မင်္ဂလာပါ

လှိုက်လှဲစွာ နှုတ်ခွန်းဆက်သပါတယ်။ ဒီဘလော့ဂ်က ကျွန်မရဲ့ ဘ၀ဖြတ်သန်းမှု၊ အတွေ့အကြုံ၊ ခံစားမှုအတွေးအမြင်၊ ဗဟုသုတ၊ ကျန်းမာရေးပညာပေး စတာတွေကို ကျွန်မ ရေးတတ်သလို ရေးပြီး အများသိအောင် ပြန်လည်မျှဝေရင်းနဲ့ မှတ်တမ်းအဖြစ် သိမ်းဆည်းထားရာ နေရာတခုသာ ဖြစ်ပါတယ်။ တခြားဆိုက်တွေက နှစ်သက်သဘောကျတဲ့ ပို့စ်တချို့ကို ပြန်လည်ကူးယူ ဖေါ်ပြထားတဲ့ပို့စ် အနည်းငယ်လည်း ရှိပါတယ်။ C-Box ဘေးမှာ ကပ်လျှက် ဆိုက်ဘားမှာ ကဏ္ဍအလိုက် Labels တွေ ခွဲထားတဲ့အထဲမှာလည်း ကြိုက်နှစ်သက်ရာကို ရွေးဖတ်နိုင်ပါတယ်။ လာလည်သူ အားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ်။
ရွှင်လန်းချမ်းမြေ့ကြပါစေ..


မြတ်ဗုဒ္ဓ၏ မေတ္တာတရား

မြတ်ဗုဒ္ဓ၏ မေတ္တာတရား
(အောက်က မေတ္တာပို့သီချင်းနဲ့ စာသား ပါဠိ၊ အင်္ဂလိပ်၊ မြန်မာ ကို ပိုမိုပြည့်စုံစွာ လေ့လာချင်သူများအတွက် ပို့စ်ကိုဒီနေရာမှာ Click ပြီး လေ့လာနိုင်ပါတယ်။

မြောက်ပိုင်းလူသတ်မှု ထောက်လှမ်းရေးပါ အစစ်ခံဖို့လိုဟု ဒေါက်တာနိုင်အောင်ပြော


“ဒီမှာ ဖြည့်ပြောချင်တာတစ်ခုက ကျွန်တော်တို့ စခန်းတွေကို စုဖွဲ့ထားတာဆိုပေမယ့် ဗဟိုဆိုတာက လုပ်လို့ရတာက မူနဲ့ပေါ်လစီ ကိစ္စတွေ၊ အဲဒါတွေကို လုပ်လို့ရတယ်။ စခန်းတွေအကုန်လုံးဟာ၊ သူ့ရဲ့ ဆုံးဖြတ်မှုနဲ့သူ ရှိနေတာ။ သူ့အုပ်ချုပ်ခွင့်နဲ့သူရှိတယ်။ နေ့စဉ်နဲ့အမျှ ကိစ္စတွေကို ကျွန်တော်တို့ဗဟိုက စီမံခန့်ခွဲနိုင်စွမ်းမရှိဘူး။ ဆက်သွယ်ရေး လည်း မရှိဘူး။ သြဇာအာဏာအရလည်း မရှိဘူးလို့လည်း ရှက်ရှက်နဲ့ပဲ ပြောရမှာပဲ။ ဒီကိစ္စတွေ ဖြစ်တယ်ဆိုတာ မီဒီယာတွေမှာ ပါလာမှပဲသိတယ်။ မေးခိုင်းလိုက်တဲ့ သူကလည်း ပြန်မလာဘူး။ ကျွန်တော်တို့ လိုက်သွားမှရမယ်။ သူလျှိုဝင်သလား၊ မဝင်သလားဆိုတာကို ကျွန်တော်တို့မှာ စုံစမ်းစစ်ဆေးနိုင်စွမ်းမရှိဘူး။ ဟိုဘက်က စွပ်စွဲတဲ့လူတွေကို ကျွန်တော်တို့ ပြန်လည် စစ်ဆေးဖို့ဆိုတာကို ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ တိုင်ပင်လိုက်တာက ထပ်ပြီး
တော့ သတ်ခံရတဲ့ကိစ္စတွေ မဖြစ်ဖို့၊ ကျန်နေတဲ့သူတွေ လွှတ်ပေးဖို့၊ လွှတ်ပေးတဲ့နေရာမှာလည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကနေတစ်ဆင့် မိဘတွေဆီကို ပြန်ပို့ပေဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေနဲ့ ညှိပါတယ်"


ရန်ကုန် (မဇ္ဈိမ) ။          ။ ယခင်စစ်အစိုးရအဆက်ဆက် ချမှတ်ထားသော ပြည်ဝင်ခွင့် ပိတ်ပင်ထားသူများစာရင်း Black List မှ ပယ်ဖျက်မှုအပြီး ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူတဦးဖြစ်သော  မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစု၏ အတွင်းရေးမှူးချုပ် ဒေါက်တာနိုင်အောင်လည်း ပြန်ရောက်လာခဲ့သည်။

အိမ်ပြန်ခရီးစဉ်အစမှာပင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ၏ ဥက္ကဋ္ဌဟောင်း လည်း ဖြစ်သော ဒေါက်တာနိုင်အောင်ကို သတင်းသမားအများစု၏ မေးခွန်းက ကျောင်းသားတပ်အတွင်း လွန်ခဲ့သော အနှစ် ၂ဝ က ဖြစ်ပွားခဲ့သော မြောက်ပိုင်းလူသတ်မှုနှင့် ပတ်သက်သော မေးခွန်းများ ဖြစ်သည်။

ကချင်ပြည်နယ်မြောက်ပိုင်း ပါဂျောင်ဒေသရှိ  ABSDF မြောက်ပိုင်း စခန်းတွင် ထိုစဉ်က စစ်အစိုးရ၏ “ရေလှိုင်း စစ်ဆင်ရေး” အောက်  သူလျှိုလုပ်သည်ဟူသော သံသယဖြင့် အဖွဲ့ဝင် ၁၅ ဦးမှာ နှိပ်စက်ခံရပြီး သေဆုံးခဲ့သည်။  စွပ်စွဲခံရသူပေါင်း ၁ဝ၆ ဦးအထိရှိခဲ့သော အမှုနှင့်ပတ်သက်ပြီး  သေကံမရောက် လွတ်မြောက်လာသူအချို့၏ တာဝန်ရှိသူဟု စွပ်စွဲထားသူများတွင် ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ABSDF ဗဟို၏ ဥက္ကဋ္ဌဟောင်းလည်း ပါဝင်သည်။

ဒေါက်တာနိုင်အောင်ကို မဇ္ဈိမ သတင်းထောက် မြတ်ကျော်သူက တွေ့ဆုံမေးမြန်းထားသည်။

မြောက်ပိုင်းမှာ ဖြစ်သွားတဲ့ ကိစ္စတွေကို အကြမ်းဖြင်း ပြောပြပေးပါ။

“မြန်မာနိုင်ငံကို ပြန်လာရတာက မြောက်ပိုင်းကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းဖို့တော့ မဟုတ်ပါဘူး။ ပြီးတော့ မြောက်ပိုင်း ကိစ္စတွေကို ပြောမယ်ဆိုရင် ဇာတ်ရည်လည်အောင် နောက်ခံ အခြေအနေတွေကို အရင်ဆုံး ရှင်းပြရပါမယ်။”

“ဒီကိစ္စကို ဖြစ်တဲ့အချိန်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ပေါ့။ အဲ့ဒီအချိန် တုန်းက စခန်းတွေ နယ်မြေအသီးသီးမှာရှိတယ်။ ထိုင်းနိုင်ငံတောင်ပိုင်း၊ မွန်၊ ကရင်၊ ကချင်၊ ရှမ်းပြည်နယ်နဲ့ အနောက် ဘက်၊ အိန္ဒယ၊ ဘင်္ဂလားဒေ့ရှ် မှာလည်း စခန်းတွေရှိတယ်။ တကယ်က ABSDF ဆိုတာက နယ်စပ်အသီးသီးကို
ရောက်သွားကြတဲ့ ကျောင်းသားတွေနဲ့ စခန်းဖွင့်ပြီး ဖွဲ့ထားတာ။ ထိုင်းနိုင်ငံတောင်ပိုင်းမှာဆိုရင်လည်း ကရင်ဘက်မှာ စခန်းခုနစ်ခုလောက်ရှိတယ်။ မွန်ဘက်မှာ စခန်းနှစ်ခုလောက်ရှိတယ်။ မြောက်ဘက်ပိုင်း ကချင်ဘက်မှာဆိုရင်လည်း ရှိတယ်။ နယ်ပယ်အသီးသီးကို ရောက်ရောက်သွားချင်းမှာတော့ ကျောင်းသားတွေက ကိုယ့်စခန်းနဲ့ကိုယ် ကိုယ်ကြိုက်
နှစ်သက်ရာ နာမည်ကို ပေးလိုက်ကြတဲ့အခါ ကျွန်တော်တို့က ပြန်ပြီးတော့ စုဖွဲ့ပြီးတော့ ABSDF ဆိုတာကို တူအောင် လုပ်ရတာ။ ဖွဲ့စည်းရတာပေါ့။ ပထမဆုံး ကိုထွန်းအောင်ကျော်က ဥက္ကဋ္ဌဖြစ်တယ်။ နောက်သိပ်မကြာခင်မှာ အရေးပေါ် ညီလာခံခေါ်ရတယ်။ အဲ့ဒီအချိန်မှာ အိန္ဒိယဘက်က ဒီနာမည် မဟုတ်သေးဘူး။ နာမည်တစ်မျိုး။ ကချင်ဘက်ကလည်း နာမည်တစ်မျိုး။ ဒါပေမယ့် အားလုံးလက်နက်ကိုင် တော်လှန်ရေးလုပ်ကြမယ် ဆိုပြီးတော့ စုစည်းကြတာ။ ညီလာခံ လုပ်တာဆိုပေမယ့်လည်း အကုန်လုံး ပါချင်မှပါတာ။”

“ကာလတစ်ခုကို ဖြတ်ပြောမယ်ဆိုရင်တော့ ကိုမိုးသီးဇွန် ဥက္ကဋ္ဌအဖြစ်တဲ့ အချိန်ကိုရောက်လာတာပေါ့ဗျာ။ ညီလာခံ
ခေါ်တဲ့အချိန်ပေါ့။ မှတ်မိသလောက်ဆိုရင် ၁၉၉၁ နှစ်ကုန်ပိုင်းလောက်ပေါ့။ အဲ့ဒီအချိန်မှာ ကိုမိုးသီးဇွန်က ဥက္ကဋ္ဌ၊ ကျွန်တော်က ညီလာခံကိုယ်စားလှယ်။ ညီလာခံလုပ်တဲ့အချိန်မှာပဲ ဖမ်းဆီးမှုတွေဖြစ်တယ်လို့ ကျွန်တော်တို့ သိရတယ်။ အဲ့ဒီညီလာခံမှာ တက်တဲ့သူတွေက နှစ်ခုသိရတယ်။ တစ်ခုက အဲ့ဒီအချိန်တုန်းက ပြန်သွားတဲ့၊ လွတ်သွားတဲ့လူလား မသိဘူး။ သတင်းစာရှင်းလင်းပွဲ လုပ်သွားတာရှိတယ်။ အဲ့ဒီကနေကြားရတာာ တစ်ခုရှိတယ်။ ဒုတိယတစ်ခုက ကိုမိုးသီးဇွန်က မဟာမိတ်ကြေးနန်း KIO ကနေတစ်ဆင့် ကျောင်းသားတွေကို ကျောင်းသားတွေကို ဒီလိုဖမ်းဆီးနေ တယ်ဆိုတဲ့ ကိစ္စတွေ ကြားရတယ်။ သူလျှိုတွေ ပါလာတယ်ဆိုတဲ့ ကိစ္စကို မြောက်ပိုင်းက ဖော်ထုတ်လိုက်တယ် ဆိုတာကို ပြောကြတာတွေရှိတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း တာဝန်မရှိဘူး။ ကျွန်တော်လည်း မသိဘူးပေါ့။”

“ညီလာခံဖြစ်နေတဲ့အချိန်မှာ သိသလားလို့မေးရင် သိတယ်။ ဒါပေမယ့် ကိုယ့်ညီလာခံကိစ္စ ကိုယ်ရှင်းနေတာဆိုတော့ ဒီဘက်မှာ အလုပ်ကပ်နေတယ်။ အဲဒီလို ရှင်းနေ၊ ရှုပ်နေရင်းနဲ့ပဲ ABSDF က နှစ်ခြမ်းကွဲသွားတယ်။ မှတ်မှတ်ရရဆိုရင်
ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆုရတဲ့နှစ်ပဲ။ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ အဖွဲ့အစည်း နှစ်ခြမ်းကွဲသွားတယ်။ ကိုမိုးသီးဇွန်က တစ်ခြမ်း၊ ကျွန်တော်တို့က တစ်ခြမ်းပေါ့။ အဲ့ဒီအချိန်မှာ မြောက်ပိုင်းက လူတွေက ကျွန်တော်တို့ဦးဆောင်မှုနဲ့ ပူးပေါင်း ပါတယ် ဆိုပြီးတော့ ဖြစ်တယ်။ ဗဟိုကော်မတီက နှစ်ခုမှာ ကိုမိုးသီးဇွန်ကို ထောက်ခံတာ တစ်ခု၊ ဒီစခန်းက ကိုနိုင်အောင်ကို ထောက်ခံတယ်ဆိုပြီးတော့ ဖြစ်ကြတယ်။ အဖွဲ့အစည်းနှစ်ခု ကွဲသွားပြီးတော့ စခန်းတွေပါ ကွဲသွား တယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့နေနေတဲ့ တောင်ပိုင်းမှာ ရန်သူ့ထိုးစစ်ဝင်ပါတယ်။ အဲဒီအချိန်မှာ ထိုးစစ်ကိစ္စ ရင်ဆိုင်နေရတာတွေရယ်၊ ကရင်ထဲမှာ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန်တွေရဲ့ ပြဿနာတွေရယ်။ စခန်းတွေ ရွှေ့နေတာ
တွေရယ်ကြောင့် ကျွန်တော်တို့ ချာချာလည်နေကြတယ်။ ဖြစ်နေတာ သိပေမယ်လို့ ကျွန်တော်တို့မှာ ဒီကိစ္စကို လက်တွေ့ဖြေရှင်းနိုင်ဖို့ အခြေအနေမပေးဘူး။ အဲဒီအခါ ညီလာခံကို လာတက်တဲ့ မြောက်ပိုင်းကိုယ်စားလှယ် တစ်ယောက်ကို ခင်ဗျားပြန်ပြီးတော့မှ အချက်အလက်တွေယူ ဆိုပြီးတော့ မြောက်ပိုင်းကို ပြန်လွှတ်လိုက်တယ်။ အဲ့ဒီအချိန်မှာ နေးရှင်း သတင်းစာကနေပြီးတော့ မြောက်ပိုင်းမှာ သူလျှိုတွေကို သတ်လိုက်ပြီဆိုတဲ့ သတင်းကို ဖတ်ရတယ်။ ဘာဖြစ်လို့ အဲဒီလို သိရလဲဆိုရင် ကျွန်တော်တို့နဲ့ စခန်းတွေ ကြားထဲမှာ ဆက်သွယ်မှု ဘာမှမရှိဘူး။”

“ဒီမှာ ဖြည့်ပြောချင်တာတစ်ခုက ကျွန်တော်တို့ စခန်းတွေကို စုဖွဲ့ထားတာဆိုပေမယ့် ဗဟိုဆိုတာက လုပ်လို့ရတာက မူနဲ့ပေါ်လစီ ကိစ္စတွေ၊ အဲဒါတွေကို လုပ်လို့ရတယ်။ စခန်းတွေအကုန်လုံးဟာ၊ သူ့ရဲ့ ဆုံးဖြတ်မှုနဲ့သူ ရှိနေတာ။ သူ့အုပ်ချုပ်ခွင့်နဲ့သူရှိတယ်။ နေ့စဉ်နဲ့အမျှ ကိစ္စတွေကို ကျွန်တော်တို့ဗဟိုက စီမံခန့်ခွဲနိုင်စွမ်းမရှိဘူး။ ဆက်သွယ်ရေး လည်း မရှိဘူး။ သြဇာအာဏာအရလည်း မရှိဘူးလို့လည်း ရှက်ရှက်နဲ့ပဲ ပြောရမှာပဲ။ ဒီကိစ္စတွေ ဖြစ်တယ်ဆိုတာ မီဒီယာတွေမှာ ပါလာမှပဲသိတယ်။ မေးခိုင်းလိုက်တဲ့ သူကလည်း ပြန်မလာဘူး။ ကျွန်တော်တို့ လိုက်သွားမှရမယ်။ သူလျှိုဝင်သလား၊ မဝင်သလားဆိုတာကို ကျွန်တော်တို့မှာ စုံစမ်းစစ်ဆေးနိုင်စွမ်းမရှိဘူး။ ဟိုဘက်က စွပ်စွဲတဲ့လူတွေကို ကျွန်တော်တို့ ပြန်လည် စစ်ဆေးဖို့ဆိုတာကို ကျွန်တော်တို့ မလုပ်နိုင်ဘူး။ ကျွန်တော်တို့ တိုင်ပင်လိုက်တာက ထပ်ပြီး
တော့ သတ်ခံရတဲ့ကိစ္စတွေ မဖြစ်ဖို့၊ ကျန်နေတဲ့သူတွေ လွှတ်ပေးဖို့၊ လွှတ်ပေးတဲ့နေရာမှာလည်း နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကနေတစ်ဆင့် မိဘတွေဆီကို ပြန်ပို့ပေဖို့ ထိုင်းနိုင်ငံမှာရှိတဲ့ ကြက်ခြေနီအဖွဲ့တွေနဲ့ ညှိပါတယ်။
ဖြစ်ချင်တော့ တရုတ်နိုင်ငံထဲကို ဖြတ်ရမယ်၊ နောက်ပြီးတော့ စစ်သုံ့ပန်းလဲ မဟုတ်ဘူး။”

“ဆိုတော့ သူတို့အနေနဲ့ အကူအညီမပေးနိုင်ဘူး။ အဲဒီအချိန်မှာလည်း မြောက်ပိုင်းဗဟိုက သူတို့ဆီမှာ သူလျှိုတွေ ဝင်နေတယ်၊ ကျွန်တော်တို့ တောင်ပိုင်းဗဟိုက မယုံဘူးဆိုတဲ့ ကိစ္စတွေရှိတယ်။ အဲဆိုတော့ ဗဟိုအနေနဲ့ တာဝန်ခံပြီး
တော့ ကျွန်တော်တစ်ယောက်တည်း သွားပြီးညှိတယ်။ ညှိတာကတော့ ခင်ဗျားတို့အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် သံသယ ဖြစ်နေကြပြီ ဆိုလို့ရှိရင် မှန်တာမှားတာ အပထား၊ နောက်တစ်ခုက လူအများကြီး မဖြစ်နိုင်ဘူး။ မမှန်ဘူးလို့လဲ မပြောနိုင်ဘူး။ ဒါပေမယ့် ထပ်ပြီး သတ်တဲ့ကိစ္စမျိုး လုပ်လို့မရဘူး။ တကယ်လို့ သံသယရှိတယ်ဆိုရင် လည်း ဖမ်းထားတာကို လက်မခံဘူး၊ မိဘလက်ကို ပြန်အပ်ရမယ် ဆိုတာမျိုး ကျွန်တော်တို့ညှိတယ်။ မဟာမိတ်တွေနဲ့ လည်း ပြောဆိုပြီးတဲ့အခါ သူတို့လည်း သဘောတူတယ်။ သူတို့ဘက်က တောင်းဆိုတာက စစ်ရေးအခြေအနေတွေ လည်း ဖြစ်နေတဲ့အတွက် တစ်နှစ်လောက်တော့ ထိန်းသိမ်းထားမယ်။ တစ်နှစ်ပြည့်ရင် မိဘလက် ပြန်အပ်မယ်။ ကျွန်တော်ပြည်လာပြီး လမ်းမှာပဲ သူတို့လွတ်မြောက်သွားကြတယ်လေ။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့လည်း ကျွန်တော် တို့ ကြေညာချက်တွေ အကြိမ်ကြိမ်ထုတ်ခဲ့တယ်။ ကျွန်တော်တို့က တာဝန်ယူတယ်၊ တာဝန်ရှိတယ်လို့ပြောတာက အဖွဲ့အစည်းတစ်ခုနဲ့ပတ်သက်လာလို့ရှိရင် ဗဟိုကနေပြီးတော့ တာဝန်သိစိတ်နဲ့ တာဝန်ယူတယ်လို့ပြောတာပါ။”

“ခုချိန်မှာလည်း ABSDF အဖွဲ့အစည်းကို ကျွန်တော်တို့ တင်ပြခဲ့တာတွေရှိတယ်။ ဒီမြောက်ပိုင်းကိစ္စနဲ့ ပတ်သက်လို့ တရားဥပဒေစိုးမိုးတဲ့ အခြေအနေရောက်လာပြီ ဆိုလို့ရှိရင်တော့ ဒီကိစ္စနဲ့ ပတ်သက်တဲ့ အဖြစ်မှန် ဖော်ထုတ်ရေး အတွက်ကို စုံစမ်းစစ်ဆေးတဲ့၊ လွပ်လပ်တဲ့ ကော်မရှင်တစ်ခု ဖွဲ့စည်းပြီးတော့ အဖြစ်မှန်ကို ဖော်ထုတ်သင့်တယ်။ ကျွန်တော်တို့လည်း အပြည့်အဝ ပူးပေါင်းပါဝင်မယ်။ မြောက်ပိုင်းမှာ တာဝန်ရှိတဲ့သူတွေ အပါအဝင်၊ အဲ့အချိန်တုန်းက အစိုးရဘက်မှာ တာဝန်ရှိတဲ့ ထောက်လှမ်းရေးဘက်က တာဝန်ရှိတဲ့သူတွေလည်း ဝင်ပြီး၊ ပူးပေါင်းပြီး အစစ်ဆေးခံဖို့ လိုတယ်။ ဒါမှသာလျှင် ဟုတ်တယ်၊ မဟုတ်ဘူးဆိုတဲ့ မြင်ကွင်းတစ်ခုလုံး ပေါ်လွင်မှာ ဖြစ်ပါတယ်။ အဲ့ဒီအထဲမှာမှ သတ်မှတ်ထားတဲ့ စံတွေ၊ အခြေအနေနဲ့ မကိုက်ညီတဲ့ လူ့အခွင့်အရေးနဲ့ မကိုက်ညီတဲ့၊ ချိုးဖောက်မှုတွေ ရှိတယ်လို့ ယူဆတယ်လို့ ရှိရင်လည်း အဲ့ဒီတွေ့ရှိချက်အတိုင်းပဲ လိုအပ်တဲ့ကိစ္စတွေကို ဆက်ပြီးဆောင်ရွက်ရမှာပဲလေ။ အဲ့ဒီအတိုင်းပဲလဲ ကျွန်တော်တို့ နာခံသွားမှာပဲ။”

ခုနကပြောခဲ့တဲ့အထဲမှာ တကယ်လို့ တရားဥပဒေစိုးမိုးရေးပီပြင်လာရင် စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ပြီး ဒီမြောက်ပိုင်းကိစ္စကို ဖော်ထုတ်မှုလုပ်မယ်ဆိုတော့ အခုအခြေအနေက တရားဥပဒေစိုးမိုးမှု မရှိသေးဘူးလို့ ဆိုလိုတဲ့သဘောလား။

“ကချင်မှာဖြစ်တဲ့ကိစ္စတွေ၊ ခုဂျာနယ်တွေကို တရားစွဲဆိုတဲ့ကိစ္စတွေကိုကြည့်ရင် တရားမျှတမှု၊ တရားဥပဒေစိုးမိုးမှု ဆိုတာ ရှိမှမရှိတာပဲလေ။ အနည်းဆုံးကျွန်တော် ပြောမယ်ဆိုရင် ဗိုလ်ချုပ်တင်ဦးတို့ ဗုံးခွဲခံရတဲ့ ကိစ္စတွေ၊ ပေါ်မှမပေါ်
တော့တာပဲ။ ဘယ်ရောက်နေမှန်းကို မသိဘူး။ ပြောချင်တာက တကယ်စစ်ရင် သိနိုင်တဲ့ ကိစ္စတွေကို မစစ်နဲ့ဆိုတဲ့ တစ်ခြားစိုးမိုးမှုတစ်ခု၊ ပယောဂ တစ်ခုက ရှိနေသမျှ ကာလပတ်လုံး ဒီလိုမျိုးကိစ္စတွေမှာ မျှတတယ်ဆိုတာ ဖြစ်နေနိုင် မှာမှ မဟုတ်တာ။ တရားမျှတတယ်လို့ ဖြစ်လာတဲ့အခြေအနေမှာတော့ ဒီလိုစုံးစမ်းစစ်ဆေးတယ်ဆိုတာ လုပ်ကို လုပ်သင့်တယ်လို့ မြင်ပါတယ်။”

မြောက်ပိုင်းကိစ္စကို ပြန်ကြည့်လိုက်ရင် တကယ်လုပ်ချင်တာက စစ်အာဏာရှင်ကို တော်လှန်ချင်တာပေါ့။ ဒါပေမယ့် အဲ့ဒီအပိုင်းမှာ မအောင်မြင်ခဲ့ဘဲ အဖွဲ့အစည်းအတွင်း ပဋိပက္ခတွေပဲ ဖြစ်ပေါ်ခဲ့တယ်။ ဒီလို
တော်လှန်ရေး မအောင်မြင်ခဲ့တာက ဘာကြောင့်လဲ။


“ABSDF က ပထမတော့ စစ်အာဏာရှင် စနစ်ကို တွန်းလှန်မယ်ပေါ့။ ဒါပေမယ့် အဲ့ဒီရည်ရွယ်ချက်ကို ရောက်သလား ဆိုတော့ မရောက်ပါဘူး။ ကျွန်တော်တို့ နားလည်စေချင်တာက ABSDF က အဓိကက နိုင်ငံရေး ဦးတည်ချက်ပဲ။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရရှိရေး။ စစ်မှန်တဲ့ ပြည်ထောင်စုစနစ်ရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေးပေါ့။ အဲ့ဒါတွေကို ရဖို့ လက်နက်ကိုင် တော်လှန်ရေးကို အဓိကထားပြီးတော့ ကျန်တဲ့ တိုက်ပွဲပေါင်းစုံနဲ့ ဝန်းရံသွားကြမယ်။ ဒါကတော့ လုပ်နည်းပေါ့။ တကယ်တမ်းမှာ ကျွန်တော်တို့လုပ်နေတဲ့ ရည်မှန်းချက်တွေကို ရောက်နေပြီလားဆိုလို့ရှိရင် ကျွန်တော် တို့ နယ်စပ်မှာရှိနေတဲ့ လက်နက်ကိုင် အင်အားစုတွေ အပါအဝင်၊ တစ်ခြားအင်အားစုတွေ အပါအဝင်၊ ပြည်တွင်းမှာ ရှိနေတဲ့ ပြည်သူတွေနဲ့ အဲ့တိုက်ပွဲ အင်အားစုတွေကြောင့်မို့လို့ ဒီနေ့ဖြစ်နေတဲ့ အပြောင်းအလဲတွေက ဖြစ်လာရတာ ပါလို့ ကျွန်တော်က ပြောချင်တယ်။ ပြောချင်တာက ဒါတွေဟာ (စစ်အစိုးရအနေနဲ့) အိမ်မက်မက်လို့ ထလုပ်ခဲ့တဲ့ ဟာတွေ မဟုတ်ဘူး။ ခြုံပြောမယ်ဆိုရင်တော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်တွေကို အထိုက်အလျောက် တစ်စုံတစ်ရာ
တော့ ဖြစ်လာခဲ့တဲ့ ကိစ္စတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် လက်နက်ကိုင်တိုက်လိုက်လို့ ခင်ဗျားတို့ နေပြည်တော်ကို သိမ်းပြီးပြီလားလို့ မေးရင်တော့ ကျွန်တော်တို့ မသိမ်းနိုင်ဘူး။”

တစ်ချိန်တည်းမှာပဲ မြောက်ပိုင်းကိစ္စမှာ ပါဝင်ပတ်သက်ခဲ့တဲ့သူတွေကို တရားစွဲဆိုမယ်ဆိုတဲ့ အပေါ်မှာရော ဘယ်လို ထင်မြင်ပါသလဲ။

“လက်ရှိ တရားရုံးရဲ့အနေအထားက နောက်ဆုံးဆိုရင် ကိုဖြိုးဝေအောင်တို့ ကိစ္စက အစ၊ မဟုတ်ပါဘူးလို့ သက်သေ အထောက်အထားတွေလည်းရှိတယ်။ ဒါပေမယ့် ဒီအမှုနဲ့ပဲ ထောင်ကျခံလိုက်ရတာပဲ။ နောက် ကိုသန်းဇော်၊ သန်လျင် ဗုံးခွဲတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့လေ။ အပြင်မှာရောက်နေတဲ့သူတွေက သူတို့လုပ်ပါတယ်၊ သူနဲ့မဆိုင်ပါဘူးလို့
ပြောတာလည်း ထောင်ကျခံရတာပဲ။ ဆိုတော့ တရားရုံးတွေရဲ့ တရားစီရင်ရေးစနစ်ကိုတော့ ကျွန်တော် သံသယ
ဖြစ်တယ်။ တည့်တည့်ပြောရင် ယုံလားဆိုရင် မယုံဘူး။ ဒါပေမယ့် တရားစွဲဆိုနိုင်ခွင့်ရှိတယ်ဆိုတဲ့ လူတွေရဲ့ အခွင့်အရေးကို မတားဘူး။ ဒါက သူတို့ အခွင့်အရေးပဲလေ။”

ခုအချိန်မှာ အပြင်ကလူတွေလည်းရောက်လာပြီ၊ ပြည်တွင်းကလူတွေလည်းရှိနေပြီ ဆိုတော့ အားလုံး
တွေ့ဆုံသွားမယ့် အခြေအနေတစ်ခုခုများ လုပ်ဆောင်သွားဖို့ ရှိပါသလား။


“ဒါကတော့ ကျွန်တော် အဖွဲ့အစည်းကို ထပ်မေးထားတယ်။ ကျွန်တော် လာတုန်းကတော့ “ခင်ဗျားလည်း ABSDF ဥက္ကဋ္ဌဟောင်းဆိုတော့ ခင်ဗျားနဲ့ဆိုင်တဲ့အပိုင်းကို ခင်ဗျားပြော၊ ABSDF အဖွဲ့အစည်းအနေနဲ့ ပြောရမယ် ကိစ္စတွေကို
တော့ အဖွဲ့အစည်းကပဲ ပြောမယ်” လို့ပြောထားပါတယ်။ ကျွန်တော့်အနေနဲ့ ပြောစရာရှိတဲ့ ကိစ္စတွေကိုပြောမယ်၊ ဒါပေမယ့် တွေ့ဖို့၊ ဆုံဖို့ ကိစ္စတွေကတော့ ABSDF ကပဲ တာဝန်ယူမယ်လို့ ပြောထားတာရှိတယ်။ ခုတွေ့ချင်နေပြီလို့ ထပ်ပြီးပြောလာတဲ့ အခါကျတော့ ကျွန်တော်လည်း အဖွဲ့အစည်းကို ထပ်ပြောထားပါတယ်။ ကျွန်တော်တို့က အဖွဲ့အစည်းနဲ့ လုပ်ရတာ ဆိုတော့ စည်းတွေ၊ ဘောင်တွေရှိတယ်။ ကျွန်တော့်အနေနဲ့ ABSDF ဥက္ကဋ္ဌ ဟောင်း ဆိုပေမယ့်လို့ ABSDF ဥက္ကဋ္ဌဟောင်းက ပြန်သွားပြီး ABSDF ရဲဘော်တွေက ကျန်ခဲ့တယ်ဆိုတော့ သူတို့ ဘယ်လိုလုပ် စိတ်ထဲမှာကောင်းမလဲ။ ဒါပေမယ့် ကျန်တဲ့သူတွေကတော့ အဲ့လို နားလည်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါကိုလည်း နားလည်တယ်။ ကျွန်တော်က ဥက္ကဋ္ဌဟောင်းကြီးဖြစ်လို့ ပြန်ခွင့်ရတယ်အချိန်မှာ တောထဲမှာကျန်ခဲ့တဲ့ ရဲဘော်က အခု ခြုံပုတ်အောက်ထဲမှာ နေနေရတုန်းဆိုတဲ့ ရဲဘော်ရဲ့ စိတ်ထဲမှာဘယ်လိုနေမလဲဆိုတာ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ကတော့ ဒီလို တွေ့ဆုံမှုဖြစ်လာရင် ကောင်းတယ်လို့ပဲ ပြောချင်ပါတယ်။”


မဇ္ဈိမမှ ကူးယူဖေါ်ပြထားပါတယ်။

ရွှင်လန်းချမ်းမြေ့ကြပါစေ။











19 comments:

(
Nge Naing ဘလော့ဂ်မှာ အရင်က တင်ခဲ့တဲ့ ABSDF မြောက်ပိုင်းပြဿနာ ပို့စ်များ )


3 Sep 12, 05:06 PM
Nge Naing: ကျွန်မဘလော့ဂ်မှာ ABSDF မြောက်ပိုင်းပြဿနာ နဲ့ ပတ်သက်ပြီး ပြန်ကူးယူဖေါ်ပြထားတဲ့ ပို့စ်တွေ ရှိပါတယ်။


Nge Naing ဘလော့ဂ်မှာ အရင်က တင်ခဲ့တဲ့ "ABSDF မြောက်ပိုင်းပြဿနာ ပို့စ်များ" ကို မဖတ်ရသေးသူတွေ အနေနဲ့ အောက်က လင့်ခ် မှာ သွားဖတ်နိုင်ပါတယ်။

http://nge-naing.blogspot.com/search/label/ABSDF%20%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%95%E1%82%86%E1%80%94%E1%80%AC?&max-results=4

( (1) လင့်ခ် ကို mark လုပ်ပါ။
(2) right click လုပ်ပါ။
(3) "open link" ကို နှိပ်ပါ။ )

(
ခေါင်းစဉ်ကို နှိပ်ပြီး "မျက်ရည်နှင့် ပြောသော
ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှု တရားဝင် တင်ပြချက် (ဗီဒီယို)" ကို ကြည့်နိုင်ပါတယ်။)


ABSDF မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ လိုင်စင်စခန်းတွင် အစိုးရသူလျှိုများဟု မမှန်မကန် စွပ်စွဲ ဖမ်းဆီးခံရပြီး ၁၉၉၁ ခုနှစ်၊ ဩဂုတ်လမှ ၁၉၉၂ ခုနှစ်၊ မေလ အထိ လူမဆန်သည့် နည်းအမျိုးမျိုးဖြင့် ညှဉ်းပန်း နှိပ်စက်ခံနေရရာမှ ၁၉၉၂ ခုနှစ်၊ မေလတွင် ထွက်ပြေး လွတ်မြောက်လာသည့် မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်း ၅၅ ဦးထဲမှ ၂၀ ကျော်၏ ABSDF မြောက်ပိုင်း ညှင်းပန်းသတ်ဖြတ်မှုများအကြောင်းကို ပြည်သူများသို့ တရားဝင် အသိပေး တင်ပြချက် (ဗီဒီယို)




(
ခေါင်းစဉ်ကို နှိပ်ပြီး ဗီဒီယို ကို ကြည့်နိုင်ပါတယ်။ )


"မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား"
(12 Feb 2012)

၁၉၉၂ ခုနှစ်က ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ ABSDF မြောက်ပိုင်း မှာ ဖမ်းဆီး နှိပ်စက်ခံနေရစဉ်မှာ ထွက်ပြေး လွတ်မြောက်ခဲ့တဲ့ အေဘီ မြောက်ပိုင်း ရဲဘော် ၅၄ ဦးထဲက မန္တလေး၊ မြ၀တီမင်းကြီးကျောင်းတိုက်မှာ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) က ကျင်းပတဲ့ "မြောက်ပိုင်းတွင် ကြွေလွင့်သွားသော ကျောင်းသားများ အမှတ်တရနေ့ အခမ်းအနား" ကို တက်ရောက်လာကြတဲ့ ABSDF မြောက်ပိုင်း ကျောင်းသားရဲဘော်ဟောင်းများက မိမိတို့ ကိုယ်တွေ့ အတွေ့အကြုံတွေကို တဦးချင်း အကျဉ်းချုံး တင်ပြတာကို ဒီ ဗီဒီယို မှာ ကြည့်နိုင်ပါတယ်။

ABSDF မြောက်ပိုင်းမှာ ဆက်နေသူတွေရော၊ ဖမ်းဆီး နှိပ်စက် သတ်ဖြတ်ခံရသူတွေရော နှစ်ဖက်စလုံးမှာ သူငယ်ချင်းတွေ ပါပါတယ်။

ABSDF မြောက်ပိုင်း နှိပ်စက် သတ်ဖြတ်မှု ကိစ္စ အဖြစ်မှန်ပေါ်ပေါက်ရေးဟာ မကဒကရဲ့ ဂုဏ်သိက္ခာပဲ

ကျနော်လည်း ABSDF ထဲမှာ အဖွဲ့ ဝင်တယောက်ပါ၊ မကဒတ ရဲဘော်ဖြစ်ခဲ့သည့်အတွက် နောင်တရစရာ တစက်မှမရှိပါ...

မြင်တာကို မြင်တဲ့အတိုင်း၊ တွေ့ တာကို တွေ့ တဲ့အတိုင်း၊ သိတာကို သိတဲ့အတိုင်း.. တဲ့ (ဒဲ့) ပြောရမှာ တို့ တာဝန်ပဲလေ..

လူသတ်တာကိုတော့ ငါ ကိုယ်တိုင် မမြင်ခဲ့ဖူးဘူး... ဒါပေမဲ့ တချို့ ဟာတွေကိုတော့ မြင်ခဲ့၊ သိခဲ့တယ်.. မသိပဲ လျှောက်ပြောသူတွေ၊ မြင်သလို သိသလို လုပ်ပြီး လျှောက်ပြောသူတွေကို သိအောင် ပြောပြရမှာ တို့ တာဝန်ပါ...

ကိုယ် အမှန်အတိုင်း ပြောရရင်.. တို့ ရဲဘော်ရဲဘက်တွေ ဒီလို ဖြစ်ခဲ့ရတာ စိတ်ထိခိုက်ပါတယ်...

မြင်ယောင်သေးတယ်... ဒီ အေဘီ မြောက်ပိုင်း အမှုကတော့ ၀ိုင်းကြီးပတ်ပတ် ဒူဝေေ၀ ဖြစ်တော့မယ်...

ပြောရင် တလှေကြီးပဲကွာ.... ငါတို့ ကို တရားရုံးက ဆင့်ခေါ်မယ့် နေ့ တွေကိုပဲ စောင့်နေတော့မယ်.. ဘာကိုမှ မပြောလိုတော့ဘူး... ပြောရင် စိတ်ထိခိုက်ပါတယ်...

ဒါပေမယ့် ရဲရဲကြီး တခုပဲ ထပ်ပြောမယ်.. မကဒတ ရဲဘော် ဖြစ်ခဲ့တဲ့အတွက် နောင်တ ဆိုတာ ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါ...

.
ABSDF (မြောက်ပိုင်း) စခန်းမှ ညှဉ်းပန်း သတ်ဖြတ်မှုများ တရားဥပဒေကြောင်းအရ ရှင်းမည်။


ABSDF မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်ဟောင်းများက အဆိုပါ ABSDF (မြောက်ပိုင်း) စခန်းမှ ဆိုးရွားလှသည့် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှုများ အတွက် လူပုဂ္ဂိုလ် ၁၃ ဦးအား လူသိရှင်ကြား စွပ်စွဲလိုက်ပြီ ဖြစ်သည်။


အိဖြူလွင်၊ ထွန်းခိုင်
ရန်ကုန်၊ စက်တင်ဘာ-၃


ABSDF (မြောက်ပိုင်း) စခန်းတွင် ၁၉၉၂ ခုနှစ်ဝန်းကျင်က ဖြစ်ပွားခဲ့သည့် ကိစ္စများနှင့် ပတ်သက်ပြီး တရားဥပဒေကြောင်းအရ ဖြေရှင်းသွားမည် ဖြစ်ကြောင်း မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်ဟောင်းများက ပြောသည်။

ABSDF (သို့မဟုတ်) မ.က.ဒ.တ ဟု လူသိများသော မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ၏ မြောက်ပိုင်းစခန်း ဖြစ်သည့် ကချင်ပြည်နယ်၊ ပါဂျောင်ဒေသတွင် ၁၉၈၈ ခုနှစ် နောက်ပိုင်း တောခိုသွားသည့် ကျောင်းသားများ အချင်းချင်း တပ်မတော်ထောက်လှမ်းရေးမှ လွှတ်လိုက်သည့်သူများ ဟု စွပ်စွဲကာ ဖမ်းဆီး စစ်ဆေး သတ်ဖြတ်မှုများ ဖြစ်ပွားခဲ့ကြောင်း ပြန်လည် ထွက်ပြေး လွတ်မြောက်လာသူများက ဆိုသည်။

ပြန်လည် ထွက်ပြေး လွတ်မြောက်လာသူများ၏ အဆိုအရ တပ်ဖွဲ့ဝင် ၃၀ဝ ခန့် ရှိသည့် အဆိုပါ ABSDF (မြောက်ပိုင်း) စခန်းတွင် အောက်ပါ ဖြစ်ရပ်များ ဖြစ်ပျက်ခဲ့သည်ဟု ဆိုသည်။

- လူ ၁၀၇ ဦးခန့် ထောက်လှမ်းရေးဟု စွပ်စွဲခံရကာ ဖမ်းဆီး စစ်ဆေးခံခဲ့ရကြောင်း၊

- ဖမ်းဆီးခံရသူများ အနက်မှ ၁၅ ဦးမှာ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်တွင် တပြိုင်တည်း အသတ်ခံရကြောင်း၊

- လူ ၃၉ ဦးမှာ ၁၉၈၉ မှ ၁၉၉၂ ခုနှစ်အတွင်း အသတ်ခံခဲ့ရကြောင်း၊

- ဖမ်းဆီးခံနေရစဉ်အတွင်း ဆိုးရွားသည့် ညှဉ်းပန်း နှိပ်စက်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကြုံတွေ့ခဲ့ရကြောင်း

ABSDF မြောက်ပိုင်းပြန်များက ဆိုသည်။

.
ABSDF (မြောက်ပိုင်း) စခန်းမှ အဆိုပါ ဆိုးရွားလှသည့် ညှဉ်းပန်း နှိပ်စက် သတ်ဖြတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ABSDF မြောက်ပိုင်းပြန်များက ဩဂုတ်လ ၃၁ ရက်တွင် "၉၂ ပါဂျောင် ရှင်းတမ်း" အမည်ရှိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။

ထိုသတင်းစာရှင်းလင်းပွဲတွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိနေသည့် ABSDF (ဗဟို) ၏ ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် အပါအဝင် လူပုဂ္ဂိုလ် ၁၃ ဦးကို ညှဉ်းပန်း သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူများ ဖြစ်ကြောင်း စွပ်စွဲထားသည်။

ABSDF မြောက်ပိုင်းပြန်တစ်ဦး ဖြစ်သူ ဦးဆမားညီညီ က ယခုကဲ့သို့ ပြောပြသည်။

- ABSDF (မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး အမှုဖွင့် တရားစွဲဆိုမှုများ ပြုလုပ်ရန် ကြိုးစားနေကြောင်း၊

- အမှုဖွင့်ရာတွင် အခြားသူများအား စွပ်စွဲတိုင်ကြားသည့် အမှုကို လက်ခံလိုက်ပြီ ဖြစ်ကြောင်း၊

- ဒေါက်တာနိုင်အောင် အမည်တပ်ကာ စွဲဆိုသောအမှုကို ခွင့်မပြုသေးကြောင်း၊

- တာဝန်ရှိသူဟု စွပ်စွဲခံရသူများအား ပြည်ဝင်ခွင့် ပေးသော်လည်း ဖမ်းဆီးစစ်ဆေးခံခဲ့ရသည့် သူအချို့ ပြည်ဝင်ခွင့် ငြင်းပယ်ခံခဲ့ရကြောင်း

မြောက်ပိုင်းပြန် ဦးဆမားညီညီ က ပြောသည်။

"ကျွန်တော်တို့ဘက်က သို့လော၊ သို့လော တွေးစရာလေးတွေ ဖြစ်လာတာက `ဘာလဲ၊ ဒေါက်တာနိုင်အောင် နာမည် ပါလို့ အမှုကို လက်မခံသေးတာလား။´

အဲဒီလိုဆိုရင်တော့ ကျွန်တော်တို့က အမျိုးသား လူ့အခွင့်အရေးကောင်စီ ဆိုတာကို ကျော်ပြီးတော့မှ နိုင်ငံတကာ လူ့အခွင့်အရေးကောင်စီ ကို သွားရလိမ့်မယ်။ နိုင်ငံတကာတရားရုံးကို သွားရလိမ့်မယ်"

ဟု ကိုဆမားညီညီ က ABSDF (မြောက်ပိုင်း) လူမဆန်စွာ နှိပ်စက် သတ်ဖြတ်မှုများကြောင့် သေဆုံးသူများအတွက် ဒေါက်တာနိုင်အောင် မှာ တာဝန်ရှိကြောင်း တိုင်ကြားမှုများကို ခွင့်မပြုသေးခြင်းနှင့် ပတ်သက်၍ ပြောကြားသည်။

.
ABSDF (မြောက်ပိုင်း) လူမဆန်စွာ နှိပ်စက် သတ်ဖြတ်မှု ဖြစ်စဉ်များနှင့် ပတ်သက်ပြီး ယခု မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ABSDF (ဗဟို) ၏ ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် အပါအဝင် လူ ၁၃ ဦးသည် တာဝန်ရှိသူများ ဖြစ်ကြောင်း ABSDF မြောက်ပိုင်းပြန်များက စွပ်စွဲထားသည်။



မြောက်ပိုင်းပြန် ကျောင်းသားရဲဘော်ဟောင်းများ ထုတ်ပြန်သည့်

ABSDF (မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှုများအတွက် တာဝန်ရှိသူ ၁၃ ဦး စာရင်းတွင် ပါဝင်သူများမှာ -


(၁) ရော်နယ်အောင်နိုင် - ထိုအချိန်က ABSDF (မြောက်ပိုင်း) ဥက္ကဋ္ဌ (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့) ၊

(၂) သံချောင်း (ခ) မြင့်စိုး (ခ) စဝ်ခွန်ကျော် - ABSDF (မြောက်ပိုင်း) ဒုတိယ ဥက္ကဋ္ဌ-၁ နှင့် စစ်ရေးတာဝန်ခံ (ယခု သာယာဝတီထောင်တွင် အကျဉ်းကျခံနေဆဲ)

(၃) ကျော်ကျော် - ABSDF (မြောက်ပိုင်း) ဒုတိယ ဥက္ကဋ္ဌ-၂ (ယခု ABSDF (မြောက်ပိုင်း)

(၄) မျိုးဝင်း - ABSDF (မြောက်ပိုင်း) ဒုတိယ စစ်ရေးတာဝန်ခံနှင့် တွဲဖက် အထွေအထွေအတွင်းရေးမှူး-၁ (နအဖ စစ်အစိုးရ လက်ထက် စစ်တပ်နှင့် တိုက်ပွဲတွင် သေဆုံး)

(၅) လှဆိုင်း (ခ) လဗျာလဆိုင်း - ABSDF (မြောက်ပိုင်း) တွဲဖက် အထွေအထွေ အတွင်းရေးမှူး-၂ (ယခု ABSDF (မြောက်ပိုင်း) )

(၆) အောင်ကြီး - ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီဝင် (ယခု SSA (တောင်ပိုင်း) )

(၇) စိန်အေး - ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီဝင် (ယခု ABSDF (မြောက်ပိုင်း) )

(၈) နေထွန်း (ခ) နေဒွန်း - ABSDF (မြောက်ပိုင်း) ဗဟိုကော်မတီဝင်

(၉) ဒေါက်တာနိုင်အောင် - ABSDF (ဗဟို) ၏ ဥက္ကဋ္ဌ (ယခု ထိုင်းနိုင်ငံ၊ မဲဆောက်မြို့)

(၁၀) သန်းဇော် - ABSDF (မြောက်ပိုင်း) ကျောင်းသား ထောက်လှမ်းရေး တာဝန်ခံ (ယခု မန္တလေးမြို့)

(၁၁) ဇော်ဇော်မင်း - ABSDF (မြောက်ပိုင်း) ကျောင်းသား ထောက်လှမ်းရေး ဒုတိယ တာဝန်ခံ (ယခု မိုးညှင်း-နမ်းမား)

(၁၂) အောင်စိုးမြင့် - ABSDF (မြောက်ပိုင်း) ကျောင်းသား ထောက်လှမ်းရေး အဖွဲ့ဝင် (ယခု မိုးညှင်း)

(၁၃) ကျော်ထင်ဦး - ABSDF (မြောက်ပိုင်း) ကျောင်းသား ထောက်လှမ်းရေး အဖွဲ့ဝင် (ကွယ်လွန်)

တို့ ဖြစ်သည်။

.
လူ ၄၀ နီးပါး သေဆုံးခဲ့ပြီး လူပေါင်း ၁၀ဝ ကျော် လူမဆန်သည့် နည်းလမ်းမျိုးစုံဖြင့် နှိပ်စက် ညှဉ်းပန်းခံခဲ့ရသည်ဟု ကာယကံရှင် ABSDF မြောက်ပိုင်းပြန်များက ဆိုသည့် ABSDF (မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှု ဖြစ်စဉ်များတွင် တာဝန်ရှိသူများအနက် တစ်ဦးဟု စွပ်စွဲခံရသော ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် ကမူ အဆိုပါ ABSDF မြောက်ပိုင်း လူသတ်မှု ဖြစ်စဉ်များကို ဖြစ်ပွားပြီးချိန်မှ သိရှိရခြင်း ဖြစ်ကြောင်း ၄င်း မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိသည့် ဩဂုတ်လ ၃၁ ရက်က ပြုလုပ်သော ရန်ကုန်လေဆိပ် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

"ABSDF (မြောက်ပိုင်း) ကိစ္စက သူတို့ ABSDF (မြောက်ပိုင်း) က ဆုံးဖြတ်ပြီးမှ ကျွန်တော်တို့ ABSDF (ဗဟို) က သိရတဲ့ ကိစ္စပါ။ ကျွန်တော် သိရတဲ့အချိန်မှာ ကျန်တဲ့ ဖမ်းဆီး စစ်ဆေးခံနေရတဲ့ သူတွေကို ဆက်မသတ်ဖို့နဲ့ သူတို့ ပြန် လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ ABSDF (မြောက်ပိုင်း) ကို သွားပြီး ကြိုးစားပေးပါတယ်" ဟု ABSDF (ဗဟို) ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင် က ပြောကြားခဲ့သည်။

အဆိုပါ ABSDF (မြောက်ပိုင်း) ညှဉ်းပန်း သတ်ဖြတ်မှု ဖြစ်စဉ်များနှင့်ပတ်သက်ပြီး အမှန်တရားနှင့် တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အဖွဲ့ကို ဖွဲ့စည်းပြီး အဆိုပါ အဖွဲ့၏ အချက်အလက် စုဆောင်းခြင်းနှင့် အစီရင်ခံစာ ရေးသားခြင်း လုပ်ငန်းကို ၂၀၁၃ ခုနှစ်၊ မေလတွင် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ABSDF ၏ အင်တာနက်စာမျက်နှာတွင် ယခုနှစ် မတ်လ ၇ ရက် နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

7DAY NEWS ဂျာနယ် Vol 11, No.26 မှ ကူးယူ ဖေါ်ပြပါသည်။


(Credit - Ko Lin Wai Aung @ facebook )

http://www.facebook.com/kolinwai.aung

.
ကိုနိုင်အောင်၊ ကိုမိုးသီး၊ ကိုထွန်းအောင်ဂျော် သို့ ပန်ကြားခြင်း

Ko Oo

September 3, 2012

မြောက်ပိုင်းပြန်များက ကမ်းလှမ်းထားသော ပူးပေါင်း ဖြေရှင်းမှုကို လက်သင့်ခံရမည်ဟု ယူဆပါက မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင် တွေ့ခဲ့စေချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့အားလုံး မကဒတ (ကျောင်းသားတပ်မတော်) ရဲ့သမိုင်းကို ဆေးကြောပေးဖို့ (သို့မဟုတ်) တာဝန်ခံ ဖြေရှင်းပေးဖို့ တာဝန်ရှိနေပါတယ်။

ခင်ဗျားတို့စိတ်ထဲမှာ မှားသည်ဖြစ်စေ၊ မှန်သည်ဖြစ်စေ
ခင်ဗျားတို့နဲ့ သက်ဆိုင်တဲ့၊ ပတ်သက်ခဲ့တဲ့ အခန်းကဏ္ဍတွေကို ကာယကံရှင်တွေနဲ့ တွေ့ဆုံ ဖြေရှင်းခြင်းအားဖြင့် အကျိုးရလဒ်တခု ရမယ်လို့ မျှော်လင့်ပါတယ်။

တကယ်လို့ ခင်ဗျားတို့က ရင်ဆိုင် မဖြေရှင်းလို၍ဖြစ်စေ၊ ရှောင်ရှားလိုစိတ်ကြောင့်ဖြစ်စေ အခွင့်အရေး ရခိုက်မှာ မလုပ်ခဲ့ဘူး ဆိုရင် မြောက်ပိုင်းပြန်များက စွပ်စွဲ ပြောဆိုချက်များအားလုံးကို ခင်ဗျားတို့က တေ့တေ့ဆိုင်ဆိုင် ပြန်လည် ဖြေရှင်းနိုင်သည့် အခွင့်အရေးများအားလုံးကို ဆုံးရှုံးရမှာ ဖြစ်သလို ခင်ဗျားတို့ဟာ ခင်ဗျားတို့ ဦးဆောင်ခဲ့တဲ့ ကျောင်းသားတပ်မတော် အဖွဲ့အစည်းထက် ခင်ဗျားတို့၏ အနာဂတ်နိုင်ငံရေးကို ဦးစားပေးနေသည်ဟု ယူဆရမည်သာ ဖြစ်သည်။

နိုင်ငံရေးခေါင်းဆောင် ဆိုတာ မည်သည့် နေရာမှာမဆို၊ မည်သည့် ပြဿနာကိုမဆို ရဲရဲဝံ့ဝံ့ ဖြေရှင်းရဲရမည်သာဖြစ်သည်။ မကဒတ (ကျောင်းသားတပ်မတော်) ၏ ဂုဏ်သိက္ခာအတွက် ခင်ဗျားတို့ရဲ့ကိုယ်ကျိုး တစုံတရာ ထိခိုက်ခဲ့ရင်တောင် ခင်ဗျားတို့ရဲ့ မကဒတ မှ လုပ်ဖေါ်ကိုင်ဖက်ဟောင်းများကို လေးစားသောအားဖြင့် မြောက်ပိုင်းပြန်ကျောင်းသားတွေနဲ့ တရားဝင် တွေ့ခဲ့တာကို အမှန်တကယ် တွေ့လိုပါကြောင်း အဝေးကနေ ဆန္ဒပြုလိုက်ပါတယ်။

Ko Ko Oo
(EX - ABSDF)

( Ko Ko Oo (ဆလိုင်းကိုကိုဦး) ဟာ ၁၉၈၈ ကျောင်းသားခေါင်းဆောင်တဦး ဖြစ်ပြီး နောက်တော့ ABSDF အထွေထွေအတွင်းရေးမှုး အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ )

(
ဓာတ်ပုံကို ကြည့်ရန် အပြာရောင် ခေါင်းစည်းစာသားကို click လုပ်ပါ။)


စက်တင်ဘာလ ၆ ရက်၊ ရန်ကုန်

မြန်မာနိုင်ငံ ဒီမိုကရေစီ အင်အားစုအဖွဲ့ (Forum for Democracy in Burma) (FDB) အထွေထွေ အတွင်းရေးမှူး ဒေါက်တာနိုင်အောင်၊
ပြည်ထောင်စု မြန်မာနိုင်ငံ အဝေးရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ (NCGUB) ကုလသမဂ္ဂဆိုင်ရာ တာဝန်ခံဟောင်း ဒေါက်တာသောင်းထွန်း နှင့်
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (Democratic Party for a New Society) (DPNS) ဥက္ကဌ ကိုအောင်မိုးဇော် တို့သည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သဘာပတိ အဖွဲ့ဝင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် ကို သွားရောက် ဂါရဝပြုခဲ့ကြသည်။


(
ဓာတ်ပုံများကို ကြည့်ရန် အပြာရောင် ခေါင်းစည်းစာသားကို click လုပ်ပါ။)


စက်တင်ဘာလ ၇ ရက်၊ ရန်ကုန်

ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအဝင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်
ဒေါက်တာနိုင်အောင် (FDB)၊ ဒေါက်တာသောင်းထွန်း (NCGUB) တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

မင်္ဂလာပါ.။ ကျနော် အလည်လာပါတယ်။ သတင်းတွေက မကုန်နိုင်အောင်ပဲ ဖတ်ရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ နောက်လည်း လာဦးမှာပါ။ အောင်မြင်ပါစေ.. တောင်းဆုခြွေသည်.။

.
(သတင်းထောက် ကိုညို က လူထုဦးလှ - လူထုဒေါ်အမာ၏ သား ဖြစ်သူ ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် ဆက်သွယ်မေးမြန်းချက်)


ကိုညို မေး။ တချိန်က ဗမာပြည်ကွန်မြူနစ်ပါတီ ထဲမှာလည်း ဖြုတ်ထုတ်သတ် ပြဿနာတွေ ရှိခဲ့ဖူးတယ်၊ ဒီဘက် နောက်ပိုင်း မြောက်ပိုင်းဒေသ ကချင်ဘက်မှာလည်း ကျောင်းသားတပ်မတော်အတွင်း ရဲဘော်အချင်းချင်း အစိုးရထောက်လှမ်းရေး သူလျှိုလို့ စွပ်စွဲပြီး လုပ်ကြံသတ်ဖြတ်မှုတွေ ရှိခဲ့တယ်။ ဘယ်လို သုံးသပ်ချင်သလဲ?


ရဲဘော်ဖိုးသံချောင်း ဖြေ။ "ဖြုတ်ထုတ်သတ်" လို့ ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီက မခေါ်ဘူး။ အဲဒီ "ဖြုတ်ထုတ်သတ်" ဆိုတာက စစ်အစိုးရက ပေးထားခဲ့တဲ့ နာမည်ပါ။

ကျနော်တို့ ပါတီကတော့ "ပါတီတွင်းတော်လှန်ရေး" လို့ သုံးနှုံးခဲ့တယ်။ ဒါနဲ့ပတ်သက်လို့ ကျနော်တို့က "ပါတီတွင်းတော်လှန်ရေးဟာ မှားတယ်၊ မလုပ်သင့်တဲ့ဟာ" လို့ တရားဝင် ပြောပြီးပြီ။ ကြုံရင်လည်း ကြုံသလို ပြောနေတုန်း။

ဟို ABSDF (မြောက်ပိုင်း) မှာဖြစ်တဲ့ ကျောင်းသားရဲဘော်အချင်းချင်း စွပ်စွဲပြီး ဖမ်းဆီး အရေးယူတာ သူတို့အတွင်းရေးကို ကျနော်တို့ မသိဘူး။ ဒါပေမဲ့ မြောက်ပိုင်း ကျောင်းသားတပ်မတော်အတွင်း အဲဒီ ပါတီတွင်းတော်လှန်ရေး ကိစ္စ စပေါ်နေပြီး ကျောင်းသားရဲဘော်အချင်းချင်း အရေးယူတာတွေ ဘာတွေ လုပ်နေပြီး ဖမ်းတာဆီးတာ လုပ်နေတာကို ကျနော်တို့ ကြားတယ်။ သတ်တဲ့အဆင့်တော့ မရောက်သေးဘူး။

အဲဒီ ABSDF (မြောက်ပိုင်း) မှာ ဖမ်းတာဆီးတာ အရေးယူတာတွေ လုပ်နေတဲ့ သတင်း ကြားလို့ ကျနော့် ပါတီကနေ ကျနော့်ကို လွှတ်တယ်။ ကျနော်ကိုယ်တိုင် သွားပြီးပြောတယ်၊ အဲဒီမှာ။ အဲဒီ ABSDF (မြောက်ပိုင်း) က ခေါင်းဆောင်တွေအကုန်လုံးနဲ့ ကျနော် တွေ့တယ်။

ကျနော် ပြောတယ်။ "ဒီလို ကျောင်းသားရဲဘော်အချင်းချင်း ဖမ်းဆီး အရေးယူတာတွေ မလုပ်သင့်ဘူး၊ ကျနော်တို့ ဗမာပြည်ကွန်မြူနစ်ပါတီဟာ ပဲခူးရိုးမမှာ ပါတီတွင်းတော်လှန်ရေး လုပ်ခဲ့တယ်၊ အဲဒီတုန်းက တကယ်တမ်း ပါတီက အရေးယူလိုက်တာ လူ ၂၀ တောင် မရှိဘူး၊ ဒါပေမဲ့ ပါတီတခုလုံးအတွက် နစ်နာသွားတယ်။ အဲဒီတော့ ခင်ဗျားတို့လည်း အဲလို မဖြစ်စေချင်ဘူး၊ ရဲဘော်အချင်းချင်း မဖြစ်ပါနဲ့၊ ရဲဘော်အချင်းချင်း မဖမ်းဆီး အရေးမယူပါနဲ့ " လို့ ကျနော်ကိုယ်တိုင် ABSDF (မြောက်ပိုင်း) က ခေါင်းဆောင်တွေအကုန်လုံးကို သွားပြောခဲ့တယ်။

အဲလို ကိုယ့် ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ ခါးသီးတဲ့ အတွေ့အကြုံက ရလိုက်တဲ့ သင်ခန်းစာကို ကျနော် ပြောပြတာကို ABSDF (မြောက်ပိုင်း) က ခေါင်းဆောင်တွေက နားထောင်ထားလိုက်တာက လွဲလို့ ဒီထက် မပိုပါဘူး။ တက်တက်ကြွကြွ နားထောင်တဲ့သဘောတောင် မရှိပါဘူး၊ ၀တ်ကြေတန်းကြေ နားထောင်တဲ့ သဘောလောက်ပါ။
(နေ့သစ်)

ဒီလူသတ်ပွဲမှာ ဘယ်သူတွေ တာဝန်ရှိသလဲ ဆိုတာကတော့ ကျူးလွန်ခဲ့တယ့် ကာယကံရှင်တွေက အသိဆုံးပါပဲ။

လုပ်ရဲရင် ၀န်ခံရဲရမှာပေါ့။

အာဏာရှင်ကို တော်လှန်ဖို့ ဆိုပြီး ကြွေးကြော်ခဲ့တယ့် ဒီလိုလူတွေထဲကပဲ အာဏာရှင်ရဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတာကတော့ ဘယ်လိုမှ နားလည်လို့ မရပါဘူး။

ကျောင်းသားရာဇ၀င်မှာတော့ တော်တော် ရိုင်းတယ့် အဖြစ်ပါပဲ။

.
ABSDF မြောက်ပိုင်းမှာ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို စစ်အစိုးရက စေလွှတ်ထားတဲ့ သူလျှို ထောက်လှမ်းရေးတွေ လို့ မဟုတ်မမှန် စွပ်စွဲ ဖမ်းဆီးပြီး လပေါင်းများစွာ လူမဆန်စွာ ညှင်းပန်း နှိပ်စက်ခဲ့ပြီးနောက် ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (၁၉၉၂ ခုနှစ်၊ ပြည်ထောင်စုနေ့) မှာ ABSDF မြောက်ပိုင်း ကချင်ပြည်နယ်၊ ပါဂျောင်ဒေသ၊ လိုင်စင်စခန်းရှိ အာဆံကုန်းမှာ ခေါင်းဖြတ်ပြီး သတ်ဖို့ ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လဆိုင်း အပါအဝင် ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်က ဆုံးဖြတ်ခဲ့တာပါ။


ABSDF မြောက်ပိုင်း ဥက္ကဋ္ဌ ကိုထွန်းအောင်ကျော် အပါအဝင် ကျောင်းသားရဲဘော် ၁၅ ယောက်ကို ၁၂-၂-၁၉၉၂ ရက်မှာ ခေါင်းဖြတ်ပြီး သတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ ABSDF မြောက်ပိုင်း ဗဟိုကော်မတီဝင် ၈ ယောက်က -

(၁) ရော်နယ်အောင်နိုင် (ယခု ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့)
(၂) ကျော်ကျော် (ယခု ABSDF (မြောက်ပိုင်း)
(၃) သံချောင်း (ယခု သာယာဝတီထောင်တွင် ထောင်ကျခံနေဆဲ)
(၄) မျိုးဝင်း (စစ်အစိုးရ စစ်တပ်နှင့် တိုက်ပွဲတွင် နောက်ကျည် ထိမှန် သေဆုံး)
(၅) စိန်အေး (ယခု မိုးညှင်းမြို့)
(၆) အောင်ကြီး (ယခု SSA (တောင်ပိုင်း) )
(၇) နေထွန်း (ခေါ်) နေဒွန်း (ယခု အမေရိကန်နိုင်ငံ)
(၈) လဗျလဆိုင်း (ခေါ်) လှဆိုင်း (ယခု ABSDF (မြောက်ပိုင်း) )

တို့ ဖြစ်ပါတယ်။

-
အဲ့ဒီတုန်းက (၁၉၉၂ ခုနှစ်တုန်းက) ဝေဝေဝါးဝါး ကြားမိတယ် ။ ABSDF-NB (အေဘီမြောက်ပိုင်း) မှာ ကျမတို့တတွေ အဖမ်းခံထားရချိန်မှာ "ဗကပ တွေ လာသွားတယ်၊ ဦးစိန်ကို အကြောင်း လာမေးတယ်" ဆိုတာမျိုး တီးတိုး ပြောနေကြတာပေါ့ ။

နေ့သစ် မှာ

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ "ရဲဘော်ဖိုးသံချောင်းနှင့် လက်ရှိနိုင်ငံရေးအခြေအနေအပေါ် ဆက်သွယ်မေးမြန်းချက်"

( http://www.naytthit.net/?p=30870 )

ကို ဖတ်ရတော့ ဗကပ တွေ ABSDF-NB ကို လာသွားကြတာ သေချာသွားပြီပေါ့ .။


ဒီလိုနဲ့ဘဲ ဦးစိန် ABSDF-NB ထောင်ထဲမှာ နှိပ်စက်မှု ဒဏ်တွေနဲ့ ကျန်းမာရေး ထိခိုက်ပြီး သေဆုံးခဲ့ရတယ် ။

လည်စပ်နဲ့ ခေါင်းမှာ အကြိမ်ပေါင်း များစွာ ပေးတာ ခံခဲ့ရတဲ့ ELECTRIC SHOCK ဒဏ်တွေလေ ..

မတွေးခြင်ဘူး .. နှိပ်စက်ခဲ့ကြတာ .. ခံစားခဲ့လိုက်ရတာ .. အသေးစိတ် မပြောနိုင်ခဲ့ဘူး ။ ခုထိ ဘယ်သူ့ကိုမှ မပြောဖြစ်ခဲ့သေးဘူး ။ ခံရတယ် .. ခံစားခဲ့ကြရတယ် ။ အသက်ရှု ရပ်တဲ့အထိ သတိလစ်တဲ့အထိ ။ ရက်ပေါင်းများစွာ ..


Nang Aung Htwe Kyi

http://www.facebook.com/nang.kyi

.
(ခေါင်းစဉ်ကို နှိပ်ပြီး Nang Aung Htwe Kyi @ facebook ကို သွားပြီး နန်းအောင်ထွေးကြည် (မငယ်) ကို ဆက်သွယ်နိုင်ပါတယ်။)


Nge Naing ဘလော့ရှင် မငယ် နဲ့ ABSDF မြောက်ပိုင်းပြန် မငယ် (နန်းအောင်ထွေးကြည်) ဟာ ချစ်စနိုး အဖျားဆွတ်ပြီး ခေါ်တဲ့ နာမည်ချင်း တူတဲ့ နာမည်တူ အေဘီ ရဲမေဟောင်းတွေ ဖြစ်ရုံမက နှစ်ယောက်လုံးက ဩစတြေလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ နေထိုင်တာ ဆိုတော့ ဘလော့ဂါ မငယ်နိုင် ကို နန်းအောင်ထွေးကြည် လား လို့ မေးသူတွေလည်း မနည်းလှပါဘူး။

ငယ်နိုင် ဘလော့ရှင် မငယ် က ABSDF တောင်ပိုင်းရဲမေဟောင်း မငယ်နိုင် (မငယ်) ဖြစ်ပါတယ်။

မငယ်နိုင် (မငယ်) က ABSDF မြောက်ပိုင်းမှာ နှိပ်စက်ခံခဲ့ရတဲ့ နန်းအောင်ထွေးကြည် (မငယ်) မဟုတ်ပါ။

နန်းအောင်ထွေးကြည် (မငယ်) က ABSDF မြောက်ပိုင်းမှာ လူသတ်သမား ရော်နယ်အောင်နိုင်၊ သံချောင်း၊ မျိုးဝင်း၊ လဆိုင်း တို့ ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ၁၉၉၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက် (ပြည်ထောင်စုနေ့) လူသတ်ပွဲကြီးမှာ ခေါင်းဖြတ်ပြီး သတ်မလို့ ဆွဲထူတာကို ခံရပြီးမှ နောက်ဆုံး မိနစ်မှာမှ ခေါင်းဖြတ် အသတ် မခံရဘဲ သေဘေးက သီသီကလေး လွတ်လာခဲ့တဲ့ ABSDF မြောက်ပိုင်း ရဲမေဟောင်း ဖြစ်ပါတယ်။

ဘလော့ဂါ မငယ်နိုင် (မငယ်) က ABSDF တောင်ပိုင်းရဲမေဟောင်း ABSDF မြောက်ပိုင်း လူမဆန်စွာ ညှဉ်းပန်း သတ်ဖြတ်မှုတွေကို ကိုယ်တိုင် ကြုံတွေ့ခဲ့ရသူ မဟုတ်ပါ။



နန်းအောင်ထွေးကြည် (မငယ်) ကို Nang Aung Htwe Kyi @ facebook မှာ ဆက်သွယ်နိုင်ပါတယ်။

နန်းအောင်ထွေးကြည် (မငယ်) ရဲ့ ဖေ့စ်ဘွတ်ခ် လိပ်စာက -
http://facebook.com/nang.kyi