မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

C-Box အမေးအဖြေ (၂)



C-Box မှာ စာဖတ်သူတွေ လာမေးထားတဲ့ မေးခွန်းတွေကို စုပြီးဖြေပေးလိုက်ပါတယ်။ အမှန်က ဖြေပေးတယ် ဆိုတာထက် ညွန်းပေးတယ် ဆိုတာက ပိုပြီး မှန်ပါတယ်။ စာဖတ်သူတွေ မေးတဲ့ မေးခွန်းအတော်များများက တင်ထားပြီးသား ပို့စ်အောက်မှာ ရှိပြီးသားဖြစ်ပါတယ်။ စာဖတ်သူများကို မိမိသိလိုတဲ့ အကြာင်းအရာနှင့် ပတ်သက်တဲ့ပို့စ် ရှိမရှိ ဆိုတာကို Side bar မှာရှိတဲ့ Labels အောက်မှာ အက္ခရာအစဉ်လိုက် ရှာကြည့်စေချင်ပါတယ်။ ပြီးတော့ ပို့စ်နဲ့ ဆိုင်တဲ့ မေးခွန်းကို ပို့စ်အောက်မှာ မေးပြီး ပို့စ်နဲ့ မဆိုင်ဘဲ သီးသန့် သိလိုတဲ့ မေးခွန်းကိုပဲ C-box မှာ မေးစေချင်ပါတယ်။ ပို့စ်တင်ပြီးသား မရှိတဲ့ မေးခွန်းတွေအတွက် ဖြေထားတဲ့ အဖြေတွေက ကျွန်မ သိသလောက်ကိုသာ ဖြေထားတာ ဖြစ်လို့ ပြီးပြည့်စုံတဲ့ အဖြေတွေ မဟုတ်ပါဘူး။ တတ်သိနားလည်သူများ ဘယ်သူမဆို ဖြည့်စွက်ပေးနိုင်ပါတယ်။



29 Apr 10, 03:29
maminge: i want to know hepatitics C in detail. pls explain in a post.

အဖြေ။ ။ Hepatitis C အကြောင်း ပို့စ်တင်ပြီးသား ရှိပါတယ်။ Hapatitis C အကြောင်း ပို့စ်နှစ်ခုကို ဒီနေရာ http://health.ngoinmyanmar.org/search/label/Hepatitis%20C မှာ ဖတ်နိုင်ပါတယ်။

30 Apr 10, 05:48
ကိုမျိုး: လင်မယားကြားမှာ oral sex ကသင့်တော်ပါသလားဆရာ...ဆိုးကျိုးရှိနိုင်ပါသလားဆရာ

ဖြေ။ ။ Oral Sex အကြောင်းကို Side bar ရှိ Labels အောက်က Reproductive Health ခေါင်းစဉ်အောက်ကမှာ ဒေါက်တာ တင့်ဆွေတင်ထားတဲ့ ပို့စ် http://health.ngoinmyanmar.org/2010/01/oral-practice.html မှာ ဖတ်နိုင်ပါတယ်။ မကြာသေးခင်က C-Box မှာ စာဖတ်သူ ချစ်ချစ်က မေးပြီး ဒေါက်တာဇိဝကက ဖြေပေးထားတာကိုလည်း အောက်ပါအတိုင်း တွေ့ရပါတယ်။

26 Apr 10, 00:30
ချစ်ချစ်: ယောကျာ်း သုတ်ရည်တွေ ပါးစပ်ထဲဝင်သွားမိရင် ဘာဖြစ်တတ်ပါသလဲ ဆရာ
27 Apr 10, 11:23
ဇီဝက (ဆေး-၂): to ချစ်ချစ်, သုတ်ရည် ပါးစပ်ထဲဝင်လို့ ဘာမှ မဖြစ်ပါ။

ဖြေ။ အပေါ်မှာ ဆရာဇိဝကက ဖြေထားပေးပါတယ်။ ဒီတော့ အမေးနဲ့ အဖြေအရ Oral Sex နဲ့ ပတ်သက်ပြီး ပြဿနာတော့ မရှိနိုင်ပါဘူး အနည်းငယ်တော့ ဖြည့်စွက်လိုပါတယ်။ သင့်တော်မတော် ဆိုတာကတော့ ကာရကံရှင်နှစ်ဦး သဘောတူညီမှု ရှိမရှိနှင့်သာ ဆိုင်ပါတယ်။ သို့ပေမဲ့ လူ့ခန္ဓာကိုယ်ဟာ ဘက်တီးရီးယားတွေရဲ့ ပျော်မွေ့ရာ စံအိမ် ဖြစ်တဲ့အတွက် ဘက်တီးရီးယားတွေဟာ အမျိုးသားလိင်တံ အပါအ၀င် လူ့ခန္ဓာကိုယ်ရဲ့ အရေပြားမှ အဆက်မပြတ် ထွက်နေပါတယ်။ Oral Sex ကို အသုံးပြုချိန်မှာ အကယ်၍ ပါးစပ်ကို အသုံးပြုသူဟာ ခန္ဓာကိုယ်ရဲ့ Defend Mechanisms လို့ခေါ်တဲ့ ခုခံနိုင်တဲ့အား နည်းနေတဲ့အချိန်နဲ့ တိုက်ဆိုင်နေရင် ရောဂါရဖို့ သိပ်ကိုလွယ်ပါတယ်။ ဒါကြောင့်မို့ အမျိုးသားလိင်တံဟာ သန့်ရှင်းဖို့နှင့် အသုံးပြုသူရဲ့ပါးစပ်မှာ အနာအဆာမရှိဖို့တော့ အထူး လိုအပ်ပါတယ်။ အကောင်းဆုံးက Oral Sex ကို အသုံးပြုရင်Condone ကိုအသုံးပြုပါက အန္ဓရာယ် အကင်းဆုံး ဖြစ်နိုင်ကြောင်း အကြံပြုပါတယ်။

30 Apr 10, 09:55
khunmyominoo: ၀မ်းခဏခဏချုပ်တတ်လို့ ပါဆရာ။ ညွန်ကြားပေးပါ ခင်ဗျား။

ဖြေ။ ။ ၀မ်းချုပ်တာဟာ စားတဲ့အစာအစာထဲမှာ အမျှင်ဓါတ်ဖြစ်တဲ့ ဟင်းသီးဟင်းရွက်၊ အသီးနှံနဲ့တို့ကို လုံလောက်စွာ မစားခြင်းနှင့် ရေကိုလုံလောက်စွာ မသောက်ခြင်း ကြောင့်ဖြစ်ပါတယ်။ ဘယ်လောက်အထိ စားသင့်တယ်ဆိုတာ Labels အောက်က Nutritions ခေါင်းစဉ် http://health.ngoinmyanmar.org/search/label/Nutrition အောက်မှာ ကျွန်မ (Nge Naing) တင်ထားတဲ့ အာဟာရနဲ့ ပတ်သက်တဲ့ ပို့စ် ၄ ခုရှိပါတယ်။ ဟင်းသီးဟင်းရွက် ဘယ်လောက်အထိ စားသုံးသင့်တယ်ဆိုတာ သိချင်ရင် အဲဒီအောက်မှာ ကျန်းမာစွာ အသက်ရှင် ရပ်တည်နိုင်ရန်အတွက် နေ့စဉ်စားသုံးရန် လိုအပ်သော အစာပမာဏ ဆိုတဲ့ ပို့စ်ထဲမှာ ဟင်းသီးဟင်းရွက်အပြင် ဘယ်အစာအမျိုးအစားကို ဘယ်လောက်များများ စားသောက်ရမယ်ဆိုတာ အကုန်ပါပါတယ်။ တခြားပို့စ်တွေမှာတော့ ဘယ်လို နေထိုင် စားသောက်ရမယ်ဆိုတာ အသေးစိတ်ရှိပါတယ်။

30 Apr 10, 15:12
နေနေ: ကိုယ်ဝန်ရှိတုန်းများများဆက်ဆံရင် မိန်းကလေးရပြီး နဲနဲသာဆက်ဆံမယ်ဆိုရင် ယောက်ျလားလေးရတယ်ဆိုတာဟုတ်ပါသလား။

ဖြေ။ ။ လုံးဝမဟုတ်ပါ၊ ဘာမှလည်း မဆိုင်ပါ။ ကိုယ်ဝန်ဆောင်ခါစနဲ့ မွေးခါနီးတလမှာ လိင်ဆက်ဆံမှုကို ရှောင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်ကာလဆိုတာ မမျိုးဥနဲ့ ဖိုသုတ်ကောင်တို့ ပေါင်းစပ်ပြီး ဖြစ်တည်လာတဲ့ သန္ဓေသားကြီးထွားတဲ့ ကာလဖြစ်ပါတယ်။ ပုံမှန် တလတခါ မျိုးဥကြွေပြီး ဓမ္မတာသွေးပေါ်တဲ့ အမျိုးသမီးတဦးဟာ ကိုယ်ဝန်ဆောင်စဉ် မျိုးဥ မကြွေပါဘူး။ ဒါကြောင့် ကိုယ်ဝန်ဆောင်စဉ် ဖိုမ ဆက်ဆံခြင်းဟာ သန္ဓေသား ထပ်ရစရာ အကြောင်းမရှိသလို ရှိပြီးသား သန္ဓေသားကိုလည်း ကျား၊ မ မပြောင်းစေနိုင်ပါဘူး။ သားယောက်ျားလေး ရခြင်း၊ သမီးမိန်းကလေး ရခြင်းဆိုတာဟာလည်း လိင်ဆက်ဆံသည့် အချိန်ကာလ အပိုင်းအခြားနဲ့လည်းမဆိုင် အမျိုးသမီးနဲ့လည်း လုံးဝမသက်ဆိုင်ဘဲ အမျိုးသားဆီကလာတဲ့ခရိုမုဇုန်း အမျိုးအစား အပေါ်မှာသာ မူတည်ပါတယ်။

လူသား ဆဲလ်တခုမှာ မျိုးရိုးဗီဇကို သယ်ဆောင်ပေးတဲ့ ခရိုမိုဇုန်း ၂၃ စုံ (၄၆ ခု) ရှိပြီး နောက်ဆုံး (သို့) ၂၃ စုံမြှောက် ခရိုမိုဇုန်းက မွေးလာမည့် ကလေးရဲ့ ကျား မ လက္ခဏာ ကို ဖေါ်ဆောင်ပါတယ်။ X နှင့် Y ဆိုပြီး ကျား၊ မ ခရိုမိုဇုန်း နှစ်မျိုး ရှိသည့်အနက် အမျိုးသမီးတွေမှာ X ခရိုမိုဇုန်းပဲ ရှိပြီး အမျိုးသားက X နှင့် Y နှစ်မျိုးစလုံးကို ပိုင်ဆိုင်ပါတယ်။ ဒါကြောင့်မို့ ဖိုနှင့်မ ပေါင်းစပ်ပြီး မျိုးပွား ရာမှာ ပထမ ဦးဆုံး သက်ရှိဆဲလ် Gamete ကိုဖွဲ့စည်းတဲ့အခါ အမျိုးသမီးက X ခရိုမိုဇုန်းကိုပဲ ထုတ်ပေးနိုင်ပြီး ဒီ X ခရိုမိုဇုန်းနှင့် ပေါင်းစပ်ဖို့ အမျိုးသားဆီမှ X ခရိုမိုဇုန်းကိုပဲ ရပါက (X နဲ့ X ပေါင်းပြီး) သမီး မိန်းကလေး ကို ရရှိမှာဖြစ်ပြီး အမျိုးသားဆီက Y ခရိုမိုဇုန်း ကို ရရှိပါက (X နဲ့ Yပေါင်းပြီး ) သား ယောက်ျားလေး ကို ရရှိပါတယ်။

30 Apr 10, 15:17
မင်းမင်း: မာစတာဘီးရှင်းကို တစ်ပတ်ဘယ်နှစ်ခါလုပ်သင့်သလဲဆရာ affect ဖြစ်နိုင်ပါသလား မေးရတာလဲအားနာပါတယ်။

ဖြေ။ ။ ဒီမေးခွန်းကတော့ လုပ်သင့်တဲ့ အကြိမ်အရေအတွက်ကတော့ ပြုလုပ်သူရဲ့ ဆန္ဒအာသီသနဲ့ပဲ ဆိုင်ပါတယ်။ Affect ဖြစ်နိုင်မနိုင်ဆိုတာက သန့်ရှင်းမှုတော့ အထူးလိုအပ်ပါတယ်။ Masturbation (မိမိဖါသာ အာသာဖြေခြင်း) ကို စွဲစွဲလန်းလန်းနဲ့ အလွန်အကျွံ ပြုလုပ်သူဟာ စွဲတတ်ပြီး မိမိ အိမ်ထောင်ရက်သား ကျတဲ့အချိန် အိမ်ထောင်ဖက်နဲ့ ဆက်ခံရာမှာ စိတ်ဝင်စားမှု အားနည်းသွားပြီး မိမိအကျင့်ဟောင်း ဖြစ်တဲ့ Masturbation ကိုပဲ စွဲနေတတ်တယ်လို့ အိမ်ထောင်ဘက်နဲ့ အဆင်မပြေဖြစ်တာမျိုး ရှိတတ်တယ်လို့ မြန်မာဆရာဝန်တဦး ရေးတဲ့စာအုပ် တအုပ်မှာ ဖတ်ဖူးပါတယ်။ ဒီအကြောင်း ဒေါက်တာ တင့်ဆွေ ရေးတဲ့ ပို့စ်ကို ဒီဘလော့ဂ်က http://health.ngoinmyanmar.org/2010/01/blog-post.html မှာ တင်ထားတာ ရှိပါတယ်။

3 May 10, 03:23
7even: သုတ်လွတ်တာ အရမ်းမြန်နေတာ ဘယ်လိုလုပ်ကမလဲ။

သုတ်လွှတ်စောခြင်းနဲ့ ပတ်သက်ပြီး ဒေါက်တာ ဇိဝကတင်ထားတဲ့ပို့စ်ကို ဒီနေရာမှာ (http://health.ngoinmyanmar.org/2009/12/premature-ejaculation.html) မှာ သွားဖတ်နိုင်ပါတယ်။ Reproductive Health အောက်က ဒေါက်တာတင့်ဆွေရေးတဲ ဒေါက်တာ တင့်ဆွေရဲ့ http://health.ngoinmyanmar.org/2010/04/blog-post_16.html ဒီပို့စ်နဲ့လည်း အကျုံးဝင်ပါတယ်။ နှစ်ခုစလုံးကို ဖတ်ကြည့်လိုက်ပါ။

3 May 10, 05:38
mayjuly: ဆိုးကျိုးအနည်းဆုံးရှိတဲ့ကိုယ်ဝန်တားဆေးအကြောင်းများသိလိုပါတယ် ။ပြောပြပေးပါ။

ဖြေ။ ။ Reproductive Health ခေါင်းစဉ်အောက်မှာ သန္ဒေတားနည်းနဲ့ ပတ်သက်တဲ့ ပို့စ်တွေ အများကြီးရှိပါတယ်။

(၁) ဒေါက်တာ တင့်ဆွေရေးတဲ့ http://health.ngoinmyanmar.org/2009/08/blog-post_23.html
၂။ ဒေါက်တာ byakga ရေးတဲ့ http://health.ngoinmyanmar.org/2009/03/blog-post.html
၃။ ဒေါက်တာ စိုးထက်ရဲ့ ကိုယ်ဝန်တားဆီးခြင်း နည်းလမ်းများ http://health.ngoinmyanmar.org/2008/12/contraception-choices.html
၎။ ဒေါက်တာ ရဲမွန်ရဲ့ အမျိုးသား သားဆက်ခြားနည်းအကြောင်း မိတ်ဆက် http://health.ngoinmyanmar.org/2009/03/introduction-to-newer-male.html
၅။ KoGyithu ရဲ့ အရေးပေါ် သားဆက်ခြားနည်း http://health.ngoinmyanmar.org/2008/11/blog-post_4612.html အဲဒီ ပို့စ်တွေအထဲမှာ အသေးစိတ်ရှိပါတယ်။ Mayjuly အနေနဲ့ မိမိဖါသာသာ ကြိုက်တာ ရွေးယူတော့။ ကျွန်မကတော့ သားဆက်ခြားတာနဲ့ ပတ်သက်ပြီး အမျိုးသမီးတွေကပဲ အနစ်နာခံလာရတော့ ဒေါက်တာ ရဲမွန်ရေးတဲ့ အမျိုးသား သားဆက်ခြားနည်းကို အကြိုက်ဆုံးပါပဲ။

4 May 10, 04:32
khine: ဆရာ..လေးဘက်နာရောဂါကြောင်းသိချင်ပါတယ်..အမြဲတမ်းအဆစ်တွေနာ နေပါတယ်.. joint တွေကလည်းကိုက်ပါတယ်..အရေပြားအောက်နာနေတယ်လို့ခံစားရပါတယ်။

ဖြေ။ ။ လေးဘက်နာ အကြောင်း ဒေါက်တာ ၀င်းသိန်းေ၇းထားတာ http://health.ngoinmyanmar.org/2008/02/group-beta-haemolytic-streptococcus.html မှာ ရှိပါတယ်။ http://health.ngoinmyanmar.org/search/label/Musculoskeletal%20system အောက်က ပို့စ်တချို့ကိုလည်း ဖတ်ကြည့်ပါ။

5 May 10, 05:28
ဖိုးထိန်: မေးစရာလေးရှိလို့ပါခင်ဗျာ။ သွေးကျဲတဲ့ရောဂါဖြစ်နေတာ..ဆေးရုံကဆ င်းပြီးတော့ဆေးတွေသောက်နေရတယ်။ အဲဒါဆေးအရှိန်နဲ့ကလေး ကအရမ်းဝလာတယ်(အရင်ကကလေးကပိန်ပိန်လေးပါ)။ သိချင်တာကဆေးသောက်တာရပ်လိုက်ရင် နဂိုအတိုင်းပြန်ဖြစ်ပါ့မလား ဆိုတာ၊ : ပြီးတော့အဲဒီရောဂါက လုံးဝပျောက်ကင်း နိုင်လားဆိုတာ သိချင်ပါတယ်။ ကျေးဇူးပြု၍ ဖြေကြားပေးပါလားခင်ဗျာ။

ဖြေ။ ။ သွေးကျဲတာနဲ့ သွေးပျစ်ခဲတာ နှစ်ခုစလုံးက သွေးထဲမှာ ပါဝင်တဲ့ Chemical တွေ မမျှတလို့ ဖြစ်နိုင်သလို သွေးထွက်လွန်ခြင်း၊ သွေးယိုစီးခြင်းကို ကာကွယ်ပေးတဲ့ Clotting Factor ခေါ် သွေးထဲမှာရှိတဲ့ အင်ဇိုင်းတွေ ပုံမှန်ထက် ပိုနည်းနေလို့လဲ ဖြစ်နိုင်ပါတယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတာကို ခန့်မှန်းရုံနဲ့ မသိနိုင်ပဲ သွေးစစ်ပြီး သွေးထဲမှာ ပါဝင်နေတဲ့ အစိတ်အပိုင်းတွေ အားလုံးကို ရေတွက်ခြင်း (Full blood Count) နှင့် Clotting Factors တွေရဲ့ အခြေအနေကို ကြည့်ပြီးမှ သိနိုင်ပါတယ်။ သွေးထဲမှာ ပါဝင်တဲ့ ဓါတုပစ္စည်းတွေ မမျှမတ ဖြစ်နေရင် မျှတအောင် ကုသရမယ်။ အဲဒီရောဂါဟာ ပျောက်ကင်းနိုင်ပါတယ်။ အခု ဆရာဝန် ပေးထားတဲ့ဆေးကို သုံးစွဲရင်း ဖြစ်နေတယ်ဆိုတော့ ကုသပေးနေတဲ့ ဆရာဝန်ကပဲ လူနာရဲ့ အခြေအနေကို အသိဆုံး ဖြစ်နိုင်လို့ အဲဒီဆရာဝန်နဲ့ပဲ တိုင်ပင်သင့်ပါတယ်။ သွေးပျစ်လွန်းခြင်းနှင့် ကျဲလွန်းခြင်း နှစ်ခုစလုံးက အန္တရာယ်ရှိတဲ့အတွက် ဆရာဝန်ကို မဖြစ်မနေ အသိပေးပြီး ဆရာဝန် ညွှန်ကြားချက်အတိုင်းသာ လိုက်နာဆောင်ရွက်ဖို့ကိုပဲ အာကြံပြုပါတယ်။ မိမိ ဆေးကုသမှု ခံယူနေတဲ့ ဆရာဝန်ကို မေးခွန်းမေးဖို့ ဘယ်တော့မှ အားမနာပါနဲ့။ ဆရာဝန်ဆိုတာ ဆေးကုပေးဖို့ သက်သက်မဟုတ်ပါဘူး လူနာ သိချင်တာကို နားလည်အောင် ရှင်းပြဖို့အတွက်လည်း တာဝန်ရှိပါတယ်။

5 May 10, 06:20
ကိုလင်း: မိန်းမချင်းဆက်ဆံတဲ့အခါ ဘာရောဂါတွေကူးစက်နိုင်ပါသလဲ... မိန်းမတွေမှာလည်းအာသာဖြေတယ်ဆိုတာမျိုးကိုလုပ်ခဲ့ မည်သို့အကျိုးယုတ်တာတွေကိုခံစားရပါသလဲ။ မိန်းမအကြောင်းများလည်းရေးစေချင်ပါတယ်..

ဖြေ။ ။ လိင်တူဆက်ဆံတာ အမျိုးသမီးဖြစ်စေ အမျိုးသားဖြစ်စေ ရောဂါရှိရင် ကူးစက်နိုင်တာချင်းကတော့ အတူတူပါပဲ။ အာသာဖြေတာလည်း အတူတူပါပဲ ဘာမှ မကွာပါဘူး။ ဒါပေမဲ့ အမျိုးသမီးရဲ့ ဆီးလမ်းကြောင်းက သိပ်ကို တိုလွန်းတဲ့အတွက် မသန့်ရှင်းပါက ဆီးလမ်းကြောင်းထဲ ပိုးဝင်နိုင်တဲ့ အန္တရယ် အမျိုးသမီးမှာ ပိုများပါတယ်။ ဒါကလွဲရင် ကျန်တာ အမျိုးသမီးနဲ့ အမျိုးသား ရောဂါကူးစက်ရာမှာဖြစ်စေ၊ အာသာဖြေရာမှာ ဖြစ်စေ သဘောသဘာဝ ဘာမှ မကွာပါဘူး။ လိင်ကြောင့် ကူးစက်တဲ့ ရောဂါအကြောင်းကို http://health.ngoinmyanmar.org/2010/02/stds.html မှာ ဖတ်ရှု နိုင်ပါတယ်။ မိမိဖါသာ အာသာဖြေခြင်း အကြောင်းကိုတော့ http://health.ngoinmyanmar.org/2010/01/blog-post.html မှာ ဖတ်နိုင်ပါတယ်။

11 May 10, 09:47
ကိုကို: ဆရာကိုတစ်ခုမေးချင်ပါတယ်။ မီန်းမမှာ ရာသီမလာတာ တစ်ပတ်ရှိပါပြီ ကေသီပန်ဆေးကိုလည်းသောက်ပါတယ်။ ဘာများဖြစ်လို့ပါလဲ။ကိုယ်ဝန် ရတာပါလား။

ဖြေ။ ။ တပတ်တည်းနဲ့တော့ ကိုယ်ဝန်ရတာ ဖြစ်ချင်မှ ဖြစ်မှာပါ။ တလခန့် မလာဘဲ ရှိနေမှ ဆရာဝန်နဲ့ စစ်ဆေးအတည်ပြု သင့်ပါတယ်။ ကိုယ်ဝန်ရတဲ့ အမျိုးမီးတယောက်ရဲ့ လက္ခဏာတွေ ပြောင်းတာ ကျွန်မတင်ထားတဲ့  (http://health.ngoinmyanmar.org/2008/07/gestional-deabetes.html ) မှာ ရှိပါတယ်။ ပို့စ်က ဆီးချိုနဲ့ပတ်သက်တဲ့ ပို့စ်ဖြစ်လို့ Gestation (ကိုယ်ဝန်ဆောင်ခြင်း) ဆိုတဲ့ ခေါင်းစဉ် အသေးအောက်မှာပဲ ကြည့်ပါ။



4 May 10, 11:33
thuratun: sayarma , khin byar aku lo a pu chain a yan myint nay tae yar thi hmar bae lo yaw gar tawe phit taaku lo yarthi u tu a yan puu tae a twat bar yaw gar tawe phit tat lae so tar ko thi chin par (ဆရာမ ခင်ဗျား၊ အခုလို အပူချိန် အရမ်းမြင့်နေတဲ့ ရာသီမှာ ဘယ်လိုရောဂါတွေ ဖြစ်တတ်သလို၊ ရာသီဥတု အရမ်းပူတဲ့အတွက် ဘာရောဂါတွေ ဖြစ်တတ်လဲ ဆိုတာကို သိချင်ပါတယ်။)

ဖြေ။ ။ လူခန္ဓာကိုယ်အတွင်းအပြင်၊ လူ့ပတ်ဝန်းကျင်နဲ့ လူတွေ စားသုံးနေတဲ့ အစားအစာတွေမှာ ဘက်တီးရီးယားတွေ အမြဲတမ်း ရှင်သန်နေတပါတယ်။ ရာသီဥတု ပူတဲ့အချိန်မှာ ပြင်ပမှာ ဘက်တီးရီးယားပွားနှုန်းက သာမန်အချိန်ထက် အများကြီးမြန်ပါတယ်။ ပူတဲ့ ရာသီဥတုဒဏ်ကြောင့် ခန္ဓာကိုယ်က ချွေးတွေအရမ်းထွက်ပြီး ချွေးနဲ့အတူ ခန္ဓာကိုယ်ရဲ့ ရေဓါတ်၊ သတ္တုဓါတ်တွေ ဆုံးရှုံးပါတယ်။ ပြီးတော့ ချွေးနဲ့အတူ ခန္ဓာကိုယ်ထဲက ဘက်တီးရီးယားတွေ အဆက်မပြတ်ထွက်နေပါတယ်။ သာမန် အခြေအနေမှာ ကိုယ်ခံအား ကောင်းနေလို့ စားစရာတခုကို ဒီအတိုင်း လက်မဆေးဘဲ ကောက်စားလိုက်လို့ ဘာပြဿနာမှ မရှိနိုင်ပေမဲ့ အပူများတဲ့အချိန်မှာ အရေပြားကထွက်ပြီး လက်မှာ ကပ်နေတဲ့ ပိုးမွှားတွေက သာမန်အခြေအနေထက် ပိုများနေတယ်၊ ပြီးတော့ ရေဓါတ်နဲ့ သတ္တုဓါတ်တွေ ဆုံးရှုံးထားလို့ ကိုယ်ခံအားကလည်း နည်းနေတဲ့အချိန်ဖြစ်တော့ ပိုးပါသွားတဲ့ အစားအစာဟာ ရောဂါရဖို့ သိပ်ကိုလွယ်ပါတယ်။ ၀မ်းလျှော၊ ၀မ်းကိုက် ပျို့အန်တာတွေ ဖြစ်စေနိုင်တယ်။ အဲဒီကတဆင့် ခန္ဓာကိုယ်ရဲ့ ရေနဲ့ သတ္တုဓါတ် ထိန်းချုပ်နိုင်မှုအား လုံးဝကျဆင်းလို့ ကိုယ်အပူအချိန်ကို ပုံမှန်အတိုင်း မထိန်းနိုင်ဘဲ အေးလွန်းခြင်း၊ ပူလွန်းခြင်း ဖြစ်ကာ အသက်ဆုံးရှုံးစေနိုင်တဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်မှာ အစာရေစာကို လုံလောက်မျှတအောင် စားသုံးပြီး တကိုယ်ရေ သန့်ရှင်းမှု ရှိဖို့ အထူးလိုအပ်ပါတယ်။ (မေးခွန်းကို မြန်မာလို ဘာသာပြန်ပေးတဲ့ Anonymous ကို အထူးကျေးဇူးတင်ပါတယ်။)
( Public Health in Myanmar ဘလော့ဂ်က C-Box မှာ စာဖတ်သူတွေ လာမေးထားတဲ့ မေးခွန်းတွေကို Thursday, May 13, 2010 က ဒီဘလော့ဂ်နဲ့ Public Health in Myanmar ဘလော့ဂ် နှစ်ခုစလုံးမှာ တင်ထားပြီးသား ဖြစ်ပေမဲ့ Mare ware တွေ ဖြစ်တုန်းက ဒီဘလော့ဂ်က ဒီပို့စ်တခုတည်းမှာ Malware တွေ ကပ်နေလို့ ဖြုတ်ပစ်လိုက်ရတယ်။ အခု ဒီပို့စ်ကို Public Health in Myanmar ဒီနေရာ မှ ပြန်သွားကူးပြီး ပြန်ဖေါ်ပြလိုက်ပါတယ်။)

ပို့စ်အောက်မှ မှတ်ချက်များ

10 comments:

maung said...
This post has been removed by the author.
Pinky said...
စီဘောက်ကိုဝင်လို့မ၇လို့ ...ဒီကနေတဆင့်မေးခွင့်ပြုပါနော်.....မလေးမစားဖြစ်သွားခဲ့၇င်လည်း...တောင်းပန်ပါတ၇်နော်....ခါးအကြောညပ်တာနဲ့ပတ်သတ်ပြီးသိချင်လို့ ပါ...
ပထမဆုံးဖြစ်ဖြစ်ချင်းစက်နဲ့သွားဆွဲတ၇်..သက်သာလာတ၇်ပေါ့နော်.......အခုပြန်ဖြစ်တော့..အနင်းခံလိုက်တာ..မသက်သာပဲပိုဆိုးသွားတ၇်...ထိုင်လည်းနာ..ထလည်းနာ..လမ်းလျှောက်လည်းနာနေလို့ ပါ......အဲ့ဒါဘ၇်လိုလုပ်၇မ၇်ဆိုတာလညါး..အကြံပေးဖြေကြားပေးပါနော်.......မဆင်ခြင်ပဲလျှောက်လုပ်လို့ ..ပိုဆိုးလာတာကိုစိတ်ဆိုးပြီးမဖြေပဲနဲ့တော့
မနေပါနဲ့နော်......အကြံပြုချက်ကိုစောင့်မျှော်လျှက်....


saytan
bj said...
ဆရာမ မငယ်နိုင်ရှင့်
ကျွန်မ ရာသီမလာတာ သုံးလခွဲလောက်ရှိပါပြီ၊၊ အရင်ကလည်း မကြာမကြာ ( တခါတလေ 2 လခွဲလောက်ထိ ) နောက်ကျဘူးပါတယ်၊၊ ဒါပေမဲ့အခုလောက် တစ်ခါမှ နောက်မကျဘူးပါ၊၊ ရာသီလာနိုး၊ လာနိုးနဲ့ စောင့်နေတာ အခုလောက်ထိကြာသွားတာပါ၊၊ ဆရာဝန်တော့ မပြဖြစ်သေးပါဘူး၊၊ ကျွန်မကြောက်တာက ဗိုက်ထဲမှာ တစ်ခုခုဖြစ်နေမှာ စိုးလို့ ပါ၊၊ စိုးရိမ်ရပါသလားရှင်၊၊ လက်ဖက်တွေ အစားများသွားလို့ လားမသိပါဘူးရှင်၊၊ တခါတခါ ရာသီလာချင်သလိုလို ခံစားရပြီး မလာတာပါ၊၊ အစကတော့ နဲနဲနောက်ကျတာကောင်းတယ်လို့ ထင်နေတာ အခုတော့တော်တော်နောက်ကျနေလို့ စိုးရိမ်လို့ပါရှင်၊၊ ဆရာမဆီက အဖြေကိုစောင့်နေ ပါမယ်ရှင်၊၊
Nge Naing said...
ညီမရေ အိမ်ထောင် ရှိတယ်ဆိုရင်တော့ သန္ဓေတားထားပေမဲ့ တခါတရံ ရာခိုင်နှုန်းအနည်းငယ် မတော်တဆနဲ့ ရသွားတတ်လို့ ကိုယ်ဝန်ရှိတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်မရှိဘဲနဲ့ သွေးမပေါ်ဘဲ ဖြစ်တတ်တဲ့ အကြောင်းအရင်းကလည်း အမျိုးမျိုးရှိတော့ ညီမပေးထားတဲ့ အချက်အလက်လောက်နဲ့ ဘာဖြစ်နိုင်တယ်ဆိုတာ ခန့်မှန်းဖို့ မဖြစ်နိုင်ပါဘူး။ စိုးရိမ်ရလားဆိုတော့ ဖြစ်တဲ့အကြောင်းအရင်း အပေါ်မှာသာ မူတည်ပါတယ်လို့ပဲ ပြောလို့ရမယ်။ ဘာကြောင့် ဖြစ်တယ်ဆိုတော မသိဘဲနဲ့ ပြောဖို့ မဖြစ်နိုင်ဘူး။ ဟော်မုန်းမျှတခြင်း၊ အာဟာရမမျှတခြင်း၊ စိတ်ဖိစီးခြင်း၊ စိတ်ဓါတ်ကျခြင်း တခုခုကြောင့် ဖြစ်တတ်ပါတယ်။ အရင်ကလည်း မကြာခဏ ဖြစ်တယ်ဆိုတော့ ဓမ္မတာမမှန်တာက သေချာနေလို့ အလေးအနက်ထားပြီး ဘာကြောင့် ဖြစ်တယ်ဆိုတာ ရှာဖွေစစ်ဆေးသင့်ပါတယ်။ ဘာပဲ ဖြစ်နေပါစေ အကျိုးအကြောင်းကို စောစောသိတာက နောက်ကျမှ သိတာထက် အများကြီး ကုသဖို့ (သို့) ကာကွယ်ဖို့ ပိုအချိန်ရပါတယ်။ ဒါကြောင့် ဆရာဝန်နဲ့ ပြသ စစ်ဆေးပြီး အကောင်းဆုံးပဲလို့ အကြံပြုပါတယ်။
bj said...
ဆရာမရှင့်
ကျေးဇူးအများကြီးတင်ပါတယ်၊၊ ဖြစ်နိုင်ရင် ဒီအပါတ်ထဲမှာ ဆရာဝန်ဆီသွားပြလိုက်ပါ့မယ်၊၊ ရာသီလာရင် တော်တော်ကိုက်ခဲတတ်လို့ ရာသီနောက်ကျတာ ကောင်းတယ်ဆိုပြီး လာခါနီးရင် လက်ဖက်တွေစားတာ များသွားလို့  ဒီတခါ ဒါ့ကြောင့်လားတော့ မသိပါဘူး ဆရာမရယ်၊၊ ( ဆိုင်မဆိုင်တော့မသိပါ၊၊) ဆရာမ အကြံပေးတဲ့အတွက် ကျေးဇူးပါရှင့်၊၊
Hazel said...
ဆရာ..
သမီးမှာအခုကိုယ်ဝန် (၂)လခွဲရှိနေပါပြီ..
OG ဆရာဝန် နဲ့ပြပါတယ်.. ဆရာမက NOSIC, Multi-Vitamin, Folic Acid သောက်ဖို့ ညွှန်ကြားပါတယ်ဆ၇ာ..
သမီး တစ်ခုသိချင်တာက Ovimin အားဆေးကို ကိုယ်ဝန်ဘယ်နှစ်လမှာ စသောက်လို့ရလဲဆိုတာရယ်..
Multi-Vitamin နဲ့ တွဲသောက်လို့ရမရသိချင်လို့ပါ..
ကျေးဇူးပြုပြီး ညွှန်ကြားပေးပါအုံးဆရာ..
Dr. Tint Swe said...
To Hazel: ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီး သောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ ပိုလိုတာက သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေး အမျိုးမျိုးကို ကြော်ညာ ကောင်းကောင်းနဲ့ ထုတ်တယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ ကောင်းပါတယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။
ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ကိုလဲဖတ်စေချင်ပါတယ်။

Hazel said...
ဆရာ
သမီးအခုကိုယ်ဝန်(၃)လနဲ့(၂)ပတ်ရှိပါပြီ..
OGပြပြီးကျန်းမာရေးစောင့်ရှောက်မှု့ကိုခံယူပါတယ်ဆရာ. အခုအပူရှပ်ပြီး ချောင်းတွေဆိုးပါတယ်ဆရာ.. နောက် အာသီးလည်းရောင်နေပါတယ်ဆရာ.. အရင်ဆို ပိုးသတ်ဆေးသောက်လိုက်တယ်ဆ၇ာ..အခုတော့ မသောက်ရဲဘူး..ဗိုက်ထဲက ကလေးကိုထိခိုက်မှာဆိုးလို့ ပါဆရာ.. ဘာဆေးသောက်သင့်တယ်ဆိုတာ.. ဆရာ အကြံပေးဖြေကြားပေးပါအုံးဆရာ..ကျေးဇူးတင်စွာဖြင့်
Dr. Tint Swe said...
Hazel said...
Amoxicillin ဆေးဟာ ကိုယ်ဝန်ဆောင်နေတုံး သောက်နိုင်တဲ့ဆေးလို့ အားလုံးလောက်က ယူဆပါတယ်။ သုတေသနတွေ ဆက်လုပ်နေတာမှာ Pregnancy Risk Category B (considered to be safe for use during pregnancy) အဆင့် ရှိတယ်။ Allergy မဖြစ်သူတွေ ကိုယ်ဝန်ရော ကလေးနို့တိုက်ချိန်မှာပါ သောက်နိုင်တယ်။


လူတိုင်းလူတိုင်း ကျန်းမာစွာ အသက်ရှင် ရပ်တည် နိုင်ကြပါစေ။


43 comments:

လင်ရှိမယားတွေ နောက်မီးလင်းတာက ယောင်္ကျားတွေ လိင်ဆက်ဆံတာ ညံ့ဖျင်းမှုနဲ့ ဆိုင်ပါသလားခင်မျာ
ဘာအားနည်းချက်တွေကြာင့် နောက်မီးလင်း ဖောက်ပြန်တာလဲ ဆိုတာ သိချင်လို့ပါခင်မျာ

ီ((((လင်ရှိမယားတွေ နောက်မီးလင်းတာက ယောင်္ကျားတွေ လိင်ဆက်ဆံတာ ညံ့ဖျင်းမှုနဲ့ ဆိုင်ပါသလားခင်မျာ
ဘာအားနည်းချက်တွေကြာင့် နောက်မီးလင်း ဖောက်ပြန်တာလဲ ဆိုတာ သိချင်လို့ပါခင်မျာ))))

ဒီမေးခွန်းက ကျန်းမာရေးပညာပေးနဲ့ ဘာမပတ်သက်ဘူး Medical problem မဟုတ် မိမိတို့ နှစ်ဦးကြားမှာ ဖြစ်တဲ့ Social problem ဆိုတော့ ဒီမှာ မေးရမည့်မေးခွန်းမဟုတ်ဘူး။ မိမိရဲ့ ဇနီးမယားဖေါက်ပြန်နေရင် သူနဲ့ပဲ ပွင့်ပွင့်လင်းလင်း ဆွေးနွေးဖို့ လိုအပ်တဲ့ အကြောင်းအရာ ဖြစ်တယ်။

မိန်းမတစ်ယောက်က ယောက်ျားနှစ်ယောက်ယူတာကရော ဘာနဲ့ဆိုင်လဲ မငယ်နိုင်

ရုရှက စစ်ခွေးတွေက သူတို့ရဲ့ အမေအရွယ်၊ အဒေါ်အရွယ် ဘလော့ဂါ မငယ်နိုင် (စစ်အုပ်စုကို ပြတ်ပြတ်သားသား ဆန့်ကျင်တဲ့ ဘလော့ဂါ မငယ်နိုင်) ကို အောက်တန်းကျကျ ပက်ပက်စက်စက် ရက်ရှည်လများ ဆဲဆို ပုတ်ခတ် စော်ကားနေပုံတွေကို Nge Naing ဘလော့မှာ တင်ထားတဲ့ "ဗေဒါလမ်း နှင့် ငယ်နိုင်လမ်း" post ( http://nge-naing.blogspot.com/2011/07/blog-post_14.html ) မှာ သွားဖတ်နိုင်ပါတယ်။

"ရုရှက စစ်ခွေးတွေက သူတို့ရဲ့ အမေအရွယ်၊ အဒေါ်အရွယ် မငယ်နိုင် ကို ဆဲဆို ပုတ်ခတ် စော်ကားနေပုံ" ခေါင်းစဉ်ကို နှိပ်ပြီး သွားဖတ်နိုင်ပါတယ်။


http://nge-naing.blogspot.com/2011/07/blog-post_14.html

ဘယ်နေရာတွေမှာ ဘယ်လိုပြုပြင်ပြောင်းလဲမှုတွေဖြစ်နေပေမယ်.လည်း
မငယ်နိုင်ဘလော.နဲ. မငယ်နိုင်ရဲ.စိတ်ဓာတ်ကတော. ခုထိ မပြောင်းလဲသေးပါလား.
ကိုယ်ဖတ်စေချင်တဲ.ပိုစ်.ကို ကိုယ်.ဘာကိုယ်အတင်း ကွန်းမန်.ပေးတာတွေရပ်ပါတော.

မငယ်နိုင်
ဘလော. ပရိုဖိုင်မှာ ဘာလို. မငယ်နိုင်ရဲ.ဓာတ်ပုံကြီးတင်ထားတာလဲ
လိုအပ်လို.လား

((((မငယ်နိုင်
ဘလော. ပရိုဖိုင်မှာ ဘာလို. မငယ်နိုင်ရဲ.ဓာတ်ပုံကြီးတင်ထားတာလဲ
လိုအပ်လို.လား

November 17, 2011 9:12 AM))))

လူသစ်ထင်တယ်။ ဒီဘလော့ဂ်ကို စဖွင့်ကတည်းက Nge Naing Profile ပုံအမြဲတမ်း ရှိနေပါတယ်။

ဒီမိုကရေစီရဖို.တင်ထားတာကွ
အလကားလုပ်နေတာမဟုတ်ဘူး
အမြဲupdateဖြစ်အောင်ပုံလည်းချိန်းပေးတယ်

ဓါတ်ပုံ ပြောင်းတာကိုလည်း သိနေတယ်ဆိုတော့ အရင်ထင်သလို လူသစ်မဖြစ်နိုင်တော့ဘူး။ ဓါတ်ပုံတင်ထားတာကို သိပ်ပြီး ဂရုတစိုက်ရှိလှတဲ့ အထက်က မှတ်ချက်နှစ်ခုစလုံးကို ရေးသူက မော်စကိုစီတီကနေပြီး Firefox browser နဲ့ Window 7 ကွန်ပြူတာသုံးပြီး Direct ၀င်လာတဲ့သူ တယောက်တည်း ဖြစ်နေတာကို တွေ့ရလို့ ပျောက်နေတာ အတော်ကြာနေရာကနေ တခါအလာစိတ်လာတယ်ဆိုတော့ ဧကန်ဒတော့ Nge Naing ဘလော့ဂ်ကို စောင့်ကြည့်ရတဲ့ အလုပ်ပြန်ရနေပြီထင်တယ်။ ကိုယ်တိုင်တောင်မှ မအားလို့ ကိုယ့်ဘလော့ဂ်ကိုယ် ပုံမှန်ဝင်မကြည့်နိုင်ချိန်မှာ ဒေါ်လာစားနဲ့ မော်စကိုက စာဖတ်သူတွေ အခုလို ဂရုတစိုက်လာကြည့်လိုက် ဘလော့ဂ် ကြော်ငြာပေးလိုက် လုပ်ပေးနေတာကို ဘ၀င်မြင့်ရမလိုတောင် ဖြစ်နေပြီ။ ဘာရည်ရွယ်ချက်နဲ့ လာနေတဲ့ လူတွေမှန်းသိလို့ Label အောက်မှာ ကဏ္ဍအလိုက် ခေါင်းစဉ်ခွဲထားတာကို ကြည့်ပြီး ကြိုက်နှစ်သက်ရာကို ရွေးဖတ်သွားပါလို့ တခြားလူသစ်တွေကို ပြောသလိုတော့ မပြောောတ့ပါဘူး။ ဒါပေမဲ့ ပို့စ်အသစ် မတင်နိုင်သေးတော့လာကြည့်လည်း အလကားပါပဲ အချိန်ဖြုန်းသလို ဖြစ်နေလိမ့်မယ်လို့ အသိပေးပါရစေ။

-
"ဘယ်သူ မွဲမွဲ၊ ကိုယ်က အရိုးပဲ ကိုက်ရကိုက်ရ" သဘောထားပြီး ပြည်ဖျက် စစ်ခေါင်းဆောင်တွေကို ဖါးပြီး ရေးနေတဲ့ အဖါးတကာ့ အဖါးဆုံး ကြေးစား စစ်ခွေးတွေထဲမှာ Myanmar Express ဘလော့က အဆိပ်ပင်ရေလောင်း၊ လူမိုက်အားပေး၊ ကြေးစား စစ်ခွေး ဒေါ်လာစား နဲ့ အပေါင်းပါတွေက အဖါးဆုံးပဲ..

အန်တီစု အပါအဝင် ဒီမိုကရေစီလိုလားသူတွေကို အောက်တန်းကျကျ စော်ကားပုတ်ခတ်ပြီး အရေးဆုံး ကြေးစား စစ်ခွေးတွေထဲမှာ ဒေါ်လာစား က အောက်တန်းကျကျ အစော်ကားဆုံးပဲ..

မငယ်နိုင် အပါအဝင် ပြည်သူ့ဘက်သား အမျိုးသမီးတွေနဲ့ ပတ်သက်ပြီး မဟုတ်မမှန် လုပ်ကြံဇာတ်လမ်းတွေကို နာမည် အမျိုးမျိုး သုံးပြီး လိမ်ရေးတဲ့ အောက်တန်းအကျတကာ့ အကျဆုံး စစ်ခွေးတွေထဲမှာ ဒေါ်လာစား နဲ့ အပေါင်းပါဖြစ်တဲ့ ရုရှားက စစ်ခွေး mg (ခေါ်) မောင် (ခေါ်) zaw (ခေါ်) hanzaw (ခေါ်) ဦးသူတော် (ခေါ်) မှော်ဆရာ (ခေါ်) အိုပါး (ခေတ္တကိုရီးယား) (ခေါ်) တုတ်ကြီး (ခေါ်) တုတ်ကြီး (နော်ဝေ) (ခေါ်) ....... က အောက်တန်း အကျဆုံးပဲ..

မငယ်နိုင် အပါအဝင် ပြည်သူ့ဘက်သား အမျိုးသမီးတွေကို ပက်ပက်စက်စက် အဆဲဆုံး စစ်ခွေးတွေထဲမှာ ရုရှားက စစ်ခွေး တုတ်ကြီးက ပက်ပက်စက်စက် အဆဲဆုံးပဲ..

(ဒီနေရာမှာ "ပက်ပက်စက်စက် အဆဲဆုံး တုတ်ကြီး" ဆိုတာ "မူလလက်ဟောင်း တုတ်ကြီး အစစ်" ကို ဆိုလိုပါတယ်.. ရုရှားက စစ်ခွေး mg (မောင်) နဲ့ တခြား ရုရှားက စစ်ခွေးတွေကလဲ "တုတ်ကြီး" နာမည်ကို သုံးပြီး ဆဲတတ်ပါတယ်..)

-
ဂျာနယ်လစ်ကျင့်ဝတ်၊ ဘလော့ဂါကျင့်ဝတ်ကို အချိုးဖေါက်တကာ့ အချိုးဖေါက်ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အချိုးဖေါက်ဆုံးပဲ..

ဖြစ်စဉ်တခုကို လိုချင်သလို မဆီမဆိုင် အတင်းဆွဲပြီး ငါ့စကားနွားရ ရေးတဲ့၊ ဦးနှောက်မဲ့ စစ်ခွေး ပရိသတ်အကြိုက် ရေးတဲ့၊ အသိမဲ့၊ ခံယူချက်မဲ့ လူပိန်းပရိသတ်အကြိုက် ရေးတဲ့၊ ကလေးတွေး တွေးပြီး၊ လူပိန်းတွေး တွေးပြီး လမ်းဘေးက အုတ်ကြားမြက်ပေါက် အပြောအဆိုမျိုးနဲ့ မူ၊ ဘောင်၊ အထိန်းအကွပ် မရှိဘဲ ပရမ်းပတာ ရေးချင်ရာ ရေးတဲ့ အဆင့်အတန်း အနိမ့်တကာ့ အနိမ့်ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အဆင့်အတန်း အနိမ့်ဆုံးပဲ..

ပျစ်ပျစ်နှစ်နှစ် ဆဲဆိုထားတဲ့ ကွန်မင့်တွေ၊ ရိုင်းရိုင်းစိုင်းစိုင်း ပုတ်ခတ်ထားတဲ့ ကွန်မင့်တွေကို မဖျက်တဲ့ ကျက်သရေ အတုံးတကာ့ အတုံးဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က အယုတ္တအနတ္တ ကွန်မင့် အများဆုံး၊ ကျက်သရေ အတုံးဆုံးပဲ..

အယုတ္တအနတ္တ ကွန်မင့်တွေကို မဖျက်ပေမယ့် စစ်ခေါင်းဆောင်တွေကို အထိနာစေတဲ့ ပြည်သူ့ဘက်သားတွေရဲ့ အမှန်တရား ကွန်မင့်တွေ၊ စစ်ခွေးဘလော့က ဆောင်းပါးရှင်တွေက လိမ်ရေးထားတာတွေကို ပြည်သူ့ဘက်သားတွေက အချက်ကျကျ ထောက်ပြထားတဲ့ ကွန်မင့်တွေ ဆိုရင် ဖျက်လေ့ရှိတဲ့၊ "ကွန်မင့်တွေကို မဖျက်ဘူး" ဆိုပြီး အပြောတမျိုး၊ အလုပ်တမျိုး လုပ်နေတဲ့၊ အလိမ်ပေါ်သွားပေမယ့် မျက်နှာပြောင်တိုက်ပြီး ဆက်လိမ်နေတဲ့၊ အမှား အဖမ်းခံရပေမယ့် အရှက်မရှိဘဲ ဆက်ညာနေတဲ့၊ ပြည့်တန်ဆာမလောက်တောင် တည်ကြည်မှု မရှိတဲ့ သိက္ခာမဲ့ တကာ့ အမဲ့ဆုံး နိုင်ငံရေးဘလော့တွေထဲမှာ Myanmar Express ဘလော့က သိက္ခာအမဲ့ဆုံးပဲ..

-
ရုရှားက စစ်ခွေးတွေက ဘယ်လို မိုက်ရိုင်း ယုတ်မာ အောက်တန်းကျသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

-
ဘယ်လို မဆီမဆိုင်၊ လက်ပံသား ဓားနဲ့ ချိုင်ထားသလဲ ဆိုတာကို ခေါင်းစဉ်ကို နှိပ်ပြီး ဖတ်နိုင်ပါတယ်..

This comment has been removed by the author.

ကျွန်တော်မိန်းမ ကိုယ်ဝန်ရှိတာ ၂လနဲ့ ၅ ရက်ရှိပါပြီ
အခုတလော အဖြူတွေဆင်းနေတာ ၁၀ရက်လောက်ရှိပြီ
အများကြီးတော့မဟုတ်ပါ။ ဘောင်းဘီ စွန်းရုံသာဖြစ်ပါသသည်။ ကလေးအတွက်စိုးရိမ်ရလား။ ကျွန်တော်ဘာလုပ်သင့်လဲဆိုတာဖြေကြားပေးပါ။
လေးစားစွာဖြင့်

အဖြူဆင်းတာ အလွန်အမင်းများပြီး နာကျင်ယားယံမှု မရှိဘူးဆိုရင်တော့ ဘာမှအန္တရယ်မရှိဘူး။ အဲဒါဟာ ပုံမှန်ပဲ ဖြစ်တယ်။ ဒါမေပဲ့ အလွန်အမင်းများခြင်း၊ နာကျင်ယားယံခြင်း တခုခု (သို့) နှစ်ခုစလုံး ဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြသတိုင်ပင်ဖို့ အကြံပြုပါတယ်။

သုတ်လွှတ်မြန်တဲ့အကြောင်းဖတ်ချင်တာ ပေးတဲ့လိပ်စာထဲဝင်လို့မရဘူးဖြစ်နေတယ်
ဘယ်လိုလုပ်ရမလဲ

ဆောရီး website ကနေ ဘလော့ဂ်ပြန်ပြောင်းထားလို့ မပေါ်ဖြစ်နတယ် နောက် အချိန်ရမှပဲ လိပ်စာတွေကို ပြန်ပြင်ပေးမယ်။ လောလောဆယ်တော့ ဒီလိပ်စာအတိုင်း သွားဖတ်နိုင်ပါတယ်။ http://publichealthinmyanmar.blogspot.com.au/2009/12/premature-ejaculation.html

Lοri thought it wаs just tо appease her mothеr-in-law.

Penіs symptoms accomρanіed by ѕore throаt,
feνer, heаdаche or сoughіng - sores on
the pеnis or pаinful urinatiοn may ѕеem lіke no big deal, but when thеy are
accompanied by thеѕe ѕymρtоmѕ, it cаn be an іndication of an STD such as gonoггheа, heгрes, οr сhlamyԁia.
Safety Louis Delmas, the hеavilу-favоreԁ leaԁeг anԁ heагt of thе defenѕe iѕ
alsο а fгee agent.

Univеrsity оf Connecticut Integrated Pеst Managemеnt; Neem Bаsed Inѕecticides;.
Your hοuѕe is the idеal spοt to mеet an аnt соlonу's needs. For attending a formal function, a woman usually needs as accessories the following items: earrings, a shawl or scarf, handbags, formal shoes, bracelets, hair accessories, hosiery, necklaces, and evening gloves.

Үou aгe likely tо haѵе plenty оf help sеtting up
your salе, even ԁeсoratіng with ѕіgns,
balloons and the like. Thе toωn common, a centгаl church yarԁ oг sсhool lot cаn be excellent locatіonѕ thаt see a conѕtant floω of tгaffic аnd are likеly tо bring іn customers.
My thоught waѕ, "I had better hurry up because obviously EVERYONE knows about this sale".


My wеb page next sale

Get Lisa's FREE newsletter with dating advice and tips at. Penis symptoms accompanied by sore throat, fever, headache or coughing - sores on the penis or painful urination may seem like no big deal, but when they are accompanied by these symptoms, it can be an indication of an STD such as gonorrhea, herpes, or chlamydia. Make sure to check the comments section at the bottom of this page shortly after the drawing for Friday night's Mega
Millions reѕults.

Ι bοught all they had, about 30 of
the flavorѕ I like. Artiсlе promoting іs still an amazing strategy for finding
recognition оver the internеt. In fаct you ωill haѵe
tο ρaу the exorbitant pгice fоr these mоbіle
phοnes.

mу ѕitе super deal

It is aνaіlаblе in а sеdan or hаtchbaсk versіon.
Theгe arе cеrtаin crіmе ѕcene сlean up agеnciеs whісh realіze
thе depth of the issue, and therеforе, make suгe that the teams they
disρatch to thе сrime sсеne агe bοth
teсhnicallу, and mеntаlly able tо deal
with thе mishap. Therе had been spесulatіon
foг weeks that J-Lo woulԁ be one of the neω judges, and now
it appeaгs to be all but a done deal.

Ϲonѕumer Reports suggests finding out what the dealеr price is
and negotiatіng uρ fгom that figure аs opposeԁ to woгking from the sticker-pгice down.
Aгticle pгomoting iѕ still an amazing strategy for
finding гecοgnition ovеr the internet.
In fact you will hаve to pay thе exоrbitant pгice foг these mobile phοneѕ.



my blog :: super deal

Utoрian, that is, exceρt foг the faсt that once
you hit the age of 30, you're executed. Normally, he hides behind a guitar, but, this night, in a totally nondescript outfit consisting of a tee shirt and hair that seemed noticeably darker than when he auditioned previously, he received remarks like," You showed confidence and personality. m not trying to be funny;And to be accounted righteous you must deeply care''.

my web blog :: hotpants

Either his pаrеnts weгe also slορpу, or cоnstantlу cleaned up afteг him,
sο he never learned: 1. Υou wіll notіcе аn aггay of blue dots, this іѕ the ѕсanning technologу thаt Flow useѕ
to help recognіzе іtеms uѕing augmented геality.
To help deаl wіth the spots Aloе Vera is great tο use.


Ηere is mу blog ... bizspeaking

The contemplate price versus results once hiring Limited Liability services Montreal,
Canada. Check out the number of your customers as you analyze your limited liability reports.

The pages crawled are then indexed in Googles index which is the leading search provider,
Google, Yahoo and others.

my weblog local search engine marketing

Your coach trainіng becоmes more interesting to уοu aѕ yοu
begin to mаκe mental cοnnections between what is being pгesented anԁ hοw you envision аpplуing it in your coaching practicе and іn your own life.
Like Baltimore, rooms within the city will cost more thаn
if you get one on the outskirtѕ of the cіty.
It can be a lot less diffiсult tοday to κeep your brain as sharp liκe a
κnife after you receive olԁer.

Hаve a loоk at my webpаge ...

streetdeal

Only use your AC or Heater if it is absolutely necessary.
On the website or through the smartphone apps, you can view your energy usage and compare your usage to
people in your geographic region or across the globe.
The Sewing Kit found at RHL is a great buy found for
under $5.

My blog :: nest thermostat

I'm truly enjoying the design and layout of your blog. It's a very easy on the eyes which makes it much more
pleasant for me to come here and visit more often.
Did you hire out a developer to create your theme? Fantastic work!


Feel free to visit my web blog - Memory Stick

Its content material is man-made buff overlays just for strategic support.

Alternatively hand, some of this SB Dunks secure released in The hawaiian ahead of freedom in America.
Does the activity call additional traction, more ventilation, more insulation
perhaps more support? Fit these two in unison and you bring one very functional machine.
http://www.zwiki.net/index.php/Benutzer:StaciCroc

My web site ... air max women

2 good quality running shoes is the most critical item a
jogger can buy. Its content material is man-made buff overlays
when considering strategic support. He led the length of his team to a single record of 23-3 in his final protective two seasons.
T-shirts no longer rely upon giving others often the silent treatment.

http://c88arriage.info/userinfo.php?uid=300

Black - Berry Play - Book by RIM is at price of Rs 32000 for 16GB model.
It has all the extra features that the i - Pad has too, just fewer
apps because it's fairly new compared to the i - Pad. The Blackberry Play - Book makes a superb back-to-school gift, and also a great holiday gift idea.

Feel free to surf to my site ... blackberry playbook review

As a result of limited collection, most of the designers only played around with these colours.
Stand experiencing a wall, going six to twelve feet away
ranging from it. Paul Smith and possibly created an excellent design of bicycles called Mercian.
The first boutique is opened in West Village, New York.
http://www.eschelongames.com/main_wiki/GarfieldrtPartinqp

My weblog :: elasticated skirts

The first boutique is opened in West Village, New York.
Morris Mulch, pop star and front man, keeps the demonstration and laughs rolling in.
Although they costly personalised, it might longer to consider the results.
It appears like a the latest sort of free games are just inexperienced.
http://www111.sakura.ne.jp/~erohouse/bbs/erobbs.cgi

Do not talk in a meaningful hurried manner or rudely to suer.
Lee would later provide his imprint Wildstorm to DC,
where he remains magazine director. Take help of their supervisors to generate a well drafted writing.
Your boat is appropriately called a narrowboat because it's skinny. http://wiki.hackerspace.com.ua/index.php?title=%D0%A3%D1%87%D0%B0%D1%81%D1%82%D0%BD%D0%B8%D0%BA:TXHDirk

Have a look at my web site: balenciaga clothes. balenciaga wallet

c box ကိုမသွားတက်လို့ ဒီကပဲပြောပါစေဆရာတို့ ခွင့်လွှတ်ပါ
ကျွန်တော် ချစ်သူနဲ့ ဆက်ဆံမိတယ် ပထမဆက်ဆံပြီးချင်း
levo 72 တစ်လုံးသောက်တယ် ဒုတိယအလုံးကို 12နာရီအတွင်းသောက်တယ် ဒုတ်ယအလုံးသောက်ပြီး.5 မိနစ်လောက်မှာ ကျွန်တော်တို့ ထပ်ဆက်ဆံဖြစ်တယ် အတွက် ကျွန်တော်စိတ်ပူနေတာ
ကိုယ်ဝန်များရသွားမလားလို့  post တင်ပြီးသားဆိုရင် link ချပေးပါဆရာတို့ ကျေးဇူးတင်ရင်း စောင့်မျှော်လျက်ပါ

Mental disorder အ​ကြောင်းနဲ့ပက်​သက်​ပီးအကျယ်​ပြန့်​သိချင်​ပါတယ်​ကုသနည်း​ကောရှိလား​ဆေး​တွေ​ကောဘယ်​လို​တွေလုပ်​သင့်​လုပ်​ထိုက်​လဲအကြံ​ပေး​စေလိုပါတယ်​​ကျေးဇူးတင်​လျက်​​စောင့်​​မျှော်​ရင်း

ကျ​နော့်​လိင်​အဂါင်္အ​ရေပြားကရှည်​​နေပါတယ်​ လိင်​စိတ်​လာလို့​ထောင်​မတ်​လာရင်​ကွမ်းသီး​ခေါင်းကထိပ်​ပိုင်း​လေးပဲ​ပေါ်ပါတယ်​ခင်​ဗျာ အ​ရေပြား ကို​အောက်​ကိုဆွဲချ​ပေးမှ အပြည့်​​ပေါ်ပါတယ်​ ဘယ်​လိုလုပ်​ရမလဲ နည်းလမ်းေ​ပးပါခင်​ဗျ ဖြတ်​ရမယ်​လို့ကြားဖူးပါတယ်​ အကယ်​၍ဖြတ်​ရမယ်​ဆိုရင်​​ရော ဘယ်​မှာရနိုင်​ပါသလဲ မဖြတ်​ဘူးဆိုရင်​လိင်​ဆက်​ဆံတဲ့အခါနာကြဉ်​တက်​တယ်​လို့လဲကြားဖူးလို့ပါခင်​ဗျ ​ဖြေကြား​ပေးပါဦးဆရာရယ်

ကျ​နော့်​လိင်​အဂါင်္အ​ရေပြားကရှည်​​နေပါတယ်​ လိင်​စိတ်​လာလို့​ထောင်​မတ်​လာရင်​ကွမ်းသီး​ခေါင်းကထိပ်​ပိုင်း​လေးပဲ​ပေါ်ပါတယ်​ခင်​ဗျာ အ​ရေပြား ကို​အောက်​ကိုဆွဲချ​ပေးမှ အပြည့်​​ပေါ်ပါတယ်​ ဘယ်​လိုလုပ်​ရမလဲ နည်းလမ်းေ​ပးပါခင်​ဗျ ဖြတ်​ရမယ်​လို့ကြားဖူးပါတယ်​ အကယ်​၍ဖြတ်​ရမယ်​ဆိုရင်​​ရော ဘယ်​မှာရနိုင်​ပါသလဲ မဖြတ်​ဘူးဆိုရင်​လိင်​ဆက်​ဆံတဲ့အခါနာကြဉ်​တက်​တယ်​လို့လဲကြားဖူးလို့ပါခင်​ဗျ ​ဖြေကြား​ပေးပါဦးဆရာရယ်