မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေ ရုပ်သံနှင့် စာသား (ဒေါက်တာမြင့်ချို)

မင်္ဂလာပါ။ အခုလို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေအကြောင်း ပြောကြားခွင့်ရတဲ့အတွက် လူ့အခွင့်အရေး လှုပ်ရှားနေသူတယောက်အနေနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ MDG Focus အဖွဲ့ကိုလည်း ကျေးဇူးတင်ပါတယ်။






  • လွန်ခဲ့တဲ့ ၆၃ နှစ် ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက လူသားတိုင်း ရယူခံစားထိုက်တဲ့ အခွင့်အရေးတွေကို ပြဌာန်းပေးထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို ထုတ်ပြန်ခဲ့ပါတယ်။
  • ကမ္ဘာ့နိုင်ငံပေါင်း (၄၈) နိုင်ငံ လက်မှတ်ရေးထိုး ထောက်ခံခဲ့ရာမှာ လွတ်လပ်ရေးရခါစ၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးခါစ မြန်မာနိုင်ငံလည်း ပါဝင်ခဲ့ပါတယ်။
  • အဲဒီကတည်းကစပြီး ဒီမိုကရေစီ အခြေခံလွတ်လပ်ခွင့်တွေ၊ ပညာရေးအခွင့်အရေး၊ ကျန်းမာရေး အခွင့်အရေး စသည်ဖြင့် လူ့အခွင့်အရေးတွေကို လေးစားလိုက်နာခဲ့တာရော နိုင်ငံတကာနဲ့လည်း တက်တက်ကြွကြွ ပူးပေါင်းဆောင်ရွက်ခဲ့တာတွေကြောင့်ပါ မြန်မာနိုင်ငံဟာ ကမ္ဘာ့အလယ်မှာ ဂုဏ်တင့်ခဲ့ရပြီး မြန်မာနိုင်ငံသားတွေဟာလည်း အများလေးစားမှုကို ခံခဲ့ရပါတယ်။
  • ဦးသန့်ဆိုရင် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ရာထူးကို (၂) ကြိမ်တောင်အရွေးခံရပြီး ကမ္ဘာ့လူ့အခွင့်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။
  • (၁၉၆၂ ) ခုနှစ် စစ်တပ်က ဒီမိုကရေစီအစိုးရကို ဖြုတ်ချပြီးအာဏာရှင်စနစ်ကို ထူးထောင်လိုက်ချိန်ကစပြီး မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူ့အခွင့်အရေး အချိုးဖေါက်ဆုံးနိုင်ငံ စာရင်းထဲ ရောက်ခဲ့ရပြီး နိုင်ငံရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး အဖက်ဖက်မှာ ချွတ်ခြုံကျခဲ့ရပါတယ်။
  • မြန်မာနိုင်ငံသားတွေဟာလည်း ဘယ်သွားသွား အများရဲ့ အထင်သေးမှုကို ခံခဲ့ရတာ အခုထိပါပဲ။
  • ကျနော်က အာဏာရှင်စနစ်အောက် ပြည်တွင်းစစ်မီးတောက်နေတဲ့ ကရင်ပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့ရပြီး ဆရာဝန်ဖြစ်တော့လည်း ကရင်ပြည်နယ်မှာပဲ လူထုကျန်းမာရေး လုပ်ငန်းကို လုပ်ခဲ့တဲ့အတွက် ကရင်ပြည်နယ်သားတွေရဲ့ လူ့အခွင့်အရေး ချိုးဖေါက်ခံရတာရော ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အဆင့်အတန်း နှိမ့်ကျနေရတာတွေပါ မြင်တွေ့ခံစားခဲ့ရပါတယ်။
  • ဆရာဝန်ဘ၀မှာ လူငယ်တွေနဲ့ ကျောင်းသားလူငယ်တွေကို ကျန်းမာရေးအခွင့်အရေး၊ ပညာရေးအခွင့်အရေးအကြောင်း ပညာပေးလို့ လူမှုရေးအဖွဲ့တခုဖွဲ့ပြီး ဦးဆောင်လှုပ်ရှားခဲ့လို့ ဖမ်းဆီးနှိပ်စက်ခံခဲ့ရသလို ဘ၀တူ နိုင်ငံရေး အကျဉ်းသားတွေရဲ့ ထောင်ထဲက လူ့အခွင့်အရေး ချိုးဖေါက် ခံရ မှုတွေကို သိခဲ့ကြားခဲ့ရပါတယ်။
  • - သမိုင်းဝင် ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ဖမ်းဝရမ်းအထုတ်ခံရလို့ နယ်စပ်ကို ထွက်ပြေးလာခဲ့ပြီး ထိုင်းမြန်မာနယ်စပ်တကြော တော်လှန်ရေးဆရာဝန်ဘ၀နဲ့ တာဝန်ထမ်းတော့လည်း ကရင်ဒေသ၊ မွန်ဒေသ၊ ကရင်နီဒေသနဲ့ ပအို့ဝ်ဒေသတွေက တိုင်းရင်းသားလူမျိုးစုတွေရဲ့ လူ့အခွင့်အရေး ဆုံးရှုံးမှုတွေကို ကိုယ်တွေ့ကြုံရ ခံစားရပြန်ပါတယ်။
  • ရွာတွေ မီးရှို့ခံရတာ၊ စိုက်ခင်းတွေ ဖျက်ဆီးခံရတာ၊ ယောက်ျားတွေကို သူပုန်အားပေးဆိုပြီး နှိပ်စက်တာ၊ ပေါ်တာဆွဲပြီး ညှင်းဆဲတာ၊ အမျိုးသမီးတွေကို အဓမ္မပြုကျင့်တာ၊ သတ်ပစ်တာတွေကိုလည်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရပါတယ်။ ပေါ်တာတွေနဲ့ မိန်းကလေးတချို့ကို ကျနော်ကိုယ်တိုင် ဆေးကုသပေးခဲ့ရပါတယ်။
  • အစိုးရရဲ့ ထိုးစစ်ကြောင့် တောထဲတောင်ထဲမှာ သူတို့တွေနဲ့အတူ ကျနော်ထွက်ပြေး ပုန်းအောင်နေရတုန်းမှာ စားစရာ ငတ်ပြတ်တာ၊ ငှက်ဖျားနဲ့ ၀မ်းရောဂါဖြစ်တာ၊ ဆေးဝါးမလုံလောက်လို့ ကလေးငယ်နဲ့ အဖိုးအဖွားတချို့ သေဆုံးခဲ့ရတာတွေ ကျနော်ကိုယ်တိုင် ကြုံတွေ့ခဲ့ရပါတယ်။
  • လွန်ခဲ့တဲ့ (၁၃) နှစ်ကာလမှာ ကျနော်က သြစကြေးလျားမှာ နေထိုင်ခွင့်ရလို့ ဒီဒုက္ခတွေက လွတ်မြောက်ခဲ့ပေမဲ့ ထိုင်းမြန်မာနယ်စပ်ကို ကျနော် ရောက်သွားတိုင်း သူတို့တွေ ဒီဒုက္ခတွေကို ဆက်ခံနေကြရတုန်းပဲဆိုတာ တွေ့ရ ကြားရပါတယ်။
  • ရက်စက်ယုတ်မာတဲ့ အာဏာရှင် ဗိုလ်ချုပ်ကြီးသန်းရွှေ စစ်အစိုးရက ဦးသိန်းစိန် ဦးဆောင်တဲ့ အမည်ခံ အရပ်သားအစိုးရကို အာဏာလွှဲပေးလိုက်ပေမဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေက အခုထိ ဆက်ရှိနေတုန်းပါပဲ။ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစု ဒေသတွေမှာ အင်မတန် အခြေအနေ ဆိုးပါတယ်။
  • ဦးသိန်းစိန် အစိုးရက နိုင်ငံရေးအကျဉ်းသား (၃၀၀) ကျော်လောက် လွှတ်ပေးတာ တချို့တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးနေတာ၊ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်နေတာတွေကို လုပ်ပေးပေမဲ့ တဘက်မှာ လူ့အခွင့်အရေးတွေကို ဆက်တိုက်ပိတ်ပင်ထားတာ၊ နိုင်ငံရေး အကျဉ်းသား (၁၀၀) လောက်ကို မလွှတ်ပေးသေးတာ၊ တိုင်းရင်းသား လူမျိုးစု လက်နက်ကိုင်အဖွဲ့တချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာ၊ အရပ်သားတွေကိုပါ ပစ်မှတ်ထားပြီး ပေါ်တာဆွဲတာ၊ လုယက်တာ၊ အဓမ္မ ပြုကျင့်တာ၊ သတ်ဖြတ်တာတွေ ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေတုန်းပါပဲ။ ဒီလူ့အခွင့်အရေး ချိုးဖေါက်မှုတွေဟာ စစ်ရာဇ၀တ်မှု၊ လူသားပြစ်မှုကို ဆန့်ကျင်တဲ့ နိုင်ငံတကာ ရာဇ၀တ်မှု အပြစ်တောင် ရောက်နေပြီ။
  • ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်တွေမှာ ပြည်သူတွေ သောင်းနဲ့သိန်းနဲ့ချီပြီး ရွာတွေကို စွန့်ခွာပြီး တောထဲမှာ ပုန်းနေရတုန်း နယ်စပ်ကိုဖြတ်ပြီး အိမ်နီးချင်းနိုင်ငံထဲမှာ ခိုလှုံနေရတုန်းပါပဲ။
  • ဒီလို လူ့အဃွင့်အရေး ချိုးဖေါက်မှုတွေကို ရပ်စဲရမည့်အစား ဒါကို လစ်လျူရှုပြီး ဦးသိန်းစိန်အစိုးရက ပြည်တွင်း နိုင်ငံရေး အင်အားစုတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက သူတို့အစိုးရကို အသိအမှတ်ပြု အကူအညီပေးလာအောင်ပဲ အာရုံစိုက်ပြီး လုပ်နေတာကို တွေ့နေရပါတယ်။
  • တချိန်တည်းမှာပဲ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ဟာလည်း ဦးသိန်းစိန် အစိုးရရဲ့ အပြုသဘော အပြောင်းအလဲ လုပ်ပေးမှုအပေါ် အကောင်းမြင်တဲ့ ပြည်တွင်းကရော၊ နိုင်ငံတကာကပါ သူတို့ကို ဖိအားတွေ ပေးလာတာကြောင့် နောက်ဆုံးမှာ ပါတီကို မှတ်ပုံပြန်တင်မယ်၊ လာ မဲ့ ကြားဖြတ်ရွေးကောက်ပွဲ ၀င်မယ်၊ လူထုအကျိုးရှိတဲ့ ကိစ္စတွေမှာ ဦးသိန်းစိန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ် ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်။
  • ကျနော်အပါအ၀င် လူ့အခွင့်အရေး လှုပ်ရှားနေကြသူတွေ အတော်များများက လက်ရှိအခြေအနေမျိုးမှာ ဒီဆုံးဖြတ်ချက်ချပြီး ရွေးကောက်ပွဲဝင်မှာကို သဘောမတွ့ကြပေမဲ့ NLD ရဲ့ ဘေးကြပ်နံကြပ် အနေအထားနဲ့ အခက်အခဲတွေကို နားလည်ပြီးလက်ခံပေးခဲ့ပါတယ်။
  • ဒီလိုအရေးကြီးတဲ့အချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံယုံကြည်ကြည်နဲ့ ၀န်းရံပြီး NLD က ဆက်ကြိုးပမ်းသွား မဲ့နိုင်ငံရေး အကျဉ်းသား အားလုံးလွှတ်မြောက်ရေး၊ တိုင်းရင်းသား လူမျိုးစုတွေကို စစ်ဆင်နေတာကို ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ (၂၀၀၈) ဖွဲ့စည်းအုပ်ချုပ်ပုံ ပြင်ဆင်ရေး လုပ်ငန်းတွေကို ထောက်ခံအားပေးသွားဖို့ လိုပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သံသယအကျိုး ခံစားခွင့်ပေးသင့်ပါတယ်။
  • တချိန်တည်းမှာပဲ သမ္မတ ဦးသိန်းစိန်နဲ့ လွှတ်တော် ဥက္ကဌတွေ၊ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်တို့ရဲ့ ခြေလှမ်းတွေ၊ လုပ်ဆောင်ချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့် အကဲခတ်နေကြဖို့ လိုပါတယ်။
  • ဒီလို ပုဂ္ဂိုလ်တွေ အားလုံးဟာ ပြီးခဲ့တဲ့ အစိုးရလက်ထက် စစ်ခေါင်းဆောင်တွေ ဖြစ်ခဲ့ကြသလို နိုင်ငံတကာကို လှည့်ဖြားခဲ့တဲ့ မှတ်တမ်းတွေ ရှိသူတွေပါ။
  • ဦးသိန်းစိန်က အဲဒီသူတွေရဲ့ အထောက်အခံမရှိဘဲ ရှေ့ဆက် ပြုပြင်ပြောင်းလဲရေး လုပ်ဖို့မလွယ်ပါဘူး။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ဆို ဖွဲ့စည်းပုံ အခြေခံဥပဒေ အရ အချိန်မရွေး အာဏာသိမ်းနိုင်ခွင့် အပ်နှင်းထားတာမို့ စစ်တပ်က လုပ်ချင်သလို လုပ်လို့ရနေပါတယ်။
  • ဒီအခြေအနေကို ကြည့်ခြင်းအားဖြင့် လူ့အခွင့်အရေးအခြေအနေတွေ ချက်ချင်း တိုးတက်လာဖို့လမ်း မမြင်ပါဘူး။
  • ဒါကြောင့် ကျနော်တို့ နားလည်ကြရမှာက လက်ရှိ ဦးသိန်းစိန် အစိုးရအနေနဲ့ သူ့ဖါသာသူ စိတ်ကောင်းဝင်သွားပြီး လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကို ရပ်ပေးမှာ မဟုတ်ပါဘူး။
  • နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း တူညီတဲ့ သဘောထားတခု ချမှတ်မှု မရှိဘဲနဲ့ ထိထိရောက်ရောက် အရေးမယူဘဲနဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်ဖို့ လက်ရှိအစိုးရကို မလုပ်နိုင်ပါဘူး။
  • NLD ရဲ့ လက်ရှိ ဦးသိန်းစိန် အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မှု သက်သက်နဲ့လည်း ဒီအခွင့်အရေး ချိုးဖေါက်မှုတွေ ရပ်တန့်သွားအောင် မလုပ်နိုင်ပါဘူး။
  • ဒါကြောင့် ဒီသုံးချက်စလုံးအပေါ် အခြေခံပြီး ကြိုးပမ်းကြရပါလိမ့်မယ်။
  • တချို့ကပြောကြပါတယ်။ တို့တွေ သြစကြေးလျားမှာ နေကြတာမို့ ဘာမှသိပ်ထွေထွေထူးထူး လုပ်နိုင်မယ်မထင်ဘူးတဲ့။ ကျနော် ဒါကို လက်မခံနိုင်ဘူး။
  • တကယ်တော့ ကျနော်တို့တွေ သြစကြေးလျားမှာ ရောက်နေကြပေမဲ့ မြန်မာပြည်ထဲက လူတွေလောက် မလုပ်နိုင် မကူနိုင်ပေမဲ့ ကျနော်တို့တွေ လုပ်နိုင်တာတချို့ ရှိနေပါသေးတယ်။
  • (၁) သြစကြေးလျား အစိုးရအနေနဲ့ ရှိပြီးသားဖိအားတွေ၊ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု (sanction) တွေကို နိုင်ငံရေး အကျဉ်းသားတွေ မလွှတ်မချင်း၊ လူမျိုးစုတွေကို စစ်ဆင်တိုက်ခိုက်နေတာတွေ အပါအ၀င် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ မရပ်မချင်း၊ အားလုံးဝါ၀င်တဲ့ တွေ့ဆုံဆွေးနွေးရေး မစမချင်း ဆက်ထိန်းထားဖို့ တောင်းဆိုနိုင်တယ်။
  • (၂) ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ တိုင်းရင်းသား အင်အားစုတွေကို အပြည့်အ၀ ဘက်ပေါင်းစုံက ထောက်ခံကူညီပေးဘို့ သြစကြေးလျ အစိုးရကို တောင်းဆိုနိုင်တယ်။
  • (၃) မြန်မာနိုင်ငံအတွင်းက လူထုနဲ့ နယ်စပ်ဒေသမှာ ရှိနေကြတဲ့ တိုင်းရင်းသား လူမျိုးစု အားလုံးကို လူသားချင်းစာနာတဲ့ အကူအညီတွေ ပို့ပေးဘို့ သြစကြေးလျားအစိုးရကို တောင်းဆိုနိုင်တယ်။
  • (၄) သြစကြေးလျား လွှတ်တော်အမတ်တွေကိုလည်း ဒီမိုကရေစီ လိုလားတဲ့ မြန်မာပြည်ထဲက လွှတ်တော်အမတ်တွေကို ပံ့ပိုးပေးဘို့ တောင်းဆိုနိုင်တယ်။
  • (၅) သြစကြေးလျားက လူထုအခြေပြု အဖွဲ့အစည်းတွေကိုလည်း မြန်မာနိုင်ငံထဲမှာ ဖွဲ့စည်းလှုပ်ရှားနေတဲ့ မြန်မာ့အလုပ်သမား သမဂ္ဂတွေ၊ ကျောင်းသားသမဂ္ဂတွေ၊ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့အစည်းတွေ၊ ဘုန်းကြီးတွေ ဦးစီးတဲ့ စာသင်ကျောင်းတွေ၊ အခမဲ့ ဆေးကုပေးနေတဲ့ ကျန်းမာရေး အဖွဲ့အစည်းတွေကို ကူညီပေးဘို့ တိုက်တွန်းနိုင်တယ်။
  • (၆) သြစကြေးလျားက သတင်းမီဒီယာ သမားတွေကိုလည်း မြန်မာနိုင်ငံသို့သွားပြီး မြန်မာသတင်းသမားတွေနဲ့ တွဲပြီး လူ့အခွင့်အရေးကိစ္စတွေအကြောင်း အမှန်တရားတွေကို ဖေါ်ထုတ်လုပ်ကိုင်ဖို့ တိုက်တွန်းနိုင်တယ်။
  • (၇) ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်းသား လူမျုးစုတွေကို ပံ့ပိုးထောက်ခံတဲ့ လှုပ်ရှားမှုတွေ၊ လှုံ့ဆော်မှုတွေ၊ Campaign တွေကို လုပ်နိုင်တယ်။
  • (၈) သြစကြေးလျားမှာ လုပ်တဲ့ မြန်မာလူ့အခွင့်အရေး လှုပ်ရှားမှုတွေကိုလည်း ပါဝင်ပူးပေါင်းဆောင်ရွက်ကြဘို့ မြန်မာနဲ့ သြစကြေးလျား မိတ်ဆွေတွေကို စည်းရုံးနိုင်တယ်။
  • (၉) မြန်မာနိုင်ငံထဲက နိုင်ငံရေး အကျဉ်းသားတွေ၊ HIV/AIDS ရောဂါသည်တွေ၊ နာတာရှည်ရောဂါသည်တွေ၊ ဆင်းရဲလို့ ကျောင်းမထားနိုင်တဲ့ ကျောင်းသားနဲ့ ကလေးငယ်တွေကိုလည်း ကိုယ့်ချွေးနှဲစာထဲက ငွေနဲ့ ကူညီ နိုင်သလို သြစတြေးလျ မိတ်ဆွေကိုလည်း ကူညီဖို့ တိုက်တွန်းနိုင်ပါတယ်။

အခုလို ဂရုတစိုက် အလေးပေး နားထောင်ပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။

ဆစ်ဒနီမှာ ကျင်းပတဲ့ ၆၃ ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားမှာ ဒေါက်တာမြင့်ချို ပြောတဲ့ မိန့်ခွန်းပါ။

ရွှင်လန်းချမ်းမြေ့ကြပါစေ။



50 comments:

လာလည်ပါတယ်
ဘလော့က သိပ်တော့မမိုက်ဘူး
နောက်လည်းမလာတော့ပါဘူး

.

"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်



"စစ်တပ်ဆိုတာ ပစ်ရင် မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။"

ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့



"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)



"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"

ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
၎ - ၉ - ၂ဝ၁ဝ ရက်ည



"ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေကို ထပ်လွှတ်ပေး​မလား" ​လို့ ​မေး​တာကို ​ဦး​သိန်း​စိန် ဖြေပုံ

" `ယုံကြည်ချက်​ကြောင့်´​ ဆိုတဲ့​ဟာက​တော့​ ​ပြောရမှာ ခက်တယ်။
ကျ​နော်တို့က `ယုံကြည်ချက်´ ဆိုတာက​တော့​ လက်မခံဘူး​။
ဥပ​ဒေတခုခုကို ကျူးလွန်ထားတဲ့​ အတွက်​ကြောင့်​ ကျ​နော်တို့က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။
သူလိုပဲ ပြစ်မှု ကျူးလွန်ထား​တဲ့​သူ​တွေလည်း​ အကျဉ်း​ထောင်ထဲမှာ အများကြီး​​ ​ရှိတယ်။"

ဦး​သိန်း​စိန်
သမ္မတ သတင်း​စာရှင်း​လင်း​ပွဲ
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်



"ဒီမှာ ယူနီဖောင်းနဲ့၊ မင်းတို့ကို သေနတ်နဲ့ ပစ်သတ်လို့ ရတယ်ကွ"

ဗိုလ်အောင်အောင်လတ်
စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂)
ကော့သောင်း
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်

"စစ်တပ်ကိုအာခံရင် ဓါး ဓါးချင်း၊ လှံ လှံချင်း ဖြိုခွင်းသွားမယ်"

ဓါး ဓါးချင်း၊ လှံ လှံချင်း

ဓါး ဓါးချင်း၊ လှံ လှံချင်း၊ Face to Face ရင်ဆိုင်ဖို့ပဲ

(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ကျောင်းသားနဲ့ ပြည်သူတရပ်လုံးကို မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားတဲ့ မိန့်ခွန်း)



ကျနော် တိုင်းပြည် တာဝန်ယူတဲ့ အချိန်မှာ တက္ကသိုလ်ကျောင်းသားများရဲ့ စည်းမဲ့ကမ်းမဲ့ ဘဝကို ပြင်ရမဲ့ တာဝန်ပါ ကျရောက်နေလို့ တပ်မတော်ရဲ့ အင်အား တစိတ်တဒေသကို သုံး၍ ဖြေရှင်းလိုက်ပါတယ်။
အခု ဖြစ်တဲ့ ကိစ္စဟာ ကျောင်းသားကိစ္စ တခုတည်း မဟုတ်ဘဲ နိုင်ငံရေး အမှောင့်ပယောဂများ ဖမ်းစားတယ် ဆိုတာ ရိပ်စားမိပါတယ်။
ကျနော်တို့ကို အလုပ် ပျက်ကွက်အောင် ရည်စူးပြီး တမင် လုပ် လုပ်နေကြတယ် ဆိုရင်တော့ ကျနော် နောက်ထပ် ဘာမျှ မပြောလိုပါဘူး။
ဓါးကို ဓါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာ ရှိပါတယ်။


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်

.
"စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" (ဗွီဒီယို) ခေါင်းစဉ်ကို နှိပ်ပြီး "ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဗွီဒီယိုကို ကြည့်ရှုနိုင်ပါတယ်။


(မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ)


"နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူ လုပ်လို့ရှိရင်တော့ စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်။
မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။
အဲဒီတော့ နောင်ကို ဆူဆူပူပူ လုပ်မယ် ဆိုရင်တော့ရင် တပ်ကို သုံးလို့ ရှိရင်တော့ အဲဒါ ဆူတဲ့လူတွေ မသက်သာဘူးသာ မှတ်ပေတော့"


ဗိုလ်ချုပ်ကြီးနေဝင်း
၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့


http://www.youtube.com/watch?v=TDRK4z5JZxc


("မြန်မာ့သတ်မတော်ရဲ့ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဖြစ်တဲ့ "စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ဆိုတာကို မြန်မာတွေ ကြားဖူးကြပေမယ့် အဲဒီလို ပြောတဲ့ "ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ လူသတ်သြဝါဒ" ဗွီဒီယိုကို ကြည့်ဖူးသူဟာ အတော် နည်းပါတယ်။ ဒီသမိုင်းဝင်မိန့်ခွန်းကို မကြည့်လိုက်ရ မရှိရလေအောင် "စစ်တပ် ဆိုတာ ပစ်ရင် မှန်အောင် ပစ်တယ်" ခေါင်းစဉ်ကို နှိပ်ပြီး ကြည့်ရှုနိုင်ပါတယ်။)

"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်" ခေါင်းစဉ်ကို နှိပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။


(မြန်မာ့သတ်မတော်ရဲ့ ဒုတိယ ဖခင်ကြီး ကာကွယ်ရေးဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ လူသတ်သြဝါဒ)


"အစိတ်သားတောင် မချန်နဲ့၊ မင်းတို့ အကုန်လုံးကို ရှင်းပစ်"

(= ကိုယ်ဝန်ဆောင်တောင် မချန်နဲ့၊ ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်)


ဗိုလ်ချုပ်မှူးကြီးသန်းရွှေ
နှုတ်မိန့်
၁၉၉ရ ခုနှစ်
စစ်ဆင်ရေး လေးလပတ် (စစ်ရုံးချုပ် အစည်းအဝေး)


("အစိတ်သား" ဆိုသော တပ်တွင်းသုံးစကား၏ အဓိပ္ပာယ်ကို ဗိုလ်မှူးအောင်လင်းထွဋ် ၏ ရှင်းပြချက်
"အစိတ်သား တောင် မချန်နဲ့" ဆိုတဲ့ဥစ္စာက ကိုယ်ဝန်ပေါ့ဗျာ။
ကိုယ်ဝန်ကို တပ်ထဲမှာ "အစိတ်သား" လို့ ကျနော်တို့ ခေါ်တာကိုး။
"ဗိုက်ထဲမှာရှိတဲ့ ကလေးတောင် မချန်နဲ့၊ အကုန်လုံးကို သတ်ပစ်" ဆိုပြီးတော့ တရားဝင်အမိန့် ပါ။
တရားဝင်အမိန့်ဆိုတာ စစ်ဆင်ရေးအစည်းအဝေးတစ်ခုမှာ နှုတ်မိန့်ပေါ့ဗျာ။
စာနဲ့တော့ ဘယ်သူမှ မထုတ်ပါဘူး။ နှုတ်မိန့်နဲ့ ပြောလိုက်တဲ့စကားပါ။)

"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်" ခေါင်းစဉ်ကို နှိပ်ပြီး ပြန်လည် လေ့လာ ဖတ်ရှုနိုင်ပါတယ်။


"စစ်တပ်ကို လာစမ်းရင် အကုန်လုံး သေချင်းဆိုးနဲ့ သေသွားမယ်"

("ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ" ဆင်နွှဲ အပြီးတွင် ခလရ-၅၉ ပဲခူးတပ်မှ ဗိုလ်ကြီးသိဒ္ဓိစိုး နှင့် တပ်သား မောင်ထွန်း တို့၏ တပ်မှ တပ်သားတဦးက ပဲခူးမြို့၊ ဇိုင်းဂနိုင်း တောင်ပိုင်းရပ်ကွက်နေ ပြည်သူများကို လမ်းဘေးစရိုက်ဖြင့် မိုက်မိုက်ရိုင်းရိုင်း စိန်ခေါ် စော်ကားသော စကား)



စစ်တပ်ကို စမ်းချင်တဲ့ကောင် စမ်း၊ သေချင်းဆိုးနဲ့ သေသွားမယ်။


"ပဲခူး၊ ဇိုင်းဂနိုင်း ပြည်သူသတ်ပွဲ"
( မောင်အောင်သူဟိန်း နှင့် မောင်စိုးပိုင်ဇော် ကို မသေမချင်း ပစ်သတ်မှု )
ဆင်နွှဲခဲ့သော ခလရ-၅၉ ပဲခူးတပ်မှ
ဗိုလ်ကြီးသိဒ္ဓိစိုး ၏ ရဲဘော် တပ်သားတဦး
၎ - ၉ - ၂ဝ၁ဝ ရက်ည

" `ယုံကြည်ချက်​ကြောင့် အကျဉ်း​ကျ​နေသူ​တွေ´ မရှိပါဘူး" ခေါင်းစဉ်ကို နှိပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။


"ယုံကြည်ချက်​ကြောင့်​ အကျဉ်း​ကျ​နေသူ​တွေ (နိုင်ငံရေးအကျဉ်းသားတွေ) ကို ထပ်လွှတ်ပေး​မလား" ​လို့ ​မေး​တာကို ​ဦး​သိန်း​စိန် ဖြေပုံ

" `ယုံကြည်ချက်​ကြောင့်´​ ဆိုတဲ့​ဟာက​တော့​ ​ပြောရမှာ ခက်တယ်။ ကျ​နော်တို့က `ယုံကြည်ချက်´ ဆိုတာက​တော့​ လက်မခံဘူး​။ ဥပ​ဒေတခုခုကို ကျူးလွန်ထားတဲ့​ အတွက်​ကြောင့်​ ကျ​နော်တို့က ဒါ အ​ရေး​ယူထား​တာဖြစ်ပါတယ်။ သူလိုပဲ ပြစ်မှု ကျူးလွန်ထား​တဲ့​သူ​တွေလည်း​ အကျဉ်း​ထောင်ထဲမှာ အများကြီး​​ ​ရှိတယ်။"

ဦး​သိန်း​စိန်
သမ္မတ သတင်း​စာရှင်း​လင်း​ပွဲ
အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီ
၂၀၁၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်

.
"ဒီမှာ ယူနီဖောင်းနဲ့၊ မင်းတို့ကို သေနတ်နဲ့ ပစ်သတ်လို့ ရတယ်ကွ" ခေါင်းစဉ်ကို နှိပ်ပြီး လေ့လာ ဖတ်ရှုနိုင်ပါတယ်။


"ဒီမှာ ယူနီဖောင်းနဲ့၊ မင်းတို့ကို သေနတ်နဲ့ ပစ်သတ်လို့ ရတယ်ကွ"

ဗိုလ်အောင်အောင်လတ်
စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂)
ကော့သောင်း
၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ၁၆ ရက်

ကော့သောင်းမြို့လယ်တွင် အရာရှိတစ်ဦးအပါဝင် စစ်သားတချို့ မှုးယစ်ရမ်းကားမှု ဖြစ်ပွား

၁၆ ဒီဇင်ဘာ၊ ၂၀၁၁၊ ကော့သောင်း

ကော့သောင်းမြို့နယ် အဏ္ဏာဝါရပ်ကွက် ရွှေသီရီကုန်မာဆိုင် ရှေ့တွင် ယနေ့နေ့လည် ၁၂နာရီ ၁၅ မီနစ်ခန့်တွင် စ.က.ခ (၂၀) လက်အောက်ခံ တပ်ရင်း (၅၈၂) မှဗိုလ်အောင်အောင်လတ်၊ အရာခံဗိုလ်အောင်ကျော်နိုင်၊ တပ်ကြပ်ကြီး မြင့်လှိုင် ၊ ယာဉ်မောင်တပ်သားတစ်ဦး (အမည်မသိ )မောင်းနှင်းလာသောကား နံပတ်ကြယ်၁၃၉၀(မ) သည် ရွှေသီရိကုန်မာဆိုင်ရှေ့ ဘေးတွဲမော်တော်ဆိုင်ကယ်ရှေ့တွင်ထိုးရပ်ပြီး အရာခံ ဗိုလ်အောင်ကျော်နိုင်မှ ဘေး တွဲဆိုင်ကယ်မောင်းနှင်းသူ ကိုနိုင်ဝင်းနိုင်ထံမှ ကွမ်းယာတောင်းစားရာမှ ကွမ်းယာမရ၍ ဘေးတွဲမောင်းသမား ကိုနိုင် ၀င်းအား ကိုယ်ထိလက်ရောက် ခဲ့မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။

၎င်းဖြစ်ပွားခဲ့ပုံနှင့် ပက်သက်ပြီး ဘေးတွဲမောင်သူ ကိုနိုင်ဝင်းက “ ကျွန်တော်က ဒီရွှေသီရိရှေ့မှာဘေး တွဲအငှားလိုက်ပါတယ် အဲဒါ နေ့လည် (၁၂.၀၀) လောက်မှာ အဲဒီစစ်ကားက ကျွန်တော်ဘေးတွဲဆိုင်ကယ်ရှေ့လာ ရပ်ပြီး ကားပေါ်မှ အရာခံဗိုလ်ဆင်းလာပြီး ကွမ်းတောင်းစားတော့ ကွမ်းမရှိကြောင်းပြောတော့ ကျွန်တော်ကို ပြသာ နာစရှာတော့တာပါပဲ မင်းကအချိုးမပြေဘူး မင်းအချိုးပြင်လိုက်ဆိုပြီး ကျွန်တော်ကို ရှိခိုးတောင်းပန်ခိုင်းပါတယ်။ ကျွန်တော်ကလည်းကျွန်တော်မှာ အပြစ်မရှိဘဲ မတောင်းပန်နိုင်တော့ အဲဒီ အရာခံဗိုလ်အောင်ကျော်နိုင်က ကျွန်တော်ပါးကိုရိုက်လိုက်ပါတယ်။ အဲဒီမှာ ပဲ့ချိတ်ဆွဲနေသူ ကိုအောင်ဝင်းမှ ၀င်ရောက်တားတော့ ကိုအောင်ဝင်းကိုပါ ကားပေါ် ပါ ဗိုလ်အောင်အောင်လတ်က ရိုက်ဖို့ရွယ်တော့ ဘေးမှာရှိတဲ့လူတွေ ၀ိုင်းလာတော့ မရိုက်ဖြစ်တော့ပါဘူး ဟု” ဘေးတွဲဆိုင်ကယ်သမား ကိုနိုင်ဝင်းက သူ့ကြုံတွေ့ခဲ့ရပုံကို ပြောပြပါတယ်။

“ဒီမှာယူနီဖောင်းနဲ့မင်းတို့ကိုသေနတ်နဲ့ပစ်သတ်လို့ရတယ်ကွဟု ဗိုလ်အောင်အောင်လတ်ကြိမ်းမောင်း ခဲ့တယ် ဒါပေမယ့် သူတို့မှာတော့သေနတ်မပါဘူးလို့” ကိုယ်တိုင် ပါးရိုက်ခံခဲ့ရသူ ကိုနိုင်ဝင်းက ပြောပါတယ်။

၎င်းကောင်းဖြစ်ရပ်နဲ့ ပက်သက်ပြီး ပြည်သူ့ကိုကာကွယ်စောင့်ရှောက် ရမည့်တပ်မတော်သားများက ပြည်သူတွေကိုအနိုင်ကျင့်ဆော်ကားသည့်အပေါ်မကြေနပ်ကျသည့်အနီနားရှိပဲ့ချိတ်မောင်းသမားများကကိုနိုင်ဝင်းနှင့် အတူ ကော့သောင်းအခြေချစစ်ဗျူဟာ ကိုတိုင်တန်းထားကြောင်း သိရှိရပါတယ်။

ကော့သောင်းသားတစ်ဦး

မြန်မာစစ်တပ်က ကောင်တွေက စစ်ခွေး တွေလေ

ပြည်သူ့တပ်မတော်သားတွေမှ မဟုတ်တာ

စစ်ခွေး သေနာပတိချုပ် နေဝင်း နဲ့ စစ်ခွေး သေနာပတိချုပ် သန်းရွှေ တို့ရဲ့ လူသတ် စစ်ခွေးဝါဒနဲ့ မွေးထုတ်ပေးထားတဲ့ စစ်ခွေးတွေလေ

စစ်ခွေး ဘောင်းဘီချွတ် သိန်းစိန်က ဒီမိုကရေစီ စနစ်ကို ကျင့်သုံးနေပါပြီ လို့ သာ လိမ်နေတာ

ချိတ်ထမိန်ဝတ် အရပ်သားအရေခြုံ သိန်းစိန်ခေတ်မှာလဲ စစ်ခွေးတွေက နအဖ စစ်ခွေးခေတ်တုန်းကလိုပဲ

အခုလဲ အရင်ကလိုပဲ စစ်ခွေးတွေက ပြည်သူတွေကို ဆက်လက် ရမ်းကားနေတုန်းပဲ

ဒီလို ဘာမှေ -ာက်ဆင့် မရှိတဲ့ စစ်ခွေးတွေက (( ဒီမှာ ယူနီဖောင်းနဲ့၊ မင်းတို့ကို သေနတ်နဲ့ ပစ်သတ်လို့ ရတယ်ကွ )) လို့ ပြည်သူတွေကို စော်ကားရဲနေတုန်းပဲ

ဒါကို ကြည့်ရင် လူယောင်ဆောင်ထားတဲ့ သိန်းစိန် စစ်ခွေးအစိုးရက စစ်ခွေးတွေရဲ့ ပြည်သူအပေါ် ဥပဒေမဲ့ အနိုင်ကျင့်မှုတွေကို အရင်ကလိုပဲ အရေးမယူတာ ထင်ရှားနေပြီပဲ

ဒီလိုပဲ စစ်ခွေးတွေက လူသတ်လက်နက် အားကိုးနဲ့ ပြည်သူတွေကို ဆက်ပြီး ရမ်းကားနေတာ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီလား

စစ်ခွေးတွေက (( ဒီမှာ ယူနီဖောင်းနဲ့၊ မင်းတို့ကို သေနတ်နဲ့ ပစ်သတ်လို့ ရတယ်ကွ )) လို့ ပြောတာ မြန်မာပြည်မှာ လူ့အခွင့်အရေးတွေ တိုးတက်နေပါတယ် ဆိုတာလား

စစ်တပ်က ရက်စက်ပါတယ်
ဟုတ်ပါတယ်
ဒါပေမယ်. ABSDF လောက်တော. မရက်စက်ပါဘူး
ABSDF ကအကြောင်းတွေရေးတဲ. ဘလော.ဂါ မငယ်နိုင်ကြီး အိပ်ပျော်နေပြီထင်ပါရဲ.
ABSDF ရက်စက်တဲ့အကြောင်းတွေ ပလူပျံနေပြီ ပိုစ်.လေးတစ်ခုလောက် တင်ပါအုံးလား

ပေါင်
Nge Naing အိပ်မပျော်ပါဘူး။ ကျွန်မရေးတဲ့ ABSDF ဘ၀အတွေ့အကြုံဖတ်ချင်ရင် C-Box ဘေးနာမှာ ကပ်လျှက်ရှိနေတဲ့ Label အောက်က အပေါ်ဆုံးခေါင်းစဉ်မှာ ABSDF တောတွင်း ဘ၀ပုံရိပ်များဆိုတဲ့ ခေါင်းစဉ်နဲ့ ပို့စ် ၂၆ ခုတောင် ရှိပါတယ်။ အချိန်ယူပြီး အားရပါးရ သွားဖတ်ပါ။ ဒါတွေဟာ ABSDF သမိုင်းမဟုတ်ဘူး ABSDF မှာ ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှုတွေသာ ဖြစ်တယ်။ ဒီဘလော့ဂ်ဟာ သူများရေးတဲ့ ကောင်းနိုးရာရာလေးတွေကို ပြန်ဖေါ်ပြတာကလွဲရင် ကျန်တာအားလုံး ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှုတွေ ရေးထားတဲ့ ဘလော့ဂ်ဖြစ်တယ်။ ကျွန်မ ဘ၀ဖြတ်သန်းမှု မဟုတ်တဲ့ အတွေ့အကြုံတွေကို ကျွန်မ မရေးဘူး။ ဒီလောက်ဆို ရှင်းလိမ့်မယ်ထင်တယ်။

အောက်ဖေါ်ပြပါသူတွေက ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ခေါင်းဖြတ် အသတ်ခံရသူတွေဖြစ်တယ်။ ရဲဘော်၊ တပ်ကြပ်ကြီး၊ ဗိုလ်ကြီး ဆိုတဲ့ အမည်တွေဟာ အဲ့ဒီကာလက ကျောင်းသားတပ်မတော်ရဲ့ ရာထူးတွေအဖြစ်အသုံးပြုထားခြင်းဖြစ်ပါတယ်။

(၁) ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။

(၂) ကိုချိုကြီး ( မန္တလေး)

စစ်ဆေးရေးကာလတွင် ဗိုက်ပေါ်တွင် မီးရှို့ခံရခြင်း၊ လက်ဝါးကပ်တိုင်တွင် လက်များကို သံချောင်းဖြင့် ရိုက်နှက်စစ်ဆေးခံရခြင်း၊ ကိုကျော်ဝေအား ခေါင်းဖြတ်သည့်နေ့တွင် လက်ဝါးအရင်းပိုင်းမှ ခုတ်ဖြတ်ခံရခြင်း၊ ခေါင်းဖြတ်သည့်အခါတွင်၊ ထူးခြားစွာဖြင့် တည်ငြိမ်စွာ ခုတ်ဖြတ်ခံသွားပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)

ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၇) တပ်ကြပ်ကြီး တူးတူး ( မြစ်ကြီးနား)

ခေါင်းဖြတ်ခံနီးတွင် ဆုတောင်းခိုင်းသောအခါ၊ မည်သည့်စကားတလုံးမှ မဆိုပဲ၊ ခေါင်းဖြတ်သတ်ခံရ၊

(၈) ကိုလှမြင့် ( တပ်ကုန်း)

ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ မိမိမှာ ထောက်လှမ်းရေး မဟုတ်ကြောင်း၊ ပြင်းထန်စွာငြင်းဆန်သွားပါသည်။

(၉) ရဲဘော် ရန်အောင် ( ရန်ကုန်)

ခေါင်းဖြတ်သောအခါ ပြန်ထလာသဖြင့်၊ ရင်ဘတ်အား သေနတ်ဘက်နက် ဖြင့် ထိုးသတ်ခံရ၊

(၁၀) တပ်ကြပ်ဋ္ဌေးမြင့်ဝင်း ( ရန်ကုန်)

အပတ်စဉ် (၅) သင်တန်းကာလ၊ တပ်တွင်းဆွေးနွေးပွဲတွင်၊ ကိုမျိုးဝင်းအား ပြင်းထန်စွာ ဝေဖန်ခဲ့သဖြင့်၊ ခေါင်းဖြတ်သတ်ခါနီးတွင်၊ ကိုမျိုးဝင်းမှ၊ “ ဟေ့ကောင် မင်း ငါ့ကို အပတ်စဉ် (၅) တုံးက ပြောသလို ပြောနိုင်သေးလားဟု အငြိုးကြီးစွာ မေးခဲ့သည်ကို ကျနော်ကိုယ်တိုင်နားဖြင့်ကြားရပြီး၊ ဋ္ဌေးမြင့်ဝင်းမှ သေနတ်နှင့် ပစ်သတ်ပေးရန်တောင်းဆိုသဖြင့်၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၁) ရဲမေ မခင်ချိုဦး ( ရန်ကုန်)

အသတ်ခံရခါနီးတွင်၊ ငိုယိုရှစ်ခိုးတောင်းပန်သော်လည်း၊ ရဲဘော်များအားလုံးရှေ့တွင် ကိုယ်တုံးလုံးချွတ်ပြီး၊ သေနတ်ဖြင့် ပစ်သတ်ခံရပါသည်။

(၁၂) ဗိုလ်သာဓု ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံခဲ့ရ

( ၁၃) ရဲဘော်အောင်အောင် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၄) ရဲဘော်အေးမြင့် ( ကသာ)

ခေါင်းဖြတ်သတ်ခံရသည်

(၁၅) တပ်ကြပ်ကြီး သောင်းမြင့် ( စစ်ကိုင်းတိုင်း)

ခေါင်းဖြတ်သတ်ခံခဲ့ရသည်

(၁၆) ရဲဘော် သက်နိုင် ( ရန်ကုန်)

ခေါင်းဖြတ်သတ်ခံရ

(၁၇) ပြည်စိုးနိုင် ( ရန်ကုန်)

ညတွင်းချင်းပင် ဖမ်းဆီးခံရခါ၊ လိုင်စင် ကဲ့သို့ ရေခဲသောအရပ်တွင် မြေကြီးထဲတွင် ကိုယ်ကို မြှုပ်ခါ၊ ခေါင်းလေးသာ ဖေါ်ထားပြီး နှိပ်စက်ခဲ့ပါသည်။ ဘုန်းနှိမ့်စေရန် မခင်ချိုဦးအား ခေါင်းပေါ်သို့ ကျော်ခွ ခိုင်းခဲ့ကြသည်။ ထို့နောက် ဥနှောက်အမြေးပါးယောင် ရောဂါအခံရှိသော ပြည်စိုးနိုင် သည် ဦးခေါင်းကို ရိုက်နှက်ပါ များသည့်အတွက်၊ မနက်ရောက်သောအခါ၊ စစ်ဆေးရင်းသေဆုံးသွားခဲ့ရပါသည်။ မခင်ချိုဦးနှင့်လည်းဖောက်ပြန်နေသည် ဟု စွပ်စွဲခံခဲ့ရပါသည်။

အထက်ပါစာရင်းထဲမှာ ကိုကျော်ဝေ ( မန္တလေး) နဲ့ ပြည်စိုးနိုင် တို့က ဖေဖေါ်ဝါရီ (၁၅) ရက်သတ်ဖြတ်ခံရမှုထဲမှာ စာရင်းမကြေငြာခဲ့ပါဘူး။ စာရင်းမကြေငြာပဲ အသတ်ခံရသူတွေက

(၁) ကိုကျော်ဝေ ( မန္တလေး)

(၂) ကိုစိုးဝင်းသန်း ( မန္တလေး)- KIA ဆေးရုံမှာတက်နေစဉ်၊ သန်းဇော် နှင့် လူတစုမှလာရောက်ခေါ်ဆောင်သွားခါ အာသံကုန်းတွင် သတ်ဖြတ်ခဲ့သည်။

(၃) ကိုဝင်းနောင် (ရန်ကုန်) ဧပြီလဆန်းပိုင်းအတွင်း ဗန်းမော်ခရိုင်မှာ အသတ်ခံရ၊

(၄)ကိုရန်ရှင်း (ရန်ကုန်)- ရက်စက်စွာနှိပ်စက်ခံခဲ့ရပြီး ခုတ်ထစ် သတ်ဖြတ်ခံခဲ့ရသည်

(၅) ဦးကျော်ကျော်ဘုန်း ( ခရိုင်မှူး) - ရှေ့တန်းမှာ လူမဆန်စွာ ညှင်းပမ်းနှိပ်စက် သတ်ဖြတ်ခံခဲ့ရသည်

ဒုတိယပိုင်းမှာ စစ်ကြောရေးစခန်းတွင် သေဆုံးခဲ့သူ (၁၄) ယောက်နှင့် ကျောင်းသားတပ်မတော် ( မြောက်ပိုင်း) စစ်ကြောရေးစခန်းနှင့်အကျဉ်းထောင်မှာ တာဝန်ယူခဲ့သူများရဲ့နာမည်စာရင်းတွေ၊ အဖြစ်အပျက်တွေကို တင်ပြသွားပါမယ်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

(၅) ရဲဘော် ကျော်ကျော်မင်း (မုံရွာ)

သေဒဏ်ချမှတ်လိုက်သည်ဟု အမိန့်စာပြန်သောအခါတွင်၊ အောက်ပိုင်း ရုတ်တရက်သေ၊ မိမိကိုယ်မှ သေးထွက်မှန်းကို မိမိမသိသည်အထိ၊ ထိတ်လန့်ခါ၊ ခေါင်းဖြတ်မည့်နေရာသို့ တွဲခေါ်ယူခဲ့ရပါသည်။

(၆) ရဲဘော် မောင်မောင်ကြွယ် ( ရန်ကုန်)

ဒေါ်ချိုချိုကျော်ငြိမ်း၏ မွေးစားသားဟုဆိုသည်။ အပတ်စဉ် (၅) ကာလတွင်၊ ကိုမျိုးဝင်းအား အများဆုံးဝေဖန်ခဲ့သူဖြစ်သည်။ မိမိ၏ပါးစပ်အား တိတ်ဖြင့်ကပ်ခါ၊ ကိုမျိုးဝင်း ကို အသံတိတ်ဆန္ဒပြခဲ့သည်။ ကျောင်းသားတပ်ထောက်လှမ်းရေးများ၏ ( အထူးသဖြင့် ကိုမျိုးဝင်းမှ ညှင်းပမ်းနှိပ်စက်ခဲ့) ခေါင်းဖြတ်သတ်ခံခဲ့ရပါသည်။

(၃) ရဲဘော် ကျော်ဝေ ( မန္တလေး)

ဦးခေါင်းအား ထင်းတုံးပေါ်တင်ပြီး၊ ကိုမျိုးဝင်းမှ ခေါင်းဖြတ်သတ်ခဲ့ပါသည်။ အသတ်မခံရသေးချိန်တွင်၊ တောင်းပန်သေးသော်လည်း အသတ်ခံရမည်ကို သိသောအခါ၊ ဓမ္မစစ် ကျောင်းသားကွ၊ မင်းတို့ သတ်လို့ ငါသေပေမဲ့၊ ငါ့ဝိညာဉ်မသေဘူးကွ၊ ကျော်ဝေ- ဓမ္မစစ် ကျောင်းသားကွ၊ သတ်လိုက် ရတယ် လို့ အော်ဟစ်သွားခဲ့ပါသည်။ စစ်ကြောရေးကာလတွင်လည်း မိုင်းခွဲပွဲတွင် လက်ကို မိုင်းခွဲခံရခါ လက်ဖြတ်ပစ်ရသူဖြစ်ပါသည်။

(၄) ရဲဘော် အောင်ဖိုး ( ရန်ကုန်)

ကိုသံချောင်း၊ ကိုမျိုးဝင်း၊ ကိုအောင်နိုင်တို့မှ ကော်မတီဝင်များနေထိုင်ရာ တည်းစခန်းရှေ့သို့ခေါ်ယူပြီး ခြေထောက်တွင် မိုင်းအပျော့စားကပ်ပြီး၊ မိုင်းခွဲခါ ခြေဖြတ်ခံရ၊ ( ထိုမိုင်းခွဲပွဲတွင်) မငယ် ( နန်းအောင်ထွေးကြည်) အပါအဝင် နှိပ်စက်ခံခဲ့ရသော်လည်း၊ ကံကောင်းထောက်မစွာ၊ လက်မိုင်းခွဲမခံခဲ့ရ၊ နောက်ပိုင်းတွင် ထိုခြေပြတ်ဘဝနှင့်ပင်၊ ခေါင်းဖြတ်သတ်ခံရပါသည်။

စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးလို့ မမှန်မကန် အစွပ်စွဲခံရပြီး လူမဆန်စွာ နှိပ်စက်ခံရပြီး ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင်မှာ ခေါင်းဖြတ် အသတ်ခံရသူ

ကျောင်းသားခေါင်းဆောင်စစ်စစ် ထွန်းအောင်ကျော် (ဓါတ်ပုံ)


အချိန်မတန်ခင် လွင့်ပျောက်ခဲ့ရတဲ့ ခွပ်ဒေါင်းကြယ်ပွင့်

ကိုထွန်းအောင်ကျော် ( ကျောင်းသားတပ်မတော်ဥက္ကဋ္ဌ၊ မန္တလေး)

သံပြားအားမီးဖုတ်ပြီး ပေါင်ခြေသလုံးထံ ကပ်ထားခြင်း၊ ဗိုက်ပေါ်သို့ ကတ္တရာစီးပြားများကို မီးရှို့၊ အစက်ချ မီးမွှေးခြင်း၊ သံချောင်းများကို မီးဖုတ်ခါ၊ ပေါင်အတွင်းသို့ ထိုးသွင်းခြင်း၊ စိတ်ဓါတ်ပျက်ပြားခြောက်ခြားစေရန်၊ ကိုကျော်ဝေကို ထင်းတုံးပေါ်တင်ပြီး ခေါင်းဖြတ်သတ်ထားခါ၊ ထိုခေါင်းပြတ်မှ၊ ပန်းထွက်နေသော သွေးများကို၊ သောက်ခိုင်းခြင်း၊ ကိုချိုကြီး၏ လက် ကို လက်ကောက်ဝတ်မှ ခုတ်ပြတ်သော်လည်း၊ ခုတ်ချက်မမှန်ကာ၊ လက်ဝါးအရင်းပိုင်းမှ ပြတ်ထွက်ခါ၊ ( လက်မ တချောင်းထဲပင် ကျန်ထားပါသည်)၊ ထိုလက်ပြတ်အား ကိုက်ထားခိုင်းခြင်း၊ ခေါင်းဖြတ်သတ်ခံရချိန်ထိ၊ ဒုတ်ကောက်ဖြင့်သာလမ်းလျှောက်နိုင်ပြီး၊ အသတ်ခံလိုက်ရချိန်တွင်၊ ခေါင်းမပြတ်သဖြင့်၊ ပြန်ထလာသည်ကို၊ ပေါက်ပြားနောက်ဖင်ဖြင့်၊ ရိုက်ချ သတ်ခံရပါသည်။



https://www.facebook.com/photo.php?fbid=142927169151838&set=a.142927165818505.27159.100003036666936&type=1&theater

၁၂-၂-၁၉၉၂ ရက်မှာ ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ကချင်ပြည်နယ်၊ ပါဂျောင်မှာ ခေါင်းဖြတ်သတ်ခံရတဲ့ ကျောင်းသား (၁၅) ယောက်အပြင် ABSDF စစ်ကြောရေးစခန်းမှာ သံချောင်း၊ အောင်နိုင်၊ မျိုးဝင်း၊ လှဆိုင် (လှဆောင်) အပါအဝင် AB စစ်ကြောရေးအဖွဲ့ဝင်များရဲ့ လူမဆန်သည့် ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက် ရှိပါသေးတယ်။

မတရား ဖမ်းဆီးနှိပ်စက်ခံရတဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၈၀) ကျော်ထဲက စုစုပေါင်း (၂၉) ယောက် အသက်ဆုံးခဲ့ရတာပါ။

ညှင်းပန်းနှိပ်စက်မှုကြောင့် သေဆုံးခဲ့တဲ့ ကျောင်းသားတပ်မတော်ရဲဘော် (၁၄) ယောက်ကတော့ -

(၁) ရဲဘော် စိုးမင်းအောင်
(၂) ဗဟိုကော်မတီဝင် ဦးစိန်
(၃) ရဲဘော် ပြည့်စိုးနိုင် ( ရန်ကုန်)
(၄) ရဲဘော် အေးကျော်
(၅) ရဲဘော် ကျော်ဋ္ဌေး
(၆) ရဲဘော်ကျော်ကျော်ဦး
(၇) ဒုအရာခံဗိုလ် အောင်ကိုး ( ဗန်းမော်)
(၈) တပ်ကြပ်ကြီး ဇော်ဝင်းချစ် (ဗန်းမော်)
(၉) ဗဟိုကော်မတီဝင် ခင်မောင်အေး (စစ်ကိုင်း)
(၁၀) ရဲဘော်တင့်လွင် ( မြစ်ကြီးနား)
(၁၁) အောင်မင်း ( မန္တလေး)
(၁၂) အရှည်ကြီး ဝင်းသိန်း
(၁၃) ရဲဘော် စိုးကြီး
(၁၄) ရာကွတ်ဘိုင် ( တရုပ်ပြည်၊ ယင်ကျန်း)

ခေါင်းစဉ်ကို click လုပ်ပြီး ကိုထွန်းအောင်ကျော် (ABSDF (မြောက်ပိုင်း) ဥက္ကဋ္ဌ) ဓါတ်ပုံကို ကြည့်နိုင်ပါတယ်။


Ko Ko Gyi - Who is he ?

Khin Maung Htway - ကိုထွန်းအောင်ကျော် (ABမြောက်ပိုင်း) ကချင်နယ်မြေမှာ အသတ်ခံလိုက်တဲ့ ခေါင်းဆောင်ကောင်း တစ်ဦးပါ။ လူခြင်းတော့ မရင်းနှီးပါ သူအကြောင်းတွေ ကြားဘူးရင်း နဲ့ လေးစားမိသူတစ်ဦးပေါ့

Maungmaung Skw - အိမ်မှာအမြဲလာတတ်တဲ့-အိမ်မှာဖိုးညီနဲ့အစည်းအဝေးတွေအမြဲလာလုပ်တတ်တဲ့သူ-----ဒေါက်တာသန်းအောင်နဲ့ဒေါက်တာရှီလာစန်းစန်းမြင့်တို့ရဲ့သား-ရော်နယ်အောင်နိုင် တို့အဖွဲ့ကဒေါက်တာနိုင်အောင်ရဲ့သဘောတူ ခွင့်ပြုချက်နဲ့ခေါင်းဖြတ်အသတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင်စစ်စစ် ထွန်းအောင်ကျော် လေ--------

Maungmaung Skw - Sorry-ဒေါသတကြီးရေးလိုက်လို့ သဒ္ဒါမှားသွားတယ်-ဒေါက်တာတွေရဲ့သားလူသတ်သမား က ရော်နယ်အောင်နိုင်---

Moe Sal - ခု..သတင်းတခု..ရထားပါတယ် မခင်မင်းဇော်ဆီကပါ ခု အေဘီမြောက်ပိုင်းကို ဦးစီးပြီးပြန်ဖွင့်တဲ့ လှဆောင် ဟာ..ကိုထွန်းအောင်ကျော်တို့ကို သတ်ခဲ့တဲ့ ဦးစီး လူသတ်သမားအဖွဲ့ကပါ။ ဟိုတလောက မြောက်ပိုင်းမှာ ဌါနချုပ်ပြန်ဖွင့်ခဲ့ပါတယ်။...

Recent comments @ Ko Maung Maung Wann's FB


Nge Naing said...

ကျွန်မ.. ကို Zaw Lin Htwe ပြောတာကို လုံးဝ လက်ခံပါတယ်။ အခုချိန်မှာ ဘယ်လိုဖြစ်သွားတယ် ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်သူတွေ တရားခံဖြစ်တယ်၊ ဘာကြောင့် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီး တရားခံတွေကို အရေးမယူခဲ့တာလဲ စတဲ့ အဖြစ်မှန်ကို သိလိုတာပဲ ရှိတယ်။ တာဝန်ရှိတဲ့သူတွေ၊ ပါဝင်ပတ်သက်သူ အသီးသီးရဲ့ အသံကို ကြားချင်တယ်။ အဖြစ်မှန်ကို သိပြီးရင် ဒါတွေဟာ မှားခဲ့တာကို မှားပါတယ်လို့ ၀န်ချတောင်းပန်ရမယ်။ နောက်နောင် ဘယ်သောအခါမှ ဒီလိုအဖြစ်ဆိုးမျိုး မဖြစ်အောင် ဘယ်လိုကာကွယ်ရမယ် ဆိုတာ အားလုံး အဖြေထုတ်ရမယ်။ အခုချိန်မှာသူတို့ညှင်းဆဲခဲ့တဲ့အတိုင်း ကျူးလွန်ခဲ့တဲ့သူ တယောက်ယောက်ကို ပြန်ညှင်းဆဲနေရတာကို တွေ့ရင်တောင် ကျွန်မဟာ ၀မ်းသာမှာ မဟုတ်သလို လက်ခံမှာလည်း မဟုတ်ဘူး။ အာဂါတဆိုတာ ဘယ်သူ့အတွက်မှ ဘာမှ အကျိုးမရှိဘူး။ အမှုမှန်ပေါ်ပြီး အမှန်အတိုင်း ဘယ်သူဘာလဲဆိုတာ သဲသဲကွဲကွဲ သိရဖို့ကသာ အခုချိန်မှာ အရေးကြီးဆုံး ဖြစ်တယ်။ <ဒါလည်းပဲ အဲဒီ Status အောက်မှာ ကျွန်မ ရေးခဲ့တဲ့ မှတ်ချက်ဖြစ်တယ်။)

Recent comments @ Ko Maung Maung Wann's FB


Nyunt Shwe said...

ဒီကိစ္စဟာ တောင်းပန်ရုံနဲ့ ပြီးသွားရမဲ့ကိစ္စမဟုတ်ဘူး။ တည်ဆဲဥပဒေအရ ကျကျနန စစ်ဆေးပြီး ထိုက်တန်တဲ့အပြစ် ပေးကိုပေးရမဲ့ကိစ္စဖြစ်တယ်။

ဒါ့ကြောင့် ဘယ်လောက်ပဲသိသိ သိသူတွေက အမှန်အတိုင်းဖော်ထုတ်၊ အဲဒီ ကွင်း(ဂွင်း)ဆက်တွေကို ဆက်ယူပြီး အမှုတွဲလုပ်ဖို့လိုပါတယ်။

အခု အထိတော့ တာဝန်ရှိသူတွေ ဘယ်သူလဲဆိုတာ အတိအကျစာရင်းနဲ့တန်းစီထားတာ မတွေ့သေးသလိုပဲ။

သိသူတွေက အဖြစ်မှန်ကိုလဲ တင်ပြပါ၊ ဘယ်သူတွေ တာဝန်ရှိတယ်ဆိုတာလဲ တန်းစီပြပါ။ အသတ်ခံရ အညှင်းဆဲခံရသူတွေကို ကိုအောင်မိုးဝင်း တန်းစီပြသလို တန်းစီပြပါ။

အားလုံးကို ကျေးဇူးတင်ပါတယ်။

နောက်နောင်ကို ဒီလို ဆိုးရွားလှတဲ့ လူသတ်ပွဲကြီးတွေ၊ လူမဆန်တဲ့ နှိပ်စက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုကြီးတွေ လုံးဝ မဖြစ်အောင် ကာကွယ်ဖို့ အလွန် အရေးကြီးပါတယ်..

အဲဒီလို ကာကွယ်နိုင်ဖို့အတွက် အကျည်းတန်လှတဲ့ အတိတ်က ဖြစ်ရပ်ဆိုးကြီးထဲက သင်ခန်းစာယူရပါမယ်..

ကျောင်းသားတပ်မတော် တပ်ဖွဲ့ဝင် အများစုဟာ ရိုးသားဖြူစင်ပြီး ပြည်သူ့အတွက် စွန့်လွှတ် ပေးဆပ်လိုမှု သက်သက်သာ ရှိတဲ့ အရိုးခံ ကျောင်းသားတွေပါ..

အဲဒီလို အစဉ်အလာကောင်းခဲ့တဲ့ ကျောင်းသားတပ်မတော်သမိုင်းကို ညစ်နွမ်းစေခဲ့တဲ့ အောင်နိုင် (ခေါ်) ရော်နယ်အောင်နိုင် ( Ronald Aung Naing ) ၊ သံချောင်း ၊ မျိုးဝင်း ၊ လှဆောင် (ခေါ်) လှဆိုင် အပါအဝင် လူရမ်းကားတစုက ကျောင်းသားတပ်မတော် (မြောက်ပိုင်း) အလံတော်အောက်မှာ မင်းမဲ့စရိုက်နဲ့ နှိပ်စက် သတ်ဖြတ်မှုတွေရဲ့ သမိုင်းမှန်ကို အမှန်အတိုင်း မှတ်တမ်းတင်နိုင်ဖို့ လိုပါတယ်..

ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က - (1)

Written by ပန်းချီထိန်လင်း
2011-12-19


များသောအားဖြင့် ဒီလိုခေါင်းစဉ်မျိုးဟာ ကျဖမ်း စကားပြောပြိုင်ပွဲတွေမှာ မဲပေါက်တတ်တဲ့ ခေါင်းစဉ်မျိုးပါ။ ဟုတ်တာ မဟုတ်တာအပထား စိတ်ထဲရှိတာ လျောက်ပြီး အချိန် မစေ့မချင်း ပြောရတော့တာပေါ့။ ဒါပေမယ့် အခုကတော့ စိတ်ကူးတည့်ရာ မဟုတ်ဘဲ တကယ်ကို သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက အကြောင်းကို ပြောမလို့ပါ။



ပန်းချီထိန်လင်း တယောက် သန်းကြွယ် သူဌေး ဖြစ်ခဲ့တုန်းက ဘ၀ ဆိုတော့ သစ်ကုန်ကူးတဲ့ အကြောင်းပဲ ပြောပြမှာလား၊ ကျောက်အောင်ခဲ့တာပဲ ဖတ်ရမလားလို့ စာဖတ်သူက တွေးကောင်း တွေးမိနိုင်ပေမယ့် ကျွန်တော့်အကြောင်း သိကြတဲ့ အများစုကတော့ ပေါက်တတ်ကရ၊ ကမောက်ကမတွေ ဖြစ်ခဲ့တဲ့အထဲက တခုခုကို ဘာလုပ်ဇာတ် ခင်းလာဦးမလဲ မသိဘူးလို့ ကြိုတင် တွေးနေလောက်ပါပြီ။ ဟုတ်ပါတယ် ခုပြောပြမယ့် အကြောင်းကတော့ ပိုက်ဆံ သန်းချီချမ်းသာတဲ့ သန်းကြွယ် သူဌေးတယောက် ဘ၀မဟုတ်ပဲ ကိုယ့်ချစ်ဦးခေါင်းမှာ သန်းလေးတွေဝေ ဆိုတဲ့ နောက်တီးနောက်တောက် သီချင်းလို သန်းဂျီးမတွေ ကြွယ်ဝခဲ့တဲ့ တခါက ဘ၀လေး တခုကို ရေးပြမလို့ပါ ခင်ဗျ။ ကျွန်တော်ကိုယ်က သန်းတွေအကြောင်း မပြောခင် သန်းရှာခြင်း ယဉ်ကျေးမှု အကြောင်း ပထမ ပွါးချင်ပါ သဗျ။



လွန်ခဲ့တဲ့ ခြောက်လလောက်က စာရေးဆရာမ ခက်မာရေးတဲ့ အက်ဆေးလေးတခုမှာ ခေါင်းမှာတွယ်တဲ့ သန်းတွေအကြောင်း ဖတ်ခဲ့ရကတည်းက ဒီစာလေးကို ရေးချင်ခဲ့တာပါ။ ပြောရရင်တော့ သူရဲ့ သန်းတွေအကြောင်း ဖတ်ရင်း ကိုယ်ပါ ယားလာတယ် ဆိုပါတော့ဗျာ။

ကမ္ဘာကသိတဲ့ မြန်မာပန်းချီဆရာကြီး ပေါ်ဦးသက်ရဲ့ ရေဆေး ကာတွန်းပန်းချီကားလေးတွေထဲမှာ ရှေ့နောက် တန်းစီပြီး သန်းထိုင်ရှာနေတဲ့ မိန်းမတွေကို မကြာခဏ ဆွဲပြခဲ့ဘူးတာ အမှတ်ရသဗျ။ ကျွန်တော်တို့ ငယ်ငယ် ရုပ်ရှင် ဇာတ်ကားတွေထဲက အတင်းပြောတဲ့ ဇာတ်ဝင်ခန်းတွေမှာ မိန်းမတွေ (တချို့လည်း ရင်ရှားနဲ့) တန်းစီပြီး သန်းရှာကြ၊ သန်းတုပ်ကြရင်း၊ အတင်းပါ တုပ်ကြတဲ့ပြကွက်မျိုးတွေလည်း မကြာခဏ ကြည့်ခဲ့ဘူးကြပါလိမ့်မယ်။



ငယ်ငယ်က ရွာမှာ နေ့လည်၊ နေ့ခင်းဆိုရင် အရိပ်ကောင်းတဲ့ မန်ကျဉ်းပင်ကြီးအောက်မှာ မိန်းမကြီးတွေဟာ သူတို့ ဘီးဆံထုံးတွေ ဖြေချပြီး ဆံပင်ဖါးယားကြီးတွေနဲ့ တန်းစီထိုင်ပြီး တယောက်ခေါင်းကို တယောက်ဖွပြီး သန်းရှာ သန်းတုပ်နေကြတာ အမြဲ တွေ့ရပါတယ်။ သန်းတုတ် သန်းရှာကောင်းတဲ့သူဟာ ရွာမှာ တော်တော်လေး ပေါ်ပြူလာ ဖြစ်တယ်ခင်ဗျ။ နောက်ပြီး သန်းရှာကောင်းတဲ့သူဆိုရင် ရွာထဲမှာ ဟိုလူကခေါ်ရှာခိုင်း ဒီလူကခေါ်ရှာခိုင်းရင်းနဲ့ လူတကာနဲ့ ဆက်ဆံရတာမို့ သတင်းကလည်း သူ့ဆီမှာ စုံတတ်သဗျ။ ဒါကြောင့် တချို့ က သန်းရှာတဲ့ နေရာကို သန်းမရှိပေမယ့် သတင်းစုံ အတင်းစုံကြားချင်လို့ လာကြတာလဲ ရှိသဗျ။ အခုခေတ် သတင်း သိချင်လို့ အွန်လိုင်းပေါ် တက်ကြသလိုပေါ့ခင်ဗျာ။ အဲဒီထဲမှာမှ စောစောက သန်းရှာကောင်းတဲ့ သူတွေကျတော့ ခုခေတ် သတင်းပေါင်းချုပ် ဘလော့ဂ်ဂါ ဒေါက်တာလွဏ်းဆွေတို့လို သိချင်တာ အားလုံး ရှိတတ်တာမို့ သူရှိတဲ့ သန်းရှာဝိုင်းမှာ မိန်းမတန်းက ပိုရှည်တတ်ပါတယ်။

*****
နေရာက ကချင်ပြည်နယ်နဲ့ တရုတ်နယ်စပ် KIA ဌာနချူပ် လိုင်စင်နဲ့ ကပ်လျက်မှာ ABSDF (NB) ပါဂျောင် စခန်းရဲ့ အကျဉ်းစခန်းတခုမှာ ကျွန်တော်အပါအ၀င် လူ ၇၀ လောက်ဟာ စစ်အစိုးရက လွတ်လိုက်တဲ့ သူလျိုတွေဆိုပြီး စွပ်စွဲကာ ဖမ်းဆီးနှိပ်စက် ညှင်းဆဲမှုတွေနဲ့ ကြုံနေရချိန်မှာ ကိုရွှေသန်းဂျီးမနဲ့ လာဆုံ တွေ့ရပါတော့တယ်။ ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ ထောင်ဆိုတဲ့ အဆောက်အဦးက တကယ်တော့ သာမာန် မြေစိုက် ယင်ပေါင်ကြမ်း (ကတ္တရာပြားတွေ) မိုးပြီး ၀ါးခြမ်းသေးသေးလေးတွေနဲ့ ကာထားတဲ့ တဲကြီးဗျ။

ဒါကြောင့်မို့ ကျွန်တော်တို့ကို ညပဲဖြစ်ဖြစ် နေ့ပဲဖြစ်ဖြစ် ထိပ်တုံးရှည်ကြီးတွေထဲခြေ ၂ ဖက်လုံးကို ထည့်ခတ်ထားပါတယ် (သို့မဟုတ်) သံကြိုးကြီးတွေနဲ့ ခြေကျင်းဝတ်ကို ခတ်ထားပါတယ်။ ညဘက် လှဲချ မအိပ်ခင်မှာတော့ လက်တွေကို လက်ကောက်ဝတ်ကနေ ကြိုးနဲ့ ပူးတုပ်ထားပါတယ်။ ပြီးတော့ မျက်နှာကို ပိတ်စနဲ့ တင်းကြပ်နေအောင် စည်းပြီးမှ အိပ်ကြရပါတယ်။ အိပ်ယာကတော့ မြေကြီးပေါ်မှာ ကတ္တာရာပြားစတွေ ခင်းထားတဲ့ ဘူမိ ကဗ္ဗလာ မြေမွေ့ယာပါ။ မအိပ်ခင်မှာ လုံခြုံရေး အဖွဲ့ (သို့) ကျွန်တော်တို့ကို ဖမ်းဆီးထားတဲ့ အဖွဲ့ရဲ့ ခေါင်းဆောင် ပုဂ္ဂိုလ်တွေကို သီချင်းတွေ ဘာတွေနဲ့ ဖျော်ဖြေ တင်ဆက်ရသေး သဗျ။ ခိုင်းရင်ပေါ့လေ။ ပြီးလို့ အိပ်ချိန် လှဲချပြီးပြီ ဆိုရင်တော့ လူးလွန့် လှုပ်ရှားခွင့် မရှိတော့ပါဘူး။

ညလယ်ကောင်မှာ ဆီးသွားဘို့ နိုးတဲ့အချိန်မှာ လှဲချနေရာက ထ၊ ခြေရင်းမှာ ချထားတဲ့ ဂလူးကို့စ် ပုလင်းလွတ်တွေထဲကို သေသေချာချာချိန်ပြီး ရှူရှူးပေါက်ထည့် ရပါတယ်။ ပြီးပြန်အိပ်ပေါ့ဗျာ။ အဲအိပ်ချိန်မှာ လူးလွန့်တာများတဲ့ သူတွေကိုတော့ မနက်လင်းချိန် တန်းစီချိန် ဆီး ပုလင်းတွေ သွန်ပြီးတာနဲ့ နာမည်တွေ ခေါ်လိုက်ပြီရင် မြေကြီးပေါ် ၀မ်းယား တိုးပေးထားရပါတယ်။ အဲဒီမှာ ထောင်မှုး ဆိုတဲ့လူ ဒါမှမဟုတ် အရိုက်အနှက် အင်မတန် ကြမ်းပါပေတယ်လို့ နာမည်ကောင်း ထွက်ချင်တဲ့ လုံခြုံရေးတာဝန်ကျ ပုဂ္ဂိုလ်တွေရဲ့ မနက်ခင်း သွေးပူလေ့ကျင်ခန်း စ ပါတယ်။ သုံးလက်မ ပတ်လည်နီးပါး တုတ်တဲ့ လက်ကိုင်တုတ်ရှည်ကြီးဟာ ကျွန်တော်တို့ရဲ့ ကျော (သို့) ခါးရိုးပေါ်ကို စုံကိုင် ရိုက်ချလိုက်သူရဲ့ စေစားရာအတိုင်း အလည်အပတ်ကျရောက် လာပါတော့တယ်။

*****
တကယ်တွက်ကြည့်တော့ ဒီအိမ်မက်ဆိုးကြီး မက်ခဲ့တဲ့ သန်းကြွယ် သူဌေးဘ၀ဟာ ခုဆိုရင် နှစ်ပေါင်း နှစ်ဆယ် တင်းတင်း ပြည့်မြည်ခဲ့ပါပြီ။ လာမယ့် ၂၀၁၂ ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့မှာ နိုင်ငံတော်လှန်ရေး တခုအတွက် မွန်မြတ်တဲ့ စိတ်နဲ့ စွန့်လွှတ် စွန့်စားမယ်ဆိုပြီး ထွက်လာခဲ့တဲ့ အထက်ဗမာပြည်က ကျောင်းသားခေါင်းဆောင် ကိုထွန်းအောင်ကျော် အပါအ၀င် ရဲဘော်တွေ ကွက်မြက်ခံခဲ့ရတာ နှစ်ပေါင်း နှစ်ဆယ်တင်းပြည့်ခဲ့ပါပြီ။

နိဒါန်းမှာ ဖေါ်ပြခဲ့သလို ဆရာမခက်မာရဲ့ သန်းတွေအကြောင်း ဖတ်ရတဲ့အခါ နှစ်ကာလများစွာက ကိုယ်ပေါ်မှာ ညပေါင်းများစွာ သန်းဂျီးမတွေ တွားသွားခဲ့တဲ့ နေရာတွေက ယားလာပါတယ်။ အခုတခါ ယားလာတာကတော့ သန်းဂျီးမတွေကြောင့် မဟုတ်ပါဘူး။

နိုင်ငံအတွက် စွန့်လွှတ်ရင်း အသက်ပေးခဲ့ရတဲ့ ကိုထွန်းအောင်ကျော် အပါအ၀င် ကျောင်းသား ခေါင်းဆောင် ရဲဘော်ပေါင်း ၃၀ ကျော်ရဲ့ အဖြစ်အပျက်ထဲမှာ ကိုယ်တိုင်လည်း သားကောင်တစ်ဦးအဖြစ် ပါဝင်ခဲ့ပါလျက်နဲ့ နှောင်းလူတို့ သိဘို့ တစိုးတစိမှ မတို့ မထိခဲ့ပဲ၊ ရေငုံနေခဲ့တဲ့ မိမိကိုယ် မိမိကြည့်မိတဲ့ အခါ အပြစ်မကင်းသလို ခံစားရတဲ့ စိတ်က တရွရွ ကိုယ်ပေါ် ပြေးလွားနေတာမို့ တခါက တရွရွ ပြေးလွှားခဲ့ဘူးတဲ့ သန်းဂျီးမတွေ အကြောင်းကို ခုလို ချရေးမိတာ ဖြစ်ပါကြောင်း ၀န်ခံချက် ပေးပါတယ်။

တကယ်တော့လည်း အစ မထင် သံသရာအစဉ်က ကျွန်တော်တို့ ခန္ဓာမှာ ကပ်ညှိ လိုက်ပါ တွားသွားနေတဲ့ သာမာန်မျက်စိနဲ့ မမြင်သာတဲ့ သန်းဂျီးမတွေက အချိန်တိုင်းမှာ လိုက်ပါ ပြေးလွား ကိုက်ဖဲ့ သွေးစုတ်နေခဲ့တာက …

ဘ၀များစွာ၊

နှစ်များစွာ၊

လများစွာ၊

ရက်များစွာ၊

နာရီများစွာ ။

မိနစ်များစွာ၊ စက္ကန့်များစွာ မဟုတ်ပါလားခင်ဗျာ။


(ပါဂျောင်ဒေသတွင် ကျဆုံးခဲ့ရသော ကိုထွန်းအောင်ကျော်နှင့် ရဲဘော်များသို့ ဦးညွတ်လျက်)
ပန်းချီထိန်လင်း

(ကောင်းကင် နိုင်ငံပြုအနုပညာမဂ္ဂဇင်း)

သွေးမှာတမ်း

အာဏာရှင်ကို တော်လှန်ဖို့
တိုက်ပွဲခေါ်သံတို့ စုစည်း
ရည်ရွယ်ရာ ဒီခရီးအတွက်
အပြုံးတချက် မပျက်ပဲ
စာသင်ခန်းထဲကထွက်
ငါတို့ဆုံးဖြတ်ချက် အင်အားနဲ့
အမှန်တရားကို ကယ်တင်ဖို့အတွက်။ ။

နို့နံ့မစင်သေးတဲ့အရွယ် ဆိုပေမယ့်
အမေ့မျက်ကွယ်ကို ရွေး
တိုင်းပြည်ကယ်တင်ရေး အတွက်
ယုံကြည်ရာခရီးကို ဆက်ရင်း
မျှော်လင့်ခြင်းမနက်ဖန်များနဲ့
ဘဝရဲ့အားမာန်များ အဖြစ်
ငါတို့ မျက်နှာသစ်ခဲ့တယ်။ ။

တော်လှန်ရေး ဆိုတဲ့ခရီးက
အစာမဝ ရေမဝပေမယ့်
အနေကျလာတော့လဲ
ငါတို့ နှလုံးသားထဲမှာ
အပြုံးများစွာ ဖန်ဆင်းရင်း
ပေးဆပ်ခြင်း ဆိုတာကို
ချိုမြိန်စရာလို မှီဝဲတတ်လာတယ်။ ။

ရည်ရွယ်ချက် ဘယ်လောက်ကြီးကြီး
ဒီတော်လှန်ရေး ခရီးမှာ
ငါတို့ဟာ ကံမကောင်းရှာဘူး
အာဏာရူး ဆိုသူတွေကိုမှ
ပက်ပင်းတိုးရတဲ့ ဘဝ
ဒို့သွေးတွေ မြေခလို့
တော်လှန်ပန်းတွေ ကြွေကျသွားတယ်။ ။

ဒီမယ်... သူငယ်ချင်း
အမှန်တရားကို ကယ်တင်တဲ့ပွဲမှာ
မပါဝင်လာနိုင်တော့တဲ့ ငါတို့အတွက်နဲ့
အမှန်တရားတွေကို ကာကွယ်ဖို့
တာဝန်ကို ပခုံးပြောင်းယူတတ်ဖို့ဆိုတာ
အားလုံးမှာ တာဝန်ရှိတယ်
အချင်းချင်း သစ္စာရှိဖို့သာလိုတယ်။ ။

ထူးသျှား


မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ကျောင်းသားတပ်မတော်)- မြောက်ပိုင်း အာဏာရူး လူတစုရဲ့လက်အောက်တွင်တော်လှန်ရေးတာဝန်ထမ်းဆောင်ရင်း အသက်ပေးသွားကြသော ရဲရဲတောက် ရဲဘော်များနဲ့ ရဲမေ မခင်ချိုဦးအား ဒီကဗျာဖြင့် ဦးညွှတ်ဂုဏ်ပြုအပ်ပါသည်။

(New Generations blog)

VIDEO ကို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။


စစ်အုပ်စုကရော၊
အတိုက်အခံတွေ ဖက်ကရော၊
ဘယ်ဖက်ကမှ မဟုတ်ဘူး ဆိုတဲ့ မြန်မာတွေကရော
လူ့အခွင့်အရေးကို အကြီးအကျယ် ချိုးဖေါက်နေကြတုန်းပါပဲ။

ကိုယ့်ကို ဘာမှ ပြန်မလုပ်နိုင်တဲ့ အမျိုးသမီးတွေကို တဖက်သတ် ရိုက်နှိပ် စစ်ဆေးပြီး အတင်း ဝန်ခံခိုင်းနေတဲ့ အခု ဗွီဒီယို ကို ကြည့်ပြီး အဆပေါင်း ၁၀ဝ၀ နဲ့ မြှောက်ကြည့်ပါ။

အဲဒါဆိုရင် အေဘီ (မြောက်ပိုင်း) မှာ သံချောင်း၊ ရော်နယ်အောင်နိုင်၊ မျိုးဝင်း၊ လှဆောင် (လှဆိုင်) အပါအဝင် အာဏာရူး လူရမ်းကားတစုက ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသား ၈၀ ကျော်ကို လူမဆန်တဲ့ နှိပ်စက်မှုအမျိုးမျိုးကို လုပ်ပြီး ထောက်လှမ်းရေးပါ လို့ အတင်း ဝန်ခံခိုင်းပြီး သတ်ဖြတ်ပစ်ခဲ့တာကို မှန်းဆကြည့်နိုင်ပါတယ်။

အဲဒီ ထောက်လှမ်းရေး လို့ မတရား စွပ်စွဲခံရတဲ့ ကျောင်းသား ၈၀ ကျော်ထဲက ၁၅ ယောက်ကို ၁၂-၂-၁၉၉၂ ရက်၊ ပြည်ထောင်စုနေ့မှာ ရော်နယ်အောင်နိုင် တို့ အာဏာရူးအုပ်စုက ကွပ်မျက်ပစ်ခဲ့တာပါ။ တကယ်က ကျောင်းသား ၈၀ ကျော်လုံးကို သတ်ပစ်မလို့ အစီအစဉ် ရှိခဲ့တာပါ။

အဲဒီ ကွပ်မျက်ခံခဲ့ရတဲ့ ကျောင်းသား ၁၅ ယောက်တင်မက ရန်သူ နအဖ စစ်ကြောရေးက အောချရလောက်အောင် ကမ်းကုန်တဲ့ အေဘီ (မြောက်ပိုင်း) ရဲ့ နှိပ်စက်မှုတွေကြောင့် ကျောင်းသား ၁၄ ယောက် အသက်ဆုံးခဲ့ရပါတယ်။

.
VIDEO ကို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။


အဲဒီ ဗွီဒီယိုထဲက မြန်မာမိန်းကလေးတွေကို မြန်မာယောကျာ်းတွေက ဝိုင်းရိုက်တာက မလေးရှားမှာ လို့ ပြောတယ် ...

အဲဒီ မိန်းကလေးတွေက သူတို့ကို လက်ကိုင်ဖုန်းလေး ဘာလေး ဝယ်ပေးတဲ့ တခြားနိုင်ငံသားတွေ (အထူးသဖြင့် ဘင်္ဂလား မွတ်ဆလင် ကုလားတွေ) နဲ့ တည်းခိုခန်းမှာ သွားအိပ်လို့ မြန်မာတွေ ဂုဏ်သိက္ခာကျတယ် ဆိုပြီး မြန်မာ ဆိုသူတွေက နောက်မလုပ်အောင် ဆိုပြီး ဆုံးမတယ်တဲ့ဗျား ...

အဲဒီ မြန်မာမိန်းကလေးတွေကို ကြည့်ရတာ ပြည့်တန်ဆာ တွေလည်း လုံးလုံးလျားလျား ဟုတ်ပုံမရဘူး ... တခြားနိုင်ငံရောက်တော့ ဖြစ်ချင်တိုင်းဖြစ် ပျက်စီးနေတယ်လို့ ပြောရမဲ့ မိန်းကလေးတွေ ဖြစ်ပုံရတယ် ... မဟုတ်တာ လုပ်ထားပုံရတယ် ... သူတို့ကို ရိုက်ပေမဲ့လည်း တုံ့ပြန်မှုက တမျိုးဖြစ်နေတယ် ... ရိုက်တဲ့ မြန်မာယောကျာ်းတွေရဲ့ ဘေးနဲ့ အနောက်ဖက်တွေမှာ တခြားသူတွေလည်း အများကြီး ရှိတယ် ...

ဗွီဒီယို စစချင်း လူမှောင်ခိုဂိုဏ်းက ကောင်တွေက မတရား နှိပ်စက်နေတာလား ဒါမှမဟုတ် ပြည့်တန်ဆာခေါင်းက မတရား နှိပ်စက်နေတာလားလို့ ထင်ရပေမဲ့ ကြည့်ရင်းနဲ့ အဲဒီလို မဟုတ်ဘူး ဆိုတာ တွေ့ရတယ် ...

နှိပ်စက်တဲ့ မြန်မာယောကျာ်းတွေက နှိပ်စက်ခံရသူ မြန်မာမိန်းကလေးတွေနဲ့ အမျိုးလည်း တော်ပုံမရဘူး ... ဒီလို နှိပ်စက်တာကို အများသိအောင် ရည်ရွယ်ပြီး အင်တာနက်ပေါ် ဖြန့်တယ် ... လုပ်ရပ်က မှားတာ မှန်တာ တပိုင်း .. ရည်ရွယ်ချက်က အဲဒီလို ဖြစ်နေတယ် ... ဆွေမျိုးသားချင်းတွေဆို အဲဒီလို ကိုယ့်ပေါင်ကိုယ်လှန်ထောင်းမှာ မဟုတ်ဘူး ... ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းကြတဲ့ ကွန်မြူနတီတခုရဲ့ လုပ်ရပ်ပဲ ...

ဘေးနဲ့ အနောက်ဖက်တွေက လူတချို့က အခု ရိုက်နေတာထက် ပိုရိုက်သင့်တယ်လို့ ပြောနေတာ တွေ့ရတယ် ... သတ်ပစ်လိုက်ဖို့အထိ ပြောနေတာ တွေ့ရတယ် .... မြန်မာတွေ အရှက်ရလို့ ဆိုပဲ ...

အရေးယူချင်ရင် လွယ်ပါတယ် ... အနီးစပ်ဆုံး ဖြစ်နိုင်မဲ့ သိနိုင်မဲ့ သူကနေ ဖေါ်ထုတ်လိုက်ပေါ့ ... ဘယ်သူတွေလဲ ဆိုတော့ မသိသေးဘူး ... မလေးရှားကလို့ ပြောတယ် ...

မိုက်ရိုင်းလိုက်တာ..။ ယောက်ကျားကြီးတွေဖြစ်ပြီး မိန်းကလေးကိုအုပ်စုလိုက်ဝိုင်းရိုက်ကြတယ်..။ နှမချင်းမစာနာလိုက်တာ..။ ရိုက်တာမှန်တယ်..၊ သွေးထွက်အောင်ရိုက်သင့်တယ်လို့ပြောတဲ့သူတွေက.. ဘာတွေလဲ..။ သူ့ဟာသူ ပြည့်တန်ဆာပဲဖြစ်ပါစေ..။ လူကိုလူလိုဆက်ဆံရမယ်..။ မကောင်းမှုလို့ထင်ရင်.. ဥပဒေရှိတယ်..။ ရဲကိုတိုင်လို့တယ်..။
အုပ်ထိန်းသူကိုတိုင်လို့ရတယ်..။ ဒီလို ရမ်းကားရိုက်နှက်တာမျိုးတော့.. ရှုံ့ချတယ်..။ အဲဒီကောင်တွေကို ဖော်ထုတ်ပါ..။ အရေးယူပါ..။

.
VIDEO ကို ကြည့်ရန် ခေါင်းစဉ်ကို နှိပ်ပါ။


အမှုဆိုတာ မဆွေးပါဘူး


ဒီလောက် မိုက်ရိုင်းတဲ့ကောင် တွေ စုံးစမ်း ဖေါ်ထုတ်ပီး အရေးယူရမယ်။ ဒီလိုအဖြစ်ဆိုးတွေက လွတ်အောင် တတ်နိုင်သူများ ကူညီကြပါ။ ဒီဖိုင်တင်ပေးသူကို အထူးပဲကျေးဇူးတင်ပါတယ် ၊ လူသားချင်း စာနာစိတ်ကိုလည်း အသိအမှတ်ပြုပါတယ် ။ သိသမျှ ဆက်ပီးတင်ပေးကြပါ။ အမှုဆိုတာ မဆွေးပါဘူး။

အရင်တုန်းကလည်း အနှိပ်ခန်းဖွင့်ပီး မိန်းကလေးတွေကို အဓမ္မချုပ်နှောင်သူတစ်ဦး online ကနေဖေါ်ထုတ်လို့ အရေးယူခံရပီးပါပြီ . ဒီနိုင်ငံမှာ မဟုတ်လည်း တစ်နေ့ ဒီကောင်တွေ မြန်မာပြည် ပြန်လာမှာပါ .. အားလုံးသိသမျှ ဖေါ်ထုတ် မျှဝေပေးကြပါ ဒါမှ နောင်ဒါမျိုးတွေ ပပျောက်သွားမှာပါ

အမှုဆိုတာ မဆွေးပါဘူး

မျိုးချစ်

နှမသားချင်း မစာနာ ၊ လူမဆန်တဲ့ လုပ်ရပ်

အရေးယူ ဖော်ထုတ်ပေးကြပါ

http://www.deyea.org/2012/01/blog-post_03.html

ကိုမောင်မောင်ဝမ်း ပြောထားတာပါ....

၁၅-၁-၂၀၁၂

မနေ့က သူငယ်ချင်း ပန်းချီထိန်လင်း က ဖုန်းဆက် ပြောလာတယ်... အရေးကြီးတဲ့ အချက်ပါ....

ကိုပေါ် ( မင်းကိုနိုင် ) ထောင်ထဲ မ၀င်ခင် .. ဒီမြောက်ပိုင်း ကိစ္စကို ရှင်းကို ရှင်းရမယ်... "ထွန်းအောင်ကျော်ဟာ တို့လူ.... ထွန်းအောင်ကျော်ဟာ ကျောင်းသားသမဂ္ဂ ခေါင်းဆောင်အစစ်" ... လို့ ပြောတယ်တဲ့....

ခု ကျနော်တို့ ရဲဘော်ကြီးတွေ ဖြစ်တဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့ လွတ်လာပြီ... အေဘီ မြောက်ပိုင်း ကိစ္စကို ရှင်းမယ်..... ကျောင်းသားခေါင်းဆောင် ထွန်းအောင်ကျော် ဟာ သူလျှို ဟုတ်လား.. မဟုတ်လား ဆိုတာကို ကမ္ဘာကျော် ကျောင်းသားခေါင်းဆောင်တွေ ဖြစ်တဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့က သက်သေခံလိမ့်မယ်။

လူထုက တခဲနက် ထောက်ခံနေတဲ့ ကိုပေါ် ( မင်းကိုနိုင် ) တို့က "ထွန်းအောင်ကျော်ဟာ သူလျှို မဟုတ်ပါဘူး... ကျောင်းသားခေါင်းဆောင်အစစ်ပါ" လို့ သက်သေခံတာကို ငြင်းပယ်ပြီး... အေဘီ မြောက်ပိုင်း မင်းမဲ့စရိုက်နဲ့ နှိပ်စက်သတ်ဖြတ်ပွဲ အတွက် တာဝန်ရှိသူတွေက "ထွန်းအောင်ကျော်ဟာ သူလျှိုပါ" လို့ ဆက် သတ်မှတ်ချင်သေးရင်... ကိုယ့်လူတို့... လူထုနဲ့ ဝေးရာဆီကိုသာ လျှောက်ကြပေတော့.....

ခေါင်းစဉ်ကို နှိပ်ပြီး ကိုထွန်းအောင်ကျော် ကျောင်းသားတပ်မတော်မှာ တာဝန် ထမ်းဆောင်စဉ်ကာလမှာ ရိုက်ကူးထားတဲ့ ဓါတ်ပုံ ၆ ပုံ ကို ကြည့်နိုင်ပါတယ်။

ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော် (ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ) ဟာ ၁၉၉၂ ခုနှစ်၊ ဖေဖေါ်ဝါရီ (၁၂) ရက်နေ့မှာ ကချင်ပြည်နယ်၊ ပါဂျောင် ABSDF (မြောက်ပိုင်း) မှာ ခေါင်းဖြတ် အသတ်ခံရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော် ရဲဘော် ၁၅ ဦးထဲက တဦး ဖြစ်ပါတယ်။

အောင်နိုင် (ရော်နယ်အောင်နိုင်)၊ သံချောင်း၊ မျိုးဝင်း၊ လှဆောင် (လှဆိုင်) တို့ ABSDF (မြောက်ပိုင်း) အာဏာရူး အုပ်စုက စစ်အစိုးရက လွှတ်ထားတဲ့ ထောက်လှမ်းရေးလို့ မမှန်မကန် စွပ်စွဲခံရပြီး လူမဆန်စွာ နှိပ်စက်ခံရပြီးမှ ခေါင်းဖြတ် အသတ်ခံရတာပါ။

အဲဒီလို တရားဝင် ကြေညာပြီး အသတ်ခံခဲ့ရတဲ့ ကျောင်းသား ၁၅ ဦး အပြင် မင်းမဲ့စရိုက်နဲ့ နှိပ်စက်ရင်း အသက်ဆုံးသွားရသူတွေ နဲ့ တရားဝင် မကြေညာဘဲ အသတ်ခံခဲ့ရသူတွေပါ ပေါင်းလိုက်ရင် အဲဒီတုန်းက ကျောင်းသား ၁၀ဝ လောက် အဖမ်းခံပြီး လူမဆန်အောင် နှိပ်စက်ခံခဲ့ရတဲ့ အထဲက ၃၀ ကျော် အသက်ဆုံးခဲ့ရပါတယ်။

>
အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF - NB) အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေကြောင့် အသက်ဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော်ရဲ့ အရိုးတွေ တွန်နေတယ်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ကချင် ပြည်နယ်၊ ပါဂျောင်ဒေသမှာ အေဘီ မြောက်ပိုင်းက အာဏာရူးတစု ကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လို့ မရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံသင့်ဘူး။ အဲဒီ အကျည်းတန်တဲ့ အေဘီ မြောက်ပိုင်း ရာဇဝတ်မှုကြီးတွေကို အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ လိုပါတယ်။ အရေးယူတာ၊ မယူတာက နောက် တပိုင်းပါ။

ထို့အတူ ဒီပဲယင်း အရေးအခင်း ဆိုတာလည်း အပြစ်မဲ့ ပြည်သူ ၁၀ဝ ကျော် လူမသိ သူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနီးမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ဒီပဲယင်း လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ အဲဒီ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးရဲ့ သမိုင်းမှတ်တမ်း အမှန်အတိုင်း အပြည့်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။

အခုဘဲကြည့်၊ ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ "မအအောင်လို့ သမိုင်း သင်တာပါ" ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားကို ပြန် အမှတ်ရကြပါ။

အောင်အောင်ဦး
ခင်ရတနာ (facebook) မှ

(Credit - Kanyawpo)

.
( အေဘီ မြောက်ပိုင်း လုပ်ကြံမှုများ ရဲ့ နောက်ဆက်တွဲ အေဘီ တောင်ပိုင်း အရေးအခင်း အကြောင်း )

မိုးမခ ဇန်န၀ါရီ ၂၇၊ ၂၀၁၂

(မိုးမခ၏ မိတ်ဆက်စကား -

လွန်ခဲ့သည့်လက ပူးတွဲပါစာ အစိတ်အပိုင်းတခုကို အင်တာနက်ပေါ်တွင် လက်ခံ ရရှိခဲ့သည်။ အဆိုပါ မိတ္တူတွင် စာမျက်နှာအချို့ ပျောက်ဆုံးနေသည့်အတွက် အေဘီတောင်ပိုင်း အရေးအခင်းတွင် ကိုယ်တိုင် ဖမ်းဆီး နှိပ်စက်ခံခဲ့ရသူ ကာယကံရှင်တဦးဖြစ်သည့် ကိုနေ၀င်းအောင် (လက်ရှိ ဆန်ဖရန်ဆစ်စကိုမြို့၊ ဘေးဧရိယာအနီးတွင် နေထိုင်သူ) ကို ဆက်သွယ် မေးမြန်းရာတွင် ၎င်းက သူ ၁၉၉၆ ခုနှစ် နှစ်ဆန်းက ကိုယ်တိုင် လက်ရေးဖြင့် ထိုစဉ်က အေဘီ စစ်ကော်မရှင်သို့ တင်ပြသော အစီရင်ခံစာ အပြည့်အစုံကို ပြန်လည် ရှာဖွေနေကြောင်း၊ မိတ်ဆွေရင်းများက ရှာဖွေပြီး ကွန်ပျူတာ စာစီပေးမည် ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုခဲ့သည်။

လာမည့် ၂၀၁၂၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့သည် မြန်မာပြည်၏ ကျောင်းသားတပ်မတော် (ABSDF) ၏ မြောက်ပိုင်းနယ်မြေအတွင်း ကျောင်းသားလူငယ် အများအပြားကို စစ်ထောက်လှမ်းရေးများအဖြစ် လူတစုက မတရား စွပ်စွဲပြီး ရက်စက်စွာ လုပ်ကြံ သတ်ဖြတ်ခြင်း ခံရသော ဖြစ်ရပ်၏ အနှစ် ၂၀ ပတ်လည်နေ့ ဖြစ်သည်။ ထိုဖြစ်ရပ်ဆိုး၏ နောက်ဆက်တွဲ ကျောင်းသားတပ်မတော် (ABSDF) ၏ တောင်ပိုင်းနယ်မြေအတွင်းတွင်လည်း ကျောင်းသားလူငယ်အချို့ကို အလားတူ ဖမ်းဆီးနှိပ်စက် စီရင်မှုများ ဖြစ်ပွားခဲ့သည်။ ကိုနေ၀င်းအောင်သည် အဆိုပါ အရေးအခင်းမှ သေကံမရောက် သက်မပျောက်ဘဲ ထွက်ပြေး လွတ်မြောက်လာသူ တဦးဖြစ်သည်။

.
အထက်ပါ အရေးအခင်းများ၊ လုပ်ကြံမှုများတွင် သေကံမရောက် သက်မပျောက် ကျန်ရစ်သူများသည် မြန်မာပြည်တွင်းနှင့် မြန်မာပြည်ပတွင်ပါ သက်ရှိထင်ရှား ရှိနေဆဲဖြစ်သည်။ ၁၉၈၈ အရေးတော်ပုံကြီးတွင် ၎င်းတို့နှင့် အတူတကွလက်တွဲဖြတ်သန်းခဲ့ကြသူ မိတ်ဆွေရဲဘော်များ ကိုယ်တိုင်ကလည်း အဆိုပါ ဖြစ်ရပ်ကြီးအကြောင်းကိုလည်း သိရှိထားခဲ့ကြပြီး ဖြစ်သည်။ ယခုအချိန်တွင် ကာယကံရှင်များက ထုတ်ဖော်ပြောဆိုသည်၊ မဆိုသည်ဖြစ်စေ၊ အဆိုပါ သမိုင်းဖြစ်ရပ်ဆိုးကြီးကို သင်ခန်းစာယူနိုင်ရန်၊ မတရားဖမ်းဆီး လုပ်ကြံသတ်ဖြတ်ခြင်း ခံခဲ့ရသော အာဇာနည်ကျောင်းသားလူငယ်များ၏ သမိုင်းမော်ကွန်း အစစ်အမှန်ကို တင်ကျန်ရစ်စေရန် ၎င်းတို့၏ မိတ်ဆွေရဲဘော်များအနေနှင့် ၈၈ အရေးတော်ပုံ၏ တပ်သားများ အနေနှင့် ဖြစ်ရပ်မှန်များကို ထုတ်ဖော်ပြောဆိုကြရန် ဆက်လက် အချိန်ဆွဲနေရန် မလိုအပ်တော့ဟု မိမိတို့ ယူဆသည်။

ပူးတွဲပါ စာတွင် ဖော်ပြထားသည့် အေဘီ အတွင်းရေးမှူး ကိုမျိုးဝင်းမှာ လက်ရှိ အေဘီ ဒုဥက္ကဋ္ဌ၊ အေဘီ ဥက္ကဋ္ဌ ကိုနိုင်အောင်မှာ လက်ရှိ FDB (Forum for Democracy in Burma) အတွင်းရေးမှူး အဖြစ် ထမ်းဆောင်နေကြသည်။

ABSDF ရဲဘော် နေ၀င်းအောင်၏ စာအပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်သည်။)

.
မှ
နေ၀င်းအောင် (မ-က-ဒ-တ)

သို့
စစ်ကော်မရှင်
မ.က.ဒ.တ (ဗဟို)

၁၉၉၆ ခုနှစ် ဇန်န၀ါရီလ ၁၂ ရက်

အကြောင်းအရာ။ ။ စစ်ကော်မရှင်၏ အမှားများကို ၀န်ခံ ပြင်ဆင်နိုင်ရန် အသိပေးခြင်း။

အထက်ပါ ကိစ္စနှင့် ပတ်သက်၍ ဖေါ်ပြပါ အချက်အလက်များကို အသိပေးသည်။

၁။ ရဲဘော်နေ၀င်းအောင် (ကပ-၂၁၇။ ၂၀၉) သည် တပ်ရင်း (၂၀၉) သံလွင်စခန်း မကဒတ တပ်ဖွဲ့ဝင် တဦး ဖြစ်သည်။

၂။ မကဒတ ဗဟို၏ တာဝန်ပေးချက်အရ NCGUB ပြန်ကြားရေး ၀န်ကြီးဌါနတွင် ညွှန်ကြားရေးမှုးအဖြစ် ၁၉၉၁၊ ဖေဖေါ်ဝါရီလမှ ၁၉၉၁၊ စက်တင်ဘာလ အထိ တာဝန်ထမ်းခဲ့သည်။

၃။ မကဒတ တတိယအကြိမ် ညီလာခံမှ (၁၉၉၁) မှ မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် အညီရွေးချယ် တင်မြှောက်ခြင်းခံရသော ဗဟိုဦးဆောင် ကော်မတီဝင် တဦး ဖြစ်သည်။

၎။ မကဒတ (မပ) ၏ န၀တ သူသျှို ဖြစ်ကြောင်း အကြောင်းကြားစာအရ ကိုစိုးလင်း (မပ) ကို ဖမ်းဆီးရာတွင် ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးမှုအရ မိမိကိုယ်တိုင် ဖမ်းဆီးခဲ့သည်။

၅။ ဗဟိုဦးဆောင်ကော်မတီ၏ တာဝန်ပေးချက်အရ ၁၉၉၁၊ အောက်တိုဘာလမှ ၁၉၉၂၊ ဧပြီလအထိ KNU တပ်မဟာ (၆) နယ်မြေရှိ မကဒတ တပ်ရင်းများ ဖွဲ့စည်းရေး စည်းရုံးရေးတာဝန် တပ်မဟာ (၄) နယ်မြေ မကဒတ တပ်ရင်းများ ဖွဲ့စည်း စည်းရုံးရေးတာဝန် မာနယ်ပလော (ထီပါဝီကြိုး) ခံစစ်တွင်း စည်းရုံးရေးတာဝန် ပြည်တွင်း U.G လုပ်ငန်းအတွက် ဆက်သွယ်ဆောင်ရွက်မှုများကို လုပ်ဆောင်ခဲ့သည်။

.
၆။ ၁၉၉၂၊ ဧပြီ (၂၀) တွင် ဗဟိုဦးဆောင်ကော်မတီ အစည်းအဝေး (မာနယ်ပုလော) လုပ်နေစဉ် အစည်းအဝေးခန်းအတွင်း၌ အခြား C.E.C များ ရှေ့မှာပင် အတွင်းရေးမှုး (၂) လှဌေးက သေနတ်ထောက် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖြေရှင်းခွင့် မေးမြန်းခွင့် လုံးဝမပြုဘဲ ခေါင်းအ၀တ် စွပ်၍ သင်တန်းကျောင်း အချုပ် ပို့ချုပ်နှောင်ခဲ့သည်။

ရ။ ကျော်ကျော် (အပု-ကချင်) က ထိုစဉ်က မိမိ ၀တ်ဆင်ထားသော မကဒတ ကျောင်းသားတပ်မတော် လက်မောင်း ရင်ဘတ် တံဆိပ်များကို ဒါးဖြင့် ဆွဲဖြဲ ဖြတ်ထုတ်ခဲ့သည်။

၈။ လှဌေး (ကချင်မှ ကိုယ်စားလှယ်)၊ ကျော်ကျော် (အပု-ကချင်)၊ ခင်မောင်ဆွေ (မိချမ်း) တို့ ပါဝင်သော စစ်ကြောရေးအဖွဲ့ ဆိုသူတို့က မိမိကို သူသျှိုဖြစ်၍ စကရက ဖမ်းကြောင်းပြောသည်။ မိမိက မဟုတ်မှန်ကြောင်း၊ အဖွဲ့အစည်းနှင့် တော်လှန်ရေး အကျိုးစီးပွားမထိခိုက် စေလိုကြောင်း၊ မကဒတ တပ်ဖွဲ့ဝင် တဦးဖြစ်၍ အမှန်တရားကို လက်ခံဆောင်ရွက်မည် ဖြစ်ကြောင်း ပြောခဲ့သည်။

၉။ မိမိအား ညလုံးပေါက် စစ်မေး၍ နေ့ဖက်တွင်လည်း အိပ်မရအောင် ပြုလုပ်ခြင်း၊ ထမင်းတနပ်နှင့် ရေ ၁ ဗူးသာ ပေးခြင်း၊ စိတ်ဓါတ်ကျအောင် ပြုမူဆက်ဆံခြင်းများ ပြုလုပ်လာခဲ့သည်။

၁၀။ ၁၉၉၂၊ ဧပြီ (၂၀) မှ မေ (၃) ရက်အထိ ကိုယ်ရေးဖြစ်စဉ်နှင့် လှုပ်ရှားမှုများ (ပြည်တွင်း၊ တော်လှန်ရေးနယ်မြေ) ကို ညစဉ် ၈ နာရီမှ မနက် ၄ နာရီကျော်အထိ စစ်မေးကြသည်။ မိမိက န၀တ သူလျှို မဟုတ်ကြောင်း၊ မကဒတ တာဝန်ကို ဆောင်ရွက်ရာတွင် နိုင်ငံရေးအတွေးအခေါ် မမှန်ခြင်း၊ မကဒတ မူဝါဒအား ချိုးဖျက်ခြင်း၊ လုပ်ဟန်မှားယွင်းခြင်း၊ ကိုယ်ကျင့်တရားဖေါက်ပြန်ခြင်း လုံးဝမရှိကြောင်းကို အခိုင်အမာ ပြောခဲ့သည်။

.
၁၁။ သို့သော် စစ်ကြောရေး အဖွဲ့ ဆိုသူတို့က မေ (၄)ရက်နေ့မှ စကာ မိမိကို န၀တ သူလျှိုဖြစ် ကြောင်း ရိုက်နက် ညှင်းဆဲ၍ ၀န်ခံခိုင်းသည်။

(၁) အမည်ဝှက်
(၂) ကိုယ်ပိုင်အမှတ်
(၃) ရာထူး အဆင့်
(၄) တာဝန်
(၅) အဖွဲ့အစည်း အမည်
စသော မေးခွန်း (၅) ခု ကို သာ ထပ်တလဲလဲ မေးပြီး မေလ (၅) ရက်မှ (၁၃) ရက်အထိ ညလုံးပေါက် နေ့စဉ် ရိုက်နှက် ညှင်းဆဲ ထိုးကြိတ် ကန်ကြောက် ခဲ့ကြသည်။ နေ့ဖက်တွင်မြေကျင်းထဲ၌ ချုပ်ပြီး အစာနှင့်ရေ မပေးပဲ ထားခဲ့သည်။

၁၂။ မိမိက မဟုတ်မှန် စွပ်စွဲမှုကို လုံးဝ ငြင်းဆိုပြီး မကဒတ တပ်ဖွဲ့ဝင်တဦး ရထိုက်သော ဖွဲစည်းပုံပါ အကာကွယ်ကို တောင်းဆိုသဖြင့် ထုတ်တွင် ကြိုးဆွဲ၍ ရိုက်နက် ကန် ထိုးကြိတ်ကြခြင်း ပလပ်စတစ်အိပ် ခေါင်းစွပ်ကာ စစ်ခြင်း၊ သံချွန်ဖြင့် ထိုးဆွခြင်း၊ ရေလောင်း ရေနှစ်၍ စစ်ခြင်း၊ ညို့တကျည်းကို ဒုတ်ဖြင့်လှိမ့်ခြင်း စသည့် ညှင်းပမ်းနှိပ်စက်မှု မျိုးစုံကို နေ့ရောညပါ လူမဆန်စွာ ပြုခဲ့ကြသည်။ အကြိမ်ကြိမ် သတိမေ့သွားသည် အထိ ညှင်းပမ်းခဲ့ကြသည်။

၁၃။ တဖန် လျှပ်စစ်မီးထိုး၍ စစ်ခြင်း၊ လိင်အင်္ဂါအား အချိုရည်သုတ်၍ ကရင်နီ ပုရွတ်ဆိပ်များ ကိုက်ခိုင်းခြင်း၊ တောက်တဲ့အား ကိုက်ခိုင်းခြင်း၊ စအို၌ ဒုတ်ထိုး၍ စစ်ခြင်း၊ အ၀တ်အစားမဲ့ ထား၍ လိင်အင်္ဂါများကို ထိုးဆွ၍ နှိပ်စက်ညှင်းပမ်းခြင်း များ ပြုခဲ့သည်။

၁၄။ အတွင်းရေးမှုး မျိုးဝင်း လာရောက် ကြည့်ရှု့ စစ်ဆေးစဉ် မိမိက မိမိသည် သူလျှို မဟုတ် မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦး ဖြစ်ကြောင်း၊ စစ်ကော်မရှင်အနေဖြင့် မှားယွင်းစွာ လုပ်ဆောင်နေပြီ ဖြစ်ကြောင်း၊ မကဒတ တပ်ဖွဲ့ဝင် တဦးအနေဖြင့် မကဒတ ဖွဲ့စည်းပုံနှင့်အညီ ရသင့်သော ကာကွယ်စောင့်ရှောက်မှု ရထိုက်ကြောင်း၊ ယခု ပြုမူပုံမှာ လူ့အခွင့်အရေးနှင့် လူ့ ဂုဏ်သိက္ခာကို ထိခိုက်စေလှသည့် ညှင်းပန်းနှိပ်စက်မှု သက်သက်သာ ဖြစ်ကြောင်း၊ တော်လှန်ရေး အကျိုးစီးပွားကို မထိခိုက်စေလိုကြောင်း တင်ပြခဲ့သည်။ သို့သော် မျိုးဝင်းက ပို၍ ရက်စက်ရိုင်းပြစွာ နေ့ရောညပါ ရိုက်နက်ညှဉ်းဆဲမှုများ ပြုကာ မရရအောင် ၀န်ခံခိုင်းစေခဲ့သည်။

၁၅။ တဖက်မှလည်း မိမိ၏ ဇနီးဖြစ်သူ ဒေါ်ရင်ရင်ဖူးအား ဖမ်းဆီးထားကြောင်း၊ မိမိဝန်မခံလျှင် သူမ၏ လုံခြုံရေးကို တာဝန်မယူ သူမကိုပါ ညှဉ်းဆဲနှိပ်စက်မည် ဖြစ်ကြောင်း (မုဒိန်း ကျင့်မည် ဖြစ်ကြောင်း) လှဌေးနှင့် ကျော်ကျော်တို့က ပြောခဲ့သည်။ အထူးသဖြင့် မြောက်ပိုင်းမှ တိုက်ပိတ်၏ မိန်းမ ခင်ဆွေဦး၊ နန်းအောင်ထွေးကြည် နှင့် နို့လှန်ပြရသော ရဲမေလေး တဦး တို့၏ အဖြစ်ကို သာဓကပြကာ ခြိမ်းခြောက်ခဲ့ကြသည်။ အမျိုးသမီးတဦး၏ အော်ဟစ် ညည်းညူသံများဖြင့်လည်း စိတ်ဓါတ်ကျအောင် ညှဉ်းပမ်းခဲ့သည်။

.
၁၆။ နှိပ်စက် ညှဉ်းပမ်းမှုများကို မိမိကိုယ် မိမိ မယုံကြည်နိုင်လောက်အောင် တောင့်ခံကာ အမှန်အတိုင်း ရပ်တည်ခဲ့သော်လည်း ငှက်ဖျားနှင့် ၀မ်းကိုက်ရောဂါ ထပ်ဆင့် ဖြစ်လာပြီး လက်ခြေ လုံးဝ မလှုပ်နိုင်သည့် အခြေအနေ ဖြစ်လာရာ န၀တ သူလျှို ဖြစ်ပါသည်ဟု စစ်ကော်မရှင် (စစ်ကြောရေးအဖွဲ့) ၏ အလိုကျ ၀န်ခံခဲ့ရသည်။

၁၇။ အတွင်းရေးမှုး (၂) လှဌေး အရက်မူး၍ ရဲဘော်ငယ် တဦး ခေါ်လာကာ "တက္ကသိုလ်ဆရာ၊ ရိုက်ဖူးတယ် ရှိအောင် ရိုက်" ဟု ဆိုကာ ထိုးကြိတ် ရိုက်နှက်ခိုင်း၊ ဒါးဖြင့် ထိုးဆွခိုင်းခြင်း၊ မြေကြီးကျင်း တူးခိုင်းပြီး သေနတ်ဖြင့် ချော်ပစ်ခြင်း၊ မြေတွင် ကြိုးတုတ် ဒရွတ်ဆွဲ၍ ရိုက်ခြင်း များ ထပ်မံ ပြုခဲ့သည်။

၁၈။ ကျော်ကျော် (ဒု ဥက္ကဌ) ကိုအောင်ထူး၊ ဒေါက်တာမြင့်ချို၊ ကိုမောင်ဒီ၊ စိုင်းမြင့်သူ (၂၀၉)၊ ကိုမောင်မောင်ကြီး၊ ကိုမောင်မောင်တိတ်၊ မသက်သက်လွင်၊ ကိုထွန်းမြတ်သူ တို့သည် သူလျှိုများ ဖြစ်ကြောင်း၊ မိမိ၏ လူများ ဖြစ်ကြောင်း ရိုက်နှက် ၀န်ခံခိုင်းခဲ့သည်။ မိမိမှ "မဟုတ်" ဟု ငြင်းပယ်ခဲ့သည်။

၁၉။ ကိုဝင်းနိုင်ဦး၊ ကိုကိုဦး၊ ကိုနေမျိုး၊ ကိုဌေးအောင် (ကုလားလေး)၊ ကိုဌေးနိုင် (ABSDF - မိုးသီးဇွန် အဖွဲ့) တို့သည်လည်း သူလျှိုများဖြစ်ကြောင်း၊ မိမိလူများ ဖြစ်ကြောင်း ရိုက်နက် ၀န်ခံ ခိုင်းခဲ့သည်။

၂၀။ မကဒတ တွင်းရှိ လုပ်သားကောလိပ် ကျောင်းသားများဖြစ်သော မောင်မောင်ကြီး၊ သက်တင်ဦး၊ လှဌေး၊ မောင်မောင်ထွန်းနှင့် သိန်းထိုက်ဦး (R.I.T)၊ ကိုအေးကို (လူ့ဘောင်သစ်) တို့သည်လည်း မိမိ၏ လူ (န၀တ သူလျှိုများ) ဖြစ်ကြောင်း ရိုက်နှက်ပြီး ၀န်ခံခိုင်းခဲ့သည်။ မိမိက မဟုတ်သည့် အတွက် ၀န်မခံဘဲ ငြင်းပယ်ခဲ့သည်။

.
၂၁။ တဖန် တပ်ရင်း (၂၀၉) မှ မိမိရဲဘော်များ ဖြစ်သော ကိုအောင်နိုင်၊ ကိုတင်အောင်ဝင်း၊ ကိုမင်းသိမ်း၊ ကိုဥာဏ်ထွန်း ကိုတင်မျိုး၊ ကိုအောင်သူ တို့သည် မိမိလက်အောက်ခံ သူလျှို များဖြစ်ကြောင်း ရိုက်နက် ၍ ၀န်ခံခိုင်းသည်။

၂၂။ အထူးသဖြင့် မိမိ ကျမ်းမာရေး မကောင်းစဉ် (၀မ်းကိုက်၊ ခြေလက်သေစဉ်) စစ်မေးသော ကိုအောင်သူ၊ ကိုဌေးနိုင်တို့သည် န၀တ သူလျှိုများ ဟု ဆိုကာ အပြင်းအထန် နှိပ်စက်၍ ပြောခိုင်း ၀န်ခံခိုင်းသဖြင့် ၀န်ခံခဲ့ရသည်။

၂၃။ မိမိ၏ ၀န်ခံချက်ကို စစ်ကြောရေး အဖွဲ့၏ စိတ်တိုင်းကျ ရေးသား၍ လက်မှတ်ထိုး ၀န်ခံပေးခဲ့ ရသည်။

၂၄။ မကဒတ ဗဟိုစစ်ကော်မရှင် စစ်ကြောရေးအဖွဲ့ ဆိုသူတို့၏ စစ်ဆေးပုံမှာ နိမိတ်ပြ မေးခွန်းများဖြင့် လိုချင်၊ ဖြစ်စေချင်သည်ကို ရိုက်နှက် ညှဉ်းဆဲကာ ၀န်ခံခိုင်းခြင်းပင် ဖြစ်သည်။ မိမိ၏ လူသား ဂုဏ်သိက္ခာ၊ လူသား အခွင့်အရေးကို ရက်စက်စွာ ချိုးဖျက်ယုံ သာမက မိမိတပ်ရင်း (၂၀၉) ၏ ဂုဏ်သိက္ခာ၊ ဇနီး မိဘ၊ ဆွေမျိုး တို့၏ ဂုဏ်သိက္ခာ ကိုပါ ထိခိုက်စေရန် ” စိတ်ဓါတ်ကို ရိုက်ချိုးပစ်ရမည်” ဟု အတွင်းရေးမှုး မျိုးဝင်း (ထားဝယ်) တွင်း (၂)၊ လှဌေး (ကချင်) တို့က ညွှန်ကြား လုပ်ဆောင်ခဲ့ကြသည်။

၂၅။ ပြောစေလိုသော စကားများကို ကြိုတင် သိစေ၍ ပြောခိုင်းပြီး ဗွီဒီယို ရိုက်ကူးကာ ပြစ်ဒဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။

.
၂၆။ ရေးစေလိုသော အချက်အလက်များကို ရေးခိုင်းပြီး ဒေါင်းအိုးဝေ စာစောင်၌ ထည့်သွင်းကာ ပြစ်ဒဏ်မချ တရားမစီရင်မီကပင် ၀ါဒဖြန့် ခဲ့သည်။

၂၇။ မဟာမိတ်ခေါင်းဆောင်ကြီးများ N.G.O များ ရှေ့တွင် ၀န်ခံရန် ခြိမ်းခြောက်ခိုင်းပြီး ဗွီဒီယို ရိုက်ယူကာ ၀ါဒဖြန့်ခဲ့သည်။

၂၈။ ဗွီဒီယိုရိုက် စာရေး ၀န်ခံ ပြောကြားခိုင်းရာတွင် စိတ်တိုင်းမကျလျှင်၊ အမူအရာပျက်လျှင်၊ စကားလုံးမှားလျှင်ပင် ထပ်မံ ရိုက်နှက်ညှဉ်းဆဲခြင်း၊ အစာနှင့် ရေဖြတ်ပြီး ခြိမ်းခြောက်ခြင်းများ ပြုခဲ့ကြသည်။

၂၉။ မကဒတ ဖွဲ့စည်းပုံနှင့် ဆန့်ကျင်စွာ လူ့အခွင့်အရေး တပ်ဖွဲ့ဝင် အခွင့်အရေးများကို လုံးဝ လျစ်လျူရှု၍ ရုပ်ပိုင်း၊ စိတ်ပိုင်း အမျိုးမျိုး လူမဆန်စွာ ညှဉ်းပမ်း နှိပ်စက်ပြီး ၁ နှစ်ကျော် ချုပ်နှောင်ထားစဉ် တရားမျှတစွာ ခုခံချေပခွင့်၊ စစ်ကော်မရှင်တွင် မပါသော C.E.C/CC များနှင့် တွေ့ခွင့် လုံးဝ မပြုခဲ့ပါ။ အတွင်းရေးမှုး မျိုးဝင်းနှင့် လှဌေး က "ဒီကောင်တွေ လင်မယားက လူချစ်လူခင် များတယ်၊ ပေးတွေ့ပေးရင် ငါတို့ဖက် သေနတ်ပြောင်း လှည့်လာမယ်" ဟုပင် ထုတ်ပြောခဲ့သည်။

၃၀။ မိမိက တောင်းဆိုခဲ့သော C.E.C ဒေါက်တာမြင့်ချို၊ တပ်ရင်း (၂၀၉) ဥက္ကဌ ကိုစိုင်းမြင့်သူ၊ တပ်ရင်းမှုး ကိုသိန်းဆန်း၊ ဒုတပ်ရင်းမှုး ကိုမောင်ဦးတို့ နှင့်လည်း လုံးဝ တွေ့ခွင့် မပြုခဲ့ပဲ တောင်းဆို၍ ရိုက်နှက်မှုနှင့် ထိုသူများသည် မိမိလူများ ဟုတ်၊ မဟုတ် ဟူသည့် ညှဉ်းဆဲ နှိပ်စက် ၀န်ခံခိုင်းမှု သာ ရခဲ့သည်။

.
၃၁။ ရုံးတင် စစ်ရာတွင်လည်း ကြိုတင် အသိပေးခြင်း လုံးဝ မရှိဘဲ ရုံးမထုတ်ခင် တရက်အလို၌ ဥက္ကဌ နိုင်အောင် (လက်ရှိ FDB အဖွဲ့၏ အထွေထွေအတွင်းရေးမှူး၊ မိုးမခ က သည်စာကြောင်းကို ဖြည့်စွက်ထားသည်) ရောက်လာကာ "ရုံးတင်မည်၊ ပြောခိုင်းထားသည့် အတိုင်း မပြောဘဲ ရုတ်ရုတ်ရက်ရက် လုပ်လျှင် ခုံရုံး ဖျက်၍ နှိပ်စက်ကာ သတ်မည်၊ အလောင်းပင် လူစဉ်မမီ ဖြစ်စေမည်" ဟု ခြိမ်းခြောက်ပြီး နောက်နေ့ ရုံးထုတ်ခဲ့သည်။

၃၂။ မကဒတ ဖွဲ့စည်းပုံ ဥပဒေနှင့် မညီ တရားဥပဒေနှင့် မညီသော တရားစီရင်ရေး အဖွဲ့ တရားစီရင်ရေး နည်းလမ်း အချိန်တိုအတွင်း လုံးဝ ခုခံချေပခွင့်၊ အကာကွယ် ရယူခွင့် မပြုဘဲ တဖက်သတ် စစ်ဆေးကာ အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၁၀) နှစ် ချခဲ့သည်။

၃၃။ သို့သော် အပြစ်မချခင် ကပင် အလုပ်ကြမ်း အမျိုးမျိုး ကို ခိုင်းစေခြင်း၊ အစာ ရေ ဖြတ်ခြင်း၊ မြေတိုက်၊ ခွေးအိမ် အချုပ်များဖြင့် ကြပ်တည်းစွာ ချုပ်နှောင် ညှဉ်းပမ်း အပြစ်ပေးခြင်း များ ပြုလုပ်ခဲ့ပြီး ဖြစ်နေသည်။

၃၄။ ညီလာခံများ (အရေးပေါ်ညီလာခံ၊ စတုတ္ထညီလာခံ) အကြိမ်ကြိမ် ပြုလုပ်ခဲ့သော်လည်း အယူခံခွင့်၊ ဖြေရှင်းတင်ပြခွင့်၊ ပြစ်ဒဏ်လျှော့ခြင်းများ လုံးဝ မပြုဘဲ ၃ နှစ်နှင့် ၈ လ ကျော် ချုပ်နှောင်ထားရာတွင် လူသားတယောက် သုံးပန်းတဦး အဖြစ်ပင် မဆက်ဆံဘဲ ခိုင်းစေ ညှဉ်းဆဲခြင်း၊ ဂုဏ်သိက္ခာ ချိုးဖဲ့ ဖျက်ဆီးခြင်းများ ပြုခဲ့သည်။

၃၅။ ဇနီး ဒေါ်ရင်ရင်ဖူးအား အများအမြင် (တပ်တွင်းနှင့် N.G.O) ကောင်းစေရန်သာ တွေ့စေပြီး အမျိုးမျိုး ဂုဏ်သိက္ခာ ထိပါးစေရန် ထိုးနှက်ခဲ့သည်။ ပေးပို့သော အစားအစာ အသုံးအဆောင်များကိုလည်း (မဆလ) န၀တ အကျဉ်းထောင်များထက် ဆိုးဝါး ယုတ်မာစွာ ဖြတ်စားလပ်စား လုပ်ခဲ့ကြသည်။

.
၃၆။ မိမိကို ၃ နှစ် ၈ လကျော် ချုပ်နှောင်ထားရာတွင် တနေရာထဲ၌ မဟုတ်ပဲ (ထိုင်း နယ်မြေ အပါအ၀င်) (၇) နေရာ၌ ပြောင်းရွှေ့ ချုပ်နှောင်ခဲ့ရာ မိမိမှ အမှန်တရားနှင့် သမိုင်းမှန်ကို ယုံကြည်၍ ထွက်ပြေးခြင်း မပြုဘဲ ရင်ဆိုင်နေခဲ့သည်။ သို့သော် ပြောင်းရွှေ့ ချုပ်နှောင်ရန်နှင့် ပြောင်းရွှေ့စဉ် ထွက်ပြေး၍ ပစ်သတ်လိုက်ရသည် ဟူသည့် စီမံဆောင်ရွက်မှုမျိုး လုပ်ဆောင်လာသည်ကို တွေ့ရသည်။ မကဒတ အဖွဲ့အစည်းကို ယုံကြည်သော်လည်း စစ်ကော်မရှင် အတွင်း၌ မူမမှန်မှုများ ရှိနေသည်ကို တိကျစွာ "အထောက်အထား" နှင့်တကွ သိလာခဲ့သည်။ မကဒတ တော်လှန်ရေး အကျိုးစီးပွားကို ဖျက်ဆီးနေပြီး အဆုံးသတ် ပြိုကွဲသည် အထိ (သမိုင်းနှင့်ချီ၍) လုပ်ဆောင်သွားမည့် န၀တ သူလျှို အစစ်အမှန်များ ရှိနေကြောင်း အခိုင်အမာ သိရှိသည်ကို ဖော်ထုတ်ပြနိုင်ရန် ၂၄.၁၁.၉၅ တွင် အချုပ်မှ ခိုးဖေါက် ထွက်မြောက်ခဲ့သည်။

အချုပ်အားဖြင့် အသိပေးလိုသည်မှာ

(က) မိမိသည် စစ်မှန်သော မကဒတ တပ်ဖွဲ့ဝင် ရဲဘော်တဦး ဖြစ်သည်ဟု ယနေ့တိုင် ခံယူထားသည်။

(ခ) စစ်ကော်မရှင်သည် မကဒတ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် ဆန့်ကျင်စွာ တော်လှန်ရေး ထိခိုက် နစ်နာစေသည့် ပုဂ္ဂိုလ်ရေး အမှား၊ အတွေးအခေါ်အမှား၊ လုပ်ဟန်မှားများကို ပြုခဲ့သည်။

(ဂ) စစ်ကော်မရှင်၏ မှားယွင်းမှုသည် န၀တ ၏ အလိုကျ ဖြစ်နေယုံမက သန့်စင် မွန်မြတ်သော မကဒတ ၏ သမိုင်းဂုဏ်ရောင်ကို အမဲကွက် စွန်းစေသည်။

(ဃ) စစ်ကော်မရှင်သည် လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာကို အခြေခံမှ ဖေါက်ဖျက်ကာ ညဉ်းပမ်း နှိပ်စက် သတ်ဖြတ်မှု များစွာ ပြုခဲ့သည်။

(င) မကဒတ ခေါင်းဆောင်မှုပိုင်းတွင် မူမမှန်မှုများ ရှိနေပြီး စစ်အုပ်စု န၀တ သူလျှို အစစ်အမှန် တို့၏ ထိုးဖေါက် ချုပ်ကိုင် လှုပ်ရှားမှုများ ဧကန် ရှိနေသည်။

(စ) မကဒတ တွင်း မမှန်မကန် မတရားမှုများကို ဖြစ်ပေါ်စေပြီး တော်လှန်ရေး လမ်းကြောင်းမှ သွေဖီစေရန်၊ မတည်မငြိမ်ဖြစ်ပြီး ပြိုကွဲ အမြစ်ပြုတ်စေရန် လုပ်ဆောင်နေသူတို့ အကာကွယ်ကောင်း၊ အုပ်စုကောင်း ဖြင့် စနစ်တကျ ရှိနေသည် ကို အသိပေးပါသည်။

.
မိမိ အနေဖြင့် အမှန်တရားနှင့် သမိုင်းကို လုံးဝ ယုံကြည်သည်။ မိမိတဦးတည်း အကျိုးစီးပွား ထိခိုက်ခဲ့မှု၊ ဘ၀ ကျိုးကြေခဲ့မှုကို ဖြေသိမ့်နိုင်သည်။ ဤသို့သော စစ်ကော်မရှင်၏ မှားယွင်း ကျူးလွန် ဆောင်ရွက်မှုများသည် မွန်မြတ်သော အစဉ်အလာ ရှိသည့် မကဒတ အဖွဲ့အစည်းတွင် တာဝန်မရှိဘဲ မိုက်မဲညံ့ဖျင်းစွာ ဆောင်ရွက်ခဲ့သော ခေါင်းဆောင်မှု အပိုင်းနှင့် စနစ်တကျ ယုတ်မာစွာ စီစဉ် ဆောက်ရွက်ခဲ့သော ပုန်းကွယ်နေသည့် န၀တ သူလျှိုစစ်စစ်များ ၌သာ တာဝန်ရှိသည်ဟု သတ်မှတ်သည်။
သို့ဖြစ်ရာ လက်ရှိ မကဒတ တာဝန်ရှိ ပုဂ္ဂိုလ်များ အနေဖြင့် မှားယွင်း ဆောင်ရွက်ခဲ့မှုများကို စုံစမ်းလေ့လာ ဖေါ်ထုတ် ၀န်ခံကာ မကဒတ တွင်း မူမမှန်မှု ရှိနေခြင်းကို ပူးပေါင်း ဖေါ်ထုတ် ဆောင်ရွက်ခြင်းဖြင့် မကဒတ ၏ မွန်မြတ်သည့် သမိုင်းစဉ်၌ စွန်းထင်းစေသည့် အမဲကွက်များကို ဖျက်နိုင်ရန် တော်လှန်ရေးခရီး မှန်ကန်ခိုင်မာ လုံခြုံစွာ ဆက်နိုင်ရန် အသိပေးပါသည်။

– မိမိအနေဖြင့် မကဒတ ရဲဘော်တဦး အဖြစ် ခံယူ၍ ပူးပေါင်း ဆောင်ရွက်ရန် ရှိကြောင်း။

နေ၀င်းအောင်
မ-က-ဒ-တ

မိတ္တူ
-လုပ်သားကောလိပ် ကျောင်းသားများ။
-မ-က-ဒ-တ (ရုံးခွဲများ)
-လက်ခံ။

(မိုးမခ မှ ကူးယူဖေါ်ပြသည်။)

အစ်မကြီး ငယ်နိုင်ခင်ဗျား...

အေဘီ မြောက်ပိုင်းလူသတ်ပွဲအကြောင်း ဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ ကျွန်တော်က (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ရလောက်အောင်တော့ အစ်မကြီးတို့လို သွေးမရဲခဲ့ပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရလောက်အောင်လည်း သတ္တိ မကောင်းခဲ့ပါဘူး။ မိဘရိပ်မှာပဲ ပညာကို ကောင်းကောင်းသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ်မကြီးတို့လို လူတွေကို လေးစားပါတယ်လို့ ပဏာမ ပြောပါရစေ။



အေဘီမြောက်ပိုင်း လူသတ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံနည်းနည်း ပေးချင်ပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ထဲမှာ သူလျှိုလို့ ထင်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ သဘာဝကျပါတယ်။ ဒါပေမယ့် နှိပ်စက်ညှင်းပန်းတာကိုတော့ ဘာအကြောင်းပြချက်နဲ့မှ လက်မခံနိုင်ပါဘူး။

လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးပြီး လူမဆန်အောင် နှိပ်စက်တာဟာ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ International Humanitarian Law (IHL) ဟာ စစ်ဥပဒေပါ။



ဒါကြောင့် အစ်မကြီး ငယ်နိုင်အနေနဲ့ လုပ်လို့ရတာ တချို့ကို ကျွန်တော်စဉ်းစားမိသလောက် ပြောပါ့မယ်။

ဒီအဖြစ်အပျက်ဟာ လက်နက်ကိုင် စစ်ပွဲတစ်ခု အတွင်းမှာ ဖြစ်တဲ့အတွက် အိုင်စီစီ (အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်ရုံး)ကို တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို သေချာစေချင်ရင်တော့ ကိုယ့်ဘက်က အထောက်အထားကို ရသလောက် အခုကတည်းက စုထားသင့်ပါတယ်။ လက်ရှိအေဘီ ခေါင်းဆောင်ပိုင်းရဲ့ ပူးပေါင်းမှုကို ယူသင့်ပါတယ်။

တစ်ဖက်ကလည်း ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ စစ်ဥပဒေအကြောင်းကို ပိုပြီး နားလည်ချင်ရင်တော့ Australia Red Cross ကို အကူအညီ တောင်းလို့ရပါတယ်။ နီးစပ်ရာ အော်ဇီကြက်ခြေနီ အသင်းကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြရင် သူတို့က ရှင်းပြပေးနိုင်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း အစိတ်အပိုင်း တစ်ခုပါ။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross-ICRC) ကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်ပါတယ်။

ဖမ်းထားသူတွေကို နှိပ်စက်တယ်ဆိုတာ ဘယ်ဥပဒေကမှ ခွင့်မပြုထားပါဘူး။ စစ်ဖြစ်နေချိန်မှာတောင် ရန်သူသုံ့ပန်းကို မနှိပ်စက်ရဘူးလို့ စစ်ဥပဒေ (International Humanitarian Law) က အတိအလင်း ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ထိုးထားတာပါ။ မြန်မာပြည်ကည်း ဦးအုန်းကျော် လက်ထက်မှာ လက်မှတ်ထိုးထားပါတယ်။

အီရတ်မှာ ရှိတဲ့ အဘူဂါရစ် ထောင်ထဲမှာ စစ်ကြောရေး လုပ်ရင် သုံးတဲ့ နည်းတစ်ခုချင်းစီကို အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပြီးမှ သုံးရပါတယ်။ ဒါက အမေရိကန်က လူမျိုးခြား မွတ်ဆလင် အကျဉ်းသားတွေကို ဆက်ဆံရင်တောင် တင်းကျပ်ထားတာကို ပြောချင်တာပါ။

အေဘီမြောက်ပိုင်းက ခံယူချက်တူတဲ့ ကျောင်းသားအချင်းချင်း ဒီလောက် လုပ်တာကို ဘယ်လိုမှ အကြောင်းပြလို့ မရပါဘူး။

ကိုယ်လေးစားရတဲ့ နောင်တော်တွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို ချပြကြည့်တာပါ။ ကျေးဇူးပါ။