မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်းတခုတွင် ဖြေကြားခဲ့သည်။

မြစ်ဆုံဆည်ကြောင့် ပြည်တွင်းစစ်အထိ ဦးတည်သွားနိုင်သဖြင့် စီမံကိန်းကို ရပ်ဆိုင်းထားပါရန်နှင့် စစ်ဖြစ်ပါက မိမိတို့တွင် အပြစ်မရှိကြောင်းလည်း မြန်မာအစိုးရကို အကြောင်းကြားထားပြီး ဖြစ်ကြောင်း KIO ဥက္ကဋ္ဌ လရော်ဇောင်းဟရား လက်မှတ်ထိုးကာ တရုတ်သမ္မတ ဟူကျင်းတောင်ထံ အိမ်ဖွင့်ပေးစာ တစောင်ကို ၂ဝ၁၁ ခုနှစ် မတ်လ ၁၆ ရက်နေ့က ပေးပို့ခဲ့သေးသည်။

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ (၄)


မြစ်ဆုံဆည် စီမံကိန်းနေရာ၌ ၂ဝ၁ဝ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် အနည်းဆုံး ဗုံး ၁၀ လုံး သီးခြားစီ ပေါက်ကွဲခဲ့သည်။

ဗုံးပေါက်ကွဲမှုများကြောင့် အနည်းဆုံး တရုတ် အလုပ်သမားတဦး သေဆုံးခဲ့ကာ ယာယီ အဆောက်အအုံ အချို့လည်း ပျက်စီးခဲ့သည်။

အစိုးရဘက်က တာပိန်ရေအားလျှပ်စစ် စီမံကိန်း အနီးရှိ KIA ယာယီစခန်းကို ဇွန်လ ၁၁ ရက် နောက်ဆုံးထား ဖယ်ရှားခိုင်းရာက ဇွန် ၁ဝ ရက်နေ့တွင် အစိုးရတပ်များနှင့် ကချင်တပ်များ တိုက်ခိုက်စတင်ဖြစ်ခဲ့ကြရာ ယခုထိ ပြေလည်မှု မရသေးပေ။

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ (၅)


မြန်မာ-တရုတ် အစိုးရများ အနေဖြင့် နှစ်နိုင်ငံအကျိုး မျှော်မြင်၍ အသက်အိုးအိမ်များကို အန္တရာယ်ပြုနိုင်မည့် နောက်ဆက်တွဲ ပြဿနာများကို ရှောင်ရှားလိုကြမည်ဟု ယုံကြည်ကြောင်းနှင့် အမျိုးသားရေးနှင့် နိုင်ငံတကာ သဟဇာတဖြစ်ရေးကို ရှေ့ရှုလျက် သက်ဆိုင်သူ အားလုံးက စီမံကိန်းအား ပြန်လည် သုံးသပ်၍ မလိုအပ်သော အကျိုးဆက်များကို ရှောင်ရှားရန် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တိုက်တွန်းထားသည်။

စီမံကိန်းအတွက် တံတားများ တည်ဆောက်ရာ၌ ရေတိုက်စားခြင်းနှင့် သောင်ထွန်းခြင်း ပြဿနာများကို ထည့်သွင်း မစဉ်းစားခဲ့သည့် အတွက် ရေတိုက်စားခြင်းနှင့် သောင်ထွန်းမှုများ ဖြစ်ပေါ်နေကြောင်း၊ နွေရာသီတွင် သွားလာရေး ခက်ခဲမှုနှင့် သောက်သုံးရေ ခပ်ရန် ခက်ခဲမှုများ ဖြစ်နေခြင်းမှာ ဆယ်စုနှစ်များပင် ရှိခဲ့ပါပြီဟုလည်း မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့် ထုတ်ဝေသည့် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆည်စီမံကိန်းများ အောက်ဖက် ဧရာဝတီမြစ်ကြောင်း တလျောက်နေသူ “ပြည်သူတွေအတွက် ရေကြောင်း ပြောင်းလဲမှုကြောင့် ထိခိုက်နစ်နာရဖွယ် ရှိနေတယ်” ဟု မြန်မာနိုင်ငံ မြစ်ကြောင်းများဆိုင်ရာ ကွန်ယက်အဖွဲ့ Burma Rivers Network ခေါင်းဆောင်တဦးဖြစ်သူ စိုင်းစိုင်းက မဇ္ဈိမနှင့် တွေ့ဆုံ မေးမြန်းခန်း တခုတွင် ဖြေကြားခဲ့သည်။

ဧရာဝတီအတွက် စိုးရိမ်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောပြီ (၆)


မြစ်ဝှမ်းဒေသများတွင် ဆယ်စုနှစ်အတွင်း စက်ရုံ၊ အလုပ်ရုံများ တိုးပွားလာခြင်းနှင့် ရွှေတူးဖော်ခြင်းများကြောင့် ဧရာဝတီလင်းပိုင် အပါအဝင် ရှားပါးငါးမျိုးများ ရှင်သန်မှုကို ထိခိုက်ရကာ မြစ်ကို မှီခိုနေသူများအတွက် သောက်သုံးရေနှင့် အစားအစာအတွက်မှာ လုံခြုံကင်းမဲ့နေသည်။

ပို၍ အရေးကြီးသည့်ပြဿနာမှာ မြစ်ရေစီးအားနည်းပါးခြင်းကြောင့် မြစ်အောက်ပိုင်း မြစ်ဝကျွန်းပေါ် ဒေသများ၌ ပင်လယ်ဆားငန်ရေ ဝင်ရောက်မှု ပိုမို ကျယ်ပြန်လာခြင်းကြောင့် ဆန်စပါး ထုတ်လုပ်မှု ထိခိုက်ကာ ဆန်အဓိက စားသုံးနေသည့် ပြည်သူတရပ်လုံးကို ထိခိုက်လာကြောင်းနှင့် ဆန်တင်ပို့မှုမှ ရရှိသည့် နိုင်ငံခြား ဝင်ငွေ ထိခိုက် ကျဆင်းမှုကိုလည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးထားသည်။

ဧရာဝတီမြစ်နှင့် ဆက်စပ် ဖြစ်ပေါ်နေသည့် သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ အတတ်ပညာနှင့် နိုင်ငံရေးဆိုင်ရာ ပြဿနာ အလုံးစုံကိုလည်း အားလုံး ပူးပေါင်းခြင်းဖြင့်သာ ဖြေရှင်းနိုင်မည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

(မဇ္ဈိမ)


http://www.mizzimaburmese.com/news/inside-burma/8125-2011-08-11-13-36-18.html

Oh Yes! this project had been pushed back and forth by both sides for many (many) years. All lecturer, professors from YU Geology and Geography depts awear and try(and even bag) not to continue this plan for many many) years, eventually, it still happen, ruthless brainless government! If "YOU" all don't get up and punish them, then WHO will? GET out there and kill them one after another!

A very good blog I'd ever seen awesome, good job & I appreciated.

U MG

သမိုင်းဝင် အထင်ကရ နေရာတွေကို တန်ဖိုးထား ထိမ်းသိမ်း နေကြတဲ့  အချိန်မှာ ဘာလို့ များ ဖျက်စီးချင်နေကြတာ ပါလိမ့်  ရတနာပုံမင်းနေပြည်တော်ကို အသစ်ပြန်လုပ်လိုက်လို့  စိတ်ဝင်စားစရာ တွေလည်း ပျောက်ခဲ့ ပြီးပြီ ပုဂံဘုရား ကိုလည်းလုပ်နေကြတာပဲ ကိုယ့် ရဲ့ အရိုးအရာအမွေ အနှစ်ကို တန်ဖိုးထားဖို့  စဉ်းစားပေးကြပါဦးဗျာ

ကုလသမမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာအစိုးရကို အရေးယူဖို့ တင်ပြရင် တရုတ်အစိုးရက "ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးသာ ဖြစ်တယ်၊ ဒေသတွင်း လုံခြုံရေးကို မထိခိုက်နိုင်ဘူး၊ ဒါကြောင့် ကုလသမမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာအစိုးရကို အရေးယူစရာ မလိုဘူး" ဆိုပြီး တရုတ်အစိုးရက ဗီတိုအာဏာ သုံးပေးအောင် မြန်မာစစ်အုပ်စုခေါင်းဆောင်တွေက သူတို့ပထွေး တရုတ်တွေကို အုန်းပွဲ၊ ငှက်ပျောပွဲ နဲ့ ပင့်လာလို့ တရုတ်တွေက ဒီလို မြန်မာနိုင်ငံအတွင်းမှာ လုပ်ခွင့်ရနေတာပါ။

ပြီးတော့ တိုင်းပြည်ကို တရုတ်လက်ထဲ လက်သိပ်ထိုး ရောင်းစားတဲ့ ပရောဂျက်တိုင်းမှာ စစ်ခေါင်းဆောင်တွေက အချီကြီး ပွတော့ ရောင်းစားလို့ ရတာ အားလုံးကို တရုတ်တွေကို ရောင်းတော့တာပေါ့။

တရုတ်တွေက ဒီလို မြန်မာနိုင်ငံအတွင်းမှာ လုပ်ခွင့်ရနေတာတွေ အားလုံးရဲ့ တရားခံ အစစ်အမှန်ဟာလဲ မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခ အားလုံးလိုလိုရဲ့ တရားခံ ဖြစ်တဲ့ အရပ်သားအစိုးရ အမည်ခံ စစ်ခေါင်းဆောင်တွေပဲ ဖြစ်ပါတယ်။



သစ်သားနဲ့ လုပ်တဲ့ ပုဆိန်ရိုး မပါတဲ့ ပုဆိန်ကို သစ်ပင်တွေက ကြောက်စရာ မလိုဘူး။ သစ်သားနဲ့ လုပ်တဲ့ ပုဆိန်ရိုး တပ်ထားပြီးတဲ့ ပုဆိန်ကိုတော့ သစ်ပင်တွေက ကြောက်ရပြီပေါ့။

အတွင်းလူ (ပုဆိန်ရိုး) မပါတဲ့ ပြင်ပရန်သူကို သိပ် ကြောက်စရာ မလိုဘူး။ အတွင်းလူ (ပုဆိန်ရိုး) ပါလာပြီ ဆိုရင်တော့ အဲဒီ ပြင်ပရန်သူဟာ အင်မတန် ကြောက်ရပြီပေါ့။

ဒီတော့ တရုတ်အားကိုး၊ ပုဆိန်ရိုး တွေ ဖြစ်တဲ့ အရပ်သားအစိးရ အမည်ခံ စစ်ခေါင်းဆောင်တွေ အားလုံးကို အမြစ်ပြုတ်အောင် ဖြုတ်ချပစ်ဖို့ ဆိုတာ ပြည်သူအားလုံးရဲ့ သမိုင်းပေးတာဝန် ဖြစ်နေပါပြီ။

မြန်မာ့မြေမှာနေ၊ မြန်မာ့ရေ သောက်နေကြတဲ့ တရုတ်တွေ
မြစ်ဆုံကိစ္စ ဝိုင်းတားပေးလဲ တရုတ်အစိုးရက ဂရုစိုက်မှာ မဟုတ်ဘူး..

အဓိက လုပ်ရမှာက မြန်မာစစ်အုပ်စုကို လူထုအင်အားကို ဆထက်ထမ်းပိုး ပို ပြပြီး မြစ်ဆုံစီမံကိန်းကို မရပ်ရင် နိုင်ငံရေး မတည်ငြိမ်ဘဲ သူတို့ အာဏာလက်လွတ်သွားနိုင်မယ့် အလားအလာ များလာနိုင်တာကို စိုးရိမ်ပြီး လူထုဆန္ဒကို မဆန့်ကျင်ရဲအောင် ဖိအားပေးရမယ်..

စစ်အုပ်စုကို ထိရောက်တဲ့ ဖိအားပေးနိုင်အောင် ပြည်တွင်း၊ ပြည်ပက ဒီမိုကရေစီအင်အားစုတွေ အားလုံး လူထုစည်းရုံးရေးကို ထိရောက်အောင် လက်တွဲ ဆောင်ရွက်ရမယ်..

ပြည်ပက ရဲဘော်တွေအနေနဲ့ ကိုယ့်မှာရှိတဲ့ ပြည်တွင်းက အီးမေးလ်လိပ်စာတွေကို ဧရာဝတီကို အသေသတ်မယ့် မြစ်ဆုံစီမံကိန်း အကြောင်း နဲ့ မြစ်ဆုံစီမံကိန်းဆန့်ကျင်ရေး လှုပ်ရှားမှုတွေရဲ့ သတင်း၊ ဆောင်းပါး၊ ဓါတ်ပုံတွေကို အခုထက် ပိုအားစိုက်ပြီး ဖြန့်ပေးကြပါ..



၁၉၈၈၊ ပြည်သူ့အရေးတော်ပုံကြီးကို သတိရကြ..

၂ဝ၁၂၊ ပြည်သူ့အရေးတော်ပုံကြီးကို ဖန်တီးကြ..

တရုတ်အားကိုး၊ ပုဆိန်ရိုး စစ်ခွေးအစိုးရကို ဖြုတ်ချကြ..

မြစ်ဆုံရေကာတာ ဆန့်ကျင်ရေး၊
ဧရာဝတီ ရှင်သန်ရေး
ပြည်သူအားလုံး လမ်းပေါ်ထွက်ပြီး ဆန္ဒဖေါ်ထုတ်ကြစို့

.

ဟူကျင်းတောင် မှ သိန်းစိန် သို့ သဝဏ်လွှာ


သိန်းစိန်


"မြစ်ဆုံဆည် ရပ်လိုက်ပါပြီ" ဆိုပီး ဘီမာပြည်က လူတွေကို နင် လိမ်နေဒဲ့ ကလိမ်စေ့ငြမ်းဆင် အကွက် တိပ် ကောင်းတယ်

ဝ တို့လဲ ဝ တို့ စီလုတ်ပြည်က လူတွေကို အဲတီလို နည်းတွေနဲ့ လိမ်ပီး လုပ်စားလာတာဘဲ

အဲတီလို "မြစ်ဆုံဆည် ရပ်လိုက်ပါပြီ" ဆိုဒဲ့ လိမ်နည်းအတိုင်း ဆက်လိမ်ထား

ဝ တို့လဲ နင့် ကို ဆက်ပီး စိတ်ဆိုးချင်ယောင် ဆောင်ထားမယ်

နင်လဲ ဆက်ပီး သူတော်ကောင်း ယောင် ဆောင်ထား

အီရာဝတီ ကို ကယ်တင်ပါ ဆိုပီး အော်နေတဲ့ အကောင်တွေ အော်ရတာ မောသွားမှ နင် နဲ့ ဝ နဲ့ သဘောတူထားတာတွေ ဆက်လုပ်မယ်

လောလောစယ်မှာ တီအကောင်တွေ မသိသေးဒဲ့ စီမံကိန်းတွေ လုပ်နေမယ်

ပီးတော့ ဟိုကလောတုန်းက နင့်ကို ဝ ပြောထားဒဲ့ ဟိုစီမံကိန်း လုပ်ဖြစ်ရင် စင်ကာပူက နင့် ဘဏ်စာရင်းထဲကို ဝ တို့က နောက်ထပ် ဒေါ်လာ သန်း ၁ဝဝ ထပ်ထည့်ပေးမယ်

ပီးတော့ နင့်အတွက် ဝ တို့က နန်းတော်လို ခြံ နဲ့ အိမ် အကြီးကြီး နောက်တလုံး ထပ်ဝယ်ပေးမယ်

နင့် အိမ်အသစ်ကို ဘေဂျင်း မှာ ယူမလား၊ ရှန်ဟိုင်း မှာ ယူမလား


ဟူကျင်းတောင်

.
ဧရာဝတီမြစ်ဆုံမှ ရေတွေ စီးပါစေ။ ကျည်ဆံတွေ မစီးပါစေနှင့်။



ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ (၃)
(၂၆-၉-၂ဝ၁၁)



ထလော့ မြစ်မင်းဧရာ
မြပင်လယ်မှ ရေတွေ ဘယ်ရောက်နေပြီလဲ
မလိခမှ ရေခဲပွင့်တွေ ဘယ်ရောက်နေပြီလဲ
ရှမ်းရဋ္ဌမှ စိမ့်စမ်းရေတွေ ဘယ်ရောက်နေပြီလဲ
ထင်းရှူးတောင်မှ မွှေးမြရီဝေတွေ ဘယ်ရောက်နေပြီလဲ
စစ်ကိုင်းတောင်မှ ပိတောက်ရနံ့တွေ ဘယ်ရောက်နေပြီလဲ
မြစ်မင်းဧရာဝတီ
ထလော့ လှလော့ ကလော့
ထလော့
ဧရာဝတီ
ရေတွေ စီးလော့ …


ချစ်သော ဧရာဝတီမြစ်ကြီး မပျက်စီးစေလို၍၊ ဆက်စီးစေလို၍၊ အသက်သီးစေလို၍ အထက်ပါ စာကဗျာကို ကျွန်တော်၏ (၉၃) ကြိမ်မြောက် မွေးနေ့ (၁ဝ-၅-၂ဝ၁၁) ရက်က ကျွန်တော် ရေးခဲ့ပါသည်။


ယခုကား ဧရာဝတီမြစ်ကြီးသည် အထူးသဖြင့် လူ့ ပယောဂများကြောင့် အမျိုးမျိုး ပျက်စီးနေခဲ့ရာမှ မေခ၊ မလိခ၊ ဧရာဝတီမြစ်ဆုံတွင် ဧရာမ ရေအားလျှပ်စစ် စီမံကိန်းကြီး တည်ဆောက်ရန် အပြီးအပိုင် အနိုင်အထက် စီမံ လုပ်ဆောင်နေကြ၍ ဤလုပ်ငန်း၏ အန္တရာယ်ကြီးကို သိမြင် နားလည်ကြသော ပြည်သူများ၊ ပညာရှင်များက မခံမရပ်နိုင် ကန့်ကွက် တားဆီးနေသံများ ပွက်ပွက်ညံနေသည်ကို ကြားရသောအခါ -

ဤကိစ္စသည် မြန်မာရဋ္ဌ၊ မြန်မာ့သဘာဝ၊ မြန်မာ့ဘဝကို ဖျက်ဆီးနိုင်သည်သာမက မြန်မာနှင့် အာရှဒေသ ငြိမ်းချမ်းရေးကိုပါ ထိခိုက် ပျက်စီးစေနိုင်သည်ဟု ယူဆသဖြင့် လေးနက်စွာ ကန့်ကွက်လိုက်ပါကြောင်း။


ဧရာဝတီမြစ်ဆုံမှ ရေတွေ စီးပါစေ။ ကျည်ဆံတွေ မစီးပါစေနှင့်။


ဒဂုန်တာရာ
သာမိုင်းခမ်း အောင်ပန်းမြို့
ရှမ်းရဋ္ဌ
(၂၆-၉-၂ဝ၁၁)



ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာရဲ့ ငြိမ်းချမ်းရေးပန်ကြားလွှာ (၃)
(၂၆-၉-၂ဝ၁၁)



http://1.bp.blogspot.com/-Gm6q3SU1rf0/ToKTMlmvgRI/AAAAAAAAKsg/xBDjCUYu5pA/s1600/1.jpg
.

.

ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၄)

(၃-၁၀-၂၀၁၁)



’’ မိမိတို့ အစိုးရလက်ထက်တွင် မြစ်ဆုံဆည် တည်ဆောက်ခြင်းကို မပြုလုပ်စေပဲ
ရပ်ဆိုင်းထား မည်ဖြစ်ပါသည်’’ ဟု စက်တင်ဘာ ၃၀ ရက်က နိုင်ငံတော်သမ္မတ
ဦးသိန်းစိန်က လွှတ်တော်ဥက္ကဌများထံ လိပ်မူ၍ ပေးပို့သော သ၀ဏ်လွှာ၌
ဖော်ပြ ကြေညာခဲ့ရာ နွေဦးအလာတွင် တွန်ကျူးသော ဥသြတေးသံကဲ့သို့
ချိုမြသာယာပါသည်။


ယင်းသို့ ကြေညာခြင်းအတွက် သမ္မတဦးသိန်းစိန်အား
"ကျေးဇူးကမ္ဘာ’’ ပြောကြားလိုပါသည်။


သမ္မတကြီး၏ ကြေညာချက်နှင့်အညီ ဤမြစ်ဆုံဆည်နှင့် အခြားအန္တရာယ်များသော
ဆည်များ၊ လုပ်ငန်းများကိုလည်း အပြီးအပြတ် ရပ်စဲနိုင်ပါစေ
ဟု ဆုတောင်းပါသည်။


သမ္မတကြီး၏သ၀ဏ်လွှာတွင် ဥပဒေပြင်ပသို့ ရောက်ရှိနေသည့်
တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများအား ထာဝရငြိမ်းချမ်းရေး ရရှိရန်
ဆက်သွယ် ကမ်းလှမ်း ဖိတ်ခေါ် ဆောင်ရွက် နေသည် ဟုလည်း ဖော်ပြထားရာ -

လွတ်လပ်ရေးသက်တမ်းနှင့်အတူ နှစ်ပေါင်းခြောက်ဆယ်ကျော် ကြာမြင့်အောင်
ဒုက္ခပေးနေသည့် ပြည်တွင်းစစ်မီးတောက်များကို ပြည်သူအကျိုးနှင့်အညီ အပြီး
ငြိမ်းသတ်နိုင်ပါစေ
ဟု ဆန္ဒပြုရပါသည်။


သူမနာ- ကိုယ်မနာ- ပြည်သူမနာ ငြိမ်းချမ်းရေး ဖူးပွင့်လာပါစေ။


အလားတူပင် နိုင်ငံရေးအကျဉ်းသားများလွှတ်ပေးရေးနှင့် ပြည်သူ့အတွက်
စီးပွား၊ လူမှု၊ ပညာ၊ ကျန်းမာ တည်ဆောက်ရေးတို့ကိုလည်း
ဆောင်ရွက်အောင်မြင်ပါစေ
ဟု ဆန္ဒပြုရပါသည်။


နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် မိုင်တစ်သောင်းခရီးရှည်ကြီးတွင်
လှပသော ပထမဆုံးခြေလှမ်းကို လှမ်းနိုင်ခဲ့ပြီဟု ၀မ်းမြောက်ရပါ၏။


ကချင်၊ ကရင်၊ ကယား၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသော
တိုင်းရင်းသားများအပါအ၀င် မြန်မာပြည်သူတို့နှင့် ကောင်းအတူ ဆိုးအတူ၊
အေးအတူ ပူအမျှ၊ ဒိုးတူပေါင်းဖက်၊ ခိုင်ခိုင်မြဲမြဲ လက်တွဲ ချီတက်ပါက
မဖြေရှင်းနိုင်စရာ ဘာမျှမရှိပါ။



ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မင်္ဂလာသြဘာကဗျာကို လက်ဆောင်ပေးလိုက်ပါ၏။

ရေဇလာ ယမုန်ပြာလဲ့လဲ့ ချောင်းတွင်မှ
ရွှေကြာပဒုံ အညှာ တနွဲ့နွဲ့ ပြောင်းချိန်ပေါ့
‘’ဇေယျာဘုံ’’ သာတဲ့ကျောင်းဆီက
ကောင်းအတိတ်နှင့်
ကြောင်းနိမိတ်ထွေရာ စောလိုက်တော့
(အို….မယ်စန္ဒာရဲ့) ဒေါင်းပရိတ်တော်ကြောင့်
ကောင်းဟိတ် ဇေယျာသော။

(အင်္ဂလန်သွား ဒယ်ဒီဂိတ်ဘွဲ့ကဗျာ မဟာလေးချိုးကြီး၊ ၁၉၁၉)


ဒဂုန်တာရာ

သာမိုင်းခမ်း၊ အောင်ပန်းမြို့။ ရှမ်းရဌ (၃-၁၀-၂၀၁၁)




ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာ၏ ငြိမ်းချမ်းရေးပန်ကြားလွှာ (၄)

(၃-၁၀-၂၀၁၁)


http://newsonly88.blogspot.com/2011/10/blog-post_4720.html
.

.

ကဗျာဆရာ၊ စာရေးဆရာကြီး
ငြိမ်းချမ်းရေးခေါင်းဆောင်
ဒဂုန်တာရာ ၏ သဝဏ်လွှာ


----------------------------


မြန်မာမြစ်ဆုံ


ယခင်လများက ဆုံးဖြတ်ခဲ့သော နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ဆုံးဖြတ်ချက်မှာ မတည်တံ့ဘဲ မြစ်ဆုံစီမံကိန်းကို သူ၏ သက်တမ်းအတွင်းတွင်ပင် ဆက်လက် လုပ်ကိုင်ခဲ့ရာ ကျွန်ုပ်တို့က ယင်းကို ကန့်ကွက်ပြီး ဆက်လက်၍ မလုပ်ဆောင်ရန် တောင်းဆိုလိုက်သည်။

ဧရာဝတီမြစ်ကြီး၏ အသွားအလာကို ဟန့်တားရာ ရောက်၍ သဘောမကျပေ။

ဧရာဝတီမြစ်ကြီးကား မြန်မာပြည်သူတို့၏ ဘိုးစဉ်ဘောင်ဆက်မှ စ၍ သားသမီး မြေးမြစ်များ အထိ အသက်မွေးဝမ်းကျောင်း ပြုလာသော ရာဇဝင် ဖွားဖက်တော် မြစ် အဖြစ် သိက္ခာရှိစွာ စီးဆင်းနိုင်ရန် လိုလားသည်။

ထို့ကြောင့် ဧရာဝတီ အသက်ရှင်သန်ရေးသည် မြန်မာပြည်သူတို့၏ သမိုင်း အဖြစ် တည်ရှိစေရန် မမေ့အပ်သော အရာပေတကား။


ကလော့
လှလော့
ထလော့ ဧရာဝတီ။

ငြိမ်းချမ်းရေး အဓွန့်ရှည်ပါစေ။


ဒဂုန်တာရာ
၂၈-၃-၂၀၁၂
သာမိုင်းခမ်း



ကဗျာဆရာ၊ စာရေးဆရာကြီး ငြိမ်းချမ်းရေးခေါင်းဆောင် ဒဂုန်တာရာ ၏ သဝဏ်လွှာ (၂၈-၃-၂၀၁၂)


ငြိမ်းချမ်းရေးစာရေးဆရာကြီး ဒဂုန်တာရာ ရဲ့ သဝဏ်လွှာ (၂၈-၃-၂၀၁၂) မူရင်း လက်ရေးစာမူကို
ကိုအဘယ က ဓာတ်ပုံရိုက် မှတ်တမ်းတင်ထားတာကို
Khon Ja က တင်ပေးထားတာကို

ဒီမှာ နှိပ်ပြီး
ကြည့်ရှု လေ့လာနိုင်ပါတယ်။
.



"ညီ အစ် ကို တို့"


ဟေ့
ဘယ်သူလဲ
ရပ် ...

မိတ်ဆွေ ...

ဟေ့
ဘယ်သူလဲ
ရပ် ...

မိတ်ဆွေ ...

မိတ်ဆွေ
မိတ်ဆွေ နဲ့
တောတွေ
တောင်တွေ
ကျောက်စိမ်းတွေ
ကြေးနီတွေ
ယူ
ယူ
သွားလိုက်တာ ...

အခုလဲ
အမိဧရာဝတီကို
မုဒိန်းကျင့်မလို့တဲ့
ဆင်ကြံကြံနေတယ်
မြင်လား ...

ညီအစ်ကိုတို့
လာကြ
လာကြ
ဟေ့

လာကြ ...


( ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးအပိုင် ဖျက်သိမ်းရေး )


ကိုလေး (အင်းဝဂုဏ်ရည်)


"ညီ အစ် ကို တို့"