မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြန်မာနိုင်ငံရေးအခင်းအကျဉ်းနဲ့ ရှေ့အလားအလာ

၂၀၀၈ နာဂစ်အခြေခံဥပဒေနှင့် ၂၀၁၀ တွင် တက်လာသော ဦးသိန်းစိန်အစိုးရသည် ဒီမိုကရေစီနည်းကျ တက်လာပါသည်ဟု ကြွေးကြော်ရင်း ဆင်းရဲမှု တိုက်ဖျက်ရေး အစည်းအဝေးကို နေပြည်တော်တွင် စက်တင်ဘာလက ပြုလုပ်ခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကိုပါ ဖိတ်ခေါ်၍ တက်ရောက်စေခဲ့ပါသည်။ ဒေါ်အောင်ဆန်းစုကြည်မှ မြန်မာနိုင်ငံသည် ပြောင်းလဲနိုင်သော အခြေအနေသို့ ရောက်နေပြီဟု ယုံကြည်ကြောင်းကမ္ဘာ့ဒီမိုကရေစီနေ့တွင်ထုတ်ဖေါ်ပြောကြားလိုက်ပြန်ပါသည်။ မြန်မာနိုင်ငံသည်ငြိမ်းချမ်းစွာဒီမိုကရေစီစံနစ်ဆီသို့စစ်အာဏာရှင်ချပေးသောလမ်းကြောင်းဖြင့်တရွေ့ရွေ့ဖင်ဒ ရွတ်ဆွဲသွားနေမည်လော?ဧရာဝတီပေါက်ကွဲမှုကြီးဖြင့်လူမှုတော်လှန်ရေးဖြစ်မည်လော?။ စောင့်ကြည့်ရမည့်အချိန်သည်မဝေးတော့ဟုထင် သည်။

ဒေါ်အောင်ဆန်းစုကြည်က အခြေအနေ အချိန်အခါလိုက်ပြီး သင့်တော်လျှေက်ပတ်တဲ့ ပုံစံကို ပြောင်းလဲနိင်ဘို့လိုကြောင်း တချို့ကလည်း ပုံစံမပြောင်းနိုင်ဘဲ ဒီအခြေအနေပဲ ဒီပုံစံ၊ ဟိုအခြေအနေလဲ ဒီပုံစံဘဲ ဖြစ်နေခြင်းသည် ဆင်ခြင်သုံးသပ်နိုင်တဲ့ အရည်အချင်း အားနဲသည်ဟု ပြောရမှာဖြစ်ကြောင်း ပြောကြားခဲ့ခြင်းသည် အတိုက်အခံများဘက်မှ နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင်ပြောင်းသလို ရွှေ့နိုင်ပြောင်းနိုင်ရမည် (Flexible) တိုးလွယ် ဆုတ်လွယ်ကစားနိုင်ရမည်ဟု ဆိုလိုဟန်ရှိသည်။

ဒေါ်စု၏ ပြောကြားချက်များတွင် မှတ်သားစရာများ၊ သတိပြုစရာများ များစွာပါရှိနေသည်ကို သတိပြုမိဘို့ လိုပေသည်။

(၁) ခိုင်မာတဲ့ ဒီမိုကရေစီအဆောက်အဦတွေ တည်ဆောက်ဘို့။

(၂) စိတ်ဓာတ်တွေကို ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်အောင် လုပ်ရမည်။ မထိုက်တန်တဲ့ စိတ်တွေကို တော်လှန်ပစ်ရမည်။

(၃) ဒီမိုကရေစီ၏ လက္ခဏာသည် အစိုးရအပြောင်းအလဲလုပ်သည့်နေရာတွင် ညင်သာစွာပြောင်းလဲခြင်း၊ သိက္ခာရှိစွာ ပြောင်းလဲခြင်း၊ ငြိမ်းချမ်းစွာ ပြောင်းလဲခြင်း ဖြစ်သည်။

(၄) လူတိုင်း မိမိကို လေးစားတဲ့၊ တန်ဘိုးထားတဲ့၊ လူရာသွင်းတဲ့ စံနစ်ကို လိုလားမှာဖြစ်သည်။ ဘယ်သူမှ မိမိကို တန်ဘိုးမထားတဲ့ စံနစ်ကို လိုလားမှာ မဟုတ်။

(၅) တာဝန်အရလုပ်ရပါသည်ဆိုသည့် နေရာတွင် ဆင်ခြင်တုံတရားနှင့် အများကြီးဆိုင်ကြောင်း၊ အဓိပ္ပါယ်မှာ လူ့ပတ်ဝန်းကျင်ကို ထိခိုက်စေသော လူအများစုကို နစ်နာစေသော တာဝန်ကို ပေးအပ်လျှင် ဆင်ခြင်တုံတရားဖြင့် စဉ်းစားပြီး လုပ်သင့်မလုပ်သင့် စဉ်းစားဘို့လိုကြောင်း ပြောကြားခြင်းဟု ယူဆသည်။

(၆) လူကြီးများ ခလေးများကို အတင်းအကြပ်ပုံစံသွင်းတာသည် မသင့်လျှော်၊ ခလေးလူငယ်များတွင်လည်း သူ့ဟာသူ ဆင်ခြင်ပိုင်ခွင့်ရှိရမည်။

ဆိုသည့်အချက် ၆ ချက်ကို အဓိကထား ပြောကြားသွားခဲ့သည်ကို တွေ့ရှိရပေသည်။

(၁) ခိုင်မာသည့် ဒီမိုကရေစီအဆောက်အဦများ တည်ဆေက်မှု

ခိုင်မာသည့် ဒီမိုကရေစီ အဆောက်အဦးများ တည်ဆောက်မှု ဆိုသည်မှာ လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများကို ပြုစုပျိုးထောင်ပေးခြင်းအပေါ်တွင် မူတည်သည်။ (Civil Society) လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ နိုင်ငံတခုတွင် လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားခွင့်ရလျှင် ထိုအဖွဲ့အစည်းများက မိမိတို့ လူထုလူတန်းစားများ အကျိုးကို ကာကွယ်ရင်း မတရားမှုများကို ဆန့်ကျင်ခြင်း၊ တိုင်းပြည်လိုအပ်ချက်များကို ပခုံးထမ်း ဆောင်ရွက်ရင်းဖြင့် အစိုးရအဖွဲ့အစည်းများ၏ အာဏာအလွန်အကျွံ သုံးစွဲမှု မဖြစ်ရန် ဟန့်တားရင်း တရားဥပဒေစိုးမိုးရေကို တဖက်တလမ်း ဆောင်ရွက်သဖြင့် တရားရေး မဏ္ဍိုင်ခိုင်မာလာပြီး၊ နိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို တရားဥပဒေဘောင်အတွင်းမှ ကာကွယ်လာနိုင်ပြီး လူ့အခွင့်အရေး ပြည့်ဝသော နိုင်ငံအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။ ထို့အတူ ရရှိပြီးသော ဒီမိုကရေစီစံနစ်ကိုလည်း မပျောက်ပျက်စေရန် ဝိုင်းဝန်းကာကွယ်နိုင်ပေလိမ့်မည်ဖြစ်သည်။ ထို့ကြောင့် (Civil Society) လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းတွင်ပါဝင်သည့် အလုပ်သမားသမဂ္ဂများ၊ ကျောင်းသားသမဂ္ဂများ၊ တောင်သူလယ်သမား အစည်းအရုံးများ၊ စာဖတ်အသင်းများ၊ လူထုလူတန်းစားအဖွဲ့အစည်းများ၊ သတင်းစာနယ်ဇင်းများ၊ ဘာသာရေးအဖွဲ့အစည်းများ လွတ်လပ်စွာ ဖွဲ့စည်းနိုင်ခွင့် မိမိအဖွဲ့အစည်းများနှင့် အဖွဲ့ဝင်များ၏ ရပိုင်ခွင့်၊ လွတ်လပ်ခွင့်များကို ကာကွယ်နိုင်ခွင့်သည် လွန်စွာမှအရေးကြီးသည်။ ထိုအဖွဲ့အစည်းများအားကောင်းလာစေရန် ဒီမိုကရေစီနည်းကျ အစိုးရများက အားပေးသည်။ ထောက်ပံ့သည်။ တရားဥပဒေဘောင်အတွင်းမှ အကာအကွယ်ပေးသည်။ ယနေ့မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံ ဖြစ်မဖြစ် သိနိုင်ရန် လွတ်လပ်သော လူ့ဘောင်အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်ခွင့် ရှိမရှိ။ ရှိနေသာ အဖွဲ့အစည်းများ လှုပ်ရှားနိုင်ခွင့်ရှိမရှိ၊ လွတ်လပ်စွာ ပြောဆိုရေးသားနိုင်ခွင့် ရှိမရှိဖြင့် တိုင်းတာယူနိုင်ပေသည်။

(၂) ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်သော စိတ်ဓာတ်

ဒီမိုကရေစီစံနစ်နဲ့ ထိုက်တန်သောစိတ်ဓာတ်ဆိုသည်မှာ အများသဘောကို လိုက်လျောခြင်း၊ လူနည်းစုသဘောကို လေစားခြင်းပင်ဖြစ်သည်။ မိမိရှုံသည့်အခါ အသာတကြည် အပြုံးမပျက် လက်ခံနိုင်သည့် ရင့်ကျက်မှုရှိပြီး မိမိနိုင်သည့်အခါတွင်လည်း ရှုံးသူကို နိုင်ထက်စီးနင်းမပြုဘဲ မေတ္တာတရားဖြင့် ဆက်ဆံနိုင်ရမည်။ ဒေါ်စုက မေတ္တာတရားကို ထားခြင်းသည် မြန်မာနိုင်ငံက စံပြအဖြစ်ပြုသင့်သည်ဟုမြင်သည်။ ယနေ့စစ်အာဏာရှင် အသွင်ပြောင်း အရပ်သားအစိုးရသည် ပြည်သူမထောက်ခံဘဲ အာဏာယူထားသည့် အစိုးရဖြစ်သည်။ ထို့အတွက် ရှုံးနိမ့်လျှင် အတိုက်အခံတို့မှ ပြစ်ဒါဏ်ခတ်လာမည်ကို စိုးကြောက်နေခြင်းကို ဒေါ်စုက မေတ္တာတရားရှေ့ထားပြီး သင်ပုန်းခြေနိုင်ပါသည်ဟု ဆိုလိုခြင်းဖြစ်သည်ဟု ကောက်ချက်ချမိသည်။ ထို့ပြင် ရှုံးသူကလည်း နိုင်သွားသူနှင့် တိုင်းပြည်အကျိုးကို ရှေးရှုပြီး ပူးပေါင်းလုပ်နိုင်ရမည်ဟု ဆိုလိုကြောင်းသဘောပေါက်သည်။

(၃) ဒီမိုကရေစီ လက္ခဏာ

ဒေါ်စုက သူမ အနေနှင့် အစိုးရအပြောင်းအလဲကို ညင်သာသောနည်း၊ သိက္ခာရှိရှိ ငြိမ်းချမ်းစွာ ပြောင်းလဲလိုသည်ဟု ဆိုသည်။ ထိုသို့ ပြောင်းလဲခြင်းသည် ဒီမိုကရေစီ၏ ကောင်းမြတ်သောလက္ခဏာတရပ်ဟု မီးမောင်းထိုးပြသည်။ ထိုအချက်သည် ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရ NLD ပါတီအား အာဏာပေးအပ်ရန် စစ်အစိုးရမှ ငြင်းပယ်ခဲ့ခြင်းသည် ဒီမိုကရေစီလက္ခဏာ မဆောင်၊ လာမည့် ၂၀၁၅ ရွေးကောက်ပွဲသည် ဒီမိုကရေစီလက္ခဏာဆောင်ဘို့လိုသည်။ NLD သည် ၂၀၁၅ ရွေးကောက်ပွဲအတွက် ပြင် ဆင်နိုင်ဘို့ အားယူနိုင်ဘို့ လိုသည်ဟု ရည်ရွယ်ပြီး ပြောဟန်ရှိသည်။ ဦးသိန်းစိန်အစိုးရကိုလည်း ဒီမိုကရေစီနိုင်ငံ အမှန်တကယ်ပေါ်ပေါက်လာစေချင်လျှင် ညင်သာစွော ပြောင်းလဲမှုဖြစ်သည့် ရွေးကောက်ပွဲ ရလာဒ်ကို လေးစားလိုက်နာဘို့ လိုကြောင်း ကြိုတင် အသိပေးထားခြင်းလည်း ဖြစ်နိုင်သည်ဟု ကောက်ချက်ချသည်။ NLD ပါတီဝင်များကိုလည်း နိုင်ငံရေးအခင်းအကျင်း ပြောင်းလျှင် ပြောင်းသလို ကစားနိုင်ရမည်၊ ပုံစံပြောင်းနိုင်ရမည်ဟု အသိပေးလိုက်ခြင်းဖြစ်ကြောင်း သုံးသပ်သည်။ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို NLD က လက်မခံသော်လည်း ပြောင်းလဲလာသော နိုင်ငံရေးအခင်းအကျဉ်းအရ ရွေးကောက်ပွဲ ဝင်သင့်လျှင် ဝင်ပြီး အာဏာရယူရေးကို စဉ်းစားနေသည်ဟု ထင်သည်။

(၄) ဒီမိုကရေစီစံနစ်ကို လူတိုင်းလိုလားသည်

လူတိုင်းဒီမိုကရေစီစံနစ်ကို လိုလားသည်ဟု ဒေါ်စုပြောကြားသွားခဲ့သည်။ လူတိုင်း မိမိကို လေးစားသည့် စံနစ်၊ လူရာသွင်းတဲ့စံနစ်ကို လိုလားမှာဖြစ်သည်ဟု ပြောဆိုချက်သည် ယေဘူယျအနေနှင့် မှန်ကန်သော်လည်း စစ်အာဏာရှင်များ ဘက်မှ ကြည့်လျှင် မမှန်နိုင်ဟုမြင်သည်။ စစ်အာဏာရှင်များအတွက် ၎င်းတို့ ပြုစုပျိုးထောင်ထားသော စံနစ်သည်၊ ၎င်းတို့အတွက် မှန်နေသည့်သဘောဖြစ်သည်။ အာဏာရှင်ဘဝဖြင့် လုပ်ချင်တာလုပ်ခွင့်ရသည်။ မိမိပတ်ဝန်းကျင်က မိမိကို လူရာထားသည်၊ ရိုသေသည်၊ လေးစားကြသည်၊ လက်ညှိုးညွှန်ရာ ရေဖြစ်သည့် ဘဝဖြစ်သည်။

သို့ရာတွင် ၎င်းတို့ဘဝသည် လူထုကြီး၏ လေးစားမှုကို မရသောဘဝ၊ လူထုနှင့် ကင်းကွာပြီး အစောင့်အထပ်ထပ်ကြားမှနေရသော ဘဝ မိမိကိုယ်တိုင်အကျဉ်းသားဖြစ်မှန်းမသိဖြစ်နေသောဘဝဖြစ်သည်။ ထိုကြောင့် အာဏာရှိသော်လည်း လူရာဝင်သော်လည်း၊ လူထုကြား မတိုးရဲသည့် ဘဝဖြစ်သည်။ ထိုဘဝမှရုန်းထွက်ရဲသည့်အနေအထားအာဏာယူထားသူများတွင်ရှိ ပြီလားအထူးလေ့လာသင့်သည်။

(၅) တာဝန်အရလုပ်ခြင်း

တာဝန်အရလုပ်ရပါသည်ဟု ပြောပြီး အပြစ်မဲ့သူများကို ဖမ်းဆီးခြင်း၊ ထောင်ချခြင်း၊ နှိပ်စက်ညှုင်းပန်းခြင်း၊ ဒီမိုကရေစီ လိုလားသူများကို နည်းမျိုးစုံနှင့် နှောက်ယှက်ခြင်းတို့သည် မှန်မမှန်၊ လုပ်သင့် မလုပ်သင့်ဆိုသည့် ကိုယ်ချင်းစာတရား၊ တိုင်းပြည်အတွက် အကျိုးရှိမရှိ၊ ထိုသူများသည် မိမိကိုယ်ကျိုးအတွက် လုပ်နေခြင်းလော၊ မိမိအပါအဝင်အများကောင်းစားရေးအတွက် လုပ်နေခြင်းလော စသည့် ဆင်ခြင်တုံတရားဖြင့် လေ့လာပြီး တာဝန်အရ လုပ်ရပါသည်ဆိုခြင်းထက် ထိုတာဝန်သည် တရားသဖြင့် ပေးအပ်သော တာဝန်လော ဟူ၍ စဉ်းစားဆုံးဖြတ်ပြီး မတရားလုပ်ရပ်များလုပ်ရန် ပေးအပ်လာသော တာဝန်များကို ဆင်ခြင်တုံတရားဖြင့် ငြင်းပယ်နိုင်ရမည်ဟု ဆိုလိုပေသည်။

(၆) လူကြီးများက ခလေးများကို ပုံစံသွင်းခြင်း

အရှေ့တိုင်း ယဉ်ကျေးမှုအရ လူကြီးများက ခလေးများကို အတင်းအကြပ် ဖိနှိပ်မှုဖြင့် မိမိတို့လိုရာ ပုံစံသွင်းခဲ့ကြသည်။ အရှေ့တိုင်း ပုံစံသည် အာဏာရှင်ဆန်သည်။ လူကြီးများက ခလေးများထက် ပိုသိသည်မှာ မငြင်းနိုင်ချေ၊ သို့ရာတွင် ခလေးများ သိသမျှတော့ လူကြီးများ အားလုံးမသိနိုင်သည့်အပြင် ခလေးရှုဒေါင့်နှင့် လူကြီးရှုဒေါင့်ခြင်းလည်း မတူနိုင်ချေ။ အိမ်ထောင်တခုတွင် မိဘဖြစ်သူနှင့် သားသမီးဆက်ဆံရေး အရှေ့နှင့် အနောက်မတူပါ။ အရှေ့ ဆက်ဆံရေးမှာ ငါတို့မင်းတို့ထက်သိတယ်၊ တတ်တယ်၊ မင်းတို့အရင် ထမင်းစားလာတာကွဆိုသည့် အပေါ်စီးဆက်ဆံမှုမျိုးဖြစ်သည်။

အထူးသဖြင့် မြန်မာနိုင်ငံတွင် အဖေဖြစ်သူက အိမ်ထောင်ဦးစီးဖြစ်သဖြင့် မအေလုပ်သူက စားဦးစားဖျားကျွေးသည်။ ခလေးများ အရိုးအရင်းကိုက်ရသည်။ လူကြီးပြောတာကို လိုက်လုပ်ရသည်။ ဆင်ခြေတက်၍မရ။ ကျောင်းတွင်လည်းဆရာ၊ ဆရာမတို့က စာမလိုက်နိုင်လျှင်၊ လစစ်စာမေးပွဲကျလျှင် ကျောင်းအုပ်ကြီးကို ခေါ်ပြီး ကြိမ်နှင့်ရိုက်သည်။ ခလေးများကို လူကြီးများက အကြောက်တရားဖြင့် ဖိနှိပ်ပြီး မိမိတို့၏ အမိန့်ကို နာခံရန် ပုံစံသွင်းခြင်းခံရသည်။ ထို့ကြောင့် အာရှတိုက်တွင် ခလေးများက လူကြီးများ လုပ်သမျှ မှန်မှန်မှားမှား ပြန်လှန်ခြေပ ခုခံခွင့်မရဘဲ ခံကြရသည်။ ဤအတွေးအခေါ်သည် အာရှတိုက်တွင် အာဏာရှင်စံနစ်လွှမ်းမိုးနေမှု၏ အဓိက အကြောင်းတရားထဲတွင် ပါဝင်နေသည်။

အနောက်နိုင်ငံများတွင် ဒီမိုကရေစီစံနစ် ထွန်းကားသည်မှာလည်း ၎င်းနိုင်ငံများတွင်းရှိ ခလေးသူငယ်များအပေါ် လူကြီးများ၏ ဆက်ဆံရေးမှာ အာရှနှင့်မတူသည့် အချက်ကလည်း များစွာ အထောက်အကူပြုခဲ့ပေသည်။ ခလေးများသည် အနာဂါတ်ကို ဦးဆောင်မည့်သူများဖြစ်သည်။ ခလေးများသည် ဦးစားပေးအဆင့်ထိပ်တွင်ရှိသည်။ ခလေးများကို ရိုက်နှက်ဆုံးမခြင်းမပြုရ။ မိဘက ရိုက်နှက်လျှင် ပုလိပ်ကို ဖုံးဖေါ်၍ တိုင်ခွင့်ရှိသည်။ ပုလိပ်က မိဘကို အရေးယူသည်။ ထို့အတူ ကျောင်းတွင် ဆရာများက ကျောင်းသားများကို မရိုက်ရချေ။ ရိုက်ခွင့်မပြု။ ကျောင်းများတွင် ကြိမ်လုံး မထားရှိချေ။ ဆိုးသွမ်းသော ကျောင်းသားများကို အတန်းထဲမှ ထုတ် ထား ခြင်း၊ အချိန်ပိုကျောင်းတွင် နေစေခြင်းတို့ဖြင့် အပြစ်ဒါဏ် ပေးသည်။

မိဘဖြစ်သူက သားသမီးကို အပြစ်ဒါဏ်ပေးလျှင် ၎င်း၏ ရပိုင်ခွင့် မုန့်ဖိုးဖြတ်ခြင်း၊ သူငယ်ချင်းများအိမ်သို့ အလယ်သွားခွင့်ကို ပိတ်ပင်ခြင်း၊ မိမိအခန်းတွင်း၌သာ နေအိမ်တွင် နေစေခြင်းတို့ဖြင့် အပြစ်ပေးသည်။ ခလေးများကို ရိုက်နှက်ဆုံးမခြင်းဆိုသည့် နာကျင်အောင် ပြုလုပ်၍ အကြောက်တရားဖြင့် လိုက်နာစေခြင်းထက် မိမိဘာကြောင့် အပြစ်ခံရခြင်းကို သိသည့် အသိတရားဖြင့် ဆုံးမခြင်းကို ဦးစားပေးသည်။ ထို့ကြောင့် အနောက်နိုင်ငံမှ ခလေးများ လူကြီးသူမများကို မကြောက်ကြချေ။ ရိုတော့ရိုသေကြသည်။ သူတို့ကိုလည်း လူကြီးသူမများက သူတို့မေးမြန်းချင်သမျှကို မေးခွင့်ပြုထားပြီး စိတ်ရှည်လက်ရှည် ရှင်းပြတတ်သည့်အတွက် ခလေးများက မိမိမေးလိုရာကိုသော်လည်းကောင်း မိမိအမြင် မတရားမမျှတဟု ထင်သည့်အရာကို ၎င်းရဲရင့်စွာ ပြန်လှန်မေးခွန်းထုတ်တတ်သလို၊ ခုခံချေပပိုင်ခွင့်ရှိသည့်အတွက် လူကြီးများက ၎င်းတို့မှားယွင်းသည့်အခါ ပြုပြင်နိုင်ကြပြီး တရားမျှတရန် ဆောင်ရွက်ပေးတတ်သည်။

မိဘဖြစ်သူက သားသမီးအား ငါ့သားသမီးဖြစ်သည် ငါရိုက်ချင် ရိုက်မည်။ သတ်ချင်သတ်မည် လုပ်၍မရသလို ဆရာများကလည်း ငါ့ကျောင်းသား ငါကောင်းစေချင် လို့ ရိုက်သည်ဟု ဆင်ခြေပေး၍ ရိုက်မရချေ။ လူဆိုသည်မှာ အတ္တရှိသည်၊ ဒေါသရှိသည်၊ မောဟရှိသည်။ ထိုကြောင့် လူကြီးများ အမြဲမမှန်နိုင်သလို ခလေးများအမြဲ မမှားနိုင်ပါ။ ထို့ကြောင့် ခလေးများကို အကာအကွယ်ပေးသည့် ဥပဒေများကို ထုတ်ပြန်ပေးထားခြင်းကြောင့် အနောက်နိုင်များတွင် ခလေးများသာမက တိရစ္ဆာန်များအတွက်ပါ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ခွင့်ရှိကြသည်။ အနောက်နိုင်ငံ၏ ကောင်းမြတ်သော အတွေးအခေါ်မှာ သားသတ်ရုံသို့ ပို့သော တိရိစ္ဆာန်များကိုပင်လျှင် ကြမ်းကြုတ်သော နည်းများဖြင့် ညှင်းဆဲသတ်ဖြတ်ခြင်းကို တားမြတ်ထားသည်။ ထိုအကြောင်းကို နောက်ဆောင်းပါးတွင် ရှင်းပြပါမည်။

အကြောက်တရားဖြင့် လူကြီးပြောသမျှ နားထောင်ပြီး လုပ်ရသော အရှေ့တိုင်းခလေးများနှင့် အနောက်နိုင်ငံရှိ ခလေးများ အဓိက ကွာခြားချက်မှာ မိမိယုံကြည်ရာ မှန်သည်ထင်ရာကို မေးရဲပြောရဲခြင်းပင် ဖြစ်သည်။ ထိုကဲ့သို့ သတ္တိကို လူကြီးများက အမျှော်အမြင်ကြီးစွာဖြင့် ပြုစုပျိုးထောင်ပေးခဲ့သည်။ ငါ့တို့ ပြောသမျှ လိုက်လုပ်ရမည်ဆိုသည့် အတွေးအခေါ်သည် အာဏာရှင်စံနစ်ကို ရှေးရှုစေသည်ဆိုလျှင် မမှားချေ။ ခလေးဘဝကတည်းက မိမိလုပ်ပိုင်ခွင့်၊ ပြောဆိုပိုင်ခွင့်၊ လွတ်လပ်စွာ တွေးခေါ်ပိုင်ခွင့်ပေးထားသော ခလေးများသည် ဒီမိုကရေစီစံနစ်ကို ယုံကြည်သော ခလေးများ၊ ဒီမိုကရေစီစံနစ်၏ တန်ဘိုးကို လေးစားလိုက်နာသော ခလေးများဖြစ်လာကြပြီး ကြီးပြင်းလာသောအခါ ဒီမိုကရေစီစံနစ်ကို ယုံကြည်သက်ဝင်ပြီး ကာကွယ်စောင့်ရှောက်သူများ ဖြစ်လာကြသည်။

နိဂုံးအားဖြင့် ယနေ့ နိုင်ငံရေးအခင်းအကျင်းသည် အမှန်တကယ်အကောင်းဖက်သို့ သွားနေခြင်းလော၊ သို့မဟုတ် ယခင် ဗိုလ်ချုပ်သန်းရွှေ၏ နည်းဗျူဟာအတိုင်း အချိန်ဆွဲရေး လှည့်စားမှုဖြင့် သွားနေခြင်းလော ဆိုသည်ကို အတိုင်းအတာတခုအထိ စောင့်ကြည့်ရန်လိုပေသည်။ ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဒီရေအတက်အကျကို ထိပ်တန်းမြန်မာခေါင်းဆောင်တယောက်အနေဖြင့် ပါဝင်တိုင်းတာလျက်ရှိသည်။

ယခင် ထိပ်တိုက်ပုံစံမှ ယခု ပူးပေါင်းလုပ်ဆောင်လျက် ဦးသိန်းစိန်အစိုးရ မည်မျှ ရိုးသားမှုရှိသနည်း၊ မည်မျှ သတ္တိရှိရှိ ပြောင်းလဲနိုင်သနည်းဟူ၍ အပြုသဘော လုံးဝဆောင်ပြီး လုပ်ဆောင်နေခြင်း၊ လက်တွေ့ ဝင်ကစားနေခြင်းကို နားလည်မှု ပေးသင့်သည်ဟု မြင်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် အသက် ၆၆ နှစ်ရှိ ပြီ ဖြစ်သည်။ ၂၀၁၅ ခုနှစ်တွင် သူမအသက် ၇၀ နှစ် ရှိတော့မည်ဖြစ်သည်။ သူမ၏ နိုင်ငံရေးတက်တက်ကြွကြွ လုပ်နိုင်သည့် သက်တမ်း သိပ်မကျန်တော့ချေ။ ထို့ကြောင့် ၂၀၁၅ ရွေးကောက်ပွဲကို ရည်မှန်း၍ ရွေးကောက်ပွဲ ဝင်သင့်လျှင် ဝင်ဘို့လိုကြောင်း စဉ်းစားထားကောင်း စဉ်းစားထားနိုင်ချြေရှိသည်။ ၂၀၀၈ နာဂစ် အခြေခံဥပဒေကို လက်မခံနိုင်သော်လည်း ၎င်းအခြေခံဥပဒေကို ပြုပြင်ရန်မှာ ရွေးကောက်ပွဲဝင်၍ အစိုးရဖွဲ့နိုင်ရန် ကြိုးစားပြီး အတွင်းမှသာ ပြုပြင်ပြောင်းလဲနိုင်မည်ဟု တွက်ဆအကောင်း တွက်ဆနိုင်သည်။ ပုံစံခွက်ပြောင်းခြင်းဆိုသည်မှာ ဤသဘောဖြစ်နိုင်ချေရှိသည်။ မည်သို့ ဆိုစေကာမူ ဦးသိန်းစိန်အစိုးရသည် အမှန်တကယ် ပြောင်းလဲရန် ဆန္ဒရှိသည်၊ ဒီမိုကရေစီစံနစ်ကို အမှန်တကယ် တည်ဆောက်လိုလျှင် နိုင်ငံရေး အကျဉ်းသားမျာားကို ချွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးခြင်းဖြင့်သက်သေပြဘို့ လိုပေသည်။

ထို့အတူ ဧရာဝတီမြစ်ဆုံအရေးအခင်းသည် မြန်မာနိုင်ငံရေးတွင် အဓိက ပေါက်ကွဲနိုင်သည့် အနုမြူဗုံးကြီးပင်ဖြစ်သည်။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်း၏ မဆင်မချင် ပညာမဲ့ပြောကြားချက်သည် တပြည်လုံးရှိ နိုင်ငံသားများ၊ စီးပွားရေးပညာရှင်များ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိန်းရေး အဖွဲ့အစည်းများ၊ အနုပညာရှင်များ၊ တောင်သူလယ်သမားများ၊ ရေလုပ်သားများအားလုံးကို တိုက်ပွဲဝင်ရန် တပ်လှန့် နှိုးဆော်လိုက်ခြင်းပင်ဖြစ်သည်။ ဧရာဝတီမြစ်ရေ အလျဉ်သည် မထင်မှတ်ဘဲ မြန်မာနိုင်ငံ၏ တိုးတက်ရာတိုးတက်ကြောင်းကို ပိတ်ဆို့တားဆီးနေသည့် မှိုက်သရိုက်စစ်အုပ်စုကို တိုက်စား ရှင်းပစ်နိုင်သည့် အင်အားကြီး ဖြစ်ကောင်းဖြစ်လာပေလိမ့်မည်။ သို့မဟုတ်ပါက ၂၀၁၅ ခုနှစ်တွင် NLD သည် ရွေးကောက်ပွဲဝင်၍ အာဏာရယူပြီး ဒီမိုကရေစီစံနစ်ကို အတွင်းမှ ပြုပြင်ပြောင်းလဲခြင်းဖြင့်သာ လုပ်ဆောင်နိုင်ပေလိမ့်မည်။ ပြည်ပနိုင်ငံရေး အင်အားစုများသည် ပြောပလောက်သော အင်အားစုအဖြစ် မတည်ရှိနေခြင်းက ၎င်းအခြေအနေသို့ တွန်းပို့ပေးလျက်ရှိပြီး၊ အနောက်နိုင်ငံများ၏ စစ်အုပ်စုကို ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် တဖြေးဖြေးခြင်း ပြောင်းလဲရမည်ဆိုသည့် အတွေးအခေါ်ရှိသူများ အင်အားကောင်းလာခြင်းကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ဖိအားတရပ်အဖြစ် ဖန်တီးလာခဲ့သည်ဟု သုံးသပ်မိပေသည်။

တဖက်မှာလည်း တိုင်းရင်းသား လုက်နက်ကိုင်အဖွဲ့အစည်းများနှင့် စစ်ပွဲများ ပြန်စနေခြင်းဖြင့် ပြည်တွင်းစစ်မီးပြန်လည်ခေါင်းထောင်လာမည့် နိမိတ်များပြလျက်ရှိပြီး၊ တိုင်းရင်းသား လက်နက်ကိုင်အင် အားစုများသည်လည်း ယခင်၎င်းတို့ လုပ်နေကြပုံစံခွက်များမှ မထွက်ပဲ၊ ငါ့မတိုက်သေးသမျှ ငါငြိမ်နေမယ်၊ တခြားအဖွဲ့တွေတိုက်လဲ သူဖာသာသူ ခုခံလိမ့်မယ် ငါတို့နဲ့ မဆိုင်ဘူး၊ သူတို့ လုပ်ရပ်ကိုလှမ်းအားပေး ထောက်ခံလိုက်ရင် ပြီးတာပဲဆိုသည့် ပုံစံမှ သူ့ထိရင် ငါ့ထိသလိုဘဲ၊ သူအလှည့်ပြီးရင် ငါ့အလှည့်လာလိမ့်မယ်၊ ငါတို့ စုပေါင်းတိုက်ကြမှ ဖြစ်မယ်ဆိုသည့် လက်တွေ့ကျကျ တွေးခေါ်ပြီး တိုက်ပွဲတကယ်ဝင်မည့် တပ်ပေါင်းစုဖွဲ့ဘို့ လိုပေမည်။ အဓိက ဦးအောင်သောင်း မကြာခင်က ဝနယ်မြေ သွားရောက်ချွေးသိပ်ခဲ့ခြင်းကို ဝအနေနှင့် သိသင့်ပေသည်။ ကချင်ကိုတိုက်ရာတွင်လည်းကောင်း ၎င်းရှမ်းကို တိုက်ရာတွင်လည်းကောင်း ဝကို မပါစေချင်သည့် သဘောဖြစ်သည်။ အကယ်၍ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုများ ပူးပေါင်းထိုးစစ်ဆင်နိုင်လျှင် မြို့များ သိမ်းနိုင်သည်အထိ အခွင့်သာနေသည်ကို တွက်ဆပြီး “ပြည်ထောင်စုကြီးကို ကာကွယ်ရန်” အတွက် ပြည်ထောင်စုတပ်မတော်ကြီးကို ဝိုင်းဝန်းအကောင်အထည်ဖေါ်ကြဘို့ လိုသည်။ စစ်ရေးနိမ့်ကျနေသောတပ်၊ စိတ်ဓာတ်ရေးရာ ခိုင်မာမှုမရှိသော ယနေ့တပ်မတော်ကို ကြေးစားတပ်မှ အမျိုးသားတပ်အသွင် ပြောင်းချင်သော တပ်မှူးများဖြင့် ပူးပေါင်းနိုင်သော အနေအထားသို့ ရောက်ရှိလာရန် ကြိုးစားဆောင်ရွက်ဘို့ အထူးလိုအပ်ပါပေသည်။ ဒေါ်အောင်ဆန်းစုကြည် သွားရာလမ်းကို စောင့်စားမနေဘဲ မိမိတို့ ဘက်မှ လုပ်သင့်သည်ကိုလည်းလုပ်ရင်း နိုင်ငံရေး ချိန်ခွင်လျှာကို မြှင့်တင်ကြရမည်ဖြစ်သည်။ ပြည်ပမှဒေါ်စုလုပ်ရပ်ကို မချင့်မရဲဖြစ်ရင်း ဝေဘန်နေမည့်အစား သူမလုပ်ရပ်ကို စောင့်ကြည့်ပြီး အားပေးဘို့ လိုအပ်ပေသည်။

ထွန်းအောင်ကျော်

၁၆ရက်၊ ၉လ၊ ၂၀၁၁ ခုနှစ်



33 comments:

မငယ်နိုင် မအားလို့ထင်တယ်
ကိုယ်တိုင်ရေး ပို့စ်အသစ် မတင်ဖြစ်ဖူးနော်
သူများပိုစ့်တွေ ပြန်တင်တာပဲတွေ့နေရတယ်
ဝါရင့် ဘလော့ဂါ ကိုပေါ ဆီက ပိုစ့်တွေကို
မငယ်နိုင်ဖတ်ရှုလေ့လာပြီး ပြန်တင်သင့်တယ်

ဟုတ်ပါတယ်
ကိုပေါ ဆီမှာ တပည့်ခံလိုက်ပါ
သူက မငယ်နိုင်ထက် ဘလော့လောကမှာ စီနီယာ အများကြီးကျပါတယ်
မငယ်နိုင်ကို ကိုပေါ က အများကြီး သင်ပေးနိုင်ပါတယ်
မငယ်နိုင်က လေးလေးစားစား နားထောင်ဖို့တော့လိုတာပေါ့

ကျွန်တော်. ပိုစ့်ကို ဆရာလွဏ်းဆွေဆီမှာ
http://drlunswe.blogspot.com/2011/09/blog-post_16.html ဖော်ပြထားပါတယ်
မငယ်နိုင်ဆီမှာလဲ ဖော်ပြစေချင်ပါတယ်

မငယ်နိုင်တို့ရဲ့အချစ်တော်
တုတ်ကြီး

နိုင်ငံတွင် အပြောင်းအလဲသည် ပြည်သူလူထုက အုံကြွပြီး ပြောင်းလဲမှု့ဖြစ်နိုင်သလို သွေးထွက်သံယိုမှု့မရှိဘဲ အုပ်စိုးသူလူတန်းစား ပြောင်းလဲမှု့ ရပ်၍ ပြောင်းလဲမှု့လဲရှိသည်။

ဥပမာ-တရုတ်ကွန်မြူနစ် အစိုးရ၏ စီးပွါးရေးပြောင်းလဲမှု့၊ ဂျပန်ဘုရင် မေဂျီ၏ ပြုပြင်ပြောင်းလဲမှု့၊ ထိုင်းဘုရင် ချုလာလောင်ဂေါင်၏ ပြောင်းလဲမှု့၊ ဦးနေ၀င်း၏ မအောင်မြင်သော တပါတီမှ ပါတီစုံသို့ပြောင်းလဲမှု့၊ သက်ဦးဆံပိုင် ဘုရင်စနစ်မှ ဘုရင်ကိုယ်တိုင် စည်းမျဉ်းခံ ဘုရင်စနစ်သို့ပြောင်းလဲမှု့စသည်တို့ဖြစ်သည်။
သို့သော်လည်း ထိုသို့ အုပ်စိုးသူလူတန်းစားက ပြုလုပ်သောပြောင်းလဲမှု့သည် သွေးထွက်သံယို မရှိသော်လည်း သူတို့ရပ်တည်မှု့ရရှိရေး အတွက် အမြဲတမ်းထွက်ပေါက် တကွက်ထား ရှိလေသည်။

(တရုတ်ပြည်ကြီးသည် ပြောင်းလဲမှု့ကြောင့် ချမ်းသာ လာသော်လည်း ကွန်မြူနစ် အစိုးရ ဆက်လက်ရပ် တည်နေခြင်း၊ ဂျပန်ဘုရင်မေဂျီကြောင့် အနောက်နိုင်ငံများနှင့် တန်းတူရင်ဘောင်တန်း လာနိုင်သော်လည်း ဘုရင်စနစ် ဆက်လက် ရှိနေခြင်း။) ရာနှုန်းပြည့်ပြောင်းလဲမှု့ မရှိစေကာမူ တိုင်းပြည်အတွက်မည်မျှအကျိုးရှိ၊ ကောင်းကျိုး၊ဆိုးကျိုးတို့ကို လေ့လာပြီး လောလောဆယ်လက်ခံသင့်လျှင် လက်ခံရမည်ဖြစ်ပါသည်။

-ထိုသို့မဟုတ်ဘဲ လုံးဝရာခိုင်နှုန်းပြည့်ပြောင်းလဲမှု့ကိုလိုလားလျှင် ပေးဆပ်ရင်းနှီးရမှု့ကြီးမားပြီး ဆုံးရှုံးမှု့လည်း ဖြစ်နိုင်ပြီး အုပ်စိုးသူလူတန်းစားကလည်း သူတို့ရပ်တည်မှု့ အတွက်ပြန်လည်ရင်ဆိုင်ပြီး ဖိနှိပ်သော အုပ်စိုးသူလူတန်းစား အဖြစ်သို့ ပြန်လည်ရောက်ရှိ သွားနိုင်သလို တိုင်းပြည်သည် လည်း ဒုံရင်း ဘက်သို့ ပြန်ဖြစ်သွားနိုင်ပါသည်။

ဥပမာ-တရုတ်ပြည်တွင် လုံးဝကွန်မြူနစ်အစိုးရကို ဖြုတ်ကျလိုခြင်း၊ ဂျပန်ဘုရင်ခံစနစ်ကိုချုပ်ငြိမ်းလိုခြင်း၊
We must know that to get 100% is impossible.Now,Daw Su is going to get even 40%40%.60% is for general"s safety outlet.
If u want to get 100%,go to jungle and fight them.

ကျွန်မ ဘလော့ဂ်ရေးဖြစ်တာ ဆရာမမေငြိမ်း၊ ဆရာယောဟန်အောင်၊ လင်းလက်ကြယ်စင်၊ ကိုပေါတို့ ဘလော့ဂ်တွေကို စဖတ်မိလို့ ဘလော့ဂ်ရေးချင်စိတ်ပေါ်လာပြီး ရေးဖြစ်သွားတယ်ဆိုတော့ အပေါ်က နှစ်ယောက် ပြောတာ နောက်တောင်နောက်ကျနေပြီ၊ ဘလော့ဂ်ဖွင့်တာ အခုဆိုရင် နှစ်နှစ်တောင် ကျော်နေပြီ။ သူ့ဆီမှာကျွန်မဘလော့ဂ် Link ရှိသလို ကျွန်မဆီမှာလည်း သူ့ဘလော့ဂ် Link ရှိပြီးသားဆိုတော့ ပြန်ဖေါ်ပြစရာမလိုအောင်ကို ပြည့်စုံနေပါတယ်။

.


"ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဝန်ကြီးပေးလို့ ရမှာလား။


ပြည်ခိုင်ဖြိုးပါတီက ဘယ်တော့မှ အာဏာ မစွန့်လွှတ်ဘူး။ ရာသက်ပန် အုပ်ချုပ်မှာပဲ။


စာတွေ မဖတ်ကြဘူးလား၊ ဘယ်တော့မှမရဘူး။ ခင်ဗျားတို့ ရခိုင်တွေဟာ လူမျိုးစွဲ ဒေသစွဲတွေ ရှိနေကြတယ်။ သီးခြား သမ္မတနိုင်ငံ ထူထောင်လို့တော့ မရဘူး၊ ရခိုင်တွေ ၂ သန်းခွဲလောက်ရှိတယ်၊ ကျန်တဲ့ သန်း ၆၀ ကိုတော့ ဆန့်ကျင်လို့ မရဘူး။"


(ပြည်ထဲရေးဝန်ကြီးဟောင်း မောင်ဦး

၁၄. ၅. ၂၀၁၁ ရက်နေ့

ပေါက်တောမြို့၊ ရခိုင်ပြည်နယ်)

ပြည်ထောင်စုကြံ့ခိုင်းရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရခိုင်ပြည်နယ် တာဝန်ခံ ယခင် ပြည်ထဲရေး ၀န်ကြီးဟောင်း နှင့် ရခိုင်တိုင်းမှူးဟောင်း ဦးမောင်ဦးသည် ၁၄. ၅.၂၀၁၁ နေ့တွင် ပေါက်တောမြို့သို့ ရောက်ရှိလာပြီး မြို့မိ မြို့ဖများ လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားပြီး ယခုကဲ့သို့ ပြောကြားခဲ့သည်။


(ဦးမောင်ဦး၏ ပြောကြားချက်များကို ပေါက်တောမြို့နယ် ကြံ့ခိုင်ရေးရုံး အစည်းအဝေးမှတ်တမ်းတွင်လည်း တွေ့ရှိနိုင်ပါသည်။)

.

တွေ့ဆုံပွဲအခမ်းအနားတွင် ဦးမောင်ဦး ပြောကြားချက်


နိုင်ငံတော်ရဲ့အာဏာကို ပြည်ခိုင်ဖြိုးပါတီမှ ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ရာသက်ပန် အုပ်ချုပ်မှာပဲ။

၁။ ဒီနေ့ လွှတ်တော်တွေ ပေါ်ပေါက်လာတယ်။ လွှတ်တော်တွေကို အာဏာအပ်နှင်းတယ်ဆိုတာကို ခင်ဗျားတို့ သိကြမှာပဲ။ ဒါပေမယ့် အမှန်တကယ်တော့ လွှတ်တော်ကို အာဏာလွဲတာမဟုတ်ဘူး။ ကြံ့ခိုင်ရေး ပါတီကိုပဲ အာဏာ လွဲအပ်တာ ဖြစ်တယ်ဆိုတာ တက်ရောက်လာတဲ့ လူကြီးမိဘတို့ သိထားရမှာပဲ။ ယခုလက်ရှိသမ္မတဟာ ကြံ့ခိုင်ရေးပါတီကပဲဖြစ်တယ်။ သမ္မတဖြစ်သွားရင်တောင်မှ ကြံ့ခိုင်ရေး ပါတီမှ နှုတ်ထွက်စရာမလိုဘူး ဆိုတာ လူကြီးမင်းတို့ သိထားကြရမယ်။

၂။ နိုင်ငံတော်ရဲ့အာဏာကို ပြည်ခိုင်ဖြိုးပါတီမှ ဘယ်တော့မှ မစွန့်လွှတ်ဘူး။ ရာသက်ပန် အုပ်ချုပ်မှာပဲ။ တပ်မတော်မှ အာဏာလွဲပြောင်းပေးတာဟာလည်း လွှတ်တော်ကို လွဲတာမဟုတ်ဘူး။ ကြံ့ခိုင်ရေး ပါတီကို လွဲအပ်တယ်ဆိုတာကို နားလည်ထားရမယ်။ ကြံ့ခိုင်ရေးပါတီဟာ တစ်ခုတည်းသော တိုင်းပြည်ကိုအုပ်ချုပ်မယ့် ပါတီ ဖြစ်တယ်။

၃။ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ RNDP က အနိုင်ရသော်လည်း တောင်ပိုင်းမှာတော့ ကြံ့ခိုင်ရေး ပါတီဘဲ နိုင်တယ်။ တောင်ပိုင်းသားတွေဟာ ရခိုင်အစစ်တွေ မဟုတ်ဘူးလား။ ခင်ဗျားတို့ ရခိုင်တွေဟာ ၂၀၀၈ အခြေခံ ဥပဒေကို ထောက်ခံကြတယ်။ စာတွေ မဖတ်ကြဘူးလား၊ ဘယ်တော့မှမရဘူး ခင်ဗျားတို့ ရခိုင်တွေဟာ လူမျိုးစွဲ ဒေသစွဲတွေ ရှိနေကြတယ်။ သီးခြား သမ္မတနိုင်ငံ ထူထောင်လို့တော့ မရဘူး၊ ရခိုင်တွေ ၂ သန်းခွဲလောက်ရှိတယ်၊ ကျန်တဲ့ သန်း ၆၀ ကိုတော့ ဆန့်ကျင်လို့ မရဘူး။ ရန်ကုန်ရောက်ရခိုင်တွေကလည်း လူမျိုးစု အင်အားတစ်ရပ်အဖြစ် ထူထောင်ချင်ကြတယ်။ ဒါပေမယ့် RNDP ပါတီဟာ ပြည်ထောင်စု အစိုးရအဖွဲ့မှာ တစ်ယောက်မှ မပါဘူး။ ပြည်နယ် အစိုးရ အဖွဲ့မှာလည်း ကြံ့ခိုင်ရေး ပါတီကဘဲ ဦးဆောင်နေပါတယ်။ ယခု ကျွန်တော်နှင့် အတူပါလာတဲ့ ချင်းရေးရာဝန်ကြီး ဦးကိုကိုနိုင်၊ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာအောင်ကျော်မင်း ဆိုတာလည်း ကြံ့ခိုင်ရေးပါတီကပဲ ဖြစ်တယ်။

.

ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဘာဘွဲ့မှလည်း မရဘူး။ ဘာနိုင်ငံရေးမှ မသိဘဲနှင့် ဝန်ကြီးပေးလို့ ရမှာလား။

၎။ ရခိုင်တွေမကဘူး ချင်းတွေကလည်း ပြည်ထောင်စု ဝန်ကြီးအဖြစ်တောင်းကြတယ်။ ချင်းတွေဟာ ဘာစာမှ မတတ်ဘူး။ ဘာဘွဲ့မှလည်း မရဘူး။ ဘာနိုင်ငံရေးမှ မသိဘဲနှင့် ဝန်ကြီးပေးလို့ ရမှာလား။ ဘွဲ့ကြီးတွေ တသီတတန်းနှင့် လူတွေကိုဘဲ ပေးတာပါ။ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ဒုသမ္မတပေးတာဟာလည်း ကျွန်တော်တို့ ကြံ့ခိုင်ရေးနဲ့ နှစ် ၁၀ လောက် ရှမ်းပြည်နယ် ဖွံ့ဖြိုးရေးကို ပူးပေါင်းလုပ်ခဲ့လို့ ပေးတာဖြစ်တယ်။

၅။ ကျွန်တော်ဟာ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုကော်မတီဝင်တဦးဖြစ်တယ်။ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ကိုလည်း ကြံ့ခိုင်ရေးပါတီကို ထောက်ခံတဲ့ လူတွေကိုပဲ ခန့်အပ်ပါလို့ ပြောတာကို ယခု မြို့နယ် အုပ်ချုပ်ရေးမှူးတွေဟာ ငွေယူပြီး ပြည်ခိုင်ဖြိုး ပါတီကို အားမပေးတဲ့သူတွေ ဆန့်ကျင်တဲ့ သူတွေကို ခန့်အပ် ထားတယ်။ "မိမိတို့ကို ထောက်မခံတဲ့သူကို ခင်ဗျားတို့အနေဖြင့် ခန့်မှာလား" ။ ဥပဒေနဲ့ လက်တွေ့ အခြေအနေကို ကြည့်ပြီး လုပ်ရတယ်။ အရာရာကို ဥပဒေနှင့် လုပ်လို့မရဘူး။ ပါတီစုံ ဆိုပေမဲ့ အခြေအနေအရ လုပ်ထားရတာပါ။ ပြည်ခိုင်ဖြိုး ပါတီကပဲ ဦးဆောင်သွားမှာပဲ။ အစိုးရအဖွဲ့ ဝန်ကြီးတွေ လုပ်ဆောင်ချက်တွေ ကိုလည်း ပြည်ခိုင်ဖြိုးပါတီက စောင့်ကြည့်နေတယ်။

.

(၎င်းနေ့ (၁၄. ၅. ၂၀၁၁ ရက်နေ့) တွေ့ဆုံပွဲတွင် မောင်ဦးသည် ကြံ့ခိုင်ရေး ပါတီဝတ်စုံကို ၀တ်ဆင်ထားပြီး အခမ်းအနား တက်ရောက် လာသူများကို လက်ညိုးထိုးပြီးမေးမြန်း ပြောဆိုခဲ့သည်။)

၆။ ၎င်းနေ့ တွေ့ဆုံပွဲတွင် အထက်ပါအပိုဒ် ၅ ထိ ပြောပြီးချိန်တွင် ပေါက်တောမြို့နယ် အုပ်ချုပ်ရေးမှူး တက်ရောက်နေသည်ကို တွေ့မြင်သွား၍ ဦးမောင်ဦးက မင်းအုပ်ချုပ်ရေးမှူး မဟုတ်ဘူးလား ဆိုပြီး မေးမြန်းကာ ယခုချက်ချင်း တွေ့ဆုံပွဲက ထွက်သွားဆိုပြီး နှင်ထုတ်လိုက်သည်။

၎င်းနောက်ပိုင်း မောင်ဦးက --- ဒီဘက်မှာ ကြံ့ခိုင်ရေးပါတီ မဲရှုံးတာ အဓိက မယက၊ ရယက၊ ပြည်သူ့ဝန်ထမ်းတွေ အသုံးမကျလို့ ရှုံးရတာပဲ။ ရခိုင်တွေ မဲဆွယ်စဉ်က ရခိုင်ပြည်မှာ တပ်မတော် မရှိရဘူး။ ကိုယ်မြေမှာ ကိုယ်လူမျိုးဘဲ အုပ်ချုပ်မယ်၊ ဗမာအုပ်ချုပ်တာ မခံဘူးဆိုပြီး ကျဉ်းမြောင်းတဲ့ လူမျိုးရေးဝါဒနှင့် စည်းရုံးနေခဲ့ကြတာ ကျွန်တော်ကြားရတယ်။

၇။ ၎င်းနေ့ နံနက် (၁၁း၃၀) နာရီတွင် မြို့မိ/ဖများနှင့် တွေ့ဆုံပွဲကို ရုပ်သိမ်းလိုက်ပြီးနောက် ဌာနဆိုင်ရာ ဝန်ထမ်းတွေနှင့် တွေ့ဆုံပွဲ ထပ်လုပ်ပါသည်။

ဝန်ထမ်းများနှင့် တွေ့ဆုံစဉ်အတွင်း "ဒီနေ့တက်ရောက်လာတဲ့ လူတွေထဲမှာ ဗမာလူမျိုး ဘယ်နှစ်ယောက် ပါသလဲ" ဆိုပြီး မေးမြန်းသည်။

မြန်မာစီးပွားရေးဘဏ်မှ မန်နေဂျာ ဦးရွှေကြိုင်အား "ခင်ဗျား ကုလားလူမျိုး မဟုတ်ဘူးလား" လို့ မေးမြန်းသည်။ ဦးရွှေကြိုင်က မိမိ ရခိုင်ဖြစ်ကြောင်း ပြောကြားခဲ့ရသည်။


http://www.narinjara.com/detailsbur.asp?id=3332

တချိန်တည်းမှာပဲ အဲဒီ အပြောင်းအလဲအတွက် မြန်မာအာဏာပိုင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိတယ်လို့ ပြောပြီး အခုအချိန်ဟာ အလွန်သိမ်မွေ့တဲ့ အဆင့်တခုမှာ ရောက်နေပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ညှိနှိုင်းကြတဲ့ နေရာမှာ ကိုယ့်ဘက်က ရလိုတာသက်သက် မကြည့်ရဘဲ တဘက်ရဲ့ လိုလားချက်ကိုလည်း ပေးရတဲ့အပိုင်း ရှိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။
အပြောင်းအလဲတော့မြင်နေပြီ။ ဒေါ်စုက 40% ရလဲရသလောက်ယူမှာပဲ။ ကျန်တဲ့ 60%ကသူတို့လုံခြုံမှု့အတွက်ထွက်ပေါက်ပေးရမယ်။ ဒါတောင်အဖိုးကြီးပေးလို့ရတာ။ မပေးရင်ဒေါ်စုဘာမှမလုပ်တက်တော့ဘူး။ ရှေ့ဆက်ပြီင်္းသေသည့်တိုင်အောင်စကားပြောပါရစေလို့ဆက်အော်နေအုံးမှာပဲ။ ဘာမှမလုပ်တက်တော့လို့သူပြောတဲ့စကားကိုသာကြည့်တော့။
အပြောင်းလဲလိုချင်ရင်ကိုယ်တိုင်လုပ်။
ကျွန်မတစ်ယောက်တည်းလုပ်လို့မရဘူး။
ရှင်ကတော့ဘာလုပ်လို့လဲ။
အခုဒီကိတ်စကိုသူတစ်ယောက်တည်းလုပ်လိမ့်မယ်။ပါတီတွင်းမှာမဲခွဲဆုံးဖြတ်မှာမဟုတ်ဘူး။သူလဲအာဏာရှင်ပဲ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ်ကနေ ၂၀၁၁ အထိ သူမရဲ့ အနစ်နာခံမှု၊ ပေးဆပ်မှု၊ စွန့်လွှတ်မှုတွေနဲ့ မြန်မာ့ ဒီမိုကရေစီ လှုပ်ရှားမှုကို ဦးဆောင်ခဲ့တာ ဖြစ်ပါတယ်။ အခု အချိန်မှာတော့ သူ့ရဲ့ ထိုးထွင်း ကြံဆမှု၊ အမျှော်အမြင်ရှိမှု၊ အသိပညာ ကြွယ်ဝမှုများနဲ့ အမျိုးသား ပြန်လည် စည်းလုံး ညီညွတ်ရေး ကနေ မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီ ပေါ်ပေါက်ရေး အတွက် ဆောင်ရွက်ရမယ့် အဆင့်သစ်ကို ရောက်ခဲ့ပါပြီ။ နှစ်ဘက်ကြား သဘော တူညီချက်ရဖို့ ဆိုတာ နှစ်ဘက်လုံးက အလျှော့ပေး လိုက်လျော ရတာတွေ ရှိမှာပါ။ ဒါမှလည်း သူမနာ ကိုယ်မနာ ဖြေရှင်းရေး Win - Win Solution ကို ရမှာ ဖြစ်ပါတယ်။ ကိုယ့်ဘက်က အပေးအယူ လုပ်ရတဲ့အခါမှာ မိမိ အဖွဲ့အစည်း တွင်းကပဲ ပေါ်ပေါက် လာနိုင်တဲ့ ဆန့်ကျင် ခုခံမှုများကို ကျော်လွှားဖို့ အတွက်ကတော့ မန်ဒဲလားရဲ့ အတွေ့အကြုံများဟာ အကောင်းဆုံး သင်ခန်းစာများ ဖြစ်လိမ့်မယ်လို့ ထင်မိပါတယ်။

whatever it is,u r the mother of Democracy.u must do vote decision in party.
She said i have responsible what i do.If i made mistake,thats my fault.
If u do mistake,country has to pay for that.Not u.

မူရင်း စကင် (scan) ကို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။


သိန်းစိန် ရုပ်သေးအစိုးရက မစားရ ဝခမန်း ပြောနေတဲ့ ဒီမိုကရေစီဟာ စစ်မှန်တဲ့ ဒီမိုကရေစီ မဟုတ်ဘဲ "ရွှေရည်စိမ် ဒီမိုကရေစီ" ("ဟန်ပြ ဒီမိုကရေစီ") သာ ဖြစ်တယ် ဆိုတာကို သက်သေပြတဲ့ သတင်းတပုဒ်ကို ဒီမှာ ဖတ်နိုင်ပါတယ်။


ပြည်တော်ပြန်လိုသူတို့ စဉ်းစားကြဖို့ သံရုံးကစာ

ကြံ့ဖွတ်အစိုးရရဲ့ ကမ်းလှမ်းချက်အရ ပြည်တော်ပြန်မယ်ဆိုရင် ဒီအချက်အလက်တွေကို လက်ခံနိုင်၊ မနိုင် အရင်စဉ်းစားရအောင်လို့ မြန်မာသံရုံးတခုက ရတဲ့အချက်တွေကို တင်ပြပေးလိုက်ပါတယ်။ အားလုံး ဝေဖန်ပိုင်းခြားပြီးတော့ ဆုံးဖြတ်နိုင်ကြပါစေ။


ကတိခံဝန်ချက်

၁။ နိုင်ငံတော်သည် ပြည်ပသို့ ရောက်ရှိနေသည့် နိုင်ငံသားများ မိမိတို့နိုင်ငံတွင် မိသားစုများနှင့်အတူ အေးချမ်းစွာ နေထိုင်နိုင်စေရေးအတွက် ပြန်လည် ဝင်ရောက်လာကြရန် ၁၇-၈-၂ဝ၁၁ ရက်နေ့က ဖိတ်ခေါ်ခဲ့ပါသည်။

၂။ ထိုသို့ နိုင်ငံတော်က သဘောထားကြီးစွာ ဆောင်ရွက်ခဲ့သည့် နည်းတူ ပြည်ပမှ မိမိတို့နိုင်ငံသို့ ပြန်လည် ဝင်ရောက်လာသူများကလည်း နိုင်ငံတော်အပေါ် ပြန်လည် ကျေးဇူး တုံ့ပြန်သင့်သည့် အားလျော်စွာ အောက်ပါအချက်များကို လိုက်နာရမည် ဖြစ်ပါသည်။

(က) နိုင်ငံတော်အား အကြည်အညို ပျက်စေသည့် အပြုအမူနှင့် ပြောဆိုမှုများကို ရှောင်ကျဉ်ရန်။
(ခ) နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေစိုးမိုးမှုကို ထိခိုက်စေမည့် လုပ်ဆောင်မှု၊ လှုံ့ဆော်ပြောဆိုမှု၊ ရေးသားဖြန့်ဝေမှုများ မပြုလုပ်ရန်။
(ဂ) တရားမဝင်အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း မပြုရန်။
(ဃ) အဖျက်အမှောက်လုပ်ရပ်များ ရှောင်ရှားရန်။
(င) နိုင်ငံတော်၏ ကျေးဇူးသစ္စာကို စောင့်သိ၍ ဥပဒေဘောင်အတွင်း အေးချမ်းစွာ နေထိုင်ရန်။

၃။ သို့ပါ၍ အထက်ဖေါ်ပြပါအချက်များကို လေးစားစွာ လိုက်နာ နေထိုင်မည် ဖြစ်ကြောင်း အောက်တွင် ဝန်ခံကတိ လက်မှတ်ရေးထိုးအပ်ပါသည်။

နေ့စွဲ၊ - - ၂ဝ၁၁ ။

ဝန်ခံကတိပြုသူ


(အညာနွေတမာမြေ မှ ကူးယူ ဖော်ပြပါသည်။)

Monday, 26 September 2011 16:31


ရွှေဝါရောင် တော်လှန်ရေး ၄ နှစ်ပြည့် အထိမ်းအမှတ် အ၀ါရောင်တီရှပ်များ ၀တ်ဆင်ထားသည့် လူ ၂၀၀ ခန့်တို့သည် ယနေ့မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်မြို့လယ် ဆူးလေဘုရားမှ စတင် ချီတက် လမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။

ဆူးလေဘုရားမှ ကမ္ဘာအေးဘုရားလမ်းအတိုင်း ချီတက်ရာတွင် အင်္ဂါ ၀တ်ပြု ဆုတောင်းအသင်း၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဧရာဝတီနှင့် မြစ်ဆုံလှုပ်ရှားမှု အဖွဲ့၊ ရန်ကုန်အနီးတ၀ိုက်ရှိ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ သန်လျင်၊ ဒလမြို့နယ်များ စသည့် အဖွဲ့အသီးသီးတို့ပါဝင်ကြောင်း ချီတက်လမ်းလျှောက်ခဲ့သူ တဦးက ပြောသည်။

“၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကို စစ်အစိုးရက လွန်ခဲ့တဲ့လေးနှစ်က အဓမ္မ ဖြိုခွင့်းခဲ့တဲ့ အမှတ်တရ အနေနဲ့ ချီတက်ကြတာ” ဟု ၎င်းက ဆိုသည်။

လမ်းလျှောက် ဆန္ဒပြသူများသည် ကြွေးကြော်သံများ အော်ဟစ်ခြင်း၊ ပို့စတာများ ကိုင်ဆောင်ခြင်း မပြုလုပ်ဘဲ နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေး၊ ဧရာဝတီမြစ်ဆုံရှိ မြစ်ဆုံရေကာတာ တည်ဆောက်နေမှု ရပ်စဲပေးရေး၊ ၂၆ - ၉ -၂၀၁၁ သံဃာ လှုပ်ရှားမှု စသည့် စာတန်းများပါရှိသော တီရှပ်များကိုသာ ၀တ်ဆင်ထားကြကြောင်း အဆိုပါ သူကပြောသည်။

ချီတက်ရခြင်း၏ ရည်ရွယ်ချက်မှာ မြောက်ဥက္ကလာပ မြို့နယ်မှ ဆူးလေဘုရားသို့ ကား ၃ စီးဖြင့် ထွက်လာကြသည့် ဒေါ်နော်အုန်းလှနှင့် ဦးဝင်းချိုတို့ ဦးစီးသော အင်္ဂါဝတ်ပြုဆုတောင်း အဖွဲ့များကို လုံထိန်းများက န၀ဒေး လမ်းဆုံတွင် တားဆီး ပိတ်ပင်ထားသည့် အတွက်ကြောင့် ဖြစ်သည်ဟု သိရသည်။

နေ့လယ် ၂ နာခွဲခန့်တွင် မြောက်ဥက္ကလာမြို့နယ် န၀ဒေး လမ်းထိပ်၌ ပိတ်မိနေသည့် အင်္ဂါဝတ်ပြု ဆုတောင်းအဖွဲ့အား လုံထိန်းများ က ထွက်ခွာခွင့် ပေးလိုက်သည့်အတွက် လမ်းလျှောက် ဆန္ဒပြသူများသည် ဗဟန်းမြို့နယ် ရွှေဂုံတိုင် မှတ်တိုင်မှ ဆူးလေဘုရားသို့ ပြန်လည် ချီတက်သွားကြကြောင်း သိရသည်။

ညနေ ၃ နာရီတွင်မူ လမ်းလျှောက်ဆန္ဒပြသည့် လူစုသည် ဆူးလေဘုရား၌ ၀တ်ပြု ဆုတောင်းမှုများ ထပ်မံပြုလုပ်ပြီး ဘုရားကို လက်ျာရစ် သုံးပတ်ပတ်ကာ လူစုခွဲခဲ့ကြောင်း လမ်းလျောက်ချီတက်ရာတွင် ပါဝင်သူက ပြောသည်။

လမ်းလျှောက်ချီတက်သူများ အနေဖြင့် အစိုးရထံ နိုင်ငံရေးအကျဉ်းသားများ ချက်ချင်းပြန်လွှတ်ပေးရန်၊ ဧရာဝတီမြစ်ဆုံ ရေကာတာ စီမံကိန်း ရပ်တန့်ရန်၊ ပြည်တွင်းစစ်များ ချက်ချင်းရပ်ဆိုင်းရန်နှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးရေးပြုလုပ်ရန် တို့ကို အဓိက တောင်းဆိုသွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့နံနက်က စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး ၄ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ရန်ကုန် တောင်ဥက္ကလာပ မြို့နယ် ၁၅ ရပ်ကွက် ၆ ၀ိုင်း ပစ္ဆိမာရုံ (မြိတ်) ကျောင်းတိုက်တွင် ကျင်းပခဲ့ရာ ပြည်တွင်း နိုင်ငံရေးအင်အားစုများ စုံစုံညီညီ တက်ရောက်ခဲ့ပြီး ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရသော နိုင်ငံရေး အကျဉ်းသားများအား အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုခဲ့ကြသည်။

ရန်ပိုင်၊ ဧရာဝတီ

(ဧရာဝတီ မှ ကူးယူ ဖော်ပြသည်။)

ရွှေဝါရောင် ၄ နှစ်ပြည့် အထိမ်းအမှတ် ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်သည့် လူထု လှုပ်ရှားမှုကို စော်ကားမော်ကား ပြောဆိုရေးသားသည့်အတွက် စာဖတ်သူ ပြည် သူလူထု အကြီးအကျယ် ဒေါသထွက်နေကြသည့် Eleven Media Group ၏ ၀က်ဘ်ဆိုက်မှ သတင်းတပုဒ်


"လူ ၂၀၀ ခန့်ပါသော ဆန္ဒပြမှု တစ်ခုဖြစ်ပွား၊ အမျိုးသား ရင်ကြားစေ့ရေးကို ပျက်ပြားစေသော အနှောက်အယှက် လုပ်ဆောင်မှုဖြစ်ပြီး လက်မခံကြောင်း သတင်းစာ ဆရာကြီးများနှင့် လူများစု ပြောကြား"

ဆိုပြီး ရွှေဝါရောင် ၄ နှစ်ပြည့် အထိမ်းအမှတ် ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်သည့် ပြည်သူများကို စော်ကားသော အရေးအသားဖြင့် Eleven Media Group ၀က်ဘ်ဆိုက်တွင် အရပ်သားအစိုးရ အမည်ခံ စစ်အုပ်စု အလိုကျ တင်ပြထားပုံ

(Eleven Media Group ၏ CEO ဒေါက်တာသန်းထွဋ်အောင် စကား စကား၊ ပြောပါများ၊ စကားထဲက ဇာတိပြလာပုံ)


http://www.first-11.com/index.php?option=com_content&view=article&id=10281:2011-09-26-07-20-27&catid=43:2009-11-10-07-39-09&Itemid=111

ရွှေဝါရောင် ၄ နှစ်ပြည့် လမ်းလျှောက် ဆုတောင်းတာကို အလဲဗင်းမီဒီယာက ဒေါက်တာသန်းထွဋ်အောင်က "လုံးဝ လက်မခံနိုင်ဘူး နောက်ကွယ်က ပြဿနာကို ဖေါ်ထုတ်ရမယ်" တဲ့။

ပြောရက်လိုက်တာ။

(ဦးဝင်းချို အင်တာဗျူး အပြည့်အစုံကို ဖတ်ရန် "ချောင်းရေက သူ့ဘာသာ သူ နောက်တာပါဗျာ။ 'နင် မဟုတ်ရင် နင့်အဖေပဲ' လို့ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ မပြောစေချင်ပါဘူး" ခေါင်းစဉ်ကို နှိပ်ပါ။)


၂၆-၉-၂ဝ၁၁ ရက်တွင် ဖြစ်ခဲ့သည့် ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှုနှင့်ပတ်သက်ပြီး လှုပ်ရှားမှုတွင် ပါဝင်သူများကို ဝေဖန်နေသည့်အပေါ် မိမိတို့ စေတနာသန့်သန့်နှင့် လုပ်ဆောင်ခဲ့တာ ဖြစ်ကြောင်း လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ တဦးလည်းဖြစ်၊ ၂ဝ၁ဝ ရွေးကောက်ပွဲဝင်ပြိုင်ခဲ့သည့် တသီးပုဂ္ဂလ ဦးဝင်းချိုကဆိုသည်။ ယင်းလှုပ်ရှားမှုကို လုံခြုံရေးနှင့် ရဲဝန်ထမ်း ၄ဝဝ ခန့်က လူစုခွဲပစ်ခဲ့သည်။

ရွှေဝါရောင် လေးနှစ်ပြည့် လှုပ်ရှားမှု အစီအစဉ်များအကြောင်း၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအပေါ်အမြင်၊ ယခုလှုပ်ရှားမှုကြောင့် နိုင်ငံရေး အကျဉ်းသားလွတ်ရေး အပေါ်သက်ရောက်မှု၊ လှုပ်ရှားမှုများအပေါ် ဝေဖန်ချက် များကို ပြန်လည်တုန့်ပြန်မှုတို့ကို မဇ္ဈိမ သတင်းထောက် မျိုးသန့် က ဦးဝင်းချိုကို မေးမြန်းထားသည်။


“ကျနော်တို့ ချောင်းရေက သူ့ဘာသာ သူနောက်တာပါဗျာ။

ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ ငြိမ်းချမ်းစွာ ၀တ်ပြုဆုတောင်းပွဲ ပြုလုပ်တဲ့ ပြည်သူတွေကို 'နင် မဟုတ်ရင် နင့်အဖေပဲ' လို့တော့ ("ဝံပလွေ နဲ့ သိုးငယ်" အီစွပ်ပုံပြင်ထဲက ဝံပလွေက သိုးငယ်ကို ကောက်ကျစ်ယုတ်မာတဲ့ နည်းနဲ့ အပြစ်
ပေးဖို့၊ အပြစ်ပုံချဖို့ အကြောင်းပြချက်ကောင်း ရအောင် အပြစ်မရှိ အပြစ်ရှာပြီး ပြောသလို) မပြောစေချင်ဘူး။

ကျနော်တို့ ရေသောက်ဆင်းမိပါတယ်။ အဲဒီတော့ ဒီချောင်းရေ နောက်သွားတယ်။ 'ကျနော် မဟုတ်ပါဘူး' ဆိုရင်တောင် 'နင် မဟုတ်ရင် နင့်အဖေပဲ' လို့ ဒေါက်တာသန်းထွဋ်အောင် အနေနဲ့ ဖြစ်နိုင်ရင် မပြောစေချင်ပါဘူး။”


(မဇ္ဈိမ)

"ကြက်တူရွေး (သိန်းစိန် အစိုးရ) က တော်တော်၊ မယ်ဘော် (သန်းထွဋ်အောင်) က ကဲနေလိုက်တာ"


တူမောင်ညို မှ
ဒေါက်တာသန်းထွဋ်အောင် သို့ --

"တိုင်းပြည် မတည်မငြိမ်ဖြစ်ရင် ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှောင့်နှေးသွားမယ် နိုင်ငံရေးအကျဉ်းသားတွေအရေး နှောင့်နှေးသွားမယ်" ဆိုတဲ့ ဒီစကားက အုပ်စိုးသူတွေ ဖန်တရာတေအောင် ပြောနေတဲ့စကားပဲ။ ခင်ဗျားက အစိုးရ ‘ကလုံး’ မို့ ဒီစကားမျိုးပြောရတာ လား။ ဦးသိန်းစိန်အစိုးရက ဒီကိစ္စကို ဘာမှ လေသံမဟသေးဘူး။ ခင်ဗျားတို့က စကားဦးသန်းနေတယ်။ မယ်ဘော်က ကဲပြနေသလို ဖြစ် နေတယ်။

တိုင်းပြည် မတည်မငြိမ်ဖြစ်ရတာ၊ ဒီမိုကရေစီအရေး နှောင့်နှေးနေရတာတွေဟာ ဒီလို ဆန္ဒပြမှုတွေကြောင့်လားတဲ့လား။

(EMG) ထုတ်ဝေခွင့်ရေးသားခွင့်တွေ ရခဲ့တာ ခင်ဗျားတစ်ဦးချင်းတော်မှု၊ တတ်မှုတွေကြောင့်လား။ (နအဖ) စစ်အစိုးရက စိတ်၊ စေတနာကောင်းမွန်စွာနဲ့ ခွင့်ပြုချက်ပေးသနားခဲ့လို့လား။
ဒါမှမဟုတ် လက်သီးလက်မောင်းတန်းပြီး ဆန္ဒပြခဲ့ကြတဲ့ အညတရတွေရဲ့ လမ်းမပေါ်က တိုက်ပွဲတွေကြောင့်လား။ ခင်ဗျား စဉ်း စဉ်းစားစားပြောပါဦး။

ခင်ဗျားအပြောက အစိုးရကြည်ဖြူအောင်နေ၊ ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့ဆိုတဲ့ သဘောဖြစ်နေတယ်။ အစိုးရငြိုငြင် သွားမှာကို တော်တော်အစိုးရိမ်ကြီးနေပုံရတယ်။
"သံဃာအရေးအခင်း နှစ်ပတ်လည်ပဲဖြစ်ဖြစ်၊ မြစ်ဆုံကိစ္စပဲဖြစ်ဖြစ်အခုချိန်မှာ ဘာဆန္ဒပြ မှုကိုမှ ကျွန်တော်မဖြစ်စေချင်ဘူး။ ‘လုံးဝ’ လက်မခံဘူး။ " ဆိုတဲ့စကားက သိပ်တရားလွန် လွန်းတဲ့စကားဖြစ်တယ်။ ပြုသမျှ နုပါ့မယ်လို့ ကြိုတင်ဝန်ခံချက်ပေးနေသလိုဖြစ်နေပါတယ်။

တူမောင်ညို


http://moemaka.com/index.php?option=com_content&task=view&id=10027&Itemid=1

အကျဉ်းသားများ လွတ်မြောက်ရေး ဝတ်ပြုဆုတောင်းမှု လုပ်ရပ်ကောင်းဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို

The Voice Weekly

ရန်ကုန်၊ စက်တင်ဘာလ ၂၇


နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဝတ်ပြုဆုတောင်းပွဲများ ကျင်းပနေမှုအပေါ် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လုပ်ရပ်ကောင်းတစ်ခုအဖြစ် ရှုမြင်ကြောင်း The Voice Weekly သို့ ပြောကြားသည်။

စက်တင်ဘာလ ၂၇ ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ကျင်းပပြုလုပ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တည်ထောင်ခြင်း ၂၃ နှစ်မြောက် အခမ်းအနားအပြီး The Voice Weekly က ရန်ကုန်မြို့တွင် ဖြစ်ပေါ်နေသော ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် အနေနှင့် မည်သို့ မှတ်ချက်ပေး ရှုမြင်ပါသနည်းဟု မေးမြန်းရာ ဒေါ်အောင်ဆန်းစုကြည်က လုပ်ရပ်ကောင်းအဖြစ် ရှုမြင်ကြောင်း ပြောကြားခြင်း ဖြစ်သည်။

" ကောင်းဖို့အတွက် ဆုတောင်းတာ ကောင်းတာပေါ့။ အဓိက စေတနာနဲ့ အားလုံးရဲ့ ကောင်းကျိုးအတွက် ဆုတောင်းတာပဲ " ဟု ဒေါ်အောင်ဆန်းစုကြည်က ဝတ်ပြုဆုတောင်းပွဲများနှင့် ပတ်သက်သော သူ၏အမြင်ကို ထုတ်ဖော် ပြောဆိုသည်။

ရန်ကုန်မြို့တွင် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဆုတောင်းပွဲများ ဆက်တိုက် ဖြစ်ပေါ်နေပြီး စက်တင်ဘာလ ၂၆ ရက်နေ့က ဆူးလေ စေတီတော်တွင် လည်းကောင်း၊ စက်တင်ဘာလ ၂၇ ရက်နေ့က ရွှေတိဂုံ စေတီတော်တွင်လည်းကောင်း နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်လျက် ရှိသည်။

ဦးဝင်းတင်ရဲ့ သဘောထား


ကျနော့်သဘောထား ကျနော် ရှင်းရှင်းပြောရရင်တော့ " ဒေါ်အောင်ဆန်းစုကြည် ဒီစစ်အစိုးရနဲ့  ဆွေးနွေးနေတာနဲ့  ငြိမ်ငြိမ်ဆိမ်ဆိမ် နေရမယ် ဆိုတာ မဟုတ်ဘူး" လို့  ကျနော်ယူဆတယ်။

ဘာမှ ငြိမ်စရာ မရှိဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ဒီလို မငြိမ်မသက်ဖြစ်ရတဲ့ကိစ္စတွေက အစိုးရက လုပ်ရမယ့်ကိစ္စတွေကို မလုပ်လို့  မငြိမ်မဆိမ် ဖြစ်နေတာကိုး။

လွှတ်ရမယ့်အချိန်မှာ မလွှတ်ဘူး။ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မပေးဘူး ဆိုတဲ့အခါကျတော့ မငြိမ်မဆိမ်ဖြစ်နေမှာ ပေါ့။ တောင်းဆိုကြမှာပေါ့။ မိသားစုတွေ၊ လိုလားတဲ့ လူတွေကတော့ ပြောကြဆိုကြမှာပေါ့ဗျာ. ဒါပဲပေါ့။

အဲဒါကို ဒေါ်အောင်ဆန်းစုကြည်နဲ့  ဆွေးနွေးနေတဲ့ အတွက်ဆိုပြီးတော့ မလိုလားဘူး ဆိုတာတော့ ..အဲဒါတော့ မမှန်ဘူးလို့ ကျနော် ထင်တယ်။


(၂၇၊ စက်တင်ဘာ၊ ၂၀၁၁ ည ၇း၃၀ အာအက်ဖ်အေမှ မနေ့က လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး ဝေဖန်နေကြတဲ့အပေါ် ဦးဝင်းတင်ရဲ့ သဘောထား မေးမြန်းမှု အသံလွှင့်ချက်မှ)

ကျပ်မပြည့်ကျော်ဆန်းနဲ့ ပေါင်းစားပြီး ကြီးကြီးကျယ်ကျယ်တွေ လျှောက်ပြောနေတဲ့ အလဲဗင်း သန်းထွဋ်အောင်တော့ အရှက် အကြီးအကျယ် ကွဲပြီ။

ကလိန်ကကျစ် အတွင်းစိတ်တွေ အကုန်ပေါ်ပြီ။

ကောင်းတယ်.. မှတ်ကရော။

တံတားက ရွေ့တာ မဟုတ်ဘူး၊ နင့်စိတ်က ရွေ့တာ (၁)


နေ့သစ် - ကိုမိုးသီးခင်ဗျား အခုတလော ဦးသိန်းစိန် ဘောင်ဘီချွတ်အစိုးရဟာ အရင်နဲ့မတူ၊ တမူထူးတယ်။ ပြောင်းလာ ပြီလို့ပြောနေကြတယ်။ တနေ့က အလဲဗင်းဂျာနယ်မှာ ဒီဖက်က ဧရာဝတီဂျာနယ်က ကိုအောင်ဇော်နဲ့ အင်တာဗျူးတွေကို ဖေါ်ပြထားတယ် စသဖြင့် စသဖြင့် ပြောနေကြ သုံးသပ်နေကြတာ ရှိတယ်။ နောက် ဗီအိုအေသတင်းထောက်တဦး၊ ဘီ ဘီစီ သတင်းထောက်တဦးကိုလဲ ၀င်ခွင့်ပေး အင်တာဗျူးတွေ ပေးနေတာတွေရှိတော့ ဒါဟာပြောင်းလဲမှုရဲ့အစလို့ ပြော လို့ရမလား။ ခင်ဗျား ဘယ်လိုမြင်သလဲ..

မိုးသီးဇွန်

ငယ်ငယ်က တံတားပေါ်ကနေ ရေကန်ထဲကို ကြည့်လိုက်သလိုပေါ့။ ရေလှိုင်းလှုပ်ပြီး ကိုယ်အရိပ်ကရွေ့သွားတော့ ဟော.. တံတားကြီးသွားနေတယ်လို့ အော်ကြတယ်။ ပျော်ကြတယ်။ တကယ်က တံတားကရွေ့သွားတာမှ မဟုတ်တာ။ ပြောင်းလဲသွားတာမှ မဟုတ်တာ။ ကိုယ်က Optical Delusion - အမြင်မှားသွားတာ။ တံတားရွေ့တာမဟုတ် ကိုယ်အ ရိတ်က ရွေ့သွားတာ။

စစ်အုပ်စုက မပြောင်းလဲပါဘူး။ ကိုယ်က ပြောင်းလဲနေတာ။ ကိုယ်သမာဓိတွေ၊ သီလတွေ ချို့ယွင်းနေတာ။ ညောင်သီး လဲစား လေးသမားလဲကြည့်လို့ သတိပေးချင်တယ်။ တခါတလေတော့လဲ နင် အ လို့ နင်ခံရတာလို့ ပြောချင်ပေမယ့် အော်.. အသက်တချောင်း ကယ်ကောင်းပါတယ်လို့ သူတော်ကောင်းတရားကပဲ ကိုယ်မှာဝင်လာတော့လဲ။ သတိသမ္ပဇဉ် ဆင်ခြင်နိုင်ဖို့ ပြောချင်တာကတော့ စစ်အုပ်စုဟာ ဘောင်းဘီချွတ်လိုက်၊ ပုဆိုးဝတ်လိုက်လုပ်တာ နှစ်ခါရှိပြီ။ ၇၄ အခြေခံ ဥပဒေ ရေးပြီး မှာတခါ၊ ၂၀၀၈ အခြေခံဥပဒေရေးပြီးမှာတခါ ( ၂၀၁၀) မှာတခါ။ ၁၉၆၂ စစ်တပ်ကနေ အာဏာသိမ်းက တည်းက ကနေ့အထိ မပြောင်းလဲသေးဘူး။ သူတို့ဖက်ကတော့ လုံးဝမပြောင်းလဲသေးဘူး။ ဦးနေ၀င်း တုန်းက ဒီ့ထက် တောင် အိုင်တင်ကောင်းသေးတယ်။

၃၃ ဦးအကြံပေး ကော်မတီကိုတောင်ဖွဲ့ ပေးလိုက်သေးတယ်။ ခုလို ခွေးလှေးကြမ်းပိုး၊အုတ်ကြားမြက်ပေါက်တွေနဲ့ ဖွဲ့ထား တာမဟုတ်ဘူး။ ၀န်ကြီးချုပ်ဟောင်း ဦးနု တို့လို ဒိတ်တွေနဲ့ဖွဲ့ထားပေးတာ။

တံတားက ရွေ့တာ မဟုတ်ဘူး၊ နင့်စိတ်က ရွေ့တာ (၂)


ဘာတွေပြောင်းလဲ။ ပြောကြည့်။

လွတ်လပ်မှုမရှိသေးဘူး။ စီးပွားရေးမှာ လက်ဝါးကြီးအုပ်ထားတာကမပြောင်သေးဘူး။ နိုင်ငံတော်အာဏာ ခွဲဝေပုံကို မ ပြောင်းလဲသေးဘူး။ သူတို့ဖါသာသူတို့ တဖက်သတ်ပြဋ္ဌာန်းခဲ့တဲ့ ၁၉၇၄ အခြေခံဥပဒေကိုရော ၂၀၀၈ အခြေခံဥပဒေကို ရော သူတို့ မကျင့်သုံးပုံတွေ မပြောင်းလဲသေးဘူး။ ချစားမှုတွေ၊ လူအခွင့်အရေးချိုးဖေါက်မှုတွေ မပြောင်းလဲသေးဘူး။ ပြည်တွင်းငြိမ်းချမ်းရေပေါ်လစီ မပြောင်းလဲသေးဘူး။ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးဘူး။ နိုင်ငံခြားရေးမှာ တရုတ်ကိုယိမ်း ပေါ်လစီကမပြောင်းသေးဘူး။

နောက်တခု ပဋိပက္ခကြီးမှာ သူကိုလဲ ကိုယ်ကကြည့်တာပဲ။ သူကလဲ ကိုယ်ဘက်ကို ကြည့်တာပဲ။ ဘယ်ကောင်ကို စားလို့ ရမလဲလို့ လုပ်ကြရတယ်။ စားလို့ အလားအလာရှိနိုင်တဲ့ကောင်တွေကို တွက်ရသကွဲ့၊ ချက်ရသကွဲ့။ ဒို့ဘက်ကလည်း သူ တို့ထဲက ဘယ်ကောင်တွေကို ခွေလို့ရနိုင်မလဲ စားလို့ရနိုင်မလဲ။ ကိုယ်လိုခြင်တဲ့ပုံကိုဖေါ်ပေးရသကွဲ့။ ဒါဟာ ပဋိပက္ခမှာ ပရိယာယ်ဝေဝုစ်တွေကိုး။ ဘုရင်နောင်ကျော်ထင်နော်ရထာက အယုဒ္ဒယ ( Ayutthaya) ဘုရင် ချာကရာဖတ် (Chakkraphat) ကို မလုပ်ကြံခင်မှာ ပစ္စနုလုပ်မြို့စား သမာရာချာ (Thammarach) ကို ဆွဲစေ့ထားရသလိုပေါ့။ အပြန်အ လှန်အားဖြင့် သူတို့လဲ ကိုယ်ဖက်ကို ကြည့်မပေါ့။ ကိုယ်ဖက်က သာခွေယိုင်နေတဲ့သူတွေ၊ သီလ၊ သမာဓိ ချွတ်ချော်နေ တဲ့ သူတွေ သူတို့လဲ ကြားမပေါ့။ မြင်မပေါ့။ ဒီတော့ စားဖို့ကြံသပေါ့။ သတိပြုပါလေ။

သူတို့ဖက်က မပြောင်းလဲဘူး။ အဲသိသိသာသာ ပြောင်းလဲလာတာတော့ ကိုယ်လူတွေပဲ။ ငါသွားနိုင်တာ၊ ငါစကားကို ဖေါ် တာကို ပြောင်းလဲမှုသင်္ကေတ (Signal of Change) လို့ မဟစ်ကြွေးကောင်းဘူးကွဲ့။ ဒကာကြီး ကျော်သန်းပြောတဲ့ ပဉ္စနရစ် ပုံပြင်က မွှားလို ဖြစ်တတ်တယ်။

တံတားကြီးသွားနေပြီကွလို့ အော်နေရင် အရူးလို့ပဲ ထင်မယ်။

အနုမာန မရင့်သန်သေးချိန်မှာ ဒီလိုပဲ ဖြစ်တတ်ကြတယ်။ ပါရမီရင့်သန်ကြ။ သီလ၊ သမာဓိမှာ ပညာဟာအဓိကပဲ။ ဥာဏ် ပညာအရာမှာ လှိုင်းတံပိုးကဲ့သို့ ထနိုင်ပါစေလို့ ဝေနေယျတွေကို ဒီကနေ မေတ္တာပို့ပါတယ်။

ကိုမိုးသီးဇွန် ပြောတဲ့

“တံတား ရွေ့တာမဟုတ်၊ နင့်စိတ်က ရွေ့တာ ...”

ဆိုတာက

အရမ်းကို မှန်ပါတယ်..



ကိုမိုးသီးဇွန် ကို မကြိုက်တဲ့ လူတွေ အနေနဲ့ ကိုမီးသီးဇွန် ပြောတဲ့ အခု စကားက မှန်နေတာကို ပုဂိုလ်စွဲ အရ တိုက်ခိုက်ချင်လို့ တိုက်ခိုက်တာမျိုး မလုပ်သင့်ပါဘူး.. အေးအေးဆေးဆေး စဉ်းစားပြီးမှ မှတ်ချက် ရေးသင့်ပါတယ်..

ပြီးခဲ့တဲ့ နှစ် ၅ဝ လုံးလုံးမှာ စစ်အုပ်စုက ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်ပြ တာ အပါအဝင် ပြည်သူတွေအပေါ်မှာ ကောင်းတာ လုပ်ပြသလိုလိုနဲ့ နောက်ကျတော့ ဒုံရင်းက ဒုံရင်း ပြန်ပြန်ဖြစ်သွားပြိး ၁၉၈၈ မှာ လမ်းပေါ်မှာ လူ ၃ဝဝဝ ကျော် သတ်သလို ၂ဝဝ၇ မှာလဲ လမ်းပေါ်မှာ လူ ၁ဝဝ ကျော် ဆက်သတ်လာတာ၊ ၂ဝဝ၃ မှာလဲ ဒီပဲယင်းမှာ နိုင်ငံတော်လုပ်င်္ကြမှု လုပ်ပြီး လူ ၁ဝဝ ကျော် သတ်ခဲ့တာ၊ ၁၉၉၈ မှာ လက်နက်မဲ့ အရပ်သား ၈၁ ယောက်ကို တနင်္သာရီတိုင်း၊ ခရစ်စတီကျွန်းပေါ်မှာ အစုအပြုံလိုက်သတ်ပစ်ခဲ့တာ၊
အခုလဲ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ဆင်ရေးကို ခုတုံးလုပ်ပြီး အပြစ်မဲ့၊ လက်နက်မဲ့ အရပ်သားတွေကို ပစ်မှတ်ထားပြီး ဆက်သတ်နေတာ တွေကို လွယ်လွယ်နဲ့ မေ့ပစ်လိုက်လို့ မဖြစ်ပါဘူး..

"အဲဒါတွေ လုပ်လာတာက အရင် နအဖ အစိုးရ လက်ထက်ကလေ" ဆိုပြီး ငြင်းလို့ မရပါဘူး.. အခု အစိုးရအသစ် ဆိုတာက နအဖ စစ်ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အရပ်သားအယောင်ဆောင် အစိုးရသာ ဖြစ်ပါတယ်.. ပြည်သူတွေနဲ့ နိုင်ငံတကာကို လှည့်စားပြီး လုပ်ပြနေတဲ့ ရွှေရည်စိမ် ဒီမိုကရေစီကို မမြင်ဖူး မူးမြစ်ထင် နေစရာ မလိုပါဘူး..


မြစ်ဆုံရေကာတာ ရပ်ပေးလိုက်တယ် ဆိုတာက မြန်မာပြည်မှာ အာရပ်နိုင်ငံတွေမှာလို ပြည်လုံးကျွတ် လူထုတော်လှန်ရေးတွေ ဖြစ်လာမှာကို ကြောက်လို့ လောလောဆယ်မှာ ခဏ ရပ်ပြ ထားတာ .. အပြီး ဖျက်လိုက်တာမှ မဟုတ်တာ.. တရုတ်ဆီက လာဘ်ငွေတွေ တနင့်တပိုး ယူထားပြီးနေတော့ အပြီးအပိုင် ရပ်ပစ်လိုက်လို့လဲ မရဘူး.. လူတွေ မေ့လောက်တဲ့ အချိန်ကျရင် မသိမသာနဲ့ ပြန်ပြီး ခိုးလုပ်ဦးမှာပဲ..

ပြောင်းလဲနေပါပြီ၊ ဒီမိုကရေစီနိုင်ငံကို ဦးတည်နေပါပြီ ဆိုတာသာ အမှန်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေကို ဘာမှ ဆက်ဖမ်းထားစရာ အကြောင်းမရှိဘူး..

အစိုးရဌာနပေါင်းစုံမှာ အကြီးအကျယ် လာဘ်စားနေတာ၊ ခိုးနေတာတွေလဲ အရင်လို ဆက် ဖြစ်နေတုန်းပါပဲ..

လူအစုအပြုံလိုက် သတ်မှု၊ လူသတ်မှု အပေါအဝင် သေဒဏ်ထိုက်တဲ့ ရာဇဝတ်မှုကြီးတွေ၊ ပြည်တွင်းစစ် နနာမည်သို အလွဲသုံးစားလုပ်ပြီး လက်နက်မဲ့ အရပ်သားတွေကို လူမျိုးတုံး သတ်ဖြတ်မှု၊ ရွာမီးရှို့မှု၊ လုယက်မှု၊ ခိုးမှု ဆိုတဲ့ စစ်ရာဇဝတ်မှုတွေ၊ ပြည်သူ့ငွေကို ဒေါ်လာ သန်းပေါင်း ထောင်နဲ့ ချီပြိး ခိုးမှု၊ လာဘ်စားမှု .......... တွေအတွက် တာဝန်ရှိတဲ့ နအဖ စစ်အုပ်စု ခေါင်းဆောင်ဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ အစိုးရအသစ်ဟာ ရာဇဝတ်မှု၊ စစ်ရာဇဝတ်မှုတွေနဲ့ တရားရုံးတင် စစ်ဆေးခံရမယ့် လူတွေ ဖြစ်တဲ့အတွက် တရားဝင်အစိုးရ လို့ သတ်မှတ်လို့ မရပါဘူး..

ပြောင်းချင်ယောင်ဆောင်နေတာ မဟုတ်ဘဲ တကယ် ကောင်းအောင် ပြောင်းနေတာတောင်မှ အခု အရပ်သားအစိုးရ အမည်ခံ နအဖ စစ်ခေါင်းဆောင်ဟောင်းတွေဟာ အစိုးရရာထူးတွေကို ယူခွင့် မရှိတဲ့ ရာဇဝတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေသာ ဖြစ်ပါတယ်..

ဒီလောက် ရှင်းနေတဲ့ အချက်ကို နားမလည်ဘဲ ထင်ရာတွေ ရေးပြီး "သမတကြီး ဦးသိန်းစိန် ကို ကြိုဆိုပါတယ်" ... လို့ ရေးနေသူတွေကတော့ ပြည်သူတွေကို ထာဝရ စစ်ကျွန် ဖြစ်အောင် ဝါးကူထိုးပေးနေတဲ့ စစ်အုပ်စု ဒလံတွေ၊ ကိုယ့်လူ သူ့ဘက်သားတွေ၊ အစိုးရက ပြောင်းနေပါတယ် လို့ အကြောင်းပြပြီး အစိုးရသစ်နဲ့ ပေါင်းပြီး ဂွင်ဆင်ဖို့ ကြံနေသူတွေ၊ အရောင်ပြောင်း ပုတ်သင်ညိုတွေ၊ ခံယူချက် မခိုင်မာသူတွေ၊
ရာဇဝတ်ကောင်တွေ၊ စစ်ရာဇဝတ်ကောင်တွေကို အားပေးအားမြှောက် လုပ်နေသူတွေ၊ ဦးနှောက်မဲ့သူတွေသာ ဖြစ်ပါတယ်..



Ko Htike
2013 December 29


"ကျွန်တော် မလုပ်တာတွေ"
(ကိုထိုက် ၏ ထိမိလှသည့် သရော်စာ)


သမ္မတနဲ့ လက်ရှိ အစိုးရကို ဝေဖန်ရအောင် မင်းကရော ဘာလုပ်ပေးနေလို့လဲ ... တဲ့။


ဟုတ်ကဲ့ ... ကျွန်တော်က ဘာမှ လုပ်ပေး မနေပါဘူး။

ကျွန်တော် မလုပ်တာတွေကိုလည်း ဆက်ပြောပါ့မယ်။


- "၁၉၉၀ မှာ စစ်တန်းလျား ပြန်မယ်" ဆိုပြီး ကတိမတည်တဲ့ လူတန်းစားနဲ့ ယူနီဖေါင်း အတူတူ မဝတ်ခဲ့ဘူး။

- အပြစ်မဲ့ ပြည်သူတွေကို ထောင်သွင်း အကျဉ်း မချခဲ့ဘူး။

- သံဃာတွေကို ထောင်သွင်း အကျဉ်းမချခဲ့ဘူး။

- သံဃာတွေ နဲ့ ပြည်သူတွေကို မသတ်ခဲ့ဘူး။

- ဧရာဝတီ၊ လက်ပံတောင်း တွေကို မရောင်းစားခဲ့ဘူး။

- ပြည်သူ့ဘဏ္ဍာ မခိုးခဲ့ဘူး။

- တရုတ်ကို ဆရာ မခေါ်ခဲ့ဘူး။

- အာဇာနည်ကုန်းကို ဗုံးဖေါက်တဲ့ လူတွေနဲ့ မပက်သက်ခဲ့ဘူး။

- မြို့လယ်ခေါင်က စာသင်ကျောင်းတွေကို ပိတ်ပြီး မြို့ပြင် တောထဲမှာ စာသင်ကျောင်းတွေ ဖွင့်တာ မလုပ်ခဲ့ဘူး။

- နာဂစ်မှာ ပြည်သူတွေ သေကြေနေတာကို လက်ပိုက်ကြည့်မနေခဲ့ဘူး။

- နာဂစ် ဒုက္ခတွေကြား မဲ မခိုးခဲ့ဘူး။

- တောင်သူလယ်သမား၊ မရှိဆင်းရဲသားတွေဆီက မြေယာတွေ မသိမ်းခဲ့ဘူး။

- ဒီပဲယင်း လူသတ်ပွဲ မကျူးလွန်ခဲ့ဘူး။

- "ဒေါသထွက်နေတဲ့ လူအုပ်ကြီး" ကို မဖန်တီးခဲ့ဘူး။

- ကားဈေးတွေ အဆမတန် ကြီးမားအောင် ... လူတန်းစား တစ်ခု ကောင်းစားအောင် ပါမစ်တွေကို လိုသလို မကစားခဲ့ဘူး။

- သံဃာတွေရဲ့ သပိတ်မှောက်တာကို ၂ ကြိမ်တိတိတောင် မဟုတ် တကြိမ်မှ မခံဖူးဘူး။

- ဘိန်းဘုရင်တွေကို အကာအကွယ် မပေးခဲ့ဘူးဘူး။

- တိုင်းရင်းသားတွေကို မသတ်ဖူးဘူး၊ အနိုင်မကျင့်ခဲ့ဘူး။

- အပစ်ရပ်ရေး စာချုပ် ချုပ်ပြီး ကတိဖျက် စစ်မတိုက်ခဲ့ဘူး။

- အမျိုးသား နိုင်ငံရေးလို့ တဖွဖွ ပြောပြီး အာဏာလုယူသူတွေရဲ့ အမိန့် မနာခံခဲ့ဘူး။

- မဟာမုနိ ရုပ်ပွားတော်ကို ဗိုက် မဖေါက်ခဲ့ဘူး။


... စတာလေးတွေ (လုံးဝ) မလုပ်ခဲ့ဘူး ... ဆိုတာပါ။


(ကိုထိုက်)


" `ပြည်သူတွေအတွက် မင်းက ဘာလုပ်ပေးနေလို့လဲ´ ဟု အစိုးရဘက်သားများက ကျွန်တော့်ကို ဝေဖန်သလို ကျွန်တော် ဒါတွေတော့ မလုပ်ပါ"

(ကိုထိုက် ၏ ထိမိလှသည့် သရော်စာ)


.



(ဦး) သိန်းစိန် အစိုးရက ကောင်းတယ် .... အခြားပါတီတွေထက် သာတယ် ဆိုတာမျိုး ပြောနေကြတာ ဘာကိုများ ကြည့်ပြောကြတာလဲ စဉ်းစား မရဘူး။


Ko Htike
2013 December 26


အနှစ် ၂၀ ကျော် ဒီလူတွေပဲ လူစုပြီး ဖျက်ဆီးခဲ့ကြတာမှာ ....

တိုင်းပြည်က ဖါ နိုင်ငံ ဖြစ်ခဲ့တယ်။

တောင်တွေ ဂတုံး ဖြစ်ကုန်တယ်။

ဧရာဝတီကို ရောင်းစားခဲ့ကြတယ်။

သဘာဝဓါတ်ငွေ့ ရောင်းရငွေတွေ ပျောက်ကုန်တယ်။

နာဂစ်မှာ လူတွေ သေတာ လက်ပိုက်ကြည့်နေခဲ့တယ်။

သံဃာတွေကို သတ်ခဲ့တယ်။

ဒေသတွင်း ချမ်းသာတဲ့ နိုင်ငံကနေ အဆင်းရဲဆုံး နိုင်ငံဖြစ်ခဲ့တယ်။

မန္တလေးမြို့က တရုတ်ပိုင် နယ်မြေတစ်ခုအဖြစ် သေနတ် မဖေါက်လိုက်ရပဲ ကျခဲ့ရတယ်။

ဘိန်းအထွက် အများဆုံး ဒုတိယ တိုင်းပြည် ဖြစ်နေဆဲ။

သူများနိုင်ငံအတွက် မြန်မာ အမျိုးသမီးတွေကို အိမ်ဖေါ်အဖြစ် ဂုဏ်ယူစွာ တင်ပို့ခွင့် ရတဲ့ နိုင်ငံ ဖြစ်အောင် လုပ်ခဲ့တယ်။

ပညာရေးမှာ နိမ့်ကျအောင် လုပ်ခဲ့တယ်။

ကျန်းမာရေး စောင့်ရှောက်မှု ချာတူးလန် တိုင်းပြည် ဖြစ်ခဲ့တယ်။

ဘင်္ဂလားဒေ့ရှ်ကို ရေပိုင်နက် ပေးလိုက်ရတယ်။



ဒီလူတွေ လုပ်ခဲ့လို့ တိုင်းပြည် တိုးတက် ကောင်းမွန်မှု အဖြစ်
ဘယ်နားများ ချီးမွမ်းစရာ ကောင်းကွက် ရှိသလဲ
..... ပြောပြပေးပါဦးလား ..... ဗျာ။


(ကိုထိုက်)


"သိန်းစိန် အစိုးရက ကောင်းတယ်" လို့ ပြောနေကြသူတွေ ဘာကိုများ ကြည့်ပြောကြတာလဲ

.

.
သားရွှေအိုးထမ်းမယ့် နိုင်ငံရေးလမ်းကို ဖောက်ထွက်ကြပါစို့


ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)
December 31, 2013


၂၀၁၄ ကြိုတွေးပြီး ရင်လေးနေမိတယ်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်းကနေ ဖောက်ထွက်ဖို့ လိုနေပြီ။

ဒီလိုပုံနဲ့ မိုးကြီးချုပ်ရင်.. သွားပါပြီ။

ဖောက်ထွက်ချင်တယ်။



ကျနော် ကွန်မြူနစ် တယောက်တော့ မဟုတ်ဘူး။

ဒါပေမဲ့ ကွန်မြူနစ်တွေရဲ့ လူတန်းစားတိုက်ပွဲ

နည်းနာကိုတော့ သိပ်ကြိုက်တယ်။



ဒီနေ့ မြန်မာပြည်မှာ ဖြစ်နေတာကိုက လူတန်းစားအလိုက်

တအုပ်စုကို တအုပ်စုက အနိုင်ကြည့်သလို ဖြစ်နေပြီ။



တအုပ်စုက ချမ်းလဲ ချမ်းသာတယ်၊ အာဏာပါဝါလည်း ရှိတယ်။

နောက်တအုပ်စုက ဆင်းလဲ ဆင်းရဲတယ်၊ အာဏာ လုံးဝမရှိ၊

လူများစု ဖြစ်တယ်၊ ပြည်သူ ဖြစ်တယ်၊ အဖိနှိပ်ခံ ဖြစ်တယ်၊

နင်းပြား ဖြစ်တယ်၊ ထောင်ခဏခဏကျသူတွေ ဖြစ်တယ်။



ဒီနေ့ နိုင်ငံရေးအခင်းအကျင်းက လုံးဝ အခြေအနေ မကောင်းဘူး။

အတိုက်အခံတွေ ယိုင်နဲ့နဲ့၊

ချော်လဲရောထိုင် အချောင်သမားတွေက ခပ်များများ၊

ကိုယ့်လူသူ့ဘက်သားတွေ နေ့တိုင်း တိုးပွားနေတယ်။



ဒါကြောင့် လူတန်းစားကို အခြေမခံဘဲ

ယိုင်နဲ့နဲ့ လူမှုအဖွဲ့အစည်းတွေနဲ့ ရှေ့ဆက် အလုပ်မဖြစ်တော့ဘူး။

သူတို့ ခေါင်းငုံ့ပြီး သွားတော့မယ်ဆိုတာ

လူတိုင်း မြင်နေရတယ်။



ဆင်းရဲ ချမ်းသာမှု ကွာဟလာတာနဲ့အမျှ

လူတန်းစားဟာ ပိုပြီး အလှမ်းကွာလာတယ်။

ငတ်ပြီးနေရသူတွေက တိုက်ပွဲသစ်ကို မျှော်မှန်းတယ်။

အတိုက်အခံတွေက တိုက်ပွဲကို မလိုချင်တော့ဘူး။

စစ်သူကြီးကိုယ်တိုင် အလံဖြူထောင်ထားပြီး ဆိုရင်

အဲဒီ လမ်းကြောင်းနောက် ဘယ်တော့မှ မလိုက်မိစေနဲ့။



ဒီနေ့ အရင်တုန်းက မရှိခဲ့ဘူးတဲ့ အဆမတန် ချမ်းသာတဲ့

ခရိုနီလူတန်းစား တရပ် ပေါ်လာပြီ။

အလယ်အလတ်ခရိုနီတွေကလည်း တဖြည်းဖြည်း များလာပြီ။

ကပ်ပါးရပ်ပါး မြှောက်စားပင့်စား လူတန်းစားတွေက

တဖြည်းဖြည်း လူပါးဝလာပြီ။



ဒါကြောင့် အစိုးရလူ (သို့) အာဏာပိုင်များနဲ့ ပေါင်းမစားရင်

ငတ်သေရမယ့် ခေတ်ကို ရောက်နေမှတော့

လူတန်းစားတိုက်ပွဲကို မလုပ်ရင်

ဘာတိုက်ပွဲကို သွားလုပ်မှာလဲ။



ခရုနီနှင့် အလယ်အလတ်ခရီုနီတွေ၊ အချောင်သမားတွေ

အကြောက်ဆုံးကတော့ လူတန်းစားကို အခြေခံတဲ့ လူထုတိုက်ပွဲပဲ။



ဒီမိုကရေစီ ဆိုပြီးတော့ ရရစားစား လူမှုအဖွဲ့အစည်းလောက်နဲ့တော့

တိုက်ပွဲဝင်ရင်တော့ အောင်ပွဲခံနိုင်လိမ့်မယ် မထင်ဘူး။

တကယ်ကို အောင်ပွဲခံချင်ရင်တော့ အခုကတည်းက စပြီး

လူတန်းစားအတွေးအခေါ်တွေကို ခေါင်းထဲသွင်းကြ။

အချောင်သမားနဲ့ အတွေးကြောင်သူတွေကို

အရင် တိုက်ကြမှ ဖြစ်တော့မယ်။



ရှင်းရှင်းပြောရရင် အနီးကပ်ဆုံးရန်သူကို အရင်တိုက်ကြရမယ်။

ကျနော်တို့ ခေါင်းထဲမှာရှိတဲ့ အတွေးအခေါ်ဟောင်းတွေကို

အကုန်အစင် ပြောင်းလဲမှ ရမယ်။

တိုက်ပွဲနည်းနာတွေကိုတော့ နည်းမျိုးစုံ သုံးရလိမ့်မယ်။



အလုပ်သမား၊ လယ်သမားများ ကုပ်သွေးစုတ်ခံရခြင်းမှ

ကင်းလွတ်ရေး၊ ဘ၀တိုးတက်ရေး၊ လူတန်းစေ့နေနိုင်ရေးဟာ

ဒီမိုအတိုက်အခံတွေ အာဏာရရှိရေးထက် ပိုအရေးကြီးတယ်။



အလုပ်သမား၊ လယ်သမား လွတ်မြောက်ရေးသည် ပထမ၊

ဆင်းရဲသားများ လွတ်မြောက်ရေးသည် ပထမ ဖြစ်ရမယ်။



အလုပ်သမား၊ လယ်သမား၊ ဆင်းရဲသားများ လွတ်မြောက်လျှင်

ဒီမိုကရေစီခရီး နီးသလားလို့ မေးလို့ရပြီ။



ဆရာဦးဝင်းတင် ပြောသလို

"ထွက်ပေါက် မရှာနဲ့၊ ဖောက်ထွက်ရမယ်"

ဆိုတာ လုံးဝမှန်တယ်။

သားရွှေအိုးထမ်းမယ့် နိုင်ငံရေးလမ်းကို ဖောက်ထွက်ကြပါစို့။



ကိုကိုဦး (၈၈ သူပုန်မျိုးဆက်)



( မှတ်ချက် ။ ။ ကိုကိုဦး (ခေါ်) ဆလိုင်းကိုကိုဦး ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )



Ko Oo


သားရွှေအိုးထမ်းမယ့် နိုင်ငံရေးလမ်းကို ဖောက်ထွက်ကြပါစို့
.

.

ဒိုင်း ခင်ခင်
2014 January 1


မင်္ဂလာရှိသော နှစ်သစ်မှာ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ပြည့်စုံကြပြီး သာယာဝပြောသော နိုင်ငံသစ်ဆီသို့ အတူတကွ ချီတက်နိုင်ကြပါစေလို့ ပထမဦးစွာ တောင်းဆုချွေပါတယ်။



အရပ်သားအယောင်ဆောင် စစ်အုပ်စုက ဆင်ထားတဲ့ နိုင်ငံရေးထောင်ချောက်တွေ၊ လှည့်ကွက်တွေထဲ မဝင်မိကြဖို့ သတိထားကြပါ

၂၀၁၄ ခုနစ်ကို မရေရာသော လိုက်လျောမှုတွေ၊ နိုင်ငံရေးမျက်လှည့်ပြပွဲတွေ နဲ့အတူ ချင်းနင်း ဝင်ရောက်ခဲ့ပါပြီ။ ဒီလိုအချိန်မှာ ခင်လေးတို့တတွေ သတိထားရမှာက အရပ်သားအယောင်ဆောင် စစ်အုပ်စုက ဆင်ထားတဲ့ နိုင်ငံရေးထောင်ချောက်တွေ၊ လှည့်ကွက်တွေထဲ မဝင်မိကြဖို့ အရမ်း အရေးကြီးပါတယ်။

၂၀၁၅ ရွေးကောက်ပွဲရဲ့ အနီးကပ်ဆုံးနှစ် ဖြစ်သလို ပါတီစည်းရုံးရေးတွေ အပြိုင်အဆိုင် ပြုလုပ်ကြမှာဖြစ်တဲ့အတွက် ထိပ်တိုက်ရင်ဆိုင်မှုတွေ၊ ကလိမ်ကကျစ်ကျစွာ ချောက်တွန်းမှုတွေကို သတိထားရမယ့် ကာလ ဖြစ်ပါတယ်။



ကြံ့ဖွံ့ပါတီ ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ စည်းရုံးရေးဆင်းနေပါပြီ

ယခု လက်ရှိအာဏာရ ကြံ့ဖွံ့ပါတီရဲ့ စည်းရုံးရေးဆင်း မဲဆွယ်ပုံလေး အနည်းငယ် တင်ပြလိုပါတယ်။

မြို့ကြီးပြကြီးတွေမှာ လောလောဆယ် လှုပ်ရှားမှု မရှိသေးပေမဲ့ အတန်ငယ် ဝေးလံခေါင်ဖျားတဲ့ ကျေးလက်ဒေသတွေမှာ စည်းရုံးရေးဆင်း လှုပ်ရှားမှု စတင်နေပါပြီ။



၉၆၉ နဲ့ ကြံ့ဖွံ့ နဲ့ ဆက်စပ်မှု

အဲ့ဒီမှာ ထူးခြားတာ တခုက ပါတီအနေနဲ့ တန်းပြီး မဝင်ဘဲ ၉၆၉ တရားပွဲတွေ အရင် လုပ်ပြီးပြီ ဆိုမှ ဝင်ရောက် စည်းရုံးနေတာ တွေ့ရပါတယ်။

မေးချင်တာ တခုက ၉၆၉ တရားပွဲပြီးတိုင်း ကြံ့ဖွံ့ အနေနဲ့ တိုက်ဆိုင်စွာ တနေရာထဲ တချိန်ထဲကို ဘာလို့ ရောက်ရှိလာပါသလဲ ဆိုတာကိုပါ။ ၉၆၉ နဲ့ ကြံ့ဖွံ့ နဲ့ ဆက်စပ်မှုက ဘယ်လို ရှိနေပါသလဲ။

အရမ်း စိတ်ဝင်စားစရာကောင်းပြီး မသင်္ကာစရာအကောင်းဆုံး တိုက်ဆိုင်မှုတွေပါ။



ကြံ့ဖွံ့ အနေနဲ့ ဘယ်နေရာက ဝင်ငွေတွေ ရရှိနေပါသလဲ

နောက်ပြီး ကြံ့ဖွံ့ ပါတီက နယ်တနယ်ကို အနေအထားအလိုက် စည်းရုံးရေးဆင်းဖို့ ဘတ်ဂျက် သိန်း ၅၀၊ သိန်း ၁၀၀ ချပေးနေတာလည်း တွေ့ရပါတယ်။ ဒီပိုက်ဆံတွေကကော ကြံ့ဖွံ့ အနေနဲ့ ဘယ်နေရာ အနေအထားမျိုးက ဝင်ငွေတွေ ရရှိနေပါသလဲ သိချင်ပါတယ်။
လမ်းခင်းပေးတယ်၊ တံတားဆောက်ပေးတယ် ဆိုတာ ကုသိုလ်ကောင်းမှု ရပေမယ့် အတင်းအကြပ် ဖိအားပေးပြီး ပါတီထဲ ဇွတ်သွင်းတဲ့ အနေအထားမျိုးကတော့ အာဏာရှင် ဆန်တုန်းပဲ ဆိုတဲ့ အပြုအမူမျိုးပါ။

NLD စည်းရုံးရေး မဆင်းနိုင်သေးတဲ့ ဝေးလံခေါင်ဖျားတဲ့ ကျေးရွာတွေအထိတောင် ကြံ့ဖွံ့တွေ စတင်ပြီး မဲဆွယ်နေပါပြီ။ ယခုဆိုရင် ကျေးရွာတိုင်းနီးပါး ကြံ့ဖွံ့ ဆိုင်းဘုတ်တွေ သစ်လွင်စွာနဲ့ မှိုလိုပေါက်အောင် တွေ့နေရပါတယ်။

ဒါဟာ ကြံ့ဖွံ့ ရဲ့ ကနဦး လုပ်ဆောင်ချက်တွေ ဖြစ်ပါတယ်။



ကြံ့ဖွံ့ အနေနဲ့ ပြည်သူတွေ ရင်ထဲမှာရှိတဲ့ ယုံကြည်မှု အားကိုးမှု တွေကိုတော့ ဝယ်ယူလို့ မရနိုင်ပါ

ရိုးသားစွာ မဲဆွယ် စည်းရုံးတာတွေကို အပြစ် မပြောလိုပါဘူး။ NLD ဆိုင်းဘုတ် တင်ထားတဲ့ နေရာဘေးမှာ အတင်းအကြပ် ဖိအားပေးပြီး ကြံ့ဖွံ့ ဆိုင်းဘုတ်ကို လာထောင်ပြီး ခြေရာလာတိုင်းတဲ့ အပြုအမူမျိုးကတော့ ကလေးဆန်လွန်းတယ်လို့ မြင်မိပါတယ်။

ဘယ်လောက်ဘဲ ရံပုံငွေတွေ သုံးပြီး စည်းရုံးကြပါစေ၊ ပြည်သူတွေ ရင်ထဲမှာရှိတဲ့ ယုံကြည်မှု အားကိုးမှု တွေကိုတော့ ဝယ်ယူလို့ မရနိုင်ဘူး ဆိုတာ သက်ဆိုင်သူတွေကို သိစေချင်ပါတယ်။

အာဏာရှင် သက်တမ်း ငါးနှစ်စာ တိုးဖို့ နှမ်းဖြူးနေတယ် ဆိုတာကိုလည်း ပြည်သူတွေက နှစ်သုံးဆယ်နီးပါး ခံလာရပြီး ဖြစ်တဲ့အတွက် ကောင်းကောင်း နားလည် သဘောပေါက်နေကြပါပြီ။



အသည်းကြားက မဲတပြားကို သေချာ စဉ်းစားပြီး ရွေးချယ်ကြပါ

အချုပ်အားဖြင့် ဆိုရသော် ခင်လေးတို့အနေနဲ့ အသည်းကြားက မဲတပြားကို ---
- နှမ်းဖြူးကာ ခဏတာ ပျော်ရွှင်မှု ပေးမယ့် ကြံ့ဖွံ့ ပါတီကို ရွေးချယ်ရမလား၊
- နိုင်ငံအပေါ်မှာ သစ္စာရှိစွာဖြင့် အနစ်နာခံ လုပ်ဆောင်ကာ ပြည်သူ သန်း ၆၀ အပေါ် အလင်းရောင်ပေးနိုင်မယ့် NLD ပါတီကို ရွေးချယ်သင့်သလား .....
..... ဆိုတာကိုတော့
နှလုံးသားနဲ့ရော ဦးနှောက်နှင့်ပါ သေချာ စဉ်းစားပြီး ရွေးချယ်ကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ် ---- ။ ။


လေးစားစွာဖြင့် -

ခင်လေး


အရပ်သားအယောင်ဆောင် စစ်အုပ်စုက ဆင်ထားတဲ့ နိုင်ငံရေးလှည့်ကွက်တွေထဲ မဝင်မိကြဘဲ ပြည်သူ သန်း ၆၀ အပေါ် အလင်းရောင်ပေးနိုင်မယ့် NLD ပါတီကို ရွေးချယ်ကြပါ
.

.

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး နဲ့ ပတ်သက်ပြီး ရုပ်သေးသမ္မတ သိန်းစိန် ရဲ့ ဝေ့လည်ကြောင်ပတ် ပြောကြားချက်


နေပြည်တော်
၂ ဇန်နဝါရီ ၂၀၁၄


တတိယပိုင်းကတော့ နိုင်ငံရေးဦးဆောင်မှုဆိုင်ရာ အရည်အချင်း သတ်မှတ်မှုအတွက် လိုအပ်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ကိစ္စရပ်ပင် ဖြစ်ပါတယ်။


ဒီကိစ္စနဲ့ ပတ်သက်တဲ့ ကျွန်တော့်ရဲ့ သဘောထားကတော့ မည်သည့် မြန်မာနိုင်ငံသား တိုင်းရင်းသား တဦးကိုမျှ မြန်မာနိုင်ငံကို နိုင်ငံရေးအရ ဦးဆောင်နိုင်ခွင့်ကို ကန့်သတ် တားမြစ်တာမျိုး မဖြစ်စေလိုတဲ့ နိုင်ငံရေး စေတနာ ရှိသလို တဖက်ကလည်း မိမိတို့ အမျိုးသား အကျိုးစီးပွားနှင့် မိမိတို့နိုင်ငံရဲ့ အချုပ်အချာအာဏာ တည်တံ့ ခိုင်မြဲရေးကို မထိပါးစေမည့် သင့်တင့်လျောက်ပတ်တဲ့ အကာအကွယ် ပေးနိုင်သည့် အခြေခံမှုများ ရှိရန်လည်း လိုလားပါတယ်။


လက်ရှိ ဖြစ်ပွားနေတဲ့ နိုင်ငံရေး ဦးဆောင်မှုနဲ့ ပတ်သက်တဲ့ ဝိရောဓိများကို ကိုင်တွယ်ဖြေရှင်းရာမှ နိုင်ငံရေး အကျပ်အတည်း တခုဆီသို့ ဦးတည် မသွားစေနိုင်ဖို့အတွက် နိုင်ငံရေးရွေးချယ်မှု မှန်ကန်စေဖို့ ကျွန်တော်တို့ အားလုံးမှာ တာဝန်ရှိပါတယ်။


(ရုပ်သေးသမ္မတ သိန်းစိန် ရဲ့ ၂၀၁၄ နှစ်သစ်ကူး ရေဒီယိုမိန့်ခွန်း)
.

.
(ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO) -

"သမ္မတ ဦးသိန်းစိန် က ဟိုလိုလို၊ ဒီလိုလို ပြောတာကို အမေက လုံးဝ မကြိုက်ဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံလား၊ မထောက်ခံလား ရှင်းရှင်း ပြောလိုက်ပါ။ ဒါပဲ။"


"... ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးကို သမ္မတ ဦးသိန်းစိန် က ထောက်ခံတာလား၊ မထောက်ခံတာလား ဆိုတာ ရှင်းရှင်းလင်းလင်း ပြောဖို့လိုတယ်..."


ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
၂-၁-၂၀၁၄ ရက်
.

.

RFA Myanmar
2 Jan 2014



ဒေါ်အောင်ဆန်းစုကြည် - သမ္မတမိန့်ခွန်းမှာ ဘာပါလဲ ပြောစမ်းပါဦး။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - သမ္မတ ပြောတာက ---
"လူတိုင်းကိုတော့ သမ္မတ ဖြစ်ခွင့် ပေးသင့်တယ် ပေါ့နော်... မြန်မာနိုင်ငံသားထဲကဆိုရင်... တိုင်းရင်းသားထဲကဆိုရင်... ။
ဒါပေမယ့်လည်း အချုပ်အချာ အာဏာ တို့၊ ဘာတို့လည်း တဘက်က ထည့်တွက်ရဦးမယ်" လို့ ဆိုပါတယ်။



ဒေါ်အောင်ဆန်းစုကြည် - ဘယ့်နှယ် ... ပြန်ပြောပါဦး။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - အချုပ်အချာ အာဏာ တို့၊ တိုင်းပြည်ရဲ့ အချုပ်အချာ အာဏာ တို့ မထိပါးဖို့ အတွက် .....



ဒေါ်အောင်ဆန်းစုကြည် - အဲဒီလို ဟိုလိုလို၊ ဒီလိုလို ပြောတာကို အမေက လုံးဝ မကြိုက်ဘူး။ ခပ်ရှင်းရှင်းလင်းလင်းပဲ ပြောတာ ကြိုက်တယ်။

အဲဒီတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြုပြင်ရေးကို ထောက်ခံတာလား၊ မထောက်ခံတာလား။ အဲဒီအဖြေကို ပေးလိုက်ပါ။ ဒါပဲ။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - အန်တီ၊ မြစ်ဆုံကို လုပ်စေချင်လား၊ မလုပ်စေချင်လား တခုလေး ဖြေပေးပါ ခင်ဗျား။



ဒေါ်အောင်ဆန်းစုကြည် - အန်တီ ဆိုလို့ ရှိရင် စာချုပ်ထဲမှာ ဘာပါလဲ ပထမ ကြည့်မယ်။ ကြည့်ပြီးမှ အဖြေပေးမယ်။ စာချုပ်ထဲမှာ ဘာပါမှန်းလည်း မသိဘူး။ ပြည်သူလူထုလည်း မသိဘူး။ ပြည်သူလူထုကို အသိပေးသင့်တယ်။ ပွင့်လင်း မြင်သာမှု ဆိုတာ ဒါပဲ။

အဲဒီတော့ ဘာတွေ ကတိကဝတ်တွေ ခံထားလဲ။ နောက်ဆုံးကျတော့ ဒီကတိကဝတ်တွေကို ခံရမှာက ဒီနိုင်ငံကပဲ ခံရမှာနော်။ ပြည်သူကပဲ ခံရမှာ။

အဲဒီဟာတွေလည်း မသိဘူး။ ဘာကို သဘောတူညီထားမှန်းလည်း မသိဘူး။

အဲဒီတော့ ဘာပဲပြောပြောပေါ့နော်။ ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့ လူတွေက တာဝန်ယူစိတ်တော့ ရှိရမယ်။ မသိချင်ယောင်ဆောင်နေလို့ မရဘူး၊ မသိကျိုးကျွံ ပြုနေလို့ မရဘူး။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - တရုတ်ကတော့ "နိုင်ငံရေးအတွက် အသုံးချနေတယ်" လို့ သူတို့ကတော့ ပြောပါတယ်။



ဒေါ်အောင်ဆန်းစုကြည် - ဘယ်သူ့ကိုလဲ။ ဘာကိုလဲ။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - တရုတ်နိုင်ငံဘက်က ထင်တာကတော့ "မြစ်ဆုံ ကိစ္စကို ဒီလိုမျိုး ရပ်ထားလိုက်၊ ဒီလိုမျိုး ကစားနေတာဟာ နိုင်ငံရေးအတွက် အသုံးချနေတယ်" လို့ ယူဆမှု ရှိပါတယ်။

အန်တီကော ဘယ်လို မြင်ပါသလဲ။



ဒေါ်အောင်ဆန်းစုကြည် - အဲဒါကတော့ ပြောတဲ့လူကို သွားမေးရမှာပေါ့။ ဒါ ဟုတ်လား၊ မဟုတ်လား ဆိုတာ။



ဒေါ်စုနှင့် တွေ့ဆုံမေးမြန်းသူ - အန်တီကော အဲလို ခံစားရသလား။



ဒေါ်အောင်ဆန်းစုကြည် - အန်တီကတော့ ခုနက ပြောတဲ့ အတိုင်းပဲလေ။ အသေးစိတ် အချက်အလက်တွေကို မသိဘဲနဲ့ မှတ်ချက် မချချင်ဘူး။

ဒါပေမယ့်လည်း ဒီ သဘောတူညီချက်တွေကို လက်မှတ်ထိုးထားတဲ့ လူတွေက တာဝန်ယူချင်တဲ့ စိတ်တော့ ရှိရမယ်၊ တာဝန်ယူစိတ် ရှိရမယ်၊ တာဝန်ယူရမယ်။




(ဖွဲ့စည်းပုံ ပြင်ဆင်ရေး နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO) - "သမ္မတ ဦးသိန်းစိန် က ဟိုလိုလို၊ ဒီလိုလို ပြောတာကို အမေက လုံးဝ မကြိုက်ဘူး။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို ထောက်ခံလား၊ မထောက်ခံလား ရှင်းရှင်း ပြောလိုက်ပါ။ ဒါပဲ။"


(ဧရာဝတီ မြစ်ဆုံ စီမံကိန်း နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO) - "ဒီစာချုပ်ကို လက်မှတ်ထိုးတဲ့ လူတွေက တာဝန်ယူစိတ် ရှိရမယ်၊ တာဝန်ယူရမယ်။ မသိချင်ယောင်ဆောင်နေလို့ မရဘူး"




ဖွဲ့စည်းပုံ ပြင်ဆင်ရေး + မြစ်ဆုံ စီမံကိန်း နှင့် ပတ်သက်ပြီး ဒေါ်စု ပြောကြားချက် VIDEO ကို ဒီမှာ နှိပ်ပြီး ကြည့်နိုင်ပါတယ်။
.

.
"ဒီမှာ ကိုသိန်းစိန်-- အချုပ်အချာ အာဏာ အကြောင်း ပြောမနေနဲ့။ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာက ဆုံးရှုံးနေပြီးသား။"


ကိုသိန်းစိန် အပါအဝင် အရပ်သားအစိုးရအမည်ခံ ထုံပေ ၊ လုံပေတွေက သူတို့ကို စစ်ရေးနဲ့ တိုက်ပြီး အနိုင်ယူသူ မပေါ်မချင်း ဘယ်လိုပြောပြော မဆင်းဘူး ဆိုတဲ့ အချိုး ချိုးနေတာ။


မခင်ဦး
2014 January 2


ဒီမှာ ကိုသိန်းစိန်--

အချုပ်အချာ အာဏာ အကြောင်း ပြောမနေနဲ့။ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာက ဆုံးရှုံးနေပြီးသား။"

ဘယ်နိုင်ငံက လာလာ -- မျက်နှာချိုသွေး လိုက်လျောနေရတာဟာ အချုပ်အချာ အာဏာ ဆုံးရှုံးမှုပဲ။


လက်ပံတောင်းက တောင် (၃၃) လုံး၊
မြစ်ဆုံ အထက်က ရေကာတာတွေကနေ အခု မြစ်ဆုံကို ရောက်လာပြီ။


တိုင်းပြည်က သစ်တောကို ခုတ်ပြီး တရုတ်ကို တနှစ်ကို သစ်တန်ချိန် ငါးသိန်း ပို့ပေးနေရတယ်။
ကုလားဘင်္ဂါလီ ၈ သိန်း ရောက်နေတယ်။
တိုင်းသူပြည်သား ဆယ်သန်း နိုင်ငံခြားမှာ ကျွန် ဖြစ်နေတယ်။
ကိုယ့်နိုင်ငံက သမီးပျိုလေးတွေ တရုတ်မယားအဖြစ် အ၀ယ်ခံနေရတယ်။
သံလွင်မြစ်က ထုတ်တဲ့ လျှပ်စစ်ကို ထိုင်းကို ပို့ရတယ်။
ထွက်သမျှ ဓာတ်ငွေ့ တိုင်းသူပြည်သားက ဘယ်နှ ရာခိုင်နှုန်း သုံးရသလဲ။


ဒီခေတ်မှာ ယူအင် က ထိန်းထားလို့ စစ်ရေးအရ ကျူးကျော်လို့ မရလို့သာ မြန်မာပြည်ကို မကျူးကျော်ကြတာ။
ကျန်တဲ့ လုပ်နိုင်ခွင့်မှာ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာ ဘယ်နေရာမှာ ရှိသေးသလဲ။
ပြောပြစမ်းပါ။


ီစီးပွားရေးလုပ်ငန်းတွေမှာ ကိုယ်ပိုင်ငွေကြေး ထုတ်ပြီး ရင်းနှီး မြှုပ်နှံ နိုင်သလား။
ဘယ်မှာလဲ အချုပ်အချာအာဏာ။


ဖွဲ့စည်းပုံက မပြင်လို့ မဖြစ်ဘူး။
ဒီဖွဲ့စည်းပုံဟာ တိုင်းသူပြည်သားအတွက်တော့ အချုပ်အချာ အာဏာ လုံးဝ ဆုံးရှုံးနေတယ်။


ခင်ဗျားတို့က UN လို အဖွဲ့အစည်းမျိုးကို အရမ်း အမြင်ကပ်တယ်။ တကယ်တော့ ယူအင်ကို ခင်ဗျားတို့ ကျေးဇူးတင်သင့်တယ် ။
၁၈၈၅ ခု လောက်ကသာ ဆို -- ဟင်း-- ပွဲကတော့ ကြည့်ကောင်းမယ်။
ဒေါ်ကြိုင်ကြိုင် တို့၊ ဒေါ်ခင်ဝင်း တို့ လက်ဆွဲပြီး သင်္ဘောပေါ် တက်နေရတာကြာပြီ။


အခု --
ဖွဲ့စည်းပုံ ပြင်ဆင်တာကို ကိုသိန်းစိန်က သဘောတူတာလား၊ မတူတာလား။
ဒေါ်စုက ခင်ဗျားကို မေးနေတယ်။

ခင်ဗျားတို့ တပ်မတော်ကို ထူထောင်သူ ဖခင် ဗိုလ်ချုပ် သမီး မေးနေတယ်။


ရှင်းရှင်း ပြောပါလား။ ကိုသိန်းစိန်... ရှင်းရှင်း ပြောပါလား။ ခပ်ရှင်းရှင်း ပြော။
စိတ်လေတယ်။
တဖွဲ့လုံး ကို။
ဘာလုပ်နေကြမှန်းကို မသိတာ။


ခင်ဗျားတို့ ကနော်။
ခင်ဗျားတို့ကို စစ်ရေးနဲ့ တိုက်ပြီး အနိုင်ယူသူ မပေါ်မချင်း ဘယ်လိုပြောပြော မဆင်းဘူး ဆိုတဲ့ အချိုး ချိုးနေတာ။


လူဆိုတာ မိမိကို မကြည်ဖြူမှန်း သိရင် ---
လျှော့ရတယ်၊ နောက်ဆုတ်ရတယ်၊ ရှောင်ကြဉ်ရတယ်။


တော်ပြီ။ ဘယ်လိုပြောပြော ဒုံးခံ နေဦးမှာပါဘဲ။
တော်တော်လေး -- တော်တော်လေး ------။
ထုံပေ ၊ လုံပေတွေပါ--------------------


Makhin Oo


"ဒီမှာ ကိုသိန်းစိန်-- အချုပ်အချာ အာဏာ အကြောင်း ပြောမနေနဲ့။ မြန်မာပြည်ရဲ့ အချုပ်အချာ အာဏာက ဆုံးရှုံးနေပြီးသား။"


ကိုသိန်းစိန် အပါအဝင် အရပ်သားအစိုးရအမည်ခံ ထုံပေ ၊ လုံပေတွေက သူတို့ကို စစ်ရေးနဲ့ တိုက်ပြီး အနိုင်ယူသူ မပေါ်မချင်း ဘယ်လိုပြောပြော မဆင်းဘူး ဆိုတဲ့ အချိုး ချိုးနေတာ။

.