မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြန်မာပြည် အာဏာရှင်စနစ်အောက်ရောက်တဲ့ အနှစ် ၅၀ ပြည့်နှစ်

၁၉၆၂ မတ်လ ၂ ရက်နေ့မှာ မြန်မာနိုင်ငံကို ဦးနေ၀င်းဦးဆောင်တဲ့ စစ်တပ်က စတင်အာဏာသိမ်းခဲ့ရာက စပြီး ဒီမိုကရေစီ နိုင်ငံအဖြစ်မှ အာဏာရှင်နိုင်ငံ အဖြစ်သို့ ပြောင်းလဲလာခဲ့တာ အခုဆိုရင် အနှစ် ၅၀ ရှိပါပြီ။ ကိုနစ်နေမန်း ဘလော့ဂ်မှာ တင်ထားတဲ့ပို့စ်ကို ပြန်လည်ကူးယူဖေါ်ပြလိုက်ပါတယ်။

အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခံခဲ့ရသောနေ့  (သို့ ) အာဏာရှင် နေ၀င်းမှ ပြည်သူ့ အာဏာကို အနိုင်ကျင့် လုယူခဲ့သောနေ့  (မတ်လ ၂ ရက်၊ ၁၉၆၂ ခုနှစ်)။ (ကိုနစ်နေမန်း)

အာဏာရှင်စနစ်ဖြင့် စတင်အုပ်ချုပ်ခံခဲ့ရသောနေ့  (သို့ ) အာဏာရှင် နေ၀င်းမှ ပြည်သူ့ အာဏာကိုLink အနိုင်ကျင့် လုယူခဲ့သောနေ့  (မတ်လ ၂ ရက်၊ ၁၉၆၂ ခုနှစ်)။
























တော်လှန်ရေးကောင်စီ အမည်ခံ နေ၀င်းဦးဆောင်တဲ့ အာဏာရှင်အုပ်စုဟာ ၁၉၆၂ ခုနှစ်၊ မတ်လ (၂) ၇က်နေ့ မှာ မြန်မာပြည်ပြည်သူအားလုံးရဲ့  လွတ်လပ်တဲ့ဘ၀တွေကို ကံကြမ္မာဆိုးရွားစေခဲ့တဲ့ အာဏာသိမ်းပွဲကို ပြုလုပ်ခဲ့တယ်။ ပြည်သူ့ အာဏာကို အဓမ္မကျင့်ပြီး တိုင်းပြည်ကို မတရား စတင် အုပ်ချူပ်ခဲ့တယ်။ သွေးစွန်းနေတဲ့လက်တွေ ယမ်းငွေ့ ညံ့နေတဲ့ လူသတ်လက်နက်တွေနဲ့  အာဏာရှင်အုပ်စုကို ဆန့် ကျင်အံတုသူတွေကို ဖမ်းဆီးထောင်ချခဲ့တယ်။ နေ၀င်းအာဏာရှင် အုပ်စိုးနေတဲ့ကာတစ်လျှောက်မှာ တော်လှန်ပုန်ကန်ကြတဲ့ ကျောင်းသူကျောင်းသားတွေ ပြည်သူပြည်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်ခြေမှုန်းခဲ့တယ်။

တရုတ်သွေးစပ် နေ၀င်း (ရှူမောင် - Shu Maung -Apple of One’s Eye) ဟာ ၁၉၂၉ ခုနှစ်က ရန်ကုန်ကောလိပ်မှာ ကျောင်းတက်ခဲ့ပေမယ့် စာမေးပွဲမှာ Biology ဘာသာရပ်ကို မအောင်မြင် စာမေးပွဲကျခဲ့လို့  ကျောင်းထွက်ခဲ့ရတယ်။ ဒီအကြောင်းအချက်ကြောင့်လည်း နေ၀င်းဟာ တက္ကသိုလ်နဲ့  တက္ကသိုလ်ကျောင်းသူကျောင်းသားတွေကို မုန်းတီတဲ့စိတ် ၀င်ခဲ့တာ ဖြစ်တယ်။ တရုတ်သွေးစပ်တဲ့ နေ၀င်းဟာ သူ့ လက်ထက်ကတည်းက တရုတ်နိုင်ငံရဲ့  ကွန်မြူနစ်ခေါင်းဆောင် အာဏာရှင်ကြီးတွေအပေါ်မှာ တပည့်ခံပြီး အားကိုးသမှု ပြုခဲ့တယ်။

အာဏာရှင်နေ၀င်းဟာ နိုင်ငံတကာနဲ့  ဆက်ဆံရမှာ အထူးကြောက်ရွံ့ သူဖြစ်လို့  နိုင်ငံခြားရေးနဲ့  စီးပွားရေးရာကိစ္စတွေမှာ နိုင်ငံတကာနဲ့ ဆက်ဆံတဲ့နေရာမှာ ကြားနေ၀ါဒနဲ့  တံခါးပိတ်စီးပွားရေးဝါဒကို ကျင့်သုံးခဲ့တယ်။ အိမ်နီးချင်းနိုင်ငံတွေရဲ့  အာဆီယံအဖွဲ့ ကြီးထဲတောင် ၀င်ရောက်ဖို့  ငြင်းပယ်ခဲ့ပါတယ်။

အာဏာရှင်နေ၀င်းဟာ လောင်းကစား အလွန်ဝါသနာပါပြီး (အထူးသဖြင့် မြင်းလောင်းတာကို အဓိကထားတယ်)၊ မိန်းမပွေသူ မိန်းမလိုက်စားသူလည်း ဖြစ်တယ်။ အာဏာရှင်နေ၀င်းမှာ တရားဝင်ယူတဲ့ ဒေါ်တင်တင်၊ ဒေါ်ခင်မေသန်း (ယောင်္ကျားဟောင်းမှာ ဒေါက်တာတုတ်ကြီး)၊ ဒေါ်နီနီမြင့်၊ ရတနာနတ်မယ်တို့ အပြင်၁၉၈၀ ခုနှစ်လွန် အချိန်ကာလတုန်းကလည်း ကျောက်မျက်ရတနာကော်ပိုရေးရှင်းက အသက်အရွယ်ငယ်တဲ့ ၀န်ထမ်းအမျိုးသမီးတစ်ဦးကိုလည်း ရယူဖို့  ကြိုးပမ်းခဲ့တယ်လို့  ပြည်သူလူထုအကြားမှာ သတင်းကျော်ကြားခဲ့ပါတယ်။ လောင်းကစားနဲ့ ပတ်သက်လို့  မြန်မာနိုင်ငံတွင်းမှာတင်မကဘဲ ကမ္ဘာကျော် မဲလ်ဘန်းကပ် (Melbourne Cup) လို့ ခေါ်တဲ့ သြစတြေလျနိုင်ငံက မြင်းပြိုင်ပွဲကို နှစ်စဉ် ကိုယ်ပိုင်လေယာဉ်နဲ့  သွားရောက်ပြီး လောင်းကစားလေ့ရှိပါတယ်။ (အောက်ကပုံက မြင်းလောင်းပွဲလုပ်နေတဲ့ အာဏာရှင်နေ၀င်း ပုံပါ)။















































အာဏာရှင်နေ၀င်းဟာ ၁၉၆၂ ခုနှစ် စတင် အာဏာသိမ်းပြီးတာနဲ့  လူသတ်လက်နက်တွေနဲ့  ကျောင်းသားပြည်သူ ရဟန်းရှင်လူတွေကို ဖိနှိပ်ချူပ်ချယ်ခဲ့ပါတယ်။ ရှေးဦးစွာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေရဲ့  ကျောင်းသားသမဂ္ဂအဆောက်အဦးကို ဇူလိုင်လ (၇) ရက်နေ့ မှာ ဒိုင်းနမိုက်နဲ့  ဖြိုခွင်းဖျက်ဆီးခဲ့ပြီး ကျောင်းအဆောင်တွေအတွင်း ၀င်ရောက်ရှောင်တိမ်း ပုန်းအောင်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို မသေသေအောင် ပစ်သတ်ခဲ့ပါတယ်။

ထို့ နောက် ၁၉၇၄ ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံသား ဦးသန့်  (ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချူပ်ဟောင်း) ရဲ့  အသက်မဲ့ခန္ဓာကိုယ်ကို မြန်မာနိုင်ငံသို့  ပြန်လည်သယ်ဆောင်လာတဲ့အခါမှာ နိုင်ငံတော်ဈာပနအနေနဲ့  အလေးထားပြီး ဂုဏ်ပြုတာမျိုး မဟုတ်လို့ ၊ ဦးသန့် ရုပ်ကလာပ်ကို ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားတွေမှ သယ်ဆောင်ယူကာ ၇န်ကုန်တက္ကသိုလ်ဝန်းအတွင်းတွင် ထားရှိပြီး ဆန္ဒပြကြတဲ့အခါမှာလည်း အာဏာရှင်နေ၀င်းဟာ စစ်တပ်အင်အားနဲ့  ၀င်ရောက်ဖြိုခွင်းကာ ပစ်ခတ်သတ်ဖြတ်စေခဲ့ပါတယ်။

ထို့ အပြင် ၁၉၇၆ ခုနှစ်၊ မတ်လမှာ ဖြစ်ပွားခဲ့တဲ့ မှိုင်းရာပြည့်အရေးတော်ပုံမှာလည်း သွေးစွန်းနေသော လူသတ်လက်များနဲ့  ထပ်မံဖြိုခွင်း သတ်ဖြတ်ခဲ့ပါတယ်။ အာဏာရှင်နေ၀င်းလက်ထက်မှာ လူမျိုးရေးအဓိကရုန်းတွေဖြစ်တဲ့ တရုတ်-ဗမာအရေးအခင်း၊ ကုလား-ဗမာအရေးအခင်းတွေကိုသာမက ဘာသာရေးအဓိကရုန်းတွေ ဖြစ်ပွားအောင် ဖန်တီးပြီး၊ ထိုဖြစ်ပွားခဲ့တဲ့ အဓိကရုန်းတွေအပေါ် ရက်စက်စွာ နှိမ်နင်းဖြိုခွဲပြီး နေ၀င်းအား ၄င်းရဲ့  အာဏာတန်ခိုးကို အကြောက်တရားနဲ့ တဖုံ၊ နာမည်ကောင်းယူ ဟန်ဆောင်နည်းဖြင့်တမျိုး ကျင့်သုံးကာ ပြည်သူလူထုအပေါ် ဖိနှပ်ချူပ်ချယ်ခဲ့ပါတယ်။




















သို့ သော်လည်း ၁၉၈၈ ခုနှစ်ရောက်တဲ့အချိန်မှာတော့ - ၁၉၆၂ ခုနှစ်ကနေ ပြည်သူ့ အာဏာကို လုယူပြီး အာဏာသိမ်း အုပ်ချုပ်ကာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဆိုတဲ့ တစ်ပါတီစနစ်ကို ၁၉၈၈ ခုနှစ်ထိ ပြဌန်းအုပ်ချူပ်ခဲ့တဲ့ အာဏာရှင်နေ၀င်း ဦးဆောင်သော မဆလပါတီဟာေ၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြီးအတွင်းမှာ ပြိုကျပျက်စီးခဲ့ကာ နိဂုန်းချူပ်ခဲ့ပါတယ်။

အာဏာရှင် နေ၀င်းဘ၀ဇာတ်သိမ်းခါနီးမှာ ကိုယ်မွေးတဲ့ မျောက် ကိုယ့် ပြန်ခြောက်ဆိုသလိုဘဲ နေ၀င်းနဲ့  မိသားစုအသိုင်းအ၀ိုင်းတစ်ခုလုံးကို ဖမ်းဆီးထိန်းသိမ်းခဲ့တဲ့ အာဏာရှင်သစ် သန်းရွှေကြောင့် သေတာတောင်မှ လူမသိသူမသိနဲ့  ခွေးလေခွေးလွင့် တစ်ကောင်သေသလိုမျိုးနဲ့  တန်ဘိုးမဲ့စွာနဲ့  အာဏာရှင်နေ၀င်းတစ်ယောက် နေ၀င်ချုပ်ခြိမ်းခဲ့ရတယ်။ ၂၀၀၂ ခုနှစ်၊ ဒီဇင်ဘာလ (၅) ရက်နေ့ မနက် ၇ နာရီခွဲခန့် အချိန်မှာ အာဏာရှင်ဟောင်းကြီးနေ၀င်း သေဆုံးသွားခဲ့တယ်။ ပြည်သူလူထုကို နှစ်ပေါင်း ၂၆ နှစ်ကြာ ဒုက္ခမျိုးစုံနဲ့  နှိပ်စက် ဖိနှိပ်ချူပ်ချယ်အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်နေ၀င်းဟာ သေသွားသည့်တိုင်အောင် သံဝေဂရပြီး နောင်တလုံးဝ ရရှိပုံ မပေါ်ခဲ့ပါဖူး။

သံဝေဂမရရှိ နောင်တ မရရှိပေမယ့် ၀ဋ်ဆိုတာ ဘ၀မကူးခင် လည်တတ်တယ်ဆိုတာကို အာဏာရှင်နေ၀င်းတစ်ယောက် သဘောပေါက်သွားမှာပါ။ အာဏာကြီးစိုးပြီး တန်ခိုးထွားနေချိန်မှာတော့ ခေါင်းမထောင် ပြန်မပြောရြဲကတဲ့ လက်အောက်ငယ်သားတွေဖြစ်တဲ့၊ ကျွေးမွေးထားပြီး အရောင်အ၀ါရှိအောင် ပေးကမ်းပေးထားတဲ့ ကျေးဇူးနဲ့  ကြောက်ရွံ့ နေလို့ သာ နေနေကြတဲ့ သန်းရွှေတို့ လို နေ၀င်းရဲ့  ဒူးမနာသားတွေက အာဏာရှင်နေ၀င်းနဲ့  မိသားစုအဆွေအမျိုးတွေကို ပြန်လည်ဒုက္ခပေးပါတော့တယ်။ အာဏာရှင်နေ၀င်း မသေခင်မှာဘဲ ဖမ်းဆီးပြီး နေအိမ်အကျယ်ချူပ်ဘ၀နဲ့  အကျဉ်းချထားလိုက်ပါတယ်။ အာဏာရှင်နေ၀င်း သေဆုံးတဲ့နောက်မှာ ဈာပနကို နေ၀င်းရဲ့ သမီး စန္ဒာဝင်းနဲ့  လူ (၂၅) ယောက်ခန့် သာ လိုက်ပါပို့ ဆောင်ခွင့်ပေးခဲ့ပါတယ်။


















အာဏာရှင်နေ၀င်းတစ်ယောက် အာဏာပြိုကွဲပျက်စီးတဲ့အချိန်မှာ ပြည်သူလူထုအပေါ် အာဂတအညိုးတကြီးထားပြီး ပြည်သူလူထုကို ပစ်ခတ်သတ်ဖြတ်ချေင်သေးတဲ့စိတ်ကို ၁၉၈၈ ခုနှစ်မှာ မဆလပါတီကနေ နှုတ်ထွက်တဲ့ သူရဲ့  နောက်ဆုံးမိန့် ခွန်းထဲမှာ အောက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။



“ကဲ - စစ်တပ်ဝင်ပေတော့ဆိုပြီး ကျွန်တော် ခွင့်ပြုလိုက်တယ် … …… …. .. တိုင်းပြည်တပြည်လုံး လူထုကို သိစေချင်တယ်၊ နောင်ကို လူစုလူဝေးနဲ့  ဆူဆူပူပူလုပ်လို့ ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင် ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဖူး၊ အဲ့ဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ဖြင့် တပ်ကို သုံးလို့ ရှိရင်တော့ ဆူတဲ့သူတွေ မသက်သာဖူးလို့ သာ မှတ်ပေတော့လို့  ကျွန်တော် ဒီကနေ ပြောလိုတယ်” လို့  သူရဲ့  မဆလပါတီကနေ နှုတ်ထွက်တဲ့ မိန့် ခွန်းထဲ ပြည်သူလူထုကို ပေါ်တင်ကြီး ခြိမ်းခြောက်ကာ နေ၀င်းစာ သူရဲ့  ဇာတိရုပ် အစစ်အမှန် လူသတ်ကောင်အဖြစ် ပေါ်လွင်ထင်ရှားစွာ ပြသခဲ့ပါတယ်။

ဒီမိန့် ခွန်းကို နားထောင်နေကြတဲ့ တတိုင်းပြည်လုံးက ပြည်သူလူထုဟာ ဒေါသူပုန်ထကာ မကျေမနပ်ဖြစ်ကြပြီး နောက်နေ့ မှာဘဲ လမ်းမတွေထွက်ပြီး မြို့ တိုင်း ရွာတိုင်း နယ်တိုင်းမှာ ဆန္ဒထွက်ပြခဲ့ကြပါတယ်။

အာဏာရှင်နေ၀င်းတစ်ယောက် ဘယ်ဘုံဘ၀ရောက်ရောက် သူရဲ့ မိုက်ကြွေးမိုက်ပြစ်နဲ့  အကုသိုလ်တရားကို ခံစားနေရဆဲ ဖြစ်ပါလိမ့်မယ်။ ထို့ အတူ မြန်မာပြည်ရဲ့  သမိုင်းမှတ်တမ်းမှာလည်း အာဏာရှင်နေ၀င်းရဲ့  ဆိုးရွားမှုအကြောင်းတွေက ကမ္ဘာတည်သရွေ့  ဆက်လက်တည်ရှိနေမှာ ဖြစ်ပါတယ်။

အာဏာရှင်နေ၀င်း ပြီးဆုံးပြီးသည့်နောက် မကြာခင်မှာလည်း အာဏာရှင်သန်းရွှေ အလှည့် မကြာခင် ရောက်တော့မှာမို့  ဒီရေးသားချက် ပိုစ့်အား ဖတ်ဖြစ်သွားစေလိုပါတယ်။ ထို့ အတူ အာဏာရှင်လက်သစ်တွေလည်း သိစေလိုပါတယ်။ အာဏာဆိုတာ တစ်နေ့ နေ့ မှာ ကျဆုံးရမှာပါ။

0 comments

6 comments:

Nge Naing,
Please do get the facts right,even you copy/paste things.
(ယောင်္ကျားဟောင်းမှာ ဒေါက်တာတုတ်ကြီး)???
Dictator or hero no matter,DO a proper research first before writing anything,
Dont be a parrot with over-eagerness.
You can publish this comment or delete I dont mind,but you should know.

-
အာဏာရူး နေဝင်းရဲ့ ဒုတိယမယား ခင်မေသန်း ( ကစ်တီဘသန်း ) ( Kitty Ba Than ) က ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘသန်းရဲ့ သမီးပါ။

၁၉၅၃ ခုနှစ်မှာ ခင်မေသန်းရဲ့ လင်ကြီး ဒေါက်တာတောင်ကြီးက အမေရိကန်ပြည်မှာ ပညာသင် သွားနေတုန်းမှာ တဏှာရူး နေဝင်း က ခင်မေသန်းနဲ့ တိတ်တိတ်ပုန်း ဇာတ်ရှုပ်ကြတာပါ။

နေဝင်း နဲ့ ခင်မေသန်း ခြင်ထောင်ဇာတ်လမ်း စတဲ့အချိန်မှာ နေဝင်းက မယားကြီး ဒေါ်တင်တင်နဲ့ ပေါင်းနေတုန်းပါ။ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီးနဲ့ ပေါင်းနေတုန်းပါ။ နေဝင်းကလည်း မယားကြီး ဒေါ်တင်တင် ငုတ်တုတ်နဲ့၊ ခင်မေသန်းကလည်း လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့ လှေကြီးပေါ် လှေငယ်ဆင့်တဲ့ ဇာတ်ကို ကပြီး လူမှုရေးကျင့်ဝတ်၊ အိမ်ထောင်ရေးကျင့်ဝတ်ကို နေဝင်းရော၊ ခင်မေသန်းရော နှစ်ယောက်လုံးက ဖောက်ဖျက်ကြတာပါ။

တဏှာရူး နေဝင်း နဲ့ ခပ်ရှုပ်ရှုပ် ခင်မေသန်းနဲ့ တွေ့ကြတော့ ကြောင်ခံတွင်းပျက် နဲ့ ဆက်ရက်တောင်ပံကျိုး တွေ့ကြသလို ကွက်တိဖြစ်ပြီး သူတပါး အိမ်ထောင်ကို ကျော်နင်း ဖျက်ဆီးတဲ့ ဇာတ်ကား ရိုက်ကြတာပါ။

ခင်မေသန်း အဖေ ဒေါက်တာဘသန်းကလည်း မိန်းမနဲ့ ပတ်သက်လာရင် ဇ ရှိသူပါ။ ဒေါက်တာဘသန်းကလည်း မိန်းမ ရှုပ်ရာမှာ သားမက် နေဝင်းထက် ညံ့သူ မဟုတ်ပါဘူး။

ယောက္ခမ ဒေါက်တာဘသန်း နဲ့ သားမက် နေဝင်းနဲ့ အပြိုင် နှာဘူးထကြတာ သမိုင်းဝင်မှတ်တမ်းတွေပါ။

ဒေါက်တာဘသန်း ရဲ့ သမီး ခင်မေသန်း (ခေါ်) ကစ်တီဘသန်း က လင်ကြီး ဒေါက်တာတောင်ကြီး ငုတ်တုတ်နဲ့၊ နေဝင်းကလည်း မယားကြီး ဒေါ်တင်တင် ငုတ်တုတ်နဲ့ တိတ်တိတ်ပုန်း ဇာတ်ရှုပ်တာ သမိုင်းမှန် ဇာတ်လမ်းပါ။

-
ဒေါက်တာလှကျော်ဇော
(ရဲဘော်သုံးကျိပ်ဝင် ဗိုလ်မှုးချုပ်ဟောင်းကျော်ဇော၏ သမီး) ၏ ဆောင်းပါး

ဖေဖေ့အစ်ကိုကြီး ဦးပုက မှတ်မှတ်ရရ ပြန်ပြောပြတာကတော့ ဆရာကြီး ဒေါက်တာဘသန်း အိမ်က ထမင်းစားပွဲတပွဲအပြီး ဆရာကြီးတို့သားအဖ (သမီး ဖြစ်သူ ကစ်တီဘသန်း ခေါ် ဒေါ်ခင်မေသန်း - အဲဒီတုန်းက အိမ်ထောင်မကျသေး) နှစ်ယောက် စန္ဒရားနဲ့ ဆိုတီး ဧည့်ခံတဲ့အကြောင်းပါ။

ကစ်တီဘသန်းက စန္ဒရားတီးပြီး ဆရာကြီးက သီချင်းဆိုပါသတဲ့။ သီချင်းကတော့ အဲဒီ ကာလက အလွန်ခေတ်စား လူကြိုက်များခဲ့တဲ့ “ချစ်ပွဲဝင်” ပါ။

ဦးကြီးပုက "အတော် အရှက်နည်းတဲ့လူတွေ။ “အိစက်ညက်ညောတဲ့ ဖဲမွေ့ရာပေါ်ဝယ်....” ဆိုတဲ့ သီချင်းကိုများ သားအဖနှစ်ယောက် ဆိုတီးနေလိုက်ကြတာ။ ငါတို့ ဖြင့် မျက်နှာ ဘယ်ထားရမှန်း မသိဘူး" တဲ့။

ဆရာကြီးတို့က ခေတ်မီပွင့်လင်းကြဟန် ရှိပေမယ့် ရှေးရိုးသမား ဦးကြီးပုကတော့ ဒါကို ကြည့်မရတာ ဖြစ်ဟန် တူပါတယ်။

ဆရာကြီး ဒေါက်တာဘသန်းဟာ ကျွန်မဆေးတက္ကသိုလ် (၁) တက်နေတဲ့ကာလများ (၁၉၆၃-၁၉၇၀) မှာ ဆေး တက္ကသိုလ်(၁) ရဲ့ ပါမောက္ခချုပ်ဖြစ်နေပါတယ်။ အဲဒီကာလက ဆရာကြီး ဒေါက်တာဘသန်းဟာ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမလည်း ဖြစ်နေပါပြီ။

ဆရာကြီး ဒေါက်တာဘသန်းဟာ ပညာရေးလောကမှာ နာမည်ကောင်းပေမယ့် တခြား နာမည်ပျက် များလည်း ရှိပါတယ်။ အထူးသဖြင့် အမျိုးသမီးများနဲ့ ပတ်သက်ပါတယ်။

ဖေဖေကတော့ ဆရာကြီးဟာ သူ ပညာသင်ပေးတဲ့ မြေရှင်ကြီး ရဲ့ သမီး၊ သူထက်လည်း အသက်ကြီးတဲ့ အမျိုးသမီးကြီးတဦးကို လက်ဆက်ထားရလို့ အိမ်ထောင်ရေး မသာယာဟန် ရှိတယ်။ ဒါကြောင့် အပြင်မှာ ပျော်ရွှင်မှု ရှာတာနဲ့ တူတယ်လို့ ဆိုဖူးတယ်။

၁၉၇၀ ခုနှစ်များမှာတော့ ဆရာကြီး ဒေါက်တာဘသန်း ပင်စင်ယူခဲ့ပြီး မကြာမီမှာပဲ နှလုံးရောဂါနဲ့ မကျန်းမမာ ဖြစ်ပါတယ်။ ဆရာကြီး ဒေါက်တာဘသန်း နှလုံးရောဂါနဲ့ မင်္ဂလာဒုံ စစ်ဆေးရုံကြီးမှာ တက်ရောက်ကုသနေတယ်လို့ သတင်းကြားလို့ ရန်ကုန် ဆေးရုံကြီးမှာ အလုပ်လုပ်နေကြတဲ့ ကျွန်မတို့ တပည့်ဟောင်းတွေ စုပြီး သွားရောက်သတင်းမေးခဲ့ကြပါတယ်။ ဆရာကြီးဟာ အဲဒီတုန်းက သူ့မြေးသမက် (ဒေါ်ခင်မေသန်းရဲ့ ပထမအိမ်ထောင်က ပါခဲ့တဲ့ သမီးကြီး လဲ့လဲ့ဝင်းရဲ့ ခင်ပွန်း) ဒေါက်တာ မျိုးသွယ် (ဆေးတက္ကသိုလ် (၂) ဆေးပညာပါမောက္ခ) ရဲ့ ကုသမှုကို ခံယူနေတာပါ။ ဆရာကြီး ဒေါက်တာဘသန်း နှလုံး ရောဂါ ခံစားနေရတယ်လို့သာ ယေဘုယျ သိခဲ့ရပါတယ်။

လမ်းဘေးသတင်းကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ ယောက္ခမ ဆရာကြီး ဒေါက်တာဘသန်း ခံစားနေခဲ့ရတဲ့ ရောဂါဟာ သိန်းဖေမြင့်ရဲ့ “တက်ခေတ် နတ်ဆိုး” ထဲက ဇာတ်လိုက်မင်းသား ရတဲ့ ရောဂါမျိုး (ဆစ်ဖလစ်ရောဂါ) လို့ ဆိုကြတာပါပဲ။

ဒေါက်တာလှကျော်ဇော
မြန်မာ့အရေးလေ့လာသူ
ကူမင်းမြို့၊ တရုတ်ပြည်

-
၁၉၅၃ ခုနှစ်မှာ နေဝင်းဟာ ဒေါက်တာတောင်ကြီး ရဲ့ မိန်းမ ကစ်တီဘသန်း (ခင်မေသန်း) ကို တိတ်တဆိတ် လက်ထပ်ခဲ့ပါတယ်။ ခင်မေသန်း ( ကစ်တီဘသန်း ) ( Kitty Ba Than ) က နောင်ကို ဆေးတက္ကသိုလ် (၁)၊ ရန်ကုန်ရဲ့ ပါမောက္ခချုပ် ဖြစ်လာမယ့် ဒေါက်တာဘသန်း ရဲ့ သမီးပါ။

နေဝင်း နဲ့ ခင်မေသန်း တိတ်တဆိတ် လက်ထပ်တဲ့ အချိန်မှာ ခင်မေသန်းရဲ့ ယောကျာ်း ဒေါက်တာတောင်ကြီးဟာ အမေရိကန်နိုင်ငံမှာ ပညာသင်ကြားနေပါတယ်။ နေဝင်း ကိုယ်တိုင်ကလဲ အဲဒီအချိန်မှာ သူ့ ပထမ မိန်းမ ဒေါ်တင်တင် နဲ့ လင်မယားအဖြစ် ပေါင်းသင်းနေတုန်းပဲ ရှိပါသေးတယ်။

နေဝင်း နဲ့ ခင်မေသန်း တိတ်တဆိတ် လက်ထပ်တာကို ကြားတော့ မြန်မာဘာသာနဲ့ ထုတ်ဝေတဲ့ ဗမာ့ခေတ် သတင်းစာတိုက် နဲ့ အင်္ဂလိပ်ဘာသာနဲ့ ထုတ်ဝေတဲ့ သည်နေးရှင်း (The Nation) သတင်းစာတိုက်က သတင်းထောက်တွေက နေဝင်းနဲ့ ခင်မေသန်း ကို လာပြီး ဓာတ်ပုံရိုက်ပါတယ်။ အဲဒီ သတင်းထောက်တွေကို နေဝင်းက အော်ဟစ် ဆဲဆိုပြီး ကိုယ်ထိလက်ရောက် ထိုးကြိတ် ရိုက်နှက်ပါတယ်။ နေဝင်းဟာ သတင်းထောက်တွေကို အကြမ်းဖက် တိုက်ခိုက်ရုံတင်မကဘဲ သတင်းထောက်တွေရဲ့ ကင်မရာတွေကိုပါ အတင်း လုယူပြီး ပစ်ပေါက် ထုခွဲ ဖျက်ဆီးပစ်ပါတယ်။

နေဝင်းက သတင်းထောက်တွေကို အကြမ်းဖက် ထိုးကြိတ် ရိုက်နှက်ပြီး ကင်မရာတွေကို ဖျက်ဆီးပစ်တဲ့ အကြောင်းကို ဗမာ့ခေတ် သတင်းစာတိုက် ပိုင်ရှင် ဦးအုန်းခင်နဲ့ The Nation သတင်းစာတိုက် ပိုင်ရှင် ဦးလောရုံ တို့က ဝန်ကြီးချုပ် ဦးနု ကို တိုင်ပါတယ်။

ဦးနုဟာ အစိုးရအဖွဲ့ အထူး အစည်းအဝေး လုပ်ပြီး နေဝင်းကို ရာထူးက ထုတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဝန်ကြီးချုပ် ဦးနု ရဲ့ ဆုံးဖြတ်ချက်အတည်ဖြစ်ဖို့အတွက် နောက်တဆင့် အနေနဲ့ ပြည်ထောင်စု မြန်မာနိုင်ငံရဲ့ သမ္မတကြီး ဒေါက်တာဦးဘဦး က အတည်ပြု လက်မှတ်ထိုးပေးရမှာ ဖြစ်ပါတယ်။

အဲဒီလို နေဝင်းကို ဖြုတ်ပစ်တဲ့ စာကို သမ္မတကြီးက အတည်ပြု လက်မှတ် မထိုးခင်မှာ နေဝင်းကို ရာထူးက ထုတ်ပစ်ဖို့ ဦးနုအစိုးရအဖွဲ့က ဆုံးဖြတ်ထားပြီးတဲ့ အတွင်းသတင်းကို ဝန်ကြီး သခင်ချစ်မောင်က နေဝင်းကို တိတ်တဆိတ် သတင်းပေးလိုက်ပါတယ်။

နေဝင်းက သူ့ကို ရာထူးက ထုတ်ပစ်မလို့ အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို သမ္မတကြီး ဒေါက်တာဦးဘဦးက လက်မှတ် မထိုးဖြစ်အောင် ဝိုင်းဝန်း တားဆီးပေးဖို့ ဦးဘဆွေနဲ့ ဦးကျော်ငြိမ်းကို ငိုပြပြီး အကူအညီ တောင်းပါတယ်။

အဲဒီတော့ "နေဝင်းကို ဖြုတ်ပစ်ရင် ညွန့်ပေါင်းအစိုးရအဖွဲ့ထဲကနေ နုတ်ထွက်မယ်" ဆိုပြီး ဖဆပလ အဖွဲ့ထဲမှာ အများစု ဖြစ်တဲ့ ဆိုရှယ်လစ်တွေက ဦးနုကို ခြိမ်းခြောက် အကြပ်ကိုင်ပါတယ်။ ဆိုရှယ်လစ်တွေက ဖဆပလ အဖွဲ့ထဲမှာ အများစု ဖြစ်နေတော့ ဦးနုဟာ ဘာမှ မတတ်နိုင်တော့ဘဲ နေဝင်းကို ဖြုတ်ပစ်ဖို့ ဆုံးဖြတ်ချက်ကို မရုပ်သိမ်းချင်ဘဲ ရုပ်သိမ်းပေးလိုက်ရပါတယ်။

နေဝင်းက သခင်ချစ်မောင်ဆီက အတွင်းသတင်းကို အချိန်မီ ရလိုက်လို့သာ ဦးဘဆွေနဲ့ ဦးကျော်ငြိမ်းကို ငိုပြပြီး အကူအညီတောင်းလို့ ရပြီး ဆိုရှယ်လစ်တွေက ဦးနုကို အချိန်မီ ခြိမ်းခြောက် အကြပ်ကိုင်လို့ ရပြီး နေဝင်းကို ဖြုတ်ပစ်ဖို့ ဆိုတဲ့ ဦးနု အစိုးရအဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို ဗြောင်းဗြန်လှန်နိုင်ခဲ့တာ ဖြစ်ပါတယ်။

သခင်ချစ်မောင်ရဲ့ ကျေးဇူးကို နေဝင်းက တုံ့ပြန်တဲ့အနေနဲ့ ၁၉၆၂ ခုနှစ်မှာ နေဝင်း အာဏာသိမ်းလိုက်ပြီးတော့ သခင်ချစ်မောင်ကို တခြားလူတွေလို မဖမ်းဆီး ထောင်မချဘဲ သခင်ချစ်မောင်ကို သံအမတ် အဖြစ် ခန့်အပ်ခဲ့ပါတယ်။

ဗမာ့ခေတ် ဦးအုန်းခင် နဲ့ ဦးလောရုံ (The Nation) တို့ကတော့ ဦးနုရဲ့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ကြတဲ့အတွက် သခင်ချစ်မောင်လို ကံမကောင်းရှာပါဘူး။ နေဝင်းရဲ့ အာဏာသိမ်းပွဲ အပြီးမှာ ဗမာ့ခေတ် ဦးအုန်းခင် ဟာ အဖမ်းခံခဲ့ရပါတယ်။ ၁၉၆၃ ခုနှစ်မှာ The Nation သတင်းစာတိုက်ကို အပိတ်ခံခဲ့ရတဲ့ ဦးလောရုံကတော့ ၁၉၇၀ ခုနှစ်မှာ မိသားစုနဲ့ အတူ မြန်မာနိုင်ငံက ထွက်ပြေးပြီး အမေရိကန်နိုင်ငံမှာ အခြေချခဲ့ပါတယ်။

စစ်အာဏာရှင်က ဆိုးပါတယ်
ABSDF က ပိုဆိုးပါတယ်

ဒီသတင်းရေးတဲ့ကောင်ကအဆိုးဆုံးပဲ