မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

အနိုင်ရကိုယ်စားလှယ်များစာရင်း

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ

ရန်ကုန်တိုင်း (၆) ဦး

၁။ ဒေါ်အောင်ဆန်းစုကြည် (NLD) ကော့မူးမြို့နယ် မဲဆန္ဒနယ်မြေ
၂။ ဒေါ်ဖြူဖြူသင်း (NLD) မင်္ဂလာတောင်ညွန့်မြို့နယ် မဲဆန္ဒနယ်မြေ
၃။ ဒေါက်တာ မေ၀င်းမြင့် (NLD) မရမ်းကုန်း မဲဆန္ဒနယ်မြေ
၎။ ဦးဖြိုးမင်းသိန်း (NLD) လှည်းကူး မဲဆန္ဒနယ်မြေ
၅။ ဒေါက်တာမျိုးအောင် (NLD) ဒဂုံဆိပ်ကမ်း မဲဆန္ဒနယ်မြေ
၆။ ဒေါ်စုစုလွင် (NLD) သုံးခွ မဲဆန္ဒနယ်မြေ

မန္တလေးတိုင်း (၆) ဦး

၇။ ဒေါ်ခင်သန္တာ တံတားဦး မဲဆန္ဒနယ်မြေ
၈။ ဒေါက်တာဇော်မြင့်မောင် (NLD) ကျောက်ပန်းတောင်းမြို့နယ် မဲဆန္ဒနယ်မြေ
၉။ ဦးပေါခင် (NLD) နွားတိုးကြီးမြို့နယ် မဲဆန္ဒနယ်မြေ
၁၀။ ဦးအုန်းကြိုင် (NLD) မဟာအောင်မြေ မဲဆန္ဒနယ်မြေ
၁၁။ ဦးဝင်းထိန် (NLD) မိထ္ထိလာ မဲဆန္ဒနယ်မြေ
၁၂။ ဦးကျော်သီဟ (NLD) ပြင်ဦးလွင်မြို့နယ် မဲဆန္ဒနယ်မြေ

ဧရာဝတီတိုင်း (၅) ဦး

၁၃။ ဦးမြင့်ဦး (NLD) သနပ်ပင် မဲဆန္ဒနယ်မြေ မဲဆန္ဒနယ်မြေ
၁၄။ ဦးစိန်ဝင်းဟန် (ခ) ဦးစိန်ဝင်း (NLD) မအူပင်မြို့နယ် မဲဆန္ဒနယ်မြေ
၁၅။ ဦးမန်းဂျော်နီ (NLD) မြောင်းမြမြို့နယ် မဲဆန္ဒနယ်မြေ
၁၆။ ဦးကျော်မင်း (NLD) လက်ပံတန်းမြို့နယ် မဲဆန္ဒနယ်မြေ
၁၇။ ဒေါ်မြင့်မြင့်စန်း (NLD) ၀ါးခယ်မ မဲဆန္ဒနယ်မြေ

မကွေးတိုင်း (၅) ဦး

၁၈။ ဦးပိုက်ကို (NLD) ပခုက္ကူ မဲဆန္ဒနယ်မြေ
၁၉။ ဒေါက်တာအောင်မိုးညို (NLD) ပွင့်ဖြူ မဲဆန္ဒနယ်မြေ
၂၀။ ဦးမြင့်သိန်း (NLD) မကွေး မဲဆန္ဒနယ်မြေ
၂၁။ ဦးမြင့်အောင် (NLD) မြိုင် မဲဆန္ဒနယ်မြေ
၂၂။ ဦးစိုးရွှေ ခေါ် ဦးတင်ဌေးအောင် (NLD) ရေစကြိုမဲဆန္ဒနယ်မြေ

ပဲခူးတိုင်း (၄) ဦး

၂၃။ ဦးအောင်စိုးမြင့် (NLD) တောင်ငူ မဲဆန္ဒနယ်မြေ
၂၄။ ဦးစိန်ထွန်း (NLD) ထန်းတပင မဲဆန္ဒနယ်မြေ
၂၅။ ဦးကျော်မင်း (NLD) လက်ပံတန်း မဲဆန္ဒနယ်မြေ
၂၆။ ဦးမြင့်ဦး (NLD) သနပ်ပင် မဲဆန္ဒနယ်မြေ

နေပြည်တော် (၄) ဦး

၂၇။ ဒေါ်စန္ဒာမင်း (NLD) ဇဗ္ဗျူသီရိ မဲဆန္ဒနယ်မြေ
၂၈။ ဦးနိုင်ငံလင်း (NLD) ဒက္ခိဏသီရိ မဲဆန္ဒနယ်မြေ
၂၉။ ကိုဇေယျသော် (NLD) ပုဗ္ဗသီရိ မဲဆန္ဒနယ်မြေ
၃၀။ ဦးမင်းသူ (NLD) ဥတ္တရသီရိ မဲဆန္ဒနယ်မြေ

စစ်ကိုင်းတိုင်း (၂) ဦး

၃၁။ ဦးခင်မောင်သိန်း (NLD) စစ်ကိုင်း မဲဆန္ဒနယ်မြေ
၃၂ ။ ဒေါ်ခင်သန်းလှိုင် (NLD) ပုလဲ မဲဆန္ဒနယ်မြေ

ရှမ်းပြည်နယ် (၁) ဦး
၃၃။ ဒေါက်တာဒေါ်သန်းငွေ (NLD) ကလော မဲဆန္ဒနယ်မြေ

မွန်ပြည်နယ် (၁) ဦး

၃၄။ ဒေါ်ခင်ဌေးကြွယ် (NLD) မော်လမြိုင် မဲဆန္ဒနယ်မြေ

တနင်္သရီတိုင်း (၁) ဦး

၃၅။ ဦးအောင်စိုး (NLD) လောင်းလုံမဲဆန္ဒနယ်မြေ

၃-၀၄-၁၂ မှာ Update ပြန်လုပ်ထားပါတယ်။

NLD မှ ရွေးကောက်ပွဲနေ့ ညဘက်မှာ ထုတ်ပြန်ခဲ့သော စာရင်း

၁။ ၀ါးခယ်မ ဧရာဝတီတိုင်း
၂။ မြန်အောင် ဧရာဝတီတိုင်း
၃။ မအူပင် ဧရာဝတီတိုင်း
၎။မြောင်းမြ ဧရာဝတီတိုင်း
၅။ဖျာပုံ၊ဒေးဒရဲ(အမျိုးသားလွှတ်တော်) ဧရာဝတီတိုင်း
၆။ ရေကြည် ဧရာဝတီတိုင်း
၇။ ပခုက္ကူ မကွေးတိုင်း
၈။ ရေစကြို မကွေးတိုင်း
၉။ မကွေး မကွေးတိုင်း
၁၀ ။ မြိုင် မကွေးတိုင်း
၁၁။ ပွင့်ဖြူ မကွေးတိုင်း
၁၂။ ကျောက်ပန်းတောင်း မန္တလေးတိုင်း
၁၃။ တံတားဦး မန္တလေးတိုင်း
၁၄။ ပြင်ဦးလွင် မန္တလေးတိုင်း
၁၅။ မဟာအောင်မြေ မန္တလေးတိုင်း
၁၆။ မထ္တီလာ မန္တလေးတိုင်း
၁၇။ ဒက္ခိဏသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၈။ ဥတ္တရသီရိ မန္တလေးတိုင်း (နေပြည်တော်)
၁၉။ တောင်ငူ ပဲခူးတိုင်း
၂၀။ ထန်းတပင် ပဲခူးတိုင်း
၂၁။ လက်ပံတန်း ပဲခူးတိုင်း
၂၂။ က၀ ပဲခူးတိုင်း
၂၃။ ကော့မှူး ရန်ကုန်တိုင်း
၂၄။ ဒဂုံဆိပ်ကမ်း ရန်ကုန်တိုင်း
၂၅။ လှည်းကူး ရန်ကုန်တိုင်း
၂၆။ မရမ်းကုန်း ရန်ကုန်တိုင်း
၂၇။ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်း
၂၈။ စစ်ကိုင်း စစ်ကိုင်းတိုင်း
၂၉။ ပုလဲ စစ်ကိုင်းတိုင်း
၃၀။ မင်းကင်း စစ်ကိုင်းတိုင်း
၃၁။ ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည် စစ်ကိုင်းတိုင်း
(အမျိုးသားလွှတ်တော်)
၃၂။ ကျွန်းစု တနင်္သာရီတိုင်း
၃၃။ လောင်းလုံ တနင်္သာရီတိုင်း
၃၄။ ပုသိမ် ဧရာဝတီတိုင်း
၃၅။ တောင်တွင်းကြီး မကွေးတိုင်း
၃၆။ နွားထိုးကြီး မန္တလေးတိုင်း
၃၇။ ပုဗ္ဗသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၈။ ဇဗ္ဗူသီရိ မန္တလေးတိုင်း (နေပြည်တော်)
၃၉။ မော်လမြိုင် မွန်ပြည်နယ်
၄၀။ သုံးခွ ရန်ကုန်တိုင်း
၄၁။ လားရှိုး ရှမ်းပြည်နယ်



ရွှင်လန်းချမ်းမြေ့ကြပါစေ...

5 comments:

Thank you Ma Nge Naing,
for posting the victory.

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ် ၉၇ (ခ)၊ အနောက်ရွှေဂုံတိုင်လမ်း၊
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့

ရက်စွဲ။ ။ဧပြီလ (၁) ရက် ၂၀၁၂

ယနေ့ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ်အရ ပြည်သူလူထု၏ ထောက်ခံမှုကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များ အောင်နိုင်မှု ရကြောင်း သတင်းများ တက်နေပါသည်။ ယခုလိုအချိန်မှာ ထောက်ခံသော ပြည်သူများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များ ပျော်ရွှင်ကြမည်မှာ သဘာဝကျပါသည်။ သို့သော်လည်း တဖက် အဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များအား စိတ်ထိခိုက်၊ စိတ်မကောင်း ဖြစ်စေနိုင်မည့် အပြောအဆို၊ အမူအရာ၊ အလုပ်အကိုင်များ လုံးဝ ရှောင်ရှားကြရမည် ဖြစ်ပါသည်။ ပြည်သူ၏ အောင်နိုင်မှုသည် သိက္ခာရှိသော အောင်နိုင်မှု ဖြစ်စေရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် အားလုံး အထူး သတိပြုစေလိုပါသည်။

ဒေါ်အောင်ဆန်းစုကြည်
ဥက္ကဌ
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်

(Credit - ကိုဒီမိုဝေယံ)

.
(ခေါင်းစဉ်ကို နှိပ်ပြီး ဗီဒီယို သွားကြည့်နိုင်ပါတယ်။)


ဧပြီလ(၁)ရက်နေ့က ရွှေဂုံတိုင်အဖွဲ့ချုပ် ရုံးရှေ့မှာ ပျော်ရွှင်နေကြတဲ့ လူထုပရိသတ် (ရုပ်သံ)

http://www.demowaiyan.org/2012/04/blog-post_9660.html

.
မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဧပြီလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်

ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

(Mizzima Burmese)

.
Maungmaung Skw

Sunday, April 1, 2012


ထိမ်းထိမ်း သိမ်းသိမ်း လုပ်ကြဖို့တော့ လိုမယ်ထင်တယ်
ပျော်တာတော့ ပျော်ကြတာပေါ့ဗျာ။ ဒါပေမဲ့ ဒီကနေ့နိုင်တာ ဘော်လုံးပွဲနိုင်တာ မဟုတ်ဘူး။ စည်းမဲ့ကမ်းမဲ့ ရုပ်ပျက်ဆင်းပျက် ပွဲခံစရာ ဘာအကြောင်းမှ မရှိဘူး။ အော်သွားကြတာများ နားထောင်ကြည့်စေချင်တယ်။

မန်းလေးသားတွေ ဘာလို့ပျော့် အမေစု့ နိုင်လို့ပျော့်
မန်းလေးသားတွေ ဘာလို့သောက့် အမေစု့ နိုင်လို့သောက့်

တဲ့ဗျာ။

မနေ့ကလည်း ဒီအဖွဲ့ လမ်းထောင့်က ဘီယာဆိုင်မှာ အဖွဲ့ချုပ်အလံ ထောင်ပြီး သောက်နေကြတာ။ ခွပ်ဒေါင်းလက်ပတ်၊ ခွပ်ဒေါင်းနဖူးစီးတွေနဲ့။ ကနေ့လဲ အစောကြီးထဲက မနေ့ကပုံစံအတိုင်း
ဝတ်စားပြီး သောက်နေကြတာ။

အဖွဲ့ချုပ်က လူတွေကတော့ မဲရုံက အလုပ်တွေနဲ့ အလုပ်ရှုတ်နေတုန်း၊ တရားဝင်မဲစာရင်း မထွက်လာသေးလို့ စောင့်နေကြ မျှော်နေကြတုန်း။

အခုနကပြောတဲ့ အမူးအဖွဲ့လို အဖွဲ့တွေ စုမိကြပြီးတော့ ဆိုင်ကယ်အုပ်စုဖွဲ့ပြီး မြို့ပတ်ကြတော့တာဘဲ။ ရိုးရိုးသားသား ပျော်ကြတဲ့သူတွေလဲ ပါပါတယ်။

ယာဉ်တန်းကြီးက တဖြည်းဖြည်း ကြီးလာတယ်။ စည်းကမ်းမဲ့လာတယ်။ ဆိုင်ကယ်စီးဉီးထုတ် မဆောင်းကြတော့ဘူး။ အသံသေး အသံကြောင်တွေနဲ့ အော်လာကြတယ်၊ မီးနီတွေ ဖြတ်မောင်းကြတယ်။ ယာဉ်ထိမ်းရဲတွေကို အော်ဟစ် နောက်ပြောင်သွားကြတယ်။ ရဲတွေ တွေ့ရင်၊ ရဲစခန်းရှေ့ရောက်ရင် သံသေးသံကြောင်တွေနဲ့ အော်ကြတယ်။ ကြံ့ခိုင်ရေးရုံးတွေရှေ့မှာ အကြာကြီး ရပ်ပြီး ဆဲကြတယ်။

ဘာဖြစ်ချင်တာလဲ၊ ဘာတွေ ဖြစ်လာစေချင်တာလဲတော့ မသိဘူး။ အသိတရား ကင်းမဲ့တာ သက်သက်ဘဲလား၊ ရည်ရွယ်ချက်တခုခုနဲ့ လုပ်ကြတာလား၊ ဘာမှန်းတော့ မသိဘူး။ ဘာကြောင့်ဘဲလုပ်လုပ် ပြသနာတစုံတခု ဖြစ်သွားရင်
အဖွဲ့ချုပ်ကဘဲ ရှင်းရမှာ၊ အဖွဲ့ချုပ်ဘဲ တရားခံဖြစ်မှာ။

မနက်ဖန် ကော်မရှင်က အနိုင်ရတဲ့သူ စာရင်း တရားဝင် ကြော်ငြာပြီးရင် အခြေအနေက ဒီ့ထက် ပိုဆိုးလိမ့်မယ် ထင်တယ်။ အဲ့ဒီတော့ မလိုလားအပ်တဲ့ ပြသနာတွေ မပေါ်ရအောင် အဖွဲ့ချုပ်က ပုဂ္ဂိုလ်များက ဝီရိယစိုက်ပြီး စည်းရုံးရေးနည်းနဲ့ ထိမ်းထိမ်းသိမ်းသိမ်း လုပ်ပေးကြပါဉီးလို့ အကျိုးမျှော်၍ နှိုးဆော်လိုက်ရပါသည်ခင်ဗျား။

Maungmaung Skw

http://8-8-88.blogspot.de/2012/04/blog-post_5518.html