မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ရွှေတိဂုံစေတီတော်ကြီးနှင့် အင်္ဂလန်နိုင်ငံသား လူဝင်စားတစ်ဦး၏ ဘ၀ဖြစ်ရပ်မှန်

သေခါနီးရောက်နေသည့် သတ္တ၀ါသည် မိမိပြုထားသော ကောင်းမှုကံ၊ မကောင်းမှုကံ တစ်ခုခုကို ဖြစ်စေ၊ ထိုကံကိုပြုစဉ်က ကြုံတွေ့ခဲ့ရသော အာရုံကိုဖြစ်စေ၊ ဖြစ်ရမည့် နောင်ဘ၀က အခြေအနေကိုဖြစ်စေ ထင်မြင်စွဲလမ်းလျက်ရှိနေ၏။ ထိုအာရုံကို အလိုမရှိသော်လည်း ထိုအခါမျိုးမှာ ပယ်ဖျောက်၍မရ၊ ထို့ကြောင့် သေခါနီး၌ မိန်းမောတွေဝေနေသော သူတို့တွင် တစ်ချို့မှာ တစ်စုံတစ်ခုကို ပြုလုပ်နေသကဲ့သို့ လည်းကောင်း၊ တစ်ချို့မှာ ၀မ်းသာစရာ ပျော်ရွှင်စရာများ တွေ့နေသကဲ့သို့လည်းကောင်း၊ တစ်ချို့မှာ ကြောက်လန့် စရာ ဘေးရန် များနှင့် တွေ့နေ သကဲ့သို့လည်းကောင်း ထူးထူးခြားခြားဖြစ်နေသည်ကို အနီးအပါးရှိလူများက အထင်ရှားတွေ့ရလေသည်။

တစ်ချို့မှာ မိန်းမောတွေဝေရာက ပြန်လည်သတိရလာသောအခါ “ဘယ်လိုလူက ခေါ်သွားသည် ဘယ်လိုနေရာရောက်သွားသည်” စသဖြင့် လည်း ပြန်လည်၍လည်း ပြောတတ်ကြ၏။ ဤသို့သော အာရုံနိမိတ်တစ်ခုခုကို စွဲလမ်းရင်းပင် နောက်ဆုံးစုတိစိတ်ကလေး ချုပ်ပျက်လျက် သေ သွား၏။ သေ ဆိုသည်မှာလည်း ယခုကြံသိလိုက်သော စိတ်ကလေးတစ်ခု ကုန်ဆုံးသွားခြင်းမျိုးပင်ဖြစ်၏။ ယခုကြံသိနေသော ရှေးရှေး စိတ် များ ကုန်ဆုံးသွားတိုင်း ထိုစိတ်များ၏ အဟုန်ကြောင့် နောက်နောက်စိတ်များ မပြတ်ဆက်စပ်ကာ ဖြစ်နေသကဲ့သို့ စုတိစိတ်ကလေး ပြတ်စဲ သွားသည်နှင့်တပြိုင်နက် သေခါနီးက စွဲလမ်းခဲ့သည့် အာရုံကိုပင် ဆက်လက်ထင်မြင်လျက် ဘ၀သစ်ဌာန၌ စိတ်အသစ်စ၍ ဖြစ်ပေါ်လာ၏။ ( ၁၉၇၇ - ဒီဇင်ဘာလထုတ်၊ မဟာစည်ဆရာတော်ဘုရားကြီး၏ဘ၀ပြဿနာ စာ - ၂၆ )

သေတဲ့အခါ စိတ်စွဲထင်ရာ ဘ၀သစ်ဖြစ်ပေါ်ရကြောင်း ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးက ရှင်းလင်းဖော်ပြ ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် မသေခင် နေစဉ်ကတည်းက စွဲစိတ်တွေကို သတိနဲ့ဖြတ်ချနိုင်တဲ့ အကျင့်ကောင်းကလေးတွေ ကျင့်တက်ကြစေဖို့ ၀ိပဿနာ ဆရာတော်ကြီးများက အမြဲတမ်းလမ်းညွှန်သတိပေးနေပါတယ် . အနေတတ်ရမယ်၊ အထူးသဖြင့် အသေတတ်ရမယ် လို့ သြ၀ါဒပေးနေတာဟာ သေခါနီးမှာဖြစ်ပေါ်လာတဲ့ စွဲစိတ်တွေရဲ့ အန္တရာယ်ကို ကြိုတင်ကာကွယ်စေချင်လို့ ဖြစ်ပါတယ်။ အလောင်းတော်ကြီး များသော် မှ နုစဉ်ဘ၀များမှာ အာရုံမှားပြီး တိရစ္ဆာန်ဘ၀များသို့ လားရောက်ရသေးတယ် မဟုတ်ပါလား။ ကျောင်းဆောက်ပြီး လှူတဲ့ ကျောင်းဒကာကြီး ကျောင်းကိုစွဲပြီး သေသွားတဲ့အခါ ကျောင်းစောင့်ပြိတ္တာဖြစ်ရရှာပုံ၊ ဘုရားဒကာကြီးလည်း ဘုရားစေတီကို စွဲပြီး သေသွားတဲ့အခါ ဘုရားစောင့်ပြိတ္တာ ဖြစ်ရရှာပုံတွေကို မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီးကလည်း သာဓကဆောင် ဟောကြားခဲ့ဖူး ပါတယ်။

လွန်ခဲ့သောနှစ်ပေါင်းတစ်ရာနီးပါး မြန်မာသက္ကရာဇ် ၁၂၇၈ ခုနှစ်က အမှတ်ထင်ထင်ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ် ဟာလည်း ကုသိုလ်ရှင်ကြီးတစ်ဦးရဲ့ စွဲစိတ်ကြောင့် ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခသုက္ခတွေကို ထူးထူးခြားခြား ဖေါ်ပြနေသလိုရှိပါတော့တယ်။ အဲဒီတုန်းက ကုသိုလ် ရှင်ကြီး တစ်ဦးဟာ ရွှေတိဂုံစေတီကြီးရဲ့ စနေထောင့် အနောက်တောင်ယွန်းယွန်းမှာ တန်ဆောင်းကြီး တစ်ဆောင် ဆောက်လုပ် လှူဒါန်း ခဲ့ပါ တယ် ။ တန်ဆောင်းကြီးအတွင်းမှာလည်း အများပြည်သူတို့ ကြည်ညိုဖို့ ရုပ်ပွားတော်ကြီးတစ်ဆူ ပင့်ဆောင်ကိုးကွယ်ခဲ့ပါတယ်။ ကုသိုလ်ရှင်ကြီးဟာ မိမိရဲ့ကုသိုလ်ကောင်းမှုတွေကို အားကိုးပြီးတော့ ကုသိုလ်ရမယ့် အလုပ်တွေကိုသာ ကြိုးစားလုပ်ဆောင်နေခဲ့ပါတယ်။ ဒါကြောင့် သူသေရင် နတ်ပြည်တော့ မလွဲဘူးလို့ အားလုံးက ထောပနာပြုကြလေ့ ရှိသတဲ့။ ဒီလိုနဲ့ တစ်နေ့မှာ ကုသိုလ်ရှင်ကြီး ရှိရာ ရွှေတိဂုံ ဘုရား ရင်ပြင်တော်ဆီ ကာလအတန်ကြာကွဲကွာနေတဲ့ မိတ်ဆွေတွေရောက် လာကြပါတယ် ။ ရောက်မဆိုက်ဆိုသလို မိတ်ဆွေတွေက -

“ဘုရားဒကာ တန်ဆောင်းဒကာကြီးရဲ့သတင်းတွေကတော့ဗျာ၊ ဘိလပ်အထိအောင် မွှေးပါပေတယ်” လို့ ချီးကျူးကြပါတယ်။ `ဩော်.. သူတို့က ဘိလပ်ပြန် တွေကိုး။ သူတို့ အင်္ဂလန်သွားနေတာလည်း ကုသိုလ်ရှင်ကြီး အခုမှ သတိရတယ်။ ဘိလပ်ပြန် မိတ်ဆွေများက.. “ ကုသိုလ်ကောင်းမှုတွေ ဒီလောက်လုပ်နေတာ သေရင် နတ်ပြည်တော့ မလွဲဘူးလို့ ပြောနေကြပါလား မိတ်ဆွေကြီးရဲ့.. ဒါနဲ့ နတ်ပြည် ခြောက်ထပ်ဆိုတာ ဘယ်မှာရှိပါလိမ့် မိတ်ဆွေကြီး..” လို့ လှိုက်လှဲဝမ်းသာ မေးကြပါတယ်။ ကုသိုလ်ရှင်ကြီးက မိုးမော့ကြည့်ပြီး “ နတ်ပြည်ဆိုတာ မိုးပေါ်မှာပေါ့ဗျာ” လို့ ပြုံးပြုံးရွှင်ရွှင် ဖြေလိုက်တယ်။ ဘိလပ်ပြန်မိတ်ဆွေကြီးတစ်ယောက်က- “ မိုးပေါ်မှာ နတ်ပြည်ဆိုတာ မသေချာပါဘူးဗျာ .. ဒီမှာကျောင်းဒကာကြီး၊ ဟောဒီ မြေပြင်ပေါ်မှာတင် နတ်ပြည်ဆိုတာ ရှိနေတယ်ဗျ” လို့ ခနိုးခနဲ့ပြောလိုက်ပါတယ်။

ကုသိုလ်ရှင်ကြီး ယောင်နန ဖြစ်သွားစဉ်မှာပဲ အခြားသော ဘိလပ်ပြန်မိတ်ဆွေကြီးနှစ်ဦးက “ ဟုတ်တယ်ဗျ၊ ကျုပ်တို့ရောက်ခဲ့တဲ့ ဘိလပ်ဆိုတဲ့ အင်္ဂလန်ကျွန်းဟာ တကယ့်နတ်ပြည်ပဲ၊ မြေပြင်ပေါ်က နတ်ပြည်ပဲ။ ဘိလပ်သူ ဘိလပ်သားတွေဆိုတာလည်း နတ်သမီး နတ်သားတွေ ကျလို့ဗျာ..ဘိလပ်မှာ ဆင်းရဲတယ်ဆိုတာ ဘာမှန်းမသိအောင် အချိန်ပြည့် ဇိမ်ခံနေကြတယ်၊ ဘုံနန်းဆောင်ကြီးတွေ ယာဉ် ရထားတွေ ပန်းဥယျာဉ်ကြီးတွေဆိုတာလည်း နတ်ပြည်မှာတောင် ရှိမယ်မထင်ပါဘူးဗျာ” စသဖြင့် ဘိလပ်ချီးမွမ်းခန်း ကို အဆန်းတကြယ်ပြော လိုက်ကြတာ ကုသိုလ်ရှင်ကြီးပါးစပ်အဟောင်းသားနဲ့ငေးမောနားထောင်ယူရတယ်။ ဘိလပ်ပြန်မိတ်ဆွေတွေ ပြန်သွားသည့်တိုင် သူ့နားထဲမှာ “ဘိလပ်ဆိုတာ နတ်ပြည်” ဆိုတဲ့ စကားသံကြွားသံတွေ ပဲ့တင်ကျန်နေရစ်ပါတယ်။

ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးဟာ ရွှေတိဂုံကုန်းတော်ကနေ ဘိလပ်တစ်ခေါက်လောက် သွားရကောင်းလေမလား.. စဉ်းစားခန်းဝင်မိတဲ့ အထိပဲ တဲ့ ။ သြော်..ငါ့အသက်လည်းကြီးပါပြီ၊ ကိုယ့်အလုပ် ကိုယ်လုပ်တာကောင်းပါတယ်ဆိုပြီး ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ ဒါနသီလ အလုပ်တွေ ကြိုးစားလုပ်ကိုင်နေပါသတဲ့။ အရွယ်ရောက်စ သားလူပျိုပေါက်ကို ဘုရားခေါ်လာခဲ့ပြီး လက်ကတုံးတောင်းဝှေးလုပ်ရသေးတယ်။ သားကိုခိုင်းစရာရှိတာခိုင်း၊ သင်စရာရှိတာသင်နဲ့ အလေ့ကောင်း၊ အကျင့်ကောင်း၊ အမွေကောင်း ဆက်ခံလုပ်ကိုင်စေပါတယ်။

ဒီလိုနဲ့ ကုသိုလ်ရှင်ကြီးရဲ့ဘ၀ဆည်းဆာချိန် ရောက်လာတဲ့အခါ သူ့အာရုံမှာ ဘိလပ်၊ အင်္ဂလန်ဆိုတဲ့ ပုံရိပ်တွေသာ ကပ်ငြိလို့ ပုံပေါ် လာပါတယ်။ အဲဒီမှာပဲ ရုတ်တရက် သေဆုံးလေရာ ( နတ်ပြည်သို့ရောက်ထိုက်ပါလျက် ) အစွဲအငြိနဲ့ အာရုံမှားဝင်ဖျက်လို့ ဘိလပ်မှာ ၀င်စား၊ အင်္ဂလိပ်အမျိုးသား လူမျိုးခြားအဖြစ် တဖန်မွေးဖွား ပြီး လူပြန်ဖြစ်ခဲ့ပါတော့တယ်။ အင်္ဂလိပ်ဘ၀ သူ့နာမည် ‘ဟွန်းစနိုး’ ဟု ခေါ်တွင် သတဲ့။ မြန်မာပြည်သား ကုသိုလ်ရှင်ကြီးဘ၀က ပြုခဲ့တဲ့ကုသိုလ်ကောင်းမှုတွေကြောင့် ချမ်းချမ်းသာသာ နေရပါတယ်။

မြန်မာပြည်သားဘ၀က စောင့်ထိန်းခဲ့တဲ့ သီလကုသိုလ်၊ ပြုကျင့်ခဲ့တဲ့ဘာဝနာကုသိုလ်တို့ရဲ့ ကျေးဇူးကြောင့် လူငယ်စာသင်သားဘ၀မှာ ပညာထူးချွန်သူ ဖြစ်လာခဲ့ပါတယ်။ သူ အထူးစိတ်ဝင်စားတာက ဘာသာရေးနဲ့အတွေးအခေါ်ပညာရပ်တွေ ဖြစ်လာပါတယ်။

ယခုအခါ သူကိုယ်တိုင်ဟာ ဘာသာခြားလူမျိုးခြား ဖြစ်လာရပေမယ့် ဗုဒ္ဓဘာသာအကြောင့်တစေ့တစောင်းမျှ ဖတ်မှတ်လေ့လာရုံမျှနဲ့ သူ့စိတ်ဟာ အကြီးအကျယ် လှုပ်ရှားရတယ်လို့ ဆိုပါတယ်။ ဒီလိုနဲ့သူဟာ ဗုဒ္ဓ၀ါဒ သုတေသနသမားကြီး ဖြစ်မှန်းမသိဖြစ်လာခဲ့ပါတယ်။ သူ့ရဲ့ သုတေသနလုပ်ငန်းတွေအတွက် ဗုဒ္ဓဘာသာဝင်တွေနဲ့ တွေ့ဆုံမေးမြန်းစူးစမ်းတာတွေ လုပ်လာရပါတယ်။ အဲဒီမှာ မြန်မာပြည်က အင်္ဂလန်ကို ပညာတော်သင်လာရောက်သူများနဲ့ ဆုံဆည်းမိရာက သူ့ဘ၀ရဲ့ အလှည့်အပြောင်းကြီး တစ်ခု ဘွားခနဲပေါ်ပေါက် လာရ ပါတော့ တယ်။ မြန်မာမိတ်ဆွေတစ်ဦးက အလွန်ကြည်ညိုဖွယ်ကောင်းတဲ့ ဗုဒ္ဓရုပ်ပွားတော် ဓာတ်ပုံတစ်ပုံရယ် ရွှေတောင်ကြီးပေါက်နေ သကဲ့သို့ အံ့ဖွယ်သပ္ပါယ် လှတဲ့ မြတ်ဘုရားရွှေတိဂုံပုံတော် တစ်ပုံလက်ဆောင်ပေးပါတယ်။ အင်္ဂလိပ်ပညာတတ် ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော် ကြည့်ပြီး ရင်တွေ တဒိတ်ဒိတ်ခုန်၊ အသားတွေ တဆတ်ဆတ်တုန်လာပါတယ်။ ရွှေတိဂုံဘုရားပုံတော်ကို မမှိတ်မသုံ စိုက်ကြည့်နေစဉ်မှာပဲ ခမ်းနားတဲ့ တန်ဆောင်းကြီး တစ်ခုကို သူမြင်လိုက်ရပါတယ်။ ( တကယ်တော့ သူကြည့်သည့် ရွှေတိဂုံပုံတော်ဓာတ်ပုံတွင် တန်ဆောင်းကို ထည့်သွင်း ရိုက်ကူး ထားခြင်းမဟုတ်သည့်အတွက် တန်ဆောင်း မပါဝင်ပါ )။ ဟွန်းစနိုးဟာ ရွှေတိဂုံဘုရားပုံတော်ကို မျက်စိခွာလို့မရ၊ ကြည့်နေရင်းမှာပဲ တန်ဆောင်းကြီးတစ်ခု ဖျပ်ကနဲ ဖျပ်ကနဲ ပေါ်လာပါတယ်။ ပြီးတော့ တန်ဆောင်းအတွင်း အတင့်အတယ် စမ္ပါယ်နေတဲ့ မြန်မာလူမျိုးဘ၀က သူလှူခဲ့တဲ့ ဗုဒ္ဓရုပ်ပွားဆင်းတုတော်ကြီးကိုလည်း ဖူးတွေ့လိုက်ရပြန်ပါတယ်/

မြန်မာပညာတော်သင်မိတ်ဆွေကို အလွန်အမင်းကျေးဇူးတင်ခြင်းဖြင့် နှုတ်ဆက်ပြီး အိမ်ပြန်ရောက်တာနဲ့ သူဟာ ရွှေတိဂုံဘုရားပုံတော်ကို ထုတ်ကြည့်၊ ခွာကြည့် ကပ်ကြည့်ပြီး တစိမ့်စိမ့်ငေးကြည့် ကြည်ညိုလို့သာ နေတော့တယ်။ နောက်ဆုံးတော့ သူဟာ ရွှေတိဂုံဘုရားကြီးကို ကိုယ်တိုင်သွားရောက်ဖူးမြော်ချင် ကြောင်း၊ သူ့မိဘတွေဆီမှာ ခွင့်တောင်းရာမှာတော့ ဗုဒ္ဓဘာသာ သုတေသနလို့ အကြောင်းပြ ခွင့်တောင်းရရှာတယ်။ မိဘတွေကလည်း ပညာရေးကိစ္စဖြစ်လို့ ကြည်ကြည်ဖြူဖြူ ခွင့်ပြုလိုက်ပါတယ်။ ဒါနဲ့သူဟာ ၀ါသနာတူရာ အဖော်တစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရားကြီးရှိရာ မြန်မာပြည်သို့ ရေကြောင်းခရီးအားဖြင့် သင်္ဘောစီးထွက်ခွာလာခဲ့ပါ တော့တယ်။ သင်္ဘောပေါ်မှာ ဆုံဆည်းမိတဲ့ မြန်မာမိတ်ဆွေများကိုလည်း ဗုဒ္ဓဘာသာအကြောင်း ရွှေတိဂုံဘုရားကြီးအကြောင်း မေးမြန်းစုံစမ်းလို့သာ အချိန်ကုန်ဆုံးရင်း လိုက်ပါလာခဲ့ပါတယ်။

“ကမ္ဘာမှာ မရှိဘူး” “ အင်္ဂလန်မှလြည်း မရှိဘူး” … သူဟာ ရွှေတိဂုံဘုရားပုံတော်ထုတ်ကြည့်ပြီး အဲဒီလို အာမေဍိတ် အသံနဲ့ ပြော လိုက်တယ်ဆိုရင် မြန်မာမိတ်ဆွေ တွေက သဘောကျနေသလောက် အတူပါလာတဲ့ သူ့မိတ်ဆွေ အင်္ဂလိပ်ကြီးကတော့ ပုခုံးတွန့်လိုက်မိပါရော တဲ့ ။ ဒီလိုနဲ့ သူတို့သင်္ဘော မြန်မာ့ပင်လယ်ပြင် ဆိပ်ကမ်းနားသို့ ကပ်မိတယ်ဆိုရင်ပဲ -

“ဟိုမှာ.. ဘုရား..ဘုရား… ရွှေတိဂုံ…ရွှေတိဂုံ..” မြန်မာမိတ်ဆွေတွေက ညွှန်ပြကြတယ်။ သူ သင်္ဘောပေါ်က လှမ်းကြည့် လိုက်တော့ ရွှေတောင်ကြီးပေါက်နေသည့် ပမာ ရွှေရောင်ဝင်းဝါနေတဲ့ စေတီတော်မြတ်ကြီးကို လှမ်းမြင်လိုက်တာနဲ့ ရင်တလှိုက်လှိုက်ခုန်ပြီး မြန်မာ မိတ်ဆွေတွေလိုပဲ သူ့ရင်ညွှန့်မှာ လက်အုပ်ကလေးချီလျက်သား..။ သူ့ ပါးပြင်ပေါ်မှာတော့ ဘယ်ကဘယ်လို ကျလာမှန်းမသိတဲ့ မျက်ရည် စီးကြောင်း..၊ ဘ၀ဟောင်းက ပုံရိပ်တွေ တဖျပ်ဖျပ်ရိုက်ခတ်၊ ရုတ်တရတ် ဟိုမှာဘက်က ဘ၀နဲ့ သည်ဘ၀ ဆက်စပ်သွားသလို ရင်၌လိုက်ဖို ရှိုက်ငိုခြင်းမရှိပဲ မျက်ရည်တွေက သွင်သွင်စီးကျ..။ အနီးအပါးက မြန်မာမိတ်ဆွေတွေနဲ့ သူ့အဖော် အင်္ဂလိပ်မိတ်ဆွေကတော့ နားမလည်နိုင်သော အံ့သြခြင်းများဖြင့် သူ့ကိုကြည့်လို့..။

သင်္ဘောကမ်းကပ်တာနဲ့ သူဟာ ရွှေတိဂုံဘုရားကြီးဆီ တန်းသွားလိုက်ချင်ပေမယ့် ပါလာတဲ့ အဖေါ်၊ကို ငဲ့ညှာရ၊ ပစ္စည်း ပစ္စယတွေလည်း သယ်ရပြုရ သေးတာကြောင့် ထိုတစ်ညကို အကြာကြီးလို့ သည်းခံလိုက်ရတယ်။ နောက်တစ်နေ့ နံနက် မိုးသောက်ချိန် မှာတော့ သူဟာ အဖေါ်နှစ်ယောက်နဲ့အတူ ရွှေတိဂုံဘုရား ရင်ပြင်တော်ပေါ် ရောက်နေခဲ့ပါပြီ။ အဖေါ်နှစ်ယောက်မှာ တစ်ယောက်က သူ့ သူငယ်ချင်း အင်္ဂလိပ်၊ နောက်တစ်ယောက်က မြန်မာစကားပြန်ပါ။ မြန်မာစကားတွေကို နားလည်သလိုလိုလည်း သူခံစားလိုက်ရပြန်ပါတယ်။ ဒီလောက်စောစောစီးစီး ၀ီရိယကြီးလိုက်ပါတဲ့ မြန်မာတွေ.. ဘုရားရင်ပြင်အနှံ့ ကုသိုလ်အလုပ်တွေ ဖြန့်ကျက်နိုင်လွန်းတဲ့ မြန်မာတွေကိုကြည့်ပြီး သူ့အမူအယာဟာ ထူးထူးခြားခြား ရွှင်လန်းလာပါတယ်။ ရွှေတိဂုံဘုရားကြီးကို အားမရနိုင်သော ဖူးမြော်ခြင်းနဲ့ ဖူးမြော်ပြီး… “ ကမ ၻာမွာ မရိွဘူး ..ကမ ၻာ မွာ မရိွဘူး” လို့ သူ့နှုတ်က မြည်တမ်းနေပါတော့တယ်။ ဒီလိုနဲ့ စနေထောင့်ကို ရောက်လာတဲ့အခါ သူ့အကြည့်တွေ၊ သူ့ခြေလှမ်းတွေ တစ်နေရာတည်းမှာ ရပ်တန့်သွားတယ်။ ခမ်းနားဆန်းပြားတဲ့ တန်ဆောင်းကြီးတစ်ခုဆီရောက်တဲ့အခါပေါ့။ တန်ဆောင်းအတွင်းမှာတော့ ဟိုဖက် ရင်ပြင်ပေါ်မှာလောက် လူမများလှ၊ ပုတီးစိပ်သူ သုံးယောက်၊ တရားထိုင်နေသူ လေးယောက် ခန့်သာရှိနေပါတယ်။ သူ တန်ဆောင်းအတွင်း ၀င်မိချိန်မှာတော့ ငါးပေလောက်မြင့်တဲ့ ကြေးဆင်းတုဘုရားရုပ်ပွားတော်ကြီးကို ဖူးတွေ့လိုက်ရတယ်။

ဘုရားရုပ်ပွားတော်ကြီးက ရောင်ခြည်တော်တွေ ပြိုးပြက်လျှံထွက်နေသလို သူမြင်တွေ့ခံစားလိုက်ရတယ်။ ရုပ်ပွားတော်ကြီးရှေ့မှာတော့ ရဟန်းတစ်ပါးနဲ့ လူဒကာတစ်ယောက်၊ ဘုရားကိုယ်တော်မြတ်ကြီးကို ပန်းဆီမီးရေချမ်းတွေနဲ့ ကြည်ညိုပူဇော်နေတာ တွေ့လိုက်ရပြန်တယ်။ ရုပ်ပွားတော်ကြီးရှေ့ တရွေ့ရွေ့နီးကပ်လာစဉ်မှာပဲ သူ့ရင်တွေ တလှပ်လှပ် ဖိုလှိုက်လာတယ်။ သူဟာ အသက်ရှူဖို့တောင် မေ့နေတဲ့အလား ဘုရားရုပ်ပွားတော်ကြီးကို ငေးကြည့် ကြည်ညိုနေမိတယ်။ သူ့ နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်လာပြီး ရုတ်တရက်… “ ဘုရား..ဘုရား” လို့ အော်လိုက်မိပါတယ်။

ဘယ်ကဘယ်လို ပေါ်ထွက်လာတဲ့အသံကြီးပါလိမ့်..၊ သူ့ကိုယ်သူတောင် မယုံနိုင်တော့ပါဘူး…။ ဒီအင်္ဂလိပ်လူမျိုးစစ်စစ်ကြီး ပါးစပ်က မြန်မာလို “ဘုရား…ဘုရား”.. လို့ ပီပီသသကြီး အော်လိုက်မိတာ ပုတီးစိပ်နေသူ တစ်ယောက်ပင် မျက်လုံးဖွင့်ကြည့်၊ အို.. အားလုံးရဲ့အကြည့်တွေက သူ့ဆီမှာ၊ သူ ဒူးတုပ်ထိုင်ချလိုက်ပြီး ဘုရားရုပ်ပွားတော်မြတ်ကြီးကို ရှိခိုးနေမိပါပြီ..။

“ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ .. ဓမ္မံ သရဏံ ဂစ္ဆာမိ .. သံဃံ သရဏံ ဂစ္ဆာမိ..” ဘုရားရှေ့မှာ ပန်းဆီမီးပူဇော်နေတဲ့ ရဟန်းတော်ဆီက သရဏဂုံဆောက်တည်သံ ပေါ်ထွက်လာတယ်..။ သူ လိုက်ဆိုနေမိတယ်..၊ ပြီးတော့ နမောတဿ..၊ တကယ့်ကို ပီပီသသကြီး သူလိုက်ဆို ရှိခိုးနေမိတယ်.။ အတူပါလာတဲ့ အင်္ဂလိပ်မိတ်ဆွေ ခြေမကိုင်မိ လက်မကိုင်မိ သူ့ကိုကြောင်ကြည့်နေတယ်။ အားလုံးက သူ့ကို တအံ့တဩ ကြည့်နေကြပါတယ်။ သူဟာ ဘုရားရှိခိုးနေရာက မျက်နှာမော့လာကာ ဘုရားရုပ်ပွားတော်ကြီးကို တစိမ့်စိမ့်ကြည့်ပြီး အင်္ဂလိပ်ဘာသာနဲ့ တစ်စုံတစ်ရာ အော်ဟစ်ပြောဆိုလိုက်တယ်။ မြန်မာစကားပြန်မိတ်ဆွေက ..

“ အိုး..ဂေါ့ဒ်.. ဒီရုပ်ပွာတော်ကြီးဟာ သူလှူခဲ့တဲ့ဘုရားဆိုပါလား” လို့ အော်ကြီးဟစ်ကျယ် တအံ့တဩ ဘာသာပြန်ပေးလိုက်တယ်။ အင်္ဂလိပ်မိတ်ဆွေ အဖေါ်က “သူ ရူးသွားပြီ” လို့ ယူကြုံးမရ ပြောတယ်။ ဟွန်းစနိုးက.. “ နိုး..နိုး.. သူ မရူးဘူး” ဒီဘုရားကို သူ မြန်မာ လူမျိုး ဘ၀က လှူခဲ့တာဖြစ်ကြောင်း တပ်အပ်သေချာ အခိုင်အမာ ပြောဆိုတယ်။ သူတို့ ငြင်းခုံသံတွေကြောင့် ပုတီးစိပ်သူ၊ တရားထိုင်သူ တစ်ချို့ ထသွားကြတယ်။ သူတို့ကို သေသေချာချာ အကဲခတ်နေသူတွေကတော့ ဘုရားရှေ့မှာ ရပ်နေတဲ့ ရဟန်းတော်နဲ့ သူ့ဒကာပါပဲ။ သူကိုယ်တိုင်လည်း ရဟန်းတော်နဲ့ လူဒကာကို ငေးစိုက်ကြည့်နေရင်းက လူဒကာကို လက်ညှိုးထိုးပြီး “ You are my son.. You are my son..” လို့ ကြေကွဲဆို့နစ်စွာ အော်ပြောလိုက်ပြန်တယ်။ လူဒကာ ကလည်း သူ့ကို ရီရီဝေေ၀ ငေးကြည့်ရင်း မှင်တက်နေလေတယ်။ သူဟာ.. “ မင်းဟာ ငါ့သား” ဆိုတဲ့စကားနဲ့ အင်္ဂလိပ်လို အော်ပြောပြီး အားမလိုအားမရဖြစ်လျက် လူဒကာရဲ့လက်ကိုဆွဲ၊ ကိုယ်ကိုပွေ့ဖက်ကာ ရှိုက်ကြီးတငင် ငိုချလိုက်ပါတော့တယ်။ ပြီးတော့ အင်္ဂလိပ်လို ဆက်ပြောနေပါတယ်။ မြန်မာစကားပြန်ကတော့ ကြိုးစားပြီး ဘာသာပြန်ပေးနေပါတယ်။

“ပြီးခဲ့တဲ့ဘ၀က သူဟာ မြန်မာလူမျိုး ဘုရားတရားအလွန်ကြည်ညိုတဲ့ ကုသိုလ်ရှင်ကြီးတစ်ဦးဖြစ်ခဲ့တယ်၊ ဘုရားကြည်ညိုလွန်းလို့ သည်ရွှေတိဂုံဘုရားကြီးပေါ်မှာပဲ အနေများခဲ့တယ်၊ သူဟာ ဘုရားဝေယျာဝစ္စတွေကိုလည်း လုပ်တယ်၊ လှူလည်းလှူတယ်၊ သူ့အလှူတွေ အများကြီးထဲက ဟောဒီ တန်ဆောင်းကြီးနဲ့ ဟောဒီ ရုပ်ပွားဆင်းတု ဘုရားကြီးဟာ အထင်ကရဖြစ်ပါတယ် ..” တဲ့… ဘာသာပြန်လို့ မဆုံးသေးခင်မှာပဲ အဖေါ်ပါလာတဲ့ သူ့အင်္ဂလိပ်မိတ်ဆွေက…

“မယုံဘူး..မယုံဘူး.. မဟုတ်ဘူး…အရင်ဘ၀တွေ နောက်ဘ၀တွေဆိုတာ မရှိဘူး.. ဘာမှ အဓိပ္ပါယ်မရှိဘူး..” လို့ အပြင်းအထန် ငြင်းဆို ပြီး… “သူ ရူးသွားပြီး.. ဆရာဝန်နဲ့ ဆေးစစ်ရမယ်.. အင်္ဂလန်ကို ပြန်ခေါ်သွားရမယ်..” လို့ လေသံမာမာနဲ့ ပြောပါတော့တယ်။

မြန်မာစကားပြန် မိတ်ဆွေက… “ သည်းခံပါ လူကြီးမင်း ခင်ဗျာ.. ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ တစ်ဘ၀ပြီး တစ်ဘ၀ ကျင်လည်ရတဲ့ သံသရာဆိုတာရှိပါတယ်၊ ပြီးတော့ လူ့ဘ၀ကနေ သေလွန်ပြီး တဖန် လူပြန်ဖြစ်တဲ့ လူဝင်စားဆိုတာလည်း ရှိပါတယ်၊ အတိတ်ဘ၀တွေကို ပြန်မှတ်မိတဲ့ ဇာတိဿရဥာဏ် ဆိုတာရှိပါတယ်။ မိတ်ဆွေရဲ့ သူငယ်ချင်း မစ္စတာ ဟွန်းစနိုးဟာ ပြီးခဲ့တဲ့ ဘ၀ဟောင်းက အကြောင်းအရာတွေ ကို ပြန်မှတ်မိသွားပြီး ဒီလိုဖြစ်သွားတာဖြစ်တယ်လို့ ကျွန်တော်ယူဆမိတယ်..” လို့ ကြားဝင် ရှင်းပြလိုက်ပါတယ်။ ဒီမှာပဲ အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းက “ ဟုတ်တယ်..ဟုတ်တယ်” နဲ့ ကသုတ်ကယက် ၀န်ခံပြောဆိုပြီး သူ့ကိုငေးကြည့်နေတဲ့ လူဒကာကို အတင်း လက်ဆွဲ ပွေ့ဖက် ပြီး ဟီးခနဲ ငိုချ လိုက်ပြန်တယ်။

“ဒါ..ငါ့သား..သူဟာ ငါ့သား” လို့ အော်ပြောလိုက်တာနဲ့ အားလုံးထိတ်လန့် တုန်လှုပ်ကုန်တယ်.။ အင်မတန် ဣနြေ္ဒကောင်းလှတဲ့ ရဟန်းတော်လည်း ဟာခနဲ ဖြစ်သွားတယ်။

“အဓိပ္ပါယ်မရှိဘူး.. မင်းက လူပျိုပဲ..မင်းရူးနေပြီ” လို့ အဖေါ်မိတ်ဆွေအင်္ဂလိပ်က ငေါက်ငေါက်ငမ်းငမ်း ပြောဆိုလိုက်ပြန်တယ်။ အခြေအနေက တော်တော်ရှုပ်ထွေး သွားပါတယ်။ မစ္စတာဟွန်းစနိုးက ..

“ဒါ ငါ့သား၊ ပြီးခဲ့တဲ့ဘ၀ ငါရဲ့မြန်မာလူမျိုးဘ၀က ကျန်ရစ်ခဲ့တဲ့ တစ်ဦးတည်းသောသား၊ ကြည့်စမ်း ..သူ လူကြီးဖြစ်နေပြီ” လို့ ရှင်းပြရင်း၊ မြန်မာဒကာ ( သူ့သား ဆိုသူ) ဘက်လှည့်ကြည့်ကာ “မင်းအမေရှိသေးလား.. သေပြီထင်ပါတယ်” လို့ မေးလိုက်ပြန်တယ်။ မြန်မာဒကာ ခမျာ ရုတ်တရက်ပြန်မဖြေနိုင်ဘူး ..ဟွန်းစနိုးကိုကြည့်ပြီး မချိတင်ကဲ မျက်ရည်တွေဝဲနေတယ်။ အဖေါ်အင်္ဂလိပ်ကတော့ “အဓိပ္ပါယ်မရှိဘူး..လုံးဝအဓိပ္ပါယ်မရှိဘူး.. မယုံဘူး” လို့ပဲ အပ်ကြောင်းထပ်အောင် အော်ဟစ်ရင်းနဲ့ပြောတယ်.. “သူငယ်ချင်း.. ဒီအရူး အမှုကြီး အဆုံးသတ်ပါတော့..၊ ငါတို့ပြန်ကြပါစို့” လို့ လေသံမှန်နဲ့ပြောရင်းနဲ့ ဟွန်းစနိုးကို ဆွဲခေါ်တယ်၊ ဟွန်းစနိုးက ရုတ်တရက် ရုန်းလိုက်ပြီး.. “ငါတောင်းပန်ပါတယ်..၊ ငါရှင်းပြပါရစေ..၊ မင်း မယုံရင် ငါလက်တွေ့ပြမယ်၊ သက်သေခိုင်လုံရင် ငါပြောတာတွေ မင်း လက်ခံရလိမ့်မယ်” လို့ ကတိတောင်းတယ်.။ သူငယ်ချင်း အင်္ဂလိပ်က သူ့ရဲ့စိန်ခေါ်မှုကို သဘောတူလိုက်ပြီး “ကောင်းပြီ.. မင်း ဘယ်လိုသက်သေပြမှာလဲ” လို့ မေးတယ်။

မစ္စတာဟွန်းဟာ ဘုရားရုပ်ပွာတော်ကြီးကို ရှိခိုးဦးချတယ်.။ ပြီးတော့ ရဟန်းတော်ကို တစ်လှည့်ရှိခိုးတယ်။ ရဟန်းတော်နဲ့အတူတွေ့ရ တဲ့ လူဒကာ ( ဘ၀ဟောင်းက သားဖြစ်သူ ) ကို မျက်ရည်စမ်းစမ်းနဲ့ကြည့်ရင်း.. “ ကျေးဇူးပြုပြီး အင်္ကျီချွတ်လိုက်ပါ.. မင်းရဲ့ ညာဘက် လက်မောင်းထိပ်မှာ ဒေါင်းပုံနဲ့ နေတံဆိပ်၊ မင်းရဲ့ဘယ်ဘက် လက်မောင်းထိပ်မှာ ယုန်ပုံနဲ့လတံဆိပ်တွေ ဆေးမင်ကြောင်ရေးထိုးထားတာ ရှိတယ်..၊ ဗုဒ္ဓသာသနာတော်ကြီး နေလိုလလို ထွန်းလင်းအောင် စွမ်းဆောင်စေချင်တဲ့ သားကောင်း ရတနာဖြစ်စေချင်လို့ အရင်ဘ၀က ငါကိုယ်တိုင် ရေးထိုးခိုင်းခဲ့တယ်..၊ ပြီးတော့ မင်းရဲ့ ရင်ညွှန့်မှာ မှဲ့အနီကလေး သုံးလုံးတြိဂံပုံ ပါရှိတယ်..” လို့ ပိုင်ပိုင်နိုင်နိုင် ပြောချလိုက်ပါတယ်

မစ္စတာဟွန်းစနိုး ခိုင်းစေတဲ့အတိုင်း မြန်မာဒကာဟာ အင်္ကျီချွတ်လိုက်တယ်ဆိုရင်ပဲ သူပြောတဲ့ အမှတ်အသားတွေ တစ်ခုမလွဲ ပေါ်လာတာကို အားလုံးတွေ့လိုက် ကြရပါတော့တယ်။ သံသယနဲ့ ဘာသာရေးအစွဲကြီးလှတဲ့ မိတ်ဆွေအင်္ဂလိပ်တစ်ယောက် “ အိုး မိုင်ဂေါ့ဒ်.. အိုး..မိုင်ဂေါ့ဒ်” နဲ့… အဖန်ဖန်ရေရွတ်ရင်းနဲ့ ..ဟွန်းစနိုးလက်မောင်းကို ကိုင်လှုပ်ကာ “ဘယ်လိုထူးဆန်းမှုတွေလဲ.. မင်း ဘယ်လိုသိ တာလဲ..မင်းဘယ်လိုလုပ် ပြောင်းသွားတာလဲ” လို့ ဒလစပ်မေးခွန်းတွေထုတ်တော့တယ်။ ရဟန်းတော်အပါအ၀င် အားလုံးဟာ ပါးစပ် အဟောင်းသား ၊ မျက်လုံးအ၀ိုင်းသားနဲ့ ဟွန်းစနိုးကိုပဲ စိုက်ကြည့်နေကြတယ်။ ဘ၀ဟောင်းက သားဖြစ်တယ်လို့ အပြောခံရတဲ့ မြန်မာဒကာမှာတော့ ဘ၀ဟောင်းက သူ့အဖေဖြစ်ခဲ့တဲ့ အင်္ဂလိပ်လူမျိုး မစ္စတာဟွန်းစနိုးကို ကြည့်ပြီး မျက်ရည်များ စီးကျစပြုနေပါပြီ။ ဟွန်းစနိုးက ဆက်ပြီးပြောပါတယ်။

“အရေးကြီးတဲ့ သက်သေတစ်ခုကျန်သေးတယ်.ဟောဒီဘုရားရုပ်ပွားတော်ကြီးရဲ့ပလ္လင်အောက်ခြေမှာ ကျုပ်ကိုယ်တိုင် ဌာပနာခဲ့တဲ့ ပစ္စည်းလေးနှစ်ခုရှိပါတယ်။ အဲဒီပစ္စည်းနှစ်ခုကတော့ အလေးချိန် တစ်ဆယ်ကျပ်သားစီရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးနှစ်ပြားပါ ။ ရွှေဒင်္ဂါးပေါ် မှာ ဒေါင်းရုပ်နေတံဆိပ် နဲ့ ငွေဒင်္ဂါးပေါ်မှာ ယုန်ရုပ်လတံဆိပ်တို့ ခတ်နှိပ် ထားပါတယ်၊ ငါတို့မိသားစု ( ကုသိုလ်ရှင်မိသားစု) ရဲ့နာမည်တွေကို ဒင်္ဂါးပြားရဲ့ဟိုဖက်မျက်နှာမှာ ရေးထားပါတယ်၊ ဒီသက်သေပြချက်အပေါ်မှာ မင်း အကြွင်းမရှိ ယုံကြည်မယ်လို ထင်ပါတယ်” ဟု သူ့မိတ်ဆွေ အင်္ဂလိပ်ကို ဦးတည်ပြောရင်း ရှင်းပြနေပါတယ်။

တစ်ချိန်လုံး ငြိမ်သက်နေတဲ့ ရဟန်းတော်က… “ ဒီကိစ္စကတော့ ဂေါပကအဖွဲ့ကို အကျိုးအကြောင်းပြောပြပြီး ပလ္လင်ကို ဖွင့်ကြည့် ရမယ်၊ ဒီကိစ္စ ဦးဇင်းပဲ တာဝန်ယူ ပါတယ်၊ ကဲ ဒီမှာ ခဏနေရစ်ကြ.”လို့ အမိန့်ရှိပြီး တန်ဆောင်းထဲက ထွက်သွားပါတယ်။ ဟွန်းစနိုးရဲ့ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်ကတော့ အခုမှ အသက်ဝင်လာသည့် အလား ဓာတ်ပုံတွေ တဖျပ်ဖျပ် ရိုက်ပါတော့တယ်။ သူ့ သူငယ်ချင်း ဟွန်းစနိုး၊ မြန်မာဒကာ၊ ဘုရားရုပ်ပွားတော်ကြီး၊ တန်ဆောင်းကြီးနဲ့ ရွှေတိဂုံဘုရားကြီး စတဲ့ မျက်စိတဲ့တွေ့သမျှ မြင်ကွင်းတွေကို အငမ်းမရ ရိုက်ယူ မှတ်တမ်းတင်ပါတော့တယ်။ ဒီတစ်ခါ သူ့နှုတ်ဖျားမှာ “ အံ့ဖွယ်ပဲ..တကယ့် အံ့ဖွယ်ပါပဲ” ဆိုတဲ့စကားတွေပဲ ရေရွတ်နေပါတော့တယ်။

ဟွန်းစနိုးက.. “ငါ အင်္ဂလန် မပြန်တော့ဘူး.. ငါ မြန်မာပြည်မှာပဲ နေတော့မယ် ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်ပါ၊ ငါ့ကို ခွင့်လွှတ်ပါ သူငယ်ချင်း” လို့ ဆွေးဆွေး မြေ့မြေ့ ပြောလိုက်တယ်။ သူ့ သူငယ်ချင်းက.. “ ငါ နားလည်ပါပြီ.. ဒါပေမယ့် စဉ်းစားပါဦး” လို့ တောင်းပန် ပါတယ် ။

အဲဒီအချိန်မှာပဲ ရဟန်းတော်ဟာ အခြားးသော ရဟန်းတော် သုံးပါး၊ ဂေါပကလူဒကာများနဲ့အတူ ပြန်ရောက်လာတယ်။ ဟွန်းစနိုးညွှန်ပြတဲ့ ပလ္လင်အောက်ခြေဘက် ကို တူရွင်းနဲ့တူးပြီး ဖွင့်ကြည့်ကြတဲ့အခါ လက်ရာသေသပ်တဲ့ သံသေတ္တာလေးတစ်လုံး ပေါ်ထွက်လာပါတယ်၊ သေတ္တာထဲမှာတော့ လက်တစ်ဝါးနီးပါးရှိတဲ့ ရွှေဒင်္ဂါးနဲ့ငွေဒင်္ဂါးဝိုင်းကြီး နှစ်ခုကို အရောင်ပြိုးပြက် စွာ တွေ့ကြရပါတယ်။ ရွှေဒင်္ဂါးပြားပေါ်မှာ ဒေါင်းတံဆိပ်နဲ့ ငွေဒင်္ဂါးပြားပေါ်မှာ ယုန်တံဆိပ်ပါရှိပြီး ဒင်္ဂါးပြားရဲ့အခြား မျက်နှာမှာ ‘သက္ကရာဇ် ၁၂၇၅ ခုနှစ်၊ တပေါင်းလပြည့်နေ့ ကုသိုလ်ရှင် ဦးဘကောင်း - ဇနီးဒေါ်မြညွှန့်၊ သားမောင်ကောင်းညွှန့် မိသားစု ကောင်းမှု၊ တောင်းဆုနိဗ္ဗာန် ပြည့်စေသော်ဝ် ၊ ဤဘုရားဤတန်ဆောင်းပြိုပျက်လျှင် ဤရွှေဒင်္ဂါး ငွေဒင်္ဂါးများကိုရောင်း၍ ပြုပြင်နိုင်ကြပါစေ’ ဟု ရေးထိုးထားသော စာတန်းကို ဖတ်ကြရလေသည်။

ဟွန်းစနိုးကိုယ်တိုင် မိမိကောင်းမှုသက်သေကို ပြန်တွေ့ပြီဖြစ်၍ ဟန်မဆောင်နိုင်တော့ဘဲ သည်းထန်းစွာ ငိုလေတော့သည်။ ဘ၀ဟောင်း က သားဖြစ်ခဲ့သူ မြန်မာဒကာ ကိုကောင်းညွှန့်လည်း ငိုသည်။ ဘ၀ခြား လူမျိုးခြားဖြစ်နေကြသော သားအဖနှစ်ယောက်ဖက်၍ ငိုကြသည်။ အင်္ဂလိပ်မိတ်ဆွေက ဓာတ်ပုံရိုက်နေပါသော်လည်း သူကိုယ်တိုင် အံ့သြခြင်းတ၀က်ဖြင့် မျက်ရည်လည်လျက်ရှိနေ၏။

ရဟန်းတော်က.. “ဒကာကြီး ကိုကောင်းညွှန့်.. ဒီ ဒင်္ဂါးပြားတွေကို ဘယ်လိုလုပ်ချင်သလဲ၊ သူ့ကိုမေးပါ” လို့ မိန့်ပါတယ်။

“ရွှေတိဂုံဘုရားကြီးကို လှူပါတယ်၊ ဂေါပကအဖွဲ့ကို အပ်ပါတယ်” ဟု ဟွန်းစနိုးက ဖြေတယ်.။ ပြီးတော့ ရဟန်းတော်ရဲ့သင်္ကန်းစကို ဆွဲပြီး တစုံတခုပြော လိုက်တယ်။ သူ အင်္ဂလိပ်လိုပြောတာကို မြန်မာစကားပြန်က.. “ သူ့ ကို ရဟန်းပြုပေးပါ၊ နောင်သံသရာမှာ ဘယ်လိုဘ၀မျိုးမှ မလိုချင်တော့ပါဘူး.. ဘ၀ဒုက္ခချုပ်ငြိမ်းရာ နိဗ္ဗာန်အလို့ငှာ ရဟန်း ဘ၀နဲ့ကျင့်ကြံပါတော့မယ်” လို့ ဆိုပါတယ်..။ သူ့သူငယ်ချင်းကိုလည်း..

“ငါ့ မိဘတွေကို အကြောင်းကြားပေးပါ၊ မြန်မာပြည်ကို အမြန်လိုက်လာဖို့ ပြောပေးပါ၊ ငါ ရဟန်းဝတ်တော့မယ်၊ တပ်မက်စရာ အာရုံအစွဲ အငြိတွေက လွတ်ရာမှာ ငါနေတော့မယ်၊ ငါကြိုးစားတော့မယ်” လို့ ပြောဆိုမှာကြားပါတယ်။ သူငယ်ချင်းမိတ်ဆွေ အင်္ဂလိပ်မှာတော့ အရာအားလုံး မျက်ဝါးထင်ထင် ကိုယ်တွေ့ ကြုံလိုက်ရပြီးပြီမို့ ခေါင်းညိတ်ရုံကလွဲပြီး ဘာမှမပြောနိုင်တော့ပါ။

ဆက်ပြီး ဟွန်းစနိုးက “ငါ ဘုရားမှာ နေခဲ့တော့မယ် သူငယ်ချင်း၊ မင်း လျှောက်လည်နိုင်တယ်” လို့ ပြောလိုက်ပါတယ်။

အားလုံးထွက်သွားကြချိန်မှာတော့ သူ့အနားမှာ တစ်ယောက်သာ ကျန်ခဲ့တော့တယ်၊ ဘ၀ဟောင်းက သူ့သားဖြစ်ခဲ့ဖူးတဲ့ ကိုကောင်းညွှန့်ဆိုတဲ့ မြန်မာဒကာပါပဲ။

အင်္ဂလိပ်လူဝင်စား မစ္စတာဟွန်းစနိုးဟာ အရှင်အဂ္ဂဥာဏ ဆိုတဲ့ ဘွဲ့တော်နဲ့ ရဟန်းပြုတော်မူခဲ့ပြီး မဟာသတိပဋ္ဌာန် တရားတော်မြတ်ကြီးကို အသက်ထက်ဆုံး အားထုတ်သွားပါတယ်။

ရွှေတိဂုံမှာ ပြန်ဆုံတဲ့ပွဲ - မောင်သွေးချွန်

ကိုးကား - ၁၃၂၂ ခု၊ သီတင်းကျွတ်လထုတ်၊ ရေဦးမြို့ ချမ်းသာကြီးဆရာတော်ပြုစုသော ဗုဒ္ဓဂုဏပကာသနီကျမ်း

ကမ္ဘာသစ် မြန်မာ Fan Page

www.newworldnanda.ning.com


Face book ဒီနေရာက ကူးယူဖေါ်ပြပါတယ်။

14 comments:

ဖတ်တော့ ဖတ်ဖူးတယ်.. ပြန်ဖတ်သွားပါတယ်. :)
သေကာနီး အစွဲအလမ်းများဟာ သတိထားစရာနော်..။

.
( "အတိတ်ဘဝကို မှတ်မိသော ဗြိတိသျှ ကလေးငယ်" ခေါင်းစဉ်ကို နှိပ်ပြီး လူဝင်စားလေး ကင်းမရွန်း မကောလီ ဓာတ်ပုံ ကို ကြည့်နိုင်ပါသည်။ )


စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့တွင် နေထိုင်သော လူဝင်စားလေး ကင်းမရွန်း မကောလီ သည် ယခင်ဘဝက စကော့တလန်နိုင်ငံ၊ ဘားရာကျွန်းပေါ်ရှိ ရောဘတ်ဆင် မိသားစု၏ "အဖြူရောင် အိမ်" တွင် မစ္စတာ ရှိန်း ရောဘတ်ဆင် ၏ သား ကင်းမရွန်း ရောဘတ်ဆင် အဖြစ် နေထိုင်ခဲ့သည်။

(1) ကင်းမရွန်း မကောလီ နှင့် မိခင် နော်မာ (ဓာတ်ပုံ) နှင့်
(2) ကင်းမရွန်း မကောလီ ယခင်ဘဝက နေထိုင်ခဲ့သော ရောဘတ်ဆင် မိသားစု၏ "အဖြူရောင် အိမ်" (ဓာတ်ပုံ)
များကို ကြည့်နိုင်ပါသည်။



လူများမှာ ရှေးဘဝများနှင့် နောက်ဘဝများ တကယ် ရှိပါသလား။ ယူကေနိုင်ငံထုတ် သတင်းစာ တစောင် ဖြစ်သော သည်ဆန်း က အတိတ်ဘဝများကို မှတ်မိသော လူဝင်စား ကလေးတဦး၏ အကြောင်းကို ဖော်ပြထားသည်။

ဤ ခြောက်နှစ်သား လူဝင်စား ကလေးမှာ ယောက်ျားလေး ဖြစ်ပြီး ကင်းမရွန်း မကောလီ ဟု အမည်ရသည်။ လူဝင်စားလေး ကင်းမရွန်း မကောလီ သည် သူနှင့် ရွယ်တူ အခြား ယောက်ျားလေးများနှင့် သိပ် မကွာခြားလှပါ။ ကင်းမရွန်း ကို အခြား ကလေးများနှင့် မတူ တမူ ထူးခြားစေသည့် အချက်မှာ ကင်းမရွန်းသည် သူ၏ ယခင်ဘဝက "မိခင်ဟောင်း"၊ သူ၏ ယခင်ဘဝက "မိသားစုဟောင်း" နှင့် "အဖြူရောင် အိမ်" အကြောင်းကို ပြောဆိုရသည်ကို နှစ်သက်တတ်ခြင်းပင် ဖြစ်သည်။

ခြောက်နှစ်သား စကော့လူမျိုး ကလေးငယ် ကင်းမရွန်း မကောလီ က မည်သူက မည်သို့မည်ပုံ ဖြစ်သည်၊ လုပ်သည်ဟု အသေးစိတ် အစီအစဉ်တကျ စီကာပတ်ကုံး ပြောပြနေတတ်သော သူများထဲမှ တဦးတလေမှ ကင်းမရွန်း၏ လက်ရှိဘဝနှင့် ဆက်စပ်နေသူများ မဟုတ်ပါ။ ကင်းမရွန်း ပြောပြနေတတ်သော နေရာမှာလည်း ကင်းမရွန်း၏ ယခုဘဝတွင် လုံးဝ မရောက်ဖူးသော နေရာတခု ဖြစ်သည်။ ထိုနေရာသည် ကင်းမရွန်း ယခု နေထိုင်သည့် စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့နှင့် မိုင် ၂၂၀ ကွာဝေးသည့် စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ လူအရောက်အပေါက် နည်းသော ဘားရာကျွန်းပေါ်တွင် ရှိသည်။ ကင်းမရွန်း ပြောဆိုနေသည့် သူ၏ ယခင်ဘဝက "မိခင်ဟောင်း"၊ သူ၏ ယခင်ဘဝက "မိသားစုဟောင်း" နှင့် "အဖြူရောင် အိမ်" အကြောင်းများက ကင်းမရွန်း၏ မိခင် နော်မာ ကို စိုးရိမ်ပူပန်မှု ဖြစ်စေသည်။

.
စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ ၏ ယခင် ဘဝကို မှတ်မိမှု

လူဝင်စားလေး ကင်းမရွန်း မကောလီ က သူ၏ ယခင်ဘဝက စကော့တလန်နိုင်ငံရှိ ဘားရာ အမည်ရှိ ကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သော သူ၏ ကလေးဘဝ ဇာတ်လမ်းများကို ပြောပြသည်ဟု အသက် ၄၂ နှစ် အရွယ်ရှိ ကင်းမရွန်း၏ မိခင် နော်မာ က ဆိုသည်။

ကင်းမရွန်းက သူ့ ယခင်ဘဝက မိဘများ အကြောင်း၊ သူ့ယခင်ဘဝက ဖခင် မည်ကဲ့သို့ သေဆုံးပုံ အကြောင်း၊ သူ့ ယခင်ဘဝက မောင်နှမများ အကြောင်းကို ပြောဆိုတတ်သည်။ ကင်းမရွန်းက သူ့ "မိခင်ဟောင်း" ဆိုသည်မှာ သူ့ "ယခင်ဘဝက မိခင်" ဖြစ်သည်ဟုလည်း ပြောသည်။ ကင်းမရွန်းက သူ့တွင် ယခင်ဘဝ ရှိခဲ့သည်ကို ယုံကြည်သည်။ သူ့ယခင်ဘဝက မိသားစုသည် သူ့ကို လွမ်းဆွတ် သတိရနေသည်ဟုလည်း ကင်းမရွန်းက ယုံကြည်သည်။ စကော့တလန်နိုင်ငံရှိ ဘားရာကျွန်းနှင့် ပတ်သက်ပြီး ကင်းမရွန်းက ပြောပြသည့် အကြောင်းအရာ အားလုံးနှင့် ကင်းမရွန်းက ဘားရာကျွန်း ပေါ်က သူ့မိခင်နှင့် သူ့ မောင်နှမများကို သူ မည်သို့မည်ပုံ သတိရ အောက်မေ့သည် ဆိုသည့် အကြောင်းကို ကင်းမရွန်း၏ နေ့ကလေးထိန်းကျောင်းဆရာမက ကင်းမရွန်း၏ မိခင် နော်မာကို ပြောပြသည်။

လူဝင်စားလေး ကင်းမရွန်း၏ မိခင် နော်မာက ယခုလို ပြောပြသည်။

"ဘားရာကျွန်းက သူ့အရင်ဘဝက မိသားစုရဲ့ အိမ်မှာ အိမ်သာ ၃ ခု ရှိပြီး ဂလပ်စဂိုမြို့က ကျမတို့ အိမ်မှာ အိမ်သာတခုပဲ ရှိတာကို ကင်းမရွန်းက မကျေမနပ် တဖြစ်တောက်တောက် ပြောပြောနေတတ်တယ်။ ကင်းမရွန်းက သူ့အရင်ဘဝက အမေအတွက် ငိုငိုနေတတ်တယ်။ သူ့အရင်ဘဝက အမေက သူ့ကို လွမ်းနေမှာ လို့လဲ ပြောတတ်တယ်။ ကင်းမရွန်းက အခုဘဝမှာ သူ အစစအရာရာ အဆင်ပြေပြေ ရှိပါတယ် ဆိုတာကို ဘားရာကျွန်းက သူ့ အရင်ဘဝက မိသားစု သိစေချင်တယ်လို့လဲ ပြောတတ်တယ်။ အဲဒီလို ပြောပြီး ကင်းမရွန်းက အရမ်း ဝမ်းနည်းပက်လက် ဖြစ်ဖြစ်နေတတ်တယ်။ ဘားရာကျွန်း အကြောင်း၊ သူနဲ့ သူ့အရင် မိသားစုတို့ ဘယ်နေရာတွေကို သွားတဲ့အကြောင်း၊ ဘာတွေ လုပ်တဲ့အကြောင်း၊ သူ့အိပ်ခန်း ပြူတင်းပေါက်ကနေပြီး ကမ်းခြေပေါ်ကို ဆင်းလာတဲ့ လေယာဉ်တွေကို သူ ကြည့်ခဲ့တဲ့အကြောင်းတွေကို ကင်းမရွန်းက ပြောမဆုံးပေါင်၊ တောသုံးထောင် ဆိုသလို မရပ်မနား ပြောပြောနေတော့တာပါပဲ။"

ကင်းမရွန်း၏ ယခင်ဘဝက ဖခင်၏ အမည်မှာ မစ္စတာ ရှိန်း ရောဘတ်ဆင် ဖြစ်သည်ဟုပင် ကင်းမရွန်းက ပြောပြသည်။ ကင်းမရွန်း၏ ယခင်ဘဝက ဖခင် မစ္စတာ ရှိန်း ရောဘတ်ဆင် သည် "နှစ်ဘက်လုံးကို မကြည့်" သောကြောင့် အသက်ဆုံးခဲ့ရသည်ဟု ကင်းမရွန်းက ဆိုသည်။ ("နှစ်ဘက်လုံးကို မကြည့်" သောကြောင့် အသက်ဆုံးခဲ့ရသည် ဆိုသည်မှာ သူ၏ ယခင်ဘဝက ဖခင်သည် ကားလမ်း ဖြတ်ကူးရာတွင် လက်ဝဲဘက်၊ လကျာ်ဘက် "နှစ်ဘက်လုံးကို မကြည့်" သောကြောင့် ကားတိုက်ခံခဲ့ရပြီး သေဆုံးခဲ့သည်ဟု ဆိုလိုသည်။)

ဘားရာကျွန်းကို တမိသားစုလုံး တခါမှ မရောက်ဖူးပါ ဟု ကင်းမရွန်း၏ မိခင် နော်မာက ဆိုသည်။ အစပိုင်းတွင် ကင်းမရွန်း၏ မိခင် နော်မာ တို့ အနေဖြင့် လူဝင်စားလေး ကင်းမရွန်း ပြောပြောနေတတ်သော သူ၏ ယခင်ဘဝ အကြောင်းများကို ကင်းမရွန်းက စိတ်ကူးယဉ်ပြီး ပြောနေသည့် ဇာတ်လမ်းများဟုသာ သဘောထားခဲ့ကြသည်။ ကင်းမရွန်းသည် ဘာရာကျွန်းပေါ်က သူ၏ ယခင်ဘဝက မိသားစု (မစ္စတာ ရှိန်း ရောဘတ်ဆင် မိသားစု) ၏ "အဖြူရောင် အိမ်" မှ ထွက်ခွာခဲ့ရသည်ကို ဝမ်းနည်းပက်လက် ဖြစ်မြဲ ဖြစ်နေဆဲပင်။ ထိုကဲ့သို့ ထွက်ခွာခဲ့ရခြင်းအတွက် ခံစားရသော ကင်းမရွန်း၏ စိတ်ထိခိုက်ခံစားမှု စိတ်ဝေဒနာသည် နှစ်ပေါင်းများစွာ ကြာခဲ့သည်။

ယခင်ဘဝများ ရှိခဲ့ဖူးသည်ဟု ယုံကြည်သည့် လူဝင်စားများကို ရုပ်ရှင်ကုမ္ပဏီ တခုက ရှာဖွေနေသည့်အကြောင်းကို ကင်းမရွန်း၏ နေ့ကလေးထိန်းကျောင်းဆရာမက ကင်းမရွန်း၏ မိခင် နော်မာကို တနေ့တွင် ပြောလာသည်။ လူဝင်စားလေး ကင်းမရွန်း အကြောင်းကို ရုပ်ရှင်ကုမ္ပဏီက လူများကို ပြောပြရန် ကင်းမရွန်း၏ ဆရာမက ကင်းမရွန်း၏ မိခင် နော်မာကို အကြံပေးသည်။ နော်မာသည် လင်ယောက်ျားမရှိတော့ဘဲ တဦးတည်း ရပ်တည်နေရသော အမျိုးသမီး ဖြစ်သည်။ နော်မာတွင် မာတင် အမည်ရှိ သားတဦး ရှိသေးသည်။ မာတင်သည် ကင်းမရွန်းထက် တနှစ်ကြီးပြီး ကင်းမရွန်းက သူ၏ ယခင်ဘဝ အကြောင်း ပြောပြချက်များကြောင့် မာတင်လည်း စိတ်ထိခိုက် ခံစားရသည်။ ထိုအတောအတွင်းမှာ ကင်းမရွန်းကလည်း ဘားရာကျွန်းကို လိုက်ပို့ပေးရန် မိခင် နော်မာကို ပူဆာမြဲ ပူဆာနေသည်။ နောက်ဆုံးတွင် ဘားရာကျွန်းတွင် ထူးထူးခြားခြား တွေ့နိုင်မည့် အရာများကို တွေ့နိုင်ရန် လူဝင်စားလေး ကင်းမရွန်းကို စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းသို့ လိုက်ပို့ပေးရန် နော်မာ ဆုံးဖြတ်လိုက်တော့သည်။

.
လူဝင်စားလေး ကင်းမရွန်း မကောလီ က သူ၏ ယခင်ဘဝက စကော့တလန်နိုင်ငံရှိ ဘားရာ အမည်ရှိ ကျွန်းပေါ်တွင် ဖြစ်ပျက်ခဲ့သော သူ၏ ကလေးဘဝ ဇာတ်လမ်းများကို ပြောပြသည်ဟု အသက် ၄၂ နှစ် အရွယ်ရှိ ကင်းမရွန်း၏ မိခင် နော်မာ က ဆိုသည်။

ကင်းမရွန်းက သူ့ ယခင်ဘဝက မိဘများ အကြောင်း၊ သူ့ယခင်ဘဝက ဖခင် မည်ကဲ့သို့ သေဆုံးပုံ အကြောင်း၊ သူ့ ယခင်ဘဝက မောင်နှမများ အကြောင်းကို ပြောဆိုတတ်သည်။ ကင်းမရွန်းက သူ့ "မိခင်ဟောင်း" ဆိုသည်မှာ သူ့ "ယခင်ဘဝက မိခင်" ဖြစ်သည်ဟုလည်း ပြောသည်။ ကင်းမရွန်းက သူ့တွင် ယခင်ဘဝ ရှိခဲ့သည်ကို ယုံကြည်သည်။ သူ့ယခင်ဘဝက မိသားစုသည် သူ့ကို လွမ်းဆွတ် သတိရနေသည်ဟုလည်း ကင်းမရွန်းက ယုံကြည်သည်။ စကော့တလန်နိုင်ငံရှိ ဘားရာကျွန်းနှင့် ပတ်သက်ပြီး ကင်းမရွန်းက ပြောပြသည့် အကြောင်းအရာ အားလုံးနှင့် ကင်းမရွန်းက ဘားရာကျွန်း ပေါ်က သူ့မိခင်နှင့် သူ့ မောင်နှမများကို သူ မည်သို့မည်ပုံ သတိရ အောက်မေ့သည် ဆိုသည့် အကြောင်းကို ကင်းမရွန်း၏ နေ့ကလေးထိန်းကျောင်းဆရာမက ကင်းမရွန်း၏ မိခင် နော်မာကို ပြောပြသည်။

လူဝင်စားလေး ကင်းမရွန်း၏ မိခင် နော်မာက ယခုလို ပြောပြသည်။

"ဘားရာကျွန်းက သူ့အရင်ဘဝက မိသားစုရဲ့ အိမ်မှာ အိမ်သာ ၃ ခု ရှိပြီး ဂလပ်စဂိုမြို့က ကျမတို့ အိမ်မှာ အိမ်သာတခုပဲ ရှိတာကို ကင်းမရွန်းက မကျေမနပ် တဖြစ်တောက်တောက် ပြောပြောနေတတ်တယ်။ ကင်းမရွန်းက သူ့အရင်ဘဝက အမေအတွက် ငိုငိုနေတတ်တယ်။ သူ့အရင်ဘဝက အမေက သူ့ကို လွမ်းနေမှာ လို့လဲ ပြောတတ်တယ်။ ကင်းမရွန်းက အခုဘဝမှာ သူ အစစအရာရာ အဆင်ပြေပြေ ရှိပါတယ် ဆိုတာကို ဘားရာကျွန်းက သူ့ အရင်ဘဝက မိသားစု သိစေချင်တယ်လို့လဲ ပြောတတ်တယ်။ အဲဒီလို ပြောပြီး ကင်းမရွန်းက အရမ်း ဝမ်းနည်းပက်လက် ဖြစ်ဖြစ်နေတတ်တယ်။ ဘားရာကျွန်း အကြောင်း၊ သူနဲ့ သူ့အရင် မိသားစုတို့ ဘယ်နေရာတွေကို သွားတဲ့အကြောင်း၊ ဘာတွေ လုပ်တဲ့အကြောင်း၊ သူ့အိပ်ခန်း ပြူတင်းပေါက်ကနေပြီး ကမ်းခြေပေါ်ကို ဆင်းလာတဲ့ လေယာဉ်တွေကို သူ ကြည့်ခဲ့တဲ့အကြောင်းတွေကို ကင်းမရွန်းက ပြောမဆုံးပေါင်၊ တောသုံးထောင် ဆိုသလို မရပ်မနား ပြောပြောနေတော့တာပါပဲ။"

.
ကင်းမရွန်း၏ ယခင်ဘဝက ဖခင်၏ အမည်မှာ မစ္စတာ ရှိန်း ရောဘတ်ဆင် ဖြစ်သည်ဟုပင် ကင်းမရွန်းက ပြောပြသည်။ ကင်းမရွန်း၏ ယခင်ဘဝက ဖခင် မစ္စတာ ရှိန်း ရောဘတ်ဆင် သည် "နှစ်ဘက်လုံးကို မကြည့်" သောကြောင့် အသက်ဆုံးခဲ့ရသည်ဟု ကင်းမရွန်းက ဆိုသည်။ ("နှစ်ဘက်လုံးကို မကြည့်" သောကြောင့် အသက်ဆုံးခဲ့ရသည် ဆိုသည်မှာ သူ၏ ယခင်ဘဝက ဖခင်သည် ကားလမ်း ဖြတ်ကူးရာတွင် လက်ဝဲဘက်၊ လကျာ်ဘက် "နှစ်ဘက်လုံးကို မကြည့်" သောကြောင့် ကားတိုက်ခံခဲ့ရပြီး သေဆုံးခဲ့သည်ဟု ဆိုလိုသည်။)

ဘားရာကျွန်းကို တမိသားစုလုံး တခါမှ မရောက်ဖူးပါ ဟု ကင်းမရွန်း၏ မိခင် နော်မာက ဆိုသည်။ အစပိုင်းတွင် ကင်းမရွန်း၏ မိခင် နော်မာ တို့ အနေဖြင့် လူဝင်စားလေး ကင်းမရွန်း ပြောပြောနေတတ်သော သူ၏ ယခင်ဘဝ အကြောင်းများကို ကင်းမရွန်းက စိတ်ကူးယဉ်ပြီး ပြောနေသည့် ဇာတ်လမ်းများဟုသာ သဘောထားခဲ့ကြသည်။

ကင်းမရွန်းသည် ဘာရာကျွန်းပေါ်က သူ၏ ယခင်ဘဝက မိသားစု (မစ္စတာ ရှိန်း ရောဘတ်ဆင် မိသားစု) ၏ "အဖြူရောင် အိမ်" မှ ထွက်ခွာခဲ့ရသည်ကို ဝမ်းနည်းပက်လက် ဖြစ်မြဲ ဖြစ်နေဆဲပင်။ ထိုကဲ့သို့ ထွက်ခွာခဲ့ရခြင်းအတွက် ခံစားရသော ကင်းမရွန်း၏ စိတ်ထိခိုက်ခံစားမှု စိတ်ဝေဒနာသည် နှစ်ပေါင်းများစွာ ကြာခဲ့သည်။

ယခင်ဘဝများ ရှိခဲ့ဖူးသည်ဟု ယုံကြည်သည့် လူဝင်စားများကို ရုပ်ရှင်ကုမ္ပဏီ တခုက ရှာဖွေနေသည့်အကြောင်းကို ကင်းမရွန်း၏ နေ့ကလေးထိန်းကျောင်းဆရာမက ကင်းမရွန်း၏ မိခင် နော်မာကို တနေ့တွင် ပြောလာသည်။ လူဝင်စားလေး ကင်းမရွန်း အကြောင်းကို ရုပ်ရှင်ကုမ္ပဏီက လူများကို ပြောပြရန် ကင်းမရွန်း၏ ဆရာမက ကင်းမရွန်း၏ မိခင် နော်မာကို အကြံပေးသည်။

နော်မာသည် လင်ယောက်ျားမရှိတော့ဘဲ တဦးတည်း ရပ်တည်နေရသော အမျိုးသမီး ဖြစ်သည်။ နော်မာတွင် မာတင် အမည်ရှိ သားတဦး ရှိသေးသည်။ မာတင်သည် ကင်းမရွန်းထက် တနှစ်ကြီးပြီး ကင်းမရွန်းက သူ၏ ယခင်ဘဝ အကြောင်း ပြောပြချက်များကြောင့် မာတင်လည်း စိတ်ထိခိုက် ခံစားရသည်။

ထိုအတောအတွင်းမှာ ကင်းမရွန်းကလည်း ဘားရာကျွန်းကို လိုက်ပို့ပေးရန် မိခင် နော်မာကို ပူဆာမြဲ ပူဆာနေသည်။ နောက်ဆုံးတွင် ဘားရာကျွန်းတွင် ထူးထူးခြားခြား တွေ့နိုင်မည့် အရာများကို တွေ့နိုင်ရန် လူဝင်စားလေး ကင်းမရွန်းကို စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းသို့ လိုက်ပို့ပေးရန် နော်မာ ဆုံးဖြတ်လိုက်တော့သည်။

.
စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းကို လည်ပတ်ခြင်း

စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ ၏ မိခင် နော်မာက ရုပ်ရှင်ကုမ္ပဏီကို အဆက်အသွယ် လုပ်လိုက်သည်။ စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့တွင် နေထိုင်သော လူဝင်စားလေး ကင်းမရွန်း မကောလီ၊ မိခင် နော်မာ နှင့် အစ်ကို မာတင်တို့၏ စကော့တလန်နိုင်ငံ၊ ဘားရာကျွန်း ခရီးစဉ်မှာ ရုပ်ရှင်ကုမ္ပဏီအဖွဲ့သားများလည်း အတူ လိုက်ပါလာကြသည်။

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားတက္ကသိုလ်မှ ကလေးနှင့် မိသားစု စိတ်ရောဂါအထူးကု ဆေးရုံအုပ် ဖြစ်သော စိတ်ရောဂါကုသမှု တွဲဘက်ပါမောက္ခ နှင့် လူဝင်စား သုတေသီ ဒေါက်တာ ဂျင်မ် တပ်ကာ လည်း အတူ လိုက်လာသည်။ တွဲဘက်ပါမောက္ခ ဒေါက်တာ ဂျင်မ် တပ်ကာ သည် လူဝင်စား အကြောင်းကို အထူးပြုပြီး လေ့လာနေသည့် ပညာရှင် ဖြစ်သည်။ အထူးသဖြင့် လူဝင်စား ကလေးငယ်များ အကြောင်းကို လေ့လာနေသူ ဖြစ်သည်။

လူဝင်စားလေး ကင်းမရွန်း ယခင်ဘဝက နေထိုင်ခဲ့သည် ဆိုသည့် စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းကို အလည်သွားမည့် အကြောင်းကို ကင်းမရွန်းကို ပြောပြလိုက်သောအခါ ကင်းမရွန်းသည် အလွန်အမင်း ပျော်ရွှင်သွားပြီး တအိမ်လုံးရှိ နေရာအနှံ့မှာ ခုန်ပေါက်နေတော့သည်။

ကင်းမရွန်းတို့ မိသားစုသည် ရုပ်ရှင်ကုမ္ပဏီအဖွဲ့သားများ၊ စိတ်ရောဂါကုသမှု တွဲဘက်ပါမောက္ခ ဒေါက်တာ ဂျင်မ် တပ်ကာ တို့နှင့်အတူ ၂၀ဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလတွင် စကော့တလန်နိုင်ငံ၊ ဘားရာကျွန်းသို့ ခရီးထွက်ခဲ့ကြသည်။

ကင်းမရွန်းက အလွန် ပျော်ရွှင်နေသဖြင့် သူ့မျက်နှာ ဝင်းလက် တောက်ပနေသလား ဟု ကင်းမရွန်းက မိခင် နော်မာကို မေးလိုက်သေးသည်။

၂၀ဝ၅ ခုနှစ်၊ ဖေဖော်ဝါရီလ၏ နေ့တနေ့တွင် စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ၊ မိခင် နော်မာ အစ်ကို မာတင် တို့သည် ရောဘတ်ဆင် မိသားစု၏ "အဖြူရောင် အိမ်" ရှာပုံတော် အဖွဲ့သားများ ဖြစ်သော ရုပ်ရှင်ကုမ္ပဏီအဖွဲ့သားများ၊ စိတ်ရောဂါကုသမှု တွဲဘက်ပါမောက္ခ ဒေါက်တာ ဂျင်မ် တပ်ကာ တို့နှင့်အတူ စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းကို ရောက်လာတော့သည်။

လေယာဉ်က ကမ်းခြေမှာ ဆင်းလိုက်သည့်အခါ အရာရာတိုင်းသည် ကင်းမရွန်း ပြောပြခဲ့သည့်အတိုင်း အတိအကျ ဖြစ်နေသည်။ လူဝင်စားလေး ကင်းမရွန်း က ယခုဘဝတွင် ဘားရာကျွန်းကို တခါမှ မရောက်ဖူးသေးခင်က ပြောဆို သရုပ်ဖော် ပြောပြထားခဲ့သည့်အချက်အလက်များနှင့် ယခု ဘားရာကျွန်းပေါ်တွင် မြင်နေရသည်များက အံဩဘွယ် ကောင်းရလောက်အောင် တသွေမတိမ်း ကိုက်ညီနေသည်။ ကင်းမရွန်းက သူ့အစ်ကို မာတင်နှင့် သူ့မိခင် နော်မာဖက်သို့ လှည့်ကြည့်ပြီး "ကျနော့်ကို အခု ယုံကြပြီလား" ဟု မေးလိုက်သည်။

လူဝင်စားလေး ကင်းမရွန်းက လေယာဉ်ပေါ်က ဆင်းလိုက်စဉ်မှာ လက်နှစ်ဘက်လုံးကို ဝှေ့ရမ်းပြီး "ကျနော် ပြန်လာပြီ" ဟု ကျယ်လောင်စွာ အော်လိုက်သည်။ ကင်းမရွန်းက ဘားရာကျွန်းတွင် နေထိုင်သည့် သူ့ယခင်ဘဝက မိခင် အကြောင်းကို ပြောနေသည်။ ဘားရာကျွန်းက သူ့မိခင်သည် အညိုရောင် ဆံပင်ရှည်များ ရှိပြီး ဆံပင် မညှပ်ပစ်လိုက်မီက ခါးအထိရောက်အောင် ရှည်လျားသည်ဟု ကင်းမရွန်းက သူ့မိခင် နော်မာကို ပြောပြသေးသည်။

လူဝင်စားလေး ကင်းမရွန်း မှာ အထူး စိတ်ဓာတ် တက်ကြွနေသည်။ ယခုဘဝ မိခင် နော်မာ နှင့် ဘားရာကျွန်းမှ ယခင်ဘဝ မိခင် မစ္စစ် ရောဘတ်ဆင် (မစ္စတာ ရှိန်း ရောဘတ်ဆင် ၏ ဇနီး) တို့ တဦးကိုတဦး နှစ်သက်ကြလိမ့်မည်ဟု ကင်းမရွန်းက အားတက်သရော ပြောနေသည်။ သူ့ မိခင် နှစ်ဦး တဦးနှင့်တဦး တွေ့ဆုံစေရန် ကင်းမရွန်းက စိတ်အားထက်သန်နေသည်။

.
လူဝင်စားလေး ကင်းမရွန်း မကောလီ က သူ့ ယခင်ဘဝက စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းပေါ်ရှိ ရောဘတ်ဆင် မိသားစု ၏ "အဖြူရောင် အိမ်" တွင် သူ ဖတ်ခဲ့သော စာအုပ်ကြီး အကြောင်းကိုလည်း ပြောပြတတ်သည်။ ထာဝရဘုရားသခင် အကြောင်း၊ ယေရှုခရစ်တော် အကြောင်းကိုလည်း ကင်းမရွန်းက ပြောတတ်သေးသည်။ ကင်းမရွန်း၏ ယခုဘဝ မိခင် နော်မာ၏ မိသားစုဝင်များသည် ဘာသာတရား ကိုင်းရှိုင်းသူများ မဟုတ်ကြပါ ဟု နော်မာက ဆိုသည်။ ကင်းမရွန်း၏ ယခင်ဘဝက မိသားစု (ဘာရာကျွန်းက မိသားစု) မှာ ဘာသာတရား ကိုင်းရှိုင်းသူများ ဖြစ်ဟန်ရှိသည်ဟု နော်မာက ယူဆသည်။

နော်မာ၊ ရုပ်ရှင်ကုမ္ပဏီ အဖွဲ့သားများ၊ စိတ်ရောဂါကုသမှု တွဲဘက်ပါမောက္ခ ဒေါက်တာ ဂျင်မ် တပ်ကာ တို့သည် ဘားရာကျွန်းသို့ ရောက်လာပြီးနောက် ဟိုတယ်တခုတွင် တည်းခိုကာ ကင်းမရွန်း၏ ယခင်ဘဝနှင့် ပတ်သက်သည့် သဲလွန်စများကို စတင် ရှာဖွေကြသည်။

ဒေသတခုသို့ အလည်အပတ် လာရောက်သူ တိုးရစ်များ အနေဖြင့် ထိုဒေသ၏ သတင်း အချက်အလက်များကို မေးမြန်း စုံစမ်းနိုင်သည့် ယဉ်ကျေးမှု အမွေအနှစ် ပြတိုက်ရုံးကို နော်မာနှင့် ရှာပုံတော်အဖွဲ့သားများက ဆက်သွယ်ကာ "ပင်လယ်အော် ရှိ `အဖြူရောင် အိမ်´ တွင် နေထိုင်သည့် ရောဘတ်ဆင် မိသားစု ကို သိပါသလား" ဟု စုံစမ်းခဲ့ကြသည်။ ပြတိုက်ရုံးဝန်ထမ်းများ၏ မသိပါ ဆိုသည့် အဖြေကို ကြားရသည့်အခါ လူဝင်စားလေး ကင်းမရွန်းက အလွန် စိတ်ပျက်သွားခဲ့သည်။

ထိုနောက် ရှာပုံတော်အဖွဲ့သားများ ဘားရာကျွန်းပေါ်တွင် ကားဖြင့် လှည့်ပတ် သွားလာကာ ရှာဖွေကြသည်။ သို့သော် လူဝင်စားလေး ကင်းမရွန်း ယခင်ဘဝက နေထိုင်ခဲ့သည် ဆိုသည့် "အဖြူရောင် အိမ်" ကို မတွေ့ကြပါ။

.
"ကင်းမရွန်းသည် ပင်လယ်ကမ်းခြေတွင် လေယာဉ်များ ဆင်းသက်သည်ကို သူ၏ အိပ်ခန်း ပြူတင်းပေါက်မှ မြင်နိုင်သည်" ဆိုသည့်အချက်ကို ပြန်လည် ထည့်သွင်း စဉ်းစားကြည့်မိသည့်အခါကျမှ နော်မာနှင့် ရှာပုံတော်အဖွဲ့သားများသည် မှားယွင်းသည့် လားရာဘက်သို့ ကားမောင်းလာခဲ့မိပြီး မှားယွင်းသည့် နေရာများတွင် "အဖြူရောင် အိမ်" ကို ရှာဖွေနေမိပြီ ဖြစ်ကြောင်း သဘောပေါက်လာတော့သည်။

ထိုအတောအတွင်းမှာပင် "ပင်လယ်အော် ရှိ `အဖြူရောင် အိမ်´ တွင် နေထိုင်သည့် ရောဘတ်ဆင် မိသားစု အမှန်တကယ် ရှိသည်" ဆိုသည့် အတည်ပြုထားပြီး ဖြစ်သော သတင်းကို ဟိုတယ်က ဖုန်းဆက် အကြောင်းကြားချက်ကို ရှာပုံတော်အဖွဲ့သားများ ရရှိခဲ့သည်။

ထိုအကြောင်းကို ရှာပုံတော်အဖွဲ့သားများက ကင်းမရွန်းကို မပြောပြဘဲ အိမ်ဖြူ ရှိသည် ဆိုသည့်ဘက်သို့ မောင်းသွားကာ အိမ်ဖြူ ကို ရောက်သည့်အခါ ကင်းမရွန်း မည်သို့မည်ပုံ ဖြစ်ပျက်မည် ဆိုသည်ကို စောင့်ကြည့်ရန် စီစဉ်ခဲ့ကြသည် ဟု ကင်းမရွန်း၏ မိခင် နော်မာက ပြန်ပြောင်း ပြောပြသည်။

ကင်းမရွန်း၊ နော်မာ နှင့် ရှာပုံတော်အဖွဲ့သားများ အိမ်ဖြူကို ရောက်လာကြသည့်အခါ လူဝင်စားလေး ကင်းမရွန်းက အိမ်ဖြူကို ချက်ခြင်းပင် မှတ်မိပြီး အလွန့်အလွန် ပျော်ရွှင်သွားသည်။ အိမ်ဖြူ၏ တံခါးဝသို့ သူတို့ လျှောက်သွားကြသည့်အခါ ကင်းမရွန်းက စကား လုံးဝ မပြောတော့ဘဲ အထူး ငြိမ်သက်နေသည်။

လူဝင်စားလေး ကင်းမရွန်း ယခင်ဘဝက ဘားရာကျွန်းတွင် နေခဲ့စဉ် ကင်းမရွန်း၏ ယခင်ဘဝက မိခင်က ကင်းမရွန်း အိမ်ပြန်အလာကို အိမ်တွင်းတွင် စောင့်နေတတ်သည်ဟု ကင်းမရွန်း က မိခင် နော်မာကို ပြောပြလေ့ရှိသည့်အတိုင်း ယခုလည်း ကင်းမရွန်း၏ ယခင်ဘဝက မိခင်က ကင်းမရွန်းကို အိမ်တွင်းတွင် စောင့်နေမည်ဟု ကင်းမရွန်းက တွေးနေမည် ထင်သည်ဟု နော်မာက မှန်းဆသည်။ သို့သော် ကင်းမရွန်း ယခင်ဘဝက နေထိုင်ခဲ့သော "အဖြူရောင် အိမ်" တွင်းတွင် မည်သူမှ မရှိသည်ကို တွေ့ရသည့်အခါ ကင်းမရွန်းက ဝမ်းနည်းပက်လက် ဖြစ်သွားတော့သည်။

အိမ်ဖြူ၏ ယခင်ပိုင်ရှင်သည် တမလွန်ဘဝသို့ ရောက်သွားခဲ့ပြီ ဖြစ်သည်။ အိမ်ဖြူ၏ သော့ကို ကိုင်ထားသူက နော်မာတို့ကို အိမ်ဖြူကို ဖွင့်ပေးပြီး ဝင်ရောက် ကြည့်ရှုခွင့် ပြုခဲ့ခြင်း ဖြစ်သည်။

လူဝင်စားလေး ကင်းမရွန်းသည် ယခုဘဝတွင် သူ တခါမှ မရောက်ဖူးသေးသော စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းပေါ်ရှိ ရောဘတ်ဆင် မိသားစု၏ "အဖြူရောင် အိမ်" ကို ရင်းရင်းနှီးနှီး သိနေသည်။ အိမ်ဖြူ၏ နေရာတိုင်းကို ကင်းမရွန်းက အကျွမ်းတဝင် သိနေသည်။ အိမ်ဖြူကို မရောက်လာမီကတဲက ကင်းမရွန်း ပြောပြောနေတတ်သည့်အတိုင်း အိမ်ဖြူတွင် အိမ်သာနှင့် တွဲလျက် ရေချိုးခန်း ၃ ခန်း ရှိပြီး ကင်းမရွန်း၏ အိပ်ခန်း ပြူတင်းပေါက်မှ ကြည့်လျှင် ပင်လယ်ကို မြင်နေရသည်။

.
စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ စကော့တလန်နိုင်ငံ၊ ဘားရာကျွန်းရှိ ယခင်ဘဝက "အဖြူရောင် အိမ်" ကို သွားလည်ရာမှ စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့ရှိ ယခုဘဝ နေအိမ်သို့ ပြန်လာပြီးနောက် အဖြစ်အပျက်များ

စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ အကြောင်းကို စနစ်တကျ သုတေသနလုပ်ကာ လေ့လာသူများသည် စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းပေါ်ရှိ "အဖြူရောင် အိမ်" ကို ပိုင်ဆိုင်ခဲ့သည့် ရောဘတ်ဆင် မိသားစုထဲမှ မိသားစုဝင် တဦးကို ခြေရာကောက်မိကြပြီး ထို ရောဘတ်ဆင် ဆိုသူ နေထိုင်သည့် စကော့တလန်နိုင်ငံ၊ စတာလင် မြို့ကလေးရှိ နေအိမ်သို့ သွားရောက် တွေ့ဆုံခဲ့ကြသေးသည်ဟု နော်မာက ပြောပြသည်။ သို့သော် ထို ရောဘတ်ဆင် ထံမှ လူဝင်စားလေး ကင်းမရွန်း၏ ယခင်ဘဝက ဖခင် မစ္စတာ ရှိန်း ရောဘတ်ဆင် ဆိုသူနှင့် ပတ်သက်သည့် သတင်း အချက်အလက်များကိုတော့ မရခဲ့ကြပါ။

လူဝင်စားလေး ကင်းမရွန်းသည် ဘားရာကျွန်း ခရီးစဉ် မတိုင်မီက သူ၏ ယခင်ဘဝက မိသားစု၏ ဓာတ်ပုံများကို ကြည့်ရှုရန် စိတ်အားထက်သန်ခဲ့သည်။ သူ၏ ယခင်ဘဝက ဖခင်၏ ဓာတ်ပုံနှင့် သူကိုယ်တိုင်၏ ယခင်ဘဝက ဓာတ်ပုံများကို မြင်ရမည် ဟု ကင်းမရွန်းက ထင်နေခဲ့သည့် အထင်ကြောင့် ဖြစ်သည်။ ကင်းမရွန်းသည် ဘားရာကျွန်းသို့ သွားမလည်မီကတဲက ကားနက်ကြီး အကြောင်းနှင့် အဖြူနှင့် အမဲရောင် ပါသော ခွေးတကောင် အကြောင်းကို အစဉ်အမြဲ ပြောပြောနေတတ်သည်။ ထိုကားနက်ကြီးရော၊ ဖြူနက် နှစ်ရောင်စပ်ခွေးပါ ဓာတ်ပုံများထဲတွင် တွေ့ရသည်။

နော်မာတို့ ရှာပုံတော်အဖွဲ့သားများ စကော့တလန်နိုင်ငံ၊ ဘားရာကျွန်းမှ စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့ရှိ အိမ်သို့ ပြန်လာပြီးနောက် လူဝင်စားလေး ကင်းမရွန်းသည် စကား သိပ်မပြောတော့ပါ။ ဘားရာကျွန်း ခရီးစဉ် မတိုင်မီကထက် များစွာ ပိုပြီး တိတ်တိတ်ဆိတ်ဆိတ် နေနေတော့သည်။

စကော့တလန်နိုင်ငံ၊ အနောက်ဘက်ကမ်းခြေ အလွန်ရှိ ဘားရာကျွန်းသို့ သွားရောက်ခဲ့သည်မှာ အကောင်းဆုံး လုပ်ဆောင်ချက် ဖြစ်သည်ဟု နော်မာက ဆိုသည်။ ဘားရာကျွန်း ခရီးစဉ်က လူဝင်စားလေး ကင်းမရွန်းကို ယခင်ကထက် များစွာ ပိုမို ပျော်ရွှင်စေခဲ့ပြီး ဘားရာကျွန်းသို့ သွားရန် ထပ်ပြီး မပူဆာတော့ပါ။ ကင်းမရွန်း၏ မိခင် နော်မာ နှင့် အစ်ကို မာတင် က ကင်းမရွန်းက လုပ်ကြံဇာတ်လမ်းများကို စိတ်ကူးယဉ်ပြီး ပြောနေသည်ဟု မထင်တော့ကြောင်းကို ယခုအခါ ကင်းမရွန်းက သိသွားပြီ ဖြစ်သည်။ ကင်းမရွန်း၏ မိခင် နှင့် အစ်ကို က ရှာဖွေနေသည့် အဖြေများကိုလည်း ရှာတွေ့သွားကြပြီ ဖြစ်ကြောင်းကိုလည်း ကင်းမရွန်းက သိနေပြီ ဖြစ်သည်။

.
လူဝင်စား ကလေးငယ် တဦးသည် အသက်အရွယ် ကြီးလာသည်နှင့်အမျှ ယခင်ဘဝနှင့် ပတ်သက်သည့် မှတ်မိမှုသည် တဖြည်းဖြည်း မှေးမှိန် ပျောက်ကွယ်သွားတတ်သည်မှာ သိသာထင်ရှားသည်။

စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ သည် သေခြင်းတရား အကြောင်းကို မိခင် နော်မာကို တခါမှ မပြောဖူးပါ။ သို့သော် လူတဦးသည် သေဆုံးပြီးနောက် တမလွန်ဘဝတွင် ပြန်လည် မွေးဖွားလာမည် ဖြစ်သဖြင့် သေရမှာကို မစိုးရိမ်ရန် လူဝင်စားလေး ကင်းမရွန်းက သူ၏ အချစ်ဆုံး သူငယ်ချင်းကိုတော့ ပြောပြသည်။

ကင်းမရွန်းက မည်သို့မည်ပုံ နော်မာနှင့် အတူ နေထိုင်ရန် လူဝင်စား အဖြစ် လာရောက်ခဲ့ပုံကို နော်မာက မေးသည့်အခါ ကင်းမရွန်း ယခင်ဘဝ က အောက်သို့ ပြုတ်ကျပြီး နော်မာ၏ ဝမ်းဗိုက်အတွင်းသို့ လူဝင်စား အဖြစ် ရောက်လာခဲ့ခြင်း ဖြစ်သည်ဟု လူဝင်စားလေး ကင်းမရွန်းက ပြန်ဖြေသည်။ ကင်းမရွန်း၏ ယခင်ဘဝက အမည်ကို မေးသည့်အခါ ယခင်ဘဝက သူ၏ အမည်မှာလည်း ကင်းမရွန်း ပင် ဖြစ်သည်ဟု လူဝင်စားလေး ကင်းမရွန်း မကောလီ က ဆိုသည်။ (လူဝင်စားလေး ကင်းမရွန်း မကောလီ ၏ ယခင်ဘဝက အမည် အပြည့်အစုံမှာ ကင်းမရွန်း ရောဘတ်ဆင် ဖြစ်သည်။)

စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ အကြောင်းကို ယူကေ ရုပ်မြင်သံကြား အစီအစဉ် ဖြစ်သော Channel 5 က "ယခင်ဘဝတွင် နေထိုင်ခဲ့ဖူးသည့် ကလေးငယ်" အမည်ဖြင့် မှတ်တမ်းတင် ရုပ်ရှင် ရိုက်ကူး ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။

.
လူဝင်စားလေး ကင်းမရွန်း မကောလီ သုတေသန အဆုံးသတ် မှတ်ချက်

ယခင်ဘဝကို မှတ်မိသည့် ဇာတ်လမ်းများ တရုတ်သမိုင်းမှတ်တမ်းများတွင် ရှိသည်။ ဥပမာ - ဂျင်ရှု (ဂျင် မင်းဆက် စာအုပ်) ၏ စတုတ္ထ အထုပ္ပတ္တိတွင် "နာမည်ကျော် စစ်တပ်ကြီးစိုးရေးဝါဒီ နှင့် စာရေးဆရာ ယန်ဟု သည် သူ၏ ယခင်ဘဝတွင် သူ၏ ယခုဘဝတွင် အိမ်နီးချင်း ဖြစ်သူ မစ္စတာ လီ ၏ သား ဖြစ်ခဲ့ဖူးသည်" ဟု မှတ်တမ်းတင်ထားသည်။

လူဝင်စား ကလေးငယ်များ အကြောင်းကို လေ့လာသည့် သုတေသီများ ရှိသည်။ အထက်တွင် ဖော်ပြထားသည့် အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားတက္ကသိုလ်မှ ကလေးနှင့် မိသားစု စိတ်ရောဂါအထူးကု ဆေးရုံအုပ် ဖြစ်သော စိတ်ရောဂါကုသမှု တွဲဘက်ပါမောက္ခ ဒေါက်တာ ဂျင်မ် တပ်ကာ သည် ထိုသို့သော လူဝင်စား သုတေသီ တဦး ဖြစ်သည်။

ဒေါက်တာ ဂျင်မ် တပ်ကာ သည် လူဝင်စား သုတေသန လုပ်ငန်းကို ဗာဂျီးနီးယားတက္ကသိုလ်ရှိ မှတ်ဥာဏ် အခြေပြု သိရှိမှု လေ့လာရေး ဌာန (သဘာဝလွန် ဖြစ်ရပ်များကို စုံစမ်းလေ့လာသော မှတ်ဥာဏ်တခုတည်းအပေါ် အခြေခံပြီး မှတ်မိသိရှိမှု လေ့လာရေး ဌာန) ၏ ဌာနမှူး ပါမောက္ခ ဒေါက်တာ အီယန် စတီဗင်ဆင် (ကွယ်လွန်) လက်အောက်တွင် နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့ပြီး ၂၀ဝ၂ ခုနှစ်၊ ဒေါက်တာ အီယန် စတီဗင်ဆင် အနားယူသည့်အခါ လူဝင်စား သုတေသန လုပ်ငန်းတရပ်လုံးကို လွှဲပြောင်း တာဝန်ယူပြီး ဆက်လက် လုပ်ဆောင်လာသည့် လူဝင်စား သုတေသီ ဖြစ်သည်။

လူဝင်စား သုတေသီ စိတ်ရောဂါကုသမှု တွဲဘက်ပါမောက္ခ ဒေါက်တာ ဂျင်မ် တပ်ကာ သုတေသနပြု လေ့လာခဲ့သည့် လူဝင်စားများ အကြောင်း အင်တာဗျူး မေးမြန်းခန်းကို ၂၀ဝ၉ ခုနှစ်က ညစဉ် ကြည့်ရှုသူ ၁ သန်းကျော် ရှိသည့် အမေရိကန် CNN ရုပ်မြင်သံကြား၏ နာမည်ကျော် အစီအစဉ် ဖြစ်သော Larry King Live အစီအစဉ်တွင် ထုတ်လွှင့်ပြသသွားခဲ့သည်။.

အမေရိကန်ပြည်ထောင်စု၊ ဗာဂျီးနီးယားတက္ကသိုလ်မှ တွဲဘက်ပါမောက္ခ ဒေါက်တာ ဂျင်မ် တပ်ကာ အပြင် အခြား နာမည်ကျော် လူဝင်စား သုတေသီများ ဖြစ်သော စာရေးဆရာမ၊ ကထိက၊ စိတ်ရောဂါကုသသူ မစ္စစ် ကယ်ရာလ် ဘိုးမင်း နှင့် ဗာဂျီးနီးယားတက္ကသိုလ်မှ ဇီဝဓာတုပညာရှင် နှင့် စိတ်ရောဂါကုသမှု ပါမောက္ခ ဒေါက်တာ အီယန် စတီဗင်ဆင် (ကွယ်လွန်) အပါအဝင် သုတေသီများ စုဆောင်းထားသော အသေးစိတ်မှတ်တမ်းများ အားလုံးသည် သေဆုံးပြီးနောက် ပြန်လည် မွေးဖွားခြင်း ရှိသည် ဆိုသည့် အချက်ကို သက်သေပြနေသည်။

.
လူဝင်စားလေး ကင်းမရွန်းသည် ယခင်ဘဝက စကော့တလန်နိုင်ငံ၊ ဘားရာကျွန်းပေါ်ရှိ ရောဘတ်ဆင် မိသားစု၏ "အဖြူရောင် အိမ်" တွင် မစ္စတာ ရှိန်း ရောဘတ်ဆင် ၏ သား ကင်းမရွန်း ရောဘတ်ဆင် အဖြစ် နေထိုင်ခဲ့ပြီး ယခုဘဝတွင် စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့တွင် မစ္စတာ မကောလီ နှင့် နော်မာ တို့၏ သား ကင်းမရွန်း မကောလီ အဖြစ် နေထိုင်ခဲ့သည်။ စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ ၏ ဘဝဇာတ်ကြောင်းက ကျွန်ုပ်တို့ကို အောက်ပါအတိုင်း ပြောပြနေသည်။

"ကျွန်ုပ်တို့၏ ဘဝများသည် စင်စစ်အားဖြင့် သေဆုံးပြီးနောက် မပြီးဆုံးသွားဘဲ ရှေ့ဆက်ပြီး ဘဝ အသစ်များ အဖြစ် တဆက်တစပ်တည်း ဆက်လက် တည်ရှိသွားသည်" ဆိုသည့်အချက်ကို ကင်းမရွန်း၏ ဘဝ နှစ်ဘဝက ကျွန်ုပ်တို့ကို ပြောပြနေသည်။ အသက်ရှင် နေထိုင်ခြင်း နှင့် သေဆုံးခြင်း သည် တည်ရှိခြင်း ပုံစံတခုသာ ဖြစ်သည်။ သေဆုံးပြီးနောက် ပြန်လည် မွေးဖွားလာမည် ဖြစ်သဖြင့် သေခြင်းတရားကို ကြောက်ရန် မလို ဟု ကင်းမရွန်းက သူ့သူငယ်ချင်းကို ပြောသည့်အတိုင်းပင် ဖြစ်သည်။


မကောင်းသည့် အကုသိုလ် အလုပ်များကို ကျူးလွန်ခဲ့သူများ၏ မကောင်းမှု အကုသိုလ်သည် သူတို့ သေဆုံးသည့်အခါ မပျောက်ကွယ်သွားပါ။ လူသားများ အနေဖြင့် ထိုအချက်ကို သတိရပြီး မကောင်းမှု ဒုစရိုက် လုပ်ရပ်များကို မည်သည့်အခါမှ မကျူးလွန်သင့်ပါ။


( "အတိတ်ဘဝကို မှတ်မိသော ဗြိတိသျှ ကလေးငယ်" ခေါင်းစဉ်ကို နှိပ်ပြီး စကော့လူမျိုး လူဝင်စားလေး ကင်းမရွန်း မကောလီ ၏ ဓာတ်ပုံ ကို ကြည့်နိုင်ပါသည်။

(1) စကော့တလန်နိုင်ငံ၊ ဂလပ်စဂိုမြို့တွင် နေထိုင်သော လူဝင်စားလေး ကင်းမရွန်း မကောလီ နှင့် မိခင် နော်မာ (ဓာတ်ပုံ) နှင့်
(2) ကင်းမရွန်း မကောလီ က ယခင်ဘဝက ကင်းမရွန်း ရောဘတ်ဆင် အဖြစ် နေထိုင်ခဲ့သော စကော့တလန်နိုင်ငံ၊ ဘားရာကျွန်းပေါ်ရှိ ရောဘတ်ဆင် မိသားစု ပိုင် "အဖြူရောင် အိမ်" (ဓာတ်ပုံ)
များကို ကြည့်နိုင်ပါသည်။

http://blog.sina.com.cn/s/blog_57d36b9b0100ape5.html )

သိင်္ဂါကျော်ရေ အစ်မကတော့ အခုမှ ဖတ်ဖူးလို့ စိတ်ဝင်စားပြီး ပြန်ဖေါ်ပြလိုက်တယ်။

စကော့လူဝင်စားကလေးအကြောင်း လာတင်တဲ့ စာဖတ်သူကို မကြာသေးခင်နှစ်တွေမှာမှ ဖြစ်ခဲ့တဲ့ လူဝင်စားအကြောင်းကို တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပေးထားတဲ့ Link ကိုနှိပ်လိုက်တော့ တရုတ်စာတွေနဲ့ ရေးထားတဲ့ နေရာမှာ ကလေးနဲ့သူ့အမေပုံကိုပဲ တွေ့ရပါတယ်။ ဒါပေမဲ့ ဒီမှာမှတ်ချက်အဖြစ် လာထည့်ထားတဲ့ စာသားတွေက မြန်မာလိုနဲ့ ရေးပြီးသား တနေရာက ကူးလာတာ ဖြစ်နိုင်လို့ အဲဒီကူးလာတဲ့ မြန်မာစာသားတွေကို တင်ထားတဲ့ Link ရှိတဲ့နေရာကိုလည်း ညွန်းပေးစေချင်တယ်။