မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အပြုသဘောဆောင်သည့် ဝေဖန်ရေးပေးစာ

Practice Development 3 (PD3) Subject
Medical and Surgical Care
Letter and Oral Presentation on
Infection Control in NSW hospitals
Date -------

To
(1) Minister of Health, NSW
(2) Chief Nursing Officers all hospitals in NSW
(3)Lecturers and tutors at the Faculty of Nursing Midwifery and Health, University of Technology Sydney, UTS

Dear Sirs and Madams
ကျွန်မသည် သုံးနှစ်တာကာလအတွင်း နယူးဆောက်ဝေးပြည်နယ်အတွင်း ဆေးရုံ (၁၀) ရုံထက်မနည်းသည့် အရေအတွက်ရှိ Surgical Wards, Operating Theatre and Recovery Room တို့တွင် Clinical Practice ကို လေ့ကျင့်သင်ကြားလာခဲ့သည့် UTS မှ Nursing ကျောင်းသားတဦး ဖြစ်ပါသည်။ ဒီစာကို ရေးရခြင်းမှာ နယူးဆောက်ဝေးပြည်နယ်ရှိ ဆေးရုံများတွင် လက်ရှိ ကျင့်သုံးနေသော ရော့ရဲလှသည့် ကူးစက်ရောဂါ ထိန်းချုပ်မှုအပေါ် အင်မတန်မှ စိုးရိမ်မကင်း ဖြစ်သည့်အတွက် ရေးရခြင်း ဖြစ်ပါသည်။ ဤစာ၏ အဓိက ရည်ရွယ်ချက်မှာ နယူးဆောက်ဝေး ဆေးရုံများတွင် ဖြစ်ပျက်နေသော ကူးစက်ရောဂါထိန်ချုပ်မှု ရော့ရဲနေသည့် အခြေအနေများကို အနာဂတ် Health Profession ကျောင်းသားများနှင့် ၀န်ထမ်းများ သိစေရန်နှင့် ဖြစ်နေသော ပြဿနာကို သက်ဆိုင်ရာက စည်းမျဉ်းစည်းကမ်းများဖြင့် ထိန်းချုပ်နိုင်စေရန် ရည်ရွယ်၍ Health Department နှင့် ဆေးရုံရှိ တာဝန်အရှိဆုံးသူနာပြုချုပ်နှင့် ကျွန်မတက်ရောက် သင်ကြားသော တက္ကသိုလ်ကျောင်းမှ ဆရာဆရာမများကို သတင်းပေးခြင်းနှင့် အကြံပြုခြင်း ဖြစ်ပါသည်။ ဤစာ၌ ကျွန်မ၏ သုံးနှစ်တာခရီး ကျောင်းသားဘ၀ Clinical အတွေ့အကြုံအရ နယူးဆောက်ဝေး သူနာပြုများက ၎င်းတို့၏အလုပ်ကို အချိန်မီပြီးမြောက်နိုင်ရန်အတွက် ကူးစက်ရောဂါထိန်းချုပ်မှုကို အလေးမထားဘဲ Clinical Competencies ကို ပုံမှန်အတိုင်း လိုက်နာမှုမရှိဘဲ ပြူမူဆောင်ရွက်နေပုံကို တိုက်ရိုက် ဖေါ်ညွန်းထားပါသည်။ အတိအကျအားဖြင့် ဤစာတွင် လက်ဆေးခြင်းနှင့်ပတ်သက်ပြီး ဆေးရုံမှ သတ်မှတ်ထားသည့် Standard Precaution ကို သူနာပြုအပါအ၀င် ကျန်းမာရေးဝန်ထမ်း အတော်များများက ကောင်းစွာမလိုက်နာခြင်းနှင့် လူနာများအား သူနာပြုများမှ ကောင်းစွာ ပညာပေးခြင်းမရှိသည့်အပေါ် ကျွန်မကိုယ်တိုင်၏ အတွေအကြုံနှင့် ဖတ်ထားသော Literature အထောက်အထားများအပေါ် မူတည်၍ အလေးပေးဖေါ်ပြအပ်ပါသည်။

အမေရိကမှ Borg et al (2009) ၏ hand hygiene သုတေသနပြု လေ့လာမှု တခုတွင် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး ကျွန်မ၏ အတွေ့အကြုံနှင့် အလားသဏ္ဍန်တူသည့် အဖြေကို တွေ့ရှိကြောင်း လေ့လာသိရှိရပါသည်။ ကျွန်မ၏ အတွေ့အကြုံအရ နယူးဆောက်ဝေးရှိ သူနာပြုများသည် လူနာကိုတိုက်ရိုက် ထိတွေ့ကိုင်တွယ်ပြီး (Body contact) အလုပ်လုပ်ရသည့် ဆေးထိုး ဆေးပေးခြင်း၊ Drip သွင်းထားပြီးနောက်ပိုင်း ဆေးထိုးအပ်ကို ပြန်ဖြုတ်ခြင်း (Removing cannula) စသည်တို့ကို လုပ်ဆောင်ရာတွင် လက်အိပ်မစွပ်ဘဲ လက်ပြောင်ကြီးနှင့် ပြုလုပ်ခြင်းကို အမြဲလိုလို တွေ့ရပါသည်။ ထို့အပြင် သူနာပြုများနှင့် ဆရာဝန်များအပါအ၀င် ကျန်းမာရေးဝန်ထမ်း အတော်များများသည် လူနာအား လက်မဆေး လက်အိပ်မစွပ်ဘဲ စမ်းသပ်ကိုင်တွယ် ကြည့်ရှုနေသည်ကို မကြာခဏ မြင်တွေ့ရပါသည်။ အလားတူပင် ကျွန်မ လေ့လာခဲ့သော သုတေသန ပြုမှုစာတမ်းတခုတွင် လူနာကို မစမ်းသပ်မီ လက်မဆေးသော ၀န်ထမ်းဦးရေက လက်ဆေးသော ဦးရေထက် သိသိသာသာ နည်းနေကြောင်းကို သုတေသီအဖွဲ့ ဖြစ်သည့် (Borg et al, 2009) က ဖေါ်ပြထားသည်ကို လေ့လာသိရှိရပါသည်။ ထို့ကြောင့် ကျွန်မတွေ့သော နယူးဆောက်ဝေးမှ ယင်းကျန်းမာရေး အလုပ်သမားများနှင့် ထိုစာတမ်းမှ သုတေသနပြုသူများတွေ့သော ကျန်းမာရေးဝန်ထမ်းများ၏ အတွေးတွင် ၎င်းတို့ကျန်းမာရေးဝန်ထမ်းများ၏ အရေပြားမှာ ဘာပိုးမွှားမှမရှိဘဲ အမြဲတမ်းသန့်စင်နေသည်ဟု ယူဆနေပုံရပြီး ကူးစက်ရောဂါများဆိုသည်မှာ လူနာများမှသာ ပြန့်ပွားနိုင်သည်ဟု ယူဆနေသည်ဟု ထင်မှတ်ရမလို ဖြစ်နေပါသည်။ အမှန်မှာ သုတေသနပြုမှု၏ အဖြေတွင် ထုတ်ဖေါ်ချက်အရ ဆေးရုံတွင် ဖြစ်ပွားသော ကူးစက်ရောဂါ (Hospital Inquired Infections) အများစုကို ၀န်ထမ်းများဆီက ရရှိသည်ဟု မှတ်တမ်းတင်ထားပါသည် (Crookes, 2009)။

ဆက်လက်၍ ဆေးရုံတွင် လူနာများနှင့် အများဆုံး ထိတွေ့ရသော သူနာပြုများ (Nursing staff) နှင့် ဆရာဝန်များ (Medical staff) သည် Standard Precaution ကို ကောင်းစွာ လိုက်နာမှု မရှိဘဲ MRSA လူနာရှိသော လူနာအခန်းတွင်းသို့ လက်အိပ်မစွပ် Apron (သို့) Gown မ၀တ်ဘဲ ၀င်ထွက်နေကြသည်ကိုလည်း အကြိမ်များစွာ ကျွန်မ တွေ့မြင်ခဲ့ရပါသည်။ သူနာပြုများသည် ဆေးပေးရာတွင်လည်းကောင်း၊ လူနာ၏ ဘဲလ်နှိပ်သည်ကို သွားဖြေရာတွင်လည်းကောင်း MRSA လူနာ အခန်းထဲဝင်ပါက Apron ၀တ်လေ့မရှိသည်ကို တွေ့ရပါသည်။ တခါက MRSA လူနာဆီ အလည်လာသည့် မိသားစုဝင် ကလေးများက လူနာကုတင်ပေါ်တွင် တက်အိပ်နေသည်ကို သူနာပြုများက တွေ့သော်လည်း တားမြစ်ခြင်း၊ ကူးစက်ရောဂါနှင့် ပတ်သက်ပြီး ပညာပေးစကား ပြောခြင်း လုံးဝ ပြုလုပ်သည်ကို မတွေ့ရသောကြောင့် ကျွန်မကို ပိုပြီးအံ့သြတုန်လှုပ်စေပါသည်။ မိသားစုဝင်များသည် ဆေးရုံရှိ လူနာဆီ အလည်လာချိန်၌ MRSA လူနာအခန်းတွင်းသို့ ၀င်ပါက Apron နှင့် လက်အိပ်ဝတ်သည်ကို အမှန်ပဲ တွေ့ခဲလှပါသည်။ ထိုအချင်းအရာကို ကြည့်ခြင်းအားဖြင့် သူနာပြုများသည် မိမိ၏ တာဝန်ဖြစ်သော လူနာမိသားစုဝင်များအား ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့်ပတ်သက်၍ ပညာပေးသည့်နေရာတွင် လစ်လျူရှုနေသည်ကို ပြသနေပါသည်။ သူနာပြုများသည် လူနာနှင့် လူနာမိသားစုအား ကူးစက်ရောဂါနှင့်ပတ်သက်သည့် ပညာပေးမှု ပြုလုပ်ရန် အထူးပင် လိုအပ်နေပါသည်။
၂၀၀၇ ခုနှစ်တွင် Occupational Staff များက စမ်းသပ်ပြုလုပ်သည့် လက်ဆေးခြင်းနှင့် ပတ်သက်သည့် အစီစဉ်တခုတွင် တနှစ်အတွင်း ဆေးရုံဝန်ထမ်းများ လက်ဆေးမဆေးကို ကြည့်ရှု မှတ်တမ်းယူထားပြီး နောက်နှစ် ၂၀၀၈ ခုနှစ်တွင် ပြန်ကြည့်သည့်အခါတွင် ကူးစက်ရောဂါ ပြန့်နှံမှု အပေါင်းလက္ခဏာ ပြသည့် နှုန်းမှာ သိသိသာသာ လျှော့နည်းနေသည်ကို တွေ့ရပါသည် (Bounel
O’Dowd, ( 2009) က ၎င်းတို့ပြုလုပ်သော လက်ဆေးခြင်း အစီစဉ်ကြောင့် လူနာများ၏ ကူးစက်ရောဂါ အပေါင်းလက္ခာပြသည့် ရာခိုင်နှုန်းမှာ ၇၅% အထိ ကျဆင်းသွားသည်ဟု အထောက်အထားနှင့် တင်ပြပါသည်။ ထို့ကြောင့် ၎င်းအစီစဉ်သည် ကူးစက်ရောဂါ ထိန်းချုပ်မှုနှင့် ပတ်သက်ပြီး များစွာ အထောက်အကူပြုကြောင်း တွေ့ရှိရပါသည်။

လူနာနှင့် မိသားစုများသည် လူသား၏ အရေပြားတွင် ရှိနေသော အနုကြည့်မှန်ပြောင်းဖြင့် ကြည့်မှသာ မြင်နိုင်သည့် ပိုးမွှားများ (Microorganisms) နှင့်ပတ်သက်သည့် ကူးစက်မှု သဘောသဘာဝကို မည်သို့မှ နားလည်နိုင်မည် မဟုတ်ပါ။ ထို့ကြောင့် လူနာတိုင်းအတွက် ဆေးရုံတက်သည့်အချိန်တွင် လက်ဆေးခြင်းနှင့် ပတ်သက်သည့် ပညာပေးမှုကို သူနာပြု (သို့) Infection control team က ပြုလုပ်ပေးသင့်ပါသည်။ ဆရာဝန်နှင့် တခြားကျန်းမာရေး အလုပ်သမားများသည် လူနာကို စမ်းသပ်ရန်သွားစဉ် လက်ဆေးခဲသော်လည်း လူနာကိုစမ်းသပ်ပြီးတိုင်းမှာတော့ အမြဲတမ်း လက်ဆေးသည်ကို လေ့လာတွေ့ရှိရပါသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ မသိစိတ်တွင် ကူးစက်ရောဂါ ကာကွယ်မှုကို လူနာအချင်းချင်းကြား ကူးစက်မှု (Cross infection) ကို ကာကွယ်ရန်ထက် မိမိတို့ကိုယ်တိုင်အတွက် ကာကွယ်ခြင်းက ပိုအရေးကြီးသည်ဟု ယူဆနေဖွယ်ရှိကြောင်း တွေ့မြင်နိုင်ပါသည်။ သို့သော်လည်း O’Dowd, ( 2009) ၏ သုတေသပြု လေ့လာချက်တွင် Cross infection ကို ကာကွယ်ရန်အတွက် ထိုနှစ်ခုစလုံးက အရေးကြီးကြောင်း ဖေါ်ပြနေပါသည်။

ကျွန်မအနေနှင့် သူနာပြုများသည် Standard precaution ကို ကောင်းစွာ လိုက်နာခြင်း မရှိသည်မှာ အချိန်ကို လုံလောက်စွာ စီမံခန့်ခွဲနိုင်ရန် (Time management) ဖြစ်သည်ဟုယူဆပါသည်။ လုပ်ငန်းခွင် တခုတွင် အချန်ကို လုံလောက်အောင် စီမံခန့်ခွဲတတ်ရန် အရေးကြီးသည်မှာ မှန်သော်လည်း ကူးစက်ရောဂါ ထိန်းချုပ်မှုအတွက် safety procedure ကို ကောင်းစွာ လိုက်နာဆောင်ရွက်ရန်မှာ ကျန်းမာရေး လုပ်ခန်းခွင်အတွက် အရေးကြီးဆုံး ဖြစ်ပါသည်ဟု Cohli E, Ptak J, Smith R, Taylor E, Talbot EA, Kirkland, KB (2009) က အခိုင်အမာဆိုပါသည်။ ထို့အတူ လက်ဆေးခြင်းအလေ့အကျင့်သည်လည်း ကူးစက်ရောဂါ ထိန်းချုပ်မှုအတွက် အရေးကြီးဆုံး အလုပ်ဖြစ်ပါသည် (Dempsey, 2009)။

ကူးစက်ရောဂါ၏ အန္တရယ်ကို ကောင်းစွာသိသော ကျန်းမာရေး အလုပ်သမားများမှ လိုက်နာသင့်သည့် ပရိုစီဂျာကို ကောင်းစွာ မလိုက်နာပါက ကူးစက်ရောဂါအကြောင်းကို ဘာမှနားမလည်သည့် လူနာနှင့် မိသားစုများသည်လည်း လိုက်နာဖို့ခဲယဉ်းလှပါသည်။ ယနေ့ခေတ် သူနာပြုများ၏ အလုပ်တာဝန်သည် သိပ္ပံနည်းကျ ရှာဖွေတွေ့ရှိချက်များအပေါ် မူတည်သည့်အထောက်အထားများ (Scientific evidences based practice) နှင့် အလုပ်လုပ်ရသောကြောင့် သူနာပြုများသည် မိမိကိုယ်တိုင်အတွက်သော်လည်းကောင်း လူနာနှင့် မိသားစုဝင်များအတွက် သော်လည်းကောင်း ပညာပေးခြင်း အစီစဉ်တခုကို မရှိမဖြစ် ဆောင်ရွက်ရန် လိုအပ်နေပါသည် (McGuiness 2005)။

အထက်ပါ ကျွန်မ၏ ကိုယ်တိုင် clinical အတွေ့အကြုံနှင့် literature reviews များအပေါ် အခြေခံ၍ ထောက်ပြသော အထောက်အထားများအရ ကူးစက်ရောဂါ ထိန်းချုပ်မှု ရော့ရဲသည့် ပြဿနာသည် နယူးဆောက်ဝေး (သို့) သြစကြေးလျား တနိုင်ငံတည်းတွင် ဖြစ်နေသော ပြဿနာမဟုတ် ကမ္ဘာာနှင့်တ၀ှမ်း ဖြစ်နေသည့် ပြဿနာဖြစ်နေသည်မှာ ထင်ရှားလှပါသည်။ သို့သော်လည်း ကျွန်မသည် နယူးဆောက်ဝေး ပြည်နယ်ရှိ ဆေးရုံများတွင်သာ မိမိကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့မြင်ရသောကြောင့် နယူးဆောက်ဝေး ပြည်နယ်၏ ကျန်းမာရေးလုပ်ငန်းခွင်များတွင် Quality care, Productive care and safety ဖြစ်ဖို့အတွက် ကူးစက်ရောဂါ ထိန်းချုပ်နိုင်သည့် အစီစဉ်များကို အောက်ပါအတိုင်း အကြံပြု တင်ပြအပ်ပါသည်။

(၁) -Clinical competency ဟုခေါ်သော လိုက်နာရန်လိုအပ်သည့် အချက်များကို သူနာပြုများနှင့် ကျန်းမာရေးဝန်ထမ်းများအားလုံး အကုန်လိုက်နာရန်လိုအပ်သည်။
(၂) - လက်ဆေးခြင်းကို အခြေခံသည့် ကူးစက်ရောဂါ ထိန်းချုပ်ခြင်းနှင့် ပတ်သက်သော ပညာပေးအစီစဉ်များကို လူနာများနှင့် လူနာဆီလာလည်သော ဧည့်သည်များသိအောင် မဖြစ်မနေ ပြုလုပ်ပေးသင့်ပါသည်။
(၃) - MRSA နှင့် တခြားဆေးခံနိုင်ရည်ရှိသည့် ရောဂါများနှင့် ပတ်သက်သည့် ပညာပေးအစီစဉ်နှင့် Precaution တို့ကို လူနာနှင့် မိသားစုဝင်များ ပိုမိုရှင်းလင်းလွယ်ကူစွာ နားလည်အောင် ပြုလုပ်သင့်သည်။
(၄) - ဆေးရုံရှိ Ward တိုင်းတွင် Occupational Health and Safety staff များက ဦးဆောင်၍ ကျန်းမာရေး အလုပ်သမားများ၏ လက်ဆေးမှု ရှိမရှိ Observation Programme လစဉ် (သို့) တိကျသည့် အချိန် သတ်မှတ်ချက် တခုသတ်မှတ်ပြီး ပုံမှန် ပြုလုပ်သင့်ပါသည်။
(၅) - Safety procedure နှင့် ပတ်သက်၍ မိမိကိုယ်ကိုယ် ပြန်လည်ဆန်းစစ် စစ်ဆေးသည့် အစီစဉ် (Self-assessmemt programme) တခုကို ဆေးရုံဝန်ထမ်းများအတွင်းတွင် စစ်တမ်းကောက်ယူသည့် အစီစဉ်တခု ပုံမှန် ရှိသင့်ကြောင်း တင်ပြအပ်ပါသည်။

ကျေးဇူးတင်ပါသည်။
Thank you very much for listening my speech


(စာရေးမအားသေးတဲ့အချိန်မှာ လာလည်သူများ ဖတ်လို့ရအောင် ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ကျောင်းမှာ နောက်ဆုံး Assessment တခုဖြစ်တဲ့ ပေးစာနှင့် Oral Presentation Assignment ကို မြန်မာလိုပြန်ပြီးသား ရှိနေတာကို ပြန်ဖေါ်ပြလိုက်ပါတယ်။)


Bibliography

Australian Nursing and Midwifery Council (ANMC). (2008). National competency standards for
the registered nurse. Australia: Australian Nursing and Midwifery council.

Bonuel, N., Byers, P., Gray, B., Thelma, M. (2009). Methicillin resistant Staphylococcus aureus
(MRSA) prevention through facility-wide culture change. Critical Care Nursing
Quarterly. 32(2):144-8.

Borg, MA., Benbachir, M., Cookson, BD., Fedjeb, SB., Elnasser, Z. Rasslan, O., Gur, D.,
Daoud, Z., Bagatzouni, DP. (2009). Self-protection as a driver for hand hygiene among
healthcare workers. Infection Control & Hospital Epidemiology. 30(6):578-80

Cohli, E., Ptak, J., Smith, R., Taylor, E., Elizabeth A., Kirkland, K B. (2009). Variability in the
Hawthorne effect with regard to hand hygiene performance in high- and low-performing
inpatient care units. Infection Control & Hospital Epidemiology. 30(3):222-5.

Crookes, P. (2009). Infection control focus: Practising what we preach. Australian nursing
journal. 16(6):35.

Dempsey, K. (2009) Infection control focus: Wash your “bloody” hand. Australian nursing
journal. 16(6):34.

McGuiness, B . (2005). Infection control. In J. Crisp & C. Taylor (Eds.). Potter & Perry’s
fundamentalsof nursing (2nd ed.). Marrickville, NSW: Elsevier Australia.

O'Dowd, A. (2009). Government claims measures to cut MRSA and C difficile rates will help
reduce other infections. Current Issue. 338 (1) :2580


5 comments:

ကူးစက်ရောဂါ ထိန်းချုပ်မှု ဆိုင်ရာ သတိပြုလိုက်နာရမယ့် အချက်တွေကို သတိမထားတဲ့ ဆရာဝန်၊ သူနာပြု နဲ့ ဆေးရုံဝန်ထမ်းတွေ အတွက် ကောင်းမွန်တဲ့ အကြံပြုချက်ပါ။

ဒုက္ခသည်စခန်းမှာ ကူးစက်ရောဂါသည်တွေ အများကြီးရှိပါတယ်
ဒါပေမယ်. ကုမယ်.လူတွေက နိုင်ငံခြားထွက်ပြေးကုန်ကြပြီ

Ma Nge,

It is a good post for hand washing is key role all the health care workers,non clinical staffs working in health industry.
* wash hand before attend to patient and after. But most of staffs for got to wash hand before attending for medical and non medical related matter. Thanks for such key point now I can more aware and can remind to staffs who work in hospital that I working and I will let the infection control team to be aware as well.

Thanks for your views on public health care system in developed country.
Pls, see following links for a father's letter who lost a son by reckless of physician, unskillful professionals and negligence of Myanmar Medical Council, a case of unfairness cases to common peoples.

http://www.scribd.com/doc/68979972/68977124-Complain-Letter-161011

http://myatlayngon.blogspot.com/2011/10/blog-post_7396.html

.

ဒီဖြစ်ပျက်မှုမှာ အမှန်အတိုင်းဖြစ်စေဖို့  ကျန်းမာရေးဝန်ကြီး ဖေသက်ခင်မှာ တာဝန်ရှိပါတယ်။


http://niknayman-niknayman.blogspot.com/2011/10/blog-post_16.html