မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" (ရုပ်သံနှင့် သရုပ်ဖေါ် သတင်းဆောင်းပါး)




"ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" (အောင်သက်ဝိုင်း)


ထားဝယ်လေဆိပ်အ၀င်ဝ မြေကွက်လပ်ရှေ့မှာ တနင်္ဂနွေနေ့ မနက်ပိုင်း ၇ နာရီအချိန်သာ ရှိသေးပေမယ့် ထောင်ချီရှိတဲ့ လူတွေ စုဝေးနေကြတယ်။ ဒီ လူအုပ်ကြီးထဲမှာ အသက် ၅ နှစ် အရွယ်ကစလို့ အသက် ၇၀ ကျော် အမယ်အို၊ အဘိုးအိုတွေလည်း ပါဝင်နေ ပါတယ်။

ထားဝယ် လူထုကို နှုတ်ဆက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - ဧရာဝတီ)

ပင်နီရင်ဖုံးအင်္ကျီနဲ့ ယောထဘီ ၀တ်ဆင်ထားတဲ့ ချောမောလှပတဲ့ မိန်းမပျိုလေးတွေကလည်း စံပယ်ပန်းတွေ၊ သပြေပန်းတွေ၊ ဂန္ဓမာ ပန်းတွေ အပါအ၀င် ပန်းအမျိုးအစား ပေါင်းစုံ ကိုင်ဆောင်ထားကြပြီး သူတို့မျက်နှာတွေအားလုံး တက်ကြွရွှင်လန်းနေကြတယ်။

အမယ်အိုတချို့ကလည်း သူတို့လက်မှာ ခွပ်ဒေါင်းနဲ့ ကြယ်ဖြူတလုံးပါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အလံငယ်လေးတွေကို ကိုင်ရင်း ထားဝယ်လေဆိပ် အဆောက်အအုံဘက်ကို လှမ်းမျှော်ကြည့်နေကြတယ်။

လုံခြုံရေးလက်ပတ်နဲ့ လူငယ်တွေက လူဝင်လူထွက်လုပ်နိုင်မယ့် လမ်းကြောင်းကို ရှင်းလင်းပုံဖော်နေကြချိန် NLD တံဆိပ်ပါ တီရှပ် တွေ၊ ဦးထုပ်တွေ ၀တ်ဆင်ထားတဲ့ လူငယ်တွေကတော့ အသင့်အနေအထား လမ်းဘေး ၀ဲယာတလျှောက် ညီညီ ညာညာ မတ် တတ် ရပ်နေကြတယ်။ သူတို့အားလုံးရဲ့လက်တွေက တဦးကိုတဦး ခိုင်မြဲစွာ ချိတ်ဆက် ထားကြတယ်။

ထားဝယ်မြို့ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ တော်ဝင်ဦး ဘေဘီ စတိုးကနေ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

မနက် ၇ နာရီ ခွဲ လောက်မှာ ကင်မရာတွေကိုင်ထားတဲ့ ပြည်တွင်းပြည်ပ သတင်းထောက်တွေ တဖွဲဖွဲ ရောက်လာကြတယ်။ ထားဝယ်လေဆိပ်ရှေ့မြေကွက်လပ်မှာ ခြေချစရာမရှိလောက်အောင် လူတွေ ကြိတ်ကြိတ်တိုး စည်ကားလှတယ်။ အများစု က ဆိုင်ကယ်တွေနဲ့ လာရောက်ကြတာဖြစ်ပြီး ဆိုင်ကယ်တွေအားလုံးမှာလည်း NLD အလံငယ်တွေကို စိုက်ထူထားကြတယ်။ အနီရင့်ရောင် NLD အလံကြီးတွေကလည်း လေဆိပ်ဝန်းကျင် တခုလုံးကို ဖုံးလွှမ်း သွားတယ်။

မနက် ၇ နာရီ ၅၅ မိနစ်လောက်မှာ လူစုလူဝေးကြီး လှုပ်လှုပ်ရှားရှားဖြစ်သွားပြီး အားလုံးမျက်ဝန်းတွေက တောက်ပသွားကြတယ်။
မြန်မာ ဆန်ဆန် အစိမ်းရင့်ရောင် ရင်ဖုံးအင်္ကျီနဲ့ထဘီ ၀တ်ဆင်ထားတဲ့ အမျိုးသမီးတဦး ထားဝယ် လေဆိပ်ဆိုက်ရောက်ဆောင်က ထွက်လာတယ်ဆိုရင်ပဲ ပတ်ဝန်းကျင်တခုလုံး လက်ခုပ်သံတွေ ဆူညံသွားတယ်။

လူတွေက အမျိုးသမီးကို မြင်တယ်ဆိုရင်ပဲ ပြုံးတဲ့သူတွေက အားရပါးရပြုံးကြတယ်။ အော်တဲ့သူတွေက အားရပါးရ အော်ကြတယ်။ တချို့ကလည်း ရှိုက်ကြီးတငင် ငိုကြတယ်။ တချို့ကလည်း ခုန်ပေါက်နေကြတယ်။ တချို့ကလည်း အလံတွေကို ဝှေ့ယမ်းကြတယ်။

အဲဒီအမျိုးသမီးကတော့ တနင်္သာရီတိုင်း ထားဝယ်ဒေသကို ပထမဆုံးသော နိုင်ငံရေးစည်းရုံးမှုခရီးစဉ်အဖြစ် လာရောက်တဲ့ လူထု ခေါင်းဆောင်၊ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပါပဲ။

ပန်းကုံးစွပ်တဲ့သူတွေ များလွန်းလှတာကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့လည်ပင်းမှာ စံပယ်ပန်းကုံးတွေ ဖွေးဖွေးလှုပ်နေတယ်။ လက်ထဲမှာလည်း သပြေပန်းတွေ၊ နှင်းဆီပန်းတွေ၊ ဂန္ဓမာပန်းတွေ မနိုင်မနင်းဖြစ်နေပုံပါပဲ။

၁ ဂ / ၉၈၁၈ နံပါတ်တပ်ထားတဲ့ ပါဂျဲရိုး ကားပေါ်ကနေ လူထုကို လက်ပြ နှုတ်ဆက်လိုက်တယ်ဆိုရင်ပဲ“အမေစု ကျန်းမာပါစေ” “NLD အောင်ရမည်” “ရွေးကောက်ပွဲ နိုင်ရမည်” ဆိုတဲ့ ကြွေးကြော်သံတွေက ထားဝယ် လေဆိပ် တခုလုံးကို ဖုံးလွှမ်းသွားတယ်။

ဒေါ်အောင်ဆန်းစုကြည် လိုက်ပါတဲ့ယာဉ်တန်းက လူစုလူဝေးကြားထဲကနေ ခက်ခက်ခဲခဲထွက်ခွာလျက်ရှိနေချိန်မှာ ရာပေါင်းများစွာသော ဆိုင်ကယ်တွေကလည်း ထားဝယ်မြို့ကားလမ်းမတွေကို ဖုံးလွှမ်းသွားတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ယာဉ်တန်းနောက်မှာ သတင်းထောက်တွေ၊ ပြည်သူတွေ လိုက်ပါ စီးနင်းလာတဲ့ ယာဉ်စီးရေ တရာနီးပါး
လောက် ရှိတာကြောင့် ယာဉ်တန်းကြီးက တမျှော်တခေါ်နဲ့ ရှည်လျား လွန်းလှ ပါတယ်။

ထားဝယ် ပြည်သူတွေကလည်း သင်္ကြန်ရေပက်ခံ ကားတွေလိုပဲ ကားအမိုးဖွင့် မတ်တတ်ရပ် အနေအထားနဲ့ ပူပြင်းတဲ့ နေရောင်ကို ဂရုမစိုက်ဘဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ယာဉ်တန်းနဲ့အတူ လိုက်ပါကြတယ်။

ထားဝယ်မြို့အ၀င် လမ်းဘေး ၀ဲယာတလျှောက် မြောက်မြားစွာသောပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည် ကို နှုတ်ဆက်နေကြ တယ်။

“အမေစုကို ရှစ်ဟယ် (အမေစုကို ချစ်တယ်)” ဆိုတဲ့ ထားဝယ်သံ ၀ဲဝဲနဲ့ စုပေါင်း အော်ဟစ်သံတွေကလည်း လမ်းတလျှောက် ထွက် ပေါ်နေတယ်။

ထားဝယ်လူထုရဲ့ မျက်ဝန်းတွေက မျှော်လင့်ချက်တွေ၊ ရဲရင့်မှုတွေနဲ့ တောက်ပလွန်းလှတယ်။ ထားဝယ်မြို့သူမြို့သားတွေ အားလုံး ပျော်နေကြတယ်။

မနက် ၈ နာရီ မိနစ် ၄၀ ကျော်လောက် ဆေးရုံလမ်းရှိ တနင်္သာရီတိုင်း NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာတဲ့အခါ မှာလည်း ရုံးရှေ့မှာ ကားလမ်းမအပြည့် ထောင်ချီတဲ့ လူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ဆက်နေကြတယ်။

“ဒီနေ့ ထားဝယ်တမြို့လုံးနီးပါး အလုပ်တွေ နားထားကြတယ်။ ဆိုင်ရှိတဲ့သူတွေကလည်း ဆိုင်ပိတ်ထားတယ်။ အမေစုကို ကြိုဖို့၊ အမေစုကို ဘယ်လောက် ထောက်ခံတယ် ဆိုတာ ပြဖို့”လို့ ထားဝယ်မြို့ခံတဦးက ပြောဆိုပါတယ်။

မနက် ၈ နာရီ ၄၅ မိနစ်မှာ NLD ရုံးထဲကနေပြီး ဒေါ်အောင်ဆန်းစုကြည် လူထုကို မိန့်ခွန်း စပြောတယ်။

တရား ဥပဒေ စိုးမိုးဖို့၊ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဖို့ နဲ့ ပြည်သူအတွက် တကယ်အလုပ်လုပ်ဖို့ ကြားဖြတ် ရွေးကောက်ပွဲဝင်တဲ့အကြောင်း မိနစ်၂၀ နီးပါးကြာ စကားပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြတ်သားခိုင်မာတဲ့ ပြောဆိုချက်တွေကြောင့် သဘောကျတဲ့ ပြည်သူတွေရဲ့ လက်ခုပ်သံတွေက မပြတ် ထွက်ပေါ်နေတယ်။

မနက် ၉ နာရီ ၁၅ မိနစ်မှာ ဒေါ်အောင်ဆန်းစုကြည် ယာဉ်တန်း လောင်းလုံမြို့နယ် NLD ရုံးကို စတင်ထွက်ခွာ ပါတော့တယ်။

ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းကို လာရောက် နားထောင်ကြတဲ့ ထားဝယ် လူထု (ဓာတ်ပုံ - ဧရာဝတီ)

ယာဉ်တန်းနောက် ခြေလျင် လမ်းလျှောက်လိုက်တဲ့သူတွေ မနည်းလှသလို ဆိုင်ကယ်တွေကလည်း မရေမတွက်နိုင်အောင် များလွန်း လှတယ်။

ထားဝယ်မြို့ကနေ ကမျောကင်း လမ်းအတိုင်း လောင်းလုံမြို့ကို ထွက်ခွာရာ လမ်းတလျှောက် ဖြတ်သန်းကျေးရွာ တွေက ဗိုလ်ချုပ် အောင်ဆန်း သီချင်းတွေ၊ လွတ်လပ်ရေး သီချင်းတွေ၊ အာဇာနည် သီချင်းတွေဖွင့်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ် အောင်ဆန်း ဓာတ်ပုံပါ ဗီနိုင်းကြီးတွေထောင်ပြီး သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်။

အခြေခံပညာကျောင်းက ပညာရေးဝန်ထမ်း ကျောင်းဆရာ၊ ဆရာမတွေကလည်း ရွာသူရွာသားတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည် ကို ကြိုဆိုနှုတ်ဆက်ကြတယ်။

တချို့ကျေးရွာတွေက “ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါ၏” ၊ “လွှတ်တော်တွင် ရာနှုန်းပြည့် NLD နိုင်ရမည်” ဆိုတဲ့ စာသားတွေပါတဲ့ ဗီနိုင်းကြီးတွေကို ကားလမ်းမပေါ်ကို ကန့်လန့်ဖြတ် ချိတ်ဆွဲထားကြတယ်။

မနက် ၁၁ နာရီကျော်မှာ လောင်းလုံ NLD ရုံးကို ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီး လူထုကို ၁၅ မိနစ် မိန့်ခွန်းပြောပါတယ်။

နေ့လယ်အချိန် များပြားလှတဲ့ ပြည်သူတွေက ထီးမပါ၊ ဦးထုပ်မဆောင်း၊ အရိပ်မခိုဘဲ ခြစ်ခြစ်တောက် ပူနေတဲ့ နေရောင်အောက်မှာ
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းကို နေပူခံနားထောင်ကြတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်က အောက် ရေဖြူရွာ၊ သောကြာပြင်ရွာ တို့ကို ဆက်လက်ခရီးထွက်ခွာခဲ့ပြီး မွန်းလွဲ ၃ နာရီ ၀န်းကျင်မှာ မောင်းမကန် ကမ်းခြေကို ရောက်ရှိလာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုနှုတ်ခွန်းဆက်ဖို့ လာကြတဲ့ လူတွေ များလွန်းလှတာကြောင့် သဲဖွေးဖွေးကို မမြင်ရတဲ့အထိ မောင်း မကန်ကမ်းခြေမှာ လူတွေ စုပြုံတိုးနေကြတယ်။ ရေး ၊ ကော့သောင်း အစရှိတဲ့ တနင်္သာရီတိုင်း နေရာဒေသ နယ်ပယ်စုံ က ပြည်သူ တွေက ဒေါ်အောင်ဆန်းစုကြည်ကို လာရောက် နှုတ်ဆက်ကြတယ်။

တချို့ပြည်သူတွေက ထမင်းချိုင့်တွေကို ခြင်းထဲ ထည့်လို့ မိသားစု၊ ဆွေမျိုးတွေနဲ့အတူ ဒေါ်အောင်ဆန်းစုကြည်ကို လာနှုတ်ဆက်ကြ တယ်။ တချို့လူငယ်တွေက ပါးပြင်တွေပေါ်မှာ NLD အလံပုံ စတစ်ကာတွေကိုကပ်ထားပြီး တချို့မိန်းမပျိုလေးတွေကနဖူးပြင်မှာ ကပ်ထားကြတယ်။

ကမ်းခြေဖြစ်လို့ အေးမြတဲ့ ပင်လယ်လေတိုက်ခိုက်ရမှာဖြစ်ပေမယ့် လူတွေများလွန်းလှတာကြောင့်အတော်ကို မွန်းကျပ် လွန်းနေ တယ်။

လူထုထဲမှာ NLD အလံတွေကို ဝှေ့ယမ်းပြီး “အမေစု” ဆိုတဲ့အသံက လူတိုင်းနှုတ်ခမ်းကလို ထွက်ပေါ်နေတယ်။ မောင်းမကန် ကမ်းခြေမှာ လူထုကို နာရီဝက် နီးပါးကြာ မိန့်ခွန်းပြောပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည် ထွက်ခွာပါတယ်။

ညနေ ၃ နာရီ ၄၅ မိနစ်ကျော်မှာ ထားဝယ်မြို့ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ တော်ဝင်ဦး ဘေဘီ စတိုးကနေပြီး ဒေါ်အောင်ဆန်းစုကြည် က လူထု ကို မိန့်ခွန်းပြောပြန်ပါတယ်။

မိန့်ခွန်းလာနားထောင်တဲ့ လူတွေက များပြားလွန်းလှပြီး ဗိုလ်ချုပ်လမ်းတလျှောက် မျက်စိတဆုံး လူတွေ အုံးအုံးကျွက်ကျွက်
တိုးဝှေ့ နေကြတယ်။

အန္တရာယ်ကို ဂရု မမူဘဲ တိုက်ခေါင်မိုးတွေ၊ ၀ရန်တာတွေပေါ်မှာလည်း လူတွေ မနည်းမနောရှိနေပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်း ကို နားထောင်နေကြတယ်။ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောနေစဉ်မှာ လက်ခုပ်သံတွေက ထားဝယ်မြို့တခုလုံး မြည်ဟီး နေ တယ်။

အဲဒီနောက် ညနေ ၄ နာရီကျော်ကျော်မှာ ဒေါ်အောင်ဆန်းစုကြည်က တော်ဝင်ဦး ဘေဘီစတိုးကနေ ထားဝယ်လေဆိပ်ကို ပြန် လည် ထွက်ခွာပါတော့တယ်။

ရန်ကုန်ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို မြို့လုံးကျွတ်ပြည်သူတွေက အုတ်အော်သောင်းတင်း နှုတ်ဆက်ကြ တယ်။ မနက်ပိုင်းက ထက်တောင် လမ်းမတွေပေါ်မှာ လူတွေပြည့်နှက်နေတယ်။
ယာဉ်ထိန်းရဲတွေကလည်း ဒေါ်အောင်ဆန်းစုကြည် ပြန်လည်ထွက်ခွာနိုင်အောင် လမ်းတွေရှင်းပေးနေကြပါတယ်။ အနီရောင် ထဘီ ၀တ် သူနာပြုတွေကလည်း ဆေးရုံ အ၀င်ပေါက်ကနေ ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ကြတယ်။

ဒေါ်အောင်ဆန်းစုကြည်ကားဘေးမှာ ၀ိုင်းနေတဲ့လူတွေက များလွန်းတာကြောင့် လုံခြုံရေး လူငယ်တွေလည်း ကားထွက်နိုင်အောင် မနည်း ဖယ်ရှားနေရပါတယ်။

“ဓယ်ဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်”(ထားဝယ်သား အားလုံး အမေစုကို ချစ်တယ်)ဆိုတဲ့ ထားဝယ်ဘာသာ စကားနဲ့ စာသားပါ ဆိုင်းဘုတ်တွေ ကိုင်ထားတဲ့ လူငယ်တွေကလည်း လေဆိပ် အ၀င် လမ်းမဘေးမှာ ဒေါ်အောင်ဆန်းစုကြည်ကို နှုတ်ဆက် နေကြတယ်။

တချို့လူတွေက ထားဝယ်က ပြန်လည်ထွက်ခွာတော့မယ့် ဒေါ်အောင်ဆန်းစုကြည်ကို လက်ပြနှုတ်ဆက်ရင်း မျက်ရည်တွေကျနေ
ကြတယ်။

ညနေ ၄ နာရီ ၁၅ မိနစ်လောက်မှာ ဒေါ်အောင်ဆန်းစုကြည် လေဆိပ်ရောက်ရှိပြီး မြန်မာ့လေ ကြောင်း လေယာဉ်ပေါ်ကို တက်သွား ပါတယ်။

လေယာဉ်က ကောင်းကင်ပေါ်ကို ပျံသန်းဖို့ အရှိန်ယူနေပါပြီ။ လေဆိပ်ဝန်းကျင်တခုလုံးမှာတော့ ထားဝယ်ဒေသခံတွေ ဖွေးဖွေးလှုပ် ရှိနေပြီး လေယာဉ်ကို လက်ပြနှုတ်ဆက်နေကြတယ်။ လေယာဉ် ပေါ်မှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူတို့မမြင်နိုင်ပေမယ့်
လက်ပြ နှုတ်ဆက် နေကြတယ်။

“သွားတော့ အမေရေ”လို့ အသက် ၃၀ ကျော်အရွယ် လူငယ်တဦးက ထားဝယ်သံ ၀ဲဝဲနဲ့ အော်ဟစ်နှုတ်ဆက်တယ်။ သူ့ပါးပြင်မှာ
မျက်ရည်စတချို့ ရှိနေတယ်။

လေယာဉ် ကောင်းကင်ပေါ် တက်သွားပြီဖြစ်ပေမယ့် လေဆိပ်ဝန်းကျင်မှာ လူတွေရှိနေဆဲ…။ မြောက်မြားစွာသော ထားဝယ်ဒေသခံ တွေ က ကောင်းကင်မှာ ပျံသန်းနေပြီဖြစ်တဲ့ လေယာဉ်ကို မျက်စိတဆုံးကြည့်နေကြဆဲ…၊ လက်ပြနေကြဆဲ…..။ ။


ဧရာဝတီမှ ကူးယူပြီး ပြန်လည်ဖေါ်ပြထားပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ အရင်ပို့စ်မှာ ပေးထားတဲ့ နာမည်နဲ့ တူလို့ ဖတ်ကြည့်တော့ တကယ်ကို အနှစ်သာရရှိတဲ့ သရုပ်ဖေါ် သတင်းဆောင်းပါးနဲ့ ရုပ်သံကို တွေ့ရလိုက်ရတယ်။ ဒီရုပ်သံ စာသားတွေကို ဖတ်မိပြီး မူရင်းတင်ထားတဲ့ ဧရာဝတီက ဆောင်းပါးအောက်က မှတ်ချက်ပေးသူတချို့ စိုးရိမ်ကြသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို ကျွန်မလည်း စိုးရိမ်မိတာ အမှန်ပဲ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို စိုးရိမ်သူ သာမန် ဗုဒ္ဓဘာသာဝင်တွေအတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကာကွယ်ဖို့ လွယ်ကူရိုးရှင်းပြီး အချိန်လည်း ယူစရာမလိုတဲ့ ဆုတောင်းတခုကို အကြံပြုချင်ပါတယ်။ ဒါကတော့ သာသရဏာဂုံ သုံးပါးနဲ့ ငါးပါးသီလကို ဆောက်တည်ပြီး ဓာရဏပရိတ်မှာ ပထမဦးဆုံး ရွတ်ရတဲ့ အောက်က ဘုရားရှိခိုးအတိုလေး တကြောင်းကို ရွတ်ပြီး ဆုတောင်းပေးရုံပါပဲ။ ဆုတောင်းခံရသူရဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည် နာမည်ကို ထည့်ပြီး ဆုတောင်းပေးကြရင် ဒေါ်အောင်ဆန်းစုကြည်ကို ဘေးကင်းစေလိုတဲ့ လိုရာဆန္ဒအမှန်တကယ် ပြည့်ဝလိမ့်မယ်လို့ ယုံကြည်ပါတယ်။

"ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာ မေ (ကျွန်ုပ်အား) တထာတေ (သင့်အား) တထာ ဒေါ်အောင်ဆန်းစုကြည် ( ဒေါ်အောင်ဆန်းစုကြည်အား) ဟောန္တု"

အဓိပ္ပာယ်ကတော့ "ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်ကို တစုံတယောက်သောသူသည် အန္တရယ်ပြုခြင်းငှာ မတတ်နိုင် ထို့အတူ ဒေါ်အောင်ဆန်းစုကြည်အားလည်း ဤသို့ဖြစ်ပါစေသတည်း" လို့ အဓိပ္ပာယ်ရပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားတို့၏ အသက်ကို ဘယ်သူမှ အန္တရယ်ပြုလို့ မရနိုင်ဘူးဆိုတဲ့စကားဟာ အမှန်တရားဖြစ်လို့ သစ္စာဆိုခြင်းတမျိုး ဖြစ်ပါတယ်။ ဘုရားတရားသံဃာကို ယုံကြည်ပြီး ငါးပါးသီလ လုံခြုံထားတဲ့သူတယောက် ဆိုလိုက်တဲ့ ဒီသစ္စာစကားက တရားတန်ခိုးရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကို အန္တရယ်ကင်းစေနိုင်မှာ ဖြစ်တယ်။ တခြားဘာသာဝင်တွေလည်း မိမိတို့ သန်ရာနဲ့ ဆုတောင်းပေးနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မြန်မာပြည် ငြိမ်းချမ်းရေး ကြိုးပမ်းမှု အန္တရယ်ကင်းစွာနဲ့ အောင်မြင်ပါစေ။

"ဗုဒ္ဓါနံ ဇိဝိတဿ နသက္ကာ ကေနစိ အန္တရာရော ကာတုံ တထာ ဒေါ်အောင်ဆန်းစုကြည် ဟောန္တု"

19 comments:

(
ခေါင်းစဉ်ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


အဲဒီ ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ comments တွေမှာ ရေးထားတဲ့ မြေခွေး ခင်ညွန့် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေဟာ ပြည်သူအားလုံး သိသင့်တဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ခင်ညွန့် ရဲ့ အကြောင်း အတိုချုပ်တွေ ဖြစ်ပါတယ်။ ခင်ညွန့်အကြောင်း သမိုင်းမှန် အချက်အလက်တွေချည်းပါပဲ။


လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်လူထုက သိန်း နဲ့ ချီပြီး တခဲနက် အားတက်သရော ကြိုဆိုပုံကို ဓာတ်ပုံတွေထဲမှာ မြင်ရတာ အရမ်း ဝမ်းသာအားရ ပီတိဖြာမိပါတယ်။ ပြည်သူတွေ မျှော်လင့်နေတဲ့ ဒီပုံတွေကို "ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" post (January 30, 2012) မှာ မြန်မြန်ဆန်ဆန် တင်ပေးတဲ့ မငယ်နိုင် အပါအဝင် ဘလော့ဂါတွေ၊ FB က မိတ်ဆွေတွေကို အထူး ကျေးဇူးတင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်လူထုက ဘယ်လောက်အထိ ကြက်ပျံမကျ ထောက်ခံကြိုဆိုကြတယ် ဆိုတာကို ကွက်ကွက်ကွင်းကွင်း မြင်သာအောင် သရုပ်ဖော် ရေးသားထားတဲ့ "ဓားဝယ်သား ဂူလောင်း အမေစုကို ရှစ်ဟယ်" (ရုပ်သံနှင့် သရုပ်ဖေါ် သတင်းဆောင်းပါး) ဆောင်းပါး (February 01, 2012) ကို တင်ပေးတဲ့အတွက်လဲ မငယ်နိုင်ကို ကျေးဇူးတင်ပါတယ်။


၂၉-၁-၁၂ ရက်နေ့ Internet မှာ တက်လာတဲ့ ၂၉-၁-၁၂၊ ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ် ဓာတ်ပုံတွေကို ကြည့်ရင်း Hot News Journal က ဓာတ်ပုံတွေကို ပြန်သတိရတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နဲ့ ဘယ်လိုမှ နှိုင်းယှဉ်စရာ မလိုတဲ့၊ နှိုင်းယှဉ်လို့ မရတဲ့ ပြည်ဖျက်တရားခံ ခင်ညွန့် ကို Hot News အယ်ဒီတာချုပ် မမ က မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ်ပြထားတာကို ပြန်သတိရတာပါ။

(
ခေါင်းစဉ်ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ comments တွေကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


၂၉-၁-၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ်မှာ ထားဝယ်လူထုက သိန်း နဲ့ ချီပြီး တခဲနက် အားတက်သရော ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသား ထောက်ခံပြလိုက်ပုံ ဓာတ်ပုံတွေကို ကြည့်ရင်း Hot News Journal က အယ်ဒီတာချုပ် မမ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သန်လျင်မြို့မှာ ပြည်သူလူထုမှ ဝမ်းပန်းတသာနဲ့ ပန်းစည်းပန်းကုံးတွေနဲ့ အားတက်သရော ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းနဲ့ ခင်ညွန့်ကို သူ့ မွေးရပ်ဇာတိမြေ သန်လျင်၊ ကျောက်တန်း၊ ပါဒကြီးစေတီတော်မှာ ပန်းသည်လေးတွေက ကြိုဆိုနေပုံ မြင်ကွင်းကို Hot News အယ်ဒီတာချုပ် မမ က မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ် ဖော်ပြထားတာကို ပြန်သတိရမိတယ်။

ပန်းသည်လေးတွေက ခင်ညွန့်ကို ကြိုတယ် ဆိုတာကလဲ သူတို့ ဖာသာ သူတို့ ကြိုချင်လို့ ကြိုတာ မဟုတ်ပါဘူး။ ခင်ညွန့်ကို ပန်းကုံးစွပ်ဖို့၊ ပန်းစည်းပေးဖို့ ခင်ညွန့် မလာခင်ကတဲက ကြိုတင်ပြီး ခင်ညွန့် ဒလံတွေက ပန်းသည်လေးတွေကို ပိုက်ဆံပေးပြီး သင်ပေးထားလို့ပါ။ ပြီးတော့ ခင်ညွန့်ကို ကြိုဆိုတဲ့ လူအင်အားက ဒေါ်စုနဲ့ ဘယ်လိုမှ ယှဉ်လို့ မရအောင် အရမ်း ကျိုးတိုးကျဲတဲ ဖြစ်နေတာကို ဖုံးကွယ် ဖျောက်ဖျက်ဖို့ လူတွေ ကြိုဆိုနေတဲ့ မြင်ကွင်းတခုလုံးကို မြင်သာစေတဲ့ မြင်ကွင်းကျယ် ဓါတ်ပုံကို မဖော်ပြဘဲ ခင်ညွန့်နဲ့ ပန်းသည်လေး လောက်ပဲ ပေါ်အောင် ဖြတ်တောက်ပြီး ဖော်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်လူထုက သိန်း နဲ့ ချီပြီး တခဲနက် အားတက်သရော ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသား ထောက်ခံပြလိုက်ပုံကို မြင်ရတော့ မမ က ခင်ညွန့်နဲ့ နှိုင်းယှဉ် ပြထားတာကိုပါ ပြန်သတိရသွားတာနဲ့ ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ post အောက်က ခင်ညွန့် အကြောင်း comments တွေ၊ ဆောင်းပါးတွေ၊ စာညွန့်တွေ ကို ပြန်ဖတ်ကြည့်မိတယ်။

ဖတ်ရင်းနဲ့ ဒေါ်စု နဲ့ နံ့သာဆီ နဲ့ အီး လို ကွာခြားတဲ့ ခင်ညွန့် ရဲ့ ပုံရိပ်တွေကို ပြန်ပြီး မြင်ယောင်လာတယ်။

အဲဒီ ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ comments တွေမှာ ရေးထားတဲ့ မြေခွေး ခင်ညွန့် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေဟာ ပြည်သူအားလုံး သိသင့်တဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ခင်ညွန့် ရဲ့ အကြောင်း အတိုချုပ်တွေ ဖြစ်ပါတယ်။ ခင်ညွန့်အကြောင်း သမိုင်းမှန် အချက်အလက်တွေချည်းပါပဲ။

မဖတ်ရသေးတဲ့ စာဖတ်သူတွေ အနေနဲ့ ဒီ comment ရဲ့ ခေါင်းစဉ် ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ comments တွေကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။

(
ခေါင်းစဉ်ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) ကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။ )


၂၉-၁-၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် ထားဝယ်ခရီးစဉ်မှာ ထားဝယ်လူထုက သိန်း နဲ့ ချီပြီး တခဲနက် အားတက်သရော ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသား ထောက်ခံပြလိုက်ပုံ ဓာတ်ပုံတွေကို ကြည့်ရင်း Hot News Journal က အယ်ဒီတာချုပ် မမ က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သန်လျင်မြို့မှာ ပြည်သူလူထုမှ ဝမ်းပန်းတသာနဲ့ ပန်းစည်းပန်းကုံးတွေနဲ့ အားတက်သရော ကြိုဆိုခဲ့ကြတဲ့ မြင်ကွင်းနဲ့ ခင်ညွန့်ကို သူ့ မွေးရပ်ဇာတိမြေ သန်လျင်၊ ကျောက်တန်း၊ ပါဒကြီးစေတီတော်မှာ ပန်းသည်လေးတွေက ကြိုဆိုနေပုံ မြင်ကွင်းကို Hot News အယ်ဒီတာချုပ် မမ က မနှိုင်းကောင်း နှိုင်းကောင်း နှိုင်းယှဉ် ဖော်ပြထားတာကို ပြန်သတိရမိတယ်။

ပန်းသည်လေးတွေက ခင်ညွန့်ကို ကြိုတယ် ဆိုတာကလဲ သူတို့ ဖာသာ သူတို့ ကြိုချင်လို့ ကြိုတာ မဟုတ်ပါဘူး။ ခင်ညွန့်ကို ပန်းကုံးစွပ်ဖို့၊ ပန်းစည်းပေးဖို့ ခင်ညွန့် မလာခင်ကတဲက ကြိုတင်ပြီး ခင်ညွန့် ဒလံတွေက ပန်းသည်လေးတွေကို ပိုက်ဆံပေးပြီး သင်ပေးထားလို့ပါ။ ပြီးတော့ ခင်ညွန့်ကို ကြိုဆိုတဲ့ လူအင်အားက ဒေါ်စုနဲ့ ဘယ်လိုမှ ယှဉ်လို့ မရအောင် အရမ်း ကျိုးတိုးကျဲတဲ ဖြစ်နေတာကို ဖုံးကွယ် ဖျောက်ဖျက်ဖို့ လူတွေ ကြိုဆိုနေတဲ့ မြင်ကွင်းတခုလုံးကို မြင်သာစေတဲ့ မြင်ကွင်းကျယ် ဓါတ်ပုံကို မဖော်ပြဘဲ ခင်ညွန့်နဲ့ ပန်းသည်လေး လောက်ပဲ ပေါ်အောင် ဖြတ်တောက်ပြီး ဖော်ပြထားတာပါ။

ဒေါ်အောင်ဆန်းစုကြည် ကို ထားဝယ်လူထုက သိန်း နဲ့ ချီပြီး တခဲနက် အားတက်သရော ကြိုဆိုပြီး ဒေါ်အောင်ဆန်းစုကြည်ကို ပြတ်ပြတ်သားသား ထောက်ခံပြလိုက်ပုံကို မြင်ရတော့ Hot News အယ်ဒီတာချုပ် မမ က ဒေါ်အောင်ဆန်းစုကြည် ကို ခင်ညွန့်နဲ့ နှိုင်းယှဉ် ပြထားတာကိုပါ ပြန်သတိရသွားတာနဲ့ ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ post အောက်က ခင်ညွန့် အကြောင်း comments တွေ၊ ဆောင်းပါးတွေ၊ စာညွန့်တွေ ကို ပြန်ဖတ်ကြည့်မိတယ်။

ဖတ်ရင်းနဲ့ ဒေါ်စု နဲ့ နံ့သာဆီ နဲ့ အီး လို ကွာခြားတဲ့ ခင်ညွန့် ရဲ့ ပုံရိပ်တွေကို ပြန်ပြီး မြင်ယောင်လာတယ်။

အဲဒီ ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ comments တွေမှာ ရေးထားတဲ့ မြေခွေး ခင်ညွန့် နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ အချက်အလက်တွေဟာ ပြည်သူအားလုံး သိသင့်တဲ့ ယုတ်မာ ကောက်ကျစ် ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့ ခင်ညွန့် ရဲ့ အကြောင်း အတိုချုပ်တွေ ဖြစ်ပါတယ်။ ခင်ညွန့်အကြောင်း သမိုင်းမှန် အချက်အလက်တွေချည်းပါပဲ။

မဖတ်ရသေးတဲ့ စာဖတ်သူတွေ အနေနဲ့ ဒီ comment ရဲ့ ခေါင်းစဉ် ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) ကို click လုပ်ပြီး ((ခင်ညွန့် ခံစား သိမြင်နိုင်ပါစေ)) post နဲ့ comments တွေကို လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ပထမဆုံးရောက်ဖူးတာပါ
လူသတ်ကောင် ABSDF က မှန်းသိလို. နောက်မလာတော.ပါ

အောင်မာ...
Anonymous (February 4, 2012 8:26 AM) က
(ဒီဘလော့ကို ပထမဆုံးရောက်ဖူးတာပါ) ဆိုပါလား။


ဟေ့ကောင်
Anonymous နဲ့ေ၇းသွားတဲ့ mg (မောင်) ဆိုတဲ့ စစ်တပ်ကကောင်...
အပိုတွေလာလုပ်မနေနဲ့။
မင်းကိုမင်း Anonymous တွေ၊ဘာတွေလုပ်မနေနဲ့။
အေ၇မ၇အဖတ်မ၇တွေပဲေ၇းတတ်တဲ့ မင်း၇ဲ့ခေါင်းကို ခွေးချီသွားတောင်မှတ်မိတယ်ကွ။

ABSDF မြောက်ပိုင်းကိစ္စမှာ မင်းတို့ ဘာမှဝင်ပီး ဖျာဝင်ခင်းမနေနဲ့။
သမိုင်းအစဉ်အလာထွန်းပြောင်ခဲ့တဲ့ ABSDF ကို အခွင့်အေ၇းမျှော်ကိုးပီး ကြေးစားစစ်တပ်ထဲဝင်လာတဲ့ မင်းလိုကြေးစားစစ်သားက ဘာမှပြောနေစ၇ာမလိုဘူးကွ။

ဟေ့ကောင်
Anonymous (February 4, 2012 8:26 AM) နဲ့ေ၇းသွားတဲ့ mg (မောင်) ဆိုတဲ့ စစ်တပ်ကကောင်...

ABSDF တပ်ဖွဲ့ဝင် ကျောင်းသားတွေဟာ ၇ိုးသားတာေ၇ာ၊ ကိုယ်ကျိုးစွန့်တာေ၇ာ အစဉ်အလာနဲ့လာတာကွ။
ပြည်ဖျက်၇န်သူစစ်အာဏာ၇ှင်ကို တော်လှန်ပီး ပြည်သူ့လက်ထဲကိုအာဏာအပ်ပေးဖို့ဆိုတဲ့၇ည်၇ွယ်ချက်နဲ့ တောခိုခဲ့ကြတာကွ။
ABSDF တပ်ဖွဲ့ဝင်အများစုဟာ ဘာအခွင့်အေ၇းမှမမျှော်လင့်ဘဲ အ၇ိုးခံစိတ်နဲ့ ပေးဆပ်ဖို့သက်သက် ကျောင်းသားတပ်မတော်ထဲဝင်ခဲ့ကြတာကွ။


ကျောင်းသားတွေကို ၇က်၇က်စက်စက်သတ်တာ ABSDF ၇ဲ့သဘောထား မဟုတ်ဘူးကွ။
ABSDF မြောက်ပိုင်းကေ၇ာ်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လှဆောင် (လှဆိုင်) အပါအဝင် အာဏာ၇ူးတစု၇ဲ့ မင်းမဲ့စ၇ိုက်ပဲ။
အာဏာ၇ူးတစု၇ဲ့ မင်းမဲ့စ၇ိုက်ကို ၇ိုးသားဖြောင့်မတ်တဲ့၊ မှန်မှန်ကန်ကန်၇ှိတဲ့ တပ်ဖွဲ့ဝင်ဟောင်းတွေက ကန့်ကွက်ရှုတ်ချနေကြတာပဲကွ။

ABSDF ပထမဆုံးဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်၊ ABSDF အတွင်းေ၇းမှုးဟောင်း ကိုသန်းဝင်း တို့ ဆို၇င်လဲ ABSDF မြောက်ပိုင်းကိစ္စအတွက် တာဝန်၇ှိသူတွေက ဖြေ၇ှင်းဖို့ အစောကြီးကတဲက (12/ 21/ 2011 ၇က်ကတဲက) ပြောနေကြတာပဲကွ။
(( ABSDF အတွင်းရေးမှုးဟောင်း (၈၈) နှင့် ဥက္ကဌ ( ဟောင်း) တို့ ၏ မြောက်ပိုင်း လူသတ်မှု့များအပေါ်သဘောထာထား ) ) (Posted on 21-12-2011)
( http://drkokogyi.wordpress.com/2011/12/25/absdf-former-secretary-and-chairmans-opinion-on-the-absdf-northern-killing-field-in-burmese/ )


မငယ်နိုင်ဆို၇င်လဲ (2011-12-19) ၇က်မှာထွက်လာတဲ့ ပန်းချီထိန်လင်း၇ဲ့ ABSDF မြောက်ပိုင်းကိစ္စဆောင်းပါးကို ဖတ်ပီးပီးချင်းမှာပဲ ဒီလူမဆန်အောင်နှိပ်စက်ပီးသတ်ဖြတ်တဲ့ကိစ္စကို ရှုတ်ချခဲ့တာပဲ။

ပန်းချီထိန်လင်း ၇ဲ့ ဆောင်းပါး ((ကျွန်တော် သန်းကြွယ်သူဌေး ဖြစ်ခဲ့စဉ်က..)) (Posted on 19-12-2011)
( http://www.kaungkin.com/index.php?option=com_content&view=article&id=670:article&catid=37:2009-04-17-01-30-25&Itemid=64 )

ပီးတော့ မငယ်နိုင်က အေဘီမြောက်ပိုင်းကိတ်စနဲ့ပတ်သက်ပီး ဖြစ်၇ပ်မှန်ကိုဖော်ထုတ်ဖို့ တောက်လျှောက်ပြောလာခဲ့တာပဲ။
အဲဒီတော့ မငယ်နိုင်ကို မင်း ဘာမှ စောင်းမြောင်းပီး ပြောစ၇ာမလိုဘူးကွ။
ABSDF အဖွဲ့ နဲ့ ABSDF အဖွဲ့အတွင်းက အာဏာ၇ူးတစုကို ခွဲခြားပီး ပြောပါကွ။

မငယ်နိုင်အပါအဝင် တောင်ပိုင်း တပ်ဖွဲ့ဝင်ဟောင်း အတော်များများက ထောက်လှမ်းေ၇းလို့ မတ၇ားစွပ်စွဲခံ၇ပီး အဖမ်းခံထား၇တဲ့ ကျောင်းသား ၁၀ဝ လောက်ထဲက လူမဆန်အောင်နှိပ်စက်ခံ၇ပီးမှ အဲဒီအထဲက ၃၀ ကျော်လောက် အသတ်ခံ၇တယ် ဆိုတာကို မနေ့တနေ့ကမှသိ၇တာကွ။
မငယ်နိုင်တို့လို ဒီလူမဆန်အောင်နှိပ်စက်ပီးသတ်ဖြတ်တဲ့ကိစ္စအတွက် လုံးဝတာဝန်မ၇ှိတဲ့ ABSDF အဖွဲ့ဝင်ဟောင်းတွေအားလုံးကို (( လူသတ်ကောင် ABSDF )) ဆိုပီး ဝါးလုံး၇ှည်နဲ့၇မ်းပီး ပုတ်ခတ်စ၇ာမလိုဘူးကွ။

အေဘီ (ကချင်) က သံချောင်း၊ မျိုးဝင်း၊ အောင်နိုင် ( ရော်နယ်အောင်နိုင် )၊ လှဆိုင် (လှဆောင်) အပါအဝင် လူရမ်းကားတစုက ကျောင်းသားခေါင်းဆောင်စစ်စစ် ကိုထွန်းအောင်ကျော် အပါအဝင် အပြစ်မဲ့ကျောင်းသားစစ်စစ် ၃၀ ကျော်ကို မတရားစွပ်စွဲ ဖမ်းဆီးပြီး လူမဆန်စွာနှိပ်စက်ပြီး သတ်ဖြတ်မှုတွေဟာ အင်မတန်ဆိုးရွားတဲ့၊ လူမဆန်လွန်းတဲ့ အဖြစ်အပျက်တွေပဲ။

ABSDF မြောက်ပိုင်း လူမဆန်စွာနှိပ်စက်ပြီး သတ်ဖြတ်မှုတွေဟာ မြန်မာ့သမိုင်းရဲ့ အမဲစက်ကြီးပဲ။ ဒီတော့ အေဘီ မြောက်ပိုင်း ကိစ္စဟာ ABSDF အဖွဲ့တခုထဲရဲ့ ကိစ္စသက်သက် မဟုတ်တော့ဘူး။ အတိုက်အခံတွေရဲ့ ကိစ္စသက်သက် မဟုတ်တော့ဘူး။ ဒါဟာ ပြည်သူအားလုံးနဲ့ဆိုင်တဲ့ ကိစ္စဖြစ်သွားပြီ။

ဒီတော့ ပြည်သူအားလုံးက ဒီ ABSDF မြောက်ပိုင်း ကိစ္စမှာ ဝင်ရောက်ဆွေးနွေးလို့ရတယ်၊ အကြံပေးလို့ရတယ်။ ပြည်သူတွေအနေနဲ့ဝင်ပြီးလဲ ဆွေးနွေးသင့်၊ အကြံပေးသင့်တယ်။ အတိုက်အခံ မဟုတ်ပေမယ့် မတရားမှုကို ရွံရှာတဲ့ ပြည်သူအများအပြားလဲ ပါဝင်ဆွေးနွေးနေကြတယ်။

ဒါပေမယ့် ဒီ အေဘီမြောက်ပိုင်း ကိစ္စမှာ ဆွေးနွေးတာ၊ အကြံပြုတာ မဟုတ်ဘဲ ဒီကိစ္စကို ခုတုံးလုပ်ပြီး ABSDF ရဲမေဟောင်းဖြစ်တဲ့ မငယ်နိုင်ကို မဆီမဆိုင် စောင်းမြောင်းပြီး တိုက်ခိုက်ချင်ရုံသက်သက်နဲ့ "ကျောင်းသားတွေကိုရက်ရက်စက်စက်သတ်တဲ့ အောက်တန်းစား ABSDF က ဆိုလို. လာမိတာမှားတယ်လို.တာင် ကိုယ်.ကိုယ်ကိုထင်မိပါတယ်" ဆိုတာရယ်၊ "လူသတ်ကောင် ABSDF က မှန်းသိလို. နောက်မလာတော.ပါ" ဆိုတာရယ်ကိုပဲ ထပ်တလဲလဲ အရေမရအဖတ်မရ လာလာရေးနေတဲ့ စစ်ကျွန်တွေကတော့ ABSDF မြောက်ပိုင်းကိစ္စမှာ ဘာမှကို ဝင်ပြောနေစရာ မလိုဘူး။

အစ်မကြီး ငယ်နိုင်ခင်ဗျား...

အေဘီ မြောက်ပိုင်းလူသတ်ပွဲအကြောင်း ဖတ်လိုက်ရတာ စိတ်မကောင်းပါဘူး။ ၁၉၈၈ အရေးတော်ပုံ ကာလမှာ ကျွန်တော်က (၁၆)နှစ်အရွယ် ဆယ်တန်းကျောင်းသား အနေနဲ့ တက်တက်ကြွကြွ ပါဝင်ခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်ရလောက်အောင်တော့ အစ်မကြီးတို့လို သွေးမရဲခဲ့ပါဘူး။ ပြည်တွင်းမှာ နိုင်ငံရေး လုပ်ရလောက်အောင်လည်း သတ္တိ မကောင်းခဲ့ပါဘူး။ မိဘရိပ်မှာပဲ ပညာကို ကောင်းကောင်းသင်ကြားခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အစ်မကြီးတို့လို လူတွေကို လေးစားပါတယ်လို့ ပဏာမ ပြောပါရစေ။



အေဘီမြောက်ပိုင်း လူသတ်ပွဲနဲ့ ပတ်သက်ပြီး ကျွန်တော် အကြံနည်းနည်း ပေးချင်ပါတယ်။

စနစ်တကျ ဖွဲ့စည်းထားတဲ့ လက်နက်ကိုင် အဖွဲ့ထဲမှာ သူလျှိုလို့ ထင်ပြီး ဖမ်းဆီးစစ်ဆေးတာ၊ သဘာဝကျပါတယ်။ ဒါပေမယ့် နှိပ်စက်ညှင်းပန်းတာကိုတော့ ဘာအကြောင်းပြချက်နဲ့မှ လက်မခံနိုင်ပါဘူး။

လက်နက်ကိုင် တိုက်ပွဲတစ်ခုမှာ ဖမ်းဆီးပြီး လူမဆန်အောင် နှိပ်စက်တာဟာ အပြည်ပြည်ဆိုင်ရာ စစ်ဥပဒေအရာ စစ်ရာဇ၀တ်မှု မြောက်ပါတယ်။ International Humanitarian Law (IHL) ဟာ စစ်ဥပဒေပါ။



ဒါကြောင့် အစ်မကြီး ငယ်နိုင်အနေနဲ့ လုပ်လို့ရတာ တချို့ကို ကျွန်တော်စဉ်းစားမိသလောက် ပြောပါ့မယ်။

ဒီအဖြစ်အပျက်ဟာ လက်နက်ကိုင် စစ်ပွဲတစ်ခု အတွင်းမှာ ဖြစ်တဲ့အတွက် အိုင်စီစီ (အပြည်ပြည်ဆိုင်ရာ စစ်ရာဇ၀တ်ရုံး)ကို တင်နိုင်မယ်လို့ ထင်ပါတယ်။ ဒါကို သေချာစေချင်ရင်တော့ ကိုယ့်ဘက်က အထောက်အထားကို ရသလောက် အခုကတည်းက စုထားသင့်ပါတယ်။ လက်ရှိအေဘီ ခေါင်းဆောင်ပိုင်းရဲ့ ပူးပေါင်းမှုကို ယူသင့်ပါတယ်။

တစ်ဖက်ကလည်း ဥပဒေ နားလည်သူတွေနဲ့ တိုင်ပင်ထားသင့်ပါတယ်။ စစ်ဥပဒေအကြောင်းကို ပိုပြီး နားလည်ချင်ရင်တော့ Australia Red Cross ကို အကူအညီ တောင်းလို့ရပါတယ်။ နီးစပ်ရာ အော်ဇီကြက်ခြေနီ အသင်းကို ဆက်သွယ်ပြီး အခြေအနေကို ပြောပြရင် သူတို့က ရှင်းပြပေးနိုင်ပါတယ်။ ဒါသူတို့ရဲ့ လုပ်ငန်း အစိတ်အပိုင်း တစ်ခုပါ။ နောက်ပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီ (International Committee of the Red Cross-ICRC) ကိုလည်း ဆက်သွယ်ပြီး အကူအညီ တောင်းနိုင်ပါတယ်။

ဖမ်းထားသူတွေကို နှိပ်စက်တယ်ဆိုတာ ဘယ်ဥပဒေကမှ ခွင့်မပြုထားပါဘူး။ စစ်ဖြစ်နေချိန်မှာတောင် ရန်သူသုံ့ပန်းကို မနှိပ်စက်ရဘူးလို့ စစ်ဥပဒေ (International Humanitarian Law) က အတိအလင်း ပြောထားပါတယ်။ ဒီဥပဒေကို နိုင်ငံအားလုံးက အတည်ပြု လက်မှတ်ထိုးထားတာပါ။ မြန်မာပြည်ကည်း ဦးအုန်းကျော် လက်ထက်မှာ လက်မှတ်ထိုးထားပါတယ်။

အီရတ်မှာ ရှိတဲ့ အဘူဂါရစ် ထောင်ထဲမှာ စစ်ကြောရေး လုပ်ရင် သုံးတဲ့ နည်းတစ်ခုချင်းစီကို အမေရိကန် ကာကွယ်ရေး ၀န်ကြီးက အတည်ပြုပြီးမှ သုံးရပါတယ်။ ဒါက အမေရိကန်က လူမျိုးခြား မွတ်ဆလင် အကျဉ်းသားတွေကို ဆက်ဆံရင်တောင် တင်းကျပ်ထားတာကို ပြောချင်တာပါ။

အေဘီမြောက်ပိုင်းက ခံယူချက်တူတဲ့ ကျောင်းသားအချင်းချင်း ဒီလောက် လုပ်တာကို ဘယ်လိုမှ အကြောင်းပြလို့ မရပါဘူး။

ကိုယ်လေးစားရတဲ့ နောင်တော်တွေကို ကူညီနိုင်တဲ့ နည်းလမ်းတစ်ခုကို ချပြကြည့်တာပါ။ ကျေးဇူးပါ။

-
နေ့စွဲ - ၁၁-၂-၂၀၁၂


(မြန်မာနိုင်ငံမြောက်ပိုင်း ABSDF နယ်မြေအတွင်း ဖြစ်ပွားခဲ့သော လူသတ်မှုများ အတွက် သေဆုံးသွားခဲ့သူများ၏ ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေ စိုးမိုးမှုအား လူသားတိုင်း ခံစားနိုင်ခွင့် ရှိစေခြင်း၊ မွေးရာပါ လူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန် လိုအပ်ခြင်း စသည့် အချက်များ အတွက် သိသာစေရန် တင်ပြချက်။)


လူသတ်မှု ဆိုသည်မှာ ရဲအရေးပိုင်သော ကိစ္စ ဖြစ်၏။ ABSDF အဖွဲ့၏ အဖွဲ့စည်းတွင်း ပြဿနာတစ်ရပ် မဟုတ်ပါ။ ABSDF အဖွဲ့တွင် အဖွဲ့စည်းအတွင်း ပြဿနာများ ရှိကောင်း ရှိနိုင်သော်လည်း ပြဿနာတစ်ရပ်ကို လူသတ်သည့်နည်းဖြင့် ဖြေရှင်းလျှင် အဖွဲ့အစည်း၏ ပြဿနာ မဟုတ်တော့ပါ။ လူ့အဖွဲ့အစည်း၏ ပြဿနာ ဖြစ်ပါ၏။

လူသတ်မှုအတွက် မျက်မြင်သက်သေ၊ ကြားသိသောသက်သေ စသည်ဖြင့် သက်သေအထောက်အထားများ လို၏။ သက်သေ ရှိလျှင် အမှုဖွင့်လို့ရပြီ ဖြစ်သည်။ လူသတ်မှုကို ထောင်ချသူမှာ တရားသူကြီး မဟုတ်၊ သက်သေ သာလျှင် ဖြစ်၏။

လူသတ်မှုက အနှစ် ၂၀ ကျော်ပြီ ဖြစ်၏။ အနှစ် ၂၀ ကျော် လုံးလုံး ဖေါ်ထုတ်မည့်သူ မရှိခဲ့၍ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယခု ဖေါ်ထုတ်သူများ ရှိနေပြီ ဖြစ်သောကြောင့် တာဝန်ရှိသူများက တာဝန်ရှိသလို ဆောင်ရွက်သင့်ပါသည်။ တာဝန်ရှိသူများအနေဖြင့် စုံစမ်းရေးကော်မရှင်ကို တရားဝင်ဖွဲ့စည်းဖို့အချိန်တန်ပြီ ဖြစ်ပါသည်။ တာဝန်ရှိသူများမှာ ABSDF ခေါင်ဆောင်ဟောင်း များအားလုံးနှင့် လက်ရှိ ခေါင်းဆောင်များအားလုံးတို့ ဖြစ်၏။

တာဝန်ရှိသူများမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်း မရှိလျှင် လူသတ်မှုအား ထိန်ချန်မှု ဖြစ်၏။ လူသတ်မှုတစ်ခုအား ထိန်ချန်ခြင်းအတွက် ဆင်ခြေ မရှိပါ။ အခြေအနေ အချိန်အခါအရ တရားဥပဒေ လောကနှင့် ဆက်ဆံမှု ခက်ခဲသည်ဖြစ်၍ တင်ပြနိုင်ခြင်း မရှိသည်ကို တရားဥပဒေအရ နားလည်မှု ပေးနိုင်သော်လည်း လူသိရှင်ကြား မီဒီယာပေါင်းစုံတွင် တင်ပြမှုအား ဖုံးကွယ်ထားလျှင် ထိန်ချန်မှု ဖြစ်ပါ၏။

-
ABSDF ဌာနချုပ်မှ မြောက်ပိုင်းလူသတ်မှုအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးပြီဟု ကြားသိရသော်လည်း တရားဝင် သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ "လူသတ်မှုဖြစ်သည့် အတွက် အဖွဲ့အစည်းအတွင်း ကော်မရှင်တစ်ရပ် ဖွဲ့စည်းသည်" ဟု ကြေငြာချက် ထုတ်ရုံဖြင့် မလုံလောက်ပါ။ လူသတ်မှု ဖြစ်ပွားသောနေရာသည် ထိုင်း မြန်မာနယ်စပ် (သို့) တရုတ် မြန်မာနယ်စပ် ဒေသတွင် ဖြစ်ခဲ့ပြီး မည်သည့်အစိုးရ၏ ဥပဒေထိန်းချုပ်မှု နယ်မြေတွင်း မရှိခဲ့၍ ကျူးလွန်သူများရော၊ ထိန်ချန်သူများပါ ရာဇ၀တ်ဘေး ပြေးလို့လွတ်ပြီဟု ထင်နေကြဟန် ရှိပါသည်။

လူသတ်မှု ဆိုသည်မှာ မည်သည့်နေရာတွင် ဖြစ်သည်ဖြစ်စေ ပြေးလို့လွတ်မြောက်သော အမှု မဟုတ်ပါချေ။ မြောက်ပိုင်းလူသတ်မှုအား နိုင်ငံတကာအဆင့် တရားဝင်သော စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းကြောင်း ABSDF မှ တရားဝင် ဆောင်ရွက်ခြင်း မပြုနိုင်လျှင် ယနေ့မှစ၍ ရက်ပေါင်း (၆၀) အတွင်း အင်္ဂလန်နိုင်ငံရောက် မြန်မာများမှ အင်္ဂလန်နိုင်ငံ၊ ရှေ့နေများကောင်စီဖြင့် ပူးပေါင်း၍ အမှုဖွင့် တရားစွဲဆိုမှု ပြုလုပ်သွားမည် ဖြစ်ကြောင်း သိစေလိုက်ပါသည်။

ABSDF ခေါင်းဆောင်အချို့က အဖွဲ့၏ ပြဿနာကို ပြင်ပမှ သူများက ၀င်မရှုပ်ဖို့ ဟန့်တားကြ၏။ လူသတ်မှုကို ပြည်သူက ၀င်ရှုပ်မည် ဖြစ်ပါသည်။ ပြည်သူကို ၀င်မရှုပ်ဖို့ တားမြစ်၍ မရပါ။ ABSDF ကို လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်းခဲ့၏။ လွတ်မြောက်နယ်မြေ ဆိုသည်မှာ ခေတ်ကာလအရ ရန်သူမှ လက်လမ်းမမှီနိုင်သော နေရာကို ဆိုလိုပါသည်။ တရားဥပဒေမှ လွတ်မြောက်သော နယ်မြေတော့ မဟုတ်ပါချေ။

လွတ်မြောက်နယ်မြေ တစ်ရပ်တွင် ထိုနယ်မြေကို ထိမ်းချုပ်သော အဖွဲ့အစည်းတစ်ရပ်ရပ်၏ တာဝန်ယူမှု ရှိရမည် ဖြစ်သော်လည်း လူသတ်မှုကို ကျူးလွန်သူများကို လွတ်မြောက်နယ်မြေတွင် ရှိသော သက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုခု၏ တရားစီရင်မှု မရှိခဲ့သည်ဖြစ်၍ ဖြစ်ပွားခဲ့သော လူသတ်မှုမှာ ယနေ့ထက်ထိ တရားစွဲဆိုဖို့ လိုအပ်နေသော ကိစ္စတစ်ခုသာ ဖြစ်ပါသည်။

တော်လှန်ရေးတစ်ရပ်တွင် ဖြစ်ပွားတတ်သော ပြစ်မှုများစွာ ရှိနိုင်သော်လည်း မည်သူမျှ တရားစီရင်မှု မပြုရသေးသော လူသတ်မှု ဆိုသည်မှာ တော်လှန်ရေးကို ခုတုန်းလုပ်၍ ဆင်ခြေပေးလို့ရသော အမှု မဟုတ်ပါ။

-
ABSDF ခေါင်းဆောင်များအနေဖြင့် မြောက်ပိုင်းလူသတ်မှုအား အပြည်ပြည်ဆိုင်ရာအဆင့် ရှိသော တရားဝင် စုံစမ်းရေးကော်မရှင် တစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမျိုး မလုပ်ပဲ တစ်ချိန်ကျတော့ သမိုင်းက ဆုံးဖြစ်လိမ့်မည်ဟု ပြော၍မရပါ။ ဤကိစ္စမှာ သမိုင်းဆိုင်ရာ ပြဿနာ မဟုတ်ပါ။ ရာဇ၀တ်ကြောင်းဆိုင်ရာ ပြဿနာ သာလျှင် ဖြစ်ပါ၏။

မြောက်ပိုင်းလူသတ်မှုအတွက် ABSDF အဖွဲ့မှ ရက်ပေါင်း ၆၀ အတွင်း အပြည်ပြည်ဆိုင်ရာ အဆင့် တရားဝင် စုံစမ်းရေးကော်မရှင် တစ်ရပ် မဖွဲ့စည်းနိုင်လျှင် ယူကေ ရောက် မြန်မာများမှ ယူကေ တွင် ရှိသော အောက်ပါ အဖွဲ့အစည်းများဖြင့် တရားဝင် ဆက်သွယ် ဆောင်ရွက်၍ အမှုမှန် ဖေါ်ထုတ်သွားမည် ဖြစ်ကြောင်း သိစေအပ်သည်။

၁။ INTERPOL (အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့)
၂။ THE LAW SOCIETY (UK)
၃။ AMNESTY INTERNATIONAL (UK)
၎။ UK (POLICE)
၅။ UK (GOVERNMENT)
၆။ UNITED NATIONS


တာဝန်ယူ တင်ပြသည့် အဖွဲ့အစည်း
(မူဝါဒရေးရာဌာန)
မြန်မာဒီမိုကရေစီကွန်ဂရက်


(မှတ်ချက်)။ ။ ယခု တင်ပြသော ကြေငြာလွှာသည် ပစ်စာ (သို့) ချိန်းချောက်စာ တစ်ရပ် မဟုတ်ပဲ ကျွန်ုပ်တို့ပါတီမှ တာဝန်ခံ၍ တင်ပြသော တရားဝင် ထုတ်ပြန်ချက် ဖြစ်သည်။

မတရားမှုများအား လူသိရှင်ငြား ဖေါ်ထုတ်ခြင်းဖြင့် တော်လှန်ရေးတစ်ရပ်အတွက် ဂုဏ်သိက္ခာ ကျစေနိုင်မည် ဟု ဆင်ခြေပေးသူများ ရှိ၏။ တော်လှန်သောအဖွဲ့အစည်း ဆိုသည်မှာ မတရားမူများကို တော်လှန်ခြင်းသာလျှင် ဖြစ်၏။ မတရားမူများအား အမှုမှန် ဖေါ်ထုတ်ခြင်းဖြင့်သာလျှင် ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာကို ကယ်တင်နိုင်မည် ဖြစ်ပါသည်။ ပြည်သူအများမှ ရဲရဲရင့်ရင့် ထောက်ခံကြဖို့သာလျှင် လိုရင်း ဖြစ်ပါသည်။

(Credit - MDC)

>
အခုတလော မြောက်ပိုင်း ကျောင်းသားတပ်မတော် (ABSDF - NB) အတွင်းမှာ ဖြစ်ခဲ့တဲ့ ဖြုတ်ထုတ်သတ် အတွင်းရေးတွေကြောင့် အသက်ဆုံးခဲ့ရတဲ့ အပြစ်မဲ့ ကျောင်းသားတပ်မတော်ရဲဘော် ၃၀ ကျော်ရဲ့ အရိုးတွေ တွန်နေတယ်။ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) မှာ ကချင် ပြည်နယ်၊ ပါဂျောင်ဒေသမှာ အေဘီ မြောက်ပိုင်းက အာဏာရူးတစု ကျူးလွန်ခဲ့တဲ့ လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက ခွင့်လွှတ်လို့ ရပေမဲ့ သမိုင်းကိုတော့ မေ့လို့ မရဘူး။ ပြင်လို့ မရသင့်ဘူး။ သမိုင်း အပျောက် မခံသင့်ဘူး။ အဲဒီ အကျည်းတန်တဲ့ အေဘီ မြောက်ပိုင်း ရာဇဝတ်မှုကြီးတွေကို အမှန်အတိုင်း သမိုင်းမှာ ရှိ ကျန်ရစ်ဖို့ လိုပါတယ်။ အရေးယူတာ၊ မယူတာက နောက် တပိုင်းပါ။

ထို့အတူ ဒီပဲယင်း အရေးအခင်း ဆိုတာလည်း အပြစ်မဲ့ ပြည်သူ ၁၀ဝ ကျော် လူမသိ သူမသိ၊ လူလိုသူလို မဟုတ်ဘဲ အသက်ပေးခဲ့ရတဲ့ အရေးအခင်းပါ။ ၂၀ဝ၃ ခုနှစ်၊ မေလ ၃၀ ရက်နေ့မှာ စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့ အနီးမှာ စစ်ခေါင်းဆောင်တွေ ကျူးလွန်ခဲ့တဲ့ ဒီပဲယင်း လူအစုအပြုံလိုက် သတ်ပွဲကို ခွင့်လွှတ်နိုင်သူတွေက အခြေအနေ အရပ်ရပ်ကို ရှေ့ရှု ချင့်ချိန်ပြီး ခွင့်လွှတ်ဦးတော့ အဲဒီ ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှုကြီးရဲ့ သမိုင်းမှတ်တမ်း အမှန်အတိုင်း အပြည့်အစုံ ရှိသင့်တယ်။ နောက်လူတွေလည်း သိသင့်တယ်။

အခုဘဲကြည့်၊ ဘာမှ မကြာသေးတဲ့ နှစ် ကာလတွေ တုန်းက လုပ်သွားတဲ့ ညောင်နှစ်ပင်တောင် မသိသူတွေ ရှိနေပြီ။ "မအအောင်လို့ သမိုင်း သင်တာပါ" ဆိုတဲ့ ဒေါက်တာသန်းထွန်းရဲ့ စကားကို ပြန် အမှတ်ရကြပါ။

အောင်အောင်ဦး
ခင်ရတနာ (facebook) မှ

(Credit - Kanyawpo)

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စည်းရုံးရေးခရီးစဉ်များအား အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် နှောင့်နှေးရသည်

February 20, 2012 ဒီမိုဝေယံ

အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပါတီစည်းရုံးရေး လုပ်ငန်းများ၊ ရွေးကောက် ပွဲအောင်နိုင်ရေး လုပ်ငန်းစဉ်များ အနှောင့်အယှက် ဖြစ်နေရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ယနေ့ သတင်းစာ ရှင်းလင်းပွဲတွင် ထုတ်ဖော် ပြောကြားလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည် လှည်းကူးတွင် ဟောပြောရေးအတွက် ဘောလုံးကွင်း ငှားရမ်းရာတွင် အထစ် အငေါ့ ဖြစ်ခဲ့ခြင်း၊ ကချင်ပြည်နယ် ခရီးစဉ်ကို လုံခြုံရေး အကြောင်းပြပြီးကျင်းပခွင့် ပိတ်ပင်ခြင်း၊ ကြံ့ခိုင်ရေးပါတီက ပုဂ္ဂိုလ်ရေးတိုက်ခိုက် ပုတ်ခတ် ပြောဆိုခြင်းများကို ဦးဉာဏ်ဝင်းက ယနေ့ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသွားသည်။ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဖေဖော်ဝါရီလ ၂၃ ရက်နှင့် ၂၄ ရက်နေ့ တွင်မြစ်ကြီးနား၊ မတ်လ ၃ ရက်နေ့ ၄ ရက်နေ့များ တွင် မန္တလေးမြို့၊ မတ်လ ၅ ရက်နှင့် ၆ ရက်တွင် နေပြည်တော်၊ မတ်လ ၁၀ ရက်နှင့် ၁၁ ရက်နေ့ မွန်ပြည်နယ် များသို့ စည်းရုံးရေး ခရီးစဉ်များ သွားရောက်မည် ဖြစ်ကြောင်း ဦးဥာဏ်ဝင်းကဆိုသည်။

-
ခေါင်းစဉ်ကို နှိပ်ပြီး တပ်မတော်သားလေး ကျော်ဇင်ဝင်းက ဒေါ်စု ရှမ်းပြည်နယ်ခရီးစဉ်မှာ ဒေါ်စုကို နှုတ်ဆက်ကြိုဆိုနေပုံ ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။


စု နဲ့ စစ်သား လက်တွဲသွား၊
ပြည်သူ ကြည်ဖြူ အပြစ်မယူ၊
တိုင်းပြည် ကောင်းစား ဦးထိပ်ထား၊
စု နဲ့ စစ်သား လက်တွဲသွား။

Ko Moe Htet
March 3, 2012

ခေါင်းစဉ်ကို နှိပ်ပြီး ဒေါ်စု ကလောခရီးစဉ်မှာ တပ်မတော်သားလေး ကျော်ဇင်ဝင်းက ဒေါ်စုကို နှုတ်ဆက်ကြိုဆိုနေပုံ ဓာတ်ပုံကို ကြည့်နိုင်ပါတယ်။


မတ်လ ၄၊ ၂၀၁၂

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် စည်းရုံးရေးခရီးစဉ်တွင် လာရောက် နှုတ်ဆက်သော တပ်မတော်သား ကျော်ဇင်ဝင်း အထိုးအကြိတ် ခံရပြီး တပ်အချုပ် ချခံထားရတယ်။

ဒီတပ်မတော်သားလေးနာမည်.. တပ်သား ကျော်ဇင်ဝင်း လို့ ခေါ်ပါတယ်... အောင်ပန်း GE... တပ်မှ ဖြစ်ပါတယ်.. သူ အခု အထိုးအကျိတ် ခံရပြီး လူရုပ် မပေါ်တော့ပါဘူး.... ကွာတား (တပ်အချုပ် ချခံထားရတယ်)

ဒီသတင်းလေးကို share ပေးကြပါ..

တိတိကျကျ သိလိုပါက ဖုန်း 0949353386. ကိုဖိုးချို ထံ မေးနိင်ပါတယ်။

သတင်း။ ။ဝေယံဝင်းဇော်


nwenwe said...

မိုက်ရိုင်းလိုက်တာ။ စိတ်မကောင်းပါဘူး။ အဲ့ဒီ သတင်းကို များများ ဖြန့် ပေးကြပါ။ facebook ပေါ်ကို အမြန် တင်ပေးကြပါ။


taw thar gyi said...

ပြောတော့လဲ မခံနိုင်...´

တကယ်တော့... မင်းတို့ စစ်တပ်က ခေါင်းဆောင်ပိုင်း ဆိုတဲ့ ကောင်တွေဟာ... လူမိုက်.. လူရမ်းကားတွေလောက်တောင် အဆင့် မရှိတဲ့.. လူလိမ်ဓမြဂိုဏ်းလို့ ပြောတော့ နာဦးမယ်..

လုပ်ရပ်က အောက်တန်းကျလိုက်တာ.. ဟေ့ကောင်တွေ ထမိန်ဝတ်ထားကွ...


( http://www.dawnmanhon.com/2012/03/blog-post_8443.html တွင် တင်ထားသော သတင်းကို ထပ်ဆင့် ဖြန့်ဝေပေးခြင်း ဖြစ်ပါသည်။)

>
မိတ်ဆွေတို့ ရေ၊

ဒေါ်စု ကလောခရီးစဉ်မှာ ကြိုဆိုတဲ့ ပြစ်မှုနဲ့ တပ်သားကျော်ဇင်ဝင်း ကွာတား (တပ်အချုပ်) ချခံရပြီးတော့၊ ဗိုလ်မှူးကြီးတစ်ယောက်လဲ သွားပြန်ပြီ။
မြန်မာ့လေကြောင်း (Myanma Airways) က MD ဗိုလ်မှူးကြီးတင်မောင်ထွန်း (လေ) ကိုလဲ၊ ဒေါ်စု မြစ်ကြီးနားခရီးစဉ်ကို လေယာဉ် စီစဉ်ပေးတဲ့ ပြစ်မှုနဲ့ ပင်စင်ပေးလိုက်ပြန်ပြီ၊
ဗိုလ်မှူးကြီးတင်မောင်ထွန်း (လေ) က စစ်တက္ကသိုလ် အမှတ်စဉ် (၁၇) ကျောင်းဆင်း လူတော်လူကောင်း တစ်ယောက်ပါ၊
ဒုဗိုလ်ချုပ်ကြီးမြတ်ဟိန်း/ မြင့်လှိုင်/ သာအေး/ အုန်းမြင့် တို့ နဲ့ အပါတ်စဉ်တူပေါ့၊
သမတနဲ့ အစိုးရ ကိုလုံးဝ မယုံကြည်တော့ပါ။

Sandi

-
ခေါင်းစဉ်ကို နှိပ်ပြီး You Tube ဗီဒီယို ကို ကြည့်နိုင်ပါတယ်။

(ရေတပ် ဒုတိယဗိုလ်မှုးကြီး ဇော်ဝင်းထွန်းက ရေတပ်သား ရဲဘော်တွေကို မတရား တဲ့ အမိန့်တွေ ချမှတ်ပြီး အတင်းအကြပ် လိုက်နာခိုင်းပြီး အနိုင်ကျင့် နှိပ်ကွပ်နေပုံ အမျိုးစုံကို ရေတပ်သားလေး ကိုယ်တိုင် ရင်ဖွင့်ထားတဲ့ ဗီဒီယို ဖိုင် ကို ကြည့်ဖြစ်အောင် ကြည့်ကြပါ။)


"ဒုတိယဗိုလ်မှုးကြီး ဇော်ဝင်းထွန်းက ပြောတာ။

ဒီအခန်းထဲမှာ ဒုတိယဗိုလ်မှုးကြီးတွေ ထိုင်ခိုင်းပြီးတော့ ငါမေးမယ် တဲ့။ မင်းတို့ တယောက်ချင်း မေးပြီး မင်း ဘာလုပ်မလဲ တဲ့။ မင်းက ရဲဘော်။ ဒုတိယဗိုလ်မှုးကြီး ပြောတဲ့ စကားနဲ့ မင်း ပြောတဲ့ စကားနဲ့ ဘယ်ဟာက အရာရောက်မယ် ထင်လဲ တဲ့။

မင်းလဲ ပြောချင်ရာ ပြော၊ ငါတို့လဲ ရေးချင်သလို ရေးပြီး အမိန့် ချချင်သလို ချမယ် တဲ့။ ဟေ့ကောင် ... ငါတို့ ဒုတိယဗိုလ်မှုးကြီးတွေ မင်းကို ငါတို့ ထောင် အနှစ် ၇၀ လောက် ချပစ်လို့ ရတယ် တဲ့။ သူ ပြောတာ ... ဒါ။ နိုင်ငံရေး လုပ်လို့ တဲ့။

ကျနော်တို့က နိုင်ငံရေး တခုမှ မပါဘူး။ ဘယ်အဖွဲ့မှ မ၀င်ဘူး။ ဘယ်ပါတီနဲ့မှ ကျနော်တို့ အဆက်အသွယ် မလုပ်ဘူး။

၂၈ ရက် ပြည့်တဲ့အချိန်မှာ ကျနော့်ကို အချုပ်ထဲကနေ လာထုတ်တယ်။

အဲဒီအချိန်မှာ ကျနော့် ပါးမှာ ဒဏ်ရာ ရတယ်။ ကျနော် အခု ဒီမှာ ကိုင်ကြည့်။ ဒီမှာ ကျနော့် ပါးကြီးမှာ မာနေတာ။ ဒီနေ့မှ ကျနော် ဆေးရုံက ဆင်းတာ။ ရေတပ်ဆေးရုံ။ သန်လျင် ရေတပ်ဆေးရုံက ဆင်းတာ။ ဒါပေမယ့် ဆေးရုံလက်မှတ်ကို ခုထိ ကျနော် မယူရသေးဘူး။ ဒီက ပြန်သွားမှ ကျနော် ယူရမှာ။ အဲဒီက ဆရာကြီးတွေနဲ့ ဗိုလ်မှုးတွေကို ကျနော် ပြောပြတယ်။ ကျနော် ခံစားရတဲ့ အကြောင်း ပြောတယ်။ ရေတပ် တတပ်လုံး သိတယ်။ ဒါပေမယ့် ဘယ်သူမှ မပြောရဲဘူး။

ဘာဖြစ်လို့ မပြောရဲလဲ ဆိုတော့ ဒီ သူတောင်းစားတွေ နှိပ်ကွပ်တာ။ ဒီ ခွေးမသားတွေ နှိပ်ကွပ်လို့ ဘယ်သူမှ မပြောရဲဘူး။ လိုင်းခန်းမှာ နေတဲ့ ရဲဘော်တွေကို လိုင်းထဲက နှင်ထုတ်မယ် လို့ ပြောတယ်။

အခု ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်ကို လာစစ်မယ်။ တိုင်းပြည်သိ စကား ပြောတယ်။

တိုင်းပြည်သိ စကား ပြောတဲ့ အချိန်မှာ ဒုတိယဗိုလ်မှုးကြီး ဇော်ဝင်းထွန်းက ဘာပြောသလဲ ဆိုတော့

အိမ်တွေမှာ ဒေါ်အောင်ဆန်းစုကြည် ပုံ နဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံကို မချိတ်ရဘူးတဲ့။ ချိတ်လို့ရှိရင် လိုင်းက နေပြီး နှင်ထုတ်မယ်တဲ့။ ရဲဘော်တွေကို လိုင်းက နှင်ထုတ်တော့ ဘယ်နား သွားနေမလဲ။

ဒေါ်အောင်ဆန်းစုကြည် ပုံ နဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ချိတ်တဲ့ ရဲဘော်တွေ အများကြီး ရှိတယ်။

ကျနော့်မှာလဲ ဗိုလ်ချုပ်အောင်ဆန်း အကျီ၊ ကျနော် ပွဲဈေးက ဝယ်လာတာ၊ ဘုရားဈေးက ဝယ်လာတာ။ ၁၅၀ဝ ပေးရတယ်။ အဲဒီ အကျီ ကျနော် ဝတ်တယ်။ ကျနော့်ကို မဝတ်နဲ့ တဲ့။ ကျနော် ပိုက်ဆံပေးပြီး ဝယ်ထားတာလေ။ ၁၅၀ဝ ပေးပြီး ဝယ်ထားတာလေ။ သူတို့ ပေးရတာ မဟုတ်ဘူး။

ဒုတိယဗိုလ်မှုးကြီး ဇော်ဝင်းထွန်း ပဲ။ သူပဲ ပြောတာ။

ကျနော် ဇန်နဝါရီလ လစာ မရဘူး။ ဖေဖော်ဝါရီလ လစာလဲ ကျနော် မရဘူး။

ဒုတိယဗိုလ်မှုးကြီး ဇော်ဝင်းထွန်း က DSA အပတ်စဉ် ၃၆ က ဟုတ်မဟုတ်တော့ မသိဘူး။ သူ့ကို ခေါ်တာတော့ စစ်သားကြီး လို့ ခေါ်တယ်။ စစ်သားကြီး လားတော့ မသိဘူး၊ ဖွန်ကြောင်ကြီး။"

ဟားဟာားဟားဟာားဟား

သူတောင်စားတွေ.. ခွေးမသားတွေတဲ့.. ခစ်ခစ်...

(ဒီ­လူအတွက်အတွက်တော့. ရင်လေးရချိရဲ့)



၂၀၁၃ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်


"အောင်ဆန်းစုကြည်" ဆိုတာ သူမ၏ အဖေ ဦးအောင်ဆန်းနှင့် သူမ၏ အမေ ဒေါ်ခင်ကြည် နှစ်ဦးစလုံး သဘောတူ ပေးခဲ့တဲ့ နာမည်ပါ ။ ထွင်ပြီး အဖေနာမည် ကောက်တပ်ထားတာ မဟုတ်ပါ ။

နာမည်လေးလုံးစလုံး ခေါ်ရမှာ မောတယ် ဆိုရင်လည်း အဖျားဆွတ်ပြီး "ဒေါ်အောင်ဆန်း" လို့ ခေါ်ပေါ့ဗျာ ။

"ခွေး" ဆိုတာတော့ အိုမှ သတင်းစာကောက်၊ ဘောလုံးကောက်၊ လက်ပေး သင်လို့ မရတော့ပေမယ့် .... "လူ" ဆိုတာတော့ ဘယ်အချိန်မဆို အမူအကျင့်ကောင်းတွေကို လေ့ကျင့်လုပ်ဆောင်လို့ ရပါတယ် ။

သဘောကို ပြောပြတာပါ ၊ ဦးအောင်မင်းက "ဒေါ်စုကြည်" လို့ သုံးနှုန်းလို့ "ခွေးအိုလော" ၊ "လူအိုလော" ပြောခြင်း မဟုတ်ပါ ။

ဒီမို ဖက်တီး


https://www.facebook.com/photo.php?fbid=10151681288561374&set=a.74759741373.78273.582151373&type=1&theater