မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

လူ့အခွင့်အရေးနေ့ ညစာစား အခမ်းအနားမှ ရသော ရသ

မနေ့ညက Lidcome ရှိ Ukrainian Hall မှာ MDG FOCUS က ကျင်းပပြုလုပ်တဲ့ ၆၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ညစာစားပွဲကို သားအမိနှစ်ယောက် ရောက်သွားခဲ့ပါတယ်။ ဒီအခမ်းအနားက လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် အခမ်းနား ဖြစ်သလို မြန်မာပြည်တွင်းက နိုင်ငံရေးအကျဉ်းသားတွေအတွက် Fund raising အခမ်းအနား တခုလည်း ဖြစ်တယ်။ ပွဲက ၇ နာရီစမှာ ဖြစ်ပြီး ကျွန်မတို့က ခုနှစ်နာရီထိုးဖို့ ၁၀ မိနှစ်ခန့်အလိုမှာ Lidcome ကို ရောက်ပါတယ်။ ပုံမှန်ဆိုရင်တော့ အချိန်က ကွက်တိပါပဲ။ ဒါပေမဲ့ မြန်မာစံတော်ချိန်က ထုံးစံအတိုင်း ကြော်ငြာထားတဲ့အချိန်ထက် အနည်းဆုံးတော့ နာရီဝက်ကြာပြီးမှ စဖြစ်တတ်တာကို အမြဲပဲ အတွေ့အကြုံ ရှိထားတော့ အခမ်းအနားကျင်းပတဲ့နေရာမှာ တန်းမရပ်ဘဲ မလှမ်းမကမ်းမှာ ရှိတဲ့ မြန်စာအစားအစာ ရောင်းတဲ့ဆိုင်မှာပဲ လိုက်ပို့ပေးတဲ့ အမျိုးသားကို ကားရပ်ပေးခိုင်းပြီး မြန်မာဆိုင်မှာ ဘာပစ္စည်းတွေရှိလဲဆိုတာ ၀င်ကြည့်ပြီးမှ အခမ်းအနား ရှိရာကို လမ်းလျှောက်ပြီး သွားဖြစ်ပါတယ်။

့ ၇ နာရီတိတိမှာ ကျွန်မတို့ သားအမိရောက်သွားတယ် လက်မှတ်ကြိုဝယ်ထားတာ မဟုတ်တော့ အ၀င်ဝရောက်မှ လက်မှတ်တစောင်ကို ၂၅ ဒေါ်လာဖိုး တယောက်တစောင်စီ ၀ယ်လိုက်တယ်။ အထဲရောက်တော့ လူတွေ ဟိုတစု ဒီတစု ထိုင်တဲ့အုပ်စု မတ်တပ်ရပ်ပြီး စကားပြောနေတဲ့ အုပ်စုတွေနဲ့ အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့တွေပါ အားလုံးမှ လေးငါးဆယ်ခန့်ပဲ ရှိမယ်လို့ ခန့်မှန်းရတယ်။ အခမ်းအနားမှူးအပါအ၀င် အခမ်းအနား ဖြစ်မြောက်ရေးက လူတွေအားလုံးကလည်း ကိုယ့်လူတွေပဲ ဖြစ်နေတာ တွေ့ရတယ်။ ကျွန်မလည်း သိတဲ့သူတွေကို နှုတ်ဆက်စကား ပြောဆိုပြီးတာနဲ့ အရှေ့ဆုံး ညာဘက်ထောင့်က အသိတွေ ရှိနေတဲ့ခုံမှာ ၀င်ထိုင်လိုက်တယ်။ သားသားက ခါတိုင်းဆိုရင်တော့ အခမ်းအနားတခုကို ရောက်တိုင်း ရောက်တဲ့အချိန်ကစပြီး ရွယ်တူတွေနဲ့ သွားကစားလို့ ပျောက်သွားလိုက်တာ ပြန်ခါနီးမှပဲ မနည်း လိုက်ရှာပြီး ခေါ်ပြန်ရတာ များပေမဲ့ ဒီတခါတော့ သူနဲ့ရွယ်တူလည်း တယောက်မှ မတွေ့တော့ အမေနားမှာ ကပ်ပြီး အမေထိုင်တဲ့နေရာမှာ လိုက်ထိုင် အမေခုံပြောင်းထိုင်ရင် လိုက်ပြောင်းထိုင်နဲ့ အမေနားကကို မခွါဘူး။ ကစားဖေါ်မရှိ၊ စကားပြောဖေါ်မရှိတော့ အခမ်းအနားမှာ ပြောတာတွေကို စိတ်ဝင်တစား ရှိတာတွေ့ရလို့ နောက်ထပ်လည်း လူကြီးတွေပဲ လုပ်တဲ့အခမ်းအနားတွေကို များများခေါ်သွားပေးရမယ်လို့ အကြံရသွားတယ်။

၇ နာရီခွဲခါနီးမှာ ဒေါက်တာမြင့်ချိုက အခမ်းအနား မကြာခင်စတင်တော့မှာ ဖြစ်တဲ့အတွက် နေရာယူပေးဖို့ ကြေညာပြီးနောက် အခမ်းအနားမှူးအဖြစ် ဆောင်ရွက်သူ မျိုးဆက်သစ်သမီးငယ် တယောက်ဖြစ်တဲ့ မသဉ္ဇာအောင်က အခမ်းအနားကို ခုနှစ်နာရီခွဲမှာ စတင်ခဲ့ပါတယ်။ တခြားအစီစဉ်တွေကို မစခင် အခမ်းအနားကို ကျင်းပတဲ့ MDG FOCUS ရဲ့ ဒါရိုက်တ ကိုနိုင်အောင်က သူတို့အဖွဲ့အစည်းအကြောင်း မိတ်ဆက်နဲ့ ဒီအခမ်းအနားရဲ့ ရည်ရွယ်ချက်တွေကို အမှာစကား ပြောကြားခဲ့ပါတယ်။ နောက်တော့ ဘုန်းကြီးတပါးနဲ့ NLD က ဦးဝင်းတင်ရဲ့ ဗွီဒီယို အမှာစကားနှစ်ကို စတင်ဖွင့်ပြပြီး ကျန်တဲ့ အစီစဉ်တွေကို ဆက်လက် တင်ဆက်သွားပါတယ်။ ဒီအခမ်းအနားမှာ ညစာကို အခမ်းအနားရဲ့ ပထမပိုင်းအစီစဉ်အပြီး ၈ နာရီခွဲမှာ ဒန်ပေါက်ထမင်းနဲ့ ဧည့်ဧံကျွေးမွေးပြီး ဖျော်ဖြေရေးနဲ့ ဟောပြောတဲ့ အစီစဉ်တွေကို ညနေစာ မစားမီနှင့် စားပြီးအချိန်တွေမှာ ခွဲဝေပြီး စီစဉ်တင်ဆက်သွားပါတယ်။ ညနေစာစားပြီးမှာ ကျန်နေသေးတဲ့ အစီစဉ်တွေကို ည ၁၀ နာရီခွဲအထိ ဆက်လက်တင်ဆက်သွားပါတယ်။

ဒီအခမ်းအနားမှာ စကားပြောသူ နိုင်ငံခြားသား နှစ်ဦးနှင့် မြန်မာနှစ်ဦး အားလုံးလေးဦးပါဝင်ပြီး မြန်မာနှစ်ယောက်ကတော့ Burma Medical Association - Australia မှ ဒေါက်တာကျော်မြင့်နှင့် Burma office မှာ ဒါရိုက်တာ ဒေါက်တာမြင့်ချိုတို့ ဖြစ်တယ်။ နိုင်ငံခြားသား နှစ်ဦးကတော့ Australia Green ပါတီက နယူးဆောက်ဝေး အမတ်တဦးဖြစ်သူ John Kaye နဲ့ သြစကြေးလျား လေဘာပါတီက ဖယ်ဒရယ်အမတ် Laurie Ferguson တို့ ဖြစ်ပါတယ်။ ဒေါက်တာမြင့်ချိုက မြန်မာလိုပြောပြီး ကျန်တဲ့သုံးယောက်က အင်္ဂလိပ်လိုနဲ့ ပြောသွားကြပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ နိုင်ငံရေး၊ လူ့အခွင့်အရေး၊ ကျန်းမာရေး ပညာရေး အခြေအနေနဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းကို အသီးသီး ပြောသွားကြပါတယ်။

ဖျော်ဖြေရေးအစီစဉ်တွေမှာတော့ သီချင်းနဲ့ ကရင်ဒုံးယိမ်းအကတွေကို တင်ဆက်သွားပါတယ်။ ဒေါက်တာမြင့်ချိုက သူပြောတဲ့ Speech ကို အင်္ဂလိပ်လိုနဲ့ ပြင်ထားပေမဲ့ အခမ်းအနားတက်လာသူတွေ အများစုက ဗမာဖြစ်တော့ ဗမာလိုပြောတာက ပိုအကျိုးရှိမယ်လို့ စိတ်ကူးရပြီး အင်္ဂလိပ်လိုပဲ နားလည်တဲ့သူတွေကို စာရွက်ဝေပြီး စကားကိုတော့ ဗမာလိုနဲ့ပဲ ပြောဖို့ ဆုံးဖြတ်လိုက်တယ်လို့ ပြောပါတယ်။ အခမ်းအနားစပြီးမှ လူတွေက တဖွဲဖွဲနဲ့ ရောက်လာကြတာ ပထမပိုင်း မပြီးခင် အနောက်ကို ပြန်လှည့်ကြည့်လိုက်တော့ လူနှစ်ရာခန့် ရှိမယ်ထင်ရတယ်။ တချို့က လက်မှတ်ဝယ်ထားပြီး မလာကြတဲ့သူတွေလည်း ရှိတယ်လို့သိရတယ်။

အခမ်းအနားပထမပိုင်းက တော်တော်နဲ့မပြီးတော့ သားအပါအ၀င် အားလုံးက ဗိုက်ဆာနေကြတာကို ကျွန်မ သတိထားမိပါတယ်။ ဒန်ပေါက်လုံးဝ မကြိုက်တဲ့ သားကတောင် မေမေ ညနေစာက ဘယ်တော့ ကျွေးမလဲ ဗိုက်ဆာနေပြီ ဒန်ပေါက်စားချင်တယ်လို့ ပြောလာတော့ သူများမကျွးဘဲနဲ့ စားလို့မရဘူး ကျွေးတဲ့အချိန်ထိစောင့်လို့ပြောထားရတယ်။ ညနေစာ မကျွေးခင် ဗိုက်ဆာလို့ ရေသောက်ဖို့ကလည်း စားပွဲခုံပေါ်မှာ ရေကရားနဲ့ ရေခွက် ချထားပေးတာလည်း မရှိတော့ ညနေစာမစားဘူးလို့ ဆုံးဖြတ်ထားတဲ့ ကျွန်မတောင် အူခြောက်ပြီး ဗိုက်ဆာလာတယ်။ အစီစဉ်စာရွက်ထဲမှာ ညနေစာစားပြီး ဒုတိယပိုင်းမှ တင်ဆက်မည့် ကရင်ဒုံးယိမ်း အကပြီးမှ ညနေစာ သုံးဆောင်လို့ ရပြီဖြစ်ကြောင်း ကြေညာတော့ အပြင်မှာ ကတန်းကမန်း သွားတန်းစီတာ တော်သေးတယ် ကြာကြာမစီလိုက်ရဘူး။ အသားမစားလို့ ကြက်သားကလွဲပြီး ကျန်တာတွေပဲ ပေးပါလို့ ခူးခပ်ထည့်ပေးနေသမားဆီက တောင်းပြီး ညနေစာကို ဘယ်တုန်းကမှ ဒီလိုနေက်ကျပြီး မစားတတ်တဲ့ ကျွန်မ အဲဒီညကတော့ စားဖြစ်သွားပါတယ်။ စားရတာ ဗိုက်ဆာနေလို့လားတော့ မသိဘူး မဆိုးပါဘူး ထမင်းရော အသုပ်ရော၊ ဘာလချောင်ကြော်ပါ တော်တော်လေး ကောင်းပါတယ်။ ချည်ဘောင်ရွက်ဟင်းချိုလည်း သောက်ရတာ မဆိုးပါဘူး ဒါပေမဲ့ ကျွန်မပါးစပ်က ပုဇွန်ခြောက်နဲ့ ငပိနည်းနည်းလိုနေတယ်။ ချည်ဘောင်ရွက် ဟင်းချိုက ပုဇွန်ခြောက်နဲ့ မျှင်ငပိနည်းနည်းပါမှ သောက်လို့ကောင်းပါတယ်။ ညနေစာ စားနေချိန်မှာတော့ ကိုမင်းကိုနိုင် ၂၀၀၇ ခုနှစ်က ရှစ်လေးလုံးအခမ်းအနားတွေမှာ ပြောတဲ့ Speech တွေကို ဖွင့်ပြထားပါတယ်။

ညနေစာစားပြီး ဒုတိယပိုင်း အစီစဉ်ကို ပြန်ဆက်နေတဲ့အချိန်မှာတော့ ဖယ်ဒရယ်အမတ် Laurie Ferguson နဲ့ ဒေါက်တာမြင့်ချိုတို့ နှစ်ဦးစကားပြောပြီး ကရင်အနုပညာအဖွဲ့က စောတကောဝါးနဲ့ မန်းကျော်ဆန်းတို့နှစ်ယောက်က မြန်မာသံစဉ်သီချင်းတွေဖြစ်တဲ့ လက်ရေတပြင်တည်းနဲ့ ရွှေမင်းဂံကို တီးခတ်သီဆိုပြီး ဖျော်ဖြေပေးပါတယ်။ စောတကောဝါးက လက်ရေတပြင်တည်းကို စောင်းနဲ့တီးပြီး ရွှေမင်းဂံကို မယ်ဒလင်နဲ့ တီးကာ မန်းကျော်ဆန်းက သီချင်းနှစ်ပုတ်စလုံးကို ဆိုပါတယ်။ မြန်မာသံစဉ်သီချင်းတွေ သက်သက်ဆိုတော့ ကျွန်မအတွက်တော့ ဒီသီချင်းတွေက အကြိုက်ဆုံး သီချင်းတွေပါပဲ တီးနေဆိုနေတဲ့သူတွေကလည်း ကိုယ့်လူတွေပဲဆိုတော့ ဘာမှကို ပြောစရာမရှိပါဘူး။ ဒါပေမဲ့ ရွှေမင်းဂံကို ဆိုနေတဲ့အချိန်မှာ ကျွန်မနောက်ပြန်လှည့်ကြည့်လိုက်တော့ သားအပါအ၀င် တော်တော်များများက အိပ်ငိုက်နေကြတာကို တွေ့ပြီး ဘေးစားပွဲက Green Party အမတ် John Kaye ဆိုရင် အိပ်တောင်ပျော်နေတာ တွေ့ရတယ်။ အမှန်က ရွှေမင်းဂံပြီးရင် အစီစဉ်က ပြီးပြီဖြစ်ပေမဲ့ ဖျော်ဖြေနေသူ နှစ်ယောက်က အိပ်ငိုက်နေသူတွေကို နိုးထစေချင်တဲ့စေတနာနဲ့ နဂါးနီသီချင်းကို ထပ်ဆောင်းပြီး တီးပြဆိုပြခဲ့တယ်။ အဲဒီတော့မှ ရွှေမင်းဂံကြောင့် အိပ်ငိုက်နေသူတွေကို နိုးထလာစေပြီး အောက်ကလူတွေ အားလုံးနီးပါးကပါ လက်ခုပ်တီးပြီး လိုက်ဆိုကြကာ အခမ်းအနားကို ပိုပြီးမြူးကြွလာစေခဲ့တယ်။ ပြီးမှာတော့ အခမ်းအနားမှူး မသဉ္ဇာအောင်က ကျေးဇူးတင်စကားနဲ့ အခမ်းအနား ပြီးဆုံးကြောင်း ကြေညာပြီး အဆုံးသတ်သွားခဲ့ပါတယ်။

အခမ်းအနားမှာ ဘယ်သူဘာတွေ ပြောသွားသလဲဆိုတာ သားကို ပြန်မေးကြည့်တော့ သားကတော်တော်လေး ပြန်ပြောပြတတ်တဲ့အတွက် ခေါ်သွားရကျိုးနပ်သွားတယ်။ ကျွန်မတို့ လူကြီးတွေ ဘာရည်ရွယ်ချက်နဲ့ ဒါတွေကိုလုပ်နေတယ်ဆိုတာ ကျွန်မတို့ရဲ့ မျိုးဆက်သစ်ကလေးတွေ သိပြီး ပါဝင်ဖို့လိုအပ်တယ် မဟုတ်လား။ ဒီအခမ်းအနားမှာ ပြောသွားတဲ့သူတွေ အားလုံးက နိုင်ငံရေးအကျဉ်းသားတွေ ရှိနေသေးတာ၊ စစ်ပွဲတွေဖြစ်နေသေးတာကို ထောက်ပြပြီး မြန်မာပြည်မှာ လူ့အခွင့်အရေး မရှိဘူးဆိုတာကိုပဲ ပြောသွားကြပါတယ်။ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆိုတာ ဖြစ်လာအောင် စတင်မဲပေးဆုံးဖြတ်တဲ့ နိုင်ငံထဲမှာ မြန်မာနိုင်ငံပါဝင်ခဲ့လို့ မြန်မာနိုင်ငံဟာ ဒီနေ့ကို မွေးဖွားပေးတဲ့ နိုင်ငံတခုဖြစ်တယ်။ အခုဆိုရင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဆိုတာလည်း ပေါ်တာ ၆၃ နှစ်မြောက်တောင် ရှိနေပါပြီ။ အဲဒီတုန်းက ကုလသမဂ္ဂဆိုတာ ဘာမှန်းမသိ၊ လူအခွင့်အရေးဆိုတာ ဘာမှန်းမသိတဲ့ နိုင်ငံတွေတောင် အခုချိန်မှာ လူ့အခွင့်အရေးတွေ ရရှိနေပြီး တိုးတက်တဲ့နိုင်ငံတွေ ဖြစ်နေကြပြီ။ ဒါပေမဲ့ ဒီလူ့အခွင့်အရေးနေ့ကို မွေးဖွားပေးလိုက်တဲ့ မြန်မာပြည်မှာ ဘယ်တော့များမှ လူ့အခွင့်အရေး ရရှိမလဲဆိုတာနဲ့ ဒီအခမ်းအနားမှာ သီဆိုသွားတဲ့ နောက်ဆုံးသီချင်းဖြစ်တဲ့ နဂါးနီသီချင်းကြီးကလည်း ပေါ်နေတာ ကြာပြီ ဒါမေပဲ့ အဲဒီသီချင်းထဲကအတိုင်း ဘယ်တော့များမှ လူမွဲတွေက သူဌေးဖြစ်လာမလဲဆိုတာကိုတော့ ဒီအခမ်းအနားက ပြန်လာပြီး အခုထိ ကျွန်မ တွေးနေဆဲပဲ။ လူ့အခွင့်အရေးနေ့ကို မွေးဖွားပေးရာမှာ ပါဝင်ခဲ့ပေမဲ့လည်း အချိန်ကြာမြင့်စွာ လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ မြန်မာနိုင်ငံမှာ အမြန်ဆုံး လူ့အခွင့်အရေး ပြန်လည်ထွန်းကားနိုင်ပါစေလို့ ဆုတောင်းရင်း...

ရွှင်လန်းချမ်းမြေ့ကြပါစေ။



(အခမ်းအနားမှာ တင်ဆက်သွားတာတွေကို အစီစဉ်အတိုင်း အောက်မှာ ဓါတ်ပုံတွေနဲ့ ဖေါ်ပြထားတာကို ဆက်လက်ကြည့်ရှုနိုင်ပါတယ်။)

အခမ်းအနားမှူး မသဉ္ဇာအောင်က အခမ်းအနားအစီစဉ်ကို စတင်ကြေညာစဉ်

Welcoming Remarks by U Naing Aung, Dircctor of MDG Focus


Speech by Hon. John Kaye MLC, NSW, Australian Green




Peace Song by U Patrick Chaundary

Health situation in Burma by Dr. Kyaw Myint Malia, Burmese Medical Association - Australia

Karen Traditional Dance by Australian Karen Cultural Organisation

Speech bY Hon. Laurie Ferguson MP, Australian Labor Party

Human Rights in Burma by Dr. Myint Cho, Director of Burma Office (Australia)

Entertainment by Saw Takaw Wah and Mahn Kyaw Sun (with Burmese traditional songs)

Cloghing of the event by (MC: Thinzar Aung)


13 comments:

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ဟာ စစ်အစိုးရအဆက်ဆက်က ကျောင်းသားတွေကို ဖိနှိပ် သတ်ဖြတ်လာတဲ့ သမိုင်းမှာ အထင်ကရ သမိုင်းဝင် သွေးစွန်းတဲ့ နေ့တနေ့ ဖြစ်ပါတယ်။

ဒီနေ့ (၁၁-၁၂-၂၀၁၁) ရက်နေ့မှာ နေဝင်း စစ်အစိုးရရဲ့ ဦးသန့်ဈာပန ဆန္ဒပြကျောင်းသားတွေကို အကြမ်းဖက် သတ်ဖြတ်မှုဟာ ၃၇ နှစ် တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။



၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း ဦးသန့် ဟာ နယူးယောက်မြို့မှာ ကွယ်လွန်ခဲ့ပါတယ်။

ဦးသန့်ရဲ့ ရုပ်အလောင်းကို နယူးယောက်က ရန်ကုန်ကို သယ်ဆောင်လာတာ ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ရက်နေ့မှာ ရန်ကုန်ကို ရောက်လာပါတယ်။



ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ် အဖြစ် ၁၉၆၁ ခုနှစ်က ၁၉၇၁ ခုနှစ်အထိ စွမ်းစွမ်းတမံ တာဝန် ထမ်းဆောင်မှုတွေကြောင့် မြန်မာနိုင်ငံရဲ့ ဂုဏ် မြင့်တက်ခဲ့ပါတယ်။

အဲဒီလို မြန်မာ့ဂုဏ်ဆောင် ဦးသန့်လို ပုဂ္ဂိုလ်ကြီး ကွယ်လွန်တဲ့အခါမှာ နိုင်ငံတော်အစိုးရအနေနဲ့ နိုင်ငံတော်ဈာပန အဖြစ် ထိုက်ထိုက်တန်တန် ဂုဏ်ပြုပြီး ဂူဗိမာန် တည်ဆောက်ပေးရမယ့် အစား ဦးသန့်ရဲ့ ရုပ်အလောင်းကို နေဝင်းက သာမန်လူတယောက်လို ကြံတောသုသာန်မှာ မြှုပ်နှံစေပါတယ်။

ဦးသန့် ဟာ ဦးနု ရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတဦး ဖြစ်တာကြောင့်ရော၊ ဦးသန့် ကို နိုင်ငံတကာက ခေါင်းဆောင်တွေက လေးစားကြတာကို နေဝင်းက အကြီးအကျယ် မနာလိုတာကြောင့်ရော ဦးသန့် ကွယ်လွန်ပြီးတဲ့ အချိန်အထိ နေဝင်းက သူ့ရဲ့ ဦးသန့် အပေါ် မလိုမုန်းထားစိတ်ကို ပြောင်ပြောင်တင်းတင်း ပြသခဲ့တာပါ။ (သန်းရွှေတို့က ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတကာက လေးစားကြတာကို အကြီးအကျယ် မလိုမုန်းထားသလိုပေါ့။)



ဒါကို မခံမရပ်နိုင်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေက ဦးသန့်ရဲ့ ရုပ်အလောင်းကို လုယူပြီး ရန်ကုန်တက္ကသိုလ်ဝင်းထဲမှာ မြှုပ်နှံလိုက်ပါတယ်။ ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ မနက်မှာ နေဝင်း နဲ့ အောင်ကြီး ရဲ့ အမိန့်အရ ဒိုင်းနမိုက်နဲ့ ဖောက်ခွဲပြီး ဖျက်ဆီးပစ်လိုက်တဲ့ သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ နေရာမှာ မြှုပ်နှံတာပါ။

ပြီးတော့ နေဝင်းရဲ့ အာဏာရှင်အစိုးရကို ဆန့်ကျင်ရေး တရားပွဲတွေကို ရန်ကုန်တက္ကသိုလ်ကျောင်းဝင်းထဲမှာ ကျင်းပပါတယ်။ ရန်ကုန်မြို့နဲ့ အနီးတဝိုက်က ပြည်သူတွေက အဲဒီ နိုင်ငံရေးတရားပွဲတွေကို တခဲနက် အားပေးခဲ့ကြပါတယ်။ နေဝင်း အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ ကျောင်းသားတွေအတွက် အစားအသောက် နဲ့ ငွေကြေးကိုပါ တရားပွဲလာ ပြည်သူတွေက အားတက်သရော ထည့်ဝင် လှုဒါန်းခဲ့ကြပါတယ်။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့၊ မနက် ၂ နာရီမှာ နေဝင်း စစ်တပ်က ရန်ကုန်တက္ကသိုလ်ဝင်းထဲကို အကြမ်းဖက် စီးနင်းတိုက်ခိုက်ပြီး ကျောင်းသားသမဂ္ဂ အဆောက်အဦ နေရာက ဦးသန့် အုတ်ဂူကို ဖြိုချပြီး မြှုပ်နှံထားတဲ့ ဦးသန့်ရဲ့ ရုပ်အလောင်းကို တူးဖော်ပြီး ယူဆောင်သွားပါတယ်။

အဲဒီလို စစ်တပ်က ဝင်စီးတဲ့ အချိန်မှာ တွေ့တဲ့ ကျောင်းသားတွေကို နေဝင်းရဲ့ လက်ကိုင်တုတ် စစ်သားတွေက အကြမ်းဖက် ဖမ်းဆီးတဲ့အတွက် ကျောင်းသား ၁၀ဝ ကျော် ကျဆုံးခဲ့ပါတယ်။


(၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်နေ့မှာ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုကြောင့် ကျဆုံးသွားခဲ့တဲ့ ကျောင်းသားများကို အလေးပြုပါ၏။)

၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၇ ရက်၊ ၈ ရက်၊ ဆဲဗင်းဇူလိုင် ကျောင်းသားအရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဇွန်လ ၆ ရက်၊ အလုပ်သမား အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက်၊ ဦးသန့် ဈာပန အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို အလေးပြုပါ၏။

၁၉၇၆ ခုနှစ်မှာ စစ်အစိုးရ၏ ကွပ်မျက်ခြင်းကို ခံခဲ့ရသည့် အာဇာနည် သူရဲကောင်း ဗိုလ်ကြီးအုန်းကျော်မြင့်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၃ ရက်၊ ဖုန်းမော်အရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်း ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ မတ်လ ၁၆ ရက်၊ ရန်ကုန်မြို့၊ အင်းလျားကန် တံတားဖြူအနီး တံတားနီအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ ဇွန်လ ၂၁ ရက်၊ ရန်ကုန်မြို့၊ မြေနီကုန်းအရေးအခင်းတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၈၈ ခုနှစ်၊ သြဂုတ်လ နှင့် စက်တင်ဘာလ၊ ၈၈၈၈ ပြည်သူ့အရေးတော်ပုံမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၃ ခုနှစ်၊ မေလ ၃ဝ ရက်၊ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုတွင် လူထုခေါင်းဆောင်ကို ကာကွယ်ရင်း ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၂ဝဝ၇ ခုနှစ်၊ စက်တင်ဘာလ၊ ၂၈ ရက်၊ ၂၉ ရက်၊ သံဃာ့အရေးတော်ပုံတွင် ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။

၁၉၆၂ ခုနှစ်မှ ယနေ့အထိ လမ်းများ၊ ရဲအချုပ်များ၊ ထောင်များနှင့် စစ်ကြောရေးစခန်းများမှာ ကျဆုံးသွားသော အာဇာနည် သူရဲကောင်းများကို အလေးပြုပါ၏။


တာရာ

The 11th of December, 2011 marks the 37th anniversary of U Thant's funeral killings by Ne Win's soldiers.


On the 11th of December, 1974, more than 100 students were killed by Ne Win's soldiers in Rangoon University campus.

ငြိမ်းချမ်းရေး ဗိသုကာ ဦးသန့်

ခေါင်းစဉ်ကို နှိပ်ပြီး ဂုဏ်ယူ လေးစားဘွယ် မြန်မာ့သူရဲကောင်း ဦးသန့် မှတ်တမ်းတင် ဗွီဒီယို (YouTube ဗွီဒီယို) ကို ကြည့်နိုင်ပါတယ်။


11 December, 2011

ဒီနေ့ဆိုရင် စစ်ဘီလူးတွေ လက်ချက်နဲ့ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ကျဆုံးသွားတာ ၃၇ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ဒီ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ဟာ ရန်ကုန် တက်ကသိုလ်ဝင်းအတွင်းရှိ တက်ကသိုလ် ကျောင်းသားသမဂ အဆောက်အအုံ နေရာ မြေကွက်လပ်မှာ သူတို့ တည်ဆောက်ခဲ့ကြတဲ့ ဦးသန့် ရဲ့ အုတ်ဂူကို ကာကွယ်ရင်း ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် မနက် ၂ နာရီမှာ ကျဆုံးခဲ့ရတာပါ။

ကုလအတွင်းရေးမှူးချုပ်ဟောင်း မြန်မာ့သူရဲကောင်း ဦးသန့်ရဲ့ ရုပ်ကလပ်ကို ကြံတောသုသာန်မှာ မထင်မရှား မြှုပ်နှံဖို့ အတင်း စီစဉ်ခဲ့တဲ့ အာဏာရူး နေဝင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်ကို ၁၉၇၄ ကျောင်းသားတွေဟာ သူတို့ရဲ့ အသက်နဲ့လဲပြီး ဖျက်ခဲ့ကြတာပါ။

ဘာဖြစ်လို့ အဲဒီ ကျောင်းသားတွေဟာ ဦးသန့်ရဲ့ ရုပ်ကလပ်ကို သူတို့ရဲ့ အသက်ထက်မက တန်ဖိုးထားခဲ့သလဲ ဆိုတော့ ဦးသန့်ဟာ တခေတ်မှာ တယောက် ပေါ်ထွန်းဖို့ မလွယ်တဲ့ မြန်မာ့ သူရဲကောင်း မို့လို့ပါ။


ခေါင်းစဉ်ကို နှိပ်ပြီး ဂုဏ်ယူ လေးစားဘွယ် မြန်မာ့သူရဲကောင်း ဦးသန့် မှတ်တမ်းတင် ဗွီဒီယို (YouTube ဗွီဒီယို) ကို ကြည့်နိုင်ပါတယ်။

.
ခေါင်းစဉ်ကို နှိပ်ပြီး ဂုဏ်ယူ လေးစားဘွယ် မြန်မာ့သူရဲကောင်း ဦးသန့် မှတ်တမ်းတင် ဗွီဒီယို (YouTube ဗွီဒီယို) ကို ကြည့်နိုင်ပါတယ်။


11 December, 2011

ဒီနေ့ဆိုရင် စစ်ဘီလူးတွေ လက်ချက်နဲ့ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ကျဆုံးသွားတာ ၃၇ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ဒီ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ဟာ ရန်ကုန် တက်ကသိုလ် ကျောင်းသားသမဂ အဆောက်အအုံ နေရာ မြေကွက်လပ်မှာ သူတို့ တည်ဆောက်ခဲ့ကြတဲ့ ဦးသန့် ရဲ့ အုတ်ဂူကို ကာကွယ်ရင်း ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် မနက် ၂ နာရီမှာ ကျဆုံးခဲ့ရတာပါ။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်ကလပ်ကို ကြံတောသုသာန်မှာ မထင်မရှား မြှုပ်နှံဖို့ အတင်း စီစဉ်ခဲ့တဲ့ အာဏာရူး နေဝင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်ကို ၁၉၇၄ ကျောင်းသားတွေဟာ သူတို့ရဲ့ အသက်နဲ့လဲပြီး ဖျက်ခဲ့ကြတာပါ။

ဘာဖြစ်လို့ အဲဒီ ကျောင်းသားတွေဟာ ဦးသန့်ရဲ့ ရုပ်ကလပ်ကို သူတို့ရဲ့ အသက်ထက်မက တန်ဖိုးထားခဲ့သလဲ ဆိုတော့ ဦးသန့်ဟာ တခေတ်မှာ တယောက် ပေါ်ထွန်းဖို့ မလွယ်တဲ့ မြန်မာ့ သူရဲကောင်း မို့လို့ပါ။

ခေါင်းစဉ်ကို နှိပ်ပြီး ဂုဏ်ယူ လေးစားဘွယ် မြန်မာ့သူရဲကောင်း ဦးသန့် မှတ်တမ်းတင် ဗွီဒီယို (YouTube ဗွီဒီယို) ကို ကြည့်နိုင်ပါတယ်။


11 December, 2011

ဒီနေ့ဆိုရင် စစ်ဘီလူးတွေ လက်ချက်နဲ့ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ကျဆုံးသွားတာ ၃၇ နှစ် ပြည့်တဲ့နေ့ ဖြစ်ပါတယ်။

ဒီ အာဇာနည်ကျောင်းသား ၁၀ဝ ကျော် ဟာ ရန်ကုန် တက်ကသိုလ် ကျောင်းသားသမဂ အဆောက်အအုံ နေရာ မြေကွက်လပ်မှာ သူတို့ တည်ဆောက်ခဲ့ကြတဲ့ ဦးသန့် ရဲ့ အုတ်ဂူကို ကာကွယ်ရင်း ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၁ ရက် မနက် ၂ နာရီမှာ ကျဆုံးခဲ့ရတာပါ။

ကုလအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ ရုပ်ကလပ်ကို ကြံတောသုသာန်မှာ မထင်မရှား မြှုပ်နှံဖို့ အတင်း စီစဉ်ခဲ့တဲ့ အာဏာရူး နေဝင်းရဲ့ ယုတ်မာတဲ့ အစီအစဉ်ကို ၁၉၇၄ ကျောင်းသားတွေဟာ သူတို့ရဲ့ အသက်နဲ့လဲပြီး ဖျက်ခဲ့ကြတာပါ။

.
ခေါင်းစဉ်ကို နှိပ်ပြီး ကျောင်းသား ၁၀ဝ ကျော်ကို နေဝင်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ "ဦးသန့် ဈာပန လူသတ်ပွဲ" သမိုင်းမှန်ကို ဖတ်နိုင်ပါတယ်။

၁၉၇၄ ဦးသန့် ဈာပန အရေးတော်ပုံ ကျောင်းသား ခေါင်းဆောင်တဦး ဖြစ်တဲ့ ကိုထွန်းအောင်ကျော် (ABSDF ပထမဆုံး ဥက္ကဋ္ဌ) ကိုယ်တိုင် တာဝန်သိသိ ကြိုးစား ပြုစု ရေးသားထားတာပါ။


``ဦးသန့်ကို " -ါသယ်မ ခင်မေသန်း" မြှုပ်တဲ့ ကြံတောသင်းချိုင်းမှာ မြှုပ်တာကို ရဲဘော်တို့ သဘောတူပါသလား?´´

(၁၉၇၄ ဦးသန့် ဈာပန အရေးတော်ပုံ ကျောင်းသားခေါင်းဆောင် အာဇာနည် ဆလိုင်းတင်မောင်ဦး ၏ သမိုင်းဝင်စကား
၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့
ကျိုက္ကဆံကွင်း
ရန်ကုန်)

ခေါင်းစဉ်ကို နှိပ်ပြီး ကျောင်းသား ၁၀ဝ ကျော်ကို နေဝင်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ "ဦးသန့် ဈာပန လူသတ်ပွဲ" သမိုင်းမှန် အပြည့်အစုံကို ဖတ်နိုင်ပါတယ်။


ကိုတင်မောင်ဦးက ၀ိုင်းထိုင်နေတဲ့ အလယ်မှာ မတ်တတ်ရပ်ပြီး သူလက်ထဲမှာလဲ စက္ကူလိပ်တခုကို လိပ်ပြီး ကိုင်ထားပါသည်။ သူ့အမူအရာဟာ ကျားရဲတွေအလယ်က ခြင်္သေ့ကြီးနဲ့ တူပါသည်။

ကိုတင်မောင်ဦးက မေးလိုက်ပါတယ် ... ``ရဲဘော်တို့ ဦးသန့်ဟာ မြန်မာ့ ဂုဏ်ထူးဆောင် ခေါင်းဆောင်တဦးဖြစ်သလို ကမ္ဘာ့ခေါင်းဆောင်ကြီးလည်းဖြစ်ပါတယ်၊ ဒီလို ကမ္ဘာက အသိအမှတ်ပြုခံရတဲ့ ခေါင်းဆောင်တဦးကို နေ၀င်းစစ်အစိုးရက သာမန်လူတွေ မြှုပ်တဲ့ နေရာမှာ မြှုပ်နှံခွင့်ပေးတာကို ငါတို့ ဒီအတိုင်း ကြည့်နေမလား?´´

ထွန်းအောင်ကျော်တို့က ``ကြည့်မနေနိုင်ဘူး၊ ကြည့်မနေနိုင်ဘူး´´ လို့ ကြုံးအော်လိုက်ကြပါတယ်။

.
ခေါင်းစဉ်ကို နှိပ်ပြီး ကျောင်းသား ၁၀ဝ ကျော်ကို နေဝင်းစစ်တပ်က သတ်ဖြတ်ခဲ့တဲ့ "ဦးသန့် ဈာပန လူသတ်ပွဲ" သမိုင်းမှန် အပြည့်အစုံကို ဖတ်နိုင်ပါတယ်။


ကိုတင်မောင်ဦးက မေးလိုက်ပါတယ် ... ``ဦးသန့်ကို " -ါသယ်မ ခင်မေသန်း" မြှုပ်တဲ့ ကြံတောသင်းချိုင်းမှာ မြှုပ်တာကို ရဲဘော်တို့ သဘောတူပါသလား? ´´

``မတူဘူး၊ မတူဘူး´´

ဒီအသံကြီးဟာ ၎င်း တို့ လူစုတွင် မဟုတ်ဘဲ အနီးအနားက ၀ိုင်းအုံရောက်ရှိလာတဲ့ လူရာပေါင်းများစွာရဲ့ အသံဖြစ် ပဲ့တင်ထပ်လို့ သွားခဲ့ပါတယ်။

ဒေါ်လာစား နဲ့
mg ၊ zaw ၊ ဦးသူတော်၊ မှော်ဆရာ၊ အိုပါး (ခေတ္တကိုရီးယား)၊ တုတ်ကြီး (ခေတ္တနော်ဝေ)
အမည်တွေ သုံးပြီး ရေးတဲ့ စစ်အုပ်စု အလိုတော်ရိများသို့ ...


Nge Naing ဘလော့မှာရော၊ Myanmar Express ဘလော့မှာရော မင်းတို့ အမြဲ ထပ်တလဲလဲ ရေး ရေး နေတဲ့ "ဒီ အမျိုးသမီး၊ ဒီ အမျိုးသမီး .......... တွေ နောက်မီးလင်းတယ်" ဆိုတဲ့ ဇာတ်လမ်းအများစုက ကာယကံရှင် ဒီမိုကရေစီဘက်သား အမျိုးသမီးတွေကို နာမည်ပျက်အောင် မဟုတ်မမှန် လုပ်ကြံဖန်တီးပြီး တမင်သက်သက် လိုက်ရေးနေတာ စာဖတ်သူတွေက သိနေပြီကွ..

လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်း မဟုတ်ဘူး ဆိုတဲ့ ဇာတ်လမ်း တခုတလေကလဲ တစိတ်ကို တအိတ် လုပ်ပြီး ကြမ်းပိုးကို လိပ် ဖြစ်အောင် အမျိုးမျိုး ပုံကြီးချဲ့ပြီး ကာယကံရှင် ဒီမိုကရေစီဘက်သား အမျိုးသမီးတွေကို သိက္ခာကျအောင် ရည်ရွယ်ချက်ရှိရှိ အသရေဖျက်နေတာကလဲ ယိုသူမရှက်၊ မြင်သူရှက်ပဲကွ..

ဒါပေမယ့် မင်းတို့ "နောက်မီးလင်းတယ်" လို့ ပြောနေတဲ့ အမျိုးသမီးတွေက သာမန်ပြည်သူတွေ ဆိုတော့ သူတို့ရဲ့ အချစ်ဇာတ်လမ်းတွေကို စာဖတ်သူတွေက စိတ်မဝင်စားဘူးကွ..

တကဲ့ သမိုင်းဝင် အထင်ကရ နောက်မီးလင်း ဇာတ်လမ်းတွေကျတော့ မင်းတို့ မရေးဘဲ မေ့နေလို့ ငါ အောက်မှာ ရေးပေးမယ်..

>
အာဏာရူး နေဝင်းရဲ့ ဒုတိယမယား ခင်မေသန်း ( ကစ်တီဘသန်း ) ( Kitty Ba Than ) က ဆေးတက္ကသိုလ်(၁) ရဲ့ ပါမောက္ခချုပ် ဒေါက်တာဘသန်းရဲ့ သမီးပါ။

၁၉၅၃ ခုနှစ်မှာ ခင်မေသန်းရဲ့ လင်ကြီး ဒေါက်တာတောင်ကြီးက အမေရိကန်ပြည်မှာ ပညာသင် သွားနေတုန်းမှာ တဏှာရူး ကြာသမား နေဝင်း က ကြာများများ ခင်မေသန်းကို ကြာကူလီ ရိုက်တာပါ။ နေဝင်းက ကြာမခို ခိုအောင် ခင်မေသန်းက ကြာပစ်ထားတာကိုး။

ကြာကူလီနေဝင်း နဲ့ ခပ်ရှုပ်ရှုပ် ခင်မေသန်း ခြင်ထောင်ဇာတ်လမ်း စတဲ့အချိန်မှာ နေဝင်းက မယားကြီး ဒေါ်တင်တင်နဲ့ ပေါင်းနေတုန်းပါ။ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီးနဲ့ ပေါင်းနေတုန်းပါ။ နေဝင်းကလည်း မယားကြီး ဒေါ်တင်တင် ငုတ်တုတ်နဲ့၊ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့ လှေကြီးပေါ် လှေငယ်ဆင့်တဲ့ ဇာတ်ကို ကကြတာပါ။

ချဉ်ချဉ်တူးတူး မူးပြီးရော သဘောထားပြီး မိန်းမ ဆိုရင် တွေ့မရှောင်တဲ့ ရာဂဘီလူး နေဝင်း နဲ့ နန့်တန့်တန့် ရွတတ အရှုပ်အပွေမ ခင်မေသန်းနဲ့ တွေ့ကြတော့ ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ကြသလို ကွက်တိဖြစ်ပြီး ကြာဇာတ်ကား ရိုက်ကြတာပါ။

ခင်မေသန်း အဖေ ဒေါက်တာဘသန်းကလည်း မိန်းမနဲ့ ပတ်သက်လာရင် ဇ ရှိသူပါ။ ဒေါက်တာဘသန်းကလည်း မိန်းမ ရှုပ်ရာမှာ သားမက်ဖြစ်တဲ့ တွေ့မရှောင် နှာဘူး နေဝင်းထက် ညံ့သူ မဟုတ်ပါဘူး။

ဒေါက်တာဘသန်းဟာ အရပ်ပျက်မ မိန်းမပျက်တွေနဲ့တင် ပျော်ပါးတာ မဟုတ်ပါဘူး၊ အဲဒီခေတ်က အမျိုးကောင်းသမီး ဆရာဝန်မ၊ ဆေးကျောင်းသူ၊ အရပ်သူ အများအပြားကိုလည်း ခြေတော်တင်ပြီး ဖျက်ဆီးခဲ့တာပါ။ အဲဒီ အမျိုးကောင်းသမီးတွေထဲမှာ အိမ်ထောင်မရှိသူတွေသာ မက အိမ်ထောင်သည်တွေလဲ ပါပါတယ်။

ဒေါက်တာဘသန်း လက်အောက်က ဆရာဝန်မတွေ၊ တပည့် ဆေးကျောင်းသူတွေဟာ ဒေါက်တာဘသန်းရဲ့ ဖျက်ဆီးတာ မခံရတာတောင် အမျိုးကောင်းသမီး တယောက် ကာယိနြေ္ဒ ပျက်ပြားစေတဲ့ ပွတ်သပ် ကိုင်တွယ်တာကို ခံခဲ့ကြရတာပါ။

ယောက္ခမ ဒေါက်တာဘသန်း နဲ့ သားမက် နေဝင်းနဲ့ အပြိုင် နှာဘူးထကြတာ၊ ကြာကူလီ ရိုက်ကြတာ သမိုင်းဝင်မှတ်တမ်းတွေပါ။

ဒေါက်တာဘသန်း ရဲ့ သမီး Khin May Than (ခေါ်) Kitty Ba Than က လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့ ကြာကူလီ နေဝင်း နဲ့ နောက်မီးလင်းတာ သမိုင်းဝင် အထင်ကရ နောက်မီးလင်းဇာတ်လမ်းပါ။

>
ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဒေါက်တာဘသန်းဟာ အမျိုးသမီးများနဲ့ ပတ်သက်ပြီး နာမည်ပျက်များ ရှိပါတယ်။


ဖေဖေ့အစ်ကိုကြီး ဦးပုက မှတ်မှတ်ရရ ပြန်ပြောပြတာကတော့ ဆရာကြီး ဒေါက်တာဘသန်း အိမ်က ထမင်းစားပွဲတပွဲအပြီး ဆရာကြီးတို့သားအဖ (သမီး ဖြစ်သူ ကစ်တီဘသန်း ခေါ် ဒေါ်ခင်မေသန်း - အဲဒီတုန်းက အိမ်ထောင်မကျသေး) နှစ်ယောက် စန္ဒရားနဲ့ ဆိုတီး ဧည့်ခံတဲ့အကြောင်းပါ။

ကစ်တီဘသန်းက စန္ဒရားတီးပြီး ဆရာကြီးက သီချင်းဆိုပါသတဲ့။ သီချင်းကတော့ အဲဒီ ကာလက အလွန်ခေတ်စား လူကြိုက်များခဲ့တဲ့ “ချစ်ပွဲဝင်” ပါ။

ဦးကြီးပုက "အတော် အရှက်နည်းတဲ့လူတွေ။ “အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်....” ဆိုတဲ့ သီချင်းကိုများ သားအဖနှစ်ယောက် ဆိုတီးနေလိုက်ကြတာ။ ငါတို့ ဖြင့် မျက်နှာ ဘယ်ထားရမှန်း မသိဘူး" တဲ့။

ဆရာကြီးတို့က ခေတ်မီပွင့်လင်းကြဟန် ရှိပေမယ့် ရှေးရိုးသမား ဦးကြီးပုကတော့ ဒါကို ကြည့်မရတာ ဖြစ်ဟန် တူပါတယ်။

ဆရာကြီး ဒေါက်တာဘသန်းဟာ ကျွန်မဆေးတက္ကသိုလ် (၁) တက်နေတဲ့ကာလများ (၁၉၆၃-၁၉၇၀) မှာ ဆေး တက္ကသိုလ်(၁) ရဲ့ ပါမောက္ခချုပ်ဖြစ်နေပါတယ်။ အဲဒီကာလက ဆရာကြီး ဒေါက်တာဘသန်းဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမလည်း ဖြစ်နေပါပြီ။

ဆရာကြီး ဒေါက်တာဘသန်းဟာ ပညာရေးလောကမှာ နာမည်ကောင်းပေမယ့် တခြား နာမည်ပျက် များလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့ ပတ်သက်ပါတယ်။

ဖေဖေကတော့ ဆရာကြီးဟာ သူ ပညာသင်ပေးတဲ့ မြေရှင်ကြီး ရဲ့ သမီး၊ သူထက်လည်း အသက်ကြီးတဲ့ အမျိုးသမီးကြီးတဦးကို လက်ဆက်ထားရလို့ အိမ်ထောင်ရေး မသာယာဟန် ရှိတယ်။ ဒါကြောင့် အပြင်မှာ ပျော်ရွှင်မှု ရှာတာနဲ့ တူတယ်လို့ ဆိုဖူးတယ်။

၁၉၇၀ ခုနှစ်များမှာတော့ ဆရာကြီး ဒေါက်တာဘသန်း ပင်စင်ယူခဲ့ပြီး မကြာမီမှာပဲ နှလုံးရောဂါနဲ့ မကျန်းမမာ ဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာဘသန်း နှလုံးရောဂါနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ သတင်းကြားလို့ ရန်ကုန် ဆေးရုံကြီးမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မတို့ တပည့်ဟောင်းတွေ စုပြီး သွားရောက်သတင်းမေးခဲ့ကြပါတယ်။ ဆရာကြီးဟာ အဲဒီတုန်းက သူ့မြေးသမက် (ဒေါ်ခင်မေသန်းရဲ့ ပထမအိမ်ထောင်က ပါခဲ့တဲ့ သမီးကြီး လဲ့လဲ့ဝင်းရဲ့ ခင်ပွန်း) ဒေါက်တာ မျိုးသွယ် (ဆေးတက္ကသိုလ် (၂) ဆေးပညာပါမောက္ခ) ရဲ့ ကုသမှုကို ခံယူနေတာပါ။ ဆရာကြီး ဒေါက်တာဘသန်း နှလုံး ရောဂါ ခံစားနေရတယ်လို့သာ ယေဘုယျ သိခဲ့ရပါတယ်။

လမ်းဘေးသတင်းကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဆရာကြီး ဒေါက်တာဘသန်း ခံစားနေခဲ့ရတဲ့ ရောဂါဟာ သိန်းဖေမြင့်ရဲ့ “တက်ခေတ် နတ်ဆိုး” ထဲက ဇာတ်လိုက်မင်းသား ရတဲ့ ရောဂါမျိုး (ဆစ်ဖလစ်ရောဂါ) လို့ ဆိုကြတာပါပဲ။


လှကျော်ဇော

.
ဒေါ်ခင်မေသန်း က ဦးနေ၀င်းနဲ့ ဇာတ်လမ်းရှုပ်နေတဲ့အချိန်မှာ ဦးနေ၀င်းကို ဒေါ်ခင်မေသန်းက လာပြီး (ခေတ်စကားနဲ့ ပြော၇င်တော့) အီစီကီလီ လာလုပ်၇င် ဦးနေ၀င်း ရဲ့ လုံခြုံရေးမှုး ဗိုလ်မှုးကြီးတင်အုန်း (နောင် ထောင်ပိုင်ချုပ် ဖြစ်လာသူ) ဆီကနေ ဦးနေ၀င်းကို တွေ့ ခွင့်ရမှ တွေ့ ရတာပါ။

ဗိုလ်မှုးကြီးတင်အုန်းက တွေ့ ခွင့်မပေးရင် လုံးဝ မတွေ့ ရပါ။ ဒါကြောင့် ဒေါ်ခင်မေသန်းက ဗိုလ်မူးကြီးတင်အုန်းကို မျက်နှာချိုသွေး ဆက်ဆံ၇ပါတယ်။

ထို့ နောက် ဦးနေ၀င်းနဲ့ လက်ထပ်ပြီးနောက် တပ်မတော်ညစာစားပွဲမှာ ဒေါ်ခင်မေသန်းက အရင်က သူ အမြဲတမ်း အောက်ကြို့ပြီး ဆက်ဆံခဲ့ရတဲ့ သူ့ထက် အသက်ကြီးတဲ့ ဗိုလ်မှုးကြီးတင်အုန်း ကို "မောင်တင်အုန်း၊ နေကောင်းလား" လို့ နူတ်ဆက်သယောင်နဲ့  ပညာပြပါတယ်။

ဒီတော့ ဗိုလ်မှုးကြီးတင်အုန်း ကလဲ "အခုမှ ဇီးသီးသည် နဲ့ လာတွေ့ နေတယ်" လို့ ဒေါ်ခင်မေသန်းကို လူကြားထဲမှာ ပြန်ပြောလိုက်ပါတယ်။

ဒါကို ဒေါ်ခင်မေသန်းက ဦးနေ၀င်းကို သွားပြန်တိုင်တော့ ဦးနေ၀င်းက "နင့်ကို ပါးမရိုက်လိုက်တာ ကံကောင်း" လို့ ပြောပါတယ်။

ဒေါ်ခင်မေသန်း ဟာ အဲဒီလို ဘ၀မေ့သူပါ။

nyopyar88888

(Credit - ဒီမိုဝေယံ)