မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

ရခိုင်မှာ ရိုဟင်ဂျာ စတင်အမည်တွင်လာပုံ



အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဦးတင်ဦးက ရိုဟင်ဂျာတွေဟာ ဘင်္ဂလားက ခိုးဝင်လာသူတွေ ဖြစ်တယ်လို့ ပြောခဲ့တဲ့အတွက် ပြည်ပရောက် ရိုဟင်ဂျာပညာရှင် တဦးက ပြန်လည်တောင်းပန်ရမယ်လို့ ပြောခဲ့ဖူးတာကို ပြီးခဲ့တဲ့ နှစ်ကသတင်းတွေမှာ ဟိုးလေးတကြော်ကြော် ဖြစ်ခဲ့ပါတယ်။ အဲဒီပုဂ္ဂိုလ်ကပဲ  ရိုဟင်ဂျာတွေက အာရပ်ဘက်ကနေ ရောက်လာပြီး  မြန်မာပြည် ရခိုင်ပြည်နယ်မှာ ရှေးရခိုင်ဘုရင်တွေ လက်ထက်ကတည်းက ရခိုင်တွေနဲ့အတူ နေထိုင်လာခဲ့သူတွေ ဖြစ်တယ်၊ ဘင်္ဂလားနဲ့ ဘာမှမဆိုင်ဘူးလို့ သတင်းမီဒီယာတွေက အင်တာဗျူးတခုမှာ ဖြေထားတာကိုလည်း နားထောင်ခဲ့ဖူးပါတယ်။ ရခိုင်သမိုင်းပညာရှင် ဒေါက်တာ အေးချမ်းကတော့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး အောက်ကအတိုင်း ပြောထားပါတယ်။ ဘီဘီစီ မြန်မာပိုင်းအစီစဉ် ကျေးတမာနဲ့ ပေဖူးလွှာ ကဏ္ဍကို  ဒေါက်တာ အေးချမ်းက ပေးပို့တဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်တဲ့ ပေးစာကို Face Book က ကူးယူပြီး ဘာသာပြန်ကာ  ဖေါ်ပြလိုက်လိုက်ပါတယ်။ (ပို့စ်ကို ဖတ်ပြီးရင်တော့ ပို့စ်နဲ့ မဆိုင်ပေမဲ့ ရိုဟင်ဂျာနဲ့ ပတ်သက်ပြီး လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေရဲ့ လိုအပ်ချက်အရ ဒီနေရာမှာ ၀င်ပြီး လက်မှတ်လေး ထိုးပေးကြဖို့ အားလုံးကို မေတ္တာရပ်ခံပါတယ်။)

ချစ်စွာသော ဘီဘီစီ
၂၀၁၀ ခု၊ စက်တင်ဘာလ ၁ ရက်နေ့ မနက်က ဘီဘီစီ မြန်မာပိုင်းအစီစဉ်မှာ ဗြိတိန်ရိုဟင်ဂျာ အစည်းအရုံးရဲ့ ဥက္ကဌ ဖြစ်သူ ဦးထွန်းခင်နဲ့ အင်တာဗျူးကို ကျွန်တော် နားထောင်လိုက်ရပါတယ်။ ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ရှုဒေါင့်နှစ်မျိုး ရှိပါတယ်။ ရခိုင်ပြည်နယ်ရဲ့ မြောက်ပိုင်းမှာ မူစလင်တွေဟာ မြန်မာစစ်အုပ်စုရဲ့ အလွန်အမင်း ဖိနှိပ်ခံနေရတာကို ကျွန်တော့်အနေနဲ့ မငြင်းလိုပါဘူး။ သို့ပေမဲ့လည်း သူတို့ဟာ ရက်စက်ကြမ်းကြုတ်တဲ့ စစ်အုပ်စုရဲ့ ဖိနှိပ်ခံနေရတဲ့ တခုတည်းသော လူမျိုးစုတော့ မဟုတ်ပါဘူး။  ကမ္ဘာ့ထင်ရှား ကျော်ကြားတဲ့ မီဒီယာတွေဟာ ဘာဖြစ်လို့ တခြား လူမျိုးစုတွေအရေးထက် ရိုဟင်ဂျာအရေးကို ပိုပြီးစိုးရိမ်ပူပင်နေရတာလဲဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ နားမလည် ဖြစ်မိပါတယ်။

ရိုဟင်ဂျာကို ဌာနေတိုင်းရင်းသားတခုအဖြစ် အသိအမှတ်ပြုဖို့ ဆိုရင်  အမျိုးမျိုးအဖုံဖုံ ကွဲပြားတဲ့ အကြေင်းအရာ ဖြစ်ပါတယ်။ ဒီလူတွေ (ရိုဟင်ဂျာတွေ) တွေဟာ ဗြိတိသျှအုပ်စိုးတဲ့ခေတ်မှာ ဘင်္ဂလားကနေပြီးတော့ လယ်ယာစိုက်ပျိုးရေး လုပ်သားတွေအဖြစ် မြန်မာပြည်ကို ရောက်လာကြတဲ့သူတွေ ဖြစ်တယ်။ ဒါကို ကျွန်တော် သမိုင်းအထောက်အထားနဲ့ သက်သေပြုနိုင်ပါတယ်။ ကျွန်တော်ရေးတဲ့ ""SOAS Bulletin of Burma Research 3-2." ထဲမှာ ဖတ်နိုင်ပါတယ်။  ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး ဘယ်ပညာရှင်နဲ့မဆို ပြိုင်ပြီး ဒီဘိတ်လုပ် ပြောဆိုငြင်းခုန်ဖို့ ကျွန်တော့်ဘက်က အဆင်အသင့်ရှိပါတယ်။ သူတို့ (ဘင်္ဂါလီတွေ) ဟာ ဗြိတိသျှကိုလိုနီ လက်ထက်မှာမှ ရခိုင်ပြည်နယ်မှာ လာရောက်နေထိုင်သူတွေ ဖြစ်ပါတယ်။ ရခိုင်တွေက သူတို့ကို ကောင်းစွာကြိုဆိုခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ် အပြီး လွတ်လပ်ရေး မကြေညာခင်ကာလမှာတော့ သူတို့ဟာ  ရခိုင်ပြည်နယ်မှာ လူဦးရေပိုမိုများပြားလာပြီးတော့ သူတို့အများစု ခြေချနေထိုင်လျက်ရှိတဲ့ နယ်မြေကို အရင်ကအခေါ် အရှေ့ပါကစ္စတန် အခုအခေါ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပိုက်နက်ထဲမှာ ပါဝင်ဖို့ တောင်းဆိုခဲ့ပါတယ်။ ပါကစ္စတန် ခေါင်းဆောင်တွေက သူတို့ရဲ့ တောင်းဆိုမှုကို အားမပေးတော့ ပြည်ထောင်စု မြန်မာနိုင်ငံမှာ Jihad စစ်ကို ကြေညာခဲ့ပါတယ်။ အဲဒီ Jihad စစ်ပွဲမှာ သူတို့ရှုံးနှိပ်တော့  သူတို့နယ်မြေကို ရိုဟင်ဂျာပြည်နယ်လို့ ခေါ်တွင်စေဖို့အတွက် ရိုဟင်ဂျာဆိုတဲ့ အမည်နာမ တခုကို စတင်ဖန်တီးပြီး ကင်ပွန်းတပ်လိုက်ပါတယ်။ မြန်မာ့သမိုင်းမှာတော့ ဒီလိုနာမည်နဲ့ လူမျိုးစုတစု ဆိုတာ ဘယ်တုန်းကမှ မရှိခဲ့ဖူးပါဘူး။

ကွန်ကရက်အမတ် Smith ပြောတဲ့ ပါကစ္စတန်၊ အာရပ်နဲ့ အိန္ဒိယ လူမျိုးတွေရဲ့ မျိုးဆက်တွေ ဗြိတိန်မှာ အခြေချနေထိုင်လာပြီးတဲ့အခါမှာ  ဗြိတိန်လူမျိုးတွေပဲ ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီပြောင်းရွှေ့နေထိုင်လာသူတွေဟာ သူတို့ရဲ့ အမျိုးသား နယ်မြေပိုင်နက် တောင်းဆိုနေတာ မရှိဘူး ဆိုတဲ့ အချက်ကို ကျွန်တော်လုံးဝ လက်ခံပါတယ်။ သူတို့တွေဟာ စကော့တလန် အိုင်ယာလန် ဝေလတို့လိုမျိုး သီးခြားလူမျိုးစုအဖြစ် တောင်းဆိုနေတာ မရှိဘူး။ သူတို့ဟာ သီးခြားနယ်မြေပိုင်ဆိုင်မှု တောင်းဆိုနေတာလည်း မြောက်ပင်လယ်မှာတောင် မရှိပါဘူး။ သူတို့ကိုယ်သူတို့ ဗြိတိသျှလို့ပဲ ခေါ်ကြတယ်။ ၁၉၄၇ ခုနှစ်မှာ အဲဒီ စစ်တကောင်းသား ဘင်္ဂါလီတွေဟာ ရခိုင်ပြည်နယ်ကို နှစ်ခု ဖြစ်အောင်လုပ်ပြီး သူတို့အတွက်ပြည်နယ် ပိုင်ဆိုင်မှုနယ်မြေ တောင်းဆိုခဲ့ပါတယ်။ မူလပိုင်ရှင် ဖြစ်တဲ့ရခိုင်တွေက ဘိုးစဉ်ဘောင်ဆက်ကတည်းက သူတို့ပိုင်တဲ့ ပြည်နယ်ကို နိုင်ငံခြားက ပြောင်းရွှေ့လာရောက်နေထိုင်တဲ့ အင်္ဂါလီတွေအတွက် ခွဲထုတ်ပေးရမယ်ဆိုရင် ဒေသခံ ရခိုင်တွေအနေနဲ့ ဘယ်လိုခံစားရမလဲ။ ဘီဘီစီနဲ့ ဦးထွန်းခင်ကို ကျွန်တော် မေးချင်ပါတယ်။
လေးစားစွာဖြင့်

Aye Chan
Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014
Japan

မူရင်းကို Face Book က ဒီနေရာမှာ တင်ထားတာကို ကူးပြီး ဘာသာပြန်ဆိုခဲ့ပါတယ်။

မူရင်း အင်္ဂလိပ်လို

Dear BBC: I listened to your interview with U Tun Khin, the Chairman of the Rohingya Association of Britain on the morning Burmese program of September 1st, 2010. There are two dimensions in this case. We don't deny these Muslims have faced severe suppressions in the northern Arakan by the Burmese military. However, they are not only ethnic group under brutal oppression of the junta. We are wondering why the world's famous medias are more concerned with Rohingya than other ethnic minorities.

To recognize "Rohingya" as a national indigenous people is a different issue. These people were descendents of the Bengali agricultural laborers in the British colonial period. I have historically proved that. You can read my article in "SOAS Bulletin of Burma Research 3-2." I am ready to debate with any scholar on this topic. They came to live in Arakan State in the colonial period. The Arakanese people welcomed. After the Second World War, they were the majority in that area and before the declaration of independence they demanded the area to be incorporated into East Pakistan that is now Bangladesh. When the Pakistani leaders discouraged their demand they declared Jihad on the Union of Burma. When they lost the jungle war, they created the term "Rohingya," calling for the "Rohingya State" for them. There has never been such an ethnic group in Burmese history.

I agree what the Congressman Smith said that after living for generations these Pakistani, Arabs and Indians became British Citizens. But these immigrants in Britain are not demanding a national territory. They are not demanding a separate ethnic identity, like Scottish, Irish or Whales. They are not calling for a national area of themselves even in the North Sea. They call themselves British. In 1947 these Chittagonian Bengalis demanded the partition of Arakan into two states. How would the native Arakanese feel if their ancestral land is divided to give away a part to the immigrants? I want to ask BBC and U Tun Khin.
Sincerely,

Aye Chan
Professor of History
Department of International Cultures
Kanda University of International Studies
1-4-1 Wakaba, Mihamaku, Chiba 261-0014
Japan
Tel. (Office)
http://arakanindobhasaa.blogspot.com/2011/11/sky-high-liar-bbcs-kye-tha-ma-on-sunday.htm

ရွှင်လန်းချမ်းမြေ့ကြပါစေ။





13 comments:

ပြောစမ်း ပေါက်ကရ

တော်ပါတော့
ဟုတ်လည်း ဟုတ်တာမဟုတ်ပဲနဲ့
ဟိုမှာက သေတဲ့လူသေ၊ ပြာဖြစ်တဲ့ရွာတွေ ပြာဖြစ်နေပြီ
အခုချိန်က ရိုဟင်ဂျာ ဘယ်လိုစ အမြစ်တွယ်လဲ အဖြေရှာနေရမယ့်အချိန်မဟုတ်တော့ဘူး

Good post! And above writer, open ur eye wider n think about future. Do not focus only on current affair. I repeat, open ur eye wider n think about the future! Thx


, mg moe thae

တရေးနိုးမှ ယောင်သောမငယ်နိုင် ပြန်အိပ်လိုက်ပါဦး...အိမ်မှာနေရင်းအလိုလိုရတဲ့ နိုဘယ်လ်ဆု ဆိုသောဘာမှန်းမသိတဲ့ဆု ကိုယူရန် ဒေါ်စုကြည်ကတော့ RANGOON မှနော်ဝေသို့ ထွက်ခွာသွားပါပီ...မငယ်နိုင်blog မှ ထိုအကြောင်းကို တင်ဆက်မည့် အချိန်ကို စောင့်မျှော်လျက်...
With love,
စစ်ခွေး

တိုင်းရင်းသားလူမျိုးပေါင်း(၁၃၅)မျိုးရှိတယ်ဆိုတာကိုအားလုံးကိသိကြပါတယ်။လူမျိုးပျောက်မှာကြောက်ရပါတယ်။
ကိုယ့်လူမျိုးကိုယ်တိုင်းပြည်အမျိုးဘာသာ သာသနာကိုစောင့်ရှောက်ကြပါ။

ဟစ်တလာကဂျူးလူမျိုးကိုဘာကြောင့်အသေမုန်းတာအခုမှနားလယ်တော့တယ်ကမ္ဘာကြီးမှာနယ်နိမိတ်သတ်မှတ်ပြီးသာပါအခုချိန်မှာဘယ်နိုင်ငံမှကိုမြေကို
ဘာအကြောင်းနဲ့မှကျူးကျော်မခံတော့ဘူး။

မင်းကဘယ်လောက်သိလို ပြော

((((မင်းကဘယ်လောက်သိလို ပြော)))
ဘယ်လောက်မှ မသိလို့ သိတဲ့ပညာရှင် ဒေါက်တာအေးချမ်းက အင်္ဂလိပ်လိုနဲ့ပြောထားတာကို ဗမာလိုတိုက်ရိုက်ဘာသာပြန်ပြန်ပြီး ပြန်ဖေါ်ပြပေးထားပါတယ်။ မရှင်းရင် အစကနေ အဆုံးထိ တခေါက်ပြန်ဖတ်သွားဖို့ အကြံပြုပါတယ်။




ကျွန်တော်တို့မြန်မာနိုင်ငံမှာ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ၊ ကိုယ့်ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ကြရင်း လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်နိုင်တဲ့ အေးချမ်းသာယာတိုးတက်တဲ့ နိုင်ငံ ဖြစ်ဖို့ ပြည်သူတိုင်း ပါဝင်ကူညီမှ ဖြစ်ပါမယ်



သူများယောင်လို့ယောင်ရတယ်၊
၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ



"အရိုးကို စည်းရိုးထိုးမယ်" လို့ အော်နေတုန်း
တရုတ်တွေက သစ်ပင်တွေ ဝင်ခုတ်သွားပါတယ်။


"ကျုပ်နှမလေး ကုလားနဲ့ ညားမှာစိုးလို့ မျိုးစောင့်ရတာ" လို့ အော်ရင်း
ဓားထမ်းပြီး သူ့ခြင်ထောင်နား ထိုင်စောင့်နေတာ
တရုတ်ကြီးနဲ့ ဗိုက်တလုံး ထွက်လာမှ
သူ အိမ်ဖော် သွားလုပ်နေတာ သိလိုက်ရတယ်။


"ကုလားပစ္စည်းတွေကို အားမပေးကြနဲ့" လို့ အော်နေတုန်း
အပေါ် မော့ကြည့်မှ
တဝီဝီနဲ့ အာရပ်က လေယာဉ်တွေ ပျံနေတာ တွေ့လိုက်ရပါတယ်ဗျာ။


ဒေါ်စုကို "ကုလားမယား၊ သာသနာဖျက်၊ အမျိုးဖျက်" လို့ အော်နေတုန်း
အစိုးရက မဟာသန္တိသုခ ကျောင်းတိုက်ကို သိမ်း၊
သံဃာတော်တွေကို ထောင်ချ၊
လယ်တီသိမ်တော်ကို ဖြိုချလိုက်ပါတော့တယ်။


Raven Black

သူများယောင်လို့ယောင်ရတယ်၊
၉၆၉၊ မဘသ၊ မျိုးချစ် ဆိုသူ ဘာသာရေးမှိုင်းတိုက်သူ အမောင်တွေရဲ့
တောင်မှန်းမြောက်မှန်း မသိတဲ့ ဘဝ



၎-၁၀-၁၅ ရက်မှာ ရန်ကုန်မြို့၊ သုဝဏ္ဏအားကစားကွင်းမှာ အမျိုးစောင့်ဥပဒေ အောင်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့တယ် ဆိုပါလား

နယ်လှည့်ပါးရိုက် အုန်းမြင့်က ဘာသာရေးမီး မွှေးနေပါလား


(( Ohn Myint wrote -
အမျိုးဘာသာသာသနာ
ကာကွယ်စောင့်ရှောက်နိုင်ကြပါစေ။
သာဓု သာဓု သာဓု ပါ။
ဂုဏ်ယူမဆုံး တစ်မျိုးသားလုံး။
အောင်ပွဲအလီလီ ထပ်ဆင့်ချီ
အောင်ပြီ အောင်ပြီ အောင်ပြီ။ ))


အဟေဟေ......
မောင်အုန်းမြင့်တို့ကတော့ မျိုထား ဆို့ထားတာတွေ အစိုးရသစ်လက်ထက်မှာ ပြန်အန်ထုတ်ရမှာစိုးတာရယ်.... ထပ်မခိုးရတော့မှာရယ်တွေးကြောက်ပြီး... ကယောင်ကတန်း ဘာသာရေးမီးတွေ ထ မွှေးနေတော့တာပဲ....

ပြောင်ကြီး - ကိုလည်း အတင်း မ လို မ နဲ့...မြင်မကောင်းဘူး.........

သီတဂူဆရာတော်ကြီး မိန့်ကြားချက် နားထောင်ပြီးပြီလား.. မောင်အုန်းမြင့် ဟဲဟဲဟဲ


ရန်ကုန်မှာရှိတဲ့ စွမ်းအားရှင်နဲ့ ကြံ့ခိုင်ရေးအင်အားကို ဘယ်လောက်ရှိလဲ ဆိုပြီး ထုတ်ပြသွားတဲ့ပွဲကို ဘာပွဲလို့ခေါ်လဲ သိလား
မျိုးစောင့်ဥပဒေအောင်ပွဲတဲ့

၎-၁၀-၁၅၊ ရန်ကုန်၊ သုဝဏ္ဏအားကစားကွင်း
မျိုးစောင့်ဥပဒေအောင်ပွဲတဲ့

ကြံ့ဖွတ်ရုံးက သွားလိုက်ကြတာ သွားလိုက်ကြတာ
လိုက်ထရပ်တွေ ဒိုင်နာတွေနဲ့ သာသနာ့အလံတစ်ဖက် နိုင်ငံတော်အလံတစ်ဖက်

သူ့ချည်းပဲလား ဆိုတော့ ဟုတ်သေးဘူး
ကိုသိန်းစိန် ပုံကြီးလည်း ပါလို့

ဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ်တဲ့

မသိလို့ မေးပါရစေ

လယ်တီသိမ်ကို ဖျက်ဆီးပြီး ဘုန်းကြီးတွေကို တုတ်စာကျွေး မီးလောင်ဗုံးကျွေးတဲ့သူက ဘယ်လို စောင့်ရှောက်မှာလဲဟင်

ဆန္ဒပြပွဲ ဝင်ပါတဲ့ သံဃာက တုတ်စာမိပြီး အနာခံရတယ်

ကုလားအကြောင်း ပြောပြီး အမျိုးချစ်ပြ ကြံ့ဖွတ်အတွက် မဲဆွယ်တဲ့ ဆရာတော်ကျ အာရဖတ်ကားကြီး စီးပြီး အသာစံရတယ်
နောက်ကွယ်က ထောက်ပံ့မှုက ကြီးတာကိုး

ရိုဟင်ဂျာဘုန်း မိုးသို့ချုန်း


ရိုဟင်ဂျာဘုန်း မိုးသို့ချုန်း


Aung Tin ဒေါက်တာဇာနည် ထံမှဖြစ်တယ်။


ရိုဟင်ဂျာ ရှိတယ်။ မရှိဘူး ဆိုတာ အသာထား
ရိုဟင်ဂျာ ဆိုတဲ့ စကားလုံးလေး ကြားရင်တောင်
လိပ်ပြာလွင့်မတတ် အသည်းငယ်ပြီး
ကြောက်လန့်ခြောက်ခြား နေတတ်တဲ့နိုင်ငံပါ။


ရိုဟင်ဂျာ လူမျိုးစု ပုံ(၁) ဒေါက်တာဇာနည် ထံမှဖြစ်တယ်။


ရိုဟင်ဂျာသည် တိုင်းရင်းသားဖြစ်သဖြင့် နိုင်ငံသား ထပ်လျောက်ထားရန် မလိုကြောင်း ရခိုင်တရားသူကြီး ဦးမောင်သာဇံ (ဦးဇော်အေးမောင်၏ အဖိုး) က ၁၉၄၉ တွင် ဆုံးဖြတ်ပြန်ကြားချက်။ ပုံ(၂)


ရိုဟင်ဂျာ တိုင်းရင်းသားဖြစ်ကြောင်း မြန်မာ့စွယ်စုံကျမ်း အတွဲ(၉)တွင် မှတ်တမ်းတင်ထားသည်။ ပုံ(၃)


အဝေးသင်တက္ကသိုလ် သမိုင်းကျောင်းသားများအတွက် ပထဝီဌာနက ပြုစုထားသော လက်ရှိပြဌာန်းသင်ရိုးစာအုပ် အဖုံး။ ထိုသင်ရိုးတွင် ရိုဟင်ဂျာအကြောင်း ရေးထားသည်။ ပုံ(၄)


ထိုတက္ကသိုလ်ပြဌာန်းစာအုပ်တွင် ရိုဟင်ဂျာများသည် ဘူးသီးတောင်၊ မောင်းတောဒေသတွင် ရှေးဦးကာလကတည်းက အခြေစိုက်နေထိုင်ခဲ့ကြကြောင်းကို မြန်မာပြည်ရှိ အခြားတိုင်းရင်းသားများနှင့် တန်းတူယှဉ်တွဲ ရေးသားထားသည်။ ပုံ(၅)


ဒေါက်တာသန်းထွန်းရဲ့ ရိုဟင်ဂျာလူမျိုးနဲ့ ရိုဟင်ဂျာဘုရင်။ ပုံ(၆)


ရခိုင်ပါတီကြီးနှစ်ခုဖြစ်သော ALPနှင့် RNPတို့က ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုပြီး၊ ရိုဟင်ဂျာပါတီ ARIFနှင့် လက်တွဲတိုက်ပွဲဝင်သွားမည့် သုံးပါတီ သဘောတူစာချုပ် ၁၉၈၉။ ပုံ(၇)


ရခိုင်တိုင်းရင်းသား သမိုင်းလေ့လာသူ တရားလွှတ်တော်ချုပ် ရှေ့နေကြီး ဦးအောင်ကျော်စိန်က ရိုဟင်ဂျာများသည် ရှေးကာလများကတည်းက ရခိုင်ပြည်နယ်တွင် အခြေစိုက်နေထိုင်ခဲ့ကြသော မွတ်စလင်များဖြစ်သည်ဟု ၂၀၁၃ခုထုတ် အာရကန်လှိုင်းစာစောင် အမှတ်(၇)တွင် ရေးသားထားသည်။ ပုံ(၈)


Dr. Francis Buchanan က ၁၇၉၉ ခုနှစ်မှာ ရိုဟင်ဂျာတွေ ရှိကြောင်း မှတ်တမ်းတင်ခဲ့တာဖြစ်တယ်။ ဒီမှတ်တမ်းမှာ ရိုဟင်ဂျာတွေဟာ မွတ်စလင်တွေဖြစ်တယ်လို့ အတိအလင်းရေးထားတယ်။ ဒေါက်တာအေးချမ်းနဲ့ ဦးဇော်အေးမောင်တို့က ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုနေရာက ဒီမှတ်တမ်းထွက်လာတော့ ရိုဟင်ဂျာက ရခိုင်ဖြစ်တယ်လို့ ဆိုပြန်တယ်။ ဒါဆို ရခိုင်တွေရဲ့ ဘိုးဘေးတွေဟာ အရင်က မွတ်စလင်တွေဖြစ်ခဲ့လားဆိုတာကို ဖြေနိုင်ဖို့လိုပါလိမ့်မယ်။ ပုံ(၉)


ဗိုလ်ချုပ်အောင်ဆန်းရဲ့ လွတ်လပ်ရေးတိုက်ပွဲဝင် တိုင်းပြုပြည်ပြူလွှတ်တော်မှာ ရိုဟင်ဂျာအမတ်တွေ တက်ခဲ့တြတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံကို ရေးဆွဲခဲ့ကြတယ်။ ပုံ(၁၀)


မဆလခေတ်အဆက်ဆက် လွှတ်တော်အဆင့်ဆင့်၊ ပါတီကောင်စီအဆင့်ဆင့်မှာ ရိုဟင်ဂျာတွေ ပါဝင်ခဲ့ကြတယ်။ ပုံ(၁၁)


မှတ်ချက်။ အမြင်တူစရာ မလိုဘူး။ မိမိအမြင်ကို လွတ်လပ်စွာ ပြောနိုင်ပါတယ်။ မရိုင်းနဲ့။ ရိုင်းရင် ဘလော့ခံရမယ်။