မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်"


"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" တဲ့ အားလုံး နားလည်အောင် ဘာသာပြန်ပေးရရင် ဂူလောင်း ဆိုတာ အကုန်လုံးလို့ ဆိုလိုတာဖြစ်ပြီး ရှစ်ဟယ် ဆိုတာ ချစ်တယ် လို့ဆိုလိုတာပါ။ ဒါကြောင့် "ထားဝယ်သား အကုန်လုံး အမေစုကို ချစ်တယ်" လို့ အဓိပ္ပာယ် ရပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့လွတ်လပ်ရေးတပ်မတော် BIA ဟာ ဗြိတိသျှလက်အောက်မှ မြန်မာပြည်ကို သိမ်းတော့ တနင်္သာရီတိုင်းကနေ စတင်ခဲ့ပါတယ်။ အခု ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီစည်းရုံးရေးခရီးစဉ်ကိုလည်း တနင်္သာရီတိုင်းကနေ စတင်လိုက်ပါတယ်။ မြန်မာဆိုရိုးစကားမှာ အစကောင်းမှ အနှောင်းသေချာမယ် ဆိုတဲ့စကားပုံ ရှိသလို မြန်မာလူမျိုးတွေမှာ ပွဲဦးထွက်မှာ ကောင်းမှ စုတ်လာဘ်ကောင်းပြီး အောင်မြင်မယ်ဆိုတဲ့ အတိတ်နမိတ်ကိုလည်း ယုံကြည်မှု ရှိကြပါတယ်။ အခု စလိုက်တဲ့ ပွဲဦးထွက် စည်းရုံးရေး ခရီးစဉ်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်က တနင်္သာရီတိုင်းက စလိုက်တာ မှန်သွားပြီ (သစ်ထူးလွင်ဘလော့ဂ်) လို့ ပြောဆိုလိုက်ရတဲ့ အကြောင်းအရင်းကိုတော့ ဘလော့ဂ်အသီးသီးက ပြန်လည်ကူးယူဖေါ်ပြထားတဲ့ အောက်ပါ ဓာတ်ပုံတွေကို ကြည့်ပြီး ခံစားနားလည်နိုင်မှာ အမှန်ပဲ။ တနင်္သာရီတိုင်းမှသည် မြန်မာတပြည်လုံးသို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေး ခရီးစဉ်များ အောင်မြင်စွာ ဆက်လက်ချီတက်နိုင်ပြီး အောင်ပန်းဆွတ်ခူးနိုင်ပါစေ...







ကိုထက်အောင်ကျော် ဘလော့ဂ်မှ



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမနက် ၈-နာရီ ၀န်းကျင်းမှာ ထားဝယ်မြိုဆီ လေယဉ်နဲ့ရောက်ရှိလာပီး ထားဝယ်နဲ့ လောင်းလုံးမှာ ပါတီအစည်းတွေ။ လူထုဟောပြောပွဲေ တွ ဆက်လုပ်နေ တယ်လို့သိရပါတယ်။



တနသာင်္ရီတိုင်း ဥက္ကဌ ဦးလှမင်းအပါဝင် ထားဝယ်။ လောင်းလုံး။ ရေဖြူ။ သရက်ချောင်းနဲ့ ပုလောမြို နယ် တွေကပါတီဝင်တွေ။ ဒေသခံလူထုတွေက လေယဉ်ကွင်းအထိ လာကြိုကြတယ်လို့ ပါတီဝင်လူငယ် တွေကပြောပါတယ်။


လေယဉ်ကွင်းကနေ ထားဝယ်မြိုနယ်ရုံးဆီဝင်ပီး အဲဒီမှာ ပါတီဝင်တွေနဲ့ဆွေးနွေးတာ။ လူထုကို နှုတ်ဆက် တာတွေလုပ်ခဲ့တယ်လို့သိရပါတယ်။ ၉-နာရီကျော်ကျော်မှာတော့ ထားဝယ်ကနေ ကမြောကင်းတံတား ကိုဖြတ်ပီး လောင်းလုံးမြိုနယ်ဆီခရီးထွက်ခဲ့ကြောင်း။ လောင်းလုံးမြိုနယ် ပါတီရုံးခန်းရှေ့ကနေ လူထုကို စကားပြောခဲ့ကြောင်း။ အဲဒီနောက် အောက်ရေဖြူရွာကို ဆက်ဆင်းပီး အဲဒီမှာလဲ လူထုဟောပြောပွဲတခု ထပ်လုပ်သေးတယ်လို့သိရပါတယ်။




၁၂-နာရီကျော်ကျော်ခန့်မှာတော့ အောက်ရေဖြူကနေ လာလမ်းအတိုင်းပြန်လှည့်ပီး ကမြောကင်းတံတား အလွန် သောကြာပြင်ဈေးမှာခရပ်။ ပီးတော့ မောင်းမကန်ကမ်းခြေကို ဆက်သွားပီး အဲဒီမှာ လူထုဟော ပြောပွဲတခုလုပ်ခဲ့တယ်လို့ ပါတီဝင်လူငယ်တွေကပြောပါတယ်။

မောင်းမကန်ကအပြန်မှာတော့ ထားဝယ်မြိုဆီဝင်ပြီး လေယဉ်ကွင်းအသွားလမ်းပေါ်ရှိ တော်ဝင် စတိုးပေါ်က နေ ထားဝယ်လူထုကို စကားပြောခဲ့တယ်လို့သိရပါတယ်။ ၄-နာရီကျော်ကျော်မှာတော့ ထားဝယ်ဒေသခရီးစဉ်ပီးဆုံးလို့ ရန်ကုန်မြိုဆီ လေယဉ်နဲ့ပြန်သွားပီလို့ ဒေသခံတွေဆီက သိရပါတယ်။
...................................................................................................................................







ပုလော။ သရက်ချောင်း။ ရေဖြူနဲ့လောင်းလုံးမြိုနယ်တွေမှ ပါတီဝင်များရဲ့ကြိုဆိုမှု
.............................................................................................................................

လောင်းလုံးမြိုနယ်သို့အသွားလမ်းမှာ...





လောင်းလုံးမြိုနယ် အမတ်လောင်း ဦးအောင်စိုး
............................................................................................................................


ထားဝယ်စကားနဲ့ ကြိုနေသူများ-

ထားဝယ်လူထုနဲ့ ဒေါ်စု









ထားဝယ်ရုံးရှေ့မှာ-

ထားဝယ်လူထုနဲ့ ဒေါ်စု-
လောင်းလုံးမြိုနယ်မှာ-






ထားဝယ်မှ မထွက်ခွါခင် ထားဝယ်လူထုအား တော်ဝင်စတိုးပေါ်ကနေ မိန့်ခွန်းပြောနေစဉ်








လောင်းမြိုနယ်အတွင်းက ကြိုဆိုမှုများ--













ဒီကနေ့ မနက်ပိုင်းက ကျွန်တော်တို့ အမေစု ထားဝယ်မြို့ကို ရောက်ရှိလာပါတယ်..။ ဒီလို သောင်းသောင်းဖြဖြ လူထုက ကြိုဆိုကြပါတယ်..
Getty Images
ကြိတ်ကြိတ်တိုးစည်ကားနေသော ထားဝယ်ကားလမ်းတနေရာ
The Voice Weekly

ထားဝယ်ပြည်သူလူထု သိန်းချီ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနေကြသည်။ ထားဝယ်မြို့ခံအချို့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို လက်ပြရင်း မျက်ရည်များ ကျကာ အော်ဟစ် ငိုကြွေးနေကြသည်။ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်းတွင် ယာဉ်စီးရေ စုစုပေါင်း ၆၀ ကျော် လိုက်ပါနေပြီး ဆိုင်ကယ် အရေအတွက်မှာ မရေမတွက်နိုင်အောင် များပြားလှသည်။ လူတိုင်း၏ လက်ထဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ခွပ်ဒေါင်းအလံငယ်များ ကိုင်ဆောင် ဝှေ့ယမ်းနေကြသည်။

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်း တစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "

(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ်NLD ရုံး)" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "

" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "

" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "

" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ အုံဖွ အားလုံးဖြစ်စေ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "

" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "

" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "

" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "
အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "

(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)

" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "

" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "

" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "


(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)

သတင်းရင်းမြစ်..

by The Voice Weekly

- ဟန်ထက် ပေးပို့သည်



မိုးမခမှ
ဇန်န၀ါရီ ၂၉၊ ၂၀၁၂

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့နံနက်ပိုင်းက ထားဝယ်မြို့သို့ လေကြောင်းခရီးဖြင့် ရောက်ရှိသွားသည်။ ယခု ခရီးစဉ်သည် နေ့ချင်းပြန်ခရီးစဉ် ဖြစ်သည်ဟု သိရသည်။ လာမည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးခရီးဖြစ်သည်။ (ဓာတ်ပုံများ - Yangon Press International နှင့် Getty Images)








ဒီပို့စ်မှာ ကူးယူဖေါ်ပြခွင့်ရတဲ့ ဘလော့ဂါများ အားလုံးကို ကျေးဇူးတင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ငြိမ်းချမ်းရေး ကြိုးပမ်းမှု အောင်မြင်ပါစေ...

18 comments:

(
ခေါင်းစဉ်ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )

post ရော၊ post အောက်က comments တွေ၊ စာညွန့်တွေ ရော မြန်မာပြည်သူ အားလုံး သိသင့်တဲ့ အကြောင်းအချက်တွေပါ။
ခင်ညွန့်အကြောင်း သမိုင်းမှန် အချက်အလက်တွေချည်းပါပဲ။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်လူထုက အားတက်သရော ကြိုဆိုပုံကို ဓာတ်ပုံတွေထဲမှာ မြင်ရတာ အရမ်း ဝမ်းသာအားရ ပီတိဖြာမိပါတယ်။ ဒီပုံတွေကို မြန်မြန်ဆန်ဆန် တင်ပေးတဲ့ မငယ်နိုင် အပါအဝင် ဘလော့ဂါတွေ၊ FB က မိတ်ဆွေတွေကို အထူး ကျေးဇူးတင်ပါတယ်။

ဒီနေ့ Internet မှာ တက်လာတဲ့ ၂၉-၁-၁၂ ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ် ဓာတ်ပုံတွေကို ကြည့်ရင်း Hot News Journal က ဓာတ်ပုံတွေကို ပြန်သတိရတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘယ်လိုမှ နှိုင်းယှဉ်စရာ မလိုတဲ့၊ နှိုင်းယှဉ်လို့ မရတဲ့ ပြည်ဖျက်တရားခံ ခင်ညွန့် ကို Hot News အယ်ဒီတာချုပ် မမ က မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ်ပြထားတာကို ပြန်သတိရတာပါ။

ဒါနဲ့ ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ post အောက်က comments တွေ၊ ဆောင်းပါးတွေ၊ စာညွန့်တွေ ကို ပြန်ဖတ်ကြည့်မိတယ်။

မဖတ်ရသေးတဲ့ စာဖတ်သူတွေ အလွယ်တကူ ဖတ်လို့ ရအောင် ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post ရဲ့ link ကို တင်ပေးလိုက်ပါတယ်။

(
ခေါင်းစဉ်ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


"ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ" post ရော၊ post အောက်က comments တွေရော မြန်မာတိုင်း လေ့လာပြီး ပေါ့ပျက်ပျက် သဘောမထားဘဲ အလေးအနက် မှတ်သားထားသင့်ပါတယ်။

အဲဒီ မြေခွေး ခင်ညွန့် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေဟာ ပြည်သူအားလုံး သိသင့်တဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ခင်ညွန့် ရဲ့ အကြောင်း အတိုချုပ်တွေ ဖြစ်ပါတယ်။

အခုဆိုရင် မင်းသားခေါင်း ဆောင်းထားတဲ့ ဘီလူး ခင်ညွန့်ရဲ့ အယုတ်တမာ လုပ်ရပ်တွေကို လွယ်လွယ်နဲ့ မေ့ပစ်လိုက်တဲ့ လူတွေ ရှိနေပါတယ်။ တချိန်ထဲမှာပဲ စစ်အုပ်စု နဲ့ ခင်ညွန့်ရဲ့ ဒလံတွေက မမှန်မကန် ဝါဒဖြန့်နေတာတွေ ရှိနေပါတယ်။

သမိုင်းတရားခံ ခင်ညွန့် ကို သမိုင်းတရားခံလို့ ပြတ်ပြတ်သားသား မြင်ဖို့ အရေးကြီးပါတယ်။ ခင်ညွန့်ရဲ့ ဒလံတွေက မမှန်မကန် ဝါဒဖြန့်နေတာကို ပြည်သူတွေ နားမယောင်သွားအောင်လို့ ဒါကို အလေးအနက်ထားပြီး ပြောရတာပါ။

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

°
အရေခြုံ စစ်အုပ်စုက ပြည်သူတွေကို အသွင်ပြောင်း စစ်ကျွန် ဆက်လုပ်သွားမလို့ အကွက်ဆင်နေတယ်။ ကြောင်သူတော် ခင်ညွန့်ကို လွှတ်ပေးလိုက်တာ သွေးရိုးသားရိုး မဟုတ်ဘူး။

ခင်ညွန့်က "ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်" ဆိုပြီး ဒီမိုကရေစီ အင်အားစုတွေရဲ့ လှုပ်ရှားမှုတွေထဲကို ကိုယ်တိုင် ထိုးဖောက် ဝင်ရောက်ပြီး သပ်လျှိုပြီး ပြည်သူချင်း ရန်တိုက်ပေးမလို့ပါ။

အခုဆို ခင်ညွန့်ရဲ့ ဒလံတွေက "အတိတ်ကို တူးဆွမနေကြပါနဲ့တော့၊" "ဦးခင်ညွန့်ကို ခွင့်လွှတ်လိုက်ပါ၊" "ဦးခင်ညွန့်ဟာ နိုင်ငံ့ခေါင်းဆောင် ဖြစ်သင့်တဲ့ လူတော်လူကောင်းပါ" ဆိုတဲ့ မှတ်ချက်တွေ ရေးပြီး ခင်ညွန့်ကို တကျော့ပြန် ပွဲထုတ်မလို့ ပြည်သူတွေကို နှပ်ကြောင်း ပေးနေတယ်။

အခုဆိုရင် ခင်ညွန့် အာဏာရှိစဉ်က ခင်ညွန့်က အာဏာကို အလွဲသုံးစား လုပ်ပြီး လုပ်ပိုင်ခွင့်တွေ၊ ပါမစ်တွေ ချပေးခဲ့လို့ အကြီးအကျယ် ချမ်းသာလာတဲ့ ခင်ရွှေက ခင်ညွန့်ကို တလ ဒေါ်လာ ၅၀ဝ၀ ပေးပြပြီး ခင်ညွန့်ကို စင်ပေါ် ပြန်တင်ဖို့ စပြီး လမ်းခင်းနေပါပြီ။

တကယ်က ခင်ညွန့်ဟာ မြန်မာနိုင်ငံကို အခုလောက် ဆိုးရွားသွားအောင် လုပ်ခဲ့တဲ့ အဓိက ပြည်ဖျက်တရားခံ နံပါတ် (၂) ဖြစ်ပါတယ်။

လူယုတ်မာ ခင်ညွန့်ဟာ သူတော်ကောင်းယောင် ဆောင်နေသူပါ။ အတွင်းစိတ် ကောက်တဲ့ အင်မတန် ကောက်ကျစ် ယုတ်မာ ရက်စက်တဲ့ လူယုတ်မာစစ်စစ် ဖြစ်ပါတယ်။ ကြောင်သူတော် ကြက်သူခိုး ဖြစ်ပါတယ်။

မိုက်ခဲ သန်းရွှေ ရက်စက် ယုတ်မာတာ လူသိများတယ်။ ကြောင်သူတော် ခင်ညွန့် ရက်စက် ယုတ်မာတာ လူ သိပ်မသိဘူး။

လူယုတ်မာ ခင်ညွန့် ရဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်စွာ စနစ်တကျ နှိပ်စက်မှုကြောင့် အပြစ်မဲ့ ပြည်သူပေါင်းများစွာ သေသွားတာ၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းသွားတာ၊ ရူးသွားတာတွေ အများကြီးပါ။

ဒါကြောင့် သမိုင်းတရားခံ ခင်ညွန့် ဟာ "ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပါတယ်" ဆိုတဲ့ စကားတခွန်းထဲနဲ့ ဒီမိုကရေစီ အင်အားစုတွေ ကြားထဲမှာ ဝင်ပြီး ခြေထိုးမယ့် ဘေးရန်ကို ပြတ်ပြတ်သားသား ကာကွယ်ဖို့ တိုင်းချစ်ပြည်ချစ်စိတ် ရှိတဲ့ ပြည်သူအားလုံးမှာ တာဝန်ရှိပါတယ်။

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

နွေမှာ ငုနဲ့ပိတောက် လှိုင်သည်....April မှာ မေစုရဲ့ ခွပ်ဒေါင်းနိုင်မည်.

(

January 29, 2012)

- ဟန်ထက် ပေးပို့သည်

မကြာမီ ရက်ပိုင်းအတွင်းက နိုင်ငံတကာ ထိပ်တန်း ခေါင်းဆောင်များနှင့် သူ(မ)၏ အင်းလျားကန်စောင်းရှိ အိမ်ဂေဟာတွင် တွေ့ဆုံခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် ဇန်နဝါရီ ၂၉ ရက်နေ့တွင် တောင်တန်းတစ်ဝက်၊ ပင်လယ်တစ်ဝက် အကြား၊ ရော်ဘာတောများ အကြား၊ ဆီအုန်းတောများ အကြားတွင် ပြည်သူလူထုနှင့် တွေ့ဆုံနေပြီ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ထားဝယ် ခရီးစဉ်အတွင်း ဒေသခံ သိန်းချီ ကြိုဆိုခဲ့သည်။ ချစ်ရမည့်သူ ငတ်နေသော လူထုအတွက် ၁၉၈၈ နောက်ပိုင်း အကြီးမားဆုံး လူထု စုစည်းမှု ဖြစ်နိုင်ကြောင်း ဒေသခံတို့က ဆိုကြသည်။ အချို့က မျက်ရည်လည်သည်။ မချိတင်ကဲ ရေရွတ်သည်။ ထားဝယ်၊ လောင်းလုံ၊ မောင်းမကန် လမ်းတလျှောက် ဒေါ်အောင်ဆန်းစုကြည် မိန့်ခြွေခဲ့သော ပြောစကား ကောက်နှုတ်ချက်များကို ကောက်နှုတ် ဖော်ပြအပ်ပါသည်။

-

" ထားဝယ်သူ၊ ထားဝယ်သားတွေက တိုင်းရင်းသားတွေရဲ့ ခံစားမှုကို ပိုနားလည်နိုင်မှာပါ "

(နံနက် ၈ နာရီခွဲခန့်၊ ထားဝယ် NLD ရုံး)

" ပြည်သူလူထုကို ပေးထားတဲ့ ကတိအတိုင်း မလုပ်နိုင်တဲ့ ကိုယ်စားလှယ်ကို နောက်တစ်ခါ မဲမပေးနဲ့။ ကျွန်မတို့ NLD က လည်း ထပ်ပြီး ခွင့်ပြုမှာ မဟုတ်ဘူး "

" NLD ဟာ ဆင်းရဲတဲ့ ဒဏ်ကို ခံနိုင်တယ် ဆိုတာ အားလုံးသိပြီး ဖြစ်တယ်။ ချမ်းသာတဲ့ ဒဏ်ကို ခံနိုင်သလား မခံနိုင်ဘူးလား သိချင်ရင်တော့ မဲထည့်လိုက်ပါ "

" တနင်္သာရီက ပြည်သူတွေရဲ့ သတ္တိပြောင်မြောက်တဲ့ အားပေးထောက်ခံမှုကို ကြည့်ပြီး တခြားနေရာတွေ ကလည်း ထောက်ခံကြမယ် "

" ကျွန်မတို့ဟာ မှော်ဆရာလည်း မဟုတ်တော့ `ဥုံဖွ.. အားလုံးဖြစ်စေ´ ဆိုပြီး မလုပ်နိုင်ပါဘူး။ ကတိပေးနိုင်တာ တစ်ခုတော့ ရှိပါတယ်။ ကျွန်မတို့ဟာ ပြည်သူတွေကို ဘယ်တော့မှညာမှာ မဟုတ်ဘူး "

" ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ်ကို ပြည်သူက မထောက်ခံခဲ့ရင် အခု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချူပ် ဆိုတာ ရှိတော့မှာ မဟုတ်ဘူး "

" ကျွန်မတို့ လုပ်နိုင်တာ ရှိရင် လုပ်နိုင်တယ်လို့ ပြောမယ်။ မလုပ်နိုင်တာ ရှိရင် မလုပ်နိုင်ဘူးလို့ ပြောမယ်။ လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စဆိုရင် ဖြစ်အောင်ကို လုပ်ရမှာပဲ "

" ပြည်သူတွေဟာ နိုင်ငံရေး ပါတီတွေကို မဲထည့်ရုံ ထောက်ခံရုံနဲ့ မပြီးပါဘူး။ ထိန်းထားနိုင်ဖို့လည်း လိုတယ် "

" အစိုးရတိုင်းကို ပြည်သူတွေက ထိန်းထားနိုင်မှ တကယ့် ဒီမိုကရေစီ ရပြီလို့ ကျွန်မတို့ ပြောနိုင်မှာပါ "

(ညနေ လေးနာရီခန့်၊ ဘေဘီစတိုး၊ ဗိုလ်ချုပ်လမ်း)

" ပထမဦးဆုံး စည်းရုံးရေးခရီး တနင်္သာရီကို ဆင်းတာ မှန်သွားပြီ "
" ပြည်သူ့အသံကို နားထောင်ရမယ်။ နားထောင်ရုံ နဲ့လည်း မပြီးဘူး။ လုပ်ချင်တဲ့ ဆန္ဒ ရှိရမယ်။ ဆန္ဒရှိရုံနဲ့လည်း မပြီးသေးဘူး ။ လုပ်နိုင်ကိုင်နိုင်တဲ့ အရည်အချင်း ရှိရမယ် "

" တနင်္သာရီ ဒေသဟာ သဘာဝ အလှတွေနဲ့ အရမ်းကို ပြည့်စုံနေတဲ့ နေရာပါ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးက ကောင်းပါတယ်။ ဒါပေမယ့် သဘာဝ ပတ်ဝန်းကျင်နဲ့ စီးပွားရေး ဖွံ့ဖြိုးမှုကို ဟန်ချက်ညီအောင် လုပ်ရမယ် "

(နေ့လည် သုံးနာရီခန့်၊ မောင်းမကန် ကမ်းခြေ)


(The Voice Weekly)

ပထမဆုံးရောက်ဖူးတာပါ
ကျောင်းသားတွေကိုရက်ရက်စက်စက်သတ်တဲ့
အောက်တန်းစား ABSDF က ဆိုလို. လာမိတာမှားတယ်လို.တာင် ကိုယ်.ကိုယ်ကိုထင်မိပါတယ်
နောက်ဘယ်တော.မှမလာတော.ပါဘူး

ကောင်းပါတယ် anonymous (January 31, 2012 2:40 PM) ရေ ဒီဘလော့ဂ်ကို နောက်ဘယ်တော့မှမလာပါနဲ့။ ကျွန်မဘလော့ဂ်ကို လာသူတွေ အကုသိုလ်ရသွားတာကို မလိုချင်ဘူး။ မှတ်သားစရာ ရသွားတာကိုပဲ လိုချင်ပါတယ်။ ဒါကြောင့် အကုသိုလ်လာရှာသူတွေ မလာတာ အကောင်းဆုံးပဲ။

အောင်မာ...
Anonymous (January 31, 2012 2:40 PM) က
(ဒီဘလော့ကို ပထမဆုံးရောက်ဖူးတာပါ) ဆိုပါလား။


ဟေ့ကောင်
Anonymous နဲ့ေ၇းသွားတဲ့ mg (မောင်) ဆိုတဲ့ စစ်တပ်ကကောင်...
အပိုတွေလာလုပ်မနေနဲ့။
မင်းကိုမင်း Anonymous တွေ၊ဘာတွေလုပ်မနေနဲ့။
အေ၇မ၇အဖတ်မ၇တွေပဲေ၇းတတ်တဲ့ မင်း၇ဲ့ခေါင်းကို ခွေးချီသွားတောင်မှတ်မိတယ်ကွ။

ABSDF မြောက်ပိုင်းကိစ္စမှာ မင်းတို့ ဘာမှဝင်ပီး ဖျာဝင်ခင်းမနေနဲ့။
သမိုင်းအစဉ်အလာထွန်းပြောင်ခဲ့တဲ့ ABSDF ကို အခွင့်အေ၇းမျှော်ကိုးပီး ကြေးစားစစ်တပ်ထဲဝင်လာတဲ့ မင်းလိုကြေးစားစစ်သားက ဘာမှပြောနေစ၇ာမလိုဘူးကွ။

ဟေ့ကောင်
Anonymous (January 31, 2012 2:40 PM) နဲ့ေ၇းသွားတဲ့ mg (မောင်) ဆိုတဲ့ စစ်တပ်ကကောင်...

ABSDF တပ်ဖွဲ့ဝင် ကျောင်းသားတွေဟာ ၇ိုးသားတာေ၇ာ၊ ကိုယ်ကျိုးစွန့်တာေ၇ာ အစဉ်အလာနဲ့လာတာကွ။
ပြည်ဖျက်၇န်သူစစ်အာဏာ၇ှင်ကို တော်လှန်ပီး ပြည်သူ့လက်ထဲကိုအာဏာအပ်ပေးဖို့ဆိုတဲ့၇ည်၇ွယ်ချက်နဲ့ တောခိုခဲ့ကြတာကွ။
ABSDF တပ်ဖွဲ့ဝင်အများစုဟာ ဘာအခွင့်အေ၇းမှမမျှော်လင့်ဘဲ အ၇ိုးခံစိတ်နဲ့ ပေးဆပ်ဖို့သက်သက် ကျောင်းသားတပ်မတော်ထဲဝင်ခဲ့ကြတာကွ။


ကျောင်းသားတွေကို ၇က်၇က်စက်စက်သတ်တာ ABSDF ၇ဲ့သဘောထား မဟုတ်ဘူးကွ။
ABSDF မြောက်ပိုင်းကေ၇ာ်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆောင် (လှဆိုင်) အပါအဝင် အာဏာ၇ူးတစု၇ဲ့ မင်းမဲ့စ၇ိုက်ပဲ။
အာဏာ၇ူးတစု၇ဲ့ မင်းမဲ့စ၇ိုက်ကို ၇ိုးသားဖြောင့်မတ်တဲ့၊ မှန်မှန်ကန်ကန်၇ှိတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေက ကန့်ကွက်နေကြတာပဲကွ။

ABSDF ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ABSDF အတွင်းေ၇းမှုးဟောင်း ကိုသန်းဝင်း တို့ ဆို၇င်လဲ ABSDF မြောက်ပိုင်းကိစ္စအတွက် တာဝန်၇ှိသူတွေက ဖြေ၇ှင်းဖို့ အစောကြီးကတဲက (12/ 21/ 2011 ၇က်ကတဲက) ပြောနေကြတာပဲကွ။
( ABSDF အတွင်းရေးမှုးဟောင်း (၈၈) နှင့် ဥက္ကဌ ( ဟောင်း) တို့ ၏ မြောက်ပိုင်း လူသတ်မှု့များအပေါ်သဘောထာထား ) ) (Posted on 21-12-2011)
( http://drkokogyi.wordpress.com/2011/12/25/absdf-former-secretary-and-chairmans-opinion-on-the-absdf-northern-killing-field-in-burmese/ )


မငယ်နိုင်ဆို၇င်လဲ (2011-12-19) ၇က်မှာထွက်လာတဲ့ ပန်းချီထိန်လင်း၇ဲ့ ABSDF မြောက်ပိုင်းကိစ္စဆောင်းပါးကို ဖတ်ပီးပီးချင်းမှာပဲ ဒီလူမဆန်အောင်နှိပ်စက်ပီးသတ်ဖြတ်တဲ့ကိစ္စကို ရှုတ်ချခဲ့တာပဲ။

ပန်းချီထိန်လင်း ၇ဲ့ ဆောင်းပါး (ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က..) (Posted on 19-12-2011)
( http://www.kaungkin.com/index.php?option=com_content&view=article&id=670:article&catid=37:2009-04-17-01-30-25&Itemid=64 )

ပီးတော့ မငယ်နိုင်က အေဘီမြောက်ပိုင်းကိတ်စနဲ့ပတ်သက်ပီး ဖြစ်၇ပ်မှန်ကိုဖော်ထုတ်ဖို့ တောက်လျှောက်ပြောလာခဲ့တာပဲ။
အဲဒီတော့ မငယ်နိုင်ကို မင်း ဘာမှ စောင်းမြောင်းပီး ပြောစ၇ာမလိုဘူးကွ။
ABSDF အဖွဲ့ နဲ့ ABSDF အဖွဲ့အတွင်းက အာဏာ၇ူးတစုကို ခွဲခြားပီး ပြောပါကွ။

မငယ်နိုင်အပါအဝင် တောင်ပိုင်း တပ်ဖွဲ့ဝင်ဟောင်း အတော်များများက ထောက်လှမ်းေ၇းလို့ မတ၇ားစွပ်စွဲခံ၇ပီး အဖမ်းခံထား၇တဲ့ ကျောင်းသား ၁၀ဝ လောက်ထဲက လူမဆန်အောင်နှိပ်စက်ခံ၇ပီးမှ အဲဒီအထဲက ၃၀ ကျော်လောက် အသတ်ခံ၇တယ် ဆိုတာကို မနေ့တနေ့ကမှသိ၇တာကွ။
မငယ်နိုင်တို့လို ဒီလူမဆန်အောင်နှိပ်စက်ပီးသတ်ဖြတ်တဲ့ကိစ္စအတွက် လုံးဝတာဝန်မ၇ှိတဲ့ ABSDF အဖွဲ့ဝင်ဟောင်းတွေအားလုံးကို (( အောက်တန်းစား ABSDF )) ဆိုပီး ဝါးလုံး၇ှည်နဲ့ယမ်းပီး ပုတ်ခတ်စ၇ာမလိုဘူးကွ။

အေဘီ (ကချင်) က သံချောင်း၊ မျိုးဝင်း၊ အောင်နိုင် ( ရော်နယ်အောင်နိုင် )၊ လှဆိုင် (လှဆောင်) အပါအဝင် လူရမ်းကားတစုက ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော် အပါအဝင် အပြစ်မဲ့ကျောင်းသားစစ်စစ် ၃၀ ကျော်ကို မတရားစွပ်စွဲ ဖမ်းဆီးပြီး လူမဆန်စွာနှိပ်စက်ပြီး သတ်ဖြတ်မှုတွေဟာ အင်မတန်ဆိုးရွားတဲ့၊ လူမဆန်လွန်းတဲ့ အဖြစ်အပျက်တွေပဲ။

ABSDF မြောက်ပိုင်း လူမဆန်စွာနှိပ်စက်ပြီး သတ်ဖြတ်မှုတွေဟာ မြန်မာ့သမိုင်းရဲ့ အမဲစက်ကြီးပဲ။ ဒီတော့ အေဘီ မြောက်ပိုင်း ကိစ္စဟာ ABSDF အဖွဲ့တခုထဲရဲ့ ကိစ္စသက်သက် မဟုတ်တော့ဘူး။ အတိုက်အခံတွေရဲ့ ကိစ္စသက်သက် မဟုတ်တော့ဘူး။ ဒါဟာ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်သွားပြီ။

ဒီတော့ ပြည်သူအားလုံးက ဒီ ABSDF မြောက်ပိုင်း ကိစ္စမှာ ဝင်ရောက်ဆွေးနွေးလို့ရတယ်၊ အကြံပေးလို့ရတယ်။ ပြည်သူတွေအနေနဲ့ဝင်ပြီးလဲ ဆွေးနွေးသင့်၊ အကြံပေးသင့်တယ်။ အတိုက်အခံ မဟုတ်ပေမယ့် မတရားမှုကို ရွံရှာတဲ့ ပြည်သူအများအပြားလဲ ပါဝင်ဆွေးနွေးနေကြတယ်။

ဒါပေမယ့် ဒီ အေဘီမြောက်ပိုင်း ကိစ္စမှာ ဆွေးနွေးတာ၊ အကြံပြုတာ မဟုတ်ဘဲ ဒီကိစ္စကို ခုတုံးလုပ်ပြီး ABSDF ရဲမေဟောင်းဖြစ်တဲ့ မငယ်နိုင်ကို မဆီမဆိုင် စောင်းမြောင်းပြီး တိုက်ခိုက်ချင်ရုံသက်သက်နဲ့ "ကျောင်းသားတွေကိုရက်ရက်စက်စက်သတ်တဲ့ အောက်တန်းစား ABSDF က ဆိုလို. လာမိတာမှားတယ်လို.တာင် ကိုယ်.ကိုယ်ကိုထင်မိပါတယ်" ဆိုတာရယ်၊ "လူသတ်ကောင် ABSDF က မှန်းသိလို. နောက်မလာတော.ပါ" ဆိုတာရယ်ကိုပဲ ထပ်တလဲလဲ အရေမရအဖတ်မရ လာလာရေးနေတဲ့ စစ်ကျွန်တွေကတော့ ABSDF မြောက်ပိုင်းကိစ္စမှာ ဘာမှကို ဝင်ပြောနေစရာ မလိုဘူး။

အစ်မကြီး ငယ်နိုင်ခင်ဗျား...

အေဘီ မြောက်ပိုင်းလူသတ်ပွဲအကြောင်း ဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ ကျွန်တော်က (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ရလောက်အောင်တော့ အစ်မကြီးတို့လို သွေးမရဲခဲ့ပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရလောက်အောင်လည်း သတ္တိ မကောင်းခဲ့ပါဘူး။ မိဘရိပ်မှာပဲ ပညာကို ကောင်းကောင်းသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ်မကြီးတို့လို လူတွေကို လေးစားပါတယ်လို့ ပဏာမ ပြောပါရစေ။



အေဘီမြောက်ပိုင်း လူသတ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံနည်းနည်း ပေးချင်ပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ထဲမှာ သူလျှိုလို့ ထင်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ သဘာဝကျပါတယ်။ ဒါပေမယ့် နှိပ်စက်ညှင်းပန်းတာကိုတော့ ဘာအကြောင်းပြချက်နဲ့မှ လက်မခံနိုင်ပါဘူး။

လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးပြီး လူမဆန်အောင် နှိပ်စက်တာဟာ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ International Humanitarian Law (IHL) ဟာ စစ်ဥပဒေပါ။



ဒါကြောင့် အစ်မကြီး ငယ်နိုင်အနေနဲ့ လုပ်လို့ရတာ တချို့ကို ကျွန်တော်စဉ်းစားမိသလောက် ပြောပါ့မယ်။

ဒီအဖြစ်အပျက်ဟာ လက်နက်ကိုင် စစ်ပွဲတစ်ခု အတွင်းမှာ ဖြစ်တဲ့အတွက် အိုင်စီစီ (အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်ရုံး)ကို တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို သေချာစေချင်ရင်တော့ ကိုယ့်ဘက်က အထောက်အထားကို ရသလောက် အခုကတည်းက စုထားသင့်ပါတယ်။ လက်ရှိအေဘီ ခေါင်းဆောင်ပိုင်းရဲ့ ပူးပေါင်းမှုကို ယူသင့်ပါတယ်။

တစ်ဖက်ကလည်း ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ စစ်ဥပဒေအကြောင်းကို ပိုပြီး နားလည်ချင်ရင်တော့ Australia Red Cross ကို အကူအညီ တောင်းလို့ရပါတယ်။ နီးစပ်ရာ အော်ဇီကြက်ခြေနီ အသင်းကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြရင် သူတို့က ရှင်းပြပေးနိုင်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း အစိတ်အပိုင်း တစ်ခုပါ။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross-ICRC) ကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်ပါတယ်။

ဖမ်းထားသူတွေကို နှိပ်စက်တယ်ဆိုတာ ဘယ်ဥပဒေကမှ ခွင့်မပြုထားပါဘူး။ စစ်ဖြစ်နေချိန်မှာတောင် ရန်သူသုံ့ပန်းကို မနှိပ်စက်ရဘူးလို့ စစ်ဥပဒေ (International Humanitarian Law) က အတိအလင်း ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ထိုးထားတာပါ။ မြန်မာပြည်ကည်း ဦးအုန်းကျော် လက်ထက်မှာ လက်မှတ်ထိုးထားပါတယ်။

အီရတ်မှာ ရှိတဲ့ အဘူဂါရစ် ထောင်ထဲမှာ စစ်ကြောရေး လုပ်ရင် သုံးတဲ့ နည်းတစ်ခုချင်းစီကို အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပြီးမှ သုံးရပါတယ်။ ဒါက အမေရိကန်က လူမျိုးခြား မွတ်ဆလင် အကျဉ်းသားတွေကို ဆက်ဆံရင်တောင် တင်းကျပ်ထားတာကို ပြောချင်တာပါ။

အေဘီမြောက်ပိုင်းက ခံယူချက်တူတဲ့ ကျောင်းသားအချင်းချင်း ဒီလောက် လုပ်တာကို ဘယ်လိုမှ အကြောင်းပြလို့ မရပါဘူး။

ကိုယ်လေးစားရတဲ့ နောင်တော်တွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို ချပြကြည့်တာပါ။ ကျေးဇူးပါ။

-
နေ့စွဲ - ၁၁-၂-၂၀၁၂


(မြန်မာနိုင်ငံမြောက်ပိုင်း ABSDF နယ်မြေအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုများ အတွက် သေဆုံးသွားခဲ့သူများ၏ ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေ စိုးမိုးမှုအား လူသားတိုင်း ခံစားနိုင်ခွင့် ရှိစေခြင်း၊ မွေးရာပါ လူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန် လိုအပ်ခြင်း စသည့် အချက်များ အတွက် သိသာစေရန် တင်ပြချက်။)


လူသတ်မှု ဆိုသည်မှာ ရဲအရေးပိုင်သော ကိစ္စ ဖြစ်၏။ ABSDF အဖွဲ့၏ အဖွဲ့စည်းတွင်း ပြဿနာတစ်ရပ် မဟုတ်ပါ။ ABSDF အဖွဲ့တွင် အဖွဲ့စည်းအတွင်း ပြဿနာများ ရှိကောင်း ရှိနိုင်သော်လည်း ပြဿနာတစ်ရပ်ကို လူသတ်သည့်နည်းဖြင့် ဖြေရှင်းလျှင် အဖွဲ့အစည်း၏ ပြဿနာ မဟုတ်တော့ပါ။ လူ့အဖွဲ့အစည်း၏ ပြဿနာ ဖြစ်ပါ၏။

လူသတ်မှုအတွက် မျက်မြင်သက်သေ၊ ကြားသိသောသက်သေ စသည်ဖြင့် သက်သေအထောက်အထားများ လို၏။ သက်သေ ရှိလျှင် အမှုဖွင့်လို့ရပြီ ဖြစ်သည်။ လူသတ်မှုကို ထောင်ချသူမှာ တရားသူကြီး မဟုတ်၊ သက်သေ သာလျှင် ဖြစ်၏။

လူသတ်မှုက အနှစ် ၂၀ ကျော်ပြီ ဖြစ်၏။ အနှစ် ၂၀ ကျော် လုံးလုံး ဖေါ်ထုတ်မည့်သူ မရှိခဲ့၍ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယခု ဖေါ်ထုတ်သူများ ရှိနေပြီ ဖြစ်သောကြောင့် တာဝန်ရှိသူများက တာဝန်ရှိသလို ဆောင်ရွက်သင့်ပါသည်။ တာဝန်ရှိသူများအနေဖြင့် စုံစမ်းရေးကော်မရှင်ကို တရားဝင်ဖွဲ့စည်းဖို့အချိန်တန်ပြီ ဖြစ်ပါသည်။ တာဝန်ရှိသူများမှာ ABSDF ခေါင်ဆောင်ဟောင်း များအားလုံးနှင့် လက်ရှိ ခေါင်းဆောင်များအားလုံးတို့ ဖြစ်၏။

တာဝန်ရှိသူများမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိလျှင် လူသတ်မှုအား ထိန်ချန်မှု ဖြစ်၏။ လူသတ်မှုတစ်ခုအား ထိန်ချန်ခြင်းအတွက် ဆင်ခြေ မရှိပါ။ အခြေအနေ အချိန်အခါအရ တရားဥပဒေ လောကနှင့် ဆက်ဆံမှု ခက်ခဲသည်ဖြစ်၍ တင်ပြနိုင်ခြင်း မရှိသည်ကို တရားဥပဒေအရ နားလည်မှု ပေးနိုင်သော်လည်း လူသိရှင်ကြား မီဒီယာပေါင်းစုံတွင် တင်ပြမှုအား ဖုံးကွယ်ထားလျှင် ထိန်ချန်မှု ဖြစ်ပါ၏။

-
ABSDF ဌာနချုပ်မှ မြောက်ပိုင်းလူသတ်မှုအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးပြီဟု ကြားသိရသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ "လူသတ်မှုဖြစ်သည့် အတွက် အဖွဲ့အစည်းအတွင်း ကော်မရှင်တစ်ရပ် ဖွဲ့စည်းသည်" ဟု ကြေငြာချက် ထုတ်ရုံဖြင့် မလုံလောက်ပါ။ လူသတ်မှု ဖြစ်ပွားသောနေရာသည် ထိုင်း မြန်မာနယ်စပ် (သို့) တရုတ် မြန်မာနယ်စပ် ဒေသတွင် ဖြစ်ခဲ့ပြီး မည်သည့်အစိုးရ၏ ဥပဒေထိန်းချုပ်မှု နယ်မြေတွင်း မရှိခဲ့၍ ကျူးလွန်သူများရော၊ ထိန်ချန်သူများပါ ရာဇ၀တ်ဘေး ပြေးလို့လွတ်ပြီဟု ထင်နေကြဟန် ရှိပါသည်။

လူသတ်မှု ဆိုသည်မှာ မည်သည့်နေရာတွင် ဖြစ်သည်ဖြစ်စေ ပြေးလို့လွတ်မြောက်သော အမှု မဟုတ်ပါချေ။ မြောက်ပိုင်းလူသတ်မှုအား နိုင်ငံတကာအဆင့် တရားဝင်သော စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းကြောင်း ABSDF မှ တရားဝင် ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ယနေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အင်္ဂလန်နိုင်ငံရောက် မြန်မာများမှ အင်္ဂလန်နိုင်ငံ၊ ရှေ့နေများကောင်စီဖြင့် ပူးပေါင်း၍ အမှုဖွင့် တရားစွဲဆိုမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိစေလိုက်ပါသည်။

ABSDF ခေါင်းဆောင်အချို့က အဖွဲ့၏ ပြဿနာကို ပြင်ပမှ သူများက ၀င်မရှုပ်ဖို့ ဟန့်တားကြ၏။ လူသတ်မှုကို ပြည်သူက ၀င်ရှုပ်မည် ဖြစ်ပါသည်။ ပြည်သူကို ၀င်မရှုပ်ဖို့ တားမြစ်၍ မရပါ။ ABSDF ကို လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်းခဲ့၏။ လွတ်မြောက်နယ်မြေ ဆိုသည်မှာ ခေတ်ကာလအရ ရန်သူမှ လက်လမ်းမမှီနိုင်သော နေရာကို ဆိုလိုပါသည်။ တရားဥပဒေမှ လွတ်မြောက်သော နယ်မြေတော့ မဟုတ်ပါချေ။

လွတ်မြောက်နယ်မြေ တစ်ရပ်တွင် ထိုနယ်မြေကို ထိမ်းချုပ်သော အဖွဲ့အစည်းတစ်ရပ်ရပ်၏ တာဝန်ယူမှု ရှိရမည် ဖြစ်သော်လည်း လူသတ်မှုကို ကျူးလွန်သူများကို လွတ်မြောက်နယ်မြေတွင် ရှိသော သက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုခု၏ တရားစီရင်မှု မရှိခဲ့သည်ဖြစ်၍ ဖြစ်ပွားခဲ့သော လူသတ်မှုမှာ ယနေ့ထက်ထိ တရားစွဲဆိုဖို့ လိုအပ်နေသော ကိစ္စတစ်ခုသာ ဖြစ်ပါသည်။

တော်လှန်ရေးတစ်ရပ်တွင် ဖြစ်ပွားတတ်သော ပြစ်မှုများစွာ ရှိနိုင်သော်လည်း မည်သူမျှ တရားစီရင်မှု မပြုရသေးသော လူသတ်မှု ဆိုသည်မှာ တော်လှန်ရေးကို ခုတုန်းလုပ်၍ ဆင်ခြေပေးလို့ရသော အမှု မဟုတ်ပါ။

-
ABSDF ခေါင်းဆောင်များအနေဖြင့် မြောက်ပိုင်းလူသတ်မှုအား အပြည်ပြည်ဆိုင်ရာအဆင့် ရှိသော တရားဝင် စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမျိုး မလုပ်ပဲ တစ်ချိန်ကျတော့ သမိုင်းက ဆုံးဖြစ်လိမ့်မည်ဟု ပြော၍မရပါ။ ဤကိစ္စမှာ သမိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပါ။ ရာဇ၀တ်ကြောင်းဆိုင်ရာ ပြဿနာ သာလျှင် ဖြစ်ပါ၏။

မြောက်ပိုင်းလူသတ်မှုအတွက် ABSDF အဖွဲ့မှ ရက်ပေါင်း ၆၀ အတွင်း အပြည်ပြည်ဆိုင်ရာ အဆင့် တရားဝင် စုံစမ်းရေးကော်မရှင် တစ်ရပ် မဖွဲ့စည်းနိုင်လျှင် ယူကေ ရောက် မြန်မာများမှ ယူကေ တွင် ရှိသော အောက်ပါ အဖွဲ့အစည်းများဖြင့် တရားဝင် ဆက်သွယ် ဆောင်ရွက်၍ အမှုမှန် ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း သိစေအပ်သည်။

၁။ INTERPOL (အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့)
၂။ THE LAW SOCIETY (UK)
၃။ AMNESTY INTERNATIONAL (UK)
၎။ UK (POLICE)
၅။ UK (GOVERNMENT)
၆။ UNITED NATIONS


တာဝန်ယူ တင်ပြသည့် အဖွဲ့အစည်း
(မူဝါဒရေးရာဌာန)
မြန်မာဒီမိုကရေစီကွန်ဂရက်


(မှတ်ချက်)။ ။ ယခု တင်ပြသော ကြေငြာလွှာသည် ပစ်စာ (သို့) ချိန်းချောက်စာ တစ်ရပ် မဟုတ်ပဲ ကျွန်ုပ်တို့ပါတီမှ တာဝန်ခံ၍ တင်ပြသော တရားဝင် ထုတ်ပြန်ချက် ဖြစ်သည်။

မတရားမှုများအား လူသိရှင်ငြား ဖေါ်ထုတ်ခြင်းဖြင့် တော်လှန်ရေးတစ်ရပ်အတွက် ဂုဏ်သိက္ခာ ကျစေနိုင်မည် ဟု ဆင်ခြေပေးသူများ ရှိ၏။ တော်လှန်သောအဖွဲ့အစည်း ဆိုသည်မှာ မတရားမူများကို တော်လှန်ခြင်းသာလျှင် ဖြစ်၏။ မတရားမူများအား အမှုမှန် ဖေါ်ထုတ်ခြင်းဖြင့်သာလျှင် ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။ ပြည်သူအများမှ ရဲရဲရင့်ရင့် ထောက်ခံကြဖို့သာလျှင် လိုရင်း ဖြစ်ပါသည်။

(Credit - MDC)

>
အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF - NB) အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေကြောင့် အသက်ဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော်ရဲ့ အရိုးတွေ တွန်နေတယ်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ကချင် ပြည်နယ်၊ ပါဂျောင်ဒေသမှာ အေဘီ မြောက်ပိုင်းက အာဏာရူးတစု ကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လို့ မရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံသင့်ဘူး။ အဲဒီ အကျည်းတန်တဲ့ အေဘီ မြောက်ပိုင်း ရာဇဝတ်မှုကြီးတွေကို အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ လိုပါတယ်။ အရေးယူတာ၊ မယူတာက နောက် တပိုင်းပါ။

ထို့အတူ ဒီပဲယင်း အရေးအခင်း ဆိုတာလည်း အပြစ်မဲ့ ပြည်သူ ၁၀ဝ ကျော် လူမသိ သူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနီးမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ဒီပဲယင်း လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ အဲဒီ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးရဲ့ သမိုင်းမှတ်တမ်း အမှန်အတိုင်း အပြည့်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။

အခုဘဲကြည့်၊ ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ "မအအောင်လို့ သမိုင်း သင်တာပါ" ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားကို ပြန် အမှတ်ရကြပါ။

အောင်အောင်ဦး
ခင်ရတနာ (facebook) မှ

(Credit - Kanyawpo)