မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ချမ်းသာကြီးကျောင်းတိုက်မှာ ကျင်းပမည့် အလှူတော် မင်္ဂလာ ဖိတ်ကြားလွှာ


ရုပ်ရှင်၊ ဗီဒီယို သရုပ်ဆောင် အလှူရှင်များ၊ သြစကြေးလျားမှ အလှူရှင်များနှင့် တခြားခုနှစ်ရက်သားသမီး အလှူရှင်များအပါအ၀င် စုပေါင်းလှူဒါန်းသော သောကအေး နဂါးရုပ်ရှင်တော်မြတ်ကြီး ဌာပနာပူဇော်ပွဲနှင့် သိက္ခာထပ် ရဟန်းခံ ရှင်ပြု အလှူတော်မင်္ဂလာကို ရန်ကုန် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ချမ်းသာကြီး ကျောင်းတိုက်တွင် အောက်ပါ ဖိတ်စာထဲက အစီစဉ်အတိုင်း ကျင်းပ ပြုလုပ်မည်ဖြစ်ပါ၍ မည်သူမဆို ကြွရောက် ကုသိုလ်ယူကြပါရန် ဖိတ်ကြားအပ်ပါသည်။







ဖိတ်စာ

အရှေ့မျက်နှာဖုံး

အလှူမင်္ဂလာအစီစဉ်


ကျောဘက်မျက်နှာဖုံး


အတွင်းဘက် ရဟန်းခံရှင်ပြု အလှူရှင်များစာရင်း


ကြစကြေးလျားက အလှူရှင်များစာရင်းကို မြန်မာလိုနဲ့ တင်ထားတာ ဒီပို့စ်မှာ ကြည့်နိုင်ပါတယ်။


ဖိတ်စာထဲမှာ စာလုံးသေးပြီး မမြင်ရမှာစိုးလို့ ဖိတ်စာအတွင်းဘက်က အစီစဉ်တွေကို စာရိုက်ပြီး ပြန်တင်ပေးလိုက်ပါတယ်။

တကမ္ဘာလုံးရှိ (၇) ရက်သားသမီးများကောင်းမှု၊ သောကအေးနဂါးရုံ ရုပ်ရှင်တော်မြတ်ကြီး ဌာပနာပူဇော်ပွဲနှင့် သိက္ခာထပ်၊ ရဟန်းခံ၊ ရှင်ပြုအလှူတော်

ကျွန်တော်/ကျွန်မတို့သည် သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရန်အမှန် မြတ်နိဗ္ဗာန်ကို ရည်သန်တောင်းဆု အာရုံပြု၍ သောကအေးနဂါး ရုပ်ရှင်တော်မြတ်ကြီး ဌာပနာပူဇော်ပွဲနှင့် ကျေးဇူးတော်ရှင် ဆရာတော် ဦးဝရသာမိ (၀ိဇ္ဇာဝရသိဒ္ဓိအောင်) နယ်လှည့်သာသနာပြုအား သိက္ခာထပ်မင်္ဂလာ နှင့် မိဘမဲ့ ချို့တဲ့ဆင်းရဲသော ကိတ္ထိမသားများကို ရဟန်းခံရှင်ပြု အလှူတော်မင်္ဂလာ ကျင်းပမည် ဖြစ်ပါ၍ အောက်ပါအစီစဉ်အတိုင်း ကြွရောက် ကုသိုလ်ယူနိုင်ရန်အတွက် ခင်မင်လေးစားစွာ ဖိတ်ကြားအပ်ပါသည်။

အလှူတော်မင်္ဂလာနေ့ရက် -
၉-၄-၁၂ (တနင်္လာနေ့) နံနက် ၉ နာရီတွင် ရှင်သာမဏေလောင်းများ ရွှေတိဂုံနှင့် ဗိုလ်တထောင်ဘုရားသို့ ဘုရားကန်တော့ ရှင်လောင်းလှည့်လည်ခြင်း မင်္ဂလာ။

ဖျော်ဖြေရေးအစီစဉ် -
၉-၄-၂၀၁၂ ရက် ညတွင် ရုပ်ရှင်သရုပ်ဆောင်များမှ ဧည့်ခံဖျော်ဖြေခြင်း။

အလှူတော်မင်္ဂလာနေ့ရက်
၁၀-၀၄-၂၀၁၂ (အင်္ဂါနေ့) နံနက် ၁၀ နာရီတွင်သိမ်ဆင်းသံဃာတော် အပါး (၈၀) အား သိမ်ဆင်းလောင်းပြီး အလှူတော်မင်္ဂလာထမင်းဖြင့် ဧည့်ခံပါမည်။




ဒီဖိတ်စာကို ကျွန်မကိုလည်း ဖိတ်ရင်း အွန်လိုင်းပေါ်မှာ တင်ပြီး အများကိုပါ ဖိတ်ပေးဖို့အတွက် ပေးထားလို့ လက်ထဲရောက်နေတာ နှစ်ပတ်ခန့် ရှိပြီ။ စကင်ဖတ်မအားလို့ ပြီးတော့ ရွေးကောက်ပွဲနဲ့ တခြားအကြောင်းအရာတွေကို အရင်တင်နေရလို့ အခုမှ တင်ဖြစ်တာ အားလုံးကို တောင်းပန်ပါတယ်။

ဗုဒ္ဓမြတ်စွာသာသနာ ရောင်ဝါနေသို့လင်းစေသော်

0 comments: