မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၅)


"သမိုင်းဆိုတာ အမှန်တကယ်အများအ တွက် ဘယ်သူ ဘာလုပ်ခဲ့တယ်ဆိုတဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်တာပါ။ အပြောသမားတွေအတွက် နေရာမရှိပါဘူး။ သူများကို သမိုင်းမှာ နာမည်ဆိုးတွင်ရစ်မယ်လေး ဘာလေးနဲ့ ခြိမ်းခြောက်နေတဲ့သူက ယောက်ျားရင့်မကြီးဖြစ်ပြီး မဟုတ်ဘဲ လုပ်ကြံပြောဆိုရေးနေတဲ့အပေါ် အနည်းဆုံး တော့ ကိုယ့်ကိုယ်ကို ပြန်ရှက်ရကောင်းမှန်းတောင် မသိသေးတာ သနားစရာပဲ"

အရင်ပိုင်းတွေကို မဖတ်ရသေးသူများအတွက်  အပိုင်း (၁)  အပိုင်း (၂)၊  အပိုင်း (၃) နဲ့ (၄)  အပိုင်း ၂-၄ ကို အပိုင်း (၁) ရဲ့ Comment အောက်က သူများလာထည့်ထားပေးတဲ့ မှတ်ချက်တွေမှာ လည်း ဖတ်နိုင်ပါတယ်။
(၄)
ထူးဆန်းနေတာက နှိပ်စက်တာမခံနိုင်လို့ ပါးစပ်ထဲရှိတဲ့ နာမည်တွေ လျှောက်အော်ရင်း အများကြီး ဖြစ်ခဲ့တယ် ပြော တယ်။ အဲဒီလို လျှောက်အော်ခဲ့လို့ အဖမ်းခံလိုက်ရတဲ့သူတွေ အကုန်လုံးကလည်း “မဟုတ်ဘူး” လို့ တယောက်မှကို မ ငြင်းခဲ့ကြဘူး။ ဖမ်းလိုက်တိုင်း “ဟုတ်ပါတယ်” ချည်းပဲ ၀န်ခံခဲ့ကြတယ်။ သတ်တော့မယ်ဆိုတာကို သေချာပေါက်သိနေတဲ့ အချိန်မှာတောင် “ဟုတ်ပါတယ်” ပဲ ၀န်ခံနေကြတယ်။ ဘာကြောင့် “ငါတို့ သူလျှိုမဟုတ်ဘူးကွ” လို့ ကျန်နေတဲ့ ရဲဘော် တွေကြားမှာ သံသယလေးတစွန်းတစ ချန်ထားနိုင်အောင် မအော်သွားခဲ့ကြတာလဲ။

တယောက်မကျန် ဟုတ်ပါတယ်။ ၀န်မခံမချင်း ရိုက်စစ်ခံခဲ့ရတာ သေချာရဲ့လား။ ရိုက်စစ်စရာ သိပ်မလိုဘဲ သိပ်အသား အနာမခံရဘဲ အစီစဉ်တကျ ဖြေဆိုခဲ့ကြသူတွေကော တယောက်မှ မရှိနိုင်ဘူးလား။ ဖမ်းတဲ့သူထဲကပဲဖြစ်ဖြစ် အဖမ်းခံရပြီး သူတွေထဲကပဲဖြစ်ဖြစ် မင်းတို့ ငြင်းမနေနဲ့ ငြင်းနေရင် အသားအနာခံရဖို့နဲ့ သေဖို့ပဲရှိတယ်။ ဟုတ်တယ်လို့ ဒီလိုဒီလို ဖြေ လိုက်လို့ဆိုပြီး လမ်းကြောင်းပေးခဲ့သူတွေ ရှိခဲ့လား။ ဘယ်သူတွေလဲ။ မဟုတ်ဘဲနဲ့ အဖမ်းခံခဲ့ရတယ်။

တယောက်စီ ခေါ် ထုတ်ခွဲစစ်ခဲ့တယ်။ ပုံမှန်ဆို ထွက်ဆိုချက်တွေက တယောက်တပေါက်စီ ဖြစ်ကိုဖြစ်နေရမယ်။ ရန်သူ့ သူလျှိုတွေ မဖြစ်နိုင်ဘူးဆိုတဲ့ အနေအထားတွေကို ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော်။ ကိုညီညီကျော်တို့ အဖမ်းမခံရခင် အစ ပိုင်းမှာကတည်းက ညွှန်ပြနေရမယ်။
လက်တွေ့မှာ အရာရှိအဆင့်နဲ့အဖမ်းခံခဲ့ရတဲ့ လူတွေရဲ့စစ်ချက်တွေက အစီအစဉ်တကျ အချိတ်အဆက်မိမိ ရှိနေတဲ့အ ပြင် အဲဒီအဆင့်မှာ ချရေးခိုင်းခဲ့တဲ့ သူတို့ချင်းဆက်သွယ်တဲ့ ကုပ်တွေပါ တူနေကြတာက ယုံကြည်လက်ခံနိုင်လောက်တဲ့ အနေအထားမျိုးတွေကို ညွှန်ပြခဲ့တဲ့အတွက် မှတ်တမ်းတွေယူ၊ ဗွီဒီယိုတွေ ရိုက်ခဲ့ကြတဲ့အပြင် “ငါတို့ မဟုတ်ပဲနဲ့ လုပ်တာ မဟုတ်ပါဘူး” ဆိုတာ သက်သေပြဖို့ “ယင်ဒီးလို” သတင်းထောက်မျိုးကိုတောင် တောထဲခေါ် ပြလိုက်ကြသေးတယ်။

အဖမ်းခံခဲ့ရတဲ့ထဲက ကြောင် (ခ) ကိုကျော်နိုင်ဦး၊ နန်းအောင်ထွေးကြည်၊ ကိုညီညီအပါအ၀င် ဒါတွေနဲ့ပတ်သက်ပြီး မေး မြန်းလာကြတာတွေရှိခဲ့ရင် သက်သေပြနိုင်ဖို့ ချန်ထားတဲ့လူတွေကို မိဘတွေကိုယ်တိုင်လာခေါ်ရင် လွတ်ပေးမယ်ပြောပြီး မိဘတွေဆီကို စာရေးခိုင်းခဲ့သလို မိဘတွေ တကယ်လာခေါ်ကြတော့ ပြန်မထည့်ပေးဘဲ လူကြီးတွေ ဂတိပျက်ခဲ့တာ လည်းရှိတယ်။ တောထဲလိုက်လာတဲ့ မိဘတွေကို ခင်ဗျာ့တို့ သားသမီးတွေက ဒီလိုဒီလိုတွေပါလို့ ရှင်းပြခဲ့ကြသေးတယ်။

အဲဒီအချိန်က ဗဟိုဥက္ကဋ္ဌ ကိုနိုင်အောင်လည်း ရောက်နေတဲ့အချိန်ဖြစ်လို့ အကျယ်ချုပ်နဲ့ပြန်လွတ်ထားတဲ့သူတွေနဲ့ တော ထဲကို လိုက်လာခဲ့တဲ့ မိဘတွေအတွက် ဖျော်ဖြေပွဲလေးတခု လုပ်ခဲ့ကြတယ်။ အဖမ်းခံရပြီး သူ့မိခင်လာတွေ့ပြီးနောက် အ ကျယ်ချုပ်နဲ့ အဆောင်မှာပြန်လာနေတဲ့ နန်းအောင်ထွေးကြည် (ခ) မငယ်က သူအဖေဟာ တချိန်က အမှတ်(၂)ထောက် လှမ်းမှူး ဦးခင်မောင်ကြည် ဖြစ်ပြီး လောဆစ်ဟန်တို့အမှုနဲ့ ပတ်သက်ပြီး ပြုတ်သွားတဲ့သူတဦးဖြစ်ကြောင်း၊ ကေအိုင်အေ က ဗိုလ်ချုပ်ဇော်မိုင်နဲ့ သူတို့မိသားစုက ဘယ်လိုပတ်သက်ဆက်နွယ်မှု ရှိခဲ့တယ်ဆိုတဲ့အကြောင်း ဗိုလ်ချုပ်ဇော်မိုင်က သူ့ အိမ်က သူ့ကိုခေါ်တာ “မိငယ်” မဟုတ်ဘူး “မီးငယ်” လို့ ခေါ်တာတောင် သိနေတဲ့အကြောင်းနဲ့ လက်ရှိအဖြစ်အပျက် တွေကိုပါ ကျမကို ပြောပြခဲ့ဖူးတယ်။

ပထမတော့ နဲနဲအံ့သြမိတယ်။ ဘာကြောင့်လဲဆို သူအဲဒီလို ယုံယုံကြည်ကြည်ပြောပြဖို့ထိ ကျမနဲ့ သူနဲ့က သိပ်အတွဲမဖြစ် ခဲ့ဘူး။ ဒါပေမဲ့ ကျမကိုယ်တိုင်က အဲဒီအချိန်မှာ ဘာတွေဖြစ်နေသလဲဆိုတဲ့ အဖြစ်မှန်ကို သိချင်လွန်းလို့ ကျောင်းသား ထောက်လှမ်းရေးထဲကပဲ ဖြစ်ဖြစ် အဖမ်းခံထားရတဲ့သူထဲကဖြစ်ဖြစ် လာပြောတဲ့သူတွေစကားကို အကုန်လိုက်နားထောင် နေခဲ့တယ်။
နန်းအောင်ထွေးကြည်ရဲ့ အကိုဝမ်းကွဲ ဦးစိုင်းထွန်း သူ့ကိုလာတွေ့ပြီးတဲ့နောက် ကေအိုင်အေဘက်သွားခါနီးမှာ လက် မောင်း သွေးဖောက်ပြီး သစ္စာဆိုချင်တယ်ဆိုလို့ ရင်းမှူးသိုက်ထွန်းဦးဆီက ဓါးမြှောင် ကျမ သွားငှားခဲ့တယ်။ အဆောင် နားက ကျောက်တုံးကြီး ဘေးမှာ ကျမကအရင် ဓါးမြှောင်နဲ့ လက်မောင်းကို စိုက်လိုက်တယ်၊ ရာသီဥတုကပဲ အေးလို့ လား၊ စိုက်တာက သိပ်မနက်လို့ပဲလား မသိဘူး၊ ကျမတို့ထင်ထားသလို သွေးက စီးကျမလာဘူး။ အဲဒါနဲ့ ဆေးဆရာ နိုင်ဝင်း အကူအညီနဲ့ ဆေးထိုးအပ်နဲ့ စုပ်ထုတ်ယူပြီး ရောလိုက်တယ်။ သူမေးတယ် ကဲ ဘာသစ္စာဆိုချင်လဲဆိုတော့ ကျမ က “မှန်တာကို ပြောရမယ်၊ မှန်တာကို လုပ်ရမယ်၊ တော်လှန်ရေးအပေါ် သစ္စာရှိရမယ်” လို့ (၃) ချက်ကို ပြောတယ်။

သူက အောက်က နှစ်ချက်ကိုတော့ ငါလုပ်လို့ရတယ် အပေါ်ဆုံးက “မှန်တာကိုပဲ ပြောရမယ်” ဆိုတာ မင်းငါ့ကိုနားလည် ပေးပါ၊ ငါက အခြေအနေအရ လိမ်ပြောရတာတွေ ရှိတယ်လို့ပြောတော့ ကျမ သဘောတူလိုက်တယ်။ “မင်း ဒီနေရာက ထွက်သွားတာနဲ့ ဒီကိစ္စတွေကို ငါတို့လိုချင်တာ မရသေးတဲ့အချိန်မှာ မဖော်ထုတ်ရဘူး။ အချိန်ကျလို့ ဖော်ထုတ်မယ်ဆိုရင် မဟုတ်ဘဲနဲ့ သေသွားတဲ့သူတွေအတွက် ငါလည်းမှန်တဲ့အတိုင်း ရပ်တည်မယ်။ အချိန်မကျဘဲ ဖော်ထုတ်ခဲ့မယ်ဆိုရင် ရန်သူသဘောကျအောင် လုပ်တာနဲ့ အတူတူပဲမို့ မင်းကိုလည်း ငါ ရန်သူ့လူလို့ပဲ သတ်မှတ်မယ်” လို့ ကျမ သူ့ကို ပြောခဲ့ တယ်။
တချိန်မှာ ဒါတွေအတွက် အမှန်တရားဖော်ထုတ်ပေးဖို့ ရဲဘော်ထွန်းအောင်ကျော်နဲ့အတူ အားလုံးက ဆန္ဒကိုယ်စီ ရှိနေခဲ့ ကြတယ်ဆိုတာ အမှန်ပါ။

ဒါပေမဲ့ တော်လှန်ရေးမှာ နောက်ထပ်နစ်နာဆုံးရှုံးမှုတွေဖြစ်အောင် ဒါတွေကို ရည်ရွယ်ချက်ရှိရှိ ပြန်အသုံးချနေတာမျိုးကိုတော့ ရဲဘော်ထွန်းအောင်ကျော် လိုလားနှစ်သက်လိမ့်မယ်လို့ ကျမ မယုံပါဘူး။ ဒါကို ရဲဘော် ထွန်းအောင်ကျော်ရဲ့ လုပ်ဖော်ကိုင်ဘက်ပါလို့ ကြွေးကြော်နေတဲ့ ကိုအောင်မိုးဝင်း မသိကျိုးကျွန်လုပ်ပြီး အသုံးချနေတာ တော့ ကျမအတွက် နည်းနည်း ထူးဆန်းနေပါတယ်။ (ဖြစ်ရပ်မှန်ကို ရိုးသားစွာ ဖော်ထုတ်တင်ပြနေတာကို မဆိုလိုပါ)
အထက်ဗမာပြည် ဗကသ ညီလာခံဆိုတာ ကျမတို့ မန္တလေးကျောင်းသူကျောင်းသားတွေ နဖူးကချွေး ခြေမ ကျအောင် နေပူပူထဲမှာ တဆိုင်ဝင်တဆိုင်ထွက် တအိမ်ဝင်တအိမ်ထွက် မျက်နှာအောက်ချပြီး အလှူခံ၊ ထမင်းဟင်းတွေ ချက်ပြုတ်၊ ကိုယ်စားလှယ်တော်တွေအတွက် ကျမတို့ကိုယ်တိုင် ထမင်းထုပ်တွေ ပို့ပေးခဲ့တာပါ။

ကိုစိုးလင်း (အာအိုင်တီ၊ မန္တလေး) ကိုယ်တိုင် ထောက်လှမ်းရေးနဲ့ညှိပြီး အခက်အခဲအမျိုးမျိုးကြားက ကျင်းပခဲ့ရတဲ့ ညီ လာခံပါ။ ကိုထွန်းအောင်ကျော်၊ ကိုအောင်နိုင်တို့နဲ့အတူ စင်မြင့်တနေရာကနေ ပွဲကြည့်ပရိတ်သတ်အဖြစ်နဲ့လည်း ကျမ ပါဝင်ခဲ့ပါသေးတယ်။ ထောက်လှမ်းရေးက ဗိုလ်ကြီးမြင့်ဦး ကိုယ်တိုင် သူ့ကားကို ညီလာခံအတွက် သုံးစွဲခွင့်ပေးတဲ့အပြင် ထောက်လှမ်းရေးတွေကို ဗွီဒီယိုမှတ်တမ်း၊ ဓါတ်ပုံမှတ်တမ်းတွေ ရိုက်ခွင့်ပေးခဲ့တဲ့အတွက် အဲဒီညီလာခံလဲ ပြီးရော နောက် ထပ် လူဖမ်းပွဲကြီး စခဲ့တာကိုလည်း မမေ့ပါဘူး။

မန္တလေးကျောင်းသားတွေ သပိတ်မှောက်ထားတဲ့ကြားက ကျမနဲ့ ကျမသူငယ်ချင်း ပါစင်နယ်အနေနဲ့ ကိုထွန်းအောင် ကျော် (မန္တလေး၊ ဗကသ) ရဲ့ညီ ကိုလတ် (မန္တလေး၊ မကသ) တို့ ရတနာဘုမ္မိနယ်မြေမှာ ရုံးစိုက်လုပ်ခဲ့တဲ့ မကသညီလာ ခံကိုလည်း တက်ရောက်ခဲ့လို့ သူငယ်ချင်းတွေ ၀ိုင်းဆဲတာ ခံရပါသေးတယ်။ ကျမ သူငယ်ချင်းက ကိုထွန်းအောင်ကျော် ရဲ့ညီ ကိုလတ်နဲ့ ကျောင်းနေဘက် သူငယ်ချင်းပါ။ လက်ဘက်ရည်ဆိုင်မှာ စုံမိလို့ သူတို့ညီလာခံမှာ ထောက်လှမ်းရေးတွေ ကို လုံးဝအ၀င်မခံတဲ့အပြင် အောက်လိုင်းတွေ ကြိုချထားတာမျိုးလည်း မလုပ်ဘူးဆိုလို့ စိတ်ဝင်စားပြီး သွားတက်ကြည့် တာပါ။

ဗကသဆိုတာ ကျောင်းသားအားလုံးပိုင်တဲ့ အားလုံးက တန်ဖိုးထားတဲ့ သမိုင်းဝင်နာမည် တခုပါ။ ဗကသကိုယ်စား ပြော နေသလိုနဲ့ ဘယ်သူကမှ ဒီကိစ္စအတွက် တာဝန်ပေးထားတာမရှိဘဲ ကာဗာလုပ်ပြီး အသုံးမချပါနဲ့။ ကိုယ့်ကိုယ်ကိုယုံရင် ကိုယ့်အရည်အချင်းကိုပဲ ကိုယ်သုံးစေချင်ပါတယ်။ အချိန်တန်ရင် ဗကသ ကိုယ်စားပြောဖို့ အမှန်တကယ်တာဝန် အပေးခံ ရသူ ထွက်လာပါလိမ့်မယ်။ ဒီအတွက်တော့ စိတ်ပူစရာမရှိဘူးလို့ပဲ ကျမပြောချင်ပါတယ်။

မန္တလေး ကျောင်းသားလှုပ်ရှားမှုအကြောင်း ကောင်းကောင်းနားမလည်တဲ့ “စစ်ကြောရေးမှာ ပါတဲ့သူတွေကလည်းကွာ ဒီ လောက်တုံးရသလား” ဆိုတဲ့ နန်းအောင်ထွေးကြည်ရဲ့ မှတ်ချက်ကို မန္တလေးကျောင်းသားလှုပ်ရှားမှုထဲမှာ ကိုယ်တိုင်ပါ ၀င်ခဲ့ဖူးတဲ့ ကျမ အပြည့်အ၀ထောက်ခံပါတယ်။
ကေအိုင်အေက မငယ် (ခ) နန်းအောင်ထွေးကြည်ကို ခေါ်ထားတဲ့အချိန်မှာ သူနေတဲ့အဆောင်ကို ကျမသွားတွေ့ခဲ့တယ်။ အဲဒီလိုသွားတာမျိုးက ကျမအတွက် အန္တရာယ်ရှိမှန်း ကျမသိတယ်။ ဒါပေမဲ့ အဲဒီအချိန်က ကြိုက်တဲ့အချိန် ဖမ်းဆိုတဲ့ စိတ် နဲ့ ကျမ သိပ်ဂရုမစိုက်ခဲ့ဘူး။ အဲဒီကတည်းက သူရေးထားတဲ့မှတ်တမ်းစာအုပ်လေး ကျမကို ပေးဖတ်ခဲ့တယ်။ သူဟာ ထောက်လှမ်းရေး မဟုတ်တဲ့အကြောင်း ပထမဆုံးအနေနဲ့ ကျမကို သူထုတ်ပြောခဲ့တယ်။ ကျမ နားမလည်တာတွေ သူ့ကို ပြန်မေးခဲ့တာတွေရှိတယ်။

“ဥပမာ ငါသာ အဖမ်းခံရလို့ မေးလာခဲ့ရင် ထောက်လှန်းရေးနံပါတ် ဘယ်နှစ်လုံးရှိလဲ ငါမသိဘူး။ ‘၀၀’ သုည သုညနဲ့ စသ လား။ ‘၀၁၁’ သုညတစ်တစ်နဲ့ စသလား ဘာနဲ့စမှန်းငါမသိပဲ ဘယ်လိုဖြေမလဲ” မေးကြည့်တော့ …
“အဲဒါ ဘယ်အချိန်မေးမေး ငါတို့အမြဲမှတ်မိနေတဲ့ ရက်စွဲတွေခုနှစ်တွေကို ငါတို့ဖြေထားကြတာ၊ ဥပမာ ငါဆို က ၁၇၅၀ (၁၇) က ငါ့ရဲ့ ကျောင်းသားရဲမေ ကိုယ်ပိုင်နံပါတ် (၅၀) က တရာရဲ့တ၀က် ဘယ်အချိန်မေးမေး ငါမှတ်မိတယ်။

“ဒါဆို ဘာတွေလုပ်ကြသလဲ မေးရင် ကိုယ်မလုပ်ပဲနဲ့ ဘယ်လိုလုပ်ဖြေမလဲ ထပ်မေးမိတော့ …
“အဲဒါက တယောက်နဲ့တယောက် မတူဘူး။ ငါတို့ လိုင်းတွေ ခွဲထားကြတယ်။ ရဲဘော်အချင်းချင်းကြား သွေးခွဲပေးတာ။ ရဲဘော်တွေနဲ့ လူကြီးတွေကြား မကျေနပ်မှု ဆူပူမှုတွေ ဖန်တီးပေးတာက တလိုင်း။ ခေါင်းဆောင်နေရာတွေ ရအောင်ယူ ပြီး ကိုယ်လိုချင်တဲ့လိုင်းရောက်အောင် ခေါ်သွားမှာက တလိုင်း။ အဲဒီလိုမှ မရရင် လက်နက်နဲ့ အာဏာသိမ်းမယ်။ ဒါမှ မရ ရင် နောက်ဆုံး လူကြီးတွေကို အဆိပ်ခပ်သတ်မယ် အဲဒီလိုမျိုးတွေ”
အဲဒီအချိန်ကတော့ ဘာမှန်းမသိပဲနဲ့ နားထောင်ခဲ့ရတာမို့ ဘာမှဆက် မမေးဖြစ်ခဲ့ဘူး။ အခုတချို့လူတွေ ပြန်ရေးထားတာ ကို ဖတ်ကြည့်မိတော့ မရှိဘဲနဲ့ သူတို့ဖြေထားခဲ့တဲ့ လက်နက်တွေ၊ အဆိပ်တွေ၊ ဆက်သွယ်ရေးစက်တွေ ထုတ်မပေးမချင်း နည်းအမျိုးနဲ့ နှိပ်စက်ညဉ်းပမ်းမေးနေတဲ့သဘောကိုတွေ့ရတော့ ကျမအတွက် မေးခွန်းတခု တိုးလာတယ်။
ဘယ်သူတွေက ဒီလိုင်းတွေကို ချပေးပြီး ဖြေခိုင်းခဲ့ကြတာလဲ၊
ဖမ်းတဲ့သူတွေထဲကလား၊
အဖမ်းခံရတဲ့ လူတွေထဲကလား၊
ဒါဟာ အစီအစဉ်ရှိရှိ လုပ်ခဲ့ကြတယ်ဆိုတာကို ပြနေပါတယ်။
အဲဒီအချိန်က ကိုယ့်သူမယုံ သူ့ကိုယ်မယုံ ဖြစ်နေတဲ့အချိန်ပါ။ ကိုမျိုးဝင်းရှေ့တန်းထွက်နေတဲ့ အချိန်မှာလည်း သူပြန်လာ ရင် ကိုအောင်နိုင်၊ ကိုသံချောင်း၊ ကိုနေထွန်း၊ မခင်မာအေးနဲ့ ကျမတို့ငါးယောက်ကို ထပ်ဖမ်းအုံးမယ်လို့ နောက်တန်းမှာ သတင်းတွေ ပြန့်နေတယ်။ ကိုမျိုးဝင်း တိုက်ပွဲကျတာ ကြားရတော့ ကျမ မျက်ရည်ကျခဲ့တယ်။ ဒါကို နောက်ပိုင်း နန်းစော က “ဒေါ်လှိုင်ကလည်း ပြန်လာရင် ကိုယ့်ကိုဖမ်းမယ့်သူပါဆို ဘာကိစ္စ ငိုရတာလဲ” တဲ့။
ဒါက ကိုမျိုးဝင်းရဲ့အပိုင်းပါ။ ကျမအနေနဲ့တော့ ကျမတို့အားလုံးဟာ မိဘပြည်သူတွေနဲ့ ကျမတို့တိုင်းပြည်ကို ကောင်းစေ ချင်တဲ့ ဆန္ဒတွေကိုယ်စီနဲ့ ကျောင်းသားလူငယ်ဘ၀ရဲ့ လက်ဘက်ရည်ဆိုင်ထိုင်၊ သီချင်းလေးတွေနားထောင်၊ အချစ်အ ကြောင်းတွေ ဆွေးနွေးရင်း ဟိုငေးဒီငေးနဲ့ အပူပင်မဲ့ ချိုမြိန်တဲ့အရသာတွေကို ဘေးဖယ် တော်လှန်ရေးရဲ့ သေနတ်သံ၊ လက်နက်ကြီးသံ၊ မိုင်းကွဲသံတွေကြားမှာ သူ့အလှည့်လား ငါ့အလှည့်လား ၀မ်းနည်းကြေကွဲဖွယ် သတင်းတွေနားထောင် ခါးသီးတဲ့ဆင်းရဲဒုက္ခတွေကို ရင်ဆီးခံရင်း ပေးဆပ်ခဲ့ရတဲ့ ဘ၀တူ ရဲဘော်တွေပဲ ဆိုတဲ့ခံစားမှု။
ဒီလိုသတင်းတွေကို ဘယ်သူတွေဖြန့်နေကြတာလဲ မသိပေမယ့်၊ ဒါက ကိုသံချောင်းနဲ့ ကိုမျိုးဝင်းကို တိုက်ပေးလိုက်တဲ့ သဘော။ ဒါကြောင့် ကိုမျိုးဝင်းတိုက်ပွဲမှာ ကျတာတောင် ရှေ့ကျည်လား နောက်ကျည်လား လုပ်နေကြတာပါ။

ကိုခင်မောင်ဇော် (မြို့မှာတုန်းက ကောင်စီရုံးက လက်နှိပ်စက်စာရေး။ ဒါပေမဲ့ ကြည့်လိုက်တိုင်း ယူနီဖောင်းနဲ့ အသားကျ နေတဲ့ သူ၊ ယူနီဖောင်းရဲ့ လျှို့ဝှက်ချက်က အသားမကျတဲ့သူဆို မီးပူတိုက်ဝတ်တောင်မရဘူး။ အသားကျပြီးသား ဆိုရင် လည်း အသားမကျအောင် ၀တ်လို့ကို မရတော့တာ။ မြောက်ပိုင်းကို စရောက်ကတည်းက သူ့ရုပ်ကိုမြင်တိုင်း ရဲနဲ့တူသလို နန်းရှေ့ရဲစခန်းဘက်မှာ မြင်ဖူးသလို စိတ်မှာခံစားခဲ့ဖူးတယ်။ မေးကြည့်တော့ မန္တလေးကလို့ မပြောဘူး၊ ပုသိမ်ကြီးကတဲ့၊ ပြန်ဝင်ခဲ့တဲ့အချိန် ပြန်တွေ့တော့ သူပြောတဲ့ပုသိမ်ကြီးဆိုတာ အဟုတ်။ မန္တလေးအရှေ့ဘက်ထွက်ပေါက် ကပ်ရက်က ပု သိမ်ကြီး ဖြစ်နေတယ်။ အဖမ်းခံရချိန် သူဖြေထားတာက ဒလမ) အရာရှိရိပ်သာက အကျယ်ချုပ်ကနေလွတ်ပြီးတဲ့ နောက် မှာတောင် စစ်ရုံးမှာ ပြန်လုပ်ခွင့်ရခဲ့သေးတယ်။

တနေ့ ကျမ စစ်ရုံးဘက်ကို တက်အသွားမှာ ကိုခင်မောင်ဇော်က ကိုမျိုးဝင်းပစ္စည်းတွေ ရှင်းနေတာလား မီးရှို့နေတာလား မမှတ်မိ။ မှတ်မိနေတာက ကိုမျိုးဝင်း ကျဆုံးချိန်က ၀တ်ခဲ့တဲ့ စစ်ပျောက်ကျား ၀စ်စကုတ်လေးကိုင်ပြီး ထွက်လာတယ်။ “ကျည်ဆံက ရှေ့ပေါက်လား နောက်ပေါက်လား” လို့ပြောရင်းနဲ့ ကျမရှေ့တင် မြေပေါ်မှာ ဖြန့်ချကြည့်နေတယ်။ သူလည်း ကျမကို မျက်မြင်သက်သေအဖြစ် ချန်ထားတာ သိနေပုံရတယ်။ ကျည်ဆံရှေ့ပေါက်လား နောက်ပေါက်လား အသေအ ချာထပ်သိချင်တဲ့ သူများရှိနေသေးခဲ့ရင် အရာရှိရိပ်သာ အကျယ်ချုပ်ကနေ ထွက်ပြေးသွားခဲ့တဲ့ ရဲဘော်တွေအခေါ် ခို (ခ) ကိုခင်မောင်ဇော် (မန္တလေး၊ စစ်ရုံးအုပ်) ကို မေးကြည့်နိုင်ပါတယ်။

ကျမ မသိတဲ့ အမေးပုစ္ဆာ
ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအချိန်မှာ ကျမ ကေအိုင်အေဆေးသင်တန်းမှာ ရှိနေတဲ့အချိန်မို့ မြို့မှာကတည်းက ကျမသိခဲ့ တဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ)၊ ကိုအောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ)တို့ ဘယ်အချိန်က ဗဟိုကို ရောက်နေကြမှန်းတောင် ကျမ မသိခဲ့ဘူး။ ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီးအလိုမှာပဲ မြို့ကနေ အုပ်လိုက်ရောက်လာခဲ့တဲ့ လူသစ်တွေလည်း ရှိတယ်။ အဖမ်းခံခဲ့ရတဲ့ တောထဲက ရဲဘော် ရဲမေတွေဖြစ်တဲ့ နန်းစော၊ နန်းအောင်ထွေးကြည် တို့ ကိုယ်တိုင်တောင် ကိုချိုကြီး (မန္တလေး၊ ယူဂျီ၊ အသတ်ခံရ)၊ ကိုအောင်မင်း (မန္တလေး၊ယူဂျီ၊ ထောင်ထဲမှာ အရိုက်ခံရသေ ဆုံး)၊ ကိုကျော်ဝေ (မန္တလေး၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုကျော်ဌေး (မန္တလေး၊ စစ်ကြောရေးမှာ သေဆုံး)၊ အောင်ဖိုး (ရန်ကုန်၊ စစ်ကြောရေးမှာသေဆုံး)၊ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ သူတယောက်သာ ကေအိုင်အေ အကာအကွယ်အောက် ကနေ ပြန်လွတ်) တို့တွေကို အဖမ်းခံရခါနီးနဲ့ ခံရတဲ့အချိန်ကျမှသာ မြင်တွေ့ဖူးခဲ့ကြရတာပါ။

နောက်ထပ် ရိုးရိုးသားသားလူသစ်နှစ်ယောက် (အမျိုးသမီးတယောက်၊ အမျိုးသားတယောက်) ကို ဒါတွေနဲ့ မသက်ဆိုင် ဘူးလို့ ယူဆကြလို့ ဒါတွေဖြစ်နေတဲ့အချိန် ကေအိုင်ဘက်မှာ ခဏထားပြီး ပြန်လွှတ်လိုက်ပါတယ်။ ကျမ နားမလည်နိုင် တာက ဒါတွေဖြစ်ပျက်နေတဲ့အချိန် ကွက်တိကြီးမှာမှ ဒီ ယူဂျီလုပ်ခဲ့သူတွေအားလုံး ဘာကြောင့် ဗဟိုမှာ ရောက်နေကြ ရတာလဲ။
တနည်းအားဖြင့် သူတို့ရောက်လာကြတဲ့အချိန် ကွက်တိကြီးမှာမှ ဘာကြောင့် ဒါတွေဖြစ်ပျက်သွားခဲ့ရတာလဲ။ အဖမ်းခံရ ပြီး၊ အကျယ်ချုပ်ကနေ လွတ်လာတဲ့ ကိုညီညီ (မန္တလေး၊ ယူဂျီ၊ ပြန်လွတ်) က လက်ချာဟောဘေးမှာ ကျမကို လာတွေ့ပြီး ကိုမျိုးဝင်းတို့ ကိုသံချောင်းတို့က ရန်သူ့လူတွေ မဖြစ်နိုင်ဘူးလားလို့ လိုင်းတင်မေးလာတာတွေရှိတယ်။ ကျမက “အဲဒါ တော့ မဖြစ်နိုင်ဘူး။ ကိုသံချောင်းဆို ဒီလောက်ရိုးတာ သူကျောင်းသားဆိုတာ ကျမယုံတယ်” လို့ ပြန်ဖြေခဲ့တယ်။

ဒါကိုမေးခဲ့တဲ့ ကိုညီညီဆိုတာ မြို့မှာတုန်းက ဂေါ်စတာရုံးမှာ မြင်ဖူးနေတာကလွဲလို့ စကားတောင်မပြောခဲ့ဖူးဘူး။ ဒါတွေ ဖြစ်ခါနီးအလိုမှာမှ တောထဲကို ကိုချိုကြီး၊ ကိုအောင်မင်းတို့နဲ့အတူ ယူဂျီအနေနဲ့ လာခဲ့တာ။ အကျယ်ချုပ်နဲ့ အဖမ်းခံရပြီး ပြန်လွတ်လာလို့သာ အခုလို စကားပြောခွင့်ရခဲ့တာ။ ကိုညီညီ (မန္တလေး၊ ယူဂျီ) ဆိုတာ တောထဲမှာ ရဲဘော် ရဲမေ ဘ၀မျိုး နဲ့ မနေခဲ့ဖူးသလို၊ အဖမ်းခံရတဲ့ ရဲဘော် ရဲမေတွေအားလုံး အကြောင်းမပြောနဲ့ သူလာမေးနေတဲ့ မန္တလေးသူ ကျမ အ ကြောင်းတောင် ကောင်းကောင်းသိမှာ မဟုတ်ပါဘူး။
အဲဒီလိုလူရဲ့အကို ကိုမောင်မောင် (ရွှေကရ၀ိတ်) က ဒါတွေနဲ့ပတ်သက်ပြီး စာအုပ်ထုပ်ဖို့ အဆင်သင့်ပဲဆိုတော့ အံ့သြ စရာပဲ။ တောထဲမှာ ရဲဘော်ရဲမေတွေနဲ့ အတူတူနေခဲ့ပြီး ကိုယ်တိုင်အဖမ်းခံခဲ့ရတဲ့ ဒီဖြစ်ခဲ့တာတွေနဲ့ ပတ်သက်ပြီး တစိတ် တပိုင်းအားဖြင့် တာဝန်ရှိခဲ့တဲ့ ကိုရဲလင်း၊ ကိုညီညီကျော်တို့လို ဗဟိုကော်မတီဝင်တွေတောင် ထောင့်စုံအောင် မစဉ်းစား နိုင်ခဲ့တဲ့ ကိစ္စ။ အေဘီရဲ့အပြင်ဘက်ကလူပါဆိုတဲ့သူက ဘာတွေပိုသိနေလို့ ဘာတွေကိုရေးမှာလဲ စိတ်ဝင်စားစရာပဲ။
အဲဒီ ကိုမောင်မောင် (ရွှေကရ၀ိတ်) ဆိုတာ ကျမ တောထဲသွားတဲ့အချိန်က ကိုချိုကြီးနဲ့အတူ စီစဉ်ပေးခဲ့သူ။ ကျမ (၁၉၉၆ ၉၇) အထဲကို ပြန်ဝင်တုန်းက သူနဲ့ပတ်သက်တာတွေ ဘာမှမပြောဖို့ လှမ်းအကြောင်းကြားခဲ့တယ်။ ကျမ ကိုယ်တိုင်က လည်း ကျမအကြောင်းကလွဲရင် ဘယ်သူ့အကြောင်းမှ ထည့်ပြောဖို့ ရည်ရွယ်မထားဘူး။ အဲဒီတုန်းက ကိုမောင်မောင် ဆီ မှာ ကျောင်းသားတပ်ကသီချင်းတွေ ပြန်နားထောင်ချင်လို့ သီချင်းခွေ သွားယူခဲ့သေးတယ်။ နန်းစော ခေါ်သွားလို့ ကိုညီ ညီကျော် တို့ အိုကေတို့နဲ့လည်း လက်ဘက်ရည်ဆိုင် ထိုင်ဖြစ်သေးတယ်။
ဘာကြောင့်လည်းတော့ မသိဘူး၊ ကိုညီညီနဲ့တော့ တခါမှကို မဆုံဖြစ်ခဲ့ဘူး။ (ကိုညီညီကတော့ တရုတ်တန်းဈေးက သူ့ မိန်းမဈေးဆိုင်ရှေ့မှာ ကျမကို ဆဲတောင်လွတ်လိုက်တယ်ဆိုပါလား။ သူများကို သမိုင်းမှာ နာမည်ဆိုးတွင်ရစ်မယ်လေး ဘာလေးနဲ့ ခြိမ်းခြောက်နေတဲ့သူက ယောက်ျားရင့်မကြီးဖြစ်ပြီး မဟုတ်ဘဲ လုပ်ကြံပြောဆိုရေးနေတဲ့အပေါ် အနည်းဆုံး တော့ ကိုယ့်ကိုယ်ကို ပြန်ရှက်ရကောင်းမှန်းတောင် မသိသေးတာ သနားစရာပဲ။ သမိုင်းဆိုတာ အမှန်တကယ်အများအ တွက် ဘယ်သူ ဘာလုပ်ခဲ့တယ်ဆိုတဲ့ လုပ်ရပ်တွေကို မှတ်တမ်းတင်တာပါ။ အပြောသမားတွေအတွက် နေရာမရှိပါဘူး။

ကျမအနေနဲ့တော့ ဘယ်သူ့ကိုမှ ရှောင်နေစရာ အကြောင်းမရှိတာတော့ သေချာပါတယ်။ တော်လှန်ရေးထဲက လူချင်း မျက်လုံးချင်းစုံပြီး ကျမ မကြည့်ရဲတဲ့သူ အခုချိန်ထိ တယောက်မှ မရှိသေးဘူး။ ကျမအဖေ ကျမကိုပေးခဲ့တဲ့အမွေက ပစ္စည်းဥစ္စာ မဟုတ်ဘူး။ လိပ်ပြာသန့်အောင် နေထိုင်တတ်နည်းပဲ။
ကိုညီညီရဲ့အကို ကိုမောင်မောင်သာ ဒီလိုင်းပေါ်ကို တက်မလာခဲ့ရင် သူ့နာမည်ကို ကျမ ထည့်ရေးစရာ မရှိဘူး။ ဒါပေမဲ့ လိုင်းပေါ်ကို တက်လာတဲ့အပြင် အဖွဲ့ကိုပါတိုက်ခိုက်လိုတဲ့ သဘောတွေ့ရလို့ သူဘာလဲဆိုတာ စဉ်းစားစရာဖြစ်လာတယ်။

တောနဲ့ ယူဂျီလိုင်းချိတ်ပြီး ပြန်ဝင်သွားခဲ့တဲ့ တောထဲကလူတချို့ မန္တလေးမှာ အဖမ်းခံခဲ့ရတယ်။ မန္တလေးမှာ လုပ်နေတဲ့ လူတချို့လည်း အဖမ်းခံခဲ့ရပြီး ထောင်ထဲရောက်သွားတယ်။ ရန်ကုန် မန္တလေးနဲ့ ချိတ်ပြီးလုပ်နေတဲ့ ရှမ်းပြည်မြောက်ပိုင်း က ရှမ်းလူငယ်တချို့ နှစ်ရှည်ထောင်ဒဏ်တွေ ကျခဲ့တယ်။ စစ်ကြောရေးမှာ ညဉ်းပမ်းနှိပ်စက်မေးမြန်းဒဏ် တော်တော် လေးခံ လိုက်ကြရတယ်။ ထဲထဲဝင်ဝင် လုပ်ခဲ့တဲ့ လူတချို့ ထောင်ထဲမှာ ရှိနေတုန်းပဲ။ ထဲထဲဝင်ဝင် လုပ်ခဲ့တာမျိုးမရှိတဲ့ ကျမတောင် တောထဲရောက်တာ စောသွားလို့နဲ့ ကျမနဲ့ ကျမ သူငယ်ချင်း (မာလာသိန်း၊အထဲပြန်ရာက်စဉ်သူပြောပြခဲ့လို့) ကို လူမှားပြီးလိုက်နေလို့ အဖမ်းမခံခဲ့ရတာ။ ထောက်လှန်းရေးက စလေ၊ ရွေဘိုမှာရှိတဲ့ အကိုအမအိမ်တွေပါမကျန် လိုက် ရှာခဲ့ကြတာ။

ကိုချိုကြီးရဲ့ လူယုံအနေနဲ့ ယူဂျီလုပ်ငန်းအတော်များများမှာတွဲလုပ်ခဲ့တဲ့ (ကေအိုင်အေအတွက်တောင် လုပ်ပေးခဲ့တာတွေ ရှိတဲ့) ကိုမောင်မောင်ကတော့ တခါမှအဖမ်းမခံခဲ့ရဖူးဘူး။ ဒါတွေကြောင့် ကေအိုင်အေက ဗိုလ်မှူးပန်းအောင်က သူ့ရဲ့ညီ ကိုညီညီကို ခေါ်ထားပေးခဲ့ ကာကွယ်ပေးခဲ့တယ်။ ထဲထဲဝင်ဝင် ယူဂျီလုပ်နေတဲ့ထဲမှာ ကိုချိုကြီးရဲ့ လူယုံတယောက်အဖြစ် နေရာတိုင်းမှာပါခဲ့ပေမဲ့ အခုချိန်ထိ အဖမ်းမခံခဲ့ရသေးတာ ကိုချိုကြီးတို့နဲ့အတူ တောထဲထွက်ပြေးဖို့လည်း မလိုသေးတာ ဘာကြောင့်လဲ။
ဒါတွေ ဖြစ်ခါနီးအလိုမှာ တောထဲကိုရောက်လာကြတဲ့ ကိုချိုကြီး (မန္တလေး၊ ယူဂျီ) အောင်မင်း (မန္တလေး၊ ယူဂျီ)၊ ကိုကျော် ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) အားလုံးအသတ်ခံခဲ့ရပေမဲ့ ကိုမောင်မောင် (ကရ၀ိတ်) ရဲ့ ညီဖြစ်တဲ့ ကိုညီညီ (ယူဂျီ၊ မန္တလေး) တယောက်တည်း ပြန်လွတ်လာခဲ့တာ ကံကောင်းသွားတယ်လို့ ပြောရမလို ဖြစ်နေ တယ်။

ဒီအဖြစ်အပျက်တွေ ဖြစ်ခါနီး အလိုလောက်မှာမှ မြို့မှာနေလို့မရတော့တဲ့ အဖြစ်မျိုး ဖန်တီးပြီး ကိုချိုကြီး၊ ကိုအောင်မင်း တို့ကို တောထဲကိုမောင်းပို့ခဲ့တာ ထိုးကျွေးဖို့ ရည်ရွယ်ချက်နဲ့လား။ မတော်တဆ တိုက်ဆိုင်မှုပါလို့ ဘယ်လိုယူဆနိုင်ပါ သ လဲ။
ကိုချိုကြီးကို နိုင်ငံရေးဌာနမှာ ကိုညီညီကို နိုင်ငံခြားရေးမှာ တာဝန်တွေပေးခဲ့တယ်တဲ့။ တခြားသူတွေတော့ မသိဘူး ကျမ တော့ တခါမှကို မကြားခဲ့ဖူးဘူး။ ဒါတွေဖြစ်နေချိန်ကြီးမှာ ဘယ်သူမှ ဒီရာထူးတွေပေးဖို့ စဉ်းစားနိုင်မယ်လည်း မထင်ပါ ဘူး။ မဟုတ်ဘဲ ဘာကြောင့် ဇာတ်လမ်းတွေ ဆင်နေရတာလဲ။
ကိုအောင်မင်း (မန္တလေး၊ ယူဂျီ) ကို ကျမ သိပေမဲ့ အဲဒီ ယူဂျီလိုင်းကနေ ဒါတွေဖြစ်ခါနီးမှ တောထဲကိုလွတ်ပေးခဲ့တဲ့ ကို ကျော်ဌေး (မန္တလေး)၊ ကိုကျော်ဝေ (မန္တလေး)၊ အောင်ဖိုး (ရန်ကုန်) တို့ရဲ့ သမိုင်းကြောင်းလေးတွေလည်း ချန်မထား သင့်ပါဘူး။ သူတို့တွေ အဖမ်းခံရပြီးနောက်မှ အဖမ်းခံခဲ့ရတဲ့ ရဲဘော်ထွန်းအောင်ကျော် အတွက် ပါဝင်ခဲ့သူတွေအားလုံး ထည့်သွင်းတွက်ချက်နိုင်အောင် ထည့်ရေးသင့်တယ်ထင်ပါတယ်။

ဒီယူဂျီအုပ်စုတွေ တောထဲရောက်လာတာနဲ့ အချိန်ကိုက် စိုးမင်းအောင် (မန္တလေး) ကို ထွက်ပြေးဖို့ ဘယ်သူ လွတ်ပေးခဲ့ တာလဲ။
စိုးမင်းအောင်ကရော သူ့ကိုသံသယနဲ့ စောင့်ကြည့်နေတဲ့အကြောင်း သူနဲ့နီးစပ်တဲ့ ဗဟိုကော်မတီဝင်တွေထဲက တဦးဦး မပြောပြဘဲနဲ့ ဘယ်လိုသိနိုင်သလဲ။
ကိုမောင်မောင် (ရွေကရိတ်ဝိတ်) က အဖမ်းလည်းမခံရ အဲဒီအချိန်က ကိုချိုကြီးတို့နဲ့အတူ တောထဲပြေးဖို့လည်းမလိုခဲ့ တာ အရမ်းကို သေသေသပ်သပ်နဲ့ ပိပိရိရိလုပ်ခဲ့ပါတယ် ဆိုတဲ့သဘောလား။
ဒါဆို ယူဂျီနေရာကနေ ထုတ်စရာ စာအုပ်အဆင့်သင့်နဲ့ အခုမှ ဘာကြောင့် အချိန်ကိုက် အပေါ်ကို တက်လာရတာလဲ။ ချိတ်စရာတော မရှိတော့လို့လား။ ဒါမှမဟုတ် ကိုသံချောင်းတို့အဖမ်းခံရချိန် (၂၀၀၆) သတင်းစာရှင်းလင်းပွဲလုပ်တုန်းက “လူငယ်တွေ ကျနော်တို့လိုအဖြစ်မျိုးနဲ့ ထပ်မကြုံရအောင် သမိုင်းအဖြစ်နဲ့ ဒီအဖြစ်အပျက်တွေကို နိုင်ငံတော်အနေနဲ့ စာ အုပ်ထုပ်သင့်ပါတယ်။ လိုအပ်တာတွေအတွက် အချိန်မရွေး ကျနော် ကူညီပေးဖို့အသင့်ပါပဲ” ဆိုတဲ့ တိုက်ပိတ် (ခ) သန်း ထွန်းစိုးရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးဖို့လား။ ဒါမှမဟုတ် မထင်မှတ်ဘဲ ရည်ရွယ်ချက်ချင်း တူနေကြတာလား။ ကိုယ် တိုင်ပါဝင်ခဲ့တဲ့ ကိုညီညီကျော် (မန္တလေး၊ ဗဟိုကော်မတီ၊ လက်ပြန်ကြိုးတုပ်ထားတဲ့ကြားက အရာရှိတွေအားလုံးထဲမှ အ စောဆုံးနဲ့ ပထမဆုံးထွက်ပြေးနိုင်သူ) ကရော ဒီအကြောင်းတွေကို ဘာကြောင့် ကိုယ်တိုင်မရေးဘဲ ကိုမောင်မောင်ကို ရေးစေခဲ့တာလဲ။ ကိုမောင်မောင် စာရေးဆရာမဟုတ်တာတော့ သေချာပါတယ်။
ဒီအကြောင်းတွေရေးနေတဲ့ ကိုမောင်မောင်ရဲ့ညီ ကိုညီညီကိုယ်တိုင်ကရော သူရေးတဲ့ထဲမှာပါတဲ့ ရဲဘော်ရဲမေတွေ အား လုံးကို စကားရော ပြောဖူးခဲ့ရဲ့လား၊ အသာထားအုံး၊ သူ အကုန်လုံး မြင်ဖူးခဲ့ရဲ့လား။ နာမည်နဲ့လူနဲ့ရောတွဲမိရဲ့လား။ စဉ်း စားစရာပဲ။ တောထဲမှာ အကျယ်ချုပ်နဲ့လွှတ်ထားစဉ်က လက်ချာဟောနားမှာ တခါလေးပဲ သူလာမေးလို့ ပြောခဲ့တဲ့ ကျမ ကိုတောင် အချက်အလက်တွေကို ရှောင်ရေးတဲ့ သူ့ရဲ့မော်ဒန်ရေးနည်းနဲ့ ကျမ မပြောခဲ့တဲ့စကားတခွန်း မရရအောင် အ ဆစ်ထည့်လိုက် သေးတယ်။ “ကိုသံချောင်း မမှားဘူးတဲ့”
ခဲဖျက်စကိုင်ကတည်းက လူတိုင်းမှားတတ်တာကို သိနေတဲ့လူတိုင်း ဒီလို နလိန်ပတုန်း အပြောမျိုးပြောနေစရာကို အ ကြောင်း မရှိဘူး။ လူတိုင်း ကိုယ့်အမှားကို ကိုယ့်ဘာသာ တာဝန်ယူရမှာပဲ။ ကျမမှားရင်လည်း ကျမတာဝန်ယူမယ်။ ဒီလို မရမက ဆွဲထည့်ရေးနေရတဲ့ဟာကလည်း (ကုသိုလ်ကံများ ဆိုးချင်တော့) ကျမက လက်ရှိမှာ ကိုသံခဲရဲ့ အမျိုးသမီး ဖြစ် နေပြန်တယ်။ မဟုတ်လို့ကတော့ ထည့်ရေးစရာ အကြောင်းကို ရှိမှာမဟုတ်ဘူး။

ဒါကြောင့် ကျမနာမည်ကို အသုံးချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကိုပါ ထိုးနှက်ဖို့ ရည်ရွယ်ချက်နဲ့ ရန်ရှင်းဆိုတာ ဖြူ သလား မဲသလားးမသိ။ ဖားကန့်ဆိုတာလည်း တခါမှမရောက်ဖူး။ ဒါတွေဖြစ်ပြီးချိန်မှ မြဇော် (ခ) ၀သုန် (တောနဲ့မြို့ ဆက် သွယ်တဲ့ယူဂျီ၊ လက်ရှိအမေရိက) ခေါ်လာလို့ အိန္ဒိယဘက်ကနေ တယောက်တည်းတောင် မဟုတ်ဘူး ရဲဘော်တွေ အုပ် စုလိုက်နဲ့လာခဲ့တဲ့ ကိုသံခဲ (လက်ရှိ အေဘီ ဥက္ကဋ္ဌ) ကို ကျောင်းတော်က ရန်ညှိုးရန်စလည်း မရှိ။ စကားတောင် တခါမှ မပြောခဲ့ဖူးဘဲနဲ့ အသားလွတ်ကြီး ရန်ရှင်းကို ဖားကန့်မှာသတ်တာကို “လက်ပိုက်ကြည့်နေလို့ လွတ်မယ်ထင်သလား” တဲ့။ “ကိုသံခဲက အဲဒီအချိန်မှာ မအားဘူး၊ ကျမကို ပိုးနေရလို့” တဲ့။ ကိုသံခဲတို့ မြောက်ပိုင်းကို ရောက်တဲ့အချိန် (၁၉၉၃) မှာ ကျမက ကျောင်းဆရာမသွားလုပ်နေတဲ့ တပ်မဟာ (၁) နယ်မြေမှာ။ ကိုသံခဲနဲ့ ကျမနဲ့ တွေ့တာက ကျောင်းဆရာမသွား လုပ်ပြီး ကေအိုင်အေ အပစ်အခတ်ရပ်ဆဲရေးကြောင့် ပြန်လာခဲ့ရတဲ့ (၁၉၉၄) မှာ၊ ပြန်ပြင်ချင်ရင် ပြင်လိုက်အုံး။

ကျောင်းသားမှန်ရင် ဖြစ်ခဲ့တာကို အမှန်အတိုင်းပြောချင် ပြောမယ် မဟုတ်ဘဲနဲ့တော့ လုပ်ကြံဖန်တီးပြီး မပြောဘူး။ မ ဟုတ်ဘဲနဲ့ လုပ်ကြံဖန်တီးပြီး ပြောနေပြီဆိုရင် အဲဒါ ကျောင်သား မဟုတ်ဘူး။
အေဘီကို တိုက်ဖို့ရည်ရွယ်ချက်မရှိတာမှန်ရင် အမှန်တရားကို တကယ်ဖော်ထုတ်ချင်တာမှန်ရင် တိုက်ရိုက်မသက်ဆိုင်တဲ့ သူတွေကို ပတ်ရမ်းပြီး အဝေးကြီးမှာ ရှာနေစရာမလိုပါဘူး။ တိုက်ပွဲမှာကျဆုံးသွားတဲ့ ကိုမျိုးဝင်းပြီးရင် ဒုတိယအဆင့် အ နေအထားကနေ အဖမ်းခံရသူတွေ အားလုံးကို ကိုယ်တိုင်စစ်ဆေးမေးမြန်းခဲ့တဲ့ ကျောင်းသားထောက်လှမ်းရေးတာဝန်ခံ ကိုသန်းဇော် (မန္တလေး၊ ဂေါစတာ၊ မြို့မှာကတည်းက ကိုညီညီ၊ ကိုညီညီကျော်တို့နဲ့ လုပ်ဖော်ကိုင်ဘက်) နဲ့ ဇော်ဇော်မင်း (မိုးညှင်း၊ ကိုမျိုးဝင်းရဲ့လူယုံ၊ တခါတလေ မန္တလေးမှာရှိနေတတ်) တို့နှစ်ယောက်လုံး ကိုညီညီနဲ့ တမြို့တည်း အနီးလေး မှာ ရှိနေတာပဲ။ ဒီလောက် အမှန်တရားလိုလားနေတဲ့လူက ကိုယ်ကလူမှန်ဆို ဘာကြောင့် ကိုသန်းဇော်နဲ့ ဇော်ဇော်မင်း တို့ကို ထိပ်တိုက်ရင်ဆိုင်ပြီး သွားမေးမကြည့်ခဲ့တာလဲ။

ကျမအမြင်ကတော့ ရှင်းပါတယ်။ အမှန်တရားကို တကယ်ဖော်ထုတ်ချင်တာ မဟုတ်ဘူး။ လက်ရှိနိုင်ငံရေးနဲ့အချိန်ကိုက် ဒါတွေကို လူထုကြား ဖွချပြီး လက်ရှိရပ်တည်နေတဲ့ အေဘီကို တိုက်ချပစ်လို့ ရလိုရဌား အားစမ်းကြည့်တဲ့သဘောပါ။ ဒီ အဖြစ်အပျက်တွေကို (၁၉၉၂) အဖမ်းခံခဲ့ရတဲ့ (၅၆) ယောက်အုပ်စု ထွက်ပြေးစဉ်က တခါ။ (၂၀၀၆) ကိုသံချောင်းနဲ့ ရဲ ဘော်တစု အဖမ်းခံရစဉ်ကတခါ နအဖကသတင်းစာရှင်းလင်းပွဲလုပ်ပြီး သတင်းစာတွေကနေ တီဗွီတွေကနေ ပြည်သူလူ ထုကို ချပြခဲ့တာ နှစ်ခါတောင်ရှိပါပြီ။ အထဲမှာရှိနေတဲ့ ဒီမိုကရေစီဘက်တော်သား နိုင်ငံရေးခေါင်းဆောင်တွေ ကျောင်း သားခေါင်းဆောင်တွေလည်း မသိစရာမရှိပါဘူး။ တတိုင်းပြည်လုံးအတွက် ကိုယ်အဓိကသွားနေတဲ့လမ်းကြောင်း မ ပျောက်အောင် ဒါတွေကို လုပ်ချိန် မတိုင်သေးဘူးလို့ သဘောထားခဲ့ကြလို့ မလုပ်ကြသေးတာပါ။
ပြည်တွင်းစစ်ဖြစ်နေတဲ့နိုင်ငံမှာ ဒါမျိုးတွေကို ဖော်ထုတ်ကြေးဆိုရင် မြောက်ပိုင်းတခုတည်းမှာတင်မကဘူး၊ တနိုင်ငံလုံး နေရာအနှံ့အပြား ဘက်နှစ်လက်ကြားမှာ မြေဇာပင်ဖြစ်ခဲ့တဲ့ မိဘပြည်သူရဲ့ နစ်နာဆုံးရှုံးခဲ့ရမှုတွေက ပိုကြီးပါတယ်။

“အမှန်တရားအတွက် အမှန်အတိုင်း ရေးသားတင်ပြထားတာတဲ့ စိတ်ဝင်စားစရာပဲ စောင့်ဖတ်ရအုံးမှာပေါ့။ ကျမ ထင်တာ မမှားဘူးဆိုရင် ဒီလိုလူမျိုးတွေပဲ ကိုထွန်းအောင်ကျော်တို့ ကိုချိုကြီးတို့ ဦးစိန်တို့ကို ထိုးကျွေးပြီး မြောက်ပိုင်းမှာ လှုပ်ရှား သွားခဲ့ကြတာ။ တောနက်နက်ထဲမှာနေခဲ့တဲ့ ကိုမျိုးဝင်း၊ကိုသံချောင်းတို့က ဒီအဖြစ်အပျက်တွေမဖြစ်ခင် အစပိုင်းကတည်း က တိုက်ပိတ် (ခ) သန်းထွန်းစိုးနဲ့ အတူလာခဲ့တဲ့ နန်းအောင်ထွေးကြည်တို့ အုပ်စုအပေါ်၊ ကိုအောင်ကျော် တို့လို လူတွေ အပေါ် မသင်္ကာစရာသတင်းတွေ ဘယ်ကရခဲ့ကြသလဲ၊ ယူဂျီလမ်းကြောင်းက။
မမူ ခေါ်လာခဲ့တဲ့ ကိုမြတ်ကို တောထဲကို ခေါ်ရှင်းဖို့ ဘယ်သူတွေ လွတ်ပေးခဲ့တာလဲ ယူဂျီလမ်းကြောင်းက လူတွေ။ တော ထဲကနေ ဘာမသိညာမသိ ရှင်းဆိုလို့ ရှင်းပေးခဲ့ရတာက လူမိုက်တွေအဖြစ် လက်ညိုးထိုးပြခံနေရတဲ့ ကိုမျိုဝင်းနဲ့ ကိုသံ ချောင်း။ အရပ်သားစကားနဲ့ပြောရရင် ရန်သူဆိုတိုက်ဖို့လောက်သာသိတဲ့ တောထဲက ဒေသခံရဲဘော်တွေကြားမှာ မီးပွား လာချ၊ ဓါတ်ဆီလောင်းပေးခဲ့တာ မြို့ကကျောင်းသားနာမည်ခံ လူလည်တစု။
(၅)
ကျမလို အောက်ခြေမှာနေတဲ့ သာမန်ရဲမေတယောက်တောင် ရန်အောင်ကို စဖမ်းကတည်းက ဒါတွေဟာ အထက်ထိ ရောက်လာနိုင်တယ်လို့ သံသယဖြစ်ခဲ့သေးရင် လူအယောက်နှစ်ဆယ်ကျော်လောက်ကို ဖမ်း စစ်မေးမြန်းပြီးတဲ့နောက်မှ အဖမ်းခံခဲ့ရတဲ့ ကိုထွန်းအောင်ကျော်၊ ကိုချိုကြီး၊ ကိုညီညီ၊ ကိုညီညီကျော်၊ တို့ အနေနဲ့ရော နည်းနည်းလေးမှ မရိပ်မိခဲ့ဘူး ဆိုတာ ဖြစ်နိုင်ပါ့မလား။
ဒါကို ကိုညီညီရဲ့ မော်ဒန်ရေးနည်းနဲ့ ရေးထားတဲ့ မှတ်တမ်းထဲမှာ “ဟာ ဥက္ကဋ္ဌ မီးစိမ်းပြလိုက်ပြန်ပြီလားဗျာ။ ဒီလိုလုပ်လို့ တော့ မဖြစ်ဘူး၊ တခုခု လုပ်ကြမှဖြစ်မယ်” လို့ ကိုထွန်းအောင်ကျော် ကို တွန်းပို့နေတာ တွေ့ရတယ်။
(ဆက်ရန်)
ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇ )ရက် လူထုတော်လှန်ရေးနေ့
နေ့သစ်မှ ပြန်လည် ကူးယူဖေါ်ပြထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။

12 comments:

ABSDF မြောက်ပိုင်းကိစ္စဟာ အများ သိထားပြီးတာထက် ပိုမို ကျယ်ပြန့် ရှုပ်ထွေးပါတယ်။

ABSDF မြောက်ပိုင်း ရဲမေဟောင်း မခင်ရွှေလှိုင် ရဲ့ တင်ပြမှုမှာ ABSDF မြောက်ပိုင်း လူမဆန်စွာ ညှင်းပန်း သတ်ဖြတ်မှုတွေရဲ့ တခြား မျက်မြင်သက်သေတွေ၊ လေ့လာသူတွေရဲ့ တင်ပြမှုတွေနဲ့ အဓိကကွဲလွဲချက်က "ကျောင်းသားအုပ်စုချင်း အာဏာလုပွဲ ရိုးရိုး မဟုတ်ဘူး" ဆိုတာပါပဲ။

"ရန်သူ့သူလျှို ထောက်လှမ်းရေး အစစ်တွေက `ကျောင်းသားကို ကျောင်းသားက သတ်တဲ့ အဖြစ်မျိုး´ ဖြစ်လာအောင် အကွက်ဆင်ပြီး ABSDF မြောက်ပိုင်းကို ဖြိုခွဲသွားတာပါ" ဆိုတဲ့ အယူအဆကို မခင်ရွှေလှိုင်က တင်ပြထားပါတယ်။

မခင်ရွှေလှိုင် ရဲ့ တင်ပြမှုဟာ တခြား တင်ပြမှုတွေနဲ့ "ကွဲလွဲနေတယ်" ဆိုပြီး မခင်ရွှေလှိုင် ရဲ့ တင်ပြချက်တွေဟာ "အမှားတွေ" လို့ ချက်ခြင်း သတ်မှတ်ပြီး ဆက်မဖတ်ဘဲ ချက်ခြင်း မဆုံးဖြတ်သင့်ပါဘူး။ သမိုင်းမှန်ကို တကယ် ဖော်ထုတ်ချင်တယ် ဆိုရင် ရှုထောင့်အမျိုးမျိုးက အစီရင်ခံတာ၊ သုံးသပ်တာတွေကို သေသေချာချာ လေ့လာပြီး စနစ်တကျ သုံးသပ်မှ အဖြေမှန် ရမှာ ဖြစ်ပါတယ်။

လက်ရှိ ABSDF ဥက္ကဌ ကိုသံခဲ ရဲ့ဇနီး မခင်ရွှေလှိုင်ဟာ ABSDF မြောက်ပိုင်းမှာ ကိုယ်တွေ့ ဖြတ်သန်းလာသူ ဖြစ်လို့ သူ့အတွေ့အကြုံကို အခြေခံပြီး သူ့ရှုထောင့်က တင်ပြချက်တွေကိုလည်း ဂရုတစိုက် ဖတ်ရှု လေ့လာဖို့ လိုပါတယ်။


"မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ"
(ABSDF မြောက်ပိုင်း ရဲမေဟောင်း မခင်ရွှေလှိုင် ရဲ့ ဆောင်းပါး)
(အပိုင်း ၁) မှ စပြီး သေသေချာချာ ပြန်ဖတ်နိုင်အောင် အောက်မှာ တဆက်တည်း တင်ပေးပါမယ်။

.
၁၉၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အနေနဲ့ မန္တလေးတက္ကသိုလ် (ပင်မ) မှာ ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြခဲ့တယ်။ အာဏာသိမ်းပြီးတဲ့နောက် “အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်းပုဒ်အောက်မှာ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊ ဒီမိုကရက်တစ်ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါ့စဒါ) (GOSDA) (Graduates and Old Students Democratic Association) တို့နဲ့ လက်တွဲပြီး အဖွဲ့ရဲ့လှုပ်ရှားမှု၊ ဗကသ လှုပ်ရှားမှု၊ ယူဂျီလုပ်ငန်း တချို့မှာ ပါဝင် ဆောင်ရွက်ခဲ့တယ်။ တောထဲမှာ ဘယ်လို နေခဲ့သလဲ သိလိုရင်တော့ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းက ရဲဘော်တွေ။ မြောက်ပိုင်းကချင်ကျောင်းသားတပ်မတော်က ရဲဘော် ရဲမေတွေကို မေးကြည့်နိုင်ပါတယ်။

ကေအိုင်အေ အပစ်အခတ် ရပ်စဲပြီးနောက် (၁၉၉၆ - ၉၇) မှာ ကျမ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်က လာခေါ်တဲ့အတွက် မြောက်ပိုင်းမှာ လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက် အရ အမှောင်ပြန်ဝင်ခဲ့တယ်။

အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့ တွေ့ခဲ့တယ်။ “မင်းမှာလည်း တာဝန်ရှိတယ်၊ ဘာလို့ မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင် လာနေကြည့်မှပဲ သိနိုင်မယ်” လို့ ဖြေခဲ့တယ်။

“မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့တဲ့အပေါ် “အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေး မပေးနိုင်ဘူး” လို့ ဖြေခဲ့တယ်။ သိချင်လို့ မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့ ဖြေခဲ့တယ်။

၁၉၉၈ မှာ အိန္ဒိယ (မဏိပူ တပ်စခန်း) (camp) ကို ရောက်တယ်။ (လူလိမ္မာ အခါခါမိုက်)။ အေဘီ (အနောက်ပိုင်း) တာဝန်ရှိသူက "ရဲမေ လုပ်မလား၊ အိမ်ထောင် သည်လုပ်မလား" လို့ ကျမကို မေးခဲ့တဲ့အပေါ်မှာ ကျမဟာ "အထဲကို ပြန်ဝင်ခဲ့တဲ့ သူ" တယောက် အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်။

နောက်ပိုင်းမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ၊ ထိုင်းနယ်စပ် လက်ရှိ ကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ၊ ဒုက္ခသည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့ ကလေးတွေကို မေးနိုင်ပါတယ်။

၂၀၁၀ မှာ ကျမသမီးရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် သြစတြေလျကို ရောက်တယ်။ လက္ရွိ ၾသစေၾတလ် မွာပါ။

ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI ၊ မန္တလေး) (အသတ်ခံရ) ၊ ကိုအောင်နိုင် (MC ၊ မန္တလေး) (လက်ရှိ - ချင်းမိုင်) ၊ ကိုစိုးလင်း (RIT မန္တလေး) (တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ လက်တွဲ လုပ်လာခဲ့သူ တယောက် ဖြစ်သလို သူတို့ (၃) ယောက် ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကို သွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ်၊ ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အစ်ကို ကိုမောင်မောင် (ရွှေကရ၀ိက်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေးခဲ့ကြတာပါ။

တောထဲကို လာခဲ့တုန်းက ကျမ တယောက်တည်းပါ။ ဘယ်အဖော်မှ မပါပါဘူး။ ကျမ တောထဲရောက်မှ ကိုသံချောင်း (မြစ်ကြီးနားတက္ကသိုလ်၊ မိုးညှင်း - မော်ဟန်)၊ ကိုမျိုးဝင်း (RIT ၊ မိုးညှင်း - နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ ဆုံတွေ့ခဲ့တယ်။

.

မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)

ခင်ရွှေလှိုင်
၂၀၁၂ ခုနှစ်၊ မတ်လ (၂၇) ရက်

(၁)

မြောက်ပိုင်းကျောင်းသားတပ်မတော်ရဲ့ နက်ရှိုင်းတဲ့တောတောင်တွေကြားမှာ မြှုပ်နှံခဲ့ရတဲ့ တော်လှန်ရေးနဲ့ ယုံကြည်ချက် အတွက် ကျဆုံးသေဆုံးသွားကြသော ရဲဘော်ရဲမေများအား ဦးညွတ်အလေးပြုလျက် …


ကျောင်းသားတပ်မတော်ဟာ နဖူးပေါ် စာတမ်းထိုး မလာကြတဲ့ ‘မ’ တထောင်သားတွေကြောင့် မိအေးနှစ်ခါ မက နာခဲ့ရတဲ့ အဖွဲ့အစည်းပါ။ အင်အားစုတစု ဖြိုခွဲခံခဲ့ရတယ် ဆိုတာ ကျောင်းသား တပ်မတော်အနေနဲ့ရော တော်လှန်ရေးအတွက်ပါ ကြီး မားတဲ့ နစ်နာဆုံးရှုံးမှုတခု၊ စနစ်ဆိုးတခုအောက်က မိခင်တွေ အတွက်တော့ သားသမီးရတနာများအား တူညီသော ဆုံးရှုံးမှု တခုပါ။

ဒီအဖြစ်အပျက်တွေမှာ အတွင်းကျကျ အနေအထားမျိုးနဲ့ သိရှိ ပါဝင်ခဲ့သူတဦး မဟုတ်သလို ဘယ်လိုတွေ စစ်ဆေးမေး မြန်းခဲ့ကြတယ် ဆိုတာ ကိုယ်တိုင် မြင်တွေ့ခဲ့ရသူတဦး မဟုတ်ခဲ့ပေမဲ့ အရိုးရှင်းဆုံး အနေအထားကနေ အစအဆုံး ကြုံတွေ့ခဲ့ရတဲ့ သာမန် ရဲမေ တယောက်အနေနဲ့ ကျမရဲ့အမြင်ကို ပြောပြခွင့် ရှိမယ် ထင်ပါတယ်။ မပြောခင်မှာ ကျမရဲ့ နောက်ခံ သမိုင်းကြောင်းကို သိချင်တဲ့သူတွေ ရှိနေနိုင်ပါတယ်။

အမေ ပေးထားတဲ့ ကျမရဲ့နာမည်က ခင်ရွှေလှိုင်၊ ဖြတ်သန်းခဲ့တဲ့တလျှောက် အခုချိန်ထိ ဒီနာမည်နဲ့ပဲ နေပါတယ်။ မမွေးခင် ကတည်းက “လူထု” ဆိုတဲ့ စကားလုံးက ကျမနဲ့ ရင်းနှီးပြီးသားပါ။ အဲဒီ စကားလုံးလေးကို ကျမအဖေက မြတ်နိုးလွန်းလို့ လူထု ဦးလှနဲ့ ဒေါ်အမာတို့ဆီက ခွင့်ပြုချက် တောင်းပြီး မိသားစုနာမည် အဖြစ် အသုံးပြုခဲ့တာမို့ "မန္တလေး၊ နန်းရှေ့၊ လူထုမိသားစု" လို့ သိလိုရင် မေးကြည့်နိုင်ပါတယ်။

.
၁၉၈၈ မှာ နန်းရှေ့ တက္ကသိုလ်ကျောင်းသားများသမဂ္ဂ အနေနဲ့ မန္တလေးတက္ကသိုလ် (ပင်မ) မှာ ပူးပေါင်းပါဝင် ချီတက် ဆန္ဒပြခဲ့တယ်။ အာဏာသိမ်းပြီးတဲ့နောက် “အမျိုးသားနိုင်ငံရေးကျောင်းသားလူငယ်အဖွဲ့ (အနကလ)” ရဲ့ ဆိုင်းပုဒ်အောက်မှာ အမျိုးသား နိုင်ငံရေးတပ်ပေါင်းစု (မနတ)၊ လူ့ဘောင်သစ်၊ ဒီမိုကရက်တစ်ဘွဲ့ရကျောင်းသားဟောင်းများအဖွဲ့ (ဂေါ့စဒါ) (GOSDA) (Graduates and Old Students Democratic Association) တို့နဲ့ လက်တွဲပြီး အဖွဲ့ရဲ့လှုပ်ရှားမှု၊ ဗကသ လှုပ်ရှားမှု၊ ယူဂျီလုပ်ငန်း တချို့မှာ ပါဝင် ဆောင်ရွက်ခဲ့တယ်။ တောထဲမှာ ဘယ်လို နေခဲ့သလဲ သိလိုရင်တော့ ရှမ်းပြည်မြောက်ပိုင်း (၄၀၁) တပ်ရင်းက ရဲဘော်တွေ။ မြောက်ပိုင်းကချင်ကျောင်းသားတပ်မတော်က ရဲဘော် ရဲမေတွေကို မေးကြည့်နိုင်ပါတယ်။

ကေအိုင်အေ အပစ်အခတ် ရပ်စဲပြီးနောက် (၁၉၉၆ - ၉၇) မှာ ကျမ အမေရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းဖို့ အိမ်က လာခေါ်တဲ့အတွက် မြောက်ပိုင်းမှာ လုပ်သက် (၅) နှစ်ပြည့် ရဲမေများကို တရားဝင် အိမ်ပြန်ခွင့်ပြုချက် အရ အမှောင်ပြန်ဝင်ခဲ့တယ်။ အဲဒီအချိန်မှာ မန္တလေးလှုပ်ရှားမှုရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦး ကျမနဲ့ တွေ့ခဲ့တယ်။ “မင်းမှာလည်း တာဝန်ရှိတယ်၊ ဘာလို့ မတားမြစ်ခဲ့တာလဲ” ဆိုတဲ့ မေးခွန်းအပေါ် “ကိုယ်တိုင် လာနေကြည့်မှပဲ သိနိုင်မယ်” လို့ ဖြေခဲ့တယ်။ “မင်းရဲ့အမြင်တွေကို ရေးပေးနိုင်မလား” လို့ တောင်းခံလာခဲ့တဲ့အပေါ် “အခုချိန်မှာ ဘယ်သူ့ကိုမှ ဘာမှ ရေး မပေးနိုင်ဘူး” လို့ ဖြေခဲ့တယ်။ သိချင်လို့ မေးလာတဲ့ သူငယ်ချင်းတွေကိုတော့ “တချို့လူတွေ ဖြစ်နိုင်တယ်” လို့ ဖြေခဲ့တယ်။

၁၉၉၈ မှာ အိန္ဒိယ (မဏိပူ တပ်စခန်း) (camp) ကို ရောက်တယ်။ (လူလိမ္မာ အခါခါမိုက်)။ အေဘီ (အနောက်ပိုင်း) တာဝန်ရှိသူက "ရဲမေ လုပ်မလား၊ အိမ်ထောင် သည်လုပ်မလား" လို့ ကျမကို မေးခဲ့တဲ့အပေါ်မှာ ကျမဟာ "အထဲကို ပြန်ဝင်ခဲ့တဲ့ သူ" တယောက် အဖြစ် ကိုယ့်ကိုယ်ကို လိပ်ပြာ မသန့်တဲ့အတွက် အိမ်ထောင်သည်ကို ရွေးချယ်ခဲ့တယ်။ နောက်ပိုင်းမှာ ဘယ်လိုနေခဲ့သလဲ သိလိုရင်တော့ အိန္ဒိယက ရဲဘော် ရဲမေတွေ၊ ထိုင်းနယ်စပ် လက်ရှိ ကျောင်းသားတပ်မတော်က ရဲဘော်တွေနဲ့ သူတို့ရဲ့မိန်းမတွေ၊ နိုင်ငံတကာမှာ ရောက်နေတဲ့ ရဲဘော်တွေနဲ့ မိသားစုတွေ၊ ဒုက္ခသည်စခန်းမှာ ကျမစာသင်ပေးခဲ့တဲ့ ကလေးတွေကို မေးနိုင်ပါတယ်။

၂၀၁၀ လက်ရှိမှာ ကျမသမီးရဲ့ ပညာရေးနဲ့ အနာဂတ်အတွက် သြစတြေလျကို ရောက်တယ်။ ကျမဟာ မြို့မှာက တည်းက ကိုထွန်းအောင်ကျော် (GTI ၊ မန္တလေး) (အသတ်ခံရ) ၊ ကိုအောင်နိုင် (MC ၊ မန္တလေး) (လက်ရှိ - ချင်းမိုင်) ၊ ကိုစိုးလင်း (RIT မန္တလေး) (တောင်ပိုင်းမှာ အဖမ်းခံရပြီး ပြန်လွတ်မြောက်) တို့နဲ့အတူ လက်တွဲ လုပ်လာခဲ့သူ တယောက် ဖြစ်သလို သူတို့ (၃) ယောက် ရှောင်ပုန်းနေခဲ့ရာကတဆင့် တောထဲကို သွားရမှာဖြစ်လို့ ကျမ (ရုက္ခဗေဒ ဒုတိယနှစ်၊ ဂုဏ်ထူးတန်း၊ မန္တလေး) ကို မြို့လမ်းကနေတဆင့်သွားဖို့ ကိုညီညီရဲ့အစ်ကို ကိုမောင်မောင် (ရွှေကရ၀ိက်) နဲ့ ကိုထွန်းအောင်ကျော်ရဲ့ အကိုဝမ်းကွဲ ကိုချိုကြီး (မန္တလေး ယူဂျီ) တို့ စီစဉ်ပေးခဲ့ကြတာပါ။ တောထဲကို လာခဲ့တုန်းက တယောက်တည်းပါ။ ဘယ်အဖော်မှ မပါပါဘူး။ တောထဲရောက်မှ ကိုသံချောင်း (မြစ်ကြီးနားတက္ကသိုလ်၊ မိုးညှင်း - မော်ဟန်)၊ ကိုမျိုးဝင်း (RIT ၊ မိုးညှင်း - နမ္မား) ဒေသခံ ခေါင်းဆောင်တွေနဲ့ ဆုံတွေ့ခဲ့တယ်။

.
ကျမကိုယ် ကျမ တာဝန်ခံရဲတာက ကျမ တောထဲကို လာခဲ့တာ တော်လှန်ရေးလုပ်ဖို့ ဆိုတာကိုပါ၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုတွေ၊ ဒေသစွဲတွေ လုပ်ဖို့မဟုတ်ဘူး ဆိုတာကိုပါ။

ကျောင်းသားတပ်မြောက်ပိုင်းမှာ သူလျှို လို့ စွပ်စွဲ ဖမ်းဆီးပြီး နှိပ်စက် သတ်ဖြတ်တာတွေကို လုပ်တဲ့သူတွေဘက်ကလည်း "ဒီလူတွေအားလုံးဟာ ရန်သူ့သူလျှိုတွေပါ" လို့ စွပ်စွဲခဲ့သလို "သူတို့မှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ရှိတယ်၊ တချိန်ချိန်မှာ ဒီအတွက် ကြိုးစင်တက်ရမယ် ဆိုရင်လည်း ကြိုးစင်တက်မယ်" လို့ ပြောခဲ့ကြတယ်။

သူလျှို လို့ စွပ်စွဲ ဖမ်းဆီးပြီး နှိပ်စက်တာတွေကို ခံရသူတွေဘက်ကလည်း "ငါတို့အားလုံးဟာ တယောက်မှ ရန်သူ့သူလျှို မဟုတ်ဘူး၊ မတရား လုပ်တာ ခံခဲ့ကြရတဲ့ ကျောင်းသား အစစ်အမှန်တွေပါ" လို့ ပြောခဲ့ကြတယ်။

ကျမကတော့ နှစ်ခုစလုံးကို လက်မခံချင်တဲ့သူ။ "၅၀၀ လောက် ရှိတဲ့တပ်ကို ဖြိုဖို့ ရန်သူ့သူလျှို ၅ ယောက်တောင် မလိုသလို ရန်သူ့လူ အမှန်တကယ် မပါခဲ့ရင်လည်း ဒါတွေ ဖြစ်လာစရာ အကြောင်းမရှိဘူး" လို့ ကျမ ယူဆတယ်။

"ရန်သူ့သူလျှို တယောက်မှမပါဘဲ အေဘီ မြောက်ပိုင်းက ကျောင်းသားရဲဘော် အချင်းချင်း တောထဲမှာ အာဏာလုခဲ့ကြတာပါ" ဆိုတဲ့ ပုံပြင်က ရိုးစင်းလွန်းအားကြီးပါတယ်။ အာဏာလုတာ မှန်ရင် အမျိုးသမီးရဲမေတွေ နဲ့ အောက်ခြေက ရဲဘော်တွေ အများကြီးကို ဖမ်းစရာအကြောင်း မရှိပါဘူး။

သေချာတာကတော့ ကျောင်းသားလူငယ်တွေရဲ့ အတွေ့အကြုံ နုနယ်မှုနဲ့ ရဲစိတ်ရဲမာန် ထက်သန်နေကြမှု ကို အသုံးချပြီး တိုက်စရာမလိုဘဲ " `ကိုယ့်လူ ကိုယ်ပြန်စားနည်း´ (ရန်သူ့သူလျှိုကို ထွက်ပေါက် အသင့်ပေးထားပြီးသား၊ ကာကွယ်ထားပြီးသားဖြစ်တဲ့ `ကျောင်းသားကို ကျောင်းသားက သတ်တဲ့ အဖြစ်မျိုး´ ဖန်တီးခြင်း) နဲ့ ဖြိုခွဲဖို့ ဆင်ထားတဲ့ ရန်သူ့ရဲ့ပရိယာယ် ထောင်ချောက်ထဲကို ကျမတို့အားလုံး ၀င်မိခဲ့ကြတယ်" ဆိုတာပါပဲ။

အစီစဉ်ရှိရှိ လုပ်ခဲ့ကြတဲ့အပေါ် အစီစဉ်ရှိရှိ ပြန် အသုံးချနိုင်ဖို့ ကျောင်းသားတပ်ရဲ့ စစ်ရုံး၊ ကော်မတီရုံးတွေ ထဲမှာ ရှိနေရမဲ့ ဗွီဒီယိုမှတ်တမ်းတွေ၊ ဓါတ်ပုံမှတ်တမ်းတွေ၊ စစ်ထောက်လှမ်းရေးတွေလက်ထဲ၊ ကိုယ်လွတ်ရုန်းပြီး ပြေးခဲ့ရပါတယ် ဆိုတဲ့ လူတချို့ရဲ့ လက်ထဲကနေ အလျှိုလျို ပလူပျံပြီး ထုတ်ဝေဖို့ စာအုပ် အသင့် နဲ့အတူ လက်ရှိ နိုင်ငံရေးအခြေအနေနဲ့ အချိန်ကိုက် ပေါ်ထွက်လာနေပုံကလည်း “ဒါကို စနစ်တကျ လုပ်သွားခဲ့တဲ့ `သူလျှိုတစု´ ရှိနေတယ်” ဆိုတဲ့ သင်္ကေတကို ညွန်ပြနေပါတယ်။


ခင်ရွှေလှိုင်
မပ ၀၀၃၆
ကျောင်းသားတပ်မတော် (မြန်မာပြည်မြောက်ပိုင်း)
မတ်လ (၂၇) ရက်၊ လူထုတော်လှန်ရေးနေ့


(နေ့သစ် http://www.naytthit.net/?p=25841 မှ ကူးယူ ဖော်ပြပါတယ်။)

(ဒီ မှတ်ချက်ရဲ့ ခေါင်းစဉ်ကို နှိပ်ပြီး မူရင်းဆောင်းပါး
"မြောက်ပိုင်းကျောင်းသားတပ်မတော်ကို ဖြိုခွဲသွားတဲ့ တရားခံအစစ်က ဘယ်သူတွေလဲ (၁)" ကို နေ့သစ် ဝက်ဆိုက် မှာ ဖတ်နိုင်ပါတယ်။)

Ma Nge,
I have no idea why u post Daw Khin Shwe Hlaing's posts. But I don't think U believe her :-))Some parts may be true but not all, that's I feel. I believe only what's Ma Nan Aung Htwe Kyi said. Nobody can't hide the truth. We are Buddhist and I believe Kama. We can lie to others but not ourselves.

Thanks,
PN

-
March 27, 2012

ခင်ရွှေလှိုင်သို.

ခင်ရွှေလှိုင်ကို ခင်မင်ဖူးတဲ့ ရဲဘော်ရဲမေတဦးအနေနဲ. အကြံပေးလိုတာက ဘယ်အရာကိုမှ မိမိသမိုင်းကြောင်းနဲ. ဂုဏ်သိက္ခာအတွက် တွယ်ဖက်မနေပါနဲ.။ အမှန်တရားကို တွေ.ပြီ၊ သိပြီ ဆိုတာနဲ. ရဲရဲ ဝန်ခံပြီး အဖြစ်မှန်တွေကို ဖွင့်ချပါ။

ကိုယ် အဖမ်းမခံရ... ပြီးရော ဆိုပြီး အခြားသူတွေ အဖမ်းခံနေရချိန်မှာ ဖာသိဖာသာ နေနိုင်ခဲ့တဲ့အတွက် အရှက်တရားထားပြီး မကဒတ ရဲ. ဂုဏ်သိက္ခာအတွက် ပြန်လည် ဆေးကြောခြင်း၊ မကဒတ မျက်နှာဖုံးအောက်မှာ ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကို ဖော်ထုတ်ရေး အစီအစဉ်မှာ ပါဝင်ပေးပါ။ အနည်းဆုံးတော့ ကိုယ်ရဲ. မျိုးဆက်ကလေးတွေအနေနဲ. လူ.ဘဝထဲ ရဲရဲဝံဝံနဲ. သူများတွေမျက်နှာကို ကြည့်ရဲတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။

ခင်ရွှေလှိုင်ရဲ. comment ထဲက "လူ ၅ ယောက်လောက် ဆိုရင် ဖြစ်နိုင်ပါတယ်" လို. ဆိုတော့ "ကျန်တဲ့ လူ ၁၀၀ ကျော် မတရား ဖမ်းဆီးခံခဲ့ရတာ၊ သေတဲ့သူ ၄၀ လောက်ထဲက ၃၅ ယောက်လောက်ကတော့ အပြစ်မဲ့သူတွေပါ" လို. ခင်ရွှေလှိုင် ဝန်ခံလိုက်ပြီပေါ.။ အဲဒီတော့ GOSDA (The Graduates and Old Students' Democratic Association) ရုံးကနေပြီး နိုင်ငံရေးလုပ်သွားတဲ့ သူတဦးက မိခင်အဖွဲ. အနကလ ရဲ. ဥက္ကဌ က ဦးစီးပြီး လူသတ်ပွဲ၊ နှိပ်စက်ပွဲ လုပ်ခဲ့တာကိုတော့ လက်ပိုက်ပြီး ကြည့်နေခဲ့တာ၊ အနှစ် ၂၀ ကျော် ဘာမှ မပြောပဲ နေခဲ့တာ လိပ်ပြာသန်.ပါသလား လို. မေးချင်ပါတယ်။

နောက်ပြီး သံခဲနဲ. ပက်သက်ပြီး သူယူထားတဲ့နေရာ၊ သူမြောက်ပိုင်းနဲ. ပက်သက်ခဲ့မှုတွေအတွက် သူပြန်ပေးဆပ်ခဲ့တာက ရာဇဝတ်မှုတွေကို လက်ပိုက် ထိုင်ကြည့်ပြီး နှုတ်ပိတ်နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တောင်ပိုင်းမှာ တယောက်နဲ.တယောက် အပြစ် ပုံချပြီး ကိုယ်လွတ်ရုန်းဖို. ကြိုးစားနေတဲ့ သူတွေအကြောင်း ခင်ရွှေလှိုင် ပိုသိမှာပါ။

အမှန်ကိုမြင်ပြီး ပူးပေါင်းလာမယ်ဆိုရင် (ကိုယ်တိုင် ရာဇဝတ်မှုတွေကို ကျုးလွန်ထားတာ မရှိလို.) အားလုံးက ခွင့်လွတ်နိုင်ကြမယ် ထင်ပါတယ်။ ခင်ရွှေလှိုင် အပါအဝင် မည်သူမဆို ရာဇဝတ်မှု ဖော်ထုတ်ရေးအတွက် ပူးပေါင်းလာကြမယ်ဆိုရင် ကြိုဆိုပါတယ်။

နောက်တခါ တောင်ပိုင်းမှာ ထပ်မံ ခြိမ်းခြောက်ခြင်း ခံနေရတဲ့ ကျနော်တို.၇ဲ. သေဖော်သေဖက် ၃ ဦးကိုလည်း ခင်ရွှေလှိုင် ရဲ. ခင်ပွန်းမှတဆင့် အကာအကွယ်ပေးဖို. ပြောဆိုပေးပါ။ ရာဇဝတ်မှုအသစ်တွေ ထပ် မဖန်တီးကြပါနဲ.တော.။ များများ လုပ်ထားတဲ့သူတွေကတော့ များများ အပြစ်ခံ ရမှာ ဖြစ်ပေမဲ့ နည်းနည်းပဲ လုပ်ထားတဲ့ သူတွေကတော့ နည်းနည်းပဲ ခံရမှာဖြစ်ပြီဲး အလျှင်းသင့်ရင် ခွင့်လွတ်မှုကို ခံစားရနိုင်ပါတယ်။

မေးစရာလေး ကျန်သွားလို. မေးကြည့်ပါရစေ။ ခင်ရွှေလှိုင်က ဖြစ်ခြင်းဖြစ်ရင် စပိုင် ၅ ယောက်လောက်တော့ ရှိလိမ့်မယ် ဆိုတော့ အဲဒီ သံသယ ရှိတဲ့ စပိုင် ၅ ယောက်ရဲ. နာမည်လေးကို တဆိတ်လောက် POST မှာ တင်ပေးစမ်းပါ။ ဒီမှာ ကျန်ခဲ့တဲ့ လူ ၁၀၀ လောက်က ဝိုင်းစုံစမ်းကြ၊ စစ်ဆေးကြ လုပ်ကြပေမဲ့ အနှစ် ၂၀ ကျော်တဲ့အထိ တယောက်မှ မပေါ်လို.ပါ။

ဒါပေမဲ့ မကဒတ ထောက်လှမ်းရေးအဖွဲ.မှာ ပါခဲ့တဲ့သူတွေကတော့ မသင်္ကာစရာ လူတွေနဲ.ပေါင်း၊ မသင်္ကာစရာ အဖွဲ.တွေနဲ.ပေါင်းပြီး မသင်္ကာစရာ အလုပ်တွေ လုပ်နေကြလေရဲ.။

ခင်ရွှေလှိုင် ဆက်ရေးမဲ့ POST တွေကို ဆက်ဖတ်နေရအုံးမယ်လို. မျှော်လင့်နေတဲ့ ……………………

ညီညီ
မြောက်ပိုင်းရဲဘော်ဟောင်း

ko lin wai aung facebook မှ ကူးယူဖော်ပြသည်။

(လင်္ကာ ဘလော့ မှ ကူးယူ ဖော်ပြပါသည်။)


ညီညီ (မြောက်ပိုင်းရဲဘော်ဟောင်း) မှ ခင်ရွှေလှိုင် သို့ ပြန်ကြားစာ (March 27, 2012) ကို ဖော်ပြထားတဲ့ စာမျက်နှာများ

(1) လင်္ကာ ဘလော့

http://8-8-88.blogspot.de/2012/03/blog-post_8330.html

(2) ဘရာဇီး ငှက်ရိုး @ facebook (Posted by Baydar Lam, March 27)

http://www.facebook.com/profile.php?id=100001005872314

(3) အိုးဝေအောင် အိုးဘားမား (HitTai OwayAung) @ facebook (Posted by Baydar Lam, March 27)

http://www.facebook.com/oway.aung.hittai

-
ABSDF မြောက်ပိုင်း ရဲမေဟောင်း မခင်ရွှေလှိုင် ဆောင်းပါး (အပိုင်း ၁) ကို ABSDF မြောက်ပိုင်းမှာ ကိုယ်တိုင် နှိပ်စက်ခံခဲ့ရပြီး ထွက်ပြေးခဲ့တဲ့ ကိုညီညီ ရဲ့ ပြန်ကြားစာ

March 27, 2012

ခင်ရွှေလှိုင်သို.

ခင်ရွှေလှိုင်ကို ခင်မင်ဖူးတဲ့ ရဲဘော်ရဲမေတဦးအနေနဲ. အကြံပေးလိုတာက ဘယ်အရာကိုမှ မိမိသမိုင်းကြောင်းနဲ. ဂုဏ်သိက္ခာအတွက် တွယ်ဖက်မနေပါနဲ.။ အမှန်တရားကို တွေ.ပြီ၊ သိပြီ ဆိုတာနဲ. ရဲရဲ ဝန်ခံပြီး အဖြစ်မှန်တွေကို ဖွင့်ချပါ။

ကိုယ် အဖမ်းမခံရ... ပြီးရော ဆိုပြီး အခြားသူတွေ အဖမ်းခံနေရချိန်မှာ ဖာသိဖာသာ နေနိုင်ခဲ့တဲ့အတွက် အရှက်တရားထားပြီး မကဒတ ရဲ. ဂုဏ်သိက္ခာအတွက် ပြန်လည် ဆေးကြောခြင်း၊ မကဒတ မျက်နှာဖုံးအောက်မှာ ရာဇဝတ်မှုတွေကို ကျုးလွန်ခဲ့တဲ့ ရာဇဝတ်သားတွေကို ဖော်ထုတ်ရေး အစီအစဉ်မှာ ပါဝင်ပေးပါ။ အနည်းဆုံးတော့ ကိုယ်ရဲ. မျိုးဆက်ကလေးတွေအနေနဲ. လူ.ဘဝထဲ ရဲရဲဝံဝံနဲ. သူများတွေမျက်နှာကို ကြည့်ရဲတဲ့သူတွေ ဖြစ်လာပါလိမ့်မယ်။

ခင်ရွှေလှိုင်ရဲ. comment ထဲက "လူ ၅ ယောက်လောက် ဆိုရင် ဖြစ်နိုင်ပါတယ်" လို. ဆိုတော့ "ကျန်တဲ့ လူ ၁၀၀ ကျော် မတရား ဖမ်းဆီးခံခဲ့ရတာ၊ သေတဲ့သူ ၄၀ လောက်ထဲက ၃၅ ယောက်လောက်ကတော့ အပြစ်မဲ့သူတွေပါ" လို. ခင်ရွှေလှိုင် ဝန်ခံလိုက်ပြီပေါ.။ အဲဒီတော့ GOSDA (The Graduates and Old Students' Democratic Association) ရုံးကနေပြီး နိုင်ငံရေးလုပ်သွားတဲ့ သူတဦးက မိခင်အဖွဲ. အနကလ ရဲ. ဥက္ကဌ က ဦးစီးပြီး လူသတ်ပွဲ၊ နှိပ်စက်ပွဲ လုပ်ခဲ့တာကိုတော့ လက်ပိုက်ပြီး ကြည့်နေခဲ့တာ၊ အနှစ် ၂၀ ကျော် ဘာမှ မပြောပဲ နေခဲ့တာ လိပ်ပြာသန်.ပါသလား လို. မေးချင်ပါတယ်။

နောက်ပြီး သံခဲနဲ. ပက်သက်ပြီး သူယူထားတဲ့နေရာ၊ သူမြောက်ပိုင်းနဲ. ပက်သက်ခဲ့မှုတွေအတွက် သူပြန်ပေးဆပ်ခဲ့တာက ရာဇဝတ်မှုတွေကို လက်ပိုက် ထိုင်ကြည့်ပြီး နှုတ်ပိတ်နေခဲ့ခြင်းပဲ ဖြစ်ပါတယ်။ တောင်ပိုင်းမှာ တယောက်နဲ.တယောက် အပြစ် ပုံချပြီး ကိုယ်လွတ်ရုန်းဖို. ကြိုးစားနေတဲ့ သူတွေအကြောင်း ခင်ရွှေလှိုင် ပိုသိမှာပါ။

အမှန်ကိုမြင်ပြီး ပူးပေါင်းလာမယ်ဆိုရင် (ကိုယ်တိုင် ရာဇဝတ်မှုတွေကို ကျုးလွန်ထားတာ မရှိလို.) အားလုံးက ခွင့်လွတ်နိုင်ကြမယ် ထင်ပါတယ်။ ခင်ရွှေလှိုင် အပါအဝင် မည်သူမဆို ရာဇဝတ်မှု ဖော်ထုတ်ရေးအတွက် ပူးပေါင်းလာကြမယ်ဆိုရင် ကြိုဆိုပါတယ်။

နောက်တခါ တောင်ပိုင်းမှာ ထပ်မံ ခြိမ်းခြောက်ခြင်း ခံနေရတဲ့ ကျနော်တို.၇ဲ. သေဖော်သေဖက် ၃ ဦးကိုလည်း ခင်ရွှေလှိုင် ရဲ. ခင်ပွန်းမှတဆင့် အကာအကွယ်ပေးဖို. ပြောဆိုပေးပါ။ ရာဇဝတ်မှုအသစ်တွေ ထပ် မဖန်တီးကြပါနဲ.တော.။ များများ လုပ်ထားတဲ့သူတွေကတော့ များများ အပြစ်ခံ ရမှာ ဖြစ်ပေမဲ့ နည်းနည်းပဲ လုပ်ထားတဲ့ သူတွေကတော့ နည်းနည်းပဲ ခံရမှာဖြစ်ပြီဲး အလျှင်းသင့်ရင် ခွင့်လွတ်မှုကို ခံစားရနိုင်ပါတယ်။

မေးစရာလေး ကျန်သွားလို. မေးကြည့်ပါရစေ။ ခင်ရွှေလှိုင်က ဖြစ်ခြင်းဖြစ်ရင် စပိုင် ၅ ယောက်လောက်တော့ ရှိလိမ့်မယ် ဆိုတော့ အဲဒီ သံသယ ရှိတဲ့ စပိုင် ၅ ယောက်ရဲ. နာမည်လေးကို တဆိတ်လောက် POST မှာ တင်ပေးစမ်းပါ။ ဒီမှာ ကျန်ခဲ့တဲ့ လူ ၁၀၀ လောက်က ဝိုင်းစုံစမ်းကြ၊ စစ်ဆေးကြ လုပ်ကြပေမဲ့ အနှစ် ၂၀ ကျော်တဲ့အထိ တယောက်မှ မပေါ်လို.ပါ။

ဒါပေမဲ့ မကဒတ ထောက်လှမ်းရေးအဖွဲ.မှာ ပါခဲ့တဲ့သူတွေကတော့ မသင်္ကာစရာ လူတွေနဲ.ပေါင်း၊ မသင်္ကာစရာ အဖွဲ.တွေနဲ.ပေါင်းပြီး မသင်္ကာစရာ အလုပ်တွေ လုပ်နေကြလေရဲ.။

ခင်ရွှေလှိုင် ဆက်ရေးမဲ့ POST တွေကို ဆက်ဖတ်နေရအုံးမယ်လို. မျှော်လင့်နေတဲ့ ……………………

ညီညီ
မြောက်ပိုင်းရဲဘော်ဟောင်း

ko lin wai aung facebook မှ ကူးယူဖော်ပြသည်။

(လင်္ကာ ဘလော့ မှ ကူးယူ ဖော်ပြပါသည်။)

Hi,

Pls stop for copying other's posting.

Why you always dig the old things. Now , all are changed already. You have to think about it.

Regards,
public

Why the main persons are silent?They should come out and discuss about it face to face.The readers are not stupid.Let the media interview.

မခင်ေ၇ွလှိုင်ခင်ဗျာ
ကျတော်ဖတ်လာတာဆောင်းပါးအမှတ် ၁ ကနေ ၅ အထိ၇ှိလာပြီး..အခုသထိ ဘယ်သူက ထောက်လှမ်းေ၇း
ဆိုတာ မကွဲပြားသေးဘူး ဟိုလူလိုလို ဒီလုလိုလိုနဲ.
သက်သေတွေကလည်းမေ၇မ၇ာနဲ.
စာဖတ်သူကျတော်တို.လို.လူအများစုတွေသိချင်တာက
ထောက်လှမ်းေ၇းလို.သံသယဝင်ခံ၇သူတွေကို ဘာလို.
၇က်၇က်စက်စက်သတ်၇တာလဲ? ထိုးကျွေးခံ၇တယ်ဆိုတဲ.ကိုထွန်းအောင်ကျော်၊ကိုချိုကြီး၊ဦးစိန်တို.ကို ထိုးကျွေးခံ၇မှန်း မခင်ေ၇ွှလှိုင်တောင်သိ
နေ၇င် စစ်ဆေး၇တဲ.လူတွေကဘာလို.မသိ၇တာလဲ..
လာလို.၇က်စက်၇တာလဲ..ဒါလေးကိုတော.၇ှင်းအောင်ေ၇းစေချင်ပါတယ်

Anonymous Anonymous said...

Ma Nge,
I have no idea why u post Daw Khin Shwe Hlaing's posts. But I don't think U believe her :-))Some (((((parts may be true but not all, that's I feel. I believe only what's Ma Nan Aung Htwe Kyi said. Nobody can't hide the truth. We are Buddhist and I believe Kama. We can lie to others but not ourselves.

Thanks,
PN

April 4, 2012 11:41 AM))))) မှတ်ချက်ပေးတဲ့သူက PN လို့ ရေးထားပေမဲ့ ဘယ်သူလဲဆိုတာ ကျွန်မ မသိတာ ဆောရီးပါ။ ကျွန်မ မှတ်သားရသလောက် မခင်ရွှေလှိုင်ရေးတဲ့အထဲမှာ သူ့အတွေ့အကြုံ သူ့ဘ၀ဖြတ်သန်းမှုကို သူရေးထားတာသာ ဖြစ်ပြီး အဲဒီကြုံတွေ့ခဲ့ရတာတွေအပေါ် သူ့အမြင်နဲ့သူ သုံးသပ်ထားတာကိုသာ တွေ့ရပါတယ်။ တခြားသူရေးထားတဲ့ အချက်အလက်တွေနဲ့ မတူလို့ မှားတယ်လို့ သတ်မှတ်လို့ မရနိုင်ပါဘူး။ ကျွန်မကြည့်တာ တခြားသူတွေ ရေးတာနဲ့ ကြီးကြီးကျယ်ကျယ် လွဲနေတာလည်း မတွေ့ပါဘူး။ တခြားသူတွေကလည်း သူတို့အတွေ့အကြုံသူတို့ ရေးတယ် မခင်ရွှေလှိုင်ကလည်း သူ့အတွေ့အကြုံသူရေးတယ်။ လွဲနေတာဆိုလို့ မခင်ရွှေလှိုင်က အဲဒီအထဲမှာ ရန်သူ့လူပါတယ်လို့ ပြောပြီး တခြားသူတွေက ရန်သူ့လူတယောက်မှ မပါဘူးဆိုတာနဲ့ တခြားသူတွေက ဒေါက်တာနိုင်အောင် မြောက်ပိုင်းကိုလာတာ ဖေဖေါ်ဝါရီမှာလို့ ပြောတယ်။ မခင်ရွှေလှိုင်က ဧပြီမှာလို့ပြောတယ်။ ဒါပဲအဓိက လွှဲနေတာရှိပြီး ကျန်တာတွေကတော့ သူ့တို့အတွေ့အကြုံတွေအပေါ် အခြေခံပြီး သူတို့အမြင်သူပြောကြတဲ့ အပေါ်မှာ လွဲတယ်မလွဲဘူး ဆိုတာဘေးက ပြောလို့မရနိုင်ဘူး။ တခု သတိထားမိဖို့ သင့်တာက မခင်ဆွေလှိုင်မှာ ဒီစာကိုေ၇းရာမှာ ဘယ်ကဘာဖိအားမှ မပါရှိပါလို့ အဖြစ်မှန်ကို လွဲမှားစေနိုင်တဲ့ အကြောင်းအရင်းတွေ သူ့မှာလုံးဝကင်းတယ်။ ပပမာ နအဖသတင်းစာ ရှင်းလင်းပွဲမှာလို အာဏာရှင် အလိုကျ ဖန်တီးရတဲ့အခြေအနေမျိုး ကင်းတယ်၊ ခံထားခဲ့ရသူတွေမှာလို စိတ်မှာ ဒဏ်ရာအနာတရနဲ့ ရေးတာမျိုး ကင်းတယ်၊ ဖမ်းဆီးသတ်ဖြတ်ထားခဲ့သူ မဟုတ်လို့ မိမိကိုယ်ကိုယ် အပြစ်ကင်းစင်ကြောင်း ကာကွယ်ပြီး ရေးစရာအကြောင်း မရှိဘူး။ ဒါကြောင့် သူရေးတာတွေမှာ ဘာအဂတိမှ မစွက်ဖက်နိုင်ဘူး တကယ်ရိုးရိုးရှင်းရှင်း သူကြုံတာကို သူရေးပြီး သုံးသပ်ထားတာသာ ဖြစ်တယ်။ ကျွန်မဖတ်ရသလောက် သူရေးထာား လွဲချော်နေတဲ့အချက် အခုထိ တခုမှမတွေ့သေးဘူး။ လူသတ်သမားတွေကို သူကာကွယ်ထားတဲ့အချက် ကျွန်မ တချက်မှမတွေ့ဘူး။ မဟုတ်ဘူးလို့ ငြင်းနေသူတွေကပဲ သူ့ကို အခြေအမြစ်မရှိ လူသတ်သမားကို ကာကွယ်တယ်နဲ့ ပြောနေတာတွေ့တယ်။

လူပုဂ္ဂိုလ်တချို့ ဥပမာ ကိုမျိုးဝင်း ကိုသံချောင်းတို့ရဲ့ Personality တွေကို သူမြင်လို့ မြင်တဲ့အတိုင်း ပြောတာကို လူသတ်သမားကို ကာကွယ်တယ်လို့ ပြောလို့မရနိုင်ဘူး။ တခြား သူသိတဲ့အချက်အပေါ် သူခန့်မှန်းတဲ့ ရန်သူလူဖြစ်နိုင်တယ် ဆိုတဲ့သူတွေအပေါ် အမြင်တွေကတော့ သူနဲ့သာဆိုင်ပါတယ်။ အဲဒါကိုလည်း သူကအရမ်းကာရော ဘလိုင်းကြီး ရန်သူလူလို့ ပြောထားတာကို မတွေ့ရဘူး။ ဒီလိုဒီလို အချက်တွေကို ကြည့်ခြင်းအားဖြင့် ဒီလူဟာ ဒီလိုဖြစ်နိုင်တယ်ဆိုပြီး အချက်ကိုထောက်ပြလိုက် သုံးသပ်လိုက်နဲ့ ပြောထာားပဲ တွေ့ရတယ်။ သူထင်တာ မှားတယ်မှန်တယ် ဆိုတာ အခုချိန်မှာ တိတိကျကျ ဘယ်သူမှ အာမခံချက် မပေးနိုင်ပါဘူး။ သူ့ရဲ့ စာအရေးအသားတွေထဲမှာ ပါတဲ့ ဖြတ်သန်းမှုတွေက ၀တ္တုရေးသလို၊ ဒါမှမဟုတ် တစုံတယောက် ဖိအားပေးလို့ လုပ်ကြံဖန်တီးပြီး ရေးထားတဲ့အသွင်လက္ခဏာ လုံးဝမတွေ့ရပါဘူး။ ဒါကြောင့်မို့ သူရေးထားတဲ့ Fact (not opinion) တွေကို ကျွန်မ ယုံတယ်။ ကျွန်မတို့ဟာ ခံခဲ့ရသူတွေ ရေးထာကိုပဲ တောက်လျှောက် ဖတ်လာခဲ့ရတယ်။ အခု ဘယ်ဘက်မှာမှ မပါခဲ့တဲ့ သာမန်ရဲမေတယောက်ရဲ့ အတွေ့အကြုံနဲ့ တင်ပြမှုတွေကိုလည်း တန်ဖိုးရှိတဲ့ အချက်အလက်တွေအဖြစ် အသိအမှတ်ပြုရမှာဖြစ်တယ်။ နောက်ထပ် ဒီလို သာမန်ရဲဘော်ရဲမေတွေထဲကေ၇းတာကို များများကြိုဆိုသင့်ပါတယ်။ အထင်ကအထင်ပဲ အမှန်တရားက အမှန်တရားပဲ။ အထင်ဆိုတာ အမှန်တရားမဟုတ်တဲ့အတွက် ကိုယ်ထင်ထားတာနဲ့ မတူတိုင်းမှားတယ်လို့ ပြောလို့မရဘူး။ ဒါကျွန်မ အမြင်ဖြစ်တယ်။ အခြေအမြစ်ရှိရှိ ပြန်ဆွေးနွေးရင် ကြိုဆိုပါတယ်။ ဒီထဲမှာ မပြောချင်ရင်လည်း ngenaing2008@gmail.com ကိုမေးလ်ပို့နိုင်ပါတယ်။